ar
Feedback
Arakan Princess Media

Arakan Princess Media

الذهاب إلى القناة على Telegram

သာလီစွပါ။ Arakan Princess Media က ကြိုဆိုပါရေ။ http://arakanprincess.media/

إظهار المزيد

📈 نظرة تحليلية على قناة تيليجرام Arakan Princess Media

تُعد قناة Arakan Princess Media (@arakanprincess) في القطاع اللغوي Burmese لاعباً نشطاً. يضم المجتمع حالياً 18 819 مشتركاً، محتلاً المرتبة 11 909 في فئة الأخبار والوسائط والمرتبة 7 339 في منطقة Myanmar.

📊 مؤشرات الجمهور والحراك

منذ تأسيسه في невідомо، حقق المشروع نمواً سريعاً وجمع 18 819 مشتركاً.

بحسب آخر البيانات بتاريخ 28 سبتمبر, 2026، تحافظ القناة على نشاط مستقر. خلال آخر 30 يوماً تغيّر عدد الأعضاء بمقدار 353، وفي آخر 24 ساعة بمقدار 123، مع بقاء الوصول العام مرتفعاً.

  • حالة التحقق: غير موثّقة
  • معدل التفاعل (ER): يبلغ متوسط تفاعل الجمهور 12.08‎%. وخلال أول 24 ساعة من النشر يحصد المحتوى عادةً 8.93‎% من ردود الفعل نسبةً إلى إجمالي المشتركين.
  • وصول المنشورات: يحصل كل منشور على متوسط 2 264 مشاهدة. وخلال اليوم الأول يجمع عادةً 1 674 مشاهدة.
  • التفاعلات والاستجابة: يتفاعل الجمهور بانتظام؛ متوسط التفاعلات لكل منشور يبلغ 11.

📝 الوصف وسياسة المحتوى

يصف المؤلف القناة بأنها مساحة للتعبير عن الآراء الذاتية:
“သာလီစွပါ။ Arakan Princess Media က ကြိုဆိုပါရေ။ http://arakanprincess.media/”

بفضل وتيرة التحديث المرتفعة (أحدث البيانات بتاريخ 29 سبتمبر, 2026) تحافظ القناة على حداثتها ومستوى وصول مرتفع. وتُظهر التحليلات تفاعلاً نشطاً من الجمهور، ما يجعلها نقطة تأثير مهمة ضمن فئة الأخبار والوسائط.

18 819
المشتركون
+12324 ساعات
+1697 أيام
+35330 أيام
أرشيف المشاركات
photo content

Follow-up Report on the Airstrike on India Market, Kyauktaw, Arakan Death Toll Rises to 50 September 29, 2026 During yesterday’s airstrikes by the fascist terrorist military council on India Market in Kyauktaw and the surrounding area of the Kissapanadi Bridge, in addition to those killed in the mass-casualty incident, as many as 22 people sustained serious injuries. Among the 22 injured, U Aung Min Tun, aged 40, originally from Aung Myay Kone Village, Ponnagyun Township, the son of U Maung Ba Sein and Daw Daung Ma Sein, died while receiving medical treatment at 11:20 a.m. on September 29, 2026. As a result, the total number of people confirmed dead in the airstrike has now risen to 50, while 21 seriously injured people remain under treatment. Further updates will be reported in a timely manner as more information becomes available. #AAInfoDesk

photo content

အပြစ်မဲ့ အရပ်သားပြည်သူများအား ရည်ရွယ်ချက်ဟိဟိ ဦးတည်၍ လူမဆန်စွာ ရက်ရက်စက်စက် သတ်ဖြတ်နီသည့် စကမတပ်၏ တိုက်ခိုက်နီမှုများအပေါ်  မြောက်ဦးမြို့နယ်မူဆလင်ရီးရာ ညှိနှိုင်းရီးကော်မတီမှ ပြင်းထန်စွာရှုံ့ချ   APM၊ စပ်တမ်ဘာ ၂၉ / ၂၀၂၆  အပြစ်မဲ့ အရပ်သားပြည်သူများအား ရည်ရွယ်ချက်ဟိဟိ ဦးတည်၍ လူမဆန်စွာ ရက်ရက်စက်စက် သတ်ဖြတ်နီသည့် ဖက်ဆစ် အကြမ်းဖက် စစ်ကော်မသျှန်တပ်၏ တိုက်ခိုက်နီမှုများအပေါ်  မြောက်ဦးမြို့၊ မြို့နယ်မူဆလင်ရီးရာ ညှိနှိုင်းရီး ကော်မတီမှ ပြင်းထန်စွာရှုံ့ချကြောင်း ဂနိတွင် ထုတ်ပြန်သည်။  ထုတ်ပြန်ချက်၌ “အကြမ်းဖက် စစ်ကော်မသျှန်တပ်၏ နိစဉ်ရက်ဆက် လူမဆန်စွာ အကြမ်းဖက် တိုက်ခိုက်သတ်ဖြတ်မှုများကြောင့် သီဆုံး၊ ဒဏ်ရာရဟိခကတ်သောသူများ၏ မိသားစု ဆွေမျိုးများနန့်အတူ ထပ်တူထပ်မျှ ဝမ်းနည်းကြီကွဲခံစားရပြီး အပြစ်မဲ့ အရပ်သားပြည်သူများအား ရည်ရွယ်ချက်ဟိဟိ ဦးတည်၍ လူမဆန်စွာ ရက်ရက်စက်စက် သတ်ဖြတ်နီသည့် အကြမ်းဖက် စစ်ကော်မသျှန်တပ်၏ တိုက်ခိုက်နီမှုများအပေါ်  မြောက်ဦးမြို့၊ မြို့နယ်မူဆလင်ရီးရာ ညှိနှိုင်းရီးကော်မတီမှ ပြင်းထန်စွာ ရှုံ့ချလိုက်သည်” ဟု ဖော်ပြထားသည်။  အာရက္ခပြည်အတွင်းဟိ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်၌ ၂၀၂၆ ခုနှစ်၊ စပ်တမ်ဘာလ (၂၈) ရက်၊ နိခင်း (၁၂) နာရီ၊ (၁၀) မိနစ်နန့် (၁၂)နာရီ၊ (၁၄) မိနစ် အချိန်ရို့တွင် ဖက်ဆစ် အကြမ်းဖက် စစ်ကော်မသျှန်တပ်၏ ဂျက်တိုက်လီယာဉ် (၁) စီးသည် အများပြည်သူ လားလာလှုပ်ယှားနီသည့် ကျောက်တော်မြို့၊ အိန္ဒိယဈီးအနားပတ်ဝန်းကျင်နန့် ကစ္ဆပနဒီတန်းထားအနားပတ်ဝန်းကျင်ရို့အား လီကြောင်းမှ တမင်တကာ ရည်ရွယ်ချက်ဟိဟိ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခသည်ဟု ဆိုသည်။  ယင်းသို့ ကျောက်တော်မြို့၊ အိန္ဒိယဈီး လီကြောင်းဗုံးကြဲတိုက်ခိုက်ခံခရသော ဖြစ်စဉ်အတွင်း လမ်းလားလမ်းလာ၊ ဈီးရောင်းဈီးဝယ်၊ ကုန်တင်ကုန်ချ  လုပ်သားများနန့်အတူ မူဆလင်လူမျိုးများအပါအဝင် အပြစ်မဟိ အရပ်သားပြည်သူ စုစုပေါင်း (၅၀) ဦး အစုလိုက်အပြုံလိုက် သီဆုံးခရကာ ဒဏ်ရာရသူ ဦးရေ (၅၇) ဦး ထိ ဟိလာနီပြီး ၎င်းအထဲ၌ ပြင်းထန်ဒဏ်ရာရသူ (၂၁) ဦးထက်မနည်း ဟိနီသည်ဟု ဖော်ပြသည်။  အာရက္ခပြည်အတွင်း စစ်ရီးအရ ယှုံးနိမ့်မှုများဖြင့် ဆိုးဝါးစွာ ရင်ဆိုင်နီရသော အကြမ်းဖက် စစ်ကော်မသျှန်တပ်သည်  အရပ် သားပြည်သူနီထိုင်ရာ နီရာများဖြစ်သည့် ဘာသာရီးအဆောက်အအုံများ၊ ဆီးရုံဆီးခန်းများ၊ စာသင်ကျောင်းများအား အရပ်သားပြည်သူများ စုဝေးချိန်ကို အချိန်ကိုက်၍ အစုလိုက် အပြုံလိုက် သီကြီပျက်စီးအောင်ကောက်ကျစ်ယုတ်မာ အောက်တန်းကျစွာ နိစဉ်နန့်အမျှ လုပ်ကြံသတ်ဖြတ်လျက်ဟိနီသည်။  ဖက်ဆစ် အကြမ်းဖက် စစ်ကော်မသျှန်တပ်အနီဖြင့် အရပ်သားပြည်သူလူထုများအား နိစဉ်ရက်ဆက် ဦးတည် တိုက်ခိုက်သတ်ဖြတ်နီမှုများကြောင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ ဆုံးယှုံးနစ်နာလျက်ဟိနီ၍ အာရက္ခပြည်တွင်း နီထိုင်သော ပြည်သူလူထုများအား ကိုယ်ချင်းစာတရားထားကာ နိုင်ငံတကာအနီဖြင့် အကြမ်းဖက် စစ်ကော်မသျှန်တပ်၏ လူသားမျိုးနွယ်စုများအပေါ်  စစ်ရာဇဝတ်မှု ပေါ်ပေါ်ထင်ထင် ရက်စက်ကျူးလွန်သည်များကို ထိရောက်သော အရေးယူဆောင်ရွက်မှုများဖြင့် နောင့်နှေးမှုမဟိ အရေးယူဆောင်ရွက်ပီးပါရန်နန့် တရားမျှတမှု ရဟိစီရန် အတွက် အ​လေးအနက် တောင်းဆိုအပ်ပါကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြထားပါသည်။   Photo - မြောက်ဦးမြို့၊ မြို့နယ်မူဆလင်ရီးရာညှိနှိုင်းရီးကော်မတီ

photo content

ကျောက်တော်လီကြောင်းတိုက်ခိုက်မှုအပေါ် ပြင်းထန်စွာကန့်ကွက်ရှုံ့ချပြီး စစ်ကော်မသျှန်ကို ထိရောက်စွာ အရေးယူပီးရန် အာဆီယံပါလီမန်အမတ်များအဖွဲ့ တောင်းဆို APM ၊ စပ်တမ်ဘာ ၂၉ / ၂၀၂၆ ကျောက်တော်မြို့ဟိ လူစည်ကားရာစျီးအနီးအနားအား စစ်ကော်မသျှန်မှ လီကြောင်းတိုက်ခိုက်မှုအပေါ် ပြင်းထန်စွာကန့်ကွက်ရှုံ့ချပြီး စစ်ကော်မသျှန်ကို အကြမ်းဖက်မှုများနန့် ပြစ်ဒဏ်မှလွတ်ကင်းနီမှုများအတွက် အရေးယူရန် အာဆီယံ ပါလီမန်အမတ်များ လူ့အခွင့်အရေးအဖွဲ့ (APHR) က ဒေနိ၊ စပ်တမ်ဘာ ၂၉ ရက်နိတွင် တောင်းဆိုလိုက်သည်။ APHR ဥက္ကဋ္ဌဖြစ်သူ အင်ဒိုနီးသျှားလွှတ်တော်အမတ် Mercy Chriesty Barends က စစ်ကော်မသျှန်တပ်သည် မြီပြင်မာ နယ်မြီစိုးမိုးနိုင်စွမ်းမဟိသည့်အတွက် လူနီထူထပ်သည့် နီရာများကို လီကြောင်းမှ အကြမ်းဖက်တိုက်ခိုက်နီခြင်းဖြစ်ပြီး မင်းအောင်လှိုင်နန့်တတူ စစ်ကော်မသျှန်ဂေါင်းဆောင်များကို လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် ထိရောက်စွာ အရေးယူရမည်ဟု ပြောကြားသည်။ အာရက္ခပြည်၊ ကျောက်တော်မြို့တွင် စပ်တမ်ဘာ ၂၈ ရက်နိ၊ နိခင်းပိုင်းက အရပ်သားပြည်သူ အများအပြားဟိရာ စျီးအနီးကို စစ်ကော်မသျှန်တပ်မှ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခသည့်အတွက် စျီးသည်များ၊ ဈီးဝယ်သူများနန့် လမ်းလားလမ်းလာများ အပါအဝင် အနည်းဆုံး ပြည်သူ ၄၉ ဦး သီဆုံးကာ ၆၀ ဦး ထိခိုက်ဒဏ်ရာရဟိခသည်ဟု ဖော်ပြထားသည်။ အဆိုပါတိုက်ခိုက်မှုသည် စစ်ကော်မသျှန်၏ လူထုအပေါ် ခြောက်လှန့်သည့် လုပ်ရပ်များထဲမှ တခုဖြစ်ပြီး ၂၀၂၅ ခုနှစ်၊ စပ်တမ်ဘာ ၁၂ ရက်နိကလည်း ကျောက်တော်မြို့နယ်ဟိ စာသင်ကျောင်းနှစ်ကျောင်းကို စစ်ကော်မသျှန်မှ လီကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခသည့်အတွက် ကျောင်းသား ၂၀ ခန့် သီဆုံးခရသည့်အပြင် ၂၀၂၅ ခုနှစ်၊ ဒီဇမ်ဘာလတွင် မြောက်ဦးပြည်သူ့ဆီးရုံကြီးအား လီကြောင်းမှ တိုက်ခိုက်ခသည့်အတွက် လူနာ၊ လူနာစောင့်နန့် ကျန်းမာရီးဝန်ထမ်း အနည်းဆုံး ၃၃ ဦး သီဆုံးခရသည်ဟု APHR က ဆိုသည်။ UN လူ့အခွင့်အရေးရုံး၏ ထုတ်ပြန်ချက်အရ ၂၀၂၅ ခုနှစ်အတွင်း စစ်ကော်မသျှန်၏ လီကြောင်းတိုက်ခိုက်မှုကြောင့် မြန်မာပြည်တဝန်း အရပ်သား ၉၈၂ ဦး သီဆုံးခရကြောင်း၊ ၂၀၂၁ ခုနှစ် စစ် အာဏာသိမ်းပြီးချိန်မှစ၍ ပဋိပက္ခများကြောင့် လူပေါင်း ၁၀၀,၀၀၀ ကျော် သီဆုံးခပြီး အနည်းဆုံး လူပေါင်း ၅ သန်း စစ်ယှောင်နီရကာ အာရက္ခပြည်တခုတည်းတွင် စစ်ယှောင် ၅ သိန်းနီးပါးဟိနီကြောင်း အသိပီးဖော်ပြထားသည်။ စစ်ကော်မသျှန်ဂေါင်းဆောင် မင်းအောင်လှိုင်သည် တရားမဝင် ရွီးကောက်ပွဲမှတဆင့် တရားဝင်မှုရဟိရန်နန့် အာဆီယံထိပ်သီးအစည်းအဝေးသို့ ပြန်လည်တက်ရောက်နိုင်ရန် ဒေသတွင်းနိုင်ငံများသို့ လားရောက်နီချိန်တွင် ယခုကဲ့သို့ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွားခခြင်းဖြစ်သည်။ ယင်းသို့ အကြမ်းဖက်မှုများပြုလုပ်နီသည့် စစ်ကော်မသျှန်တပ်အား အာဆီယံနန့် အလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံအနီဖြင့် လာမည့် နိုဗမ်ဘာလတွင် မနီလာမြို့၌ ကျင်းပမည့် (၄၉) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးသို့ စစ်ကော်မသျှန်ကိုယ်စားလှယ်များကို တက်ရောက်ခွင့် မပြုရန်နန့် အရပ်သားများအပေါ် လီကြောင်းတိုက်ခိုက်မှုများ ရပ်တန့်ခြင်းမဟိသမျှ စစ်ကော်မသျှန်အား ပုံမှန်ဆက်ဆံရီး မပြုလုပ်ရန် တောင်းဆိုထားသည်။ အာဆီယံအဖွဲ့ဝင်နိုင်ငံများအနီဖြင့် ချစ်ကြည်ရီးခရီးစဉ်များနန့် အခမ်းအနားများ ပြုလုပ်ပီးခြင်းဖြင့် စစ်ကော်မသျှန်ဂေါင်းဆောင် မင်းအောင်လှိုင်အား နယ်ပယ်အသီးသီးမှ တရားဝင်မှုပီးနီခြင်းများကို ရပ်တန့်ရန် တောင်းဆိုထားသည်။ ကုလသမဂ္ဂအနီဖြင့်လည်း မြန်မာပြည်ကိုယ်စားပြု အမတ်နီရာရဟိရီး စစ်ကော်မသျှန်၏ ကြိုးပမ်းမှုကို ပယ်ချရန် တောင်းဆိုထားသည်။ အလားတူ နိုင်ငံတကာအစိုးရများအနီဖြင့် စစ်ကော်မသျှန်ထံ လက်နက်၊ လီယာဉ်ဆီများ ရောင်းချထောက်ပံ့နီမှုကို ရပ်တန့်ရန်၊ ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုများ ပူးပေါင်းဆောင်ရွက်ရန်နန့် ICJ၊ ICC အပါအဝင် တီမောလက်စတီကဲ့သို့ နိုင်ငံတကာ တရားစီရင်ရီးဆိုင်ရာ ကြိုးပမ်းမှုများကို ကူညီရန် တောင်းဆိုထားသည်။ ယင်းအပြင် ကျောက်တော်နန့် အာရက္ခပြည်တဝန်းဟိ စစ်ယှောင်များထံ ဆီးဝါးနန့် လူသားချင်းစာနာမှု အကူအညီများ အဟန့်အတားမဟိ လွတ်လပ်စွာ ရောက်နိုင်ခွင့်ပြုရန် တောင်းဆိုထားသည်။ APHR အနီဖြင့် ကျောက်တော်ဗုံးကြဲတိုက်ခိုက်မှုအတွင်း သီဆုံးခရသည့် မိသားစုဝင်များနန့် ထပ်တူ ဝမ်းနည်းကြီကွဲရကြောင်းနန့် မြန်မာပြည်သူများ၏ တရားမျှတမှုအတွက် တောင်းဆိုမှုများနန့် စစ်ကော်မသျှန်၏ အဓမ္မအာဏာသိမ်းမှုကို အဆုံးသတ်နိုင်ရီးအတွက် ခိုင်မာစွာ ရပ်တည်လားမည်ဖြစ်ကြောင်း အတည်ပြုဖော်ပြထားသည်။ Source & Photo - Myanmar junta must be held accountable, APHR condemns Kyauktaw airstrike / APHR

photo content

ကျောက်တော်ဗုံးကြဲခံရမှု ဖြစ်စဥ်အတွင်း သီဆုံးသူ ၅၀ ဦး ထိဟိလာ APM ၊ စပ်တမ်ဘာ ၂၉/ ၂၀၂၆ ကျောက်တော်မြို့၊ ကစ္ဆပနဒီတန်းထား နန့် အိန္ဒိယဈီး ဝန်းကျင်ဗုံးကြဲခံရမှုဖြစ်စဥ်အတွင်း ဒဏ်ရာရသူတဦး သီဆုံးလား၍  သီဆုံး ၅၀ ဦးအထိ ဟိလာကြောင်း အာရက္ခတပ်တော်(AA) မှ ဒေနိ၊ စပ်တမ်ဘာ ၂၉ ရက်နိတွင် ထုတ်ပြန်သည်။ သီဆုံးလားသူမာ ပုဏ္ဏားကျွန်းမြို့နယ်၊ အောင်မြေကုန်းရွာမှ  အဖ-ဦးမောင်ဘစိန်နန့် အမိ-ဒေါ်ဒေါင်းမစိန်ရို့၏သား ဦးအောင်မင်းထွန်း (၄၀ နှစ်) ဖြစ်သည်။ ထုတ်ပြန်ချက်၌ "ကျောက်တော်၊ အိန္ဒိယစျီးနန့် ကစ္ဆပနဒီတန်းထားပတ်ဝန်းကျင်ရို့အား ဖက်ဆစ်အကြမ်းဖက် စစ်ကော်မသျှန်၏ စပ်တမ်ဘာ ၂၉ ရက်နိ လီကြောင်းတိုက်ခိုက်ခံရမှုဖြစ်စဉ်အတွင်း အစုလိုက်အပြုံလိုက် သီဆုံးသူများအပြင် နောက်ထပ်ပြင်းထန်စွာဒဏ်ရာရဟိသူ (၂၂) ဦးအထိဟိခသည်” ဟု ဖော်ပြထားသည်။ ယင်းဒဏ်ရာရလားသူ (၂၂) ဦးအနက်မှ ပုဏ္ဏားကျွန်းမြို့နယ်၊ အောင်မြေကုန်းဇာတိဖြစ်သူ ဦးအောင်မင်းထွန်း အသက် (၄၀ နှစ်) (အဖ-ဦးမောင်ဘစိန် + အမိ-ဒေါ်ဒေါင်းမစိန်) သည်  ၂၀၂၆ ခုနှစ်၊ စပ်တမ်ဘာလ (၂၉) ရက်၊ မိုးထ (၁၁) နာရီ (၂၀) မိနစ်အချိန်တွင် ဆီးကုသမှုခံယူနီစဉ်အတွင်း သီဆုံးလားခသည်ဟု ဆိုသည်။ ယင်းကြောင့် လက်ဟိ၌ ဤလီကြောင်းတိုက်ခိုက်ခံရ၍ သီဆုံးသူဦးရေ စုစုပေါင်း (၅၀) ဦး အထိ ဟိလာခပြီး ဒဏ်ရာရ ၅၇ ဦး [ ပြင်းထန်ဒဏ်ရာရဟိသူ (၂၁) ဦး] ကျန်နီသိမ့်ကြောင်း သိရသည်။

photo content
+2

Strongly Condemning the Most Serious War Crimes Committed by the Fascist Terrorist Military Commission and Declaring That Effective Retaliatory Measures Will Be Taken Without Delay Against Those Directly Responsible for Terrorist Attacks Deliberately Targeting Crowded Markets, Schools, Civilians, Residential Buildings and Other Civilian Infrastructure from the Air, Causing Mass Casualties

သာလီစွ ညဇာဖက်ပါ  ....                                                ရက္ခိုင်သက္ကရာဇ် ၁၃၈၈ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ( ၃ ) ရက်၊ ခရစ်နှစ် ၂၀၂၆ ခုနှစ်၊ စပ်တမ်ဘာ ( ၂၉ ) ရက်၊ Arakan Princess Media ၏ မိုးထဖက်သတင်းအစီအစဉ် တိကိုတင်ဆက်ထုတ်လွှင့်ပီးလိုက်ပါရေ။   ဒေနိ ညဇာဖက်အစီအစဉ်မာ  မျိုးမြတ်  နန့် စံသိမ်းနု ရို့ကသတင်းတိကိုတင်ဆက် ပီးထားကတ်စွာဖြစ်ပါရေ။   ဒေနိ ညဇာဖက်အစီအစဉ်မာ နားထောင်ကတ်ရဖို့  သတင်းတိကတော့ခါ --------   (၁) ကျောက်တော်ဗုံးကြဲခံရမှု ဖြစ်စဥ်အတွင်း အမျိုးသားတယောက် ထပ်လို့သီဆုံးရေ သတင်းနန့်   (၂) အာရက္ခပြည်သူရို့အပေါ် ကျူးလွန်ရေ အကြမ်းဖက် စစ်ကော်မသျှန်တပ်၏ စစ်ရာဇဝတ်မှုတိမာ ပါဝင်ပတ်သတ်သူတိနန့်အဖွဲ့အစည်းတိကို မနှေးမကြာ လက်တုံပြန်လားဖို့ဖြစ်ကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ထုတ်ပြန်ရေ  ပြည်တွင်းသတင်း အပါအဝင် တခြားထူးခြားရေ ပြည်ပသတင်းတိ နန့် အားကဇတ် သတင်းတိကို တင်ဆက်ပီးထားပါရေ။    Arakan Princess Media ကထုတ်လွှင့်နီရေ အစီအစဉ်တိကို Telegram Channel  အပြင် YouTube  ,Facebook ရို့မာဝင်ရောက်နားထောင်နိုင်ပြီးကေ မြီပြင်မာ လီလှိုင်းထက်ကလည်း FM Frequency 90.30 MHz က ဖမ်းယူနားထောင်နိုင်ပါရေ။   Arakan Princess Media ၏ အစီအစဉ်တိကို နိစဉ် မိုးထဖက် (၈) နာရီနန့် ညဇာဖက် (၈) နာရီမာ ပုံမှန်ထုတ်လွှင့် တင်ဆက်ပီးနီပါရေ။   အာရက္ခပြည်သူ ပြည်သားရို့အားလုံး ဖီးအန္တရာယ် ကင်းဝီးကတ်ပါစီ။ #APM          #  အာရက္ခမင်းသမီးသတင်းမီဒီယာ #APMFM ===============    YouTube Link: https://www.youtube.com/channel/UC2pqSWqtEsKY1Cxh-u-KelQ      Telegram Channel Link: https://t.me/arakanprincess

#APM@PM.mp318.34 MB

၂၀၂၆ ခုနှစ်၊ စပ်တမ်ဘာလ (၂၈) ရက်နိ၊ နိခင်း (၁၂) နာရီခန့်အချိန်တွင် ဖြစ်ပွားခသော အာရက္ခပြည်၊ကျောက်တော်မြို့ဟိ အိန္ဒိယစျီးနန့်ကစ္ဆပနဒီတန်းထားဝန်းကျင်အား ဖက်ဆစ် အကြမ်းဖက် စစ်ကော်မသျှန်မှ ဗုံးကြဲတိုက်ခိုက်ခသောဖြစ်ရပ်အတွင်း သီဆုံးခရသည့် လမ်းလားလမ်းလာ၊ စျီးရောင်းစျီးဝယ်၊ ကုန်တင်ကုန်ချ လုပ်သားများ အပါအဝင် အပြစ်မဲ့အရပ်သားပြည်သူ (၄၉+၁=၅၀) ဦးအထိအစုလိုက်အပြုံလိုက် သီဆုံးခရပြီး (၆၀) ဦး နီးပါး ထိခိုက်ဒဏ်ရာရဟိခသော ရုပ်သံမှတ်တမ်း။ APM ၊ စပ်တမ်ဘာ ၂၉ / ၂၀၂၆ Video - AA Info Desk

photo content
+9

photo content
+9

photo content
+9

photo content
+9

၂၀၂၆ ခုနှစ်၊ စပ်တမ်ဘာလ (၂၈) ရက်နိ၌ အာရက္ခပြည်၊ ကျောက်တော်မြို့၊ ကစ္ဆပနဒီတန်းထားအနားဝန်းကျင်နန့် အိန္ဒိယဈီးဝန်းကျင်ရို့အား ဖက်ဆစ် အကြမ်းဖက် စစ်ကော်မသျှန်၏ အကြမ်းဖက် လီကြောင်းဗုံးကြဲတိုက်ခိုက်မှုဖြစ်စဉ်အတွင်း အပြစ်မဲ့ အရပ်သားပြည်သူများ သီဆုံး ဒဏ်ရာရဟိမှု၊ ကား၊ ဆိုင်ကယ် စသည့် သယ်ယူပို့ဆောင်ရီးယာဉ်များနန့် ဈီးဆိုင်များ ပျက်စီးဆုံးယှုံးမှု မှတ်တမ်းဓာတ်ပုံများ APM ၊ စပ်တမ်ဘာ ၂၉ / ၂၀၂၆ Photo - AA Info Desk