cookie

Sizning foydalanuvchi tajribangizni yaxshilash uchun cookie-lardan foydalanamiz. Barchasini qabul qiling», bosing, cookie-lardan foydalanilishiga rozilik bildirishingiz talab qilinadi.

avatar

RFA Burmese

လွတ်လပ်တဲ့အာရှအသံရဲ့ တာဝန်နဲ့ရည်ရွယ်ချက်ဟာ သက်ဆိုင်ရာအစိုးရတွေရဲ့ ပိတ်ပင်ဟန့်တားမှုတွေကြောင့် သတင်းလွတ်လပ်ခွင့်မရှိတဲ့ အာရှနိုင်ငံတွေအတွက် တိကျမှန်ကန်တဲ့ သတင်းအချက်အလက်တွေ ထုတ်လွှင့်ပေးဖို့ ဖြစ်ပါတယ်။

Ko'proq ko'rsatish
Reklama postlari
29 716
Obunachilar
+36824 soatlar
+1 6107 kunlar
+7 31130 kunlar

Ma'lumot yuklanmoqda...

Obunachilar o'sish tezligi

Ma'lumot yuklanmoqda...

07:16
Video unavailableShow in Telegram
နေ့လယ်ခင်းသတင်း (၂၀၂၄ ဇွန် ၂၇ ရက်) ~~~ ■ ဝင်းနိမ္မိတာရုံဆရာတော် အန္တိမအဂ္ဂိဈာပန ကျင်းပ ■ မတ္တရာမှာ တိုက်ပွဲပြင်းထန်ပြီး လူတစ်သောင်းနီးပါး ထွက်ပြေးရ ■ မိုးကုတ်မြို့မှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က ဗုံးကြဲ ■ နောင်ချိုနဲ့ ကျောက်မဲမှာ တိုက်ပွဲပြင်းထန်နေ ■ မိုးညှင်းမှာ တိုက်ပွဲကြောင့် လူငါးထောင်ကျော် ထွက်ပြေးရ ■ သံတွဲမြို့နယ်က စစ်ကောင်စီတပ်ရင်းနှစ်ခုကို AA ဆက်လက်ထိုးစစ်ဆင် ■ WFP ဂိုဒေါင်ကို ဖောက်ထွင်းဖျက်ဆီးခဲ့ခြင်းမရှိကြောင်း စစ်ကောင်စီငြင်းဆို
Hammasini ko'rsatish...
B0627-MIDDAY (1).mp4122.19 MB
👍 4👎 1 1
မဏိပူရ်ထောင်က မြန်မာအကျဉ်းသားတွေ အစာငတ်ခံဆန္ဒပြမှု ထောင်အာဏာပိုင်တွေ ညှိနှိုင်း ~~~ ■ အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်၊ အင်ဖာအကျဉ်းထောင်မှာ အစာအငတ်ခံဆန္ဒပြနေတဲ့ မြန်မာအကျဉ်းသားတွေကို ဇွန်လ ၂၆ ရက်မှာ ထောင်အာဏာပိုင်တွေက လာရောက်ညှိနှိုင်းခဲ့တယ်လို့ အကျဉ်းသားအရေး ကူညီနေသူတွေက ပြောပါတယ်။ ဖမ်းဆီးခံထားရတဲ့ မြန်မာဒုက္ခသည်တွေကို မဏိပူရ်အစိုးရက စစ်ကောင်စီလက်ထဲ အတင်းအကျပ် ပြန်ပို့ဖို့ စီစဉ်နေတာကြောင့် ဇွန်လ ၁၆ ရက်နေ့ကစပြီး အကျဉ်းသား ၉၉ ဦး ဆန္ဒပြနေတာဖြစ်ပါတယ်။ ထောင်အာဏာပိုင်တွေ လာရောက်ညှိနှိုင်းပေမဲ့ သဘောတူညီမှုမရခဲ့တာကြောင့် ဆက်လက်ဆန္ဒပြနေတယ်လို့ အိန္ဒိယ-မြန်မာ လေ့လာစောင့်ကြည့်ရေးအဖွဲ့ဖြစ်တဲ့ India for Myanmar တာဝန်ခံ ဆလိုင်းဒိုခါရ်က RFA ကို ပြောပါတယ်။ “ထောင်ဘက်ပိုင်းကတော့ သံရုံးနဲ့ ချိတ်ဆက်ပြီးလုပ်ဖို့ နောက်ပြီးတော့ မိဘဆွေမျိုးရှိရင် ပက်စ်ပို့နဲ့လာပြီးတော့ ထုတ်ဖို့လာညှိနှိုင်းတာပေါ့။ အဲဒါက မြန်မာပြည်ရောက်ရင် ပြစ်မှုထင်ရှားမှု ရှိ၊ မရှိ ပြန်စစ်ဆေးမှာဆိုတော့ တချို့သူတွေအတွက် လုံခြုံမှုမရှိဘူး။ အဲ့ဒါကြောင့် စကစလက်ထဲ ပြန်မရောက်ရေး တောင်းဆိုကြတာ” အင်ဖာအကျဉ်းထောင်မှာ မြန်မာတွေ ဆန္ဒပြတဲ့အခြေအနေနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံက အိန္ဒိယသံရုံး၊ နယူးဒေလီက မြန်မာသံရုံးနဲ့ UNHCR ရုံးတို့ကို RFA က ဇွန်လ ၂၅ ရက်မှာ အီးမေးလ်ပို့ မေးမြန်းထားပေမဲ့ ပြန်လည်ဖြေကြားတာ မရှိသေးပါဘူး။ India For Myanmar၊ Blood Money Campaign၊ Defend Myanmar Democracy နဲ့ Sitt Nyein Pan Foundation အဖွဲ့တွေကတော့ အာသံနဲ့ မဏိပူရ်ပြည်နယ်က အကျဉ်းထောင်တွေမှာ ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသားတွေနဲ့ စစ်ဘေးဒုက္ခသည်တွေကို မြန်မာပြည်ပြန်မပို့ဖို့ အိန္ဒိယအစိုးရထံ ဇွန်လ ၁၉ ရက်မှာ တောင်းဆိုထားပါတယ်။ မဏိပူရ်ပြည်နယ် အာဏာပိုင်တွေက အင်ဖာအကျဉ်းထောင်မှာ အဖမ်းခံထားရတဲ့ မြန်မာအမျိုးသမီး ၃၈ ဦးကို ဇွန်လ ၁၁ ရက်နေ့မှာ စစ်ကောင်စီထံ ပြန်ပို့ခဲ့သလို မေလ ၂ ရက်နေ့ကလည်း နောက်ထပ် ၃၈ ဦးကို ပြန်လွှဲပေးခဲ့ပါတယ်။ လက်ရှိ အင်ဖာထောင်ထဲမှာ ဖမ်းဆီးခံထားရတဲ့ မြန်မာစစ်ဘေးဒုက္ခသည် ၁၅၉ ဦး ကျန်ရှိနေပါတယ်။ _________ အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်ရှိ အင်ဖာအကျဉ်းထောင်ကို တွေ့ရစဉ်။ (e-pao.net Photo) RFA Burmese Website တွင် ဖတ်ရှုရန်…
Hammasini ko'rsatish...
မဏိပူရ်ထောင်က မြန်မာအကျဉ်းသားတွေ အစာငတ်ခံဆန္ဒပြမှု ထောင်အာဏာပိုင်တွေ ညှိနှိုင်း

မဏိပူရ်ပြည်နယ်၊ အင်ဖာအကျဉ်းထောင်မှာ အစာအငတ်ခံဆန္ဒပြနေတဲ့ မြန်မာအကျဉ်းသားတွေကို ထောင်အာဏာပိုင်တွေက လာရောက်ညှိနှိုင်းခဲ့ပါတယ်။

👍 3
03:45
Video unavailableShow in Telegram
စစ်မှုထမ်းသင်တန်းနောက်ကွယ်က ကျန်ရစ်တဲ့ မိသားစုဒုက္ခ ~~~ ■ အာဏာသိမ်းစစ်ကောင်စီ အသက်သွင်းလိုက်တဲ့ စစ်မှုထမ်းဥပဒေနောက်ဆက်တွဲ စစ်သင်တန်းတက်ဖို့ ခေါ်ဆောင်ခံရသူတွေထဲမှာ အိမ်ထောင်သည် အမျိုးသားတွေ များစွာပါဝင်နေပါတယ်။ အဲဒီထဲမှာ ဧရာဝတီတိုင်းအတွင်းက ရွာတစ်ရွာမှာ ခင်ပွန်းဖြစ်သူ စစ်မှုထမ်းဖို့ လိုက်ပါသွားရတဲ့နောက် မိသားစုတွေ စားဝတ်နေရေး ခက်ခဲကျပ်တည်းနေပြီး ခင်ပွန်းအတွက်လည်း စိတ်သောကရောက်နေရတဲ့ မိသားစုတစ်စု အကြောင်း မခင်ခင်အိ တင်ပြထားပါတယ်။ _________ RFA Burmese Website တွင် ဖတ်ရှုရန်…
Hammasini ko'rsatish...
B0620KKE LOGO.mp4279.04 MB
👍 9👎 2👏 1
စစ်ကောင်စီတပ်လက်ချက်နဲ့ ပျံလွန်ခဲ့ရတဲ့ ၀င်းနိမ္မိတာရုံဆရာတော်ဈာပန ပဲခူးမှာပြုလုပ် ~~~ ■ စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့လို့ ပျံလွန်တော်မူခဲ့တဲ့ ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ မုနိန္ဒာဘိဝံသ အန္တိမအဂ္ဂိဈာပနကို ဇွန်လ ၂၇ ရက် နေ့လယ် ၁၂ နာရီမှာ ပြုလုပ်ခဲ့ပါတယ်။ ဇွန်လ ၁၉ ရက်နေ့က မန္တလေးကို လေကြောင်းနဲ့ ကြွချီခဲ့ပြီးနောက် တံတားဦးလေဆိပ်အထွက်မှာ စစ်ကောင်စီတပ်က ကားကို သေနတ်နဲ့ ပစ်ခတ်တာကြောင့် ဝင်းနိမ္မိတာရုံကျောင်းတိုက် ဆရာတော်ကြီး ပျံလွန်တော်မူခဲ့ရတာပါ။ ဆရာတော်ရဲ့ ရုပ်ကလာပ်ကို ကိုးရက်ကြာထားပြီးနောက် အန္တိမအဂ္ဂိဈာပနကိုပြုလုပ်ခဲ့တာပါ။ ဈာပနအခမ်းအနားလုပ်တဲ့ ဝင်းနိမ္မိတာရုံကျောင်းတိုက်နဲ့ ပဲခူးမြို့အတွင်းမှာ စစ်ကောင်စီတပ်တွေက လုံခြုံရေးတင်းတင်းကျပ်ကျပ် ချထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဆရာတော်ပျံလွန်တော်မှုတဲ့ကိစ္စ အစောပိုင်းမှာ စစ်ကောင်စီတပ်က သူတို့ပစ်ခတ်ခဲ့တာမဟုတ်ဘူးလို့ ငြင်းဆိုခဲ့ပါတယ်။ ပစ်ခတ်မှုဖြစ်စဉ်မှာ ကိုယ်တိုင်ပါဝင်ခဲ့တဲ့ ကန်သုံးဆင့် ပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တ ဂုဏိကာဘိဝံသက စစ်ကောင်စီတပ်သားတွေက ကျူးလွန်ခဲ့တာဖြစ်တယ်လို့ ဇွန်လ ၂၀ ရက်မှာ သံဃာထုကို မိန့်ကြားခဲ့ပါတယ်။ စစ်ကောင်စီရဲ့လုပ်ရပ်နဲ့ပတ်သက်လို့ သံဃာတော်တချို့က ပတ္တနိက္ကုဇ္ဇနကံဆောင် သပိတ်မှောက်နေကြပါတယ်။ စစ်ကောင်စီကတော့ သူတို့ရဲ့ ပစ်ခတ်မှုကို ပြန်လည်ဝန်ခံခဲ့ပြီး စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ပြီး ပါဝင်ပတ်သက်သူတွေကို အရေးယူမယ်လို့ ထုတ်ပြန်ထားပါတယ်။ _________ RFA Burmese Website တွင် ဖတ်ရှုရန်…
Hammasini ko'rsatish...
စစ်ကောင်စီတပ်လက်ချက်နဲ့ ပျံလွန်ခဲ့ရတဲ့ ၀င်းနိမ္မိတာရုံဆရာတော်ဈာပန ပဲခူးမှာပြုလုပ်

စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့လို့ ပျံလွန်တော်မူခဲ့တဲ့ ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ မုနိန္ဒာဘိဝံသ အန္တိမအဂ္ဂိဈာပနကို ဇွန်လ ၂၇ ရက် နေ့လယ် ၁၂ နာရီမှာ ပြုလုပ်ခဲ့ပါတယ်။

🙏 6👍 1
အိန္ဒိယ-မြန်မာနယ်စပ်မှာ ကုန်တင်ကား အစီးတစ်ရာကျော် ပိတ်မိနေ ~~~ ■ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်ကနေ ချင်းပြည်နယ်ကို ကုန်ပစ္စည်းတင်ပို့နေတဲ့ ကားအစီး တစ်ရာကျော် နှစ်နိုင်ငံနယ်စပ်အနီးမှာ အိန္ဒိယဘက်ခြမ်းမှာ ပိတ်မိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အစိုးရ အဖွဲ့အစည်းတစ်ခုမဟုတ်ပေမယ့် ဗဟိုလိုင်လူငယ်အဖွဲ့ (CYLA) ဟာ လောင်တလိုင်ခရိုင်အတွင်း သြဇာကြီးတဲ့ အဖွဲ့ဖြစ်တာကြောင့် အခုလို ပိတ်ပင်တားဆီးတာတွေ လုပ်နိုင်တယ်လို့ လောင်တလိုင် ဒေသခံတစ်ဦးက ပြောပါတယ်။ "အဲဒီ အဖွဲ့က ခရိုင်အတွင်း တော်တော်လေး ဩဇာရှိတယ်။ သူတို့က ပိတ်ဆို ပိတ်ရတာပဲ။ အခုတစ်ခေါက် တော်တော်လေး ပိုတင်းကျပ်တယ်။ ချင်းအချင်းချင်း ဖြစ်တဲ့ကိစ္စမှာ AA ပါလို့ပေါ့၊ AA ဆီကို ပစ္စည်းတွေမရောက်အောင် ပိတ်တာလို့ ပြောတယ်။ နယ်စပ်ဘက်သွားတဲ့လမ်းမှာ ကားတွေကို တန်းစီနေတာပဲ" ဒီလို ပိတ်ပင်မှုကြောင့် ကုန်စည်ပြတ်လပ်ပြီး ဈေးနှုန်းကြီးမြင့်မှာကို ဒေသခံတွေ စိုးရိမ်နေကြတယ်လို့ သူက ပြောပါတယ်။ CYLA အဖွဲ့ဟာ ဇွန်လ ၂၄ ရက်နေ့ကစပြီး ကုန်ပစ္စည်းသယ်ယူတင်ပို့မှုကို ကန့်သတ်ပိတ်ပင်ခဲ့တာပါ။ သူတို့ရဲ့ ထုတ်ပြန်ချက်မှာ ရက္ခိုင့်တပ်တော် (AA) ဟာ အိန္ဒိယဘက်ကလာတဲ့ ကုန်ပစ္စည်းတွေကို အသုံးပြုပြီး အင်အားတည်ဆောက်နေတာကြောင့် အခုလို ပိတ်ပင်တာလို့ ဖော်ပြထားပါတယ်။ ဒီအပြင် ချင်းပြည်နယ်အတွင်း ဖြစ်ပွားတဲ့ ချင်းလူမျိုးအချင်းချင်းအကြား တိုက်ပွဲတွေအတွင်း AA ပါဝင်နေမှုကို ရပ်တန့်ဖို့ တောင်းဆိုခဲ့ပေမဲ့ AA ဘက်က အကြောင်းမပြန်ခဲ့ဘူးလို့လည်း ဆိုထားပါတယ်။ ဒါနဲ့ပတ်သက်လို့ AA ဘက်က တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုတာ မရှိသေးသလို AA ပြောခွင့်ရသူ ဦးခိုင်သုခကို ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိသေးပါဘူး။ ဒီနှစ် မေလ ၂၅ ရက်တုန်းကလည်း လောင်တလိုင်ဘက်က ကုန်ပစ္စည်းဝယ်ယူတာကို ပိတ်ပင်ခဲ့ပါတယ်။ ဇွန်လ ၁၁ ရက်နေ့မှာ AA နဲ့ ညှိနှိုင်းကာ ကုန်ပစ္စည်းဝယ်ယူခွင့်ကို CYLA အဖွဲ့က ပြန်လည်ခွင့်ပြုခဲ့တာဖြစ်ပါတယ်။ _________ အိန္ဒိယ-မြန်မာ နှစ်နိုင်ငံနယ်စပ်အနီး အိန္ဒိယဘက်ခြမ်းတွင် ပိတ်မိနေသည့်ယာဉ်များအား ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၄ ရက်နေ့က တွေ့ရစဉ်။ (Citizen Photo) RFA Burmese Website တွင် ဖတ်ရှုရန်…
Hammasini ko'rsatish...
အိန္ဒိယ-မြန်မာနယ်စပ်မှာ ကုန်တင်ကား အစီးတစ်ရာကျော် ပိတ်မိနေ

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်ကနေ ချင်းပြည်နယ်ကို ကုန်ပစ္စည်းတင်ပို့နေတဲ့ ကားအစီး တစ်ရာကျော် နှစ်နိုင်ငံနယ်စပ်အနီးမှာ အိန္ဒိယဘက်ခြမ်းမှာ ပိတ်မိနေပါတယ်။

👍 5🕊 3
မိုးညှင်းမှာ တိုက်ပွဲကြောင့် ဒေသခံ ငါးထောင်ကျော် ထွက်ပြေးနေရ ~~~ ■ ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသမှာ ဇွန်လ ၂၄ ရက်ကစပြီးဖြစ်ပွားနေတဲ့ တိုက်ပွဲကြောင့် ရွာငါးရွာက အရပ်သားငါးထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ နန့်မွန်းမြို့၊ လုံးတုံ၊ ညောင်ပင်၊ မိုင်းနောင်၊ ချောင်းဝ စတဲ့ ကျေးရွာတွေက အရပ်သားတွေ တိမ်းရှောင်နေကြ တာလို့ မိုင်းနောင် ကျေးရွာ ဒေသခံတစ်ဦးက ပြောပါတယ်။ “အခု အင်းတော်ကြီးတစ်ဝိုက်တော့ အကုန်လုံးထွက်ပြေးနေရတာ။ နန့်မွန်းမြို့ လုံတုံး၊ ညောင်ပင်၊ မိုင်းနောင်၊ ချောင်းဝတွေ အကုန်လုံး ရှောင်နေရတယ်။ တောတွေမှာရှောင်နေတယ်။ တချို့က တခြားရွာတွေမှာ ရှောင်နေတယ်” အင်းတော်ကြီးဒေသ ဝှေလုံ၊ ညောင်ပင်နဲ့ ချောင်းဝ စစ်ကောင်စီတပ်စခန်းတွေကို ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နဲ့ ပူးပေါင်းတပ်တွေ ဇွန်လ ၂၄ ရက်မှာ စတင်တိုက်ခိုက်ခဲ့ပါတယ်။ စစ်ကောင်စီတပ်တွေက နန့်မွန်းမြို့ ဘုရားကျောင်းတွေမှာ တပ်စွဲထားပြီး ဇွန်လ ၂၇ ရက်အထိ စစ်ရေးတင်းမာနေတယ်လို့ ပြောပါတယ်။ နန့်မွန်းမြို့ ဒေသခံတစ်ဦးကလည်း ဒုက္ခသည်တွေဟာ အစားအသောက်နဲ့ ဆေးဝါးတွေ လိုအပ်နေတယ်လို့ ပြောပါတယ်။ ကချင်ပြည်နယ်မှာ ၂၀၂၄ ခုနှစ် မတ်လ ၇ ရက်ကစလို့ စစ်ကောင်စီတပ်စခန်းတွေကို KIA ပူးပေါင်းအဖွဲ့တွေက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် တိုက်ပွဲတွေ ပြင်းထန်လာတာကြောင့် စစ်ဘေးဒုက္ခသည် ငါးသောင်းနီးပါး တိုးလာတယ်လို့ ဒုက္ခသည်အရေး ကူညီနေသူတွေက ပြောပါတယ်။ _________ RFA Burmese Website တွင် ဖတ်ရှုရန်…
Hammasini ko'rsatish...
မိုးညှင်းမှာ တိုက်ပွဲကြောင့် ဒေသခံ ငါးထောင်ကျော် ထွက်ပြေးနေရ

မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသမှာ ဇွန် ၂၄ ရက်ကစပြီး ဖြစ်ပွားနေတဲ့ တိုက်ပွဲကြောင့် ရွာငါးရွာက အရပ်သားငါးထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

👍 10😢 7
နောင်ချိုနဲ့ ကျောက်မဲမှာ စစ်ကောင်စီလက်ကျန်စခန်းတွေအနီး တိုက်ပွဲပြင်းထန်နေ ~~~ ■ ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲနဲ့ နောင်ချိုမြို့က နေရာအများစုကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ပူးပေါင်းတပ်တွေက ထိန်းချုပ်ထားပြီး ကျန်ရှိနေတဲ့ စစ်ကောင်စီတပ်စခန်းတွေအနီး ဇွန်လ ၂၇ ရက်မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ နောင်ချိုမြို့ အထွက်မှာရှိတဲ့ စစ်ကောင်စီရဲ့ ခမရ (၁၁၄) တပ်စခန်းကို TNLA ပူးပေါင်းအဖွဲ့တွေက ဝိုင်းဝန်းတိုက်ခိုက်နေပြီး စစ်ကောင်စီတပ်ကလည်း အပြင်းအထန် ခုခံနေတယ်လို့ အဲဒီတပ်စခန်းအနီး နေထိုင်တဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။ “၁၁၄ ကို အပြင်ကနေ ဝိုင်းပတ် ပိတ်ဆို့ထားတာပေါ့။ ဒရုန်းတွေနဲ့လည်း လှည့်နေတာတွေ့ရတယ်။ အထဲမှာ စစ်ကောင်စီတပ်သားတွေ ရှိသေးတယ်။ ဒီမနက်အထိ ပစ်နေတုန်းပဲ” နောင်ချိုမြို့မှာက ခမရ (၁၁၅) တပ်ရင်းကို TNLA ပူးပေါင်းအဖွဲ့တွေက ဇွန် ၂၆ ရက် နေ့လယ်ပိုင်းမှာ ထိန်းချုပ်လိုက်ပြီး ခမရ (၁၁၄) နဲ့ အမတ (၆၀၆) တပ်ရင်းတွေကို ဆက်လက် တိုက်ခိုက်နေတာပါ။ လက်ရှိမှာ နောင်ချိုမြို့ရဲစခန်းနဲ့ ဌာနဆိုင်ရာရုံး တွေ အပါဝင် မြို့ပေါ် နေရာ အားလုံးနီးပါးကို ပူးပေါင်းအဖွဲ့တွေက ထိန်းချုပ်ထားပြီလို့ ဒေသခံတွေက ပြောပါတယ်။ အလားတူ ကျောက်မဲမြို့စစ်ကောင်စီ အမှတ်(၁) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် စကခ(၁) တပ်စခန်းနဲ့ ခမရ-၅၀၁၊ ခမရ-၅၀၂ တပ်စခန်းတွေ အနီးမှာ ဇွန်လ ၂၇ ရက် မနက်ပိုင်းမှာ တိုက်ပွဲတွေ ပြင်းထန်နေတယ် လို့ ဒေသခံတွေက ပြောပါတယ်။ ကျောက်မဲမြို့ရဲစခန်း၊ ထွေအုပ်ရုံး၊ မြို့အဝင်အမြောက်တပ်နေရာတွေအားလုံးကို TNLA တပ်ဖွဲ့က ဇွန်လ ၂၆ ရက်မှာ ထိန်းချုပ်ထားပါတယ်။ ဒေသခံအချို့ကတော့ ဘေးလွတ်ရာကို ပြောင်းရွှေ့နေကြပြီလို့ ကျောက်မဲမြို့ခံတစ်ဦးက ပြောပါတယ်။ “ဒီမနက်တော့ ၅၀၁၊ ၅၀၂ တပ်တွေဘက်မှာ အသံတွေကြားနေရတယ်။ မြို့ခံတွေ စရွှေ့နေကြပြီ။ တိုက်ပွဲက မရပ်သေးဘူး” တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။ ကျောက်မဲနဲ့ နောင်ချိုမြို့နယ်အတွင်းမှာ နှစ်ရက်တာ တိုက်ပွဲအတွင်း ကလေးငယ်နှစ်ဦး အပါအဝင် အရပ်သားခုနှစ်ဦး သေဆုံးခဲ့ပြီး ဆယ်ဦးကျော် ဒဏ်ရာရခဲ့ပါတယ်။ --------------- ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်တွင် စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်ခဲ့သဖြင့် ပျက်စီးသွားသည့် အဆောက်အအုံတစ်ခုကို ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၅ ရက်နေ့က တွေ့ရစဉ်။ (Photo: Telegram/ PSLF/TNLA News) RFA Burmese Website တွင် ဖတ်ရှုရန် .....
Hammasini ko'rsatish...
နောင်ချိုနဲ့ ကျောက်မဲမှာ စစ်ကောင်စီလက်ကျန်စခန်းတွေအနီး တိုက်ပွဲပြင်းထန်နေ

ကျောက်မဲနဲ့ နောင်ချိုမြို့က နေရာအများစုကို TNLA ပူးပေါင်းတပ်တွေက ထိန်းချုပ်ထားပြီး ကျန်ရှိနေတဲ့ စစ်ကောင်စီတပ်စခန်းတွေအနီး တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

👍 20👏 3
WFP ရိက္ခာသိုလှောင်ရုံကို ဖောက်ထွင်းဖျက်ဆီးခဲ့ခြင်းမရှိကြောင်း စစ်ကောင်စီ ငြင်းဆို ~~~ ■ ရခိုင်ပြည်နယ် မောင်တောမြို့က ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP) ရဲ့ ရိက္ခာသိုလှောင်ရုံကို ဖောက်ထွင်းဖျက်ဆီးခဲ့တာ မရှိဘူးလို့ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဇွန်လ ၂၇ ရက်မှာ ပြောဆိုပါတယ်။ စစ်ကောင်စီပူးပေါင်းအဖွဲ့က WFP ရိက္ခာသိုလှောင်ရုံကို ဇွန်လ ၂၁ ရက်မှာ ဖောက်ထွင်းလုယက်ပြီး၊ အဆောက်အအုံကိုပါ မီးရှို့ဖျက်ဆီးခဲ့တာလို့ ရက္ခိုင့်တပ်တော် (AA) က ဇွန်လ ၂၅ ရက်မှာ ရုပ်သံဖိုင် ထုတ်ပြန်ခဲ့ပါတယ်။ WFP ကလည်း သူတို့ရဲ့ ရိက္ခာသိုလှောင်ရုံ ဖောက်ထွင်းဖျက်ဆီးခံရတဲ့ဖြစ်စဉ်ကို အတည်ပြုထားပြီး ကျူးလွန်သူတွေကို ရှုတ်ချတဲ့အကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ ဇွန်လ ၂၇ ရက်မှာ စစ်ကောင်စီထိန်းချုပ်ထားတဲ့သတင်းဌာနတွေကတစ်ဆင့် ထုတ်ပြန်လာတဲ့ စစ်ကောင်စီပြောခွင့်ရသူရဲ့ ပြောဆိုချက်မှာတော့ WFP ရဲ့ ရိက္ခာတွေကို ဒေသခံ ရိုဟင်ဂျာတွေက နေရာရွှေ့ပြောင်းခဲ့တာဖြစ်ပြီး အဲဒီပစ္စည်းတွေကိုပဲ စစ်ကောင်စီတပ်က ဇွန်လ ၂၂ ရက်မှာ မောင်တော မြို့ပေါ်ရပ်ကွက်ခြောက်ခုက အိမ်ထောင်စု နှစ်ထောင်ကျော်ကို ထောက်ပံ့ပေးခဲ့တယ်လို့ ဖော်ပြပါတယ်။ ရိက္ခာသိုလှောင်ရုံကိုတော့ AA အဖွဲ့က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် မီးလောင်ပျက်စီးခဲ့တာလို့ ဗိုလ်ချုပ်ဇော်မင်းထွန်း က ပြောဆိုထားပါတယ်။ ဒါပေမဲ့ စစ်ကောင်စီရဲ့ ဇွန်လ ၂၄ ရက်နေ့ ဖော်ပြတဲ့သတင်းမှာတော့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်နဲ့ ဌာနဆိုင်ရာ တာဝန်ရှိသူတွေက ဇွန်လ ၂၂ ရက်နေ့မှာ ဒေသခံတွေအတွက် ဆန်အိတ် နှစ်ထောင်ကျော် လက်ဝယ်အရောက် ထောက်ပံ့ပို့ဆောင်ပေးခဲ့တယ်လို့သာ ဖော်ပြထားပါတယ်။ WFP ရဲ့ ရိက္ခာသိုလှောင်ရုံကရတဲ့ ဆန်အိတ်တွေ ဖြစ်တယ်လို့ ဖော်ပြထားခြင်း မရှိပါဘူး။ ဒါ့အပြင် ထောက်ပံ့ပေးခဲ့တဲ့ ဆန်အိတ်တွေမှာလည်း WFP အမှတ်အသားတံဆိပ်တွေ မတွေ့ရပါဘူး။ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ရဲ့ ထုတ်ပြန်ချက်အရ မောင်တောက ရိက္ခာသိုလှောင်ရုံမှာ လူဦးရေ ခြောက်သောင်းခွဲနီးပါး( ၆၄,၀၀၀ဦး) အတွက် တစ်လစာဖူလုံစေမဲ့ အရေးပေါ်ကယ်ဆယ်ရေးရိက္ခာတွေ သိုလှောင်ထားတယ်လို့ ထုတ်ပြန်ထားပါတယ်။ _________ RFA Burmese Website တွင် ဖတ်ရှုရန်…
Hammasini ko'rsatish...
WFP ရိက္ခာသိုလှောင်ရုံကို ဖောက်ထွင်းဖျက်ဆီးခဲ့ခြင်းမရှိကြောင်း စစ်ကောင်စီ ငြင်းဆို

စစ်ကောင်စီပူးပေါင်းအဖွဲ့က WFP ရိက္ခာသိုလှောင်ရုံကို ဇွန် ၂၁ မှာ ဖောက်ထွင်းလုယက်ပြီး အဆောက်အအုံကိုပါ မီးရှို့ဖျက်ဆီးခဲ့တာလို့ (AA) က ဇွန် ၂၅ ရက်မှာ ရုပ်သံဖိုင် ထုတ်ပြန်ခဲ့ပါတယ်။

😢 14👍 5 4👎 1
ရေချမ်းစင် စာသင်ဝိုင်းက ကလေးခြောက်ရာကျော်ကို အခမဲ့ စာသင်ပေးနေ ~~~ ■ ကျောင်းစာသင်ခန်းတွေဆီ မရောက်နိုင်တဲ့ ရန်ကုန်၊ ဆင်ခြေဖုံးရပ်ကွက်တွေက ကလေးခြောက်ရာကျော်ကို ရေချမ်းစင် စာသင်ဝိုင်းက အခမဲ့ စာသင်ကြားပေးနေပါတယ်။ လှိုင်၊ အင်းစိန်၊ ရွှေပြည်သာနဲ့ ဒလမြို့နယ်တွေက နေရာဆယ်ခုမှာ အခမဲ့စာသင်ဝိုင်းတွေ ဖွင့်ထားတာပါ။ စီးပွားရေးကျပ်တည်းမှုတွေကြောင့် ပြင်ပထွက် အလုပ်လုပ်နေရတဲ့ကလေးတွေနဲ့ စာသင်ကြားဖို့ ငွေကြေးမတတ်နိုင်တဲ့ကလေးတွေ အဲဒီမှာ ပညာသင်ကြားကြပါတယ်၊။ --------------- ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၆ ရက်နေ့က ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ တညင်းကုန်းဈေးဘူတာအနီးက ရေချမ်းစင် စာသင်ဝိုင်းကို တွေ့ရစဉ်။ (Photo: RFA)
Hammasini ko'rsatish...
👍 17💔 2
တိုက်ပွဲပြင်းထန်နေတဲ့ မတ္တရာမှာ စစ်ဘေးဒုက္ခသည် တစ်သောင်းနီးပါး ရှိလာ ~~~ ■ မန္တလေးတိုင်း၊ မတ္တရာမြို့နယ် အရှေ့ဘက် အင်ကြင်းမြိုင်ရွာ စစ်ကောင်စီရဲ့ အမှတ် (၁၀၁၄) လေကြောင်းရန်ကာကွယ်ရေးတပ်အနီး တိုက်ပွဲပြင်းထန်နေတာကြောင့် ရွာဆယ်ရွာက အရပ်သားတစ်သောင်းလောက် အိုးအိမ်စွန့်ခွာထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မတ္တရာမြို့ပေါ်က အင်အား ၁၅၀ နီးပါးရှိတဲ့ စစ်ကောင်စီတပ်ကလည်း စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒါ့ကြောင့် ဆည်တော်ကြီး၊ ဆည်တော်၊ သပြေအိုက်၊ ဈေးဟောင်း၊ မြကန်၊ ဂွေးပင် စတဲ့ ရွာတွေ အပါအဝင် ကျေးရွာဆယ်ရွာက ဒေသခံတွေ ထွက်ပြေးနေရတာ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မတ္တရာဒေသခံတစ်ဦးက ပြောပါတယ်။ “မိသားစုတွေလည်း တချို့ အဆက်အသွယ်မရဘူး။ ထွက်ပြေးနေကြရတာ။ တိုက်ပွဲဖြစ်တဲ့အနီးက ဆည်တော်ကြီးရွာဆို အကုန်ပြေးရတာ။ လူကြီး၊ လူငယ်အကုန်ပြေးရတာပဲ။ အခုလည်း တိုက်ပွဲတွေဖြစ်နေတာ။ စစ်ကောင်စီဘက်ကလည်း အင်ကြင်းမြိုင်ကို ရအောင်ပြန်ယူမယ့်သဘောရှိတယ်” ဇွန်လ ၂၅ ရက်ကစလို့ မတ္တရာမြို့နယ် အင်ကြင်းမြိုင် လေကြောင်းရန်ကာကွယ်ရေးတပ်စခန်းကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းအဖွဲ့တွေက ထိုးစစ်ဆင်ခဲ့ပါတယ်။ စစ်ကောင်စီတပ်စခန်းကို သိမ်းယူဖို့ ကြိုးစားနေတယ်လို့ မန္တလေးပြည်သူ့ကာကွယ်ရေးတပ်မတော်က ဇွန်လ ၂၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ လက်ရှိမှာ TNLA နဲ့ PDF ပူးပေါင်းတပ်တွေက မတ္တရာမြို့နယ် ပန်းသလဲတောင်စခန်း၊ ကျောက်ကြမ်းတောင်စခန်းနဲ့ ရေစိုတောင်စခန်းတွေကို သိမ်းပိုက်ရရှိထားပြီလို့ ဆိုပါတယ်။ စစ်ကောင်စီဘက်ကလည်း မတ္တရာမြို့အဝင်အထွက်တွေကို တင်းကျပ်ထားသလို တိုက်ပွဲဖြစ်တဲ့နေရာတွေဆီ မန္တလေးမြို့ပေါ်က စစ်ကူအင်အားတွေ ဆက်ပြီးပို့နေတယ်လို့ မတ္တရာမြို့နယ် မြေပြင်ကင်းထောက်အဖွဲ့တွေက ပြောပါတယ်။ ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောခွင့်ရ စီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာမရှိပါဘူး။ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့စာရင်းတွေအရ စစ်ရေးပဋိပက္ခတွေကြောင့် နိုင်ငံတစ်ဝန်း စစ်ဘေးဒုက္ခသည် သုံးသန်းကျော် ရှိနေပါတယ်။ --------------- မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလအတွင်းက တွေ့ရစဉ်။ (Photo: Myanmar Military) RFA Burmese Website တွင် ဖတ်ရှုရန် .....
Hammasini ko'rsatish...
တိုက်ပွဲပြင်းထန်နေတဲ့ မတ္တရာမှာ စစ်ဘေးဒုက္ခသည် တစ်သောင်းနီးပါး ရှိလာ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ် အရှေ့ဘက် အင်ကြင်းမြိုင်ရွာ စစ်ကောင်စီရဲ့ အမှတ် (၁၀၁၄) လေကြောင်းရန်ကာကွယ်ရေးတပ်အနီး တိုက်ပွဲပြင်းထန်နေတာကြောင့် ရွာဆယ်ရွာက အရပ်သားတစ်သောင်းလောက် အိုးအိမ်စွန့်ခွာထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

👍 22
Boshqa reja tanlang

Joriy rejangiz faqat 5 ta kanal uchun analitika imkoniyatini beradi. Ko'proq olish uchun, iltimos, boshqa reja tanlang.