uz
Feedback
EHS Myanmar

EHS Myanmar

Kanalga Telegram’da o‘tish

This is an official channel of Environment, Health and Safety Myanmar (EHS Myanmar). Please visit www.ehsmyanmar.org for more information.

Ko'proq ko'rsatish
934
Obunachilar
Ma'lumot yo'q24 soatlar
+47 kunlar
+730 kunlar
Postlar arxiv
photo content

နိုဝင်ဘာလ (၁၉) ရက်နေ့တွင်ကျရောက်သည့် ကမ္ဘာ့အိမ်သာနေ့ ၂၀၂၂ (World Toilet Day) ကိုဂုဏ်ပြုသောအားဖြင့် "WASH for Everyone (လူတိုင်းအတွက်သန့်ရှင်းသောရေနှင့်အိမ်သာစနစ်)" ခေါင်းစဉ် ဖြင့် Podcast ဆွေးနွေးပွဲတစ်ခုကို ပြုလုပ်ထားပါတယ်။ -------------------------------------------------------------------------------------- EHS Myanmar | 18.11.22 🎙ဘာကြောင့် ဒီဆွေးနွေးပွဲကိုနားထောင်သင့်သလဲ။ ကျွန်တော်တို့လူသားတွေရဲ့ဘ၀မှာ အရေးကြီးတဲ့အရာတွေများစွာရှိပါတယ်။ အစားအသောက်၊ အမိုးအကာ၊ ၀တ်စားဆင်ယင်မှု စသဖြင့်ရှိပါတယ်။ ဒီလိုအရာတွေထဲမှ သန့်ရှင်းသောရေနဲ့ အိမ်သာစနစ်ဟာ မပါမဖြစ် အရေးကြီးပါတယ်။ သန့်ရှင်းတဲ့ရေနဲ့ အိမ်သာစနစ်ဟာ လူ့ဘ၀ရဲ့ ကျန်းမာရေးနဲ့ အခြားသောရှုထောင့်တွေမှာလဲ အရေးကြီးပါတယ်။ ဒါကြောင့်ဒီအကြောင်းအရာတွေနဲ့ပတ်သတ်ပြီး ပိုမို သိရှိနိုင်ဖို့ ယခု Podcast မှာ ဆွေးနွေးအဖြေရှာထားပါတယ်ရှင့်။ 🎙ဘယ်သူတွေဆွေးနွေးတာလဲ။ ယခု Podcast ကို EHS Myanmar ၏ Inten Members များဖြစ်သည့် စောဘွယ်လူကွီ နှင့် မတင်စံပယ်ဝင်း တို့မှ စီစဉ်တင်ဆက်ထားပြီး အဓိကဆွေးနွေးသူအဖြစ် Guest Speaker အနေအဖြစ်ဖိတ်ကြားထားသူကတော့ ဆရာမဝင့်သူသူအောင် ပဲဖြစ်ပါတယ်။ ဆရာမ ဟာဆိုလျှင် World Vision International Myanmar ၏ WASH Coordinator အဖြစ်လက်ရှိလုပ်ကိုင်နေပြီး WASH နယ်ပယ်မှာ (၁၆) နှစ်ကျော် အတွေ့အကြုံရှိသူလဲဖြစ်ပါတယ်။ 🎙ဘယ်မှာနားထောင်လို့ရမလဲ။ EHS Myanmar website (www.ehsmyanmar.org) မှာ နားဆင်လို့ရပါတယ်။ ဒါတင်မက Spotify, Apple Podcast, Google Podcast, Anchor FM, Pocket Casts, Radio Public စသည့် Podcast Platform တော်တော်များများမှာ နားဆင်လို့ရနေပါပြီရှင်။ Website - https://www.ehsmyanmar.org/podcast-1 Spotify - https://open.spotify.com/show/7d7SwaSQgzgkJDe7UkjwMq... Anchor FM - https://anchor.fm/ehsmyanmar... Apple Podcast -https://podcasts.apple.com/.../ehs.../id1554795854... Google Podcast - https://podcasts.google.com/.../aHR0cHM6Ly9hbmNob3IuZm0vc... --------------------------------------------- Don't forget to join our Telegram Channel - https://t.me/ehsmyanmar #EHSMyanmar #UNWater #WorldToiletDay2022 #WASH #CleanWaterandSanitation

photo content

"WASH for Everyone (လူတိုင်းအတွက် သန့်ရှင်းသောရေနှင့် အိမ်သာစနစ်)" Podcast by EHS Myanmar --------------------------------------------------------------------------- EHS Myanmar |13.11.2022 ကျွန်တော်တို့လူသားတွေရဲ့ဘ၀မှာ အရေးကြီးတဲ့အရာတွေများစွာရှိပါတယ်။ အစားအသောက်၊ အမိုးအကာ၊ ၀တ်စားဆင်ယင်မှု စသဖြင့်ရှိပါတယ်။ ဒီလိုအရာတွေထဲမှ သန့်ရှင်းသောရေနဲ့ အိမ်သာစနစ်ဟာ မပါမဖြစ် အရေးကြီးပါတယ်။ သန့်ရှင်းတဲ့ရေနဲ့ အိမ်သာစနစ်ဟာ လူ့ဘ၀ရဲ့ ကျန်းမာရေးနဲ့ အခြားသောရှုထောင့်တွေမှာလဲ အရေးကြီးပါတယ်။ ဒီလိုအရေးကြီးတယ်ဆို‌တော့ ကျွန်တော်တို့အားလုံး ဒီအကြောင်းအရာကို‌တော့ ဗဟုသုတအနေနဲ့ သိရှိဖို့လိုအပ်ပါတယ်။ ဒါကြောင့် နို၀င်ဘာ၁၉ရက်နေ့ "World Toilet Day" ကို ဂုဏ်ပြုတဲ့အထိမ်းအမှတ်‌အနေနဲ့ Podcast တစ်ခု ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ Podcast မှာပါဝင်ဆွေးနွေးပေးဖို့ ဖိတ်ကြားထားတဲ့ guest speaker ကတော့ ဆရာမ၀င့်သူသူ‌‌အောင်ဖြစ်ပါတယ်။ ဆရာမဟာဆိုရင် WASH နယ်ပယ်မှာ (၁၆) နှစ်ကျော် လုပ်ကိုင်ခဲ့ လုပ်ကိုင်နေဆဲဖြစ်ပြီး ယခုလက်ရှိတွင်လဲ World Vision International Myanmar ၏ WASH Coordinator အနေဖြင့် တာဝန်ထမ်းဆောင်နေတဲ့သူတစ်ယောက်လဲဖြစ်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ သင်သိချင်တဲ့မေးခွန်းများကို မေးမြန်းလိုပါက အောက်ပါ Form ထဲမှာ ဖြည့်စွက်ခြင်းဖြင့် မေးမြန်းနိုင်ပါတယ်။ Google Form - https://forms.gle/3pnd4KC4TYSPFFy66 Podcast ကို ehsmyanmar.org အပြင် EHS Myanmar ရဲ့ Google, Apple နဲ့ Spotify Podcast Channel များမှာ ၀င်ရောက်နားဆင်ဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။ ဘာကြောင့် Environmental Podcast များကို နားထောင်သင့်သလဲ ဆောင်းပါး - https://m.facebook.com/story.php?story_fbid=pfbid0UcBHaqppsB9eGoCUJHjggLeUpY2zwvS9WHRhMmsCrAVGCXo9m1jwkVCaxfHsp4stl&id=108833677318058 သိရှိလိုသည်များရှိပါက EHS Myanmar Facebook Page သို့ အချိန်မရွေးဆက်သွယ်စုံစမ်းနိုင်ပါတယ်။ Learn more at www.ehsmyanmar.org =========================================== EHS Myanmar ၏ သတင်း များနဲ့ Campaign များကို အမြဲမပြတ်သိရှိနိုင်ဖို့ telegram channel ကိုအခုပဲ အခမဲ့ join လိုက်ပါ။ https://t.me/ehsmyanmar #EHSMyanmar #WorldToiletDay #Podcast #WASH

photo content

ယနေ့ကျရောက်သော Sustainability Day ကိုဂုဏ်ပြုသောအားဖြင့် "Internet ကြီး သဘာဝပတ်ဝန်းကျင်အတွက် ကောင်းတာလား? ဆိုးတာလား?" ခေါင်းစဉ် ဖြင့် Podcast ဆွေးနွေးပွဲ အပိုင်း (၂) နားဆင်နိုင်ပါပြီရှင့်။ -------------------------------------------------------------------------------------- EHS Myanmar | 4.11.22 🎙ဘာကြောင့် ဒီဆွေးနွေးပွဲကိုနားထောင်သင့်သလဲ။ အင်တာနက်က ယနေ့ခေတ်လုပ်ငန်းစဉ်များမှာမရှိမဖြစ်ပါ၊ ကျွန်မတို့တွေ ပညာလေ့လာဖို့၊ သင်ယူနိုင်ဖို့၊ အလုပ်တွေလုပ်ဖို့ နဲ့ awareness တွေလုပ်နိုင်ဖို့အတွက် အင်တာနက်ကမရှိမဖြစ် အခန်းကဏ္ဍမှာ အကျိုးရှိစွာ ပါဝင်လျက်ရှိတာကို မည်သူမှမငြင်းနိုင်ပါ။ ဒါပေမယ့်လဲ အင်တာနက်ကိုအသုံးပြုခြင်းကြောင့် လူတွေသတိမပြုမိ တဲ့ သဘာဝပတ်ဝန်းကျင်အပေါ်ထိခိုက်မှုတွေနဲ့ လူတွေရဲ့နေ့စဉ်ဘဝအပေါ်သက်ရောက်မှုတွေကို ယခု Podcast မှာ ဆွေးနွေးအဖြေရှာထားပါတယ်ရှင့်။ 🎙ဘယ်သူတွေဆွေးနွေးတာလဲ။ ယခု Podcast ကို EHS Myanmar ၏ Inten Members များဖြစ်သည့် မယွန်းန္ဒာခိုင် နှင့် ကိုကျော်ဇေအောင်တို့မှ စီစဉ်တင်ဆက်ထားပြီး အဓိကဆွေးနွေးသူအဖြစ် EHS Myanmar ၏ Project Assistant ဖြစ်သူ ကိုတိုးလွင်ရှိန် နှင့် Guest Speaker အဖြစ်ဖိတ်ကြားထားသည့် SLC Advocates - Advocates for Sustainable Lifestyle and Culture ၏ PR Officer & Program Leader ဖြစ်သည့် မအေးသီရိမွန်တို့မှ ဆွေးနွေးတင်ဆက်ထားပါတယ်ရှင့်။ 🎙ဘယ်မှာနားထောင်လို့ရမလဲ။ EHS Myanmar website (www.ehsmyanmar.org) မှာ နားဆင်လို့ရပါတယ်။ ဒါတင်မက Spotify, Apple Podcast, Google Podcast, Anchor FM, Pocket Casts, Radio Public စသည့် Podcast Platform တော်တော်များများမှာ နားဆင်လို့ရနေပါပြီရှင်။ Website - https://lnkd.in/gFmQDfkP Spotify - https://lnkd.in/gxC473MT... Anchor FM - https://lnkd.in/gNbTYwQe... Apple Podcast -https://lnkd.in/gAJXN9sJ... Google Podcast - https://lnkd.in/g35mTtS... --------------------------------------------- Don't forget to follow us on Telegram https://t.me/ehsmyanmar #EHSMM #SLCAdvocates #InternetGoodorBad #environmentimpacts #socialimpacts #sustainabledevelopment #Podcast

photo content
+2

’ဣမံစီဝရံ သံဃဿဒေမိ’ ဤသင်္ကန်းနှင့်လှူဖွယ်ပစ္စည်းများကို ဝါတွင်း သုံးလပတ်လုံး ဝါမကျိုးမပျက်ပဲ ပဝါရဏာပြုသော ရဟန်းတော်များအတွက် EHS Myanmar အဖွဲ့သားများမှ ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်ရှိ အေးစေတီကျောင်းတိုက်သို့ အောက်တို့ဘာလ (၃၀) ရက်နေ့တွင် ဆပ်ကပ်လှူဒါန်းခဲ့ပါသည်။ ကျောင်းထိုင်ဆရာတော်ကြီးအရှင်ဉာဏလင်္ကာရ ထံသို့ ထီး၊ ကထိန်သင်္ကန်း၊ ယပ်တောင်၊ နှင့် ဖိနပ် တို့ကို ဆက်ကပ်လှူဒါန်းပြီး ရေစက်သွန်းချအမျှပေးဝေခဲ့ပါသည်။ ဤကဲ့သို့ ကျွန်တော် ကျွန်မတို့ ပြုရသော ကထိန်ကုသိုလ်များအတွက် နတ်လူ သာဓုခေါ်စေသော်...။ 🙏 #EHSMyanmar #ကထိန်အလှူ #2022

photo content

အင်ဒိုနီးရှားက ဘာကြောင့် မြို့တော်ကိုရွှေ့ချင်နေတာလဲ။ ___________________________________________________ EHS Myanmar | 30.10.22 ဂျာကာတာ - အင်ဒိုနီးရှားနိုင်ငံ၏မြို့တော်။ ဒီဂုဏ်ပုဒ်ကိုမကြာခင် နူဆန်ထရာမြို့ (Nusantara) မြို့ကို လွှဲပေးရတော့မှာဖြစ်ပါတယ်။ ဂျာကာတာကနေ ကီလိုမီတာ (၂၀၀၀) အကွာဘောနီရိုကျွန်းရှိ (Borneo) ကလီမာန်တန်ကျွန်းဒေသ (Kalimanatan) အရှေ့ဘက်မှာ ထိုမြို့သစ်ကိုတည်ဆောက်နေပြီဖြစ်ပါတယ်။ ထိုမြို့သစ်ကိုပြောင်းရွှေ့ဖို့ (၂၀၂၂) ခုနှစ် ဇန်နဝါရီလ (၁၈) ရက်နေ့မှာပဲ အင်ဒိုနီးရှားနိုင်ငံလွှတ်တော်က အတည်ပြုပေးခဲ့ပြီး (၂၀၂၄) ခုနှစ်မှာ စတင်ရွှေ့ပြောင်း အခြေချတော့မှာဖြစ်ပါတယ်။ ဘာကြောင့်မြို့တော်ကိုရွှေ့ရတာလဲ။ ပြောင်းရွှေ့ရခြင်း အဓိကအချက် (၂) ချက်ရှိပါတယ်။ ပထမအချက်အနေနဲ့ကတော့ စာဖတ်သူတို့အားလုံးသိကြတဲ့အတိုင်း ဂျာကာတာမြို့ရှိတဲ့ ဂျာဗားကျွန်းဟာ လူဦးရေ အထူထပ်ဆုံးသောကျွန်းတစ်ခုဖြစ်ပါတယ်။ နိုင်ငံရဲ့ လူဦးရေ (၆၀) ရာခိုင်နှုန်းလောက်က ဂျာဗားကျွန်းမှာနေထိုင်နေကြတာဖြစ်ပါတယ်။ ဒါတင်မကသေး နိုင်ငံ့စီးပွားရေးထက်ဝက်ကျော်လောက်ဟာလဲ ဂျာဗားကျွန်းမှာပဲအခြေစိုက်ဖြစ်ပါတယ်။ ဒါကြောင့် ဂျာဗားကျွန်းအနေနဲ့ တနိုင်ငံလုံးဝန်ကိုထမ်းထားရတဲ့အတွက် ဝန်ပိနေကြောင်းဖော်ပြထားပါတယ်။ သို့ပေမယ့် ယခုပြောင်းရွှေ့ဖို့ စီစဉ်နေတဲ့ ကလီမာန်တန်ကျွန်းဟာဆိုရင် ဂျာဗားကျွန်းထက် (၄) ဆလောက်ကြီးမားပြီး တိုင်းပြည် GDP ရဲ့ (၁၀) ရာခိုင်နှုန်းလောက်ကသာ ဒီကျွန်းပေါ်မှာဖြစ်ပေါ်နေတဲ့အတွက် ကျွန်းက အသစ်စက်စက်လို့ပြောလို့ရနိုင်ပါတယ်။ ဒါကြောင့် နိုင်ငံရဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ လူဦးရေ သိပ်သည်းမှုကို ဖြန့်ကျက်ဖို့လိုတဲ့ အတွက် မြို့တော်ကိုပြောင်းရွှေ့ဖို့စီစဉ်ခဲ့တာလဲဖြစ်ပါတယ်။ ဒုတိယအချက်အနေနဲ့ကတော့ ဂျာကာတာမြို့က သဘာဝပတ်ဝန်းကျင်ထိခိုက်မှုဒဏ်ကိုအကြီးအကျယ်ခံနေရတာဖြစ်ပါတယ်။ ယခင်နှစ်များကအစ လေထုညစ်ညမ်းမှုဒဏ်ကို ဆိုးရွားစွာခံစားနေရပြီး ဒေလီမြို့ နှင့် ဘေကျင်းမြို့များနီးပါးဆိုးရွားလာကြောင်း စစ်တမ်းတွေမှာဖော်ပြထားပါတယ်။ ဒါကြောင့်လဲ အစိုးရ နဲ့ အရပ်ဖက်အဖွဲ့အစည်းတွေပေါင်းပြီး ဒီလေထုညစ်ညမ်းမှု ဒဏ်ကိုဝိုင်းဝန်းဖြေရှင်းဖို့ကြိုးစားနေကြတာဖြစ်ပါတယ်။ နောက်သဘာဝပတ်ဝန်းကျင်ထိခိုက်မှုဒဏ်ကို ခံစားနေရတဲ့အချက်တွေထဲမှာ ရေမြုပ်လာခြင်းက အဓိကအကြောင်းအရင်းဖြစ်လာလို့နေပါတယ်။ ဟုတ်ပါတယ်... ဂျာကာတာက တစ်နှစ်ကို (၂၅) စင်တီမီတာလောက် ပင်လယ်ရေအောက်ကိုတဖြည်းဖြည်းနိမ့်ဆင်းနေပြီဖြစ်ပါတယ်။ ဒါကြောင့် မြို့ပြရေကြီးရေလျှံမှုတွေဖြစ်ပေါ်ရုံသာမက ရေကောင်းရေသန့်ရှားပါးလာခြင်း နှင့် သောက်သုံးရေရရှိမှု မလုံလောက်ခြင်းတွေနဲ့လဲရင်ဆိုင်နေရပါတယ်။ ဒါတွေဖြစ်ရခြင်းအကြောင်းကတော့ မြေအောက်ရေရှားပါးလာခြင်း နှင့် မြေပြင်ဧရိယာတွေတဖြည်းဖြည်းနည်းပါးလာခြင်း တို့ပဲဖြစ်ပါတယ်။ ဒီ environmental burden တွေကြောင့်လဲ မြို့တော်ကိုပြောင်းရွှေ့ဖို့ဖြစ်လာရခြင်းဖြစ်ပါတယ်။ ဘာတွေသင်ခန်းစာယူလို့ရမလဲ။ စာရေးသူတို့ အာဆီယံဒေသတွင်းနိုင်ငံမှာလဲ မြို့ပြတွေရေမြုပ်ခြင်းဒဏ်ကို ခံစားနေရပြီးဖြစ်ပါတယ်။ အားလုံးသိကြတဲ့အတိုင်း ဘန်ကောက်မြို့ဟာ အနှေးနဲ့အမြန် ပင်လယ်ထဲနိမ့်ဆင်းနေတာဖြစ်ပါတယ်။ (၂၁၀၀) ခုနှစ်မှာ ဘန်ကောက်က လုံးဝကိုမြုပ်သွားမယ်လို့ ပညာရှင်တွေကခန်းမှန်းထားကြပြီးဖြစ်ပါတယ်။ ဒီလိုပါပဲ စာရေးသူတို့ရဲ့ ရန်ကုန်မြို့ကဆိုရင်လဲ ပင်လယ်ရေအောက်ရောက်ဖို့ ခန့်မှန်းထားကြပြီးဖြစ်ပါတယ်။ (၂၀၁၇) ခုနှစ် တွင် WWF ၏ အစီရင်ခံစာတစ်ခုတွင် ပင်လယ်ရေမျက်နှာပြင်က (၂၀၈၀) တွင် (၄၀)-(၈၀) စင်တီမီတာ အထိမြင့် တက်လာနိုင်ကြောင်းခန့်မှန်းထားပြီးဖြစ်ပါတယ်။ ဒါကြောင့်လဲ ရန်ကုန်မြို့က (၂၀၈၀) ခုနှစ်မတိုင်ခင်မှာ ပင်လယ်ရေအောက်ကို တစ်စိတ်တစ်ပိုင်း ရောက်ရှိနိုင်ပါတယ်။ ဒါကြောင့် ရေကြီးမှု နဲ့ ရေမြုပ်နေမှုဒဏ်တွေကို အစိုးရ နှင့် အရပ်ဖက် NGO များပူးပေါင်းပြီး ဝိုင်းဝန်းအဖြေရှာဖို့အချိန်တန်ပါပြီ....။ ပြုစုရေးသားသူ - နိုင်ကျော်လူ ကိုးကား - thehindu.com, theguardian.com

photo content

ယနေ့ကျရောက်သော Sustainability Day ကိုဂုဏ်ပြုသောအားဖြင့် "Internet ကြီး သဘာဝပတ်ဝန်းကျင်အတွက် ကောင်းတာလား? ဆိုးတာလား?" ခေါင်းစဉ် ဖြင့် Podcast ဆွေးနွေးပွဲတစ်ခုကို ပြုလုပ်ထားပါတယ်။ -------------------------------------------------------------------------------------- EHS Myanmar | 26.10.22 🎙ဘာကြောင့် ဒီဆွေးနွေးပွဲကိုနားထောင်သင့်သလဲ။ အင်တာနက်က ယနေ့ခေတ်လုပ်ငန်းစဉ်များမှာမရှိမဖြစ်ပါ၊ ကျွန်မတို့တွေ ပညာလေ့လာဖို့၊ သင်ယူနိုင်ဖို့၊ အလုပ်တွေလုပ်ဖို့ နဲ့ awareness တွေလုပ်နိုင်ဖို့အတွက် အင်တာနက်ကမရှိမဖြစ် အခန်းကဏ္ဍမှာ အကျိုးရှိစွာ ပါဝင်လျက်ရှိတာကို မည်သူမှမငြင်းနိုင်ပါ။ ဒါပေမယ့်လဲ အင်တာနက်ကိုအသုံးပြုခြင်းကြောင့် လူတွေသတိမပြုမိ တဲ့ သဘာဝပတ်ဝန်းကျင်အပေါ်ထိခိုက်မှုတွေနဲ့ လူတွေရဲ့နေ့စဉ်ဘဝအပေါ်သက်ရောက်မှုတွေကို ယခု Podcast မှာ ဆွေးနွေးအဖြေရှာထားပါတယ်ရှင့်။ 🎙ဘယ်သူတွေဆွေးနွေးတာလဲ။ ယခု Podcast ကို EHS Myanmar ၏ Inten Members များဖြစ်သည့် မယွန်းန္ဒာခိုင် နှင့် ကိုကျော်ဇေအောင်တို့မှ စီစဉ်တင်ဆက်ထားပြီး အဓိကဆွေးနွေးသူအဖြစ် EHS Myanmar ၏ Project Assistant ဖြစ်သူ ကိုတိုးလွင်ရှိန် နှင့် Guest Speaker အဖြစ်ဖိတ်ကြားထားသည့် SLC Advocates - Advocates for Sustainable Lifestyle and Culture ၏ PR Officer & Program Leader ဖြစ်သည့် မအေးသီရိမွန်တို့မှ ဆွေးနွေးတင်ဆက်ထားပါတယ်ရှင့်။ 🎙ဘယ်မှာနားထောင်လို့ရမလဲ။ EHS Myanmar website (www.ehsmyanmar.org) မှာ နားဆင်လို့ရပါတယ်။ ဒါတင်မက Spotify, Apple Podcast, Google Podcast, Anchor FM, Pocket Casts, Radio Public စသည့် Podcast Platform တော်တော်များများမှာ နားဆင်လို့ရနေပါပြီရှင်။ Website - https://www.ehsmyanmar.org/podcast-1 Spotify - https://open.spotify.com/show/7d7SwaSQgzgkJDe7UkjwMq?fbclid=IwAR3cYQ5JUlfKeBZNaB58dyApQbuAodU6T93sw5UMtqFWBr411sYhRKwuS8U Anchor FM - https://anchor.fm/ehsmyanmar?fbclid=IwAR2jjFjC47Oi2qWLdEm8JMRTSzr8q6FfIIdGoJAHkPriHBIfjVCfzMcgPRg Apple Podcast -https://podcasts.apple.com/us/podcast/ehs-myanmar-monthly-podcast/id1554795854?fbclid=IwAR02575IYKTU5iANKleNFLaUnGdPB75W0spQkGTSX-HVP3ls_mcb0dPbmhc Google Podcast - https://podcasts.google.com/feed/aHR0cHM6Ly9hbmNob3IuZm0vcy80ZGIyM2M2NC9wb2RjYXN0L3Jzcw==?fbclid=IwAR3KjUPfA6e_VL8PCI-4ZTkvAulzBWWUTcK7Xs6fnftbfeG11QNietWnS34 ဆွေးနွေးပွဲကို အပိုင်းနှစ်ပိုင်းဖြင့်ဆွေးနွေးထားပြီး ယခုအပိုင်း (၁) ကိုတော့ ယနေ့နားဆင်လို့ရနေပြီး အပိုင်း (၂) ကိုတော့ မကြာခင် ထပ်တင်ပေးသွားပါမယ်ရှင့်။ --------------------------------------------- Don't forget to follow us on Telegram https://t.me/ehsmyanmar #EHSMM #SLCAdvocates #InternetGoodorBad #environmentimpacts #socialimpacts #sustainabledevelopment #Podcast

photo content
+3

အဖြစ်များဆုံးသော သဘာဝဘေးအန္တရာယ်များ ============================================== EHS Myanmar | 22.10.22 သဘာဝပတ်ဝန်းကျင်ထိခိုက်မှုတွေများလာသည့်အတွက် ရာသီဥတုပြောင်းလဲမှုများဖြစ်ပေါ်လာပြီး သဘာဝအလျောက်ဖြစ်သော ဘေးအန္တရာယ်ဖြစ်စဉ်များလဲ အဖြစ်များလာရပါသည်။ ထို သဘာဝဘေးအန္တရာယ်များထဲမှ ဘယ် Natural Disater က အဖြစ်များဆုံးဖြစ်မလဲ။ ၂၀၁၆ ခုနှစ်က ထုတ်ပြန်ခဲ့သော UN Office for Disaster Risk Reduction (UNDRR) ၏ အစီရင်ခံစာကိုအခြေခံပြီးလေ့လာကြည့်ကြပါစို့။ လွန်ခဲ့သည့် နှစ် (၂၀) ၁၉၉၅ မှ ၂၀၁၅ ခုနှစ်အတွင်းဖြစ်ပျက်ခဲ့သော ကမ္ဘာ့နိုင်ငံအသီးသီးတွင်ကျရောက်ခဲ့သော သဘာဝဘေးအန္တရာယ်များကို စစ်တမ်းပြုခဲ့ရာ - ၁။ ရေကြီးရေလျှံမှုသည် (၄၃) ရာခိုင်နှုန်းဖြင့် အများဆုံးဖြစ်ပေါ်ခဲ့ပါသည်။ အဖြစ်ပျက်ပေါင်း (၃၀၆၂) ခုကျော်ကိုမှတ်တမ်းတင်ထားနိုင်ခဲ့ကြောင်း လေ့လာရပါသည်။ ၂။ လေပြင်းမုန်တိုင်း ဖြစ်မှုသည် (၂၈) ရာခိုင်နှုန်းဖြင့် ဒုတိယနေရာတွင်ရပ်တည်နေပါသည်။ ၂၀၀၈ ခုနှစ်မြန်မာနိုင်ငံတွင်ဖြစ်ပေါ်ခဲ့သော နာဂစ်ဆိုင်းကလုန်း မုန်တိုင်းသည်လည်း တစ်ခုအပါအဝင်ဖြစ်ပါသည်။ ၃။ တတိယနေရာတွင် ငလျင်လှုပ်ခဲ့မှုက (၈) ရာခိုင်နှုန်းဖြင့် နေရာယူထားပါသည်။ ၄။ ငလျင်လှုပ်ခဲ့မှုပြီး (၂) ရာခိုနှုန်းနည်းသော ဖြစ်ရပ်က အပူချိန်လွန်ကဲခြင်း (Extreme Temperature) ဖြစ်ရပ်က (၆) ရာခိုင်နှုန်းဖြင့် ရပ်တည်နေပါသည်။ ၅။ နံပါတ် (၅) နေရာတွင် (၅) ရာခိုင်နှုန်းဖြင့် မြေပြိုခြင်းဖြစ်စဉ် နှင့် မိုးခေါင်ခြင်းဖြစ်စဉ်များ ဖြစ်ကြောင်းတွေ့ရပါသည်။ ၆။ သစ်တောမီးလောင်မှုများသည်လဲ သဘာဝဘေးအန္တရာယ်များဖြစ်သည်အလျှောက်၊ ၎င်းသည်လဲ (၄) ရာခိုင်နှုန်းရှိကြောင်းတွေ့ရပါသည်။ ၇။ အနည်းဆုံးဖြစ်စဉ်ကတော့ မီးတောင်ပေါက်ကွဲခြင်းဖြစ်စဉ်ဖြစ်သည်ဟု သိရပြီး ၎င်းသည် (၂) ရာခိုင်နှုန်းသာရှိနေသည်။ အဖြစ်အများဆုံးဖြစ်သည့် ရေကြီးရေလျှံမှု နှင့် လေပြင်းမုန်တိုင်းတိုက်ခတ်မှု (၂)ခုပေါင်းသည် ကမ္ဘာ့သဘာဝဘေးအန္တရာယ်ဖြစ်စဉ်များ၏ (၇၁) ရာခိုင်နှုန်း ရှိနေကြောင်းတွေ့ရပါလိမ့်မည်။ ထို့အပြင် ၁၉၈၅ ခုနှစ်မှ ၁၉၉၄ခုနှစ်ကြားဖြစ်ခဲ့သော သဘာဝဘေးအန္တရာယ်ဖြစ်စဉ်များထက် (၁၄) ရာခိုင်နှုန်းကျော်လောက် ပိုမိုအဖြစ်များလာကြောင်း စစ်တမ်းတွင်ဖော်ပြထားပါသည်။ ။ ပြုစုသူ - နိုင်ကျော်လူ ကိုးကား - The human cost of weather related disaster (1995-2015), UNDRR ------------------------------------------------------------------------------------------------------------------- EHS Myanmar ၏ ဆောင်းပါးများကို အမြဲမပြတ်ဖတ်နိုင်ဖို့ telegram channel ကိုအခုပဲ join လိုက်ပါ။ https://t.me/ehsmyanmar #EHSMyanmar #NaturalDisasters #UNDRR #weather

photo content

Internet ကြီး သဘာဝပတ်ဝန်းကျင်အတွက် ကောင်းတာလား? ဆိုးတာလား? Podcast by EHS Myanmar --------------------------------------------- 🎙️ ယနေ့ခေတ် ကမ္ဘာကြီးမှာ Internet က လူသားတွေရဲ့ နေ့စဉ်ဘဝအတွက် မရှိမဖြစ် အရာတစ်ခု ဖြစ်လာပါတယ်။ နေရာတွေဘယ်လောက်အလှမ်းဝေးပါစေ.....Internet ရှိရုံနဲ့ အချင်းချင်း လွယ်ကူလျင်မြန်စွာ ဆက်သွယ်နိုင်သလို၊ ကိုယ်သိချင်တဲ့ပညာရပ်တွေ လေ့လာဆည်းပူးဖို့အတွက်လည်း အင်တာနက်က များစွာအထောက်အကူပြုပါတယ်။ 🎙️ ဒီလို လူသားတွေအတွက် အကျိုးများစွာဖြစ်စေတဲ့ Internet က သဘာဝပတ်ဝန်းကျင်အပေါ်မှာရော ဘယ်လိုအကျိုးသက်ရောက်မှုရှိစေလဲဆိုတာနဲ့ပတ်သတ်ပြီး EHS Myanmar နဲ့ SLC Advocates - Advocates for Sustainable Lifestyle and Culture တို့နှင့်ပူးပေါင်းကာ "A Study on Environmental Impacts of Internet Emissions: a Case Study of Yangon, Myanmar" ခေါင်းစဉ်ဖြင့် သုတေသနစာတမ်းတစ်ခုကို ၂၀၂၁ ခုနှစ် October လမှ ၂၀၂၂ ခုနစ် April လအထိ ခြောက်လကြာ ပြုစုရေးသားထုတ်ဝေခဲ့ပါတယ်။ ထိုစာတမ်းကို Myanmar Information Management Unit (MIMU), Academia.edu, Zenodo စတဲ့ Website တွေမှာ သွားရောက်ဖတ်ရှုနိုင်ပါတယ်။ 🎙️ ယခုအခါမှာတော့ ထိုသုတေသနစာတမ်းအား အခြေခံပြီး "Internet ကြီး သဘာဝပတ်ဝန်းကျင်အတွက် ကောင်းတာလား? ဆိုးတာလား?" ဆိုတဲ့ ခေါင်းစဉ်ဖြင့် EHS Myanmar နဲ့အတူ Guest Speaker အဖြစ် SLC Advocates - Advocates for Sustainable Lifestyle and Culture တို့က Podcast စကားဝိုင်းလေးတစ်ခုကို ၂၆ ရက် October လ ၂၀၂၂ ခုနစ်မှာကြရောက်မည့် World Sustainability Day အားဂုဏ်ပြုသည့်အနေနဲ့ တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ 🎙️ ထို့ကြောင့် Podcast အားနားဆင်လိုသူများအနေဖြင့် ခေါင်းစဉ်နှင့်ပတ်သက်၍ သိလိုသည်များကိုလည်း Speaker များမှထည့်သွင်းဆွေးနွေးသွားမည်ဖြစ်တာမို့ အောက်က Google Form Link တွင် ၂၀၂၂ ခုနစ် October လ ၂၀ ရက်နေ့မှ ၂၄ ရက်နေ့အတွင်း မေးခွန်းများဝင်ရောက်‌မေးမြန်းနိုင်ပါတယ်။ 🎙️ Podcast အား ehsmyanmar.org အပြင် EHS Myanmar ၏ Google, Apple နှင့် Spotify Podcast Channel များတွင် စောင့်မျှော်နားဆင်ပေးကြဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။ Google Form - https://forms.gle/NtLa6F2DzTL3RcwF8 EHS Myanmar Research Paper Link - http://themimu.info/node/117533 ဘာကြောင့် Environmental Podcast များကိုနားထောင်သင့်သလဲ ဆောင်းပါး - https://www.facebook.com/108833677318058/posts/647965293404891/ 📞 သိရှိလိုသည်များရှိပါက EHS Myanmar Facebook Page နှင့် EHS Myanmar Email myanmarehs@gmail.com သို့အချိန်မရွေးဆက်သွယ်မေးမြန်းနိုင်တယ်။ Learn more at www.ehsmyanmar.org --------------------------------------------- Don't forget to follow us on LinkedIn https://www.linkedin.com/company/ehsmyanmar/ #EHSMM #Podcast #SLCAdvocates #InternetGoodorBad

Global Handwashing Day, October 15 --------------------------------------------------------------------------- Global Handwas
Global Handwashing Day, October 15 --------------------------------------------------------------------------- Global Handwashing Day, which takes place on October 15, is a day of campaigning around the world intended to raise public awareness of the value of using soap and water to wash hands to prevent disease and save lives. The theme of the 2022 is "Unite for Universal Hand Hygiene" "အားလုံးလက်ဆေးသန့်ရှင်းရေး စည်းလုံးညီညာဆောင်ရွက်ပေး" in Burmese. #EHSMyanmar #handwashingDay #internationaldays

International E-Waste Day, October 14 ============================================================= International E-Waste Day
International E-Waste Day, October 14 ============================================================= International E-Waste Day (#ewasteday) 2022 will be focusing on small items of e-waste, under the slogan "Recycle it all, no matter how small!". Source - europa.eu #EHSMyanmar #ewasteDay #internationalday

photo content

ကိုးကား - evergreenpodcasts.com ------------------------------------------------------------------------------------------------------------------- EHS Myanmar ၏ ဆောင်းပါးများကို အမြဲမပြတ်ဖတ်နိုင်ဖို့ LinkedIn ကိုအခုပဲ Follow လုပ်လိုက်ပါ။ https://www.linkedin.com/company/ehsmyanmar/ #EHSMyanmar #Podcast #environmental #EHSChannel