ru
Feedback

Не попадитесь на канал ботавода! Telemetrio находит и помечает такие каналы 👉 Хотите видеть метку — оформите подписку

EHS Myanmar

EHS Myanmar

Открыть в Telegram

This is an official channel of Environment, Health and Safety Myanmar (EHS Myanmar). Please visit www.ehsmyanmar.org for more information.

Больше
868
Подписчики
Нет данных24 часа
Нет данных7 дней
+230 дней
Архив постов
photo content
+3

Environmental Management and Planning (EMP) Course Batch 1 ----------------------------------------------------- EMP Course ပထမဆုံး တန်းခွဲသစ် ကို ၂၀၂၂ ခုနှစ် အောက်တိုဘာ (၁) ရက်နေ့မှ (၂၃) ရက်နေ့ မှ ဖွင့်လှစ်ခဲ့ပြီး သင်တန်းသား သင်တန်းသူ (၁၈) ယောက်ကို သင်တန်းဆင်းလက်မှတ်များအောင်မြင်စွာပေးအပ်နိုင်ခဲ့ပါသည်။ EMP သင်တန်းတွင် Environmental Mangement Plan နှင့်ဆိုင်သည့် ဥပဒေများ၊ နည်းဥပဒေများ နှင့် လုပ်ထုံးလုပ်နည်းများ၊ EMP Report ရေးသားရာတွင် ပါဝင်ရမည့် အချက်အလတ်များ အင်္ဂါရပ်များ၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း (environmental impact assessment) ဆိုင်ရာလုပ်ထုံးလုပ်နည်းနှင့် methods များ၊ Risk Assessment စဉ်းစားပုံစဉ်းစားနည်းနှင့်တွက်ချက်နည်းများ၊ ပတ်ဝန်းကျင်ထိခိုက်မှုလျှော့ချရေးနည်းလမ်းများ စသည့်တို့ပါဝင်ခဲ့ပြီး EMP Report တစ်ခုရေးသားနိုင်သည်အထိသင်ကြားပေးနိုင်ခဲ့ပါသည်။ Batch (2) ကိုလဲ ဖွင့်လှစ်ဖို့စီစဉ်ထားတဲ့အတွက် သင်တန်းတက်ဖို့စိတ်ဝင်စား လျှင် ကျွန်တော်တို့ Page Chat သို့ email လေးလာပေးလိုက်ပါနော်။ #EHSMyanmar #environmentalmanagementplan #eia #myanmar #onlinecourse

photo content

ဒါကြောင့် “စေတနာကောင်းရင် ကံကောင်းတယ်” ဆိုတဲ့စကားအတိုင်းပဲ ကိုယ့်လက်အောက်ငယ်သားဝန်ထမ်းတွေအပေါ် စေတနာထားပြီး လုပ်ငန်းခွင် ကျန်းမာရေးနဲ့ ဘေးကင်းလုံခြုံရေး (OHS) ကို သေချာဆောင်ရွက်ပေးတဲ့အခါ သင့်လက်အောက် ဝန်ထမ်းတွေကို ကာကွယ်ပေးရာလည်းရောက်သလို သင့်လုပ်ငန်းစီးပွားရေးလည်း တိုးတက်လာမှာ အမှန်ပါပဲ။ ရေးသားသူ - အက်သီနာ Sources – HASpod, European Agency for Safety and Health at Work, IOSH, hellonimbl EHSMyanmar ရဲ့ Environmental Managment and Planning (EMP) online course Batch 2 ကိုစိတ်ဝင်စားမယ်ဆိုလျှင် ဒီမှာ www.ehsmyanmar.org လေ့လာလိုက်ပါ။ -------------------------------------------------------- EHS Myanmar ၏ ဆောင်းပါးများကို အမြဲမပြတ်သိရှိနိုင်ဖို့ telegram channel ကိုအခုပဲ အခမဲ့ join လိုက်ပါ။ https://t.me/ehsmyanmar #EHSMyanmar #ESIA #OHS

သင့်လုပ်ငန်းက အဖွဲ့သားတွေဟာ လုပ်ငန်းခွင်မှာ ဘာထိခိုက်ဒဏ်ရာမှ ရနိုင်ခြေမရှိဘဲ ပျော်ရွှင်မှု၊ လုံခြုံမှုကို ခံစားရမှသာ သူတို့ရဲ့ လုပ်ဆောင်နိုင်စွမ်း ပိုကောင်းလာမှာဖြစ်ပြီး ရလဒ်အနေနဲ့ သင့်စီးပွားရေး ကောင်းမွန်တိုးတက်လာစေမှာပါ။ သင့်ရဲ့ လက်အောက်ငယ်သားတွေကို ဒဏ်ရာအနာတရ ဖြစ်ခြင်းမှ ကာကွယ်ခြင်းဟာ သူတို့ကိုသာမက သင့်ရဲ့စီးပွားရေးလုပ်ငန်းကိုပါ အကျိုးအမြတ်ရရှိလာစေမှာဖြစ်ပါတယ်။ ပြီးတော့ စိတ်ဝင်စားစရာကောင်းတဲ့ နောက်တစ်ချက်က OHS ဟာ လုပ်ငန်းရှင်ဖြစ်တဲ့ သင့်ကို ပိုက်ဆံအကုန်အကျသက်သာစေပါတယ်။ ဝန်ထမ်းတွေရဲ့ ကျန်းမာရေးနဲ့ဘေးကင်းလုံခြုံမှုအတွက် လုပ်ဆောင်ပေးရတာတွေဟာ ပိုက်ဆံထွက်စေတဲ့ အပိုအလုပ်တွေလို့ သင့်အနေနဲ့ ထင်ကောင်းထင်နိုင်ပေမဲ့ တကယ်တမ်းတော့ ဒါဟာ အကျိုးအမြတ်ရရှိစေမဲ့ ရင်းနှီးမြှုပ်နှံမှုတစ်ခုပါပဲ။ သင်က OHS ကဏ္ဍထဲ ငွေကြေးရင်းနှီးမြှုပ်နှံလိုက်တဲ့အခါ လုပ်ငန်းခွင်မှာ အက်စီးဒင့်ဖြစ်ပွားနိုင်ခြေ လျော့ကျသွားပါတယ်။ ရလဒ်အနေနဲ့ အက်စီးဒင့်တစ်ခုဖြစ်ရင် ကုန်ကျမဲ့ တနင့်တပိုး လျော်ကြေးငွေတွေ၊ ဒဏ်ကြေးတွေ၊ အာမခံကြေးတွေ ဘာမှကုန်တော့မှာမဟုတ်ဘဲ သင့်လုပ်ငန်းကို အပူအပင်ကင်းကင်းနဲ့ ဆက်လက် လည်ပတ်နိုင်မှာဖြစ်ပါတယ်။ ဒါတင်မကသေးဘဲ သင့်ရဲ့ဝန်ထမ်းတွေဟာ သင် သူတို့အပေါ် ဂရုစိုက် အလေးထားမှန်း သိရတဲ့အတွက် သင့်ကို အလုပ်ရှင်ကောင်းအဖြစ်နဲ့ လေးစားပြီး လုပ်ငန်းခွင်မှာ ကြိုးစားလုပ်ကိုင်ကြမှာဖြစ်လို့ ဝန်ထမ်းအသစ်ထပ်ခန့်ရမဲ့၊ လူသစ်တွေကို လေ့ကျင့်ပေးရမယ့် စရိတ်စကတွေကို အများကြီးလျှော့ချပစ်နိုင်မှာဖြစ်ပါတယ်။ နောက်ပြီး စီးပွားရေးလောကမှာ ဂုဏ်သတင်းက အရမ်းအရေးကြီးပါတယ်။ စားသုံးသူတွေ၊ ဝန်ထမ်းတွေကို ဆွဲဆောင်နိုင်ဖို့၊ အခြားသော စီးပွားရေးလုပ်ငန်းတွေ သင်နဲ့ လက်တွဲလုပ်ဆောင်လာချင်အောင်လုပ်ဖို့ဆိုရင် သင့်ကုမ္ပဏီ၊သင့်စက်ရုံ၊သင့်စီးပွားရေးလုပ်ငန်းဟာ ဂုဏ်သတင်းမွှေးပျံ့နေဖို့လိုပါတယ်။ ဒီလို ဂုဏ်သတင်းမွှေ့းပျံချင်တယ်ဆိုရင်တော့ အပြင်ပိုင်းသာမက အတွင်းပိုင်းကိုပါ အလေးထား ဂရုစိုက်ပေးဖို့ အရေးကြီးပါတယ်။ သင့်လုပ်ငန်းခွင်ရဲ့ ကျန်းမာရေးနဲ့ ဘေးကင်းလုံခြုံမှုဆိုင်ရာ စံနှုန်းတွေနိမ့်ကျနေရင် အက်ဆီးဒင့်တွေဖြစ်မယ်၊ သင့်ဝန်ထမ်းတွေရဲ့ ကိုယ်ကျန်းမာရေးနဲ့ စိတ်ကျန်းမာရေးထိခိုက်လာမယ်၊ ဝန်ထမ်းတွေက သင့်လုပ်ငန်းခွင်ကို ငရဲလို့မြင်လာမယ်၊ အဆင်မပြေရင် ဝန်ထမ်းတွေ အလုပ်ထွက်ကုန်ကြမယ်၊ အကြောင်းကြောင်းကြောင့် အလုပ်ထွက်လို့မဖြစ်လို့ ကျန်နေခဲ့ရသူတွေကလည်း အလုပ်လုပ်ရတာ မပျော်တော့တဲ့အတွက် အလုပ်တွင်တော့မှာမဟုတ်ပါဘူး။ အဲဒီတော့ သင့်ဘက်ကနေ ဘယ်လိုမှ ကြံရာမရတဲ့အဆုံး တင်းကျပ်တဲ့ စည်းမျဉ်းတွေ၊ ဒဏ်ကြေးတွေနဲ့ သူတို့ကို ဖိအားပေး အလုပ်ခိုင်းစေမိလာနိုင်ပါတယ်။ ဒါဆိုရင် သင့်စီးပွားရေးလုပ်ငန်းရဲ့ ပုံရိပ်ဟာ ဘယ်လိုမှ မကောင်းနိုင်တော့ပါဘူး။ ဒါကြောင့်မို့ မလိုလားအပ်တဲ့ ဂုဏ်သိက္ခာကျဆင်းမှုတွေမဖြစ်စေဖို့အတွက် OHS ကိုလုပ်ဆောင်ဖို့ အရေးပါလှပါတယ်။ ပြီးတော့ ပြိုင်ဆိုင်မှုများတဲ့ အခုလိုခေတ်ကြီးမှာ သင့်စီးပွားရေးနယ်ပယ်က အခြား ပြိုင်ဖက်တွေထက် သာလွန်ဖို့အတွက်ဆို ဈေးနှုန်းဆိုတဲ့ အချက်တစ်ခုတည်းနဲ့ ယှဉ်ပြိုင်လို့မရတော့ပါဘူး။ အရည်အသွေးမြင့်တဲ့ ထွက်ကုန်နဲ့ ဝန်ဆောင်မှုတွေကိုပေးရတော့မှာဖြစ်တဲ့အပြင် အများပိုင်နဲ့ ပုဂ္ဂလိက ပိုင်အခန်းကဏ္ဍတွေက စီမံကိန်းအကြီးစားတွေကို ပိုင်ဆိုင်နိုင်ဖို့အတွက် ပြိုင်ဘက်တွေနဲ့ ယှဉ်လုရမဲ့အခါ သင့် ကုမ္ပဏီရဲ့ လုပ်ငန်းခွင်ကျန်းမာရေးနဲ့ လုံခြုံရေးဆိုင်ရာ မှတ်တမ်းတွေဟာ အရေးပါလာပါပြီ။ သင့်ကုမ္ပဏီဟာ လုပ်ငန်းခွင် ကျန်းမာရေးနဲ့ ဘေးကင်းလုံခြုံရေးဆိုင်ရာ အရည်အသွေးမှတ်တမ်းကောင်း‌တွေရှိထားတယ်၊ သင့်လုပ်ငန်းခွင်မှာ လုပ်ကိုင်နေတဲ့ လက်အောက်ငယ်သားတွေရဲ့ ကျန်းမာရေးနဲ့ ဘေးကင်းလုံခြုံမှုအတွက် လိုအပ်တာတွေ အကုန်ပြင်ဆင် ဆောင်ရွက်ပေးထားတယ်ဆိုတဲ့ သက်သေအထောက်အထားတွေသာရှိနေရင် သင့်စီးပွားရေးနယ်ပယ်မှာ အခြားပြိုင်ဘက်တွေထက် အမြဲတမ်းခေါင်းတစ်လုံးသာနေမှာ အမှန်ပါပဲ။ ကိုယ့်လုပ်ငန်းခွင်မှာ OHS ကိုအလေးထားဆောင်ရွက်ခြင်းဟာ ဝင်ငွေစီးဆင်းလည်ပတ်မှုကို ပိုမိုကောင်းမွန်အောင်ဖန်တီးပေးပါတယ်။ International Social Security Association က ၂၀၁၁ ခုနှစ်မှာ လုပ်ဆောင်ခဲ့တဲ့ သုတေသနအရ OHS ကိုအသုံးပြုခြင်းအားဖြင့် ပြန်ရလာတဲ့ အကျိုးအမြတ် တန်ဖိုးဟာ 2.2 ရှိတယ်လို့ လေ့လာတွေ့ရှိခဲ့ရပါတယ်။ ဆိုလိုရင်းက OHS မှာ 1 ဒေါ်လာ ရင်းနှီးမြှုပ်နှံလိုက်တိုင်း 2.2 ဒေါ်လာ ပြန်ရလာခြင်းဖြစ်ပါတယ်။ ဒီလေ့လာမှုဟာ OHS အပေါ် လူအများစုထားတဲ့ အဆိုးမြင်သဘောထားတွေကို တပ်လှန့်လိုက်သလိုပါပဲ။ လုပ်ငန်းရှင်‌အတော်များများဟာ OHS ကို အပိုကုန်ပေါက်အဖြစ် ရှုမြင်တတ်ကြပါတယ်။ အဲဒါကြောင့် OHS ကဏ္ဍကို ငွေသိပ်မထည့်ဘဲ ချွေတာကြပါတယ်။ ဒါပေမဲ့ အဲဒီလို လုပ်ဆောင်မှုကြောင့် အဆုံးသတ်မှာ လုပ်ငန်းခွင်တွင်း အက်စီးဒင့်တွေ၊ ဒဏ်ရာအနာတရဖြစ်မှုတွေ၊ သေဆုံးမှုတွေ ပိုမိုဖြစ်လာပါတော့တယ်။ လုပ်ငန်းရှင်အနေနဲ့လည်း ဂုဏ်သတင်းကျဆင်းတာတွေ၊ တရားတဘောင်ရင်ဆိုင်ရတာတွေ၊ ဝန်ထမ်းတွေ အများကြီးထွက်ကုန်ပြီး turnover rate မြင့်လာတာတွေ ကြုံတွေ့လာရပါလိ့မ်မယ်။

EIA မှာ Occupational Health and Safety (OHS) က ဘာကြောင့် အရေးကြီးသလဲ? ------------------------------------------------------------------------- EHS Myanmar | 9.1.2023 ESIA, EIA, IEE အစရှိတဲ့ ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းဆိုင်ရာလုပ်ငန်းစဉ်တွေကို လုပ်ဆောင်ရာမှာ ကိုယ့်ရဲ့ စီမံကိန်းက သဘာဝပတ်ဝန်းကျင်အပေါ် အနုတ်သဘောနဲ့ အပြုသဘောဆိုင်ရာ ဘယ်လိုသက်ရောက်မှုတွေရှိလဲ၊ ဘယ်လိုဘယ်ပုံထိခိုက်မှုရှိလဲ၊ အဲဒီဆိုးကျိုးသက်ရောက်မှုတွေကို ဘယ်လိုမျိုးလျှော့ချမလဲ၊ ကောင်းကျိုးသက်ရောက်မှုတွေကိုရော ဘယ်လိုမျိုးတိုးမြှင့်မလဲ ဆိုတာတွေကို လုပ်ငန်းရှင်တွေအနေနဲ့ သေချာလေး ဆန်းစစ်လေ့လာမှုတွေ ပြုလုပ်ကြပေမဲ့ ကိုယ့်ရဲ့ စီမံကိန်း လုပ်ငန်းခွင်အတွင်းမှာ ပါဝင်ပတ်သက်လုပ်ကိုင်နေကြရသူတွေရဲ့ အဖွဲ့အစည်းတွင်းဆိုင်ရာ ကျန်းမာရေးနဲ့ ဘေးကင်းလုံခြုံမှု (Occupational Health and Safety) အခန်းကဏ္ဍကိုတော့ အရေးမပါဘူးဆိုပြီး ယူဆတာကြောင့်ဖြစ်စေ၊ တခြားအကြောင်းတစ်ခုခုကြောင့်ဖြစ်စေ အလေးအနက်ထားပြီး ထည့်သွင်းဖို့ အားနည်းတတ်ကြပါတယ်။ ဒါကြောင့်မို့ သင့်ရဲ့ စီးပွားရေးလုပ်ငန်း တိုးတက်ဖို့အတွက် Occupational Health and Safety (OHS) က ဘာကြောင့် အရေးကြီးသလဲဆိုတာကို ဒီနေ့မှာ ဆွေးနွေးတင်ပြပေးသွားပါမယ်။ စီးပွားရေး လုပ်ငန်းတစ်ခု အောင်မြင်တယ်၊ ကျရှုံးတယ်ဆိုတာဟာ အဲဒီလုပ်ငန်းထဲမှာ ပါဝင်လုပ်ကိုင်နေတဲ့ ဝန်ထမ်းတွေအပေါ် အများကြီး မူတည်နေပါတယ်။ သင့်လုပ်ငန်းက ဝန်ထမ်းတွေ ဘေးကင်းလုံခြုံပြီး ကျန်းမာရေးကောင်းမွန်နေမှသာ သင့်စီးပွားရေးရဲ့ လုပ်ငန်းစဉ်တိုင်းမှာ နှေးဖင့်မှုမရှိဘဲ လုပ်ငန်းကောင်းစွာလည်ပတ်နိုင်မှာဖြစ်ပါတယ်။ အကယ်၍ လုပ်ငန်းရှင်အနေနဲ့ လုပ်ငန်းခွင်ကျန်းမာရေးနဲ့ ဘေးကင်းလုံခြုံမှု စီမံချက်တွေကို သေချာမလုပ်ဆောင်ထားဘူးဆိုရင် လုပ်ငန်းခွင်အက်စီးဒင့် ဖြစ်ပွားနိုင်ခြေများလာပါလိမ့်မယ်။ အက်စီးဒင့်တစ်ခုခုဖြစ်လာပြီဆိုရင် လုပ်ငန်းလုပ်ဆောင်မှုတွေကို ရပ်တန့်လိုက်ရပြီး အက်စီးဒင့် ဘာကြောင့်ဖြစ်လဲ၊ ဘယ်လိုဖြစ်လဲ စုံစမ်းစစ်ဆေးရပါတော့မယ်။ ပြီးရင် နဂိုအခြေအနေအတိုင်း ပြန်လည်ပတ်နိုင်အောင် လိုအပ်တာတွေပြုပြင်ဖို့၊ ကုစားဖို့တွေ လိုအပ်လာပါတယ်။ လုပ်ငန်းခွင်မှာ အက်စီးဒင့်ဖြစ်သွားတဲ့ ဝန်ထမ်းဟာ ဒဏ်ရာ ဆိုးဆိုးဝါးဝါးရသွားတယ်ဆိုရင် လုပ်ငန်းရှင် ကိုယ့်မှာ တစ်ပူပေါ် နှစ်ပူဆင့်ကုန်ပြီး ကုသစရိတ်ပေးရတာနဲ့ ၊ ဝန်ထမ်းအစားထိုးရှာရတာနဲ့ အလုပ်တွေပိုရှုပ်ကုန်ပါလိမ့်မယ်။ ပစ္စည်းပစ္စယ ပျက်စီးသွားတယ်ဆိုရင်လည်း အစားထိုးတပ်ဆင်ရတာတွေ၊ ပြုပြင်တာတွေ လုပ်ရတော့မှာမို့ အချိန်ရော၊ ငွေရော ဆုံးရှုံးမှုတွေဖြစ်လာပါလိမ့်မယ်။ အဆုံးစွန်ဆုံး အခြေအနေဖြစ်တဲ့ လူသေမှုပါဖြစ်ရင်တော့ ပိုတောင် အမှုတွေကြီးကုန်ပါလိမ့်မယ်။ သင်အပင်ပန်းခံပြီး လေ့ကျင့်ပေးထားတဲ့၊ သင့်လုပ်ငန်းနဲ့လည်း အသားကျနေပြီဖြစ်တဲ့၊ သင့်အတွက်အရေးပါတဲ့ ဝန်ထမ်းတစ်ယောက်ယောက်သာ သင့်ရဲ့ Occupational Health and safety စီမံဆောင်ရွက်ချက်တွေ ပေါ့လျော့မှုကြောင့် အက်စီးဒင့်တစ်ခုခုဖြစ်သွားခဲ့တယ်ဆိုရင် သူ့လို အရည်အချင်းရှိတဲ့သူတစ်ယောက်ကို ညတွင်းချင်း လိုက်ရှာအစားထိုးဖို့ဆိုတာမဖြစ်နိုင်ပါဘူး။ အက်စီးဒင့်တွေဖြစ်တယ်ဆိုရင် ဒဏ်ရာရနိုင်သလို အသက်ဆုံးရှုံးရမှုတွေလည်းဖြစ်နိုင်ပါတယ်။ ကိုယ့်လုပ်ငန်းအတွက် အဖိုးတန်တဲ့ဝန်ထမ်းတစ်ယောက်ကို ဆုံးရှုံးလိုက်ရတဲ့အချိန်က ခဏတာ ဖြစ်နိုင်သလို ထာဝရလည်း ဖြစ်သွားနိုင်ပါတယ်။ ဒီလိုမျိုး အလုပ်နဲ့ဆက်စပ်တဲ့ ကျန်းမာရေးနဲ့ ဘေးကင်းလုံခြုံမှုဆိုင်ရာ ပြဿနာတွေဖြစ်လာပြီဆိုရင် သူ့ရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေဟာ ပြန်လည်ဖာထေးလို့မရနိုင်တော့တဲ့အထိကို ဆိုးရွားသွားနိုင်ပါတယ်။ အလုပ်တွင်မှုနဲ့ ပတ်သတ်ပြီး စဉ်းစားကြည့်မယ်ဆိုရင်လည်း ကျန်းမာသူတွေနဲ့ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းဟာ productivity မြင့်မားပါတယ်။ ကိုယ့်ဝန်ထမ်းတွေ ကျန်းမာနေဖို့အတွက်ဆိုရင် ကျန်းမာပြီး ဘေးကင်းလုံခြုံမှုရှိစေတဲ့ လုပ်ငန်းခွင်ပတ်ဝန်းကျင်ကို အလုပ်ရှင် ကိုယ်က ဖန်တီးပေးဖို့လိုပါတယ်။ အဲဒီလိုမဟုတ်ဘဲ သင့်ရဲ့ဝန်ထမ်းတွေဟာ လုပ်ငန်းခွင်မှာ ဖုန်မှုန့်တွေ၊ အဆိပ်ဓာတ်ငွေ့တွေကို ရှူရှိုက်ပြီးအလုပ်လုပ်နေရမယ်ဆိုရင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေ ဖြစ်လာပြီး အလုပ်လုပ်ဆောင်ဖို့ အနှောင့်အယှက်ဖြစ်လာပါလိမ့်မယ်။ တုန်ခါမှု vibration ဒဏ်ကို ဆိုးဆိုးရွားရွား ခံစားရတဲ့ အလုပ်သမားတွေဟာလည်း စက်ပစ္စည်းတွေကို သေချာ ဆုပ်ကိုင်နိုင်စွမ်းမရှိတာ၊ စက်ခလုတ်တွေကို သေချာနှိပ်မရတော့တာမျိုးတွေဖြစ်လာပြီး နောက်ဆက်တွဲအနေနဲ့ အရည်အသွေးမကောင်းတဲ့ ထုတ်ကုန် ထွက်ရှိလာတာတွေ၊ မလိုလားအပ်တဲ့ လုပ်ငန်းခွင်အန္တရာယ်တွေဖြစ်လာပြီး ပစ္စည်းဆုံးရှုံးမှု၊ လူဆုံးရှုံးမှုတွေ ကြုံလာရပါလိမ့်မယ်။ လုပ်ငန်းခွင်ဆူညံမှုကိုလည်း ဘေးအန္တရာယ်ကင်းရှင်းတဲ့ အခြေအနေဖြစ်အောင် သေချာ မစီမံမခန့်ခွဲထားဘူးဆိုရင် အလုပ်သမားတွေအနေနဲ့ အရေးကြီးတဲ့ လမ်းညွှန်ချက်တွေ၊ သတိပေးစကားတွေ မကြားရဘဲဖြစ်ကုန်ပြီး အင်မတန်မှ အန္တရာယ်ကြီးတဲ့ အခြေအနေတွေဆီ ဦးတည်သွားပါလိ့မ်မယ်။

photo content

"How can EIA help in Sustainable Development" Podcast by EHS Myanmar --------------------------------------------------------------------------- EHS Myanmar | 6.1.2023 ၂၀၂၃ ခုနှစ် နှစ်သစ်မှာ EHS Myanmar ရဲ့ ပထမဆုံး Podcast လေးလာပါပြီ။ ဒီတခေါက်မှာတော့ environmental နဲ့ မရင်းနှီးတဲ့လူငယ်တွေအတွက် ရည်ရွယ်ထားပါတယ်။ ကျွန်ုပ်တို့နိုင်ငံမှာ စက်ရုံစီမံကိန်းတွေဆောက်တော့မယ်ဆိုလျှင် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုတွေကို ဘယ်လိုတားဆီးကြလဲ၊ ဘယ်လိုလျှော့ချလဲ၊ ဥပဒေတွေကောရှိရဲ့လားဆိုတဲ့ မေးခွန်းတွေက လူငယ်တွေကြားမှာ ဝေဝါးနေဆဲပါ။ နောက်ပြီး EIA လုပ်ငန်းစဉ်တွေက ရေရှည်တည်တံ့သောဖွံ့ဖြိုးမှု (Sustainable Development) ကို တကယ်ပဲအထောက်အကူပြုရဲ့လား။ ဒါကြောင့် ဒီလိုအကြောင်းအရာတွေကို ဗဟုသုတအနေနဲ့ သိရှိနိုင်ဖို့ ဒီ Podcast လေးကိုစီစဉ်ထားပါတယ်။ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ အတွက် Podcast ကို EHS Myanmar ၏ "Environmental Management and Planning (EMP)" Course မှ ဆရာ/ ဆရာမ တို့မှ ဆွေးနွေးတင်ဆက်သွားမှာဖြစ်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ သင်သိချင်တဲ့မေးခွန်းများကို မေးမြန်းလိုပါက အောက်က comment မှာ မေးခွန်းလေးတွေချန်ထားခဲ့နိုင်ပါတယ်။ EHS Myanmar Monthly Podcast ကို www.ehsmyanmar.org အပြင် EHS Myanmar ရဲ့ Google, Apple နဲ့ Spotify Podcast Channel များမှာ ၀င်ရောက်နားဆင်ဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။ ဘာကြောင့် Environmental Podcast များကို နားထောင်သင့်သလဲ ဆောင်းပါး - https://m.facebook.com/story.php?story_fbid=pfbid0UcBHaqppsB9eGoCUJHjggLeUpY2zwvS9WHRhMmsCrAVGCXo9m1jwkVCaxfHsp4stl&id=108833677318058 သိရှိလိုသည်များရှိပါက EHS Myanmar Facebook Page သို့ အချိန်မရွေးဆက်သွယ်စုံစမ်းနိုင်ပါတယ်။ --------------------------------------------------------------------- EHS Myanmar ၏ သတင်း များနဲ့ Campaign များကို အမြဲမပြတ်သိရှိနိုင်ဖို့ telegram channel ကိုအခုပဲ အခမဲ့ join လိုက်ပါ။ https://t.me/ehsmyanmar #EHSMyanmar #Podcast #EIA #SustainableDevelopment

ဇန်နဝါရီ (၄) ရက် (၂၀၂၃) ခုနှစ်တွင်ကျရောက်သော် (၇၅) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုအပ်ပါသည်။ #EHSMyanmar #nationali
ဇန်နဝါရီ (၄) ရက် (၂၀၂၃) ခုနှစ်တွင်ကျရောက်သော် (၇၅) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုအပ်ပါသည်။ #EHSMyanmar #nationalindependenceday

photo content

နှစ်သစ်မင်္ဂလာဆုတောင်း ၂၀၂၃ ကျန်မာ‌ရေး၊ပညာရေး၊စီးပွားရေး၊နိုင်ငံရေး အစရှိတဲ့အရေးကြီးတဲ့ကဏ္ဍတွေမှာ လိုအပ်ချက်များစွာရှိနေဆဲနှစ်ဖြစ်တဲ့ (2022)ကိုလည်း ကျွန်မတို့ဟာ အချင်းချင်းဖေးမကူညီကာ ဖြတ်သန်းလာနိုင်ခဲ့ကြပါပြီ။ ဒီလိုခက်ခဲပင်ပန်းတဲ့အချိန်မှာ ကျွန်မတို့ The Environment, Health and Safety Myanmar (EHSMyanmar) နဲ့ လက်တွဲလုပ်ကိုင်လျှက်ရှိသောသူများအားလုံးနှင့် စာဖတ်သူများအားလုံးကို ဦးစွာကျေးဇူးတင်ရှိပါတယ်။ ယခုလာမယ့် မင်္ဂလာနှစ်သစ် (၂၀၂၃) တွင် မြန်မာပြည်သူပြည်သားအားလုံး - 🙏 စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံ၍ စီးပွားလာဘ်လာဘများတိုးပွားကာ အောင်မြင်မှုတွေပိုင်ဆိုင်နိုင်ပါစေ။ 🙏 ပူပန်ကြောင့်ကြကင်းစင်စွာနှင့် ဘေးရန်အပေါင်းကင်းရှင်းစွာ ပျော်ရွှင်ချမ်းမြေ့လိုတရကြပါစေ။ 🙏 ကိုယ်စိတ်နှစ်ဖြာသစ်လွင်ဆန်းသစ်ပြီး လုပ်ငန်းမှန်သမျှ အောင်မြင်တိုးတက်ကြပါစေ။ 🙏 ၀မ်းနည်းပူဆွေးမှုတွေကို ထားခဲ့နိုင်ကာ နှစ်သစ်တွင် စိတ်သစ်လူသစ်နဲ့ ပျော်ရွှင်စွာနေထိုင်နိုင်ကြပါစေ။ 🙏 မိမိချစ်ခင်သောသူများနှင့်တစ်စုတစ်ဝေးထဲပြန်လည်တွေ့ဆုံနိုင်ကြပါစေ။ 🙏 ကျွန်မတို့လိုလားတောင့်တနေတဲ့ ရွှေရောင်နေ့ရက်တွေ အမြန်ဆုံးရပါစေကြောင်း ကျွန်မတို့ EHS Myanmar မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်။ #EHSMyanmar #NewYear2023

photo content

📑 EHS Myanmar's 2022 Annual Report/ ၂၀၂၂ ခုနှစ် အစီရင်ခံစာ 📑 ____________________ EHS Myanmar ၏ ၂၀၂၁ တစ်နှစ်တာကာလအတွင်း လုပ်ဆောင်ခဲ့မှုများမှာ - 🏆EHS Myanmar ၏ မူပိုင် ပညာပေးဆောင်းပါး နှင့် ဆောင်းပါးတိုပေါင်း - (၄၃) ပုဒ်ကျော်ကို ရေးသားနိုင်ခဲ့ပါတယ်။ 🏆 Environmental နှင့် Health & Safety နှင့်ဆိုင်သည့် လေ့လာစရာ စာအုပ်ကောင်း (၂၀) ကျော်ကိုလဲ ဝေမျှနိုင်ခဲ့ပါတယ်။ 🏆 Environmental နယ်ပယ်မှ ကျွမ်းကျင်ပညာရှင်ကြီးများ နှင့် လူငယ်ပညာရှင်များကို ဖိတ်ခေါ်၍ ဆွေးနွေးပွဲများ၊ ဟောပြောပွဲများ နှင့် Podcast မှ ပညာပေးမှုများ အပြင် EHS Myanmar ၏ BOD များမှ ပြင်ပအဖွဲ့အစည်းများ၏ဖိတ်ခေါ်ချက်များအရ ဟောပြောဆွေးနွေးပွဲများ စုစုပေါင်း (၁၂) ခု ကျော်ကိုလဲ လုပ်ဆောင်နိုင်ခဲ့ပါတယ်။ 🏆 တစ်နှစ်အတွင်း အခမဲ့ အွန်လိုင်းသင်တန်းပေါင်း (၂) ခုကိုဖွင့်လှစ်နိုင်ခဲ့ပြီး corporate training (၂) ခုနှင့် EHS Myanmar ၏ သင်တန်း (၃) ခုတို့ဖြင့် သင်တန်းသား အရေအတွက် (၃၆၀) ကျော်ကို သင်ကြားမျှဝေပေးနိုင်ခဲ့ပါတယ်။ 🏆 မိတ်ဖက်အဖွဲ့အစည်းနှင့်ပူးပေါင်းလုပ်ဆောင်ခြင်း၊ နိုင်ငံတကာအဖွဲ့အစည်းများတွင် ဝင်ရောက်ခြင်း (၄) ခုတို့ကို ပြုလုပ်နိုင်ခဲ့ပါတယ်။ 🏆 လူငယ်တွေကိုအသိပညာ အတတ်ပညာ၊ အလုပ်အကိုင်အခွင့်အလမ်း နှင့် ကျင့်ဝတ်တန်ဖိုးများ မြှင့်တင်ပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် Internship Program (၂) ခုကို ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ 🏆 ဧပြီလတွင် "A Study on environmental impacts of Internet Emissions: a case study of Yangon, Myanmar" ခေါင်းစဉ်ဖြင့် သုတေသနစာတမ်းငယ်တစ်ခုကို လူငယ်ပညာပေးအဖွဲ့အစည်းဖြစ်သည့် "SLC Advocates"နှင့် ပူးပေါင်း၍ ပြုစုနိုင်ခဲ့ပြီး MIMU ResearchGate Academia.edu Zenodo စသည့် Platform များတွင် publish လုပ်ခဲ့ပါတယ်။ 🏆 EHS Myanmar ၏ (၂၀၂၂) ခုနှစ် တစ်နှစ်တာကာလတွင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာပေးရေးလုပ်ငန်းများ၊ COVID-19 ဆိုင်ရာ သတိပြုဖွယ်ရာ များ နှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာသုတေသနပြုလုပ်ခြင်းလုပ်ငန်းများကို Online Platform များ၊ Podcast တို့မှတဆင့် အစွမ်းကုန်ကြိုးစားပြီးလုပ်ဆောင်ပေးနိုင်ခဲ့ပါတယ်။ ရှေ့ဆက်ပြီး လဲ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာပေးရေးလုပ်ငန်းများ နှင့် သုတေသနပြုလုပ်ခြင်းလုပ်ငန်းစဥ်များကိုလဲ မတူညီသော apporach အသစ်များဖြင့် လုပ်ဆောင်သွားဦးမှာဖြစ်ပါတယ်။ 📝ကျွန်တော် ကျွန်မတို့ EHS Myanmar တစ်နှစ်တာအတွက် သုံးသပ်ချင်လျှင်သော်လည်းကောင်း၊ ရှေ့ဆက်လုပ်ငန်းအတွက်အကြံပြုချင်လျှင်သော်လည်းကောင်း၊ ဝေဖန်ချင်သော်လည်းကောင်း စသည့် သင်တို့၏ အမြင် များကို လွတ်လပ်စွာ မျှဝေလိုပါက comment တွင် (သို့မဟုတ်) Page Chatbox တို့တွင်ဝင်ရောက် အကြံပြုပေးသွားဖို့ မေတ္တာရပ်ခံအပ်ပါတယ်။ 👇👇 နှစ်သစ်မှာ အားလုံးပျော်ရွှင်ပြီး စိတ်ညစ်စရာများကင်းဝေးပြီး ကောင်းမွန် သန့်ရှင်းပြီး ရေရှည်တည်တည်တံခိုင်မြဲသော နိုင်ငံတစ်ခု (Sustainable Nation) ဖြစ်အောင်ကြိုးစားကြပါစို့။ ☺ ------------------------------------------------------------ "Gaining Knowledge is the first step to wisdom. Sharing it is the first step to humanity." #EHSMyanmar #AnnualReport #Review #2k22

photo content
+3

📑 EHS Myanmar's Podcast 2022 Annual Report/ ၂၀၂၂ ခုနှစ် Podcast အစီရင်ခံစာ 📑 ____________________ EHS Myanmar | 28.12.22 EHS Myanmar Monthly Podcast ၏ ၂၀၂၂ တစ်နှစ်တာကာလအတွင်း - . 🌐 Podcast ပေါင်း (၆) ပုဒ်သာ broadcast လုပ်နိုင်ခဲ့ပါတယ်။ . 🌐 ထို (၆) ပုဒ်ထဲတွင် "What is Environmental Music?" episode မှာ လူအများနားထောင်ဆုံးဖြစ်ခဲ့ပြီး ဒုတိယ မှာ "Internet: Is it good or bad? Part 1" episode ဖြစ်ပါတယ်။ . 🌐 Audience Size အနေဖြင့် (၇) ရက်တာအချိန်အတွင်း (၁၆) ယောက်ရှိခဲ့ပြီး Plays per Episode အနေဖြင့် (၃၉) on average ရှိခဲ့ပါတယ်။ Playtime အနေဖြင့် (၁၃၁၈) ဖြစ်ပါတယ်။ . 🌐 နားဆင်သူများ၏ Geographic Location ကိုလေ့လာကြည့်တဲ့အခါ အမေရိကန် မှ (၃၇) ၊ မြန်မာမှ (၂၃) ရာခိုင်နှုန်း ၊ ဩစတေးလျမှ (၈) ရာခိုင်နှုန်း ၊ ထိုင်းမှ (၇) ရာခိုင်နှုန်း နှင့် အခြားနိုင်ငံတွေမှ (၂၅) ရာခိုင်နှုန်းအသီးသီးရှိကြပါတယ်။ ဒီ Stats ကတော့ နားဆင်သူများရဲ့ ဖုန်း (သို့မဟုတ်) ကွန်ပျူတာတို့၏ Location Service Setting ထားမှုပေါ်မှာလဲ မူတည်နေပါတယ်။ . 🌐 ကျွန်မတို့ EHS Myanmar Monthly Podcast နားဆင်သူများ၏ Platforms များမှာ အများစုက Apple Podcasts နှင့် Spotify တို့မှ နားဆင်ကြတာကိုတွေ့ရပါတယ်။ Apple Podcast မှ (၃၁) ရာခိုင်နှုန်း၊ Spotify မှ (၃၁) ရာခိုင်နှုန်း၊ Anchor မှ (၁၀) ရာခိုင်နှုန်း၊ Google Podcast မှ (၁၀) ရာခိုင်နှုန်း နှင့် အခြား platform များမှ (၁၇) ရာခိုင်နှုန်း တို့ဖြစ်ကြပါတယ်။ . 🌐 နားဆင်သူများ၏ Devices များအနေဖြင့်လဲ (၃၈) ရာခိုင်နှုန်းမှာ iPhone ကိုင်ဆောင်သူများဖြစ်ကြပြီး၊ Android ကိုင်ဆောင်သူများမှာ (၃၀) ရာခိုင်နှုန်နှင့် Windows နှင့် Web မှ နားဆင်သူ (၁၇) ရာခိုင်နှုန်းတို့ဖြစ်ကြပါတယ်။ . 🌐 EHS Myanmar Monthly Podcast မှာ ကျား/မ မရွေး နားဆင်နိုင်အောင်ပြုလုပ်ထားသည့်အတွက် ကျား (၅၅) ရာခိုင်နှုန်း နှင့် မ (၄၅) ရာခိုင်နှုန်း တို့ဖြင့် ၂၀၂၂ ခုနှစ်အတွင်း နားဆင်သူကျားအရေအတွက် အနည်းငယ်များနေတာကိုတွေ့ရနိုင်ပါတယ်။ . 🌐 ကျွန်မတို့ EHS Myanmar Monthly Podcast သည် လူငယ်များအတွက် ဦးတည်ထားသည့်အလျောက် နားဆင်သူအများစုမှာလဲ လူငယ်တွေဖြစ်ကြတာကိုတွေ့ရပါတယ်။ အသက် (၂၃) နှင့် (၂၇) ကြားနားဆင်သူအရေအတွက် (၆၁) ရာခိုင်နှုန်းအထိရှိတာကိုတွေ့မှတ်သားရပါတယ်။ ထို့အပြင် အသက် (၁၈) မှ (၂၂) ကြားနားဆင်သူအရေအတွက် (၃၄) ရာခိုင်နှုန်း၊ အသက် (၂၈) မှ (၃၄) ကြားနားဆင်သူအရေအတွက် (၃) ရာခိုင်နှုန်း နှင့် အသက် (၄၅) မှ (၅၉) ကြားနားဆင်သူအရေအတွက် (၃) ရာခိုင်နှုန်း ရှိကြောင်းတွေ့နိုင်ပါတယ်။ 🥰ကျွန်တော် ကျွန်မတို့ EHS Myanmar Monthly Podcast တစ်နှစ်တာအတွက် သုံးသပ်ချင်လျှင်သော်လည်းကောင်း၊ ရှေ့ဆက်လုပ်ငန်းအတွက်အကြံပြုချင်လျှင်သော်လည်းကောင်း၊ ဝေဖန်ချင်သော်လည်းကောင်း စသည့် သင်တို့၏ အမြင် များကို comment တွင်ဝင်ရောက် အကြံပြုပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်။ 👇 🎧EHS Myanmar Monthly Podcast ကို ဒီမှာနားဆင်နိုင်ပါပြီ - https://www.ehsmyanmar.org/podcast-1 . နှစ်သစ်မှာ အားလုံးပျော်ရွှင်ပြီး စိတ်ညစ်စရာများကင်းဝေးပြီး ကောင်းမွန် သန့်ရှင်းပြီး ရေရှည်တည်တည်တံခိုင်မြဲသော နိုင်ငံတစ်ခု (Sustainable Nation) ဖြစ်အောင်ကြိုးစားကြပါစို့။ 💪 ------------------------------------------------------------ "Gaining Knowledge is the first step to wisdom. Sharing it is the first step to humanity." #EHSMyanmar #AnnualReport #Review #2k22 #2023

We wish you a very Happy Christmas and a peaceful and prosperous New Year. ☃️❄️ #EHSMyanmar #merrychristmas #2022
We wish you a very Happy Christmas and a peaceful and prosperous New Year. ☃️❄️ #EHSMyanmar #merrychristmas #2022

photo content

(၂)တည်နေရာ (remote and rural serting) စီမံကိန်းက ဝေးလံခေါင်ဖျားတဲ့နေရာတွေမှာရှိမယ်ဆိုရင် စီမံကိန်းဘက်မှလူများနဲ့ ဒေသခံလူများအကြား ဆက်သွယ်မှုကို ခက်ခဲစေပါတယ်။ ကုန်ကျစရိတ်လည်း ပိုကြီးပါတယ်။ (၃) ပညာအားနည်းခြင်း (Illiteracy) လုပ်ငန်းဘက်မှ လူများက ဒေသခံပြည်သူလူထုကို ကြေးနန်းစာဖြင့် အကြောအကြောင်းကြားခြင်း၊ ကြော်ငြာစာရွက် ဖြန့်ဝေခြင်း စသည်ဖြင့်ကြိုးစားသော်လည်း အရာရောက်မည်မဟုတ်ပါဘူး။ လူထုပါဝင်မှုကလည်း လျော့နည်းပါလိမ့်မယ်။ (၄) ဘာသာစကား (language) အချို့နိုင်ငံတွေမှာ နိုင်ငံတစ်ခုအတွင်းမှာတင် ဘာသာစကားများစွာကို အသုံးပြုကြတဲ့အတွက် ဒါဟာ ပြည်သူလူထုပါဝင်မှုကို အတားအဆီးဖြစ်စေပါလိမ့်မယ်။ (၅) ဒေသတွင်းစံနှုန်း/ဓလေ့ (Local value/ culture) အချို့သောဒေသများမှာ ဒေသတွင်း ရိုးရာဓလေ့၊ စံသတ်မှတ်ချက်များကြောင့် လူသိရှင်ကြား ပါဝင်မှု မပြုလိုကြပါဘူး။ ✅ဒါကြောင့် လူထုပါဝင်မှု လွယ်ကူစေရန် အောက်ပါနည်းလမ်းများက ကူညီပေးနိုင်ပါတယ်။ (၁) သာမန်ပြည်သူများ လွယ်ကူစွာ နားလည်နိုင်ရန် လုံလောက်သော၊ သင့်လျော်သော စီမံကိန်း သတင်းအချက်အလက်ကို ထောက်ပံ့ခြင်း။ (၂) ထိုသတင်းအချက်အလက်များအား လူထုက တုန့်ပြန်နိုင်ရန် အချိန်လုံလောက်စွာပေးထားခြင်း။ (၃) စီမံကိန်းနှင့် ပက်သက်၍ လူထု (မိမိ၏ယူဆချက်ကို ထုတ်ဖော်မပြောဝံ့သူများ အပါအဝင်) ၏ အယူအဆ၊ အတွေးအမြင်များကို ဖော်ပြခွင့်ရရန် သင့်လျော်သော နည်းလမ်းများ၊ အခွင့်အရေးများပေးခြင်း။ (၄) စာတတ်မြောက်မှု မရှိသော အခြေခံလူတန်းစားများ၊ အချိန်ပို မရှိသော နေ့စားအလုပ်သမားများ အပါအဝင် ဒေသခံပြည်သူလူထုအားလုံး တက်ရောက်နိုင်သော ဆွေးနွေးပွဲအတွက် အဆင်အပြေဆုံး အချိန် နှင့် နေရာကို ရွေးချယ်ခြင်း (၅) လူထုမှ မေးမြန်းလာသော မေးခွန်းများကို ကောင်းမွန်စွာ တုန့်ပြန်ခြင်း တို့ဖြစ်ပါတယ်။ အချုပ်အားဖြင့်ပြောရမယ်ဆိုရင် Social Impact Assessment နဲ့ ပြည်သူများပူးပေါင်း ဆောင်ရွက်မှုဆိုတာခွဲထားလို့ရတဲ့ အရာတော့ မဟုတ်ပါဘူး။ အထူးသဖြင့် ဒေသခံပြည်သူတွေ မပါဝင်တဲ့ SIA ဟာ ထိရောက်မှာမဟုတ်ပါဘူး။ အနာဂတ်မှာဖြစ်ပေါ်မယ့် အဆိုးသက်ရောက်မှု ကိုလည်း အပြည့်အဝ ကာကွယ်ပေးနိုင်မှာ မဟုတ်ပါဘူး။ SIA မှာ ပြည်သူလူထုပူးပေါင်း ဆောင်ရွက်နိုင်ခြင်းအားဖြင့် ရေရှည်ဖွံ့ဖြိုးတိုးတက်တဲ့ လူမှုအဖွဲ့အစည်းဆီသို့ လှမ်းချီနိုင်ပါလိမ့်မယ်။ ။ ရေးသားသူ - မင်းနွေဦး ကိုးကား - 1. TLP-IASbaba - Day 57 – Q 3. What is social impact assessment (SIA)? Why is it important? Discuss. 2. ResearchGate (Public Involvement in Social Impact Assessment) 3. EIA Training Resource Manual -------------------------------------------------------- EHS Myanmar ၏ ဆောင်းပါးများကို အမြဲမပြတ်သိရှိနိုင်ဖို့ telegram channel ကိုအခုပဲ အခမဲ့ join လိုက်ပါ။ https://t.me/ehsmyanmar #EHSMyanmar #Public involvement #SocialImpactAssessment #Sustainabillity

Social Impact Assessment တွင် ပြည်သူလူထု၏ပါဝင်မှု =============================================== EHS Myanmar | 23.12.22 👥မိမိရပ်ရွာအနီးမှာ စက်မှုလုပ်ငန်းများတည်ဆောက်ခြင်း၊ ဆည်တည်ဆောက်ခြင်း စသည်တို့ကို ဒေသခံပြည်သူတွေက ဆန္ဒပြတဲ့ သတင်းတွေကို မကြာခဏ ကြားရလေ့ရှိပါတယ်။ အကြောင်းအရင်းကတော့ အဲ့ဒီစီမံကိန်းတွေကို တည်ဆောက်တဲ့ကာလ၊ လုပ်ငန်းလည်ပတ်တဲ့ကာလ ၊ လုပ်ငန်းဖျက်သိမ်းပြီးနောက် ကာလတွေမှာ ပေါ်ပေါက်လာမယ့် အန္တရာယ်များကို စိုရိမ်ခြင်း၊ ထိုအန္တရာယ်များကြောင့် မိမိတိုရဲ့ အသက်အိုးအိမ်စည်းစိမ်များကို ထိခိုက်နိုင်ခြင်းတို့ကြောင့် ဖြစ်ပါတယ်။ ဒီလို ပဋိပက္ခတွေကို ရေရှည်အတွက် အတွက် ဖြေရှင်းနိုင်ဖို့ လုပ်ဆောင်ရာမှာ "Social impact accessment" (လူ့အဖွဲ့အစည်း အပေါ်သက် ရောက်မှုများကို အကဲဖြတ်ခြင်း) ဆိုတဲ့စကားဟာ အရေးပါလာပါတယ်။ တံတားတည်ဆောက်ခြင်း၊ စက်မှုဇုန်တည်ထောင်ခြင်းစသည်ဖြင့် စီမံကိန်းတစ်ခု စတင်အကောင်အထည်ဖော်ခြင်းကြောင့် ၄င်းစီမံကိန်း ဒေသအတွင်း ဖြစ်ပေါ်လာမယ့်၊ ဒေသခံလူမှုအဖွဲ့အစည်းအပေါ် သက်ရောက်မှုရှိနိုင်တဲ့ ကောင်းကျိုး၊ ဆိုးကျိုးများကို သိရှိဖို့ လိုအပ်ပါတယ်။ လူထုကိုအဲ့လိုသိရှိစေရန် စီမံကိန်းဧရိယာအတွင်း သုတေသန များပြုလုပ်ခြင်း၊ ရရှိလာတဲ့သုတေသနအပေါ်မှာ အခြေခံပြီး ကောင်းမွန်သော အစီအစဥ်များ ရေးဆွဲခြင်း၊ နောက် ဆက်တွဲရလဒ်များကို စီမံခန့်ခွဲ့ခြင်းဟာ Social impact assessment ဖြစ်တယ်လို့ ကမ္ဘာ့ ကုလသမဂ္ဂရဲ့သဘာပတ်ဝန်းကျင်အဖွဲ့ အစည်း (UNEP) က အဓိပ္ပာယ်ဖွင့်ဆိုထားပါတယ်။ 👥SIA ကိုပြင်ဆင်နေစဥ်မှာ စီမံကိန်းဘက်မှ လူများဟာ စီမံကိန်းကြောင့် သက်ရောက်မှုရှိနိုင်တဲ့ လူထုနဲ့တွေ့ဆုံဆွေးနွေးဖို့လိုပါတယ်။ အဲ့လို ဆွေးနွေးခြင်းအားဖြင့် (၁) စီမံကိန်းကြောင့် ထိခိုက်မှုရှိနိုင်တဲ့ လူထုရဲ့အခြေအနေကိုသိရှိနားလည်ခြင်း၊ (၂) လူ့အဖွဲ့အစည်းအပေါ်သက်ရောက်နိုင်ခြေ ရှိသောအရာများကို သတ်မှတ်နိုင်ခြင်း၊ (၃) ထိုမှတစ်ဆင့် ဆိုးဝါးသော သက်ရောက်မှုများကို လျှော့ချနိုင်ပြီး ကောင်းမွန်သော သက်ရောက်မှုများကို မြင့်တင်ပေးခြင်း စတဲ့အကျိုးကျေးဇူးများရရှိနိုင်ပါတယ်။ ဒါ့အပြင် SIA လုပ်ငန်းစဥ်မှာ ပြည်သူလူထုက ပါဝင်ဆောင်ရွက်ခြင်းကလည်း အရေးပါပါတယ်။ ဒေသခံများရဲ့ ရှူထောင့် နဲ့ SIA ကိုစိတ်ဝင်စားတဲ့ ပြည်သူလူထုရဲ့ ရှုထောင့်တွေကို SIA လုပ်ငန်းစဥ်မှာ ပါဝင်စေခြင်းဟာ ပိုမိုကောင်းမွန်တဲ့ ရလဒ်တွေ ရရှိနိုင်ပါတယ်။ ဒါဆိုရင် ပြည်သူလူထုက SIA မှာ ဘယ်လောက် အတိုင်းအတာအထိပါဝင်ပါသလဲ။ အနည်းအကျဥ်း လား အမြောက်အမြားလား။ ဒါကိုတော့ ပြည်သူလူထုနဲ့ စီမံကိန်းဘက်မှ လူများနဲ့ ထိတွေ့ဆက်ဆံမှု အတိုင်း အတာ ပမာဏကို နှိုင်းယှဥ်ပြီး အဆင့်ဆင့် ခွဲခြားနိုင်ပါတယ်။ ၄င်းအဆင့်တွေကတော့ - (၁) သတင်းပေးခြင်း (informing) - လုပ်ငန်းဆောင်ရွက်သူမှ သက်ဆိုင်ရာလူထုသို့ SIA နှင့်ပက်သက်၍သတင်းပေးခြင်း (one way flow) (၂) ဆွေးနွေးတိုင်ပင်ခြင်း (Consulting) - လုပ်ငန်းစီစဥ်ဆောင်ရွက်သူမှ SIA အကြောင်း လူထုသို့တိုင်ပင်သည့်သဘောဖြင့် သတင်းပေးပို့ပြီး လူထုမှ လုပ်ငန်း စီစဥ်ဆောင်ရွက်သူဆီသို့ တစ်ဖန် SIA နှင့်ပက်သက်၍ အတွေးအမြင်များကို ဖော်ပြရန် အခွင့်အရေးရရှိခြင်း (two ways flow) (၃) ပါဝင်ဆောင်ရွက်ခြင်း (Participation) - အရေးကြီးသော မူဝါဒများကို သူ့ဘက် ကိုယ့်ဘက် ဖလှယ်ခြင်း (၄) ညှိနိုင်းတိုင်ပင်ခြင်း (Negotiating) နှစ်ဦးနှစ်ဖက် လက်ခံနိုင်လောက်သော ရလဒ်ထွက်ပေါ်လာစေရန် "မျက်နှာချင်းဆိုင်ဆွေးနွေးခြင်း"။ ဥပမာ- ဆိုးကျိုးသက်ရောက်မှုလျော့ပါးရေး (impact mitigation) နဲ့ ငွေကြေးပေးလျော်ခြင်း (compensation) တို့ပဲ ဖြစ်ပါတယ်။ 📌အထက်ပါအချက်များအနက် အချက် (၃) နဲ့ (၄) ကဲ့သို့ SIA လုပ်ငန်းစဥ်မှာ လူထုက ထဲထဲဝင်ဝင်ပါဝင် နိုင် ခြင်းအားဖြင့် စီမံကိန်းနဲ့ ပက်သက်လို့ စိုးရိမ်စရာများ၊ လိုအပ်ချက်များကို လုပ်ငန်းစီမံခန့်ခွဲသူများက ထိရောက်စွာ သိရှိနားလည်နိုင်ခြင်း၊ ဒေသခံလူထုရဲ့အမြင်က သက်ဆိုင်ရာစီမံကိန်းနဲ့ ပက်သက်တဲ့ မူဝါဒချမှတ်ရေး ကဏ္ဏတွေမှာ လွှမ်းမိုးမှုရှိနိုင်ခြင်း၊ စီမံကိန်းဘက်မှတာဝန်ရှိသူများအနေနဲ့ လူမှုရေးဆိုင်ရာ၊ ပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှုများကို ပိုမိုနားလည်လာနိုင်ပြီး ထိရောက်စွာဆောင်ရွက်နိုင်ခြင်း၊ မူဝါဒချမှတ်ရေးနှင့် ဆုံးဖြတ်ချက် ချခြင်းကဏ္ဏတွင် ပြည်သူက လုပ်ပိုင်ခွင့်ရခြင်းဖြင့် လူမှုရေးဆိုင်ရာ တာဝန်ကျေပြွန်မှုရှိခြင်း (Social responsibility) စတဲ့ အကျိုး ကျေးဇူးတွေ ရရှိနိုင်ပါတယ်။ 👓SIA မှာ ဒီလိုမျိုး ပြည်သူလူထုပါဝင်နိုင်တာ ကောင်းမွန်တဲ့ဖြစ်စဥ်ဖြစ်ပေမယ့် ဒီလိုပါဝင်မှုကိုနှောင့်နှေးစေတဲ့ အရာများလည်းရှိပါသေးတယ်။ အဲ့တာတွေကတော့ (၁) ဆင်းရဲမွဲတေမှု (poverty) ထဲထဲဝင်ဝင်ပါဝင်ဆောင်ရွက်ရင် ရှိရင်းစွဲ လုပ်ကိုင်နေတဲ့ အလုပ်မှ ပျက်ကွက်ရတဲ့အတွက် တစ်နေ့လုပ် တစ်နေ့စား ဖြစ်တဲ့ အခြေခံလူတန်းစားအတွက် အဆင်မပြေလှပါဘူး။

Happy Karen New Year - 2762 🌟 #EHSMyanmar #karenpeople
Happy Karen New Year - 2762 🌟 #EHSMyanmar #karenpeople