uz
Feedback

Firibgarlarga uchmang! Telemetrio bunday kanallarni topadi va belgilaydi 👉 Belgini ko‘rmoqchi bo‘lsangiz, obuna bo‘ling 👈

👩🏻‍🦰✍🏻သက်ထား

👩🏻‍🦰✍🏻သက်ထား

Kanalga Telegram’da o‘tish

မြန်မာ့နိုင်ငံရေး + နိုင်ငံတကာသတင်းလေးတွေ တင်ပါမယ်ရှင်

Ko'proq ko'rsatish
284
Obunachilar
Ma'lumot yo'q24 soatlar
+27 kun
-630 kun
Postlar arxiv
နှစ်ပေါင်းများစွာအကြာ မိုးညှင်းမြိုလေးမှာ ရထားတွေပြန်မြင်ရပြီ #UNION_Politics_News

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ကျောင်းသားလူငယ်များအကြား ကာယ၊ ဉာဏ၊ စာရိတ္တ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် အားက
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ကျောင်းသားလူငယ်များအကြား ကာယ၊ ဉာဏ၊ စာရိတ္တ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် အားကစားကဏ္ဍ မြှင့်တင်ရန် ရည်ရွယ်ပြီး ကျင်းပခဲ့တဲ့ "ကျောင်းပေါင်းစုံ အသက် ၁၅ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ" ရဲ့ဗိုလ်လုပွဲနှင့် ဆုပေးပွဲ အခမ်းအနားကို ဇူလိုင်လ ၁၇ ရက်နေ့မွန်းလွဲပိုင်းက ကမမောင်းမြို့၊ မြို့မအားကစားကွင်းမှာ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့။ KT July 18

အင်ဒီဘာနမ် - အသိရခက်နေသေးတဲ့ဗြိတိန်ဝန်ကြီးချုပ်လောင်း အင်ဒီ ဘာနမ်ဟာ ဗြိတိန်ရဲ့ ပြည်တွင်းရေးနဲ့ နိုင်ငံခြားရေးမူဝါဒတွေကို အကြီ
အင်ဒီဘာနမ် - အသိရခက်နေသေးတဲ့ဗြိတိန်ဝန်ကြီးချုပ်လောင်း အင်ဒီ ဘာနမ်ဟာ ဗြိတိန်ရဲ့ ပြည်တွင်းရေးနဲ့ နိုင်ငံခြားရေးမူဝါဒတွေကို အကြီးအကျယ် ပြောင်းလဲပစ်မှာလား။ မကြာသေးခင်နှစ်တွေအတွင်းမှာတော့ သူလိုပဲ အများပြည်သူရဲ့ စိစစ်ဝေဖန်မှုကို နည်းနည်းသာခံရပြီး ဝန်ကြီးချုပ်ဖြစ်လာသူမျိုး မရှိသလောက် ရှားပါတယ်။

ဂရန်အတုများဖြင့် အရောင်းအဝယ်ရှိနေ၍ အရောင်းအဝယ်မပြုလုပ်မီ သက်ဆိုင်ရာဌာနတွင် စစ်ဆေးရန် အိမ်ခြံမြေအသင်း သတိပေး အိမ်ခြံမြေစျေးကွက
ဂရန်အတုများဖြင့် အရောင်းအဝယ်ရှိနေ၍ အရောင်းအဝယ်မပြုလုပ်မီ သက်ဆိုင်ရာဌာနတွင် စစ်ဆေးရန် အိမ်ခြံမြေအသင်း သတိပေး အိမ်ခြံမြေစျေးကွက်အတွင်း ဂရန်အတုများ ပြုလုပ်ကာ ရောင်းဝယ်နေမှုများရှိနေသဖြင့် ဘိုးဘွားပိုင်မြေနှင့် ဂရန်မြေများ အရောင်းအဝယ်ပြုလုပ်မည့်သူများအနေဖြင့် သက်ဆိုင်ရာဌာနများတွင် ကြိုတင်စစ်ဆေးအတည်ပြုပြီးမှသာ ဆောင်ရွက်ကြရန် မြန်မာနိုင်ငံအိမ်ခြံမြေအသင်း (ဗဟို) ဥက္ကဋ္ဌ ဒေါ်မို့မို့အောင်က သတိပေးပြောကြားသည်။ ဇူလိုင် ၁၈ ရက်က ရန်ကုန်မြို့ ကမ္ဘာအေးဟိုတယ်၌ ကျင်းပသည့် "ဘိုးဘွားပိုင်မြေနှင့် ဂရန်မြေဆိုင်ရာ မြေယာဥပဒေများ" စကားဝိုင်းတွင် ၎င်းက အထက်ပါအတိုင်း ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ "ဂရန်ကို အတုလုပ်ပြီး ရောင်းတာတွေလည်း ရှိတယ်။ ဂရန်မြေတွေ၊ ဘိုးဘွားပိုင်မြေတွေဆိုရင် စည်ပင်ပိုင်ဖြစ်ရင် စည်ပင်မှာစစ်ပါ၊ အိုးအိမ်ပိုင်ဖြစ်ရင် အိုးအိမ်မှာစစ်ပါ။ စစ်ဆေးမှုမလုပ်ဘဲ အရောင်းအဝယ်လုပ်ရင် ရောင်းမှား၊ ဝယ်မှား ဖြစ်နိုင်ပြီး နောက်ဆက်တွဲ ပြဿနာတွေ ရှုပ်ထွေးလာနိုင်တယ်" ဟု ၎င်းကပြောကြားသည်။ သတင်းအပြည့်အစုံဖတ်ရန်>> https://www.popularmyanmar.com/ဂရန်အတုများဖြင့်-အရောင်/

ဗီယက်နမ်နှင့် ခြေစမ်းပွဲအတွက် အကောင်းဆုံးပြင်ဆင်ထားကြောင်း နည်းပြချုပ်သစ် အန်ဒါဆင် ပြော ရန်ကုန်၊ ဇူလိုင်-၁၈ ဗီယက်နမ်ဘောလုံးအဖ
ဗီယက်နမ်နှင့် ခြေစမ်းပွဲအတွက် အကောင်းဆုံးပြင်ဆင်ထားကြောင်း နည်းပြချုပ်သစ် အန်ဒါဆင် ပြော ရန်ကုန်၊ ဇူလိုင်-၁၈ ဗီယက်နမ်ဘောလုံးအဖွဲ့ချုပ်၏ဖိတ်ကြားချက်ဖြင့် ကျင်းပမည့် အာဆီယံချန်ပီယံရှစ်အကြို နိုင်ငံတကာခြေစမ်းပွဲမတိုင်မီ မြန်မာ့လက်ရွေးစင်အမျိုးသားဘောလုံးအသင်း၏ Official Training Session နှင့် ပွဲကြိုသတင်းစာရှင်းလင်းပွဲကို ဇူလိုင် ၁၇ ရက် ညပိုင်းက ဗီယက်နမ်နိုင်ငံ Thai Nguyen Stadium တွင် ပြုလုပ်ခဲ့သည်။ ပွဲကြိုသတင်းစာရှင်းလင်းပွဲသို့ မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ်သစ် ဂျော်န် အန်ဒါဆင်နှင့် အသင်းခေါင်း ဆောင် နန္ဒကျော်တို့ တက်ရောက်ခဲ့ပြီး ဗီယက်နမ်အသင်းနှင့် ခြေစမ်းပွဲအတွက် ပြင်ဆင်ထားမှုများအပြင် လာမည့် အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲအတွက် အသင်း၏ လေ့ကျင့်ပြင်ဆင်နေမှုများကိုပြောကြားခဲ့သည်။ သတင်းအပြည့်အစုံဖတ်ရန်>> https://www.popularmyanmar.com/ဗီယက်နမ်နှင့်-ခြေစမ်းပ-3/

ဟိုက်ဒရိုဂျင်စွမ်းအင်သုံးရထား ကို အိန္ဒိယ လည်းပြေးဆွဲပြီ အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာမိုဒီသည် နိုင်ငံ၏ ပထမဆုံး ဟိုက်ဒရိုဂျင်စ
ဟိုက်ဒရိုဂျင်စွမ်းအင်သုံးရထား ကို အိန္ဒိယ လည်းပြေးဆွဲပြီ အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာမိုဒီသည် နိုင်ငံ၏ ပထမဆုံး ဟိုက်ဒရိုဂျင်စွမ်းအင်သုံးရထားကို သောကြာနေ့တွင် စတင် ပြေးဆွဲလိုက်ရာ ကာဗွန်ထုတ်လွှတ်မှု ကင်းစင်သည့် သန့်ရှင်းသော လေ-ာင်စာနည်းပညာကို အသုံးပြုသည့် နိုင်ငံအနည်းငယ်ထဲမှ တစ် နိုင်ငံ ဖြစ်လာစေခဲ့သည်။ ဂျာမနီ၊ ဂျပန်၊ တရုတ်နှင့် အမေရိကန်ပြည်ထောင်စုအပါအဝင် အဆိုပါထိုရထားများ ကို အသုံးပြုသော လက်တစ်ဆုပ်စာနိုင်ငံများတွင် အိန္ဒိယ ပူးပေါင်းပါဝင်လာခဲ့သည်။ ၎င်းရထားများသည် အပူနှင့် ရေငွေ့ကိုသာ ဘေးထွက်ပစ္စည်းအဖြစ် ထုတ်လွှတ်ပြီး သမားရိုးကျ ဒီဇယ်စက်ခေါင်းများနေရာတွင် ပိုမိုသန့်ရှင်းသော အစားထိုးတစ်ခုဖြစ်သည်။ ခရီးသည် ၂,၆၀၀ ဆန့်သော ၁၀ တွဲပါ ရထားတွဲသည် ဒေလီမြို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသော မြောက်ပိုင်း ဟာယာနာပြည်နယ်ရှိ ဂျင်ဒ်နှင့် ဆိုနီပတ်မြို့များအကြား တစ်နေ့လျှင် နှစ်ကြိမ်ပြေးဆွဲမည်ဖြစ်သည်။ သတင်းအပြည့်အစုံဖတ်ရန်>> https://www.popularmyanmar.com/ဟိုက်ဒရိုဂျင်စွမ်းအင်သ/

KNLA အဖွဲ့အတွင်း စောဂျော်နီ ဆေးရုံတက်ကုသနေချိန်မှာ ဒုခေါင်းဆောင်ဖြစ်သူ ဘောကျော်ဟဲက စစ်ဦးစီးချုပ်ရာထူးကို လုယူဖို့အတွက် စောဂျေ
KNLA အဖွဲ့အတွင်း စောဂျော်နီ ဆေးရုံတက်ကုသနေချိန်မှာ ဒုခေါင်းဆောင်ဖြစ်သူ ဘောကျော်ဟဲက စစ်ဦးစီးချုပ်ရာထူးကို လုယူဖို့အတွက် စောဂျော်နီ ရှိနေတဲ့ နေရာမြေပုံညွှန်းအတိအကျကို တပ်မတော်ထံ လျှို့ဝှက်သတင်းပေးပြီး လုပ်ကြံခိုင်းခဲ့တယ်လို့ သိရပါတယ်။ ဒါဟာ ရာထူးအာဏာကို မတရားလိုချင်တဲ့အတွက် အချင်းချင်းတောင် နောက်ကျောကို ဓားနဲ့ထိုးပြီး ရက်ရက်စက်စက် သစ္စာဖောက်တဲ့ လုပ်ရပ်ပဲ ဖြစ်ပါတယ်။ သူတို့အချင်းချင်းကြားမှာတောင် အာဏာလုပွဲတွေ ဖြစ်နေပြီး ဘယ်လောက်အထိ ယုတ်မာအောက်တန်းကျနိုင်တယ်ဆိုတာကို ဒီဖြစ်စဉ်က ပြသနေတာပဲ ဖြစ်ပါတယ်။

စိုက်ပျိုးရေးနှင့် မွေးမြူရေးဒီပလိုမာသင်တန်းများအတွက် ဝင်ခွင့်လျှောက်လွှာများ ခေါ်ယူ နေပြည်တော်၊ဇူလိုင်-၁၈ တက္ကသိုလ်ဝင်စာမေးပ
စိုက်ပျိုးရေးနှင့် မွေးမြူရေးဒီပလိုမာသင်တန်းများအတွက် ဝင်ခွင့်လျှောက်လွှာများ ခေါ်ယူ နေပြည်တော်၊ဇူလိုင်-၁၈ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများအတွက် စိုက်ပျိုးရေးဒီပလိုမာနှင့် မွေးမြူရေးဒီပလိုမာသင်တန်းများသို့ ဝင်ခွင့်လျှောက်လွှာများကို စက်တင်ဘာ ၁၄ ရက် နောက်ဆုံးထား၍ လက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဒီပလိုမာသင်တန်းများမှာ သင်တန်းကာလ (၃) နှစ်ဖြစ်ပြီး သင်တန်းကို ထူးချွန်စွာအောင်မြင်သူများအနေဖြင့် စိုက်ပျိုးရေးဒီပလိုမာရရှိသူများသည် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်သို့၊ မွေးမြူရေးဒီပလိုမာရရှိသူများသည် မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်သို့ ဆက်လက်တက်ရောက်ခွင့် ရရှိမည်ဖြစ်သည်။ သတင်းအပြည့်အစုံဖတ်ရန်>> https://www.popularmyanmar.com/စိုက်ပျိုးရေးနှင့်-မွေ-4/

အာမခံကာကွယ်ရေးရန်ပုံငွေ (Insurance Guarantee Fund)အဖွဲ့အစည်းတစ်ခုကို အာမခံကုမ္ပဏီများမှ အချိုးကျထည့်ဝင်ငွေဖြင့် နိုင်ငံတော်အဆ
အာမခံကာကွယ်ရေးရန်ပုံငွေ (Insurance Guarantee Fund)အဖွဲ့အစည်းတစ်ခုကို အာမခံကုမ္ပဏီများမှ အချိုးကျထည့်ဝင်ငွေဖြင့် နိုင်ငံတော်အဆင့်ဖွဲ့စည်းတည်ထောင်ရန် လိုအပ် နေပြည်တော်၊ဇူလိုင်-၁၈ အာမခံကာကွယ်ရေးရန်ပုံငွေ (Insurance Guarantee Fund)အဖွဲ့အစည်းတစ်ခုကို အာမခံကုမ္ပဏီများမှ အချိုးကျထည့်ဝင်ငွေဖြင့် နိုင်ငံတော်အဆင့်ဖွဲ့စည်းတည်ထောင်ရန် လိုအပ်ကြောင်း မကွေးတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁၂) မှ ဒေါ်ခင်ဆွေက ပြောသည်။ ယမန်နေ့က ကျင်းပသည့် တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၊ ၁၈ ရက်မြောက်နေ့ တွင် အဆိုတင်သွင်းချိန်၌ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁၂) မှ ဒေါ်ခင်ဆွေက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။ မြန်မာနိုင်ငံအတွင်း အာမခံလုပ်ငန်းများ ရပ်ဆိုင်းထွက်ခွာသည့်အခါ အာမခံထားသူ ပြည်သူများ၏ ရပိုင်ခွင့်များ မဆုံးရှုံးစေရန် အာမခံကာကွယ်ရေး ရန်ပုံငွေ တည်ထောင်ရေးနှင့် လွှဲပြောင်းကာကွယ်ရေးစနစ် ဥပဒေ နည်းဥပဒေ ပြဌာန်းရန် ပြည်ထောင်စု အစိုးရကို တိုက်တွန်းကြောင်း အဆိုကို တင်သွင်းခဲ့ခြင်းလည်း ဖြစ်သည်။ သတင်းအပြည့်အစုံဖတ်ရန်>> https://www.popularmyanmar.com/အာမခံကာကွယ်ရေးရန်ပုံငွ/

ဘင်းမ်စတက်အမျိုးသားလုံခြုံရေးဆိုင်ရာ အကြီးအကဲများအစည်းအဝေး အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ် တက်ရောက် လုံခြုံရေးဆိုင
ဘင်းမ်စတက်အမျိုးသားလုံခြုံရေးဆိုင်ရာ အကြီးအကဲများအစည်းအဝေး အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ် တက်ရောက် လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များဆွေးနွေး အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ်၊ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် အိန္ဒိယသမ္မတနိုင်ငံ နယူးဒေလီမြို့၌ ကျင်းပသည့် ပဉ္စမအကြိမ်မြောက် ဘင်းမ်စတက်အမျိုးသားလုံခြုံရေးဆိုင်ရာ အကြီးအကဲများအစည်းအဝေးသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။ သတင်းအပြည့်အစုံဖတ်ရန်>> https://www.popularmyanmar.com/ဘင်းမ်စတက်အမျိုးသားလုံ/

Forwarded From ကာတွန်း မာဃ ကရင်ပြည်နယ်ကို ဖျက်ဆီးနေပြီး ကရင်လူမျိုးတွေကို ဒုက္ခပေးနေတဲ့ KNU/PDF အကြမ်းဖက်တွေတော့ ဒီရက်ပိုင်းအ
Forwarded From ကာတွန်း မာဃ ကရင်ပြည်နယ်ကို ဖျက်ဆီးနေပြီး ကရင်လူမျိုးတွေကို ဒုက္ခပေးနေတဲ့ KNU/PDF အကြမ်းဖက်တွေတော့ ဒီရက်ပိုင်းအတွင်းမှာ ပိုးစိုးပက်စက် သေကုန်ကြပြီ...PDF တွေတင် သေနေကြတာမဟုတ်ဘဲ KNU အကြမ်းဖက်တွေလည်း သောက်သောက်လဲ သေနေကြတာ...PDF တွေဆိုရင် သေလွန်းအားကြီးလို့ မကြာခင်မှာ မျိုးတုံးပျောက်ကွယ်တော့မယ့်အထိဖြစ်နေပြီတဲ့...

ရခိုင်ရေဘေးသင့် ပြည်သူများကို AA ဘာမှမကူညီ 🔰ရခိုင်ဒေသမှာ ရေကြီးရေလျှံမှုဖြစ်နေတဲ့ ဒေသတွေက မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင် စတဲ့ဒေသတွေမှာ မြို့နယ်ကျေးရွာအများအပြား ရေဘေးသင့်နေပါတယ်။ သံတွဲ၊တောင်ကုတ်၊ အမ်းနဲ့ ဂွ စတဲ့ တောင်ပိုင်းရခိုင်ဒေသတွေမှာတော့ ရေကြီးမှုအသင့်အတင့်နဲ့ လမ်းပိတ်ဆို့မှုတွေ ဖြစ်ပွားခဲ့ပြီး အမ်း–စစ်တွေ လမ်းပိုင်းအချို့လည်း ရေဖုံးလွှမ်းမှုတွေရှိပါတယ်။ 🔰ဒါပေမယ့် ဒီရေဘေးကြုံနေရတဲ့ ဒေသတွေကိုကြည့်တဲ့ခါ နယ်မြေထိန်းချုပ်ထားမှုအခြေအနေကို အားလုံး နားလည်မယ်ထင်ပါတယ်။ ရခိုင်ပြည်နယ်ဟာ ယခုလက်ရှိအချိန်မှာ နယ်မြေထိန်းချုပ်ထားမှုအခြေအနေအရ အရင် မိုခါ မုန်တိုင်း ရေးကြီးရေလျံမှုဖြစ်တုန်းကလို အစိုးရရဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေ တိုက်ရိုက်ရောက်ရှိဆောင်ရွက်နိုင်မှုဟာ အကန့်အသတ်ရှိနေပါတယ်။ 🔰ရခိုင်ပြည်နယ်အတွင်း ယခုကယ်ဆယ်ရေးယန္တရားတွေဟာ အစိုးရ နယ်မြေထိန်းချုပ်နိုင်မှုရှိတဲ့ ဒေသနဲ့ မရှိတဲ့ဒေသ ဒေသခံတွေရဲ့ မိသားစုဘဝနဲ့မြေပြင်အခြေအနေတွေ ကွာခြားလွန်းနေတာကို တွေ့ရှိရပါတယ်။
တည့်တည့်ပြောရရင် ခုလိုအခြေအနေမှာ AA ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ AA ဘာလုပ်နိုင်လဲလို့ ကြည့်လိုက်တော့ ဘာမှလုပ်ပေးနိုင်ခြင်းမရှိတာကို စိတ်ပျက်စရာအဖြစ်တွေ့ပါတယ်။ ကူညီကယ်ဆယ်မှုကို အမှန်တကယ်လိုအပ်နေတဲ့ ဒေသခံတွေ အတွက်ကျတော့ အတော်ရင်နင့်စရာဖြစ်နေပါတယ်။ AA ထိန်းချုပ် ဒေသတွေမှာ ရေနစ်မြှုပ်နေတဲ့ ကျေးရွာတွေတော်တော်များပါတယ်။
🔰ကယ်ဆယ်ရေး၊ ရွှေ့ပြောင်းရေးနဲ့ ထောက်ပံ့ရေးလုပ်ငန်းတွေကို စေတနာ့ဝန်ထမ်းတွေက အဓိက ဆောင်ရွက်နေကြပါတယ်လို့ ပြောဖို့တောင် အတော်ခက်ပါတယ်။ စေတနာဝန်ထမ်းဆိုသူတွေကိုယ်၌ ရေဘေးကိုရင်ဆိုင်နေရတဲ့ အခြေအနေပါ။ ဒါကြောင့် ဘယ်လိုမှ မထိရောက်နိုင်ပါဘူး။ 🔰အစိုးရထိန်းချုပ်ထားတဲ့ စစ်တွေ၊ ကျောက်ဖြူ စတဲ့ ဒေသတွေမှာတော့ ပြည်ထောင်စုအစိုးရကကြီးကြပ်ပြီး ပြည်နယ်အစိုးရ၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီနဲ့ လူမှုကူညီရေးအဖွဲ့တွေက ကယ်ဆယ်ရေးလုပ်ငန်းတွေကို နိုင်နိုင်နင်းနင်းဆောင်ရွက်နိုင်တာတွေ့ရပါတယ်။ 🔰အင်တာနက်စာမျက်နှာတွေပေါ်မှာလည်း လူမျိုးစုတစ်ခုနဲ့တစ်ခု အမုန်းတရားတွေနဲ့ အချို့ပြောနေကြတာ တွေ့ရပါတယ်။ တကယ် စိတ်မကောင်းပါဘူး။ တိုင်းရင်းသားအားလုံးဟာ ကျွန်တော်တို့မိသားစုတွေပါ။ စည်းလုံးဖို့လိုပါတယ်။ 🔰သဘာဝဘေးအန္တရာယ်ကတော့ နိုင်ငံရေး၊ လူမျိုးရေး၊ အဖွဲ့အစည်းကွဲပြားမှုကို မရွေးဘဲ လူတိုင်းအပေါ် သက်ရောက်ပါတယ်။ ရေဘေးသင့်ရခိုင်ဒေသခံများ အချိန်မီ အကူအညီရရှိနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။ လူသားချင်းစာနာထောက်ထားမှု အလေးထားခြင်းကသာ အရေးအကြီးဆုံး ဖြစ်ပါတယ်လို့ သုံးသပ်တင်ပြချင်ပါတယ်။ ဖိုးမောင်

ရန်ကုန်မြို့ ရှုပ်ထွေးနေတဲ့ ဆက်သွယ်ရေးကြိုးတွေကို မြေအောက်ကေဘယ်နဲ့ အစားထိုးမည့် စီမံကိန်း

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး မြန်မာ - ရုရှား ကြည်းတပ်နှစ်ရပ်ကြား တပ်ဖွဲ့များစုပေါင်းလေ့ကျင့်ခန်း (MYAN
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး  မြန်မာ - ရုရှား ကြည်းတပ်နှစ်ရပ်ကြား တပ်ဖွဲ့များစုပေါင်းလေ့ကျင့်ခန်း (MYANMAR-RUSSIA JOINT EXERCISE (TIGER-2026)) ဆောင်ရွက်သည့်အဖွဲ့များအား နေ့လယ်စာဖြင့်ဂုဏ်ပြုဧည့်ခံ..

ဆေးတက္ကသိုလ်(၁) ဝန်းအတွင်း ဓာတုပစ္စည်းများ ယိုစိမ့်မှု ဖြစ်ပွား၊ မီးသတ်တပ်ဖွဲ့မှ ရှင်းလင်းဆောင်ရွက် ရန်ကုန်၊ ဇူလိုင် ၁၇ ၂၀၂၆
ဆေးတက္ကသိုလ်(၁) ဝန်းအတွင်း ဓာတုပစ္စည်းများ ယိုစိမ့်မှု ဖြစ်ပွား၊ မီးသတ်တပ်ဖွဲ့မှ ရှင်းလင်းဆောင်ရွက် ရန်ကုန်၊ ဇူလိုင် ၁၇ ၂၀၂၆ ခုနှစ် ဇူလိုင် ၁၇ ရက် နံနက် ၉ နာရီ ၄၅ မိနစ်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်၊ (၁၂) ရပ်ကွက်၊ မင်းရဲကျော်စွာလမ်းနှင့် ဗိုလ်ချုပ်လမ်းထောင့်ရှိ ဆေးတက္ကသိုလ်(၁) ဝန်းအတွင်း Laboratory ခန်း၌ Biochemical (Peptone)၊ Methylene Blue နှင့် ဆာဂျီတောပိုးမွှားသန့်စင်ဆေးရည် စသည့် ဓာတုပစ္စည်းများ ယိုစိမ့်မှုဖြစ်ပွားကြောင်း သတင်းရရှိခဲ့သည်။ ဖြစ်စဉ်အား သိရှိရသဖြင့် ကျောက်တံတားမြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် သွားရောက်၍ Laboratory ခန်းအတွင်းရှိ ယိုစိမ့်နေသော ဓာတုပစ္စည်းများအား ရှင်းလင်းရွှေ့ပြောင်းခြင်းလုပ်ငန်းများကို ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

Repost from MWD NEWS
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး မြန်မာ - ရုရှား ကြည်းတပ်နှစ်ရပ်ကြား တပ်ဖွဲ့များစုပေါင်းလေ့ကျင့်ခန်း (MYANMAR-RUSSIA JOINT EXERCISE (TIGER-2026)) ဆောင်ရွက်မှုအား ကြည့်ရှုစစ်ဆေးသည်။ နေပြည်တော်၊ ဇူလိုင်-၁၇

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး မြန်မာ - ရုရှားကြည်းတပ်နှစ်ရပ်အကြား တပ်ဖွဲ့များစုပေါင်းလေ့ကျင့်ခန်း (MYAN
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး မြန်မာ - ရုရှားကြည်းတပ်နှစ်ရပ်အကြား တပ်ဖွဲ့များစုပေါင်းလေ့ကျင့်ခန်း (MYANMAR-RUSSIA JOINT EXERCISE(TIGER-2026)) ဆောင်ရွက်မှုအား ကြည့်ရှုစစ်ဆေး

နိုင်ငံတကာအဆင့်မီ မော်တော်ယာဉ်ထုတ်လုပ်တဲ့ ကုမ္ပဏီတွေ အပါအဝင် မော်တော်ယာဉ်နဲ့ ဆက်စပ်လုပ်ငန်းကုမ္ပဏီ ၄၀ ကျော်က ပါဝင်ပြသနေတဲ့ Th
နိုင်ငံတကာအဆင့်မီ မော်တော်ယာဉ်ထုတ်လုပ်တဲ့ ကုမ္ပဏီတွေ အပါအဝင် မော်တော်ယာဉ်နဲ့ ဆက်စပ်လုပ်ငန်းကုမ္ပဏီ ၄၀ ကျော်က ပါဝင်ပြသနေတဲ့ The Second Myanmar International Auto Expo 2026 ကားပြပွဲကြီးအား ရန်ကုန်မြို့ရှိ Yangon Convention Center - YCC ၌ ဇူလိုင်လ ၁၇ ရက်မှ ၁၉ ရက်အထိ ကျင်းပပြုလုပ်နေတာဖြစ်ပြီး နောက်ဆုံးပေါ် EV လျှပ်စစ်ကားကြီးများအပြင် ရိုးရိုးလောင်စာဆီသုံးယာဉ်များ၊ ကုန်တင်ကားကြီးများနဲ့ EV မော်တော်ဆိုင်ကယ်များအား ခင်းကျင်းပြသထားတယ်လို့ သိရပါတယ်...

ပင်လယ်ပြင်သို့ပို့ဆောင်မည့် ငွေကျပ်ဘီလီယံ(၂၀) ကျော်တန်ဖိုးရှိ အိုက်စ်များကို လယ်ဝေးနှင့် ဒလမြို့နယ်တို့တွင်ဖမ်းဆီးရမိ ပင်လယ်ပ
ပင်လယ်ပြင်သို့ပို့ဆောင်မည့် ငွေကျပ်ဘီလီယံ(၂၀) ကျော်တန်ဖိုးရှိ အိုက်စ်များကို လယ်ဝေးနှင့် ဒလမြို့နယ်တို့တွင်ဖမ်းဆီးရမိ ပင်လယ်ပြင်သို့ပို့ဆောင်မည့် ငွေကျပ်ဘီလီယံ(၂၀) ကျော်တန်ဖိုးရှိ အိုက်စ်များကို ပြစ်မှုကျူးလွန်သူများနှင့်အတူ လယ်ဝေးနှင့် ဒလမြို့နယ်တို့တွင်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ဇူလိုင် ၆ ရက်ည ၁၀ နာရီခွဲခန့်က လယ်ဝေးမြို့နယ်၊ တောင်စဉ်အေးကျေးရွာအနီးတွင် ကျော်ဦး မောင်းကာ ဇော်ဇော်ထွန်း လိုက်လာသည့် GOVZCT ၆ ဘီးကားပေါ်မှ အိုက်စ်(မက်သ်အဖက်တမင်း) ၅၀၀ ကီလိုအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ စစ်ဆေးချက်များအရ ဇူလိုင် ၇ ရက်ည ၇ နာရီခွဲခန့်တွင် အိုက်စ်(မက်သ်အဖက်တမင်း)များသယ်ဆောင်ရောင်းဝယ်ရာ၌ပူးပေါင်းပါဝင်သူများဖြစ်သည့် ဇေယျာလင်းနှင့် ထွေးမင်းဇော်၊ ဇူလိုင် ၈ ရက်နံနက် ၈ နာရီခွဲခန့်တွင် မျိုးသန်းတို့အား ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ သတင်းအပြည့်အစုံဖတ်ရန်>> https://www.popularmyanmar.com/ပင်လယ်ပြင်သို့ပို့ဆောင/

ရန်ကုန်-ပုသိမ်ကားလမ်းတွင် ကားတစ်စီးရေမြောင်းထဲထိုးကျတိမ်းမှောက် (၁)ဦး‌ေ-သဆုံး ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်ရှိ ရန်ကုန်-ပု
ရန်ကုန်-ပုသိမ်ကားလမ်းတွင် ကားတစ်စီးရေမြောင်းထဲထိုးကျတိမ်းမှောက် (၁)ဦး‌ေ-သဆုံး ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်ရှိ ရန်ကုန်-ပုသိမ်သွားကားလမ်း၌ ယနေ့ ဇူလိုင် ၁၇ ရက်ည ၆ နာရီကျော်ခန့်က ကားတစ်စီးရေမြောင်းထဲထိုးကျတိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ညောင်တုန်းမြို့နယ်၊ တဇင်ရေကျော်ကျေးရွာအုပ်စု၊ အသင်းစုကျေးရွာရှိ ရန်ကုန်-ပုသိမ်သွားကားလမ်းအတိုင်းမောင်းနှင်လာသော ကားတစ်စီးသည် မိုင်တိုင်အမှတ် ၃၀/၁ နှင့် ၃၀/၂ ကြားအရောက် လမ်းဘေးရေမြောင်းထဲထိုးကျကာတိမ်းမှောက်သွားခဲ့ကြောင်း သိရသည်။ ဖြစ်စဥ်ကြောင့် အမျိုးသား(၁)ဦးမှာ အခင်းဖြစ်နေရာ၌ ‌ေ-သဆုံးသွားခဲ့သဖြင့် ဆားမလောက်ကျေးရွာမှ လူငယ့်ရိပ်မွန်လူမှုကူညီရေးအသင်းက ညောင်တုန်းမြို့နယ်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။