👩🏻🦰✍🏻သက်ထား
Відкрити в Telegram
281
Підписники
Немає даних24 години
+27 днів
-630 днів
Архів дописів
282
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် အမှတ်(၁)ရေနံချက်စက်ရုံ(သန်လျင်)လည်ပတ်နိုင်ရေး ဆောင်ရွက်နေမှုအခြေအနေများ အား ကြည့်ရှုစစ်ဆေး
နေပြည်တော်၊ ဇူလိုင် - ၁၈
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သည် ယနေ့မွန်းလွဲပိုင်းတွင် ခရီးစဉ်တွင်လိုက်ပါလာသည့်အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ အမှတ်(၁)ရေနံချက်စက်ရုံ(သန်လျင်) လည်ပတ်နိုင်ရေးဆောင်ရွက်နေမှု အခြေအနေ များကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
KT July 18
282
ပြည်တွင်းစက်သုံးဆီဖူလုံရေးနှင့် နိုင်ငံခြားငွေသုံးစွဲမှု လျှော့ချနိုင်ရန် သန်လျင်ရေနံချက်စက်ရုံ ပြန်လည်လည်ပတ်ရေး အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော်နေ
ရန်ကုန်၊ ဇူလိုင်-၁၈
မြန်မာနိုင်ငံအတွင်း စက်သုံးဆီဖူလုံမှု တိုးမြှင့်နိုင်ရေးနှင့် ပြည်ပမှ စက်သုံးဆီ တင်သွင်းနေရမှုအပေါ် မှီခိုနေရခြင်းကို လျှော့ချနိုင်ရန်အတွက် ယခင်က ယာယီရပ်နားထားခဲ့သည့် သန်လျင်ရေနံချက်စက်ရုံ ပြန်လည်လည်ပတ်နိုင်ရေးလုပ်ငန်းစဉ်များကို အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ဌာနထုတ်ပြန်ချက်များအရ သိရသည်။
အဆိုပါ စီမံကိန်း၏ အဓိကရည်ရွယ်ချက်မှာ ပြည်တွင်းစက်သုံးဆီ လိုအပ်ချက်ကို ဖြည့်ဆည်းပေးရန်နှင့် စက်သုံးဆီတင်သွင်းမှုအတွက် ကုန်ကျနေသည့် နိုင်ငံခြားငွေ (Foreign Currency) သုံးစွဲမှုကို ထိရောက်စွာ လျှော့ချပေးနိုင်ရန် ဖြစ်ပြီး၊ နိုင်ငံတော်၏ စွမ်းအင်လုံခြုံရေး (Energy Security) ကို ပိုမိုမြှင့်တင်ပေးနိုင်ရန် ရည်ရွယ်ခြင်း ဖြစ်သည်။
သတင်းအပြည့်အစုံဖတ်ရန်>>
https://www.popularmyanmar.com/ပြည်တွင်းစက်သုံးဆီဖူလု/
282
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် အမှတ်(၁)ရေနံချက်စက်ရုံ(သန်လျင်)လည်ပတ်နိုင်ရေး ဆောင်ရွက်နေမှုအခြေအနေများ အား ကြည့်ရှုစစ်ဆေး
282
July-18
▪️
မော်လိုက်နဲ့ ဖောင်းပြင်ကြားမှာ ရေယာဥ်တွေ တိုက်ခိုက်ခံရတယ်။ ပုံမှာမြင်ရတဲ့အတိုင်း ဖောင်းပြင်မရောက်ခင် စစ်တောင်လား ဒေသအခေါ် စစ်သောင်လား အဲဒီနား ရွှေမျောတွေ အဲဒါတွေကို အကြမ်းဖက်တွေ ထိန်းချုပ်ထားတာ ဒါတွေမရှင်းပဲတော့ မြစ်ကြောင်းက အဆင်မပြေနိုင်ဘူး။
#AungMoeKyaw
282
Forwarded From
တိုက်ပွဲသတင်းစုံ
ဪ.. အကြောင်းတော့ဆိုးပြီ
-
AA သူပုန်မ ၂ ယောက်က ကုလားနောက် လိုက်ပြေးတာတဲ့။ ကောင်းလိုက်မယ့် အမျိုး။
တိုက်ပွဲသတင်းစုံ
282
ချင်းမိုင်တွင် မူးယစ်မှောင်ခိုသမားများနှင့် ထိုင်းတပ်ဖွဲ အပြန်အလှန် ပစ်ခတ်ပြီးနောက် ယာဘဆေးပြား ၇ ဒသမ ၇၈ သန်း သိမ်းဆည်းမိ
မဲခေါင်၊ ဇူလိုင် ၁၈
၂၀၂၆ ခုနှစ် ဇူလိုင်လ ၁၇ ရက်နေ့ ချင်းမိုင်ခရိုင်၊ ချင်းဒေါင်မြိုနယ်အတွင်း ထိုင်းလုံခြုံရေးတပ်ဖွဲများသည် မူးယစ်မှောင်ခိုအဖွဲတစ်ဖွဲနှင့် ယမန်နေ့နံနက်အစောပိုင်းက ထိပ်တိုက်တွေ့ဆုံ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် ယာဘ ဆေးပြား စုစုပေါင်း ၇ ဒသမ ၇၈ သန်းခန့်ကို သိမ်းဆည်းရမိခဲ့သည်။
282
မြိတ် PDF အဖွဲ့ ဘယ်လောက်တောင် ယုတ်မာသလဲဆိုရင် အဖွဲ့ဝင်အချင်းချင်းတောင် စစ်တပ်ကို သတင်းပေးရတဲ့အဆင့် ရောက်ကုန်ပြီ။
-
တနင်္သာရီမြို့နယ်ထဲက ညောင်ပင်ကွင်းရွာစာသင်ကျောင်းကို ကလေးတွေ ကျောင်းတက်နေချိန် လက်နက်ကြီး၊ Drop Bomb တွေနဲ့ ပစ်မလို့တဲ့။ အင်မတန် ယုတ်ပတ်တဲ့အကြံပဲ။
-
သတင်းပေးတဲ့ PDF လေးလည်း ချီးကျူးစရာပါ။ သူ့ခဗျာ လုပ်ရပ်ကို ရွံမုန်းလွန်းလို့ အသက်ကိုရင်းပြီး သတင်းပေးရှာတယ်။ အကြမ်းဖက်အဖွဲ့လည်း မကြာမီ ချေမှုန်းခံရတော့ပါမယ်။
KT July 18
282
၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ကရာတေးပြိုင်ပွဲကို ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်နေ့မှ ၁၇ ရက်နေ့အထိ သင်္ဃန်းကျွန်းမြို့နယ်ရှိ အမျိုးသား အားကစားပြိုင်ပွဲရုံ(၁)သုဝဏ္ဏတွင် ကျင်းပခဲ့ပြီး ပြိုင်ပွဲဝင်အမျိုးသားအသင်း ၁၄ သင်း၊ အမျိုးသမီးအသင်း ၁၄ သင်း၊ စုစုပေါင်းပြိုင်ပွဲဝင်အားကစားသမားအင်အား ၁၄၅ ဦး ပါဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတဲ့ မြင်ကွင်းပုံရိပ်များ...
282
မကွေးတိုင်း၊ မင်းတုန်းမြို၊ အမှတ်(၂)ရပ်ကွက်ရှိ မင်္ဂလာကန်တော်ရှိ
ရေညှိများအားရေစုပ်စက်ဖြင့် စုပ်ထုတ်ခြင်း၊ အမှိုက်များသယ်ယူခြင်း၊ ခရုခွံများ၊ ရေကန်ပတ်လည်ရှိ ပေါင်း/မြက်များရှင်းလင်းခြင်း၊ ရေကန်အတွင်း ထုံးဖြူးခြင်းတို့ကို ဌာနဆိုင်ရာဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲများ၊ လူမှုကူညီရေးပရဟိတအဖွဲ့များနဲ့ ရပ်ကွက်နေပြည်သူများက စုပေါင်းသန့်ရှင်းရေး ပြုလုပ်ပေးခဲ့ကြတဲ့ မြင်ကွင်းပုံရိပ်များပဲဖြစ်ပါတယ်...
282
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ကျောင်းသားလူငယ်များအကြား ကာယ၊ ဉာဏ၊ စာရိတ္တ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် အားကစားကဏ္ဍ မြှင့်တင်ရန် ရည်ရွယ်ပြီး ကျင်းပခဲ့တဲ့
"ကျောင်းပေါင်းစုံ အသက် ၁၅ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ"
ရဲ့ဗိုလ်လုပွဲနှင့် ဆုပေးပွဲ အခမ်းအနားကို ဇူလိုင်လ ၁၇ ရက်နေ့မွန်းလွဲပိုင်းက ကမမောင်းမြို့၊ မြို့မအားကစားကွင်းမှာ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့။
KT July 18
282
အင်ဒီဘာနမ် - အသိရခက်နေသေးတဲ့ဗြိတိန်ဝန်ကြီးချုပ်လောင်း
အင်ဒီ ဘာနမ်ဟာ ဗြိတိန်ရဲ့ ပြည်တွင်းရေးနဲ့ နိုင်ငံခြားရေးမူဝါဒတွေကို အကြီးအကျယ် ပြောင်းလဲပစ်မှာလား။ မကြာသေးခင်နှစ်တွေအတွင်းမှာတော့ သူလိုပဲ အများပြည်သူရဲ့ စိစစ်ဝေဖန်မှုကို နည်းနည်းသာခံရပြီး ဝန်ကြီးချုပ်ဖြစ်လာသူမျိုး မရှိသလောက် ရှားပါတယ်။
282
ဂရန်အတုများဖြင့် အရောင်းအဝယ်ရှိနေ၍ အရောင်းအဝယ်မပြုလုပ်မီ သက်ဆိုင်ရာဌာနတွင် စစ်ဆေးရန် အိမ်ခြံမြေအသင်း သတိပေး
အိမ်ခြံမြေစျေးကွက်အတွင်း ဂရန်အတုများ ပြုလုပ်ကာ ရောင်းဝယ်နေမှုများရှိနေသဖြင့် ဘိုးဘွားပိုင်မြေနှင့် ဂရန်မြေများ အရောင်းအဝယ်ပြုလုပ်မည့်သူများအနေဖြင့် သက်ဆိုင်ရာဌာနများတွင် ကြိုတင်စစ်ဆေးအတည်ပြုပြီးမှသာ ဆောင်ရွက်ကြရန် မြန်မာနိုင်ငံအိမ်ခြံမြေအသင်း (ဗဟို) ဥက္ကဋ္ဌ ဒေါ်မို့မို့အောင်က သတိပေးပြောကြားသည်။
ဇူလိုင် ၁၈ ရက်က ရန်ကုန်မြို့ ကမ္ဘာအေးဟိုတယ်၌ ကျင်းပသည့် "ဘိုးဘွားပိုင်မြေနှင့် ဂရန်မြေဆိုင်ရာ မြေယာဥပဒေများ" စကားဝိုင်းတွင် ၎င်းက အထက်ပါအတိုင်း ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
"ဂရန်ကို အတုလုပ်ပြီး ရောင်းတာတွေလည်း ရှိတယ်။ ဂရန်မြေတွေ၊ ဘိုးဘွားပိုင်မြေတွေဆိုရင် စည်ပင်ပိုင်ဖြစ်ရင် စည်ပင်မှာစစ်ပါ၊ အိုးအိမ်ပိုင်ဖြစ်ရင် အိုးအိမ်မှာစစ်ပါ။ စစ်ဆေးမှုမလုပ်ဘဲ အရောင်းအဝယ်လုပ်ရင် ရောင်းမှား၊ ဝယ်မှား ဖြစ်နိုင်ပြီး နောက်ဆက်တွဲ ပြဿနာတွေ ရှုပ်ထွေးလာနိုင်တယ်" ဟု ၎င်းကပြောကြားသည်။
သတင်းအပြည့်အစုံဖတ်ရန်>>
https://www.popularmyanmar.com/ဂရန်အတုများဖြင့်-အရောင်/
282
ဗီယက်နမ်နှင့် ခြေစမ်းပွဲအတွက် အကောင်းဆုံးပြင်ဆင်ထားကြောင်း နည်းပြချုပ်သစ် အန်ဒါဆင် ပြော
ရန်ကုန်၊ ဇူလိုင်-၁၈
ဗီယက်နမ်ဘောလုံးအဖွဲ့ချုပ်၏ဖိတ်ကြားချက်ဖြင့် ကျင်းပမည့် အာဆီယံချန်ပီယံရှစ်အကြို နိုင်ငံတကာခြေစမ်းပွဲမတိုင်မီ မြန်မာ့လက်ရွေးစင်အမျိုးသားဘောလုံးအသင်း၏ Official Training Session နှင့် ပွဲကြိုသတင်းစာရှင်းလင်းပွဲကို ဇူလိုင် ၁၇ ရက် ညပိုင်းက ဗီယက်နမ်နိုင်ငံ Thai Nguyen Stadium တွင် ပြုလုပ်ခဲ့သည်။
ပွဲကြိုသတင်းစာရှင်းလင်းပွဲသို့ မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ်သစ် ဂျော်န် အန်ဒါဆင်နှင့် အသင်းခေါင်း ဆောင် နန္ဒကျော်တို့ တက်ရောက်ခဲ့ပြီး ဗီယက်နမ်အသင်းနှင့် ခြေစမ်းပွဲအတွက် ပြင်ဆင်ထားမှုများအပြင် လာမည့် အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲအတွက် အသင်း၏ လေ့ကျင့်ပြင်ဆင်နေမှုများကိုပြောကြားခဲ့သည်။
သတင်းအပြည့်အစုံဖတ်ရန်>>
https://www.popularmyanmar.com/ဗီယက်နမ်နှင့်-ခြေစမ်းပ-3/
282
ဟိုက်ဒရိုဂျင်စွမ်းအင်သုံးရထား ကို အိန္ဒိယ လည်းပြေးဆွဲပြီ
အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာမိုဒီသည် နိုင်ငံ၏ ပထမဆုံး ဟိုက်ဒရိုဂျင်စွမ်းအင်သုံးရထားကို သောကြာနေ့တွင် စတင် ပြေးဆွဲလိုက်ရာ ကာဗွန်ထုတ်လွှတ်မှု ကင်းစင်သည့် သန့်ရှင်းသော လေ-ာင်စာနည်းပညာကို အသုံးပြုသည့် နိုင်ငံအနည်းငယ်ထဲမှ တစ် နိုင်ငံ ဖြစ်လာစေခဲ့သည်။
ဂျာမနီ၊ ဂျပန်၊ တရုတ်နှင့် အမေရိကန်ပြည်ထောင်စုအပါအဝင် အဆိုပါထိုရထားများ ကို အသုံးပြုသော လက်တစ်ဆုပ်စာနိုင်ငံများတွင် အိန္ဒိယ ပူးပေါင်းပါဝင်လာခဲ့သည်။ ၎င်းရထားများသည် အပူနှင့် ရေငွေ့ကိုသာ ဘေးထွက်ပစ္စည်းအဖြစ် ထုတ်လွှတ်ပြီး သမားရိုးကျ ဒီဇယ်စက်ခေါင်းများနေရာတွင် ပိုမိုသန့်ရှင်းသော အစားထိုးတစ်ခုဖြစ်သည်။
ခရီးသည် ၂,၆၀၀ ဆန့်သော ၁၀ တွဲပါ ရထားတွဲသည် ဒေလီမြို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသော မြောက်ပိုင်း ဟာယာနာပြည်နယ်ရှိ ဂျင်ဒ်နှင့် ဆိုနီပတ်မြို့များအကြား တစ်နေ့လျှင် နှစ်ကြိမ်ပြေးဆွဲမည်ဖြစ်သည်။
သတင်းအပြည့်အစုံဖတ်ရန်>>
https://www.popularmyanmar.com/ဟိုက်ဒရိုဂျင်စွမ်းအင်သ/
282
KNLA အဖွဲ့အတွင်း စောဂျော်နီ ဆေးရုံတက်ကုသနေချိန်မှာ ဒုခေါင်းဆောင်ဖြစ်သူ ဘောကျော်ဟဲက စစ်ဦးစီးချုပ်ရာထူးကို လုယူဖို့အတွက် စောဂျော်နီ ရှိနေတဲ့ နေရာမြေပုံညွှန်းအတိအကျကို တပ်မတော်ထံ လျှို့ဝှက်သတင်းပေးပြီး လုပ်ကြံခိုင်းခဲ့တယ်လို့ သိရပါတယ်။
ဒါဟာ ရာထူးအာဏာကို မတရားလိုချင်တဲ့အတွက် အချင်းချင်းတောင် နောက်ကျောကို ဓားနဲ့ထိုးပြီး ရက်ရက်စက်စက် သစ္စာဖောက်တဲ့ လုပ်ရပ်ပဲ ဖြစ်ပါတယ်။
သူတို့အချင်းချင်းကြားမှာတောင် အာဏာလုပွဲတွေ ဖြစ်နေပြီး ဘယ်လောက်အထိ ယုတ်မာအောက်တန်းကျနိုင်တယ်ဆိုတာကို ဒီဖြစ်စဉ်က ပြသနေတာပဲ ဖြစ်ပါတယ်။
282
စိုက်ပျိုးရေးနှင့် မွေးမြူရေးဒီပလိုမာသင်တန်းများအတွက် ဝင်ခွင့်လျှောက်လွှာများ ခေါ်ယူ
နေပြည်တော်၊ဇူလိုင်-၁၈
တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများအတွက် စိုက်ပျိုးရေးဒီပလိုမာနှင့် မွေးမြူရေးဒီပလိုမာသင်တန်းများသို့ ဝင်ခွင့်လျှောက်လွှာများကို စက်တင်ဘာ ၁၄ ရက် နောက်ဆုံးထား၍ လက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဒီပလိုမာသင်တန်းများမှာ သင်တန်းကာလ (၃) နှစ်ဖြစ်ပြီး သင်တန်းကို ထူးချွန်စွာအောင်မြင်သူများအနေဖြင့် စိုက်ပျိုးရေးဒီပလိုမာရရှိသူများသည် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်သို့၊ မွေးမြူရေးဒီပလိုမာရရှိသူများသည် မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်သို့ ဆက်လက်တက်ရောက်ခွင့် ရရှိမည်ဖြစ်သည်။
သတင်းအပြည့်အစုံဖတ်ရန်>>
https://www.popularmyanmar.com/စိုက်ပျိုးရေးနှင့်-မွေ-4/
282
အာမခံကာကွယ်ရေးရန်ပုံငွေ (Insurance Guarantee Fund)အဖွဲ့အစည်းတစ်ခုကို အာမခံကုမ္ပဏီများမှ အချိုးကျထည့်ဝင်ငွေဖြင့် နိုင်ငံတော်အဆင့်ဖွဲ့စည်းတည်ထောင်ရန် လိုအပ်
နေပြည်တော်၊ဇူလိုင်-၁၈
အာမခံကာကွယ်ရေးရန်ပုံငွေ (Insurance Guarantee Fund)အဖွဲ့အစည်းတစ်ခုကို အာမခံကုမ္ပဏီများမှ အချိုးကျထည့်ဝင်ငွေဖြင့် နိုင်ငံတော်အဆင့်ဖွဲ့စည်းတည်ထောင်ရန် လိုအပ်ကြောင်း မကွေးတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁၂) မှ ဒေါ်ခင်ဆွေက ပြောသည်။
ယမန်နေ့က ကျင်းပသည့် တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၊ ၁၈ ရက်မြောက်နေ့ တွင် အဆိုတင်သွင်းချိန်၌ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁၂) မှ ဒေါ်ခင်ဆွေက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။
မြန်မာနိုင်ငံအတွင်း အာမခံလုပ်ငန်းများ ရပ်ဆိုင်းထွက်ခွာသည့်အခါ အာမခံထားသူ ပြည်သူများ၏ ရပိုင်ခွင့်များ မဆုံးရှုံးစေရန် အာမခံကာကွယ်ရေး ရန်ပုံငွေ တည်ထောင်ရေးနှင့် လွှဲပြောင်းကာကွယ်ရေးစနစ် ဥပဒေ နည်းဥပဒေ ပြဌာန်းရန် ပြည်ထောင်စု အစိုးရကို တိုက်တွန်းကြောင်း အဆိုကို တင်သွင်းခဲ့ခြင်းလည်း ဖြစ်သည်။
သတင်းအပြည့်အစုံဖတ်ရန်>>
https://www.popularmyanmar.com/အာမခံကာကွယ်ရေးရန်ပုံငွ/
282
ဘင်းမ်စတက်အမျိုးသားလုံခြုံရေးဆိုင်ရာ အကြီးအကဲများအစည်းအဝေး အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ် တက်ရောက်
လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များဆွေးနွေး
အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ်၊ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် အိန္ဒိယသမ္မတနိုင်ငံ နယူးဒေလီမြို့၌ ကျင်းပသည့် ပဉ္စမအကြိမ်မြောက် ဘင်းမ်စတက်အမျိုးသားလုံခြုံရေးဆိုင်ရာ အကြီးအကဲများအစည်းအဝေးသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်းအပြည့်အစုံဖတ်ရန်>>
https://www.popularmyanmar.com/ဘင်းမ်စတက်အမျိုးသားလုံ/
282
Forwarded From
ကာတွန်း မာဃ
ကရင်ပြည်နယ်ကို ဖျက်ဆီးနေပြီး ကရင်လူမျိုးတွေကို ဒုက္ခပေးနေတဲ့ KNU/PDF အကြမ်းဖက်တွေတော့ ဒီရက်ပိုင်းအတွင်းမှာ ပိုးစိုးပက်စက် သေကုန်ကြပြီ...PDF တွေတင် သေနေကြတာမဟုတ်ဘဲ KNU အကြမ်းဖက်တွေလည်း သောက်သောက်လဲ သေနေကြတာ...PDF တွေဆိုရင် သေလွန်းအားကြီးလို့ မကြာခင်မှာ မျိုးတုံးပျောက်ကွယ်တော့မယ့်အထိဖြစ်နေပြီတဲ့...
