uz
Feedback

Firibgarlarga uchmang! Telemetrio bunday kanallarni topadi va belgilaydi 👉 Belgini ko‘rmoqchi bo‘lsangiz, obuna bo‘ling 👈

👩🏻‍🦰✍🏻သက်ထား

👩🏻‍🦰✍🏻သက်ထား

Kanalga Telegram’da o‘tish

မြန်မာ့နိုင်ငံရေး + နိုင်ငံတကာသတင်းလေးတွေ တင်ပါမယ်ရှင်

Ko'proq ko'rsatish
281
Obunachilar
Ma'lumot yo'q24 soatlar
+27 kun
-630 kun
Postlar arxiv
ရန်ကုန်မြို့ ရှုပ်ထွေးနေတဲ့ ဆက်သွယ်ရေးကြိုးတွေကို မြေအောက်ကေဘယ်နဲ့ အစားထိုးမည့် စီမံကိန်း

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး မြန်မာ - ရုရှား ကြည်းတပ်နှစ်ရပ်ကြား တပ်ဖွဲ့များစုပေါင်းလေ့ကျင့်ခန်း (MYAN
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး  မြန်မာ - ရုရှား ကြည်းတပ်နှစ်ရပ်ကြား တပ်ဖွဲ့များစုပေါင်းလေ့ကျင့်ခန်း (MYANMAR-RUSSIA JOINT EXERCISE (TIGER-2026)) ဆောင်ရွက်သည့်အဖွဲ့များအား နေ့လယ်စာဖြင့်ဂုဏ်ပြုဧည့်ခံ..

ဆေးတက္ကသိုလ်(၁) ဝန်းအတွင်း ဓာတုပစ္စည်းများ ယိုစိမ့်မှု ဖြစ်ပွား၊ မီးသတ်တပ်ဖွဲ့မှ ရှင်းလင်းဆောင်ရွက် ရန်ကုန်၊ ဇူလိုင် ၁၇ ၂၀၂၆
ဆေးတက္ကသိုလ်(၁) ဝန်းအတွင်း ဓာတုပစ္စည်းများ ယိုစိမ့်မှု ဖြစ်ပွား၊ မီးသတ်တပ်ဖွဲ့မှ ရှင်းလင်းဆောင်ရွက် ရန်ကုန်၊ ဇူလိုင် ၁၇ ၂၀၂၆ ခုနှစ် ဇူလိုင် ၁၇ ရက် နံနက် ၉ နာရီ ၄၅ မိနစ်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်၊ (၁၂) ရပ်ကွက်၊ မင်းရဲကျော်စွာလမ်းနှင့် ဗိုလ်ချုပ်လမ်းထောင့်ရှိ ဆေးတက္ကသိုလ်(၁) ဝန်းအတွင်း Laboratory ခန်း၌ Biochemical (Peptone)၊ Methylene Blue နှင့် ဆာဂျီတောပိုးမွှားသန့်စင်ဆေးရည် စသည့် ဓာတုပစ္စည်းများ ယိုစိမ့်မှုဖြစ်ပွားကြောင်း သတင်းရရှိခဲ့သည်။ ဖြစ်စဉ်အား သိရှိရသဖြင့် ကျောက်တံတားမြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် သွားရောက်၍ Laboratory ခန်းအတွင်းရှိ ယိုစိမ့်နေသော ဓာတုပစ္စည်းများအား ရှင်းလင်းရွှေ့ပြောင်းခြင်းလုပ်ငန်းများကို ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

Repost from MWD NEWS
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး မြန်မာ - ရုရှား ကြည်းတပ်နှစ်ရပ်ကြား တပ်ဖွဲ့များစုပေါင်းလေ့ကျင့်ခန်း (MYANMAR-RUSSIA JOINT EXERCISE (TIGER-2026)) ဆောင်ရွက်မှုအား ကြည့်ရှုစစ်ဆေးသည်။ နေပြည်တော်၊ ဇူလိုင်-၁၇

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး မြန်မာ - ရုရှားကြည်းတပ်နှစ်ရပ်အကြား တပ်ဖွဲ့များစုပေါင်းလေ့ကျင့်ခန်း (MYAN
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး မြန်မာ - ရုရှားကြည်းတပ်နှစ်ရပ်အကြား တပ်ဖွဲ့များစုပေါင်းလေ့ကျင့်ခန်း (MYANMAR-RUSSIA JOINT EXERCISE(TIGER-2026)) ဆောင်ရွက်မှုအား ကြည့်ရှုစစ်ဆေး

နိုင်ငံတကာအဆင့်မီ မော်တော်ယာဉ်ထုတ်လုပ်တဲ့ ကုမ္ပဏီတွေ အပါအဝင် မော်တော်ယာဉ်နဲ့ ဆက်စပ်လုပ်ငန်းကုမ္ပဏီ ၄၀ ကျော်က ပါဝင်ပြသနေတဲ့ Th
နိုင်ငံတကာအဆင့်မီ မော်တော်ယာဉ်ထုတ်လုပ်တဲ့ ကုမ္ပဏီတွေ အပါအဝင် မော်တော်ယာဉ်နဲ့ ဆက်စပ်လုပ်ငန်းကုမ္ပဏီ ၄၀ ကျော်က ပါဝင်ပြသနေတဲ့ The Second Myanmar International Auto Expo 2026 ကားပြပွဲကြီးအား ရန်ကုန်မြို့ရှိ Yangon Convention Center - YCC ၌ ဇူလိုင်လ ၁၇ ရက်မှ ၁၉ ရက်အထိ ကျင်းပပြုလုပ်နေတာဖြစ်ပြီး နောက်ဆုံးပေါ် EV လျှပ်စစ်ကားကြီးများအပြင် ရိုးရိုးလောင်စာဆီသုံးယာဉ်များ၊ ကုန်တင်ကားကြီးများနဲ့ EV မော်တော်ဆိုင်ကယ်များအား ခင်းကျင်းပြသထားတယ်လို့ သိရပါတယ်...

ပင်လယ်ပြင်သို့ပို့ဆောင်မည့် ငွေကျပ်ဘီလီယံ(၂၀) ကျော်တန်ဖိုးရှိ အိုက်စ်များကို လယ်ဝေးနှင့် ဒလမြို့နယ်တို့တွင်ဖမ်းဆီးရမိ ပင်လယ်ပ
ပင်လယ်ပြင်သို့ပို့ဆောင်မည့် ငွေကျပ်ဘီလီယံ(၂၀) ကျော်တန်ဖိုးရှိ အိုက်စ်များကို လယ်ဝေးနှင့် ဒလမြို့နယ်တို့တွင်ဖမ်းဆီးရမိ ပင်လယ်ပြင်သို့ပို့ဆောင်မည့် ငွေကျပ်ဘီလီယံ(၂၀) ကျော်တန်ဖိုးရှိ အိုက်စ်များကို ပြစ်မှုကျူးလွန်သူများနှင့်အတူ လယ်ဝေးနှင့် ဒလမြို့နယ်တို့တွင်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ဇူလိုင် ၆ ရက်ည ၁၀ နာရီခွဲခန့်က လယ်ဝေးမြို့နယ်၊ တောင်စဉ်အေးကျေးရွာအနီးတွင် ကျော်ဦး မောင်းကာ ဇော်ဇော်ထွန်း လိုက်လာသည့် GOVZCT ၆ ဘီးကားပေါ်မှ အိုက်စ်(မက်သ်အဖက်တမင်း) ၅၀၀ ကီလိုအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ စစ်ဆေးချက်များအရ ဇူလိုင် ၇ ရက်ည ၇ နာရီခွဲခန့်တွင် အိုက်စ်(မက်သ်အဖက်တမင်း)များသယ်ဆောင်ရောင်းဝယ်ရာ၌ပူးပေါင်းပါဝင်သူများဖြစ်သည့် ဇေယျာလင်းနှင့် ထွေးမင်းဇော်၊ ဇူလိုင် ၈ ရက်နံနက် ၈ နာရီခွဲခန့်တွင် မျိုးသန်းတို့အား ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ သတင်းအပြည့်အစုံဖတ်ရန်>> https://www.popularmyanmar.com/ပင်လယ်ပြင်သို့ပို့ဆောင/

ရန်ကုန်-ပုသိမ်ကားလမ်းတွင် ကားတစ်စီးရေမြောင်းထဲထိုးကျတိမ်းမှောက် (၁)ဦး‌ေ-သဆုံး ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်ရှိ ရန်ကုန်-ပု
ရန်ကုန်-ပုသိမ်ကားလမ်းတွင် ကားတစ်စီးရေမြောင်းထဲထိုးကျတိမ်းမှောက် (၁)ဦး‌ေ-သဆုံး ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်ရှိ ရန်ကုန်-ပုသိမ်သွားကားလမ်း၌ ယနေ့ ဇူလိုင် ၁၇ ရက်ည ၆ နာရီကျော်ခန့်က ကားတစ်စီးရေမြောင်းထဲထိုးကျတိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ညောင်တုန်းမြို့နယ်၊ တဇင်ရေကျော်ကျေးရွာအုပ်စု၊ အသင်းစုကျေးရွာရှိ ရန်ကုန်-ပုသိမ်သွားကားလမ်းအတိုင်းမောင်းနှင်လာသော ကားတစ်စီးသည် မိုင်တိုင်အမှတ် ၃၀/၁ နှင့် ၃၀/၂ ကြားအရောက် လမ်းဘေးရေမြောင်းထဲထိုးကျကာတိမ်းမှောက်သွားခဲ့ကြောင်း သိရသည်။ ဖြစ်စဥ်ကြောင့် အမျိုးသား(၁)ဦးမှာ အခင်းဖြစ်နေရာ၌ ‌ေ-သဆုံးသွားခဲ့သဖြင့် ဆားမလောက်ကျေးရွာမှ လူငယ့်ရိပ်မွန်လူမှုကူညီရေးအသင်းက ညောင်တုန်းမြို့နယ်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

July-17 ▪️ နေအိမ်တွင်အိပ်နေသည့် လက်နက်မဲ့ အမျိုးသားတစ်ဦးကို PDF ခြောက်ဦးက သေနတ်ဖြင့်ပစ်သတ် နေမိုး ၁. ၇. ၂၀၂၆ နေအိမ်တွင်အိပ်နေ
July-17 ▪️ နေအိမ်တွင်အိပ်နေသည့် လက်နက်မဲ့ အမျိုးသားတစ်ဦးကို PDF ခြောက်ဦးက သေနတ်ဖြင့်ပစ်သတ် နေမိုး ၁. ၇. ၂၀၂၆ နေအိမ်တွင်အိပ်နေသည့် လက်နက်မဲ့ အမျိုးသားတစ်ဦးကို PDF ခြောက်ဦးက သေနတ်ဖြင့်ပစ်သတ်လိုက်မှု မြို့သစ်မြို့နယ်တွင် ဖြစ်ပွားခဲ့သည်ဟု သိရှိရသည်။ NUG ဩဇာခံ မကွေး PDF များ၏ ကျူးလွန်မှုဖြစ်စဉ်မှာ ၂၀၂၆ ခုနှစ်၊ ဇူလိုင် ၁၂ ရက် ည ၉ နာရီ ၃၀ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်၊ တလုပ်ပင်ကျေးရွာနေ ဦးအောင်ဌေးဦး (၄၈)နှစ်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် PDF ခြောက်ဦးက ဆိုင်ကယ် သုံးစီးဖြင့် ရောက်ရှိလာပြီး ဒလန်ဟု သမုတ်ကာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးအောင်ဌေးဦးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။ နွေဦးတော်လှန်ရေးစတင်ချိန် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ ယခုကာလအထိ NUG၊ PDF နှင့် EAOs တို့က ဒလန်၊ သူလျှို၊ ပျူစောထီး၊ အစိုးရယန္တရားလည်ပတ်စေသူဟု စွပ်စွဲကာ... ◾️ Website တွင် ဆက်လက်ဖတ်ရှုရန် https://www.mtnewstoday.com/archives/141079 #လက်နက်မဲ့ #အမျိုးသား #ဒလန် #စွပ်စွဲ #PDF #သတ်ဖြတ် #NUG #မကွေး #EAOs #MT #mtnews 

"အမေရိကန်ရွေးကောက်ပွဲ ဝင်ရောက်စွက်ဖက်ခဲ့တယ်ဆိုတဲ့ ထရမ့်စွပ်စွဲချက်ကို တရုတ်ပယ်ချ" အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တရုတ်နိုင်ငံဟာ
"အမေရိကန်ရွေးကောက်ပွဲ ဝင်ရောက်စွက်ဖက်ခဲ့တယ်ဆိုတဲ့ ထရမ့်စွပ်စွဲချက်ကို တရုတ်ပယ်ချ" အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တရုတ်နိုင်ငံဟာ အမေရိကန်ရွေးကောက်ပွဲတွေမှာ လျှို့ဝှက်ဝင်ရောက်စွက်ဖက်ပြီး မဲဆန္ဒရှင်အချက်အလက်တွေ ရယူခဲ့တယ်လို့ စွပ်စွဲခဲ့တဲ့အပေါ် တရုတ်အစိုးရက "အခြေအမြစ်မရှိတဲ့ လုပ်ကြံဖန်တီးမှု" လို့ ဇူလိုင် ၁၇ ရက်မှာ ပြင်းပြင်းထန်ထန် တုံ့ပြန်ပယ်ချလိုက်ပါတယ်။ - တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လင်းကျန့်က ဒီစွပ်စွဲချက်တွေဟာ အထောက်အထားမရှိတဲ့ နိုင်ငံရေးစွပ်စွဲမှုတွေသာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ဝါရှင်တန်ရှိ တရုတ်သံရုံးကလည်း တရုတ်နိုင်ငံအနေနဲ့ အမေရိကန်သမ္မတရွေးကောက်ပွဲတွေမှာ ဘယ်တုန်းကမှ ဝင်ရောက်စွက်ဖက်ခဲ့တာ မရှိသလို နောင်မှာလည်း အလားတူလုပ်ဆောင်မှာ မဟုတ်ဘူးလို့ ထပ်မံအတည်ပြု ပြောကြားခဲ့ပါတယ်။ KT July 17

တရုတ်နိုင်ငံအနောက်တောင်ပိုင်း၊ ချုံချင့်မြို့ မြေပြိုမှုတွင် နေအိမ်များပြိုကျပြီး လူအများအပြား ပိတ်မိ၊ အမျိုးသားအရေးပေါ် အဆင့
တရုတ်နိုင်ငံအနောက်တောင်ပိုင်း၊ ချုံချင့်မြို့ မြေပြိုမှုတွင် နေအိမ်များပြိုကျပြီး လူအများအပြား ပိတ်မိ၊ အမျိုးသားအရေးပေါ် အဆင့်(၂) ကြေညာ

မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့အပါအဝင် နိုင်ငံပေါင်း (၂၉) နိုင်ငံ၏ ကမ္ဘာ့ဉာဏ်ရည်တုပူးပေါင်းဆောင်ရွက်ရေးအဖွဲ့တည်ထောင်ခြင်း
မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့အပါအဝင် နိုင်ငံပေါင်း (၂၉) နိုင်ငံ၏ ကမ္ဘာ့ဉာဏ်ရည်တုပူးပေါင်းဆောင်ရွက်ရေးအဖွဲ့တည်ထောင်ခြင်းဆိုင်ရာသဘောတူစာချုပ်ကို ရှန်ဟိုင်းမြို့၌ လက်မှတ်ရေးထိုး မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့အပါအဝင် နိုင်ငံပေါင်း (၂၉)နိုင်ငံ၏ ကမ္ဘာ့ဉာဏ်ရည်တုပူးပေါင်းဆောင်ရွက်ရေးအဖွဲ့တည်ထောင်ခြင်းဆိုင်ရာသဘောတူစာချုပ်လက်မှတ်ရေးထိုးပွဲကို တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့တွင် ဇူလိုင် ၁၆ ရက်ကကျင်းပခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးထံမှ သိရသည်။ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးရာဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး Mr. Wang Yi ၊ ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမြထွန်းဦးတို့အပါအဝင် နိုင်ငံပေါင်း(၂၉)နိုင်ငံမှ ကိုယ်စားလှယ်များက သဘောတူစာချုပ်ကိုလက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။ သတင်းအပြည့်အစုံဖတ်ရန်>> https://www.popularmyanmar.com/မြန်မာနိုင်ငံနှင့်-တရု-2/

ပြည်လမ်းနှင့် လမ်းသစ်လမ်းရှိ ရှုပ်ထွေးနေသော ဆက်သွယ်ရေးကြိုးများ ရှင်းလင်း ရန်ကုန်၊ ဇူလိုင်-၁၇ ရန်ကုန်မြို့ ပြည်လမ်းနှင့် လမ်း
ပြည်လမ်းနှင့် လမ်းသစ်လမ်းရှိ ရှုပ်ထွေးနေသော ဆက်သွယ်ရေးကြိုးများ ရှင်းလင်း ရန်ကုန်၊ ဇူလိုင်-၁၇ ရန်ကုန်မြို့ ပြည်လမ်းနှင့် လမ်းသစ်လမ်းတို့တွင် ရှုပ်ထွေးနေသည့် ဆက်သွယ်ရေးကြိုးများနှင့် အသုံးမပြုတော့သော ကြိုးဟောင်းများကို ယနေ့ (ဇူလိုင် ၁၇ ရက်) မွန်းလွဲပိုင်းက စတင်ရှင်းလင်းဖယ်ရှားနေကြောင်း သိရသည်။ အဆိုပါ လုပ်ငန်းခွင်သို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါက်တာမျိုးသော်နှင့် တာဝန်ရှိသူများ လာရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။ ထိုသို့ စစ်ဆေးစဉ် လမ်းသွားလမ်းလာများ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ကြိုးများ စနစ်တကျရှိစေရေးအတွက် သက်ဆိုင်ရာဌာနများ၊ ဆက်သွယ်ရေးအော်ပရေတာများနှင့် ပူးပေါင်းလုပ်ဆောင်ရန် ဝန်ကြီးက တာဝန်ရှိသူများကို ပြောကြားခဲ့သည်။ photo:Yangon Region Government News

နှစ်ပေါင်းများစွာသန့်ရှင်းရေးမပြုလုပ်ဖြစ်သည့် မင်းတုန်းမြို့မှ မင်္ဂလာကန်တော် အားစုပေါင်းသန့်ရှင်းရေးပြုလုပ် မကွေးတိုင်း၊ မင်
နှစ်ပေါင်းများစွာသန့်ရှင်းရေးမပြုလုပ်ဖြစ်သည့် မင်းတုန်းမြို့မှ မင်္ဂလာကန်တော် အားစုပေါင်းသန့်ရှင်းရေးပြုလုပ် မကွေးတိုင်း၊ မင်းတုန်းမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ မင်္ဂလာကန်တော်သည် နှစ်ပေါင်းများစွာသန့်ရှင်းရေးပြုလုပ်ခဲ့ခြင်းမရှိ၍ ရေညှိတက်ခြင်းများအပါအဝင် အမှိုက်သရိုက်များစွာဖြစ်ပေါ်လျက်ရှိသဖြင့် ဇူလိုင် ၁၆ ရက်က စုပေါင်းသန့်ရှင်းရေးပြုလုပ်ခဲ့ကြကြောင်း သိရသည်။ ရေကန်တော်ရှိ ရေညှိများအားရေစုပ်စက်ဖြင့် စုပ်ထုတ်ခြင်း၊ အမှိုက်များသယ်ယူခြင်း၊ ခရုခွံများ၊ ရေကန်ပတ်လည်ရှိ ပေါင်း/မြက်များရှင်းလင်းခြင်း၊ ရေကန်အတွင်း ထုံးဖြူးခြင်းတို့ကိုပြုလုပ်ခဲ့ကြကြောင်း သိရသည်။ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှ ဦးဆောင်ကာဌာနဆိုင်ရာဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့များ၊ အသင်းအဖွဲ့များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များက စုပေါင်းသန့်ရှင်းရေးပြုလုပ်ခဲ့ကြကြောင်း သိရသည်။

YRTC က City Taxi ယာဥ်များစည်းကမ်းတကျရှိစေရေး Campaign တွင် စီးရေ(၂,၀၀၀)ခန့်ကိုအသိပညာပေးမှုများပြုလုပ်ခဲ့ ရန်ကုန်တိုင်းအတွင်းပ
YRTC က City Taxi ယာဥ်များစည်းကမ်းတကျရှိစေရေး Campaign တွင် စီးရေ(၂,၀၀၀)ခန့်ကိုအသိပညာပေးမှုများပြုလုပ်ခဲ့ ရန်ကုန်တိုင်းအတွင်းပြေးဆွဲလျက်ရှိသော City Taxi ယာဉ်များစည်းကမ်းတကျရှိစေရေး၊ သတ်မှတ်ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများလိုက်နာစေရေးနှင့် YBS ယာဉ်ရပ်မှတ်တိုင်များ၊ မျဉ်းဝါကွက်၊ ဖြူနီကြားများတွင်ရပ်တန့်မှုရှိစေရေးအသိပညာပေးခြင်းကို ယနေ့ ဇူလိုင် ၁၇ ရက်နံနက်ပိုင်းကသင်္ဃန်းကျွန်းမြို့နယ်ရှိ စံပြစျေးကားမှတ်တိုင်တွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။ ရန်ကုန်တိုင်းအစိုးရအဖွဲ့၏လမ်းညွှန်ချက်အရ ရန်ကုန် တိုင်းဒေသကြီးပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC)၊ စင်းလုံးငှားဌာနနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများပူးပေါင်း၍ "City Taxi ယာဉ်များ လိုက်နာရန် စည်းကမ်းချက်များပါဝင်သည့် Pamphlet ‌ဝေငှခြင်း"City Taxi Campaign ကိုပြုလုပ်ခဲ့ကြကြောင်း သိရသည်။ သတင်းအပြည့်အစုံဖတ်ရန်>> https://www.popularmyanmar.com/yrtc-က-city-taxi-ယာဥ်များစည်းကမ်းတကျ/

Trans-Himalaya ဖိုရမ်တွင် ရေရှည်တည်တံ့သော တောင်တန်းဒေသ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး နည်းလမ်းများ ဆွေး
Trans-Himalaya ဖိုရမ်တွင် ရေရှည်တည်တံ့သော တောင်တန်းဒေသ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး နည်းလမ်းများ ဆွေးနွေး လင်ကျီး၊ ဇူလိုင် ၁၇ တရုတ်နိုင်ငံ၊ ရှီဇန်း (တိဘက်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လင်ကျီး (Linzhi) မြို့၌ ကျင်းပလျက်ရှိသော (၅) ကြိမ်မြောက် China Xizang Trans-Himalaya Forum for International Cooperation ၏ ဒုတိယနေ့ အစီအစဉ်အဖြစ် ရေရှည်တည်တံ့သော တောင်တန်းဒေသ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အတွေ့အကြုံများနှင့် ပူးပေါင်းဆောင်ရွက်ရေး နည်းလမ်းများကို နိုင်ငံတကာပညာရှင်များက ဆွေးနွေးခဲ့ကြသည်။ သတင်းအပြည့်အစုံဖတ်ရန်>> https://www.popularmyanmar.com/trans-himalaya-ဖိုရမ်တွင်-ရေရှည်တည်တ/

Trans-Himalaya ဖိုရမ်တွင် ရေရှည်တည်တံ့သော တောင်တန်းဒေသ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး နည်းလမ်းများ ဆွေး
Trans-Himalaya ဖိုရမ်တွင် ရေရှည်တည်တံ့သော တောင်တန်းဒေသ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး နည်းလမ်းများ ဆွေးနွေး လင်ကျီး၊ ဇူလိုင် ၁၇ တရုတ်နိုင်ငံ၊ ရှီဇန်း (တိဘက်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လင်ကျီး (Linzhi) မြို့၌ ကျင်းပလျက်ရှိသော (၅) ကြိမ်မြောက် China Xizang Trans-Himalaya Forum for International Cooperation ၏ ဒုတိယနေ့ အစီအစဉ်အဖြစ် ရေရှည်တည်တံ့သော တောင်တန်းဒေသ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အတွေ့အကြုံများနှင့် ပူးပေါင်းဆောင်ရွက်ရေး နည်းလမ်းများကို နိုင်ငံတကာပညာရှင်များက ဆွေးနွေးခဲ့ကြသည်။ သတင်းအပြည့်အစုံဖတ်ရန်>> https://www.popularmyanmar.com/trans-himalaya-ဖိုရမ်တွင်-ရေရှည်တည်တ/

"လူငယ်တွေကို ကာကွယ်ဖို့ ဆိုရှယ်မီဒီယာကန့်သတ်ချက်အသစ်တွေ စင်ကာပူ စဉ်းစားနေ" စင်ကာပူအစိုးရက ကလေးငယ်တွေနဲ့ ဆယ်ကျော်သက်တွေကို ဆို
"လူငယ်တွေကို ကာကွယ်ဖို့ ဆိုရှယ်မီဒီယာကန့်သတ်ချက်အသစ်တွေ စင်ကာပူ စဉ်းစားနေ" စင်ကာပူအစိုးရက ကလေးငယ်တွေနဲ့ ဆယ်ကျော်သက်တွေကို ဆိုရှယ်မီဒီယာရဲ့ ဆိုးကျိုးတွေကနေ ကာကွယ်နိုင်ဖို့ အသက်အရွယ်အတည်ပြုစနစ် ကို ပိုမိုတင်းကျပ်စွာ အသုံးပြုနိုင်ရေး လေ့လာနေပါတယ်။ ဒါ့အပြင် Direct Messaging နဲ့ Autoplay လို စွဲလမ်းစေနိုင်တဲ့ လုပ်ဆောင်ချက်တွေကို ကန့်သတ်နိုင်ရေးအတွက်လည်း ဆိုရှယ်မီဒီယာပလက်ဖောင်းတွေနဲ့ ဆွေးနွေးနေပါတယ်။ - စင်ကာပူအစိုးရဟာ ၂၀၂၆ ခုနှစ် မတ်လကတည်းက အသက် ၁၈ နှစ်အောက် လူငယ်တွေ မသင့်လျော်တဲ့ App တွေကို ဒေါင်းလုဒ်မလုပ်နိုင်အောင် App Store တွေမှာ အသက်အရွယ်အတည်ပြုစနစ် စတင်အသုံးပြုခဲ့ပြီး ဖြစ်ပါတယ်။ ရှေ့ဆက်ပြီးတော့ အသုံးပြုသူရဲ့ အသက်အရွယ်ကို စနစ်က အလိုအလျောက် ခန့်မှန်းပေးတာနဲ့ အသက်အရွယ်နဲ့ ကိုက်ညီတဲ့ အကြောင်းအရာတွေကိုသာ ပြသပေးမယ့် နည်းလမ်းတွေကိုလည်း ဆက်လက်လေ့လာနေပါတယ်။ KT July 17

"ပါကစ္စတန် လေယာဉ်ပျက်ကျမှု ဘလက်ဘောက်စ်ရှာဖို့ နိုင်ငံတကာအကူအညီ ချက်ချင်းရယူပေးရန် မိသားစုများ တောင်းဆို" အာရေဗျပင်လယ်အတွင်း ပ
"ပါကစ္စတန် လေယာဉ်ပျက်ကျမှု ဘလက်ဘောက်စ်ရှာဖို့ နိုင်ငံတကာအကူအညီ ချက်ချင်းရယူပေးရန် မိသားစုများ တောင်းဆို" အာရေဗျပင်လယ်အတွင်း ပျက်ကျခဲ့တဲ့ ပါကစ္စတန်နိုင်ငံပိုင် ကုန်တင်လေယာဉ်ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ပျောက်ဆုံးနေတဲ့ ဘလက်ဘောက်စ် (FDR/CVR) တွေကို အမြန်ဆုံး ရှာဖွေနိုင်ဖို့ နိုင်ငံတကာ ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေရဲ့ အကူအညီကို ချက်ချင်းရယူပေးဖို့ သေဆုံးသူ အမှုထမ်းတွေရဲ့ မိသားစုတွေက တောင်းဆိုလိုက်ပါတယ်။ - အဆိုပါ လေယာဉ်ဟာ ကရာချီမြို့ကနေ ပျံတက်ပြီး မကြာခင် အင်ဂျင်ချို့ယွင်းကာ ပင်လယ်ထဲ ပျက်ကျခဲ့တာဖြစ်ပြီး အမှုထမ်း ၇ ဦးစလုံး သေဆုံးခဲ့ပါတယ်။ လက်ရှိအချိန်အထိ လေယာဉ်အစိတ်အပိုင်းတချို့နဲ့ ရုပ်အလောင်းတချို့ကိုသာ ဆယ်ယူနိုင်သေးပြီး၊ ပင်လယ်ရေနက်နဲ့ ရာသီဥတုဆိုးရွားမှုကြောင့် ပျက်ကျရတဲ့ အကြောင်းရင်းကို ဖော်ထုတ်ပေးနိုင်မယ့် ဘလက်ဘောက်စ်တွေကိုတော့ မတွေ့ရှိသေးပါဘူး။ သေဆုံးသူမိသားစုတွေက လက်ရှိရှာဖွေရေးလုပ်ငန်းတွေ နှောင့်နှေးနေတယ်လို့ ထောက်ပြပြီး အမေရိကန်၊ ပြင်သစ်တို့လို ရေနက်ပိုင်းရှာဖွေရေး ကျွမ်းကျင်တဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကို အမြန်ဆုံး ဖိတ်ခေါ်ပေးဖို့ တိုက်တွန်းထားပါတယ်။ KT July 17

"မက်သနောအဆိပ်သင့်ပြီး ခရီးသွား ၆ ဦးသေဆုံးမှုအတွက် လာအိုကို သြစတြေးလျ ဖိအားပေး" လာအိုနိုင်ငံ ဗန်ဗီယန်းမြို့မှာ အရက်အတုသောက်မိလ
"မက်သနောအဆိပ်သင့်ပြီး ခရီးသွား ၆ ဦးသေဆုံးမှုအတွက် လာအိုကို သြစတြေးလျ ဖိအားပေး" လာအိုနိုင်ငံ ဗန်ဗီယန်းမြို့မှာ အရက်အတုသောက်မိလို့ မက်သနောအဆိပ်သင့်ပြီး နိုင်ငံတကာခရီးသွား ၆ ဦး သေဆုံးခဲ့တဲ့ဖြစ်စဉ် နဲ့ပတ်သက်ပြီး သြစတြေးလျအစိုးရက လာအိုသံအမတ်ကို ဆင့်ခေါ်ကာ တရားဝင်ကန့်ကွက်ခဲ့ပါတယ်။ ဒါ့အပြင် ဒီအမှုမှာ ပါဝင်ပတ်သက်သူတွေကို ပေါ့ဆမှုကြောင့် လူသေစေမှုထက် ပိုမိုပြင်းထန်တဲ့ ရာဇဝတ်မှုတွေနဲ့ တရားစွဲဆိုပေးဖို့လည်း တောင်းဆိုထားပါတယ်။ - ဒီဖြစ်စဉ်ကြောင့် သြစတြေးလျနိုင်ငံသူ ၂ ဦးအပါအဝင် ဗြိတိန်၊ အမေရိကန်နဲ့ ဒိန်းမတ်နိုင်ငံသားတွေ သေဆုံးခဲ့ပြီး အခြားခရီးသွားအများအပြားလည်း ဆေးရုံတင်ခဲ့ရပါတယ်။ သေဆုံးသူတွေရဲ့ မိသားစုတွေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကတော့ လာအိုအာဏာပိုင်တွေဟာ စုံစမ်းစစ်ဆေးမှု နှောင့်နှေးနေသလို သတင်းအချက်အလက်တွေကိုလည်း ပွင့်လင်းမြင်သာစွာ မထုတ်ပြန်ဘူးလို့ ဝေဖန်နေကြပြီး၊ သြစတြေးလျဘက်က အမှန်တရားပေါ်ပေါက်ရေးနဲ့ ခရီးသွားလုံခြုံရေးအတွက် အမြန်ဆုံး ထိရောက်တဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ပေးဖို့ တိုက်တွန်းထားပါတယ်။ KT July 17