သိင်္ခ
Kanalga Telegram’da o‘tish
အသိတိုး
Ko'proq ko'rsatishMamlakat belgilanmaganToif belgilanmagan
1 067
Obunachilar
Ma'lumot yo'q24 soatlar
-187 kun
-5530 kun
Postlar arxiv
1 067
အမေရိကန်သမ္မတ ထရမ့်မှ ရုရှားနိုင်ငံက အမေရိကန်ပြည်ထောင်စုသို ဒီဇယ်ဆီ မက်ထရစ်တန်ချိန် ၅ သန်းနီးပါး တင်သွင်းပေးမည်ဖြစ်ကြောင်း ကြေညာလိုက်သည်။
ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် "အလွန်အောင်မြင်သော ဆွေးနွေးမှု" ပြုလုပ်ခဲ့ပြီးနောက် ယခုသဘောတူညီချက်ကို ရရှိခဲ့ခြင်း ဖြစ်သည်။
1 067
လူမှုကွန်ရက်ပေါ်တွင် တပ်မတော်သားတစ်ဦးကဲ့သို အယောင်ဆောင်ကာ ပြည်သူ့ စစ်မှုထမ်းများ ပြန်လည်ထုတ်ပေးနိုင်ကြောင်း လိမ်လည်ဖော်ပြ၍ ငွေကြေးလိမ်လည် နေသူများအား ဖမ်းဆီးရမိ
1 067
ပနားမားတွင် ပြင်းအား ၇.၇ ရှိ ငလျင်လှုပ်ခတ်
အမေရိကန် ဘူမိဗေဒဆိုင်ရာ လေ့လာစောင့်ကြည့်ရေးဌာန (USGS) ၏ အဆိုအရ သောကြာနေ့တွင် ပနားမားနိုင်ငံ၌ ပြင်းအား ၇.၇ ရှိ ပြင်းထန်သော ငလျင်တစ်ခု လှုပ်ခတ်ခဲ့သည်။
ဓာတ်ပုံများနှင့် ဗီဒီယိုမှတ်တမ်းများတွင် အဆောက်အအုံများ ပြိုကျပျက်စီးခြင်း၊ ယာဉ်များ ပျက်စီးခြင်း၊ လမ်းမများပေါ်တွင် အပျက်အစီးများ ပြန့်ကျဲနေခြင်းနှင့် ဒေသခံများ ဘေးလွတ်ရာသို ရွှေ့ပြောင်းနေကြခြင်းတိုကို တွေ့မြင်ရသည်။ ထိခိုက်ဒဏ်ရာရရှိသူ သိုမဟုတ် သေဆုံးသူများ ရှိကြောင်း ချက်ချင်းသတင်းရရှိခြင်း မရှိသေးပေ။
USGS ၏ အဆိုအရ ငလျင်သည် ပနားမားနိုင်ငံတောင်ပိုင်း၊ ပစိဖိတ်သမုဒ္ဒရာဘက်ခြမ်းတွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး ငလျင်ဗဟိုချက်မှာ ပနားမားနိုင်ငံ၊ Pitaloza Arriba (ပီတာလိုဇာ အာရီဘာ) ၏ အနောက်-အနောက်တောင်ဘက် ၁၂ ကီလိုမီတာအကွာတွင် တည်ရှိသည်။
ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီမတိုင်မီ ငလျင်စတင်လှုပ်ခတ်ခဲ့ချိန်မှစ၍ နောက်ဆက်တွဲငလျင် (aftershocks) အကြိမ်ရေ တစ်ဒါဇင်ကျော် လှုပ်ခတ်ခဲ့ကြောင်း ပနားမားသမ္မတရုံးက ပြောကြားသည်။
USGS ၏ အချက်အလက်များအရ ပြင်းထန်သော နောက်ဆက်တွဲငလျင်များထဲတွင် Rio Grande (ရီယို ဂရန်ဒီ) မြိုနယ်အနီး၌ လှုပ်ခတ်ခဲ့သည့် ပြင်းအား ၆.၆ ရှိ ငလျင်နှင့် El Cacao (အယ်လ် ကာကာအို) အနီး၌ လှုပ်ခတ်ခဲ့သည့် ပြင်းအား ၅.၈ ရှိ ငလျင်တို ပါဝင်သည်။
1 067
မလေးရှားနိုင်ငံမှပြန်လာသော မြန်မာနိုင်ငံသားများအား နိုင်ငံသားစိစစ်ရေးကတ်ပြား မိတ္တူထုတ်ပေးခြင်း အခမ်းအနားများကျင်းပ
ရန်ကုန်၊ အောက်တိုဘာ ၉
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရအနေဖြင့် ပြည်ပတွင်ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများအား မည်သိုသော အခြေအနေတွင်ဖြစ်စေ အခက်အခဲကြုံတွေ့လာပါက အမိနိုင်ငံသားများအပေါ် အလေးအနက်ထား ကူညီဆောင်ရွက်ပေးလျက်ရှိရာ မနေ့ မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ နှင့် တိုင်းဒေသကြီး ဝန်ကြီးများက သက်မှတ်နေရာများတွင် မလေးရှားနိုင်ငံမှ ပြန်လာသော မြန်မာနိုင်ငံသားများအား နိုင်ငံသားစိစစ်ရေးကတ်ပြား မိတ္တူများကို ပေးအပ်သည်။
1 067
LFC ၏ ပထမဆုံး ရိုးရာလက်ဝှေ့ပြိုင်ပွဲအတွက် စာချုပ်ချုပ်ဆိုထားသည့် ဖိုက်တာ ၁၄ ဦးစာရင်း ထုတ်ပြန်
Lethwei Fighting Championship (LFC) ၏ ပထမဆုံး ရိုးရာလက်ဝှေ့ပြိုင်ပွဲကို လာမည့် နိုဝင်ဘာ ၁၄ ရက်တွင် ရန်ကုန်မြို့၌ ကျင်းပမည်ဖြစ်ပြီး ပြိုင်ပွဲအတွက် စာချုပ်ချုပ်ဆိုထားသည့် ပြည်တွင်း၊ ပြည်ပ ဖိုက်တာ ၁၄ ဦး၏ အမည်စာရင်းကို ထုတ်ပြန်ထားသည်။
1 067
အစိုးရအဖွဲ့သစ်(၆)လ သက်တမ်းအကြာတွင် အပြောင်းအလဲများစတင်ပြုလုပ်
ကျန်းမာရေးဝန်ကြီးပြောင်းလဲ၊ဗဟိုဘဏ်ဒုဥက္ကဋ္ဌတစ်ဦးနှင့် ပညာရေးနှင့်ကျန်းမာရေးဒုဝန်ကြီးများကို တာဝန်မှအနားပေး၊ ပြည်ထောင်စုတရားလွှတ်တော်တရားသူကြီးအသစ်(၂)ဦးခန့်အပ်
အောက်တိုဘာ ၉၊၂၀၂၆
အစိုးရအဖွဲ့အသစ်ဖွဲ့စည်းပြီး ၆ လအကြာတွင် အစိုးရအဖွဲ့အတွင်း အပြောင်းအလဲအချို့ကို ယနေ့ အောက်တိုဘာ ၉ရက်တွင် စတင်ပြုလုပ်ခဲ့သည်။
1 067
■ ငွေလုံးငွေရင်း သဘောဆောင်သည့် အသုံးစရိတ်များကို သာမန်အသုံးစရိတ်မှ ကျခံသုံးစွဲခြင်းအတွက် ညွှန်ကြားချက်နှင့်အညီ ဘတ်ဂျက်လျာထား တောင်းခံသုံးစွဲရန် စာရင်းစစ်ချုပ်က ရန်ကုန်တိုင်းလွှတ်တော်တွင်တင်ပြ
ငွေလုံးငွေရင်းသဘောဆောင်သည့် အသုံးစရိတ်များကို သာမန်အသုံးစရိတ်မှ ကျခံသုံးစွဲခြင်းအတွက် ညွှန်ကြားချက်နှင့်အညီ ဘတ်ဂျက်လျာထား တောင်းခံသုံးစွဲရန် စာရင်းစစ်ချုပ်က ရန်ကုန်တိုင်းလွှတ်တော်တွင်တင်ပြခဲ့ကြောင်း သိရသည်။
1 067
ဒီညီမလေးရဲ့ ချန်နယ်ကိုလည်း join ပေးကြပါဦး
👇
👇
👇
https://t.me/Gyarnuu_news
Telegram
Gyar Nuu (ဂျာနူး)✍️
https://tiktok.com/@gyarnuu
1 067
■ အဆိုတော် ဆက်နိုင် အသတ်ခံရပြီး သေဆုံးသည်ဆိုသည့်သတင်းများမှာ မှားယွင်းပြီး နေအိမ်သို့ အသက်ရှင်လျက် ပြန်လည်ရောက်ရှိနေကြောင်း ရဲတပ်ဖွဲ့ပြောကြား
အဆိုတော် ဆက်နိုင်သတ်ခံရပြီး သေဆုံးသည်ဟူသော သတင်းများထွက်ပေါ်နေခြင်းမှာ မှားယွင်းကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့မှ အောက်တိုဘာ ၉ ရက်နေ့ည ၇နာရီက ရဲတပ်ဖွဲ့တာဝန်ရှိသူ၏ ပြောကြားချက်အရ သိရသည်။
1 067
စမ်းချောင်းရှိ တိုက်ခန်းတွင် တစ်ဦးတည်းနေထိုင်သော အသက် ၈၀ ဝန်းကျင် အမျိုးသမီး ပုပ်ပွသေဆုံးလျက်တွေ့ရှိ
𝙊𝘾𝙏~𝟵
ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ ရှင်စောပုရပ်ကွက်၊ သုခမိန်လမ်းရှိ တိုက်ခန်းတစ်ခန်းအတွင်း တစ်ဦးတည်းနေထိုင်သော အသက် ၈၀ ဝန်းကျင် အမျိုးသမီးတစ်ဦးကို အောက်တိုဘာ ၉ ရက် နံနက် ၁၁ နာရီ ၅၀ မိနစ်ခန့်က ပုပ်ပွသေဆုံးလျက် တွေ့ရှိခဲ့ကြောင်း သိရသည်။
သေဆုံးသူသည် အဆိုပါတိုက်ခန်းတွင် တစ်ဦးတည်းနေထိုင်သူဖြစ်ပြီး ယင်းနေရာ၌ ကာလကြာရှည် နေထိုင်ခဲ့ကြောင်း ပတ်ဝန်းကျင်၏ ပြောကြားချက်များအရ သိရသော်လည်း သေဆုံးနေသည်မှာ မည်မျှကြာပြီဖြစ်ကြောင်းကိုမူ ကနဦးတွင် အတည်မပြုနိုင်သေးကြောင်း ပရဟိတအသင်းတာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
1 067
ရန်ကုန်-မန္တလေး မီးရထားလမ်းတွင် DEMU ရထားများ စတင်ပြေးဆွဲပြီးနောက် ဇန်နဝါရီ မှ စက်တင်ဘာလအထိ မတော်တဆမှုဖြစ်စဉ် (၁၁)ကြိမ်ဖြစ်ပွားခဲ့ပြီး သေဆုံးသူ (၁၀) ဦးရှိ
ရန်ကုန်-မန္တလေး မီးရထားလမ်းတစ်လျှောက် ခေတ်မီလေအေးပေးစက်ပါ ခရီးသည်စီးအထူးရထား (DEMU) ရထားများ ပြေးဆွဲပြီးနောက်၂၀၂၆ခုနှစ်၊ ဇန်နဝါရီလမှ စက်တင်ဘာလအထိကာလအတွင်း မတော်တဆမှုဖြစ်စဉ် (၁၁)ကြိမ်ဖြစ်ပွားခဲ့ပြီး (၁၀)ဦး သေဆုံးကာ (၃)ဦးဒဏ်ရာရရှိခဲ့ကြောင်း အောက်တိုဘာ ၉ ရက်နေ့က ဖြူးဘူတာတွင် ပြုလုပ်သည့် မှုခင်းအသိပညာပေးဟောပြောပွဲမှ သိရသည်။
1 067
မလေးရှားသို တရားမဝင်သွားရောက်ရန် စုဝေးနေသည့် မြန်မာ ၁၇ ဦးနှင့် တရုတ် ၄ ဦး ထိုင်းတောင်ပိုင်းတွင် ဖမ်းဆီးခံရ
𝙊𝘾𝙏~𝟵
ထိုင်းနိုင်ငံတောင်ပိုင်း၊ နရာသီဝပ်ခရိုင်၊ ဝဲအင်မြိုနယ်၊ လိုဂျွတ်ဒေသရှိ နေအိမ်တစ်အိမ်တွင် မလေးရှားနိုင်ငံသို တရားမဝင်သွားရောက်ရန် စုဝေးနေသည့် မြန်မာနိုင်ငံသား ၁၇ ဦးနှင့် တရုတ်နိုင်ငံသား ၄ ဦးတိုကို အောက်တိုဘာ ၉ ရက်တွင် ဖမ်းဆီးခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲက ပြောကြားသည်။
1 067
စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေး ဟောပြောပွဲကျင်းပ
ဂန့်ဂေါ၊ အောက်တိုဘာ ၉
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြိုတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတိုပူးပေါင်းကာ ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်နှင့်ပြည့်စုံပြီး အသိပညာ ဗဟုသုတများပြည့်ဝ၍ သုတ/ရသစာအုပ်စာပေကိုဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)(စည်ပင်သာယာ)တွင် ကျင်းပပြုလုပ်ခဲ့သည်။
1 067
မလေးရှားနိုင်ငံအတွက်လိုအပ်သည့်သွင်းကုန်များကို မြန်မာနိုင်ငံမှတင်သွင်းရန်ဆန္ဒရှိဟု မလေးရှားနိုင်ငံဝန် ကြီးချုပ်ပြော
မလေးရှားနိုင်ငံအတွက်လိုအပ်လျက်ရှိသည့်သွင်းကုန်များကို မြန်မာနိုင်ငံမှတင်သွင်းနိုင်ရန်ဆန္ဒရှိသည်ဟု မလေးရှားနိုင်ငံဝန်ကြီးချုပ် ဒါတို ဆရီ အန်နဝါ ဘင် အီဘရာဟင် က ယနေ့ အောက်တိုဘာ ၈ ရက်နံနက်ပိုင်းတွင် ကွာလာလမ်ပူမြိုရှိ မလေးရှားနိုင်ငံဝန်ကြီးချုပ်ရုံး၌ကျင်းပသည့် မြန်မာ-မလေးရှားနှစ်နိုင်ငံတွေ့ဆုံဆွေးနွေးပွဲ၌ ပြောကြားခဲ့သည်။
1 067
အခြေခံပညာကျောင်းများတွင် ကျောင်းသားများ ဖုန်းယူဆောင်ခွင့်နှင့် ဆရာ၊ ဆရာမများ စာသင်ချိန် ဖုန်းအသုံးပြုခွင့် တားမြစ်
အခြေခံပညာကျောင်းများ၊ ပုဂ္ဂလိကကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းဝင်းအတွင်း လက်ကိုင်ဖုန်းယူဆောင်ခွင့် လုံးဝတားမြစ်ထားကြောင်း သိရသည်။
1 067
ပိုလျှံသကြားများ ပြည်ပတင်ပိုမည်
မြန်မာနိုင်ငံမှာ နှစ်စဉ်သကြားဖြူတန်ချိန် ၅ သိန်းနီးပါး ထုတ်လုပ်လျက်ရှိပြီး ပြည်တွင်းစားသုံးမှု ဖူလုံစေရေးနဲ့ ပိုလျှံသကြားတွေကို ပြည်ပဈေးကွက်သို တင်ပိုနိုင်ရေးအတွက် ထုတ်လုပ်မှုနည်းပညာနဲ့ စက်ရုံတွေရဲ့ ထုတ်လုပ်နိုင်စွမ်း တိုးတက်ရေးကိုဆောင်ရွက်နေတယ်လို မြန်မာနိုင်ငံသကြားနှင့်ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းက သိရပါတယ်။
1 067
စံမမီ ‘ကျားနဂါး’ မြိတ်ငံပြာရည်နှင့် ‘ကင်းမွန်’ ပဲငံပြာရည်တိုကို ဈေးကွက်မှပြန်သိမ်းမည်
Published 09 October 2026
■ သတ်မှတ်စံနှုန်းထက် Benzoic Acid ၂ ဒသမ ၅၆ ဆကျော်လွန်ပါဝင်နေသည့် ‘ကင်းမွန်’ အမှတ်တံဆိပ် ပဲငံပြာရည်နှင့် နိုက်ထရိုဂျင်ပါဝင်မှု စံနှုန်းမမီသည့် ‘ကျားနဂါး’ အမှတ်တံဆိပ် မြိတ်ငံပြာရည်တိုကို ဈေးကွက်အတွင်းမှ ပြန်လည်ရုပ်သိမ်းရန် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) က အသိပေးထုတ်ပြန်ထားသည်။
1 067
စားသောက်ဆိုင်များ အခွန်အမှတ်တံဆိပ်ပါ ပြေစာ မဖြစ်မနေထုတ်ပေးရန် ပြည်တွင်းအခွန် အသိပေး၊ စားသုံးသူက တောင်းခံသည်ဖြစ်စေ၊ မတောင်းခံသည်ဖြစ်စေ ထုတ်ပေးရမည်၊ မလိုက်နာပါက ဒဏ်ကြေးချမှတ်မည်
စားသောက်ဆိုင်လုပ်ငန်းရှင်များအနေဖြင့် စားသုံးသူများထံမှ ရောင်းရငွေနှင့်အတူ ကျသင့်ကုန်သွယ်လုပ်ငန်းခွန်ကို တစ်ပါတည်းကောက်ခံပြီး အခွန်အမှတ်တံဆိပ်ကပ်နှိပ်ထားသည့် ပြေစာကို စားသုံးသူက တောင်းခံသည်ဖြစ်စေ၊ မတောင်းခံသည်ဖြစ်စေ မဖြစ်မနေ ထုတ်ပေးရန် တာဝန်ရှိကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနက အသိပေးထားသည်။
1 067
အယ်လ်နီညိုကြောင့် မိုးခေါင်ရေရှားခြင်း၊ စိုက်ပျိုးရေ မလုံလောက်ခြင်းတို ဖြစ်ပေါ်နိုင်သဖြင့် ကြိုတင်ပြင်ဆင်ရန် ရေအသုံးချသူများကို ဆည်မြောင်းဦးစီးဌာန တိုက်တွန်း
အားကောင်းသော အယ်လ်နီညို (El Niño) ဖြစ်စဉ်ကြောင့် မိုးခေါင်ရေရှားမှု၊ အပူချိန်မြင့်တက်မှုနှင့် စိုက်ပျိုးရေမလုံလောက်မှုများ ဖြစ်ပေါ်လာနိုင်သဖြင့် ရေအသုံးချသူများအနေဖြင့် ရေကို ချွေတာသုံးစွဲပြီး ရေအရင်းအမြစ်များကို ကြိုတင်စီမံထားကြရန် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက တိုက်တွန်းထားသည်။
