သိင်္ခ
الذهاب إلى القناة على Telegram
အသိတိုး
إظهار المزيدلم يتم تحديد البلدالفئة غير محددة
1 085
المشتركون
-1624 ساعات
-227 أيام
-5430 أيام
أرشيف المشاركات
1 085
သံသယရှိ စစ်သွေးကြွ ၁၁ ဦးကို အင်ဒိုနီးရှား ဖမ်းဆီး
အင်ဒိုနီးရှားနိုင်ငံ အကြမ်းဖက်မှုတိုက်ဖျက်ရေးရဲတပ်ဖွဲက ပြည်နယ်ခြောက်ခုတွင် သံသယရှိ စစ်သွေးကြွ ၁၁ ဦးကို ဖမ်းဆီးခဲ့ပြီး အွန်လိုင်းမှတစ်ဆင့် လူသစ်စုဆောင်းခြင်းနှင့် လက်နက်ကိုင်တွယ်မှု လေ့ကျင့်သင်ကြားပေးခြင်းတို လုပ်ဆောင်နေသည်ဟု ယူဆရသည့် ကွန်ရက်တစ်ခုကို ဖော်ထုတ်ခဲ့ကြောင်း သိရသည်။
1 085
အနောက်တောင်မုတ်သုံလေ မြန်မာတစ်နိုင်ငံလုံးမှ လုံးဝဆုတ်ခွာပြီ
၂၀၂၆ ခုနှစ် မိုးရာသီ၏ အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံတစ်ဝန်းလုံးမှ လုံးဝဆုတ်ခွာသွားပြီဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ အောက်တိုဘာ ၆ ရက်တွင် ထုတ်ပြန်သည်။
အနောက်တောင်မုတ်သုံလေသည် စက်တင်ဘာ ၁၅ ရက်တွင် မြန်မာနိုင်ငံမြောက်ပိုင်းဒေသများမှ စတင်ဆုတ်ခွာခဲ့ပြီး စက်တင်ဘာ ၂၅ ရက်တွင် မြန်မာနိုင်ငံအလယ်ပိုင်းဒေသများ၊ အောက်တိုဘာ ၂ ရက်တွင် မြစ်ဝကျွန်းပေါ်ဒေသများမှ အသီးသီးဆုတ်ခွာခဲ့သည်။
1 085
ခြိမ်းခြောက်မှုများကြောင့် ဗြိတိန်လေတပ်စခန်းမှ B-1 ဗုံးကြဲလေယာဉ်များ ရွှေ့ပြောင်းခဲ့ဟု ထရမ့် ပြော
အီရန်နှင့် ဆက်စပ်မှုရှိနိုင်သည်ဟု ယူဆရသည့် ခြိမ်းခြောက်မှုအချိုကြောင့် ဗြိတိန်နိုင်ငံရှိ RAF Fairford လေတပ်စခန်းမှ အမေရိကန် B-1 ဗုံးကြဲလေယာဉ်များကို ရွှေ့ပြောင်းခဲ့ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တနင်္လာနေ့တွင် ပြောကြားခဲ့သည်။
1 085
မြန်မာ့ Esports သမိုင်းဝင် ရွှေတံဆိပ်ဆုနှင့် အမိမြေသို ပြန်လာသည့် Team Zanaka
(၂၀) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ (20th Asian Games) MLBB ပြိုင်ပွဲတွင် မြန်မာ့ Esports သမိုင်းအတွက် ပထမဆုံး Asian Games ရွှေတံဆိပ်ဆုကို ဆွတ်ခူးပေးခဲ့သည့် မြန်မာလက်ရွေးစင် Team Zanaka (MLBB) အသင်းသည် အောက်တိုဘာ ၅ ရက် နံနက်ပိုင်းတွင် ရန်ကုန်မြိုသို ပြန်လည်ရောက်ရှိလာခဲ့သည်။
Team Zanaka သည် MLBB Grand Finals တွင် အင်ဒိုနီးရှားအသင်းကို (၄-၀) ရလဒ်ဖြင့် အပြတ်အသတ်အနိုင်ရရှိခဲ့ပြီး မြန်မာနိုင်ငံတော်အလံကို အာရှအားကစားစင်မြင့်ထက်တွင် အမြင့်ဆုံးလွှင့်ထူနိုင်ခဲ့ခြင်းဖြစ်သည်။
1 085
ယီမင်၌ ဆော်ဒီဦးဆောင်သည့် ညွန့်ပေါင်းတပ်ဖွဲများက မဟာဗျူဟာကျသော ဘက်အယ်မန်ဒက် ရေလက်ကြားတစ်ဝိုက်ရှိ အဓိကနေရာများကို ဟူရ်သီများထံမှ ပြန်လည်သိမ်းပိုက်
ယီမင်၌ တိုက်ခိုက်နေသော ဆော်ဒီဦးဆောင်သည့် ညွန့်ပေါင်း၏တပ်ဖွဲများက မဟာဗျူဟာကျသော ဘက်အယ်မန်ဒေဘ် ရေလက်ကြားတစ်ဝိုက်ရှိ အဓိကနေရာများကို ဟူသီများထံမှ ပြန်လည်သိမ်းပိုက်ခဲ့သည်ဟု ယီမင်တာဝန်ရှိသူများက အောက်တိုဘာ ၅ ရက်တွင် ပြောကြားခဲ့သည်။
1 085
သီပေါမြိုနယ် လျှပ်စစ်မီးပြန်လည်ဖြန့်ဖြူးနိုင်ရေးအတွက် မိုင်းရှင်းလင်းရေးအပါအဝင် လုပ်ငန်းများ အားသွန်ခွန်စိုက် ဆောင်ရွက်နေဟု ဆို
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြိုနယ်အတွင်း လျှပ်စစ်မီးပြန်လည်ဖြန့်ဖြူးနိုင်ရေးအတွက် ပျက်စီးနေသည့် လျှပ်စစ်လိုင်းများ ပြန်လည်ပြုပြင်ခြင်း၊ လိုင်းသန့်ရှင်းရေးနှင့် ခွဲရုံများ ပြန်လည်တည်ဆောက်ခြင်းတိုအပြင် မိုင်းရှင်းလင်းရေးလုပ်ငန်းများပါ ဆောင်ရွက်နေရကြောင်း သီပေါမြိုနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ပြောကြားသည်။
လျှပ်စစ်မီးပြန်လည်ဖြန့်ဖြူးပေးနိုင်ရေးအတွက် ပထမဦးစားပေးအနေဖြင့် သီပေါနှင့် ကျောက်မဲကြားရှိ ကျေးရွာများသို မီးပြန်လည်ပေးနိုင်ရေး ဆောင်ရွက်နေပြီး ဘော်ကြိုအုပ်စု၊ လောဝ်ခွန်အုပ်စုတိုအပြင် အခြားဒေသများကိုလည်း အဆင့်ဆင့် ဆောင်ရွက်ပေးသွားမည်ဖြစ်သည်ဟုဆိုသည်။
1 085
ထိုင်းနိုင်ငံတွင် ကုန်တင်တွဲကားကြိတ်မိ၍ မြန်မာလုပ်သားတစ်ဦး သေဆုံး
𝙊𝘾𝙏~𝟔
ထိုင်းနိုင်ငံ၊ စမွတ်ပကန်ခရိုင်တွင် အသက် ၂၂ နှစ်အရွယ် မြန်မာအလုပ်သမားတစ်ဦး အလုပ်ဝင်ရန်ပြင်ဆင်နေစဉ် ကုန်တင်တွဲကားကြိတ်မိသဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။
သေဆုံးသူမှာ ကိုဇင်မင်းဦး ဆိုသူဖြစ်သည်ဟု သိရပြီး အောက်တိုဘာ ၃ ရက် နံနက် ၈ နာရီခန့်က အလုပ်ရုံရှေ့တွင် အလုပ်ဝင်ရန်ပြင်ဆင်နေစဉ် ကုန်တင်တွဲကားကြိတ်မိကာ အခင်းဖြစ်ပွားရာနေရာတွင်ပင် သေဆုံးခဲ့ခြင်းဖြစ်သည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ တွဲကားမောင်းနှင်သည့် ထိုင်းနိုင်ငံသားက သေဆုံးသူ၏ ဇနီးနှင့် မိခင်ထံ တောင်းပန်ခဲ့ပြီး သေဆုံးမှုအတွက် လိုအပ်သည့် တာဝန်ယူမှုများ ဆောင်ရွက်ပေးမည်ဟု ပြောကြားထားကြောင်း သိရသည်။
1 085
ဒီအာကွန်ဂိုနိုင်ငံ၏ မြောက်ကီဗူး ပြည်နယ်တွင် အီဘိုလာရောဂါ ကူးစက်မှုများ မြင့်တက်လာကြောင်း MSF သတိပေး
ဒီအာကွန်ဂိုနိုင်ငံ၏ မြောက်ကီဗူးပြည်နယ်တွင် အီဘိုလာရောဂါ ကူးစက်မှုများ မြင့်တက်လာကြောင်း နယ်စည်းမခြား ဆရာဝန်များအဖွဲ (MSF) က အောက်တိုဘာ ၅ ရက်တွင် သတိပေးခဲ့ပြီး ကုသရေးဆိုင်ရာ လုပ်ငန်းများကို ပိုမိုတိုးမြှင့်ဆောင်ရွက်ရန် တိုက်တွန်းခဲ့သည်။
1 085
နိုင်ဂျီးရီးယား အနောက်တောင်ပိုင်းတွင် လေတပ် လေယာဉ်ပျက်ကျသဖြင့် အမှုထမ်းခုနစ်ဦး အပါအဝင် ၃၂ ဦး သေဆုံး
နိုင်ဂျီးယား လေတပ် လေယာဉ်သည် အောက်တိုဘာ ၅ ရက်တွင် နိုင်ငံ၏အနောက် တောင်ပိုင်းတွင် ပျက်ကျခဲ့သဖြင့် လေယာဉ် ပေါ်ရှိ လူ ၃၂ ဦးသေဆုံးခဲ့သည်ဟု သမ္မတဘို လာတီနူဘူးက ပြောကြားခဲ့ပြီး တစ်နိုင်ငံလုံး သုံးရက်ကြာ ဝမ်းနည်းကြောင်း ကြေညာခဲ့သည်။
1 085
သီးထပ်စိုက်ပျိုးမည့် တောင်သူများကို စိုက်ပျိုးစရိတ်ချေးငွေ ထပ်မံထုတ်ချေးမည်
𝙊𝘾𝙏~𝟔
၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း စိုက်ပျိုးစရိတ်ချေးငွေများကို ယခင်နှစ်နှုန်းထားထက် ပျမ်းမျှနှစ်ဆတိုးမြှင့်ထုတ်ချေးပေးနေသည့်အပြင် သီးထပ်စိုက်ပျိုးမည့် တောင်သူများအတွက်လည်း တိုးမြှင့်သတ်မှတ်ထားသည့် ချေးငွေနှုန်းထားအတိုင်း ထပ်မံထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်က အသိပေးထားသည်။
ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်အနေဖြင့် နိုင်ငံတော်အစိုးရ၏ မူဝါဒများနှင့်အညီ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း မိုး၊ ဆောင်းနှင့် မိုးကြိုရာသီအလိုက် စိုက်ပျိုးစရိတ်ချေးငွေများကို ယခင်နှစ်နှုန်းထားထက် ပျမ်းမျှနှစ်ဆတိုးမြှင့်၍ ထုတ်ချေးပေးလျက်ရှိသည်။
1 085
ဟိုပုံးမြိုနယ် နားလုံကျေးရွာအနီး အွန်လိုင်းလိမ်လည်လောင်းကစားလုပ်သူ ၈၇ ဦး ဖမ်းဆီးရမိ
𝙊𝘾𝙏~𝟔
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဟိုပုံးမြိုနယ် နားလုံကျေးရွာအနီးတွင် အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ငန်း လုပ်ကိုင်နေသူ တရုတ်နိုင်ငံသား ၇၅ ဦးနှင့် မြန်မာနိုင်ငံသား ၁၂ ဦး၊ စုစုပေါင်း ၈၇ ဦးကို အောက်တိုဘာ ၅ ရက် နံနက်ပိုင်းက လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
လုံခြုံရေးတပ်ဖွဲဝင်များပါဝင်သည့် ပူးပေါင်းအဖွဲသည် ဒေသခံများ၏ သတင်းပေးပိုချက်အရ ဟိုပုံးမြိုနယ်အတွင်း ယာယီတဲများဆောက်လုပ်၍ အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ငန်း လုပ်ကိုင်နေသူများကို သတင်းကွင်းဆက်ရယူ စုံစမ်းဖော်ထုတ်ခဲ့ပြီးနောက် နံနက် ၇ နာရီခန့်တွင် နားလုံကျေးရွာအနီး၌ ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
အဆိုပါနေရာသည် မိုင်းပွန်မြို၏ အနောက်တောင်ဘက် ၂၁ ကီလိုမီတာခန့်အကွာတွင် တည်ရှိပြီး ဖမ်းဆီးရမိသူများနှင့်အတူ အွန်လိုင်းလုပ်ငန်းလုပ်ကိုင်ရန် အသုံးပြုသည့် STARLINK စက် ၄ စုံ၊ All-in-One ကွန်ပျူတာ ၁၇ လုံး၊ လက်ပ်တော့ ၂ လုံးနှင့် ဖုန်းမျိုးစုံ ၅၂၄ လုံးတိုကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
1 085
တပ်မတော်သားများ စစ်ပညာနှင့် ခေတ်မီလက်နက်နည်းပညာများကို အစဉ်လေ့လာလေ့ကျင့်ရန် ဗိုလ်ချုပ်ကြီး ကျော်စွာလင်း မှာကြား
𝙊𝘾𝙏~𝟔
တပ်မတော်သားများအနေဖြင့် ပြောင်းလဲတိုးတက်လာသည့် စစ်ပညာနှင့် ခေတ်မီစစ်လက်နက်နည်းပညာများကို အစဉ်လေ့လာလေ့ကျင့်ပြီး လက်တွေ့အသုံးချနိုင်သည့် စွမ်းရည်ရှိရန်လိုအပ်ကြောင်း ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းက ပြောကြားခဲ့သည်။
အောက်တိုဘာ ၅ ရက် နံနက်ပိုင်းတွင် တိုက်ကြီးတပ်နယ်ရှိ နယ်မြေခံသင်တန်းကျောင်းသို သွားရောက်၍ နည်းပြအရာရှိများ၊ စစ်သည်များနှင့် သင်တန်းသားများကို တွေ့ဆုံစဉ် ထိုသို ပြောကြားခဲ့ခြင်းဖြစ်သည်။
1 085
ဆော်ဒီကမ်းလွန်မှာ အမေရိကန်ရေတပ် ဟယ်လီကော်ပတာတစ်စီး ပျ-က်ကျသွားပုံရ
ဆော်ဒီအာရေးဗီးယား ကမ်းလွန်မှာ အမေရိကန်ရေတပ်ရဲ့ MH-60R Seahawk တို-က်ခိုက်ရေး ဟယ်လီကော်ပတာတစ်စီး အရေးပေါ် အချက်ပြစနစ် ပိုပြီးတဲ့နောက် လေကြောင်းလိုင်း စောင့်ကြည့်စနစ် (flight-tracking platforms) တွေပေါ်ကနေ ပျေ-ာက်ကွယ်သွားတယ်လို BNO News က ဖော်ပြထားပါတယ်။
သတင်းဖော်ပြချက်တွေအရ ဒီဟယ်လီကော်ပတာဟာ အမြင့်ပေ ၄၇၅ ပေလောက်မှာ ပျံသန်းနေတုန်း အရေးပေါ်အခြေအနေ ကြေညာခဲ့တာပါ။ အဲဒီနောက်မှာတော့ ပြထားတဲ့ အမြင့်ပေက သုညအထိ ချက်ချင်းထိုးဆင်းသွားပြီး ရေဒါပေါ်ကနေ ပျောက်သွားခဲ့တာ ဖြစ်ပါတယ်။ ဆိုရှယ်မီဒီယာ ပိုစ်တွေမှာတော့ ဒီဟယ်လီကော်ပတာဟာ ပင်လယ်နီ (Red Sea) ထဲ ပျ-က်ကျသွားတာ ဖြစ်နိုင်တယ်လို ရေးသားနေကြကြောင်းလည်း သတင်းမှာ ပါရှိပါတယ်။
1 085
ထပ်ဆင့်အကယ်ဒမီ ဂီတမှူး ဦးခင်မောင်ကြီး ကွယ်လွန်
မြန်မာ့ရုပ်ရှင်နှင့် ဂီတလောက၏ ဝါရင့်ဂီတပညာရှင် ထပ်ဆင့်အကယ်ဒမီ ဂီတမှူး ဦးခင်မောင်ကြီးသည် (၉၆)ပါးသော ရောဂါဝေဒနာဖြင့် ယနေ့ အောက်တိုဘာ ၆ ရက် နံနက် ၀၀:၂၅ နာရီတွင် ဘဝတစ်ပါးသို ပြောင်းရွှေ့ကွယ်လွန်သွားပြီဖြစ်ကြောင်း ကျန်ရစ်သူမိသားစု၏ အသိပေးချက်အရ သိရသည်။
ဂီတမှူး ဦးခင်မောင်ကြီးသည် မြန်မာ့ရုပ်ရှင်တေးဂီတလောကတွင် နှစ်ပေါင်းများစွာ ပါဝင်ဖြတ်သန်းခဲ့သည့် ဝါရင့်ဂီတပညာရှင်တစ်ဦးဖြစ်ပြီး ရုပ်ရှင်ဇာတ်ကားများအတွက် နောက်ခံတေးဂီတနှင့် တေးသံစဉ်များ ဖန်တီးပေးခဲ့သူဖြစ်သည်။
1 085
နေပြည်တော်၊ အောက်တိုဘာ ၆
နိုင်ငံတော်ကာကွယ်ရေးတာဝန်သည် နိုင်ငံသားတိုင်းမဖြစ်မနေထမ်းဆောင်ကြရမည့် တာဝန်ဖြစ်သည့်အတွက် ပြည်သူ့စစ်မှုထမ်းသင်တန်းများကို စနစ်တကျဖြင့် အဆင့်အတန်းမီစွာ လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း ပြောကြား
1 085
လေယာဉ်လက်မှတ် ဈေးပိုပေးဝယ်ရပါက အထောက်အထားဖြင့် တိုင်ကြားနိုင်ကြောင်း DCA အသိပေး
လေယာဉ်လက်မှတ်များကို သတ်မှတ်ဈေးနှုန်းထက် ပိုမိုပေးဝယ်ခဲ့ရပါက တိကျသည့် အထောက်အထားများဖြင့် သက်ဆိုင်ရာလေကြောင်းလိုင်းများထံ တိုက်ရိုက်တိုင်ကြားနိုင်ပြီး ဈေးနှုန်းပိုမိုရောင်းချမှုများနှင့် လိမ်လည်ရောင်းချမှုများကို စိစစ်တွေ့ရှိပါက ဥပဒေနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း လေကြောင်းပိုဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (DCA) က အသိပေးထားသည်။
1 085
ဂျာမနီထောက်လှမ်းရေးအဖွဲ အကြီးအကဲက ရုရှားဆင်နွှသည့် လျှိဝှက်စစ်ပွဲ အရှိန်မြင့်တက်လာသည်ဟု သတိပေး
မော်စကိုက ညွှန်ကြားသည့် ပေါင်းစပ်တိုက်ခိုက်မှုများ မြင့်တက်လာသောကြောင့် ဂျာမနီသည် ရုရှားနှင့်ဖြစ်ပွားသည့် ပဋိပက္ခထဲဆွဲသွင်းခံရမည့် အန္တရာယ်ရှိနေသည်ဟု ဂျာမနီ၏ပြည်ပထောက်လှမ်းရေးအကြီးအကဲက အောက်တိုဘာ ၅ ရက်တွင် သတိပေးခဲ့သည်။
1 085
Flydubai တွဲဖက်လေယာဉ်မှူးက ယခင်ကလည်း တဲလ်အဗစ်သိုသွားမည့် လေယာဉ်ကို ပြန်ပေးဆွဲရန် ရည်ရွယ်ခဲ့ပြီး နောက်မှ စိတ်ပြောင်းသွားဟုဆို
Flydubai လေယာဉ်ကို ပြန်ပေးဆွဲရန် ကြိုးပမ်းခဲ့သူဟု စွပ်စွဲခံထားရသည့် အိုမန်နိုင်ငံသား တွဲဖက်လေယာဉ်မှူးက ယခင်ကလည်း တဲလ်အဗစ်မြိုသို ပျံသန်းမည့် လေယာဉ်တစ်စင်းကို ပြန်ပေးဆွဲကာ ပျက်ကျစေရန် ရည်ရွယ်ခဲ့ပြီး နောက်မှ လေယာဉ်ပေါ်တွင် မိမိနှင့်သိကျွမ်းသူတစ်ဦး လိုက်ပါလာသည်ကို သိရသဖြင့် စိတ်ပြောင်းသွားခဲ့သည်ဟု စုံစမ်းစစ်ဆေးသူများကို ထုတ်ပြောခဲ့သည်။
1 085
ရှမ်းပြည်နယ်(တောင်ပိုင်း) ဟိုပုံးမြိုနယ် နားလုံကျေးအနီး အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သူ ၈၇ ဦးကို လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီး
1 085
+3
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအား လိုအပ်သည်များလမ်းညွှန်မှာကြား
နေပြည်တော်၊ အောက်တိုဘာ ၅
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည် နယ်ဝန်ကြီးချုပ်များအား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ ရုံးတော် အစည်းအဝေးခန်းမ၌ တွေ့ဆုံ၍ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
အဆိုပါတွေ့ဆုံပွဲသို့ ဒုတိယသမ္မတများဖြစ်ကြသည့် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ဒုတိယဝန်ကြီးများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက Video Conferencing ဖြင့် တက် ရောက်ကြသည်။
