သိင်္ခ
رفتن به کانال در Telegram
အသိတိုး
نمایش بیشترکشور مشخص نشده استدسته بندی مشخص نشده است
1 086
مشترکین
-1624 ساعت
-227 روز
-5430 روز
آرشیو پست ها
1 086
ဆေးပညာနဲ့ ဇီဝကမ္မဗေဒဆိုင်ရာ နိုဘယ်လ်ဆုကို သိပ္ပံပညာရှင် ၃ ဦး ဆွတ်ခူး
ဆွီဒင်နိုင်ငံ၊ ကာရိုလင်စကာ အင်စတီကျု (Karolinska Institutet) ရဲ့ နိုဘယ်လ်ကော်မတီကနေ ၂၀၂၆ ခုနှစ်အတွက် ဆေးပညာနဲ့ ဇီဝကမ္မဗေဒဆိုင်ရာ နိုဘယ်လ်ဆုကို သိပ္ပံပညာရှင် ၃ ဦးဖြစ်တဲ့ ကားလ် ဒိုင်စရော့ (Karl Deisseroth)၊ ပီတာ ဟက်ဂ်မန်း (Peter Hegemann) နဲ့ ဂေါ့ဂျ် နာဂယ်လ် (Georg Nagel) တိုကို ချီးမြှင့်လိုက်ပါတယ်။
သူတို ၃ ဦးဟာ "အလင်းနဲ့ ထိန်းချုပ်နိုင်တဲ့ အိုင်းယွန်း လမ်းကြောင်းတွေ (light-gated ion channels) နဲ့ အော့ပ်တိုဂျင်နက်တစ် (optogenetics) နည်းပညာကို ရှာဖွေတွေ့ရှိခဲ့တာ" ကြောင့် အခုလို ဆုချီးမြှင့်ခံရတာ ဖြစ်ပါတယ်။
1 086
ကုလသမဂ္ဂညီလာခံ လာတက်သည့် အီရန်ကိုယ်စားလှယ်အဖွဲဝင် နှစ်ဦးကို အမေရိကန်က နှင်ထုတ်
ကုလသမဂ္ဂ အထွေထွေညီလာခံ တက်ရောက်ခဲ့သည့် အီရန်ကိုယ်စားလှယ်အဖွဲဝင် နှစ်ဦးသည် အမေရိကန်နိုင်ငံမှ ထွက်ခွာရန် ညွှန်ကြားချက်ကို လိုက်နာခြင်းမရှိသဖြင့် ၎င်းတိုကို နှင်ထုတ်လိုက်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက အောက်တိုဘာ ၃ ရက်တွင် ကြေညာခဲ့သည်။
“ကုလသမဂ္ဂ အထွေထွေညီလာခံ ပြီးသွားပြီးတဲ့နောက် အချိန်အတော်ကြာသည်အထိ နယူးယောက်မှာ ဆက်လက်ရှိနေတဲ့ အီရန်ကိုယ်စားလှယ်အဖွဲဝင် နှစ်ဦးကို အမေရိကန်နိုင်ငံကနေ နှင်ထုတ်လိုက်ပါပြီ” ဟု အမေရိကန်အရာရှိတစ်ဦးက AFP သတင်းဌာနကို ပြောသည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ထိုကိစ္စကို အလေးအနက်ထား ဆောင်ရွက်နေကြောင်းလည်း ၎င်းအရာရှိကပြောသည်။
1 086
ချွန်ဘူရီကမ်းခြေမှာ မြန်မာဆောက်လုပ်ရေးလုပ်သားတစ်ဦး သေဆုံးလျက်တွေ့
𝙊𝘾𝙏~𝟓
ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်၊ ဆတ္တဟိပ်မြိုနယ်ရှိ တာဝန်ရွန်ကမ်းခြေမှာ အသက် ၃၆ နှစ်အရွယ် မြန်မာနိုင်ငံသား ဆောက်လုပ်ရေးလုပ်သားတစ်ဦးကို အောက်တိုဘာ ၂ ရက်က သေဆုံးလျက်တွေ့ရှိခဲ့တယ်လို ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။
သေဆုံးသူဟာ အနီးနားရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ အလုပ်လုပ်ကိုင်သူဖြစ်ပြီး ကမ်းခြေမှာထိုင်ကာ အရက်သောက်လေ့ရှိသူတစ်ဦးဖြစ်တယ်လို ရဲတပ်ဖွဲက ပြောပါတယ်။
1 086
မြန်မာ - ဂူအမ် အစဉ်အလာကို ပြန်လည်ပြသခဲ့တဲ့ မြန်မာ (ယူ-၁၇) အမျိုးသမီးအသင်း
ယနေ့ အမျိုးသမီး (ယူ-၁၇)ပွဲစဉ်မှာ မြန်မာအမျိုးသမီးအသင်းဟာ အစဉ်အလာအားဖြင့် မြန်မာ - ဂူအမ် ပွဲစဉ်တွေမှာ မြင်တွေ့နေကျ ဖြစ်တဲ့ ဂိုးအရေအတွက်များစွာနဲ့ ပြန်လည်အနိုင်ယူပြခဲ့ပါတယ်။
မြန်မာလက်ရွေးစင်အသင်းကြီးတွေမှာ ယခင်က ဂူအမ်ကို ဂိုးအရေအတွက်များများ ဂိုးပြတ်အနိုင်ယူခဲ့တာတွေ ရှိပေမယ့် နောက်ပိုင်းမှာတော့ ဂိုးပြတ်အနိုင်ရရှိမှု နည်းပါးသွားခဲ့ပါတယ်။
ဒီနေ့မှာတော့ ယူ-၁၇ အမျိုးသမီးများက ဒီအစဉ်အလာကို ပြန်လည်ဖော်ထုတ် ပြသနိုင်ခဲ့ပါတယ်။
ခန္ဓာကိုယ်ကြံ့ခိုင်မှုအပိုင်းမှာ ဂူအမ် က သာတယ်လို ထင်ရပေမယ့် အကောင်သေးသေး မာမာစွာစွာ မြန်မာ(ယူ-၁၇) သမီးပျိုလေးများဟာ ဂူအမ်ကို ပြတ်ပြတ်သားသား (မြန်မာ ၉ - ၀ ဂူအမ်) အနိုင်ရယူပေးခဲ့ပါတယ်။
1 086
မြန်မာနိုင်ငံဘူမိသိပ္ပံအသင်း တည်ထောင်သူ အသက်(၉၀)နှစ်ရှိသည့် ဂုဏ်ထူးဆောင်နာယက ဆရာကြီး ဒေါက်တာဦးသိန်း ယနေ့ ကွယ်လွန်
ရန်ကုန်၊ အောက်တိုဘာ ၅
မြန်မာနိုင်ငံဘူမိသိပ္ပံအသင်း တည်ထောင်သူဖြစ်ပြီး အသက် ၉၀နှစ်အရွယ်ရှိသည့် ဂုဏ်ထူးဆောင်နာယက ဆရာကြီး ပါမောက္ခဒေါက်တာဦးသိန်း(ရန်ကုန်တက္ကသိုလ် ဘူမိဒေဌာန ပါမောက္ခ(ငြိမ်း) သည် ယနေ့ အောက်တိုဘာ ၅ ရက်နေ့တွင် ကွယ်လွန်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
1 086
သီးထပ်စိုက်ပျိုးမည့် တောင်သူများအတွက် စိုက်ပျိုးစရိတ်ချေးငွေ ထပ်မံထုတ်ချေးမည်
၂၀၂၆ ခုနှစ် ဆောင်းရာသီတွင် သီးထပ်စိုက်ပျိုးမည့် တောင်သူများအတွက် စိုက်ပျိုးစရိတ်ချေးငွေများကို တိုးမြှင့်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်က အသိပေးထားသည်။
ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်အနေဖြင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း မိုး၊ ဆောင်းနှင့် မိုးကြိုရာသီအလိုက် စိုက်ပျိုးစရိတ်ချေးငွေများကို ယခင်နှစ်နှုန်းထားထက် ပျမ်းမျှနှစ်ဆတိုးမြှင့်၍ ထုတ်ချေးပေးလျက်ရှိသည်။
1 086
DEMU ရထား လက်မှတ်ကုန်သည်အထိ ခရီးသည်စီးနင်းမှုများပြားနေ
ရန်ကုန်–နေပြည်တော်–မန္တလေး ရထားလမ်းပိုင်းတွင် ခေတ်မီလေအေးပေးစက်ပါ DEMU လူစီးအမြန်ရထားများကို လက်မှတ်ကုန်သည်အထိ ခရီးသည်များ စီးနင်းမှုများပြားလာကြောင်း သိရသည်။
ထိုကြောင့် မြန်မာ့မီးရထားအနေဖြင့် ရထားပြေးဆွဲမှုများ တိုးချဲ့ဆောင်ရွက်ထားပြီး ခရီးသွားပြည်သူများအနေဖြင့် လက်မှတ်များကို ကြိုတင်ဝယ်ယူရန် လိုအပ်လျက်ရှိကြောင်း သိရသည်။
" ရထားလက်မှတ်ကအွန်လိုင်းကနေတောင်တော်တော်နဲ့ဝယ်မရတာများတယ်။ လက်မှတ်ကုန်တာမြန်တယ်။ သူကစီးရတာလည်းအဆင်ပြေတယ်။ အချိန်ကလည်း မှန်တော့ ကားထက်ပိုအဆင်ပြေတယ်။ လက်မှတ်ကိုတော့ သတ်မှတ်ရက်ထက်ကြိုဖြတ်ဖိုလိုတယ်" ဟု ရထားစီးခရီးသည်တစ်ဦးကပြောသည်။
1 086
အီရန်နိုင်ငံမှာ အရပ်ဘက်သုံး နျူကလီးယား အစီအစဉ် လုပ်ဆောင်ဖို 'တရားဝင် အခွင့်အရေး' ရှိတယ်လို တရုတ်ကိုယ်စားလှယ်ပြောကြား
နျူကလီးယားလက်နက် မပြန့်ပွားရေး စာချုပ်(NPT) မှာ ပါဝင်လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်တဲ့အတွက် အီရန်နိုင်ငံအနေနဲ့ ငြိမ်းချမ်းတဲ့ နျူကလီးယား အစီအစဉ်တစ်ခု လုပ်ဆောင်ခွင့်ရှိတယ်လို ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံရဲ့ ဒုတိယ အမြဲတမ်း ကိုယ်စားလှယ်က ပြောကြားလိုက်ပါတယ်။
ကြာသပတေးနေ့က ကျင်းပတဲ့ အထွေထွေညီလာခံမှာကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံရဲ့ ဒုတိယ အမြဲတမ်း ကိုယ်စားလှယ် ဆွန်လိုင်(Sun Lei)က အခုလို ပြောကြားခဲ့တာပါ။
1 086
ပုဂံဒေသ၌ သီတင်းကျွတ်ရုံးပိတ်ရက်အတွက် ဟိုတယ်နှင့် တည်းခိုရိပ်သာ ၈၈ လုံး အခန်းကြိုတင်မှာယူမှု ပြည့်သွားပြီ
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြိုနယ်ရှိ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို သီတင်းကျွတ်ရုံးပိတ်ရက်နှင့် ကျောင်းပိတ်ရက်အတွင်း လာရောက်မည့် ဘုရားဖူးခရီးသွားများ၏ ကြိုတင်အခန်းမှာယူမှုများကြောင့် အောက်တိုဘာ ၂၄ ရက်မှစတင်၍ ဒေသတွင်းရှိ ဟိုတယ်၊ မိုတယ်နှင့် တည်းခိုရိပ်သာ ၈၈ လုံးတွင် အခန်းကြိုတင်မှာယူမှု ပြည့်သွားပြီဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန (ပုဂံရုံးခွဲ) မှ သိရသည်။
1 086
အမြန်လမ်းတွင် သတ်မှတ်အရှိန်ထက် ကျော်လွန်မောင်းနှင်သည့် ခရီးသည်တင် Express ယာဉ်မောင်း ၃ ဦးကို အရေးယူ
ရန်ကုန် - မန္တလေး အမြန်လမ်းမကြီးတွင် သတ်မှတ်အရှိန်နှုန်းထက် ကျော်လွန်၍ အုပ်စုလိုက် မောင်းနှင်ခဲ့ကြသည့် ခရီးသည်တင် Express ယာဉ်မောင်း သုံးဦးကို အမြန်လမ်းမကြီး ဥပဒေအရ အရေးယူဆောင်ရွက်ထားကြောင်း အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲထံမှ သိရသည်။
1 086
တရုတ်အတွက် သူလျှိလုပ်ပေးမှုဖြင့် အမျိုးသမီးတစ်ဦးကို FBI က ဖမ်းဆီးထိန်းသိမ်း
တရုတ်နိုင်ငံအတွက် သူလျှိလုပ်ပေးမှုဖြင့် အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်တွင် နေထိုင်သည့် အမျိုးသမီးတစ်ဦးကို အောက်တိုဘာ ၄ ရက်တွင် ဖက်ဒရယ်ထောက်လှမ်းရေးဗျူရို (FBI) က ဖမ်းဆီးထိန်းသိမ်း လိုက်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
1 086
အမျိုးသမီးစက်ခေါင်းမှူး ၅ ဦးကို မြန်မာ့မီးရထားတွင် ပထမဆုံးအကြိမ် တာဝန်ပေးအပ်
𝙊𝘾𝙏~𝟓
မြန်မာ့မီးရထားတွင် အမျိုးသမီးစက်ခေါင်းမှူး ၅ ဦးကို ပထမဆုံးအကြိမ်အဖြစ် မြိုပတ်မီးရထားများတွင် တွဲဖက်စက်ခေါင်းမှူးများအဖြစ် တာဝန်ပေးအပ်ထားကြောင်း မြန်မာ့မီးရထားမှ သိရသည်။
အမျိုးသမီးစက်ခေါင်းမှူး ၅ ဦးသည် အောက်တိုဘာ ၅ ရက်မှစတင်၍ မြိုပတ်မီးရထားပြေးဆွဲမှုများတွင် DEMU နှင့် RBE ရထားများကို တွဲဖက်စက်ခေါင်းမှူးများအဖြစ် လက်တွေ့တာဝန်ယူမောင်းနှင်နေခြင်းဖြစ်သည်။
အဆိုပါ အမျိုးသမီးစက်ခေါင်းမှူး ၅ ဦးသည် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံဖြိုးရေးဒီဂရီကောလိပ်မှ AGTI ဒီပလိုမာလက်မှတ် ရရှိထားသူများဖြစ်ပြီး မြန်မာ့မီးရထား စက်ခေါင်းမှူးများအဖြစ် တာဝန်ထမ်းဆောင်နိုင်ရန် မိတ္ထီလာမြိုရှိ ဗဟိုပိုဆောင်ဆက်သွယ်ရေးကျောင်းတွင် သင်တန်းတက်ရောက်ခဲ့ကြသည်။
1 086
ယူကရိန်းက ရုရှားရေနံချက်စက်ရုံတွေ၊ ရုရှားက ယူကရိန်းစစ်ရေးနေရာတွေကို တိုက်ခိုက်မယ်လို အပြန်အလှန် ခြိမ်းခြောက်ကြ
အောက်တိုဘာ - ၅ ( တနင်္လာနေ့ )
ယူကရိန်းသမ္မတ ဇီလန်းစကီးက ရုရှားရဲ့ ရေနံချက်စက်ရုံတွေကို တိုက်ခိုက်မှုတွေ တိုးမြှင့်လုပ်ဆောင် သွားမယ်လို ခြိမ်းခြောက်ပြောဆိုခဲ့အပြီးမှာ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနကလည်း ယူကရိန်းမှာရှိတဲ့ စစ်ဘက်ဆိုင်ရာနဲ့ ကာကွယ်ရေးဆိုင်ရာ စက်ရုံ/အဆောက်အအုံတွေကို ပိုပြီး ပြင်းပြင်းထန်ထန် တိုက်ခိုက်သွားမယ်လို သတိပေးလိုက်ပါတယ်။
1 086
မလေးရှားမှ ပြန်လည်ခေါ်ဆောင်လာသူများအနက် မွန်ဒေသခံ ၁၉၈ ဦးအား မော်တော်ယာဉ်များဖြင့် မော်လမြိုင်သို ဆက်လက်ပိုဆောင်
မလေးရှားနိုင်ငံရှိ လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းများတွင် ထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသားများအနက် ပြန်လည်ထွက်ခွာရန် လေယာဉ်စရိတ် မတတ်နိုင်သူ မွန်ဒေသခံ ၁၉၈ ဦးသည် အောက်တိုဘာ ၄ ရက် ည ၇ နာရီ ၄၅ မိနစ်တွင် မော်လမြိုင်မြိုသို ပြန်လည်ရောက်ရှိလာကြောင်း သိရသည်။
မလေးရှားတွင် ထိန်းသိမ်းခံခဲ့ရပြီး လေယာဉ်ခ မတတ်နိုင်သည့် မြန်မာနိုင်ငံသား စိစစ်ပြီးသူ စုစုပေါင်း ၁,၄၇၆ ဦးကို တပ်မတော်စစ်ရေယာဉ်များဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
1 086
ဘရာဇီးသမ္မတရွေးကောက်ပွဲတွင် သမ္မတဟောင်း၏သားနှင့် လက်ရှိသမ္မတတို ထိပ်တိုက်တွေ့
ဘရာဇီးနိုင်ငံတွင် ပြုလုပ်နေသည့် သမ္မတရွေးကောက်ပွဲတွင် သမ္မတဟောင်း၏ သားဖြစ်သူ ဖလာဗီယို ဘော်ဆိုနာရိုနှင့် လက်ရှိသမ္မတ လူးဝစ် အင်နာစီယို လူလာဒါ ဆေးဗားတိုသည် ဒုတိယအကျော့ ရွေးကောက်ပွဲကို ယှဉ်ပြိုင်ရတော့မည်ဖြစ်သည်။
အောက်တိုဘာ ၄ ရက်က ပြုလုပ်ခဲ့သည့် ပထမအကျော့ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်း ၁၂ ဦးပါဝင်ခဲ့ပြီး ၎င်းတိုအနက် အတိုက်အခံကိုယ်စားလှယ်ဖြစ်သည့် လွှတ်တော်အမတ် ဖလာဗီယို ဘော်ဆိုနာရိုက မဲအရေအတွက် ၄၇ ရာခိုင်နှုန်းဖြင့် အများဆုံးရရှိခဲ့ခြင်းဖြစ်သည်။
1 086
ဘယ်လာရုစ်နိုင်ငံ၌ ကျင်းပသည့် INNOPROM စက်မှုပြပွဲသို မြန်မာကိုယ်စားလှယ်အဖွဲ တက်ရောက်
နှစ်နိုင်ငံအကြား ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ စက်မှုကုန်ထုတ်လုပ်မှု၊ နည်းပညာနှင့် MSMEs ကဏ္ဍများ ပူးပေါင်းဆောင်ရွက်နိုင်ရေး ဆွေးနွေးခဲ့
𝙈𝙃𝙏 𝙉𝙀𝙒𝙎《𝙊𝘾𝙏~𝟓》
အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုးနှင့် စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံဖြိုးတိုးတက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းတို ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲသည် ဘယ်လာရုစ်နိုင်ငံ မင့်စ်မြိုတွင် စက်တင်ဘာ ၃၀ ရက်မှ အောက်တိုဘာ ၂ ရက်အထိ ကျင်းပသည့် ဒုတိယအကြိမ်မြောက် အပြည်ပြည်ဆိုင်ရာစက်မှုပြပွဲ (INNOPROM. Belarus) သို တက်ရောက်ခဲ့ကြောင်း သိရသည်။
1 086
ဧရာဝတီတိုင်းတွင် အုပ်စု ၄ အုပ်စု ခွဲ၍ ၂ နာရီလာ ၆ နာရီ ပြတ်အစီအစဉ်ဖြင့် ဓာတ်အားဖြန့်ဖြူးမည်
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြိုနယ်၊ မြိုများတွင် အုပ်စု (၄) အုပ်စု ခွဲ၍ (၂) နာရီ ဓာတ်အားရ (၆) နာရီ ဓာတ်အားပြတ်အစီအစဉ်ဖြင့် ဓာတ်အားဖြန့်ဖြူးပေးမည် ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက အောက်တိုဘာ ၄ ရက်တွင် ထုတ်ပြန်သည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းအနေဖြင့် ဝန်အားမလုံလောက်ခြင်းများ ကြောင့် တိုင်းဒေသကြီး/ပြည်နယ်အလိုက် မဂ္ဂါဝပ်ခွဲတမ်းများခွဲ၍ဝန်အားမျှခြင်းဖြင့် ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိ ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
1 086
ပြည်ပနိုင်ငံ ၃ နိုင်ငံမှ မြန်မာနိုင်ငံသား ၁၁,၄၄၈ ဦးကို မြန်မာနိုင်ငံသို ပြန်လည်ခေါ်ဆောင်ပေးနိုင်ခဲ့
𝙊𝘾𝙏~𝟓
နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ပြည်ပရှိ မြန်မာသံရုံးများနှင့် ကောင်စစ်ဝန်ချုပ်ရုံးများမှတစ်ဆင့် ပြည်ပနိုင်ငံများတွင် အခက်အခဲကြုံတွေ့နေသည့် မြန်မာနိုင်ငံသားများအား မြန်မာနိုင်ငံသို ပြန်လည်ရောက်ရှိနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၆ ခုနှစ်အတွင်း မလေးရှား၊ ကမ္ဘောဒီးယားနှင့် အိန္ဒိယနိုင်ငံတိုမှ မြန်မာနိုင်ငံသား စုစုပေါင်း ၁၁,၄၄၈ ဦးကို ပြန်လည်ခေါ်ဆောင်ပေးနိုင်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
1 086
ပွဲစားတွေမက်လုံးကို လူငယ်တွေ အယုံမလွယ်စေချင်ပါဘူး
မထက်ထက်အောင်(တမူးမြို)
မလေးရှားနိုင်ငံကို သူငယ်ချင်းတွေနဲ့စုပြီး ဘုရားသုံးဆူလမ်းကနေ သွားခဲ့တာပါ။ ထိုင်းကို ဖြတ်ပြီး မလေးရှားထဲကိုဝင်တာနဲ့ အဖမ်းခံရတာပါ။ ကျွန်မ မလေးရှားနိုင်ငံ ထောင်ထဲမှာ ခြောက်လနေခဲ့ရတယ်။ အခုထိ အိမ်နဲ့အဆက်အသွယ်မရသေးပါဘူး။ Camp နဲ့ ထောင်ထဲမှာ အမျိုးသား၊ အမျိုးသမီး မြန်မာနိုင်ငံ သားတွေ အများကြီးကျန်သေးတယ်။ အမျိုးသမီးငယ်တွေ အောက်လမ်းကနေ လုံးဝမသွားစေချင်ပါဘူး။ ငွေရတယ်ဆိုပေမယ့် လူတိုင်းငွေမရဘဲ ဘဝဆုံးတဲ့သူတွေ အများကြီးရှိတယ်ဆိုတာ ဟိုရောက်မှသိရလိုပါ။ ပွဲစားတွေမက်လုံးကို လူငယ်တွေ အယုံမလွယ်စေချင်ပါဘူး။ အလွန်ဒုက္ခရောက်တဲ့အတွက် လုံးဝမသွားစေချင်ပါဘူး။ လူငယ်တစ်ဦးအနေနဲ့ ကျေးဇူးဆိုတဲ့တန်ဖိုးကို သိပါတယ်။ ကျွန်မတို မိဘတွေ မလုပ်ပေးနိုင်တဲ့အရာကို လုပ်ဆောင်ပေးခဲ့တဲ့ နိုင်ငံ့အကြီးအကဲတွေကို ဒီကနေ ဦးခိုက်ပါတယ်။ ကျေးဇူးထက်မြင့်တဲ့အရာထက် ကျေးဇူးပိုပြီးတင်ပါတယ်။ သင်္ဘောပေါ်မှာ လိုလေသေးမရှိအောင် ကူညီစောင့်ရှောက်ပေးကြတဲ့ တပ်မတော်သားတွေကိုလည်း ကျေးဇူးတင်ပါတယ်။ ဟိုမှာ သူငယ်ချင်းတွေ ကျန်ခဲ့သေးတာကြောင့် သူတိုကိုလည်း ခေါ်ဆောင်ပေးစေလိုပါတယ်။
1 086
ကျိုက္ခမီရေလယ်ဆံတော်ရှင်ဘုရားကြီး ဗုဒ္ဓပူဇနိယပွဲတော်ကို သီတင်းကျွတ်ကာ လတွင် စည်ကားစွာ ကျင်းပမည်
မွန်ပြည်နယ်၊ သံဖြူဇရပ်မြိုနယ်၊ ကျိုက္ခမီမြိုရှိ ကျိုက္ခမီဆုတောင်းပြည့် ရေလယ်ဆံတော်ရှင်မြတ်ဘုရားကြီး၏ နှစ်စဉ်ဗုဒ္ဓပူဇနိယပွဲတော်ကို ၁၃၈၈ ခုနှစ် သီတင်း ကျွတ်လဆန်း ၁၄ ရက်မှ သီတင်းကျွတ် လပြည့်ကျော် ၅ ရက်အထိ အစဉ်အလာမပျက် စည်ကားစွာ ကျင်းပသွားမည်ဖြစ်ကြောင်း ဂေါပကအဖွဲမှ သိရသည်။
ပွဲတော်အကြို မဟာပဌာန်းကျမ်းတော်မြတ် ရွတ်ဖတ်ပူဇော်ပွဲကို အောက်တိုဘာ ၂၀ ရက်မှ ၂၄ ရက်အထိ ၅ ရက်တိုင်တိုင် ကျင်းပမည်ဖြစ်ပြီး သီတင်းကျွတ်လပြည့်နေ့ နံနက် ၃ နာရီမှစ၍ ရပ်ဝေးရပ်နီးမှ ဘုရားဖူးလာရောက်သူများ ပါဝင်သည့် ဆွမ်းအိုးမျောပွဲကိုလည်း ကျင်းပမည်ဖြစ်သည်ဟု အသိပေးထားသည်။
ထိုပြင် သီတင်းကျွတ်လပြည့်နေ့ နံနက် ၈ နာရီတွင် ရေလယ်ဘုရားကုန်းတော်ပေါ်ရှိ သာသနာ့ဗိမာန်ခန်းမ၌ အဘိဓမ္မာအခါတော်နေ့ အခမ်းအနားကို ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
