uk
Feedback
Ko Myo Win

Ko Myo Win

Відкрити в Telegram

Return

Показати більше
М'янма14 927Категорія не вказана
6 094
Підписники
+1824 години
+527 днів
+26430 день

Триває завантаження даних...

Схожі канали
Немає даних
Виникли проблеми? Будь ласка, оновіть сторінку або зверніться до нашого support-менеджера.
Хмара тегів
Немає даних
Виникли проблеми? Будь ласка, оновіть сторінку або зверніться до нашого support-менеджера.
Вхідні та вихідні згадування
---
---
---
---
---
---
Залучення підписників
липень '26
липень '26
+208
в 11 каналах
червень '26
+179
в 8 каналах
Get PRO
травень '26
+413
в 8 каналах
Get PRO
квітень '26
+5 549
в 11 каналах
Get PRO
березень '26
+2
в 16 каналах
Дата
Залучення підписників
Згадування
Канали
18 липня+12
17 липня+18
16 липня+10
15 липня+11
14 липня+6
13 липня+6
12 липня+7
11 липня+3
10 липня+6
09 липня+13
08 липня+14
07 липня+13
06 липня+13
05 липня+6
04 липня+17
03 липня+14
02 липня+25
01 липня+14
Дописи каналу
           တူညီဆန္ဒ  ၅ ချက်သည် ပဋိညာဥ် နဲ့ မကိုက်ညီဘူး ကိုက်ညီတယ် ဆိုပြီး အာဆီယံမှာလည်း ကွဲကုန်ရတယ် ။ အဲဒီ တူညီဆန္ဒကို လိုက်လျှောလိုက်ရင်လည်း ကိုယ်တို့ တိုင်းပြည်ဟာ (သီပေါဘုရင် လက်ထက်တုန်းက အင်္ဂလိပ်ကျွန် သန့်သန့်လေးပေါ့ ) ရှက်စရာ ဘုံကျွန်စစ်စစ် နိုင်ငံတော် ဖြစ်ရပါလိမ့်မယ် ။        " ငါတို့အိမ်လေး ဘယ်လောက် ငယ်ငယ် ငါတို့ ပရိဘောဂတွေကို ငါတို့ဘာသာ နေရာချမယ် ၊ အဲဒါကို ဟိုနားထားပါ ဒီနားထားပါ လာပြီး အမိန့်မပေးပါနဲ့ ''         ဆိုပြီး သူ့ပြည်တွင်းရေး ဝင်စွက်တုန်းက ကပ်ကပ်လန် ရန်တွေ့ခဲ့တဲ့ လက်သည်းခွံလောက် တိုင်းပြည် စင်္ကာပူက အခုတော့ မြန်မာပြည်ကို စော်ကားမော်ကား နဲ့ အိမ်တွင်းပရိဘောဂ လာချဖို့ ကြိုးစားရုံမကဘူး သမီးပါ မုဒိန်းကျင့်ဖို့ အားထုတ်နေသလို တွေ့နေရတယ် ။             နိဂုံးချုပ်ရရင် တိုင်းပြည်နဲ့လူမျိုးကို ချစ်တဲ့သူ မှန်ရင် ကိုယ့်ပြည်တွင်းရေးကို အာဆီယံလို အဖွဲ့ မပြောနဲ့ ဘယ်ကောင်မှ လာပြီး ချယ်လှယ်တာကို မခံနိုင်ဘူး ။ မျိုးမစစ်လို့ မျိုးမချစ်တဲ့ သစ္စာဖောက်များကတော့ ဘယ်ပထွေးလာလာ မအေပေးဖို့ အသင့်ဖြစ်နေကြတာမို့ ပြောမနေတော့ဘူး ။              အစိုးရအနေနဲ့လည်း ဒီ အချိန်မှာ ခပ်ချေချေနေပြဖို့ အချိန်ကောင်းပါပဲလို့ သုံးသပ်မိပါတယ် ။          ကိုရွှေမျိုးဝင်း                            

2
ဆူဆူညံညံ အာဆီယံ ==================             8-8-1967 မှာ အင်ဒို ၊ မလေး ၊ ထိုင်း ၊ စင်္ကာပူ ၊ ဖိလစ်ပိုင် တို့နဲ့ စတင်ဖွဲ့စည်း ။            1997 မြန်မာ အဖွဲ့ဝင်ဖြစ် ။       2008 မှာ အာဆီယံ ပဋိညာဥ် ရေးဆွဲခဲ့ ။ အဓိကကျတဲ့ ငြင်းခုန်နေရတဲ့ အချက်... -   အခန်း ၂ -  အပိုဒ် ၂ (က) အချုပ်အခြာ အာဏာ ကို လေးစားရန်          အပိုဒ် ၂ ( င) ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းမပြုရ          ဒီ ၂ ချက်က ကျနော်တို့ မြန်မာနိုင်ငံ စွဲကိုင်ထားတဲ့ အချက်......   - အပိုဒ် ၂  (ခ) ဒေသတွင်း ငြိမ်းချမ်းရေး၊ လုံခြုံရေး နှင့် ဖွံဖြိုး တိုးတက်ရေးကို စုပေါင်း အကောင်အထည်ဖော်ရန်၊ - အပိုဒ် ၂ ( ဇ) တရား ဥပဒေစိုးမိုးမှု၊ ကောင်းမွန်သော အုပ်ချုပ်မှု၊ ဒီမိုကရေစီအခြေခံမူများ နှင့် အခြေခံ ဥပဒေနှင့် အညီ အုပ်ချုပ်မှူကို လိုက်နာရန် ၊ - အပိုဒ်  ၂ (ည)  ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း ၊ လူသားချင်း စာနာ ထောက် ထားမှုဆိုင်ရာ ဥပဒေများအပါအဝင် နိုင်ငံတကာ ဥပဒေများကို လိုက်နာကျင့်သုံးရန် ..          ဒါက မိမိတို့ အိမ်တွင်းရေး ဝင်စွက်ချင်ပြီး သြဇာ အာဏာပြ အမိန့်ပေးချင်နေသူက အကြောင်းပြတဲ့ အချက် ၃ ချက် ။        ကောင်းပြီ သူတို့ပြောတဲ့ ၃ ချက်ကို တချက်ခြင်း လေ့လာကြည့်မယ်ဗျ ။ ၁ ။ ဒေသတွင်း ငြိမ်းချမ်းရေး နဲ့ လုံခြုံရေး ပဲ ရည်ရွယ်ထားတာပါ...ဟုတ်ပြီ ကျုပ်တို့ တိုင်းပြည်က ကိုယ့်ပြည်တွင်းရေးကိုယ်ရှင်းနေတာလေ.. ထိုင်းလို ကမ္ဘောဒီးယားကို ဝင်တိုက်နေတာလည်း မဟုတ်ဖူးလေ.. လုံခြုံရေးကို လျော့ရဲရဲ ကိုင်ခဲ့လို့ မြို့တွေ ရွာတွေ လူကြားမကောင်းဆုံးရှုံးပြီးပြီလေ ဒီထက်လျှော့ပေးရရင် တပ်မတော်ကို ဖျက်သိမ်းပြီး သူပုန်ကို အာဏာအပ်ဖို့ပဲ ရှိတော့တာပေါ့ .. ၂ ။ အေးလေ အစိုးရကလည်း သူပုန်လက်ထဲက တရားဥပဒေမဲ့ အုပ်ချုပ်ခံနေရတဲ့ ပြည်သူတွေအတွက် တိုက်နေရတာလေ.. ဒါလည်း တို့ရဲ့ ၂၀၀၈ ခြေ/ဥ ပေးထားချက်များအရ ဥပဒေနဲ့ အညီ လုပ်နေရတာပဲလေ... တို့ ခြေ / ဥ နဲ့ တို့ မအုပ်ချုပ်ပဲ မင်းတို့ အမေ့လင်ငယ် ခြေ / ဥ နဲ့ အုပ်ချုပ်ရမှာလား ဟ ။ ၃ ။ အေးပါ အေးပါ ကုလသမဂ္ဂ တို့ နိုင်ငံတကာ ဥပဒေတို့ ဆိုတာကို အခု အစ္စရေး နဲ့ အမေရိကန်ကို သွားပြော... ရုရှားကို သွားပြောလေ ထရန့် နဲ့ ပူတင်က ဆီ မဆွတ်ပဲ ချလွှတ်လိုက်လို့ အဘားးးအဘားးအော်သွားရမယ်....              ကဲ သူတို့ပြောတဲ့ အချက် ၃ ချက်က တကယ်တမ်းကျတော့ ဘာမှ အရေးပါတာမဟုတ်ဖူး ( လက်တွေ့မဆန်ပဲ နိုင်လို့ရမယ် ထင်တဲ့ တိုင်းပြည်ပဲ ဒုက္ခပေးနေတာ လေ..  ဒေသ တည်ငြိမ်ရေးဆို ထိုင်း နဲ့ ကမ္ဘောဒီးယားကို ပိတ်ပင်ကြလေ.. နင့်မေလွှား သူပုန်ထလို့ ချေမှုံးနေရတဲ့ တိုင်းပြည်လာပြီး ပိတ်ပင်ရသလား...          ခြေ / ဥ နဲ့အညီ အုပ်ချုပ်သလား မအုပ်ချုပ်ဖူးလား သိချင်ရင် မင်းတို့ အာဆီယံ ၁၀ နိုင်ငံက ဥပဒေအရာရှိချုပ်တွေကို မြန်မာပြည်လွှတ်လိုက် ၂၀၀၈ ​ခြေ/ဥ ကို အလွတ်ကျက်ခိုင်းမယ် မရရင် ပါးရိုက်လွှတ်မယ်...             ကုလ နဲ့ နိုင်ငံတကာခေတ် ကုန်သွားပြီ တောပြော တောင်ပြော ပြောမနေနဲ့ မင်းတို့ ပုတီးစိပ်နေတဲ့ ICC တောင် ထရန့်က ဆော်မလို့တဲ့ ၊ ကုလဆို ပြောမနေနဲ့ လစာ ပေးစရာကုန်နေပါပြီလို့ တောင်းစားနေရတဲ့ အထိ ဘဝပျက်နေပြီ ..         ကဲ သိပ်ပြီး လေကျယ်နေတဲ့ ဘုံ သဘောတူညီချက် ၅ ချက် လေ့လာစို့...       24 - 4 - 2021 မှာ အင်ဒိုနီးရှား ဂျကာတာမြို့မှာ အာဆီယံဥက္ကဌ ဘရူးနိုင်းဘုရင် ဦးဆောင်ပြီး အလွတ်သဘော အစည်းအဝေးပြုလုပ်တယ် ။ မြန်မာပြည်က ဦးမင်းအောင်လှိုင် တက်ရောက်ခဲ့တယ် ။ ၁ ။ အကြမ်းဖက်မှုအားလုံးကို ချက်ခြင်းရပ်ဆိုင်းရန်။ သက်ဆိုင်သည့် အဖွဲ့အစည်းအားလုံးက အစွမ်းကုန် ထိန်းသိမ်း ဆောင်ရွက်ရန်။ ၂။ ပြည်သူများအကျိုးအတွက် ငြိမ်းချမ်းစွာဖြေရှင်းနိုင်ရေး သက်ဆိုင်ရာအဖွဲ့အစည်းများကြား အပြုသဘောဆောင်ဆွေးနွေးမှုများ ပြုလုပ်ရန်။ ၃။ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ၏ အထူးကိုယ်စားလှယ်မှ အထက်ပါဆွေးနွေးမှုများပြုလုပ်နိုင် အောင် ကူညီပံ့ပိုးရန်။ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ အထက်ပါပုဂ္ဂိုလ်အား အထောက်အကူ ပေးရန်။ ၄။ အာဆီယံက လူသားချင်းစာနာထောက်ထားမှု အကူအညီများထောက်ပံ့ပေးရန်။ ၅။ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ၏ အထူးကိုယ်စားလှယ် မြန်မာနိုင်ငံသို့ သွားရောက်ပြီး သက်ဆိုင် သောအဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များ(all parties concerned )နှင့် တွေ့ဆုံရန်        အဲဒီ တူညီ ဆန္ဒ ၅ ချက်ကို 26 - 4 - 2021 မှာ ထုတ်ပြန်ခဲ့တယ် ။ မြန်မာက မကန့်ကွက်ခဲ့ပါဘူး ။ သို့သော် ဒီ ၅ ချက်ကို နင်းပြီး မတော်တရော် အမိန့်ပေး တောင်းဆိုလာချိန်ကြမှ မြန်မာအစိုးရ အလုံးစုံ မလိုက်ရောတော့ဘူး ။          ဒီတော့ 15 - 10 - 2021 မှာ အာဆီယံ အစည်းအဝေးခေါ်တယ် ။ 24 - 10 - 2021 ကနေ 26 - 10 - 2021 ထိ ကျင်းပတဲ့ အာဆီယံ နောက်ဆက်တွဲ အစည်းအဝေးကျမှ မြန်မာနိုင်ငံကို နိုင်ငံရေးရာထူးယူထားတဲ့ ကိုယ်စားလှယ် အစည်းအဝေး မတက်စေရဆိုပြီး ဆုံးဖြတ်ကြတယ် ။ အဲဒါ အခုချိန်ထိ ပြဿနာတက်နေရတဲ့ အခြေခံ အကြောင်းရင်းတွေပဲ ။
1 331
3
          လက်သုံးတော် ကျောက်စီဓားဆိုတာ ဘုရင်တပါးအတွက် တကြိမ်သာ ချီးမြှင့်လေ့ရှိပြီး ယခု ကျော်ထင်နော်ရထာသည်ကား ဖခင် မင်းကျီးညိုရဲ့ ကျောက်စီဓားရော ၊ သားတော်တပင်ရွှေထီးရဲ့ ကျော်စီဓားရော ချီးမြှင့်ခံရတဲ့ ရှားရှားပါးပါး သူရဲကောင်း ဖြစ်ပါတော့တယ် ။               တပင်ရွှေထီးလည်း ငါ သွားတဲ့ နေရာကို တကယ့်စစ်သား သူရဲကောင်း အစစ်တွေကိုပဲ ခေါ်သွားမယ် ။ ကြောက်ရွံ့တတ်သူ မပါစေနဲ့ နောင်တော်ကြီး ကျော်ထင်နော်ရထာ လူရွေးချယ်ဖို့ စီမံပါ ၊ လူပေါ့ လူကြောက် ငါ အလိုမရှိ ဆိုပြီး မိန့်တော်မူပါတယ် ။          ဒီနေရာမှာ ကျော်ထင်နော်ရထာက စစ်တိုက်စားမယ့် စစ်ဗိုလ်ချုပ်များ အတွက် ထာဝရ မှတ်သားရမယ့် ဂါထာ ၂ ပုဒ်နဲ့ တပင်ရွှေထီးအား ဒီလို လျှောက်တင်ပါတော့တယ်......         ကိုရွှေမျိုးဝင်း             
5 065
4
           တနေ့ မင်းရဲကျော်စွာက သူ့ရဲ့ ငယ်ကျွန်များနဲ့ ဟံသာဝတီမြို့ပြင် ထွက်သွားပါတယ် ။ ထီးနန်းဆုံးရှုံးမှာကို သေမလောက် ကြောက်နေတဲ့ ဓမ္မစေတီမင်းလည်း... " ငါ့ကို မမြင်လို၍ ထွက်သွားသော သားတော် မင်းရဲကျော်စွာကို ငါလည်း မမြင်လိုတော့ ''          ဆိုပြီး ရာဇပရိယာယ်နဲ့ မိမိသားအရင်းကိုပင် အာဏာရမ္မက်ဖြင့် ရက်စက်စွာ သတ်ခိုင်းလိုက်ပါတယ် ။ ဒါကြောင့် မင်းရဲကျော်စွာကို ဖမ်းပြီး ကွပ်မျက်ဖို့ လုပ်ကြပါတယ် ။ သတ်ခါနီးမှာ မင်းရဲကျော်စွာက ရွှေမော်ဓောဘုရားကို ကန်တော့ပြီး.. " ငါ့ ခမည်းတော် တလိုင်းဘုရင်သည် အပြစ်မရှိပဲ အပြစ်ရှာ၍ ငါ့ကို ကွပ်မျက်တော့မည် ၊ နောင်ဘဝ၌ ငါသည် တလိုင်းဘုရင်ကို လွှမ်းမိုး၍ တလိုင်းမျိုးကို လွှမ်းမိုးအုပ်စိုးရစေသား ''        ဆိုပြီး အဓိဌာန်သွားပါတယ် ။ အာဏာရမ္မက် လွှမ်းမိုးအားကြီးလာရင် သားတော်ကော တစိမ်းကော ရွေးချယ်မနေပဲ သတ်လေ့ရှိတဲ့ ဓလေ့ကြောင့် မင်းရဲကျော်စွာဟာ ဖခင်ရင်းရဲ့ သတ်​ဖြက်ခြင်းကို နာကြည်းစွာ ခံလိုက်ရပါတော့တယ် ။           တောင်ငူမှာ တပင်ရွှေထီးမွေးဖွားတော့ မွန်ပညာရှိရော မြန်မာပညာရှိရော မင်းရဲကျော်စွာ ဝင်စားတဲ့ ကလေး မွေးဖွားလာပြီ ဆိုကာ ဥဒါန်းစကား ပြောလာကြပါတော့တယ် ။ ဒီကြားထဲ ရာဇပရ်ိယာယ်လား မသိဘူး မင်းကျီးညို ကိုယ်တိုင် တလိုင်းမင်းသား မင်းရဲကျော်စွာ ဝင်စားတာသေချာကြောင်း သူအိပ်မက် မက်ခဲ့ကြောင်း မိန့်ကြားလိုက်တော့ ပိုပြီး ခိုင်လုံသွားပါတော့တယ် ။            ဒီပုံပြင်တွေနဲ့ ကြီးပြင်းလာရတဲ့ သုရှင်တကာရွတ်ပိက တပင်ရွှေထီးကို မွန် တွေရဲ့ ရန်သူကြီးအဖြစ် လူမှန်းသူမှန်း သိကတည်းက သတ်မှတ်ပြီး ဖြစ်ပါတယ် ။ ထို့အတူ ယင်းအဖြစ်အပျက်ထဲက မင်းရဲကျော်စွာရဲ့ မတရားသဖြင့် သတ်ဖြတ်ခံရမှု အပေါ် မခံချင်စိတ်အမြဲဖြစ်နေရတဲ့ တပင်ရွှေထီးရဲ့ ရင်ထဲမှာလည်း ( လူဝင်စား ဟုတ်တာ မဟုတ်တာ အပထား) မွန်တွေအပေါ် လက်စားချေချင်စိတ် လွှမ်းမိုးနေတာပါပဲ ။           ငယ်စဥ်ထဲက တောင်ငူရဲ့ တောင်ဘက်အရပ်ရှိ ဟံသာဝတီကို လွှမ်းမိုးသိမ်းပိုက်ဖို့ အမြဲကြုံးဝါးနေတဲ့ တပင်ရွှေထီးဟာ သူ နန်းသိမ်းပွဲ ခံယူပြီးလို့ ၂ နှစ်အကြာ (သက္ကရာဇ် ၈၉၄) သက်တော် ၁၇ နှစ်သား အရွယ်ရောက်တာနဲ့ သူ့ဇကို ပြလာပါတယ် ။               မှူးမတ်များက သက်တော် ၁၇ နှစ် ကျော်လာပြီး ဖြစ်လို့ ထုံးစံအတိုင်း နားထွင်း မင်္ဂလာကျင်းပဖို့ လျှောက်တင်ကြပါတယ် ။ ဒါကိုလည်း တပင်ရွှေထီးက လက်ခံတယ် ။ ဒါပေမယ့် ပြဿနာက နားထွင်းမယ့်ပွဲ ကျင်းပမယ့် နေရာအတွက် ခေါင်းကိုက်ကြရတာပါပဲ ။            တပင်ရွှေထီးက နားထွင်းပွဲကို မွန် တလိုင်းပိုင်နက် ရွှေမော်ဓောဘုရားမှာ ထွင်းမယ် ဆိုတော့ မှူးကြီးမတ်ရာတွေ မျက်လုံးပြူးကြရပါပြီ ။ ထုံးတမ်းစဥ်လာအရ မိမိနန်းတွင်းမှာ ကျင်းပလေ့ရှိတဲ့ နားထွင်းမင်္ဂလာကို ရန်သူ့နယ်ထဲ ကျင်းပရမယ် ဆိုတော့ ငြင်းကြ ခုန်ကြနဲ့ ပွဲဆူသွားပါတယ် ။ ဒီတော့ အထိမ်းတော်ကြီး မင်းရဲသိင်္ခသူ ( ဘုရင့်နောင်ဖခင် မင်းကြီးဆွေ) က... " တလိုင်းဘုရင် ဗညားဦးက မူလ တလိုင်းမြို့တော် မုတ္တမှ ယခု ဟံသာဝတီသို့ ပြောင်းရွှေ့စံတော်မူသည်မှာ ရွှေမော်ဓောဘုရား တည်ရာ ဟင်္သါကုန်းသည် အောင်မြေအစစ်ဖြစ်သည် ၊ ဟင်္သါကုန်းကို မျက်နှာစာပြု၍ မြို့တည်လျှင် စည်ပင်ဝဖြိုးမည်ဟု ယုံကြည်၍ ဖြစ်ပါတယ် ၊ သူ၏ သားတော် ရာဇာဓိရာဇ်လက်ထက်မှ စတင်ပြီး ဟံသာဝတီကြီး စည်ကားသိုက်မြိုက်လာသည်မှာ ယခုတိုင် ဖြစ်ပါတယ် ၊ ထို့ကြောင့် မွန် တလိုင်းတို့ရဲ့ အောင်မြေဖြစ်သော ရွှေမော်ဓောမှာ နားထွင်းမင်္ဂလာပြုလုပ်သည်မှာ နောင်တချိန်တွင် တလိုင်းသုံးရပ်လုံးကို အုပ်စိုးရမယ့် နမိတ်ဖြစ်သောကြောင့် သင့်လျှော်ပါတယ်ဘုရား ''              သူ့အကြံကို ထောက်ခံသူ ရှာနေတဲ့ တပင်ရွှေထီးလည်း ဝမ်းသာအားရ... " ခမည်းတော်ရင်းပမာ လွန်စွာမြတ်နိုး၍ အားကိုးရသော မင်းရဲသိင်္ခသူရဲ့ လျှောက်တင်ချက်ကို ကန့်ကွက်မယ့်သူ ရှိပါသလား ''.             ဘုရင်ကလည်း လုပ်ချင်နေတယ် ၊ ထောက်ခံနေတာလည်း ဘုရင့်ရဲ့ ငယ်ဆရာသာမက ဘုရင့် ယောက္ခမ ဆိုတော့ ဘယ်အမတ်မှ မကန့်ကွက်ကြတော့ပါဘူး ။ ကန့်ကွက်မယ့်သူ မရှိတဲ့ အချိန် ကျော်ထင်နော်ရထာက.... " ရွှေမော်ဓောမှာ နားထွင်းမယ့် ကိစ္စအတွက် ပြဿနာမရှိနိုင်ပါဘူး ၊ ကျနော်မျိုးကိုယ်တိုင် ရှေ့တော်ပြေးအဖြစ် ရန်စွယ်များကို ရှင်းလင်းပါမည် ၊ နွား တသိန်းရှိသော်လည်း ခြင်္သေ့မင်းလာလျှင် အားလုံးပြေးရသကဲ့သို့ အရှင်မင်းကြီး ထွက်လာရင် တလိုင်းတို့ ပြေးကြရပါလိမ့်မယ် မာန်နတ်တားသော်မှ မရနိုင်သော ဘုန်းကံ အရှင့်မှာ ရှိပြီးဖြစ်ပါတယ် ''            တပင်ရွှေထီးအတွက်တော့ နှလုံးပီတိဆီထိဂွမ်းပမာ ဖြစ်ရပါလေပြီ ။ တကယ်တမ်းကြတော့ သားအဖ နှစ်ယောက်ရဲ့ လျှောက်တင်ချက်တွေက သူ့ရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ ပထမဆုံး ခြေလှမ်းအတွက် အားဆေးကြီးတွေမို့ ယောက္ဖတော် လျှောက်တင်ပြီးတာနဲ့ ဝမ်းသာအားရ သူ့ရဲ့ လက်သုံးတော် ကျောက်စီဓားကို ချီးမြှင့်လိုက်ပါတော့တယ် ။
4 837
5
တပင်ရွှေထီး နဲ့ ဘုရင့်နောင် (12) ==========================           ကျော်ထင်နော်ရထာ စိတ်ပူရတာက သူ့ရဲ့ ငယ်ချစ် သခင်ကြီးနဲ့ သူ့ရဲ့ ရှေ့ရေးပါပဲ ။ သူကလည်း သူ့အတွေအကြုံအရ ပလ္လင်ပေါ် ရောက်သွားရင် ပြောင်းလဲသွားတန်တဲ့ လူ့သဘောကို သူကောင်းစွာ သိနေတယ် ။              တချိန်တုန်းက သူ့ကို သေဒဏ်ပေးခဲ့တဲ့ မင်းကျီးညိုဟာ ဇာတာကြည့်ပြီး ခွင့်လွှတ်ခဲ့ပေမယ့် သမီးတော် နဲ့ မပေးစားခဲ့ပါဘူး ။ အဲဒီ အချိန်တုန်းက အမတော်နဲ့ သဘောတူခဲ့တဲ့ နို့စို့ဖက် တပင်ရွှေထီးက ယခုအခါ ပလ္လင်ပေါ် ရောက်သွားပါပြီ ။ သူကရော စိတ်ထားပြောင်းပြီး သဘောမတူတော့ရင် ဘာဆက်လုပ်ရမလဲ ပူပန်နေရတာပါပဲ ။              သူကသာ ပူပန်နေတာပါ တကယ်တမ်းကျတော့ တပင်ရွှေထီးက အဲဒီ အရေး သူ့ရဲ့ အထိမ်းတော်ကြီးတွေ နဲ့ တိုင်ပင်နေကြပါပြီ ။ မင်းတရားရွှေထီးက မင်းကျီးညိုရဲ့ ရည်မှန်းချက်တွေနဲ့ မလုပ်နိုင်ခဲ့တာတွေ ဘာတွေ ရှိသေးလဲ မေးပါတယ် ။ ပြည် နဲ့ ဟံသာဝတီကို သိမ်းပိုက်ရုံ မက အင်းဝကိုပါ သိမ်းပိုက်၍ မြန်မာပြည်အား တစုတလုံးတည်း စုရုံးစေလိုကြောင်း လျှောက်တင်ကြပါတယ် ။             ဒါကိုတော့ မဖြစ်မနေ ဆက်လုပ်ကြရမှာဖြစ်ကြောင်း မိန့်ပါတယ် ။ ပြီးတော့ သူနဲ့ ကျော်ထင်နော်ရထာ ငယ်စဥ်ကတည်းက တိုင်းပြည်ရဲ့ နယ်တမိတ်ကို ချဲ့ထွင်ကြဖို့ တိုင်ပင်ခဲ့ကြဖူးကြောင်း ၊ ယခု ထီးနန်းစိုးစံချိန်မှာလည်း နို့စို့ဖက်ကို အားကိုးရမှာပဲလို့ မိန့်ကြားပြီး ဖခမည်းတော် လက်ထက်တုန်းက မပြီးပြတ်သေးတဲ့ အလုပ်တခု အခု ပြီးအောင် ဆောင်ရွက်မယ်လို့ ပြောပါတယ် ။              ဘာကိစ္စလဲဟု မေးတော့ မိမိ အမတော် သခင်ကြီး နဲ့ ကျော်ထင်နော်ရထာတို့ကို လက်ထက်ပေးရမယ် ၊ ဘုရင် နဲ့ ဆွေမျိုးစပ်ပြီး အပြန်အလှန် အားထားကြရမယ်လို့ မိန့်တော်မူပြီး လက်ထက်ပွဲကို အကြီးအကျယ် ကျင်းပပေးလိုက်ပါတယ် ။            ကျော်ထင်နော်ရထာရဲ့ အပူမီးကို တပင်ရွှေထီးက ငြိမ်းသတ်ပေးပြီးနောက် ကေတုမတီဟာလည်း တနေ့တခြား အားကြီးလာနေပါတယ် ။ အထူးသဖြင့် ထိုကာလများမှာ တောင်ငူသစ်တောများမှ ဆင်ပေါင်းများစွာ ထူးထူးခြားခြား ဖမ်းဆီးရခဲ့ကြတာပါ ။ ထိုကာလများတုန်းက ဘုရင်တပါးရဲ့ စစ်အင်အားသည် ဆင်တပ်အပေါ် များစွာမှီခိုနေရချိန်မို့ တောင်ငူရဲ့ စစ်အင်အား အဆမတန် တိုးပွားလာရပါတယ် ။               ထိုအချိန်မှာ အင်းဝရှိ မင်းကြီးရန်နောင်ကလည်း တောင်ငူသတင်းကြောင့် ငါတို့ ဗမာတွေ ခိုလှုံရာ မင်းကောင်းမင်းမြတ် ထွန်းကားနေပေပြီ ဆိုပြီး ဝမ်း​မြောက်ဝမ်းသာနဲ့ သဝဏ်လွှာများ တိတ်တဆိတ်ပေးပို့ ဂုဏ်ပြုခဲ့ပါတယ် ။ ထို့အပြင် ရှေးကထက် ပိုပြီး အင်းဝသား ရဟန်းပညာရှိ လူပညာရှိ နဲ့ လုင်ပျိုများအား တောင်ငူသို့ ခိုလှုံစေခဲ့ပါတယ် ။          ရောက်လာသမျှသော အင်းဝသားများအား တပင်ရွှေထီးကလည်း ဝမ်းသာအားရ ကြိုဆိုပြီး သင့်ရာ သင့်ရာ ချီးမြှောက် နေရာချထားပေးပါတယ် ။ မင်းကြီးရန်နောင်ရဲ့ အကြံပြု သဝဏ်လွှာများအပေါ် ​​လေးစားစွာ နာယူကြပါတယ် ။ မင်းကြီးရန်နောင် အပေါ်ကိုလည်း မိမိတို့ ဦးကြီးအရင်းသဖွယ် လေးစားစွာ ဆက်ဆံခဲ့ကြပါတယ် ။          အဲဒီ အချိန်မှာ ပြည်ဘုရင် ဘုရင်ထွေးကတော့ တချိန်က သူနဲ့ သွေးတူ မွှေးတူ ကေတုမတီကို အထင်မကြီးပါဘူး ။ ဘုရင်ပေါက်စ တပင်ရွှေထီးကိုလည်း လူကြီးတွေ အလွန်အကျွံ မြှောက်ပင့်နေလို့ နာမည်ကြီးနေတဲ့ မင်းတပါးပါလို့ပဲ သတ်မှတ်ထားပါတယ် ။            အဲဒါကြောင့် သူကလည်း သူ့အဖေ သတိုးမင်းစောလို ကျင့်ကြံပြန်ပါတယ် ။ အဲဒါကတော့ မိမိတို့နဲ့ လူမျိုးတူ ဘာသာတူ တောင်ငူနဲ့ မပူးပေါင်းပဲ ဟံသာဝတီ ရှိ မွန်လူမျိုးနဲ့ ပူးပေါင်းတာပါပဲ ။          ဟံသာဝတီဘုရင် သုရှင်တကာရွတ်ပိကလည်း ပြည်ဘုရင်နှင့် မဟာမိတ်ပြုလုပ်ကာ တိုင်းရေးပြည်ရာ မလိမ္မာသေးသော မင်းပျိုမင်းလွင် တပင်ရွှေထီးရဲ့ တောင်ငူကို ပြည်ဘုရင်နှင့် ပူးပေါင်းပြီး ညက်ညက်ကြေအောင် ချေပစ်ရမယ်လို့ ကြုံးဝါးနေပါတယ် ။               သုရှင်တကာရွတ်ပိက တပင်ရွှေထီးကို ဦးချိုးရမယ်လို့ ရှေးကတည်းက တွေးဆထားသူဖြစ်ပါတယ် ။ သူငယ်စဥ်ကတည်းက ဟံသာဝတီ နန်းတွင်းမှာ လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားတဲ့ ကာလရှိခဲ့ဖူးပါတယ် ။ အဲဒါကတော့ တောင်ငူမှာ တပင်ရွှေထီး မွေးဖွားချိန်က ဖြစ်ပါတယ် ။ ဘာ့ကြောင့် တပင်ရွှေထီး မွေးတာနဲ့ ဟံသာဝတီနန်းတွင်းလှုပ်ခတ်ရသလဲ ဆိုတော့......            တချိန်တုန်းက ဟံသာဝတီမွန်ဘုရင် ဓမ္မစေတီမင်းမှာ သားတော်တပါး ထွန်းကားခဲ့ပါတယ် ။ အမည်က မင်းရဲကျော်စွာ တဲ့ ( မြန်မာဘုရင် မင်းခေါင် ရဲ့ နာမည်ကျော် သားတော် မင်းရဲကျော်စွာ ရဲ့ အမည်ကို ပြန်လည်ပေးထားခြင်း ဖြစ်ပါတယ် ထိုကာလများမှာ မြန်မာ မင်းရဲကျော်စွာ ကွယ်လွန်သွားခဲ့ပြီး ဖြစ်ပါတယ်)             ဓမ္မစေတီမင်းရဲ့ သားတော် မင်းရဲကျော်စွာက သတ္တိကောင်းတယ် ထက်မြက်တယ် လူချစ်လူခင်ပေါတယ် ။ အရွယ်ရောက်လာတော့ ဓမ္မစေတီမင်းကိုယ်တိုင် သူ့သားရဲ့ ကျော်ကြားမှုကို မနာလိုဖြစ်လာတယ် ( လူ့စိတ်သည်ကား ကြောက်စရာပင်တည်း) ။ နောက်တော့ သူ့ရဲ့ ထီးနန်းကို သားတော်က လုယူလိမ့်မယ်လို့ လိပ်ပြာမလုံ ဖြစ်လာပါတော့တယ် ။ အစွမ်းအစ မရှိသူလက်ထဲ အာဏာရသွားရင် လက်လွတ်ရမှာကို အသားလွတ်ကြောက်တတ်တာပါပဲ ။
4 731
6
စေတနာ နဲ့ ပညာ ===============              ဟို..တချိန်တုန်းက မော်စီတုံးတယောက် တိုင်းပြည်အနှံ့ လျှောက်ကြည့်စစ်ဆေးတယ် ။ လမ်းတလျှောက်က လယ်ကွင်းတွေထဲမှာ စာကလေးငှက်တွေက အုပ်လိုက် စပါးခင်းတွေထဲ စားနေတာ မြင်ပါရော...           စာတွေသာ စပါးတွေ မစားရင် ဆန်စပါး အထွက်နှုံး ပိုတိုးမှာပဲလို့ သူတွေးပြီး မဟာခုန်ပျံကျော်လွှားရေး စီမံကိန်း ချမှတ်တယ် ။ ကပ်ပါးလေးမျိုးသုတ်သင်ရေး စီမံချက်အရ စာကလေး ၊ ခြင် ၊ ယင် ၊ ကြွက် တွေကို သုတ်သင်ကြတယ် ။ အထူးသဖြင့် စာကလေးတွေပဲ စာတကောင်က စပါးစေ့ ၄ ကီလိုဂရမ် စားလို့ သူတို့ မရှိရင် စပါးအထွက်တိုးမယ်ပေါ့ ။          ၁၉၅၈ မှာ စတင်တဲ့ စီမံကိန်းအရ ပထမနှစ်မှာ OK တယ် စပါးအထွက်နှုံး နဲနဲတိုးလာတယ် ။ ဒီတော့ မော်စီတုံးလုပ်တာ မှန်ပါတယ်ဘုရား ဆိုတဲ့ တရုတ် ငဖားတွေ အပြိုင်းအရိုင်းပေါ်လာတာပေါ့ ။          သို့သော် ၁၉၅၉ ကနေ ၁၉၆၁ အထိ ၃ နှစ် ဆက်တိုက် စပါးအထွက်နှုံး တောက်လျှောက်ထိုးကျသွားတယ် ။ စာကလေး စပါးစားတာပဲ မြင်ပြီး ကပ်ပါးပိုးစားတာ မသိကြဘူး ၊ ခြင် ယင် ကြွက် တို့ရဲ့ ဂေဟစနစ် ထိမ်းပေးတာ မသိကြဘူး ၊ နောက်ဆုံး ဂေဟစနစ် ပျက်သွားပြီး ကျိုင်းကောင်အုပ်ကြီး ကျလာတာပါ ပေါင်းလိုက်တော့ ၁၉၆၁ မှာ တရုတ်တွေ ငတ်ပြီး သေကုန်တာ သန်း ၃၀ လောက် ရှိသွားတယ် ။            ဒါက တကယ့် သမိုင်းအမှန်ပဲ ။ မော်စီတုံးရဲ့ ရည်ရွယ်ချက်က ရှင်းတယ် လူတွေ အတွက် ရိက္ခာဖူလုံဖို့ ဆိုတဲ့ စေတနာကောင်းနဲ့ လုပ်တာပဲ ။ သို့သော် ထောက်ပြ ဟန့်တားရမယ့် ပညာရှင်တွေက သူတို့ကိုယ်ကျိုးကြည့်ပြီး ဥက္ကဌကြီး တော်ပါပေတယ် မှန်ကန်ပါတယ်လို့ ဖားယားပြောပြီး ကိုယ်ကျိုးရှာခဲ့လို့ ဆင်းရဲသားတရုတ်ပြည်သူ သန်း ၃၀ လောက် ငတ် သေခဲ့ရတယ် ။           မော်စီတုံး နဲ့ အုပ်ချုပ်သူတွေရဲ့ စေတနာအရ လုပ်ဆောင်ခြင်းဟာ ပညာမပါလို့  သမိုင်းမှတ်တမ်းဆိုး ဖြစ်ခဲ့ရပါတယ် ။            အစိုးရက တိုင်းပြည်ရဲ့ ရှေ့ရေးအတွက် လုပ်သင့်တာ လုပ်ရမှာဖြစ်ပါတယ် ( လုပ်တာကို မကန့်ကွက်ပါဘူး) ။ သို့သော် စေတနာ သကြားလုံးအုပ်ပြီး ပညာမဲ့တာကို ဖုံးအုပ်လို့တော့ မရနိုင်ပါဘူး ။               ပြည်ပသွင်းကုန် လျှော့ချမယ် OK ပါ... အများပြည်သူ မဖြစ်မနေ သုံးနေတဲ့ အခြေခံစားကုန် ( ဆန် ဆီ ဆား မှ သရေစာအထိ)  ပြည်တွင်းမှာ အစားထိုး ထုတ်နိုင်ပြီလား...? ပြည်တွင်း လုပ်ငန်းရှင်တွေကို ထုတ်လုပ်မှု တိုးတက်အောင် အစိုးရက လုံလောက်စွာ ပံ့ပိုးပြီးပြီလား...?               အခြေခံ လူသုံးကုန် ထီး ဖိနပ် မီးခြစ် ကအစ ကျွတ် တာယာ လောင်စာဆီ အဆုံး ထုတ်ကုန် ၂ ဆ မက တိုးမြှင့်ပြီးပြီလား...? တိုးမြှင့်ဖို့ စက်မှုဇုံတွေမှာ အဆင့်မြင့်စက်ရုံတွေ ကုန်ကြမ်းတွေ စက်ပစ္စည်းတွေ လျှပ်စစ်ရရှိမှုတွေ စီမံပြီးပြီလား...?            ဆီထွက်သီးနှံ စိုက်ဧက တိုးမယ် ၊ အထွက်နှုံးတိုးအောင် စီမံနေတယ် ၊ စက်ပစ္စည်းတွေ ပြည်ပကနေ သွင်းဖို့ လုပ်နေပါပြီ ဆိုတဲ့ မရေရာတဲ့  မျှော်လင့်ချက်နဲ့  ပြည်သူအဆင်ပြေဖို့ထက် အစိုးရ အဆင်ပြေဖို့ ဦးစားပေး လုပ်နေကြရင်ဖြင့်.... ( လွန်ခဲ့တဲ့ ၄ နှစ်ကတည်းက အဲသလို ကြုံးဝါးခဲ့ပြီး ဆောင်ရွက်ခဲ့ရာ ၄ လ သက်တမ်းနဲ့ အဖြေထွက်တဲ့ ဆီထွက်သီးနှံက ယနေ့ထိ ဒုံရင်း ဒုံရင်း....)           ကုန်သွယ် စီးပွားလုပ်ငန်းမှာ ထုတ်ကုန် နဲ့ သွင်းကုန်မှာ ထုတ်ကုန်က ရငွေ ပိုများမှသာ တိုင်းပြည်အတွက် အကျိုးများတာ အမှန်ပါပဲ ။ ဒီတော့ ထုတ်ကုန် များကို များရမယ် ဆိုတဲ့ အစိုးရ မျက်နှာပန်းလှရေး ရည်ရွယ်ချက်နဲ့ ထုတ်ကုန် အမှန်တကယ် တိုးလာဖို့ မကျိုးစားပဲ ( လုံလောက်တဲ့ ထောက်ပံ့မှု လုံလောက်တဲ့ အချိန် မပေးပဲ) ခပ်လွယ်လွယ်ပဲ ထုတ်ကုန်မရှိရင် မသွင်းနဲ့တော့ ဆိုတဲ့ မူဝါဒနဲ့  ထုတ်ကုန် သွင်းကုန် မျှခြေကို ဇွတ်ညှိနေတဲ့ မူဝါဒသည်ကား....           အရှိန်နဲ့သွားနေတဲ့ ခရီးသည်တင်ကား ရုတ်ချည်း ချိုးကွေ့ ဘရိတ်အုပ်လိုက်သလို ကားပေါ်က ခရီးသည်နဲ့ ကုန်စည်တွေ ဖရိုဖရဲ ဖြစ်ကြရပါတယ် ။ အနေအစားပျက်ပြီး ဒုက္ခရောက်ကြရပါတယ် ။           NLD လက်ထက်တုန်းက ဆောက်လုပ်ရေး လုပ်ငန်းတွေ ရုတ်တရက် ရပ်ဆိုင်းလိုက်လို့ ကန်ထရိုက်ပေါက်စတွေ ၊ အင်ဂျင်နီယာတွေ ၊ ပန်းရံ လက်သမားတွေ သံချောင်းလုပ်ငန်း အုတ် သဲ ကျောက် လုပ်ငန်းတွေ ၊ လျှပ်စစ်ပစ္စည်း အရောင်းအဝယ်တွေ ၊ ရေပိုက်လုပ်ငန်း နောက်ဆုံး အိမ်သုပ်ဆေးလုပ်ငန်းအထိ တတွဲကြီး အထိနာပြီး ခုချိန်ထိ စီးပွားရေး နလံမထူနိုင်တော့တာ သတိရသင့်ပါတယ် ။           ပြည်တွင်းကနေ ပြည်သူတွေအတွက် မရှိမဖြစ် လိုအပ်နေတဲ့ အခြေခံစားကုန် ထုတ်လုပ်နိုင်မှု ၊ အခြေခံလူသုံးကုန် ထုတ်လုပ်နိုင်မှု လေ့လာသင့်ပါတယ် ။ လုံလောက်အောင် မထုတ်နိုင်သေးပါက သွင်းကုန်များကို အလွန်အကျွံ မထိမ်းချုပ်သင့်သေးပါဘူး ။            မူဝါဒတခုသည် စေတနာ နဲ့ လုပ်ဆောင်သည်ဟု ဆိုသော်ငြား မိမိပြည်သူတွေအတွက် အခြေခံ လိုအပ်ချက် ဖြစ်သည့်  စား ၊ ဝတ် ၊ နေရေး ပိုမိုကြပ်တည်းစေပါက ပြန်လည် သုံးသပ်ပြင်ဆင်သင့်ပါတယ် ။               မော်စီတုံးလို ပညာမပါတဲ့ စေတနာနဲ့ ဆောင်ရွက်မိပါက သမိုင်းမှတ်တမ်းဆိုး အထိုးခံရဖို့သာ ဖြစ်နေပါလိမ့်မယ် ။         ကိုရွှေမျိုးဝင်း            
4 480
7
မင်းလက်ပံ ဖလူး & ဆန်းအောင် ========================               မင်းလက်ပံ နဲ့ အုန်းတောကြားထဲက ခြံတွေထဲက တခြံကို DKBA ဆန်းအောင် ဝယ်ထားပြီး အခြေပြုထားတယ် ၊ တခြံက NLD ရွေးကော်ဥက္ကဌ ဦးဘကျင်ခြံ ။ တတိယမြောက်ခြံမှာ မြေအောက်ခန်း ရှိတယ် ။ လက်နက်ခဲယမ်း သိုလှောင်ထားတယ် ။ 14 - 7 - 2026 မနက်ခင်းမှာ လက်နက်ကြီးတွေ စုပြုံပစ်ခတ်လို့ မြေအောက်ခန်းတိုက်ရိုက်ထိတယ် ။ 20 ရှောပြီး 10 ဒဏ်ရာရတယ်လို့ မြေပြင်သတင်းတွေက ဆိုပါတယ် ။                ကျွန်းတောဘက်က ထိုးတဲ့ စစ်ကြောင်း မင်းလက်ပံ ရွာထိပ်တပ်စွဲထားပါပြီ ။ အုန်းတောဘက်က တိုးလို့ခက်ခဲပါတယ် ။ သခွားသီး တရုတ်ဆိုက် ရှိရာဘက်မှာ ၅ ဘက်ဂိတ် ၊ ၁၀ ဘက်ဂိတ် ဆိုတာ ရှိတယ် ၊ လက်ရှိ ရန်သူအခြေပြုထားတဲ့ နေရာတွေဖြစ်ပြီး နယ်စပ်နဲ့ အနီးဆုံးနေရာပဲ ။ ( သခွားသီးဆိုက်ထဲကို DKBA က လူတွေ ဝင်ဖမ်းတယ် အရေးကြီးတဲ့လူ တရုတ် ၃၀ နဲ့ ငွေတွေ ယူထားပြီး ထိုင်း ၅ ယောက်ကိုပဲ လွှဲပေးထားသေးတယ်)            အနောက် တကျောက ရန်သူတွေကတော့ လက်နက်ကြီး နဲ့ လေယာဥ်တွေကြောင့် ကတုတ်ကျင်းထဲက မထွက်နိုင်ပဲ မိမိစစ်သည်များ ဝင်အလာကို စောင့်နေကြတယ်လို့ သိရပါတယ် ။ ထွက်ပြေးတဲ့ PDF 13 ဦးကို သတ်ပစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်များက ဆိုပါတယ် ။             ဖလူးဘက်ရှိ ကလနကုန်းကို သိမ်းရန် ထီနုဆည် တကျောလုံးက မိုင်းအပြည့်နဲ့ စနိုက်ပါများပါ ထောက်ထားလို့ သတိကြီးစွာ ထားရမယ့် သတ်ကွင်းဖြစ်နေပါတယ် ။ ရန်သူအပြည့်နဲ့ ရွာထဲမှာ ဘုန်းကြီးကျောင်းတကျောင်ပဲ သံဃာရှိပါတယ် ။.        ဖလူး နဲ့ အဲဒီ ဘုန်းကြီးကျောင်း အနောက်ဘက်ကြားထဲမှာ ချောင်းရှိတယ် ။ အပဲ့ဂိတ်လို့ ခေါ်တဲ့ လှေဆိပ်ကနေ ညဘက်ဆို လူနာတွေကို ထိုင်းဘက် ပို့တယ် ။ ထိုင်းဘက်ကမ်းမှာ မဲ့ကိုးကင်းဂိတ်ရှိပြီး အဖွဲ့စုံသာမကဘူး DKBA အပြင် အမေရိကန်သားတွေပါ ရှိတယ် ။ (14 -7 - 2026 ည တုန်းက အဲဒီဂိတ်ကနေ မြန်မာထဲကို ၂ ချက် လှမ်းပစ်တယ် ဘယ်နေရာကျလဲတော့ မသိဘူး အသံပဲ ကြားရတာပါ)            မင်းလက်ပံရွာထဲမှာ PDF နဲ့ ဆန်းအောင်ရဲ့ DKBA အများဆုံးပဲ ။ တပ်ရင်းမှူးက အောင်မျိုးဦး ခေါ် အရှည်ကြီး ။ ဒီကောင်က ယခင် အင်ကြင်းမြိုင် ဥက္ကဌကို သတ်ပြီး ပြေးသွားတဲ့ကောင် ။ တနှစ်ကြာတော့ DKBA ထဲ ဝင်ပြီး နေရာယူထားတာ ။      ဖလူးလေးက စခန်းမှာ DKBA က ဗိုလ်ကြာညွှန့် စခန်းထိုင်တယ် ။ ယခင်က စောစလုံး နေသွားတဲ့ နေရာပဲ ။          ဗိုလ်ကလန ကုန်းနေရာမှာ တရုပ်ဆိုက်တခုရှိတယ် ကျားဖြန့်လုပ်နေကြတာ ။ လွန်ခဲ့တဲ့ တလလောက်တုန်းက ရေးဘီးလူး လာသွားတဲ့ နေရာပဲ ။ အခု တိုက်ပွဲစတော့မှ ရပ်ထားတဲ့ နေရာပဲ ။               ဖလူးကို ကျော်ရင် ဆန်းအောင်ပိုင် ကျွန်းတောရှိတယ် ။ ငှားထားပြီး လောင်းကစားမျိုးစုံ လုပ်နေကြတယ် ။ ကျွန်းတော အရှေ့ဘက်မှာ တရုတ်ဆိုက် ၂ ခုရှိတယ် ။ DKBA အင်ကြင်းမြိုင် ကို ဖြိုအပြီး အခု လပိုင်းအတွင် တရုတ်ဆိုက် 14 ခု အသစ် ထပ်ဖွင့်ထားတယ် ။          ထိုးစစ်က ဖလူးကို ကျော်ရင် ဆန်းအောင်ရဲ့ အကျိုးစီးပွား ထိခိုက်မယ် ။ ဒါကြောင့် မင်းလက်ပံ ဖလူး မကျရေးအတွက် ဆန်းအောင် ကြိုးစားနေတာပဲ ။ PDF ကို ဆန်းအောင် သင်တန်းပေးတယ် ။ တပ်မဟာ ၆ ကို စိုင်းကျော်လှက ရိက္ခာထောက်ပံ့တယ် ။          လိုင်းပေါ်မှာ အာကျယ်နေတဲ့ ငဇွဲက ဆန်းအောင်တပည့်ရင်းပဲ ။ ဝေါလေကို ဒုတိယအကြိမ် တက်လုံးပြီး ခွေးပြေးဝက်ပြေး ပြေးလာရတဲ့ ငဇွဲကို ရဲကုန်းဂိတ်မှာ ထိုင်ခိုင်းသေးတယ် ၊ နောက်မှ သူ့တူ ထက်ကို ကို ထိုင်ခိုင်းခဲ့တာ ( 14 - 7 - 2026 နေ့က တပ်ကသိမ်းတဲ့ စခန်းပေါ့ )            ဖလူး နဲ့ ယိုးဒယားက ရန်သူအတွက် ထွက်ပေါက်ပဲ ။ သုံးထပ်ကွေ့မှာ ရန်သူရဲ့ ဒုတိယခံစစ်စည်း ရှိတယ် ။ တိုက်ရခက်ပါမယ် ။ အဲဒီဒေသကို ထိမ်းချုပ်ဖို့ဆိုရင် ကျောက်ခက် နဲ့ ဆန်းဂအောင် DKBA ကို မလှုပ်နိုင်အောင် ချုပ်ထားဖို့ လိုပါတယ် ။          အရှင်းဆုံး အကြံပြုရရင်တော့ NCA နံ့ ပေးတာနဲ့ ဆန်းအောင်ကို အလျော့ပေးဆက်ဆံလိုက်ရင် ရင်းသမျှ အလဟဿ ဖြစ်မယ်ဆိုတာပါပဲ ။.      ဒါတွေက မနေ့ည ( 15-7-2026 ) အထိ မင်းလက်ပံတိုက်ပွဲသတင်း နဲ့ ဒေသတွင်း အခြေအနေတွေပါပဲ ။          ကိုရွှေမျိုးဝင်း            
4 353
8
            မိမိဘက်မှ ပေးဆပ်မှု အနည်းဆုံး နဲ့ အောင်ပွဲ ခံနိုင်ဖို့ အချိန်ယူ​​ပြီး ထိုးစစ်ဆင်ရပါလိမ့်မယ် ။ မင်းလက်ပံ ရှိ KNU တို့ အတွက် ဝင်ဆောင့်နေတဲ့ တိုက်ခိုက်ရေး စစ်ကြောင်းတွေ နဲ့ ရှေ့ဖက်က ပိတ်နေတဲ့ ဝေါလေ ဗျူဟာကြောင့် ပြေးပေါက်က ဖလူးတောင်ကျောပဲ ရှိတဲ့ အနေအထားပါပဲ ။ ဖလူးတောင်ကြောမှ တဆင့်  တဆက်တည်းရှိတဲ့ ဒေါနတောင်ကြောဆီ ပြေးကြဖို့ များပါတယ် ။            ဒါကို တွက်ဆမိလို့ တပ်မတော်လေကလည်း ယနေ့ ဖလူးတောင်ကြောပေါ်က ပြေးလမ်းတွေကို ဝုန်းဒိုင်းကြဲနေပါတယ် ။ ယိုးဒယားဘက်ကမ်းက မယ်ကုကင်းဂိတ်လို နေရာတွေကို တင်းတင်းကြပ်ကြပ် ပိတ်ဆို့ထားနိုင်ရင် ရိက္ခာ ခဲယမ်း ပြတ်လပ်ပြီး မိမိတို့ အမြန်ဆုံး အောင်ပွဲ ခံနိုင်ပါလိမ့်မယ် ။ ( ကရင် စစ်သတင်းလေး ကွင်းကွင်းကွက်ကွက် မြင်သာအောင် ရေးစမ်းပါအုံး ဆိုပြီး တဂျီဂျီတောင်ဆိုနေသော မိတ်ဆွေများအတွက်...... )               ကိုရွှေမျိုးဝင်း                           
5 378
9
မင်းလက်ပံ ဖလူး တိုက်ပွဲ ====================              1995 တုန်းက KNU ဌာနချုပ် မာနယ်ပလောကို တပ်မတော်နဲ့ DKBA ပေါင်းပြီး သိမ်းပိုက်ခဲ့တယ် ။ မာနယ်ပလောက ရွာပျက်ကြီးဖြစ်သွားတယ် ။          2023 နှစ်ကုန်တော့ KNU တို့ ကော့ကရိတ်ကို ဝင်သိမ်းတယ် ။ ခလရ ၉၇ တပ်ပဲ ကျန်တော့တယ် ခလရ ၉၇ ကျရင် ကော့ကရိတ်ကို ရပြီ ။ သဲကြီးမဲကြီး နဲ့ ခလရ ၉၇ ကို ဝင်ဆောင့်ကြတယ် သူ့ထက်မာလို့ တိုးမရဘူး ။           အဲလို အနေအထားမှာ 2024 ဇန္နဝါရီတွင် မူလ DKBA ( ဘိုဘိ) တပ်တွေ ကော့ကရိတ်ထဲ ဝင်လာပြီး ခလရ ၉၇ ကို ကူညီပြီး KNU ကို တိုက်တယ် ။ KNU တို့ ခလရ ၉၇ နဲ့ ခေါင်းကိုက်တဲ့ ကြားထဲ ဘိုဘိ တပ်တွေ ဝင်လာလို့ စိတ်ညစ်သွားတယ် ၊ KNU ၁၀၀ လောက် ကျသွားတော့ ဆက်မတိုက်တော့ပဲ မြို့ပြင်ထွက်ပြီး ဝိုင်းထားတယ် ။               နောက်တော့ နယ်စပ်စခန်းငယ်တွေကို ဝင်တိုက်ကြတယ် ။ တပ်မတော်က ဝေါလေ အထိ ဆုတ်ပေးပြီး ဝေါလေမှာ စုရပ်လုပ် ခံစစ်ဆင်တယ် ။ ဝေါလေကို ဝိုင်းတိုက်တယ် မရကြဘူး ။               ဒီတော့ ကော့ကရိတ် ကျုံးဒိုးကို ဖြတ်တောက်ဖို့ ၅ တိုင် ၊ ၇ တိုင် ၊ ၉ တိုင် ၊ ၁၁ တိုင် နဲ့ နွားခြံကုန်းကျေးရွာ တို့ကို ဝင်သိမ်းတယ် ။ BGF ၊ PC ၊ DKBA ( အကျိုးပြု)  တို့ အားလုံး ပြန်မတိုက်ဘူး KNU ဆီ လက်နက်ချကြတယ် ။ ထူးထူးခြားခြား ၉ တိုင်မှာ တာဝန်ကျတဲ့ မူလ DKBA ( ဘိုဘိ) တဖွဲ့ပဲ အပြင်းအထန် ခုခံတယ် ။               စခန်းအသီးသီးက ဆုတ်ခွာလာတဲ့ တပ်မတော်သားတွေ ၉ တိုင်က ဘိုဘိနဲ့ ပူးပေါင်းပြီး ခုခံကြတယ် ။ KNU က နွားခြံကုန်းမှာ အခိုင်အမာ ခံစစ်ပြင်ပြီး ကော့ကရိတ် ကျုံဒိုး လမ်းကြောင်းပိတ်တယ် ။ ကော့ကရိတ်ကို ရိက္ခာ ခဲယမ်း ပို့ဖို့ မလွယ်တော့ဘူး ။             24 - 7 - 2025 မှာ တပ်မတော်နဲ့ ဘိုဘိတပ်တွေ ပေါင်းပြီး နွားခြံကုန်းကို သိမ်းပိုက်ကာ ကားလမ်းပွင့်အောင် လုပ်နိုင်ခဲ့ပြီ ။              28 - 8 - 2025 မှာ သင်္ကန်းညီနောင် ကော့ကရိတ် နဲ့ မြဝတီ တို့ကို ချိတ်ဆက်ပေးနိုင်ဖို့ ထိုးစစ်စတင်လိုက်တယ် ။ အာရှလမ်းမကြီး ပြန်ပွင့်သွားပြီ ။               ဆုတ်ပြေးရတဲ့ KNU နဲ့ PDF တွေဟာ မြဝတီ တောင်ဘက် မင်းလက်ပံ ဖလူး ဒေသမှာ ခံစစ် အခိုင်အမာ ပြင်ဆင်ထားကြတယ် ။          ဝေါလေဗျူဟာ ရဲ့ အနေအထားက အနောက်ဖက်မှာ မင်းလက်ပံ ဖလူး သေဘောဘိုး ဥကရစ်ထ ၊ အရှေ့ဖက်မှာ ကနဲလေး မော်ခီး ဘုရင့်နောင် ၊ တောင်ဘက်မှာ ထီးပကလယ် တို့ ကြားထဲ ရောက်နေပါတယ် ။            ဝေါလေဗျူဟာကို ညှပ်ပိတ်ပြီး အင်အားထောင်ချီသုံးကာ အကြိမ်ကြိမ် တိုက်ကြတယ် ။ နှစ်ပေါက်အောင် ကြိုးစားတိုကိသမျှ ကြိုးစားသေကြတာ မနည်းဘူး ။ ပြည်ပက ကြေးစားအဖြူကောင်တွေပါ ဝင်တိုက်တယ် ။ သေကြတာပဲ အေးရော ။                  အဲဒီ ဒေသဟာ နယ်ဒါးမြအတွက် နောက်ဆုံးလက်ကျန်ဒေသပါပဲ ။ ဒါကြောင့် တပ်မတော်က 7 - 7 - 2026 မှာ ဒရုန်းတပ်နဲ့ အကဲကြည့်ရင်း သွေးတိုးစမ်း တိုက်ပွဲ စတင်ခဲ့တယ် ။ သိပ်ပြီး ပြင်းပြင်းထန်ထန်မလုပ်သေးပါဘူး ။             ၃ ရက်လောက် သွေးတိုးစမ်းပြီး 10 - 7 - 2025 မှာ လေတပ်ကနေ မင်းလက်ပံမှာ ကျွန်းတုံးတွေ ကွန်ကရစ်တွေ နဲ့ အခိုင်အမာ တည်ဆောက်ထားတဲ့ ဘန်ကာတွေကို ပြင်းပြင်းထန်ထန် ဗုံးကြဲတိုက်ခိုက်မှု စတင်လိုက်ပါတယ် ။                တပ်မတော်ရဲ့ ခြေလျှင် တိုက်ခိုက်ရေး တပ်မတွေနဲ့ အတူ BGF နဲ့ မူလ DKBA ဘိုဘိ အဖွဲ့တွေ မြေပြင်စစ်ဆင်ရေး စတင်လာပါတယ် ။ 13 - 7 - 2026 နဲ့ 14 - 7 - 2026 နေ့တွေမှာ မြေပြင် ချေမှုဲးရေးအနေနဲ့ လက်နက်ကြီးတွေ ပစ်ကြတယ် ။ 155 mm ဟောင်ဝစ်ဇာ ၊ အတွဲလိုက်ပစ် ဒုံးတွေ ၊ 120 mm စိန်ပြောင်း တွေ အပြင် နာမည်ကျော် 84 m ဂါဂူးစတက် တွေနဲ့ပါ တက်ညီ လက်ညီ ဆော်ပစ်ပါတယ် ။             ယိုးဒယား ဖက်ကို ကျည် တတောင် နှစ်တောင့် ကျလို့ ဆိုပြီး ယိုးဒယားနယ်ခြားစောင့် တပ်မှူးက နောက်ထပ်ကျရင် ပြန်ပစ်မယ် ဆိုပြီး ခြိမ်းခြောက်တယ် ။         သူခြိမ်းခြောက်လို့လားမသိဘူး   BGF နဲ့ မူလ DKBA တို့ရဲ့ 120 mm စိန်ပြောင်းတွေသာ မကဘူး အမြှောက်တပ်တွေရဲ့ အုပ်စုဖွဲ့ ဝိုင်းပစ်ကြပြန်ပါတယ် ။ ဝုန်းဒိုင်းကြဲသွားတဲ့ အမြှောက်ဆံတွေ ကျလာတော့ ယိုးဒယားနယ်ခြားစောင့်တပ်သားတွေ သူတို့ရဲ့ 120 mm အမြှောက်တွေနဲ့ ပြန်ပစ်ဖို့ အသာထား သဲအိတ်တွေကြားထဲ ဒီအတိုင်းထားခဲ့ပြီး ကားတွေနဲ့ ပြန်ပြေးကြတာပါပဲ ။           သူတို့ထက် လျှင်တာက ထိုင်းတော်ဝင်တပ်မတော်က တပ်တွေပဲ ။ ထိုင်းနယ်ခြားစောင့်တပ်က သတိပေးပြီးနောက် မြန်မာ့တပ်မတော်က ပြန်ဆော်မှာ သိလို့ နယ်စပ်မျဥ်းကနေ ကီလို ၅၀ ထိ ဆုတ်သွားပါပြီ ။                 မနေ့က 14 - 7 - 2026 အထိတော့ အရေးပါတဲ့ လမ်းဆုံ ရဲကုန်းစခန်းကို တပ်မတော်က သိမ်းထားပါတယ် ။ သို့သော် မင်းလက်ပံက နယ်ဒါးမြရဲ့ နောက်ဆုံး ခံတပ်မို့ ရဲကုန်း နဲ့ ၇ မိုင်ခန့် ကွာဝေးတဲ့ မင်းလက်ပံကို ချေမှုံးသိမ်းပိုက်ဖို့က ကြိုးစားကြရအုံးမှာပါ ။ ကြားထဲမှာ ခံစစ် အဆင့်ဆင့် ပြုလုပ်ထားတဲ့ နေရာတွေ ကျန်ပါသေးတယ် ။
5 236
10
          နန်းသိမ်းပွဲသာ ဖြစ်သောကြောင့် မဟေသီဘိတ်သိတ်ပွဲ မကျင်းပနိုင်သေးပါဘူး ။ မိန်းမယူဖို့ အသာထား နန်းသိမ်းပွဲပြီးချိန်ထိ တပင်ရွှေထီးက နားထွင်းမင်္ဂလာတောင် မကျင်းပရသေးပါဘူး ။ နန်းသိမ်းပွဲအပြီး '' မင်းတရားရွှေထီး '' ဘွဲ့ခံပြီးတာနဲ့ ကျေးဇူးရှိသူတွေကို ချီးမြှင့်ပါတယ် ။ - မင်းကြီးဆွေကို မင်းရဲသိင်္ခသူ ( သျှင်ရဲထွဋ် နဲ့ ခင်ဘုန်းတို့ရဲ့ ဖခင် နောင် တောင်ငူဘုရင်ခံ ) - သျှင်နီတာကို သတိုးဓမ္မရာဇ် ( ခင်မြတ်၏ ဖခင် နောင် ပြည်ဘုရင်ခံ) - သျှင်သီဟကို စည်သူကျော်ထင် ( တောင်ငူစည်သူကျော်ထင် ဟု ထင်ရှားပြီး နောင် စလင်းဘုရင်ခံ ဖြစ်လာပြီး စလင်းစည်သူကျော်ထင် ဟုလည်း ကျော်ကြား) - သျှင်နတ်တော်ကို ဘယနန်သူဘွဲ့ဖြင့် ချီးမြောက်၏ ( အထိမ်းတော်ငါးဦးအနက် အထက်ပါ ၄ ဦးသာ မှတ်တမ်းကျန်ခဲ့ပါတယ် ၊ အထိမ်းတော်ဆိုတာ ငယ်စဥ်ကတည်းက အဌရဿ ၁၈ ရပ် သင်ကြားပေးရသော ဆရာ အကြီးတော် ဟုလည်း ခေါ်ပါတယ်)           နောက်ဆုံး အမြင့်ဆုံး ချီးမြှင့်ခံရသူကတော့ ၂ ထပ်ကွမ်း ယောက္ဖ သျှင်ရဲထွဋ်ပါပဲ ( တရားဝင် မယူရသေးပေမယ့် မင်းကျီးညို ကိုယ်တိုင် လက်စွဲတော် ကျောက်စီဓားချီးမြှင့်ပြီး မပေးစားသော်လည်း  ဥပေက္ခာပြု မသိဟန်ဆောင်နေတဲ့ အချိန်)  ။ သျှင်ရဲထွဋ်အား ကျော်ထင်နော်ရထာ ဆိုတဲ့ ဘွဲ့ ချီးမြှင့်ခဲ့ပါတယ် ။               မင်းတရားရွှေထီးကတော့ ဘာအကြောင်းအရာ ဘယ်ကိစ္စပဲ ဖြစ်ဖြစ် ကျော်ထင်နော်ရထာအား ဦးစွာတိုင်ပင်ပါတယ် ။ ပြီးမှ မှူးမတ်များနှင့် တိုင်ပင်ပြီး အတည်ပြု အမိန့်တော် ချမှတ်လေ့ရှိပါတယ် ။ တရားမဝင် အိမ်ရှေ့မင်းသားသဖွယ် လုပ်ပိုင်ခွင့်ကြီး ရရှိထားတဲ့ ၁၅ နှစ်သာ ကျော်ထင်နော်ရထာရဲ့ အရွယ်နဲ့ မမျှတဲ့ တည်ကြည်မှုကတော့ ပြောစမှတ်တွင်လောက်ပါတယ် ။                ကျော်ထင်နော်ရထာဟာ ထင်ပေါ်လိုသော ဆန္ဒဖြင့် အပျော်အပါး ပွဲလမ်းသဘင် မတက်လိုသူ ဖြစ်ပါတယ် ။ ဘုရင့်ကောင်းကျိုးသာ ဆောင်ရွက်လိုသူဖြစ်ပါတယ် ။ မှူးမတ်တို့အတွက် ဦးစားပေးကာ ပွဲတကာ မတက်ရောက်ပဲ ဆိုင်ရာ မှူးမတ်တို့သာ တက်ရောက်စေ၍ အာဏာခွဲဝေဖြန့်ကျက်ပေးလေ့ရှိပါတယ် ။             မှူးမတ်တို့က လေးစားစွာ ဖိတ်ကြားလာသည်ကိုပင် ငါတို့ တက်ရောက်ပါက နင်တို့ အရောင်အဝါ မှေးမှိန်ပေလိမ့်မည် နင်တို့ကိုယ်ရောင် တောက်ပမှသာ ငါတို့လည်း ရောင်ပြန်ဟပ် တောက်ပလာလိမ်မည် နင့်ပွဲမှာ နင့်ကိုယ်ရောင် တောက်ပ ပါစေ ငါ မလာတော့ ဆိုပြီး ပွဲပျော်မင်းသား မလုပ်ခဲ့တာလည်း အတုယူစရာပါပဲ ။         အစစ အရာရာ အဆင်ပြေနေတဲ့  ကျော်ထင်နော်ရထာရဲ့ ရင်ထဲမှာ ပူလောင်နေတာ တခုပဲ ရှိပါတယ် ။ အဲဒါကတော့......            ကိုရွှေမျိုးဝင်း                    
7 906
11
        ဟုပင် ပြောဆိုနေကြပါပြီ ။ မင်းကြီးရန်နောင်ရဲ့ အဆုံးစွန်သော မြှောက်ပင့်လျှောက်တင်ချက်များက သိုဟန်ဘွားအတွက် ပိတိအဟုန် လွှမ်းခြုံသွားခဲ့ရပါပြီ ။ မင်းစည်းစိမ်ဖြင့် ပျော်မွှေ့ပြီး တောင်ငူ နဲ့ ပြည်ကို တိုက်ခိုက်ရန် မေ့လျော့နေပါတော့တယ် ။            သိုဟန်ဘွားကို ပရိယာယ်သုံးကာ နန်းတွင်းမှာ ချုပ်ကွက်အောက်ထားပြီး မင်းကြီးရန်နောင်ကတော့ သူလုပ်စရာ ရှိတာတွေကို ဆက်တိုက်လုပ်ဆောင် နေပါတော့တယ် ။ အဓိက လုပ်ဆောင်ချက်ကတော့ လူပညာရှိ ၊ ရဟန်းပညာရှိ များနဲ့ လက်ရုံးရည်ထူးချွန်တဲ့ ဗမာလူငယ်လေးတွေကို တောင်ငူသို့ ပို့ဆောင်စေပြီး အမှုထမ်းခိုင်းတာပါပဲ ။                 အဲဒီ အချိန်မှာတော့ ကေတုမတီ မင်းကျီးညိုအတွက် နေဝင်ချိန်ရောက်နေပါပြီ ။ သက်တော် ၇၂ နှစ် ရှိပြီ ဖြစ်တဲ့ မင်းကြီးညိုဟာ ဆင် ဝါသနာကြီးလွန်းသလောက် သက်တော်ကြောင့် တောထဲ မသွားနိုင်တော့ပါဘူး ။             ဆင်ကျုံးကို မြို့တွင်းမှာ ထားပြီး အကြီးမြန်တဲ့ လက်ပံပင်တွေကိုလည်း မြို့ရိုးအတွင်း လေးမျက်နှာမှာ စိုက်စေခဲ့ပါတယ် ။ ပညာရှိ မှူးမတ်များက မြို့တွင်း ဆင်ကျုံးတည်ဆောက်ခြင်း နဲ့ လက်ပံပင် စိုက်ပျိုးခြင်းတွေကို မနှစ်သက်ကြပါဘူး ။ ဒါပေမယ့် အာဏာသက်ရှည်လာပြီး မိမိကိုယ်မိမိ အတော်ဆုံး အတတ်ဆုံး အထင်ရောက်နေတဲ့ မင်းကျီးညိုကိုလည်း မတားဝံ့ကြပါဘူး ။            အဲဒါကြောင့် ဆရာတော် မဟိန္ဒအား ပင့်ပြီး မင်းကျီးညိုအား တားမြစ်စကားဖြင့် ဆုံးမဖို့ လျှောက်ထားပါတယ် ။ ဆရာတော်ကလည်း အကျိုးအကြောင်းပြပြီး ဆုံးမပါတယ် ။ ဆရာတော်ရဲ့ စကားဆိုရင် အမြဲနာယူတတ်တဲ့ မင်းကျီးညိုတယောက် အရိုးရင့်သွားလို့လား...ငါသာလျှင် အတော်ဆုံးဆိုတဲ့ သုံးစားမရတဲ့ လွဲမှားသော မာန်မာန ငယ်ထိပ်ရောက်နေလို့လား မသိ တင်ပါ့ဘုရား ဆိုပြီး လုပ်ချင်တာ ဆက်လုပ်တာပါပဲ ။              တောက်တဲ့ကြီးတော့ ဖွတ် ၊  လူကြီးတော့ ဇွတ် ဆိုသလို မင်းကျီးညိုဟာ အများဆန္ဒနဲ့ ဆန့်ကျင်ပြီး ဆင်ကျုံးကို ပြီးအောင်လုပ်ပါတယ် ။ ပြီးသွားတဲ့နောက် ဆင်ကျုံးထဲမှာပဲ ယာယီစံနန်းဆောက်ပြီး နေလိုက်ပါသေးတယ် ။ ဒီတော့ ဘာဖြစ်သလဲ... ? ၃ လ ကြာတော့ ဖျားပြီး သေပါရော.... ။ ၈၉၂ နတ်တော်လဆန်း ၅ ရက် ကြာသပတေးနေ့ မှာ ကွယ်လွန်သွားပါတယ် ။              မင်းကျီးညို မရှိတဲ့ ထီးနန်းဟာ တပင်ရွှေထီးအတွက်မှတပါး အခြားမရှိတော့ပါဘူး ။ မင်းကျီးညိုမှာ သားတော်ဆိုလို့ တပင်ရွှေထီး တပါးတည်းသာ ရှိတာကြောင့် ပြိုင်ဘက်မရှိ စိုးစံဖို့သာ ရှိပါတော့တယ် ။ တပင်ရွှေထီးရဲ့ အသက်က ၁၄ နှစ်ကျော် ၁၅ နှစ်ထဲ အဝင်သာ ရှိပါသေးတယ် ။ မှူးမတ်တို့ နန်းသိမ်း မင်္ဂလာအတွက် ပြင်ဆင်နေချိန်မှာ တပင်ရွှေထီး နဲ့ သျှင်ရဲထွဋ်တို့ ၂ ယောက်လည်း ခေါင်းခြင်းဆိုင် နေကြပါတယ်... " ဖခမည်းတော် မရှိတော့ အားငယ်မိတယ် ငယ်ငယ်ရွယ်ရွယ် နဲ့ တိုင်းပြည်တာဝန် ထမ်းဆောင်နိုင်ပါ့မလား မသိဘူး နောင်တော် '' " စိုးရိမ် မနေပါနဲ့ ဘုရင်လုပ်တယ်ဆိုတာ မလွယ်မှန်းသိပါတယ် ဒါပေမယ့် မိမိဘုန်းကံအလျှောက် ဖြစ်လာရတဲ့ အပေါ် အခွင့်ယူနိုင်ဖို့ပဲ လိုပါတယ် ၊ ငယ်ရွယ်စဥ်ကတည်းက ဘုရင်ဖြစ်တော့ ရှေ့ရှောက် ဒီထက်ကြီးမြင့်ဖို့ အခွင့်သာတာပေါ့.. ကြီးမှထီးဖြူဆောင်းရတာ ဘာအရသာရှိမှာလဲ စိုးရိမ်မနေပါနဲ့ '' " အင်းးနော်တော်ပြောလို့ အားရှိပါတယ် အရေးကြီးတာက နောင်တော့်ကို တသက်လုံး ညာလက်ရုံးအဖြစ် အားကိုးနေရမှ ဖြစ်မယ်နော် '' " ဒါတော့ စိတ်ချပါ ညီတသက် နောင်တသက် ဘယ်တော့မှ သစ္စာမဖျက် အမြဲတမ်း ခစားနေမှာပါ '' " ကောင်းတယ် နောင်တော်  ငယ်ငယ်က မြင်းစီးထွက်ရင်း ကေတုမတီ နယ်မြေ ကျဥ်းမြောင်းလို့ ညည်းညူမိပြီး ကျုံးဝါးခဲ့ကြတာ မှတ်မိသေးလား နောင်တော် '' " ဘယ်မေ့ပါ့မလဲ ညီ... ညီ့လက်ထက်မှာ ဟံသာဝတီ နဲ့ ပြည်နယ်ပေါက်စလေးတွေသာ မကဘူး အင်းဝရွှေနန်းတော် ၊ ရှမ်းပြည်အလုံးစုံ ၊ ယိုးဒယား ၊ လင်းဇင်း ၊ ဇင်းမယ် မဇ္ဇျိမ တဝှမ်းလုံး လက်ရုံးတော်ဆန့် သိမ်းပိုက်ကြရမယ် တို့ ခေတ်ရောက်ပြီ ညီတော် '' " ကောင်းတယ် နောင်တော် ကဲ ဒီကရှေ့လျှောက် ညီ့ထီးနန်းသည် နောင်တော့်ထီးနန်းလိုပဲ သဘောထားပါ တို့ ညီနောင် စည်းလုံးနေသမျှ တို့တိုင်းဌာနီ ကြီးပွားဖို့ ၊ တို့ ဘာသာ သာသနာ ထွန်းကားဖို့ ၊ တို့လူမျိုး တန်ခိုးထွားဖို့ ချည်းဆိုတာသာ ရင်ထဲ အမြဲထည့်ထားပါနောင်တော် ''                  ၁၅ နှစ်သား အရွယ် ဘုရင်လောင်း နဲ့ ညာလက်ရုံး တို့ ဆွေးနွေးပြောစကားတွေ ကြိမ်းမောင်းကျုံးဝါးပုံတွေဟာ အင်မတန် အားရစရာပါပဲ ။ ကလေးသူငယ် ၂ ယောက်ကတော့ သူတို့ သမိုင်း သူတို့ ဘယ်လို ရေးကြမလဲ...  အပြောသမား လေကြီးသူ သက်သက်လား.. လက်တွေ့သမားလားဆိုတာ လေ့လာကြပါစို့.....                  တပင်ရွှေထီးက နန်သိမ်းပွဲကို တက်ရောက်ဖို့ သူ့ရဲ့ ရီးစား ၂ ယောက်ကို အတိအလင်း နေရာချထားပေးလိုက်ပါပြီ ။ နန်းသိမ်းဘိသိတ်ခံပွဲမှာ ခင်ဘုန်းကို လကျာ်ဘက် ၊ ခင်မြတ်ကို လက်ဝဲဘက်က နေရာယူစေခဲ့ခြင်းဖြင့် တောင်နန်းမတော်ကြီး နဲ့ မြောက်နန်းမိဖုရားလောင်းလျှာတွေအဖြစ် ကြေညာခဲ့ပါပြီ ။
7 324
12
တပင်ရွှေထီး နဲ့ ဘုရင့်နောင် (11) ========================= " မင်းကြီးရန်နောင် အင်းဝနေပြည်တော်ဟာ ယခု ကျုပ်တို့ လက်အောက်မှာ စည်ကားသိုက်မြိုက်ပြီး အေးချမ်းနေပါပြီ '' " မှန်ပါတယ် ရှမ်း နဲ့ မြန်မာ ညီညီညွှတ်ညွှတ် ပေါင်းစည်းအုပ်ချုပ်နေတာကြောင့် ဖြစ်ပါတယ် '' " အခု ကျုပ်စဥ်းစားကြည့်နေတာက ကေတုမတီ တောင်ငူ နဲ့ ပြည် တို့ဆိုတာ တချိန်တုန်းက အင်းဝ ရဲ့ လက်အောက်ခံ တိုင်းပြည်တွေပဲ မဟုတ်လား... '' " ဟုတ်ပါတယ် ယခု အချိန်တော့ သူတို့လည်း အင်အားတောင့်တင်းနေပြီမို့ သီးခြား တိုင်းပြည်များအဖြစ် ခိုင်ခိုင်မာမာ ရပ်တည်နေကြပါပြီ '' " အင်းးအဲဒါကြောင့် ကျုပ်စဥ်းစားနေတာလေ ယခုဆိုရင် အင်းဝရဲ့ အင်အားဟာ အလွန်တောင့်တင်း နေပေပြီ ၊ ဖခင် မိုးညှင်းရဲ့ အင်အားနဲ့ အင်းဝ အင်အားတို့ ပေါင်းစည်းပြီး ကေတုမတီ နဲ့ ပြည်ကို သိမ်းပိုက်ရင် အလွယ်တကူ အောင်မြင်မယ် မဟုတ်ဖူးလား ''                   မင်းကြီးရန်နောင် အလွန်စိုးရိမ်တဲ့ အချက်ကို သိုဟန်ဘွားက ကြံစည်နေပေပြီ ။ ယခု အခါ ဗမာတို့ရဲ့ မင်းနေပြည်တော် အင်းဝသည် ရှမ်းတို့ လက်အောက် ကျရောက်လျှက် ရှိပေပြီ ။ ဗမာ အများစုသည်ကား ကေတုမတီ နဲ့ ပြည်ရှိ ဗမာမင်းများထံ ခိုလှုံလျှက် ရှိနေကြပါတယ် ။            ယင်းနယ်မြေတို့အား တိုက်ခိုက်သိမ်းပိုက်ပါက ဗမာလူမျိုးတို့ အတွက် ခိုလှုံရာ ကင်းမဲ့သွားရပါလိမ့်မယ် ။ ထို့ကြောင့် မင်းကြီးရန်နောင် က.... " အရှင်သိုဟန်ဘွားတို့က အင်အားကြီးမားလှပါတယ် အင်းဝနေပြည်တော်ကိုတောင် တိုက်ခိုက်သိမ်းပိုက် နိုင်ခြင်းကြောင့် တောင်ငူ နဲ့ ပြည် ကိုလည်း တိုက်ခိုက်သိမ်းပိုက်နိုင်မည်မှာ သေချာလှပါတယ် '' " ဒါဆို ကျုပ်တို့ စစ်ပြင်ပြီး သိမ်းပိုက်ဖို့ လုပ်ကြစို့.. သိမ်းပိုက်ပြီးရင် မင်းကြီးရန်နောင် ကြိုက်တဲ့တိုင်းပြည်ကို ဘုရင်ခံလုပ် အုပ်ချုပ်ပါလေ... '' " အမှန်အတိုင်းပြောရရင် အပင်ပန်းခံပြီး တိုက်စရာ မလိုပါဘူး သူလျှိုအထောက်တော်များထံမှ သတင်းစကားကြားထားပါတယ် မကြာခင် တောင်ငူ နဲ့ ပြည် ဘုရင်တို့ထံမှ လက်ဆောင်ပဏ္ဏာများ ဆက်သလာပါလိမ့်မည် ထို့ကြောင့် ရာဇအိန္ဒြေမပျက် ခန့်ညားစွာ စောင့်ဆိုင်းနေရုံပါပဲ ''               မင်းကြီးရန်နောင်ရဲ့ ကြွယ်ဝသော နိုင်ငံရေး ပရိယာယ်အောက်မှာ သိုဟန်ဘွားတယောက် အရည်ပျော်သွားရပါပြီ ။ များစွာ နှစ်သက် သဘောကျသွားပြီး တောင်ငူ နဲ့ ပြည်ကို အစောတလျှင် တိုက်ရန် ကြံစည်ထားမှုအား ပယ်ဖျက်လိုက်ပါတော့တယ် ။                မင်းကြီးရန်နောင်လည်း မင်းကြီးညိုထံ အရေးတကြီး စာလွှာပါးလိုက်ရပါပြီ ... " နောင်တော်ကြီးထံ အင်းဝ မင်းကြီးရန်နောင်မှ လျှောက်တင်စာ ဆက်သလိုက်ရပါတယ် ၊ ရှမ်းဘုရင်ဟာ အင်းဝကို နိုင်နင်းစွာ အုပ်ချုပ်နိုင်ပြီးနောက် ရာဇမာန် တက်ကြွစွာနဲ့ လောဘလည်းကြီးလာပါပြီ ၊ တောင်ငူ နဲ့ ပြည်ကို သိမ်းပိုက်ရန် ကြံစည်ကာ ကျနော့်အား တိုင်ပင်ပါတယ် ၊ မသင့်တော်သေးကြောင်း ယုတ္တိရှိအောင် တင်ပြတားမြစ်ထားရပါတယ် ၊ သူဘက်က အတင်းရှေ့တိုးကြံစည်လျှင် ခုခံရန် ခက်ခဲနိုင်ပါတယ် ၊ ပြည်နဲ့တောင်ငူ ကျရှုံးခဲ့လျှင် ဗမာတို့ နေရာမရှိတော့ပဲ ရှမ်းနှိပ်စက်သမျှ ခံကြရပါလိမ့်မည် ၊ ယခုအခါ အင်းဝမှာပင် ဗမာ နဲ့ ဗုဒ္ဓဘာသာအား နှိမ်ချလိုသော အရိပ်အယောင် ပြသနေပါပြီ ။ ကျွန်ုပ်ကိုယ်တိုင် ရှမ်းလက်အောက် ခိုလှုံနေခြင်းမှာ သာသနာ နှင့် လူမျိုးအတွက်ကြောင့်သာ ဖြစ်ပါတယ် ။ သို့ပါ၍ ရှမ်းတို့ အင်အားကောင်းနေခိုက် အလိုက်သင့်ပေါင်းသင်းဆက်ဆံသင့်ပါတယ် ။ သိုဟန်ဘွားအား လက်ဆောင်ပဏ္ဏာ ဆက်သပြီး သင့်လျှော်သည့်အချိန်တိုင်အောင် အချိန်ဆွဲထားစေချင်ပါတယ် ။ အပူနဲ့သတ်၍ ရသကဲ့သို့ အအေးဖြင့်လည်း သက်တောင့်သက်သာ သတ်၍ရပါသည် ။ ဒီသဘောကို ပြည် ဘုရင်ထံသို့လည်း လျှောက်ထားလိုက်ပါမည် ''             အဲဒီလို တောင်ငူ နဲ့ ပြည်ဘုရင် တို့ဆီ ဆက်သွယ်ပြီး အကြံပြုလိုက်ပါတယ် ။ မင်းကြီးညိုလည်း သဘာဝကျသော မင်းကြီးရန်နောင်၏ အကြံပြုကို လက်ခံပါတယ် ။ ပြည်ဘုရင်လည်း လက်ခံတော်မူသောကြောင့် သိုဟန်ဘွားထံ လက်ဆောင်ပဏ္ဏာများ နဲ့ မဟာမိတ်ဖွဲ့သော သဝဏ်လွှာများအား ဆက်သကြပါတယ် ။           တသက်နဲ့တကိုယ် ဗမာများထံမှ ယခုလို ခန့်ညားတဲ့ လက်ဆောင်ပဏ္ဏာနဲ့ လေးစားစွာ ဆက်သတဲ့ သဝဏ်လွှာ မရဖူးတဲ့ သိုဟန်ဘွားအတွက်တော့ ဂုဏ်ယူမဆုံးဖြစ်ရပါပြီ ။ ကြိုတင်လျှောက်ထားခဲ့တဲ့ မင်းကြီးရန်နောင်ရဲ့ ဥာဏ်ရည် ဥာဏ်သွေးကိုလည်း ချီးမွမ်း သဘောကျမဆုံး ဖြစ်ရပါပြီ ။    " မင်းကြီးရန်နောင် ပြောခဲ့သည့်အတိုင်း ယခု တောင်ငူ နဲ့ ပြည်ဘုရင်တို့ထံမှ လက်ဆောင်ပဏ္ဏာများနဲ့ ချစ်ကြည်ရေး သဝဏ်လွှာများ ဆက်သလာခဲ့ပါပြီ ၊ ဒီအတိုင်းဆို မကြာခင် ကျုပ်တို့ လက်အောက်ကို ခိုဝင်လာမယ်လို့ ယူဆတာ မှန်သလား မင်းကြီးရန်နောင် '' " အမှန်ပါပဲ အရှင်သိုဟန်ဘွား..မင်းကောင်းမင်းမြတ်ဆိုတာ လက်ရုံးရည်ချည်း အားကိုးလို့ မရပါဘူး မိမိဘုန်းကံကိုလည်း မြှင့်တင်ပေးရပါတယ် ၊ ဘုန်းကံအရ အလိုလိုခိုလှုံလာကြလေ မိမိဘုန်းကံ မြင့်မားလာလေပါပဲ ဒါကြောင့် အိ​န္ဒြေနဲ့သာ စိုးစံနေပါ ၊ ယခုဆို အင်းဝနေပြည်တော်ထဲမှာ ကလေးလူကြီး ပါးစပ်ဖျား၌... " နတ်ပြည်မှာ သိကြား ရှမ်းပြည်မှာ သိုဟန်ဘွား ''
7 238
13
           ဒီလိုမျိုး အင်းဝမှာ ဖြစ်နေပါပြီ ။ သိုဟန်ဘွားကလည်း တနေ့ မြန်မာပြည်တပြည်လုံး ရှမ်းတို့ အုပ်စိုးရမယ် ။ ဗုဒ္ဓဘာသာ မှေးမှိန်ရမယ် ဆိုပြီး ကြံစည်နေပါပြီ ။ မင်းကြီးရန်နောင်ရဲ့ အကြံဥာဏ်ကို ရှမ်းတို့ ကြီးပွားရေးအတွက် အသုံးချရမယ်လို့ တွက်ဆထားပါတယ် ။          မင်းကြီးရန်နောင်ကလည်း ရှမ်းတွေကို အခြေအနေပေးတဲ့ တနေ့ နှင်ထုတ်ရမယ် ။ သိုဟန်ဘွားကို မြှောက်ပင့်ပေးပြီး ဗမာအင်အားကြီးထွားလာရေး ဆောင်ရွက်ရမယ်လို့ ကြိတ်ကြံနေပါပြီ ။              ဒီ အချိန်မှာပဲ မင်းကြီးရန်နောင် စိုးရိမ်နေတဲ့ တနေ့ ရောက်လာပါတယ် ။ အဲဒီနေ့မှာ သိုဟန်ဘွားက မင်းကြီးရန်နောင်ထံ အရေးကြီးတဲ့ ကိစ္စတခု ဖွင့်ဟ တိုင်ပင်လာပါတယ် ။ မင်းကြီးရန်နောင် ခေါင်းကိုက်ရမယ့် သိုဟန်ဘွားရဲ့ အကြံကတော့......          ကိုရွှေမျိုးဝင်း                        
8 531
14
             မင်းကျီးညိုက ဇာတာရှင်ဟာ ကေတုမတီရဲ့ ၃ ဆက်မြောက် အကြီးအကဲ ဇာတာဖြစ်နေတာမို့ သူ နဲ့ သားတော် တပင်ရွှေထီး နောက်မှ ဆက်ခံမယ့်သူ ဖြစ်မှန်း တွက်ချက် သိလိုက်ပါတယ် ။ အကယ်၍ သမီးတော် ခင်မိကြီးနဲ့ သျှင်ရဲထွဋ် လက်ထက်ခဲ့လျှင်ပင် သမီးတော်ဟာ မိဖုရားခေါင်ကြီး ဖြစ်လာမှာမို့ ဒီ ပြဿနာကို ကျေအေးလိုက်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ် ။           မင်းကြီးညိုဟာ မှူးမတ်များကို ခေါ်ယူပြီး သျှင်ရဲထွဋ်ကို အပြစ်မှ လွှတ်၍ လက်သုံးတော် ကျောက်စီဓားပါ ချီးမြှောက်လိုက်ကြောင်း ၊ သားတော် တပင်ရွှေထီးရဲ့ လူယုံတော်အဖြစ် သတ်မှတ်ကြောင်း မိန့်တော်မူလိုက်ပါတယ် ။                သားရေး သမီးရေးအတွက် ဆူပွက်သွားရတဲ့ ကေတုမတီကတော့ ငြိမ်းအေးသွားရပါပြီ ။ သိုဝန်ဘွား အုပ်ချုပ်နေတဲ့ အင်းဝကို ပြန်ကြည့်ရပါအုံးမည် ။ သိုဟန်ဘွားသည်ကား မင်းကြီးရန်နောင်ရဲ့ အစီအမံအောက်မှာ အင်းဝကို ငြိမ်ဝပ်ပိပြား အေးချမ်းသာယာစွာ အုပ်ချုပ်နိုင်ခဲ့ပါပြီ ။               ကာလကြာလာတာနဲ့ အမျှ သူ့ကိုယ်သူလည်း ဘဝင်မြင့်လာပါပြီ ။ ငါလိုလူ ဇမ္မူရှိသေးလား ဆိုတဲ့ အတ္တမာန ကိန်းလာပေမယ့် မင်းကြီးရန်နောင်ကိုတော့ လေးစားခင်မင်ဆဲ ဖြစ်ပါတော့တယ် ။              ဗုဒ္ဓဘာသာက်ို မကိုးကွယ်သူ ဟိုဟန်ဘွားဟာ သူ့ရဲ့ ရှမ်းလူမျိုးများ ကြီးမြင့်ရေး ၊ ရှမ်းဘာသာ စာပေ တိုးတက်ရေးအတွက် ဆောင်ရွက်ချင်လာပါပြီ ။ ဒီတော့ သူ့အကြံအစည်ကို ​ဗမာမှူးမတ်များအား တိုင်ပင်ပါတယ် ။           ဗမာဆိုပေမယ့် သိုဟန်ဘွားရဲ့ ချီးမြှင့်မှုအောက်မှာ အသားကျနေပြီး ကြီးပွားနေတဲ့ မှူးမတ်တွေကတော့ လူမျိုးနဲ့ သာသနာကို လစ်လျှူရှုပြီး သိုဟန်ဘွားအား ဖားယားကာ ကောင်းပါတယ် ၊ မှန်ပါတယ် လို့ ထောက်ခံကြပါတယ် ။            ငဖား မှူးမတ်တွေ ထောက်ခံလို့ သိုဟန်ဘွားလည်း အားတက်လာပြီး ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းများမှ တဆင့် ရှမ်း စာပေ နဲ့ ဘာသာစကားတွေကို သင်ခိုင်းမယ်လို့ ကြံစည်ပါတယ် ။ သူ့အကြံကို မင်းကြီးရန်နောင်အား ချပြတိုင်ပင်ရာ.... " ဒီ အကြံဟာ မကောင်းပါဘူး ၊ ဗမာတွေဟာ အသားကျနေတဲ့ စာပေ နဲ့ စကား အစား ရှမ်းစာ ရှမ်းစကားကို ပြောကြမှာ မဟုတ်ပါဘူး ။ ဒါဆိုရင် စစ်ရေး စစ်ရာ ကြုံလာပါက အမိန့်ပေး စနစ်အပေါ် ဆိုးကျိုးသက်ရောက်လာနိုင်ပါတယ် ။ ပြည်သူတွေ စိတ်ညစ်ပြီး ကေ​တုမတီ ၊ ပြည် ၊ တောင်တွင်းကြီးတွေဆီကို ထွက်ပြေးကြပါလိမ့်မယ် ဒီ အတိုင်းပဲ ထားတာ ကောင်းပါမယ် ''             ဆိုပြီး ကန့်ကွက်ပါတော့တယ် ။ မင်းကြီးရန်နောင်ကို ခင်မင်ရင်းစွဲလည်းရှိ လေးလည်းလေးစားနေတဲ့ သိုဟန်ဘွားဟာ သဘာဝကျတဲ့ ကန့်ကွက်မှုကို လက်ခံပြီး သူ့အစီအစဥ်ကို ဖျက်လိုက်ပါတယ် ။ သူကသာ အဲဒီ ပြဿနာကို အပြီးသတ်လိုက်တာပါ ​အပြီးမသတ်နိုင်သူ မင်းကြီးရန်နောင်ကတော့ မြန်မာမှူးမတ်တွေကို သူ့အိမ်တော်သို့ ဆင့်ခေါ်လိုက်ပါတယ်....          အိမ်တော်မှာ ကျောက်စီဓားလွတ်ကြီး တင်းတင်းဆုပ်ကိုင်ထားပြီး ဝင်လာသမျှ မှူးမတ်တွေကို မာမာထန်ထန် စိုက်ကြည့်နေတဲ့ မင်းကြီးရန်နောင်ရဲ့ အကြည့်စူးစူးအောက်မှာ လာသမျှ ဗမာမှူးမတ်တို့ ကြောက်ရွံ့နေပါတော့တယ် ။ လူစုံတာနဲ့ မင်းကြီးရန်နောင်က.... " ကဲ သိုဟန်ဘွားကို ရှမ်းစာ ရှမ်းစကား သင်ကြားဖို့ ထောက်ခံကြတာ ဘယ်သူတွေလဲ ပြောစမ်း ''            မင်းကြီးရန်နောင်ရဲ့ တင်းမာပြတ်သားတဲ့ လေသံ နဲ့ ခက်ထန်တဲ့ မျက်နှာပေး ၊ လက်ထဲက ဝင်းလက်နေတဲ့ ကျောက်စီဓားလွတ်ကြီး ကြည့်ပြီး ငဖား မှူးမတ်အချို့ တုန်လှုပ်သွားကြပါတယ် ။ " မှန်ပါ မင်းကြီး ကျနော်မျိုးတို့ မလိမ္မာလို့ မှားယွင်း ထောက်ခံမိတာ ခွင့်လွှတ်ပါဘုရား '' " ဘာ မလိမ္မာတာလည်းကွ ဟမ်...ဘာသာစကား နဲ့ စာပေ ပျောက်ကွယ်ရင် လူမျိုးပါ ပျောက်မယ်ဆိုတာ မသိဘူးလား...လူမျိုးပျောက်ရင် သာသနာပျောက်မယ် ဆိုတာ နားမလည်ဘူးလား ''              မှူးမတ်အားလုံး တုပ်တုပ်မျှ မလှုပ်ရဲကြပါဘူး ။ သူတို့အားလုံးက မင်းကြီးရန်နောင်ရဲ့ မျိုးချစ်စိတ် နဲ့ ရဲစွမ်းသတ္တိကို ကောင်းစွာ သိပြီးသူများဖြစ်ကြပါတယ် ။ မင်းကြီးရန်နောင်က မှူးမတ်တွေကို စိုက်ကြည့်ပြီး.... " မင်းတို့ ငါ့ကို လာခေါ်တော့ အားလုံး ငါ့စကား နားထောင်ပါ့မယ်လို့ သစ္စာရေ သောက်ခဲ့ကြတာ မှတ်မိကြရဲ့လား... '' " မှတ်မိပါတယ် ဘုရား '' " အေး ငါတို့အားလုံး ကိုယ်ကျိုးအတွက် မဟုတ်ပဲ လူမျိုးနဲ့ သာသနာအတွက် မိမိကိုယ်မိမိ ချိုးနှိမ်ပြီး ရှမ်းတွေ လက်အောက် ခိုလှုံခဲ့တာ မဟုတ်ဖူးလား '' " ဟုတ်ပါတယ်ဘုရား '' " ငါ့သဘောဆို ကေတုမတီသွားပြီး ပူးပေါင်းမယ် ပြီးမှ အင်းဝကို ပြန်တိုက်ဖို့ ကြံစည်နေတာ မင်းတို့ ဇွတ်ခေါ်လာလို့ ငါ လိုက်လာတာလေ  ဘာလဲ မင်းတို့က လောဘဇောကပ်ပြီး လာဘ်လာဘမျှော်ကိုးလို့ ရှမ်းစာ ရှမ်းစကား သင်ဖို့ ထောက်ခံကြတာလား လောဘအိုးတွေ ပြောကြစမ်း '' " မဟုတ်ပါဘူး မင်းကြီးရန်နောင် အားလုံး မင်းကြီးစကားကို နာခံလျှက်ပါပဲ '' " အေးးးမနာခံရင်လည်း ငါ့ လက်နက်နဲ့ ကိုယ်တိုင် သတ်ပစ်မှာပဲ ငါ့မျက်စိနဲ့ ရှမ်းငဖားတွေကို မြင်ခဲ့ပြီးပြီ အားလုံး သစ္စာရေ ထပ်သောက်ရမယ် ကြားလား ''
7 841
15
တပင်ရွှေထီး နဲ့ ဘုရင့်နောင် (10) ========================           မင်းကျီးညိုဟာ စိတ်ဆိုးပြီး သျှင်ရဲထွဋ်လို အထိမ်းတော်ရဲ့ သားက ငါလို ဘုရင်ရဲ့ သမီးတော်ကို ချစ်ကြိုက်ရသလား...ဒီကိစ္စဟာ အခြားတိုင်းပြည်တွေက ကြားသိရင်လည်း ရှက်စရာကောင်းလှပေတယ် လို့ တွက်ဆပါတယ် ။          ဒါကြောင့် ဘုရင့်သမီးတော်ကို ကျူးလွန်သူ သျှင်ရဲထွဋ်အား ငါ့ရှေ့တော်မှောက် ဆကိသရမယ် ငါကိုယ်တိုင် ဒီကျောက်စီဓားနဲ့ ကွပ်မျက်မယ် ဆိုပြီး တချက်လွတ် အမိန့် ထုတ်လိုက်ပါတယ် ။ ( ဒီနေရာမှာ လယ်တီပဏ္ဏီတ ဦးမောင်ကြီးကတော့ ချိန်းတွေ့နေတာ သူနဲ့ ပက်ပင်းတိုးလို့ ဒီအမိန့်ထုတ်တာလို့ ဆိုပါတယ် ။ သို့သော် ကထိကဦးစိန်လွင်လေး နဲ့ အခြား ရာဇဝင်စာအုပ်များမှာတော့ သမီးတော်ကိုယ်ဝန်ရှိနေလို့ သိသွားပြီး စိတ်ဆိုးတာလို့ ဆိုပါတယ် ။ မဲ များရာ ယူမယ်ဆိုရင် ကိုယ်ဝန်ရှိတယ်လို့ ယူဆမိပါတယ် ၊ လွတ်လပ်စွာ ကွဲလွဲနိုင်ပါကြောင်း.... )            သျှင်ရဲထွဋ်ကို သေမိန့် ပေးလိုက်လို့ သူလည်း ငယ်ဆရာတော် အရှငိမဟိန္ဒရဲ့ ဘုန်းကြီးကျောင်းမှာ ပုန်းအောင်းနေပါတယ် ။ ဒေါသအလျှောက် သျှင်ရဲထွဋ်ကို သေမိန့်ပေးထားတဲ့ မင်းကျီးညို အမိန့်ကြောင့် မှူးမတ်တွေ လိုက်ရှာကြပေမယ့် မတွေ့ပါဘူး ။            ဆရာတော် မဟိန္ဒရဲ့ကျောင်းကိုလည်း ခန့်မှန်းမိပေမယ့် မရှာရဲကြပါဘူး ။ ဆရာတော်က မင်းကျီးညိုကိုးကွယ်တဲ့ မင်းဆရာလည်း ဖြစ်နေတာကိုး ။ တပင်ရွှေထီးကတော့ အဲဒီ သတင်းကြားတာနဲ့ သူ့ရဲ့ ဖခမည်းတော်ဆီ သွားပါတယ် ။             သျှင်ရဲထွဋ်ကို အပြစ်မပေးဖို့ ဇွတ်တောင်းဆိုပါတော့တယ် ။ မင်းကျီးညိုလည်း သူ အင်မတန် ချစ်ရတဲ့ သားတော် တပင်ရွှေထီး နဲ့ သျှင်ရဲထွဋ်တို့ရဲ့ သံယောဇဥ်ကို သိပါတယ် ။ သူမရှိတော့ရင် တပင်ရွှေထီးကို အနီးကပ် စောင့်ရှောက်ဖို့ အလုံးစုံ စိတ်ချရသူကလည်း သျှင်ရဲထွဋ်ပဲ ရှိတာ သူသိပါတယ် ။           ငယ်စဥ်ကတည်းက တွယ်တာခဲ့ရတဲ့ ကလေးတွေရဲ့ သံယောဇဥ်ကို မင်းကျီးညို ကောင်းစွာသိပါတယ် ။ ဒါပေမယ့် မင်းတို့ရဲ့ ထားရှိအပ်သော ရာဇမာန်အရ သူ့တချက်လွှတ် အမိန့်တော်ကို ရုတ်သိမ်းမပေးသေးပါဘူး ။ အခြားသူသာ တရားခံဆို မိဘ ဆွေမျိုးတွေပါ ဖမ်းဆီးမယ် ၊ ခိုအောင်းနိုင်တဲ့ နေရာမှန်သမျှ ပိုက်စိတ်တိုက်ရှာမယ် လေ ။                ဒါပေမယ့် တရားခံက သမီးတော်ရဲ့ ချစ်ခင်ရသူ ၊ သားတော်ရဲ့ နောင်တော်အရင်းကဲ့သို့ ဖြစ်နေသူ သျှင်ရဲထွဋ် ဆိုတော့ အရှင် မဟိန္ဒရဲ့ ကျောင်းတော်မှာ ရှိနေနိုင်တာကို မသိဟန်ဆောင်ပြီး အသာ ဟ ပေးထားတာလည်း မင်းကျီးညိုရဲ့ ရာဇပရိယာယ်ပါပဲ ။         အရှင်မဟိန္ဒက မင်းကျီးညို စိတ်ဆိုးပြေလောက်ချိန်ကို တွက်ဆပြီးမှ.... " ကဲ သျှင်ရဲထွဋ် ဒီလောက် ရက်ကြာသွားရင် မင်းကြီးလည်း သွေးအေးလောက်ပြီ မင်း ဒီဇာတာကို ယူသွားပြီး မင်းကြီးကို ကျနော်မျိုးဇာတာအား စစ်ဆေးပြီးမှ သတ်တော်မူပါလို့ လျှောက်လိုက် ၊ မကြောက်နဲ့ ငါ့တပည့် မင်း ဘာမှ မဖြစ်ဘူး ရဲရဲသာ သွား ''             သျှင်ရဲထွဋ်လည်း ဘုရင့်ထက် ကြောက်ရတဲ့ ငယ်ဆရာတော်ရဲ့ မိန့်ကြားချက်ကို လိုက်နာရတာပေါ့ ။ ဇာတာလေး ကိုင်ပြီး နန်းတွင်းသွားပါတယ် ။ အစောင့်အကြပ်တွေက သျှင်ရဲထွဋ် ရဲတင်းလှချည်လား မင်းကြီးက သတ်မယ်ဆိုတာကို သိရက်နဲ့ အဝေးမပြေးပဲ ဘာလို့ နန်းတွင်း လာရတာလည်း အဝေးကို ပြေးပါ ဆိုပြီး တိုက်တွန်းကြတယ် ။             သျှင်ရဲထွဋ်ကတော့ ဆရာတော်ရဲ့ '' မင်းဘာမှ မဖြစ်ဘူး သွားတာသွား'' ဆိုတဲ့ စကားကို ယုံကြည်နေလို့  ဂျိုကာလေးကောင် ကိုင်ထားတဲ့ ဖဲသမားလို မိမိကိုယ်ကို ယုံကြည်မှု အပြည့်နဲ့ နန်းတော်ထဲ ရင်ကော့ဝင်သွားလေရဲ့.....               မင်းကျီးညိုလည်း ရုတ်တရက် နန်းတော်ထဲ ဖြတ်ကနဲ ဝင်လာတဲ့ သျှင်ရဲထွဋ်လည်း မြင်လိုက်ရော အနားက ကျောက်စီဓား ကောက်ကိုင်ပြီး... " ဟဲ့ ရာဇဝတ်သား နင့်ကို ဖမ်းပြီး သေဒဏ်ပေးဖို့ ငါ အမိန့်ထုတ်ထားတာ မသိဘူးလား ငမိုက်သား '' " သိပါတယ်ဘုရား အရှင်မင်းကြီး အမိန့်အရ ကျနော်မျိုးမှာ ပြေးလည်း မလွတ်နိုင်ပါဘူး အခြားတိုင်းတပါးကိုလည်း မခိုလှုံနိုင်ပါဘူး ကျနော်မျိုးရဲ့ အသက်ဝိညာဥ်က ကေတုမတီမို့ သေလည်း ဒီ​မြေဒီရေမှာပဲ တင့်တယ်စွာ သေချင်ပါတယ် ၊ ကျနော်မျိုးအား မသတ်ခင် ဒီ ဇာတာကို စစ်ဆေးကြည့်ခိုင်းပါလို့ ဆရာတော် အရှင်မဟိန္ဒက မိန့်လိုက်ပါတယ် မင်းကြီး အရင် စစ်ဆေးပြီးမှ သတ်တော်မူပါ ''              မင်းကြီးညိုလည်း အရှင် မဟိန္ဒရဲ့ စကားကို မပယ်ရှားပဲ ဇာတာတော်ကို စစ်ဆေးကြည့်ရာ တုန်လှုပ်သွားရပါတော့တယ် ။ မင်းကြီးညိုဟာ ဗေဒင်ကျွမ်းကြင်သူပီပီ ဇာတာရှင်ရဲ့ ဘုန်းကံဟာ သူ နဲ့ သူအလွန်ချစ်ခင်အားကိုရတဲ့ တပင်ရွှေထီးတို့ရဲ့ ဌာတာထက် ဘုန်းကံ ပိုမို ကြီးမားနေကြောင်း တွေ့လိုက်ရလို့ပါပဲ ။   " အင်းးးနင့်ဇာတာ ကောင်းလှချည့် သျှင်ရဲထွဋ် ၊ နောင်တချိန် အထွဋ်အထိပ်ရောက်မယ့် ဇာတာရှင်ပဲ တို့လူမျိုးနဲ့ ဘာသာ သာသနာကို ကာကွယ်စောင့်ရှောက်သူ ဘုန်းကံရှင် ဖြစ်မယ့် ဇာတာပဲ ''
6 924
16
       သက္ကရာဇ် ၈၈၈ နှစ်ဦးကာလမှာ သိုဟန်ဘွား အင်းဝဘုရင် ဖြစ်လာခဲ့ပါတယ် ။ ထိုနှစ်အတွင်း အင်းဝနဲ့ခေတ်ပြိုင်.... - ပြည်ဘုရင် သတိုးမင်းစော သေဆုံး၍ သားတော် ဘုရင်ထွေး ပြည်ဘုရင် ဖြစ်လာ၏ ။ - ဟံသာဝတီမှာလည်း မွန်ဘုရင် ဗညားရံ ကွယ်လွန်၍ သားတော် သုရှင်တကာရွတ်ပိ ဘုရင်ဖြစ်လာ၏ ။          ထို ၃ နိုင်ငံတွင် မင်းပျို မင်းလွင်တို့ အုပ်ချုပ်မှု အသစ်တို့ဖြင့် လည်ပတ်နေပါပြီ ။ ကေတုမတီ တောင်ငူ နန်းတွင်းမှာတော့ မင်းကျီးညိုပဲ အုပ်စိုးနေပြီး သူ အင်မတန် အားကိုးသော တပင်ရွှေထီးလည်း လူလားမြောက်စ လူပျိုပေါက်တို့ ဖြစ်လာကြပါပြီ ။           ကေတုမတီနန်းတွင်းမှာ တပင်ရွှေထီး နှင့် သျှင်ရဲထွဋ် တို့ကတော့ အဌာရဿ ၁၈ ရပ်သော ပညာများကို ရေကုန်ရေခမ်း ဆည်းပူးလေ့ကျင့် နေကြရပါပြီ ။ အပေါင်းအဖော်များက သူတို့ ၂ ဦးတည်းတော့ မဟုတ်တော့ပါဘူး ။         ပထမတဦးက သူတို့ထက် တနှစ်မျှ ကြီးသော သခင်ကြီး ဆိုတဲ့ မင်းကျီးညိုရဲ့ သမီးတော် ဖြစ်ပါတယ် ။ သူမကို မိုးဗြဲသော်ဘွားရဲ့ သမီးတော် မိဖုရား ခင်နွယ်မှ မွေးဖွားခဲ့တာပါ ။ ဒါကြောင့် တပင်ရွှေထီးရဲ့ ဖအေတူ အမေကွဲ အမရင်း ဖြစ်ပါတယ် ။         နောက်ထပ်အဖော်ကတော့ သျှင်ရဲထွဋ်ရဲ့ မိခင်မှ ဖွားမြင်သည့် ခင်ဘုန်းစိုး ဆိုတဲ့ သမီးဖြစ်ပါတယ် ။          ထို့ပြင် မင်းကြီးဆွေရဲ့ ကိုယ်လုပ်တော် သျှင်နီတာကလည်း သမီးတဦး ဖွားမြင်ပါတယ် ။ အမည်ကတော့ ခင်မင်းမြတ် ဖြစ်ပါတယ် ။          သျှင်ရဲထွဋ် နဲ့  ခင်ဘုန်းစိုးက ညီမအရင်း ၊ ခင်မင်းမြတ်က ဖအေတူ အမေကွဲ ညီမ တော်စပ်ကြပါတယ် ။ ( သမိုင်းမှာ အရေးပါလာမယ့် အမည်တွေဖြစ်ပါတယ် )             အဲဒီ ယောကျာ်းပျို ၂ ဦး နဲ့ မိန်းကလေး ၃ ဦးတို့ဟာ နန်းတွင်းမှာ ချစ်ခင်စွာ ကစားဖော် ကစားဖက် ငယ်သူချင်းများ ဖြစ်ကြပါတယ် ။ စိတ်ကစားတဲ့ အရွယ်တွေမို့ အနေနီးလွန်းပြီး တပင်ရွှေထီး နဲ့ ခင်ဘုန်းစိုးတို့ သမီးရီးစား စဖြစ်ကြပါပြီ ။             မကြာပါဘူး ငယ်သူငယ်ချင်း ခင်မင်းမြတ်လည်း တပင်ရွှေထီးနဲ့ ထပ်မံ ချစ်ကြိုက်ကြပြန်ပါတယ် ။ တပင်ရွှေထီးသည်ကား ၁၄ နှစ်အရွယ်ကပင် ညီအမ ၂ ဦးနှင့် တချိန်တည်း ချစ်ကြိုက်နိုင်သူအဖြစ် ယောကျာ်းသားတို့အတွက် အားကျဖွယ် တွေ့မြင်ရပါတော့တယ် ။         သူတို့အတွဲရဲ့ အောင်သွယ်မှုကြောင့် သျှင်ရဲထွဋ်နဲ့ သခင်ကြီးတို့လည်း မကြာခင် သမီးရီးစား ဖြစ်သွားကြပါတယ် ။          တပင်ရွှေထီးအတွက် ခင်ဘုန်းစိုးတို့ ညီအမကို ရီးစားတော်စပ်ရတာ ပြဿနာမရှိပါဘူး ။ ပြဿနာရှိတာက သျှင်ရဲထွဋ်ပါပဲ ။ သခင်ကြီးဆိုတာ ဘုရင်မင်းမြတ်ရဲ့ အဆင်မြင့် မိဖုရားကြီးရဲ့ သမီးတော်အရင်းမို့ တိုင်းပြည်အတွက် အလွန်အရေးကြီးသူ ဖြစ်ပါတယ် ။          ထိုခေတ်အခါက တိုင်းပြည် တခုနဲ့တခု ချစ်ကြည်ရေး အတွက် အလွန်အရေးကြီးတဲ့သူ ဖြစ်ပါတယ် ။ အဲဒါကို မတွေးနိုင်လောက်အောင် မေတ္တာသက်ဝင်နေတဲ့ သျှင်ရဲထွဋ်လည်း ကဲ ချင်တိုင်းကဲ ရဲ ချင်တိုင်း ရဲ ကြရင်း ပြဿနာကြီးစွာ တက်ကြရပါပြီ ။             လူလည်ဖြစ်တဲ့ မင်းကျီးညိုဟာ သူ့ရဲ့သားတော် တပင်ရွှေထီးရဲ့ အခြေအနေကော သမီးတော် သခင်ကြီးရဲ့ အခြေအနေကော ရိပ်စားမိနေပါပြီ ။ ဒါကြောင့် သခင်ကြီးရဲ့ မိခင် မိဖုရားခင်နွယ်အား သမီးတော်သည် နိုင်ငံတော်အတွက် တန်ဖိုးကြီးသူ ဖြစ်၍ သေသေချာချာ ထိမ်းကြောင်းရန် မှာကြားပါတယ် ။              မိဖုရားလည်း သမီးတော် သခင်ကြီးအား ဆုံးမစကားမိန့်ကြားပါတယ် ။ အသက် ၁၅ နှစ်အရွယ် သခင်ကြီးအတွက် မိခင်ရဲ့ ဆိုဆုံးမစကားက အရာရာနောက်ကျခဲ့ပါပြီ ။ ဘာကြောင့်လဲ ဆိုတော့ လက်သွက်တဲ့ သျှင်ရဲထွဋ်ကြောင့် သူမဟာ ငယ်ငယ်ရွယ်ရွယ် နဲ့ ကိုယ်ဝန်ရသွားလို့ပါပဲ ။           ဒီသတင်းကို မင်းကျီးညို ကြားလိုက်တာနဲ့ နာနာဂီရိဆင် အရက်ကိုးမောင်းသောက်ပြီး သောင်းကျန်းသကဲ့သို့ ဂမူးရှူးထိုး တချက်လွတ်အမိန့်ပေးလိုက်တာကတော့......           ကိုရွှေမျိုးဝင်း             
7 436
17
တပင်ရွှေထီး နဲ့ ဘုရင့်နောင် (9) ======================= " အင်းဝကို မရမှီကတည်းကပင် မင်းကြီးရန်နောင်ရဲ့ ဂုဏ်သတင်းကို ကျွန်ုပ်တို့ ကြားသိပြီးဖြစ်သလို တိုက်ပွဲတွင်းမှာလဲ ကျော်ကြားတဲ့ ဂုဏ်သတင်းနဲ့ ပြည့်စုံသူဖြစ်ကြောင်း လက်တွေ့ သိခဲ့ရလို့ ယခုလို တွေ့ဆုံ ဆွေးနွေးခွင့် ရတာ ဝမ်းသာစရာပါပဲ '' " မှန်လှပါ ကျနော်လည်း စော်ဘွားကြီး မိုးညှင်းစလုံတို့ သားအဖနဲ့ တွေ့ဆုံခွင့်ရတာ ဝမ်းသာပါတယ် သူရဲကောင်းသည် သူရဲကောင်းခြင်း မြတ်နိုးရင်းစွဲ ရှိပြီးသားမို့ အထူးပြောစရာမလိုပါ...'' " ကောင်းတယ် မင်းကြီးရန်နောင် ယခု တွေ့ဆုံရတာက မြန်မာတို့ရဲ့ ထီးနန်းထုံးစံ အတိုင်း နည်းနာယူပြီး အုပ်ချုပ်မှသာ အုပ်ချုပ်သူရော အုပ်ချုပ်ခံ ပြည်သူရော အဆင်ပြေမယ်လို့ ယူဆတဲ့အတွက် မင်းကြီးဆီက လမ်းပြပေးဖို့ ပါပဲ '' " မင်းကြီးတို့ ရှမ်းတွေ ပွင့်လင်းသလို ကျနော်တို့ မြန်မာတွေကလည်း ရိုးသားစွာ သတိပေးချင်ပါတယ် ၊ မြန်မာ ပညာရှိ ဘိုးရာဇာက '' လွယ်လွယ်မယုံနှင့် ၊ ယုံပင် ယုံသော်လည်း လွယ်လွယ်နှင့် မပုံသင့် '' ဆိုတဲ့အတိုင်း စော်ဘွားကြီး အသေအချာစဥ်းစားသင့်ကြောင်း အကြံပြုပါတယ် '' " ဒီလို ပွင့်လင်းတာကို သဘောကျပါတယ် ကဲ ဒါဆို ရှမ်း နဲ့ မြန်မာ စိတ်ဝမ်းမကွဲပဲ ချစ်ခင်စွာ ရောနှော နေထိုင် နိုင်ရန် အကြံပြုပါ '' " မင်းကျင့်တရား ဆယ်ပါးအနက် အရေးကြီးဆုံး '' အဝိရောဓန'' ဆိုတဲ့ အချက်ကို မင်းကောင်းမှန်ရင် လိုက်နာရပါတယ် ။ အဓိပ္ပါယ်က ပြည်သူတို့ရဲ့ ဆန္ဒနဲ့ မဆန့်ကျင်ပါနဲ့ တဲ့ '' " မှန်တယ် မင်း နဲ့ ပြည်သူ မကြည်ဖြူတော့ဘူးဆိုရင် တိုင်းပြည်အရေး ရှုပ်ထွေးပြီး ပျက်ဆီးတတ်တာမို့ အထူးဂရုစိုက်ပါ့မယ် '' " နောက်တချက်က ပြည်သူတို့ရဲ့ ကိုးကွယ်ရာကို မထိပါးရပါဘူး အင်းဝ ပြည်သူတွေက ဗုဒ္ဓဘာသာဝင်ချည်းပါပဲ ၊ အဲဒါကြောင့် ဗုဒ္ဓဘာသာ အပေါ် ကြည်ညိုရင်းစွဲ မရှိတဲ့ စော်ဘွားကြီးတို့က ဖိနှိပ်ညဥ်းပန်းလျှင် ပြဿနာများစွာ ပေါ်လာမှာ အသေအချာပါပဲ '' " အင်းးး ဒါလည်း မှန်ပါတယ် သို့သော် ချီးမြှောက်ဖို့ အရာကတော့ ကျွန်ုပ်တို့ နားမလည်သလို လုပ်လည်း မလုပ်လိုတဲ့ အတွက် ဒီကိစ္စကိုတော့ မင်းကြီးရန်နောင်ကိုပဲ အလုံးစုံ လွှဲအပ်ရမှာပါပဲ '' " နောက်အရေးကြီးတာက အစဥ်တစိုက် အုပ်ချုပ်လာရတဲ့ မြန်မာ မှူးကြီးမတ်ရာများအား ယခင်အတိုင်း ခန့်ထားအုပ်ချုပ်ခိုင်းမှသာ အသားတကျ အဆင်ပြေပါလိမ့်မယ် '' " ဒါလည်း လက်ခံပါတယ် သစ္စာမဖောက်ပြန်ဖို့တော့ မင်းကြီးရန်နောင် တာဝန်ယူရပါလိမ့်မယ် '' " မှန်ပါတယ် စော်ဘွားကြီး လွှတ်ရုံး ဗြဲတိုက် အစရှိတဲ့ အတွင်းမှူးမတ်များကိုတော့ ယခင်မှူးမတ်များအား မပယ်ရှားပဲ ရှမ်းမှူးမတ်များနဲ့ တွဲဖက် တာဝန်ပေးသင့်ပါတယ် '' " ဒီလို လုပ်ဖို့ မူလကတည်းက တွေးပြီးဖြစ်ပါတယ် အခက်အခဲ မရှိလှပါဘူး '' " ဒီလောက်လိုက်လျှောနေရင် အားလုံး အဆင်ပြေပါပြီ အရေးကြီးဆုံး နောက်ဆုံးတချက် အကြံပြုချင်ပါတယ် '' " ပြောပါ မင်းကြီးရန်နောင် '' " ပြည်သူများအပေါ် အခွန်အတုတ် ကြီးစွာ မကောက်ယူဖို့ပါပဲ.. စစ်ပွဲကြောင့် ဆင်းရဲနေတဲ့ ပြည်သူများအပေါ် သက်ညှာနိုင်သမျှ သက်ညှာရပါလိမ့်မယ် ၊ အဲဒါကို ထည့်မတွက်ပဲ ဘုရင့်ဘဏ္ဏာ တောင့်ရင် ပြီးရော ပြည်သူတွေ ငတ်ချင် ငတ်ပါစေလို့ သဘောထားရင်ဖြင့်  အခွန်တော်ပူ၍ တိုင်းဆူရသည့် အဖြစ်များ များစွာ ပေါ်ခဲ့ရပြီး ဖြစ်ပါတယ် '' " မှန်တယ် လောဘကြီးတဲ့ ဘုရင်တွေက ပြည်သူငတ်လည်း အခွန်ခွဲရင်း ဘုန်းသမ္ဘာနိမ့်ပါးပြီး လောဘငရဲ ကျဆင်းရစမြဲမို့ ကျွန်ုပ်အား လူကြည်ညို နတ်ကြည်ညိုဖြစ်အောင် မင်းကြီးရန်နောင် စီစဥ်ပါလေ ''                        ၂ ဦးသား ဆွေးနွေးနေတာကို အနားက သိုဟန်ဘွားလည်း တလုံးမျှ ဝင်မပြောပဲ နားစိုက်ထောင်နေပါတယ် ။ အလုံးစုံဆွေးနွေး သဘောတူပြီးတာနဲ့ မိုးညှင်းစလုံက.... " ကဲ ကျွန်ုပ်ကတော့ ရှုပ်ထွေးတဲ့ အုပ်ချုပ်ရေးကို မလုပ်လိုဘူး မိုးညှင်းပြန်တော်မူမယ် သားတော် သိုဟန်ဘွားကို ညီအရင်းလို စောင့်ရှောက်ပြီး အတူတကွ အုပ်ချုပ်ပါလေ... သားတော်ကလည်း မင်းကြီးရန်နောင်အား အကိုရင်းလို သဘောထားပြီး သူ့အကြံဥာဏ်တွေကို နာယူရမည် ''           မင်းကြီးရန်နောင်ရော သိုဟန်ဘွားပါ  ၂ ဦးလုံး ဝန်ခံကြသဖြင့် မိုးညှင်းစလုံက... " ကိုင်း မင်းကြီးရန်နောင်ကို ထုံးစံနဲ့အညီ မြှောက်စားရန်သာ ကျန်တော့တယ် မင်းကြီးအလိုရှိရာ မြို့ရွာကို ပြောပါ အပိုင်စားပေးပါ့မယ် '' " ကျွန်ုပ်သည်ကား သာကီနွယ်ဖွား မဟာဆီမဟာသွေး အစစ်ဖြစ်ပါတယ် အခွင့်အရေးကို မျှော်ကိုးပြီး ခိုကပ်နေခြင်းမဟုတ်ပါ ခြင်္သေ့မင်းသည် သူတပါး၏ စားကြွင်းစားကျန်ကို မခံယူပါဘူး '' " ဒီလိုလဲ မဟုတ်သေးပါဘူး သင်အလိုမရှိပေမယ့် ကျွန်ုပ်မှာက ချီးမြှောက်ရန် တာဝန်ရှိပါတယ် ဒါကြောင့် ယခင်နာမည်ကျော် သတိုးမင်းခေါင် အပိုင်စားခဲ့တဲ့ ပြင်စည်မြို့ကို အပိုင်စားပါ ''             ပြင်စည်သည်ကား ဘုရင်မင်းခေါင်လက်ထက်က အလွန်စည်ကားရာ မြို့ဖြစ်၏ ။ ဘုရင်၏ ချစ်ခင်သော သားအရင်းတို့သာ အပိုင်စားရသည့် မြို့ဖြစ်ပါသည် ။ တပတ်အကြာမှာ မိုးညှင်းစလုဲသည် သိုဟန်ဘွားအတွက် တိုက်ဆင် ၂၀၀ ၊ စစ်မြင်း ၄၀၀၀ ၊ စစ်သည် ၄၀၀၀၀ တို့အား ထားရစ်ခဲ့ကာ မိုးညှင်းသို့ ပြန်သွားပါတော့တယ် ။
7 285
18
ဆီ  ဆီ   ဆီ ===========               နိုင်ငံတော်ကနေ စာသုံးဆီ ကိုယ်တာ လျှော့ချလိုက်လို့ ပြည်သူတွေ အခက်အခဲ ကြီးစွာ ဖြစ်နေရသလို စျေးနှုံးကြီးမားတဲ့ ဒဏ်ကိုလည်း ထပ်မံခံစားနေရပါတယ် ။             ဒါကို နိုင်ငံတော်က သိပါတယ်တဲ့ ။ ဒါကြောင့် ပြောရေးဆိုခွင့် ရှိသူထံမှ အများပြည်သူ သိရှိနိုင်ရန် ယနေ့ ရှင်းလင်းပြောကြားသွားပါတယ် ။ - လူတဦး 6.5 ပိဿာ WHO အရ - မိသားစု တစု ပျဥ်းမျှ  ၅ ဦးနှုံးအရ - မိသားစု တစု 6.5×5 = 32.5 ပိဿာ          ဒါက WHO ရဲ့ စံညွှန်းနဲ့ စားရင်တောင် မိသားစုတခု အတွက် အမှန် စားကို စားရမယ့် ပမာဏ ပါ ။      လက်ရှိ အစိုးရမှ ရောင်းပေးသော ပမာဏ တလ              1.24 ပိဿာ တနှစ်               1.24 × 12 = 14.88 ပိဿာ မိသားစု တစု တနှစ်    14.88 ပိဿာ -   ပြည်တွင်းထွက် ဆီ ပမာဏ တန် 280000 - ပိဿာချိန် 280000×612 = 171360000 မိသားစု တစု ဝယ်နိုင်ခွင့်  = 3.4 ပိဿာ ( ဝယ်နိုင်တာ မဝယ်တာ အပထားပါ ဆီ ပမာဏသာ တွက်ကြည့်ပါ)           ဒီတော့ မြန်မာ မိသားစု တစုအတွက် အစိုးရ ရောင်းချပေးတဲ့ ပြည်ပဆီ ခွဲတမ်းနဲ့ ပြည်တွင်းဆီ ဝယ်ယူနိုင်တဲ့ ပမာဏ စုစုပေါင်း....   တနှစ်  14.88 + 3.4 = 17.2 ပိဿာ               ဒါကို တွက်ကြည့်ပါ WHO ရဲ့ စံညွှန်းအရ မိသားစုတစု အမှန်လိုအပ်ချက် 32.5 ပိဿာ ရှိပါတယ် ။ ပြည်ပမှာ လက်တွေ့ ရနေတာက 17.2 ပိဿာမျှသာ ဖြစ်ပါတယ် ။             ကဲ သတင်းထုတ်ပြန်ချက်အရ ပြန်တွက်ကြပါစို့.... ပြည်ပမှ ဝယ်ယူ 641783 တန် × 612 ပိဿာ 392771196 ပိဿာ ရပါတယ် ။ လူတဦးခြင်းဆိုပါက... 7.7 ပိဿာ နှုံးပါ ( လူဦးရေ ၅၁ သန်း နှုံးနဲ့ တွက်ပါ)      ထို့ကြောင့် အိမ်ထောင်စု တစုလျှင် ပျဥ်းမျှ လူဦးရေ ၅ ဦး နှုံးဖြင့် ခွဲတမ်းတွက်ပါက...     အိမ်ထောင်စု တစုလျှင် 38.5 ပိဿာ နှုံး ရောင်းချနိုင်ပါတယ် ။ ( ပြည်တွင်းထုတ်မပါ )           ပြည်ပမှ တင်သွင်းခဲ့သော ဆီ ချည်း မိသားစု တစုလျှင် တလ 3.2 ပိဿာ ရောင်းချပေးနိုင်ပါလျှက် ယခု 1.24 ပိဿာသာ ရောင်းချနေသောကြောင့် တင်သွင်းပြီး ပြည်သူ့ထံ အစိုးရ သတ်မှတ်စျေးနှုံး နဲ့ ရောက်မလာသော ပမာဏက ဘယ်ပျောက်နေပါသလဲ....?              ပြည်ပအဝယ် = 391771196 ပိဿာ ပြန် ရောင်း     =    63240000 ပိဿာ -------------------------------------------------------- ဝယ်ပြီးပျောက်= 328531196 ပိဿာ         OK ပါ ဖတ်ရတာ ခေါင်းရှုပ်ကုန်လောက်ပါပြီ ။ အချုပ်ကို ပြောပါ့မယ် ။ WHO နဲ့ အညီ... မိသားစု တစု တနှစ် = 32.5 ပိသာ လိုအပ် ( မိသားစု တစု ၅ ဦး ပျမ်းမျှ) အစိုးရ ရောင်း တနှစ် = 14.88 ပိဿာ အစိုးရမှ နိုင်ငံခြားငွေသုံးဝယ်ယူ အိမ်ထောင်စုတစု တနှစ်      38.5 ပိဿာနှုံး ဝယ်နေပါတယ် ။         ကြားထဲက ကွာဟနေတဲ့ ဆီတွေ ဘယ်ရောက်ကုန်တာလဲ...  အသွင်းပြပြီး ဒေါ်လာစားနေကြသလား...?           ပြည်တွင်းထုတ်ဆီ ဝယ်နိုင်လို့ ဝယ်မည်ဆိုပါက မိသားစု တစု တနှစ် 3.4 ပိဿာနှုံး ဝယ်ယူနိုင်တာပါ တွက်ကြည့်ပါက အစိုးရ အတွက် ဘာလုပ်ရမယ်ဆိုတာ အဖြေထွက်လောက်ပါပြီ ။ မှတ်ချက် ။        ။ ဆီလျှော့စားဖို့ အကြံပေးသူများ ကိုယ့်ပြည်သူတွေ ဘယ်လောက် နိမ့်ကျနေရသလဲဆိုတာ အမှန်တိုင်း မြင်အောင်ကြည့်ပြီး မသမာသူ ဖော်ထုတ်ဖို့ပဲ အကြံပေးသင့်ပါတယ် ၊ ကိန်းဂဏန်းဆိုတာ လိမ်ရလွယ်သလို ဖော်ထုတ်ရတာလည်း ရှေးက ၈ တန်း အဆင့်လောက်နဲ့ကိုပဲ သိနိုင်ပါတယ် ။ တတန်မှာ 612 ပိဿာ ရှိမှန်းသိရင်ကို တွက်လို့ ရပါတယ် ။        ကိုရွှေမျိုးဝင်း            
7 793
19
               မင်းကြီးရန်နောင် နဲ့ ဗမာမှူးမတ်များဟာ အထက်ပါအတိုင်း ညှိနှိုင်း သဘောတူခဲ့ကြပြီး အင်းဝနေပြည်တော်သို့ ဝင်ခဲ့ကြပါတယ် ။ မိုးညှင်းစလုံ ဟာ မင်းကြီးရန်နောင်ကို ဓနုဆောင်မှာ ကြိုဆိုပါတယ် ။ ထူးခြားချက် အဖြစ် မင်းကြီးရန်နောင်က ကျောက်စီဓားကို လက်ထဲက မချပဲ တွေ့ဆုံခဲ့တာကို ခွင့်ပြုခဲ့တာပါပဲ ။            မိုးညှင်းစလုံဟာ သလွန်တခုပေါ်မှာ နေရာယူပြီး မျက်နှာခြင်းဆိုင် သလွန်ပေါ်မှာ သိုဝန်ဘွားနဲ့ အတူ မင်းကြီးရန်နောင်ကို ယှဥ်တွဲ နေရာချပေးပြီး သူ့ရဲ့ အလေးအနက်ထားပုံကို ပြသခဲ့ပါတယ် ။         မြန်မာ့ရာဇဝင်မှာ ထင်ရှားလှတဲ့ မင်းကြီးရန်နောင် နဲ့ အောင်နိုင်သူ မိုးညှင်းစလုံတို့ အချက်တွေနဲ့ သဘောတူမှု ရယူခဲ့သလဲ ဆိုတော့......                    ကိုရွှေမျိုးဝင်း                           
9 027
20
          ဒါကို အခွင့်ကောင်းယူပြီး မင်းကြီးရန်နောင် နဲ့ မှူးမတ် သူရဲကောင်းတွေဟာ ဖောက်ထွက်သွားကြပါတယ် ။ မင်းကြီးရန်နောင်နဲ့ သူရဲကောင်း တသိုက်ဟာ အံ့သြဖွယ်ရာ ဖောက်ထွက်ပြီး ပြင်သာ ( ယခု ပြင်ဦးလွင်) မှာ အခြေပြု တပ်ချထားနိုင်ခြင်း အပေါ် စလုံ နဲ့ သိုဟန်ဘွား သားအဖ ၂ ဦးလုံး ချီးမွမ်းမဆုံး ဖြစ်ခဲ့ရပါတယ် ။         အင်းဝနေပြည်တော်ကြီး မိုးညှင်းစလုံလက်အောက် ကျရောက်ခဲ့ရတဲ့ နေ့ကတော့ သက္ကရာဇ် ၈၈၈ နှောင်းတန်ခူးလဆန်း ၁၂ ရက်နေ့ ဖြစ်ပါတယ် ။             ဒီတကြိမ်မှာတော့ မိုးညှင်းစလုံဟာ အင်းဝကို အုပ်ချုပ်ဖို့ ယခင်ကလို ပြည်ဘုရင်အား မလွှဲအပ်တော့ပါဘူး ။ စွမ်းရည်မရှိတဲ့သူကို ရန်သူကလည်း မလေးစားသလို မိတ်ဆွေကလည်း ၂ ခါပြန် တန်ဖိုးမထားတတ်တာ မှတ်သားစရာပါပဲ ။             အင်းဝကို ဗမာတွေလက်ထဲ ထားခဲ့မိလို့ ရက်သတ္တပတ် ၁ ပတ်မပြည့်ခင် ပြန်လည် လက်လွတ်ခဲ့ရသောကြောင့် ဒီတခါ ရှမ်းတွေ ကိုယ်တိုင် အုပ်ချုပ်ဖို့ တိုင်ပင်ကြပါတယ် ။ ရှမ်းအမတ်များက.... " အင်းဝ၌ မင်း မရှိတော့သော်လည်း ရာဇမာန်ကြီးသော ဗမာလူမျိုးများအား ကြာရှည် အုပ်ချုပ်ဖို့ဆို ရှမ်းချည်း သက်သက်ဖြင့် မလွယ်ကူပါဘူး ဒါကြောင့် ဗမာ မှူးမတ်များနှင့် ပူးပေါင်းအုပ်ချုပ်မှသာ ရေရှည်အတွက် အဆင်ပြေနိုင်ကြောင်း အကြံပြုပါတယ် '' " ကဲ သားတော် သိုဟန်ဘွား သဘောကရော '' " ဒါ ဖြစ်သင့်တဲ့ ကိစ္စပါပဲ... ကျနော်တို့ ရှမ်းတွေက လူနည်းစုဖြစ်ပြီး အုပ်ချုပ်ရေးလည်း မကျွမ်းကြင်ကြပါဘူး စနစ်တကျ အုပ်ချုပ်ဖို့ ဗမာ မှူးမတ်တွေ ပူးပေါင်းမှ ရမှာပါ အရေးကြီးတာက ယခု ပြင်သာမှာ တိမ်းရှောင်နေတဲ့ မင်းကြီးရန်နောင် ဖြစ်ပါတယ် သူ့ကို စည်းရုံးနိုင်ဖို့ အရေးကြီးပါတယ် '' " မှန်တယ် မင်းကြီးရန်နောင်ဟာ ဥာဏ်ပညာကြီးမားတယ်.. မဟာဆီ မဟာသွေး အင်းဝဘုရင်ရဲ့ တူတော်ဖြစ်တယ် သူပဲ နန်းတွင်းဓလေ့ထုံးစံတွေကို သိကျွမ်းသူ ဖြစ်တယ်....'' " မှန်ပါတယ် သူရ သတ္တိနဲ့ လက်ရုံးရည်ကတော့ အထူးပြောစရာမလိုပါဘူး သားတော်ကိုယ်တိုင် အင်ပြည့်အားပြည့် ဝိုင်းဝန်းဖမ်းဆီးဖို့ အားထုတ်တဲ့ ကြားထဲကနေ ရဲဝံ့​အောင်​မြင်စွာ တိုက်ခိုက် ဖောက်ထွက်သွားနိုင်တဲ့ စွမ်းရည်က ရာသက်ပန် အထင်ကြီးဖို့ လုံလောက်ပါတယ် မရ ရအောင် ခေါ်ရမယ့်သူ ဖြစ်ပါတယ် ''              အဲလိုအခြေအနေကြောင့် ဗမာမှူးမတ်တွေကို စည်းရုံးပြီး ပြင်သာ ( ပြင်ဦးလွင်) မှာ ရှိနေတဲ့ မင်းကြီးရန်နောင်ကို ပင့်ဆောင်ဖို့ စေခိုင်းပါတော့တယ် ။ ဗမာမှူးမတ်တွေလည်း ဝမ်းသာအားရ သွားရောက် ခေါ်ဆောင်ကြပါတယ် ။          မင်းကြီးရန်နောင်က နင်တို့ ရှမ်းကျွန်အဖြစ် ငါ့ကို လာပြီး စည်းရုံနေတာ မရှက်ဖူးလား ဆိုပြီး လက်ထဲက ကျောက်စီပတ္တမြားဒါးကို ဝင့်ပြီး ပြောလိုက်တာ ဗမာအမတ်တွေ ထိတ်လန့်ကုန်ပါတယ် ။ သတ္တိရှိတဲ့ အမတ်တယောက်က... " မှန်ပါတယ် ကျနော်မျိုးတို့ ရှမ်းကျွန်ခံရတာ ရှက်စရာပါပဲ..ပေါပေမယ့် အခြေအနေအရ ကျနော်မျိုးတို့ကို ဦးဆောင်မယ့် ဗမာဘုရင် မရှိတော့တာလည်း တွေးကြည့်ပါဘုရား..အုပ်ချုပ်မှုကဏ္ဏမှာ ရှမ်းတွေချည်း ထင်တိုင်းကြဲနေရင် ပြည်သူတွေ ပိုပြီး ဆင်းရဲကြရ.မှာမို့ မျက်စိမှိတ်ပြီး ရှမ်းကျွန် ခံနေရတာပါဘုရား.. '' " ဒါဆို နင်တို့ဘာသာ ရှမ်းကျွန်လုပ်ကြ ငါ မလိုက်ဘူး '' " စလုံ နဲ့ သားတော် သိုဟန်ဘွားတို့ ၂ ဦးလုံးရဲ့ မျက်စေ့ထဲမှာ အရှင်မင်းကြီးရန်နောင်ကိုသာ အာရုံကျနေတာပါဘုရား   မင်းကြီးကသာ နန်းတွင်းရေးရာလေ့ထုံးစံများကို နားလည်သူ ပညာဥာဏ်ကြီးသူ သူရသတ္တိပြည့်စုံသူလို့ အထင်ကြီး လေးစားကြတာမို့ မင်းကြီးမပါတဲ့ ဗမာမှူးမတ်တွေဟာ ဆားမပါတဲ့ ဟင်းကဲ့သို့ ဖြစ်နေလို့ ယခုလို ပင့်ဆောင်ရန် လာခဲ့ရတာပါ ဘုရား '' " ငါ့ စိတ်ရင်းကတော့ မလိုက်လိုဘူး... '' " အင်းဝကို အပြင်က လုပ်ကြံတာထက် အတွင်းက လုပ်ကြံတာ ပိုပြီး ထိရောက်ပါ့မယ် တိုင်းသူပြည်သားများကိုလည်း မိမိတို့ အာဏာစက်ဖြင့် အတော်အတန် ကူညီကာကွယ်နိုင်ပါ့မယ် ၊ ဘာသာ သာသနာအပေါ်လည်း ထိုက်သင့်သလောက် ကာကွယ်ချီးမြှောက်ဖို့ အခွင့်ရှိပါလိမ့်မယ် စဥ်းစားပေးပါ ဘုရား ''                 မင်းကြီးရန်နောင်လည်း မှူးမတ်တို့ရဲ့ စကားတွေကို အပြန်အလှန်စဥ်းစားပါတယ် ။ ပြီးတော့မှ.... " အင်းးးးးကျွန်ုပ်က်ို ရှမ်းတွေ အလိုရှိတာရယ် ၊ ကျွန်ုပ်မပူးပေါင်းရင် ပြည်ရွာ နဲ့ အရပ်သားတွေ နစ်နာမယ် ဆိုတဲ့ အချက်က အမှန်ပဲလား..'' " အမှန်ပါဘုရား ရှမ်းတွေက နားတပေါက်တွေမို့ အရှင်မှ တပါး အခြားမှူးမတ်တွေကို အမှုမထားကြပါဘူး သူတို့ အရေးတယူ ဆွေးနွေးတိုင်ပင်လိုသူမှာ အရှင်တယောက်ပဲ ရှိပါတယ် '' " ကောင်းပြီ အရေးကြီးတာ တောင်းဆိုမယ် သင်တို့သည် ကျွန်ုပ်အပေါ် သစ္စာခံပြီး ကျွန်ုပ်၏စကားအား လိုက်နာနိုင်ပါ့မလား '' " ဗမာ မှူးမတ်မှန်သမျှသည် အရှင်၏ သစ္စာတော်ကိုသာ ခံယူကြရန် တိတ်တဆိတ် ညှိနှိုင်း သဘောတူထားကြပါသဖြင့် အရှင့်စကားကို တသွေမတိမ်း လိုက်နာပါ့မယ် '' " ကောင်းပြီ သင်တို့ သစ္စာရေ သောက်ကြရမယ်  ၊ ရှမ်းတို့ ချီးမြှောက်၍ အခြေမြင့်လာသည့် အချိန်၌ မိမိလူမျိုး အပေါ် သစ္စာဖောက်ပြန်ခြင်း မပြုပါဘူးဆိုတဲ့ အချက်ပေါ့ '' " မှန်ပါ ဤ အတိုင်းသစ္စာဆိုပါ့မယ် ''
7 220