6 638
订阅者
+124 小时
+537 天
+26930 天
吸引订阅者
九月 '269月 '26
九月 '26
+305
在9个频道中
八月 '26
+296
在10个频道中
Get PRO
七月 '26
+282
在11个频道中
Get PRO
六月 '26
+179
在8个频道中
Get PRO
五月 '26
+413
在8个频道中
Get PRO
四月 '26
+5 549
在11个频道中
Get PRO
三月 '26
+2
在16个频道中
| 日期 | 订阅者增长 | 提及 | 频道 | |
| 30 九月 | +1 | |||
| 29 九月 | +4 | |||
| 28 九月 | +9 | |||
| 27 九月 | +4 | |||
| 26 九月 | +19 | |||
| 25 九月 | +8 | |||
| 24 九月 | +11 | |||
| 23 九月 | +11 | |||
| 22 九月 | +6 | |||
| 21 九月 | +13 | |||
| 20 九月 | +5 | |||
| 19 九月 | +1 | |||
| 18 九月 | +8 | |||
| 17 九月 | +7 | |||
| 16 九月 | +11 | |||
| 15 九月 | +5 | |||
| 14 九月 | +5 | |||
| 13 九月 | +1 | |||
| 12 九月 | +14 | |||
| 11 九月 | +4 | |||
| 10 九月 | +13 | |||
| 09 九月 | +44 | |||
| 08 九月 | +20 | |||
| 07 九月 | +7 | |||
| 06 九月 | +6 | |||
| 05 九月 | +9 | |||
| 04 九月 | +6 | |||
| 03 九月 | +13 | |||
| 02 九月 | +33 | |||
| 01 九月 | +7 |
频道帖子
မြိုင်ရာဇာ နဲ့ တွတ်ပီ
===============
" ငမျိုးရေ သမ္မတကြီးက ကုန်စျေးနှုံးတက်နေတာ လမ်းတွေမှာ ရှိတဲ့ စစ်ဆေးရေးဂိတ်တွေကြောင့်လည်း ပါတယ် ကြီးကြပ်ကြပါ ဆိုပြီး မိန့်ခွန်းပြောလိုက်တော့ တိုင်း နဲ့ ပြည်နယ် ဝန်ကြီးချုပ်တွေများ မြေပြင်ဆင်းပြီး လူကြီးအထိမ်းအမှတ် ဦးထုပ်ကိုယ်စီဆောင်း ကြီးကြပ်နေလိုက်တာများ အားရစရာပဲ ကွ ''
" ဟဲ ဟဲ ဟဲ ၂၀၂၃ လောက်တုန်းကလည်း ဆန်စပါး စိုက်ဧက ပြည့်မှီရေး ၊ အထွက်နှုံးပြည့်ဝရေးဆိုပြီး ဝန်ကြီးချုပ်တွေ လယ်ထဲဆင်းခဲ့ကြတုန်းက တခါ.... နောက် ဆီထွက်သီးနှံ နဲ့ ဝါ စိုက်ဧကပြည့်မှီရေး အထွက်တိုးရေး ဆိုပြီး ယာမြေတွေထဲ ဦးထုပ်ကိုယ်ဆီနဲ့ လာပြတုန်းက တခု တွေ့ဖူးပါ့ဗျာ မဆလ ခေတ် ကြက်ခြောက်အိတ်ပြာလေးတွေနဲ့ ရွာတွေ လိုက်ကြည့်နေတဲ့ ပါတီလူကြီးတွေတောင် သတိရမိပါ့ 😂😂 ''
" အင်း ပြောချင်တာ ဆန်စပါး နဲ့ ဆီထွက်သီးနှံလို ၊ ဝါ စိုက်ပျိုးရေးလို လိမ်ညာကြအုံးမှာလို့ ပြောချင်တာလား ကွ ''
" အဲဒီတုန်းကလည်း ဒီခေါင်းဆောင် ဒီမူနဲ့ သူ့အောက်ကလူတွေပဲ လိမ်ခဲ့ကြတာလေ.. အခုလည်း ဂိတ်တွေ လိုက်စစ်ဆေးပြန်ပြီ... ဘုရင်ခေတ်တုန်းက သူခိုးဖမ်းမယ့် ဝန်ကြီး သတိရသေးတယ် ''
" ဘယ်လို ဖမ်းသလဲ ကွ... ''
" သူခိုးသောင်းကျန်းလို့ သူ့ကို တာဝန်ပေးတော့ သူခိုးက သူ့အမျိုးတွေ များနေတယ် သိတဲ့ ဝန်ကြီးက ဖမ်းမဲ့အဖွဲ့ရှေ့ကနေ မောင်းတဒူဒူ နဲ့ ဘုရင့်အမိန့်နဲ့ သူခိုးဖမ်းရန် ထွက်လာကြောင်း ကြေညာလိုက်တာ သူခိုးတယောက်မှ မမိဘူးလေ... ''
" ဟေ...အခုလည်း ဂိတ်တွေ စစ်ဆေးတာကို ရှင်လောင်းလှည့်သလို တဖွဲ့ကြီး သွားစစ်နေတော့ ဘယ်လိုမှ မိဖို့ မဖြစ်နိုင်ဘူးပေါ့.... ''
" ဒါပေါ့ဗျာ တကယ်ဖမ်းချင် ကားပေါ်ကင်မရာတင်ပြီး သာမန်ခရီးသွား ကုန်သည်လို မထင်မရှားသွားလာ ဖြတ်သန်းပြီးမှ အသွင်ယူစုံစမ်းသင့်တာလေ... အခုဟာက သူခိုးဖမ်းမယ့် ဝန်ကြီး မောင်းထု ဝင်ဖမ်းတာနဲ့ ဘာထူးမလဲ ဗျ ''
" ခေတ်ပြောင်းနေပြီလေ အရင် ဆန်စပါး နဲ့ ဆီထွက်သီးနှံတို့ ဝါ ကိစ္စတို့လိုတော့ မလိမ်ရဲလောက်ပါဘူး ကွ ''
" အင်း....ကျုပ်တို့ အဖြစ်ပြောအုံးမယ်.... တနေ့က ပြင်ဦးလွင်မှာ ထမင်းစားဖို့ ပေါ့ပေါ့ပါးပါး ဝက်သားတုတ်ထိုး နဲ့ ထမင်းဆီဆမ်းစားကြစို့ဆိုပြီး ပြင်ဦးလွင်သားတယောက်ဆီ ဝက်သားတုတ်ထိုးဆိုင် ကောင်းကောင်းလေး ဘယ်နားရှိလည်း ဖုန်းဆက်မေးတော့ စာပန်းအိမ် နားက သင်းသင်းထမင်းဆိုင် ဘေးနားမှာ တွတ်ပီ ဆိုတဲ့ ဆိုင်လေး ကောင်းတယ် တဲ့ ''
" အင်းးဒီတော့...? "
" သင်းသင်းထမင်းဆိုင်ဘေး ကပ်ရက်မှာ တွေ့လိုက်ရတာက မြိုင်ရာဇာ ဝက်သားတုတ်ထိုး တဲ့ ။ နောက်မှ တွေးမိတာ ပြောတဲ့သူက မြိုင်ရာဇာ နဲ့ တွတ်ပီ မှားပြောတာပဲ... သူမှားတာလည်း မဆန်းဘူး မြိုင်ရာဇာတွတ်ပီ ဆိုတာ ဝမ်းဆက် ကိုးဗျ.... ''
" အေးပါကွာ မင်းဟာက ဝက်သားတုတ်ထိုး ရောက်သွားပြန်ပြီ ငါမေးတာက အရင်တုန်းက သမ္မတကို လိမ်ခဲ့သလိုမျိုး အခုလည်း လိမ်ကြအုံးမှာလားလို့ မေးတာလေ...''
" ဘယ်သိမလဲဗျ ကျုပ်က နတ်သကြားမှ မဟုတ်တာ... ခင်ဗျားအမေးကို မဖြေတတ်လို့ ကျုပ်ဘာသာ အလိုလို မျက်စိထဲ ပြန်မြင်လာတဲ့ မြိုင်ရာဇာ တွတ်ပီ ဝက်သားတုတ်ထိုးဆိုင် ရှာပုံတော် ဖွင့်ခဲ့မိတာ ပြန်ပြောပြတာလေ ''
" တောက်...လူပါးဝသလိုလို..မဝသလိုလို ခံစားရသကွာ ပြန်ပြီဟေ့ ''
ကိုရွှေမျိုးဝင်း
| 2 | ဥပေက္ခာ မြွေပွေး
============
သက္ကရာဇ် ၉၀၇ မှာ ရခိုင်ဘုရင် မင်းပါကြီး သေတယ် ။ သားတော်အိမ်ရှေ့စံ မင်းတိက္ခာ ဘုရင်ဖြစ် ။ မင်းပါကြီးညီတော် သံတွဲစား မင်းအောင်လှက ပုန်ကန်တယ် ။ မင်းအောင်လှက တပင်ရွှေထီးကို စစ်ကူတောင်း ။ စစ်ကူမရောက်ခင် သံတွဲကျသွား၏ ။ တပင်ရွှေထီးက မင်းအောင်လှအား ကူညီမည်ဟု ကတိပေးကာ ရခိုင်ကို သိမ်းပိုက်ဖို့ စစ်ချီတယ် ။ တိုက်ပွဲများစွာမှာ ရခိုင်တို့ စစ်ရှုံးသောကြောင့် အညံ့ခံ ။ သစ္စာရေတိုက်ပွဲမှာ မင်းတိက္ခာက ဘုရင့်နောင်အား '' နောင်အခါ ဦးရီးတော် ဘုရင်ဖြစ်ခံပါက တူတော်ကို စောင့်ရှောက်ပါ ၊ ဦးရီးတော်တွင် အမှုအခင်းဖြစ်ပါက တူတော်ကူညီပါမည် '' ဟု ကတိပြု၏ ။
ဘုရင့်နောင်ကား အရှေ့တောင်အာရှ နိုင်ငံများကို လှည့်ပတ်သိမ်းပိုက်ခဲ့သော်လည်း မင်းတိက္ခာ၏ တောင်းပန်ချက်အရ ရခိုင်ကို လုံးဝ မတိုက်ခိုက်ခဲ့ပါဘူး ။ ရခိုင်ဘုရင် မင်းဖလောင်းထံမှ ပဏ္ဏာဆက်သခြင်းသာ ခံယူပြီး မိတ်ဘက်တိုင်းပြည်သဘော ဆက်ဆံကာ သဘောထားကြီးပြခဲ့ပါတယ် ။ သို့သော် ဘုရင့်နောင် မရှိသည့်နောက် ဗမာတို့စည်းလုံးမှုပြိုကွဲတာနဲ့ ရခိုင်တို့က ဟံသာဝတီ ကမ္ဘောဇသာဒီ နန်းတော်ကြီးအား မီးရှို့ဖျက်ဆီးခဲ့ပါတယ် ။
ရခိုင်တို့ရဲ့ မဟာသမ္မတမင်း လက်ထက်မှာ ဗမာပြည်က ဗဒုံမင်း ( ဘိုးတော်ဘုရား) အုပ်ချုပ်ပါတယ် ။ ရခိုင် မြို့စားတွေနဲ့ မဟာသမ္မတမင်းတို့ အချင်းချင်း အာဏာလုပွဲဖြစ်တော့ ရမ်းဗြဲမြို့စား မာယုဝံသ တို့က ဗဒုံမင်းထံ လာရောက်ပြီး ရခိုင်ကို သိမ်းရန် တောင်းဆိုပါတယ် ။ 24 - 11 - 1784 မှာ အိမ်ရှေ့စံကို စစ်ကြောင်း ၄ ကြောင်းနဲ့ စေလွှတ်ပါတယ် ။ 2 - 1 - 1785 မှာ ရခိုင်ဘုရင် မဟာသမ္မတမင်းကို ဖမ်းဆီးနိုင်ခဲ့ပါတယ် ။ ထိုအချိန်မှ စ၍ ရခိုင်သည် ဗမာပိုင်နက်ဖြစ်လာပါတယ် ။ အံ့သြဖွယ် ရက် ၄၀ ဝန်းကျင်သာ ကြာခဲ့ပါတယ် ။
အင်္ဂလိပ် မြန်မာ စစ်ပွဲ ၃ ကြိမ်မှာ ဗမာ ဘုရင်များနဲ့သာ တရားဝင် လက်မှတ်ရေးထိုးပြီး စစ်ပြေငြိမ်းစာချုပ် ချုပ်ဆိုကြတာပါ ။ ဘာလို့လဲဆိုတော့ ဗမာပိုင်နက်အဖြစ်ပဲ အသိအမှတ်ပြုကြလို့ပါပဲ ။ 1886 သူ့ကျွန်ဘဝရောက်ချိန်ထိ အိမ်နီးခြင်း တီုင်းပြည်များနဲ့ နယ်နမိတ်သတ်မှတ်ရာမှာ ဗမာဘုရင့်ပိုင်နက်ဟုသာ အသိအမှတ်ပြု သတ်မှတ်ခဲ့ကြပါတယ် ။ ဘယ်ရခိုင် ၊ ဘယ်စော်ဘွား ၊ ဘယ်ဒူးဝါးမှ အသိအမှတ်ပြုစရာမလိုအောင် ဗမာဘုရင်တပါးပဲ လက်မှတ်ထိုးရတာပါ ။
ဒါက လက်ရှိအနေအထားထိ မြန်မာပြည်ရဲ့ ဖြစ်တည်မှု အနေအထားပဲ ။ ရခိုင် ၊ ကချင် ၊ ကရင် ၊ ဘယ်သူ့မှ ခွဲထွက်ခွင့် ပြုလို့မရဘူး ။ ဘာကြောင့်လဲဆိုတော့ သီးခြားနိုင်ငံဖြစ်တာနဲ့ ပြည်ပနဲ့ ပေါင်းပြီး ဒုက္ခပြန်ပေးမှာ သေချာလို့ပဲ ။ နောက်ကျောထိုးမယ့်ဒါး သွေး မပေးနိုင်ဘူးလေ ။ ပြည်ထောင်စုက ခွဲထွက်မယ့် ဘယ်သူပဲ ဖြစ်ဖြစ် ချေမှုံးရမှာပဲ ။
အမေရိကန်က ကျူးဘားမှာ ရုရှားဒုံးပျံတွေ လာချထားလို့ တတိယကမ္ဘာစစ် ဖြစ်ခါနီးထိ ပြဿနာရှာလို့ ဦးသန့် ဖြေရှင်းခဲ့ရတာ....
အစ္စရေးက လက််ဘနွံ ၊ ပါလက်စတိုင်း ၊ ဆီးရီးယား တို့ကို ကျူးကျော်တာ ၊ တရုတ်က တိဘက်ကို သိမ်းပိုက်တာ ၊ ရုရှားက ယူကရိမ်းကို ဝင်သိမ်းနေတာ တွေက နိုင်ငံလုံခြုံရေးကို ထိပါးလာမယ့် အရေးတွေကနေ ကျူးလွန်ခဲ့ကြတာပဲ ။ ငါတို့လည်း တိုင်းပြည်ကို အနီးကပ် ဒုက္ခပေးမယ်သူတွေကို ခွဲထွက်ခွင့်ပေးရအောင် မမိုက်ဘူးလေ ။
အထူးသဖြင့် ဗမာအပေါ် သမိုင်းကြွေးရော လတ်တလော အကြွေးကော တင်နေတဲ့ ရခိုင်အတွက်တော့ ငါတို့က မြွေပွေးကို ဥပေက္ခာပြုထားရအုံးမှာပဲလေ....
ကိုရွှေမျိုးဝင်း | 3 081 |
| 3 | ပြလည်းပြ ချလည်းချ
=================
" ငမျိုးရေ ဦးအောင်မင်းရဲ့ NCA ဖျက်မရဘူးဆိုတဲ့ လေသံတော့ ထွက်လာပြီဟေ့ အဲဒါ ဘယ်လိုမြင်လဲ ကွ ''
" အင်း..သူကတော့ သူကိုယ်တိုင် ကျိုးစားပမ်းစား တည်ဆောက်ခဲ့ရတဲ့ NCA လမ်းကြောင်းကြီးကို တန်ဖိုးထားမှာပေါ့ လေ.... ဒါပေမယ့် သုံးစားမရလို့ ပြည်တွင်းစစ်မီးကြီး တောက်လောင်နေတာလည်း လက်တွေ့ပဲလေဗျာ... ''
" နေပါအုံး စာချုပ်ပါ အချက်တွေက သူတို့တောင်းဆိုခဲ့လို့ လိုက်လျှောထားတဲ့အတွက် ဘာကြောင့် မလိုက်နာကြမှန်း မသိဘူးဆိုတဲ့ ကိစ္စက....''
" ခင်ဗျားကလည်းဗျာ ဒီကောင်တွေရဲ့ အဓိက ရည်မှန်းချက်က သီးခြားနိုင်ငံခွဲထွက်ချင်တာ... မရမှန်းသိလို့ ရသလောက်ယူပြီး လက်မှတ်ထိုး ပြီးတော့ လူစု ငွေရှာ လက်နက်စု အခွင့်အရေးရရင် ပြည်မထိ သိမ်းမယ့်ကောင်ချည်းပဲ... သဘောထားအမှန်က ၁၀၀ လုံးယူချင်တာ ၃၀ ပေးလည်း ရတုန်းယူထားမယ်ဆိုတဲ့ စိတ်နဲ့ လက်မှတ်ထိုးထားလို့ မလိုက်နာတာပေါ့ဗျာ... ''
" မေးချင်တာက စာချုပ် ဖျက်မရဘူးဆိုတဲ့ ကိစ္စကွ ''
" ကမ္ဘာပေါ်မှာ ဖျက်မရတဲ့ စာချုပ်မရှိပါဘူးဗျာ.. ဗာဆိုင်းစာချုပ် ဟစ်တလာအားကောင်းလာတော့ အီးကုန်းစက္ကူလုပ်ပစ်လိုက်တယ်...နိုင်ငံတကာပေါင်းချုပ် အသင်းကြီးရဲ့ စာချုပ်တွေ စက္ကူစုတ်ဖြစ်သွားတယ်..အခုဆို ကုလသမဂ္ဂတောင် ယဲ့ယဲ့ ရှိတော့တယ် မြင်အောင်ကြည့်စမ်းပါ ဗျာ.... ''
" ဒါဆို ဖျက်မရတဲ့ စာချုပ်ဆိုတာ....''
" ခင်ဗျားမှာ စာချုပ်ဖောက်ရင် ဆုံးမနိုင်တဲ့ အင်အားရှိသလား ၊ အင်အားရှိသော်လည်း ဆုံးမရဲတဲ့ ပြတ်သားရဲရင့်တဲ့ ဂုဏ်သတ္တိရှိသလား ဆိုတဲ့ အပေါ် မူတည်တာပေါ့... စာချုပ်ဖောက်နေတာ မဆုံးမရဲပဲ လက်ပိုက်ကြည့်နေလို့ ဒီနေ့ တိုင်းပြည်ဖရိုဖရဲ ဖြစ်ခဲ့ရတာပဲ ဒါကြောင့် NCA သည် သတ္တိမရှိ အင်အားမရှိရင် သူပုန်မွေးမြူရေး စာချုပ်လို့ပဲ ရှုမြင်တယ်ဗျာ... ''
" ဘယ်လို လက်ပိုက်ကြည့်နေတာလဲ ကွ ''
" ကျုပ်ကိုယ်တွေ့ပြောမယ် NCA မထိုးခင်က ရပ်စောက်နယ်ထဲမှာ အခြေပြုတဲ့ RCSS တွေက အစွန်အဖျား ကျိုင်းခမ်း လို ရွာမျိုးတောင် ယူနီဖောင်းနဲ့ မလာရဲဘူး... NCA လည်း ထိုးပြီးတော့ မြို့နဲ့အနီးဆုံး နန်းခဲကြီး နန်းခဲလေး ထိရောက်လာကြပြီ ( ၅၀၈ တပ်ရင်းနဲ့ ခဲတပစ်အကွာနော်) ...၂၀၂၅ မှာ ဗထူးတိုက်ခိုက်ရေးကျောင်းကို သွားရတဲ့ ကားလမ်းမဘေးက ပင်ဖြစ်ရွာမှာ သူပုန်က ဂိတ်ဖွင့် ဆက်ကြေးကောက်ခဲ့တယ် ဗိုလ်သင်တန်းတက်မယ့်သူတွေ ဘယ်လိုသွားနေလည်း မသိဘူး အဲဒါ NCA က သတ်မှတ်ချက်ကို လိုက်နာကြသလား သက်သေပဲ ''
" ဒါပဲလား ကွ ''
" မဟုတ်ဖူး ကယားပြည်နယ်မှာ ထွန်းကျော်ရဲ့ အဖွဲ့ပဲ NCA လက်မှတ်ထိုးတယ် ( အခု NUG အထောက်အပံ့ယူပြီး သစ္စာဖောက်ပြီ) KNPP ၊ နဂါး ၊ ကယောနီ.... အစရှိတဲ့ အဖွဲ့တွေ လက်မှတ်မထိုးဘူး... ဒါပေမယ့် လွှိုင်ကော်မြို့သစ်မှာ အဲဒီ အဖွဲ့တွေရဲ့ ဥက္ကဌတွေ အတွင်းရေးမှူးတွေ ပေါ်တင်နေထိုင်ကြတယ်... ဒီမောဆိုးရဲစခန်းနားမှာတောင် နေလေရဲ့ အရေးယူမှု လုံးဝမပြုခဲ့ပဲ တနေ့ NCA လက်မှတ်ထိုးနိုးနိုးနဲ့ ဆင့်လီးခွေးမျှော် လုပ်ခဲ့လို့ အခုဆို ကယားမှာ သူပုန်ပေါင်းစုံ ထကြွနေတာ ပဲ ''
" အင်း အတိတ်က အားနည်းချက်တွေကတော့ ဟုတ်ပါပြီကွာ ဒါဆို တို့က ငြိမ်းချမ်းရေး စကား မပြောရတော့ဘူးလား...''
" အဲသလို မဟုတ်ဘူး ... နိုင်ငံတကာအမြင်ကောင်းအောင် ငြိမ်းချမ်းရေးစကားက်ို အပြသဘော ပြောနေဖို့လိုအပ်သလို သုံးမရတဲ့ စာချုပ်ထက် လက်တွေ့ အမြစ်ဖြတ်ပြဖို့လည်း လိုအပ်တယ်... ''
" အင်း..ဒါဆို အနှစ်ချုပ်သဘောက...''
" ဆုံးမနိုင်စွမ်းမရှိ ၊ ရှိလည်း မဆုံးမရဲတဲ့ အစိုးရအနေနဲ့ NCA ကို ဟန်မပျက် လုပ်ပြရင်း ချစရာရှိတာလည်း ချ နေတဲ့ ပြလည်းပြ ချလည်းချ ပေါ်လစီသာ အသင့်လျှော်ဆုံးလို့ ယူဆမိတယ်ဗျာ ''
ကိုရွှေမျိုးဝင်း
| 6 221 |
| 4 | သဘောထား အမှန်
================
ဒေါ်စုကြည်တို့ NLD တစုဟာ ကြားဖြတ်ရွေးကောက်ပွဲအပြီး လွှတ်တော်အတွင်း ဝင်ရောက်လာကာ အဆိုတင်သွင်းခြင်း ကန့်ကွက်ခြင်း တွေကို စွမ်းစွမ်းတမံ ပြုလုပ်နိုင်တာ မတွေ့ရပေမယ့် အဖျက် လုပ်ငန်းကိုတော့ ကောင်းစွာ ပြုလုပ်နိုင်ပါတယ် ။ ပထမ တချက်က အင်မတန်အရေးကြီးတဲ့ ပြည်တွင်း ငြိမ်းချမ်းရေး ကိစ္စမှာ ဖြစ်ပါတယ် ။
ဦးအောင်မင်းတို့အနေနဲ့ အကြိမ်ပေါင်း ထောင်ချီပြီး (တရားဝင်ကော တရားမဝင် ရော) တွေ့ဆုံဆွေးနွေးခဲ့ကြ ညှိနှိုင်းခဲ့ကြရပါတယ် ။ အဲဒီ လို ကြိုးစားအားထုတ်မှုတွေနဲ့ အင်မတန်ခက်ခဲစွာ ယုံကြည် မှု တည်ဆောက်ပြီးချိန်မှာ NCA လက်မှတ်ရေးထိုးဖို့ သဘောတူကြပါပြီ ။
အဲဒီသတင်းကို ဒေါ်စုကြည် ကြားသိသွားချိန်မှာပဲ အလွန် အောက်တန်းကျတဲ့ ယုတ်မာမှုကို မစောင့်စည်းနိုင်ပဲ NCA ကို အလောတကြီး လက်မှတ်မထိုးကြဖို့ ပိတ်ပင်လိုက်ပါတယ် ။ သူမရဲ့ သဘောထားဟာ အနောက်အုပ်စုရဲ့ ဆန္ဒပါပဲ ။ သူမ အစိုးရဖြစ်လာမှ ငြိမ်းချမ်းရေးယူကြပါ ဒီထက်များပြားတဲ့ အခွင့်အရေးတွေ ပေးပါ့မယ် ဆိုတဲ့ မက်ဆေ့ ကို အယောင်ပြ ပေးလိုက်တဲ့ အတွက် NCA ဟာ အဖွဲ့ ၈ ဖွဲ့ပဲ ထိုးကြတဲ့ အနေအထားရောက်သွားရပါတယ် ။
အမှန်ကတော့ ငြိမ်းချမ်းရေးအတွက် ဦးသိန်းစိန် ဆောင်ရွက်ပေးသွားနိုင်ရင် သူ့ရဲ့ သမိုင်းဟာ တောက်ပြောင် ကျန်ခဲ့မှာ ဧကန်မလွဲပါပဲ ။ စိတ်ကောင်းလုံးဝမရှိတဲ့ ဒေါ်စု ကြည်ဟာ အဲဒါကို မနာလိုစိတ်နဲ့ တမင်ကောက်ကျစ်စွာ ဖျက်ဆီးခဲ့တာပါပဲ ။
သူမရဲ့ စိတ်ထဲမှာ စစ်သားလူထွက်တွေ နဲ့ တပ်မတော်ရယ် ပြည်သူရယ် စုစည်းညီညွှတ်သွားတာကို အလိုမရှိပါဘူး ။ စစ်တပိုင်းအစိုးရရယ် တပ်မတော်ရယ်ကို ပြည်သူတွေ ထာဝရ မုန်းတီးပြီး သူမအပေါ် အမြဲတမ်း အားကိုးနေစေချင်တာပဲ ဗျ ။ အဲဒါကို နိုင်ငံရေး လုပ်တတ်ပြီ ထင်နေရှာကိုက မြန်မာပြည် ကံဆိုးရတာပါပဲ ။
အဲဒီလို ပြည်တွင်းကိစ္စ အဖျက်လုပ်ငန်း လုပ်ပြီးရုံနဲ့ အားမရ သေးဖူး ဗျ ။ နိုင်ငံတကာက အကြွေးတွေလျှော်ပေး ချေးငွေ အသစ်တွေ ထုတ်ချေးနဲ့ မြိုင်မြိုင် ဆိုင်ဆိုင် ကူညီ အားပေးလာချိန် မှာ သူမရဲ့ ဘီလူးမျက်နှာဖုံးကြီး ဘွားကနဲ ပေါ်လာတယ် ဗျ ။ နိုင်ငံတကာက အကောင်းမြင်နေတာ သိပ်စောလွန်းနေသတဲ့ ။ စံချိန်တင် GDP ဆိုတာကလည်း အမှန်စီးပွားတက်နှုံးမဟုတ် ဖူး ပြည်သူတွေရဲ့ စားဝတ်နေရေးနဲ့ တိုင်းတာမှသာ အမှန် တိုးတက်မှု ဖြစ်တယ် တဲ့ ။
အဲဒါကြောင့် ဦးသိန်းစိန် အစိုးရအပေါ် ဖြေလျှော့မှုပေးနေ တာတွေ ၊ ကူညီနေတာတွေ ရပ်ဆိုင်းထားဖို့ ၊ ဆန်ရှင်ဖွင့်မပေးသေးပဲ ဆက်လက်ပိတ်ဆို့ထားဖို့ လိုအပ်နေသေးကြောင်း အင်မတန် ယုတ်မာစွာ တောင်းဆိုပါတယ် ။
ကူညီဖို့ လာခဲ့တဲ့ အိုဘာမားကိုတောင် ဘာတွေ ပိတ်ဆို့ တားမြစ်တယ် မသိဖူး ဒေါ်လာ သန်း ၂၀ ကျော်ပဲ ကူညီပြီး ပြန်သွားပါတယ် ။ အဲဒီအချိန်က ဦးသိန်းစိန်ဟာ အိုဘားမား ဆီကို အကူအညီတောင်းခဲ့တာက ကားတွေမကြာခဏ မှောက်နေတဲ့ အ မြန်လမ်းကြီးကို နည်းပညာလိုအပ်ချက်ရှိနေရင် ကူညီပေးပါ တဲ့ ဗျာ ။
ကဲ သူ့အစိုးရအတွက် တောင်းဆိုတာလား ဗျာ..? ၊ ပြည်သူ့ အတွက် လိုအပ်နေတဲ့ တောင်းဆိုမှုကို ဦးသိန်းစိန်တောင်းဆိုခဲ့တာပါ ။ အိုဘားမားသာ ကူညီချင်ရင် ချက်ခြင်း ကူညီလို့ ရ တာပေါ့ ၊ ဒါပေမယ့် တုတ်တုတ်မလှုပ်ပဲ ပြန်သွားပါတယ် ။
{ ခရီးထွက်နေတုန်း ပို့စ်မရေးနိုင်သေးလို့ သူများတွေ ပြန်တင်နေတဲ့ အထဲက တွေ့တာလေးပဲ ပြန်တင်ပေးလိုက်ရပါတယ် }
ကိုရွှေမျိုးဝင်း | 4 816 |
| 5 | တကယ်သိမှ တကယ်ရှိပါမည်
=======================
ကျနော်တို့မှာ သိသလိုလို နဲ့ မသိတာတွေ ၊ တူသလိုလိုနဲ့ မတူတာတွေ နဲ့ လုံးထွေးပြီး ဘဝတလျှောက်လုံး ဖြတ်သန်းခဲ့ကြရပါတယ် ။ ဒါက သဘာဝမို့ မသိတဲ့အပေါ် အားငယ်စရာမလိုပါဘူး ။ ဆိုကရေးတီးလို ပညာရှင်ကြီးတောင်မှ သေခါနီးမှာ '' ငါသိတာဆိုလို့ ငါ ဘာမှမသိသေးပါလား ဆိုတာပဲ '' လို့ ညည်းသွားခဲ့ရပါတယ် ။
တိုင်းပြည် နဲ့ နိုင်ငံ ဘာကွာသလဲ သိကြပါသလား...? အစိုးရဆိုတာ ဘာလဲ... ? ကျနော်ထင်ပါတယ် လူ ၁၀၀ မှာ ၁၀ ယောက်လောက်ပဲ ကွဲကွဲပြားပြား သိပါလိမ့်မယ် ။ ပေါ်လစီတွေ ချမှတ်ကြရာမှာ သူ့အဆင့်နဲ့သူ Data အမှန်တွေပေါ် အခြေခံနိုင်ဖို့ အရေးကြီးလှပါတယ် ။ ( D2P = Data to Policy ) ဆိုရင် လေ့လာသူတွေ သိကြမှာပါ ။ ကျနော်တို့ ကွဲပြားမှုတွေကို လေ့လာကြည့်ရင်.....
၁ ။ တိုင်းပြည်ဆိုတာ ပြည်သူလူထု၊ နယ်မြေ၊ လူမှုစီးပွားဘဝနှင့် သဘာဝသယံဇာတ စသည့် မြေပြင်ပကတိအခြေအနေ ။ တစ်နိုင်ငံလုံး၏ ဆင်းရဲမွဲတေမှုနှုန်း၊ လူဦးရေစာရင်း ၊ ကုန်ထုတ်လုပ်မှုဆိုင်ရာ အချက်အလက်များ ပါဝင်တယ် ။
၂ ။ နိုင်ငံဆိုတာ တရားဝင် အချုပ်အခြာအာဏာ၊ ဥပဒေပြုရေး၊ နိုင်ငံတကာဆက်ဆံရေးနှင့် နိုင်ငံတော်အဆင့် အဖွဲ့အစည်းများ ။ နိုင်ငံခြားရေးမူဝါဒ၊ အမျိုးသားလုံခြုံရေး၊ သံတမန်ဆက်ဆံရေးနှင့် စာချုပ်စာတမ်းများ လက်မှတ်ရေးထိုးခြင်း လုပ်ဆောင်ကြတယ် ။
၃ ။ အစိုးရ ဆိုသည်မှာ တိုင်းပြည် တည်ငြိမ်အေးချမ်းရေး၊ ပြည်သူများ၏ လုံခြုံရေးနှင့် လူမှုစီးပွားဘဝ တိုးတက်မြင့်မားရေးအတွက် ဥပဒေပြုရေး ၊ အုပ်ချုပ်ရေး ၊ တရားစီရင်ရေး စသည့် မဏ္ဏိုင် ၃ ရပ်ဖြင့် ဦးဆောင် စီမံပေးရသော အဖွဲ့အစည်း ဖြစ်ပါတယ် ။ ( အမှားပြုလုပ်သည့် မဏ္ဏိုင်အား ကျန်မဏ္ဏိုင်များများက အပြန်အလှန် ထိမ်းကြောင်းရန် တာဝန်အပြည့်ရှိပါတယ် )
၄ ။ ကဏ္ဏအလိုက် စီမံခြင်းကိုတော့ အုပ်ချုပ်ရေးမဏ္ဏိုင်က တာဝန်ယူရတဲ့ အတွက် ကောင်းကျိုး / ဆိုးကျိုး သက်ရောက်မှုအတွက် တိုက်ရိုက်တာဝန်ရှိတဲ့ အဖွဲ့ဖြစ်ပါတယ် ။
တိုင်းပြည်ကို တီုးတက်ဖို့ ကောင်းစွာအုပ်ချုပ်ရန် ရှိအပ်တဲ့ အရာ ၃ မျိုးကို မြတ်စွာဘုရားက ညွှန်ပြခဲ့ပါတယ် ။ အမှန်တကယ်ရှိမှု ၊ အမှန်တကယ်သိမှု ၊ မှန်ကန်တဲ့ကျင့်ဝတ် ဆိုတဲ့ အချက်တွေ မလွဲမသွေရှိကြရပါမယ် ။ ဗုဒ္ဓကတော့ သူ့ဘာသာ သာသနာအတွက် သုတ္တန် ၊ အဘိဓမ္မာ နဲ့ ဝိနည်း ဆိုပြီး ကဏ္ဏ ၃ ရပ် နဲ့ မယိုင်လဲအောင် အချင်းချင်းဖေးမ ထောက်ကန်ထားဖို့ ဆုံးမခဲ့ပါတယ် ။
အမှန်တကယ်ရှိမှု အတွက် ကျနော်တို့မှာ တိုင်းပြည်ဆိုတဲ့ အဆင့် အပြည့်အစုံတည်ရှိနေပါပြီ ။
အမှန်တကယ်သိမှု အတွက် လူဦးရေ ၊ ဆင်းရဲမွဲတေမှုနှုန်း ၊ ကုန်ထုတ်လုပ်မှုဆိုင်ရာ အချက်အလက်များ ၊ သယံဇာတ စတဲ့ အချက်အလက်တွေကို တကယ်မသိကြသေးပါဘူး ၊ ဖြီးဖြန်းလိမ်ညာထားတဲ့ အချက်အလက်များနဲ့သာ သာယာနေခဲ့ကြတာ ကြာပါပြီ ။ Data အမှန်မသိပဲ စီမံခန့်ခွဲနေရင် ရှိသမျှပညာအားလုံး အဟောသိကံ ဖြစ်နေမှာပါပဲ... ပညာမဲ့တာနဲ့ အတူတူပါပဲ ။
မှန်ကန်တဲ့ကျင့်ဝတ်ဆိုတာ လွယ်လွယ်ပြောရရင် သီလ ရှိဖို့ပဲ ။ အစိုးရကော ပြည်သူရော သီလကောင်းဖို့ လိုပါတယ် ။
မှန်ကန်တဲ့သီလ မရှိ ၊ မှန်ကန်တဲ့ အသိ ( Data) မရှိ ခဲ့ရင် ၃ ချောင်းထောက်ရပ်နေရတဲ့ ဒေါက်တိုင် ၃ တိုင်မှာ ၂ တိုင် မခိုင်မာရင် ကျန်တဲ့ အမှန်တကယ်ရှိမှု ဒေါက်တိုင်လည်း ပပျောက်သွားရမှာပါပဲ ။
အမှန်တကယ် သိမှုအတွက် တိုင်းပြည်နဲ့အဝှမ်း အာဏာစက်ပျံ့နှံ့အောင် ဆောင်ရွက်ရပါ့မယ် ။ အကျယ်အဝန်း ၊ လူဦးရေ နဲ့ သယံဇာတလောက်မှ တည်တည်တံ့တံ့ မသိရင် ဘယ်ပေါ်လစီမျှ အောင်မြင်ဖို့ မမြင်ပါဘူး ။ သိမှုအတွက် သူပုန်အမြစ်ပြတ်ဖို့ လိုပါမယ်... နယ်မြေခွဲပေး... သယံဇာတခွဲပေး... မူးယစ်ဆေးလုပ်ခွင့်ပေးပြီး ရလာမယ့် ငြိမ်းချမ်းရေးကို ပြည်သူတွေ လိုချင်မယ်မထင်ပါဘူး ။
မှန်ကန်တဲ့ ကျင့်ဝတ်အတွက်ကတော့ ပြင်းထန်ထိရောက်တဲ့ ဒဏ်ပေးစနစ် နဲ့ မက်မောလောက်တဲ့ ဆုပေးစနစ်ဖြင့် တိုက်ဖျက်ရင် ရပါလိမ့်မယ် ။ စိတ်ရှိရင် ချိတ်မိပါတယ်.. စိတ်မရှိရင်တော့ ချိတ်ပြီးသားတောင် ပြတ်တတ်ပါတယ် ။
{ မိမိလောက် လေ့လာစပ်စုရန် အချိန်မပေးနိုင်သော သူလိုကိုယ်လို သာမန်ပြည်သူများအတွက် နိုင်ငံရေးဆဝါးနိုင်ဖို့ မျှဝေလိုက်ရတာပါ }
ကိုရွှေမျိုးဝင်း | 5 110 |
| 6 | တရုတ် မြန်မာ ပိုက်လိုင်းသမိုင်း
========================
တရုတ်ဟာ သူ့ရဲ့ ကုန်းတွင်းပိတ် ယူနန်ပြည်နယ်အတွက် ရေနံ နဲ့ သဘာဝဓာတ်ငွေ့ တင်ပို့ရာမှာ ရှည်လျှားပြီး အန္တရာယ်များ တဲ့ မလက္ကာရေလက်ကြားကနေ တင်ပို့နေရပါတယ် ။ အဲဒီ ရေလက်ကြားကို ပိတ်ထားရင် လောင်စာပြဿနာ တက်မှာ သေချာပါတယ် ။
မြန်မာကနေ ပိုက်လိုင်းနဲ့ သွယ်ရင် ကီလို 1200 (မိုင် ၇၅၀) ပဲ ရှိလို့ လမ်းတိုပြီး အန္တရာယ်ကင်းမယ် ။
ပိုက်လိုင်းအတွက် ငွေသုံးခြင်းဖြင့် မြန်မာအတွက်လည်း အနောက်က ဖိအားကို ကူညီဖြေလျော့ပေးလာနိုင်မယ် ။ (တရုတ်ရဲ့ မဟာဗျူဟာ ကြားခံနိုင်ငံအဖြစ်)
စစ်တွေ ကူမင်း ရထားလမ်းစီမံချက်ရှိနေလို့ တချက်ခုတ် နှစ်ချက်ပြတ် ဖြစ်နေလို့ ကုန်ကျစရိတ် သက်သာမယ် ။ တရုတ်တွေက အဲဒီလို တွက်ချက်ပြီး 2007 မှာ ပိုက်လိုင်း ကိစ္စ အဆိုပြုကြတယ် ။
2-11-2008 အကြမ်းဖျင်း သဘောတူတယ် ။ 2008 ဒီဇင်ဘာမှာ မြန်မာလုပ်ကွက် A1 နဲ့ A3 က ဓာတ်ငွေ့ ကို ဒေဝူးကုမ္ပဏီမှ တရုတ်ကို တင်ပို့ရန် လက်မှတ်ထိုး ။ 6-6-2009 မှာ နားလည်မှု စာချွန်ထိုး ။ 31-10-2009 မှာ မဒေးကျွန်းဖွင့်ပွဲ လုပ်ခဲ့ ။
2011 ဇွန်လမှာ အသေးစိတ် ရှယ်ယာ လက်မှတ်ထိုးကြတယ် ၊ ဝန်ကြီးချုပ်ဦးသိန်းစိန် နဲ့ တရုတ်ဝန်ကြီးချုပ် ဝမ်ကြား ပေါင်တို့ တက်ရောက်ခဲ့တယ် ။
ပိုက်လိုင်း ကိစ္စအတွက် စစ်ဗိုလ်ချုပ်ကြီးတွေ လာဘ်စားပြီး တရုတ်အလိုကျ လုပ် ပေးခဲ့ကြပါတယ် ဆိုတဲ့ စွပ်စွဲချက်တွေကို လေ့လာကြည့်ကြပါစို့ ဗျာ ။
ပိုက်လိုင်းဟာ ကီလို 800 (မိုင် ၅၀၀) ရှိပါတယ် ။ ရခိုင် ၊ မန္တလေး ၊ မကွေးတိုင်းရှိ မြို့နယ် ၂၂ မြို့နယ်ကို ဖြတ်သွား ရပါတယ် ။ ပိုက်လိုင်း ၂ ခုရဲ့ ကုန်ကျစရိတ်က 2.54 ဘီလီယံ ရှိပါတယ် ။
ရေနံပိုက်လိုင်းက $ 1.5 ဘီလီယံ ကုန်ပြီး တနှစ်ကို တန်ချိန် ၂၂ သန်း တင်ပို့ပါမယ် ။ အရှည်က 771 ကီလို ကီလို (မိုင် ၄၈၀) ။
သဘာဝဓာတ်ငွေ့ပိုက်လိုင်းက 1.04 ဘီလီယံကုန်ကျပြီး တရုတ် မြန်မာ ကိုရီးယား အိန္ဒိယ လေးနိုင်ငံ အစုရှယ်ယာ ထ ည့်ထားရတယ် ။ အရှည်က 793 ကီလို (မိုင် ၅၀၀ ခန့်) ရှိပါ တယ် ။
ကဲ မြန်မာပြည်ရဲ့ ဝင်ငွေကို ပြန်ကြည့်ကြပါစို့ ။ ဒီစီမံကိန်းကနေ တနှစ်ကို ဒေါ်လာ 1.5 ဘီလီယံ ရမယ်လို့ တရုတ်ကုမ္ပဏီက ထုတ်ဖော်ပြောဆိုခဲ့ပါတယ် ။ ဘယ်ကဏ္ဍတွေက ရလာမှာလည်း ကြည့်ပါ ။ ပိုက်လိုင်းတွေ အတွက် မြန်မာဖက်ကနေ ထည့်ဝင်တဲ့ အချိုးကတော့.....
ရေနံပိုက်လိုင်း
SEAP. .....50.9%
MOGE......49.1%
သဘာဝဓာတ်ငွေ့ပိုက်လိုင်း
CNPC.50.9% ၊ ကိုရီးယားဒေဝူး..25.04% ၊ KOAAS. 4.17% ၊ အိန္ဒိယ . ONGC..8.34% ၊ အိန္ဒိယ GAIL.4.17%၊
မြန်မာ ONGE.7.36% ။
အဲဒီအချိုးအရ ရင်းနှီးမြှပ်နှံမှု ခွဲတမ်းရပါမယ် ။ အဲဒီမြှပ်နှံမှု အတွက် 2010 တုန်းက တရုတ်ဘဏ်ကနေ ယူရို 86.16 ချေးခဲ့ရတယ် ။ ကြွေးဆပ်ကာလ ရောက်တော့ တိုးရင်း 103.64 ပြန်ဆပ်ရတာကို လွှတ်တော်မှာ NLD တွေ ကျယ် ကျယ်လောင်လောင် အပြစ်တင်ခဲ့ကြတာ ကြားဖူးကြမှာပါ ။ တနှစ်ကို ဒေါ်လာ 1.5 ဘီလီယံရဖို့ အရင်းနှီး 86.16 ချေးခဲ့ရ တာကိုပဲ အပြစ်မြင်နေတဲ့ တဖက်ပိတ် အောက်တန်းစား စိတ်ဓာတ်ကို မြင်အောင် ကြည့်ကြပါ ။ ကောင်းပြီ မြေငှားခ အတွက် ကြည့်ပါ ။
ကောင်းပြီ မြေငှားခ အတွက် ကြည့်ပါ ။ နှစ်စဉ် $ 13.81 သန်းရပါမယ် ။ ရေနံစိမ်း တတန်ဖြတ်သွားရင် တဒေါ်လာရ ပါမယ် ။ သဘာဝဓာတ်ငွေ့ဖြတ်သန်းခ ကုဗပေနဲ့ တွက်ယူပါတယ် ။
နှစ်စဉ် မြန်မာအတွက် လိုအပ်တဲ့ ရေနံစိမ်းတန် နှစ်သန်း နဲ့ သဘာဝဓာတ်ငွေ့ ၂ ဘီလီယံ ကုဗပေ ဝယ်ခွင့်ရှိပါတယ် ။
အဲဒီ လုပ်ငန်းတွေဟာ 2013 ဇွန်လမှာ ပြီးသွားပါတယ် ။ 28-7-2013 မှာ ဓာတ်ငွေ့ စမ်းပို့ပါပြီ ။ ရေနံပိုက်လိုင်း 30-1-2015 မှ စတင်ပို့ခဲ့ပါပြီ ။ အစိုးရအပြောင်းအလဲ နဲ့ အခြား ပြဿနာတွေကြောင့် 12-4-2017 ရောက်မှ စီမံကိန်းတခုလုံး စတင်လည်ပတ်နိုင် ပါတယ် ။
မြန်မာက လက်ရှိ သဘာဝဓာတ်ငွေ့ ကုဗပေ သန်း ၁၀၀ နေ့စဉ် သုံးနေပါတယ် ။ ( လျှပ်စစ်စက်ရုံများနဲ့ မော်တော်ကားများ သုံးနေတာ အဲဒီ ဓာတ်ငွေ့)
2019 ဇူလှိုင်အထိ ရေနံတန်ချိန် 1.9 သန်း နဲ့ သဘာဝဓာတ်ငွေ့ ကုဗ ပေ 20 ဘီလီယံ တင်ပို့ထားပါပြီ ။ ယခုဆိုလျှင် ၆ လအတွင်း ရေနံတန်ချိန် ၅ သန်း နဲ့ သဘာဝဓာတ်ငွေ့ အများအပြား တင်ပို့ထားပါပြီ ။ ဒီစီမံကိန်းကနေ မြေယာလျှော်ကြေးတွေ အသံမကြား
အောင် ပေးခဲ့ကြပါတယ် ။ ရရှိသူ ဒေသခံ အများစု ကျေနပ်ခဲ့ကြပေမယ့် မြောက်ထိုးပင့်ကော်တွေကတော့ ရှိခဲ့ တာပါပဲ ။
တပ်မတော် နဲ့ ဦးသိန်းစိန်တို့ကို ဒီ ပိုက်လိုင်း နှစ်ခု နဲ့ ပတ်သက်ပြီး နိုင်ငံရေး ထိုးနှက်ချက် အကြီးအကျယ် လုပ်ခဲ့ ပြပေမယ့် သူတို့ မခံစားရပါဘူး ။ တကယ်ခံစားခဲ့တာ NLD အစိုးရပဲ ဖြစ်နေတာ ရက်စွဲ သမိုင်းတွေက သက်သေပါပဲ ။ { အခုမှ ရေးပြရသလား မပြောနဲ့ဗျ အဲဒါ 2019 ကတည်းက ရေးခဲ့တာတွေပါ }
ကိုရွှေမျိုးဝင်း
| 7 747 |
| 7 | အကြိုက်ဆုံးသတင်း
================
ဒီနေ့တော့ Time မဂ္ဂဇင်းဆောင်းပါးနဲ့ ပွဲဆူနေတုန်း အင်မတန်ကောင်းတဲ့ သတင်းကြားဖြတ်ကြားလိုက်ရတယ် ။ NUG ရဲ့ အထူးတိုင်းစစ်ဌာနချုပ် လေကြောင်းကနေ ဆော်လိုက်တဲ့အတွက် တပ်မတော် သစ္စာဖောက် တင်လင်းအောင် နဲ့ နေဝင်းအောင် တို့ ဒဏ်ရာပြင်းထန်စွာ ရရှိသွားတယ် ဆိုတဲ့ သတင်း သူတို့ဖက်က မီဒီယာတွေ တင်လာကြတယ် ။
သစ္စာဖောက် ထက်မြက်နဲ့ လက်တွဲကာ BBM Channel ထောင်ပြီး နေ့စဥ် တပ်မတော်ကို အပုပ်ချတယ် ၊ သတင်းမှားတွေ အာဘောင်အာရင်း သန်သန်နဲ့ ပြောကြတယ် ။ ထက်မြက်က ဝင်ငွေကောင်းလာတော့ တင်လင်းအောင် နဲ့ နေဝင်းအောင်တို့ကို ကန်ထုတ်လိုက်တယ် ။ ဒီတော့ တင်လင်းအောင်က Tin Lin Aung - CDM Major ဆိုပြီး တစင်ထောင်တယ် ။ နေ့စဥ် တပ်မတော်ကို စော်ကားပြီး အကုသိုလ်ယူတယ် ။
အခု ပဲ ဆိပ်သင့်ပြီ ။ ထက်မြက် နဲ့ နေမျိုးဇင် ကျန်သေးတယ် ။ သူတို့ကို သူပုန်တွေက ဖူးဖူးမှုတ်ထားမယ် ထင်ပြီး တောခို သစ္စာဖောက်ခဲ့ကြတာလေ ။ သူပုန်ဆိုတာ သစ္စာဖောက်ဆို ဘယ်သူ့မှ မယုံဘူး သုံးလို့ရသလောက် ဝါဒဖြန့်ချီဖို့ သုံးနေမှာပဲ ။ စစ်ရေး စစ်ရာမှာတော့ သစ္စာဖောက်ကို တန်ဖိုးထား သုံးမလား ဟ ။ မင်းတို့ သောက်ဆင့် မပြောနဲ့ တချိန်က ဗိုလ်မှူးချုပ်ကျော်ဇောလို တိုင်းမှူးဟောင်းတောင် စစ်ရေးမှာ မသုံးဘူး ( အဲဒီ အချိန်က စစ်တိုင်းကြီး ၂ ခုပဲ ရှိသေးတာနော်) ။
ဒီလေကြောင်း တိုက်ခိုက်မှုက လူစုံတက်စုံ စုဝေးနေတုန်း အချိန်ကိုက် တိုက်ခံရတာမို့ သတင်းပေးရှိနေပြီလို့ ယူဆပြီး ကြောက်လန့် နေကြလေရဲ့ ။ KNU ခေါင်းကြီးပိုင်းတွေပါ ထိကုန်လို့ ဒုတိယ ပါဂျောင် လာအုံးမယ်ထင်ပါရဲ့ ။ စိတ်သာချ ကိုယ့်အဖွဲ့အစည်းကို သစ္စာဖောက်ပြီး သခင်အားရ ကျွန်ပါးဝပြီး စော်ကားနေတဲ့ သစ္စာဖောက် ထက်မြက် နဲ့ နေမျိုးဇင် တို့လည်း ဒလံခေါင်းစဥ်အောက်မှာ ဇာတ်သိမ်းရမယ့် ကာလ မဝေးတော့ဘူး ။
နေ့တိုင်း အကုသိုလ်ယူပြီး နားဒုက္ခပေးနေတဲ့ သစ္စာဖောက် ၂ ကောင်ကတော့ ဆန့်ငင် ဆန့်ငင် ဖြစ်နေပြီ မို့ ဒီကနေ့အတွက် ချိုမြိန်တဲ့ သတင်းတပုဒ်ပါပဲ ။
ကိုရွှေမျိုးဝင်း | 7 441 |
| 8 | မတိုးတက်ရခြင်းရဲ့ ဥပမာ
=====================
ဂျပန် မြန်မာ ချစ်ကြည်ရေးအသင်းက မစ္စတာ တာကာမဆု ဦးဆောင်တဲ့ ဂျပန်တွေက ဦးသိန်းစိန်ရဲ့ မီးရထားဝန်ကြီးအသစ်စက်စက် ဦးသန်းဌေးနဲ့ တွေ့ဆုံပြီး မြန်မာပြည်မှာ လျှပ်စစ်ရထား ပြေးဆွဲနိုင်ဖို့ ကူညီချင်တယ်လို့ ဆွေးနွေးလာတယ် ( ဦးသန်းဌေးက 25-8-2013 မှသာ ဝန်ကြီးအဖြစ် တာဝန်ယူခဲ့တာပါ) ။ ဦးသိန်းစိန်က ငွေကြေးအရင်းအနှီး များစွာ အကုန်မခံနိုင်သေးကြောင်း အကြောင်းပြန်လိုက်တယ် ။
ဒါဆိုရင် နည်းပညာအစပျိုးရယူထားပါ လမ်းကြောင်းတိုတိုလေးနဲ့ လုပ်ငန်းစတင်ကြည့်ပါလို့ ဆွေးနွေးကြတယ် ။ တာကာမဆု က ရထားတွဲတွေကို အမြန်ဆုံး နဲ့ စျေးအသက်သာဆုံးဖြစ်အောင် ကူညီမယ် စမ်းသပ်လမ်းကြောင်းရွေးပါ ဆိုတော့ ရန်ကုန် ကမ်းနားလမ်းမှာပဲ စတင်စမ်းသပ်ကြည့်ဖို့ ခွင့်ပြုလိုက်တယ် ။
Tram လျှပ်စစ်ရထား pilot project လုပ်တယ် ဘက်ဂျက်က ဒေါ်လာ ၃ သန်း ။ မြန်မာလူငယ် ပညာရှင်တွေ အသဲအသန်ကျိုးစားကြတယ် ။ တနှစ်ခွဲခန့်အကြာ 11-1-2016 ရက်နေ့မှာ ဝါးတန်းဆိပ်ကမ်း မှ လင်းဆင်းတောင် (ဗိုလ်တထောင်) အထိ ၄.၈ ကီလိုမီတာခန့် အကွာအဝေးကို စမ်းသပ်ပြေးဆွဲနိုင်ခဲ့ပါတယ် ။
သို့သော် NLD အာဏာရပြီး 1-7-2016 မှာ လျှပ်စစ်ရထား စီမံကိန်း ဖျက်ပစ်လိုက်ပါတယ် ။ OK နောက်တခုကြည့်ပါ ။
ဦးသိန်းစိန်က သမ္မတပညာတော်သင်ဆုကို ထူးချွန်ကျောင်းသားများအတွက် သုံးစွဲခဲ့တယ် ။ ကျောင်းသား ၁၁၇ ယောက်အတွက် တယောက်စာ တနှစ် ဒေါ်လာ 80000 ထောက်ပံ့ပေးခဲ့တယ် ။ နောက်နှစ်အတွက် ပညာတော်သင် ၄၀၀ ရွေးချယ်ခဲ့တယ် ။
အစိုးရ အပြောင်းအလဲ ဖြစ်ပြီး NLD လက်ထက်မှာ ပညာတော်သင် ၄၀၀ ကို မဆက်သွယ်လို့ အမတ် ဦးဘိုဘိုက 2016 ဒီဇင်ဘာလထဲမှာ လွှတ်တော်ကနေ မေးခဲ့တယ် ။ NLD ပညာရေး ဒု ဝန်ကြီး ဦးဝင်းမော်ထွေးက မဟာတန်း တက်နေသူ ၄၃ ဦး ၊ ပါရဂူတန်းတက်နေသူ ၂၂ ဦးကို ဆက်လက်ထောက်ပံ့နေကြောင်း... ကျန်သူများအတွက်လည်း စီစဥ်နေကြောင်း ဖြေကြားသွားတယ် ။
သို့သော် 2017 အောက်တိုဘာအထိ ဘာမှ ထူးမလာလို့ လွှတ်တော်ကနေ ထပ်မေးတယ် ။ ဒီတခါ NLD ဒုဝန်ကြီး ပြန်ဖြေတာက နိုင်ငံတော်ဘက်ဂျက်ကုန်လို့ လက်ရှိ ပညာသင်ဆဲ ၇၉ ဦးကလွဲပြီး နောက်ထပ် မထောက်ပံ့တော့ဘူးလို့ ဖြေကြားရင်း ထူးချွန်လူငယ်တွေရဲ့ အခွင့်အရေးကို လုံးဝဇာတ်သိမ်းလိုက်ပါတယ် ။ ဒါဆိုတကယ်ပဲ နိုင်ငံတော် ဘက်ဂျက်တွေ ကုန်သွားလို့လားဆိုတော့ စာရင်းစစ် အစီရင်ခံစာ ပြန်လေ့လာလိုက်တယ်......
၂၀၁၆ -၁၇
လျှာထားငွေ 149 ဘီလီယံ
သုံးငွေ 49 ဘီလီယံ ( 100 ဘီလီယံပို)
၂၀၁၇-၁၈
လျှာထားငွေ 116 ဘီလီယံ
သုံးငွေ 48 ဘီလီယံ ( 68 ဘီလီယံပို)
ကဲ အထူးချွန်ဆုံး ကျောင်းသား ၄၀၀ ဘာဆက်ဖြစ်ကြသလဲ...?
အဲသလိုနည်းနဲ့ ကျောင်းမတက်တဲ့ ကလေးတွေက ကျောင်းတက်တဲ့ ကလေးတွေထက် ဆင်ခြင်တုံတရားပိုကောင်းတယ် ဆိုတဲ့ မိစ္ဆာမကြီး ရသလောက် ဖျက်ဆီးသွားတာကလည်း တိုင်းပြည်မတိုးတက်ရခြင်း အကြောင်းရင်းတခုဆိုရင် နီတုံးတွေ ဘာပြောကြမလဲ မသိ ။
ကိုရွှေမျိုးဝင်း | 5 519 |
| 9 | လိုအပ်ချက်
==========
မနေ့က သမ္မတရဲ့ စားသုံးဆီ လိုအပ်ချက်နဲ့ ပက်သက်ပြီး ပြောသွားတဲ့ စကားကို အားလုံးသိကြမှာပါ ။ တနင်္သာရီတိုင်းအတွင်း ဧက ၄ သိန်းကျော် ခရိုနီတွေကို မြေနေရာချပေးထားတယ် ။ စိုက်ပျိုးသင့်သလောက် စိုက်ပျိုးကြပြီး စားသုံးဆီအဆင့်ထိ မထုတ်လုပ်ပဲ စက်မှုသုံးဆီ အဆင့်နဲ့ပဲ လွယ်လွယ်ရောင်းချနေကြတာကြောင့် ဆီတွေ ပြည်ပကနေ ဝယ်မြဲ ဝယ်နေရတယ်ပေါ့ဗျာ ။ ဒီတော့ ဦးသန်းရွှေကြီးရဲ့ မြေအသုံးချရေး စီမံချက်ကြီးတခုလုံးက အလကားဖြစ်နေပြီဆိုတဲ့ သဘောဖြစ်မနေဘူးလား... ?
နောက် သမ္မတကြီး ဆက်ပြောသွားတာရှိသေးတယ်... စီးပွားရေးအလုပ်ဆိုတော့ အမြတ်ရအောင် လုပ်ကြတာမို့ သူလည်း မပြောချင်ဘူးဆိုတဲ့ သဘောပဲလို့ ကျနော်နားလည်မိပါတယ် ။
ဒုတိယ ကမ္ဘာစစ်စတင်ခါနီးမှာ ဟစ်တလာက သူ့ရဲ့ ပညာရှင်တွေကို လောင်စာဆီအား ဓာတုဗေဒနည်းနဲ့ ထုတ်လုပ်နိုင်ဖို့ ဘက်ဂျက်များစွာ ချပေးပြီး သုတေသန လုပ်ခိုင်းတယ် ။ အောင်မြင်တယ် ဒါပေမယ့် ကုန်ကျစရိတ်က လွယ်လွယ်ဝယ်တာထက် ၄ / ၅ ဆ ပိုကုန်တယ် ။ ဒီတော့ အမြောက်အများ ဆက်ထုတ်ဖို့ မကြိုးစားကြတော့ဘူး ။ စစ်ကြီးဖြစ်တော့ လောင်စာဆီ မထွက်တဲ့ ဂျာမဏီဟာ လောင်စာဆီပြတ်လပ်ပြီး စစ်ရှုံးသွားခဲ့ရတယ် ။ ဓာတုဗေဒနည်းနဲ့လည်း အများအပြား မထုတ်နိုင်တော့ဘူးလေ ။
ပြောချင်တာက အချို့ ကိစ္စများသည် စီးပွားရေးရှုထောင့် တခုတည်းက ကြည့်ရှုဆုံးဖြတ်လို့ ရကောင်းတာ မဟုတ်ပါဘူး ။ ပင်းပက် နဲ့ မြင်းခြံသံမဏိ စက်ရုံတွေကို တည်ခဲ့ကြတာလည်း ဒီသဘောပါပဲ ။ သံ နဲ့ သံမဏိကို ပြင်ပမှီခိုနေရတော့ အရေးအကြောင်းရှိရင် အပိတ်ခံရတာနဲ့ လက်နက် ၊ ယာဥ် ယန္တယား ထုတ်လုပ်မှုလုပ်ငန်း ငုတ်တုတ်မေ့သွားမှာ ကြိုတွက်ပြီး ဆောင်ရွက်ခဲ့ကြတာပါ ။
လတ်တလော လောင်စာဆီကိစ္စကြည့်ပါ ။ ရေနံချက် စက်ရုံတွေ တည်ပေးခဲ့တာပဲ... ဒါပေမယ့် စီးပွားရေးရှုဒေါင့်အရ ဝယ်လိုက်တာ ပိုပြီး စျေးသက်သာတယ် ထုတ်မနေနဲ့ ဆိုတဲ့မူနဲ့ သွားလိုက်ကြတာ စက်ရုံတွေ သံချေးတက်ချိန် အီရန် အမေရိကန် ပြဿနာဖြစ်ပြီး လောင်စာဆီ ကမောက်ကမဖြစ်ချိန်မှ ကပျာကယာနဲ့ ရေနံချက် စက်ရုံတွေကို သံချေးခွာ အဆင့်မြှင့် နဲ့ ယောက်ယက်ခတ်အောင် လုပ်နေကြရတာ စီးပွားရေးရှုဒေါင့် တခုတည်းပဲ ကြည့်တတ်တဲ့ အားနည်းချက်ကြောင့်ပါပဲ ။
ယခု စားသုံးဆီအတွက် နိုင်ငံပိုင်မြေတွေ ချပေးထားတာ စီးပွားရေးအတွက် မဟုတ်ပါဘူး ။ ပြည်သူတွေရဲ့ နေ့စဥ်သုံး စားဆီ ပြည်တွင်းမှာ လုံလောက်စွာ ထုတ်လုပ်နိုင်ရေးဆိုတဲ့ ရည်မှန်းချက်အရ မြေတွေ အလကားနီးပါး ပေးခဲ့တာပါ ။ စားဆီထုတ်ဖို့ ပေးထားတဲ့ မြေတွေကို စားဆီမထုတ်နိုင်ရင် ( သတ်မှတ်တဲ့ ပမာဏ) ပြန်သိမ်းသင့်ပါပြီ ။ သူတို့စီးပွားတိုးတက်ဖို့ နိုင်ငံတော်ပိုင် မြေတွေ ပေးထားရတာ မထိုက်တန်ပါဘူး ။
ကျနော်တို့ အကြိမ်ကြိမ်ပြောခဲ့ဖူးတဲ့ အလိမ်အညာ အစီရင်ခံစာတွေ သမ္မတလည်း မနေသာဘူး ထုတ်ပြောလာရပါပြီ ။ ဆီထွက်သီးနှံ တဧက တင်း ၂၀ ဆိုပြီး သူ့ကို အစီရင်ခံ တင်ပြကြတယ် ။ တကယ်ထွက်တော့ ၁၀ တင်းဝန်းကျင် ။ ဒီတော့ စိတ်ကူးနဲ့ တွက်ချက်ပြီး ပြည်တွင်းမှာ ဆီ ဘယ်လောက်ကြိတ်မယ် ၊ ပြည်ပကို ဆီထွက်ကုန်ကြမ်း ဘယ်လောက် ရောင်းမယ် ဆိုပြီး လုပ်လိုက်ရော ။ ရောင်းပြီးတော့ ပြည်တွင်းဆီထုတ်ဖို့ မကျန်သလောက် ဖြစ်ရော.....
ကဲ အဲသလို နိုင်ငံတော်မူဝါတွေကို သောက်တလွဲ ဖြစ်အောင် အစီရင်ခံစာ တင်ခဲ့ကြတဲ့ သက်ဆိုင်ရာ စိုက်ပျိုးမွေးမြူရေးဝန်ကြီးဌာန ( လယ် / ဆည် ဝန်ကြီး) နဲ့ ဆိုင်ရာအာဏာပိုင် ဝန်ကြီးချုပ်တွေ ဘာဖြစ်ကြသလဲ.... ? ဘာမှ ဖြစ်သံမကြားရပါဘူး.... အမှန်က လူသိထင်ရှား အပြစ်ကြီးကြီး မပေးသင့်ဘူးလား.... ? ဒါမှ နောက်လူ မလိမ်ရဲမှာလေ ။
အဲဒီ အကျိုးဆက်အဖြစ် အချိန်တန်တော့ အစိုးရပဲ ခေါင်းခံရတယ် ။ ပြည်သူက ငတ်မြဲငတ်တယ်လေ ။ တကယ်တမ်းကျတော့ အဲဒီလူလိမ်ဌာနတွေက တာဝန်ရှိသူတွေကို တရားစွဲရင် ပုဒ်မ (၅၀၅-က) ပါ ပူးတွဲ စွဲဆိုသင့်တာဗျ ။ သူတို့ကမှ အစိုးရကို အကြည်ညိုပျက်အောင် ကိုယ်ထိလက်ရောက် လုပ်နေကြသူတွေလေ....
ရေနံချက်စက်ရုံတွေ ပြန်လည်ပတ်ဖို့ လုပ်နေပါပြီ ။ သံ နဲ့ သံမဏိစက်ရုံတွေလည်း လုပ်နေကြပါပြီ ။ စားသုံးဆီကိစ္စလည်း အရှိန်မြှင့် လုပ်သင့်ပါပြီ ။ လိမ်လည်အစီရင်ခံသူတွေကိုလည်း အရေးယူသင့်ပါပြီ ။
ကျနော် ဂမ္ဘီရ ပစ္စည်းလောကထဲမှာ ကျင်လည်ခဲ့စဥ်က လူလိမ်များစွာနဲ့ တွေ့ဆုံခဲ့ရပါတယ် ။ ဒီလူလိမ်တွေက သူတပါးကို လိမ်နေကြရုံတင်မကဘူးဗျ သူတို့အချင်းချင်းလည်း လိမ်ကြတာပဲ ။ သား အဖချင်း လိမ်တယ် ၊ ညီအကိုချင်း လိမ်တယ် ၊ မိတ်ဆွေချင်းလည်း လိမ်တယ် ။ ဒါကြောင့် အံ့သြပြီး မေးမိတယ်... မင်းတို့ မလိမ်တဲ့သူကော ရှိသေးရဲ့လားကွာ ဆိုတော့ ရီမောပြီး ပြန်ပြောကြလေရဲ့... ရှိတာပေါ့ဗျ တဲ့... ဟ ဒါဆို ဘယ်သူ့ကို မလိမ်တာလဲ ပြောစမ်းပါအုံးကွ ဆိုတော့.... '' ခင်ဗျားလို လူလည် လိမ်မရတဲ့သူကိုတော့ မလိမ်ဘူး '' တဲ့ ဗျာ ။ ကဲ ဒီသဘောအရ လိမ်လို့ရသူကို လိမ်နေအုံးမယ့် သူတွေကို ဘယ်လို ထိမ်းကြောင်းမလဲ တွေးကြည့်ကြပါတော့ဗျာ......
ကိုရွှေမျိုးဝင်း | 6 253 |
| 10 | လိုအပ်ချက် နဲ့ ဥပဒေ
================
တနေ့က ခရီးတိုလေးတခု သွားခဲ့တယ် ။ အိုးဝေ သုံးဘီးလေးတွေ အများကြီး တွေ့ခဲ့ရတယ် ။ အတူသွားတဲ့ မိတ်ဆွေက စင်္ကာပူမှာ အတော်ကြာကြာ အလုပ် လုပ်ခဲ့တဲ့သူပါပဲ ။ သူပြောပြတဲ့ အတွေ့အကြုံကို သဘောကျလို့ မျှဝေချင်ပါတယ် ။
သူ့လစာကများတဲ့ အတန်းအစားထဲ ပါလို့ အခွန်လည်း များသတဲ့ ။ ဒါနဲ့ အခွန်ရုံးသွားပြီး မိသားစုအတွက် တယောက်တည်း လုပ်နေရလို့ အခွန်ငွေများတယ် ဆိုပြီး ကန့်ကွက်တယ် ။ အခွန်အရာရှိက ဇနီး နဲ့ သား သမီး ရှိကြောင်း ထောက်ခံချက်တွေ တောင်းတယ် ။ သက်သေ အားလုံးပြည့်စုံတော့ ယခင် စင်္ကာပူဒေါ်လာ ၅၀၀ ပေးဆောင်ရတဲ့ အခွန်ကို ပြန်လည်တွက်ချက်ပြီး ၅၀ ပဲ ပေးဆောင်ဖို့ ပြင်ဆင်ပေးခဲ့သတဲ့......
ဒါက ပြည်ပမှာ အလုပ် လုပ်နေကြတဲ့ မြန်မာတွေအတွက် သတင်းပေးတာပါ ။ ကြောက်စရာ လန့်စရာ မလိုပါဘူး မိမိအခွင့်အရေး မိမိရအောင် ယူတတ်ကြပါစေဗျာ ။ စင်္ကာပူအစိုးရကို အခွန်မတန်တဆ ပေးဆောင်ရမယ့် ငွေကြေးက ကိုယ့်မိသားစုဆီ ပြန်ရောက်လာရင် နောက်ဆုံး အရက်ဝယ်သောက်တောင် ကိုယ့်ပြည်တွင်းအတွက် ထိုက်သင့်တဲ့ အကျိုးရှိနေမှာပါပဲ ။
နောက်တခုက လူအသွားအလာ များတဲ့ နေရာမှာ မဖြတ်သန်းရ ဆိုတဲ့ မြက်ခင်းလေး ရှိသတဲ့ ။ ဒါပေမယ့် သတိမထားမိတဲ့လူတွေရော ၊ အလွယ်ကြိုက်တဲ့သူတွေရော ခဏခဏ ဖြတ်သွားမိသတဲ့ ။ ထုံးစံအတိုင်း ဒဏ် ရိုက်ခံကြရတယ် ။ အဲဒီနေရာလေးမှာ ဒဏ်ရိုက်ခံရသူတွေ များလွန်းလာတော့ အစိုးရက ဒီနေရာလေးက လမ်းသွားလမ်းလာတွေ အလွန်အသုံးများပါလားလို့ သုံးသပ်ပြီး ၃ ပေ လောက် ကျယ်တဲ့ လူသွားလမ်းလေးကို အမိုးလေးနဲ့ ဆောက်ပေးပြီး ပြည်သူတွေ အဆင်ပြေဖို့ စည်းမျဥ်းပြင်ပေးလိုက်သတဲ့.....
ကဲ ဒီပြဿနာ ဖြေရှင်းခန်းကျတော့ အတုယူဖို့ ကောင်းလာပြီ ဗျ ။ ကျနော် နိဒါန်းပျိုးထားတဲ့ အိုးဝေ ကိစ္စပြန်ကြည့်ပါ ။ အဲဒီ အိုးဝေက နိုင်ငံခြားက ဝယ်ရတာပါ ။ ဘာကြောင့် အသုံးများလာရသလဲ.... ? အသုံးတဲ့လို့ပေါ့ ဆိုတဲ့ အငြင်းပွားဖွယ်မရှိတဲ့ အဖြေရပါလိမ့်မယ် ။
အိုးဝေလိုပဲ ယခင်က အသုံးများခဲ့တဲ့ ပြည်တွင်းလက်ဖြစ် ဘေးတွဲဆိုင်ကယ်တွေကို ပို့ ၈ ပုဒ်မတပ်ပြီး ဒရကြမ်း ဖမ်းဆီးကာ ပစ္စည်းသိမ်းတဲ့ အပြင် လူတွေပါထောင်ချပစ်ခဲ့ကြတယ် ။ ဥပဒေအရ ပေါ့လေ ။ OK အဲဒီလို လူတွေ ပြဌာန်းထားတဲ့ ဥပဒေကို ပြုပြင်ဖို့ မကြိုးစားပဲ သစ္စာလေးပါးလို အသေစွဲပြီး မူဝါဒကြီးချမှတ် အကောင်အထည်ဖော်လိုက်တော့ ပြည်ပကို ငွေစီးကြောင်းကြီး စီးဆင်းထွက်ခွာသွားကြရပါရော.....
မိမိတို့ ပြည်တွင်းလက်ဖြစ် ဘေးတွဲလေးတွေကို ဘေး အန္တရာယ်ကင်းအောင် ဖြည့်စွက်ပြင်ဆင်စေပြီး ဥပဒေ နဲ့ ညီအောင် လိုင်စင်ချပေးလို့ မရဘူးလား....? ဘာတွေများ ခက်ခဲနေကြပါလဲ.... နိုင်ငံခြားငွေ သုံးစွဲမှု လျော့ကျစေရေးဆိုတဲ့ မူဝါဒနဲ့ ဆေးဝါး ၊ စားသုံးကုန် နဲ့ စက်မှုကုန်ကြမ်းတွေ အထိ ပိတ်ပင်ထားပြီးမှ ယခုလို နိုင်ငံခြားငွေ ဒလဟော စီးထွက်သွားတဲ့ အိုးဝေဝယ်ယူမှုကို အလွယ်တားဆီးနိုင်မယ့် ပြည်တွင်းဖြစ်ကို တားမြစ်နေကြတာကော မှန်ပါသလားလို့.... တွေးဆမိပါကြောင်း....
{ဥာဏ်ကြီးရှင်များလည်း အိုးဝေပြဿနာမှသည် အခြားသော ကဏ္ဏများအထိ ချဲ့ထွင်တွေးတောသင့်ပါပြီဗျာ }
ကိုရွှေမျိုးဝင်း | 6 272 |
| 11 | ပဲ့တင်သံ
========
မဆလ ခေတ်တုန်းက ကျနော်တို့မြို့မှာ ၃၉ ကြိမ်မြောက် ပြည်ထောင်စုအလံ ညအိပ်နားတဲ့အတွက် အခမ်းအနားတွေနဲ့ ကျကျနန ကြိုဆိုရပါတယ် ။ ကျနော်တို့ ဘင်ခရာတပ်ဖွဲ့ကလည်း ခါတိုင်းလို မဟုတ်ပဲ လေ့ကျင့်ပြင်ဆင်ကြရပါတယ် ။ သာမန် ပွဲ တွေ အတွက်ဆိုရင် ခေါင်းတွဲလို့ ခေါ်တဲ့ ဘင် ၊ ရှဲလ် ( လင်းကွင်း) တခုစီ ၊ ဆိုက်ဒရမ် ၄ လုံး အဲဒါပဲ သုံးပါတယ် ။
ပွဲကြီးတွေကျတော့ ခေါင်းတွဲက ၂ ဖွဲ့စာသုံးရပါရော ။ လေ့ကျင့်တော့ အလက ( 1) ကျောင်းထဲမှာပါ ( ယခု အထက ၄ ထင်ပါရဲ့) ။ လေ့ကျင့်ရတာက ပထမအဆင့် အားလုံးတဖွဲ့တည်း ပေါင်း ချီတက် ။ ပြီးရင် ၂ ဖွဲ့ခွဲ ၊ နောက် မျက်နှာခြင်းပြန်ဆိုင် တဖွဲ့တည်း ပြန်ပေါင်း ဆိုပြီး လေ့ကျင့်ရပါတယ် ။
တဖွဲ့တည်းမှာ ပြဿနာမရှိဘူးဗျ ။ ၂ ဖွဲ့ ခွဲထွက်ပြီး ပြန်ပေါင်းဖို့ မျက်နှာခြင်းဆိုင် အပြိုင်လာနေကြချိန် ပြဿနာတက်ပါရော.... ပြဿနာက ဘင် တီးတဲ့ ၂ ယောက်ရဲ့ စည်းချက်က တပြိုင်နက်တည်း ညီနေရမှာ မညီတော့ဘူး ။ ဘင်ခရာတပ်ဖွဲ့ ဆိုတာ ဘင်ရဲ့စည်းချက်သံနဲ့ လမ်းလျှောက်ကြရတာမို့ ဘင်သံမညီတော့ ခြေလှမ်းတွေမှားပြီး ကမောက်ကမ ဖြစ်ကြရတာပေါ့ ။
ဘာကြောင့် ဘင်သံမှားကြသလဲ အကြိမ်ကြိမ်ကျင့် အကြိမ်ကြိမ်မှားပဲ ။ နောက်မှ သိလိုက်ရတာက ကျောင်းဆောင်နား ကပ်ကွေ့တဲ့ အချိန် ဘင်သံ..မှား.. မှား သွားကြတာပါပဲ ။ ဘာကြောင့်လဲ ဆိုတော့ ပဲ့ တင်သံကြောင့် ဘင်သမား ၂ ယောက် နားကြားမှားပြီး မသိစိတ်က မညီ ညီအောင် ညှိတီးရင်း မှားကုန်ရတာပဲ ။ ဒီတော့ ဘင်သမား ၂ ယောက်နားထဲ ဂွင်းဆို့ တီးခိုင်းလိုက်တာ OK သွားလေရဲ့....။
အင်း...ကြံ့ခိုင်ရေးပါတီရဲ့ ညီလာခံကြီးလည်း ပြီးသွားပါပြီ ။ ကောလဟာလတွေ ကြားနေရသလို မဟုတ်ပဲ သူ့လူနဲ့သူ အေးအေးဆေးဆေး ပါပဲ ။ ပေါက်ပန်းလေးဆယ် ပြောပြီး ဘေးကနေ ရန်တိုက်နေသူတွေ ၊ နှပ်ကြောင်းပေး ဝါဒဖြန့်နေတဲ့ ငဖားတွေ အတွက်တော့ ရှက်စရာ ဖြစ်သွားတာပေါ့လေ ။
ကျနော်တို့ တိုင်းပြည်က ထူးခြားတယ် ။ အခြေအနေ အချိန်အခါအရ အနိုင်ရပါတီကြီးက အစိုးရအာဏာ မယူပဲ ယခင် အစိုးရကိုပဲ အုပ်ချုပ်ရေးအာဏာ ပြန်ပေးထားတယ် ။ ယခင်အစိုးရဆိုတာကလည်း မဏ္ဏိုင် ၃ ရပ် ထဲက ၂ ခုကို လက်လွတ်ခံဖို့ ဆုံးဖြတ်ပြီး ရွေးကောက်ပွဲပြုလုပ်ပေးခဲ့တာ တွေ့ရပြန်တယ် ( မလုပ်ပေးပဲ ၆ အလီ ရွတ်နေလို့ ရနေတာပဲလေ) ။
ဒီလို ထူးခြားဖြစ်စဥ်ကြောင့် အစိုးရသည် ပါတီရဲ့ မူဝါဒနဲ့ သွားရန်မလိုအပ်ပဲ ကိုယ့်မူနဲ့ကိုယ် သွားလို့ ရနေလေရဲ့ ။ ဒီတော့ ရွေးကောက်ပွဲ ကတိတွေ စွတ်ပေးထားခဲ့တဲ့ အမတ်တွေအတွက်တော့ မျက်နှာပျက်စရာဖြစ်ရတာပေါ့ ။ အစိုးရအဖြစ် အကောင်အထည်ဖော်မှ ရနိုင်မယ့် ကတိတွေအတွက်ကြတော့ လုပ်ပိုင်ခွင့်မရှိတော့လို့ အကောင်အထည် မဖော်နိုင်တော့ဘူးလေ ။
ကျနော်တို့ရဲ့ ထူးခြားဖြစ်စဥ်အရ ခေါင်းတွဲ ၂ တွဲ နဲ့ ရုန်းနေရတဲ့ သဘောဖြစ်နေပါတယ် ။ ခေါင်းတွဲ ၂ တွဲရဲ့ စည်းချက်တွေ ညီဖို့ အရေးကြီးပါတယ် ။ မညီအောင်လည်း ဘေးက နှောက်ယှက်နေတဲ့ ပဲ့တင်သံတွေ အများကြီး ရှိနေပါတယ် ။
တည်ငြိမ်သွားပြီ ဖြစ်တဲ့ ကြံ့ခိုင်ရေးပါတီရဲ့ လွှတ်တော်ကြီး နဲ့ အရှိန်ရစပြုနေတဲ့ သမ္မတဦးမင်းအောင်ရဲ့ အစိုးရအဖွဲ့တို့ ပဲ့တင်သံတွေ ကြားယောင်မနေပဲ စည်းချက်မှန်မှန်နဲ့ ရှေ့သို့ ချီတက်နိုင်ကြပါစေဗျာ.....
ကိုရွှေမျိုးဝင်း | 7 138 |
| 12 | ကြက်ဆူ နဲ့ သံလမ်းမဲ့ဘူတာ
=====================
ယနေ့ထိ မပြီးနိုင် မစီးနိုင် လှောင်ပြောင်ခံနေကြတဲ့ နအဖ ခေတ်ရဲ့ စီမံခန့်ခွဲမှုပါ ။ OK ဦးသန်းရွှေ ဘာကြောင့် ကြက်ဆူစီမံကိန်း လုပ်သလဲ လေ့လာကြပါစို့.....
ကြက်ဆူဆီကနေ ဆေးဝါး ၊ စက်မှုကုန်ကြမ်း ၊ ဘိုင်အိုဒီဇယ် ၊ အလှကုန် အထိ ထုတ်လုပ်ကြပါတယ် ။ ကြက်ဆူရဲ့ အားသာချက်က ဆီထွက်နှုံး 40 % မှ 50 % ထိ ထွက်တာပါပဲ ( နေကြာ နဲ့ ပဲပိစပ်ထက် ပိုများတယ်) ။ ကြက်ဆူဖတ်ကအစ အမြစ်ထိုးပိုးမွှားသတ်ဆေးအဖြစ် သဘာဝအတိုင်း သုံးနိုင်တယ် ။ မြေဘယ်လောက်ညံ့ညံ့ ပေါက်တယ် ။ အရမ်းအေးရင်တောင် စားအုံးဆီလို မခဲဘူး ။ အားနည်းချက်က Ricin အဆိပ်ပါနေလို့ သန့်စင်ဖယ်ရှားဖို့ နည်းပညာလိုတယ် ။
လက်တွေ့ သုံးနေတဲ့ နိုင်ငံတွေက....
- ဘရာဇီး ( ဒီဇယ် နဲ့ ရောပြီး ကားတွေ မောင်းနေတယ်)
- အိန္ဒိယ ( လေယာဥ်ဆီ အဖြစ် စမ်းမောင်းပြနေပြီး ကမ္ဘာ့ကြက်ဆူ 80 % ကို ထုတ်လုပ်နေတယ်)
- မက္ကဆီကို ( ကားတွေမှာ ထည့်မောင်းနေပြီ)
- USA ( လေယာဥ်ဆီ အဖြစ် သုံးနေပြီ)
- တရုတ် ( ဖြည့်စွက်လောင်စာအဖြစ် သုံးနေတယ်)
- ထိုင်း / ဗီယက်နမ် ( စက်ရုံငယ်တွေမှာ သုံးနေပြီ)
ဟ တခြားတိုင်းပြည်တွေ အများကြီး ဘာကြောင့် မသုံးတာလည်း မေးစရာရှိတယ် ။ အဖြေကရှင်းတယ်... ဆေးဝါး ၊ ပလပ်စတစ် ၊ အလှကုန် ၊ အာကာသ နဲ့ လေယာဥ် ချောဆီ အဖြစ် ထုတ်ရောင်းနေတာ စျေးပိုကောင်းလို့ ။
အထက်က ကြက်ဆူဂုဏ်သတ္တိတွေကြောင့် ဦးသန်းရွှေက မြန်မာပညာရှင် ဆိုသူတွေကို သုတေသန လုပ်ခိုင်းပြီး ဘိုင်အိုဒီဇယ် ထုတ်နိုင်ဖို့ ဘက်ဂျက်ချပေးခဲ့တယ် ။ အဲဒီ ပညာရှင်ဆိုတဲ့ သူတွေကပဲ အင်ဂျင်ကို အကန့် ၂ ကန့် ခွဲထားပြီး ဆီပိုက်အကန့်မှာ ဒီဇယ်အစစ်ထည့်ထားတယ် ။ ကျန်တဲ့ အကန့်မှာ ကြက်ဆူဆီထည့်ပြပြီး စက်မောင်းပြတယ် ။ လိမ်ထားတော့ OK တာပေါ့ ။
သူတပါးဆီက လောင်စာ အမှီအခို ကင်းဖို့ အမြဲကြံစည်နေတဲ့ ဦးသန်းရွှေလည်း လူလိမ်တွေအကွက်ထဲ ဝင်သွားပြီး ကြက်ဆူစီမံကိန်း အကြီးအကျယ် လုပ်တော့တာပဲ ။ ကြက်ဆူလည်း ထွက်ရော ပညာရှင်ဆိုသူတွေရဲ့ အလိမ်အညာလည်း ပေါ်လာရောလေ... ကိုယ်တို့ဆီက သုတေသန ဌာနဆိုတာ အဲသလို ပုဂ္ဂိုလ်တွေ 95% ကျော်ရှိတယ် ။ ခုထိ လောက်လောက်လားလား ဘာတခုမှ ထွက်မလာတာကြည့်ပေတော့ ။
ဒါက ပညာရှင်လူလိမ်တွေ အပြစ်လား... ? ဦးသန်းရွှေတယောက်တည်း အပြစ်လား တွေးကြည့်...သူ့အမျှော်အမြင်ကို အခုလို QR စနစ်နဲ့ စုံ / မ ခွဲ ဓာတ်ဆီဝယ်နေရတာတောင် မောင်ရင်တို့က လှောင်နေကြသေးတာအံ့သြတယ် ။ ဒီလို ရှေ့ရေးကြိုမြင်လို့ သူတတ်စွမ်းသလောက် ကြိုးပမ်းခဲ့တာပဲလို့ မြင်ဖို့ မကောင်းပေဘူးလား ။
နောက် သံလမ်းမရှိတဲ့ ဘူတာရုံ ကိစ္စ ။ အဲဒီကာလတုန်းက စီမံကိန်းတခု လုပ်ပြီ ဆိုတာနဲ့ အချိန်မှီ ပြီးစီးရတယ် ။ မပြီးရင် တိုင်းမှူးကနေ ဆပ် ကံထရိုက်တွေအထိ ငယ်ထိပ်မြွေပေါက်ပြီ ။ ဦးသန်းရွှေက အရည်အချင်းပဲ ကြည့်တယ် ၊ လုပ်ငန်းပြီးမြောက်မှုနဲ့ပဲ အရည်အချင်းကို သတ်မှတ်တယ် ။ ဒီတော့ ရထားလမ်းစီမံကိန်း အချိန်မှီပြီးစီးဖို့ ကံထရိုက်တွေက အရင် လုပ်လို့ရတဲ့ ဘူတာရုံတွေ အရင်လုပ်ထားကြတယ် ( သံလမ်းခင်းတာ အောက်ခံမြေမာကျောအောင် အချိန်ပေးရတယ်) ။
၂၀၁၁ မှာ ဦးသိန်းစိန် တက်လာပြီ... ဘဏ္ဏာငွေကို စနစ်တကျ သုံးစွဲရတော့မယ်...လွှတ်တော်ရဲ့ သတ်မှတ်ဘက်ဂျက်အတိုင်း သုံးစွဲရမယ် ဆိုတော့ အဲဒီ ရထားလမ်း ၊ ကားလမ်း စီမံကိန်း အများအပြား ဆိုင်းငံ့ခဲ့ရတယ် ( လမ်းတံတား ကံထရိုက်လောကသားတွေ အသိပါပဲ.. ဆိုက်ကားသမားအဆင့်တော့ မသိနိုင်ပါဘူး )
အဲဒီလို စနစ်အကူးအပြောင်းကြောင့် သံလမ်းမရှိတဲ့ ဘူတာရုံတွေ ကျန်နေကြရတာပဲ ။ အလုပ်မရှိ အလုပ်ရှာပြီး အပျင်းပြေ ဘူတာရုံတွေ ဆောက်ခဲ့ကြတာ မဟုတ်ပါဘူး ။ မူဝါဒ အပြောင်းအလဲဒဏ် ခံခဲ့ကြရတဲ့ ကံထရိုက်တွေရဲ့ ကံတရား ပြယုတ်တွေပါ ။ ဒီအတွက် နိုင်ငံတော်ဘက်ဂျက် မကုန်ပါဘူး လုပ်ငန်းရှင်တွေပဲ ထိခိုက်ခဲ့ရတာပါ ။
ကဲ ဒါတွေက ဒီနေ့ထိ လှောင်ပြောင်နေကြတဲ့ ကြက်ဆူစိုက်ပျိုးရေး နဲ့ သံလမ်းမဲ့ဘူတာတွေ အကြောင်းပါပဲ ။ အကြောင်း အကျိုး မသိ ၊ ရည်ရွယ်ချက်နားမလည်ပဲ ကိုယ့်ရဲ့ ညံ့ဖျင်းလှတဲ့ ဗဟုသုတ နဲ့ လှောင်ပြောင်နေတာ သင့်မသင့် ပြန်တွေးကြပေတော့ဗျာ ။
ကိုရွှေမျိုးဝင်း
| 8 164 |
| 13 | ကြံ့ခိုင်ရေးသတင်း
===============
ကြံ့ခိုင်ရေးပါတီရဲ့ ညီလာခံ ကျင်းပနေချိန်မှာ သတင်းတွေ ပလူပျံနေလေရဲ့ ။ ပထမသတင်းက ပါတီ ဗဟိုကော်မတီဝင်အားလုံး နှုတ်ထွက်သတဲ့ ။ ဟုတ်တယ် အဲဒီသတင်းက နှုတ်ထွက်ကြရတယ် ။ ဒါက ပါတီရဲ့ လုပ်ရိုးလုပ်စဥ်ပဲ ။ ၅ နှစ်တကြိမ် ဇီးရိုးဆက်တင် ချတယ်ခေါ်တယ် ။
နောက်သတင်းက အစိုးရဝန်ကြီးတွေ ဒုဝန်ကြီးတွေ ညီလာခံ မတက်ရဆိုတဲ့ အမိန့် သမ္မတရုံးက ထုတ်ပြန်တယ်တဲ့ ။ ဒါလည်း ဟုတ်တာပဲ ခြေ / ဥ အရ နိုင်ငံရေးရာထူးရယူထားရင် ပါတီတာဝန်တွေ ထမ်းဆောင်လို့ မရတော့ဘူး ။ အဲဒါကြောင့် အဲဒီ အမိန့်သည် ဥပဒေနဲ့ ညီညွှတ်ရန် မဖြစ်မနေ ထုတ်ကို ထုတ်ကြရမယ့် အမိန့်ဖြစ်ပါတယ် ။ အမိန့်ထုတ်တာ မဆန်းပါဘူး... အမိန့်မထုတ်ပဲ အစည်းအဝေးတက်မှသာလျှင် အလွန်ထူးဆန်းတဲ့ ခြေ / ဥ ဖောက်ဖျက်မှုကြီး ဖြစ်ပါလိမ့်မယ် ။
မနက်ဖြန် 19-9-2026 ပါတီညီလာခံကနေ ဘာတွေ ထူးခြားနိုင်သလဲ လေ့လာကြည့်မယ်ဆိုရင် ဗဟိုကော်မတီဝင် ဦးရေ တိုးလာနိုင်ပါတယ် ။ ကျန်တဲ့ တိုင်းနဲ့ပြည်နယ် ပါတီဥက္ကဌ ရာထူးများ ပြောင်းလဲဖွယ် မရှိဘူးလို့ ကြားမိပါတယ် ။ ခြွင်းချက်အနေနဲ့ မတည်ငြိမ်သေးတဲ့ စစ်ကိုင်းတိုင်းကတော့ အပြောင်းအလဲ ဖြစ်လာဖွယ် ရှိနေပါတယ် ။
လိုင်းပေါ်မှာ အစိုးရ နဲ့ ပါတီ သွေးကွဲအောင် လှုံ့ဆော် နေကြသကဲ့သို့ ဖြစ်လာမှာ မဟုတ်ပါဘူး ။ မူလ CEC အရေအတွက် တိုးချဲ့ဖွဲ့စည်းပြီး စစ်ကိုင်းက လွဲလို့ ကျန် တိုင်း နဲ့ ပြည်နယ် ပါတီဥက္ကဌများ အပြောင်းအလဲ မရှိနိုင်ပါဘူး ။
ကိုရွှေမျိုးဝင်း | 6 956 |
| 14 | ဖြေတတ်ပေါင်
============
" ငမျိုးရေ တချိန်တုန်းက ငြိမ်းချမ်းရေး ဖော်ဆောင်သူ ဦးအောင်မင်းကြီးတယောက် အခုလည်း ငြိမ်းချမ်းရေးအဖွဲ့ထဲ ပြန်ပါလာပြီ ကွ ဒါကြောင့် ငြိမ်းချမ်းရေး ကိစ္စ အဆင်ချောဖို့ အကြောင်းရှိလား ကွ... ? "
" အင်း....အားမနာ ပြောရရင်တော့ သုံးစားမရတဲ့ NCA ဖခင်ကြီးပြန်ပါလာတာပေါ့လေ....အဆင်ပြေ...မပြေကတော့ ဘယ်ပြောရပါ့မလဲ...တကယ်တမ်းကျတော့ ဦးအောင်မင်းက အရေးကြီးတာ မဟုတ်ဖူး လုပ်ပိုင်ခွင့်က အရေးကြီးတာ... ဦးသိန်းစိန်တုန်းက သူ့ခြေ သူ့လက် အကုန်လုပ်ခွင့်ရှိတယ်...အခု ဦးမင်းအောင်လှိုင်က အဲသလို အာဏာကုန်လွှဲပေးမလား ကြည့်ကြပေါ့ဗျာ....အတွေ့အကြုံအရတော့ သိပ်မထင်ပါဘူး.. နစက ခေတ် ၅ နှစ်လုံး နစက အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးအောင်လင်းဒွေးကို ခင်ဗျား ဘယ်နှစ်ခါ တွေ့ဖူးသလဲ.... ? ကျုပ်ထင်ပါတယ် လမ်းမှာ လူခြင်းတိုးမိရင်တောင် မသိတဲ့သူက ၉၉ % ရှိမယ် ၊ ဦးခင်ညွှန့် အတွင်းရေးမှူးဘဝ နဲ့ ယှဥ်ကြည့်ပေါ့.... ''
" ဆိုလိုတာက.....? "
" ပါဝါ ခွဲဝေခွဲမှု ပေါ်လစီ ကို ပြန်ကြည့်ခိုင်းတာ ''
" OK ရပြီ ကဲ...မင်းအမြင် ငြိမ်းချမ်းရေး ကိစ္စ အောင်မြင်စေချင်သလား ပြောကြည့်အုံး ''
" အင်းးးးကျုပ် ကျောင်းဆရာဘဝတုန်းက အဲဒီရွာမှာ အဆဲသန်တဲ့ အဖွားကြီး တယောက်ရှိတယ် ... ဆဲတာလေးကိုပဲ ကာလသားတွေက ပီတိဖြစ်ပြီး စနောက်နေတာပါပဲ... တနေ့ အဖွားကြီးကို ကာလသားတွေက အဖွားကြီး မသေသေးဘူးလား ဘာညာ နဲ့ စပါရော.... အဖွားကြီးကလည်း မသာတွေ တောထဲသွားမယ့်ကောင်တွေ မြွေပွေး ၊ မြွေဟောက် နဲ့ တွေ့ပါစေတော် ဆိုပြီး စပြီး ကြိမ်စာတိုက် ဆဲပါရော ''
" အင်း..ဒီတော့....''
" အဲလို ကြိမ်စာတိုက်ပြီး ချက်ခြင်းပဲ အမလေးတော် မြွေတွေနဲ့ မတွေ့ပါစေနဲ့ ဆိုပြီး ဆုတောင်းပြောင်းပါရောလား ''
" ဟိုက်.. ကလေးတွေ သနားသွားလို့ နေမယ်ကွ... ''
" ဘယ်ကလာ ရမ်းဖြီးမနေနဲ့ ကျုပ်လည်း ထူးဆန်းလို့ မေးမိတယ် အမေကြီးဘာလို့ ဆုတောင်းပြောင်းလိုက်တာလဲ ဆိုတော့ အဲဒီ မသာတွေက မြွေဖမ်းရောင်းစားနေတဲ့ ကောင်တွေ ဆရာရဲ့ တဲ့.... ''
" ဟိုက်...ကြံကြံ ဖန်ဖန် ကွာ....ကဲ ငြိမ်းချမ်းရေး ကိစ္စနဲ့ အဖွားကြီး ကြိမ်စာနဲ့ ဘာပက်သက်....?''
" ဒီလိုလေ အဲဒီ NCA အဆင်ပြေသွားရင် ယာယီခဏတော့ အဆင်ပြေမယ်... နောက်မှ သူပုန်က သက်တမ်းဆွဲဆန့်ပြီး သံသယာတလျှောက်လုံး တိုင်းပြည်ကို ဆက်လက် ဒုက္ခပေးခွင့် လိုင်စင်ရလိမ့်အုံးမယ် လေ ''
" ဟိုက်...အတွေ့အကြုံက စကားပြောတယ် ဆိုတာ ဒါမျိုးဟ... ဒါဆို အကောင်းဆုံးက လက်နက်နဲ့ငြိမ်းချမ်းရေးဆိုတဲ့ အလုပ်မဖြစ်တဲ့ အပေးအယူထက် လက်နက်စွန့် ငြိမ်းချမ်းရေးရမှပဲ အဆင်ပြေမယ်ပေါ့ ''
" မှန်ပါ့ အဲဒါကြောင့် NCA အောင်မြင်စေချင်လား မေးရင် ကျုပ်လည်း အဖွားကြီး ကြိမ်စာလို ဘာပြောရမှန်း ဖြစ်နေတာ အမှန်ပဲ... သူပုန်ကင်းစင် ငြိမ်းချမ်းရေးလိုချင်တယ်... သူပုန်မွေးမြူရေးအတွက် ငြိမ်းချမ်းရေးတော့ မလိုချင်ဘူးလို့ ဖြေရတော့မှာပဲ ဗျ ''
ကိုရွှေမျိုးဝင်း | 8 084 |
| 15 | စိတ်ဓာတ်ခြင်းသာ ယှဥ်ကြည့်
======================
" ငမျိုးရေ ဘယ်ရောက်နေတာလဲ ဟ ဒီနေ့ ပို့စ် တင်တာမတွေ့လို့... ''
" ခရီးထွက်နေလို့ ကိုကြီးစိုး ခဏနေပြန်ရောက်တော့မှာပါ ဘာလို့လဲ ''
" ဘာမှ မဟုတ်ဖူး ဘယ်ကို သွားတာလဲ ဟ.... ဒီလိုကွ အခုတလော ဒေါ်စုကြည်အုပ်ချုပ်တုန်းက တိုင်းပြည် ဗရုတ်ဗယက် မဖြစ်ပဲ အာဏာသိမ်းမှ ဖြစ်ရတာ မသိဘူးလား ဆိုတဲ့ မေးခွန်း ခဏခဏ တွေ့နေရလို့ ပြန်ဖြေခိုင်းမလို့ ? "
" အင်း..ဒါကို အရင်နားထောင်အုံးဗျ... နေပြည်တော် ရောက်ခဲ့တဲ့ အထဲက ထူးခြားတာ တွေ့ခဲ့တယ်ဗျ ''
" အေး ဘာထူးခြားတာလဲ ကွ ''
" နေပြည်တော်က လူကြီးတွေ ရဲ့ အိမ်ခြံတွေ ရှိတဲ့ ရပ်ကွက်ထဲ ရောက်ခဲ့တယ်... ထူးခြားတာက အင်မတန်ရိုးသားပါတယ်ဆိုတဲ့ NLD သမ္မတဟောင်း ဦးထင်ကျော် ရဲ့ အိမ်ကို တွေ့ခဲ့တယ်.. နန်းတော် အငယ်စားလေးပါပဲဗျာ တကယ့်အပျံစား ပဲဗျို့.... နောက် ပိုထူးခြားတာက သူ့အိမ်က ပတ်ချာလည်က ဗိုလ်ချုပ်အငြိမ်းစားများရဲ့ အိမ်တွေ ချည်းပဲ ... ဘယ်သူ့အိမ်မှ သူ့အိမ်တဝက်လောက်တောင် မခမ်းနားဘူး 😂😂😂''
"အေးကွ သမ္မတသက်တမ်း တဝက်လောက် လုပ်ရပြီး အဲသလောက် ချမ်းသာရလားကွ.... မခိုးဘူးဆို....? "
" သူ့ အမိန်းမဘက်က ချမ်းသာတာ နေမှာပေါ့ အဲဒါ မဆန်းပါဘူးလေ ဆန်းတာ ထပ်ပြောအုံးမယ်... သူ့အိမ်နဲ့ မျက်နှာချင်းဆိုင်အိမ်က ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးခင်ရီ ရဲ့ အိမ်ပဲ.... ''
" ဟေ...မင်းပြောသလိုဆို ဦးထင်ကျော်က အစိမ်းတွေ ကြားထဲ နေရတဲ့ အနီ ဆိုတော့... ဟို..ကွာ.. သူ့အတွက် အန္တရာယ်....ရာယ်....''
" တော်ပါ ခင်ဗျားမေးမှာ ကျနော်သိတယ်... ဦးထင်ကျော်တယောက် အစိမ်းအုပ်စုကြားထဲမှာ သာသာယာယာပါပဲ ဗျာ.. အိမ်ထဲကုပ်နေတာတောင် မဟုတ်ရပါဘူး လမ်းလျှောက် မပျက် နေထိုင်လျှက်ပါပဲ ဗျာ ကိုင်း...ကျုပ်မေးချင်တာ လာပြီ အကယ်၍ အနီအုပ်စု ကြားထဲမှာ ဦးသိန်းစိန် တအိမ်ထဲ နေရမယ် ဆိုရင် ဘာဖြစ်နိုင်မလဲ ဗျ ''
" မေးစရာလိုသလားကွ... တစဆီ လိုက်မကောက်ရ ကံကောင်းပေါ့ ဟ..... အေးကွ အဲဒါ ဘာကွာလို့ လဲ...? "
" လူကြီးလူကောင်း စိတ်ဓာတ်နဲ့ ကလေကချေ စိတ်ဓာတ် ကွာဟ မှုကြောင့်ပေါ့ဗျာ ''
" အင်း ဒါတော့ ဟုတ်ပြီ...အစောက မေးခွန်းအတွက်ရော...''
" 2011 မှာ အာဏာလက်ရှိ တပ်မတော်လက်ထဲကနေ ကြံ့ခိုင်ရေး အာဏာလွှဲယူတယ် ဘာမှ မဖြစ်ဖူး တည်ငြိမ်နေတာပဲ.... 2016 ကြံ့ခိုင်ရေး လက်ထဲကနေ NLD အာဏာ လွှဲပြောင်းယူတယ် ဘာမှ မဖြစ်ဖူး တည်ငြိမ်လျှက်ပဲ... 2021 မဲ ခိုးတယ် စာရင်းရှင်းပါ တောင်းဆိုတယ် မရှင်းဘူး နိုင်ငံတော်အာဏာကို မသမာတဲ့နည်းနဲ့ ရယူဖို့ ကြိုးစားတဲ့ အတွက် ခြေ / ဥ အရ တပ်မတော်က အာဏာပြန်ထိမ်းတယ်.... အာဏာရမက်ဇောနဲ့ သူပုန်ထလို့ ဒီနေ့အခြေအနေ နဲ့ ကြုံရတာပဲ.... ဒီတော့ အာဏာ မမက်လို့ ရွေးကောက်ပွဲ ကျင်းပ အာဏာလွှဲပေးပေးခဲ့တဲ့ တပ်မတော်ရယ် ၊ ဆန္ဒမဲပေးပွဲ ရှုံးလို့ အာဏာလွှဲပေးခဲ့ရတဲ့ ကြံ့ခိုင်ရေးရယ် ၊ အာဏာလိုချင်လို့ မဲခိုးပြီး အာဏာသိမ်းခံရလို့ သူပုန်ထတဲ့ NLD ရယ် ဘယ်သူက အာဏာရူးနေလဲ တွေးကြည့်လေ ''
" အင်း...ငါမေးတာနဲ့ မင်းအဖြေ သိပ်အစေးမကပ်သေးသလိုပဲ... ? "
" နိဂုံးချုပ်ပါ့မယ် ဒေါ်စုကြည် အုပ်ချုပ်စဥ်က တည်ငြိမ်ခြင်းသည် အာဏာစွန့်ထားသူတို့က လူကြီးလူကောင်း စိတ်ဓာတ် ရှိနေလို့ တည်ငြိမ်ခြင်း ဖြစ်ပြီး တပ်မတော်အုပ်ချုပ်မှ ဗရုတ်သုတ်ခ ဖြစ်နေရခြင်းသည် NLD ပါတီမှ ကလေကချေစိတ်ရှိနေခြင်းကြောင့် ဖြစ်ခဲ့ရတာပါဗျာ...''
" သြော် အုပ်ချုပ်သူ အရည်အချင်း ကွာဟလို့ မဟုတ်ဖူး အုပ်ချုပ်ခံဘဝမှာ ဖျက်လိုဖျက်ဆီး လုပ်နေတဲ့ အောက်တန်းစား စိတ်ကြောင့် ဒီလိုဖြစ်နေရတယ်ပေါ့ ''
" တဖက်သပ်တော့ မပြောချင်ပါဘူး အဖျက်စိတ်ကြောင့် 70 % ဆိုရင် မညှာသင့်တာ ညှာတာခဲ့တဲ့အတွက် 30 % လောက်တော့ တာဝန်ရှိတယ်ထင်တာပါပဲ လေ ''
ကိုရွှေမျိုးဝင်း
| 8 879 |
| 16 | ရေးရမှာပေါ့
==========
" ငမျိုးရေ မင်းကို ငါကြည့်နေတာကြာပြီကွ အစိုးရရဲ့ လုပ်ဆောင်ချက်တွေ အပေါ် ရေးသားဖြန့်ဝေတာ နည်းနေသလားလို့.. ''
" အင်း ဟုတ်တယ်လေ... လိုင်းပေါ်မှာ ဒီလောက် ပလူပျံနေတာ ကျုပ်ရေးစရာမှ မလိုတာပဲလေ ...''
" မဟုတ်ဖူးလေကွာ..သမ္မတကြီး ပြည်ပခရီးထွက်တာမျိုး ကော်ဇောနီခင်း ကြိုဆို ဘာညာ ဒါမျိုးတွေ မင်းမရေးဘူးဆိုတာ သိပါတယ်.... သို့သော် စုံ / မ ကိစ္စပယ်ဖျက်တာမျိုး... နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ကျော်မိုးထွန်း ကိစ္စစာထုတ်တာမျိုး... နောက် ရခိုင်စစ်ပွဲ အစရှိတဲ့ ကိစ္စတွေကိုတော့ ချီးကျူးသင့်တယ် ထင်တာပေါ့ကွာ... ''
" သြော် ဒါလား...စုံ / မ ကိစ္စက QR စနစ်နဲ့ စရောင်းကတည်းက ခွင့်ပြုရမှာလေ..ပြည်သူတွေ အဆင်မပြေပါဘူး ဝိုင်းအော်နေကြတာပဲ... ဘာကြောင့် သတ်မှတ်ရပါတယ် အကျိုးက ဘာပါ အပြစ်က ဘာပါလို့တောင် ပြည်သူကို လူရာသွင်း ရှင်းမပြပဲ ခေါင်းမာမာ နဲ့ ငါလုပ်တာ အမြဲမှန်တယ် ဆိုတဲ့ အပေါက်နဲ့ ၄ / ၅ လ လောက် ဒုက္ခဆက်ပေးပြီးမှ ခပ်တည်တည်နဲ့ ဖြေလျော့ပါတယ် လုပ်လာတာ ကျုပ်က ဘယ်မျက်နှာနဲ့ ဂုဏ်ပြုနေရမှာလဲ ဗျ ''
" ထားပါကွာ ကုလနေရာ ကိစ္စကိုရော ရေးသင့်တယ် မထင်ဘူးလား.. အရင်တုန်းက အာဆီယံကို ဆဲသလိုပေါ့ ''
" လွန်ခဲ့တဲ့ လေး ငါး နှစ်ကတည်းက အခုစာမျိုး ထုတ်ပြန်ရမှာဗျ ... ငါ့ အလှည့်ရောက်နိုးနိုး မျှောလိုက်လာပြီး အခုမှ ထုတ်ပြန်တာမို့ သြော် ဘာမှ မပြောတာထက် စာရင် တော်သေးတာပေါ့လို့ပဲ သဘောထားတယ် ထူးထွေ ဂုဏ်ပြုရမယ့် ကိစ္စမဟုတ်ဖူးလေ... ''
" နောက် ရခိုင်ထိုးစစ်အောင်ပွဲတွေ အတွက် သတင်းတွေ ဆက်တိုက်ရေးသင့်တယ်လေ... ''
" မြေပြင်သတင်းခိုင်မာမှု ရှိရင် ရေးမယ် မသေချာပဲ မရေးသေးဘူး... ရခိုင်မီဒီယာဘက်က ကျောက်ဖြူသိမ်းကြောင်း အခါ တထောင်လောက် သတင်းလွှင့်ပြီး.... တပ်ကလည်း ပုဏ္ဏားကျွန်း သိမ်းပြနေတာ အခါ တရာ မကတော့ဘူး... AI ခေတ်မှာ ကြောင်တောင်တောင် နဲ့ သံယောင်လိုက်ရင်း ကျုပ်သတင်း တန်ဖိုးမဲ့အောင် မလုပ်ချင်လို့ မရေးတာဗျာ ရှင်းပြီလား....မိုတီပေးတာ အမှန်သတင်းနဲ့ ပေးတတ်ရတယ်ဗျ ''
" အစိုးရရဲ့ ပြုပြင်ပြောင်းလဲမှုတွေ ၊ သမ္မတကြီးရဲ့ မိန့်ခွန်းတွေကိုရော ဘယ်လိုမြင်သလဲ... ?''
" ပြီးခဲ့တဲ့ နစက ခေတ် အတွေ့အကြုံအရတော့ မိန့်ခွန်းတိုင်းက လန်ပြန်နေတာချည်းပဲ ရလာဒ်ကတော့ ကျုပ်မပြောတော့ဘူး.... ပြောချင်တာက အဓိက အားနည်းချက်ဖြစ်နေတဲ့ ခိုင်းပြီး ပြန်မကြည့်တတ်တာ ရယ်... အောက်ကလူတွေရဲ့ အရည်အချင်းကို လုပ်ငန်းပြီးမြှောက် အောင်မြင်မှု ပေတံနဲ့ ပိုင်းဖြတ်ပြီး ဆုပေး ဒဏ်ပေး စနစ် မလုပ်တာရယ် ဆိုတဲ့ အားနည်းချက်သာ ပြင်ဆင်နိုင်ရင်... စင်္ကာပူမဟုတ်ဘူး တာဝတိံတာကို အသာလေး ကျော်လောက်တဲ့ မိန့်ခွန်းတွေပဲ ''
" မင်းကို မေးရင်းနဲ့ ငါ့ကိုလည်း သမ္မတခိုင်းတဲ့ အလုပ်မလုပ်ပဲ အိယောင်ဝါးလုပ်စားနေတဲ့ အရိုးရင့် စားဖားတွေက ဆဲနေရော့မယ် လစ်ပြီဟေ့.... ''
ကိုရွှေမျိုးဝင်း | 8 179 |
| 17 | မခံချင်စိတ်
==========
ကျနော်တို့ လတ်တလော တိုက်ပွဲတွေ အတွက် ရေးလိုက်တိုင်း ၊ အတိတ်ကာလက အတုယူဖွယ် တိုက်ပွဲတွေအကြောင်း ဖော်ထုတ်တိုင်း အမြဲလိုလို တွေ့နေရတာက ရှမ်းမြောက်ကို ဘယ်လို လုပ်မှာလဲတဲ့... ?
ပြည်ပကျူးကျော်မှု ဝင်ရောက်စွက်ဖက်မှုတွေ ရေးလိုက်တိုင်း တရုတ်ကို ဘယ်လိုလုပ်မှာလည်းတဲ့.... ? ဒီထက် ပိုလာရင် တရုတ်ကို ဘာလုပ်ရမယ် ညာလုပ်ရမယ် ပေါ့ဗျာ.... အရမ်းပြင်းထန်တဲ့ မျိုးချစ်စိတ်တွေနဲ့ လှုံ့ဆော်ကြတာပေါ့ လေ.......
ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ ဝေဖန်နေကြတာတွေ မခံချင်စိတ်နဲ့ ပြောဆိုနေကြတာတွေထဲမှာ တကယ့် စစ်မှန်တဲ့ မျိုးချစ်သူတွေ အတော်များများပါသလို တမင် တရုတ်နဲ့ ရန်ဖြစ်စေချင်လို့ ဆွပေးနေတဲ့ သူတွေလည်း အများကြီးပါပဲ ။ အကြံဆီုးရှိတဲ့ သူတွေကတော့ တပ်မတော်ကို စစ်မျက်နှာ အများကြီးနဲ့ ဗရမ်းပတာ ဖြစ်စေချင်လို့ဗျ ။
အခုချိန်မှာ ကရင် ၊ ကချင် ၊ ကယား ၊ AA တို့နဲ့ အပြင်းအထန်တိုက်နေရပါတယ် ။ ဒီထိုးစစ်အတွက် ကျနော်တို့ ပြင်ဆင်ခဲ့ရတဲ့ ကာလကို တွေးကြည့်ပါ ။ အိမ်နီးခြင်း တိုင်းပြည်တွေ ကောင်း မကောင်း ဘယ်သူမှ ပြောစရာမလိုဘူး အားလုံးသိတယ် ။
တိုင်းပြည်ကို စောင့်ရှောက်ရာမှာ အင်အားအခြေအနေအရ ဘယ်သူ့ကို ဖြဲခြောက်ရမယ် ၊ ဘယ်သူ့ကို လက်တွဲရမယ် ၊ ဘယ်သူ့ကို ချော့ပေါင်းရမယ် ဆိုတာ တောင်ခြေက လူပိန်းတွေ မသိနိုင်ဘူး.... တောင်ပေါ်က အားလုံးမြင်နေရတဲ့ အဆင့်တွေပဲ သိကြလိမ့်မယ် ။
မပြည့်စုံတဲ့ ကိုယ့်အသိဥာဏ်လေး နဲ့ ပိုင်းဖြတ်လို့ ရတဲ့ကိစ္စမဟုတ်ပါဘူး ။ ဗင်နီဇွဲလား ၊ အီရန် ၊ ယူကရိန်း ၊ ပါလက်စတိုင်း... လတ်တလော ကမ္ဘာ့အရေးအခင်းတွေကို မျက်စ်ိဖွင့် နားစွင့်ကြည့်ကြပါအုံး.....အင်အားကြီးသူ အနိုင်ယူစနစ် ဖြစ်နေကြတာ မမြင်ဖူးလား....?
ကိုယ့်ဆီမှာဖြစ်နေတာက ပွင့်ပွင့်လင်းလင်း ပြောရရင် သင်္ဘောမှောက်တာ ဇကာနဲ့ လိုက်ဆယ်နေရသေးတဲ့ အနေအထား လေ ။ အဲဒါ မခံချင်စိတ် နဲ့ တရုတ်ကို သွား သွား မဆွကြပါနဲ့ ။ ခင်ဗျားတို့ ဆွေ ခုနစ်ဆက် မျိုးခုနစ်ဆက် စစ်တပ်ထဲဝင်ပြီး တိုက်ပေးကြမှာလား.....လတ်တလော ပြည်သူ့စစ်ထဲ ဝင်ဖို့တောင် မှိုလိုလို မျှစ်လိုလို လုပ်နေသူတွေ ဘယ်လောက်များကြသလဲ... ?
မခံချင်စိတ်ရှိကြတာ ချီးကျူးတယ် ရှိအပ်တဲ့ စိတ်ထားပဲ.... သို့သော် အခြေအနေ အချိန်အခါ မသိပဲ မခံချင်စိတ် ရှေ့တန်းတင် သွေးကြွနေတာ သောက်ရူးပဲ ။ နီတုန်းကောင်တွေက တိုင်းပြည်ပျက်ဖို့... တပ်မတော်ပြိုဖို့ အင်အားကြီး ရန်သူရှာပေးပြီး ရန်တိုက်နေကြတာ မဆန်းဘူး...ဒီကောင်တွေက ကျုပ်တို့ တပ်မတော်ပြိုရင် ပြီးရော ကုလားလဲ ဖင်ကုန်းပေးမှာ ၊ အနောက်အုပ်စုလည်း ဖင်ပေးပေါင်းမှာပဲ... တရုတ်က လှည့်မကြည့်လို့ ရန်တိုက်ပေးမှာပဲ မဆန်းပဲ ။
မျိုးချစ်တွေက လက်ရှိ ဖြစ်တည်မှုကို မခံချင်လို့ သွေးကြွနေတာ မမှားပေမယ့် မှန်လည်း မနေသေးဘူးလို့ပဲ အကြံပြုချင်ပါတယ် ။ တပ်မတော် အကြပ်အတည်းသည် ပြည်သူ့အကြပ်အတည်းပါပဲ ။ တပ်မတော်ကို မနိုင်ဝန်မထမ်းခိုင်းကြပါနဲ့ ။ ကိုယ့်အင် ကိုယ့်အား ကိုယ့်အခြေအနေကို အမှန်တိုင်း ချင့်ချိန်နိုင်ကြပါစေ ။ မခံချင်စိတ် တခုတည်းနဲ့ တိုင်းပြည်ကို ခြောက်ထဲတွန်းမချစေချင်ပါဘူး ။
ကိုရွှေမျိုးဝင်း | 8 584 |
| 18 | ပျပ်ဝပ်ကျိုးနွံမည် ”
ဟု အကြံပြုရာ အားလုံး သဘောတူညီပြီးနောက်...
ဟိုသာသို့ အိမ်ရှေ့မင်း ၊ လာသာသို့ ပြည်ဘုရင် သတိုးဓမ္မရာဇာ ၊ ကိုင်းမားသို့ တောင်ငူဘုရင်မင်းခေါင် ၊ မိုးလျဉ် အင်းဝဘုရင် သတိုးမင်းစောတို့ အသီးသီး ချီတက်ဖို့ ပြင်ဆင်ကြပါတယ် ။
မိုင်းဝန်းစော်ဘွားက လက်ဆောင် လက်နက်အများနှင့်...
“သစ္စာတော်ခံ၍ အမှုတော်ကို ထမ်းပါတော့မည် ”
ဟု လျှောက်လာသောကြောင့် သစ္စာတော်ပေးသည်။
စော်ဘွားလေးဦးကတော့ ရှင်း၏ ဘုရင့်နောင် စစ်သူကြီးတွေ လာပြီဟု ကြားတာနဲ့ မြို့ကိုစွန့်ခွာပြီး တောကြိုအုံကြား ထွက်ပြေးဝင်ကြပါတယ် ။ စစ်သည်တို့လည်း တောထဲထိ လိုက်လံရှာဖွေကြရပါတယ် ။ ထိုသို့ရှာနေကြကြောင်းကို စော်ဘွားတို့ကြားလျှင် ဟိုသာ စော်ဘွားက ဆင်ကြီးနှစ်စီး၊ မြင်းကောင်းနှစ်စီး၊ မိုင်းလုံးဇာ၊ ဖျင်၊ ကတိုး များစွာ လက်ဆောင်ယူ၍....
“ကျွန်တော် နာတော်ခံ၍ အမှုတော်ကို ထမ်းပါမည် ”
ဟု သားကိုလွှတ်ပြီး ဆီးကြို၍ အညံ့ခံပါတယ် ။
အိမ်ရှေမင်းကလည်း....
" ဒီလို အညံ့ခံခြင်းကြောင့် စော်ဘွားစည်းစိမ်မပျက် အသက်မသေ ဖြစ်တော့သည် ''
ဟု မိန့်တော်မူပြီးလျှင် စော်ဘွားသားကို ဆုလာဘ်ပေး၍ အဖစော်ဘွားကို ခေါ်ခိုင်းပါတယ် ။ စော်ဘွားလည်း သား မယားနှင့် အခြွေအရံ တို့ကိုယူ၍ ရောက်လာပါတယ် ။ အိမ်ရှေ့မင်းလည်း စော်ဘွားကို သစ္စာတော်ပေးပြီးလျှင် သစ္စာခံကြောင်းကို ဟိုသာစော်ဘွားက လာသာစော်ဘွား၊ ကိုင်းမားစော်ဘွား၊ လျဉ်စော်ဘွားတို့ထံ စာနှင့် သတင်းပို့ခိုင်းပါတယ် ။
စော်ဘွားသုံးဦးလုံး အလားတူ အညံ့ခံလာကြပါတယ် ။ စော်ဘွားတို့ကို ဗန်းမော်ဆိပ်တွင် ကောင်းမွန်သာယာလှစွာသော ဖောင်လုပ်စေ၍၊ ထိုဖောင်နှင့် အခြွေအရံ လှေ အများ ဝန်းရံစေ၍ ဟံသာဝတီသို့ပို့ပါတယ် ။ ရောက်လျှင် ထိုစော်ဘွားတို့၏ သမီးများကို ကောင်းမွန်သာယာ အိမ်ဆောက်၍ စော်ဘွားတို့၏ ညီ ၊ သား ၊ သမက်တို့ကိုလည်း အိမ်ရာနေရာများအတွက် အကွက်ရိုက်ပေးပါတယ် ။
သိမ်းယူထားတဲ့ ရှမ်းနယ်တွေကိုတော့ ထုံးစံအတိုင်း မကောင်းသော မိစ္ဆာဒိဋ္ဌိအယူကို ပယ်စေ၍၊ ကောင်းသော သမ္မာဒိဋ္ဌိအယူ၌ တည်စေသည်။ ထိုထိုသော မြို့ပြတို့၌ ကျောင်း ဘုရား ကောင်းမှု ပြုပြီးလျှင် ပိဋကတ်ကျမ်းဂန်နှင့်တကွ အရိယာ သံဃာတို့အား တောင်းပန်၍ သီတင်းသုံး နေရသည်။ တစ်လလေးသီတင်းလည်း သရဏဂုံ ပဉ္စသီ အဋ္ဌဒသီ ဆောက်တည်စေ၍ တရားနာရသည်။ မပြတ်လည်း သွန်သင်ဆုံးမရသည် ။
အခွန်တော်မှာ ဖျင်၊ မိုင်းလုံးဇာ၊ ပယင်း၊ ကတိုး၊ အောင်း၊ တင်ရန်း-တစ်နှစ်သုံးကြိမ် ဆက်ရသည်။ သုံးနှစ်တစ်ကြိမ်လည်း စော်ဘွားတို့ကို မဖြစ်မနေ နေပြည်တော်သို့ကိုယ်တိုင်လာ၍ လက်ဆောင်တော် ဆက်ရသည်။
ထိုကာလများမှာပဲ နေပြည်တော်မှာ ဘုရားသုံးသောင်း ထားသော ဇရပ်ကို လောင်မီးကျ၍ လောင်လေသည်ကို သက္ကရာဇ် ၉၂၄ ခု၊ နတ်တော်လဆန်း ငါးရက်နေ့ တွင် ပြလည်ဆောက်လုပ် လှူဒါန်းပါတယ် ။ နတ်တော်လပြည့်ကျော် ၆ ရက်နေ့တွင် ကျိုင်းတုံစော်ဘွားမှ သမီးကိုလာဆက်၏ ။ အဖ ကျိုင်းတုံစားကိုလည်း ထီးဖြူမကိုဋ်နှင့်တကွ မင်းမြောက်တန်ဆာငါးပါး ပေးတော်မူသည်။
သက္ကရာဇ် ၉၂၄ ခု၊ တပေါင်း လပြည့်ကျော် ၅ ရက်၊ ဗုဒ္ဓဟူးနေ့၊းတွင် ရွှေနန်းကြော့ရှင် နရပတိ တူမတော် ရှင်ထွေးလှကို ရာဇဒေဝီဟု ဘွဲ့ပေးကာ မိဖုရားမြှောက်၏ ။
ဟံသာဝတီ၊ ကေတုမတီ၊ သရေခေတ္တရာ၊ ပုဂံ၊ စစ်ကိုင်း၊ ပင်းယ၊ အင်းဝ၊ ဇင်းမယ်၊ ကျိုင်းတုံ၊ ဤသို့ နိုင်ငံတော် အလုံးတွင်ရှိသော ဘုရား၊ ပုထိုး၊ ဂူ ကျောင်း၊ ပြိုပျက်လေသည်များကို လုပ်ဆောင်စိမ့်မည်ဟူ၍ ငွေပေါင်း-ငါးရာ့နှစ်ဆယ့်ခုနစ် ပိဿာ” လှူတော်မူသည်။ ပန်းတရော်မြစ်ကို တူးရသည် ။ ရှမ်းပြည်ရှိ အိမ်ရှေ့မင်းနှင့် တပ်များအား ပြန်ခေါ်ပါတယ် ။ သက္ကရာဇ် ၉၁၅ ခု၊ ဝါဆိုလပြည့်ကျော် ၁၂ ရက် သောကြာနေ့မှာ ဟံသာဝတီ နေပြည်တော်သို့ ရောက်ပါတယ် ။ ထို့နောက် အောင်ပွဲရသူများကို ဆုလာဘ်ချီးမြှင့်ပါတယ် ။
ဘုရင့်နောင်ဟာ တပ်များနေပြည်တော်သို့ ပြန်ရောက်တာနဲ့ သူ့ရဲ့ အကြံအစည်ကို ထုတ်ပြောလိုက်ရာ စစ်သွေး စစ်ရည် တက်ကြွနေတဲ့ စစ်သူကြီးအပေါင်းတို့ အားရကျေနပ်သွားကြပါတယ် ။ ဘုရင့်နောင် စကားကတော့.....
ကိုရွှေမျိုးဝင်း | 11 663 |
| 19 | တပင်ရွှေထီး နဲ့ ဘုရင့်နောင် (54)
=========================
" ယခုအခါ စစ်ကြောင်း ၄ ကြောင်း ဆုံတွေ့ကြရပါပြီ ရှေ့သို့ အားလုံးပေါင်း ချီတက်ကြပါက အင်အားများပြားလှသဖြင့် စားရေရိက္ခာအတွက် ရှာဖွေရ ခက်ခဲရပါလိမ့်မည် ထို့ကြောင့် စစ်ကြောင်း ၄ ကြောင်းခွဲပြီး သတ်မှတ်နေရာသို့ ချီတက်မှ သင့်တော်ပါလိမ့်မည် ''
ထိုအကြံကို အားလုံး သဘောကျသောကြောင့်....
- အိမ်ရှေ့မင်း ၁၂ တပ်က မိုးနားသို့...
- သတိုးမင်းစော ၁၂ တပ်က စန္ဒားသို့...
- တောင်ငူမင်းခေါင် နဲ့ ပြည်သတိုးဓမ္မရာတို့က စည်ခွင်....
ဆိုပြီး အင်အားဖြန့်ကျက်ကာ ရည်မှန်းချက်မြို့သို့ ချီတက်လာကြပါတယ် ။ မိုင်းမောစည်ခွင်၊ ဟိုသာ၊ လာသာ၊ မိုးနား၊ စန္ဒား၊ မိုးဝန်း၊ မိုးလျဉ် စော်ဘွားတို့လည်း ဘုရင့်နောင်၏ စစ်သူကြီးများ ချီတက်လာပြီဟု ကြားလျှင် မိုင်းဆည် သို့ စစ်ကူတောင်း၏ ။ မိမိတို့ မြို့ပြကိုလည်း ခိုင်လုံအောင် စီရင်၍နေကြသည်။
အိမ်ရှေ့မင်း ၁၂ တပ် မိုင်းမောသို့ရောက်လျှင် မြို့စွန်ကျေးလက်တို့ကို သိမ်းယူပြီး သုံ့လူဖမ်းပါတယ် ။ ခုခံသူဟူသမျှ တစ်ယောက်မကျန် သတ်ပစ်ပါတယ် ။ ထို့နောက် မြို့ကို တင်းကြပ်စွာ ပိတ်ဆို့ထား၍ မိုင်းမောတစ်မြို့လုံး ကြောက်ရွံ့နေပါပြီ ။ ကျန်စစ်ကြောင်းများလည်း ထပ်မံရောက်ရှိလာပြီး ဝန်းရံထားလိုက်ကြပါတယ် ။
ထိုအခါ စော်ဘွားတို့က မိုင်းဆည်စားမှ တဆင့် ဥတည်ဘွားထံ စစ်ကူတောင်းရန် သံတမန်စေလွှတ်ပါတယ် ။ အဲဒီ သံတမန်ကို အင်းဝဘုရင် သတိုးမင်းစောတို့ တပ်သားတို့ တွေ့လျှင် ဖမ်း၍ ခေါ်လာပါတယ် ။ သတိုးမင်းစောလည်း စာနှင့် သံတမန်ကို အိမ်ရှေ့မင်းထံ ပို့လိုက်ပါတယ် ။ စာကို ဖတ်ကြည့်ရာ ....
" ဥတည်ဘွားက အလျင် စစ်ကူရောက်မှ ကျွန်တော်တို့ သူ့ကျွန်မဖြစ်ပါမည် ''
ဟု စာတွင်ပါကြောင်းကို ဖတ်မိလျှင် ဗညားဒလက အိမ်ရှေ့မင်းအား...
" ဥတည်ဘွားကို ကြောက်၍ သံတမန်တို့ကို ချုပ်ထားသကဲ့သလို ဖြစ်နေပါ့မယ် ။ သူတို့ကို ယခု လွှတ်၍ မိုင်းဆည်သို့ သွားစေကာ မိုင်းဆည်စားမှ တရုတ်ဥတည်ဘွားသို့ လျှောက်ပါစေ ၊ သို့မှ ဘုန်းလက်ရုံးအာဏာနှင့် လုပ်ရည်ကြံရည်ကို သိကြရမည် ''
ဟု ဘာမထီသွေးဖြင့် အကြံပေးပါတယ် ။ ဘုရင့်နောင်ရဲ့ သားပီပီ အိမ်ရှေ့မင်းကလည်း ကောင်းတယ် ဗမာ့သွေး ပြချင်နေတာနဲ့ အတော်ပဲ လွှတ်ပေးလိုက် ဟု အမိန့် ပေးလိုက်ရာ သံတမန်ကို မိုင်းဆည်သို့ လွှတ်လိုက်ကြပါတယ် ။ မိုင်းဆည်စားလည်း တရုတ်ဥတည်ဘွားသို့ ဆက်လက်သတင်းပို့လိုက်ပါတယ် ။ ဥတည်ဘွားက.....
" မိုင်းမောစည်ခွင်၊ ဟိုသာ၊ လာသာ၊ မိုးနား၊ စန္ဒား၊ မိုင်းဝန်း၊ ကိုင်းမား၊ မိုင်းလျဉ်သည်မြို့များကို ပုဂံခေတ်ကပင် ပုဂံကပိုင်၍ သူ့တို့နိုင်ငံ ဖြစ်ပါတယ် ၊ ဒါကြောင့် သူ့ နိုင်ငံ သူပြန်သိမ်းသည်ကို ငါတို့က ရန်ပြုရန် အကြောင်းမရှိ ။ ယူခွင့်ရှိကြတယ် ယူပါစေ ... လိခွေးစူး၊ မိုင်းဆည်မြို့တို့ကို ထိပါးဖျက်ဆီး လာသော်မူကား သတင်းအမြန်ပို့ကြ ''
ဟုသာ ဥတည်ဘွားက အကြောင်းပြန်လိုက်ပါတယ် ။
အားကိုးရာ မရှိတော့တဲ့ မိုင်းမောစော်ဘွားကလည်း ဆယ်ရက်ကျော်ခန့်ရှိလျှင် လက်ဆောင် အများနှင့် သစ္စာခံဖို့ တောင်းဆိုလာရပါပြီ ။ အိမ်ရှေ့မင်းလည်း သဘောတူပြီး စော်ဘွားကိုထွက်စေ၍ အမှူးအမတ်နှင့်တကွ သစ္စာတော်ပေးပြီးလျှင် သားနှင့်သမီးကို ဗန်းမော်တွင် ဖောင်လုပ်စေ၍ လက်ဆောင် လက်နက်အများနှင့် စော်ဘွားသမီးကို အခြွေအရံ ဝန်းရံ၍ ဟံသာဝတီသို့ ပို့လိုက်ပါတယ် ။
မိုင်းမောစော်ဘွား သစ္စာတော်ကိုခံ၍ သားသမီးတို့ကို လက်ဆောင်တော်ဆက်ကြောင်းကို စည်ခွင် ၊ မိုးနား ၊ စန္ဒား တို့ကို မိုင်းမောစားရဲ့ အမတ် ၃ ယောက်အား စာ နဲ့တကွ စေလွှတ် အကြောင်းကြားလိုက်ပါတယ် ။ ထိုအခါ စော်ဘွားသုံးဦးတို့ ထိတ်လန့်ခြင်း ပြင်းစွာဖြစ်၍ ဆင်ကြီး၊ မြင်းကြီး၊ သားသမီးတို့ကို လက်ဆောင်တော်ဆက်၍ ခိုလှုံလာကြပါတယ် ။
ပြည်ဘုရင်၊ တောင်ငူဘုရင်၊ အင်းဝဘုရင်တို့လည်း အမှူးအမတ်နှင့်တကွ စော်ဘွားတို့ကို ထွက်စေ၍ သစ္စာတော် ပြီးလျှင် သား၊ သမီးတို့ကိုယူ၍ အိမ်ရှေ့မင်း တပ်သို့ ပို့ပါတယ် ။ အိမ်ရှေ့မင်းကလည်း စော်ဘွားတို့၏ သားသမီးကို ဗန်းမော်ဆိပ်တွင် သာယာလှစွာသော ဖောင်လုပ်စေ၍ အခြွေအရံ လှေတက်အများ ဝန်းရံ၍ ဟံသာဝတီသို့ အသီးအသီး ပို့ရလေသည်။ ဘဝရှင် မင်းတရားကြီးဘုရားလည်း ထီးဆောင်း စော်ဘွားတို့ သမီး တူမကို နန်းတော်တွင်းတွင် သာယာလှစွာသော အိမ်ဆောက်၍ နေရာပေးထားလိုက်ပါတယ် ။
မူလရည်မှန်းချက် အောင်မြင်ပြီးနောက် စစ်သူကြီးများ အစည်းအဝေးလုပ်ကြပါတယ် ။ အိမ်ရှေ့မင်းက...
" လာရင်းကိစ္စတော့ တိုက်ပွဲ ကြီးငယ် မတိုက်ရပဲ အောင်မြင်ပေပြီ ငါတို့ ပြန်ရင် ကောင်းမလား ရှေ့ဆက်ရမလား အကြံပေးကြပါ ''
ထိုအခါ ပြည်ဘုရင် သတိုးဓမ္မရာဇာက......
" ယခု လေးမြို့လုံးကို အလိုတော်ပြည့်ပြီ ။ ဟိုသာ၊ လာသာရှိ ရှမ်းတရုတ်တို့သည်၊ တရုတ်ဥတည်ဘွားကို အမှီပြု၍ လင်းနို့ခွန်တောင်းလျှင် ကြွက်၊ ကြွက်ခွန်တောင်းလျှင် လင်းနို့ ဆိုသကဲ့သို့ နေလေသည် ။ တစ်နွယ်ငင် တစ်စင်ပါ ဆိုသလို ယခု တဆက်တည်း သိမ်းပိုက်သင့်ပါတယ် ၊ ဒါမှသာလျှင် လတ်တလော သိမ်းထားတဲ့ မိုင်းမော၊ စည်ခွင် စသော မြို့တို့လည်း | 9 712 |
| 20 | မျိုးချစ်စိတ် နဲ့ စစ်မှုထမ်း
===================
စစ်မှုထမ်း ပြဿနာ ကြားရတိုင်း နီ ပိတ် မီဒီယာတွေ ဘာအော်သလဲ ဆိုတော့ တပ်မတော်ကို ထောက်ခံတယ် ဆိုတဲ့ မျိုးချစ် အုပ်စုက လေနဲ့ ထောက်ခံနေကြတာ တကယ် တပ်ထဲဝင်ပြီး တိုက်ကြရင် စစ်မှုထမ်း ဖို့ အတင်းခေါ်စရာ မလိုဘူးဆိုပဲ ။
သဘောကျစရာ ကောင်းတယ် နော....အေပေး နီတုံးတွေက PDF အုပ်စိုးတဲ့ ဒေသတွေ မပြောင်းပဲ တပ်မတော် စိုးမိုးတဲ့ ဒေသတွေမှာ နေထိုင်ရင်း အစိုးရ အရိပ်ခိုနေကြ ရတယ် ။
တပ်မတော် မကောင်းကြောင်း ပြော တယ် ၊ PDF ရံဖန် ရံခါ အသာစီးရရင် ဝမ်းသာအားရ ကြွေးကြော်တယ် ။ ဂုဏ်ယူပါတယ် ဘာ ညာတွေတောင် လုပ်ကြသေးရဲ့ ။
ကဲ တိုင်းပြည်ကာကွယ်ဖို့ ပြည်သူ့စစ်မှု ထမ်း ဥပဒေအရ တာဝန်ထမ်းကြရမယ် ဆိုတော့ မှ မင်းတို့ မျိုးချစ်တွေ စစ်ထဲဝင်ကြ ၊ ငါတို့က စစ်မှုမထမ်းချင်ဘူး တပ်မတော် နဲ့ အစိုးရ ရဲ့ အရိပ်အောက်နေ အေးအေးဆေးဆေး PDF ကို အားပေးမယ်ပေါ့
ဆုတောင်းလေ နောက် ဆယ်ဘဝ ထိ ။ အစိုးရ အရိပ်ခိုချင်ရင် အစိုးရ သတ်မှတ်တဲ့ ဥပဒေကို လိုက်နာကြရမှာပဲ ။ မျိုးချစ်စိတ် ရှိလို့ ဆိုပြီး မင်းတို့အစား စစ်မှုထမ်းနေရအောင် မျိုးချစ်တွေက အရူးတွေမှ မဟုတ်တာပဲ ကွ ။
မျိုးချစ်စိတ် နဲ့ တပ်မတော် ထောက်ခံ တာရယ် ၊ တိုင်းပြည်တာဝန်အတွက် ငါတို့ချည်း စစ်မှုထမ်းမယ် ဆိုတဲ့ အချက်တွေက သီးသန့်ဟ...ဆွေမျိုးမတော်ဘူး လေ ။
အဲသလို ဖြစ်စေချင်သလား ရှင်းပါ တယ် မင်းတို့ နီတုံးတွေ အစိုးရလက်အောက် မ နေကြနဲ့ သူပုန်တွေ အုပ်ချုပ်နေတဲ့ မြို့တွေဆီ သွားနေကြပေတော့...မင်းတို့က အစိုးရ မ ကောင်းဖူးလို့ ယုံကြည်နေပြီး သူပုန်က တရားမျှ တယ်လို့ ယုံကြည်နေကြတာ မဟုတ်လား .
ကိုရွှေမျိုးဝင်း
{ ဒီပို့စ်က fb မှာ ယခု အကောင့်ကနေ တင်ခဲ့တဲ့ ပို့စ် ပါ ။ တယ်လီမှာ မတင်တဲ့ ပို့စ်လေးတွေကို အဲဒီမှာ တင်နေပါတယ် ။ အလုပ်ရှုပ်နေလို့ ဒီဖက်မှာ ပြန်တင်ပေးလိုက်ပါတယ် }
https://www.facebook.com/profile.php?id=61583040951387&mibextid=ZbWKwL | 7 649 |
