fa
Feedback
Ko Myo Win

Ko Myo Win

رفتن به کانال در Telegram

Return

نمایش بیشتر
ميانمار14 851دسته بندی مشخص نشده است
6 046
مشترکین
+624 ساعت
+507 روز
+19930 روز

در حال بارگیری داده...

کانال‌های مشابه
هیچ داده‌ای
مشکلی وجود دارد؟ لطفاً صفحه را تازه کنید یا با مدیر پشتیبانی ما تماس بگیرید.
ابر برچسب‌ها
هیچ داده‌ای
مشکلی وجود دارد؟ لطفاً صفحه را تازه کنید یا با مدیر پشتیبانی ما تماس بگیرید.
اشارات ورودی و خروجی
---
---
---
---
---
---
جذب مشترکین
ژوئیه '26
ژوئیه '26
+151
در 10 کانال‌ها
ژوئن '26
+179
در 8 کانال‌ها
Get PRO
مه '26
+413
در 8 کانال‌ها
Get PRO
آوریل '26
+5 549
در 11 کانال‌ها
Get PRO
مارس '26
+2
در 16 کانال‌ها
تاریخ
رشد مشترکین
اشارات
کانال‌ها
13 ژوئیه+6
12 ژوئیه+7
11 ژوئیه+3
10 ژوئیه+6
09 ژوئیه+13
08 ژوئیه+14
07 ژوئیه+13
06 ژوئیه+13
05 ژوئیه+6
04 ژوئیه+17
03 ژوئیه+14
02 ژوئیه+25
01 ژوئیه+14
پست‌های کانال
           ဒီလိုမျိုး အင်းဝမှာ ဖြစ်နေပါပြီ ။ သိုဟန်ဘွားကလည်း တနေ့ မြန်မာပြည်တပြည်လုံး ရှမ်းတို့ အုပ်စိုးရမယ် ။ ဗုဒ္ဓဘာသာ မှေးမှိန်ရမယ် ဆိုပြီး ကြံစည်နေပါပြီ ။ မင်းကြီးရန်နောင်ရဲ့ အကြံဥာဏ်ကို ရှမ်းတို့ ကြီးပွားရေးအတွက် အသုံးချရမယ်လို့ တွက်ဆထားပါတယ် ။          မင်းကြီးရန်နောင်ကလည်း ရှမ်းတွေကို အခြေအနေပေးတဲ့ တနေ့ နှင်ထုတ်ရမယ် ။ သိုဟန်ဘွားကို မြှောက်ပင့်ပေးပြီး ဗမာအင်အားကြီးထွားလာရေး ဆောင်ရွက်ရမယ်လို့ ကြိတ်ကြံနေပါပြီ ။              ဒီ အချိန်မှာပဲ မင်းကြီးရန်နောင် စိုးရိမ်နေတဲ့ တနေ့ ရောက်လာပါတယ် ။ အဲဒီနေ့မှာ သိုဟန်ဘွားက မင်းကြီးရန်နောင်ထံ အရေးကြီးတဲ့ ကိစ္စတခု ဖွင့်ဟ တိုင်ပင်လာပါတယ် ။ မင်းကြီးရန်နောင် ခေါင်းကိုက်ရမယ့် သိုဟန်ဘွားရဲ့ အကြံကတော့......          ကိုရွှေမျိုးဝင်း                        

2
             မင်းကျီးညိုက ဇာတာရှင်ဟာ ကေတုမတီရဲ့ ၃ ဆက်မြောက် အကြီးအကဲ ဇာတာဖြစ်နေတာမို့ သူ နဲ့ သားတော် တပင်ရွှေထီး နောက်မှ ဆက်ခံမယ့်သူ ဖြစ်မှန်း တွက်ချက် သိလိုက်ပါတယ် ။ အကယ်၍ သမီးတော် ခင်မိကြီးနဲ့ သျှင်ရဲထွဋ် လက်ထက်ခဲ့လျှင်ပင် သမီးတော်ဟာ မိဖုရားခေါင်ကြီး ဖြစ်လာမှာမို့ ဒီ ပြဿနာကို ကျေအေးလိုက်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ် ။           မင်းကြီးညိုဟာ မှူးမတ်များကို ခေါ်ယူပြီး သျှင်ရဲထွဋ်ကို အပြစ်မှ လွှတ်၍ လက်သုံးတော် ကျောက်စီဓားပါ ချီးမြှောက်လိုက်ကြောင်း ၊ သားတော် တပင်ရွှေထီးရဲ့ လူယုံတော်အဖြစ် သတ်မှတ်ကြောင်း မိန့်တော်မူလိုက်ပါတယ် ။                သားရေး သမီးရေးအတွက် ဆူပွက်သွားရတဲ့ ကေတုမတီကတော့ ငြိမ်းအေးသွားရပါပြီ ။ သိုဝန်ဘွား အုပ်ချုပ်နေတဲ့ အင်းဝကို ပြန်ကြည့်ရပါအုံးမည် ။ သိုဟန်ဘွားသည်ကား မင်းကြီးရန်နောင်ရဲ့ အစီအမံအောက်မှာ အင်းဝကို ငြိမ်ဝပ်ပိပြား အေးချမ်းသာယာစွာ အုပ်ချုပ်နိုင်ခဲ့ပါပြီ ။               ကာလကြာလာတာနဲ့ အမျှ သူ့ကိုယ်သူလည်း ဘဝင်မြင့်လာပါပြီ ။ ငါလိုလူ ဇမ္မူရှိသေးလား ဆိုတဲ့ အတ္တမာန ကိန်းလာပေမယ့် မင်းကြီးရန်နောင်ကိုတော့ လေးစားခင်မင်ဆဲ ဖြစ်ပါတော့တယ် ။              ဗုဒ္ဓဘာသာက်ို မကိုးကွယ်သူ ဟိုဟန်ဘွားဟာ သူ့ရဲ့ ရှမ်းလူမျိုးများ ကြီးမြင့်ရေး ၊ ရှမ်းဘာသာ စာပေ တိုးတက်ရေးအတွက် ဆောင်ရွက်ချင်လာပါပြီ ။ ဒီတော့ သူ့အကြံအစည်ကို ​ဗမာမှူးမတ်များအား တိုင်ပင်ပါတယ် ။           ဗမာဆိုပေမယ့် သိုဟန်ဘွားရဲ့ ချီးမြှင့်မှုအောက်မှာ အသားကျနေပြီး ကြီးပွားနေတဲ့ မှူးမတ်တွေကတော့ လူမျိုးနဲ့ သာသနာကို လစ်လျှူရှုပြီး သိုဟန်ဘွားအား ဖားယားကာ ကောင်းပါတယ် ၊ မှန်ပါတယ် လို့ ထောက်ခံကြပါတယ် ။            ငဖား မှူးမတ်တွေ ထောက်ခံလို့ သိုဟန်ဘွားလည်း အားတက်လာပြီး ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းများမှ တဆင့် ရှမ်း စာပေ နဲ့ ဘာသာစကားတွေကို သင်ခိုင်းမယ်လို့ ကြံစည်ပါတယ် ။ သူ့အကြံကို မင်းကြီးရန်နောင်အား ချပြတိုင်ပင်ရာ.... " ဒီ အကြံဟာ မကောင်းပါဘူး ၊ ဗမာတွေဟာ အသားကျနေတဲ့ စာပေ နဲ့ စကား အစား ရှမ်းစာ ရှမ်းစကားကို ပြောကြမှာ မဟုတ်ပါဘူး ။ ဒါဆိုရင် စစ်ရေး စစ်ရာ ကြုံလာပါက အမိန့်ပေး စနစ်အပေါ် ဆိုးကျိုးသက်ရောက်လာနိုင်ပါတယ် ။ ပြည်သူတွေ စိတ်ညစ်ပြီး ကေ​တုမတီ ၊ ပြည် ၊ တောင်တွင်းကြီးတွေဆီကို ထွက်ပြေးကြပါလိမ့်မယ် ဒီ အတိုင်းပဲ ထားတာ ကောင်းပါမယ် ''             ဆိုပြီး ကန့်ကွက်ပါတော့တယ် ။ မင်းကြီးရန်နောင်ကို ခင်မင်ရင်းစွဲလည်းရှိ လေးလည်းလေးစားနေတဲ့ သိုဟန်ဘွားဟာ သဘာဝကျတဲ့ ကန့်ကွက်မှုကို လက်ခံပြီး သူ့အစီအစဥ်ကို ဖျက်လိုက်ပါတယ် ။ သူကသာ အဲဒီ ပြဿနာကို အပြီးသတ်လိုက်တာပါ ​အပြီးမသတ်နိုင်သူ မင်းကြီးရန်နောင်ကတော့ မြန်မာမှူးမတ်တွေကို သူ့အိမ်တော်သို့ ဆင့်ခေါ်လိုက်ပါတယ်....          အိမ်တော်မှာ ကျောက်စီဓားလွတ်ကြီး တင်းတင်းဆုပ်ကိုင်ထားပြီး ဝင်လာသမျှ မှူးမတ်တွေကို မာမာထန်ထန် စိုက်ကြည့်နေတဲ့ မင်းကြီးရန်နောင်ရဲ့ အကြည့်စူးစူးအောက်မှာ လာသမျှ ဗမာမှူးမတ်တို့ ကြောက်ရွံ့နေပါတော့တယ် ။ လူစုံတာနဲ့ မင်းကြီးရန်နောင်က.... " ကဲ သိုဟန်ဘွားကို ရှမ်းစာ ရှမ်းစကား သင်ကြားဖို့ ထောက်ခံကြတာ ဘယ်သူတွေလဲ ပြောစမ်း ''            မင်းကြီးရန်နောင်ရဲ့ တင်းမာပြတ်သားတဲ့ လေသံ နဲ့ ခက်ထန်တဲ့ မျက်နှာပေး ၊ လက်ထဲက ဝင်းလက်နေတဲ့ ကျောက်စီဓားလွတ်ကြီး ကြည့်ပြီး ငဖား မှူးမတ်အချို့ တုန်လှုပ်သွားကြပါတယ် ။ " မှန်ပါ မင်းကြီး ကျနော်မျိုးတို့ မလိမ္မာလို့ မှားယွင်း ထောက်ခံမိတာ ခွင့်လွှတ်ပါဘုရား '' " ဘာ မလိမ္မာတာလည်းကွ ဟမ်...ဘာသာစကား နဲ့ စာပေ ပျောက်ကွယ်ရင် လူမျိုးပါ ပျောက်မယ်ဆိုတာ မသိဘူးလား...လူမျိုးပျောက်ရင် သာသနာပျောက်မယ် ဆိုတာ နားမလည်ဘူးလား ''              မှူးမတ်အားလုံး တုပ်တုပ်မျှ မလှုပ်ရဲကြပါဘူး ။ သူတို့အားလုံးက မင်းကြီးရန်နောင်ရဲ့ မျိုးချစ်စိတ် နဲ့ ရဲစွမ်းသတ္တိကို ကောင်းစွာ သိပြီးသူများဖြစ်ကြပါတယ် ။ မင်းကြီးရန်နောင်က မှူးမတ်တွေကို စိုက်ကြည့်ပြီး.... " မင်းတို့ ငါ့ကို လာခေါ်တော့ အားလုံး ငါ့စကား နားထောင်ပါ့မယ်လို့ သစ္စာရေ သောက်ခဲ့ကြတာ မှတ်မိကြရဲ့လား... '' " မှတ်မိပါတယ် ဘုရား '' " အေး ငါတို့အားလုံး ကိုယ်ကျိုးအတွက် မဟုတ်ပဲ လူမျိုးနဲ့ သာသနာအတွက် မိမိကိုယ်မိမိ ချိုးနှိမ်ပြီး ရှမ်းတွေ လက်အောက် ခိုလှုံခဲ့တာ မဟုတ်ဖူးလား '' " ဟုတ်ပါတယ်ဘုရား '' " ငါ့သဘောဆို ကေတုမတီသွားပြီး ပူးပေါင်းမယ် ပြီးမှ အင်းဝကို ပြန်တိုက်ဖို့ ကြံစည်နေတာ မင်းတို့ ဇွတ်ခေါ်လာလို့ ငါ လိုက်လာတာလေ  ဘာလဲ မင်းတို့က လောဘဇောကပ်ပြီး လာဘ်လာဘမျှော်ကိုးလို့ ရှမ်းစာ ရှမ်းစကား သင်ဖို့ ထောက်ခံကြတာလား လောဘအိုးတွေ ပြောကြစမ်း '' " မဟုတ်ပါဘူး မင်းကြီးရန်နောင် အားလုံး မင်းကြီးစကားကို နာခံလျှက်ပါပဲ '' " အေးးးမနာခံရင်လည်း ငါ့ လက်နက်နဲ့ ကိုယ်တိုင် သတ်ပစ်မှာပဲ ငါ့မျက်စိနဲ့ ရှမ်းငဖားတွေကို မြင်ခဲ့ပြီးပြီ အားလုံး သစ္စာရေ ထပ်သောက်ရမယ် ကြားလား ''
1 177
3
တပင်ရွှေထီး နဲ့ ဘုရင့်နောင် (10) ========================           မင်းကျီးညိုဟာ စိတ်ဆိုးပြီး သျှင်ရဲထွဋ်လို အထိမ်းတော်ရဲ့ သားက ငါလို ဘုရင်ရဲ့ သမီးတော်ကို ချစ်ကြိုက်ရသလား...ဒီကိစ္စဟာ အခြားတိုင်းပြည်တွေက ကြားသိရင်လည်း ရှက်စရာကောင်းလှပေတယ် လို့ တွက်ဆပါတယ် ။          ဒါကြောင့် ဘုရင့်သမီးတော်ကို ကျူးလွန်သူ သျှင်ရဲထွဋ်အား ငါ့ရှေ့တော်မှောက် ဆကိသရမယ် ငါကိုယ်တိုင် ဒီကျောက်စီဓားနဲ့ ကွပ်မျက်မယ် ဆိုပြီး တချက်လွတ် အမိန့် ထုတ်လိုက်ပါတယ် ။ ( ဒီနေရာမှာ လယ်တီပဏ္ဏီတ ဦးမောင်ကြီးကတော့ ချိန်းတွေ့နေတာ သူနဲ့ ပက်ပင်းတိုးလို့ ဒီအမိန့်ထုတ်တာလို့ ဆိုပါတယ် ။ သို့သော် ကထိကဦးစိန်လွင်လေး နဲ့ အခြား ရာဇဝင်စာအုပ်များမှာတော့ သမီးတော်ကိုယ်ဝန်ရှိနေလို့ သိသွားပြီး စိတ်ဆိုးတာလို့ ဆိုပါတယ် ။ မဲ များရာ ယူမယ်ဆိုရင် ကိုယ်ဝန်ရှိတယ်လို့ ယူဆမိပါတယ် ၊ လွတ်လပ်စွာ ကွဲလွဲနိုင်ပါကြောင်း.... )            သျှင်ရဲထွဋ်ကို သေမိန့် ပေးလိုက်လို့ သူလည်း ငယ်ဆရာတော် အရှငိမဟိန္ဒရဲ့ ဘုန်းကြီးကျောင်းမှာ ပုန်းအောင်းနေပါတယ် ။ ဒေါသအလျှောက် သျှင်ရဲထွဋ်ကို သေမိန့်ပေးထားတဲ့ မင်းကျီးညို အမိန့်ကြောင့် မှူးမတ်တွေ လိုက်ရှာကြပေမယ့် မတွေ့ပါဘူး ။            ဆရာတော် မဟိန္ဒရဲ့ကျောင်းကိုလည်း ခန့်မှန်းမိပေမယ့် မရှာရဲကြပါဘူး ။ ဆရာတော်က မင်းကျီးညိုကိုးကွယ်တဲ့ မင်းဆရာလည်း ဖြစ်နေတာကိုး ။ တပင်ရွှေထီးကတော့ အဲဒီ သတင်းကြားတာနဲ့ သူ့ရဲ့ ဖခမည်းတော်ဆီ သွားပါတယ် ။             သျှင်ရဲထွဋ်ကို အပြစ်မပေးဖို့ ဇွတ်တောင်းဆိုပါတော့တယ် ။ မင်းကျီးညိုလည်း သူ အင်မတန် ချစ်ရတဲ့ သားတော် တပင်ရွှေထီး နဲ့ သျှင်ရဲထွဋ်တို့ရဲ့ သံယောဇဥ်ကို သိပါတယ် ။ သူမရှိတော့ရင် တပင်ရွှေထီးကို အနီးကပ် စောင့်ရှောက်ဖို့ အလုံးစုံ စိတ်ချရသူကလည်း သျှင်ရဲထွဋ်ပဲ ရှိတာ သူသိပါတယ် ။           ငယ်စဥ်ကတည်းက တွယ်တာခဲ့ရတဲ့ ကလေးတွေရဲ့ သံယောဇဥ်ကို မင်းကျီးညို ကောင်းစွာသိပါတယ် ။ ဒါပေမယ့် မင်းတို့ရဲ့ ထားရှိအပ်သော ရာဇမာန်အရ သူ့တချက်လွှတ် အမိန့်တော်ကို ရုတ်သိမ်းမပေးသေးပါဘူး ။ အခြားသူသာ တရားခံဆို မိဘ ဆွေမျိုးတွေပါ ဖမ်းဆီးမယ် ၊ ခိုအောင်းနိုင်တဲ့ နေရာမှန်သမျှ ပိုက်စိတ်တိုက်ရှာမယ် လေ ။                ဒါပေမယ့် တရားခံက သမီးတော်ရဲ့ ချစ်ခင်ရသူ ၊ သားတော်ရဲ့ နောင်တော်အရင်းကဲ့သို့ ဖြစ်နေသူ သျှင်ရဲထွဋ် ဆိုတော့ အရှင် မဟိန္ဒရဲ့ ကျောင်းတော်မှာ ရှိနေနိုင်တာကို မသိဟန်ဆောင်ပြီး အသာ ဟ ပေးထားတာလည်း မင်းကျီးညိုရဲ့ ရာဇပရိယာယ်ပါပဲ ။         အရှင်မဟိန္ဒက မင်းကျီးညို စိတ်ဆိုးပြေလောက်ချိန်ကို တွက်ဆပြီးမှ.... " ကဲ သျှင်ရဲထွဋ် ဒီလောက် ရက်ကြာသွားရင် မင်းကြီးလည်း သွေးအေးလောက်ပြီ မင်း ဒီဇာတာကို ယူသွားပြီး မင်းကြီးကို ကျနော်မျိုးဇာတာအား စစ်ဆေးပြီးမှ သတ်တော်မူပါလို့ လျှောက်လိုက် ၊ မကြောက်နဲ့ ငါ့တပည့် မင်း ဘာမှ မဖြစ်ဘူး ရဲရဲသာ သွား ''             သျှင်ရဲထွဋ်လည်း ဘုရင့်ထက် ကြောက်ရတဲ့ ငယ်ဆရာတော်ရဲ့ မိန့်ကြားချက်ကို လိုက်နာရတာပေါ့ ။ ဇာတာလေး ကိုင်ပြီး နန်းတွင်းသွားပါတယ် ။ အစောင့်အကြပ်တွေက သျှင်ရဲထွဋ် ရဲတင်းလှချည်လား မင်းကြီးက သတ်မယ်ဆိုတာကို သိရက်နဲ့ အဝေးမပြေးပဲ ဘာလို့ နန်းတွင်း လာရတာလည်း အဝေးကို ပြေးပါ ဆိုပြီး တိုက်တွန်းကြတယ် ။             သျှင်ရဲထွဋ်ကတော့ ဆရာတော်ရဲ့ '' မင်းဘာမှ မဖြစ်ဘူး သွားတာသွား'' ဆိုတဲ့ စကားကို ယုံကြည်နေလို့  ဂျိုကာလေးကောင် ကိုင်ထားတဲ့ ဖဲသမားလို မိမိကိုယ်ကို ယုံကြည်မှု အပြည့်နဲ့ နန်းတော်ထဲ ရင်ကော့ဝင်သွားလေရဲ့.....               မင်းကျီးညိုလည်း ရုတ်တရက် နန်းတော်ထဲ ဖြတ်ကနဲ ဝင်လာတဲ့ သျှင်ရဲထွဋ်လည်း မြင်လိုက်ရော အနားက ကျောက်စီဓား ကောက်ကိုင်ပြီး... " ဟဲ့ ရာဇဝတ်သား နင့်ကို ဖမ်းပြီး သေဒဏ်ပေးဖို့ ငါ အမိန့်ထုတ်ထားတာ မသိဘူးလား ငမိုက်သား '' " သိပါတယ်ဘုရား အရှင်မင်းကြီး အမိန့်အရ ကျနော်မျိုးမှာ ပြေးလည်း မလွတ်နိုင်ပါဘူး အခြားတိုင်းတပါးကိုလည်း မခိုလှုံနိုင်ပါဘူး ကျနော်မျိုးရဲ့ အသက်ဝိညာဥ်က ကေတုမတီမို့ သေလည်း ဒီ​မြေဒီရေမှာပဲ တင့်တယ်စွာ သေချင်ပါတယ် ၊ ကျနော်မျိုးအား မသတ်ခင် ဒီ ဇာတာကို စစ်ဆေးကြည့်ခိုင်းပါလို့ ဆရာတော် အရှင်မဟိန္ဒက မိန့်လိုက်ပါတယ် မင်းကြီး အရင် စစ်ဆေးပြီးမှ သတ်တော်မူပါ ''              မင်းကြီးညိုလည်း အရှင် မဟိန္ဒရဲ့ စကားကို မပယ်ရှားပဲ ဇာတာတော်ကို စစ်ဆေးကြည့်ရာ တုန်လှုပ်သွားရပါတော့တယ် ။ မင်းကြီးညိုဟာ ဗေဒင်ကျွမ်းကြင်သူပီပီ ဇာတာရှင်ရဲ့ ဘုန်းကံဟာ သူ နဲ့ သူအလွန်ချစ်ခင်အားကိုရတဲ့ တပင်ရွှေထီးတို့ရဲ့ ဌာတာထက် ဘုန်းကံ ပိုမို ကြီးမားနေကြောင်း တွေ့လိုက်ရလို့ပါပဲ ။   " အင်းးးနင့်ဇာတာ ကောင်းလှချည့် သျှင်ရဲထွဋ် ၊ နောင်တချိန် အထွဋ်အထိပ်ရောက်မယ့် ဇာတာရှင်ပဲ တို့လူမျိုးနဲ့ ဘာသာ သာသနာကို ကာကွယ်စောင့်ရှောက်သူ ဘုန်းကံရှင် ဖြစ်မယ့် ဇာတာပဲ ''
1 179
4
       သက္ကရာဇ် ၈၈၈ နှစ်ဦးကာလမှာ သိုဟန်ဘွား အင်းဝဘုရင် ဖြစ်လာခဲ့ပါတယ် ။ ထိုနှစ်အတွင်း အင်းဝနဲ့ခေတ်ပြိုင်.... - ပြည်ဘုရင် သတိုးမင်းစော သေဆုံး၍ သားတော် ဘုရင်ထွေး ပြည်ဘုရင် ဖြစ်လာ၏ ။ - ဟံသာဝတီမှာလည်း မွန်ဘုရင် ဗညားရံ ကွယ်လွန်၍ သားတော် သုရှင်တကာရွတ်ပိ ဘုရင်ဖြစ်လာ၏ ။          ထို ၃ နိုင်ငံတွင် မင်းပျို မင်းလွင်တို့ အုပ်ချုပ်မှု အသစ်တို့ဖြင့် လည်ပတ်နေပါပြီ ။ ကေတုမတီ တောင်ငူ နန်းတွင်းမှာတော့ မင်းကျီးညိုပဲ အုပ်စိုးနေပြီး သူ အင်မတန် အားကိုးသော တပင်ရွှေထီးလည်း လူလားမြောက်စ လူပျိုပေါက်တို့ ဖြစ်လာကြပါပြီ ။           ကေတုမတီနန်းတွင်းမှာ တပင်ရွှေထီး နှင့် သျှင်ရဲထွဋ် တို့ကတော့ အဌာရဿ ၁၈ ရပ်သော ပညာများကို ရေကုန်ရေခမ်း ဆည်းပူးလေ့ကျင့် နေကြရပါပြီ ။ အပေါင်းအဖော်များက သူတို့ ၂ ဦးတည်းတော့ မဟုတ်တော့ပါဘူး ။         ပထမတဦးက သူတို့ထက် တနှစ်မျှ ကြီးသော သခင်ကြီး ဆိုတဲ့ မင်းကျီးညိုရဲ့ သမီးတော် ဖြစ်ပါတယ် ။ သူမကို မိုးဗြဲသော်ဘွားရဲ့ သမီးတော် မိဖုရား ခင်နွယ်မှ မွေးဖွားခဲ့တာပါ ။ ဒါကြောင့် တပင်ရွှေထီးရဲ့ ဖအေတူ အမေကွဲ အမရင်း ဖြစ်ပါတယ် ။         နောက်ထပ်အဖော်ကတော့ သျှင်ရဲထွဋ်ရဲ့ မိခင်မှ ဖွားမြင်သည့် ခင်ဘုန်းစိုး ဆိုတဲ့ သမီးဖြစ်ပါတယ် ။          ထို့ပြင် မင်းကြီးဆွေရဲ့ ကိုယ်လုပ်တော် သျှင်နီတာကလည်း သမီးတဦး ဖွားမြင်ပါတယ် ။ အမည်ကတော့ ခင်မင်းမြတ် ဖြစ်ပါတယ် ။          သျှင်ရဲထွဋ် နဲ့  ခင်ဘုန်းစိုးက ညီမအရင်း ၊ ခင်မင်းမြတ်က ဖအေတူ အမေကွဲ ညီမ တော်စပ်ကြပါတယ် ။ ( သမိုင်းမှာ အရေးပါလာမယ့် အမည်တွေဖြစ်ပါတယ် )             အဲဒီ ယောကျာ်းပျို ၂ ဦး နဲ့ မိန်းကလေး ၃ ဦးတို့ဟာ နန်းတွင်းမှာ ချစ်ခင်စွာ ကစားဖော် ကစားဖက် ငယ်သူချင်းများ ဖြစ်ကြပါတယ် ။ စိတ်ကစားတဲ့ အရွယ်တွေမို့ အနေနီးလွန်းပြီး တပင်ရွှေထီး နဲ့ ခင်ဘုန်းစိုးတို့ သမီးရီးစား စဖြစ်ကြပါပြီ ။             မကြာပါဘူး ငယ်သူငယ်ချင်း ခင်မင်းမြတ်လည်း တပင်ရွှေထီးနဲ့ ထပ်မံ ချစ်ကြိုက်ကြပြန်ပါတယ် ။ တပင်ရွှေထီးသည်ကား ၁၄ နှစ်အရွယ်ကပင် ညီအမ ၂ ဦးနှင့် တချိန်တည်း ချစ်ကြိုက်နိုင်သူအဖြစ် ယောကျာ်းသားတို့အတွက် အားကျဖွယ် တွေ့မြင်ရပါတော့တယ် ။         သူတို့အတွဲရဲ့ အောင်သွယ်မှုကြောင့် သျှင်ရဲထွဋ်နဲ့ သခင်ကြီးတို့လည်း မကြာခင် သမီးရီးစား ဖြစ်သွားကြပါတယ် ။          တပင်ရွှေထီးအတွက် ခင်ဘုန်းစိုးတို့ ညီအမကို ရီးစားတော်စပ်ရတာ ပြဿနာမရှိပါဘူး ။ ပြဿနာရှိတာက သျှင်ရဲထွဋ်ပါပဲ ။ သခင်ကြီးဆိုတာ ဘုရင်မင်းမြတ်ရဲ့ အဆင်မြင့် မိဖုရားကြီးရဲ့ သမီးတော်အရင်းမို့ တိုင်းပြည်အတွက် အလွန်အရေးကြီးသူ ဖြစ်ပါတယ် ။          ထိုခေတ်အခါက တိုင်းပြည် တခုနဲ့တခု ချစ်ကြည်ရေး အတွက် အလွန်အရေးကြီးတဲ့သူ ဖြစ်ပါတယ် ။ အဲဒါကို မတွေးနိုင်လောက်အောင် မေတ္တာသက်ဝင်နေတဲ့ သျှင်ရဲထွဋ်လည်း ကဲ ချင်တိုင်းကဲ ရဲ ချင်တိုင်း ရဲ ကြရင်း ပြဿနာကြီးစွာ တက်ကြရပါပြီ ။             လူလည်ဖြစ်တဲ့ မင်းကျီးညိုဟာ သူ့ရဲ့သားတော် တပင်ရွှေထီးရဲ့ အခြေအနေကော သမီးတော် သခင်ကြီးရဲ့ အခြေအနေကော ရိပ်စားမိနေပါပြီ ။ ဒါကြောင့် သခင်ကြီးရဲ့ မိခင် မိဖုရားခင်နွယ်အား သမီးတော်သည် နိုင်ငံတော်အတွက် တန်ဖိုးကြီးသူ ဖြစ်၍ သေသေချာချာ ထိမ်းကြောင်းရန် မှာကြားပါတယ် ။              မိဖုရားလည်း သမီးတော် သခင်ကြီးအား ဆုံးမစကားမိန့်ကြားပါတယ် ။ အသက် ၁၅ နှစ်အရွယ် သခင်ကြီးအတွက် မိခင်ရဲ့ ဆိုဆုံးမစကားက အရာရာနောက်ကျခဲ့ပါပြီ ။ ဘာကြောင့်လဲ ဆိုတော့ လက်သွက်တဲ့ သျှင်ရဲထွဋ်ကြောင့် သူမဟာ ငယ်ငယ်ရွယ်ရွယ် နဲ့ ကိုယ်ဝန်ရသွားလို့ပါပဲ ။           ဒီသတင်းကို မင်းကျီးညို ကြားလိုက်တာနဲ့ နာနာဂီရိဆင် အရက်ကိုးမောင်းသောက်ပြီး သောင်းကျန်းသကဲ့သို့ ဂမူးရှူးထိုး တချက်လွတ်အမိန့်ပေးလိုက်တာကတော့......           ကိုရွှေမျိုးဝင်း             
4 949
5
တပင်ရွှေထီး နဲ့ ဘုရင့်နောင် (9) ======================= " အင်းဝကို မရမှီကတည်းကပင် မင်းကြီးရန်နောင်ရဲ့ ဂုဏ်သတင်းကို ကျွန်ုပ်တို့ ကြားသိပြီးဖြစ်သလို တိုက်ပွဲတွင်းမှာလဲ ကျော်ကြားတဲ့ ဂုဏ်သတင်းနဲ့ ပြည့်စုံသူဖြစ်ကြောင်း လက်တွေ့ သိခဲ့ရလို့ ယခုလို တွေ့ဆုံ ဆွေးနွေးခွင့် ရတာ ဝမ်းသာစရာပါပဲ '' " မှန်လှပါ ကျနော်လည်း စော်ဘွားကြီး မိုးညှင်းစလုံတို့ သားအဖနဲ့ တွေ့ဆုံခွင့်ရတာ ဝမ်းသာပါတယ် သူရဲကောင်းသည် သူရဲကောင်းခြင်း မြတ်နိုးရင်းစွဲ ရှိပြီးသားမို့ အထူးပြောစရာမလိုပါ...'' " ကောင်းတယ် မင်းကြီးရန်နောင် ယခု တွေ့ဆုံရတာက မြန်မာတို့ရဲ့ ထီးနန်းထုံးစံ အတိုင်း နည်းနာယူပြီး အုပ်ချုပ်မှသာ အုပ်ချုပ်သူရော အုပ်ချုပ်ခံ ပြည်သူရော အဆင်ပြေမယ်လို့ ယူဆတဲ့အတွက် မင်းကြီးဆီက လမ်းပြပေးဖို့ ပါပဲ '' " မင်းကြီးတို့ ရှမ်းတွေ ပွင့်လင်းသလို ကျနော်တို့ မြန်မာတွေကလည်း ရိုးသားစွာ သတိပေးချင်ပါတယ် ၊ မြန်မာ ပညာရှိ ဘိုးရာဇာက '' လွယ်လွယ်မယုံနှင့် ၊ ယုံပင် ယုံသော်လည်း လွယ်လွယ်နှင့် မပုံသင့် '' ဆိုတဲ့အတိုင်း စော်ဘွားကြီး အသေအချာစဥ်းစားသင့်ကြောင်း အကြံပြုပါတယ် '' " ဒီလို ပွင့်လင်းတာကို သဘောကျပါတယ် ကဲ ဒါဆို ရှမ်း နဲ့ မြန်မာ စိတ်ဝမ်းမကွဲပဲ ချစ်ခင်စွာ ရောနှော နေထိုင် နိုင်ရန် အကြံပြုပါ '' " မင်းကျင့်တရား ဆယ်ပါးအနက် အရေးကြီးဆုံး '' အဝိရောဓန'' ဆိုတဲ့ အချက်ကို မင်းကောင်းမှန်ရင် လိုက်နာရပါတယ် ။ အဓိပ္ပါယ်က ပြည်သူတို့ရဲ့ ဆန္ဒနဲ့ မဆန့်ကျင်ပါနဲ့ တဲ့ '' " မှန်တယ် မင်း နဲ့ ပြည်သူ မကြည်ဖြူတော့ဘူးဆိုရင် တိုင်းပြည်အရေး ရှုပ်ထွေးပြီး ပျက်ဆီးတတ်တာမို့ အထူးဂရုစိုက်ပါ့မယ် '' " နောက်တချက်က ပြည်သူတို့ရဲ့ ကိုးကွယ်ရာကို မထိပါးရပါဘူး အင်းဝ ပြည်သူတွေက ဗုဒ္ဓဘာသာဝင်ချည်းပါပဲ ၊ အဲဒါကြောင့် ဗုဒ္ဓဘာသာ အပေါ် ကြည်ညိုရင်းစွဲ မရှိတဲ့ စော်ဘွားကြီးတို့က ဖိနှိပ်ညဥ်းပန်းလျှင် ပြဿနာများစွာ ပေါ်လာမှာ အသေအချာပါပဲ '' " အင်းးး ဒါလည်း မှန်ပါတယ် သို့သော် ချီးမြှောက်ဖို့ အရာကတော့ ကျွန်ုပ်တို့ နားမလည်သလို လုပ်လည်း မလုပ်လိုတဲ့ အတွက် ဒီကိစ္စကိုတော့ မင်းကြီးရန်နောင်ကိုပဲ အလုံးစုံ လွှဲအပ်ရမှာပါပဲ '' " နောက်အရေးကြီးတာက အစဥ်တစိုက် အုပ်ချုပ်လာရတဲ့ မြန်မာ မှူးကြီးမတ်ရာများအား ယခင်အတိုင်း ခန့်ထားအုပ်ချုပ်ခိုင်းမှသာ အသားတကျ အဆင်ပြေပါလိမ့်မယ် '' " ဒါလည်း လက်ခံပါတယ် သစ္စာမဖောက်ပြန်ဖို့တော့ မင်းကြီးရန်နောင် တာဝန်ယူရပါလိမ့်မယ် '' " မှန်ပါတယ် စော်ဘွားကြီး လွှတ်ရုံး ဗြဲတိုက် အစရှိတဲ့ အတွင်းမှူးမတ်များကိုတော့ ယခင်မှူးမတ်များအား မပယ်ရှားပဲ ရှမ်းမှူးမတ်များနဲ့ တွဲဖက် တာဝန်ပေးသင့်ပါတယ် '' " ဒီလို လုပ်ဖို့ မူလကတည်းက တွေးပြီးဖြစ်ပါတယ် အခက်အခဲ မရှိလှပါဘူး '' " ဒီလောက်လိုက်လျှောနေရင် အားလုံး အဆင်ပြေပါပြီ အရေးကြီးဆုံး နောက်ဆုံးတချက် အကြံပြုချင်ပါတယ် '' " ပြောပါ မင်းကြီးရန်နောင် '' " ပြည်သူများအပေါ် အခွန်အတုတ် ကြီးစွာ မကောက်ယူဖို့ပါပဲ.. စစ်ပွဲကြောင့် ဆင်းရဲနေတဲ့ ပြည်သူများအပေါ် သက်ညှာနိုင်သမျှ သက်ညှာရပါလိမ့်မယ် ၊ အဲဒါကို ထည့်မတွက်ပဲ ဘုရင့်ဘဏ္ဏာ တောင့်ရင် ပြီးရော ပြည်သူတွေ ငတ်ချင် ငတ်ပါစေလို့ သဘောထားရင်ဖြင့်  အခွန်တော်ပူ၍ တိုင်းဆူရသည့် အဖြစ်များ များစွာ ပေါ်ခဲ့ရပြီး ဖြစ်ပါတယ် '' " မှန်တယ် လောဘကြီးတဲ့ ဘုရင်တွေက ပြည်သူငတ်လည်း အခွန်ခွဲရင်း ဘုန်းသမ္ဘာနိမ့်ပါးပြီး လောဘငရဲ ကျဆင်းရစမြဲမို့ ကျွန်ုပ်အား လူကြည်ညို နတ်ကြည်ညိုဖြစ်အောင် မင်းကြီးရန်နောင် စီစဥ်ပါလေ ''                        ၂ ဦးသား ဆွေးနွေးနေတာကို အနားက သိုဟန်ဘွားလည်း တလုံးမျှ ဝင်မပြောပဲ နားစိုက်ထောင်နေပါတယ် ။ အလုံးစုံဆွေးနွေး သဘောတူပြီးတာနဲ့ မိုးညှင်းစလုံက.... " ကဲ ကျွန်ုပ်ကတော့ ရှုပ်ထွေးတဲ့ အုပ်ချုပ်ရေးကို မလုပ်လိုဘူး မိုးညှင်းပြန်တော်မူမယ် သားတော် သိုဟန်ဘွားကို ညီအရင်းလို စောင့်ရှောက်ပြီး အတူတကွ အုပ်ချုပ်ပါလေ... သားတော်ကလည်း မင်းကြီးရန်နောင်အား အကိုရင်းလို သဘောထားပြီး သူ့အကြံဥာဏ်တွေကို နာယူရမည် ''           မင်းကြီးရန်နောင်ရော သိုဟန်ဘွားပါ  ၂ ဦးလုံး ဝန်ခံကြသဖြင့် မိုးညှင်းစလုံက... " ကိုင်း မင်းကြီးရန်နောင်ကို ထုံးစံနဲ့အညီ မြှောက်စားရန်သာ ကျန်တော့တယ် မင်းကြီးအလိုရှိရာ မြို့ရွာကို ပြောပါ အပိုင်စားပေးပါ့မယ် '' " ကျွန်ုပ်သည်ကား သာကီနွယ်ဖွား မဟာဆီမဟာသွေး အစစ်ဖြစ်ပါတယ် အခွင့်အရေးကို မျှော်ကိုးပြီး ခိုကပ်နေခြင်းမဟုတ်ပါ ခြင်္သေ့မင်းသည် သူတပါး၏ စားကြွင်းစားကျန်ကို မခံယူပါဘူး '' " ဒီလိုလဲ မဟုတ်သေးပါဘူး သင်အလိုမရှိပေမယ့် ကျွန်ုပ်မှာက ချီးမြှောက်ရန် တာဝန်ရှိပါတယ် ဒါကြောင့် ယခင်နာမည်ကျော် သတိုးမင်းခေါင် အပိုင်စားခဲ့တဲ့ ပြင်စည်မြို့ကို အပိုင်စားပါ ''             ပြင်စည်သည်ကား ဘုရင်မင်းခေါင်လက်ထက်က အလွန်စည်ကားရာ မြို့ဖြစ်၏ ။ ဘုရင်၏ ချစ်ခင်သော သားအရင်းတို့သာ အပိုင်စားရသည့် မြို့ဖြစ်ပါသည် ။ တပတ်အကြာမှာ မိုးညှင်းစလုဲသည် သိုဟန်ဘွားအတွက် တိုက်ဆင် ၂၀၀ ၊ စစ်မြင်း ၄၀၀၀ ၊ စစ်သည် ၄၀၀၀၀ တို့အား ထားရစ်ခဲ့ကာ မိုးညှင်းသို့ ပြန်သွားပါတော့တယ် ။
4 804
6
ဆီ  ဆီ   ဆီ ===========               နိုင်ငံတော်ကနေ စာသုံးဆီ ကိုယ်တာ လျှော့ချလိုက်လို့ ပြည်သူတွေ အခက်အခဲ ကြီးစွာ ဖြစ်နေရသလို စျေးနှုံးကြီးမားတဲ့ ဒဏ်ကိုလည်း ထပ်မံခံစားနေရပါတယ် ။             ဒါကို နိုင်ငံတော်က သိပါတယ်တဲ့ ။ ဒါကြောင့် ပြောရေးဆိုခွင့် ရှိသူထံမှ အများပြည်သူ သိရှိနိုင်ရန် ယနေ့ ရှင်းလင်းပြောကြားသွားပါတယ် ။ - လူတဦး 6.5 ပိဿာ WHO အရ - မိသားစု တစု ပျဥ်းမျှ  ၅ ဦးနှုံးအရ - မိသားစု တစု 6.5×5 = 32.5 ပိဿာ          ဒါက WHO ရဲ့ စံညွှန်းနဲ့ စားရင်တောင် မိသားစုတခု အတွက် အမှန် စားကို စားရမယ့် ပမာဏ ပါ ။      လက်ရှိ အစိုးရမှ ရောင်းပေးသော ပမာဏ တလ              1.24 ပိဿာ တနှစ်               1.24 × 12 = 14.88 ပိဿာ မိသားစု တစု တနှစ်    14.88 ပိဿာ -   ပြည်တွင်းထွက် ဆီ ပမာဏ တန် 280000 - ပိဿာချိန် 280000×612 = 171360000 မိသားစု တစု ဝယ်နိုင်ခွင့်  = 3.4 ပိဿာ ( ဝယ်နိုင်တာ မဝယ်တာ အပထားပါ ဆီ ပမာဏသာ တွက်ကြည့်ပါ)           ဒီတော့ မြန်မာ မိသားစု တစုအတွက် အစိုးရ ရောင်းချပေးတဲ့ ပြည်ပဆီ ခွဲတမ်းနဲ့ ပြည်တွင်းဆီ ဝယ်ယူနိုင်တဲ့ ပမာဏ စုစုပေါင်း....   တနှစ်  14.88 + 3.4 = 17.2 ပိဿာ               ဒါကို တွက်ကြည့်ပါ WHO ရဲ့ စံညွှန်းအရ မိသားစုတစု အမှန်လိုအပ်ချက် 32.5 ပိဿာ ရှိပါတယ် ။ ပြည်ပမှာ လက်တွေ့ ရနေတာက 17.2 ပိဿာမျှသာ ဖြစ်ပါတယ် ။             ကဲ သတင်းထုတ်ပြန်ချက်အရ ပြန်တွက်ကြပါစို့.... ပြည်ပမှ ဝယ်ယူ 641783 တန် × 612 ပိဿာ 392771196 ပိဿာ ရပါတယ် ။ လူတဦးခြင်းဆိုပါက... 7.7 ပိဿာ နှုံးပါ ( လူဦးရေ ၅၁ သန်း နှုံးနဲ့ တွက်ပါ)      ထို့ကြောင့် အိမ်ထောင်စု တစုလျှင် ပျဥ်းမျှ လူဦးရေ ၅ ဦး နှုံးဖြင့် ခွဲတမ်းတွက်ပါက...     အိမ်ထောင်စု တစုလျှင် 38.5 ပိဿာ နှုံး ရောင်းချနိုင်ပါတယ် ။ ( ပြည်တွင်းထုတ်မပါ )           ပြည်ပမှ တင်သွင်းခဲ့သော ဆီ ချည်း မိသားစု တစုလျှင် တလ 3.2 ပိဿာ ရောင်းချပေးနိုင်ပါလျှက် ယခု 1.24 ပိဿာသာ ရောင်းချနေသောကြောင့် တင်သွင်းပြီး ပြည်သူ့ထံ အစိုးရ သတ်မှတ်စျေးနှုံး နဲ့ ရောက်မလာသော ပမာဏက ဘယ်ပျောက်နေပါသလဲ....?              ပြည်ပအဝယ် = 391771196 ပိဿာ ပြန် ရောင်း     =    63240000 ပိဿာ -------------------------------------------------------- ဝယ်ပြီးပျောက်= 328531196 ပိဿာ         OK ပါ ဖတ်ရတာ ခေါင်းရှုပ်ကုန်လောက်ပါပြီ ။ အချုပ်ကို ပြောပါ့မယ် ။ WHO နဲ့ အညီ... မိသားစု တစု တနှစ် = 32.5 ပိသာ လိုအပ် ( မိသားစု တစု ၅ ဦး ပျမ်းမျှ) အစိုးရ ရောင်း တနှစ် = 14.88 ပိဿာ အစိုးရမှ နိုင်ငံခြားငွေသုံးဝယ်ယူ အိမ်ထောင်စုတစု တနှစ်      38.5 ပိဿာနှုံး ဝယ်နေပါတယ် ။         ကြားထဲက ကွာဟနေတဲ့ ဆီတွေ ဘယ်ရောက်ကုန်တာလဲ...  အသွင်းပြပြီး ဒေါ်လာစားနေကြသလား...?           ပြည်တွင်းထုတ်ဆီ ဝယ်နိုင်လို့ ဝယ်မည်ဆိုပါက မိသားစု တစု တနှစ် 3.4 ပိဿာနှုံး ဝယ်ယူနိုင်တာပါ တွက်ကြည့်ပါက အစိုးရ အတွက် ဘာလုပ်ရမယ်ဆိုတာ အဖြေထွက်လောက်ပါပြီ ။ မှတ်ချက် ။        ။ ဆီလျှော့စားဖို့ အကြံပေးသူများ ကိုယ့်ပြည်သူတွေ ဘယ်လောက် နိမ့်ကျနေရသလဲဆိုတာ အမှန်တိုင်း မြင်အောင်ကြည့်ပြီး မသမာသူ ဖော်ထုတ်ဖို့ပဲ အကြံပေးသင့်ပါတယ် ၊ ကိန်းဂဏန်းဆိုတာ လိမ်ရလွယ်သလို ဖော်ထုတ်ရတာလည်း ရှေးက ၈ တန်း အဆင့်လောက်နဲ့ကိုပဲ သိနိုင်ပါတယ် ။ တတန်မှာ 612 ပိဿာ ရှိမှန်းသိရင်ကို တွက်လို့ ရပါတယ် ။        ကိုရွှေမျိုးဝင်း            
5 030
7
               မင်းကြီးရန်နောင် နဲ့ ဗမာမှူးမတ်များဟာ အထက်ပါအတိုင်း ညှိနှိုင်း သဘောတူခဲ့ကြပြီး အင်းဝနေပြည်တော်သို့ ဝင်ခဲ့ကြပါတယ် ။ မိုးညှင်းစလုံ ဟာ မင်းကြီးရန်နောင်ကို ဓနုဆောင်မှာ ကြိုဆိုပါတယ် ။ ထူးခြားချက် အဖြစ် မင်းကြီးရန်နောင်က ကျောက်စီဓားကို လက်ထဲက မချပဲ တွေ့ဆုံခဲ့တာကို ခွင့်ပြုခဲ့တာပါပဲ ။            မိုးညှင်းစလုံဟာ သလွန်တခုပေါ်မှာ နေရာယူပြီး မျက်နှာခြင်းဆိုင် သလွန်ပေါ်မှာ သိုဝန်ဘွားနဲ့ အတူ မင်းကြီးရန်နောင်ကို ယှဥ်တွဲ နေရာချပေးပြီး သူ့ရဲ့ အလေးအနက်ထားပုံကို ပြသခဲ့ပါတယ် ။         မြန်မာ့ရာဇဝင်မှာ ထင်ရှားလှတဲ့ မင်းကြီးရန်နောင် နဲ့ အောင်နိုင်သူ မိုးညှင်းစလုံတို့ အချက်တွေနဲ့ သဘောတူမှု ရယူခဲ့သလဲ ဆိုတော့......                    ကိုရွှေမျိုးဝင်း                           
5 646
8
          ဒါကို အခွင့်ကောင်းယူပြီး မင်းကြီးရန်နောင် နဲ့ မှူးမတ် သူရဲကောင်းတွေဟာ ဖောက်ထွက်သွားကြပါတယ် ။ မင်းကြီးရန်နောင်နဲ့ သူရဲကောင်း တသိုက်ဟာ အံ့သြဖွယ်ရာ ဖောက်ထွက်ပြီး ပြင်သာ ( ယခု ပြင်ဦးလွင်) မှာ အခြေပြု တပ်ချထားနိုင်ခြင်း အပေါ် စလုံ နဲ့ သိုဟန်ဘွား သားအဖ ၂ ဦးလုံး ချီးမွမ်းမဆုံး ဖြစ်ခဲ့ရပါတယ် ။         အင်းဝနေပြည်တော်ကြီး မိုးညှင်းစလုံလက်အောက် ကျရောက်ခဲ့ရတဲ့ နေ့ကတော့ သက္ကရာဇ် ၈၈၈ နှောင်းတန်ခူးလဆန်း ၁၂ ရက်နေ့ ဖြစ်ပါတယ် ။             ဒီတကြိမ်မှာတော့ မိုးညှင်းစလုံဟာ အင်းဝကို အုပ်ချုပ်ဖို့ ယခင်ကလို ပြည်ဘုရင်အား မလွှဲအပ်တော့ပါဘူး ။ စွမ်းရည်မရှိတဲ့သူကို ရန်သူကလည်း မလေးစားသလို မိတ်ဆွေကလည်း ၂ ခါပြန် တန်ဖိုးမထားတတ်တာ မှတ်သားစရာပါပဲ ။             အင်းဝကို ဗမာတွေလက်ထဲ ထားခဲ့မိလို့ ရက်သတ္တပတ် ၁ ပတ်မပြည့်ခင် ပြန်လည် လက်လွတ်ခဲ့ရသောကြောင့် ဒီတခါ ရှမ်းတွေ ကိုယ်တိုင် အုပ်ချုပ်ဖို့ တိုင်ပင်ကြပါတယ် ။ ရှမ်းအမတ်များက.... " အင်းဝ၌ မင်း မရှိတော့သော်လည်း ရာဇမာန်ကြီးသော ဗမာလူမျိုးများအား ကြာရှည် အုပ်ချုပ်ဖို့ဆို ရှမ်းချည်း သက်သက်ဖြင့် မလွယ်ကူပါဘူး ဒါကြောင့် ဗမာ မှူးမတ်များနှင့် ပူးပေါင်းအုပ်ချုပ်မှသာ ရေရှည်အတွက် အဆင်ပြေနိုင်ကြောင်း အကြံပြုပါတယ် '' " ကဲ သားတော် သိုဟန်ဘွား သဘောကရော '' " ဒါ ဖြစ်သင့်တဲ့ ကိစ္စပါပဲ... ကျနော်တို့ ရှမ်းတွေက လူနည်းစုဖြစ်ပြီး အုပ်ချုပ်ရေးလည်း မကျွမ်းကြင်ကြပါဘူး စနစ်တကျ အုပ်ချုပ်ဖို့ ဗမာ မှူးမတ်တွေ ပူးပေါင်းမှ ရမှာပါ အရေးကြီးတာက ယခု ပြင်သာမှာ တိမ်းရှောင်နေတဲ့ မင်းကြီးရန်နောင် ဖြစ်ပါတယ် သူ့ကို စည်းရုံးနိုင်ဖို့ အရေးကြီးပါတယ် '' " မှန်တယ် မင်းကြီးရန်နောင်ဟာ ဥာဏ်ပညာကြီးမားတယ်.. မဟာဆီ မဟာသွေး အင်းဝဘုရင်ရဲ့ တူတော်ဖြစ်တယ် သူပဲ နန်းတွင်းဓလေ့ထုံးစံတွေကို သိကျွမ်းသူ ဖြစ်တယ်....'' " မှန်ပါတယ် သူရ သတ္တိနဲ့ လက်ရုံးရည်ကတော့ အထူးပြောစရာမလိုပါဘူး သားတော်ကိုယ်တိုင် အင်ပြည့်အားပြည့် ဝိုင်းဝန်းဖမ်းဆီးဖို့ အားထုတ်တဲ့ ကြားထဲကနေ ရဲဝံ့​အောင်​မြင်စွာ တိုက်ခိုက် ဖောက်ထွက်သွားနိုင်တဲ့ စွမ်းရည်က ရာသက်ပန် အထင်ကြီးဖို့ လုံလောက်ပါတယ် မရ ရအောင် ခေါ်ရမယ့်သူ ဖြစ်ပါတယ် ''              အဲလိုအခြေအနေကြောင့် ဗမာမှူးမတ်တွေကို စည်းရုံးပြီး ပြင်သာ ( ပြင်ဦးလွင်) မှာ ရှိနေတဲ့ မင်းကြီးရန်နောင်ကို ပင့်ဆောင်ဖို့ စေခိုင်းပါတော့တယ် ။ ဗမာမှူးမတ်တွေလည်း ဝမ်းသာအားရ သွားရောက် ခေါ်ဆောင်ကြပါတယ် ။          မင်းကြီးရန်နောင်က နင်တို့ ရှမ်းကျွန်အဖြစ် ငါ့ကို လာပြီး စည်းရုံနေတာ မရှက်ဖူးလား ဆိုပြီး လက်ထဲက ကျောက်စီပတ္တမြားဒါးကို ဝင့်ပြီး ပြောလိုက်တာ ဗမာအမတ်တွေ ထိတ်လန့်ကုန်ပါတယ် ။ သတ္တိရှိတဲ့ အမတ်တယောက်က... " မှန်ပါတယ် ကျနော်မျိုးတို့ ရှမ်းကျွန်ခံရတာ ရှက်စရာပါပဲ..ပေါပေမယ့် အခြေအနေအရ ကျနော်မျိုးတို့ကို ဦးဆောင်မယ့် ဗမာဘုရင် မရှိတော့တာလည်း တွေးကြည့်ပါဘုရား..အုပ်ချုပ်မှုကဏ္ဏမှာ ရှမ်းတွေချည်း ထင်တိုင်းကြဲနေရင် ပြည်သူတွေ ပိုပြီး ဆင်းရဲကြရ.မှာမို့ မျက်စိမှိတ်ပြီး ရှမ်းကျွန် ခံနေရတာပါဘုရား.. '' " ဒါဆို နင်တို့ဘာသာ ရှမ်းကျွန်လုပ်ကြ ငါ မလိုက်ဘူး '' " စလုံ နဲ့ သားတော် သိုဟန်ဘွားတို့ ၂ ဦးလုံးရဲ့ မျက်စေ့ထဲမှာ အရှင်မင်းကြီးရန်နောင်ကိုသာ အာရုံကျနေတာပါဘုရား   မင်းကြီးကသာ နန်းတွင်းရေးရာလေ့ထုံးစံများကို နားလည်သူ ပညာဥာဏ်ကြီးသူ သူရသတ္တိပြည့်စုံသူလို့ အထင်ကြီး လေးစားကြတာမို့ မင်းကြီးမပါတဲ့ ဗမာမှူးမတ်တွေဟာ ဆားမပါတဲ့ ဟင်းကဲ့သို့ ဖြစ်နေလို့ ယခုလို ပင့်ဆောင်ရန် လာခဲ့ရတာပါ ဘုရား '' " ငါ့ စိတ်ရင်းကတော့ မလိုက်လိုဘူး... '' " အင်းဝကို အပြင်က လုပ်ကြံတာထက် အတွင်းက လုပ်ကြံတာ ပိုပြီး ထိရောက်ပါ့မယ် တိုင်းသူပြည်သားများကိုလည်း မိမိတို့ အာဏာစက်ဖြင့် အတော်အတန် ကူညီကာကွယ်နိုင်ပါ့မယ် ၊ ဘာသာ သာသနာအပေါ်လည်း ထိုက်သင့်သလောက် ကာကွယ်ချီးမြှောက်ဖို့ အခွင့်ရှိပါလိမ့်မယ် စဥ်းစားပေးပါ ဘုရား ''                 မင်းကြီးရန်နောင်လည်း မှူးမတ်တို့ရဲ့ စကားတွေကို အပြန်အလှန်စဥ်းစားပါတယ် ။ ပြီးတော့မှ.... " အင်းးးးးကျွန်ုပ်က်ို ရှမ်းတွေ အလိုရှိတာရယ် ၊ ကျွန်ုပ်မပူးပေါင်းရင် ပြည်ရွာ နဲ့ အရပ်သားတွေ နစ်နာမယ် ဆိုတဲ့ အချက်က အမှန်ပဲလား..'' " အမှန်ပါဘုရား ရှမ်းတွေက နားတပေါက်တွေမို့ အရှင်မှ တပါး အခြားမှူးမတ်တွေကို အမှုမထားကြပါဘူး သူတို့ အရေးတယူ ဆွေးနွေးတိုင်ပင်လိုသူမှာ အရှင်တယောက်ပဲ ရှိပါတယ် '' " ကောင်းပြီ အရေးကြီးတာ တောင်းဆိုမယ် သင်တို့သည် ကျွန်ုပ်အပေါ် သစ္စာခံပြီး ကျွန်ုပ်၏စကားအား လိုက်နာနိုင်ပါ့မလား '' " ဗမာ မှူးမတ်မှန်သမျှသည် အရှင်၏ သစ္စာတော်ကိုသာ ခံယူကြရန် တိတ်တဆိတ် ညှိနှိုင်း သဘောတူထားကြပါသဖြင့် အရှင့်စကားကို တသွေမတိမ်း လိုက်နာပါ့မယ် '' " ကောင်းပြီ သင်တို့ သစ္စာရေ သောက်ကြရမယ်  ၊ ရှမ်းတို့ ချီးမြှောက်၍ အခြေမြင့်လာသည့် အချိန်၌ မိမိလူမျိုး အပေါ် သစ္စာဖောက်ပြန်ခြင်း မပြုပါဘူးဆိုတဲ့ အချက်ပေါ့ '' " မှန်ပါ ဤ အတိုင်းသစ္စာဆိုပါ့မယ် ''
5 315
9
တပင်ရွှေထီး နဲ့ ဘုရင့်နောင် (8) ========================            ကန်နဲမြို့တိုက်ပွဲ အပြီး အင်းဝအိမ်ရှေ့မင်းသားဟာ တိုက်ဆင် ၁၂ ၊ စစ်မြင်း ၁၆၀ ၊ သုံ့ပန်း ၁၀၀၀ ကျော် ရရှိခဲ့ပါတယ် ။ ကန်နဲ ( ကန္နီ) မြို့သိမ်းပြီးနောက် စစ်ကိုင်းသို့ နောက်ဘက်မှ ပြန်ဝိုင်းပတ်ကာ သိမ်းရန် စီမံပါတယ် ။        ဆင် မြင်း ဗိုလ်ပါ အင်အားများ ထပ်မံ ဖြည့်တင်း စုစည်းပြီး စစ်ကိုင်းအား ချီရန် ပြင်ဆင်နေစဥ် အဲဒီ ည မှာပဲ အိမ်ရှေ့စံဟာ ရုတ်ချည်းဖျားနာပြီး သေဆုံးသွားရပါတယ် ။ အင်းဝရဲ့ ကံတရားဟာ အနိမ့်ဆုံး အဆင့်ထိ ကျရောက်သွားရပါပြီ ။                  အိမ်ရှေ့မင်းရဲ့ ဦးဆောင်မှုအောက်မှာ စိတ်ဓာတ်တက်ကြွနေတဲ့ အင်းဝစစ်သည်တွေ အတွက် ကြိုးပြတ်သော ဝါးဖောင်ကဲ့သို့ အကွဲကွဲ အပြားပြား ဖြစ်သွားရပြီး အချို့လည်း နေရပ်ပြန်ကြ ၊ အချို့လည်း အင်းဝ ပြန်ဆုတ် နဲ့ ရုတ်ရုတ်သဲသဲ ပြိုကွဲသွားရပါတော့တယ် ။           နရပတိမင်းကတော့ သူအားကိုးနေရတဲ့ အုန်းပေါင်စော်ဘွားကို စောင့်မျှော်ရင်း အင်းဝ မြို့ရိုးတံခါးကို တင်းတင်းကျပ်ကျပ်ပိတ်ဆို့ပြီး ရှမ်းတပ်တွေကို ခုခံဖို့ပဲ စီမံပါတော့တယ် ။ အိမ်ရှေ့မင်း မရှိတော့တဲ့ အတွက် မိုးညှင်းတပ်တွေလည်း နောက်ကျောလုံစွာနဲ့ စစ်ကိုင်းမှ အင်းဝသို့ ကူးကာ မြို့ကို တင်းကျပ်စွာ ဝန်းရံပါတော့တယ် ။           မိုးညှင်းစလုံ ထိတ်လန့်သည်ကား ​ဗမာတို့ရဲ့ နာမည်ကျော် တိုက်စစ်ဆင်မှုပင် ဖြစ်ပါတယ် ။ ယခုကား သတ္တိနည်းသော နရပတိရဲ့ ခုခံစစ်ကြောင့် စလုံအကြိုက်တွေ့သွားရပါပြီ ။ နရပတိကတော့ မြို့တွင်းကနေ ကြံရာမရ ဖြစ်ချိန်ကျမှ တူတော်မောင် မင်းကြီးရန်နောင်အား သတိရပြီး ရှေ့တော်ခေါ်ယူကာ... " ရန်နောင်...အုန်းပေါင်လည်း မရောက်လာသေးဘူး ငါတို့ ဘယ်လို ကြံမလဲ..? " " ယခုအခါ ရှမ်းတို့ အင်အားများစွာနဲ့ မြို့တော်ကို ပိတ်ဆို့ထားပြီး ဖြစ်ပါတယ် ၊ ယခင်ကတည်းက တောင်ငူ နှင့် ပူးပေါင်းပြီး ရန်စွယ်ရန်မြစ် ချိုးဖျက်ခဲ့ဖို့ အကြံပြုခဲ့ခြင်းအပေါ် ဥပေက္ခာပြုခဲ့သောကြောင့် ယနေ့ ဘာတခုမှ ကြံစည်၍ မရနိုင်တော့ပါ အချိန်လွန်သွားပါပြီ ဘုရား '' " ကိုင်း..ဒါဆို အခု တောင်ငူကို စစ်ကူတောင်းရန် စေလွှတ်ရင်ကော.. '' " မဖြစ်နိုင်တော့ပါဘူး ရန်သူက ကြက်တကောင်တောင် ဝင်ထွက် မရအောင် တင်းကြပ်စွာ ဆီးဆို့ထားပြီးပါပြီ ''                  ပညာရှိစကား မနာယူပဲ ငါ သိ ငါတတ် ငါတကော ကော ခဲ့မိတဲ့ နရပတိဟာ ငရဲပြည်ကို မိမိတယောက်တည်း မသွားပဲ တိုင်းပြည်တခုလုံး အဖော်ခေါ်သွားသကဲ့သို့ ဖြစ်ရချေပြီ ။ မိုးညှင်းစလုံတပ်တွေလည်း အင်းဝကို မြို့တံခါးဖွင့်ဖို့ အကြိမ်ကြိမ် ကျိုးစားပေမယ့် စစ်ရည်ဝနေတဲ့ အင်းဝမြို့စောင့်တပ်ကြောင့် တိုးမရ ဖြစ်နေပါတယ် ။            ဝန်းရံပြီး ၈ ရက်အကြာ မိုးညှင်းစလုံက ဒီနေ့ ရအောင် တိုက်ကြရမည် မြို့ရိုးပေါ်က ပြန်ဆင်းလာသူ ငါ့ဒါးနဲ့ ခုတ်သတ်မည် ရဲရင့်စွာ တိုက်ကြ ဆိုပြီး ပြင်းထန်တဲ့ အမိန့်ပေးပြီး တိုက်စစ်ထပ်ဆင်နွဲဖို့ စီစဥ်ပါတယ် ။ တိုက်ပွဲ စတာနဲ့ မိုးညှင်းရှမ်းတို့ရဲ့ ရဲတင်းတဲ့ တိုက်စစ်ကြောင့် ၂ ဖက်စစ်သည်များ တဖွဲဖွဲ ကျဆုံးကုန်ပါပြီ ။         မြို့တွင်းမှာလည်း နရပတိအား မင်းကြီးရန်နောင်က... " အရှင်မင်းကြီး ယခုအခါ စလုံ နဲ့ သူရဲ့သားတော် သိုဟန်ဘွားတို့ ကိုယ်တိုင် ဆင်စီး ဒါးလွတ်ကိုင်ပြီး ကွပ်ကဲတိုက်ခိုက်နေပါပြီ ၊ အင်းဝဘက်က အခြေအနေ မကောင်းပါဘူး ဒါကြောင့် အရှေ့မြို့ရိုးကနေ ဖောက်ထွက်မှ ရပါ့မယ် ကျနော်မျိုး ရှေ့ကနေ လမ်းဖောက်ပေးပါ့မယ် နောက်ကနေ တပါတည်း လိုက်ခဲ့ပါ ''             ကြံရာမရတော့တဲ့ နရပတိလည်း မင်းကြီးရန်နောင် ပြောသလို ထွက်ပြေးဖို့ပဲ ပြုလုပ်ရပါတော့တယ် ။ အရှေ့မြို့ရိုးတံခါး ဖွင့်ပြီး ရှေ့ဆုံးဆင်ပေါ်မှာ မင်းကြီးရန်နောင်က သူရဲကောင်း တသိုက်နဲ့ ဝက်ခေါင်းထိုး ဝင်တိုက်ရာ ဝန်းရံထားသူ ရှမ်းတပ်တွေ ဖရိုဖရဲ ဖြစ်သွားပါတယ် ။              နရပတိလည်း ဆင်တော် ' ရွှေစာတိုင် ' ကို စီးပြီး မှူးမတ်များခြံရံလျှက် ထွက်ခွာပါတယ် ။ အဲဒါကို သိုဟန်ဘွား မြင်သွားပြီး ရှမ်းတပ်တွေ အရှေ့မြို့ရိုးသို့ စုခိုင်းကာ အပြင်းအထန်တိုက်ပါတယ် ။ သူကိုယ်တိုင် ဆင်စီးပြီး လုံးထွေးနေတဲ့ စစ်မြေပြင်မှာ... " အဝ ဘုရင် နဲ့ မင်းကြီးရန်နောင်ကို အရှင်ဖမ်းကြ မသေစေနဲ့ ''        လို့ အမိန့်ပေးရင်း ဒရကြမ်းတိုက်ပါတော့တယ် ။ မင်းကြီးရန်နောင်လည်း ဦးရီးတော် နရပတိကို ကာကွယ်ရင်း ရဲရင့်စွာ သိုဟန်ဘွားဆင်တော်ကို ဝင်တိုက်ပစ်ပါတယ် ။ ဆင် ၂ စီး လုံးထွေးနေတုန်း နရပတိရဲ့ ဆင်တော် ရွှေစာတိုင်ကို အမြှောက်ဆံထိမှန်ပြီး နရပတိ ဆင်ဦးကင်းမှာပဲ ကျဆုံးသွားရပါပြီ ။            ဒါကို မြင်တွေ့ရတဲ့ မင်းကြီးရန်နောင်လည်း ရှမ်းကျွန်တော့ အဖြစ်မခံဘူးလို့ ဆုံးဖြတ်ကာ သိုဟန်ဘွားကို အတင်းဝင်တိုက်ပါတော့တယ် ။ နရပတိကို ရံလာတဲ့ ဆင်တွေကလည်း မင်းကြီးရန်နောင်ရဲ့ ဆင်တော်နဲ့ ပေါင်းပြီး တိုက်ပါတယ် ။ ဝိုင်းတိုက်နေကြတဲ့ ရှမ်းတွေလည်း အရှင်ဖမ်း ဆိုတဲ့ သိုဟန်ဘွားအမိန့် နဲ့ လက်တွန့်နေရချိန် ၊ ဝုန်းကနဲ ရောက်လာတဲ့ အင်းဝတိုက်ဆင်အုပ်တို့ကြောင့် ဖရိုဖရဲ ဖြစ်ကုန်ရပါတယ် ။
5 242
10
             အုန်းပေါင်စော်ဘွား ပြန်သွားပြီးနောက် နရပတိရဲ့ အင်းဝဟာ သြဇာအာဏာ များစွာ ယုတ်လျှော့သွားရပါပြီ ။ ကျေးကျွန်အရင်းတွေ ကိုယ်တိုင် အားမကိုးရတဲ့ အရှင်သခင်ကို စွန့်ခွာသွားကြပြီး ကေတုမတီထံ ခိုလှုံကြပါတယ် ။ အဲဒီ သတင်းကြားတာနဲ့ အခွင့်အခါ စောင့်နေတဲ့ မိုးညှင်းစလုံလည်း လှုပ်ရှားလာပြန်ပါပြီ ။               သက္ကရာဇ် ၈၈၈ မှာ မိုးညှင်းစလုံ နဲ့ သားဖြစ်သူ သိုဟန်ဘွားတို့ဟာ တိုက်ဆင် ၃၀၀ စစ်မြင်း ၁၀၀၀၀ စစ်သည် ၁၅၀၀၀၀ တို့ စုစည်းပြီး အင်းဝဆီသို့ ဒုတိယအကြိမ် စစ်ဦးထိုးလာပြန်ပါတယ် ။         တခါသေဖူး ပျဥ်ဖိုးနားမလည်တဲ့ ဘုရင်ငပျင်း နရပတိ ဟာ သူ့ရဲ့ စွမ်းဆောင်ရည် ညံ့ဖျင်းနုံချာလှတဲ့ သူလျှိုငနုံများကြောင့် ဒီထောက် ထုထည်ကြီးနဲ့ အုန်းအုန်းကြွက်ကြွက် ချီတက်လာနေတဲ့ မိုးညှင်းစလုံရဲ့ စစ်ကြောင်းကြီး ဟန်လင်းမက်ဒေသ ရောက်မှသာ သိသွားသတဲ့ လေ ။                ရှေ့ရေးမတွေးတတ်တဲ့ ဘုရင်ပီပီ နရပတိဟာ ရန်သူ နှာခေါင်းဝရောက်မှ ကပျာကရာ စစ်သည်စုဆောင်းရပါတော့တယ် ( ရှေးခေတ် မြန်မာဘုရင်တွေမှာ အမြဲတမ်း တပ်မတော် မရှိပဲ အရေးရှိမှသာ လက်အောက်ခံ မြို့ ရွာများမှ လူသူ စုဆောင်းကြရတာပါ) ။        သူသိပ်အားကိုးရတဲ့ အုန်းပေါင်စော်ဘွားဆီကိုလည်း အချိန်လွန်မှ စစ်ကူထတောင်းရပါတော့တယ် ။ စစ်ရေးသတင်းကို ပေါ့ပေါ့ဆဆ သဘောထားခဲ့တဲ့ ဘုရင် နဲ့ အင်းဝရဲ့ သူလျှိုဌာနကြီးတို့ကြောင့် ဖရိုဖရဲ မသေမသပ်နဲ့ စစ်ပြင်ကြရပါတယ် ။ တနေ့တခြား နေပြည်တော်နဲ့ နီးကပ်လာတဲ့ မိုးညှင်းတပ်တွေကို ပြန်လည်ခုခံရန်အတွက် သားတော် အိမ်ရှေ့မင်းအား တိုက်ဆင် ၈၀ စစ်မြင်း ၁၀၀၀ စစ်သည် ၂၀၀၀၀ ပေးအပ်ပြီး တိုက်ခိုင်းပါတယ် ။          ဖခင် ညံ့ဖျင်းသလောက် လက်ဇောင်းထက်လှတဲ့ အိမ်ရှေ့မင်းဟာ အမြင့် ၊ ဗဒုံ ၊ ကန်းနဲ ဆိုတဲ့ မြို့ ၃ မြို့မှာ မိုးညှင်းတပ်ဦးကို တိုက်ပွဲ ၃ ပွဲလုံးမှာ စိစိညက်ညက်ကြေအောင် ချေမှုံး အနိုင်ယူပြခဲ့ပါတယ် ။ အိမ်ရှေ့မင်းကား ညစ်​ပေတဲ့ နွံအိုင်မှာ ပေါက်သော ကြာပန်းကဲ့သို့ တင့်တယ်လှပါတယ် ။ အိမ်ရှေ့မင်းဟာ ကန်နဲမြို့တိုက်ပွဲကို အပြတ်အသတ် အနိုင်ရအောင် တိုက်ခိုက်အပြီး......                     ကိုရွေမျိုးဝင်း
6 164
11
             ဒီလိုနဲ့ အင်းဝတပ်တွေဟာ လမ်းခုလတ်မှာ တိုက်ပွဲ ကြီးကြီးမားမား မတွေ့ရပဲ စစ်မြူရာ ကေတုမတီသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာပါတယ် ။ ကေတုမတီရဲ့ မြောက်ဘက်အုတ်ရိုးမှာ တပ်စွဲပြီး အပြင်းအထန်တိုက်ပါတော့တယ် ။           မင်းကျီးညိုရဲ့ ကြိုတင် အစီအမံနဲ့ စား ရေ ရိက္ခာ စုဆောင်နိုင်မှုက ၃ နှစ် ဝန်းရံထားရင်တောင် အစာရေစာ မပြတ်လပ်ဘူးလို့ ကြုံးဝါးပါတယ် ။ အင်းဝသားတွေလည်း မြို့ရိုး နဲ့ မြို့တံခါးကို အားသွန်ခွန်စိုက် တိုက်ခိုက်ချိုးဖောက်နိုင်ဖို့ ကြိုးစားကြပါတယ် ။          ခုခံစစ်အတွက် စနစ်တကျ ပြင်ဆင်ထားတဲ့ မင်းကျီးညိုရဲ့ အစီအမံနဲ့ သူရဲကောင်း အစစ် စစ်သူကြီး စည်သူကျော်ထင်၏ အနီးကပ် ကွပ်ကဲ ခုခံမှုတွေကြောင့် နှီးတဖျားစာ အပေါက်တောင် မပေါက်ခဲ့ပါဘူး ။ ဘယ်လိုမှ တိုက်မရပဲ စိတ်ကျရောဂါသည်တွေလို ဖြစ်နေတဲ့ အင်းဝသားတွေကို မြို့ပြင်ထွက် ချေမှုံးရန် စည်သူကျော်ထင်က အကြံပြုပါတယ် ။        မင်းကျီးညိုက မတိုက်ပါနဲ့ ၂ ဘက် အသေအကျေ များကုန်ပါ့မယ် ငါတို့က ၃ နှစ်ဝန်းရံထားလည်း ဘာမှ ဖြစ်စရာ အကြောင်းမထူးဘူး နရပတိ စိတ်ရှိသလောက် ဝန်းရံပါစေ လို့ ပြန်မိန့်ပါတယ် ။           ဝန်းရံထားတဲ့ ကာလ ကြာလာတော့ မင်းကြီးညိုက...အကောင်းစာ စားစရာများ ပြင်ဆင်ပြီး အင်းဝဘုရင်ဆီကို ပို့ခိုင်ပါတယ် ။ စားစရာချည်းမဟုတ်ပဲ သဝဏ်လွှာတစောင်ပါ ထည့်ပေးလိုက်ပါတယ် ။ သဝဏ်လွှာမှာတော့.... " အဆွေတော် မင်းကြီး ကေတုမတီကို အလည်အပတ် ရောက်လာလို့ အိမ်ရှင်အနေနဲ့ ဧည့်ခံလိုက်ပါတယ် ။ အင်းဝအရေးအခင်းမှာ တကယ့်တရာခံက မိုးညှင်းစလုံဖြစ်ပါတယ် ၊ သစ္စာဖောက်လောက်ကောင်က ပြည်ဘုရင် ဖြစ်ပါတယ် ။ အဲဒီလောက် ထင်ရှားနေပါလျှက် မိတ်ဆွေကြီးက ကေတုမတီကို ရန်လာပြုတာ အင်မတန် အံ့သြစရာကောင်းလှပါတယ် ။ ကျွနုပ်လာခဲ့ရတဲ့ အကြောင်းက အင်းဝကို ရှမ်းတို့ အုပ်စိုးပါက ဘာသာ သာသနာအတွက် ရှမ်းတို့အား ချေဖျက်ရန်သာ ရည်ရွယ်ပါတယ် ။ မိတ်ဆွေကြီး အင်းဝကို ပြန်ခြေချတာနဲ့ ကေတုမတီကို ပြန်လာခဲ့တာ အဆွေတော်သိပါတယ် ။ ယခုဆိုရင် ကေတုမတီကို လာတိုက်နေတဲ့ အဆွေအား တန်ပြန်တိုက်ခိုက်ခြင်း လုံးဝ မပြုလုပ်ခဲ့ပါဘူး ရန်သူလို့ မသတ်မှတ်တဲ့အတွက်ပါ ။ အင်းဝအတွက် ရန်မီးကြီး ဖြစ်တဲ့ မိုးညှင်းစလုံက ယခုဆို အင်းဝစစ်ကျွံနေတာကို အခွင့်ကောင်းယူပြီး နောက်တကြိမ်ပြန်သိမ်းဖို့ စီမံနေကြောင်း ကြားရပါတယ် ။ သင် မစိုးရိမ်ရင် ကေတုမတီအား ဆက်လက်ဝန်းရံထားပါ ၃ နှစ် ဝန်းရံလည်း ကေတုမတီကတော့ မတုန်မလှုပ် တည်မြဲနေအုံးပါပဲ ''               ဒီသဝဏ်လွှာကို မင်းကျီးညိုက တကယ့်သဘောရိုးနဲ့ ရေးသားပေးပို့တာ မှန်ပေမယ့် နရပတိကတော့ ဥာဏ်တိမ်သူပီပီ ကိုယ့် အချင်းချင်း ဒုက္ခပြပေးဖို့လောက်သာ တွေးတတ်သူမို့ သူ့ကို လှောင်ပြောင်တယ်လို့ ပဲ အယူမှားနဲ့ ဒေါသ ထွက်နေပါတယ် ။          အနားမှာ ရှိနေတဲ့ အုန်းပေါင်းစော်ဘွားက သဝဏ်လွှာ ဖတ်ပြီးတော့... " စာပါ အကြောင်းအရာတွေက ယုတ္တိရှိကြောင်း အမှန်တကယ်လည်း အင်းဝ အတွက် စိုးရိမ်ရသေးကြောင်း ဒါကြောင့် တပ်ပြန်ဆုတ်ပြီး အင်အားဖြည့်မှ သင့်တော်မယ်  ''             လို့ အကြံပြုပါတယ် ။ ဒီတော့မှ သူ မချီးမြှောက်ပဲ အဝေးပို့ထားတဲ့ မင်းကြီးရန်နောင်ရဲ့ သဘောထားကို ပြန်သတိရပြီး အင်းဝကို ပြန်ဆုတ်ဖို့ ဆုံးဖြတ်ပါတော့တယ် ။          အင်းဝ နဲ့ အုန်းပေါင်တပ်တွေ တပ်ပြန်ဆုတ်တော့ စည်သူကျော်ထင်က မင်းကျီးညိုအား ရန်သူ့တပ် ခြေအကြွမှာ ဖိနောင့်နင်းနိုင်ပါက မုချအောင်မြင်မှာမို့ သူ့တပ်တွေနဲ့ လိုက်လံတိုက်ခိုက်ဖို့ ခွင့်တောင်းပါတယ် ။         မင်းကျီးညိုက ပြည်ပျက်လို့ သွေးရူးသွေးတမ်း ဖြစ်နေတဲ့ နရပတိကို အဲသလို ထပ်မံနှိပ်စက်ဖို့ မသင့်ပါဘူး ၊ သူမှာရှိတဲ့ အင်အားနဲ့ မိုးညှင်းရှမ်းတွေကို နှိမ်နင်းရအုံးမှာဖြစ်တယ် အင်းဝဟာ မြန်မာပြည်ရဲ့ ရန်သူ ဘာသာတရားရဲ့ ရန်သူမဟုတ်ဖူး ဒါကြောင့် အသာတကြည် ပြန်ကြပါစေလို့ တားမြစ်လိုက်ပါတယ် ။          ဒီလို ကေတုမတီ နဲ့ အင်းဝ တို့ရဲ့ မြို့သိမ်းတိုက်ပွဲ အတွက် အင်းဝတပ်တွေရဲ့ စစ်ဗျူဟာ ရယ် ၊ ကေတုမတီရဲ့ ခုခံစစ် ပြင်ဆင် ခုခံပုံ ဗျူဟာတွေကို လက်တွေ့ကျကျ သင်ယူလေ့လာနိုင်ခဲ့သူ နှစ်ယောက်ကတော့ တပင်ရွှေထီး နဲ့ သျှင်ရဲထွဋ် တို့ ၂ ဦးပါပဲ ။             စစ်ရေး စစ်ရာ ကျွမ်းကြင်ပြီး ဗျူဟာမြောက် စစ်ထိုး စစ်ခံ နားလည်သူ မင်းကြီးဆွေ ကိုယ်တိုင် စစ်မင်းသားလောင်း ၂ ယောက်ကို မြို့ရိုးပေါ်ကနေ သေနင်္ဂဗျူတွေကို တချက်ခြင်း တကွက်ခြင်း ရှင်းပြ သင်ကြားပေးနိုင်တာက ဆယ်နှစ်စာ သင်ခန်းစာကို စစ်ပွဲတပွဲထဲကနေ လက်တွေ့သင်ယူနိုင်ခဲ့တာနဲ့ အတူတူပါပဲ ။ ငယ်ငယ်ရွယ်ရွယ်နဲ့ သတ္တိ ဗျတ္တိ ပြည့်စုံစေခဲ့ရတဲ့ စစ်ပွဲလို့ ဆိုရမှာပါပဲ ။               အင်းဝဘုရင် နရပတိလည်း ပြန်လည်ဆုတ်ခွာလာပြီးနောက် အုန်းပေါင်စော်ဘွားနဲ့ တိုင်ပင်ရာမှာ အုန်းပေါင်စော်ဘွားက သူ့တပ်တွေလည်း ပင်ပန်းလှပြီ ဖြစ်လို့ ရှမ်းပြည်ပြန်ပါအုံးမယ် အလိုရှိတဲ့ အချိန် ခေါ်လိုက်ပါလို့ ဆိုပါတယ် ။
5 919
12
တပင်ရွှေထီး နဲ့ ဘုရင့်နောင် (7) ========================             နရပတိရဲ့ ယောက္ဖတော် ရမည်းသင်းစား မင်းဦးတည်က အင်းဝအား မိုးညှင်းစလုံ ဝင်တိုက်စဥ် မင်းကျီးညိုသည် အင်းဝ၏ တောင်ဘက်တလွှားကို အခွင့်အရေးယူပြီး ဝင်ရောက်ဖျက်ဆီးသွားကြောင်း.. ယခု အင်းဝသို့ မင်းကြီးပြန်ဝင်လာမှသာ ကေတုမတီတောင်ငူသို့ ဆုတ်ခွာရန် ပြုလုပ်နေကြောင်း လျှောက်တင်လိုက်ပါတယ် ။           ဒီသတင်းကြောင်း နရပတိလည်း ဒေါသ အင်မတန်ထွက်သွားရပါတယ် ။ သူက မြို့ပျက်ကြီး ဖြစ်နေတဲ့ အင်းဝအနေအထားကို ကြည့်ပြီး မိုးညှင်းစလုံ နဲ့ ပြည်ဘုရင်တို့အပေါ် ဒေါသ ထွက်နေပေမယ့် အစွမ်းအစ မရှိတဲ့ ဘုရင်ဆိုတော့ ရန်သူအစစ်ကို ဒေါသ ပုံချရမယ့်အစား သူနိုင်မယ်ထင်တဲ့ ကျေးကျွန်ဟောင်း မင်းကျီးညိုအပေါ် ဒေါသ ပုံချပါတော့တယ် ။            ကြွက်မနိုင် ကျီ မီးနဲ့ရှို့ ဆိုသလို... " တောင်ငူမြို့ကို ငါ ပေးသနားတော်မူလို့ အပိုင်စားရတဲ့ မင်းကျီးညိုဟာ ယခု ကျေးဇူးကန်းပေပြီ ၊ တောမီးလောင် တောကြောင် လက်ခမောင်းခတ် လုပ်ရပ်ကို ငါ သည်းမခံဘူး ချက်ခြင်း တောင်ငူကို စစ်ချီမယ် ''        လို့ ဆုံးဖြတ်လိုက်ပါတော့တယ် ။ ဒေသမာန်ကြီးတဲ့ နရပတိရဲ့ ဆုံးဖြတ်ချက်ကို စစ်သူကြီး နန္ဒကျော်ထင် နဲ့ သက်ရှည်ကျော်ထင်တို့လည်း မတားဆီးဝံ့ပါဘူး ။ တိုင်းဖျက် ပြည်ဖျက် မိုးညှင်းစလုံရဲ့ တပ်တွေကိုသာ ရဲရဲဝံ့ဝံ့ ပြန်မတိုက်ကြတာပါ မိမိလူမျိုးခြင်း တိုက်ကြစို့ ဆိုတော့ သူတို့ကတောင် ပိုပြီး တက်ကြွပြပါတော့တယ် ။         အုန်းပေါင် စော်ဘွားကတော့ မင်းကျီးညိုအကြောင်းလည်း သိဟန်မတူပါဘူး ရဲမက် ဗိုလ်ပါ အသင့်စုပြီးသားမို့ တောင်ငူကို တိုက်ရင်လည်း လိုက်ပါ ကူညီမယ်လို့ ဆိုပါတယ် ။         တောင်ငူကို တိုက်ခိုက်ဖို့ တိုင်ပင်ကြရာမှာ ထူးထူးခြားခြား ကန့်ကွက်သူ ပေါ်လာပါတယ် ။ ကန့်ကွက်သူကတော့ သက်ကြားအို စစ်ခေါင်းဆောင်မဟုတ်ပဲ မင်းကြီးရန်နောင်လို့ ကျော်ကြားတဲ့ ငယ်ရွယ်သူ စစ်ခေါင်းဆောင်ပဲ ဖြစ်ပါတယ် ။        မင်းကြီးရန်နောင်သည်ကား အင်းဝဘုရင် နရပတိ ရဲ့ တူတော်ဖြစ်ပြီး ယင်း၏ စွမ်းရည်သတ္တိ နဲ့ ဥာဏ်အမျှော်အမြင်ကို အများက လေးစားကြရသည်အထိ ဂုဏ်ဝါဝံ့ထည်လှသူ ဖြစ်ပါတယ် ။ သူက... " ယခု အရေး၌ တကယ့်သစ္စာဖောက် အစစ်သည် ပြည်ဘုရင်သာ ဖြစ်ပါတယ် ၊ မင်းကျီးညိုသည်ကား မြန်မာပီပီ ရှမ်းတို့ အင်းဝအား အုပ်စိုးမည်ကို စိုးရိမ်သောကြောင့် ဘာသာ သာသနာ မှေးမှိန်မည့် အရေး စိုးရိမ်၍သာ စစ်ချီလာကြောင်း ကြားသိရပါတယ် ၊ ဒါကြောင့် မင်းကျီးညိုနဲ့ မဟာမိတ်ဖွဲ့ကာ ပြည်ဘုရင် နဲ့ မိုးညှင်းစလုံတို့ကိုသာ အခြေအမြစ်မှ ဆွဲလှန်သုတ်သင်သင့်ပါတယ် '' " တူတော်မောင် မင်းကျီးညိုကို ကြောက်သလား '' " မကြောက်ပါဘူး သို့သော် အထင်သေးလို့လဲ မရပါဘူး အင်းဝရဲ့ ကျေးကျွန်ရင်း အမြင့်မင်းသား နဲ့ လူတသောင်းကျော် ၊ ပင်းယမင်း အပါအဝင် အင်းဝရဲ့ အမာခံတွေ တောင်ငူမင်းနဲ့ ဘာကြောင့် ပူးပေါင်းသွားကြသလဲ တွေးကြည့်ပါ ၊ နောက် မင်းကျီးညိုရဲ့ အင်အားကိုလည်း ချင့်ချိန်ကြည့်ပါ ယခင်က အင်းဝ လက်အောက်ခံ တောင်ငူဘဝနဲ့ များစွာ ကွာခြားနေပါပြီ '' " ငါ့တူတော်ပြောတာ သဘာဝကျတယ် ဒါပေမယ့် တောင်ငူက ထောင်လွှားလွန်းတယ် သူ့ကို ကြည့်ပြီး ရှမ်းတို့က ငါ့ကို မကျိုးနွံတော့ဘူး ဒီတော့ တောင်ငူကို ဦးချိုးပြီး ငါ့အာဏာစက် ပြန်ဖြန့်ရမယ် တောင်ငူကို ရပြီဆိုတာနဲ့ ပြည် ဆိုတာ အလွယ်လေး ချေမွလို့ ရပြီ  အခု ငါ့မိတ်ဆွေ အုန်းပေါင်စော်ဘွား တပ်တွေ ရှိနေတုန်း အမြန် တိုက်ကြရမယ် ''           မင်းကြီးရန်နောင်လည်း အမျှော်အမြင် နည်းပါးလှသော ဦးရီးတော် နရပတိအား စိတ်ပျက်လက်ပျက် ကြည့်ကာ ခေါင်းငုံ့အံကြိတ်မိပါတော့တယ်... သူ့စိတ်ထဲမှာတော့... " အင်း ပျက်ဆီးချိန်တန်လာရင် အတွင်းထရံ အပြင်ကာ ပိုးထိုးလောက်ကိုက်ကို တန်ဖိုးထား ၊ ရန်သူအစစ်ကိုတော့ မမြင် ၊ ဘာမဟုတ်တဲ့ အကြောင်းပြချက်နဲ့ ကိုယ့်အသားကို ပြန်လှီးမယ့် ဘုရင်နဲ့ ကြုံတွေ့ရတာလည်း အင်းဝရဲ့ ကံပဲလေ... ''              ဒီလိုနဲ့ ငါတကော ကောကာ သဘာဝကျပြီးငြင်းမရတဲ့ ပညာရှိစကား နားမဝင်တဲ့ ဘုရင် နရပတိဟာ တိုက်ဆင် ၃၀၀ စစ်မြင်း ၆၀၀၀ နဲ့ စစ်သည် ၁၂၀၀၀၀ စုစည်းပြီး တောင်ငူကို သိမ်းပိုက်ဖို့ ချက်ခြင်း စစ်ချီပါတော့တယ် ။                         ဒီသတင်းကို ကြားတာနဲ့ စစ်သူကြီး စည်သူကျော်ထင်က ကေတုမတီတပ်များအနေနဲ့ လူသူထပ်မံ စုစည်းပြီး လမ်းခုလတ်မှ ခုခံချေမှုံးချင်ကြောင်း အကြံပြုပါတယ် ။         မင်းကျီးညိုက လမ်းခုလတ်က ခုခံတာထက် ကေတုမတီက ခုခံတာ ပိုကောင်းကြောင်း ဒါမှ နောက်နောင် ကေတုမတီရဲ့ ခိုင်ခံ့တဲ့ မြို့ရိုးနဲ့ စစ်အင်အားအကြောင်း သိရှိကြမယ်လို့ မိန့် ပါတယ် ။ ဒါကြောင့် မင်းကျီးညိုက ကေတုမတီကို အရင် ပြန်ဆုတ်မယ်.. စား ရေ ရိက္ခာအတွက် ကြိုတင်စုဆောင်းထားမယ် ။         အင်းဝ နဲ့ အုန်းပေါင်တပ်တွေကို စည်သူကျော်ထင်က အချိန်ဆွဲ ရတန်သရွှေ့ ဟန့်တားထားပါ ၊ ဖြေးဖြေးချင်း တောင်ငူအရောက် စစ်မြူပြီး အပါခေါ်ခဲ့ပါ ဆိုပြီး ဗျူဟာဆွဲကြပါတယ် ။
3 508
13
" အေး...အခု အရေးကြီးတာ အင်းဝ အရေးပဲ ။ အခြေအနေ ၃ ရပ်ရှိတယ် ။ မိုးညှင်းက အုပ်ချုပိမလား.?.။ ပြည်ဘုရင် အုပ်ချုပိမလား....? ။ အင်းဝဘုရင်ကပဲ အင်အားထပ်စုပြီး အင်းဝကို ပြန်သိမ်းပိုက်ပြီး အုပ်ချုပ်မလား ဆိုတဲ့ အနေအထားက ဘာတခုမှ မသဲကွဲသေးဘူး '' " အဲဒီ အနေအထားက မြေပြင်လက်ရှိ အခြေအနေပါပဲ ဘုရား '' " ဒီတော့ မိုးညှင်းပဲ အုပ်ချုပ် အုပ်ချုပ် ၊ အမျိုးသား သစ္စာဖောက် ပြည်ဘုရင်ပဲ အုပ်ချုပ် အုပ်ချုပ် ငါ လက်မခံဘူး ငါ့တပ်နဲ့ အင်းဝကို တိုက်ခိုက်သိမ်းပိုက်ရလိမ့်မယ်... အကယ်၍ အင်းဝဘုရင် နရပတိ ပြန်သိမ်းပြီး အုပ်ချုပ်ရင်တော့ ငါ့တပ်ကို ကေတုမတီ ပြန်ဆုတ်ကြမယ် လောလောဆယ် သတင်း အတည်ပြုနိုင်ဖို့ ဆက်လက်စောင့်ကြည့်ကြစို့ ''          အဲ သလို ဆုံးဖြတ်ချက် ထွက်လာပြီးနောက် ၂ ရက်အကြာမှာ အင်းဝလက်အောက်ခံ ပင်းယ မြင်းမှူးမင်း လည်း ချွေရံတွေနဲ့ ခိုဝင်လာပြန်ပါတယ် ။ သတင်းသိချင်နေတဲ့ မင်းကျီးညိုလည်း ချက်ခြင်း လက်ခံတွေ့ဆုံပြီး...... " အမြင့်မင်းတို့ ထွက်ခွာလာပြီးနောက် အင်းဝမှာ အပြောင်းအလဲ ဖြစ်တာ တွေ့ရသလား မြင်းမှူးမင်း '' " အပြောင်းအလဲ များစွာ ဖြစ်ခဲ့ပါတယ် မင်းကြီး ၊ ပထမ မိစ္ဆာရှမ်းများက ဆင်ကောင်း မြင်းကောင်း လက်နက်ကောင်း ရတနာကောင်းများကို ရတန်သရွေ့ ယူပါတယ် ၊ ထို့နောက် လှေတပ်ဆိုက်လာပြီး ပြည်ဘုရင် ရောက်လာရာ သတိုးမင်းစောအား နန်းအပ်ပြီး မိုးညှင်းတပ်များ ပြန်သွားပါတယ် ။ သတိုးမင်းစောလည်း ရှမ်းတပ်များ မရှိသည့်နောက် အရှင်နရပတိ နဲ့ အုန်းပေါင်စော်ဘွားတို့ကို ကြောက်လန့်သောကြောင့် စလုံ မလိုချင်လို့ ချန်ထားခဲ့တဲ့ ဆင်မြင်းဗိုလ်ပါတို့ကို ယူပါတယ် ၊ နောက်ပြီး အရှင်နရပတိရဲ့ ၈ နှစ်အရွယ် သမီးတော် သီရိဘုန်းထွဋ် နဲ့ ရှင်မဟာရဌသာရ ကိုယ်တော်ကြီးတို့ကို ပင့်ဆောင်ပြီး ပြည်သို့ ပြန်ဆုတ်ခွာသွားပါပြီ '' " ဟင်..ဒါဆို အင်းဝမှာက....'' " မှန်ပါဘုရား အင်းဝကို ယခုအခါ နရပတိမင်းကြီး ပြန်လည် ဝင်ရောက်စိုးစံနေပါပြီ ဘုရား.. '' " မောင်မင်း သေချာရဲ့လား...? " " ကျနော်မျိုး မျက်စေ့နဲ့ အရှင်နရပတိတို့ တပ်တွေ အင်းဝဆီ ချီလာတာ တွေ့ရှိခဲ့ပါတယ် သေချာပါတယ်ဘုရား '' " အင်း..ကိုယ်စွမ်း ကိုယ်စ မရှိပဲ သူရဲကောင်းလုပ်ချင်တဲ့ ပြည်ဘုရင်ရဲ့ လုပ်ရပ်ကတော့ သမိုင်းဆိုးတွင်ပေပြီ...နေပါအုံး သမီးတော် သီရိဘုန်းထွဋ်က ဘယ်လို ကျန်နေတာလဲ... ? " " မှန်လှပါ နန်းမြို့ ဝန်းရံခံရချိန် ညတွင်းချင်း ကမန်းကရမ်း ဆုတ်ခွာရာမှာ လူကွဲပြီး ကျန်ရစ်တာပါဘုရား '' " အင်းးမသေတာ ကံကောင်းပေါ့  ရှင်မဟာရဌသာရကိုယ်တော်ကြီးကိုတော့ နှမျှောမိတယ်... ဒါနဲ့ မောင်မင်းက ကိုယ့်သခင် ပြန်လာတာ တွေ့ပါလျှက်နဲ့ ဘာကြောင့် ဒီကို ခိုလှုံလာတာလဲ '' " သစ္စာမဲ့တဲ့ သဘော မဟုတ်ပါဘူးဘုရား မိုးညှင်းစလုံက အရှင်နရပတိကို ခန့်ညားလေးစားခြင်း မရှိတော့တဲ့အတွက် သူအုပ်စိုးနေရင် သေချာပေါက် ထပ်မံကျူးကျော်အုံးမှာပါပဲဘုရား ၊ အင်းဝဘုရင်ရဲ့ အရည်အချင်းအရ ငြိမ်ဝပ်ပိပြားအောင် ဆောင်ရွက်နိုင်စွမ်း ရှိမှာ မဟုတ်ပါဘူး ဒါကြောင့် ကေတုမတီဆီကို ခိုလှုံရတာပါပဲ ''          မင်းကျီးညိုလည်း အင်းဝရဲ့ နောက်ဆုံး အဖြေထွက်လာပြီမို့ ကေတုမတီကို ပြန်ဆုတ်ဖို့ ဆုံးဖြတ်ထားတဲ့အတိုင်း လာရောက်ခိုလှုံသောသူများနဲ့ တကွ ပိုမိုတောင့်တင်းလာသော စစ်သည်များနဲ့အတူ ကေတုမတီသို့ စနစ်တကျ ဆုတ်ခွာလာကြပါတယ် ။             အင်းဝဘုရင် နရပတိကတော့ ရတတ်သမျှသော စစ်အင်အားတို့ကို စုစည်းလိုက်ရာ တိုက်ဆင် ၂၅၀ စစ်မြင်း ၄၀၀၀ စစ်သည် ၈၀၀၀၀ စုစည်းမိ၏ ။ အုန်းပေါင်စော်ဘွားရဲ့ တပ်အင်အားမှာ တိုက်ဆင် ၈၀ စစ်မြင်း ၅၀၀၀ စစ်သည် ၇၀၀၀၀ စုစည်းမိကြပါတယ် ။              အင်းဝမြို့ရဲ့ အပျက်အစီးတွေက ရစရာမရှိ မြင်မကောင်းအောင် စုတ်ပြတ်ကျန်ရစ်ပါတော့တယ် ။ ရှင်မဟာရဌသာရ နဲ့ သမီးတော်သီရိဘုန်းထွဋ် တို့ကို ပြည်ဘုရင်က ခေါ်ဆောင်သွားကြောင်း သိရချိန်မှာ မိဖုရားကြီး ဓမ္မာဒေဝီ မူးမေ့လဲကျအောင် သောကမီးတောက်လောင်ရပါတော့တယ် ။             စိတ်ဓာတ်ကျနေသော နရပတိအား အုန်းပေါင်စော်ဘွားက... " အနိုင်အရှုံးဆိုတာ သံသရာလည်နေတတ်ပါတယ် ၊ စစ်သူကြီး ဗန္ဓုလတောင် ရှုံးချိန်တန်တော့ သားပေါင်းများစွာနဲ့ အတူ ရှုံးခဲ့ရတာပါပဲ တနှစ်တဝါ အင်အားဖြည့်တင်းပါအုံး ၊ ကျွနုပ်လည်း နောင်နှစ်မှာ မိုးနဲစော်ဘွား ၊ ညောင်ရွှေစော်ဘွား နဲ့ အခြားစော်ဘွားများအား စည်းရုံးပြီး သင်၏ အင်းဝတပ်နှင့် ပူးပေါင်းကာ အင်းဝနေပြည်တော်ကြီးကို ဘေးတော် ဘိုးတော်များ လက်ထက်ကလို ကျယ်ဝန်းအောင် ကြံဆောင်လို့ ရပါတယ် ''         ဆိုပြီး မိတ်ကောင်းပီသစွာ အားပေးစကား ပြောလိုက်ပါတယ် ။ အဲဒီ စကားကြောင့် အားတက်ခဲ့ရတဲ့ နရပတိဘုရင်လည်း ဝမ်းသာကြည်နူးနေတုန်း မင်းချင်းတယောက် ရောက်လာပြီး သတင်းတခု လျှောက်တင်လိုက်ပါတယ် ။ အင်းဝရဲ့ အနာဂါတ်အတွက် အရေးကြီးတဲ့ ဆုံးဖြတ်ချက် ချမှတ်ရမယ့် သတင်းကတော့........          ကိုရွှေမျိုးဝင်း
7 199
14
တပင်ရွှေထီး နဲ့ ဘုရင့်နောင် (6) ========================             မင်းကျီးညိုရဲ့ ကေတုမတီတပ်များက အင်းဝသို့ ချီတက်ရာ လမ်းကြောင်းတလျှောက်ရှိ မြို့ ရွာများကို ဖြေးဖြေးမှန်မှန် တိုက်ခိုက် စည်းရုံးရင်း အင်းဝ စစ်သတင်းများအား နားစွင့်ကာ အေးအေးလူလူ ချီတက်နေပါတော့ ။ ဒီလိုနဲ့ လုင်စိုက်ကွင်း ဆိုတဲ့ အရပ်၌ တပ်တည် တပ်ချကာ အင်းဝသတင်းအား စုံစမ်းစေပါတယ် ။              မိမိစစ်သူလျှိုများ ပြန်မရောက်လာမှီ အင်းဝ၏ နောက်ဆုံး စစ်သတင်းများအား ကြားသိလိုက်ရပါပြီ ။ အင်းဝဘုရင်ရဲ့ လက်အောက်ခံဖြစ်ကြသော အမြင့်မင်း ၊ ညောင်ရမ်းမင်း ၊ ရမည်းသင်းမင်း ၊ ဝတီမင်း ၊ ပင်လယ်မြင်းမှူးမင်း ၊ ရှမ်းပိုက်တောင်မင်း တို့သည် တိုက်ဆင် ၂၀ စစ်မြင်း ၆၀၀ လူသူ တသောင်းကျော်နှင့် လုင်စိုက်ကွင်း သို့ လာရောက် ခိုလှုံသောကြောင့် ဖြစ်ပါတယ် ။          မင်းကျီးညိုလည်း ဝမ်းသာအားရ လက်ခံတော်မူ၍ အင်းဝရဲ့ သတင်းများကို မေးမြန်းပါတော့တယ် ။ ထိုအခါ အမြင့်မင်းက..... " ယခု အခါ အင်းဝနေပြည်တော်ကြီးကို ရှမ်းတို့စီးမိသွားပါပြီ ။ အင်းဝဘုရင် ကိုယ်တိုင် နန်းတော်ကို စွန့်ခွာ၍ အုန်းပေါင် စော်ဘွားနှင့်အတူ ဆင်ခေါင်း ဝက်ဝံ အရပ်သို့ တိမ်းရှောင်နေရပါပြီ ၊ အင်းဝမြို့ကို သာသနာအား မကြည်ညိုသော မိစ္ဆာတို့ အုပ်ချုပ်မည်ဖြစ်သောကြောင့် ကျနော်တို့လည်း မိစ္ဆာကျွန်အဖြစ် မခံယူလိုသောကြောင့် ယခုလို လာရောက် ခိုလှုံရခြင်း ဖြစ်ပါတယ် '' " အင်း ဒါနဲ့ ငါတို့ကြားထားတဲ့ သတင်းတွေအရ မိုးညှင်းစလုံက အင်းဝကို ရခဲ့ရင် သူမအုပ်ချုပ်ပဲ ပြည်ဘုရင်ကို လွှဲအပ်မယ်ဆိုတာ ဟုတ်သလား အမြင့်မင်း '' " ကျနော်တို့လည်း ဒီလိုပဲ ကြားသိထားရပါတယ် တကယ် လွှဲအပ်လား မအပ်ဖူးလား ဆိုတာကိုတော့ မြို့ပေါက်တာနဲ့ ကသောင်းကနင်း ဆုတ်ခွာခဲ့ကြရတာမို့ မသိခဲ့ရပါဘူး '' " နောက်ပြီး ပြည်ဘုရင်က မိုးညှင်းစလုံကို ကူညီဖို့ ရေကြောင်းက စစ်ကူချီတယ်ဆိုတာရော ဟုတ်သလား အမြင့်မင်း '' "ဒီသတင်းကတော့ အမှန်ဖြစ်ပါတယ် ဘုရား '' " အေး ဒါဆိုရင်တော့ ပြည်ဘုရင်ဟာ အင်မတန် ယုတ်ညံ့တဲ့ မင်းတပါးပဲ ကိုယ့်အမျိုးအဆွေ ဖြစ်တဲ့ အင်းဝမင်းဖက်က မကူညီတဲ့အပြင် ရှမ်းဘက်က ကူညီပြီး အင်းဝကို ဘုရင်လုပ်လိုတဲ့အတွက် မိစ္ဆာကို အားကိုးတဲ့ လောဘသားပဲ '' " မှန်ပါတယ် မင်းကျီး..ယခု မင်းကြီးတို့ ဘာဆက်လုပ်မယ်ဆိုတာ သိခွင့်ရရင် သိချင်ပါတယ် ဘုရား '' " ငါ ကေတုမတီက ယခုလို ထွက်လာခဲ့ရတာက အင်းဝ နယ်နမိတ်ကို ကျူးကျော်ချဲ့ထွင်ဖို့ မဟုတ်ဖူး ။ အင်းဝကို ရှမ်းတို့ အုပ်စိုးမိပါက တနိုင်ငံလုံးမှာ ရှိတဲ့ ဗုဒ္ဓဘာသာတို့ရဲ့ သာသနာတော်ကြီး မှေးမှိန်ပျက်စီးသွားနိုင်တယ် ဒါကြောင့် ရှမ်းတို့ မလွှမ်းမိုးနိုင်မှီ ငါကိုယ်တော် တိုက်ဖျက်ဖို့ ချီလာခြင်းဖြစ်တယ် ၊ အင်းဝ ပျက်စီးတာထက် ဘာသာ သာသနာပျက်စီးမယ့် အရေး ငါ သည်းမခံနိုင်လို့ ချီလာတာပဲ အမြင့်မင်း '' " မှန်ပါတယ် သီဟိုဠ်ကျွန်းတွင် ဒုဌဂါမဏိမင်းကြီး ကျင့်သုံးသကဲ့သို့ ယခုအရေးမှာလည်း ကျင့်သုံးသင့်ပါတယ်ဘုရား '' " ကဲ အင်းဝနေပြည်တော်ကို ရှမ်းတို့ အုပ်စိုးရင် ဖြစ်စေ ၊ သစ္စာဖောက် ပြည်ဘုရင်အုပ်စိုးရင် ဖြစ်စေ ငါကိုယ်တိုင် ဖြိုဖျက်သိမ်းပိုက်မယ်... သို့သော် အင်းဝဘုရင် ယောက္ဖတော် နရပတိသည်လည်း စစ်ကို လုံးလုံးရှုံးတယ်လို့ မဆိုသာသေးဘူး ၊ အုန်းပေါင်စော်ဘွားတပ်နဲ့ သူ့ရဲ့ အင်းဝတပ်တွေလည်း တစုတစည်းတည်း ဆင်ခေါင်း ဝက်ဝံ အရပ်မှာ တပ်ချထားဆဲ ဖြစ်တယ် ဒါကြောင့် ငါတို့ အင်းဝ သတင်းကို ခဏစောင့် နားစွင့်ပြီးမှ လုပ်သင့်တာကို လုပ်ကြဖို့ ဆုံးဖြတ်လိုက်ပြီ အမြင့်မင်း '' " သင့်တော်တဲ့ အကြံပါပဲ မင်းကြီး ''              မင်းကျီးညိုလည်း ခိုလှုံသူ အမြင့်မင်းတို့နဲ့ တွေ့ဆုံ မေးမြန်း ပြောဆိုပြီးနောက် ကေတုမတီ စစ်သူကြီးများကို ခေါ်ယူကာ အစည်းအဝေး ပြုလုပ်ပါတော့တယ် ။ " ကဲ..ငါတို့ ကေတုမတီဆီကို ခိုလှုံသူတွေ တိုးပွားလာတာ တိုင်းပြည်အတွက် အားတက်စရာပဲ ၊ ခိုလှုံသူတွေကို လိုအပ်တဲ့အရာတွေ ထောက်ပံ့ကူညီရမှာ ငါတို့ ဝတ္တရားပဲ မပေါ့ဆကြပါနဲ့.... ဒီထက် အရေးကြီးတာက သစ္စာရှိ ကေတုမတီသားတွေကိုလည်း ခိုလှုံသူတွေ ရမယ့် အခွင့်အရေးထက် မနိမ့်ကျစေမယ့် အထောက်အပံ့တွေ စီမံပေးကြပါ ဒါ သိပ်အရေးကြီးတယ် '' " မှန်ပါတယ် မင်းကြီး မိမိရဲ့ သေဖော်ရှင်ဘက် လက်အောက်ငယ်သားများအား စောင်မ ချီးမြှင့်ရသည်မှာ အကြီးအကဲကောင်းတို့ရဲ့ တာဝန်ပါဘုရား ၊ ခိုလှုံသူများအတွက်ရော သစ္စာရှိ ရဲမက် စစ်သည်များအတွက်ပါ လိုလေသေးမရှိ စီမံထောက်ပံ့ပါမယ် ဘုရား '' " အင်း ပညာရှိတွေ ကြိုတင် နမိတ်ဟောကြားသလို ငါတို့ ကေတုမတီကြီး ဘုန်းတန်ခိုးတောက်ဖို့ ဖြစ်လာနေရတဲ့ အခြေအနေပဲ... ဘုန်းကံကြီးစွာ မွေးဖွားလာတဲ့ ငါ့ သားတော် တပင်ရွှေထီး လက်ထက်မှာတော့ ဒီ အသီးအပွင့် တွေ့မြင်ရမှာပါ လေ '' " မှန်လှပါဘုရား ကေတုမတီဟာ ဘုန်းကံရှင်ကြောင့် မုချ တန်းခိုးအာဏာ ပြည့်စုံစွာနဲ့ အုပ်စိုးရမယ်လို့ အားလုံးက ယုံကြည်ကြပါတယ်ဘုရား ''
6 982
15
နိဒါန်း မှ နိဂုံးသို့..... ================         ယခု ပြောချင်တဲ့ ပြဿနာက  ဟိုတုန်းကလည်း မကြာခဏ တွေ့ခဲ့ဖူးပါတယ် ။ ကျနော်ရေးခဲ့ဖူးတဲ့ ပြုံယမ်းမှ နေပြည်တော် ၊ ဦးနေဝင်းရဲ့ နောက်ဆုံးနေ့များ..အကြောင်း ရေးသားရန် မူရင်းရေးသားသူ ဆရာမြင့်အောင်ကျော် ထံ ဆက်သွယ်ပြီး ပြန်လည်မွမ်းမံ ရေးသားလိုကြောင်း ခွင့်တောင်းပြီးမှ ဆရာ့ရဲ့ ခွင့်ပြုချက်နဲ့ ကျနော် ရေးခဲ့ပါတယ် ။              ဒါကိုလည်း ရေးသားခါနီ နိဒါန်း ပို့စ် အဖြစ် အကျိုးအကြောင်း ရှင်းပြပြီးမှ ရေးခဲ့တာပါပဲ ။ ပြုံယမ်းဆို နိုင်ငံတော် လှို့ဝှက်ချက်မဟုတ်ကြောင်း နိုင်ငံတကာ မီဒီယာတွေမှာ ဖော်ပြထားကြတာ ၁၀ နှစ်လောက်ကြာမှ ထပ်မံရေးသားခြင်း ဖြစ်ကြောင်းက အစပေါ့.....         နောက် သမိုင်းတွေ ရေးတော့လည်း ဒီလိုပါပဲ ။ ကျနော်က ဖတ်ရနားလည်လွယ်မယ့် အရေး အပြော နဲ့ ပြန်လည်ရေးပြပါတယ် ။ သမိုင်းစစ်စစ် အရမ်းဖတ်ချင်သူတွေ ဒေါက်တာသန်းထွန်း ဖတ်ကြည့်ပါ.. မညာတမ်းပြန်ဆန်းစစ် ဖတ်ပြီး ရာခိုင်နှုံး ဘယ်လောက် နားလည်သလဲဆိုတာ..           မှန်နန်းရာဇဝင်တော်ကြီး ၊ ဦးကုလားရဲ့ မဟာရာဇဝင်ကြီး ၊ ရာဇဝင်လတ် ၊ ရာဇဝင်ချုပ် ၊ လယ်တီပဏ္ဏိတ ဦးမောင်ကြီးရဲ့ တပင်ရွှေထီးဝတ္ထုတော်ကြီး ၊ ကထိက ဦးစိန်လွင်လေး ရဲ့ တပင်ရွှေထီး နဲ့ ဘုရင့်နောင် အစရှိတဲ့ သမိုင်းစာအုပ်တွေ များစွာ ရှိခဲ့ကြပါတယ် ။ မူရင်းတွေ ဖတ်ကြည့်ကြပါ ရင်ထဲ ရှင်းကနဲဖြစ်သွားအောင် သိကြပါသလား...?           ယခုရေးလက်စ သမိုင်းကို ဘာရည်ရွယ်ချက်နဲ့ ရေးသလဲဆိုတာ အပိုင်း ၁ နိဂုံးမှာ ရေးသားခဲ့ပြီး ဖြစ်ပါတယ် ။ သမိုင်းရေးပါတယ် ဆိုမှ.....ကိုယ်ပိုင် ဝမ်းစာ မဟုတ်ဘူး ရာဇဝင်ကျမ်းတွေကို ကူးယူထားတာဆိုပဲ 😂😂😂             ဟုတ်ကဲ့ပါ... သမိုင်းရေးခဲ့တဲ့ ဆရာ့ဆရာကြီးတွေအားလုံးက ကိုယ်တိုင်အတွေ့အကြုံနဲ့ချည်း ရေးခဲ့တာလို့ ယူဆနေဟန်ပါပဲ...          ရာဇာဓိရာဇာ ကျမ်း ရေးခဲ့တဲ့ ဒေါက်တာနိုင်ပန်းလှ....မူရင်းရေးသားတဲ့ မွန်ပညာရှိ ဗညားဒလ က အစ ဘယ်သူမှ ကိုယ်တွေ့ ရေးကြတာမဟုတ်ပါဘူး... ရှေ့အဆက်ဆက်က မှတ်တမ်းတွေကို ပြုစုပြီး ဖြည့်စွက် ရေးသားတာချည်းပါပဲ ။ ဒါက သမိုင်းစာပေရဲ့ သဘောသဘာဝပါပဲ ။         အဓိက ဖတ်ရ မှတ်ရမှာက ဖြစ်စဥ်မှန်ခဲ့ဖို့ .. ဖြစ်ပွားရာဒေသ မှန်ဖို့ ၊ ဖြစ်ပွားချိန် သက္ကရာဇ် မှန်ကန်ဖို့ အရေးကြီးတာပါပဲ ။ ချစ်ဦးညို ၊ နိုင်ဇော် တိုလို ဆရာတွေရဲ့ စိတ်ကူးယဥ် ဇာတ်ကောင်အားဖြည့် သမိုင်းဝတ္ထုတွေမှာတောင် အထက်က အချက်အလက်တွေ ပါဖို့ လိုအပ်ပါတယ် ။            ကျနော်ရေးနေတဲ့ သမိုင်းကိုလည်း ဒီအချက်တွေ ပြည့်စုံဖို့ အတတ်နိုင်ဆုံး အားထည့်ထားပါတယ် ။ သမိုင်းရေးနေတာကို ကိုယ်ပိုင်ဝမ်းစာ မရှိဘူးလို့ ဝေဖန်သူများ ၊ သမိုင်းက မပြီးသေးဘူး ခရက်ဒစ် မပါလို့ ဆိုပြီး ဝေဖန်သူများ နိဒါန်းကနေ နိဂုံးအထိ ဖတ်ပြီးမှ ဝေဖန်ကြပါဗျာ ။          ခရက်ဒစ် မှီငြမ်း အရမ်းကြည့်နေချင်ရင် ပြောထားပါ့မယ် ပုဂံခေတ်ကနေ မနေ့ကထိ သမိုင်းစာရေးခဲ့တဲ့ ဆရာတွေအားလုံး ခရက်ဒစ်ပါလို့ 😂😂          သမိုင်းကို ဖတ်သူနားထဲ လျှောကနဲ ရောက်သွားအောင် ကိုယ်တိုင် အားထုတ်ကြည့်ပါ... မျှဝေကြည့်ပါ...လွယ်သလား ခက်သလား သိလာပါလိမ့်မယ်ဗျာ....ဝေဖန်လို့ရပါတယ် အစအဆုံး ဖတ်ပြီးမှ.. ရေးသူရဲ့ ရည်ရွယ်ချက်ကို လေ့လာပြီးမှ ထောက်ပြဝေဖန်တာက အကျိုးပိုများပါလိမ့်မယ်...           ကိုရွှေမျိုးဝင်း
4 071
16
         နောက်တရက်မှာပဲ အင်းဝသို့ ပြည်ဘုရင် သတိုးမင်းစော ရောက်လာပါတယ် ။ သူရောက်လာတော့ မိုးညှင်းစလုံက ကတိအတိုင်း အင်းဝထီးနန်းကို လွှဲအပ်ပေးလိုက်ပါတယ် ။         မိုးညှင်းစလုံကတော့ သိမ်းလို့ ရသမျှ ထဲက ဆင်ကောင်း မြင်းကောင်း လက်နက်ကောင်း ရတနာကောင်းများကို အကုန်အစင် ယူပြီး ၃ ရက်အကြာမှာ မိုးညှင်းကို ပြန်ဆုတ်သွားပါတယ် ။ ဖမ်းဆီးထားတဲ့ အင်းဝပြည်သူတွေကိုလည်း ပြန်လွှတ်ပေးခဲ့ပါတယ် ။ ( ရက်စက်ကြမ်းကြုတ်တဲ့ မိုးညှင်းစလုံဟာ ကတိတည်ကြည်သော မင်းတပါးဖြစ်ကြောင်းကိုတော့ မှတ်တမ်းတင်ရပါလိမ့်မယ် )               သတိုးမင်းစောလည်း သူအလွန် လိုချင်သော အင်းဝ ရွှေနန်းတော်ကြီးကို လက်ဝယ်ရရှိပြီ ဖြစ်သော်လည်း မပျော်ရွှင်တော့ပါဘူး ။ အင်းဝရဲ့ မူလပိုင်ရှင် နရပတိက မနီးမဝေးရှိ ဆင်ခေါင်း ဝက်ဝံ အရပ်မှာ တပ်တွေနဲ့ အခိုင်အမာ အခြေပြုထားတယ် ။ သူနဲ့အတူ အုန်းပေါင်စော်ဘွားကလည်း သူ့တပ်တွေနဲ့ ရှိနေသေးတယ် ။        ယခု အင်းဝမှာ မိုးညှင်းတပ်တွေ လုံးဝ မရှိတော့ဘူး ။ ပြည်တပ်သားတွေ ရှိတော့တယ် ။ အကယ်၍ နရပတိ နဲ့ အုန်းပေါင်စော်ဘွားတပ်တွေက ယခုနေ လာတိုက်ရင် ငါ့ရဲ့ ပြည်တပ် တခုတည်းနဲ့ မခုခံနိုင်လောက်ဘူး လို့ တွေးဆပြီး ကြောက်နေပါတယ် ။            အဲလို တွေးပြီးတာနဲ့ အင်းဝကနေ ချက်ခြင်း ပြန်ရန် စီမံပါတော့တယ် ။ မိုးညှင်းစလုံ မလိုချင်လို့ ထားရစ်ခဲ့သော ဆင်ညံ့ မြင်းညံ့ လက်နက်ညံ့ ရတနာညံ့လေးများအား ရနိုင်သရွေ့ ကောက်သင်းကောက် သိမ်းဆည်းပါတယ် ။ သမီးတော် သီရိဘုန်းထွတ်ကိုလည်း သမီးအဖြစ် မွေးစားကာခေါ်ယူပါတယ် ။ နာမည်ကျော် ရှင်မဟာရဌသာရ ကိုလည်း ပြည်သို့ ပင့်ဆောင်ခဲ့ပါတော့တယ် ။                သတိုးမင်းစောရဲ့ အဖြစ်သည်ကား သမိုင်းဆိုးရေးထိုးခံရခြင်းသာ အဖတ်တင်ပါတယ် ။ အကျိုးအမြတ်ဟူ၍ ရှင်မဟာ ရဌသာရအား ပင့်ဆောင်နိုင်ခြင်း တချက်မျှသာ တွေ့ရပါတယ် ။        မိမိအမျိုးနွယ်အား သစ္စာဖောက်ခြင်း ၊ မိမိထက် နိမ့်ကျသော လူမျိုးခြား ဘာသာခြားအား သစ္စာခံခြင်း ဖြင့် သူတပါးဝါးထုတ်သော အကြွင်းအကျန် ကောက်စားရသည့် ဘဝထိ နိမ့်ကျပြီး အလိုချင်ဆုံးသော အင်းဝ အား လက်ဝယ်ရရှိခဲ့သည့်တိုင် ဆုပ်ကိုင်ထားခြင်းငှာ စွမ်းဆောင်ရည် မရှိသောကြောင့် လက်လွတ်ခဲ့ရခြင်းဖြင့် သမိုင်းဆိုးအထိုးခံရပါတော့တယ် ။            အင်းဝ ဝန်းကျင်မှာ လူကြီးတွေ သောကပေါင်းစုံနဲ့ အလုပ်ရှုပ်နေချိန်မှာ ကေတုမတီ နန်းတော် ဝန်းကျင်မှာလည်း ကလေးအချို့ သူ့အလုပ်နဲ့သူ အလုပ်ရှုပ်နေကြတာ တွေ့ရပြန်ပါတယ်....         မြင်းတအုပ်ရဲ့  ရှေ့ဆုံးက မျက်နှာပုပ်သိုးသိုး နဲ့ တယောက် ၊ သူ့ဘေးနားက ယှဥ်လျှက် ခပ်တည်တည် မျက်နှာပေးနဲ့တယောက် ၂ ယောက်သား သူတို့မကျေနပ်ချက်တွေကို အော်ကြီး ဟစ်ကျယ် ပြောနေကြလေရဲ့... " ကဲ နောင်တော် စဥ်းစားကြည့်လေ..တောင်ဘက်အရပ် မြင်းစီးထွက်တော့လည်း စီးကောင်းမလို့ ရှိသေး.. ရှေ့ဆက်သွားမရတော့ပါဘူး ဟံသာဝတီ ပိုင်နက်ပါတဲ့.... မြောက်ဘက် ထွက်စီးတော့လည်း ချွေးမထွက်သေးဘူး အင်းဝပိုင်နက်မို့ အန္တရာယ်များပါတယ် တဲ့... အရှေ့ဘက်စီးတော့ရော ဘာထူးလဲ တောင်ခြေနားထိ မသွားပါနဲ့ ရှမ်းတွေ ရှိပါတယ်တဲ့... အနောက်ဘက်ရော စီးရမလား မတွေးနဲ့  ပြည်ဘုရင် ပိုင်နက်မို့ပါဘုရား နဲ့ ကျုပိတို့ပိုင်တာ ဇီးရွက်လောက်ပဲ ရှိနေတာလေ '' " အမှန်ပဲ ညီတော် တပင်ရွှေထီး ငါ့ညီ ထီးနန်းတက်ရင်တော့ အနည်းဆုံး မြင်းတွေ ခြေကုန်လက်ပန်း ကျတဲ့ အထိ အားပါးတရ စီးနိုင်လောက်မယ့် နယ်နမိတ်တွေ တို့ သိမ်းပိုက်နိုင်ရမယ် ကွ '' " နောင်တော်ကြီးသာ ကျုပ်ကို လက်တွဲပြီး ကူညီမယ်ဆိုရင် မအောင်မြင်စရာ ဘာရှိမလဲဗျာ လုပ်ကြတာပေါ့ '' " အေး လောလောဆယ် ပြန်ကြအုံးစို့ ငါ့ညီရဲ့ ဖခမည်းတော် အင်းဝဆီ စစ်ချီသွားတာ ကြာပြီ ဘာသတင်းထူးမလဲ တို့ ပြန်ပြီး မေးမြန်းကြအုံးစို့ '' " ကဲ ဒါဆို ပြန်ကြစို့ နောင်တော်....''           ဒီလို စကားကြီး စကားကျယ်တွေကို မမောတမ်း ပြောဆို မြည်တွင်တောက်တီး ကြုံးဝါးနေတဲ့ လူ ၂ ယောက်ကို အသေချာ ကြည့်ပါက ဆယ်နှစ် မပြည့်တပြည့် ကလေး ၂ ဦး ဖြစ်နေတာကို တွေ့ရပါလိမ့်မယ် ။         သူတို့ ၂ ဦးကတော့ တပင်ရွှေထီး နဲ့ သျှင်ရဲထွဋ် ဆ်ိုတဲ့ မီးခဲ ၂ ခဲပါပဲ ။ တောက်မယ့် မီးခဲ တရဲရဲ ဆိုသလို ငယ်စဥ်က အပျင်းပြေ မြင်းစီးရင်း ပြောဆိုနေတဲ့ စကားတွေက သက်သေပြနေပါပြီ ။ သူတို့၂  ဦး အရမ်းသိချင်နေတဲ့ အင်းဝစစ်ချီ မင်းကျီးညိုတို့ရဲ့ အခြေအနေကတော့......         ကိုရွှေမျိုးဝင်း                                           
7 820
17
တပင်ရွှေထီး နဲ့ ဘုရင့်နောင် (5) ========================                နရပတိသည် ပထမဆုံး သူ၏ အမာခံ မဟာမိတ် အုန်းပေါင်စော်ဘွားထံ အကူညီတောင်းပါတယ် ။ အုန်းပေါင်စော်ဘွားကလည်း တိုက်ဆင် ၁၀၀ ၊ စစ်မြင်း ၆၀၀၀ စစ်သည် ၈၀၀၀၀ နဲ့အတူ စစ်ကူလာပါတယ် ။               အုန်းပေါင်စော်ဘွားရဲ့ တပ်တွေဟာ မြစ်ငယ်မြစ်အား ကူးသွားပြီး တောင်ဘီလူး မှ လယ်ကြီး ဒေသထိ တပ်ဖြန့်ကာ ခံစစ်ပြင်ဆင်ကြပါတယ် ။ အင်းဝတပ်မှူး သက်ရှည်ကျော်ထက် နှင့် နေမျိုးကျော်ထင်တို့ကတော့ တိုက်လှေ ၃၅၀ ပေါ်မှာ အမြှောက် သေနတ်များ တင်ပြီး စစ်သည် ၃၀၀၀၀ နဲ့ ကျောက်တလုံး အရပ်မှ ခံစစ်ပြင်ကြပါတယ် ။              အဲဒီပြင်ဆင်မှုတွေ  ပြီးနေချိန်မှာတော့ ဧရာဝတီမြစ်ရဲ့ အနောက်ခြမ်းရော အရှေ့ခြမ်းကပါ တိုက်ခိုက်ရသမျှတွေ စုပေါင်းထားတဲ့ မိုးညှင်းစလုံရဲ့ ရှမ်းတပ်တွေကတော့ တိုက်ဆင် ၂၀၀ ၊ စစ်မြင်း ၈၀၀၀ ၊ စစ်သည် ၁၅၀၀၀၀ နဲ့ အင်းဝဆီကို တရွေ့ရွေ့တိုးကပ်လာနေပါပြီ ။          အင်အားများပြားတဲ့ မိုးညှင်းစလုံဟာ တံတားဦးကနေ ကူးတို့ဆိပ်ခေါင်းကွဲ ကို ပတ်သွားကာ တပယ်ထောက်ရစ် အရပ်ထိ တပ်ဖြန့်ကာ ဝန်းရံထားလိုက်ပါတယ် ။ ဤသို့ဖြင့် မိုးညှင်စလုံရဲ့ တပ်နဲ့ အင်းဝ နှင့် အုန်းပေါက်စော်ဘွားပူးပေါင်းတပ်တို့ ကြည်းတပ်ခြင်း ရှေ့တည့်တည့်မှာ ထိပ်တိုက်တွေ့ကြပါပြီ ။           ကြည်းတပ် တိုက်ပွဲငယ်တွေမှာလည်း နိုင်ကြက်ဖြစ်နေတဲ့ အပြင် မိုးညှင်းစလုံ နဲ့ သူ့သား သိုဟန်ဘွားတို့ကိုယ်တိုင် ဒါးလွတ်ကိုင် ကြပ်မတ် တိုက်ခိုက်နေလို့ ​အင်းဝ နဲ့ အုန်းပေါင်တပ်တို့ တောက်လျှောက်ဆုတ်ခွာပေးကြရပါတယ် ။ နောက်ဆုံး အင်းဝရဲ့ အကောင်းဆုံးတပ် ခံစစ်ဖြစ်တဲ့ အင်းဝတောင်ဘက်နားက  တောင်ပလူမှာ သမိုင်းဝင် တိုက်ပွဲ ဆင်နွဲကြပါတယ် ။         တောင်ပလူအရပ်ရှိ   အင်းဝတပ်ကို ​စစ်သူကြီး ဘယကျော်သူ ဦးစီးပါတယ် ။ အင်းဝတပ်တွေထဲမှာ နာမည်ကြီးတပ်ပါပဲ ။ မိုးညှင်းစလုံဟာ အင်းဝရဲ့ အမာဆုံးတပ်ကို သူကိုယ်တိုင် ဦးစီးပြီး တိုက်ခိုက်ဖို့ စီမံပါတယ် ။            တပ်ခြင်းဆိုင်ထားကြတာ ၅ ရက် အကြာမှာ မိုးညှင်းတပ်တွေက ဒရကြမ်း ဝင်တိုက်ပါတယ် ။ မိုးညှင်းစလုံကိုယ်တိုင် ဆင်စီးပြီး ရဲရင့်စွာ တိုက်ခိုက်နေသလို သူ့သားတော် သော်ဟန်ဘွားကလည်း ဆင်တစီးနဲ့ ရင်ဘောင်တန်း တိုက်ခိုက်ပါတော့တယ် ။             ဘယကျော်သူလည်း ဆင်တော် ရဲမြတ်လှကို စီးနင်းပြီး ရဲဝင့်စွာ တိုက်ခိုက်ပါတယ် ။ ဆင်တော် ရဲမြတ်လှကလည်း မိုးညှင်းအိမ်ရှေ့စံ သိုဟန်ဘွားရဲ့ ဆင်ရှိရာသို့ ဒါဖွေးဖွေး လှံဖွေးဖွေးကြားထဲက ဝုန်းကနဲ ဆောင့်ဝင်သွားပါတယ် ။               ဘယကျော်သူလည်း ဆင်ထက်မှ ကျွမ်းကြင်စွာနဲ့ သိုဟန်ဘွားအား ဆင်စီးချင်းထိုး တိုက်ခိုက်ပါတယ် ။ သိုဟန်ဘွား အရေးနိမ့်ပြီး အသတ်ခံရခါနီးမှ ဘယကျော်သူဟာ ရန်သူရဲ့ သေနတ်ထိမှန်ပြီး ဆင်ဦးကင်းမှာပင် ကျဆုံး သွားခဲ့ရပါတယ် ။                 ခေါင်းဆောင် ကျသွားလို့ ကွပ်ကဲမှု အားနည်းသွားတဲ့ အင်းဝ တပ်တွေအပေါ် မိုးညှင်းစလုံက အခွင့်ယူပြီး ကြွေးကြော် တိုက်ခိုက်ပါတယ် ။ ရှမ်းတပ်တွေဟာ အားတက်သရော ဖြစ်ရုံမျှ မက ဒါးလွတ်ကိုင်ပြီး သူရဲဘောကြောင်သူ ရှမ်းစစ်သည်အချို့ကို ခုတ်ထစ် ပစ်ဒဏ်ပေး ကွပ်ကဲ လိုက်ရာ မည်သည့်ရှမ်းမျှ အပါးမခိုရဲပဲ ဝက်ခေါင်ထိုး စွတ်တိုက်ကြရာ အင်းဝ နဲ့ အုန်းပေါင်တပ်များ မခုခံနိုင်တော့ပါဘူး ။               ဒီတော့ အင်းဝ မြို့ရိုးထဲထိ အပြင်းအထန် ဆုတ်ခွာသွားရပါတော့တယ် ။ ဒါကြောင့်ပဲ မိုးညှင်းတပ်တွေဟာ အင်းဝမြို့ကို ဝန်းရံထားကြပါပြီ ။ အင်းဝဘုရင် နရပတိ နဲ့ အုန်းပေါင်စော်ဘွားတို့လည်း ဘာဆက်လုပ်မလဲဆိုတာကို တိုင်ပင်ကြပါတယ် ။          သူရဲဘောကြောင်ပြီး ကိုယ်ရည်ကိုယ်သွေး ညံ့ဖျင်းတဲ့ နရပတိဟာ ခုခံနေသော်လည်း အောင်မြင်ရန် အကြောင်းမရှိသောကြောင့် တိမ်းရှောင်မှ သင့်မယ်လို့ ဆုံးဖြတ်တဲ့ အတွက် အုန်းပေါင်စော်ဘွားလည်း လူပေါင်းမှားပြီး ပြေးဖို့ စီမံရပါတယ် ။             ညတွင်းခြင်းပဲ စုရုံးမိသမျှ စစ်သည်များနှင့် မိဖုရား မောင်းမ မိဿံများကို ခေါ်ကာ ဆင်ခေါင်း ဝက်ဝံ ဆိုတဲ့ အရပ်ကို ထွက်ပြေးကြပါတယ် ။ ထွက်ပြေးရာမှာ ဓမ္မာဒေဝီမိဖုရားကြီးမှ မွေးဖွားသော အသက် ၈ နှစ်အရွယ် သမီးတော် သီရိဘုန်းထွတ်သည်ကား သတ္တိခဲ ဖခင် နရပတိရဲ့ အလျှင်အမြန် ခွေးပြေးဝက်ပြေး ပြေးတဲ့အတွက် တဦးတည်း ကျန်နေရစ်ပါတော့တယ် ။               ဒီသတင်းက ကျောက်တလုံးကနေ ရေတပ်ဖွဲ့ပြီး ခုခံနေတဲ့ သက်ရှည်ကျော်ထင် ထံ ရောက်သွားပါတယ် ။ သက်ရှည်ကျော်ထင်လည်း အင်းဝ နေပြည်တော် ကျသွားပြီဆိုတဲ့ အတွက် ရေတပ်ကို ဖျက်ပြီး ကြည်းတပ်ဖွဲ့ကာ နရပတိ ခိုလှုံနေတဲ့ ဆင်ခေါင်း ဝက်ဝံ အရပ်ဆီ သွားရောက် ပူးပေါင်းပါတယ် ။            အင်းဝရေတပ် ဖျက်လိုက်တဲ့ အတွက် ပြည်ဘုရင်သတိုးမင်းစောရဲ့ ရေတပ်ဟာ အနှောက်အယှက်မရှိ အင်းဝသို့ ရေကြောင်းမှ ဆန်တက်လာနိုင်ပါပြီ ။          ညတွင်းခြင်း ထွက်ပြေးတဲ့ နရပတိရဲ့ အင်းဝကိုတော့ မိုးညှင်းစလုံက အသာအယာမြို့ထဲဝင်လာပြီး ထီးနန်းသိမ်းယူပါတော့တယ် ။ မပြေးနိုင်တဲ့ ဗမာတွေကို သုံ့ပန်းအဖြစ် ဖမ်းဆီးပါတယ် ။ ပြေးနိုင်သူတွေကတော့ အင်းဝကို ဖြေး​ဖြေးလေးလေး စစ်ချီလာနေတဲ့ မင်းကျီးညိုရှိရာသို့ ခိုလှုံကြရပါတယ် ။
7 665
18
               လက်သည်းဆိတ်ရင် လက်ထိပ်နာတတ်သော မင်းကောင်းမင်းမြတ် မင်းကျီးညိုရဲ့ ဆုံးဖြတ်ချက်အတိုင် ကေတုမတီသားတို့ စစ်ရေးအတွက် စုဆောင်း ပြင်ဆငိကြပါတယ် ။ လက်နက် ရိက္ခာ လူသူ ဆင်မြင်း အားလုံး စုစည်းနေချိန် တောင်ငူမြို့ အရှေ့ဘက်ရှိ ရှမ်းစစ်သည်များလည်း ဝင်ရောက် ပူးပေါင်းကြပါတယ် ။            မင်းကျီးညိုသည် အင်းဝသို့ ချီရန် ပြင်ဆင်ပြီးချိန်၌ ကေတုမတီအား တပင်ရွှေထီး နဲ့ အထိမ်တော် မင်းကြီးဆွေတို့အား ယာယီအုပ်ချုပ်ရန် တာဝန်ပေးလိုက်ပါတယ် ။               အင်းဝဘုရင် နရပတိကလည်း မိုးညှင်းစလုံ နဲ့ ပြည်ဘုရင် သတိုးမင်းစောတို့ ချီလာကြောင်း ကြားတာနဲ့ ခုခံစစ်အတွက် ပြင်ဆင်ပါတော့တယ် ။ သူ ပထမဆုံး လုပ်တာကတော့.......         ကိုရွှေမျိုးဝင်း            
6 688
19
             စစ်ချီလမ်းကြောင်းရှိ ဗမာများသည် အင်းဝသို့ ပြေးသူများ ရှိသလို ကေတုမတီသို့ ခိုလှုံလာသူများလည်း အများအပြား ဖြစ်နေပါတယ် ။ မင်းကျီးညိုတို့ကတော့ လက်သည်းဆိပ် လက်ထိပ်နာ ဆိုသလို မိုးညှင်းသတိုးရဲ့ ဘာသာ သာသနာဖျက် လုပ်ငန်းများ မြို့ရွာ ဖျက်ဆီး လုပ်ရပ်များအပေါ် လက်တုန့်ပြန်ရန် အရေးတကြီး စီမံကြပါတယ် ။               မိုးညှင်းကျူးကျော်မှုအရေး ဆွေးနွေးရန် မှူးမတ်အားလုံးနဲ့ မင်းကျီးညို တိုင်ပင်ပါတယ် ။ မင်းကျီးညိုက... " မိုးညှင်းစလုံရဲ့ တပ်တွေက မြေထဲ သရက်ကနေ ယခု မြစ်အရှေ့ဘက်ခြမ်းကူးလာပြီး မြို့ရွာတွေကိုဖျက်ဆီးနေတာ စိတ်ပျက်စရာ သတင်းပဲ ။ ဒီထက်ဆိုးတာက သတိုးမင်းစောက အတွင်းထရံ အပြင်ကာပြီး ရှမ်းဘက်က ရပ်တည် ကူညီနေတာ ရှက်စရာပဲ '' " မှန်ပါတယ် သတိုးမင်းစောဟာ အရိုင်းအစိုင်း သာသနာဖျက် ရှမ်းတွေနဲ့ ပူးပေါင်းပြီး အင်းဝကို အောင်နိုင်လျှင် သူ မင်းလုပ်ရမယ် ဆိုတဲ့ အပေးအယူနဲ့ တိုင်းပြည်ကို ဖျက်နေတဲ့ သစ္စာဖောက် ဖြစ်နေပါပြီ '' " အင်း..သတိုးမင်းစောဟာ မင်းမျိုး စဥ်ဆက် ဖြစ်ပါလျှက်နဲ့ မျိုးရိုးဇာတိဂုဏ် မထောက်ပဲ ရှမ်းတို့လက်အောက် ခိုဝင်တာ သိပ်ရှက်စရာကောင်းတယ် ၊ ပုဂံခေတ်တုန်းကလည်း ဘေးလောင်းတော် တရုပ်ပြေးမင်း လက်ထက်တုန်းက အရှေ့မြောက်အရပ်က တရုတ်ဖျက်လို့ ပြည်ပျက်ခဲ့ရသလို အခုလို နရပတိလက်ထက်မှာလည်း အရှေ့မြောက်က ရှမ်းဖျက်လို့ ပြည်ပျက်မယ့် အရေးကြုံနေရပြီ မဟုတ်လား ဘာသာ သာသနာ မှေးမှိန်ကွယ်ပျောက်မှာကို စိုးရိမ်စရာပဲ '' " သတိုးမင်းစောရဲ့ သတင်းကြားရတာကတော့ ရှက်စရာပါပဲ မဟာဆီသွေး မင်းမျိုးစစ်စစ်ဖြစ်ပါလျှက် သူပုန် ကို အလျှော့ပေးပေါင်းသင်းပြီး သူ့လက်အောက်ကနေ အာဏာထူထောင်ချင်တာ သိမ်ဖျင်းလွန်းလှပါတယ် ဘုရား '' " အင်းးးမင်းကြီးဆွေ ပြောတာ အမှန်ပဲ သူပုန်မှီပြီး မိမိဂုဏ် ချွန်အောင် လုပ်နေတာ သိမ်ငယ်စရာပါပဲ ၊ ကဲ မိုးညှင်းတပ်တွေ တို့ ကေတုမတီဆီ ချီလာနိုင်မလား သိချင်တယ် '' " လတ်တလော ကေတုမတီသို့ မဝင်ရဲလောက်ပါဘူး ဝင်လာပါကလည်း ခြင်္သေ့ဂူထဲ ဝင်လာတဲ့ ခွေးပမာ ဘဝပျက်ဖို့သာ ရှိပါတယ် ''            စစ်သူကြီး စည်သူကျော်ထင် ရဲ့ အားရဖွယ် လျှောက်တင်ချက်အပြီး မင်းကြီးဆွေက ဆက်လက်၍.... " စစ်သူကြီးပြောတာ အမှန်ပါပဲ ကေတုမတီကို ကျူးကျော်လာပါက နန်းမြို့အနီး မဆိုထားနဲ့ ရိုးမ မကျော်ခင် စလုံ နဲ့ တကွ ရှမ်းတွေကို ကျနော်မျိုးတို့ ချေမှုံးပြနိုင်ပါတယ် ဘုရား '' " အင်း စစ်သူကြီး နဲ့ သားတော်ရဲ့ အထိမ်းတော်ကြီးတို့ စကားကြားရတာ အားရတယ် ကဲ စည်သူကျော်ထင် အနေနဲ့ ဘယ်လို ကြိုတင် စီမံဖို့ စိတ်ကူးထားသလဲ ပြောကြည့်ပါအုံး '' " ရှမ်းတပ်တွေဟာ မြေဒူး ဒီပဲယင်း တိုက်ပွဲတွေကနေ နိုင်ထားတဲ့ အတွက် ရဲသွေးတက်ချိန်ဖြစ်နေပါတယ် ။ အင်းဝကတော့ စစ်ရှုံးထားလို့ စိတ်ဓာတ်ကျနေချိန်ဖြစ်ပါတယ် ။ စစ်တို့ရဲ့ သဘောအရ နိုင်မြဲလူသည် ဆက်တိုက်နိုင်တတ်ပြီး ရှုံးသူသည်လည်း ဆက်တိုက်ရှုံးနိမ့်တတ်တဲ့ သဘောရှိပါတယ် ။ ဒါကြောင့် အင်းဝဟာ ရှမ်းတပ်ကို ရှုံးဖို့ များနေပါပြီ ။ အင်းဝကိုသာ ရှမ်းတပ်တို့ သိမ်းမိပါက မြန်မာပြည်တခွငိလုံး ပျက်ဆီးရပါလိမ့်မယ် ထို့ကြောင့် အင်းဝအား ရှမ်းတို့ မသိမ်းမှီ ကျနော်တို့ ကေတုမတီမှ လက်ဦးအောင် သိမ်းပိုက်သင့်ကြောင်း အကြံပေးပါတယ် ''         မင်းကြီးဆွေကလည်း... " စည်သူကျော်ထင်ရဲ့ လျှောက်တင်ချက်က သင့်လျှော်ပါတယ် ၊ အင်းဝကို ကြိုတင် သိမ်းပိုက်ခြင်းဖြင့် ဗုဒ္ဓဘာသာအား ကာကွယ်ရာရောက်ပါတယ် ၊ ဗမာလူမျိုးနဲ့ နိုင်ငံတော်အဝှမ်းကို ကာကွယ်ရာ ရောက်ပါသဖြင့် အလျှင်အမြန် သိမ်းပိုက်သင့်ကြောင်း တိုက်တွန်းချင်ပါတယ်ဘုရား ''            စည်သူကျော်ထင်က ထပ်မံ၍ ကျနော်မျိုးတပ်များနဲ့ တောင်ငူ မှ အင်းဝ ကြားထဲက မြို့ရွာများအား ရှမ်းတပ်၏ အရိပ်အကဲ ကြည့်၍ အလျှင်အမြန် သိမ်းသင့်က အလျှင်အမြန် ၊ ဖြေးဖြေးမှန်မှန် သိမ်းသင့်သည့်အရပ် ဖြေးဖြေးမှန်မှန် တိုက်ခိုက် သိမ်းသွင်းပါမည်... အရေးကြီးတာက အင်းဝကို ဝန်းရံချိန်မှာတော့ အရှင်မင်းကြီး ကိုယ်တိုင် ချီတက်ဝန်းရံဖို့ လိုပါမည် '' " စည်သူကျော်ထင်ရဲ့ အကြံကား အမှန်လုပ်သင့်ပါတယ် သို့သော် ၊ပြည်ဘုရင် နဲ့ စလုံတို့ အင်းဝကို အောင်မြင်ရင် ပြည်ဘုရင်ကို နန်းအပ်၍ စလုံ မိုးညှင်းကို ပြန်မယ်လို့ သဘောတူထားကြပါတယ် ။  အကယ်လို့ ပြည်ဘုရင်ကို နန်းအပ်ပြီး စလုံပြန်သွားချိန်မှာ ကျနော်မျိုးတို့ ပြည်ဘုရင်လက်ထဲမှ အင်းဝကို ပြန်သိမ်းပိုက်ပါက ပြည်မြို့ကို အထူးတလည် မတိုက်ရပဲ အလွယ်တကူ ရနိုင်တာကိုလည်း ချင့်ချိန်သင့်ပါတယ် '' " သင်တို့ ၂ ဦး ပြောသော အကြံများကား ကောင်းမွန်လှပါတယ် ။ အင်းဝသည်ကား ယခုနှစ် အတွင်း မပျက်နိုင်သေးကြောင်း ဆရာတော်ဘုရားက တွက်ချက်ထားပြီး ဖြစ်တယ် ။ ၈၈၈ ခုနှစ်မှ အင်းဝပျက်လိမ့်မယ် ။ ဒါကြောင့် ငါတို့ လောစရာမလိုဘူး စစ်အင်အားကိုသာ အကောင်းဆုံး စုစည်းတည်ဆောက်ကြပါ ။ ငါတို့အင်အား စုစည်းပြီးတာနဲ့ ငါကိုယ်တိုင် အင်းဝသို့ ရှေ့ဆုံးက ချီတက်ကြပါစို့ ''
6 761
20
တပင်ရွှေထီး နဲ့ ဘုရင့်နောင် (4) ========================         အင်းဝရှိ စစ်သူကြီးတွေက အားအင်ချိနဲ့နေကြပါပြီ ။ နရပတိ လက်ထက်မှာ ရွှေတောင်နော်ရထာ ရဲ့ နန်းတွင်းပုန်ကန်မှု ၊ -  ၈၆၇ ခုနှစ်မှာ ငတုံးတာ နဲ့ ငပြည့်ဝ တို့ ပုန်ကန်လို့ မင်းကျီးညိုနဲ့ တိုက်ပွဲဖြစ်ရ ၊ -  ၈၆၈ မှာ မိုးညှင်းစလုံ ဒီပဲယင်း တိုက်ပွဲ ၊ -  ၈၆၉ တွင် ပုခန်းကြီး ပုန်ကန်မှု ၊ - ၈၇၀ တွင် ပြည်ဘုရင် သတိုးမင်းစော၏ မကွေးမြို့ကျူးကျော်စစ် ၊ -  ၈၇၃ တွင် မိုးညှင်းစလုံရဲ့ အုန်းဘောင်ကျေး ဗန်းမော် ကျူးကျော်မှု ၊ -  ၈၇၅ တွင် စကုမြို့စား၏ ပုန်ကန်မှု ၊ -  ၈၇၇ တွင် ပြည်ဘုရင်၏ သားတော် သိင်္ဃသူ ပုန်ပန်မှု ၊ -  ၈၇၉ တွင် မိုးညှင်းစလုံ ကျူးကျော်မှု ၊ -  ၈၈၃ တွင် ကလေးစော်ဘွား ပုန်ကန်၍ အိမ်ရှေ့မင်းကိုယ်တိုင် သိမ်းသွင်းခဲ့ရမှု....              တို့နဲ့ ဝရချီးလည်နေရတဲ့ အတွက် အင်းဝ စစ်သည်တို့ဟာ ပင်ပန်းကြီးစွာ ဖြစ်နေကြရပါတယ် ။           ထိုအချိန်က အင်းဝဘုရင် အတွက် အင်အားကြီးရန်သူ အဖြစ် ကေတုမတီ မင်းကျီးညို ၊ ပြည်ဘုရင် သတိုးမင်းစော နဲ့ မိုးညှင်းစလုံ တို့ ၃ ဦး ရှိပါတယ် ။ ထို ၃ ဦး အနက် မိုးညှင်းစလုံသည်ကား ခေါင်းအမာဆုံး လောဘအကြီး ဒုက္ခအပေးဆုံး ဖြစ်ပါတော့တယ် ။        သက္ကရာဇ် ၈၈၅ ခုနှစ်မှာ ရှမ်းအရှေ့မြောက်မှ ဆင်းလာတဲ့ မိုးညှင်းစလုံရဲ့ စစ်ဦးဟာ အင်းဝ ခံစစ်ကို အလွယ်တကူ ရိုက်ချိုးပြီး ​မြေဒူးအထိ ရောက်လာပါတယ် ။ မြေဒူးမှ တဆင့် ရွှေဘိုခရိုင် သရိုင် အင်းတဲ အရပ်ထိ မိုးညှင်းစလုံတို့ စစ်ကျွံလာနိုင်ပါတယ် ။         မိုးကျလာပြီ ဖြစ်လို့ မိုးညှင်းစလုံ ရဲ့ တပ်တွေဟာ မြေဒူးမြို့မှာ မိုးခိုရင်း အင်အားဖြည့်တင်းကြပါတယ် ။ ဒီလိုနဲ့ မိုးအကုန် ၈၈၆ ခုနှစ်အရောက် ရှမ်းတပ်တွေ ဒရကြမ်းအင်းဝဆီသ်ို့ ဦးတည်ကာ စစ်ထိုးကြပါတယ် ။             အင်းဝ တပ်တွေဟာ ကြက်ရှုံးဖြစ်နေပြီး ရှမ်းတပ်လာပြီ ဆိုတာနဲ့ ခုခံဖို့ အသာထား ဖနောင့်နဲ့တင်ပါး တသားတည်းကျအောင် ပြေးဖို့သာ အားထုတ်နေကြပါတော့တယ် ။ အဲသလို အနေအထားကြောင့် မိုးညှင်းတပ်တွေက စစ်ကိုင်းအထိ အလွယ်တကူ ရောက်လာပါတယ် ။              နရပတိဘုရင်ဟာ သတ္တိမရှိသော ဘုရင်ဖြစ်သောကြောင့် ရှမ်းတပ်များအား ထွက်တိုက်ရန် မစီမံပဲ အင်းဝ မြို့တံခါးအား အလုံပိတ်နေတဲ့ အလုပ်သာ သူစွမ်းပါတော့တယ် ။           မြန်မာဗုဒ္ဓဘာသာတို့၏ အသဲနှလုံး စစ်ကိုင်းမြို့ရှိ ကျောင်း ကန် ဘုရား ဇရပ် တန်ဆောင်း မကျန် ရှမ်းတို့ရဲ့ ရက်ရက်စက်စက် ဖျက်ဆီးခြင်းကို အလူအလဲ ခံကြရပါတယ် ။ စစ်ကိုင်းတမြို့လုံး မီးလောင်တိုက်သွင်း ဖျက်ဆီးပြီးနောက် မိုးညှင်းစလုံဟာ အင်းဝဘုရင်ရဲ့ ကိုယ့်ကိုယ်ကို ခြံခတ် အုတ်ရိုးတွင်း ပုန်းနေခြင်းအား အရေးမစိုက်တော့ပါဘူး ။            ဧရာဝတီမြစ် အနောက်ဘက် တကြောရှိ အကာအကွယ် မဲ့နေသော ​ဗမာမြို့ရွာများကို စိတ်တိုင်းကျ လုယက် တိုက်ခိုက်ပါတော့တယ် ။ တာဝန်မဲ့သော မင်း၏ အုပ်ချုပ်ခံပြည်သူများရဲ့ ဘဝသည်ကား ပျက်ဆီးခြင်းဖြင့်သာ နိဂုံးချုပ်ကြရပါတော့တယ် ။              ရှမ်းတပ်တွေဟာ သရက်မြို့မှာ စစ်ရပ်နားကြပြီး ပြည်မြို့ကို သိမ်းပိုက်ရန် အားယူနေကြပြန်ပါပြီ ။ အင်းဝဘုရင်ရဲ့ ဆွေမျိုးအရင်းကြီး ဖြစ်တဲ့ ပြည်ဘုရင်ခံ၏ စိတ်ထားကလည်း အံ့သြဖွယ် ကောင်းလောက်အောင် ညံ့ဖျင်းလှပါတယ် ။             ပြည်ဘုရင် သတိုးမင်းစောဟာ မိမိတို့ ဘာသာ သာသနာကို ဖျက်ဆီးနေတဲ့ မိုးညှင်းစလုံအား ခုခံတိုက်ဖျက်ရန် အားထုတ်ရမည့်အစား ဇာတိမာနိ ကင်းမဲ့စွာနဲ့ မိုးညှင်းစလုံထံ လက်ဆောင်ပဏ္ဏာ ဆက်သရင်း လူမျိုးနဲ့ ဘာသာ သာသနာအပေါ် သစ္စာဖောက်တဲ့ အလုပ် လုပ်ပါတော့တယ် ။               အင်းဝကို မိုးညှင်းစလုံနဲ့ ပူးပေါင်းတိုက်ပေးပါ့မယ် ။ အင်းဝကို အောင်မြင်လျှင် ကျွနုပ်အား ထီးနန်းတင်ပေးပါလို့ မရှက်မကြောက် တောင်းဆိုပါတော့တယ် ။ မိုးညှင်းစလုံကလည်း ရှင်း၏... " စစ်အောင်နိုင်ရေးအတွက်သာ ကူညီပါ အင်းဝကို ရလျှင် ကျွနုပ်က ဆင်ကောင်း မြင်းကောင်းများကိုသာယူ၍ မိုးညှင်းကို ပြန်ပါမည် အင်းဝကိုတော့ မိတ်ဆွေပဲ အုပ်ချုပ်ပါ .. ယခုအခါ မိုးညှင်းတပ်များအား ဧရာဝတီမြစ် အရှေ့ဘက်ကမ်းသို့ အမြန်ရောက်အောင် သင်ကူညီပါ ''         ဒီလိုနဲ့ အာဏာမက်မောသူ အမျိုးသားသစ္စာဖောက် သတိုးမင်းစောဟာ မိုးညှင်းတပ်တွေကို ဧရာဝတီမြစ် အရှေ့ဘက်ခြမ်းသို့ ကူးစေပြီး ဗမာမြို့ရွာများအား ဖျက်ဆီး လုယက်ရာတွင် ကူညီဆောင်ရွက်ပါတော့တယ် ။         မိုးညှင်းစလုံလည်း ဧရာဝတီမြစ် အရှေ့ဘက်ခြမ်းရှိ တောင်တွင်းကြီး နဲ့ အင်းဝကြားရှိ မြို့ရွာများအား လုယက်ဖျက်ဆီးရင်း အင်းဝသို့ တရွေ့ရွေ့ချီတက်ပါတော့တယ် ။ ပြည်ဘုရင် သတိုးမင်းစောကတော့ လူမျိုးခြား ဘာသာခြား မိုးညှင်းတပ်တွေ ကုန်းလမ်းက စစ်ချီစေသလို သူကလည်း တိုက်လှေ ၃၀၀ ၊ လှော်ကားသံ​လှေ ၁၀၀ ၊ ရိက္ခာတင်လှေ ၁၀၀ စစ်သည် အင်အား ၄၀၀၀၀ ပါ ရေတပ်ဖြင့်  အင်းဝသို့ စစ်ချီပါတော့တယ် ။
6 605