The Standard Time Digital
Відкрити в Telegram
The Standard Time Daily News and its Website cover Myanmar and World's News to the local readers across Myanmar since April 1, 2013.
Показати більшеКраїна не вказанаКатегорія не вказана
274
Підписники
-124 години
+47 днів
+2530 день
Архів дописів
◾️တန့်ယန်း၌မြေပြို၊ အမျိုးသမီးတစ်ဦးမြေထိန်းနံရံပိသေဆုံး
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ တန့်ယန်းမြို့နယ်ရှိ ရပ်ကွက်(၆) တွင် မိုးသည်းထန်စွာရွာ သွန်းခြင်းကြောင့်မြေပြိုမှုဖြစ်ပွားပြီး အမျိုးသမီးတစ်ဦးသေဆုံးကြောင်း တန့်ယန်းအရန်မီးသတ်စခန်းထံမှသိရသည်။
ယနေ့(ဇွန် ၈ ရက်) နံနက် ၇ နာရီ ၃၀ မိနစ်တွင် ရပ်ကွက်(၆)၊ အုပ်စု(၅)ရှိ နေအိမ်အနီးတွင် မြေပြိုမှု ဖြစ်ပွားရာ နေအိမ်၏ဝဲဘက်အခန်းပေါ်သို့မြေများပြိုကျပြီး အိပ်ခန်းအတွင်းအိပ်ပျော်နေသည့် အမျိုးသမီးပေါ်သို့ပိမီပြီးသေဆုံးခြင်းဖြစ်ကြောင်းသိရသည်။
"သူတို့ရဲအနောက်မှာ ၁၅ ပေလောက်မြင့်တဲ့မြေထိန်းနံရံတစ်ခုရှိတယ်။ သူတို့ အိမ်ကအဲဒီမြေထိန်းနံရံ ထက်နိမ့်တယ်။ မြေထိန်နံရံအောက်ကမြေပြိုတော့ နံရံလည်းပြိုကျပြီး အမျိုးသမီးအခန်းပေါ်ကိုကျပြီး အခန်းပါပြိုတော့ သူ့ကိုပိပြီးသေဆုံးတာပါ " ဟု တန့်ယန်းအရန်မီးသတ်စခန်းမှတာဝန်ရှိသူတစ်ဦးက ပြောသည်။
သေဆုံးသူမှာ အသက်(၄၉) နှစ်အရွယ်ရှိပြီဖြစ်ပြီး ၎င်း၏ရုပ်အလောင်းအား တန့်ယန်းအရန်မီးသတ်စခန်းမှ တန့်ယန်းမြို့နယ်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။
သတင်း - ပိုင်လေး
ဓာတ်ပုံ - MFSD
◾️ဟန်ဆုန်ဆော့ခ်ကို ဝန်ကြီးချုပ်သစ်အဖြစ်သမ္မတလီဂျေးမြောင် အမည်စာရင်းတင်သွင်း
တောင်ကိုရီးယားသမ္မတလီဂျေးမြောင်သည်အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများဆိုင်ရာဝန်ကြီး ဟန်ဆုန်ဆော့ခ်ကို ဝန်ကြီးချုပ်သစ်အဖြစ်အမည်စာရင်းတင်သွင်းထားကြောင်း တောင်ကိုရီးယားသမ္မတရုံးက ဇွန် ၇ရက်တွင် သတင်းထုတ်ပြန်ထားသည်။
အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများဆိုင်ရာဝန်ကြီးဟန်ဆုန်ဆော့ခ်အား တောင်ကိုရီးယား ဝန်ကြီးချုပ်သစ်အဖြစ် သမ္မတလီဂျေးမြောင်က အမည်စာရင်းပေးသွင်းထားရာ တောင်ကိုရီးယား အမျိုးသားလွှတ်တော်က အတည်ပြုပေးရမည်ဖြစ်သည်။
တောင်ကိုရီးယား အမျိုးသားလွှတ်တော်၏ ဝန်ကြီးချုပ်သစ်အဖြစ်အတည်ပြုချက်ရရှိခဲ့ပါက ဟန်ဆုန်ဆော့ခ်သည် တောင်ကိုရီးယားနိုင်ငံအတွက်နှစ်ပေါင်း ၂၀ တာကာလအတွင်း ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ် ဖြစ်လာလိမ့်မည်ဖြစ်သည်။
လွှတ်တော်၏ အတည်ပြုချက် ရရှိချိန်တွင် ဟန်ဆုန်ဆော့ခ်သည် လီဂျေးမြောင်အစိုးရအဖွဲ့၏ ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ် ဖြစ်လာလိမ့်မည်ဖြစ်သလိုတောင်ကိုရီးယားနိုင်ငံ၏ ဒုတိယမြောက် အမျိုးသမီးဝန်ကြီးချုပ်အဖြစ်လည်း ရပ်တည်ခွင့်ရမည်ဖြစ်သည်။
တောင်ကိုရီးယားနိုင်ငံ၏ ပထမဆုံးအမျိုးသမီးဝန်ကြီးချုပ်မှာ ဟန်မြောင်ဆော့ခ်ဖြစ်ပြီး ၂၀၀၆ ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိ ဝန်ကြီးချုပ်ရာထူး ရယူခဲ့ဖူးသည်။
ကိုးကား-ရိုက်တာ
◾️ရုရှားနှင့် ယူကရိန်း စစ်သုံ့ပန်းချင်း အပြန်အလှန်ဖလှယ်မှု ပြုလုပ်
ရုရှားနိုင်ငံနှင့် ယူကရိန်းနိုင်ငံတို့သည်စစ်သုံ့ပန်းချင်း အပြန်အလှန်ဖလှယ်မှု တစ်ရပ်ပြုလုပ်ခဲ့ရာ နှစ်ဖက်စလုံးက စစ်သုံ့ပန်း ၁၈၅ ဦးစီ ပြန်လွှတ်ပေးခဲ့ကြောင်း နှစ်နိုင်ငံတာဝန်ရှိသူများကဇွန် ၆ ရက်တွင် အတည်ပြုသတင်းထုတ်ပြန်ထားသည်။
အဆိုပါ စစ်သုံ့ပန်းချင်း အပြန်အလှန်ဖလှယ်မှုကို ဇွန် ၅ ရက်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီးရုရှားနိုင်ငံမှ ပြန်လည်လွတ်မြောက်လာသောစစ်သုံ့ပန်းများထဲတွင် ၂၀၂၂ ခုနှစ်နောက်ပိုင်းရုရှားတပ်များက ဖမ်းဆီးခဲ့သူ အများစု ပါဝင်လာကြောင်း ယူကရိန်းသမ္မတ ဇီလန်စကီးက ၎င်း၏လူမှုမီဒီယာစာမျက်နှာပေါ်တွင် ရေးသားထားသည်။
ဇွန် ၅ ရက် စစ်သုံ့ပန်းချင်း အပြန်အလှန်ဖလှယ်မှုတွင် ရုရှားနိုင်ငံက အရပ်သား တစ်ဦးကိုလည်း ပြန်လွှတ်ပေးခဲ့ကြောင်း ယူကရိန်းသမ္မတဇီလန်စကီးက ထုတ်ဖော်ပြောကြားထားသည်။
ဇွန် ၅ ရက် စစ်သုံ့ပန်းချင်း အပြန်အလှန်ဖလှယ်မှုသည် ယခုနှစ် မေလအစောပိုင်းတွင် ရယူခဲ့သော သုံးရက်ကြာ အပစ်အခတ်ရပ်စဲရေး အစီအစဉ်အရ ရုရှားနှင့် ယူကရိန်းတို့ ပြုလုပ်ခဲ့သည့်ဒုတိယမြောက် စစ်သုံ့ပန်းချင်း အပြန်အလှန်ဖလှယ်မှုဖြစ်သည်။
ရုရှားနှင့် ယူကရိန်းတို့သည် အမေရိကန်ပြည်ထောင်စု၏ ကြားဝင်မှုဖြင့် ယခုနှစ် မေလအစောပိုင်းတွင် အော်သိုဒေါ့ ခရစ်ယာန်ဘာသာဝင်များ၏ ခရစ္စမတ်ပွဲတော်ကာလအတွက်သုံးရက်ကြာ အပစ်အခတ်ရပ်စဲရေး ရယူခဲ့သည်။
အထက်ပါ သဘောတူညီချက်အရစစ်သုံ့ပန်း ၁၀၀၀ စီကို ပြန်လွှတ်ပေးရန် ရုရှားနှင့်ယူကရိန်းတို့က စီစဉ်ထားသည်။
ကိုးကား-ရိုက်တာ
◾️အီရန် ထပ်မံပစ်လွှတ်လိုက်သည့် ဒုံးကျည်ဒုတိယလှိုင်းကို တားဆီးနေကြောင်း အစ္စရေးပြော
ယနေ့နံနက်တွင် အီရန်က ထပ်မံပစ်လွှတ်လိုက်သော ဒုံးကျည်လှိုင်းသစ်ကို ကြားဖြတ်တားဆီးရန် လုပ်ဆောင်နေကြောင်း အစ္စရေးကပြောကြားသည်။
ယင်းမတိုင်မီက နာရီပိုင်းကလည်း တီဟီရန်က အစ္စရေးကို ဒုံးကျည်များဖြင့် တိုက်ခိုက်ခဲ့သည်။
အီရန်က ဒုံးကျည်များ ထပ်မံပစ်လွှတ်လိုက်သည်ကို ဖော်ထုတ်ထားကြောင်းနှင့် ခြိမ်းခြောက်မှုကို တားဆီးရန် လုပ်ဆောင်နေကြောင်း အစ္စရေးစစ်တပ်က တယ်လီဂရမ်ပေါ်တွင် ရေးသားပြီး အကာအကွယ်ယူကြရန် ပြည်သူလူထုကို တိုက်တွန်းထားသည်။
ယနေ့ နံနက်ပိုင်းတွင် ဂျေရုဆလင်မြို့၌ ပေါက်ကွဲမှု အနည်းဆုံးရှစ်ကြိမ်ကို အေအက်ဖ်ပီသတင်းသတင်းထောက်များက ကြားသိခဲ့ကြပြီး ဒေသခံများက
ခိုလှုံရာနေရာများသို့ သုတ်သီးသုတ်ပြာ သွားရောက်နေကြစဉ် ကြားဖြတ်ပစ်ချမှု အနည်းဆုံးတစ်ကြိမ်ကိုလည်း ၎င်းတို့က မြင်တွေ့ခဲ့ကြသည်။
ထိခိုက်ဒဏ်ရာရသော သတင်းမကြားရကြောင်း အစ္စရေးအရေးပေါ်ဝန်ဆောင်မှု ပေးသူ မာဂန်ဒေးဗစ်အဒွန် က ပြောကြားသည်။
စောစောပိုင်းတွင် အီရန်အနောက်ပိုင်းနှင့် အလယ်ပိုင်းမှ စစ်ရေးပစ်မှတ်များကို အစ္စရေးကတိုက်ခိုက်ခဲ့ပြီး ယင်းသို့တိုက်ခိုက်မှုများ မလုပ်ရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု အား ပြောကြားခဲ့သည်ဆိုသော သတင်းများ ထွက်နေစဉ် အဆိုပါ တိုက်ခိုက်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း ရိုက်တာသတင်းက ဖော်ပြသည်။
အစ္စရေးနှင့်အီရန်ကြား ဖြစ်ပေါ်လာသော တိုက်ခိုက်မှုအသစ်များသည် တီဟီရန်နှင့် ၎င်းတို့အစိုးရကြားက ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို ထိခိုက်မှုမရှိကြောင်း ဒေါ်နယ်ထရန့်က ပြောကြားပြီး အစ္စရေးဝန်ကြီးချုပ်က စစ်ပွဲကို စီမံနေသူ မဟုတ်ကြောင်းလည်း ပြောကြားသည်။
ဒေါ်နယ်ထရန့်က ဟန့်တားမှုများရှိနေသည့်ကြားမှ လက်ဘနွန်နိုင်ငံမြို့တော် ဘေရွတ်ကို အစ္စရေးက ယမန်နေ့တွင် တိုက်ခိုက်ခဲ့ခြင်းကို လက်တုံ့ပြန်၍ အီရန်က ယနေ့နံနက် စောစောပိုင်းတွင် အစ္စရေးအား ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။
အီရန်၏ စစ်ရေးပစ်မှတ်များကို တိုက်ခိုက်ခဲ့သည်ဟု နာရီအနည်းငယ်အကြာတွင် အစ္စရေးစစ်ဘက်က ပြောသည်။
လေကြောင်းမှပစ်လွှတ်သော ပဲ့ထိန်းဒုံးကျည်များဖြင့် အစ္စရေးက တိုက်ခိုက်ခဲ့သည်ဟု အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ က ပြောသည်။
သတင်း-ရဲမင်း
ကိုးကား-Reuters
◾️အမေရိကန်၌ အပြန်အလှန်ပစ်ခတ်မှုများကြောင့် အနည်းဆုံး ၁၂ ဦး ဒဏ်ရာရ
အမေရိကန်ပြည်ထောင်စုအိုဟိုင်းအိုးပြည်နယ် တိုလီဒိုမြို့၌ဇွန် ၆ ရက်က သေနတ်သမားနှစ်ဦးအကြား အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၂ ဦးဒဏ်ရာများ ရရှိခဲ့ကြောင်း တိုလီဒိုရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ဇွန် ၆ ရက် သေနတ်ပစ်ခတ်မှုအတွင်း ဒဏ်ရာရရှိခဲ့သူများအနက်နှစ်ဦးမှာ အခြေအနေစိုးရိမ်ရကြောင်းရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်၌ဖော်ပြထားသည်။သေနတ် ပစ်ခတ်မှုအတွင်းဒဏ်ရာရရှိခဲ့သူများမှာ အသက်အရွယ်အားဖြင့် (၁၄)နှစ်နှင့် (၆၁)နှစ်အကြား ရှိသူများဖြစ်ကြကြောင်းရဲတပ်ဖွဲ့တာဝန်ရှိသူများက ပြောကြားသည်။
အဆိုပါ သေနတ်ပစ်ခတ်မှုသည် လူပေါင်းများစွာ ပါဝင်တက်ရောက်နေကြသော တိုလီဒိုမြို့ အစဉ်
အလာပွဲတော်တစ်ခု၌ ဖြစ်ပွားခဲ့ရခြင်းဖြစ်သည်။
အခင်း ဖြစ်ပွားပြီးနောက်အပြန်အလှန်ပစ်ခတ်မှု ကျူးလွန်သူနှစ်ဦးမှာ ထွက်ပြေးတိမ်းရှောင်လျက်ရှိ
ရာ ၎င်းတို့ကို ဖမ်းဆီးရေးအတွက်ရဲတပ်ဖွဲ့က ကြိုးပမ်းနေကြောင်း သိရသည်။
တိုလီဒိုမြို့ သေနတ်ပစ်ခတ်မှုသည် ယခုနှစ်အတွင်း အမေရိကန်ပြည်ထောင်စု၌ ဖြစ်ပွားခဲ့သော
(၁၇၁)ကြိမ်မြောက် အစုအပြုံလိုက်သေနတ်ပစ်ခတ်မှုဖြစ်သည်။
အမေရိကန်ပြည်ထောင်စုသေနတ်ပစ်ခတ်အကြမ်းဖက်မှု စောင့်ကြည့်ရေးဝက်ဘ်ဆိုက်သည် အနည်း
ဆုံး လူလေးဦးအထိ ဒဏ်ရာရရှိခဲ့သော သေနတ်ပစ်ခတ်မှုများကို အစုအပြုံလိုက် သေနတ်ပစ်ခတ် တိုက်ခိုက်မှုအဖြစ် သတ်မှတ်ထားကြောင်း သိရသည်။
ကိုးကား-ရိုက်တာ
◾️တရုတ်သမ္မတရှီကျင်ပင်း၏ တရားဝင်ခရီးစဉ်မတိုင်မီနျူလက်နက်နိုင်ငံအဆင့် မြောက်ကိုရီးယား ထပ်လောင်းအတည်ပြု
မြောက်ကိုရီးယား နိုင်ငံအနေဖြင့် နျူကလီးယားလက်နက်ပိုင်ရှင်နိုင်ငံအဖြစ် ရပ်တည်မှုအဆင့်ကို မည်သည့်အခါတွင်မျှ စွန့်လွှတ်မည်မဟုတ်ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် ကေစီအင်န်အေ သတင်းဌာနက ဇွန် ၇ ရက်တွင် သတင်း ထုတ်ပြန်ထားသည်။
နျူကလီးယား လက်နက်ပိုင်ရှင် နိုင်ငံအဖြစ် ရပ်တည် နိုင်မှုအဆင့်ကို မိမိတို့အနေဖြင့်မည်သည့်အခါတွင်မျှ လက်ခံမည်မဟုတ်သလို နျူကလီးယားလက်နက်များစွန့်လွှတ်ပေးရန် ခြိမ်းခြောက်မှုများကိုလည်း သည်းခံနေလိမ့်မည်မဟုတ်ကြောင်းမြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်း၏ ညီမကင်ယိုဂျောင်က ထုတ်ဖော်ပြောကြားထားသည်။
တရုတ်သမ္မတ ရှီကျင်ပင်း၏ ပြုံယမ်းခရီးစဉ်မတိုင်မီ တစ်ရက်အလို တွင်မြောက်ကိုရီးယားနိုင်ငံက ၎င်း၏ နျူကလီးယားလက်နက်ပိုင်ရှင် နိုင်ငံအဆင့်ကိုထပ်လောင်းအတည်ပြုခဲ့ခြင်းဖြစ်သည်။
တရုတ်သမ္မတရှီကျင်ပင်းသည် ပေကျင်းမြို့တော်၌ အမေရိကန်သမ္မတဒေါ်နယ်ထရန့်၊ ရုရှားသမ္မ တပူတင်တို့နှင့် ထိပ်သီးဆွေးနွေးပွဲများ ဆက်တိုက်ကျင်းပခဲ့ပြီး နောက် ဇွန် ၈ ရက်တွင် မြောက်ကိုရီးယားသို့ သွားရောက်ရန် စီစဉ်ထားသည်။
အဆိုပါခရီးစဉ်သည် တရုတ်သမ္မတရှီကျင်ပင်းအတွက် ခုနစ်နှစ်တာနီးပါးကာလအတွင်း ပထမဆုံး မြောက်ကိုရီးယားခရီးစဉ်ဖြစ်သည်။ပြီးခဲ့သည့်လအတွင်း ပေကျင်းမြို့တော်၌ ကျင်းပခဲ့သော ထိပ်သီး ဆွေးနွေးပွဲ၌ တရုတ်သမ္မတ ရှီကျင်ပင်းနှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်တို့ကမြောက်ကိုရီးယားနိုင်ငံ နျူကလီးယားလက်နက်ကင်းစင်ရေး ရည်မှန်းချက်အားထပ်လောင်းအတည်ပြုခဲ့သည်ဟူသော ပြောကြားချက်များမှာ မှန်ကန်မှု မရှိကြောင်း ကင်ယိုဂျောင်က ထုတ်ဖော်ပြောကြားထားသည်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း ကြေညာထားသကဲ့သို့ပင်မြောက်ကိုရီးယား နိုင်ငံ၏ နျူကလီးယားလက်နက်ပိုင်ရှင် နိုင်ငံအဆင့်အတန်းမှာပြောင်းလဲ၍ မရသော အရာဖြစ်ကြောင်း ကင်ယို ဂျောင်က ပြောကြားထားသည်။
ယခု သီတင်းပတ်အစောပိုင်းတွင်လည်း မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်းသည် နျူ ကလီးယား လောင်စာထုတ်လုပ်ရေး စက်ရုံတစ်ရုံကို ဖွင့်လှစ်ခဲ့ပြီး နျူကလီးယားလက်နက်အင်အားတိုးချဲ့ရန် တိုက်တွန်းထားသည်။
သတင်း-ဗျည်းနွဲ့
ကိုးကား-ရိုက်တာ
◾️ဖိလစ်ပိုင်တွင် ၇ ဒသမ ၈ အဆင့်ရှိ အင်အားပြင်းငလျင်လှုပ်၊ အနည်းဆုံး လူသုံးဦးသေဆုံး
ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းတွင် ပြင်းအား ရစ်ခ်ျတာစကေး ၇ ဒသမ ၈ အဆင့်ရှိ အင်အားပြင်းငလျင်တစ်ခု လှုပ်ခတ်ခဲ့ရာ အနည်းဆုံး လူသုံးဦး သေဆုံးပြီး ငါးဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က အတည်ပြုပြောကြားသည်။
ထို့ပြင် အဆိုပါ အင်အားပြင်းငလျင်ကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသည့် အဆောက်အအုံပေါင်း ၃၇ လုံးခန့် ရှိနိုင်ကြောင်း ခန့်မှန်းထားပြီး ၎င်းတို့အနက် အများစုမှာ စီးပွားရေးဆိုင်ရာ အဆောက်အအုံများနှင့် ဆိုင်ခန်းများဖြစ်ကြောင်း သိရသည်။
ငလျင်လှုပ်ခတ်ပြီးနောက် ဆူနာမီလှိုင်းများ ဆက်လက်ဖြစ်ပေါ်နေဆဲဖြစ်သဖြင့် ဆူနာမီသတိပေးချက်ကို ဆက်လက် ထုတ်ပြန်ထားဆဲဖြစ်ကြောင်း ဖိလစ်ပိုင်အာဏာပိုင်များက ပြောသည်။
"ကျွန်တော်တို့ရဲ့ တိုင်းတာရေးစက်တွေမှာ ဆူနာမီလှိုင်းတွေကို ဆက်လက်မှတ်တမ်းတင်မိနေသလို ပင်လယ်ရေမျက်နှာပြင် မတည်ငြိမ်မှုတွေကိုလည်း တွေ့ရှိနေရတာကြောင့် ဆူနာမီသတိပေးချက်ကို လောလောဆယ် ရုပ်သိမ်းဦးမှာ မဟုတ်ပါဘူး" ဟု ဖိလစ်ပိုင် မီးတောင်နှင့် ငလျင်ဗေဒသုတေသနအဖွဲ့မှ သုတေသနပညာရှင် ဝင်းချဲလ် အီယန်ဆဗီလာက ပြည်တွင်းသတင်းဌာနတစ်ခုဖြစ်သည့် ONE News သို့ ပြောကြားခဲ့သည်။
ထို့ပြင် ၎င်းက လက်ရှိဖြစ်ပေါ်နေသော ဆူနာမီလှိုင်းများသည် အမြင့်စင်တီမီတာအနည်းငယ်ခန့်သာ ရှိကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။
ယနေ့နံနက်ပိုင်းက ဖိလစ်ပိုင်နိုင်ငံ၏ ပင်မတောင်ပိုင်းကျွန်းဖြစ်သော မင်ဒါနာအိုကျွန်းအလွန်တွင် ပြင်းအား ရစ်ခ်ျတာစကေး ၇ဒသမ၈ အဆင့်ရှိ အင်အားပြင်းငလျင်တစ်ခု လှုပ်ခတ်သွားခဲ့ရာ အဆောက်အအုံများ ပြိုကျပျက်စီးခဲ့ပြီး အချို့နိုင်ငံများတွင် ဆူနာမီသတိပေးချက်များ ထုတ်ပြန်ခဲ့ရသည်။
အင်အားပြင်းငလျင်၏ တုန်ခါမှုကို ဗဟိုချက်မှ ကီလို မီတာ ၂၀၀ နီးပါး ကွာဝေးသော ဒါဗာအိုမြို့တော်အထိ ပြင်းထန်စွာ ခံစားခဲ့ရသည်။
"အဆောက်အအုံ တချို့ ပြိုကျပျက်စီးသွားပါတယ်၊ ဒါပေမဲ့ လက်ရှိမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေ အလုပ်ရှုပ်နေတာကြောင့် အဆောက်အအုံ အရေအတွက် ဘယ်လောက်ရှိမယ်ဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး" ဟု ဂျန်နရယ်ဆန်းတိုးစ်မြို့ ရဲတပ်ဖွဲ့မှ တပ်ကြပ်ကြီး ရောဘတ်ဒါဂွန်က ပြောသည်။
သတင်း-လင်းခေတ်
ကိုးကား-BBC
◾️အမြန်လမ်းတွင် ယာဉ်ခြောက်စီး ဆင့် တိုက်မိမှုဖြစ်ပွား၊ ကိုးဦး ဒဏ်ရာရ
နေပြည်တော် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် express ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ Guard Rail တန်းဝင်ရောက်တိုက်မိပြီး ကန့်လန့်ဖြတ်အနေအထားဖြင့် ရပ်တန့်သွားရာမှ ယာဉ်ခြောက်စီးဆင့်တိုက်မိမှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။
နေပြည်တော်၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးမိုင်တိုင်အမှတ် -၂၂၁/၇ အနီးတွင် ကောင်းမြတ်မန်း express ယာဉ်သည်မောင်းနှင်လာစဉ် အရှိန်မထိန်းနိုင်ဘဲ Guard Rail တန်းအား ဝင်ရောက်တိုက်မိပြီးကန့်လန့်ဖြတ်အနေအထားဖြင့် အမြန်လမ်းကြီးပေါ်တွင် ရပ်တန့်သွားစဉ် အမြန်ယာဉ်ကြောတွင် ရပ်တန့်ထားသော Toyota Alphard (အဖြူရောင်)၊ အနှေးယာဉ်ကြောတွင် ရပ်တန့်ထားသော Toyota Harrier (အဖြူရောင်)ယာဉ်နှင့် Isuzu အမျိုးအစား(အဖြူရောင်) ယာဉ် စုစုပေါင်းယာဉ်သုံးစီးတို့ကို လားရာတူနောက်မှ မောင်းနှင်လာသော သိန်းသန်းကုဋေ express ယာဉ်နှင့် ဇေယျာမြိုင်ကြီး express ယာဉ်တို့က ထပ်ဆင့်တိုက်မိပြီး ယာဉ်ခြောက်စီးဆင့်တိုက်မိမှုဖြစ်ပွားခဲ့သည်။
အခင်းဖြစ်ပွားရာသို့ ပန်းတင်အမြန်လမ်းမီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေ ကယ်ဆယ် ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့သည်။
အဆိုပါယာဉ်ခြောက်စီးဆင့် တိုက်မိမှုကြောင့် ဇေယျာမြိုင်ကြီး expressယာဉ်မှ ခရီးသည် ကျားသုံးဦးနှင့် မငါးဦး ထိခိုက်ဒဏ်ရာရ (မစိုးရိမ်ရ)နှင့်သိန်းသန်းကုဋေ express ယာဉ်မှ မတစ်ဦး ထိခိုက်ဒဏ်ရာရ (မစိုးရိမ်ရ)တို့အားရဲတပ်ဖွဲ့ပိုင်ယာဉ် နှင့် သုခဒါနလူမှုကူညီရေးအသင်းမှ ယာဉ်တို့ဖြင့် နေပြည်တော်ခုတင် (၁၀၀၀)သို့ ကူညီပို့ဆောင်ပေးခဲ့သည်။
ကောင်းမြတ်မန်း express ယာဉ်၊ Toyota Alphard (အဖြူရောင်) ယာဉ်၊Toyota Harrier (အဖြူရောင်) ယာဉ်နှင့် Isကဖက (အဖြူရောင်)ယာဉ် လေးစီးတို့မှခရီးသည်များ ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရသည်။
သတင်း-နိုင်ဝင်းစိုး
ဓာတ်ပုံ-MFSD
◾️ရန်ကုန်မြစ်ကူး ခရီးသည်တင်သမ္ဗန်များအတွက် အသက်ကယ်အင်္ကျီ (၅၀၀)လှူဒါန်း
ရန်ကုန်မြစ်အတွင်း ပြေးဆွဲနေသည့် ခရီးသည်တင်စက်လှေ (သမ္ဗန်)များ စီးနင်း၍ ရန်ကုန်-ဒလနှင့် ရန်ကုန်-ဆိပ်ကြီးခနောင်တို လမ်းကြောင်းများသို့ ကူးလူးသွားလာကြသည့် ပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက် အသက်ကယ်အင်္ကျီ (Lifejacket) အထည်(၅၀၀)ပေးအပ်လှူဒါန်းသည့် အခမ်းအနားကို ဇွန် ၆ ရက် နံနက်ပိုင်းက ကျောက်တံတားမြို့နယ်ရှိ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် (ရုံးချုပ်) ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊စွမ်းအင်၊ စက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဒေါက်တာမျိုးသော်တက်ရောက်၍ အဖွင့်အမှာစကားပြောကြားပြီး အသက် ကယ်အင်္ကျီများကိုစက်လှေဆိပ်တာဝန်ခံများထံ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ထို့ပြင် ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဦးဆောင်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဆိပ်ကမ်းလုပ်ငန်းရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ဝန်ကြီးဒေါက်တာမျိုးသော်က ရန်ကုန်-ဒလ မြစ်ကူးတံတားကြီး တည်ဆောက်ပြီးစီး ခဲ့သော်လည်း လိုအပ်ချက်များအရ ပြည်သူများကသမ္ဗန်များကို ဆက်လက်အသုံးပြုသွားလာနေကြရ ဆဲဖြစ်ကြောင်း၊ သမ္ဗန်များတွင် လက်ရှိအသုံးပြုနေသည့် အသက်ကယ်အင်္ကျီများမှာ ဟောင်းနွမ်းပျက်စီးနေသဖြင့် ခရီးသည်များ ဝတ်ဆင်လိုခြင်းမရှိဘဲ မတော်တဆမှုများ ကြုံတွေ့ရသည့်အခါ အသက်ဆုံးရှုံးမှုများအထိ ရှိနေရကြောင်း ပြောကြားခဲ့သည်။
ထို့ကြောင့် အလှူရှင်များ စုပေါင်း၍ ယခုကဲ့သို့ လှူဒါန်းရခြင်းဖြစ်ပြီးရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေ ဖြင့်လည်း ထပ်မံလိုအပ်မည့်အသက်ကယ်အင်္ကျီများကိုဆက်လက်စီစဉ်လှူဒါန်းပေးသွားမည်ဖြစ်ကြောင်းနှင့် လှူဒါန်းထားသည့် ပစ္စည်းများကို ထိရောက်စွာ အသုံးပြုနိုင်ရေး အလေးထား ကြပ်မတ်ပေးရန် တိုက်တွန်းပြောကြားသည်။
ဆက်လက်၍မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ဦးဆောင်ညွှန်ကြားရေးမှူးကလှူဒါန်းရခြင်းအကြောင်းရင်းကိုလည်းကောင်း၊ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က မြစ်ရေလမ်းကြောင်း အတွင်းလိုက်နာရမည့် စည်းကမ်းချက်များနှင့် ဘေးအန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်ရမည့် အချက်များကိုလည်းကောင်း ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
၎င်းနောက် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဒေါက်တာမျိုးသော် နှင့် တာဝန်ရှိသူများက သမ္ဗန်ဆိပ်ရှစ်ခုမှ တာဝန်ခံများထံသို့အသက်ကယ်အင်္ကျီ ၄၀၀ ကို ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ထို့နောက် ဝန်ကြီးနှင့်အဖွဲ့သည် ကျန်းမာရေးဆိပ်ကမ်းတံတားမှ တစ်ဆင့်ရေယာဉ်များဖြင့် ဆိပ်ကြီး ခနောင်တိုမြို့သို့ သွားရောက်ကာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ မြို့မိ မြို့ဖများနှင့် တွေ့ဆုံပြီး ကျန်ရှိသည့် သမ္ဗန်ဆိပ်သုံးခုအတွက်အသက်ကယ်အင်္ကျီ ၁၀၀ ထည်ကို ထပ်မံ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
သတင်း-ဇော်ကိုထက်
ဓာတ်ပုံ- yangon region government
◾️စက်လှေတိမ်းမှောက်မှု၌ ပျောက်ဆုံးသူ သုံးဦးအနက် နှစ်ဦး၏ရုပ်အလောင်းတွေ့
ဒလသို့ကူးသည့် စက်လှေတိမ်းမှောက်မှုတွင် ပျောက်ဆုံးသူ သုံးဦးအနက် နှစ်ဦး၏ ရုပ်အလောင်း တွေ့ရှိပြီဖြစ်ကြောင်း လင်းလက်လူမှုကူညီရေးအသင်းကဆိုသည်။
စက်လှေတိမ်းမှောက်မှုမှာ မေ ၂၈ ရက် ည ၇နာရီ ၃၀ မိနစ်ခန့်တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စက်လှေပေါ်ပါရှိသူ ၁၂ ဦး အနက် သုံးဦးပျောက်ဆုံးနေခြင်းဖြစ်သည်။
ထို့နောက် မေ ၃၀ ရက်မနက် ၈နာရီ ၃၀ မိနစ်တွင် ပျောက်ဆုံးသူနှစ်ဦး၏ ရုပ်အလောင်းအားတွေ့ရှိခဲ့ခြင်းဖြစ်သည်။
“နှစ်ယောက်ပြန်တွေ့ပါတယ်။ အမျိုးသားနှစ်ဦးရဲ့ ရုပ်အလောင်းကို ပန်းဆိုးတန်း နန်းသီတာဆိပ်ကမ်း နဲ့ ဗိုလ်တထောင်ဆိပ်ကမ်းတို့မှတစ်ဆင့် လင်းလက်လူမှုကူညီရေးအသင်း နဲ့အတူ ကရုဏာရှင်လူမှုကူညီရေးအသင်း(ဒလမြို့)၊ဘိုကလေးဈေးလူမှုကူညီရေးအသင်း၊ ရှင်သန်ရေးလူမှုကူညီရေးအသင်းတို့ ပူးပေါင်းပြီး ရန်ကုန်ဆေးရုံကြီးကိုပို့ဆောင်ပေးခဲ့ပါတယ် ”ဟု အဆိုပါအသင်း၏ တာဝန်ရှိသူက စံတော်ချိန်ဒစ်ဂျစ်တယ်သို့ပြောသည်။
အသက်ကယ်အင်္ကျီများကိုလည်း လုံလောက်စွာမထားရှိခြင်း၊စနစ်တကျအသုံးပြုခြင်းမရှိသည့်အတွက် ယခုကဲ့သို့ မကြာခဏ တိမ်းမှောက်ခြင်းမျိုးရှိနေခြင်းဖြစ်ကြောင်း၊ သမ္ဗာန်မောင်းနှင်သူများနှင့် စီးနင်းသူများ အနေဖြင့်အသက်ကယ်အင်္ကျီဝတ်ဆင်ပြီး ရေလမ်းအသုံးပြုရန်လိုကြောင်း လင်းလက် လူမှုကူညီရေးအသင်းက အကြံပြုပြောဆိုသည်။
သတင်း-အင်ကြင်း
ဓာတ်ပုံ-လင်းလက်လူမှုကူညီရေးအသင်း
Вже доступно! Дослідження Telegram за 2025 — головні інсайти року 
