fa
Feedback
The Standard Time Digital

The Standard Time Digital

رفتن به کانال در Telegram

The Standard Time Daily News and its Website cover Myanmar and World's News to the local readers across Myanmar since April 1, 2013.

نمایش بیشتر
کشور مشخص نشده استدسته بندی مشخص نشده است
274
مشترکین
+124 ساعت
+67 روز
+2530 روز
آرشیو پست ها
◾️ဗူဗူဇီလာဟွန်းများကို ကမ္ဘာ့ဖလားမှ ဖီဖာပိတ်ပင် အမေရိကန်၊ ကနေဒါနှင့် မက္ကဆီကိုနိုင်ငံများတွင် ကျင်းပမည့် ၂၀၂၆ ကမ္ဘာ့ဖလားပွဲစဉ်များတွင် ကွင်းထဲသို့ ဗူဗူဇီလာဟွန်းများ ယူဆောင်လာခွင့်ကို ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် ဖီဖာက ပိတ်ပင်လိုက်သည်။ ပလတ်စတစ်ဖြင့် ပြုလုပ်ထားသော ဗူဗူဇီလာဟွန်းများသည် တောင်အာဖရိက ဘောလုံးပွဲများတွင် အမြဲတမ်းမြင်တွေ့ရသော အရာဖြစ်ပြီး ၂၀၁၀ တောင်အာဖရိက ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ကမ္ဘာ့ဖလားပရိတ်သတ်များကြား ရေပန်းစားခဲ့သည်။ သို့သော်လည်း ယင်းပစ္စည်းများသည် တစ်သံတည်းထွက်နေပြီး ပျားအုပ်တစ်အုပ်ကဲ့သို့ ဆူညံသံကြောင့် ဝေဖန်မှုများလည်း ရှိသည်။ ဗူဗူဇီလာများနှင့်အတူ ခရာများ၊ လေဖိအားသုံးဟွန်းများ နှင့် အခြား အသံအလွန်ကျယ်လောင်သော ပစ္စည်းများကို ကမ္ဘာ့ဖလားဘောလုံးပွဲများ ကျင်းပမည့် ကွင်း ၁၆ ကွင်းစလုံး၌ ပိတ်ပင်ထားကြောင်း ဖီဖာ၏ ဘောလုံးကွင်းစည်းကမ်းများတွင် ပါရှိသည်။ လေဆာ‌ရောင်ခြည်များ၊ ‌လေဆာမီးတန်းများနှင့် အလားတူ ထုတ်လွှတ်သည့် ပစ္စည်းကိရိယာများကိုလည်း ကမ္ဘာ့ဖလားတွင် ပိတ်ပင်ထားသည်။ ဖီဖာ၏ ပိတ်ပင်ထားသော ပစ္စည်းများစာရင်းနှင့်အပြုအမူများ စာရင်းက ဆက်လက်ဖော်ပြမှုတွင် ခန္တာကိုယ်တွင် ဆေးရောင်ခြည်ထားခြင်းနှင့် ဆေးမင်ကြောင်များကို အဝတ်အစားအဖြစ် မသတ်မှတ်ခြင်း၊ ခန္ဓာကိုယ်အတွင်းပိုင်းများကို ဖော်ပြရန် အဝတ်အစားများ ဆုတ်ဖြဲခြင်း၊ လှစ်ဟပြခြင်း၊ ချွတ်ပစ်ခြင်းတို့ကိုလည်း ပိတ်ပင်ထားသည်။ ထို့ပြင် လုံခြုံ‌ရေးစိုးရိမ်မှုများကြောင့် ပြန်လည်အသုံးပြုနိုင်သော ရေဗူးများကို ကွင်းအတွင်း ယူဆောင်ခြင်းကိုလည်း ဖီဖာက ပိတ်ပင်ထားသည်။ စည်းကမ်းချိုး‌ဖောက်သူများအား ကွင်းအတွင်း ဝင်ရောက်ခွင့်မပေးခြင်း၊ ကွင်းထဲမှ ဖယ်ရှားခြင်းများ ပြုလုပ်နိုင်ကြောင်း ဖီဖာ၏စည်းကမ်းများတွင် ပါရှိသည်။ ပါဝင်ယှဉ်ပြိုင်သည့် အသင်းပေါင်း ၄၈ သင်းအထိ တိုးချဲ့ထားသည့် ၂၀၂၆ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကို အမေရိကန်၊ ကနေဒါနှင့် မက္ကဆီကိုတို့က ပူးတွဲအိမ်ရှင်အဖြစ် တာဝန်ယူကာ ဇွန်လ ၁၁ ရက်မှ ဇူလိုင် ၁၉ ရက် အထိ ကျင်းပမည်ဖြစ်သည်။ ဇွန် ၁၁ ရက်တွင် မက္ကဆီကို က တောင်အာဖရိကနှင့် ကစားကာ ဘောလုံးပြိုင်ပွဲကို စတင်ဖွင့်လှစ်မည်ဖြစ်သည်။ သတင်း-ရဲမင်း ကိုးကား-Reuters

ဒါ့အပြင် တောင်အမေရိကတောင်ပိုင်း၊ အမေရိကန်နိုင်ငံတောင်ပိုင်း၊ အာဖရိကဦးချိုဒေသနှင့် အာရှ အလယ်ပိုင်းစတာတွေမှာ မိုးရွာသွန်းမှုပိုများစေခဲ့ပြီး အမေရိကအလယ်ပိုင်း၊ ဩစတြေးလျ၊ အင်ဒိုနီးရှား နဲ့တောင်အာရှဒေသအချို့မှာ မိုးခေါင်မှုတွေဖြစ်ပေါ်စေခဲ့တယ်လို့လည်း WMO ရဲ့အချက်အလက်တွေအရ သိရပါတယ်။ အားပြင်းတဲ့အယ်လ်နီညိုဟာ ကမ္ဘာ့ရာသီဥတုအပေါ် ပူနွေးသောသက်ရောက်မှုဖြစ်စေတာကြောင့် ပစိဖိတ်သမုဒ္ဒရာ အလယ်ပိုင်း၊ အရှေ့ပိုင်းတို့မှာ အင်အားပြင်းဟာရီကိန်းမုန်တိုင်းများဖြစ်ပေါ်စေနိုင် တယ်လို့လည်း ကမ္ဘာ့မိုးလေဝသအဖွဲ့ (WMO)ကအသိပေးထားပါတယ်။ သတင်း - အင်ကြင်း

◾️အင်အားပြင်းအယ်လ်နီညိုဖြစ်ခဲ့ရင် မြန်မာအပေါ် ဘယ်လိုသက်ရောက်နိုင်သလဲ ဒီနှစ်အတွင်းမှာ အင်အားအလယ်အလတ်ကနေ အင်အားပြင်းအယ်လ်နီညိုဖြစ်ပေါ်နိုင်တယ်လို့ ကမ္ဘာ့မိုးလေဝသအဖွဲ့တစ်ခုဖြစ်တဲ့ World Meterological Organization (WMO) ခန့်မှန်းထား ပါတယ်။ အယ်လ်နီညိုဖြစ်စဉ်ဟာ ပစိဖိတ်သမုဒ္ဒရာမှာဖြစ်ပေါ်တဲ့ဖြစ်စဉ်ဖြစ်‌ပေမယ့် မိုးရွာသွန်းမှုမူမမှန်ခြင်း၊ နေ့အပူချိန်မြင့်မားခြင်း၊ မုန်တိုင်းဖြစ်ပေါ်မှုများမူမမှန်ခြင်း၊ မိုးခေါင်ရေရှားခြင်းစတဲ့အစွန်းရောက် မိုးလေဝသဖြစ်စဉ်တွေကိုဖြစ်ပေါ်စေတဲ့သက်ရောက်မှုလည်းရှိပါတယ်။ အချိန်ကာလအားဖြင့်‌ ၂ နှစ်မှ ၇ နှစ်တစ်ကြိမ်ဖြစ်ပေါ်လေ့ရှိပြီး ကိုးလကနေ ၁၂ လအထိ ကြာမြင့်နိုင် တယ်လို့ပညာရှင်တွေကဆိုပါတယ်။ ကမ္ဘာ့ဒေသအများစု‌မှာတော့ပုံမှန်ထက် အပူချိန်မြင့်တာတွေဖြစ်နိုင် သလို အင်အားပြင်းအယ်လ်နီညိုဖြစ်ခဲ့ရင် မိုးခေါင်မှု၊ မိုးကြီးမှုတွေပိုမိုဆိုးရွားလာနိုင်ပြီး ကုန်းမြေနဲ့ ပင်လယ်ပြင်မှာ အပူလှိုင်းတွေဖြစ်နိုင်တယ်လို့လည်း WMO ကအသိပေးထားပါတယ်။ မိုးလေဝသစောင့်ကြည့်လေ့လာသူဦးဝင်းနိုင်က အယ်လ်နီညိုနဲ့ပတ်သက်ပြီး အားကောင်းတဲ့အဆင့် ရောက်ရှိချိန်ကို အခုလိုခန့်မှန်းထားပါတယ်။ "အခုအယ်လ်နီညိုကတော့ဖြစ်တယ်။ နိုင်ငံတကာရဲ့ဒီရာသီဥတုစောင့်ကြည့်နေတဲ့ NOAA ရှိတယ်။ နောက် APCC ဆိုတာရှိတယ်။ အဲဒီကနေထုတ်ပြန်ထားတာရှိတယ်။ သူတို့စောင့်ကြည့်နေတဲ့ အနေ အထားပေါ့။ El Niño Watch ဆိုတဲ့အဆင့်ကိုရောက်နေပြီ။ အယ်လ်နီညိုဖြစ်နေပြီ။ အယ်လ်နီညို စောင့်ကြည့်နေတဲ့အချိန်မှာဖြစ်ပါတယ်။ အားကောင်းလာနိုင်တဲ့အခြေနေက ကျွန်တော်တို့ ဩဂုတ်၊ စက်တင်ဘာ၊ အောက်တိုဘာ အဲဒီလောက်ကျမှအားကောင်းလာနိုင်တယ်။ အားအလွန်ကောင်းတဲ့ ကျွန်တော်တို့အခုပြောနေတဲ့ စူပါအယ်လ်နီညိုဆိုပြီးတော့ အားအလွန်ကောင်းတဲ့အဆင့်ဖြစ်နိုင်ချေ ကတော့ ခုလောလောဆယ် ၃၀ ရာခိုင်နှုန်းနဲ့ ၆၀ ရာခိုင်နှုန်းကြားလောက်မှာ ဖြစ်နိုင်ပါတယ်။ အဲဒါက အခုလာမယ့် ၂၀၂၆ ဆောင်းရာသီအတွင်းမှာဖြစ်မှာပါ" လို့ဆိုပါတယ်။ လတ်တလောအခြေအနေအရ Teleconnection လို့ခေါ်တဲ့ တာဝေးဆက်နွယ်မှုရှိနေပေမယ့် မြန်မာနိုင်ငံ အပေါ်ကို သက်ရောက်မှုမရှိသေးဘူးလို့ မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနရဲ့ ညွှန်ကြားရေးမှူးဦးလှထွန်း က အခုလိုရှင်းပြပါတယ်။ "အယ်လ်နီညိုမှာ ကျွန်တော်တို့သတ်မှတ်ချက်က အားနည်းတဲ့အယ်လ်နီညို၊ အားအသင့်အတင့်ရှိတဲ့အယ်လ်နီညို၊ အားကောင်းတဲ့အယ်လ်နီညို အဲဒီလိုပဲသတ်မှတ်တယ်။ ဒီအယ်လ်နီညိုနဲ့ပတ်သက်ပြီး ထားပါတော့ ဖိလစ်ပိုင်တို့၊ ဗီယက်နမ်တို့ ပစိဖိတ်သမုဒ္ဒရာအနောက်ခြမ်းမှာရှိတဲ့ ဒေသတွေအဲဒီနေရာတွေက မြန်မာနိုင်ငံနဲ့စာရင် ပိုပြီးသတိထားရမှာ။ သူတို့ကသက်ရောက်မှုပိုပြီးများတာပေါ့။ နောက် အယ်လ်နီညိုဖြစ်တဲ့နေရာက ကျွန်တော်တို့နဲ့ဝေးတာကို။ အယ်လ်နီညိုသတ်မှတ်ချက်ကတော့ တခြားပစိဖိတ်သမုဒ္ဒရာရှေ့ပိုင်း၊ ဘင်္ဂလားပင်လယ်အော်ဘက်ဝေးတဲ့အနေအထားမှာတော့ တာဝေးပေါ့။ Teleconnection ဆိုတဲ့တာဝေး ဆက်နွယ်မှုတော့ရှိတယ်။ အားနည်းတယ်ဆိုရင် သက်ရောက်မှုကဒီဘက်ကိုသိပ်မလာသေးဘူး။ အယ်လ်နီညိုကမြန်မာနိုင်ငံအတွက်ဆိုရင် ဘယ်လိုသက်ရောက်လဲဆိုရင် အားနည်းတဲ့အယ်လ်နီညို ဖြစ်ရင် သိပ်ပြောပလောက်အောင်မရှိသေးဘူး။ သူကအားအသင့်အတင့်တို့၊ အားကောင်းတဲ့အနေ အထားရောက်ရင်တို့မြန်မာနိုင်ငံအပေါ်သက်ရောက်မှုရှိလာနိုင်တယ်ပေါ့" ဒါ့အပြင် အယ်လ်နီညိုကြောင့် မိုးလယ်ကာလမှာမုတ်သုံကိုတန့်သွားစေနိုင်တာမျိုးကြုံတွေ့ရနိုင်ပြီး မုန်တိုင်းဖြစ်ပေါ်မှုလည်းများနိုင်တယ်လို့ဆိုပါတယ်။ အယ်လ်နီညိုရဲ့သဘောသဘာဝအရ ဆောင်းရာသီ မှာအားကောင်းတဲ့အယ်လ်နီညိုအနေအထားရောက်မယ်ဆိုရင် လာမယ့်ဆောင်းရာသီမှာ အေးနိုင်ခြင်း မရှိဘူးလို့လည်း ဦးလှထွန်းကခန့်မှန်းထားပါတယ်။ အောက်တိုဘာလကစပြီး အားကောင်းလာနိုင်တာကြောင့် ရေရှားနိုင်တဲ့ဆည်တွေအနေနဲ့လာမယ့် ဆောင်းရာသီနဲ့နွေရာသီအတွက် မိုးလေဝသသတင်းတွေ စဉ်ဆက်မပြတ်စောင့်ကြည့်ရင်း ရာသီဥတု အခြေနေကိုကြည့်ကာ စနစ်တကျရေလှောင်တာတွေလုပ်ထားသင့်တယ်လို့လည်း ဦးလှထွန်းကအကြံ ပြုထားပါတယ်။ အယ်လ်နီညို‌ကြောင့် စိုက်ပျိုးရေးကဏ္ဏထိခိုက်စေနိုင်ပြီး အသီးအနှံထွက်နှုန်းကျဆင်းတာနဲ့ အပင်ဖျက် ပိုးမွှားပြဿနာလည်းဖြစ်ပေါ်နိုင်တာကြောင့် စိုက်ပျိုးရေးလုပ်ကိုင်နေတဲ့တောင်သူတွေ ရေသိုလှောင် စုဆောင်းခြင်း၊ အပူဒဏ်ခံနိုင်တဲ့သီးနှံတွေ ပြောင်းလဲစိုက်ပျိုးခြင်း၊ ပိုးမွှားအန္တရာယ် စောင့်ကြည့်ခြင်း လိုလုပ်ငန်းစဉ်တွေကိုလုပ်ဆောင်သင့်ကြောင်း၊ ဒါ့အပြင်မွေးမြူရေးလုပ်ကိုင်သူတွေအနေနဲ့အစာခြောက်၊ သောက်ရေစတာတွေကိုကြိုတင်ပြင်ဆင်ပြီး အရိပ်ရတဲ့နေရာပြင်ဆင်ထားဖို့လိုအပ်ကြောင်းလည်း မိုးလေဝသပညာရှင်တွေကအကြုံပြုပြောဆိုထားပါတယ်။ ၁၉၅၀ ပြည့်နှစ်နောက်ပိုင်းကစပြီး ၂၀၂၄ ခုနှစ်အထိအယ်လ်နီညိုဖြစ်စဉ် (၂၇) ကြိမ်ဖြစ်ပွားခဲ့တယ်လို့ သတင်းအချက်အလက်တွေအရသိရပါတယ်။ ကမ္ဘာ့မိုးလေဝသအဖွဲ့ (WMO) ရဲ့အတွင်းရေးမှူးချုပ် ဆီလက်ဆော်လိုရဲ့ပြောကြားချက်အရ ပြီးခဲ့တဲ့ ၂၀၂၃-၂၄ ခုနှစ်မှာဖြစ်ပေါ်ခဲ့တဲ့ အားအသင့်အတင့်ရှိ အယ်လ်နီညိုရာသီဥတုကြောင့် ၂၀၂၄ ခုနှစ်ဟာ စံချိန်တင်အပူဆုံးနှစ်ဖြစ်ခဲ့တယ်လို့ဆိုပါတယ်။

◾️ဇွန် ၈ ရက်တွင် ရှီကျင့်ဖျင် မြောက်ကိုရီးယားသို့ သွားမည် တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်သည် လာမည့် သီတင်းပတ်တွင် မြောက်ကိုရီးယားနိုင်ငံသို့ လည်ပတ်မည်ဖြစ်ကြောင်း တရုတ်အစိုးရမီဒီယာက ယနေ့ ပြောကြားပြီး ယင်းမှာ ခုနစ်နှစ် အတွင်း ၎င်း၏ ပြုံယမ်းသို့ ပထမဆုံးခရီးစဉ်ဖြစ်သည်။ ကင်ဂျုံအန်၏ ဖိတ်ကြားချက်အရ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏သမ္မတ ရှီကျင့်ဖျင်သည် ဇွန် ၈ - ၉ ရက်တွင် ကိုရီးယားဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံသို့ နိုင်ငံတော် အလည်အပတ်ခရီး သွားရောက်မည်ဖြစ်ကြောင်း အစိုးရသတင်းဌာန CCTV က ပြောကြားသည်။ ကမ္ဘာပေါ်တွင် အထီးအကျန်ဆုံး နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ကြီးမားသော နိုင်ငံတကာ တားဆီးပိတ်ဆို့မှုများ ချမှတ်ခံထားရသော ပြုံယမ်းအတွက် ပေကျင်းသည် သံတမန်ရေး နှင့် နိုင်ငံရေးထောက်ခံမှုရရှိသော အဓိကအရင်းအမြစ် ဖြစ်သည်။ နှစ်နိုင်ငံကြားတွင် အနီးကပ်ဆက်ဆံရေး ရှိသော်လည်း မြောက်ကိုရီးယားသို့ တရုတ်သမ္မတများ သွားရောက်လည်ပတ်ခြင်းမှာ ရှားပါးသည်။ ရှီကျင့်ဖျင်သည် ပြုံယမ်းသို့ ၂၀၁၉ ခုနှစ် က နောက်ဆုံးလည်ပတ်ခဲ့ပြီး ယင်းမတိုင်မီက ၂၀၀၅ ခုနှစ်တွင် သမ္မတ ဟူကျင်တောင် လည်ပတ်ခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့်နှစ် စက်တင်ဘာလတွင် ရှီကျင့်ဖျင်က ကင်ဂျုံအန်ကို ပေကျင်းတွင် ကော်ဇောနီခင်း၍ကြိုဆိုခဲ့သည်။ ဒုတိယကမ္ဘာစစ်တွင် ဂျပန်အား အနိုင်ရရှိခဲ့သော နှစ် (၈၀) ပြည့် အထိမ်းအမှတ် စစ်ရေးပြ အခမ်းအနားသို့ တက်ရောက်ရန် ရုရှားသမ္မတ ပူတင် နှင့် ကင်ဂျုံအန်တို့အား အထူးဧည့်သည်များအဖြစ် တရုတ်က ဖိတ်ကြားခဲ့ခြင်းဖြစ်သည်။ မြောက်ကိုရီးယားအစိုးရသတင်းဌာန KCNA က ရှီကျင့်ဖျင်၏ ခရီးစဉ်ကို အတည်ပြုခဲ့သော်လည်း အသေးစိတ်ကို မပြောပေ။ သတင်း-ရဲမင်း ကိုးကား-AFP

◾️အစ္စရေးနှင့် လက်ဘနွန် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် ထပ်မံရယူ အမေရိကန်ပြည်ထောင်စု၏ ကြားဝင်ညှိနှိုင်းမှုဖြင့် အစ္စရေးနိုင်ငံနှင့် လက်ဘနွန်နိုင်ငံတို့အကြားအပစ်အခတ်ရပ်စဲရေးသဘောတူညီချက်တစ်ရပ်ရယူနိုင်ခဲ့ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဇွန် ၃ ရက်တွင် သတင်းထုတ်ပြန်ထားသည်။ အဆိုပါအပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို အမေရိကန်ပြည်ထောင်စု ဝါရှင်တန်မြို့တော်၌ ဇွန် ၂ ရက်နှင့် ၃ ရက်တို့တွင် ကျင်းပခဲ့သောအမေရိကန်၊ အစ္စရေးနှင့် လက်ဘနွန် သုံးနိုင်ငံ ဆွေးနွေးပွဲများတွင် ရယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ နှစ်ဖက်ယုံကြည်မှု တည်ဆောက်နိုင်ရေး၊လက်ရှိပေါ်ပေါက်ဆဲ ပြဿနာများ ဖြေရှင်းရေးတို့အတွက် တိုက်ရိုက်ဆွေးနွေးပွဲများ ဆက်လက်လုပ်ဆောင်ရန်နှင့် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို အကောင်အထည်ဖော်ရန် အစ္စရေးနှင့်လက်ဘနွန်တို့က ထပ်လောင်းအတည်ပြုထားကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ကြေညာချက်တွင် ဖော်ပြထားသည်။ အထက်ပါအပစ်အခတ်ရပ်စဲရေးသဘောတူညီချက်တွင် အီရန်ကျောထောက်နောက်ခံပြု လက် ဘနွန်အခြေစိုက် ဟစ်ဇ်ဘိုလာအုပ်စုက အစ္စရေးနိုင်ငံကို တိုက်ခိုက်မှုအားလုံး ရပ်ဆိုင်းပေးရမည်ဖြစ် ပြီး လက်ဘနွန်နိုင်ငံတောင်ပိုင်းမှ ဟစ်ဇ်ဘိုလာလက်နက်ကိုင်များကိုလည်း ရုပ်သိမ်းပေးရမည်ဖြစ်သည်။ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရယူခဲ့ပြီးနောက် အစ္စရေးနှင့် လက်ဘနွန်တာဝန်ရှိသူများသည် ငြိမ်းချမ်းရေးသဘောတူညီချက် ရယူရေးဆွေးနွေးပွဲများ ဆက်လက်ကျင်းပနိုင်ရေးအတွက်လာမည့် ဇွန် ၂၂ ရက်တွင် ထပ်မံတွေ့ဆုံရန် စီစဉ်ထားကြောင်း သိရသည်။ ယခုနှစ် မတ် ၂ ရက်တွင် ဟစ်ဇ်ဘိုလာအုပ်စုက အစ္စရေးကို တိုက်ခိုက်ခဲ့ပြီးနောက် အစ္စရေးတပ်များက လက်ဘနွန်နိုင်ငံကို စစ်ရေးအရ တုံ့ပြန်တိုက်ခိုက်ခဲ့သည်။ ကိုးကား-ရိုက်တာ

◾️ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အလှည့် ကျအဖွဲ့ဝင်နိုင်ငံသစ် ငါးနိုင်ငံကို မဲခွဲရွေးချယ် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အလှည့်ကျအဖွဲ့ဝင်နိုင်ငံသစ်များ မဲခွဲရွေးချယ်ပွဲကို ဇွန် ၃ ရက်တွင် ကျင်းပခဲ့ရာ ပေါ်တူဂီနှင့် ဩစတြီးယားတို့က ဂျာမနီနိုင်ငံကို ကျော်ဖြတ်၍ အလှည့်ကျအဖွဲ့ဝင်နေရာများကို ရယူနိုင်ခဲ့ကြောင်း သိရသည်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် အမြဲတမ်းအဖွဲ့ဝင်နိုင်ငံ ငါးနိုင်ငံနှင့်အလှည့်ကျအဖွဲ့ဝင်နိုင်ငံ ၁၀ နိုင်ငံတို့ပါဝင်ပြီး နှစ် နှစ်သက်တမ်းရှိ အလှည့်ကျအဖွဲ့ဝင်နေရာများအတွက် နိုင်ငံ ငါးနိုင်ငံကို လျှို့ဝှက်မဲပေးစနစ်ဖြင့် ကုလအထွေထွေညီလာခံက နှစ်စဉ်ရွေးချယ်လေ့ရှိသည်။ ဇွန် ၃ ရက် မဲခွဲပွဲတွင် အနောက်ဥရောပနိုင်ငံများအတွက် အလှည့်ကျအဖွဲ့ဝင်နေရာ နှစ်နေရာကို ရွေးချယ်ရာ တွင် ပေါ်တူဂီက ထောက်ခံမဲ ၁၃၄ မဲ၊ဩစတြီးယားက ၁၃၁ မဲ ရရှိခဲ့ပြီး ထောက်ခံမဲ ၁၀၄ မဲသာ ရရှိခဲ့သော ဂျာမနီကိုကျော်ဖြတ်၍ အလှည့်ကျအဖွဲ့ဝင်နေရာ နှစ်နေရာ ရယူနိုင်ခဲ့သည်။ အလားတူ ကာဂျစ္စတန်နိုင်ငံကလည်း ထောက်ခံမဲ ၁၃၄ မဲဖြင့် ဖိလစ်ပိုင်နိုင်ငံကို အနိုင်ယူ၍ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အလှည့်ကျအဖွဲ့ဝင်နေရာကိုပထမဆုံးအကြိမ်အဖြစ် ရယူနိုင်ခဲ့ကြောင်း သိရသည်။ အာဖရိကဒေသနှင့် ကာရစ်ဘီယံဒေသတို့အတွက် လုံခြုံရေးကောင်စီအလှည့်ကျအဖွဲ့ဝင်နေရာ နှစ်နေရာကို ထရီနီဒက်နှင့် တိုဘာဂိုနိုင်ငံနှင့် ဇင်ဘာဘွေနိုင်ငံတို့က ထောက်ခံမဲ ၁၈၀ ကျော်ဖြင့် ပြိုင်ဘက်မရှိ ရယူနိုင်ခဲ့သည်။ ဇွန် ၃ ရက် မဲခွဲရွေးချယ်ပွဲတွင် အနိုင်ရရှိခဲ့သော ပေါ်တူဂီ၊ ဩစတြီးယား၊ကာဂျစ္စတန်၊ ဇင်ဘာဘွေ၊ ထရီနီဒက်နှင့် တိုဘာဂိုနိုင်ငံတို့အနေဖြင့် ကုလသမဂ္ဂလုံခြုံရေး ကောင်စီအလှည့်ကျ အဖွဲ့ဝင်နေရာများကို လာမည့်နှစ် ဇန်နဝါရီ ၁ ရက်တွင် ဒိန်းမတ်၊ ဂရိ၊ ပါကစ္စတန်၊ ပနားမားနှင့် ဆိုမာလီယာနိုင်ငံများ၏ နေရာတွင်ဝင်ရောက်၍ စတင်ရယူရမည်ဖြစ်သည်။ ကိုးကား-ရိုက်တာ

◾️ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ခံဝန်ကတိစည်းမျဉ်းများမှ ကင်းလွတ် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်သည် ၎င်းအပေါ်ချမှတ်ထားသော လက်ကျန် ထောင်ဒဏ်ပြစ်ဒဏ်နှင့် ဆက်စပ်နေသည့် ခံဝန်ကတိများမှဇွန် ၃ ရက်တွင်တရားဝင်လွတ်ကင်း ခဲ့ပြီဖြစ်ကြောင်း သိရသည်။ ထိုင်းဘုရင်မင်းမြတ် မဟာဝိဇယလောင်ကွန်း၏ ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်ကြောင့် လေးလကြာ ခံဝန်ကတိကာလ စောစီးစွာ အဆုံးသတ်ခဲ့ရပြီးနောက် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်အနေဖြင့် ပြစ်ဒဏ်နှင့် ဆက်စပ်နေသော စည်းမျဉ်းကန့်သတ်ချက်များမှ တရားဝင် ကင်းလွတ်ခွင့် ရရှိခဲ့ခြင်းဖြစ်သည်။ အသက် (၇၆)နှစ်အရွယ် ဝန်ကြီးချုပ်ဟောင်း သက်ဆင်သည် ပြီးခဲ့သည့်လအတွင်း ခံဝန်ကတိဖြင့် ဗန်ကောက်အကျဉ်းထောင်တစ်ခုမှ ပြန်လည်လွတ်မြောက်ခဲ့ပြီးနောက် လေးလကြာ ခံဝန်ကတိစည်းမျဉ်းများ ဆက်လက်လိုက်နာခဲ့ရသည်။ သို့ရာတွင် ထိုင်းဘုရင်မင်းမြတ် မဟာဝိဇယလောင်ကွန်းက ဇွန် ၂ ရက်ညပိုင်းတွင် ထုတ်ပြန်ခဲ့သော ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်အရ ဝန်ကြီးချုပ်ဟောင်း သက်ဆင်အနေဖြင့် ခံဝန်ကတိစည်းမျဉ်းများမှ တရားဝင်ကင်းလွတ်ခွင့်ရရှိခဲ့ခြင်းဖြစ်သည်။ ဆက်သွယ်ရေးလုပ်ငန်းရှင် ဘီလျံနာသူကြွယ် သက်ဆင်သည် ထိုင်းနိုင်ငံရေးလောကကို နှစ်ပေါင်း (၂၀) ကျော်ကြာ ဩဇာလွှမ်းမိုးနိုင်ခဲ့သူဖြစ်ပြီး၂၀၀၁ ခုနှစ်မှစ၍ ၂၀၀၆ ခုနှစ်အထိ ထိုင်းဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့သည်။ သို့ရာတွင် ထိုင်းစစ်ဘက်က ၂၀၀၆ ခုနှစ်တွင် အာဏာသိမ်းယူခဲ့ပြီးဝန်ကြီးချုပ် သက်ဆင်ရှင်နာဝပ်ကို ရာထူးမှ ဖယ်ရှားခဲ့သည်။ ကိုးကား-ရိုက်တာ

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ ၌ တည်းခိုခန်း မီးလောင်၊ အနည်းဆုံး ၂၁ ဦး သေဆုံး အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တော်၌ ဇွန် ၃ရက်က တည်းခိုခန်းအဆောက်အအုံတစ်လုံးမီးလောင်ကျွမ်းခဲ့ရာ အနည်းဆုံး လူ ၂၁ ဦးသေဆုံး၍ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ အဆောက်အအုံမှာ နယူးဒေလီမြို့တော်တောင်ဘက်ပိုင်းရှိ မယ်လ်ဗီယာ နာဂါအမည်ရှိ ရပ်ကွက်တစ်ခုတွင်တည်ရှိကြောင်း အိန္ဒိယမီဒီယာများက သတင်းထုတ်ပြန်ထားသည်။ အဆိုပါအဆောက်အအုံသည် အောက်ထပ်တွင် စားသောက်ဆိုင်တစ်ဆိုင် ဖွင့်လှစ်ထားပြီး အပေါ်ထပ်တွင် ဟိုတယ်ခန်းများ ဖွင့်လှစ်ထားကြောင်း အိန္ဒိယတာဝန်ရှိသူများက ပြောကြားသည်။ မီးလောင်မှုဖြစ်ပွားနေစဉ် မီးသတ်သမားများနှင့် ဒေသခံပြည်သူများက အဆောက်အအုံအတွင်းရှိ လူပေါင်း ၄၀ ကျော်ကို ကယ်ထုတ်ပေးနိုင်ခဲ့ကြောင်း သိရသည်။ အိန္ဒိယမီဒီယာအချို့၏ အဆိုအရအထက်ပါ တည်းခိုခန်းအဆောက်အအုံမီးလောင်ကျွမ်းမှုတွင် သေဆုံးခဲ့သူ အများအပြားမှာ အိန္ဒိယသို့ ဆေးကုသမှုခံယူရန် လာရောက်ကြသူများဖြစ်ကြောင်း သိရသည်။ တည်းခိုခန်းအဆောက် အအုံ မီးလောင်မှုအကြောင်းတရားကိုအိန္ဒိယ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေး လျက်ရှိသည်။ ဘေးကင်းလုံခြုံမှုစည်းမျဉ်းများ လိုက်နာမှုအားနည်းခြင်းကြောင့် အိန္ဒိယ၌ မီးလောင်မှုများ မကြာခဏဖြစ်ပွားတတ်သည်။ ကိုးကား-ရိုက်တာ #ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း

◾️အစ္စရေးနှင့် လက်ဘနွန်အပစ်ရပ်ရေး ဟစ်ဇ်ဘိုလာတို့ ဆုတ်ခွာမှုအပေါ် မူတည် အမေရိကန်က ကြားဝင်စေ့စပ်ပေးခဲ့သည့် ဗုဒ္ဓဟူးနေ့ ဆွေးနွေးပွဲအပြီး ထုတ်ပြန်သော ပူးတွဲကြေညာချက်အရ အစ္စရေးနှင့် လက်ဘနွန်တို့သည် အပစ်အခတ်ရပ်စဲရေး ဖော်ဆောင်ရန် သဘောတူညီခဲ့ကြသော်လည်း ယင်းမှာ ဟစ်ဇ်ဘိုလာအဖွဲ့၏ ပစ်ခတ်မှုများ လုံးဝရပ်တန့်ရေး နှင့် လက်ဘနွန်တောင်ပိုင်းမှ ဟစ်ဇ်ဘိုလာ တိုက်ခိုက်ရေးသမားအားလုံး ဆုတ်ခွာရေးတို့အပေါ်တွင် မူတည်နေကြောင်း သိရသည်။ အစ္စရေးအစိုးရက လက်ဘနွန်အတွင်း စစ်ရေးအရှိန်မြှင့်မည်ဟု ခြိမ်းခြောက်ခဲ့ပြီးနောက် ယခုသဘောတူညီချက် ထွက်ပေါ်လာခြင်းဖြစ်ကာ ယင်းလုပ်ရပ်သည် အမေရိကန် - အီရန် ဆွေးနွေးပွဲများကို ပျက်ပြားစေမည့် အန္တရာယ်ရှိနေသည်။ လက်ရှိ အပစ်အခတ်ရပ်စဲရေး ကာလအတွင်း၌လည်း အစ္စရေးနှင့် ဟစ်ဇ်ဘိုလာတို့အကြား အပြန်အလှန် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေသဖြင့် ချိုးဖောက်မှုများ အကြိမ်ကြိမ် ရှိခဲ့သည်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနတွင် အင်္ဂါနေ့က တစ်နေကုန် ဆွေးနွေးခဲ့ကြပြီးနောက်၊ ဗုဒ္ဓဟူးနေ့ ဆွေးနွေးပွဲမှာ ကိုးနာရီနီးပါး ကြာမြင့်ခဲ့သည်။ ထို့နောက် ဘက်စုံလွှမ်းခြုံသည့် သဘောတူညီချက်တစ်ရပ် ရရှိစေရေး ဦးတည်ချက်ဖြင့် နိုင်ငံရေးနှင့် လုံခြုံ ရေးဆိုင်ရာ ဆွေးနွေးပွဲများကို ဇွန် ၂၂ ရက် သီတင်းပတ်တွင် ပြန်လည်စတင်ရန် အစ္စရေးနှင့် လက်ဘနွန်တို့ သဘောတူညီခဲ့ကြကြောင်းနှင့် ကြားကာလအတွင်း နှစ်ဖက်အကြား ဆက်သွယ်ညှိနှိုင်းမှုများ အဆင်ပြေချောမွေ့စေရေးအတွက် အမေရိကန်က ဆက်လက်ပံ့ပိုးပေးသွားရန် သဘောတူခဲ့ကြောင်း ပူးတွဲကြေညာချက်တွင် ဖော်ပြထားသည်။ ထို့ပြင် လက်ဘနွန်တပ်မတော်ကသာ အချုပ်အခြာ အာဏာ သီးသန့်ထိန်းချုပ်ခွင့်ရရှိပြီး အစိုးရမဟုတ်သော လက်နက်ကိုင်အဖွဲ့အစည်းများအားလုံး ဖယ်ရှားမည့် စမ်းသပ်ဇုန်များ လျင်မြန်စွာ ထူထောင်ရေးကို အရှိန်မြှင့်ဆောင်ရွက်ရန် နှစ်ဖက်စလုံးက သဘောတူခဲ့ကြသော်လည်း အဆိုပါ စမ်းသပ်ဇုန်များအတွက် တိကျသည့် အချိန်ဇယားကိုမူ ချပြခြင်းမရှိပေ။ ဟစ်ဇ်ဘိုလာအဖွဲ့အား လက်နက်ဖြုတ်သိမ်းခြင်းနှင့် လက်ဘနွန်တစ်ဝန်းရှိ ၎င်းတို့၏ စစ်ရေးအခြေခံအဆောက် အအုံများကို ဖျက်သိမ်းခြင်းဖြင့်သာ အစ္စရေး၏ လုံခြုံရေးနှင့် နယ်မြေစိုးမိုးမှုကို အာမခံနိုင်မည်ဖြစ်ကြောင်း အစ္စရေးဘက်က ထပ်လောင်းအတည်ပြုခဲ့သည်ဟု ပူးတွဲကြေညာချက်တွင် ပါရှိသည်။ အမေရိကန်နိုင်ငံအနေဖြင့် လက်ဘနွန်တပ်မတော်၏ စွမ်းဆောင်ရည် မြှင့်တင်ရန်နှင့် လက်ဘနွန်ပိုင်နက်တစ်ခုလုံး၌ အချုပ်အခြာအာဏာ ထိရောက်စွာ ကျင့်သုံးနိုင်စေရန် ရည်ရွယ်၍ ၎င်းတို့ကို ပံ့ပိုးကူညီသွားမည်ဟု အလေးအနက် ပြောကြားခဲ့ကြောင်း ပူးတွဲကြေညာချက်တွင် ဖော်ပြထားသည်။ သတင်း-လင်းခေတ် ကိုးကား-CNN