uk
Feedback
The Standard Time Digital

The Standard Time Digital

Відкрити в Telegram

The Standard Time Daily News and its Website cover Myanmar and World's News to the local readers across Myanmar since April 1, 2013.

Показати більше
Країна не вказанаКатегорія не вказана
274
Підписники
+124 години
+67 днів
+2530 день
Архів дописів
◾️ဂျပန်နိုင်ငံ ဖူကူရှီးမား၌ ဝက်ဝံရန်ပြုမှုကြောင့် လူလေးဦး ဒဏ်ရာရ ဂျပန်နိုင်ငံမြောက်ပိုင်း ဖူကူရှီးမားစီရင်စု လူနေဒေသတစ်ခုနှင့် စက်ရုံနှစ်ရုံတို့၌ ဇွန် ၂ ရက်က ဝက်ဝံတစ်ကောင်ရန်ပြု တိုက်ခိုက်မှုကြောင့် လူပေါင်းလေးဦး ဒဏ်ရာများရရှိခဲ့ကြောင်း ဂျပန်ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။ ဖူကူရှီးမား မြို့တော်တစ်ဝိုက်၌ ဝက်ဝံတစ်ကောင်ရန်ပြုတိုက်ခိုက်မှုကြောင့် လူပေါင်းလေးဦးအထိ ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။အဆိုပါဝက်ဝံသည် ဇွန် ၂ ရက်တွင် မော်တော်ယာဉ်အစိတ်အပိုင်းထုတ်လုပ်ရေးစက်ရုံတစ်ရုံအနီး ဝန်ထမ်းများကို တိုက်ခိုက်ခဲ့ရာ နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ယင်းအပြင် အဆိုပါဝက်ဝံသည် လူနေရပ်ကွက်တစ်ခုနှင့် အနီးအနားရှိ လျှပ်စစ်ပစ္စည်းထုတ်လုပ်ရေးစက်ရုံ တစ်ရုံအနီးတွင်လည်း ရန်ပြုတိုက်ခိုက်ခဲ့ရာ လူနှစ်ဦးထပ်မံဒဏ်ရာရခဲ့ကြောင်း ဂျပန်မီဒီယာများ၏ အဆိုအရသိရသည်။ ပြီးခဲ့သည့်နှစ်အတွင်း ဂျပန်နိုင်ငံ၌ ဝက်ဝံများ၏ရန်ပြုတိုက်ခိုက်မှုကြောင့် လူပေါင်း ၁၃ ဦးအထိ သေဆုံးခဲ့ရ သည်။ အလားတူ ယခုနှစ်ဧပြီလတွင် ဝက်ဝံများ၏ ရန်ပြုတိုက်ခိုက်မှုကြောင့် လူတစ်ဦးသေဆုံး၍ ငါးဦးဒဏ်ရာများ ရခဲ့ကြောင်း ဂျပန် သဘာ၀ပတ်ဝန်းကျင်ရေးရာ ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။ ကိုးကား-ရိုက်တာ

photo content

◾️အယ်လ်နီညိုရာသီဥတုဖြစ်စဉ် နောက်ဆက်တွဲအန္တရာယ်များအတွက်ကမ္ဘာကြီးအနေဖြင့် ပြင်ဆင်ထားရန် ကုလသမဂ္ဂ တိုက်တွန်းထား အယ်လ်နီညို ရာသီဥတုဖြစ်စဉ်နောက်ဆက်တွဲ အန္တရာယ်များအတွက် ကမ္ဘာကြီးအနေဖြင့် အသင့်ပြင်ဆင် ထားကြရန် ကုလသမဂ္ဂ မိုးလေ၀သအဖွဲ့ချုပ် (ဒဗလျူအမ်အို)က ဇွန် ၂ ရက်တွင် သတိပေးချက် ထုတ်ပြန်ထားကြောင်း သိရသည်။ အယ်လ်နီညို ရာသီဥတုဖြစ်စဉ်ကြောင့် လာမည့်လများအတွင်း တစ်ကမ္ဘာလုံးဆိုင်ရာအပူချိန်မြင့်တက် လာနိုင်ပြီး လွန်ကဲပြင်းထန်သော ရာသီဥတုဖြစ်စဉ်များ ပေါ်ပေါက်လာနိုင်ခြေလည်း မြင့်တက်လာနိုင် ကြောင်း ဒဗလျူအမ်အို ၏သတိပေးချက်တွင် ဖော်ပြထားသည်။ ဒဗလျူအမ်အို၏ အဆိုအရအယ်လ်နီညိုသည် ပစိဖိတ်သမုဒ္ဒရာအလယ်ပိုင်းနှင့် အရှေ့ပိုင်းတို့၌ ပင်လယ်ရေ မျက်နှာပြင် အပူချိန်များပူနွေးလာမှုဖြစ်စဉ်ဖြစ်ပြီး အချိန်ကာလအားဖြင့် ကိုးလမှ ၁၂ လအထိ ကြာမြင့်တတ်ကြောင်း သိရ သည်။ အယ်လ်နီညို ရာသီဥတုဖြစ်စဉ်ကြောင့် ယခုနှစ် ဇွန်လနှင့် ဩဂုတ်လကြား ကာလအတွင်း ကမ္ဘာ့ ဒေသ အများစု၌ ပျမ်းမျှအပူချိန် ပုံမှန်ထက်မြင့်တက်လာနိုင်ကြောင်း ဒဗလျူအမ်အိုက ခန့်မှန်းထားသည်။ ယခုနှစ် အယ်လ်နီညို ရာသီဥတုဖြစ်စဉ်သည် နိုဝင်ဘာလထိတိုင်ကြာမြင့်နိုင်ဖွယ်ရှိကြောင်း ဒဗလျူအမ် အိုက ခန့်မှန်းထားသည်။ အယ်လ်နီညိုဖြစ်စဉ် ပြင်းထန်ခဲ့ပါက မိုးခေါင်ရေရှား ပြဿနာများ၊ မိုးကြီးမှုပြဿနာများ ပိုမိုပြင်းထန် လာနိုင်ပြီး ကုန်းမြေနှင့် သမုဒ္ဒရာနှစ်နေရာလုံး၌ အပူလိုင်းကျရောက်နိုင်ခြေ မြင့်တက်လာနိုင်သည် ဖြစ်ရာမိမိတို့အနေဖြင့် ကြိုတင်ပြင်ဆင်ထားရန် လိုအပ်ကြောင်း ဒဗလျူအမ်အိုအတွင်းရေးမှူးချုပ် ဆယ်လက်စတီဆော်လိုက ကမ္ဘာ့နိုင်ငံများကို တိုက်တွန်းထားသည်။ အယ်လ်နီညိုကြောင့် ဩစတြေးလျ၊ ဗဟိုအမေရိက၊ အင်ဒိုနီးရှားနှင့် တောင်အာရှနိုင်ငံများ၌ မိုးခေါင်မှုများ ဖြစ်ပွားနိုင်ပြီး ပစိဖိတ်သမုဒ္ဒရာအလယ်ပိုင်းနှင့် အရှေ့ပိုင်းတို့၌ ဟာရီကိန်းမုန်တိုင်းများ ပေါ်ထွက်လာနိုင်ကြောင်း ဒဗလျူအမ်အိုက ခန့်မှန်းထားသည်။ သတင်း-ဗျည်းနွဲ့ ကိုးကား-ရိုက်တာ

photo content

ယာဉ်မောင်းလိုင်စင်ဖြေဆိုခြင်းအား ထောက်ကြန့်ရုံးခွဲတွင် တိုးချဲ့ဖွင့်လှစ် ဆောင်ရွက်ပေးမည် ယာဉ်မောင်းလိုင်စင် ဖြေဆိုရာတွင်ယခုအခါ ဖြေဆိုသူဦးရေ များပြားလာခြင်းကြောင့် လက်ရှိ ဆောင်ရွက် နေသည့် ရွာသာကြီးရုံးအပြင် ရန်ကုန်မြို့ ထောက်ကြန့်တွင်ယာဉ်မောင်းလိုင်စင် စစ်ဆေးရေးရုံးခွဲအားဇွန် ၈ ရက်မှ စတင်ဖွင့်လှစ်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန က ဇွန် ၃ ရက်တွင်ထုတ်ပြန်ထားသည်။ ပို့ဆောင်ရေးဝန်ကြီးဌာနရှိ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနသည်ရန်ကုန်တိုင်းဒေသကြီး အတွင်း ရှိ ယာဉ်မောင်းလိုင်စင်ရယူလိုသူများအတွကာ်ဉ်မောင်းလိုင်စင် စစ်ဆေးထုတ်ပေးခြင်းအား တိုင်းဒေသ ကြီး(ရုံးခွဲ) (ရွာသာကြီး)တွင် Online Booking စနစ်ဖြင့် အလှည့်ကျဖြေဆိုစေခြင်းကို ဆောင်ရွက်ပေး လျက်ရှိသည်။ သို့ဖြစ်ရာ ယာဉ်မောင်းလိုင်စင် ဖြေဆိုလိုသူများအနေဖြင့် မိမိတို့ ဖြေဆိုလိုသည့် နီးစပ်ရာရုံးအားOnline Bookingဖြင့် ရက်ချိန်းရယူ၍ အချိန်ကုန်သက်သာစွာဖြင့် လွယ်ကူစွာ သွားရောက်ဖြေဆိုနိုင်ပါကြောင်းနှင့် Online Bookingရယူခြင်းအတွက် www .rtad.gov.mm တွင် ဝင်ရောက်ဆောင်ရွက်နိုင်ပါကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက အသိပေးထုတ်ပြန်ထားကြောင်း သိရသည်။ သတင်း-လူ့တလူ ဓာတ်ပုံ-MOI

photo content

◾️စိန့်ပီတာစဘတ်မြို့တော် ရေနံဆိပ်ကမ်းတစ်ခုကိုယူကရိန်း မောင်းသူမဲ့ လေယာဉ်များ တိုက်ခိုက် ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့တော်ရှိ ရေနံဆိပ်ကမ်းတစ်ခုကို ယူကရိန်းနိုင်ငံက မောင်းသူမဲ့ လေယာဉ် များဖြင့် ဇွန် ၃ ရက်တွင် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ စိန့်ပီတာစဘတ်မြို့တော်၌ ရုရှားသမ္မတပူတင်၏ နှစ်စဉ်ကျင်းပမြဲ နိုင်ငံတကာ စီးပွားရေးဖိုရမ်ကို မကျင်းပမီ နာရီအနည်းငယ်အလိုတွင်စိန့်ပီတာစဘတ်ရေနံဆိပ်ကမ်းကို ယူကရိန်းက မောင်းသူမဲ့လေယာဉ်များဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ စိန့်ပီတာစဘတ် နိုင်ငံတကာစီးပွားရေးဖိုရမ်မတိုင်မီ ရုရှားသမ္မတ ပူတင်ကို စိတ်အနှောင့်အယှက်ပေးရန် ကြိုးပမ်းသည့်အနေဖြင့်အထက်ပါ မောင်းသူမဲ့လေယာဉ်တိုက်ခိုက်မှုကို ယူကရိန်းက ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ စိန့်ပီတာစဘတ်မြို့တော်သည် ရုရှားသမ္မတပူတင်၏ မွေးရပ်ဇာတိဖြစ်သည့်အပြင် ပြည်ပရင်းနှီး မြှုပ်နှံမှု များအား ဆွဲဆောင်ရန်ရည်ရွယ်သည့် စိန့်ပီတာစဘတ်နိုင်ငံတကာစီးပွားရေးဖိုရမ်များ နှစ်စဉ် ကျင်းပရာ နေရာလည်းဖြစ်သည်။ စိန့်ပီတာစဘတ် ရေနံဆိပ်ကမ်းတိုက်ခိုက်ခံခဲ့ရမှုသည် ယူကရိန်း၏ မောင်းသူမဲ့ လေယာဉ်များအန္တရာယ်ကို ရုရှားမြို့တော်ကြီးများလည်း ရင်ဆိုင်လာရမှုကို ပြသလျက်ရှိသည်။ ယူကရိန်း မောင်းသူမဲ့လေယာဉ်များအနေဖြင့် စိန့်ပီတာစဘတ်မြို့တော်ရှိ ရေနံဆိပ်ကမ်းတစ်ခုကိုတိုက်ခိုက် ခဲ့သလို မြို့တော်အနီးရှိ စစ်စခန်းတစ်ခုကိုလည်း တိုက်ခိုက်ခဲ့ကြောင်း ယူကရိန်းသမ္မတ ဇီလန်စကီးက ဇွန် ၃ ရက်တွင် အတည်ပြုခဲ့သည်။ ယူကရိန်း၏ မောင်းသူမဲ့လေယာဉ်များကြောင့် စိန့်ပီတာစဘတ်မြို့တော်တွင်းရှိ နေရာပေါင်းသုံးနေရာတို့တွင် အပျက်အစီးရှိခဲ့ပြီး ရုရှားလေကြောင်းရန် ကာကွယ်ရေးတပ်များကယူကရိန်း မောင်းသူမဲ့လေယာဉ် ၅၉ စင်းကို ပစ်ချခဲ့ကြောင်း သိရသည်။ ယူကရိန်း မောင်းသူမဲ့လေယာဉ်များကြောင့် စိန့်ပီတာစဘတ်မြို့တော် ပေါ်လ်ကိုဗိုလေဆိပ်၌ လေ ယာဉ်အဆင်းအတက်များ ယာယီရပ်ဆိုင်းခဲ့ရသည်။ ကိုးကား-ရိုက်တာ

photo content

◾️ဒုက္ခသည်များကို စာရင်းကောက်ယူ၍ အလုပ်ပေးရန် မလေးရှားစီစဉ် နိုင်ငံအတွင်း ရောက်ရှိနေသော ဒုက္ခသည်နှင့် ခိုလှုံခွင့်တောင်းခံသူ ၂ သိန်းကျော်ကို စီမံခန့်ခွဲရန် ကြိုးပမ်းမှုများကို မလေးရှားက မြှင့်တင်နေပြီး အကျုံးဝင်သူများကို အလုပ်သမားလိုအပ်နေသော လုပ်ငန်းကဏ္ဍများတွင် ယာယီအလုပ်ပေးထားရန် စီစဉ်နေသည်။ ဒုက္ခသည်စာရင်းသွင်းမှတ်တမ်းတင်ခြင်း(DPP) အစီ အစဉ်အရ ကိုယ်ရေးအချက်အလက်များရယူကာ ယခုနှစ် နှစ်ဆန်းပိုင်းမှစ၍ မလေးရှားအစိုးရက ဒုက္ခသည်များကို စာရင်းကောက်ယူနေသည်။ ၎င်းအစီအစဉ်အရာ ယခုအချိန်ထိ ဒုက္ခသည် ၄၀၀၀ ကျော်ကို စာရင်းကောက်ယူထားပြီဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီး ဆိုင်ဖူဒင်နာဆူတင်အစ္စမေးလ်က ပြောကြားသည်။ ၎င်းတို့အနက်မှ အသက် ၂၀ နှင့် ၄၀ ကြား ဒုက္ခသည်များကို အလုပ်သမားရှားပါးမှု ရင်ဆိုင်နေရသော ကုန်ထုတ်လုပ်ငန်း၊ ဆောက်လုပ်ရေး၊ စိုက်ပျိူးရေး၊ ခြံလုပ်ငန်း နှင့် ဝန်ဆောင်မှုလုပ်ငန်းများတွင် အလုပ်‌ပေးရန် ရည်ရွယ်ထားသည်။ သို့သော် ယခုလမှစ၍ နိုင်ငံတဝန်း လူဝင်မှုကြီးကြပ်ရေးရုံးများ၌ လုပ်ဆောင်နေသော အစီအစဉ်သည် မလေးရှားနိုင်ငံတွင် အမြဲတမ်းနေထိုင်ခွင့်ရမည့် လမ်းကြောင်း မဟုတ်ကြောင်း ဆိုင်ဖူဒင်က အခိုင်အမာဆိုသည်။ အစိုးရ၏ အစီအစဉ်သည် မကြာခဏဆိုသလို ပို၍ ကုန်ကျစရိတ်များသည့် ပြည်ပလုပ်သားများကို အားကိုးမှုကို လျှော့ချနိုင်မည်ဟု လုပ်ငန်းရှင်များက ပြောကြားကြသည်။ ထိုအစီအစဉ်ကြောင့် လုံခြုံရေးကို ထိခိုက်ခံ၍မရကြောင်း နှင့် လူသားချင်းစာနာထောက်ထားမှုနှင့် လုံခြုံရေးကို မျှခြေညီအောင် လုပ်ဆောင်သွားရမည်ဖြစ်ကြောင်းလည်း မလေးရှားပြည်ထဲရေးဝန်ကြီး က ပြောသည်။ ထိုအတောအတွင်းမှာပင် ပွင့်လင်းမြင်သာမှုရှိစေရေး နှင့် ဒုက္ခသည်များ ခေါင်းပုံဖြတ်မခံရစေရေး သေချာစေရန် လုပ်‌ဆောင်ရမည်ဟု လူအခွင့်အရေးထောက်ခံသူများက အာဏာပိုင်များကို တိုက်တွန်းနေသည်။ ထို့ပြင် အလုပ်လုပ်ရန် စိတ်အားထက်သန်သော ဒုက္ခသည်များအနေဖြင့် အလုပ်အကိုင်အခွင့်အရေးနှင့်ပတ်သက်၍ မလိုလားအပ်သော အကန့်အသတ်များ ရင်မဆိုင်ရသင့်ကြောင်းလည်း ၎င်းတို့က ပြောကြားကြသည်။ သတင်း-ရဲမင်း ကိုးကား-CNA

photo content

◾️သုံးနှစ်အတွင်း အွန်လိုင်းလောင်းကစားကျူးလွန်သူ ၃၀၀၀ ကျော်ဖမ်းဆီးအရေးယူခဲ့ ‎ ‎ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်မှ ၂၀၂၆ ခုနှစ်အတွင်း အွန်လိုင်းလောင်းကစားကျူးလွန်သူ ၃၀၀၀ ကျော်ကို ဖမ်းဆီးအရေးယူခဲ့ကြောင်း ပြန်ကြား‌ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ ‎ ‎အွန်လိုင်းအသုံးပြုလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုတို့တွင် ပါဝင်ပတ်သက်ကျူးလွန်နေကြသည့် မြန်မာနိုင်ငံသားများနှင့် နိုင်ငံခြားသားများအပါအဝင် စုစုပေါင်း ၃၄၃၃ ဦးကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ ‎ ‎၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှ ယခုနှစ်မေလ ၂၈ ရက်အထိအမှုပေါင်း ၁၄၅ မှုမှမြန်မာနိုင်ငံသား ၁၇၄၀ ဦးနှင့် နိုင်ငံခြားသား ၁၆၉၃ ဦးတို့ကိုဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်းထုတ်ပြန်ထားသည်။ ‎ ‎ဖမ်းဆီးရမိသည့် မြန်မာနိုင်ငံသား ၁၇၄၀ ဦးအနက် ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့မှ အမျိုးသား ၉၂၆ ဦးနှင့် အမျိုးသမီး ၈၁၄ ဦးပါဝင်ကြောင်း သိရသည်။ ‎ ‎သတင်း - အင်ကြင်း ‎ဓာတ်ပုံ - MOI

photo content

◾️အမေရိကန်နှင့်အီရန် အပြန်အလှန်တိုက်ခိုက်၊ အပစ်ရပ် ဆွေးနွေးပွဲများ ရပ်တန့်နေ အမေရိကန်အကျိုးစီးပွားများကို ကာကွယ်ရန် အီရန်အပေါ် ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ခဲ့ကြောင်း နှင့် သင်္ဘောများနှင့် ပင်လယ်ကွေ့နိုင်ငံများဆီ အီရန်က ပစ်လွှတ်လိုက်သော ပဲ့ထိန်းဒုံးကျည်များနှင့် ဒရုန်းများကို ပစ်ချခဲ့ကြောင်း အမေရိကန် စစ်ဘက်က ပြောကြားသည်။ ဟောမုဇ်ရေလက်ကြားတွင်ရှိသော ကီရှန်ကျွန်းပေါ်မှ တိုက်ခိုက်မှုများသည် အရှေ့အလယ်ပိုင်းတစ်ဝန်းကို တိုက်ခိုက်ရန် အီရန်၏ ကြိုးပမ်းမှုများကို လက်တုံ့ပြန်ခြင်း ဖြစ်ကြောင်း အမေရိကန်အလယ်ပိုင်း ကွပ်ကဲရေးဌာန Centcom က ပြောကြားသည်။ အမေရိကန်တိုက်ခိုက်မှုများအား လက်တုံ့ပြန်ရင်း ဒေသတွင်းနိုင်ငံတစ်ခုရှိ အမေရိကန် စစ်စခန်းများနှင့် ရဟတ် ယာဉ်များကို ဒုံးကျည်များ၊ ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့သည်ဟု အီရန်က ပြောကြားသည်။ အီရန်က ကူဝိတ်သို့ ဒုံးကျည် နှစ်စင်း၊ ဘာရိန်းနိုင်ငံသို့ ဒုံးကျည် သုံးစင်း ပစ်ခတ်ခဲ့သော်လည်း ၎င်းတို့ကို ကြားဖြတ်ပစ်ချ သို့မဟုတ် သူ့ဘာသာ ပျက်စီးခဲ့ကြောင်း ကန်အလယ်ပိုင်းစစ်ဌာနချုပ်က ပြောသည်။ လနှင့်ချီ၍ကြာမြင့်လာသော စစ်ပွဲအဆုံးသတ်ရန်သဘောတူညီချက် အတွက် ဆွေးနွေးညှိနှိူင်းမှုများ သီတင်းပတ်ကုန်တွင် တိုးတက်မှုမရဘဲ ရပ်တန့်နေချိန်မှာပင် အမေရိကန်နှင့် အီရန်တို့ကြား အပြန်အလှန်တိုက်ခိုက်မှုများ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ ကီရှန်ကျွန်းတိုက်ခိုက်မှု၌ အီရန်မြေပြင်ထိန်းချုပ်ရေးစခန်းတစ်ခုကို ပစ်မှတ်ထားခဲ့ကြောင်း နှင့် ရေလက်ကြားကို ဖြတ်သန်းနေသော အရပ်ဘက်သင်္ဘောများဆီ အီရန်က ပစ်လွှတ်လိုက်သည့် တိုက်ခိုက်ရေးဒရုန်း သုံးစီးကိုလည်း ကန်စစ်ဘက် က ပစ်ချခဲ့ကြောင်း Centcom က ဆက်ပြောသည်။ ဟောမုဇ်ရေလက်ကြား လုံခြုံရေးကို ဖျက်လိုဖျက်ဆီးလုပ်ခြင်းအတွက် ရန်လိုသော အမေရိကန်စစ်ဘက်အနေဖြင့် တန်ဖိုးကြီးကြီးပေးဆပ်ရမည်ဖြစ်ကြောင်း အီရန်တော်လှန်ရေးအစောင့်တပ်(IRGC) က ပြောကြားသည်။ အမေရိကန် စစ်အခြေစိုက်စခန်းများ တည်ရှိသော ကူဝိတ်နှင့် ဘာရိန်းကိုလည်း အီရန်က အကြိမ်ကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ သတင်း-ရဲမင်း ကိုးကား-BBC

photo content

◾️ဖိလစ်ပိုင်အရှေ့ပိုင်း၌ တရုတ်လေယာဉ်တင်သင်္ဘော စစ်ရေးလေ့ကျင့်ပြီးခဲ့သည့် သီတင်းပတ်အတွင်း ဖိလစ်ပိုင်နိုင်ငံအရှေ့ပိုင်း ပစိဖိတ်သမုဒ္ဒရာရေပြင်အတွင်း တရုတ်ရေတပ်က လေယာဉ်တင်သင်္ဘော စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ဇွန် ၁ ရက်တွင် သတင်းထုတ် ပြန်ထားသည်။ အဆိုပါစစ်ရေးလေ့ကျင့်မှုများကို တရုတ်ရေတပ်မှ လျောင်းနင်းလေယာဉ်တင်သင်္ဘောနှင့် အခြံအရံ စစ်သင်္ဘောများက မေ ၂၆ ရက်မှမေ ၂၈ ရက်အထိ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီး ဌာန သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ ဖိလစ်ပိုင်နိုင်ငံ လူဇွန်ကျွန်းအရှေ့ဘက် ပစိဖိတ်ရေပြင်အတွင်းပြုလုပ်ခဲ့သော စစ်ရေးလေ့ကျင့်မှုများထဲတွင် လျောင်နင်းလေယာဉ်တင်သင်္ဘောပေါ်မှ တိုက်လေယာဉ်များနှင့် ရဟတ်ယာဉ်များက အဆင်း၊အတက် လေ့ကျင့်မှုပေါင်း ၁၇၀ အထိပြုလုပ်ခဲ့ကြောင်း သိရသည်။ တရုတ်ရေတပ် လျောင်နင်းလေယာဉ်တင်သင်္ဘောနှင့် အခြားစစ်သင်္ဘောများ စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့ ရာနေရာမှာ ဂျပန်နိုင်ငံအရှေ့တောင်ပိုင်း မီယာကိုဂျီးမားကျွန်းနှင့် ၃၆၅ မိုင်အကွာတွင် တည်ရှိကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ လျောင်နင်းလေယာဉ်တင်သင်္ဘောသည် ယခုနှစ် ဧပြီလအတွင်းထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်းပြီးနောက် ပစိဖိတ်သမုဒ္ဒရာဒေသအတွင်းသို့ ဝင်ရောက်လာခဲ့သည်။ အမေရိကန်၊ ဂျပန်နှင့် ဖိလစ်ပိုင်တို့အကြား လုံခြုံရေးဆက်ဆံမှုများကို တုံ့ပြန်သည့်အနေဖြင့် တရုတ်ရေ တပ်သည် ပစိဖိတ်သမုဒ္ဒရာဒေသ၌စစ်ရေးလှုပ်ရှားမှုများ မြှင့်တင်ခဲ့သည်။ ကိုးကား-ရိုက်တာ

photo content

◾️အာရှလမ်း၌တွဲကားတစ်စီးတိမ်းမှောက်၊ ယာဉ်မောင်းကားပိသေဆုံး ‎ ‎ကရင်ပြည်နယ်၊ မြဝတီမြို့၊ အာရှလမ်းမ၊ ကွင်းကလေးကုန်းအဆင်း၌ တွဲကားတစ်စီးတိမ်းမှောက်ရာ ယာဉ်မောင်းမှာကားပေါ်မှခုန်ဆင်းရှောင်ရှားသော်လည်း ကားပိသေဆုံးကြောင်း မြဝတီခရိုင်မီးသတ်တပ်ဖွဲ့ထံမှသိရသည်။ ‎ ‎အဆိုပါတွဲကားမှာ ယမန်နေ့(ဇွန် ၂ ရက်) ညနေ ၄ နာရီခွဲတွင် ကုန်များတင်ဆောင်ကာ ရန်ကုန်မှ မြဝတီသို့မောင်းနှင်လာခြင်းဖြစ်ပြီး ကွင်းကလေးကုန်းအဆင်းမိုင်တိုင်အမှတ် (၁၆၁/၄) တွင် ဘရိတ်ပေါက်ပြီးလမ်းဘေးထိုးကျတိမ်းမှောက်ခြင်းဖြစ်ကြောင်း၊ ယာဉ်နောက်လိုက်မှာ ထိခိုက်ဒဏ်ရာရရှိကြောင်းသိရသည်။ ‎ ‎"ယာဉ်မောင်းကကားပေါ်ကခုန်ချတာ။ ဖြစ်ချင်တော့ သူခုန်ချတဲ့ဘက်ကို ကားကမှောက်တော့ ပိပြီးသေဆုံးတာ။ သူ့ရဲ့ဘော်ဒီကိုထုတ်တဲ့နေရာမှာအခက်ခဲတော့ရှိတယ်။ မိုးရွာထားလို့ လမ်းဘေးမြေသား ကပျော့တယ်။ ကားကလည်းကုန်ကအပြည့်ဆိုတော့ ကားကိုမြှောက်မရဘူး။ နောက်ဆုံးမြေမာတဲ့ နေရာတွေကနေမြှောက်ပြီး ခက်ခက်ခဲခဲနဲ့ဆွဲထုက်ခဲ့ရလို့ အချိန်တော့နည်းနည်းကြာသွားတယ်" ဟု မြဝတီခရိုင်မီးသတ်တပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးပြောသည်။ ‎ ‎ယင်းတွဲကားတိမ်းမှောက်မှုကို မြဝတီမြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များက ကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်ခဲ့ပြီး သေဆုံးသူအမျိုးသားကို Myanmar Rescue လူနာတင်ယာဉ်ဖြင့် မြဝတီပြည်သူ့ဆေးရုံသို့ပို့ဆောင်ခဲ့သည်။ ‎ ‎သတင်း - ပိုင်လေး ‎ဓာတ်ပုံ - MFSD

photo content

◾️ပင်လယ်ကွေ့ ၌ ပိတ်မိနေသူ သင်္ဘောသားများကို ကယ်ထုတ်ရန် အန္တရာယ်များ လက်ရှိအချိန်တွင် အမေရိကန်ပြည်ထောင်စုနှင့် အီရန်နိုင်ငံတို့အကြား အပစ်အခတ်ရပ်စဲရေး သဘော တူညီချက် ရယူထားသည့်တိုင် ပင်လယ်ကွေ့ရေပြင်များအတွင်းပိတ်မိနေကြဆဲဖြစ်သော သင်္ဘောသား ရာပေါင်းများစွာကို ကယ်ထုတ်ရေးအတွက် အန္တရာယ်ကြီးလွန်းနေဆဲဖြစ်ကြောင်း ကုလသမဂ္ဂနိုင်ငံ တကာပင်လယ်ရေကြောင်း အဖွဲ့ချုပ်(အိုင်အမ်အို) အကြီးအကဲ အာဆင်နီယို ဒေါမနစ်က ဇွန် ၁ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။ ပင်လယ်ကွေ့ဒေသ စစ်ရေးပဋိပက္ခများ၏ ပြဿနာအရင်းအမြစ်များကို ရှင်းလင်းနိုင်မှသာ မိမိတို့အနေဖြင့် ပိတ်မိနေသည့် နိုင်ငံတကာသင်္ဘောသားများအား ကယ်ထုတ်နိုင်ရေးအတွက် ဆောင်ရွက်နိုင်မည်ဖြစ် ကြောင်း အိုင်အမ်အို အတွင်းရေးမှူးချုပ် ဒေါမနစ်က သတိပေးထားသည်။ လက်ရှိအချိန်တွင် အမေရိကန်နှင့် အီရန်တို့အကြား အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် ရယူထား သည့်တိုင် ပိတ်မိနေသော နိုင်ငံတကာသင်္ဘောသားများအတွက် ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ အာမခံချက်များ ကင်းမဲ့နေဆဲဖြစ်ကြောင်း အိုင်အမ်အို အကြီးအကဲကပြောကြားထားသည်။ ယခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်တွင် အီရန်စစ်ပွဲ စတင်ဖြစ်ပွားခဲ့ပြီးဟော်မုဇ်ရေလက်ကြား ရေလမ်းကြောင်း များ ပိတ်ဆို့ခဲ့မှုကြောင့်ပင်လယ်ကွေ့ ရေပြင်များအတွင်းသင်္ဘောစင်းရေ ရာပေါင်းများစွာနှင့်သင်္ဘောသား ၂၀၀၀၀ ကျော် ပိတ်မိနေဖွယ်ရှိကြောင်း ကုလသမဂ္ဂက ခန့်မှန်းထားသည်။ အီရန်စစ်ပွဲစတင်ဖြစ်ပွားချိန်မှစ၍ ပင်လယ်ကွေ့ရေပြင်များအတွင်းသင်္ဘောသား ၁၁ ဦး သေဆုံးခဲ့ရကြောင်း သိရသည်။ ကိုးကား-ရိုက်တာ

photo content