uk
Feedback

Не попадись на ботовода! Telemetrio знаходить і позначає такі канали мітками 👉 Хочеш бачити мітку, оформляй підписку

HELLO - Japanese And Korean Language Centre

HELLO - Japanese And Korean Language Centre

Відкрити в Telegram

‌ဂျပန်စာသင်နေကြတဲ့ကလေးများအတွက် ဗဟုသုတ၊ Old Question ပညာဒါနများသင်ပေးရန်ရည်ရွယ်သည်။

Показати більше

📈 Аналітичний огляд Telegram-каналу HELLO - Japanese And Korean Language Centre

Канал HELLO - Japanese And Korean Language Centre (@hellojapaneselanguagechannel) у мовному сегменті Бірманська є активним учасником. На даний момент спільнота об'єднує 13 272 підписників, посідаючи 15 471 місце в категорії Освіта та 9 494 місце у регіоні М'янма.

📊 Показники аудиторії та динаміка

З моменту свого створення невідомо, проект продемонстрував стрімке зростання, зібравши аудиторію у 13 272 підписників.

За останніми даними від 28 жовтня, 2026, канал демонструє стабільну активність. Хоча за останні 30 днів спостерігається зміна кількості учасників на -115, а за останні 24 години на 18, загальне охоплення залишається високим.

  • Статус верифікації: Не верифікований
  • Рівень залученості (ER): Середній показник залученості аудиторії становить 18.80%. Протягом перших 24 годин після публікації контент зазвичай збирає 5.85% реакцій від загальної кількості підписників.
  • Охоплення публікацій: В середньому кожен допис отримує 2 488 переглядів. Протягом першої доби публікація в середньому набирає 774 переглядів.
  • Реакції та взаємодія: Аудиторія активно підтримує контент: середня кількість реакцій на один пост – 26.

📝 Опис та контентна політика

Автор описує ресурс як майданчик для висловлення суб'єктивної думки:
“‌ဂျပန်စာသင်နေကြတဲ့ကလေးများအတွက် ဗဟုသုတ၊ Old Question ပညာဒါနများသင်ပေးရန်ရည်ရွယ်သည်။”

Завдяки високій частоті оновлень (останні дані отримано 29 жовтня, 2026), канал підтримує актуальність та високий рівень охоплення публікацій. Аналітика показує, що аудиторія активно взаємодіє з контентом, що робить його важливою точкою впливу в категорії Освіта.

13 272
Підписники
+1824 години
-227 днів
-11530 днів
Архів дописів
JLPT N5/N4/N3/N2 ဖြေမဲ့ ကျောင်းသားများ Old Question လေ့ကျင့်ရန်, JLPT စာမေးပွဲအတွက်ကျက်သင့်တဲ့ ကျက်ထားရမဲ့ Notes များ N5 7လပိုင်း 2024 Old Question Part 1 https://youtu.be/2SkzfnpeU-0?si=4rs9WeRG9YawM6VY Part 2 https://youtu.be/dG4x8CQDgao?si=xs0NCqaXWRCy18rA N5 2007 Old Question https://youtu.be/rX0OVk0twLM?si=I4f164bQzWLWucUF ................................. N4 2024/7 Old Question Part 1 https://youtu.be/dfiZUyKM62U?si=RmYOenXTA_bDStyA Part 2 https://youtu.be/REz8Kbs6bZk?si=tG0NJXQXMkACtT8t Part 3 https://youtu.be/m4hQaTx1KmU?si=NV5JHe4yUztTyI7B N4 2007 Old Question Day 1 https://youtu.be/NMnbWqEN0AI?si=TCRRAW1CvMnFjt8y Day 2 https://youtu.be/rX0OVk0twLM?si=8OU3MPkLA4u_O68V Day 3 https://youtu.be/ZCze2ev2fWY?si=GKH9uXSC3tFNQiNx N4 2010/11 Old Question Day 4 https://youtu.be/C56GAYZccZM?si=z4B6WvaDu_GSeE2T Day 5 https://youtu.be/qqfGUxCehZ4?si=Zq66M4t8jWanmjmj Day 6 https://youtu.be/61TFkmTUXjg?si=9BBOw6QXo36ref7D Day 7 https://youtu.be/mATlv2aiEB0?si=TYla_U3rNMk5xMpz N4 2013 Old Question Day 8 https://youtu.be/8lJwqPows1M?si=xexEQnemprC1-qwF Day 9 https://youtu.be/c6l7NU92Qmg?si=Eya-S8gd-JP6IZ4G D10 Listening https://youtu.be/P2TYJMpu4JQ?si=nNU0olchzmWpy6tF N4 Listening Test https://youtu.be/XXOcp3cGpzo?si=i71Wvblt8pp469h9 N4 2014 Listening Old Question Day11 https://youtu.be/AfeIaKuClmw?si=tta_8G_UPiS2UGHK N4 2014 Reading Old Question https://youtu.be/j-kZ1Q9-hng?si=nC_GndnpGqPBGzOP N4 2017 Reading Old Question https://youtu.be/ZDvT_IxNs80?si=KUBiKfwPYDr1BrQ5 ........................................ N3 Old Question 2024/7 Part 1 https://youtu.be/VVvo4qqNXrs?si=UpoCXa4SxopAUZle Part 2 https://youtu.be/MaD0K03J9u4?si=gSgqUmVZl468nA_L N3 Old Question 2022/12 Part 1 https://youtu.be/TpmZApCO1Jo?si=gmBBFKtyFBLJtZQJ Part 2 https://youtu.be/hOUBhb0CarA?si=FRXUXXOXtmN_rO0B N3 Old Question 2021 /12 https://youtu.be/1eEslZk_JHc?si=w2O-Cr5mM2q0SfSu N5/N4 て Form( 17)မျိုး https://t.me/hellojapaneselanguagechannel/1889 N5,N4သမားတေ‌ွသိရမဲ့ V‌erbs က ますကိုဖြုတ်သုံးတဲ့ Grammar (11)မျိုး https://t.me/hellojapaneselanguagechannel/1897 N3/N2 သမားတွေသိရမဲ့ ばかり (5)မျိုး https://t.me/hellojapaneselanguagechannel/1890 N4, N3, N2 သမားတွေသိကိုသိထားရမဲ့ နေ့၊ရက်၊လ အခေါ်ဝေါ်နဲ့ Kanji များ https://t.me/hellojapaneselanguagechannel/1888 N4 Same Meaning https://t.me/hellojapaneselanguagechannel/1608?single https://t.me/hellojapaneselanguagechannel/1439 N4 သမားတွေကျက်ထားရမဲ့ Adverbs များ https://t.me/hellojapaneselanguagechannel/29?single https://t.me/hellojapaneselanguagechannel/4 N3 /N2 သမားတွေကျက်ထားရမဲ့မြည်သံစွဲများ https://t.me/hellojapaneselanguagechannel/1476 N3 Old Question များကို 11လပိုင်း တစ်ရက်နေ့ကစပြီး 5 စုံ Free တင်ပေးမှာမလို့ YouTube channel နဲ့ Telegram Channel ကို Subscribe ထားကြဦး‌ဗျ။ Telegram Channel https://t.me/hellojapaneselanguagechannel You Tube Channel https://www.youtube.com/@hellojapaneselanguage HELLO - Japanese Language Centre

ဂျပန်က နဂိုကတည်းက သဘာဝဘေးအန္တရာယ်အတွက် အရေးပေါ်အိတ် ဆိုတာ ဂျပန်နိုင်ငံမှာ ရောက်ရှိနေထိုင်သူတိုင်း၊ ဂျပန်နိုင်ငံသားတိုင်းပဲ ပြင်ဆင်ထားရမယ်ဆိုတာ သိပါတယ်၊ ဒါက ထူးခြားတဲ့ ကိစ္စမဟုတ်ပါဘူး ဂျပန်အစိုးရဘက်က နိုဝင်ဘာလ ၂ ရက်နေ့မှာ ထပ်မံတိုက်တွန်းဖို့ စီစဉ်ထားတယ်ဆိုတာ သတင်းအရဟုတ်ပါတယ် လောလောဆယ် မကြော်ငြာသေးပါဘူး နိုဝင်ဘာ ၂ ရက်နေ့မှ ကြော်ငြာမှာဖြစ်ပါတယ်။ ဘာမှ ရုတ်ရုတ်သည်းသည်းဖြစ်စရာမလိုသလို ဘာပွဲညာပွဲကို တွေးနေတာမလုပ်ဘဲ နိုင်ငံတိုင်း၊ အိမ်တိုင်း ဘာပဲဖြစ်လာဖြစ်လာ (သဘာဝဘေးအန္တရာယ်အတွက်၊ ရေဘေး၊မီးဘေး၊လေဘေး၊စစ်ဘေး၊မြေငလျင် )စသည်တို့အတွက် ကြိုတင်ပြင်ဆင်ထားတဲ့ အရေးပေါ်အိတ်တွေရှိသင့်ပါတယ်။ အရေးပေါ်အိတ်ထဲကို ဘာတွေပြင်ဆင်ထားသင့်၊ထည့်ထားသင့်လဲ အခြေခံအနေနဲ့ ပြင်သင်ထားသင့်တဲ့အရာများ ရေသန့် အသင့်စားအစားအစာ(မီးမလိုတဲ့စားစာရာ၊စည်သွပ်ဘူး) ဓာတ်မီးနဲ့ ဘက်ထရီ Power bank နဲ့ ကြိုး( Power Bank ကိုအားအပြည့်သွင်းထားပြီး ၁ ပါတ်တစ်ခါအားကိုစစ်ပါ) ငွေသား အရေးကြီးပစ္စည်း စာရွက်စာတမ်း၊မိတ္တူ(နိုင်ငံခြားမှာနေသူများ) ဆေးဝါးနဲ့ First aid kit Mask နဲ့ သန့်ရှင်းရေးပစ္စည်း အဝတ်အစားအပို ဝီစီနဲ့ မိုးကာ နောက်ဆုံးစစ်ဆေးရန် ဖုန်းအားအပြည့်သွင်းထားခြင်း မိသားစုဆက်သွယ်ရေးအစီအစဉ် အရေးပေါ်ထွက်ပေါက်နဲ့ ခိုလှုံရာသိထားခြင်း သက်တမ်းကုန်ရက်နဲ့ ဘက်ထရီစစ်ဆေးခြင်း အရေးကြီးဆုံးအကြံပြုချက်။ အိတ်ကို အလွန်လေးအောင် မထည့်ပါနဲ့။ ရေ၊ ဆေးဝါး၊ ဖုန်းအားသွင်းပစ္စည်း၊ စာရွက်စာတမ်းနဲ့ အသင့်စားအစားအစာတွေကို ဦးစားပေးပါ။ လအနည်းငယ်တစ်ကြိမ် စစ်ဆေးပြီး သက်တမ်းကုန်ပစ္စည်းတွေကို လဲလှယ်ထားပါ။ ***ဖြစ်မှကုသခြင်းထက် ကာကွယ်ခြင်းကပိုထိရောက်ပါတယ် ***ကြိုတင်ပြင်ဆင်ထားခြင်းက စိတ်အေးမှုကိုရစေပါတယ်

photo content
+1

ရုပ်ရုပ်သည်းသည်းဖြစ်ဖို့မလိုပါဘူး わたし က သတိထားမိအောင် အသိပေးတာပါ

“ဗြိတိန်နဲ့ ဂျပန်က ပြည်သူတွေ ၇ ရက်စာ အရေးပေါ်ပစ္စည်းတွေ သိုလှောင်ထားဖို့ ညွှန်ကြား” ဗြိတိန်နဲ့ ဂျပန်နိုင်ငံတို့မှာ မမျှော်လင့်ဘဲ ရုတ်တရက် ကြုံတွေ့လာရနိုင်တဲ့ အရေးပေါ်အခြေအနေတွေအတွက် မိသားစုအလိုက် အနည်းဆုံး (၃) ရက်ကနေ (၇) ရက်စာ အရေးပေါ်သုံးပစ္စည်းတွေနဲ့ စားနပ်ရိက္ခာတွေ ကြိုတင် စုဆောင်းထားကြဖို့ အမျိုးသားအဆင့် နိုးဆော်ချက်တွေ ထုတ်ပြန်ထားပါတယ်။​ ဒါဟာ ပဋိပက္ခ အခက်အခဲတစ်ခုခုကြောင့် မဟုတ်ဘဲ ရာသီဥတုဆိုးဝါးမှု၊ သဘာဝေဘးအန္တရာယ်နဲ့ ဆိုက်ဘာ တိုက်ခိုက်မှုတွေလိုမျိုး ခေတ်သစ် စိန်ခေါ်မှုတွေကို ပြည်သူတွေဘက်က နှစ်ရှည် ကြိုတင် ပြင်ဆင်မှုရှိစေဖို့ အစိုးရ နှစ်ရပ်စလုံးက ကြိုတင်ကာကွယ်တဲ့အနေနဲ့ နိုးဆော်တာ ဖြစ်ပါတယ်။​ ပထမဆုံးအနေနဲ့ ဗြိတိန်အစိုးရရဲ့ “အသင့်ပြင်ထားပါ” လို့ အဓိပ္ပာယ်ရတဲ့ “Be Ready” ဆိုတဲ့ ကမ်ပိန်းကို ကြည့်ကြရအောင်ပါ။ ဒီကမ်ပိန်းမှာ ဗြိတိန်အစိုးရက ရေ၊ လျှပ်စစ်နဲ့ ဆက်သွယ်ရေးကွန်ရက်တွဗ ပြတ်တောက်သွားခဲ့ရင် မိသားစုအလိုက် အနည်းဆုံး ၃ ရက်စာနဲ့ညီမျှတဲ့ ၇၂ နာရီ ကိုယ့်အားကိုယ်ကိုး ရည်တည်နိုင်ဖို့ နိုးဆော်ထားပါတယ်။ အဲဒီအတွက် အဓိကလိုအပ်တဲ့ ပစ္စည်းတွေကတော့ - တစ်ဦးကို တစ်ရက်စာ ရေ ၃ လီတာနုန်းနဲ့ ၃ ရက်စာအတွက် မိသားစုဝင် တစ်ယောက်စီအတွက် ၉ လီတာ၊ မချက်ပြုတ်ဘဲ စားသုံးနိုင်တဲ့ စည်သွပ်ဗူးနဲ့ အခြောက်အခြမ်း စားသောက်စရာ၊ ဓာတ်မီး၊ ဘက်ထရီအပိုနဲ့ အားအပြည့်သွင်းထားတဲ့ Power bank ၊ အင်တာနက်ပြတ်တောက်ချိန် အရေးပေါ်သတင်း ရယူနိုင်ဖို့ FM ရေဒီယို၊ အရေးပေါ်သုံးနိုင်ဖို့ ငွေသားနဲ့ အရေးကြီး ရောဂါမှတ်တမ်း၊ မှတ်ပုံတင် အိုင်ဒီကဒ်စတဲ့ အရေးကြီး အထောက်အထားတွေရဲ့ မိတ္တူတွေ၊ ကလေးငယ်တွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ပုံမှန်သောက်သုံးနေရတဲ့ ဆေးဝါး စတာတွေ ဖြစ်ပါတယ်။ သဘာဝဘေးဒဏ်ကို မကြာခန ကြုံတွေ့ရလေ့ရှိတဲ့ ဂျပန်နိုင်ငံကလည်း အလားတူပဲ လာမယ့် နိုဝင်ဘာ ၂ ရက်နေ့ကစပြီး ပြည်သူတွေကို မိသားစုအလိုက် ၃ ရက်ကနေ တစ်ပတ်စာ အရေးပေါ်ပစ္စည်းတွေ စုဆောင်းကြဖို့ တရားဝင်တိုက်တွန်းသွားမှာ ဖြစ်ပါတယ်။ ရေနဲ့ စားနပ်ရိက္ခာအပြင် အရေးပေါ် အိမ်သာသုံးပစ္စည်းတွေကိုပါ စုဆောင်းဖို့ ပညာပေးထားပြီး၊ ဘေးလွတ်ရာ ခိုလှုံတဲ့နေရာတွေမှာလည်း အိပ်ရာနဲ့ ပူပူနွေးနွေး အစားအသောက်တွေရရှိအောင် အခြေခံအဆောက်အအုံတွေကို တိုးမြှင့် ပြင်ဆင်နေပါတယ်။ ဒီနေရာမှာ စိတ်ဝင်စားစရာကောင်းတဲ့အချက်က အလားတူ ပြင်ဆင်မှုတွေကို ဗြိတိန်နဲ့ ဂျပန်တင်မကဘဲ ဂျာမနီ၊ ပြင်သစ်၊ ဖင်လန်၊ ဆွီဒင်၊ ဒိန်းမတ်နဲ့ နော်ဝေတို့လို ဥရောပနိုင်ငံအများအပြားမှာပါ အမျိုးသားအဆင့် လမ်းညွှန်ချက်တွေအဖြစ် ဆောင်ရွက်နေကြပါတယ်။ ပြည်သူတွေအနေနဲ့ အရေးကြုံမှ အားလုံး စုပြုံဝယ်တာမျိုးမဟုတ်ဘဲ ပုံမှန် ဈေးဝယ်ထွက်တိုင်း အရေးပေါ်သုံးပစ္စည်းတွေကို တဖြည်းဖြည်းချင်း ဖြည့်ဆည်း စုဆောင်းထားကြဖို့ အစိုးရတွေက တိုက်တွန်းထားပါတယ်။ #EmergencyKit #ZawwinHlaing #newswise #Newzy

Tokutei Building Cleaning (Hotel) လုပ်ငန်းဖြင့် အလုပ်အင်တာဗျူးအောင်တဲ့ Aye Mya Nyein さん おめでとう御座います㊗️🎊
Tokutei Building Cleaning (Hotel) လုပ်ငန်းဖြင့် အလုပ်အင်တာဗျူးအောင်တဲ့ Aye Mya Nyein さん  おめでとう御座います㊗️🎊

ဂျပန်ကို အမြန်သွားရတဲ့ Language School တွေနဲ့ ကျောင်းလျောက်ပေးတဲ့ သင်တန်းတွေ ၊ အေဂျင်စီတွေကို အပေါ်ယံကြည့်ပြီး မယုံရဲတဲ့ အဖြစ်ရောက်နေပြီ၊ ဘယ်လောက်ပဲ ဂျပန်ကို မှန်မှန်ကန်ကန်ပို့နေပါတယ် ပြောပြော နောက်ကွယ်မှာ ဘယ်လိုတွေ အလုပ်ခံထားရလဲ၊ အနိုင်ကျင့်ခံထားရလဲဆိုတာပါ သိဖို့ အရင်ဓာတ်စက်ခေတ်က စုံထောက် ဆားပုလင်းနှင်းမောင်တို့၊ IP ဘတ်ခေတ် တို့၊ စုံထောက်ဦးစံရှား တို့လို စုံစမ်းဖော်ထုတ်ပြီးမှ လုပ်ရတယ်မယ်ထင်တယ် ဂျပန်မရောက်ခင် စုံထောက်ကြီးများ ဖြစ်ကြပါစေကွယ် 😁😁😁

VIP တန်းက လဲပွဲကြည့်နေသလို အတိုင်ပင်ခံ ကောင်စီထဲဝင်ဖို့ လာကမ်းလှမ်းနေကြတယ် လက်ရဲ၊ ဇာတ်ရဲ ၊ ပြောရဲဆိုရဲ ထဲမပါပါဘူးနော် Introvert လေးမလို့ အတိုင်ပင်ခံကောင်စီထဲာမပါပရစေနဲ့ ငြင်းထားရတယ် ပါဖြစ်ခဲ့ရင်လဲ ထိပ်ဆုံးက ဆော်မှာ ပါ 😬😬😬😬

ပွဲတက်လေး ဖိတ်ပါတယ်နော် ပွဲခေါင်းစဉ်က ဟန်ဆောင်ကောင်းသူ တဲ့ 🤣🤣🤣🤣

ငါတို့ JLPT ဖြေမဲ့သူတွေက ဝဠ်ကျွေးလားမသိဘူး စာမေးပွဲနားနီးရင် ပွဲပေါင်းသောင်းခြောက်ထောင်နဲ့ အရင်ကပွဲတွေက သူများပွဲတွေ တက်ရတာ အခုက ဂျပန်ပွဲ Language School နဲ့ပို့ပေးတဲ့ အေဂျင်စီက မတရားဂုတ်သွေးစုတ်၊ အမြတ်ကြီးထုတ်တယ်ဆိုပြီး သူတို့ပို့ပေးလိာက်တဲ့ ဂျပန်ရောက်သူများနဲ့ အေဂျင်စီကြားပွဲတဲ့ ဒီပွဲက အားလုံးနဲ့ဆိုင်လာနိုင်တဲ့ပွဲဆိုတော့တက်ကြပေါ့နော် တို့လဲ တက်နေပါတယ်နော် VIP တန်းကနေ 😆😬 ဟိတ် ဒါနဲ့ ၁၂ လပိုင်း JLPT စာမေးပွဲလဲ ကျန်သေးတယ်နော် မေ့နေမှာစိုးလို့ 😁😁😁

Tokutei Buildingလုပ်ငန်းဖြင့်အင်တာဗျူးအောင်သွားတဲ့ Ei Chaw Oo さん おめでとう御座います
Tokutei Buildingလုပ်ငန်းဖြင့်အင်တာဗျူးအောင်သွားတဲ့ Ei Chaw Oo さん おめでとう御座います

ဂျပန်နိုင်ငံ Fukui မှာလုပ်ရမည့် Tokutei Kaigo ( ဘိုးဘွားစောင့်ရှောက်ရေး) အလုပ်ဖြင့် အင်တာဗျူးအောင်သွားတဲ့ Nandar Htwe さん おめでと
ဂျပန်နိုင်ငံ Fukui မှာလုပ်ရမည့် Tokutei Kaigo ( ဘိုးဘွားစောင့်ရှောက်ရေး) အလုပ်ဖြင့် အင်တာဗျူးအောင်သွားတဲ့ Nandar Htwe さん  おめでとう御座います🍾㊗️🎊

Tokutei စားသောက်ကုန်ထုတ်လုပ်ငန်းဖြင့်အင်တာဗျူးအောင်သွားတဲ့ Ei Chaw Oo さん おめでとう御座います
Tokutei စားသောက်ကုန်ထုတ်လုပ်ငန်းဖြင့်အင်တာဗျူးအောင်သွားတဲ့ Ei Chaw Oo さん おめでとう御座います

https://www.facebook.com/share/p/14sv17cpy4U/?mibextid=wwXIfr Tokutei သင်တန်းများ ဘယ်အတန်းတက်တက် ၃၀ % Off ယူပါ
https://www.facebook.com/share/p/14sv17cpy4U/?mibextid=wwXIfr Tokutei သင်တန်းများ ဘယ်အတန်းတက်တက် ၃၀ % Off ယူပါ

စကားပြောအတွက် ဂျပန်လိုအဓိပ္ပာယ်တူ စာကြောင်းကွဲတွေမှတ်ကြမယ် なんでもない-ဘာမှမဟုတ်ပါဘူး やっぱりいいや-တကယ်ကို ရပါတယ် だいじょうぶ-အဆင်ပြေပါတယ်/ရပါတယ် きにしないで-စိတ်ထဲမထားပါနဲ့ おなかすいた-ဗိုက်ဆာလိုက်တာ はらへった-ဗိုက်ဆာလိုက်တာနော် おなかぺこぺこ-ဗိုက်ဆာတာ တဂွီဂွီမြည်နေပြီ たのしんでね-ပျော်ပါစေ がんばってね-ကံကောင်းပါစေ きをつけてね-ဂရုစိုက်ပါ そうだね-ဟုတ်တယ်နော် 私もそうおもう-ငါလည်းအဲ့လိုထင်တယ် そうだよね-ဟုတ်တာပဲ それな-ဟုတ်တာပဲ まかせるよ-မင်းကိုအပ်ထားလိုက်ပြီနော် なんでもいいよ-မင်းသဘောပါပဲ おわせるよ-မင်းအစီအစဉ်အတိုင်းပဲ たのしみ-မျှော်နေတယ်နော် ワクワクする-စိတ်လှုပ်ရှားလိုက်တာ まちきれない-မစောင့်နိုင်တော့ဘူး いえいえ-ရပါတယ် とんでもないです-ရပါတယ်၊အဆင်ပြေပါတယ် よかった-(အကူအညီဖြစ်လို့)ဝမ်းသာပါတယ်/တော်သေးတာပေါ့ とても-တော်တော်လေး ちょう-တော်တော် めっちゃ-အရမ်းကို ほんとうに-တကယ့်ကို HELLO - Japanese Language Centre

မိန်းမလေးများ ဝန်းရံသင့် Speak Out လုပ်သင့်ပါတယ် わたし ကိုယ်တိုင်တောင် အစ်မတွေ ရှိတာမလို့ ပြင်းပြင်းထန်ထန် ပြောဆို Speak Outလုပ်နေပါတယ် https://www.facebook.com/share/p/19fGziq2uJ/?mibextid=wwXIfr

photo content

အခုရေးမှာကတော့ ကိုယ့်နယ်ပယ်နဲ့ မဆိုင်တဲ့ GED ကျောင်းတစ်ခုက ကောင်မလေးတစ်ယောက်ကို အဲဒီGED ကျောင်းကခွေး၄ကောင် က မ_ဒိ_န်: ကျ_င့်တဲ့ကိစ္စ အလုပ်ခံရတဲ့ ကောင်မလေးက ကိုယ်တိုင် Tik Tok မှာ ထွက်ပြောတယ်၊ အဲလိုပြောရပါ့မလားဆိုပြီးGED ကျောင်းဘက်က သူတို့ကျောင်းနာမည်ပျက်မှာ၊ ထိခိုက်မှာစိုးလို့ ကောင်မလေးကို ဖုန်းသိမ်းတယ်၊ အဆောင်အခန်းအပြင်ကနေ ပေးမထွက်ဘူး၊ ဖြေရှင်းတော့ လုပ်တဲ့ ခွေး ၄ ကောင်နဲ့ တစ်ခန်းထဲ အတူတူထားရှင်းတယ်တဲ့(ကျောင်းဘက်ကရေးထဲစာထဲပါတယ်) ဘယ်လိုပုစွန်ဦးနှောက်နဲ့ ကောင် ထောင်ထားတဲ့ကျောင်းလဲ ဒါမျိုးကိစ္စကို ကျူးလွန်တဲ့ သူ ၄ ယောက်နဲ့ အကျူးလွန်ခံရသူ ၁ ယောက်နဲ့ အတူတူထား စစ်တာ၊မေးတာ လုပ်ရတယ်လို့ ဘယ်သတ္တဝါကမြန်းသင်ပေးလိုက်တာပါလိမ့် စီးပွါးရေးလုပ်နေတာမလို့တဲ့ ကျူးလွန်တဲ့ ၄ ယောက်ကို ကျောင်းဆက်တက်ခိုင်းပြီး ကျူးလွန်ခံရသူက ကျောင်းထွက်ရဦးမယ်တဲ့ ၄ ယောက်ဆီက ရတဲ့ငွေနဲ့ ၁ ယောက်ထဲသမားဆီကရတဲ့ငွေ ဘယ်ဟာယူမလဲတဲ့ မလေးလေး အံဩလောက်ပါပေတယ် ရေးထားသေးတယ် ကောင်မလေးက အတိုအပြတ်ဝတ်လို့ ကျူးလွန်တဲ့ကောင်တွေက လုပ်တာ ဒါသဘာဝပဲတဲ့ အံ့ဩပြီးရင်း အံ့ဩပါရဲ့ အဲကောင်ရဲ့ အမေ၊ နှမ ကိုလဲ အဲလိုအကုန်ဝိုင်းလုပ်သွားစေချင်တယ် ဒါလဲသဘာဝဆိုပြီးနားလည်ပေးနိုင်အောင် နစ်နာပြီးသားသူကို ပိုနစ်နာအောင်ပြောပြီး ကျူးလူတဲ့သူတွေမှာ အနာဂါတ်ရှိလို့ ကာကွယ်ပေးရမယ်တဲ့ ကျောင်းဆက်တက်ခွင့်ပေးမယ်တဲ့ ကျူးရလွန်ခံရသူမှာ အနာဂါတ်မရှိတော့လေသလား မိန်းမတွေ လှအောင်ပအောင်နေတာ၊ လှလှပပဝတ်တာစားတာက ယောက်ျားတွေနှာထဖို့ ဝတ်တာမဟုတ်ဘူး သူတို့လှအောင်ဝတ်တာ သူတို့အတွက်ပဲ ၊ မိန်းမတွေ အတိုအပြတ်ဝတ်တိုင်း အလှပြင်တိုင်း ယောက်ျားတွေကို မြူဆွယ်ဖို့ ၊ ယောက်ျားတွေ နှာထတိုင်းလုပ်ချင်တာ လုပ်လို့ရမနေဘူး သူ့တို့ဘာသာ အဝတ်မဝတ်ဘဲနဲ့ပဲနေနေ ယောက်ျားတွေက သူတို့အလိုမတူရင် မျက်လုံးနဲ့တောင်မကြည့်သင့်ဘူး ငါတို့ကယောက်ျားတွေဆိုပြီး ဖိုဝါဒ နဲ့ ၄ ယောက်က ၁ ယောက်ကို အလိုမတူဘဲ လုပ်တာကို ကာကွယ်ပေးနေရင် ကိုယ့်အမေ၊ညီမ၊ အစ်မ တွေသာ အဲလိုမရင်အလုပ်ခံခိုင်းကြည့်ရမယ်၊ ယောက်ျားတိုင်း နှာထမနေသလို ၊ မိန်းမတိုင်းကလဲ ယောက်ျားတွေ လုပ်ချင်တာလုပ်လို့ရတာမျိုးမဟုတ်တာမလို့ ဒီ GDE ကျောင်းက ပုစွန်ဦးနှောက်နဲ့ကောင်ရေးတဲ့စာကြောင့် ယောက်ျားတိုင်းသူတို့လို ကောင်တွေလို့အထင်ခံရနေပြီ အမျိုးသမီးတွေလဲ ကိုယ်ဖြစ်မှ မဟုတ်ဘဲ Speak out လုပ်ကြပါ ၁ ယောက်ကနေ လုပ်ရလို့လုပ်ရာက ၁၀ယောက်၊ အယောက် ၁၀၀ ဖြစ်သွားနိုင်တယ် သမီးမိန်းခလေးမွေးထားတဲ့ မိဘများ အထူးဂရုစိုက်သင့်ပါတယ်၊ ဒါနိုင်ငံရေးမဟုတ်လို့ ဘက်တူတာ မတူတာတွေ ရွေးဖို့မလိုနေဘူး ပြောဆိုပါဝင်သင့်တယ်။

ဂျပန်မှာ နေရတာ အဆင်မပြေဘူး မပျော်ဘူး အခွန်တွေများတယ်ဆိုပြီး ညည်းပြလိုက်တာ မြန်မာက သူငယ်ချင်းတွေက မြန်မာမှာက နေရတာ အဆင်ပြေတယ် ပျော်ဖို့ကောင်းတယ် အခွန်မဆောင်ရဘူး မီးလာလိုက် ပျက်လိုက်မလို့ မီးပျက်ရင် ဟာ ဆိုပြီးအော်လိုက် ပြန်လာရင် ဟေး…မီးလာပြိဆိုပြီးပျော်လိုက်နဲ့ ကံကောင်းရင် စစ်သားကြီးတောင်လုပ်ရမှာ၊ ကမ္ဘာမြေကြီးအကျိုးပြုဖို့ မြေဩဇာလဲဖြစ်နိုင်တယ် နေ့တိုင်း တူတူ ပုန်းတိုင်း လဲ ကစားလို့ရတယ် လေယာဉ်သံကြားရင် ဗုံးခိုကြွင်းထဲ ဝင်ပုန်းလိုက်၊ အသံမကြာတော့ရင်ပြန်ထွက်လိုက်နဲ့ ရှာသမျှက ဘာမှမဝယ်လောက် မသုံးလောက်ဘူး ပြန်လာခဲ့ ပျော်စရာကြီးတဲ့ အဲဒါနဲ့ပဲ အော် ဂျပန်မှာက ပိုပျော်ဖို့ကောင်းပါလား ဆိုပြီး ဂျပန်မှာနေရတာ ပျော်သွားတဲ့ ခံစားချက်ဝင်လာတယ်။ ဂျပန်မှာ ဘယ်လိုအလုပ်လုပ်ရတယ်၊ ဘယ်လောက်ပင်ပန်းတယ်၊ အခွန်တွေဘယ်လောက်ပေးနေရတယ်ဆိုတာတွေက အနည်းဆုံးတော့ မြန်မာပြည်ထက်သာပါတယ် ညဘက်ခေါင်းပြားအောင်အိပ်လို့ရ၊ ၂၄ နားရီမီးရ၊ ငွေရှာလို့ရ၊ စစ်သားကြီးလဲ မလုပ်ရ တော့ မြန်မာနဲ့ ယှဉ်ပြီး တော်ပါသေးရဲ့လိုပဲတွေးနေရမှာပါ။