cookie

Ми використовуємо файли cookie для покращення вашого досвіду перегляду. Натиснувши «Прийняти все», ви погоджуєтеся на використання файлів cookie.

avatar

ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် သတင်းမှန်ပြန်ကြားရေး

မ အေ လိုး မင်း အောင် လှိုင်

Більше
Рекламні дописи
2 677
Підписники
+124 години
+197 днів
+19230 днів
Час активного постингу

Триває завантаження даних...

Find out who reads your channel

This graph will show you who besides your subscribers reads your channel and learn about other sources of traffic.
Views Sources
Аналітика публікацій
ДописиПерегляди
Поширення
Динаміка переглядів
01
ရေဦး ‼️ ရေဦးမြို့(အထက ၁)အတွင်း စစ်မှုထမ်းဖို့ရန် အတင်းအားဓမ္မဖမ်းဆီးခေါ်ဆောင်ခံထားတဲ့ အပြစ်မဲ့ပြည်သူ(၁၃)ဦးဟာ ယနေ့နံနက်အစောပိုင်းမှာ စစ်ခွေးများလက်မှ ထပ်မံလွှတ်မြောက်လာပြီး ရေဦးမြောက်ဘက်ခြမ်း လွတ်မြောက်နယ်မြေတနေရာသို့ရောက်ရှိနေပြီဖြစ်တယ်လို့ သတင်းရရှိထားသည့်အတွက် များစွာဝမ်းသာမိပါတယ်ခင်ဗျာ ။ (အောက်ပါ 𝐏𝐃𝐂 တယ်လီဂရမ်ချန်နယ်တို့မှာလည်း ဝင်ရောက်ကြည့်ရှူနိုင်ပါသည်) https://t.me/htookhantzaw5 https:///aerialintelligence ​တိုက်ရိုက် သတင်းပေးပို့ရန် ☞https://t.me/mothersson122021 #မှတ်ချက် 'သတင်းများအား မူရင်းအတိုင်းသာ ကူးယူဖော်ပြခွင့်ပြုသည်' 29.𝙈𝘼𝙔.2024/ 15:07 【𝐏𝐃𝐂】 🚩 ✰အမေ့သား✰
4040Loading...
02
ဟုမ္မလင်းမြို့နယ် အထက်ပိုင်းရှိ ဖက်ဆစ်မိစ္ဆာလက်အောက်ခံ  SNA တပ်နဲ့ ဖက်ဆစ်စစ်ခွေး ပူးပေါင်းတပ်တွေ တပ်စွဲနေထိုင်သည့် ကျေးရွာ ၄ ရွာကို ဟုမ္မလင်းPDF မဟာမိတ်ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်လိုက် ကြောင်း သိရှိရသည်။ ချင်းတွင်းမြစ်တစ်ကြော လက်ရှိ သိမ်းပိုက်ထားတဲ့ မုက္ကလီ၊ တုံမာဟဲ၊ ပုရစ် ၊ ဖါနှိုင်းရွာစတဲ့ ကျေးရွာဖြစ်ပြီး မေလ ၂၄ ရက်နေ့ကနေ ထိုးစစ်ဆင်သိမ်းပိုက်ခဲ့တာဖြစ် ပြီး လက်နက်ခဲယမ်းတချို့နှင့် ခွေးမီးဖုတ်များရရှိထားကြောင်း သိရှိရပါတယ်။
3410Loading...
03
Media files
3400Loading...
04
- ဗိုလ်မှူးကြီး မင်းသူရင် (စကခ ၁၇ ) သည် ကြည်းသုေတသန စစ်ရုံးချုပ် - ဗိုလ်မှူးကြီး ညီလွင်ချို (ဥစတ) သည် အခြေချစစ်ဗျူဟာ (ရွှေကျင် ) - ဗိုလ်မှူးကြီး တင်မောင်ကျော် (နကတ) သည် အခြေချစစ်ဗျူဟာ (ကော့သောင်း) - ဗိုလ်မှူးကြီး ထွန်းတင် (ဥစတ) သည် အခြေချစစ်ဗျူ ဟာ တန့်ယန်း - ဗိုလ်မှူးကြီး အောင်သူ၀င်း (ဥစတ) သည် အခြေချစစ်ဗျူဟာ မိုးမိတ် - ဗိုလ်မှူးကြီး ရဲဟိန်း (ဥစတ) သည် အခြေချစစ်ဗျူဟာ ပူတာအို - ဗိုလ်မှူးကြီး ကျော်ထင်ငြိမ်း သည် စစ်ဦးစီးတက္ကသိုလ် ကလော - ဗိုလ်မှူးကြီး ဇော်မင်းထက် (စကခ ၁) သည် စစ်ဦးစီးတက္ကသိုလ် ကလော - ဗိုလ်မှူးကြီး သန့်ဇော်ထွန်း (ရလခ) သည် စစ်ဦးစီးတက္ကသိုလ် ကလော - ဗိုလ်မှူးကြီး ဟိန်းထက်နောင် (တသခ) သည် စစ်ဦးစီးတက္ကသိုလ် ကလော - ဗိုလ်မှူးကြီး နောင်ဇင်ထွန်း (တပခ ) သည် စစ်ဦးစီးတက္ကသိုလ် ကလော - ဗိုလ်မှူးကြီး ထွန်းထွန်း၀င်း (နတခ) သည် နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ် - ဗိုလ်မှူးကြီး ကျော်ဇေ၀င်း (စကခ ၇ ) သည် နိုင်ငံညတော်ကာကွယ်ရေး တက္ကသိုလ် - ဗိုလ်မှူးကြီး သက်ပိုင်ဇော် ( တပ်မ ၅၅ ) သည် နိုင်ငံ တော်ကာကွယ်ရေး တက္ကသိုလ် - ဗိုလ်မှူးကြီး မင်းသိန်း (စကခ ၂၀ ) သည် နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ် - ဗိုလ်မှူးကြီး သန်းစိုး (စကခ ၁၀ ) သည် နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ် - ဗိုလ်မှူးကြီး ခိုင်ဇော်မြင့် (နကတ) သည် ဒုစကခမှူး အမှတ် (၁၉) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် ရေး - ဗိုလ်မှူးကြီး သက်နိုင်ထူး (ဥစတ) သည် ဒုစကခမှူး အမှတ်(၁၈) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် မိုင်းဖြတ် - ဗိုလ်မှူးကြီး နိုင်ကိုငြိမ်း (နကတ) သည် ဒုစကခမှူး အ မှတ်(၅)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် တောင်ကုတ် - ဗိုလ်မှူးကြီး ဝေလင်းအောင် (ရမခ) သည် ဒုတပ်မမှူး အမှတ်(၉၉) ‌ခြေမြန်တပ်မဌာနချုပ် မိတ္ထီလာ - ဗိုလ်မှူးကြီး ဇင်မျိုးဦး (နကတ) သည် ဒုတပ်မမှူး အမှတ်(၃၃) ခြေမြန်တပ်မဌာနချုပ် စစ်ကိုင်း - ဗိုလ်မှူးကြီး စိန်မင်းထွန်း (လကခ) သည် ဒုတပ်မမှူး အမှတ်(၄၄ ) ခြေမြန်တပ်မဌာနချုပ် ကျိုက်ထို တို့သို့ ပြောင်းရွှေ့လိုက်ကြောင်း သိရှိရသည်။ ထို့ပြင် စစ်ရုံးချုပ် ကြည်းစီမံက ဒုတိယဗိုလ်မှူးကြီး ဘုန်းမြင့်သည် အပြောက်းအရွှေ့စာရင်းတွင် ပါဝင်သော် လည်း မည်သည့်နေရာသို့ ပြောင်းရွှေ့ခံရသည်ကို မသိရှိရသေးကြောင်း CDM ဗိုလ်ကြီး ဇင်ယော်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။ ဓာတ်ပုံ- နေပြည်တော်တွင် ကျင်းပသည့် စစ်တပ် အခမ်းအနား တက်ရောက်နေသည့် အကြမ်းဖက် မင်းအောင်လှိုင်နှင့် ဗိုလ်ချုပ်များ။ (ပုံအဟောင်း ဖြစ်ပါသည်။)
3131Loading...
05
မင်းအောင်လှိုင်က တိုင်းမှူးများ၊ လက်ရုံးတပ်ညွှန်ကြားရေးမှူး ဗိုလ်ချုပ်များနှင့် ဗိုလ်မှူးကြီး ၃၆ ဦးကို ရာထူးမှအနားပေးခြင်း၊ ရာထူးတိုး အပြောင်းအရွှေ့များ ပြုလုပ်၊ ဗိုလ်ချုပ်တချို့ တရားစွဲဆို ထောင်ချခံရမည် ရန်ကုန်၊ မေ ၂၉ အကြမ်းဖက်မင်းအောင်လှိုင်က တိုင်းမှူးများ၊ တိုင်းမှူးများ၊ လက်ရုံးတပ်ညွှန်ကြားရေးမှူး ဗိုလ်ချုပ်များနှင့် ဗိုလ်မှူးကြီးအများအပြားကို အနားပေးခြင်းနှင့် အပြောင်းအရွှေ့လုပ်များပြုလုပ်ပြီး ဗိုလ်ချုပ်တချို့မှာမူ တရားစွဲထောင်ချခံရမည်ဖြစ်ကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်နှင့် CDM ဗိုလ်ကြီးဇင်ယော်ထံမှ သိရှိရသည်။ နေပြည်တော်တိုင်းမှူး ဗိုလ်ချုပ်စောသန်းလှိုင်ကို ရာထူးမှ ဖယ်ရှားလိုက်ပြီး ၎င်း ၏ နေရာတွင် ကမ်းရိုးတန်းတိုင်းမှူး ဗိုလ်ချုပ်စိုးမင်းကို ခန့်အပ်လိုက်ကြောင်း သိရှိရသည်။ ရာထူးမှ ဖယ်ရှားပြီး အနားပေးခံလိုက်ရသည့် လက်ရုံးတပ် ညွှန်ကြားရေးမှူး ဗိုလ်ချုပ်များမှာ အမြောက်တပ်ဖွဲ့ညွှန်ကြားရေးမှူး ဗိုလ်ချုပ် သက်အောင်၊ ဆက်သွယ်ရေးညွှန်ကြားရေးမှူး ဗိုလ်ချုပ် ထွန်းထွန်းဦး၊ စစ်လက် နက်ပစ္စည်းညွှန်ကြားရေးမှူး ဗိုလ်ချုပ် ဝင်းလွင် ၊ သံချပ်ကာနှင့်ယန္တရားတပ်ဖွဲ့ညွှန်ကြားရေးမှူး ဗိုလ်ချုပ်တို့ဖြစ်ကြောင်း သိရှိရသည်။ ထို့နောက် အမြောက်တပ်ဖွဲ့ညွှန်ကြားရေးမှူးအသစ်အဖြစ် အမှတ် ၉၀၉ အမြောက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်မှူးချုပ် ထင်ကျော်စိုး ကိုလည်းကောင်း၊ ဆက်သွယ်ရေးညွှန်ကြားရေးမှူးအသစ်အဖြစ် ပြင် ဦးလွင်မြို့ တပ်မတော်အီလက်ထရောနစ်နှင့်ဆက်သွယ်ရေးကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် ရဲမြင့်နိုင် ၊ စစ်လက်နက်ပစ္စည်းညွှန်ကြားရေးမှူးအသစ် အဖြစ် ထောက်ပံ့နှင့်ပို့ဆောင်ရေးညွှန်ကြားရေးမှူး ဗိုလ်ချုပ် ဝင်းမြတ် ၊ ထောက်ပံ့နှင့်ပို့ဆောင်ရေးညွှန်ကြားရေးမှူးအသစ်အဖြစ် စစ်ထောက်ချုပ်ရုံးမှ ဗိုလ်မှူးချုပ် တင်စိုး၊ သံချပ်ကာနှင့် ယန္တရားတပ်ညွှန်ကြားရေးမှူးအသစ် အဖြစ် ဗိုလ်မှူးချုပ် ထူးမြတ်တိုး တို့ကို အသီးသီး ခန့်အပ်ခဲ့ကြောင်း သိရှိရသည်။ "တချို့ဗိုလ်ချုပ်တွေက အဂတိမှုတွေပါတယ်။ အဲဒါ ခုံရုံးတင် ထောင်ချခံရတာတချို့ရှိပါမယ်။ နောက်တစ်ခုကတော့ ဗေဒင်ယတြာကိန်းဂဏန်းအရ အဖြုတ်ခံရတာလည်းရှိတယ်"ဟု နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။ အကြမ်းဖက်စစ်တပ်တွင်းတွင် ရာထူးအပြောင်းအလဲများစွာပြုလုပ်နေပြီး တပ်မ မှူး နှင့် ဒုတပ်မမှူးများ အပတ်စဉ်ကွာခြားချက်များလာနေကြောင်း CDM ဗိုလ်ကြီး ဇင်ယော်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြား သည်။ ထို့ပြင် ဗိုလ်မှူးကြီးအဆင့် အရာရှိကြီးများ၏ ရာထူးအပြောင်းအလဲကိုလည်း စစ်ကောင်စီက လုပ်ဆောင်ခဲ့ပြီး သင်တန်းကျောင်းများမှ နည်းပြများကို စစ်ဗျူဟာမှူး ၊ ဒုတပ်မမှူး ရာထူးများပေးခဲ့ခြင်း ဖြစ်ကြောင်း၊ စုစုပေါင်း ၃၆ ဦးခန့် ရာထူး နေရာအပြောင်းအရွှေ့များ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။ "အပြောင်းအလဲကတော့ စစ်တပ်ရဲ့ ပုံစံအရ သွေးသစ်လောင်းတယ်ပေါ့နော်။ သွေးသစ် လောင်းတယ်။ တပ်မမှူးနဲ့ ဒုတပ်မမှူးနဲ့ အပတ်စဉ်ကွာခြားချက်တွေ နည်းနည်းများလာတာပေါ့နော်။ အငယ်တွေကို ပြန်ပြီးတော့ သွေးသစ်လောင်းနေတယ် ဗိုလ်ချုပ် Level တွေပေါ့။ တပ်တွင်းမညီမျှမှုတွေ ဖြစ်လာဖို့ များတယ်။ အကြီးကနေ အောက်ကို မညှာမတာ အမိန့်ပေးတာ‌မျိုးတွေပေါ့"ဟု CDM ဗိုလ်ကြီး ဇင်ယော်က သုံးသပ်ပြောဆိုသည်။ အဆိုပါ လုပ်ဆောင်မှုသည် လက်ရှိတပ်မမှူးများကို 'ပြုတ်စော်နံ'နေပြီဟု မင်းအောင်လှိုင်က သတိပေးလိုက်ခြင်းပင်ဖြစ်ကြောင်း CDM ဗိုလ်ကြီး ဇင်ယော်က ပြောဆိုသည်။ အကြမ်းဖက်စစ်တပ်၏ ဗိုလ်မှူးကြီးအဆင့် ရာထူး အပြောင်းအလဲများတွင် - ဗိုလ်မှူးကြီး ရဲ၀င်းအောင် (တပ်မ ၉၉ ) သည် အရှေ့ မြောက်တိုင်း စစ်ဌာနချုပ် လားရှိုး - ဗိုလ်မှူးကြီး ကိုထက် (စကခ ၁၅ ) သည် အရှေ့အ လယ်ပိုင်းတိုင်း စစ်ဌာနချုပ် ခိုလန် - ဗိုလ်မှူးကြီး မျိုးမင်းဦး (တပ်မ ၄၄ ) သည် တြိဂံဒေသတိုင်း စစ်ဌာနချုပ် ကျိုင်းတုံ - ဗိုလ်မှူးကြီး အောင်ခိုင်၀င်း (စကခ ၈ ) သည် တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တောင်ငူ - ဗိုလ်မှူးကြီး တင်ထွန်းလင်း (စကခ ၁၉) သည် အ နောက်တောင်တိုင်း စစ်ဌာနချုပ် ပုသိမ်သို့ အလွတ်ပြောင်းရွှေ့ခံရ - ဗိုလ်မှူးကြီး သန့်ဇင်ဦး (မပခ ) သည် ဒုစကခမှူး အ မှတ်(၇) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ဖယ်ခုံ - ဗိုလ်မှူးကြီး တင်ထွန်းအောင် (စကခ ၆) သည် နိုင်ငံ တော်ကာကွယ်ရေး တက္ကသိုလ် နေပြည်တော် - ဗိုလ်မှူးကြီး ထင်လင်းအောင် (တပ်မ ၄၄ ) သည် နည်းပြမှူးချုပ် အမှတ်(၂) တပ်မတော်တန်းမြင့်လေ့ ကျင့်ရေးကျောင်း မိုးဆွေ - ဗိုလ်မှူးကြီး ဇော်၀င်းထွန်း (တပ်မ ၄၄ ) သည် စစ်ဦး စီးဗိုလ်မှူးကြီး စစ်ထောက် အရှေ့မြောက်တိုင်းစစ် ဌာနချုပ် လားရှိုး - ဗိုလ်မှူးကြီး ကျော်စွာထွန်း (စဗခ ကွမ်လုံ) သည် ဒုတိယ တမာတော တပ်ထိန်းချုပ် - ဗိုလ်မှူးကြီး ဇော်လင်းထွန်း (ရခမ) သည် ဒုညွှန်မှူး ပြည်သူ့စစ်နှင့် နယ်ခြားစောင့်တပ်များ ညွှန်ကြားရေးမှူးရုံး - ဗိုလ်မှူးကြီး ကျော်မင်းထွန်း (စကခ ၁၉) သည် တမာတော လေ့ကျင့်ရေး အရာရှိချုပ်ရုံး - ဗိုလ်မှူးကြီး စိုးသူရ (နကတ) သည် ကြည်းတာ၀န် စစ်ရုံးချုပ်
3231Loading...
06
Media files
9980Loading...
07
မောင်တော၊ ၄ မိုင်တပ်စခန်းကို AA သိမ်းလိုက်ပြီဟု သိရှိရပြီး လက်နက်သိမ်းဆည်းရရှိသော ဗီဒီယို ပြန့်နှံ့နေ ရန်ကုန်| မေ ၂၃ ရခိုင်ပြည် မောင်တောမြို့နယ် ၄ မိုင်ရှိ စစ်ကောင်စီ တပ်စခန်းကို ယမန်နေ့ မေလ ၂၂ ရက် ညနေတွင် အာရက္ခတပ်တော် AA က သိမ်းပိုက်လိုက်ပြီဟု စစ်ရေးအခြေအနေသိသော ဒေသခံများက ပြောသည်။ မောင်တော ၄ မိုင်တပ်စခန်းသည် စစ်ကောင်စီ နခခ (၂) ဌာနချုပ်ဖြစ်ပြီး ဘူးသီးတောင်မြို့ကို သိမ်းပိုက်ပြီးနောက် မောင်တောမြို့ကို သိမ်းပိုက်နိုင်ရန် ထိုးစစ်အရှိန်မြှင့်ရာတွင် AA က သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။ စစ်ရေးအခြေအနေသိသူက " ဘူးသီးတောင်ကို သိမ်းပြီးနောက် AA က မောင်တောမြို့ကို ထိုးစစ်အရှိန်မြှင့်ခဲ့တယ်။ မောင်တောမှာ တိုက်ပွဲက အရမ်းပြင်းထန်နေတယ်။ ၄ မိုင်တပ်စခန်းကို မနေ့ညနေက AA က သိမ်းလိုက်ပြီလို့ သိရတယ်။ ဒါပေမယ့် AA က ထုတ်ပြန်မှ အတည်ပြုနိုင်မယ်။ " ဟု ပြောသည်။ မောင်တောစစ်ရေးအခြေအနေသိသူများက မောင်တော ၄ မိုင်တပ်စခန်းကို AA သိမ်းပိုက်လိုက်ပြီဟု ပြောသော်လည်း အာရက္ခတပ်တော် AA က ထုတ်ပြန်မှသာလျှင် အတည်ပြုနိုင်မည်ဖြစ်သည်။ မောင်တော ၄ မိုင် စစ်ကောင်စီတပ်စခန်းက AA သိမ်းဆည်းရမိသော လက်နက်များဟု ဗီဒီယိုဖိုင်လည်း လူမှုကွန်ရက်စာမျက်နှာများတွင် ပျံ့နှံ့နေသည်။ မောင်တောမြို့နယ် တောင်ပြိုမြို့နှင့် တပ်စခန်း အပါအဝင် ဌာနချုပ်အချို့ကို AA က ပြီးခဲ့သည့် လများကစ၍ သိမ်းထားပိုက်ပြီး မောရတီဗျူဟာကုန်း၊ မြို့သူကြီး နခခ (၅) ရဲတပ်ရင်း၊ အလယ်သံကျော်စစ်စခန်း၊ အင်းဒင် နခခ (၆)၊ မြင်းလွှတ် နခခ (၉) နှင့် ၄ မိုင် နခခ (၂) ဌာနချုပ် တို့ ကျန်နေသေးခြင်းဖြစ်သည်။ ယင်းအထဲက ၄ မိုင် နခခ (၂) ဌာနချုပ်ကို AA က သိမ်းပိုက်လိုက်ခြင်းဖြစ်သည်။
9360Loading...
08
ကချင်းပြည်၊ တနိုင်းမြို့နယ် နမ့်ခမ့် ဖက်ဆစ်ခွေးမိစ္ဆာ တပ်စခန်းကို KIA+PDF တော်လှန်ရေး ပူးပေါင်းတပ်များက မေ လ ၂၁ ရက်နေ့တွင် သိမ်းပိုက်ရရှိခဲ့သော မှတ်တမ်း ခွေးမီးဖုတ်
8720Loading...
09
Media files
1 4420Loading...
10
သထုံနှင့် ကျိုက်ထို ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦး သေဆုံးပြီး ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၆ ဦး ဒဏ်ရာရကာ နေအိမ်များ ပျက်စီး ရန်ကုန်၊ မေ ၂၀ မွန်ပြည်နယ်၊ သထုံမြို့နယ်နှင့် ကျိုက်ထိုမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၁ ဦး သေဆုံးပြီး ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၆ ဦး ထိခိုက် ဒဏ်ရာရကာ နေအိမ်များ ပျက်စီးခဲ့ကြောင်း KNU ဗဟိုထံမှ သိရသည်။ မေလ ၁၇ ရက်နေ့ နံနက် ၁၁ နာရီ ၅၅ မိနစ်ခန့်တွင် ကျိုက်ထိုမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ခလရ-၈ တပ်ရင်း ဘီးလင်း သံတားကင်း ဂိတ်စခန်းက လက်နက်ကြီး ၃ လုံးပစ်ခတ်ခဲ့ရာ ဖိုးဝါးသိမ်ရွာအတွင်း လက်နက်ကြီး ၁ လုံး ကျရောက် ပေါက်ကွဲခဲ့ပြီး ဖိုးဝါးသိမ်ရွာနေ အသက် ၁၄ နှစ်အရွယ် စောထူးကပေါ် (ခ) စောထူးထူး လက်နက်ကြီး ကျည်စထိမှန် ဒဏ်ရာရပြီး နေအိမ် ၁ လုံး ပျက်စီးခဲ့ကြောင်း သိရှိရသည်။ မေလ ၁၈ ရက်နေ့တွင် ညနေ ၄ နာရီ ၁၀ မိနစ်ခန့်တွင် ၄ နာရီ ၂၅ မိနစ်အထိ သထုံမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ခမရ-၉ တပ်ရင်း တပ်စခန်းမှ ဝီယော်တိုက်နယ်ရှိ ကျေးရွာများကို လက်နက်ကြီး ၅ လုံးပစ်ခတ်ခဲ့ရာ ထုံးဘိုလေးရွာနားတွင် ၃ လုံး၊ သုံးအိမ်စုရွာတွင် ၂ လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး သုံးအိမ်စုကျေးရွာမှ အသက် ၄ နှစ်အရွယ် နော်ပေါက်ပေါက်၊ အသက် ၄၂ နှစ်အရွယ် စောပဲ့ဖိုးနှင့် အသက် ၃၅ နှစ်အရွယ် နော်အိဖြူ တို့ တိုက်ခိုက်ဒဏ်ရာရပြီး နေအိမ် ၃ လုံးနှင့် သုံးဘီး ဆိုင်ကယ် ၁ စီး ထိခိုက်ပျက်စီးခဲ့ ကြောင်း သိရသည်။ အလားတူ မေလ ၆ ရက်နေ့ကလည်း သိမ်ဇရပ်မြို့ အခြေစိုက် အကြမ်းဖက် စစ်တပ်၏ အမတ-၃၁၀ တပ်ရင်း တပ်စခန်းက လက်နက်ကြီး ၄ လုံး ပစ်ခတ်မှုကြောင့် ကျိုက်ထိုမြို့နယ်၊ ဇီးပြောင်း (၁) ကျေးရွာထိပ်ရှိ ရော်ဘာခြံအတွင်း လက်နက်ကြီး ၁ လုံးကျရောက် ပေါက်ကွဲခဲ့ပြီး ရော်ဘာအစေးခြစ်နေသော အရပ်သား အသက် ၄၅ နှစ်အရွယ် ဦးသန်းအောင် ပြင်းထန် ဒဏ်ရာရပြီး သေဆုံးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။
1 0770Loading...
11
Media files
8490Loading...
12
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်အတွင်း ဖမ်းဆီးရရှိသည့် ပျူစောထီးများများကို ကောင်းမွန်စွာ ထိန်းသိမ်းထားပြီး အရေးယူနိုင်ရန် အထက်ကွက်ကဲမှုအဆင့်ဆင့်ကိုတင်ပြထားကြောင်း သပိတ် ကျင်းမြို့နယ် တိုက်နယ် ပကဖ ဗိုလ်လင်းယုန်တပ်ဖွဲ့မှတာဝန်ရှိသူကဆိုသည်။ အဆိုပါ ဖမ်းဆီးရရှိရသူများနှင့် ပတ်သက်၍ မေလ ၁၇ ရက်နေ့က ရုပ်သံဖိုင်ဖြင့် ထုတ်ပြန်ထားပြီး ဖမ်းဆီးရရှိသူများမှာ သပိတ်ကျင်းမြို့နယ်၊ ပေသောင်ရွာမှ သိန်းလွင်၊ ကျောက် ဖြူရွာမှ မင်းအောင်၊ လိပ်ကျကျေးရွာမှ ရဲလင်း၊ ၄ မိုင်ကျေးရွာမှ ဘုန်းလှိုင်တို့အပါအဝင် ၇ ဦးဖြစ်ပြီးဖြစ်ကြောင်း သိရ သည်။ ဖမ်းဆီးရရှိသူအားလုံးသည် ပျူစောထီးသင်တန်းတက်ထားသူများဖြစ်ပြီး အမှတ် ၁၃ လေ့ကျင့်ရေး တပ်နှင့်ချောင်းကြီးရဲကင်းစခန်းစသည်တို့တွင် တစ်ပတ်နှင့် နှစ်ပတ်ကြာ သင်တန်းတက်ထားသူ များဖြစ်ကြောင်း၊ ၎င်းတို့ကို ရပ်ရွာကာကွယ်ရမည်ဟု ညွှန်ကြားချက်ပေးကာ ရပ်ရွာပြည်သူလူထု အပေါ် ညှင်းပန်းနှိပ်စက်ခြင်း၊ စစ်ကောင်စီအားကိုးဖြင့် မိုက်ကြေးခွဲခြင်း၊ ဖမ်းဆီးခိုင်းခြင်းတို့ လုပ် ဆောင်လေ့ရှိကြောင်း သိရသည်။ သပိတ်ကျင်းမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီဒေါက်တိုင် အုပ်ကြီးများ၏ ဝါဒမှိုင်းသွင်း၊ ခြိမ်းခြောက်မှုကြောင့် ပျူစောထီးသင်တန်းတက်ရောက်ခဲ့သည့် ရွာ၊ အင်အား အသေးစိတ်အချက် အလက်တို့ ရရှိထားပြီး အကြမ်းဖက်စစ်ကောင်စီဒေါက်တိုင်ဝန်ထမ်းများအပါအဝင် ပျူစောထီးများ အနေဖြင့် အချိန်မနှောင်းခင် အလင်းဝင်ရောက်ကြရန် ဗိုလ်လင်းယုန်တပ်ဖွဲ့က ဖိတ်ခေါ်ထားသည်။
8490Loading...
13
ဘာပြောတာလဲတော့ မသိပု ဝိုင်းမော်မြို့ကို KIA ပူးပေါင်းအဖွဲ့က အပြည့်အဝ ထိန်းချုပ်နိူင်ပြီဖြစ်‌ကြောင်း သိရပါတယ်။ မှားနေရင် ကချင်စကားနားလည်တဲ့ သူပါရင် ပြော‌ပေးအုံး🤔 Edit ကချင်စကားနားလည်းတဲ့ မိတ်ဆွေပြောတာက ကဇူး က အမာခံ စကစ တပ် စခန်း (၃)ခုကို ညက ပစ်ပြီး သိမ်းလိုက် ပြီလို့ သိရပါတယ်။
6610Loading...
14
မေလ ၁၆ ရက်နေ့ မွန်းလွဲ ၁ နာရီ မိနစ် ၄၀ အချိန်ခန့်က မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ရွာရှည်ရွာကို မီးရှို့ပြီး ကိုင်းရွာ ဘက်သို့ ထွက်လာသော အကြမ်းဖက် စစ်တပ်စစ်ကြောင်းကို ပဒေသာမိုင်း ၃ လုံး နှင့် ပေပါမိုင်း အသုံး ပြုပြီး မိုင်း ဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်တပ်မှ ဗျူဟာမှူးအပါအဝင် ၆ ဦးသေဆုံးကာ ၁၁ ဦးခြေ ပြတ်၊ လက်ပြတ်ဒဏ်ရာရရှိခဲ့ကြောင်း၊ ယင်းနေရာကို နယ်မြေရှင်းလင်းစဉ် အကြမ်းဖက် စစ်သားအ လောင်း ၁ လောင်း၊ RPGကျည် ၃ လုံးနှင့် ကွန်ပျူတာတစ်လုံးသိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။ မိုင်းဆွဲမှုကြောင့်  သေဆုံးသော စစ်သားများတွင် စစ်တပ်ဘက်မှ အရာရှိ ဗျူဟာမှူးတစ်ဦးပါဝင်ပြီး သေဆုံး ဒဏ်ရာရ အကြမ်းဖက်စစ်သားများကို ဆီမီခုံဆိပ်ကမ်းမှတဆင့် ရေလမ်းအတိုင်း မြင်းခြံမြို့သို့ သယ်ဆောင်သွားကြောင်း၊ ယခုအခါ ကိုင်းရွာမှ ထွက်သွားသည့် အကြမ်းဖက်စစ်တပ် စစ်ကြောင်းမှာ မရိုးကုန်းရွာသို့ ရောက်ရှိနေပြီး မြင်းခြံမြို့သို့ ပြန်နိုင်ကြောင်း သိရသည်။ အဆိုပါ တိုက်ခိုက်မှုကို MP9 PDF ၊ မိုင်းဇာနည် PDF ၊ တလုပ် PDF ၊ One PDF ၊ MGN 9 Star ၊ ဧရာဝတီမင်းသား PDF နှင့် ပုဂံပြည် ဘီလူးတပ်တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ခွေးမီးဖုတ်
6430Loading...
15
Media files
5940Loading...
16
တောင်ငူ၊ ဝက်ခေါက်စိန်ရွာ စာသင်ကျောင်းတွင် တပ်စွဲထားသည့် စစ်တပ်စခန်းကို စီးနင်းတိုက်ခိုကုမှု စစ်သားများ အားလုံးထွက်ပြေးကာ စခန်းတွင်းမှ လက်နက်များ သိမ်းဆည်း ရမိ ရန်ကုန်၊ မေ ၂၀ ပဲခူးတိုင်း တောင်ငူမြို့နယ် ဝက်ခေါက်စိန် ကျေးရွာ စာသင်ကျောင်းတွင် အမာခံတပ်စွဲထားသည့် အကြမ်းဖက်စစ်တပ်၏ စခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ အကြမ်းဖက်စစ်သားများ ထွက်ပြေးသွားပြီး လက်နက်များ သိမ်းဆည်း ရမိခဲ့ကြောင်း တောင်ငူခရိုင် အမှတ် ၃၅၀၁ တပ်ရင်း ဘုရင့်နောင့်စစ်ကြောင်းမှ ဗိုလ်ကြက်သွန်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။ မေလ ၁၉ ရက်နေ့ နံနက် ၃ နာရီအချိန် ဝက်ခေါက်စိန်ကျေးရွာ၏ စာသင် ကျောင်းတွင် ကတုတ်ကျင်းများတူး၍ အမာခံတပ်စွဲထားသည့် အကြမ်းဖက်စစ်တပ်၏ စခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီးအကြမ်းဖက်စစ်သားများ အားလုံး စခန်းစွန့်ခွာ ထွက်ပြေးသွားခြင်း ဖြစ်ကြောင်း သိရှိရသည်။ အဆိုပါ စခန်းအတွင်းမှ ၆၀ မမ ၁၀ လုံးနှင့် အခြားစစ်ဘက် ပတ်သက်သော ပစ္စည်းများကိုသိမ်းဆည်း ရမိခဲ့ကြောင်း ဗိုလ်ကြက်သွန်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
5630Loading...
17
Khit Thit သတင်းဌာန၏ မေ ၂၀ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ မေ ၂၀ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ - ကချင်ပြည်နယ် ၊ ၀ိုင်းမော်မြို့အနီးက အကြမ်းဖက် စစ်ကောင်စီရဲ့ စစ်အင်အား ၂၀၀ လောက်ရှိတဲ့ ကဇူး-စစ်တပ်စခန်းကြီး နဲ့ ခါးရှီ-စစ်တပ်စခန်း အပါအဝင် စစ်ကောင်စီတပ်စခန်း ၄ ခုကို KIA - PDF မဟာမိတ်ပူးပေါင်းတပ်တွေက မနေ့က ညပိုင်းမှာပဲ ထပ်မံတိုက်ခိုက်သိမ်းပိုက်လိုက်ပြီလို့ KIA သတင်းရင်း မြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။ - PDF နဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေကို လူမှုကွန်ရက်မှာ ဗီဒီယိုတင်ပြီး လှောင်ပြောင်ခဲ့တဲ့ ဒေါ်ဖြူဖွေးရဲ့ ခင်ပွန်းဖြစ်သူ အကြမ်ဖက် စစ်ကောင်စီတပ်က ဗိုလ်ကြီး အောင်မျိုးဦးဟာ ရခိုင် ပြည်နယ်က တိုက်ပွဲမှာ ပွဲချင်းပြီးကို သေသွားပြီး အလောင်းတောင်ပြန်မရဘူးလို့ သူ့ရဲ့ မိတ်ဆွေ တစ်ဦးက ပြောပါတယ်။ - စစ်အာဏာရှင်ကို တော်လှန်နေတဲ့ မွန်ပြည်နယ်က MSRF နဲ့ MSDF တော်လှန်ရေးတပ်တွေဟာ စစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှာဖြစ်ပြီး ၊ မွန်ပြည်နယ် အခြေစိုက်တပ်တွေ အားလုံး အမိန့်တစ်ခုတည်းအောက်မှာ စစ်ရေး ပူးပေါင်းနိုင်ဖို့အတွက် စည်းရုံးသွားမယ်ဆိုတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။ https://www.youtube.com/watch?v=KHR2MjdRzi0
6610Loading...
18
ရခိုင်ပြည်၊ ဘူးသီးတောင်မြို့အနီးပတ်ဝန်းကျင်ကို မေလ ၁၂ ရက်နေ့ ညပိုင်းတွင်ဖက်ဆစ်ခွေးတပ်မှ လေကြောင်းတိုက်ခိုက်မှုအပြင်းအထန်လုပ်ဆောင်ခဲ့သော်လည်း ခွေးတပ်ရင်း ၂ ခုကို AA က သိမ်းပိုက်ရရှိသွားပြီဆိုသော သတင်းများ ထွက်ပေါ်လာသည်။ မေလ ၁၂ ရက်နေ့ညပိုင်း မှော်ဘီလေတပ်၊ မကွေးလေတပ်နှင့် တံတားဦးလေတပ်တို့မှ တိုက်လေယာဉ်များ၊ Y12 လေယာဉ်များက ဘူးသီးတောင်မြို့နယ်အတွင်းတွင် ဗုံးကျဲပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။ ဘူးသီးတောင်မြို့နယ်ရှိ ဖက်ဆစ်ခွေးမိစ္ဆာ၏ တပ်ရင်းနှင့်ဌာနချုပ် ၁၂ ခုအနက်မှ  တပ်ရင်းတပ်ဖွဲ့ နှင့် ဌာနချုပ် ၅ ခကို မတ်လ ၂၅ ရက်နေ့မှ မေလ ၃ ရက်နေ့အတွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း ၊ လက်ရှိတွင် ခမရ ၃၄၅ နှင့် ခမရ ၃၅၂ တို့ကို သိမ်းပိုက်လိုက်ရာ AA  က သိမ်းပိုက်ထားသော တပ်ရင်းတပ်ဖွဲ့ ၇ ခုအထိ ရှိလာပြီဖြစ်ကြောင်း သိရှိရသည်။ ဘူးသီးတောင်တွင် စကခ ၁၅ လက်အောက်ရှိ တပ်ရင်းများ ဖြစ်ကြသော ခမရ ၃၄၅ ၊ ခမရ ၃၅၂ ၊ ခမရ ၃၅၃ ၊ ခမရ ၅၃၅ ၊ ခမရ ၅၅၁ ၊ ခမရ ၅၅၂ ၊ ခမရ ၅၆၄ ၊ ခမရ ၅၆၅ တပ်ရင်းများနှင့် “ဘူးသီးတောင် ဗျူ ဟာ” လက်အောက်ခံတပ်ရင်းများဖြစ်ကြသော ခလရ ၂၃၃ ၊ ခလရ ၂၃၄ ၊ ခလရ ၂၆၃ နှင့် အမတ ၃၇၈ အပါအဝင် တပ်ရင်းတပ်ဖွဲ့ ၁၂ ခုရှိကြောင်း သိရှိရသည်။
1 3930Loading...
19
ဓာတ်ပုံ - မြင်းမူမြို့နယ်၊ လက်ထုတ္တောရွာမှ ပြည်သူ ၃၁ ဦးကို အစုလိုက် အပြုံလိုက် စစ်တပ်က ပစ်ခတ် သတ်ဖြတ်ထားစဉ်။
9170Loading...
20
Media files
8700Loading...
21
မိုဒီ၏အိန္ဒိယသည်လည်း ရာဇ၀တ်မှုများနှင့် ရက်စက်ကြမ်းကြုတ်မှုများအားလုံးကြားမှ အာဏာ ဆက်ရှိနေသည့် စစ်အာဏာရှင်တို့တွင် ရင်းနှီးမြှုပ်နှံလျက်ရှိသည်။ အိန္ဒိယသည် စစ်အာဏာရှင်တို့အား လက်နက်များပေး အပ်ခြင်းဖြင့် အရပ်သားပြည်သူများအားစစ်ဆင်တိုက်ခိုက်သတ်ဖြစ်နေသော စစ်အာ ဏာရှင်များ၏ အဖျက်အင်အားတွင် ရင်းနှီးမြှုပ်နှံထားသည်။ အိန္ဒိယသည် စစ်အာဏာရှင်တို့၏ စီးပွား ရေးတွင် ရင်းနှီးမြုပ်နှံနေပြီး အုပ်ချုပ်ရေးပိုင်းကိုလည်း ကူညီပေးလိုသည်။ ဥပမာအားဖြင့် စစ်အာဏာ ရှင်တို့ အကြိမ်ကြိမ်ကတိပေးခဲ့သော်လည်း အမှန်တကယ်လုပ်ဆောင်နိုင်စွမ်းမရှိတော့သည့် အတုအ ယောင် ရွေးကောက်ပွဲများတွင်ကူညီရန်ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအား ၎င်း၏ လွှမ်းမိုးဩဇာလောင်းရိပ်အောက် တွင်သာထိန်းထားရန်နှင် အခြားသူများကိုဘေးဖယ်ထုတ်ရန် ကြိုးပမ်းလျက်ရှိသည်။ ထို့ကြောင့် တရုတ်သည် စစ်အာဏာရှင် တို့၏ စစ်စွမ်းရည်၊ အုပ်ချုပ်မှုစွမ်းရည်နှင့် စီးပွားရေးစွမ်းရည်များတွင် ရင်းနှီးမြှုပ်နှံမှုကို သတိကြီးကြီး ထားပြီး အကန့်အသတ်ဖြင့်လုပ်ဆောင်နေသည်။ တစ်ချိန်တည်းမှာပင် တရုတ်သည် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းအား ၎င်းတို့၏ နယ်နိမိတ်တစ်လျှောက်တွင် စစ်အာဏာရှင်တို့ထံမှ အတော် အသင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရယူပြီး တရုတ်နိုင်ငံအပေါ် မှီခိုနေစေရန် ကြိုးပမ်းလျက်ရှိသည်။ ဗဟိုတွင် အားနည်းပြီး နိုင်ငံတကာတွင်အထီးကျန်ဖြစ်နေသော စစ်အာဏာရှင်များကိုရှိနေစေပြီး နယ်စပ်တ လျှောက်တွင်မူ အင်အားကြီးတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များသည် တရုတ်နိုင်ငံအပေါ် မှီခိုနေ စေရန် တရုတ်ကစီမံနေခြင်းဖြစ်သည်။ အာဆီယံသည် မည်သည့်အဓိပ္ပာယ်ရှိသောနည်းလမ်းကိုမျှလုပ်ဆောင်နေခြင်းမရှိပါ။ ရံဖန်ရံခါ ဟိုပြောဒီပြောပြောနေရုံဆင့်ပင်ဖြစ်သည်။ အာဆီယံသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီအချို့ကိုပေးရန်ပင် မစွမ်းဆောင်နိုင်ခဲ့ပါ။ စင်္ကာပူ၊မလေးရှား၊ထိုင်း၊အင်ဒိုနီးရှား၊ဘရူနိုင်းတို့သည်ဆင်းရဲသောနိုင်ငံများမဟုတ်ကြ။ သို့သော် ထိုနိုင်ငံတို့သည် ထောက်ပံ့ကူညီမှုများတွင်ပင် မပါဝင်ကြပါ။ အကူအညီပေးရေး ကြိုးပမ်းအား ထုတ်မှုတွင် ပါဝင်ကူညီနေကြသည်မှာ အခြားဝေးကွာသော ဒီမိုကရေစီနိုင်ငံများ ဖြစ်ပါသည်။ “အာဆီယံဗဟိုချုပ်ကိုင်မှု” ဟုခေါ်သည့် ၎င်း၏ကိုယ်ပိုင်ပုံရိပ်ကို ကာကွယ်ရန်သာအာဆီယံသည် အဓိကအလေးထားဆောင်ရွက်ခဲ့သည်။ အာဆီယံအဖွဲ့ဝင်နိုင်ငံများသည် မည်သသည့်အကျိုးရှိရာ ရှိကြောင်းအလုပ်ကိုမျှလုပ်ဆောင်ခြင်းမရှိဘဲ မြန်မာနိုင်ငံအကျပ်အတည်းအတွက် အာဆီယံ၏ထိန်း ချုပ်ထားမှုကိုတော့ယူလိုကြသည်။ မတူညီသောအချိန်များတွင် အာဆီယံဥက္ကဋ္ဌများ သို့မဟုတ် အခြားသောနိုင်ငံရေးအက်တာများသည် မြန်မာနိုင်ငံစစ်ပွဲကိုဖြေရှင်းရန်အမှန်တကယ်တာဝန်ယူလိုစိတ်မရှိခြင်းနှင့် စွမ်းရည်ကင်းမဲ့မှုကို ဖုံးကွယ် ရန် သံတမန်ရေးရာအစပြုမှုများအား သင်္ကြန် အမြောက်သဖွယ်ဖောက်နေကြသည်။ ၎င်းတို့သည် စတင်လုပ်ဆောင်နေကြပြီ (အချက်ငါးချက် သဘောတူညီမှု၊ ဟွန်ဆန်၏ ကိယ်ရည်သွေးကာ “ငြိမ်းချမ်း ရေး ပံ့ပိုးကူညီမှု” ဟုအသံကောင်းဟစ်နေမှု၊ အင်ဒိုနီးရှား၏ လူမသိသူမသိ၊ သက်ဆိုင်သူအားလုံးနှင့် ဆွေးနွေးမှုပေါင်း ၃၀၀ ကျော်၊ မကြာသေးမီက ထိုင်း၏ “လူသားချင်းစာနာထောက်ထားမှု ပဏာမခြေ လှမ်း” သို့မဟုတ် သက်ဆင်၏ ကြားဝင်ဖျန်ဖြေရေး အခန်းကဏ္ဍတွင် ပါဝင်ရန် ကြိုးပမ်းမှု) စသည်တို့ သည် (ဘာမှဟုတ်ဟုတ်ငြားငြား လုပ်ဆောင်ခဲ့သည်မဟုတ်ခြင်းကြောင့်)အလုပ်ဖြစ်မည်မဟုတ် ကြောင်း မြန်မာနိုင်ငံ၏အဖြစ်မှန်နှင့် ရင်းနှီးသူတိုင်း သိထားပြီးဖြစ်သည်။ အဆိုပါ လုပ်ဆောင်ချက်များသည် တစ်စုံတစ်ခု ဖြစ်ပျက်နေသည်၊ ထို့အတွက် အခြားသူများက အာဆီယံကို ထောက်ခံသင့်သည်ဟူသော အထင်အမြင်အလွဲအမှားဖြစ်စေရန် ဖန်တီးနေကြသည်။ အာဆီယံအဖွဲ့ဝင်နိုင်ငံများသည် “အာဆီယံဗဟိုချက်” ကို ထိန်းသိမ်းရာတွင် အောင်မြင်သော်လည်း မြန်မာနိုင်ငံအတွက်တော့ အချည်းနှီးသာဖြစ်နေရသည်။ ထိုအချိန်တွင် မြန်မာနိုင်ငံတွင် အရပ်သားများအစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှုတစ်ခု၊ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုတစ်ခု နှင့် လူမျိုးတုံးသတ်ဖြတ်မှုများအားကျူးလွန်ခံနေရသည်။ ရုရှား၊ တရုတ်၊ အိန္ဒိယ၊ ထိုင်းနှင့် အခြားအာဆီယံနိုင်ငံများသည် ၎င်းတို့၏ မှားယွင်းစွာ ပုံဖော်ထားသော သံတမန်ရေးရာကြိုးပမ်းမှုများ၊လုပ်ရပ်များအားဖြင့် စစ်အာဏာရှင်များသက်ဆိုးရှည်စေရန် အပြည့် အ၀ကြိုးပမ်းပေးနေကြသည်။ ကြောက်မက်ဖွယ်ရာစစ်ရာဇ၀တ်မှုများ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန် သည့် ရာဇ၀တ်မှုများ၊ ကြီးမားသောဘေးဒုက္ခများသည် ၎င်းတို့၏ အနီးနားအိမ်နီးချင်းနိုင်ငံတွင် ဖြစ် ပျက်နေသည်ကို ခပ်မဆိတ်နေခြင်း၊ လျစ်လျုရှု့ခြင်းအားဖြင့် စစ်အာဏာရှင်များသက်ဆိုးရှည်စေရန် အပြည့်အ၀ကြိုးပမ်းပေးနေကြသည်။ အားလုံးတွင် အရင်းအမြစ်နှင့် အကြောင်းပြချက် တစ်ခုတည်းရှိပါသည်။ နိုင်ငံ တော်စီမံအုပ်ချုပ်ရေး ကောင်စီဟုကိုယ့်ကိုကိုယ်ခေါ်ဝေါ်နေသည့် တရားမ၀င်၊ လူသတ်မှု၊ လူမျိုးတုံးသတ်ဖြတ် မှုများကျူး လွန်နေသော ယူနီဖောင်းဝတ် ဒုစ ရိုက်အဓမ္မဂိုဏ်းပင်ဖြစ်သည်။
8590Loading...
22
ယူနီဖောင်းဝတ် ဒုစရိုက် အဓမ္မဂိုဏ်း စစ်ကောင်စီက ကျူးလွန်သော အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေကို ဘယ်သူတွေက အားပေးအားမြှောက်ပြုနေသလဲ By Igor Blazevic ယခုရက်အနည်းငယ်အတွင်း မြန်မာစစ်အာဏာရှင်က အလွန်ရက်စက်ကြမ်း ကြုတ်သည့် စစ်ရာဇ၀တ်မှုနှစ်ခုကို ကျူးလွန်ခဲ့သည်။ မေလ ၁၁ ရက်နေ့ နံနက်ပိုင်းက စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် လက်ထုတ္ထောကျေးရွာတွင်ရွာသား သုံးဆယ့်နှစ်ဦးအား စစ်အာဏာရှင်တို့က တရားမဲ့သတ် ဖြတ်ခဲ့သည်။ ဒေသခံ များ၏ အဆိုအရ စစ်သား ၁၀၀ ခန့်သည် ရွာကို ပိတ်ဆို့ ကာ ဖောက်ခွဲရေး ပစ္စည်းများ ဖြင့် တိုက်ခိုက် ခဲ့ပြီး ဘုန်းကြီးကျောင်း နှစ်ခုတွင် ခိုလှုံနေသော အရပ်သားများကို ထိန်းသိမ်း ထားကြောင်း သိရသည်။ ရာနှင့်ချီသော နေအိမ် များ မီးလောင်ခဲ့ပြီး ရွာသား ၁၇ ဦးကို လူသားဒိုင်းအဖြစ် အသုံးပြုခဲ့သည်။ မေလ ၉ ရက်နေ့ကလည်း မကွေးတိုင်း စောမြို့နယ် အကြီးပန်းမလွန်းကျေးရွာရှိ ဘုန်းကြီးကျောင်းတစ်ကျောင်းအား ပေါင် ၅၀၀ ဗုံးဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်းတစ် ကျောင်းလုံး ပျက်စီးကာ မီးလောင်ခဲ့သည်။ ဗုံးကျဲတိုက်ိခုက်ခံရချိန်တွင် မြို့နယ်အတွင်းသယ်ယူပို့ ဆောင်ရေးလမ်းကြောင်းများ ထူထောင်ရန်အစီအစဉ်များကိုဆွေးနွေးရန် ရွာသားများသည် ဘုန်းကြီး ကျောင်းတွင် စုဝေးနေကြချိန် ဖြစ်သည်။ လူ ၁၄ ဦးထက်မနည်းသည် မည်သူမည် ၀ါခွဲခြားမသိနိုင်တော့သည့်ပြာများအဖြစ် မီးလောင်ကျွမ်းကွယ်လွန်ခဲ့ရသည်။ ဒဏ်ရာရသူ သုံးဆယ် ကျော်ရှိပြီး အများစုမှာပြင်းထန်သည်။ ထိုသို့သောရက်စက်ယူတ်မာမှုများသည်စစ်အာဏာရှင်တို့အဖို့ ထူးထူးဆန်းဆန်းမဟုတ်တော့ပေ။ အာဏာသိမ်းမှုအစကတည်းကပင် စစ်အာဏာရှင်တို့သည် ထိုသို့သောရက်စက်ယုတ်မာမှုများ ကျူး လွန်နေကြခြင်းဖြစ်သည်။ အရပ်သားပြည်သူလူထုအပေါ် အကြမ်းဖက်မှူများကျုးလွန်ခြင်းသည် စစ်အာဏာရှင်တို့၏စစ်ပွဲဆင်နွှဲပုံပင်ဖြစ်သည်။ အထက်တွင်ဖော်ပြခဲ့သောစစ်ရာဇ၀တ်မှု နှစ်ခုသည် လူအမြောက်အများကို တစ်ချိန်တည်းတစ်နေရာတည်းတွင် ထိခိုက်စေခဲ့သည်။ နိုင်ငံအနှံ့အပြားရှိ နေရာအနှံ့အပြားတွင် နေ့စဉ်လိုလို အလားတူစစ်ရာဇ၀တ်မှုများကို စစ်အာဏာရှင်တို့က ကျူးလွန်နေ ကြသည်။ မြန်မာစစ်အာဏာရှင်တို့သည် လူမျိုးရှင်းလင်းသုတ်သင်မှု၊ လူမျိုးတုံးသတ်ဖြတ်မှု၊ မြေလှန်စနစ်၊ ညှဉ်း ပန်းနှိပ်စက်မှု၊ မုဒိမ်းမှု၊ မီးရှို့မှု၊ လုယက်မှု နှင့် အစွန်းရောက် ရက်စက်ကြမ်းကြုတ်မှုတို့ကို အစဉ်အမြဲ ကျင့်သုံးခဲ့သည့် လူသတ်ဂိုဏ်းဖြစ်သည်။ ထိုကဲ့သို့သောဒုစရိုက်မှုတို့သည် စစ်အာဏာရှင်တို့၏ဗီဇ အဖြစ်ပြင်၍မရနိုင်တော့အောင်နက်နက်ရှိုင်ရှိုင်းစူး၀င်နေပြီဖြစ်သည်။ သို့ရာတွင် လက်ရှိအခြေအနေတို့အောင်တွင်စစ်အာဏာရှင်တို့သည် ဆောက်တည်ရာမရဖြစ်နေကြ သည်။ တိုင်းပြည်၏ထောင့်ပေါင်းစုံမှ တော်လှန်ရေးအင်အားစုများ၏ ဖိအားအောက်တွင် ရှိနေသည်။ ၎င်းတို့သည် စခန်းများ၊ ကင်းစခန်းများ၊ လမ်းများ၊ နယ်စပ်၀င်ပေါက်များ၊ မြို့များ၊ နယ်မြေများ၊ တပ်များ၊ စစ်သားများနှင့် အရာရှိများကို နိုင်ငံအနှံ့ ဆုံးရှုံးနေကြရသည်။ စိတ်ဓါတ်ကျဆင်း ဆောက် တည်ရာမရဖြစ်နေသော စစ်အာဏာရှင်တို့သည် အောက်ဖော်ပြပါပုံများကဲ့သို့ အလွန်ရက်စက်ကြမ်း ကြုတ်မှုကို ကျူးလွန်လိုက်ကြပါသည်။ ထိုသို့သောရက်စက်ကြမ်းကြုတ်သည်ရာဇ၀တ်မှုမျိုးတွေဘာကြောင့် နောင်တမရစတမ်း ဆက်လက် ကျုးလွန်နေရသည်ဆိုသည်ကို ရှင်းရှင်းလင်းလင်းပြောလိုပါသည်၊ စစ်အာဏာရှင်တို့က တနိုင်ငံလုံး အတိုင်းအတာနှင့် အကြမ်းဖက်စစ်ပွဲကိုစပြီး သုံးနှစ်ကြာသည်အထိ စစ်မအောင်နိုင်သော်လည်း ရက် စက်ကြမ်းကြုတ်မှုများ၊ ကြီးမားသောဆင်းရဲဒုက္ခနှင့် ဖျက်စီးခြင်းများကိုကျူးလွန်နိုင်စွမ်းတော့ ရှိနေပါ သေးသည်။ စစ်အာဏာရှင်တို့၏ အစွမ်းသတ္တိနှင့် ဆုံးဖြတ်ချက်ကြောင့် မဖြစ်နိုင်ပေ။ စစ်အာဏာရှင်တို့ အားနည်း တုန်လှုပ်ချောက်ချားပြီး ကျဆုံးဖို့ အသင့်ဖြစ်နေပါပြီ။ လုံးဝကိုယ့်ကိုကိုယ်ယုံကြည်မှုမရှိ၊ အတွင်းပိုင်း ပျက်စီးနေပြီး မည်သည့်အစီအစဥ်မှမရှိဘဲဖြစ်နေပြီဖြစ်သည်။ စစ်အာဏာရှင်တို့သည် သွေးသံရဲ့ရဲဖြင့် သေလုမျောပါးပြင်းထန်စွာ ဒဏ်ရာရနေသော သားရဲ၏ အမျက် ဒေါသမျိုးဖြင့် မဲမဲမြင်ရာဖျက်ဆီးနေ သကဲ့သို့ဖြစ်နေခြင်းဖြစ်သည်။ ယခုကဲ့သို့ ရာဇ၀တ်မှုများ၊ ရက်စက်ကြမ်းကြုတ်မှုများ ထပ်တလဲလဲ ဖြစ်နေရခြင်းသည် အခြားနိုင်ငံတွေ လုပ်နေတဲ့လုပ်ရပ်များ၊ လုပ်ရမည်ကိုမလုပ်ပဲနေခြင်းများကြောင့်လည်း ဖြစ်နိုင်ပါသည်။ ထိုကြောင့် စစ်အာဏာရှင်တို့၏ရာဇ၀တ်မှုများအား မည်တွေက မည်သို့ကူညီပေးနေသည်ဆိုသည်ကို အကျဉ်းချုပ်သုံးသပ်ကြည့်ပါမည်။ ပူတင်၏ ရုရှားနိုင်ငံသည် စစ်အာဏာရှင်တို့၏ ယခုအချိန်တွင်ရက်စက်ယုတ်မာမှုများ ကျူးလွန်ရာ တွင်တစ်ခုတည်းသော အကြီးမားဆုံးအရင်းအမြစ်ဖြစ်သည့် လေတပ်စွမ်းအားကို ထိန်းသိမ်းထားနိုင်ရန် လက်နက်နှင့် အပိုပစ္စည်းများကို အဓိကပံ့ပိုးပေးခြင်းဖြင့် အကြမ်းဖက်စစ်ပွဲကိုဆင်နွှဲနေသည့် စစ်အာ ဏာရှင်များ၏အဖျက်စွမ်းအားတွင် ရင်းနှီးမြှုပ်နှံထားသည်။
6220Loading...
23
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်က ပြည်သူ့စစ်ခေါင်းဆောင်ဆိုသူနဲ့ နောက်လိုက်တဦးကို သေနတ်နဲ့ ပစ်သတ်ပြီး သေနတ်၊ ကျည်၊ လက်ပစ်ဗုံးတွေကိုပါ သိမ်းဆည်းခဲ့တယ်လို့ 8 STARS မြင်းခြံပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ မြင်းခြံမြို့၊ အမှတ် ၁၈ ရက်ကွက်၊ ဘောလုံးကွင်းအနီးလမ်းပေါ်မှာ ပြည်သူ့စစ်ခေါင်းဆောင် ရဲမင်းနဲ့ နောက်လိုက်အမျိုးသားတဦးတို့ရှိနေချိန် မေ ၁၀ ရက် ညနေ ၆ နာရီခွဲလောက်က သေနတ်နဲ့ ပစ်သတ်ခဲ့တာလို့ ဆိုပါတယ်။ “လက်ဖက်ရည်ဆိုင် ရှေ့နားလမ်းပေါ်မှာ သုံးယောက်သား စကားပြောနေတုန်းမှာ သေနတ်နဲ့ ပစ်သတ်ခဲ့တာပါ။ နှစ်ဦးက နေရာမှာ လဲကျပြီး တဦးကထွက်ပြေးသွားတယ်။” လို့  တိုက်ခိုက်ရာမှာ ပါဝင်တဲ့ 8 STARS မြင်းခြံပြောက်ကျားတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။ ခွေးမီးဖုတ်
7461Loading...
24
Media files
8371Loading...
ရေဦး ‼️ ရေဦးမြို့(အထက ၁)အတွင်း စစ်မှုထမ်းဖို့ရန် အတင်းအားဓမ္မဖမ်းဆီးခေါ်ဆောင်ခံထားတဲ့ အပြစ်မဲ့ပြည်သူ(၁၃)ဦးဟာ ယနေ့နံနက်အစောပိုင်းမှာ စစ်ခွေးများလက်မှ ထပ်မံလွှတ်မြောက်လာပြီး ရေဦးမြောက်ဘက်ခြမ်း လွတ်မြောက်နယ်မြေတနေရာသို့ရောက်ရှိနေပြီဖြစ်တယ်လို့ သတင်းရရှိထားသည့်အတွက် များစွာဝမ်းသာမိပါတယ်ခင်ဗျာ ။ (အောက်ပါ 𝐏𝐃𝐂 တယ်လီဂရမ်ချန်နယ်တို့မှာလည်း ဝင်ရောက်ကြည့်ရှူနိုင်ပါသည်) https://t.me/htookhantzaw5 https:///aerialintelligence ​တိုက်ရိုက် သတင်းပေးပို့ရန် ☞https://t.me/mothersson122021 #မှတ်ချက် 'သတင်းများအား မူရင်းအတိုင်းသာ ကူးယူဖော်ပြခွင့်ပြုသည်' 29.𝙈𝘼𝙔.2024/ 15:07 【𝐏𝐃𝐂】 🚩 ✰အမေ့သား✰
Показати все...
𝐏𝐞𝐨𝐩𝐥𝐞'𝐬 𝐃𝐞𝐟𝐞𝐧𝐬𝐞 𝐂𝐨𝐦𝐫𝐚𝐝𝐞 🚩{အမေ့သား} 🚩

"ပစ်မိန့်ကိုမကြောက်လို့ စစ်မိန့်ကိုတော်လှန်နေတာ" ★ရေဦးမြို့နယ်အခြေပြု ပြည်သူ့ကာကွယ်ရေးရဲဘော်★ - ─═┳︻ အမေ့သား ︻ ┳═─-

👏 9
Фото недоступнеДивитись в Telegram
ဟုမ္မလင်းမြို့နယ် အထက်ပိုင်းရှိ ဖက်ဆစ်မိစ္ဆာလက်အောက်ခံ  SNA တပ်နဲ့ ဖက်ဆစ်စစ်ခွေး ပူးပေါင်းတပ်တွေ တပ်စွဲနေထိုင်သည့် ကျေးရွာ ၄ ရွာကို ဟုမ္မလင်းPDF မဟာမိတ်ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်လိုက် ကြောင်း သိရှိရသည်။ ချင်းတွင်းမြစ်တစ်ကြော လက်ရှိ သိမ်းပိုက်ထားတဲ့ မုက္ကလီ၊ တုံမာဟဲ၊ ပုရစ် ၊ ဖါနှိုင်းရွာစတဲ့ ကျေးရွာဖြစ်ပြီး မေလ ၂၄ ရက်နေ့ကနေ ထိုးစစ်ဆင်သိမ်းပိုက်ခဲ့တာဖြစ် ပြီး လက်နက်ခဲယမ်းတချို့နှင့် ခွေးမီးဖုတ်များရရှိထားကြောင်း သိရှိရပါတယ်။
Показати все...
👏 2
Repost from Khit Thit Media
- ဗိုလ်မှူးကြီး မင်းသူရင် (စကခ ၁၇ ) သည် ကြည်းသုေတသန စစ်ရုံးချုပ် - ဗိုလ်မှူးကြီး ညီလွင်ချို (ဥစတ) သည် အခြေချစစ်ဗျူဟာ (ရွှေကျင် ) - ဗိုလ်မှူးကြီး တင်မောင်ကျော် (နကတ) သည် အခြေချစစ်ဗျူဟာ (ကော့သောင်း) - ဗိုလ်မှူးကြီး ထွန်းတင် (ဥစတ) သည် အခြေချစစ်ဗျူ ဟာ တန့်ယန်း - ဗိုလ်မှူးကြီး အောင်သူ၀င်း (ဥစတ) သည် အခြေချစစ်ဗျူဟာ မိုးမိတ် - ဗိုလ်မှူးကြီး ရဲဟိန်း (ဥစတ) သည် အခြေချစစ်ဗျူဟာ ပူတာအို - ဗိုလ်မှူးကြီး ကျော်ထင်ငြိမ်း သည် စစ်ဦးစီးတက္ကသိုလ် ကလော - ဗိုလ်မှူးကြီး ဇော်မင်းထက် (စကခ ၁) သည် စစ်ဦးစီးတက္ကသိုလ် ကလော - ဗိုလ်မှူးကြီး သန့်ဇော်ထွန်း (ရလခ) သည် စစ်ဦးစီးတက္ကသိုလ် ကလော - ဗိုလ်မှူးကြီး ဟိန်းထက်နောင် (တသခ) သည် စစ်ဦးစီးတက္ကသိုလ် ကလော - ဗိုလ်မှူးကြီး နောင်ဇင်ထွန်း (တပခ ) သည် စစ်ဦးစီးတက္ကသိုလ် ကလော - ဗိုလ်မှူးကြီး ထွန်းထွန်း၀င်း (နတခ) သည် နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ် - ဗိုလ်မှူးကြီး ကျော်ဇေ၀င်း (စကခ ၇ ) သည် နိုင်ငံညတော်ကာကွယ်ရေး တက္ကသိုလ် - ဗိုလ်မှူးကြီး သက်ပိုင်ဇော် ( တပ်မ ၅၅ ) သည် နိုင်ငံ တော်ကာကွယ်ရေး တက္ကသိုလ် - ဗိုလ်မှူးကြီး မင်းသိန်း (စကခ ၂၀ ) သည် နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ် - ဗိုလ်မှူးကြီး သန်းစိုး (စကခ ၁၀ ) သည် နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ် - ဗိုလ်မှူးကြီး ခိုင်ဇော်မြင့် (နကတ) သည် ဒုစကခမှူး အမှတ် (၁၉) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် ရေး - ဗိုလ်မှူးကြီး သက်နိုင်ထူး (ဥစတ) သည် ဒုစကခမှူး အမှတ်(၁၈) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် မိုင်းဖြတ် - ဗိုလ်မှူးကြီး နိုင်ကိုငြိမ်း (နကတ) သည် ဒုစကခမှူး အ မှတ်(၅)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် တောင်ကုတ် - ဗိုလ်မှူးကြီး ဝေလင်းအောင် (ရမခ) သည် ဒုတပ်မမှူး အမှတ်(၉၉) ‌ခြေမြန်တပ်မဌာနချုပ် မိတ္ထီလာ - ဗိုလ်မှူးကြီး ဇင်မျိုးဦး (နကတ) သည် ဒုတပ်မမှူး အမှတ်(၃၃) ခြေမြန်တပ်မဌာနချုပ် စစ်ကိုင်း - ဗိုလ်မှူးကြီး စိန်မင်းထွန်း (လကခ) သည် ဒုတပ်မမှူး အမှတ်(၄၄ ) ခြေမြန်တပ်မဌာနချုပ် ကျိုက်ထို တို့သို့ ပြောင်းရွှေ့လိုက်ကြောင်း သိရှိရသည်။ ထို့ပြင် စစ်ရုံးချုပ် ကြည်းစီမံက ဒုတိယဗိုလ်မှူးကြီး ဘုန်းမြင့်သည် အပြောက်းအရွှေ့စာရင်းတွင် ပါဝင်သော် လည်း မည်သည့်နေရာသို့ ပြောင်းရွှေ့ခံရသည်ကို မသိရှိရသေးကြောင်း CDM ဗိုလ်ကြီး ဇင်ယော်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။ ဓာတ်ပုံ- နေပြည်တော်တွင် ကျင်းပသည့် စစ်တပ် အခမ်းအနား တက်ရောက်နေသည့် အကြမ်းဖက် မင်းအောင်လှိုင်နှင့် ဗိုလ်ချုပ်များ။ (ပုံအဟောင်း ဖြစ်ပါသည်။)
Показати все...
👍 1
Repost from Khit Thit Media
မင်းအောင်လှိုင်က တိုင်းမှူးများ၊ လက်ရုံးတပ်ညွှန်ကြားရေးမှူး ဗိုလ်ချုပ်များနှင့် ဗိုလ်မှူးကြီး ၃၆ ဦးကို ရာထူးမှအနားပေးခြင်း၊ ရာထူးတိုး အပြောင်းအရွှေ့များ ပြုလုပ်၊ ဗိုလ်ချုပ်တချို့ တရားစွဲဆို ထောင်ချခံရမည် ရန်ကုန်၊ မေ ၂၉ အကြမ်းဖက်မင်းအောင်လှိုင်က တိုင်းမှူးများ၊ တိုင်းမှူးများ၊ လက်ရုံးတပ်ညွှန်ကြားရေးမှူး ဗိုလ်ချုပ်များနှင့် ဗိုလ်မှူးကြီးအများအပြားကို အနားပေးခြင်းနှင့် အပြောင်းအရွှေ့လုပ်များပြုလုပ်ပြီး ဗိုလ်ချုပ်တချို့မှာမူ တရားစွဲထောင်ချခံရမည်ဖြစ်ကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်နှင့် CDM ဗိုလ်ကြီးဇင်ယော်ထံမှ သိရှိရသည်။ နေပြည်တော်တိုင်းမှူး ဗိုလ်ချုပ်စောသန်းလှိုင်ကို ရာထူးမှ ဖယ်ရှားလိုက်ပြီး ၎င်း ၏ နေရာတွင် ကမ်းရိုးတန်းတိုင်းမှူး ဗိုလ်ချုပ်စိုးမင်းကို ခန့်အပ်လိုက်ကြောင်း သိရှိရသည်။ ရာထူးမှ ဖယ်ရှားပြီး အနားပေးခံလိုက်ရသည့် လက်ရုံးတပ် ညွှန်ကြားရေးမှူး ဗိုလ်ချုပ်များမှာ အမြောက်တပ်ဖွဲ့ညွှန်ကြားရေးမှူး ဗိုလ်ချုပ် သက်အောင်၊ ဆက်သွယ်ရေးညွှန်ကြားရေးမှူး ဗိုလ်ချုပ် ထွန်းထွန်းဦး၊ စစ်လက် နက်ပစ္စည်းညွှန်ကြားရေးမှူး ဗိုလ်ချုပ် ဝင်းလွင် ၊ သံချပ်ကာနှင့်ယန္တရားတပ်ဖွဲ့ညွှန်ကြားရေးမှူး ဗိုလ်ချုပ်တို့ဖြစ်ကြောင်း သိရှိရသည်။ ထို့နောက် အမြောက်တပ်ဖွဲ့ညွှန်ကြားရေးမှူးအသစ်အဖြစ် အမှတ် ၉၀၉ အမြောက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်မှူးချုပ် ထင်ကျော်စိုး ကိုလည်းကောင်း၊ ဆက်သွယ်ရေးညွှန်ကြားရေးမှူးအသစ်အဖြစ် ပြင် ဦးလွင်မြို့ တပ်မတော်အီလက်ထရောနစ်နှင့်ဆက်သွယ်ရေးကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် ရဲမြင့်နိုင် ၊ စစ်လက်နက်ပစ္စည်းညွှန်ကြားရေးမှူးအသစ် အဖြစ် ထောက်ပံ့နှင့်ပို့ဆောင်ရေးညွှန်ကြားရေးမှူး ဗိုလ်ချုပ် ဝင်းမြတ် ၊ ထောက်ပံ့နှင့်ပို့ဆောင်ရေးညွှန်ကြားရေးမှူးအသစ်အဖြစ် စစ်ထောက်ချုပ်ရုံးမှ ဗိုလ်မှူးချုပ် တင်စိုး၊ သံချပ်ကာနှင့် ယန္တရားတပ်ညွှန်ကြားရေးမှူးအသစ် အဖြစ် ဗိုလ်မှူးချုပ် ထူးမြတ်တိုး တို့ကို အသီးသီး ခန့်အပ်ခဲ့ကြောင်း သိရှိရသည်။ "တချို့ဗိုလ်ချုပ်တွေက အဂတိမှုတွေပါတယ်။ အဲဒါ ခုံရုံးတင် ထောင်ချခံရတာတချို့ရှိပါမယ်။ နောက်တစ်ခုကတော့ ဗေဒင်ယတြာကိန်းဂဏန်းအရ အဖြုတ်ခံရတာလည်းရှိတယ်"ဟု နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။ အကြမ်းဖက်စစ်တပ်တွင်းတွင် ရာထူးအပြောင်းအလဲများစွာပြုလုပ်နေပြီး တပ်မ မှူး နှင့် ဒုတပ်မမှူးများ အပတ်စဉ်ကွာခြားချက်များလာနေကြောင်း CDM ဗိုလ်ကြီး ဇင်ယော်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြား သည်။ ထို့ပြင် ဗိုလ်မှူးကြီးအဆင့် အရာရှိကြီးများ၏ ရာထူးအပြောင်းအလဲကိုလည်း စစ်ကောင်စီက လုပ်ဆောင်ခဲ့ပြီး သင်တန်းကျောင်းများမှ နည်းပြများကို စစ်ဗျူဟာမှူး ၊ ဒုတပ်မမှူး ရာထူးများပေးခဲ့ခြင်း ဖြစ်ကြောင်း၊ စုစုပေါင်း ၃၆ ဦးခန့် ရာထူး နေရာအပြောင်းအရွှေ့များ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။ "အပြောင်းအလဲကတော့ စစ်တပ်ရဲ့ ပုံစံအရ သွေးသစ်လောင်းတယ်ပေါ့နော်။ သွေးသစ် လောင်းတယ်။ တပ်မမှူးနဲ့ ဒုတပ်မမှူးနဲ့ အပတ်စဉ်ကွာခြားချက်တွေ နည်းနည်းများလာတာပေါ့နော်။ အငယ်တွေကို ပြန်ပြီးတော့ သွေးသစ်လောင်းနေတယ် ဗိုလ်ချုပ် Level တွေပေါ့။ တပ်တွင်းမညီမျှမှုတွေ ဖြစ်လာဖို့ များတယ်။ အကြီးကနေ အောက်ကို မညှာမတာ အမိန့်ပေးတာ‌မျိုးတွေပေါ့"ဟု CDM ဗိုလ်ကြီး ဇင်ယော်က သုံးသပ်ပြောဆိုသည်။ အဆိုပါ လုပ်ဆောင်မှုသည် လက်ရှိတပ်မမှူးများကို 'ပြုတ်စော်နံ'နေပြီဟု မင်းအောင်လှိုင်က သတိပေးလိုက်ခြင်းပင်ဖြစ်ကြောင်း CDM ဗိုလ်ကြီး ဇင်ယော်က ပြောဆိုသည်။ အကြမ်းဖက်စစ်တပ်၏ ဗိုလ်မှူးကြီးအဆင့် ရာထူး အပြောင်းအလဲများတွင် - ဗိုလ်မှူးကြီး ရဲ၀င်းအောင် (တပ်မ ၉၉ ) သည် အရှေ့ မြောက်တိုင်း စစ်ဌာနချုပ် လားရှိုး - ဗိုလ်မှူးကြီး ကိုထက် (စကခ ၁၅ ) သည် အရှေ့အ လယ်ပိုင်းတိုင်း စစ်ဌာနချုပ် ခိုလန် - ဗိုလ်မှူးကြီး မျိုးမင်းဦး (တပ်မ ၄၄ ) သည် တြိဂံဒေသတိုင်း စစ်ဌာနချုပ် ကျိုင်းတုံ - ဗိုလ်မှူးကြီး အောင်ခိုင်၀င်း (စကခ ၈ ) သည် တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တောင်ငူ - ဗိုလ်မှူးကြီး တင်ထွန်းလင်း (စကခ ၁၉) သည် အ နောက်တောင်တိုင်း စစ်ဌာနချုပ် ပုသိမ်သို့ အလွတ်ပြောင်းရွှေ့ခံရ - ဗိုလ်မှူးကြီး သန့်ဇင်ဦး (မပခ ) သည် ဒုစကခမှူး အ မှတ်(၇) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ဖယ်ခုံ - ဗိုလ်မှူးကြီး တင်ထွန်းအောင် (စကခ ၆) သည် နိုင်ငံ တော်ကာကွယ်ရေး တက္ကသိုလ် နေပြည်တော် - ဗိုလ်မှူးကြီး ထင်လင်းအောင် (တပ်မ ၄၄ ) သည် နည်းပြမှူးချုပ် အမှတ်(၂) တပ်မတော်တန်းမြင့်လေ့ ကျင့်ရေးကျောင်း မိုးဆွေ - ဗိုလ်မှူးကြီး ဇော်၀င်းထွန်း (တပ်မ ၄၄ ) သည် စစ်ဦး စီးဗိုလ်မှူးကြီး စစ်ထောက် အရှေ့မြောက်တိုင်းစစ် ဌာနချုပ် လားရှိုး - ဗိုလ်မှူးကြီး ကျော်စွာထွန်း (စဗခ ကွမ်လုံ) သည် ဒုတိယ တမာတော တပ်ထိန်းချုပ် - ဗိုလ်မှူးကြီး ဇော်လင်းထွန်း (ရခမ) သည် ဒုညွှန်မှူး ပြည်သူ့စစ်နှင့် နယ်ခြားစောင့်တပ်များ ညွှန်ကြားရေးမှူးရုံး - ဗိုလ်မှူးကြီး ကျော်မင်းထွန်း (စကခ ၁၉) သည် တမာတော လေ့ကျင့်ရေး အရာရှိချုပ်ရုံး - ဗိုလ်မှူးကြီး စိုးသူရ (နကတ) သည် ကြည်းတာ၀န် စစ်ရုံးချုပ်
Показати все...
👍 5
Repost from Khit Thit Media
မောင်တော၊ ၄ မိုင်တပ်စခန်းကို AA သိမ်းလိုက်ပြီဟု သိရှိရပြီး လက်နက်သိမ်းဆည်းရရှိသော ဗီဒီယို ပြန့်နှံ့နေ ရန်ကုန်| မေ ၂၃ ရခိုင်ပြည် မောင်တောမြို့နယ် ၄ မိုင်ရှိ စစ်ကောင်စီ တပ်စခန်းကို ယမန်နေ့ မေလ ၂၂ ရက် ညနေတွင် အာရက္ခတပ်တော် AA က သိမ်းပိုက်လိုက်ပြီဟု စစ်ရေးအခြေအနေသိသော ဒေသခံများက ပြောသည်။ မောင်တော ၄ မိုင်တပ်စခန်းသည် စစ်ကောင်စီ နခခ (၂) ဌာနချုပ်ဖြစ်ပြီး ဘူးသီးတောင်မြို့ကို သိမ်းပိုက်ပြီးနောက် မောင်တောမြို့ကို သိမ်းပိုက်နိုင်ရန် ထိုးစစ်အရှိန်မြှင့်ရာတွင် AA က သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။ စစ်ရေးအခြေအနေသိသူက " ဘူးသီးတောင်ကို သိမ်းပြီးနောက် AA က မောင်တောမြို့ကို ထိုးစစ်အရှိန်မြှင့်ခဲ့တယ်။ မောင်တောမှာ တိုက်ပွဲက အရမ်းပြင်းထန်နေတယ်။ ၄ မိုင်တပ်စခန်းကို မနေ့ညနေက AA က သိမ်းလိုက်ပြီလို့ သိရတယ်။ ဒါပေမယ့် AA က ထုတ်ပြန်မှ အတည်ပြုနိုင်မယ်။ " ဟု ပြောသည်။ မောင်တောစစ်ရေးအခြေအနေသိသူများက မောင်တော ၄ မိုင်တပ်စခန်းကို AA သိမ်းပိုက်လိုက်ပြီဟု ပြောသော်လည်း အာရက္ခတပ်တော် AA က ထုတ်ပြန်မှသာလျှင် အတည်ပြုနိုင်မည်ဖြစ်သည်။ မောင်တော ၄ မိုင် စစ်ကောင်စီတပ်စခန်းက AA သိမ်းဆည်းရမိသော လက်နက်များဟု ဗီဒီယိုဖိုင်လည်း လူမှုကွန်ရက်စာမျက်နှာများတွင် ပျံ့နှံ့နေသည်။ မောင်တောမြို့နယ် တောင်ပြိုမြို့နှင့် တပ်စခန်း အပါအဝင် ဌာနချုပ်အချို့ကို AA က ပြီးခဲ့သည့် လများကစ၍ သိမ်းထားပိုက်ပြီး မောရတီဗျူဟာကုန်း၊ မြို့သူကြီး နခခ (၅) ရဲတပ်ရင်း၊ အလယ်သံကျော်စစ်စခန်း၊ အင်းဒင် နခခ (၆)၊ မြင်းလွှတ် နခခ (၉) နှင့် ၄ မိုင် နခခ (၂) ဌာနချုပ် တို့ ကျန်နေသေးခြင်းဖြစ်သည်။ ယင်းအထဲက ၄ မိုင် နခခ (၂) ဌာနချုပ်ကို AA က သိမ်းပိုက်လိုက်ခြင်းဖြစ်သည်။
Показати все...
👍 8 3
00:31
Відео недоступнеДивитись в Telegram