cookie

Ми використовуємо файли cookie для покращення вашого досвіду перегляду. Натиснувши «Прийняти все», ви погоджуєтеся на використання файлів cookie.

avatar

ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် သတင်းမှန်ပြန်ကြားရေး

မ အေ လိုး မင်း အောင် လှိုင်

Більше
Рекламні дописи
2 605
Підписники
+1724 години
+797 днів
+24530 днів

Триває завантаження даних...

Приріст підписників

Триває завантаження даних...

ရခိုင်ပြည်၊ ဘူးသီးတောင်မြို့အနီးပတ်ဝန်းကျင်ကို မေလ ၁၂ ရက်နေ့ ညပိုင်းတွင်ဖက်ဆစ်ခွေးတပ်မှ လေကြောင်းတိုက်ခိုက်မှုအပြင်းအထန်လုပ်ဆောင်ခဲ့သော်လည်း ခွေးတပ်ရင်း ၂ ခုကို AA က သိမ်းပိုက်ရရှိသွားပြီဆိုသော သတင်းများ ထွက်ပေါ်လာသည်။ မေလ ၁၂ ရက်နေ့ညပိုင်း မှော်ဘီလေတပ်၊ မကွေးလေတပ်နှင့် တံတားဦးလေတပ်တို့မှ တိုက်လေယာဉ်များ၊ Y12 လေယာဉ်များက ဘူးသီးတောင်မြို့နယ်အတွင်းတွင် ဗုံးကျဲပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။ ဘူးသီးတောင်မြို့နယ်ရှိ ဖက်ဆစ်ခွေးမိစ္ဆာ၏ တပ်ရင်းနှင့်ဌာနချုပ် ၁၂ ခုအနက်မှ  တပ်ရင်းတပ်ဖွဲ့ နှင့် ဌာနချုပ် ၅ ခကို မတ်လ ၂၅ ရက်နေ့မှ မေလ ၃ ရက်နေ့အတွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း ၊ လက်ရှိတွင် ခမရ ၃၄၅ နှင့် ခမရ ၃၅၂ တို့ကို သိမ်းပိုက်လိုက်ရာ AA  က သိမ်းပိုက်ထားသော တပ်ရင်းတပ်ဖွဲ့ ၇ ခုအထိ ရှိလာပြီဖြစ်ကြောင်း သိရှိရသည်။ ဘူးသီးတောင်တွင် စကခ ၁၅ လက်အောက်ရှိ တပ်ရင်းများ ဖြစ်ကြသော ခမရ ၃၄၅ ၊ ခမရ ၃၅၂ ၊ ခမရ ၃၅၃ ၊ ခမရ ၅၃၅ ၊ ခမရ ၅၅၁ ၊ ခမရ ၅၅၂ ၊ ခမရ ၅၆၄ ၊ ခမရ ၅၆၅ တပ်ရင်းများနှင့် “ဘူးသီးတောင် ဗျူ ဟာ” လက်အောက်ခံတပ်ရင်းများဖြစ်ကြသော ခလရ ၂၃၃ ၊ ခလရ ၂၃၄ ၊ ခလရ ၂၆၃ နှင့် အမတ ၃၇၈ အပါအဝင် တပ်ရင်းတပ်ဖွဲ့ ၁၂ ခုရှိကြောင်း သိရှိရသည်။
Показати все...
👍 10 1🔥 1
Repost from Khit Thit Media
ဓာတ်ပုံ - မြင်းမူမြို့နယ်၊ လက်ထုတ္တောရွာမှ ပြည်သူ ၃၁ ဦးကို အစုလိုက် အပြုံလိုက် စစ်တပ်က ပစ်ခတ် သတ်ဖြတ်ထားစဉ်။
Показати все...
Repost from Khit Thit Media
မိုဒီ၏အိန္ဒိယသည်လည်း ရာဇ၀တ်မှုများနှင့် ရက်စက်ကြမ်းကြုတ်မှုများအားလုံးကြားမှ အာဏာ ဆက်ရှိနေသည့် စစ်အာဏာရှင်တို့တွင် ရင်းနှီးမြှုပ်နှံလျက်ရှိသည်။ အိန္ဒိယသည် စစ်အာဏာရှင်တို့အား လက်နက်များပေး အပ်ခြင်းဖြင့် အရပ်သားပြည်သူများအားစစ်ဆင်တိုက်ခိုက်သတ်ဖြစ်နေသော စစ်အာ ဏာရှင်များ၏ အဖျက်အင်အားတွင် ရင်းနှီးမြှုပ်နှံထားသည်။ အိန္ဒိယသည် စစ်အာဏာရှင်တို့၏ စီးပွား ရေးတွင် ရင်းနှီးမြုပ်နှံနေပြီး အုပ်ချုပ်ရေးပိုင်းကိုလည်း ကူညီပေးလိုသည်။ ဥပမာအားဖြင့် စစ်အာဏာ ရှင်တို့ အကြိမ်ကြိမ်ကတိပေးခဲ့သော်လည်း အမှန်တကယ်လုပ်ဆောင်နိုင်စွမ်းမရှိတော့သည့် အတုအ ယောင် ရွေးကောက်ပွဲများတွင်ကူညီရန်ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအား ၎င်း၏ လွှမ်းမိုးဩဇာလောင်းရိပ်အောက် တွင်သာထိန်းထားရန်နှင် အခြားသူများကိုဘေးဖယ်ထုတ်ရန် ကြိုးပမ်းလျက်ရှိသည်။ ထို့ကြောင့် တရုတ်သည် စစ်အာဏာရှင် တို့၏ စစ်စွမ်းရည်၊ အုပ်ချုပ်မှုစွမ်းရည်နှင့် စီးပွားရေးစွမ်းရည်များတွင် ရင်းနှီးမြှုပ်နှံမှုကို သတိကြီးကြီး ထားပြီး အကန့်အသတ်ဖြင့်လုပ်ဆောင်နေသည်။ တစ်ချိန်တည်းမှာပင် တရုတ်သည် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းအား ၎င်းတို့၏ နယ်နိမိတ်တစ်လျှောက်တွင် စစ်အာဏာရှင်တို့ထံမှ အတော် အသင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရယူပြီး တရုတ်နိုင်ငံအပေါ် မှီခိုနေစေရန် ကြိုးပမ်းလျက်ရှိသည်။ ဗဟိုတွင် အားနည်းပြီး နိုင်ငံတကာတွင်အထီးကျန်ဖြစ်နေသော စစ်အာဏာရှင်များကိုရှိနေစေပြီး နယ်စပ်တ လျှောက်တွင်မူ အင်အားကြီးတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များသည် တရုတ်နိုင်ငံအပေါ် မှီခိုနေ စေရန် တရုတ်ကစီမံနေခြင်းဖြစ်သည်။ အာဆီယံသည် မည်သည့်အဓိပ္ပာယ်ရှိသောနည်းလမ်းကိုမျှလုပ်ဆောင်နေခြင်းမရှိပါ။ ရံဖန်ရံခါ ဟိုပြောဒီပြောပြောနေရုံဆင့်ပင်ဖြစ်သည်။ အာဆီယံသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီအချို့ကိုပေးရန်ပင် မစွမ်းဆောင်နိုင်ခဲ့ပါ။ စင်္ကာပူ၊မလေးရှား၊ထိုင်း၊အင်ဒိုနီးရှား၊ဘရူနိုင်းတို့သည်ဆင်းရဲသောနိုင်ငံများမဟုတ်ကြ။ သို့သော် ထိုနိုင်ငံတို့သည် ထောက်ပံ့ကူညီမှုများတွင်ပင် မပါဝင်ကြပါ။ အကူအညီပေးရေး ကြိုးပမ်းအား ထုတ်မှုတွင် ပါဝင်ကူညီနေကြသည်မှာ အခြားဝေးကွာသော ဒီမိုကရေစီနိုင်ငံများ ဖြစ်ပါသည်။ “အာဆီယံဗဟိုချုပ်ကိုင်မှု” ဟုခေါ်သည့် ၎င်း၏ကိုယ်ပိုင်ပုံရိပ်ကို ကာကွယ်ရန်သာအာဆီယံသည် အဓိကအလေးထားဆောင်ရွက်ခဲ့သည်။ အာဆီယံအဖွဲ့ဝင်နိုင်ငံများသည် မည်သသည့်အကျိုးရှိရာ ရှိကြောင်းအလုပ်ကိုမျှလုပ်ဆောင်ခြင်းမရှိဘဲ မြန်မာနိုင်ငံအကျပ်အတည်းအတွက် အာဆီယံ၏ထိန်း ချုပ်ထားမှုကိုတော့ယူလိုကြသည်။ မတူညီသောအချိန်များတွင် အာဆီယံဥက္ကဋ္ဌများ သို့မဟုတ် အခြားသောနိုင်ငံရေးအက်တာများသည် မြန်မာနိုင်ငံစစ်ပွဲကိုဖြေရှင်းရန်အမှန်တကယ်တာဝန်ယူလိုစိတ်မရှိခြင်းနှင့် စွမ်းရည်ကင်းမဲ့မှုကို ဖုံးကွယ် ရန် သံတမန်ရေးရာအစပြုမှုများအား သင်္ကြန် အမြောက်သဖွယ်ဖောက်နေကြသည်။ ၎င်းတို့သည် စတင်လုပ်ဆောင်နေကြပြီ (အချက်ငါးချက် သဘောတူညီမှု၊ ဟွန်ဆန်၏ ကိယ်ရည်သွေးကာ “ငြိမ်းချမ်း ရေး ပံ့ပိုးကူညီမှု” ဟုအသံကောင်းဟစ်နေမှု၊ အင်ဒိုနီးရှား၏ လူမသိသူမသိ၊ သက်ဆိုင်သူအားလုံးနှင့် ဆွေးနွေးမှုပေါင်း ၃၀၀ ကျော်၊ မကြာသေးမီက ထိုင်း၏ “လူသားချင်းစာနာထောက်ထားမှု ပဏာမခြေ လှမ်း” သို့မဟုတ် သက်ဆင်၏ ကြားဝင်ဖျန်ဖြေရေး အခန်းကဏ္ဍတွင် ပါဝင်ရန် ကြိုးပမ်းမှု) စသည်တို့ သည် (ဘာမှဟုတ်ဟုတ်ငြားငြား လုပ်ဆောင်ခဲ့သည်မဟုတ်ခြင်းကြောင့်)အလုပ်ဖြစ်မည်မဟုတ် ကြောင်း မြန်မာနိုင်ငံ၏အဖြစ်မှန်နှင့် ရင်းနှီးသူတိုင်း သိထားပြီးဖြစ်သည်။ အဆိုပါ လုပ်ဆောင်ချက်များသည် တစ်စုံတစ်ခု ဖြစ်ပျက်နေသည်၊ ထို့အတွက် အခြားသူများက အာဆီယံကို ထောက်ခံသင့်သည်ဟူသော အထင်အမြင်အလွဲအမှားဖြစ်စေရန် ဖန်တီးနေကြသည်။ အာဆီယံအဖွဲ့ဝင်နိုင်ငံများသည် “အာဆီယံဗဟိုချက်” ကို ထိန်းသိမ်းရာတွင် အောင်မြင်သော်လည်း မြန်မာနိုင်ငံအတွက်တော့ အချည်းနှီးသာဖြစ်နေရသည်။ ထိုအချိန်တွင် မြန်မာနိုင်ငံတွင် အရပ်သားများအစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှုတစ်ခု၊ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုတစ်ခု နှင့် လူမျိုးတုံးသတ်ဖြတ်မှုများအားကျူးလွန်ခံနေရသည်။ ရုရှား၊ တရုတ်၊ အိန္ဒိယ၊ ထိုင်းနှင့် အခြားအာဆီယံနိုင်ငံများသည် ၎င်းတို့၏ မှားယွင်းစွာ ပုံဖော်ထားသော သံတမန်ရေးရာကြိုးပမ်းမှုများ၊လုပ်ရပ်များအားဖြင့် စစ်အာဏာရှင်များသက်ဆိုးရှည်စေရန် အပြည့် အ၀ကြိုးပမ်းပေးနေကြသည်။ ကြောက်မက်ဖွယ်ရာစစ်ရာဇ၀တ်မှုများ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန် သည့် ရာဇ၀တ်မှုများ၊ ကြီးမားသောဘေးဒုက္ခများသည် ၎င်းတို့၏ အနီးနားအိမ်နီးချင်းနိုင်ငံတွင် ဖြစ် ပျက်နေသည်ကို ခပ်မဆိတ်နေခြင်း၊ လျစ်လျုရှု့ခြင်းအားဖြင့် စစ်အာဏာရှင်များသက်ဆိုးရှည်စေရန် အပြည့်အ၀ကြိုးပမ်းပေးနေကြသည်။ အားလုံးတွင် အရင်းအမြစ်နှင့် အကြောင်းပြချက် တစ်ခုတည်းရှိပါသည်။ နိုင်ငံ တော်စီမံအုပ်ချုပ်ရေး ကောင်စီဟုကိုယ့်ကိုကိုယ်ခေါ်ဝေါ်နေသည့် တရားမ၀င်၊ လူသတ်မှု၊ လူမျိုးတုံးသတ်ဖြတ် မှုများကျူး လွန်နေသော ယူနီဖောင်းဝတ် ဒုစ ရိုက်အဓမ္မဂိုဏ်းပင်ဖြစ်သည်။
Показати все...
👍 8🔥 1
Repost from Khit Thit Media
ယူနီဖောင်းဝတ် ဒုစရိုက် အဓမ္မဂိုဏ်း စစ်ကောင်စီက ကျူးလွန်သော အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေကို ဘယ်သူတွေက အားပေးအားမြှောက်ပြုနေသလဲ By Igor Blazevic ယခုရက်အနည်းငယ်အတွင်း မြန်မာစစ်အာဏာရှင်က အလွန်ရက်စက်ကြမ်း ကြုတ်သည့် စစ်ရာဇ၀တ်မှုနှစ်ခုကို ကျူးလွန်ခဲ့သည်။ မေလ ၁၁ ရက်နေ့ နံနက်ပိုင်းက စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် လက်ထုတ္ထောကျေးရွာတွင်ရွာသား သုံးဆယ့်နှစ်ဦးအား စစ်အာဏာရှင်တို့က တရားမဲ့သတ် ဖြတ်ခဲ့သည်။ ဒေသခံ များ၏ အဆိုအရ စစ်သား ၁၀၀ ခန့်သည် ရွာကို ပိတ်ဆို့ ကာ ဖောက်ခွဲရေး ပစ္စည်းများ ဖြင့် တိုက်ခိုက် ခဲ့ပြီး ဘုန်းကြီးကျောင်း နှစ်ခုတွင် ခိုလှုံနေသော အရပ်သားများကို ထိန်းသိမ်း ထားကြောင်း သိရသည်။ ရာနှင့်ချီသော နေအိမ် များ မီးလောင်ခဲ့ပြီး ရွာသား ၁၇ ဦးကို လူသားဒိုင်းအဖြစ် အသုံးပြုခဲ့သည်။ မေလ ၉ ရက်နေ့ကလည်း မကွေးတိုင်း စောမြို့နယ် အကြီးပန်းမလွန်းကျေးရွာရှိ ဘုန်းကြီးကျောင်းတစ်ကျောင်းအား ပေါင် ၅၀၀ ဗုံးဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်းတစ် ကျောင်းလုံး ပျက်စီးကာ မီးလောင်ခဲ့သည်။ ဗုံးကျဲတိုက်ိခုက်ခံရချိန်တွင် မြို့နယ်အတွင်းသယ်ယူပို့ ဆောင်ရေးလမ်းကြောင်းများ ထူထောင်ရန်အစီအစဉ်များကိုဆွေးနွေးရန် ရွာသားများသည် ဘုန်းကြီး ကျောင်းတွင် စုဝေးနေကြချိန် ဖြစ်သည်။ လူ ၁၄ ဦးထက်မနည်းသည် မည်သူမည် ၀ါခွဲခြားမသိနိုင်တော့သည့်ပြာများအဖြစ် မီးလောင်ကျွမ်းကွယ်လွန်ခဲ့ရသည်။ ဒဏ်ရာရသူ သုံးဆယ် ကျော်ရှိပြီး အများစုမှာပြင်းထန်သည်။ ထိုသို့သောရက်စက်ယူတ်မာမှုများသည်စစ်အာဏာရှင်တို့အဖို့ ထူးထူးဆန်းဆန်းမဟုတ်တော့ပေ။ အာဏာသိမ်းမှုအစကတည်းကပင် စစ်အာဏာရှင်တို့သည် ထိုသို့သောရက်စက်ယုတ်မာမှုများ ကျူး လွန်နေကြခြင်းဖြစ်သည်။ အရပ်သားပြည်သူလူထုအပေါ် အကြမ်းဖက်မှူများကျုးလွန်ခြင်းသည် စစ်အာဏာရှင်တို့၏စစ်ပွဲဆင်နွှဲပုံပင်ဖြစ်သည်။ အထက်တွင်ဖော်ပြခဲ့သောစစ်ရာဇ၀တ်မှု နှစ်ခုသည် လူအမြောက်အများကို တစ်ချိန်တည်းတစ်နေရာတည်းတွင် ထိခိုက်စေခဲ့သည်။ နိုင်ငံအနှံ့အပြားရှိ နေရာအနှံ့အပြားတွင် နေ့စဉ်လိုလို အလားတူစစ်ရာဇ၀တ်မှုများကို စစ်အာဏာရှင်တို့က ကျူးလွန်နေ ကြသည်။ မြန်မာစစ်အာဏာရှင်တို့သည် လူမျိုးရှင်းလင်းသုတ်သင်မှု၊ လူမျိုးတုံးသတ်ဖြတ်မှု၊ မြေလှန်စနစ်၊ ညှဉ်း ပန်းနှိပ်စက်မှု၊ မုဒိမ်းမှု၊ မီးရှို့မှု၊ လုယက်မှု နှင့် အစွန်းရောက် ရက်စက်ကြမ်းကြုတ်မှုတို့ကို အစဉ်အမြဲ ကျင့်သုံးခဲ့သည့် လူသတ်ဂိုဏ်းဖြစ်သည်။ ထိုကဲ့သို့သောဒုစရိုက်မှုတို့သည် စစ်အာဏာရှင်တို့၏ဗီဇ အဖြစ်ပြင်၍မရနိုင်တော့အောင်နက်နက်ရှိုင်ရှိုင်းစူး၀င်နေပြီဖြစ်သည်။ သို့ရာတွင် လက်ရှိအခြေအနေတို့အောင်တွင်စစ်အာဏာရှင်တို့သည် ဆောက်တည်ရာမရဖြစ်နေကြ သည်။ တိုင်းပြည်၏ထောင့်ပေါင်းစုံမှ တော်လှန်ရေးအင်အားစုများ၏ ဖိအားအောက်တွင် ရှိနေသည်။ ၎င်းတို့သည် စခန်းများ၊ ကင်းစခန်းများ၊ လမ်းများ၊ နယ်စပ်၀င်ပေါက်များ၊ မြို့များ၊ နယ်မြေများ၊ တပ်များ၊ စစ်သားများနှင့် အရာရှိများကို နိုင်ငံအနှံ့ ဆုံးရှုံးနေကြရသည်။ စိတ်ဓါတ်ကျဆင်း ဆောက် တည်ရာမရဖြစ်နေသော စစ်အာဏာရှင်တို့သည် အောက်ဖော်ပြပါပုံများကဲ့သို့ အလွန်ရက်စက်ကြမ်း ကြုတ်မှုကို ကျူးလွန်လိုက်ကြပါသည်။ ထိုသို့သောရက်စက်ကြမ်းကြုတ်သည်ရာဇ၀တ်မှုမျိုးတွေဘာကြောင့် နောင်တမရစတမ်း ဆက်လက် ကျုးလွန်နေရသည်ဆိုသည်ကို ရှင်းရှင်းလင်းလင်းပြောလိုပါသည်၊ စစ်အာဏာရှင်တို့က တနိုင်ငံလုံး အတိုင်းအတာနှင့် အကြမ်းဖက်စစ်ပွဲကိုစပြီး သုံးနှစ်ကြာသည်အထိ စစ်မအောင်နိုင်သော်လည်း ရက် စက်ကြမ်းကြုတ်မှုများ၊ ကြီးမားသောဆင်းရဲဒုက္ခနှင့် ဖျက်စီးခြင်းများကိုကျူးလွန်နိုင်စွမ်းတော့ ရှိနေပါ သေးသည်။ စစ်အာဏာရှင်တို့၏ အစွမ်းသတ္တိနှင့် ဆုံးဖြတ်ချက်ကြောင့် မဖြစ်နိုင်ပေ။ စစ်အာဏာရှင်တို့ အားနည်း တုန်လှုပ်ချောက်ချားပြီး ကျဆုံးဖို့ အသင့်ဖြစ်နေပါပြီ။ လုံးဝကိုယ့်ကိုကိုယ်ယုံကြည်မှုမရှိ၊ အတွင်းပိုင်း ပျက်စီးနေပြီး မည်သည့်အစီအစဥ်မှမရှိဘဲဖြစ်နေပြီဖြစ်သည်။ စစ်အာဏာရှင်တို့သည် သွေးသံရဲ့ရဲဖြင့် သေလုမျောပါးပြင်းထန်စွာ ဒဏ်ရာရနေသော သားရဲ၏ အမျက် ဒေါသမျိုးဖြင့် မဲမဲမြင်ရာဖျက်ဆီးနေ သကဲ့သို့ဖြစ်နေခြင်းဖြစ်သည်။ ယခုကဲ့သို့ ရာဇ၀တ်မှုများ၊ ရက်စက်ကြမ်းကြုတ်မှုများ ထပ်တလဲလဲ ဖြစ်နေရခြင်းသည် အခြားနိုင်ငံတွေ လုပ်နေတဲ့လုပ်ရပ်များ၊ လုပ်ရမည်ကိုမလုပ်ပဲနေခြင်းများကြောင့်လည်း ဖြစ်နိုင်ပါသည်။ ထိုကြောင့် စစ်အာဏာရှင်တို့၏ရာဇ၀တ်မှုများအား မည်တွေက မည်သို့ကူညီပေးနေသည်ဆိုသည်ကို အကျဉ်းချုပ်သုံးသပ်ကြည့်ပါမည်။ ပူတင်၏ ရုရှားနိုင်ငံသည် စစ်အာဏာရှင်တို့၏ ယခုအချိန်တွင်ရက်စက်ယုတ်မာမှုများ ကျူးလွန်ရာ တွင်တစ်ခုတည်းသော အကြီးမားဆုံးအရင်းအမြစ်ဖြစ်သည့် လေတပ်စွမ်းအားကို ထိန်းသိမ်းထားနိုင်ရန် လက်နက်နှင့် အပိုပစ္စည်းများကို အဓိကပံ့ပိုးပေးခြင်းဖြင့် အကြမ်းဖက်စစ်ပွဲကိုဆင်နွှဲနေသည့် စစ်အာ ဏာရှင်များ၏အဖျက်စွမ်းအားတွင် ရင်းနှီးမြှုပ်နှံထားသည်။
Показати все...
👍 3 1
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်က ပြည်သူ့စစ်ခေါင်းဆောင်ဆိုသူနဲ့ နောက်လိုက်တဦးကို သေနတ်နဲ့ ပစ်သတ်ပြီး သေနတ်၊ ကျည်၊ လက်ပစ်ဗုံးတွေကိုပါ သိမ်းဆည်းခဲ့တယ်လို့ 8 STARS မြင်းခြံပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ မြင်းခြံမြို့၊ အမှတ် ၁၈ ရက်ကွက်၊ ဘောလုံးကွင်းအနီးလမ်းပေါ်မှာ ပြည်သူ့စစ်ခေါင်းဆောင် ရဲမင်းနဲ့ နောက်လိုက်အမျိုးသားတဦးတို့ရှိနေချိန် မေ ၁၀ ရက် ညနေ ၆ နာရီခွဲလောက်က သေနတ်နဲ့ ပစ်သတ်ခဲ့တာလို့ ဆိုပါတယ်။ “လက်ဖက်ရည်ဆိုင် ရှေ့နားလမ်းပေါ်မှာ သုံးယောက်သား စကားပြောနေတုန်းမှာ သေနတ်နဲ့ ပစ်သတ်ခဲ့တာပါ။ နှစ်ဦးက နေရာမှာ လဲကျပြီး တဦးကထွက်ပြေးသွားတယ်။” လို့  တိုက်ခိုက်ရာမှာ ပါဝင်တဲ့ 8 STARS မြင်းခြံပြောက်ကျားတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။ ခွေးမီးဖုတ်
Показати все...
👍 10
ဓာတ်ပုံ - လေကြောင်းတိုက်ခိုက်မှုကြောင့် မကြီးအုပ်ရွာ ထိခိုက်ပျက်ဆီးမှုမြင်ကွင်းများ။
Показати все...
👍 1
▪️စစ်ကိုင်းတိုင်း၊ဒီပဲယင်းနယ်အနောက်တောင်ဘက်ခြမ်းရှိ ထန်းတပင်-မကြီးအုပ်ကျေးရွာ စာသင်ကျောင်းအား အကြမ်းဖက်စစ်ရှုံးကောင်စီမှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက် ၊ 12-5-2024(8:58Pm) ▪️ယမန်နေ့ မေလ၊၁၁ရက်နေ့မွန်းလွဲပိုင်း ၂နာရီကျော်ခန့်အချိန် တံတားဦးလေတပ်မှတက်လာတဲ့ YAK-130ဂျက်ဖိုက်တာဖြင့် ဒီပဲယင်းနယ်အနောက်တောင်ခြမ်း ထန်းတပင်ရွာနှင့် မကြီးအုပ်ရွာ စာသင်ကျောင်းကို တိုက်ပွဲဖြစ်ပွားထားခြင်းမရှိပါပဲ အကြောင်းမဲ့သက်သက် ပေါင်၅၀၀ဗုံး(၃)လုံးကြဲချပြီး စက်လက်နက်ဖြင့်လည်း မကြီးအုပ်ရွာကို တရစပ်ပစ်ခတ်တိုက်ခိုက်သွားကြောင်း မြေပြင်သတင်းရရှိပါတယ် ။ ▪️အကြမ်းဖက်စစ်ရှုံးကောင်စီမှ စစ်ရေးပစ်မှတ်မဟုတ်သည့် မကြီးအုပ်ရွာစာသင်ကျောင်းအား လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် သာမန်အရပ်သားပြည်သူ(၂)ဦး ၊ ပြည်သူ့ကာကွယ်ရေးရဲဘော်(၄)ဦး၊ စုစုပေါင်း(၆)ဦးသေဆုံးခဲ့ရပြီး (၂၃)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ၊ (၂၃)ဦးထဲကမှ (၇)ဦးဟာ ခြေပြတ်လက်ပြတ်နဲ့ ဒဏ်ရာအပြင်းအထန်ရထားကာ အသက်အန္တရာယ်စိုးရိမ်နေရတဲ့အနေအထားရှိကြောင်း "ဒီပဲယင်းမြို့နယ်ညီနောင်များ"ရဲ့ထုတ်ပြန်ထားချက်အရ သိရှိရပါတယ် ။ ▪️ဧပြီလ၊၁၇ရက် မြန်မာနှစ်ဆန်း(၁)ရက်နေ့ညပိုင်းတုန်းကလည်း အကြမ်းဖက်စစ်ရှုံးကောင်စီမှ ဒီပဲယင်းနယ်အနောက်ခြမ်း အင်းတန်း၊ယင်းတွေကျေးရွာများဘက်ကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပါသေးတယ် ၊ ထိခိုက်သေဆုံးမှုမရှိခဲ့ပါ ။ ▪️အကြမ်းဖက်စစ်ရှုံးကောင်စီမှ ဘုန်းကြီးကျောင်း၊ဆေးရုံ၊စာသင်ကျောင်းများ အပြစ်မဲ့ပြည်သူများကို လေကြောင်းတိုက်ခိုက်သတ်ဖြတ်မှုများ ဆက်တိုက်ကျူးလွန်လျှက်ရှိပါတယ် ။ မည်သည့်စစ်ကြောင်းမှထိုးခြင်းမရှိ တိုက်ပွဲဖြစ်ထားခြင်းမရှိပါပဲ အတွင်းဒလန်ဒလျှိူ စစ်ခွေးလော်ဘီများရဲ့ သတင်းအမှားပေးမှုတွေကြောင့် စစ်ရေးပစ်မှတ်မဟုတ်သည့်နေရာများကို လေကြောင်းတိုက်ခိုက်သတ်ဖြတ်နေသဖြင့် အနယ်နယ်အရပ်ရပ်ရှိမိဘပြည်သူများ လေကြောင်းရန်အထူးသတိထားနေထိုင်ကြဖို့ သတိပေးအပ်ပါတယ်ခင်ဗျာ။ Photo-Crd ဓာတ်ပုံ - လေကြောင်းတိုက်ခိုက်မှုကြောင့် မကြီးအုပ်ရွာ ထိခိုက်ပျက်ဆီးမှုမြင်ကွင်းများ။ 𝑻𝒆𝒍𝒆𝒈𝒓𝒂𝒎 𝙻𝚒𝚗𝚔-https://t.me/yeucharitableorganization လှူဒါန်းဆက်သွယ်ရန်- https://t.me/mothersson122021 #ရေဦးမြို့နယ်စစ်ရှောင်ပြည်သူ_ထောက်ပံ့ရေး(𝑵𝑮𝑶)
Показати все...
ရေဦးမြို့နယ် စစ်ရှောင်ပြည်သူ-ထောက်ပံ့ရေး(𝐍𝐆𝐎)

𝙉𝙤𝙣-𝙂𝙤𝙫𝙚𝙧𝙣𝙢𝙚𝙣𝙩𝙖𝙡 𝙊𝙧𝙜𝙖𝙣𝙞𝙯𝙖𝙩𝙞𝙤𝙣𝙨(𝙉𝙂𝙊) /𝐘𝐞 𝐔

👍 4