╰┈⫸𝑮𝒆𝒏𝒆𝒓𝒂𝒍 𝑲𝒏𝒐𝒘𝒍𝒆𝒅𝒈𝒆 𝑭𝒐𝒓 𝑺tudents⫷┈┈╯
Відкрити в Telegram
ဒီနေရာလေးကနေ ဗဟုသုတ တစ်စုံတရာ ရရှိနိုင်ကြပါစေ baby တို့ ကိုယ့်အရည်အသွေးကို အမြဲသွေးပြီး စိတ်ထားမြင့်မြတ်တဲ့ လူတော်လူကောင်းလေးတွေ ဖြစ်လာဖို့ ကြိုးစားကြရအောင် နော 🍀🍀🍀
Показати більше1 242
Підписники
-124 години
-57 днів
-1330 днів
Завантажуємо дані
Схожі канали
Хмара тегів
Немає даних
Виникли проблеми? Будь ласка, оновіть сторінку або зверніться до нашого support-менеджера.
Вхідні та вихідні згадування
---
---
---
---
---
---
Залучення підписників
листопад '26лист '26
листопад '26
+9
в 1 каналах
жовтень '26
+19
в 0 каналах
Get PRO
вересень '26
+34
в 0 каналах
Get PRO
серпень '26
+48
в 0 каналах
Get PRO
липень '26
+86
в 2 каналах
Get PRO
червень '26
+85
в 1 каналах
Get PRO
травень '26
+69
в 2 каналах
Get PRO
квітень '26
+42
в 1 каналах
Get PRO
березень '26
+52
в 1 каналах
Get PRO
лютий '26
+45
в 0 каналах
Get PRO
січень '26
+54
в 1 каналах
Get PRO
грудень '25
+33
в 1 каналах
Get PRO
листопад '25
+55
в 1 каналах
Get PRO
жовтень '25
+66
в 2 каналах
Get PRO
вересень '25
+45
в 1 каналах
Get PRO
серпень '25
+52
в 1 каналах
Get PRO
липень '25
+65
в 1 каналах
Get PRO
червень '25
+66
в 3 каналах
Get PRO
травень '25
+57
в 1 каналах
Get PRO
квітень '25
+23
в 4 каналах
Get PRO
березень '25
+68
в 4 каналах
Get PRO
лютий '25
+37
в 2 каналах
Get PRO
січень '25
+69
в 0 каналах
Get PRO
грудень '24
+65
в 0 каналах
Get PRO
листопад '24
+79
в 0 каналах
Get PRO
жовтень '24
+48
в 0 каналах
Get PRO
вересень '24
+632
в 0 каналах
| Дата | Залучення підписників | Згадування | Канали | |
| 12 листопада | +3 | |||
| 11 листопада | +2 | |||
| 10 листопада | 0 | |||
| 09 листопада | 0 | |||
| 08 листопада | 0 | |||
| 07 листопада | +1 | |||
| 06 листопада | 0 | |||
| 05 листопада | +1 | |||
| 04 листопада | +1 | |||
| 03 листопада | 0 | |||
| 02 листопада | 0 | |||
| 01 листопада | +1 |
Дописи каналу
promotion တွေထက် ပိုတန်တဲ့ GED ကျောင်းသားတွေအတွက် ပညာသင်ဆုအစီအစဉ် 🏆
ခုလိုကာလမှာ နိုင်ငံတကာပညာရေးလမ်းကြောင်းကို သွားချင်တဲ့သူတွေအတွက် GED ဖြေဖို့ သင်တန်းကြေး၊ စာမေးပွဲကြေးအပြင် GED ဖြေဆိုပြီးရင်လဲ တခြားတင်ပြရမယ့် ပညာရေးလိုအပ်ချက်တွေအတွက် ကုန်ကျစရိတ်တွေအများကြီးရှိနေပါတယ်.. ဒီလိုငွေကြေးအခက်အခဲကြောင့် အရည်အချင်းရှိပြီး ကိုယ့်အနာဂတ်အတွက် အမှန်တကယ်ကြိုးစားချင်စိတ်ရှိတဲ့ ကျောင်းသားတွေ ပညာရေးကိုမရပ်တန့်လိုက်ရအောင်
Victoria Academy Education Groupကနေပြီးတော့ အဖိုးတန်တဲ့ Scholarship Program ကြီးတစ်ခုစီစဉ်ထားပါတယ် 💛 အဲ့တာကတော့ GED ဖြေဆိုဖို့ပြင်ဆင်နေတဲ့ ကျောင်းသားကျောင်းသူတွေအတွက် GED စာမေးပွဲကြေးတွေ ထောက်ပံ့ပေးမယ့်ပညာသင်ဆု၊ GED ဖြေပြီးရင်လည်း နိုင်ငံခြားကျောင်းတက်ဖို့ လိုအပ်တဲ့ SAT, IELTS အတန်းတွေအတွက် သင်တန်းကြေးတွေအပြင် University Application အတွက်လိုအပ်တဲ့လုပ်ငန်းစဉ်တွေနဲ့ Visa လျှောက်တဲ့အပိုင်းတွေအထိပါဝင်ကူညီပေးမယ့် Community Support Program ပဲဖြစ်ပါတယ်ရှင်… ဒီပညာသင်ဆု အစီအစဉ်မှာ ✅ GED Exam Ready Preparation Scholarship ✅ GED Exam Fee Award ✅ IELTS / SAT Preparation Scholarship ✅ Study Abroad / University Progression Support Scholarship ဆိုပြီး အမျိုးအစားပေါင်း ၄ မျိုးကို ပေးအပ်ထားတာမလို့ ကိုယ်ထူးချွန်ရင် ထူးချွန်သလို ၄ မျိုးလုံးကို Scholarship ရနိုင်မှာပဲဖြစ်ပါတယ်နော် 🎉 ❗ဒါဆို ဒီ Scholarship တွေကိုဘယ်သူတွေ လျှောက်ထားလို့ရနိုင်လဲ❓ လာမယ့် ဒီဇင်ဘာ (သို့) ဇန်နဝါရီမှာ GED Exam ဝင်ရောက်ဖြေဆိုဖို့ ပြင်ဆင်နေသူမည်သူမဆို လျှောက်ထားနိုင်ပါတယ်။ 🔗 Application Form Link: https://docs.google.com/forms/d/e/1FAIpQLSd_ZIhCEcX3cRYasya85Jg_yuTM0TOpSlTuy2B2tZdrrUXenQ/viewform?usp=publish-editor 🔹 Deadline ဖောင်ပိတ်ရက်: 17.11.2026 (Tuesday) 🔹 Scholarship ကြေညာပေးမည့်ရက်: 6.12.2026 (Sunday) 🔹 အတန်းစတင်မည့်ရက်: 10.12.2026 (Thursday) ကဲ.. ခုလောက်ဆိုရင် Scholarship နဲ့ပတ်သက်ပြီးအနည်းငယ်သိသွားကြလောက်ပြီဆိုတော့ နိုင်ငံခြားတက္ကသိုလ်မှာ ပညာသင်ယူချင်တဲ့ ကျောင်းသူ ကျောင်းသားတွေ ဒီအခွင့်အရေးကို လက်လွှတ်မခံဘဲ လျှောက်ထားကြည့်ဖို့ တိုက်တွန်းချင်ပါတယ်ရှင် လိုအပ်မယ့် ကလေးတွေကိုလည်း post လေး မျှဝေပေးလိုက်ပါဦးနော် 💙 မူရင်းပို့စ်လေးမှာလည်း သေချာသွားရောက်လေ့လာနိုင်ပါတယ်ရှင့် https://www.facebook.com/share/1E8ymDrybn/
| 2 | ဒီနေ့ mood ကတော့...😴 | 185 |
| 3 | ငြိမ်းချမ်းရေးနှင့် ရေရှည်ဖွံ့ဖြိုးမှုအတွက် သိပ္ပံပညာကို ပြည်သူ့ထံသို့ ယူဆောင်လာခြင်း👩🏻🔬
နှစ်စဉ် နိုဝင်ဘာလ (၁၀) ရက်နေ့တိုင်း ကျရောက်လေ့ရှိသော
“World Science Day for Peace and Development”
သည် စာသင်ခန်းနှင့် ဓာတ်ခွဲခန်းများအတွင်း၌သာ ရှိနေတတ်သည့် သိပ္ပံပညာကို ပြည်သူလူထု၏ နေ့စဉ်လူနေမှုဘဝထံသို့ ပေါင်းကူးဆက်သွယ်ပေးရန် ဦးတည်ကျင်းပသည့် အထိမ်းအမှတ်နေ့တစ်နေ့ ဖြစ်ပါသည်။ ဤနေ့ရက်ကို
၂၀၀၁ ခုနှစ်တွင် UNESCO မှတရားဝင်စတင်သတ်မှတ်ခဲ့ခြင်း
ဖြစ်ပြီး၊
၁၉၉၉ ခုနှစ်က ဟန်ဂေရီနိုင်ငံ ဗူးဒါပက်စ် မြို့၌ ကျင်းပခဲ့သည့် ကမ္ဘာ့သိပ္ပံညီလာခံ၏ ကတိကဝတ်များအတိုင်း သိပ္ပံဆိုင်ရာ
အသိပညာများကို လူ့အဖွဲ့အစည်းအတွင်း ပိုမိုကျယ်ပြန့်စွာ စိမ့်ဝင်စေရန်နှင့် ကမ္ဘာ့ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် သိပ္ပံပညာရှင်တို့၏ အရေးပါသော အခန်းကဏ္ဍကို မီးမောင်းထိုးပြနိုင်ရန် ရည်ရွယ်၍
နှစ်စဉ်မပျက် စနစ်တကျ ကျင်းပလာခဲ့ခြင်းဖြစ်ပါသည်။
ယနေ့ခေတ် ကမ္ဘာကြီးတွင် ရာသီဥတုပြောင်းလဲမှု နှင့် သဘာဝသယံဇာတ လျော့နည်းလာမှုများကိုရင်ဆိုင်နေရချိန်၌ ၂၀၂၆ ခုနှစ်အတွက် သတ်မှတ်ထားသည့်
“Common ground through science diplomacy” (သိပ္ပံဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် ဘုံတူညီချက်များ တည်ဆောက်ခြင်း)
ဆိုသည့်ဆောင်ပုဒ်သည် လွန်စွာမှ လေးနက်ကျယ်ပြန့်သော အဓိပ္ပာယ်ကို ဖော်ဆောင်ထားပါသည်။ နိုင်ငံရေးနှင့် နယ်နိမိတ်ဆိုင်ရာ ကန့်သတ်ချက်များ မည်သို့ပင်ရှိစေကာမူ သိပ္ပံပညာ၏ သဘောတရားနှင့် အမှန်တရားရှာဖွေမှုသည် ကမ္ဘာလုံးဆိုင်ရာ တူညီသည့်
အခြေခံမူတစ်ရပ်ဖြစ်သဖြင့်၊ မတူကွဲပြားသော လူ့အဖွဲ့အစည်းများကြား ညှိနှိုင်းဆွေးနွေးနိုင်မည့် ဘုံတူညီချက်များကို Science Diplomacy နည်းလမ်းများဖြင့် တည်ဆောက်ယူနိုင်မည် ဖြစ်ကြောင်း ဖော်ပြထားခြင်းဖြစ်ပါသည်။
ထို့ကြောင့် ဤအထိမ်းအမှတ်နေ့သည် သာမန် ဂုဏ်ပြုရုံသက်သက်မဟုတ်ဘဲ ပြည်သူတိုင်း သိပ္ပံဆိုင်ရာ သတင်းအချက်အလက်များကို တန်းတူညီမျှ သိရှိနားလည်ခွင့်ရရှိရန်နှင့် ရေရှည်တည်တံ့သောလူ့အဖွဲ့အစည်းကို ပုံဖော်ရာတွင် သိပ္ပံပညာကို မည်သို့အသုံးချရမည်ဆိုသည့် အသိဉာဏ်ကို နှိုးဆွပေးသည့် နေ့ရက်လည်း ဖြစ်ပါသည်။ သိပ္ပံပညာရှင်များ၏ တီထွင်ဆန်းသစ်မှုများသည် ကမ္ဘာကြီး ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကိုအထောက်အကူပြုသလို၊ ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုနှင့် အသိပညာမြင့်မားမှုသည်လည်း
ကမ္ဘာ့အနာဂတ်ကို ပိုမိုလှပစေမည့် အုတ်မြစ်တစ်ချပ်ဖြစ်သည်ကို သိရှိထားရမည်ဖြစ်ပါသည်။
ယနေ့ကျရောက်သည့် ကမ္ဘာ့သိပ္ပံနေ့မှစ၍ မိမိတို့၏ နေ့စဉ်ဘဝများတွင် သိပ္ပံဆိုင်ရာ အသိပညာများကို စဉ်ဆက်မပြတ် လေ့လာဆန်းစစ်ရင်း၊ ပိုမိုကောင်းမွန်ပြီး တန်းတူညီမျှသော ရေရှည်ဖွံ့ဖြိုးတိုးတက်သည့် ကမ္ဘာကြီး ဖြစ်လာစေရန် အတူတကွ ပူးပေါင်းပါဝင်လိုက်ကြရအောင်ပါ။
| 206 |
| 4 | Немає тексту... | 166 |
| 5 | 🏆 ကလေးများတွက် မြန်မာ ပြည် နှင့်နိုင်ငံတကာ ဝင်ရောက်ယှဉ်ပြိုင်သင့်တဲ့ ပြိုင်ပွဲများ နှင့် websites များ
ကလေးတစ်ယောက်ကို ပြိုင်ပွဲဝင်ခိုင်းတာဟာ အနိုင်ရဖို့ထက် ဘဝမှာ အရှုံးနဲ့အနိုင်ကို ရင်ဆိုင်တတ်ဖို့ သင်ပေးခြင်းဖြစ်ပါတယ်။
ကလေးတွေဟာ စိတ်ဝင်စားမှု၊ ဝါသနာနဲ့ အရည်အချင်း မတူညီကြပါဘူး။ ဒါကြောင့် မိဘတွေအနေနဲ့ ကိုယ့်ကလေးရဲ့ ဝါသနာနဲ့ အသက်အရွယ်ကို လိုက်ဖက်တဲ့ ပြိုင်ပွဲတွေ ရွေးချယ်ပေးသင့်ပါတယ်။
🎨 ၁။ ပန်းချီနဲ့ အနုပညာပြိုင်ပွဲ
* ပန်းချီဆွဲပြိုင်ပွဲ
* လက်မှုပညာဖန်တီးမှုပြိုင်ပွဲ
* ဒီဇိုင်းနဲ့ ဖန်တီးမှုဆိုင်ရာပြိုင်ပွဲ
ကလေးတွေရဲ့ စိတ်ကူးစိတ်သန်း၊ တီထွင်ဖန်တီးနိုင်စွမ်းနဲ့ မိမိအတွေးအမြင်ကို ဖော်ပြနိုင်စွမ်း တိုးတက်စေပါတယ်။
📚 ၂။ ပညာရေးဆိုင်ရာပြိုင်ပွဲ
* စာဖတ်ပြိုင်ပွဲ
* Spelling Bee (အင်္ဂလိပ်စာလုံးပေါင်းပြိုင်ပွဲ)
* သင်္ချာဉာဏ်စမ်းပြိုင်ပွဲ
* သိပ္ပံစမ်းသပ်မှုနဲ့ သိပ္ပံပြပွဲ
* General Knowledge Quiz (အထွေထွေဗဟုသုတက
ဒီပြိုင်ပွဲတွေက ပြဿနာဖြေရှင်းနိုင်စွမ်း၊ စဉ်းစားတွေးခေါ်နိုင်စွမ်းနဲ့ လေ့လာသင်ယူလိုစိတ်တွေကို မြှင့်တင်ပေးနိုင်ပါတယ်။
⚽ ၃။ အားကစားပြိုင်ပွဲ
* ရေကူးပြိုင်ပွဲ
* အပြေးပြိုင်ပွဲ
* ဘောလုံး၊ ဘတ်စကက်ဘော
* ကျွမ်းဘား (Gymnastics)
* အသက်အရွယ်နဲ့ သင့်တော်တဲ့ အသင်းလိုက်အားကစားပြိုင်ပွဲ
အားကစားဟာ ကိုယ်ခန္ဓာကျန်းမာရေးအတွက်သာမက စည်းကမ်းလိုက်နာတတ်ခြင်း၊ အသင်းအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်တတ်ခြင်းနဲ့ အရှုံးကို လက်ခံတတ်ခြင်းတို့ကိုလည်း သင်ယူစေပါတယ်။
🎤 ၄။ စကားပြောနဲ့ တင်ဆက်မှုဆိုင်ရာပြိုင်ပွဲ
* ပုံပြင်ပြောပြိုင်ပွဲ
* ကဗျာရွတ်ပြိုင်ပွဲ
* Public Speaking (လူအများရှေ့ စကားပြောပြိုင်ပွဲ)
* Debate (အကြောင်းအရာတစ်ခုကို အကြောင်းပြချက်နဲ့ ဆွေးနွေးငြင်းခုံပြိုင်ပွဲ)
လူအများရှေ့မှာ မိမိအတွေးအမြင်ကို ရဲရဲဝံ့ဝံ့ ပြောဆိုတတ်ဖို့၊ အခြားသူတွေရဲ့ အမြင်ကိုလည်း လေးစားနားထောင်တတ်ဖို့ အထောက်အကူပြုပါတယ်။
♟️ ၅။ မှတ်ဉာဏ်နဲ့ ဗျူဟာစဉ်းစားမှုပြိုင်ပွဲ
* Memory Games
* Chess (စစ်တုရင်)
* Puzzle ပြိုင်ပွဲ
* Coding နဲ့ Robotics ပြိုင်ပွဲ
ဒီပြိုင်ပွဲတွေမှာ ပါဝင်ခြင်းက အာရုံစူးစိုက်မှု၊ စီစဉ်တွေးခေါ်မှု၊ စိတ်ရှည်မှုနဲ့ ပြဿနာဖြေရှင်းနိုင်စွမ်းတွေကို လေ့ကျင့်ပေးနိုင်ပါတယ်။
🎶 ၆။ ဂီတနဲ့ အကပြိုင်ပွဲ
* သီချင်းဆိုပြိုင်ပွဲ
* တူရိယာတီးခတ်ပြိုင်ပွဲ
* အကပြိုင်ပွဲ
* အသင်းလိုက် အနုပညာဖျော်ဖြေပြိုင်ပွဲ
ကလေးတွေ မိမိရဲ့ အနုပညာစွမ်းရည်ကို ဖော်ထုတ်နိုင်ပြီး ပရိသတ်ရှေ့မှာ ယုံကြည်မှုရှိရှိ တင်ဆက်တတ်လာစေပါတယ်။
❤️ မိဘတွေ အထူးသတိထားသင့်တဲ့ အချက် ၅ ချက်
၁။ ကလေးကိုယ်တိုင် စိတ်ဝင်စားတဲ့ ပြိုင်ပွဲဖြစ်ဖို့ အရေးကြီးပါတယ်။
၂။ အနိုင်ရသူနဲ့ မိမိကလေးကို မနှိုင်းယှဉ်သင့်ပါဘူး။
၃။ ဆုမရခဲ့ရင်လည်း ကလေးရဲ့ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုပေးပါ။
၄။ ပြိုင်ပွဲတစ်ခုအတွက် ကလေးရဲ့ ပျော်ရွှင်မှု၊ အနားယူချိန်နဲ့ ကျန်းမာရေးကို မစတေးသင့်ပါဘူး။
၅။ အနိုင်ရတဲ့အခါ မဝင့်ကြွားတတ်ဖို့၊ ရှုံးနိမ့်တဲ့အခါလည်း အခြားသူကို အပြစ်မတင်ဘဲ ပြန်ကြိုးစားတတ်ဖို့ သင်ပေးပါ။
ပြိုင်ပွဲပြီးတဲ့အခါ မိဘက မေးသင့်တဲ့ မေးခွန်းဟာ “ဆုရခဲ့လား” ဆိုတာထက် “ဒီနေ့ ဘာတွေသင်ယူခဲ့ရလဲ၊ ပျော်ခဲ့ရဲ့လား” ဆိုတာ ဖြစ်သင့်ပါတယ်။
ကလေးဘဝမှာ ပြိုင်ပွဲတိုင်းကို အနိုင်ရဖို့ မလိုအပ်ပါဘူး။ တစ်ခါတလေ ရှုံးနိမ့်မှုကနေ သင်ယူခဲ့တဲ့ သင်ခန်းစာတစ်ခုဟာ ဆုတံဆိပ်တစ်ခုထက်တောင် ပိုတန်ဖိုးရှိနိုင်ပါတယ်။
မိဘတွေရဲ့ တာဝန်ဟာ အမြဲတမ်းအနိုင်ရတဲ့ ကလေးတစ်ယောက်ကို မွေးထုတ်ဖို့ မဟုတ်ဘဲ အနိုင်နဲ့အရှုံးနှစ်မျိုးစလုံးကို ရင့်ကျက်စွာ ရင်ဆိုင်နိုင်တဲ့ ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်ပေးဖို့ ဖြစ်ပါတယ်။ ❤️
မြန်မာနိုင်ငံမှာ နေထိုင်တဲ့ ကလေးတွေပါ ဝင်ရောက်ယှဉ်ပြိုင်နိုင်မယ့် ပန်းချီ၊ သင်္ချာ၊ သိပ္ပံ၊ စာရေးနဲ့ Coding ပြိုင်ပွဲများ ရဲ့ ဝက်ဘ်ဆိုဒ်လိပ်စာတွေကို စုစည်းပေးထားပါတယ်။
မြန်မာနိုင်ငံတွင်း ပြိုင်ပွဲတွေအပြင် အင်တာနက်ကနေ နိုင်ငံတကာပြိုင်ပွဲတွေ ဝင်ပြိုင်နိုင်မယ့် အခွင့်အလမ်းတွေလည်း ပါဝင်ပါတယ်။
🇲🇲 ၁။ မြန်မာနိုင်ငံအတွင်း ပြိုင်ပွဲများ
Myanmar Olympiads Network (MON)
သင်္ချာ၊ သိပ္ပံ၊ Coding နဲ့ Informatics ပြိုင်ပွဲများကို စုစည်းဖော်ပြပေးတဲ့ နေရာဖြစ်ပါတယ်။
Grade 1–12 အတွက် ပြိုင်ပွဲများရှိပါတယ်။
Coding Olympiad — အောက်တိုဘာ ၃၁ နှင့် နိုဝင်ဘာ ၁၊ ၂၀၂၆ (Online)
Bebras Challenge — နိုဝင်ဘာ ၁၅၊ ၂၀၂၆ (Online)
www.moncontests.com
🧮Mathemania – Myanmar Mathematics Competition
မူလတန်းနဲ့ အလယ်တန်း၊ အထက်တန်းကျောင်းသားတွေအတွက် သင်္ချာပြိုင်ပွဲဖြစ်ပါတယ်။
ရန်ကုန်၊ မန္တလေး၊ နေပြည်တော်မှာ သက်ဆိုင်ရာ စာမေးပွဲစင်တာများရှိပါတယ်။
၂၀၂၆ ခုနှစ် ပြိုင်ပွဲအတွက် စာရင်းသွင်းကာလ ပြီးဆုံးသွားပါပြီ။ နောက်နှစ်ပြိုင်ပွဲကြေညာချက်တွေကို စောင့်ကြည့်နိုင်ပါတယ်။
www.mathemania.com.mm 
🤖🤖World Robot Olympiad Myanmar (WRO)
အသက် ၈–၁၉ နှစ်အရွယ် ကလေးတွေ Robot တည်ဆောက်ခြင်း၊ Programming နဲ့ ပြဿနာဖြေရှင်းခြင်းတို့ကို အသင်းလိုက် ယှဉ်ပြိုင်နိုင်တဲ့ ပြိုင်ပွဲဖြစ်ပါတယ်။
www.wro-mm.com 
🌍 ၂။ မြန်မာကလေးတွေ နိုင်ငံတကာမှာ ဝင်ပြိုင်နိုင်သောနေရာများ
🎨Art for Change International – ပန်းချီပြိုင်ပွဲ
အသက် ၄–၁၅ နှစ်
နိုင်ငံတကာကလေးများအတွက် ပန်းချီပြိုင်ပွဲဖြစ်ပြီး ပုံကို Online တင်သွင်းနိုင်ပါတယ်။ တစ်ဦးချင်းဝင်ကြေး US$15 ရှိပါတယ်။ ပြိုင်ပွဲဝင်နိုင်မယ့် နောက်ဆုံးရက်က ၂၀၂၆ အောက်တိုဘာ ၃၀ ဖြစ်ပါတယ်။
Art for Change ပြိုင်ပွဲဝင်ရန် 
https://discoveringnewartists.org/afcinternational/
✍️🎨JQA International Environmental Children's Drawing
Contest – ဂျပန်နိုင်ငံ
အသက် ၇–၁၅ နှစ်
သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်တဲ့ ပန်းချီပြိုင်ပွဲဖြစ်ပါတယ်။ မြန်မာနိုင်ငံက ကလေးတွေလည်း နိုင်ငံတကာအုပ်စုမှာ ဝင်ပြိုင်နိုင်ပါတယ်။ မူရင်းပန်းချီကို ဂျပန်နိုင်ငံသို့ စာတိုက်မှ ပို့ရပါမယ်။
၂၀၂၇ မေလ ၃၁ ရက် နောက်ဆုံးထားပြီး ပေးပို့ရပါတယ်။
JQA ၂၀၂၇ ပြိုင်ပွဲစည်းမျဉ်းများ 
https://childrens-drawing.com/application.html
🚀NASA Space Apps Challenge – သိပ္ပံနှင့် နည်းပညာ
အသက်အရွယ်မရွေး
အာကာသ၊ ကမ္ဘာမြေ၊ သိပ္ပံနှင့် နည်းပညာဆိုင်ရာ ပြဿနာတွေကို အသင်းလိုက်ဖြေရှင်းရတဲ့ ပြိုင်ပွဲဖြစ်ပါတယ်။ မြန်မာနိုင်ငံမှ Virtual Event ကို ရွေးချယ်နိုင်ပါတယ်။
၂၀၂၆ နိုဝင်ဘာ ၁၄–၁၅ ရက် ပြိုင်ပွဲကျင်းပပါမယ်။ အသက်မပြည့်သေးသူများအတွက် မိဘအုပ်ထိန်းသူ သဘောတူညီချက် လိုအပ်ပါတယ်။
NASA Space Apps 2026 
https://www.spaceappschallenge.org/2026/
✍️📝Oxford Agora – အင်္ဂလိပ်စာစီစာကုံးပြိုင်ပွဲ
အသက် ၁၁–၁၈ နှစ်
နိုင်ငံအားလုံးမှ ကလေးများ ဝင်ပြိုင်နိုင်ပါတယ်။ အင်္ဂလိပ်လို စာစီစာကုံးရေးသားရပြီး ၂၀၂၇ ဇန်နဝါရီ ၃၁ ရက် နောက်ဆုံးထား တင်သွင်းနိုင်ပါတယ်။
Oxford Agora Essay Competition 
https://oxfordglobaleducation.com/oxford-agora
📲📸Technovation Challenge – Coding နှင့် AI
အသက် ၈–၁၈ နှစ်
ကလေးတွေကို Mobile App၊ AI နဲ့ နည်းပညာဆိုင်ရာ Project ဖန်တီးပြီး ယှဉ်ပြိုင်စေတဲ့ အစီအစဉ်ဖြစ်ပါတယ်။ Girls Track နဲ့ ကျားမမရွေး ဝင်နိုင်တဲ့ Co-ed Track ရှိပါတယ်။
လက်ရှိ စာရင်းသွင်းမှု ပိတ်ထားပြီး နောက်ရာသီဖွင့်မယ့်အချိန်ကို ဝက်ဘ်ဆိုဒ်မှာ စောင့်ကြည့်နိုင်ပါတယ်။
Technovation Challenge 
https://technovationchallenge.org/get-involved/students/
📍 မြန်မာနိုင်ငံတွင်း Mathemania စာမေးပွဲစင်တာများ
Mathemania တရားဝင်စာမျက်နှာမှ ဖော်ပြထားသည့် စင်တာများဖြစ်ပြီး နောက်ပြိုင်ပွဲအတွက် တည်နေရာအတည်ပြုသင့်ပါတယ်။ 
မိဘများအတွက် အကြံပြုချက်။ အခမဲ့ Online ပြိုင်ပွဲတွေကို အရင်ဆုံး ဦးစားပေးနိုင်ပါတယ်။ ပြိုင်ပွဲဝင်ကြေး၊ နိုင်ငံအလိုက် ခွင့်ပြုချက်၊ ကလေးအသက်အရွယ်နဲ့ မိဘသဘောတူညီချက်တွေကို စာရင်းမသွင်းမီ သေချာစစ်ဆေးပါ။
Credit to Chitpan Hninze Han | 192 |
| 6 | Link လေး expired ဖြစ်သွားလို့ ပို့စ် အသစ် ထပ်တင်တာပါရှင့်
သမီးလေးတစ်ယောက်က သူခံစားနေရတာလေးကို လာပြီး ရင်ဖွင့်ရှာတယ် ကျွန်မမှာ ရင်ထဲမွန်းကြပ်သွားတာပဲ ငါ မလုပ်ပေးနိုင်လို့ဆိုတဲ့အတွေးကြီးနဲ့ တအားဖိစီးသွားတာ သူ့ခင်ဗျာ ဖိအားတွေ တအားများသွားတာပေါ့ အခုတော့ သူ ကျောင်းထွက်သွားရှာပြီ Balance မဖြစ်တဲ့ အခါ ဖိအားတွေ ဖြစ်ပေါ်လာတာ ထုံးစံပါပဲ အဲ့ဒါကို သန်သန်မာမာနဲ့ ကြံ့ကြံ့ခံနိုင်ဖို့ ( ဓာတုသဘောတရားနဲ့ဆို equilibrium အခြေအနေလိုအပ်တယ်ပေါ့🤭 )
အဲ့လို ကိုယ်လိုချင်တဲ့ ပညာရပ်ကို balance ညီညီမျှမျှနဲ့ ရနိုင်စေဖို့ ကျွန်မတို့ကလေးတွေအတွက် plan တစ်ခုစီစဉ်လိုက်ပါတယ်ရှင့်
အဆင့်မြင့်ပညာရပ်ဖြစ်ပြီး နိုင်ငံရပ်ခြားထွက်နိုင်ဖို့ တံခါးတစ်ခုဖြစ်တဲ့ GED တက်ချင်တယ်
အိမ်ကိုလည်း အများကြီးကုန်မှာစိုးလို့ မပူဆာချင်ဘူးဆိုတဲ့ သားတို့ သမီးတို့အတွက်
အထူးအစီအစဉ်
တစ်လ -- 60000 ကျပ်
6 လအတွက် 360000 ( သုံးသိန်း ခြောက်သောင်း ) ကျပ်သာ
ကုန်ကျမည့် အထူးအစီအစဉ်
ဒီအစီအစဉ်လေးကို စိတ်ဝင်စားရင် ဒီဂရုလေးကိုသာ join ထားပါ
အိမ်ကိုလည်း တိုင်ပင်ပါ တွေးပါ
လိုအပ်ရင် အောက်က link လေးနှိပ်ပြီး join ခဲ့လိုက်ပါ
https://t.me/+Mnmcp81yiMphOGVl
Learn Calmly. Achieve Confidently
ကလေးတို့ရဲ့
CVWS | 151 |
| 7 | “မြန်မာနွယ်ဖွား ကျောင်းဆရာမ နန်းနန္ဒာထွေး ကာလီဖိုးနီးယားမှာ သိပ္ပံဘာသာရပ်သင်ကြားမှု အထူးချွန်ဆုံးဆုရ”
အမေရိကန်ပြည်ထောင်စု၊ ကာလီဖိုးနီးယားပြည်နယ်၊ Los Angeles မြို့က မြန်မာနွယ်ဖွား အထက်တန်းပြ ဆရာမ နန်းနန္ဒာထွေး (ခေါ်) Cynthia Htwe ဟာ ပြည်နယ်တစ်ခုလုံးမှာ တစ်နှစ်တာအတွင်း သိပ္ပံဘာသာရပ် သင်ကြားမှု အထူးချွန်ဆုံး ဆရာမဆု ချီးမြှင့်ခံခဲ့ရပါတယ်။
ဆုချီးမြှင်ပွဲ အခမ်းအနားကို နိုဝင်ဘာ ၆ ရက်၊ သောကြာနေ့မှာ ကျင်းပခဲ့တာပါ။
ဒီ တစ်နှစ်တာအတွက် အထူးချွန်ဆုံး ဆရာမဆု (Science Teacher of the Year) ကို ကာလီဖိုးနီးယားပြည် သိပ္ပံဘာသာရပ် သင်ကြားသူများအဖွဲ့ (California Association of Science Educators - CASE) က ရွေးချယ် ချီးမြှင့်တာ ဖြစ်ပါတယ်။
Los Ángeles မြို့ Glendale Hoover အထက်တန်းကျောင်းက အထက်တန်းပြဆရာမ နန်းနန္ဒာထွေးဟာ ပြည်နယ်
တစ်ခုလုံးက အထက်တန်းကျောင်းပေါင်း ၁,၂၉၅ ကျောင်းက သိပ္ပံဘာသာရပ်ကို သင်ကြားပို့ချပေးနေတဲ့ ဆရာ/ဆရာမပေါင်း (၂)သိန်းကျော်ရှိတဲ့အထဲက သင်ကြားပြသမှု အကောင်းဆုံးဆရာမအဖြစ် ရွေးချယ်ခံရတာ ဖြစ်ပါတယ်။
ဒီဆုအတွက် ပြည်နယ်မြို့တော် Sacramento မှာ နိုဝင်ဘာ ၆ ရက်နေ့က သွားယူတဲ့အခါမှာလည်း သူ့ကျောင်းက ခရီးစရိတ်နဲ့ နေထိုင်စရိတ် အားလုံးကို အကုန်အကျခံပေးခဲ့တယ်လို့ မိသားစုက ပြောပါတယ်။
မြန်မာပြည်က ရှမ်းနွယ်ဖွား ဆရာမ နန်းနန္ဒာထွေးရဲ့ ထူးချွန်မှုအတွက် အခုလို ဆုချီးမြှင့်ခံရတာဟာ အမေရိကန်မှာရှိတဲ့ မြန်မာတွေအတွက်သာမကဘဲ အာရှနွယ်ဖွားတွေအတွက်ပါ ဂုဏ်ယူ ဝမ်းမြောက်စရာ သတင်းကောင်းတစ်ခု ဖြစ်ပါတယ်။
#teacheroftheyear #cynthiahtwe #nannandarhtwe | 229 |
| 8 | Немає тексту... | 231 |
| 9 | သမီးလေးတစ်ယောက်က သူခံစားနေရတာလေးကို လာပြီး ရင်ဖွင့်ရှာတယ် ကျွန်မမှာ ရင်ထဲမွန်းကြပ်သွားတာပဲ ငါ မလုပ်ပေးနိုင်လို့ဆိုတဲ့အတွေးကြီးနဲ့ တအားဖိစီးသွားတာ သူ့ခင်ဗျာ ဖိအားတွေ တအားများသွားတာပေါ့ အခုတော့ သူ ကျောင်းထွက်သွားရှာပြီ Balance မဖြစ်တဲ့ အခါ ဖိအားတွေ ဖြစ်ပေါ်လာတာ ထုံးစံပါပဲ အဲ့ဒါကို သန်သန်မာမာနဲ့ ကြံ့ကြံ့ခံနိုင်ဖို့ ( ဓာတုသဘောတရားနဲ့ဆို equilibrium အခြေအနေလိုအပ်တယ်ပေါ့🤭 )
အဲ့လို ကိုယ်လိုချင်တဲ့ ပညာရပ်ကို balance ညီညီမျှမျှနဲ့ ရနိုင်စေဖို့ ကျွန်မတို့ကလေးတွေအတွက် plan တစ်ခုစီစဉ်လိုက်ပါတယ်ရှင့်
အဆင့်မြင့်ပညာရပ်ဖြစ်ပြီး နိုင်ငံရပ်ခြားထွက်နိုင်ဖို့ တံခါးတစ်ခုဖြစ်တဲ့ GED တက်ချင်တယ်
အိမ်ကိုလည်း အများကြီးကုန်မှာစိုးလို့ မပူဆာချင်ဘူးဆိုတဲ့ သားတို့ သမီးတို့အတွက်
အထူးအစီအစဉ်
တစ်လ -- 60000 ကျပ်
6 လအတွက် 360000 ( သုံးသိန်း ခြောက်သောင်း ) ကျပ်သာ ကုန်ကျမည့် အထူးအစီအစဉ်
ဒီအစီအစဉ်လေးကို စိတ်ဝင်စားရင် ဒီဂရုလေးကိုသာ join ထားပါ
အိမ်ကိုလည်း တိုင်ပင်ပါ တွေးပါ
လိုအပ်ရင် အောက်က link လေးနှိပ်ပြီး join ခဲ့လိုက်ပါ
https://t.me/+442uD6IEu9E5ZDk9
Learn Calmly. Achieve Confidently
ကလေးတို့ရဲ့
CVWS | 140 |
| 10 | ခု မအားသေးဘူး စာကျက်နေတယ်..
🫣🫣🫣🫣🫣🫣🫣🫣 | 253 |
| 11 | https://t.me/everythingeveryoneatapagemovie/1225?single
ဒီ movie ကြည့်ကြည့်ကြပါ ကလေးတို့
ဒီကားက. US သမ္မတ အိုဘာမား producer လုပ်ပြီးရိုက်ထားတာ
Cyber attack ဘယ်လောက်ကြောက်စရာကောင်းသလဲဆိုတာ | 287 |
| 12 | BECA ပြီးသွားတဲ့သူတွေ ဒါမှမဟုတ် အထက်တန်းပြီးပြီးသားသူတွေ၊ ကျောင်းတစ်ပိုင်းတစ်စ ဖြစ်နေတဲ့သူတွေ ဘာဆက်လုပ်ကြမလဲ?
(Part 1)
ဒီဟာကတော့ အားလုံးသိချင်နေကြမယ်လို့ထင်ပါတယ်။ ဘာဆက်လုပ်မလဲဆိုတာကို မပြောခင်မှာ တစ်ယောက်နဲ့တစ်ယောက်အခြေအနေမတူနိုင်ဘူးဆိုတာကို အရင်ဆုံးသိစေချင်ပါတယ်။ ဘာလို့လည်းဆိုတော့ BECA ဖြေတဲ့သူတွေ (ဒါမှမဟုတ်) အွန်လိုင်းဖက်ဒရယ်ကျောင်းတက်တဲ့သူတွေရဲ့ ရာခိုင်နှုန်းအများစုက အခြေခံနဲ့ လူလတ်တန်းစားမိသားစု ဖြစ်ပါတယ်။ ပညာရေးဆိုတာ အခုခေတ်မှာမြန်ချင်ရင်၊ လွယ်ချင်ရင် ပိုက်ဆံတက်နိုင်မှဆိုတာ ငြင်းမရပါဘူး။ အဲ့ဒီတော့ တစ်ချို့က ကျောင်းပြီးတဲ့အခါမှာ ပညာရေးကိုခဏမေ့ထားပြီး အခြေအနေကြောင့်လုပ်ငန်းခွင်ဝင်တာမျိုးတွေရှိပါတယ်။ ဒါမှမဟုတ် အရင်ဆုံးအလုပ်လုပ်ဖို့ရည်ရွယ်ပြီး သင်တန်းတက်မျိုးပါ။ (ဒီအကြောင်းနဲ့ပတ်သက်ပြီး post ပြန်တင်ပေးပါ့မယ်) တစ်ချို့တွေက အလုပ်က အဓိကမဟုတ်သေးပဲ ပညာရေးမှာ ဘယ်လမ်းရွေးလို့ရွေးရမှန်းမသိတာပါ။ ဒါက အများစုကြုံရတဲ့ ပြသာနာဖြစ်ပါတယ်။ (ခြွင်းချက်အနေနဲ့ တစ်ချို့က ငွေရေးကြေးရေးနဲ့ မိတ်ဆွေအသိုင်းအဝန်းကြောင့် လွယ်ကူကြပါတယ်) ဒီမှာတော့ ကျွန်တော် ရွေးချယ်စရာလမ်းကြောင်း အစုံအလင်ကိုပြပေးသွားပါမယ်။
(1) ကိုယ့်သွားချင်တာလမ်းကြောင်းနဲ့စိတ်ဝင်စားတာကိုရှာပြီး အိမ်နဲ့တိုင်ပင်ဖို့လည်းလိုပါတယ်။
အခုခေတ်မှာတော့ အရင်တုံးကလို အိမ်ကချည်းတိုက်တွန်းတာမျိုးမဟုတ်ပဲ ကိုယ့်သွားချင်တဲ့အိပ်မက်ကို ပံ့ပိုးကြတာပါပဲ။ အမှန်တိုင်းပြောရမယ်ဆိုရင် ပညာရေးလမ်းကြောင်းဆိုတာ အိမ်ကဘယ်လောက်ထိငွေရေးကြေးရေးအရထောက်ပံ့ပေးနိုင်လဲဆိုတာနဲ့ တိုက်ရိုက်အချိုးကျပါတယ်။ ဒါကတော့ လက်မခံချင်လည်း လက်ခံရမယ့်အမှန်တရားတစ်ခုပါပဲ။ ဒါကြောင့် တစ်ချို့ မိဘတွေက ကိုယ်တိုင်က ပညာရေးအကြောင်းသိပ်မသိပေမဲ့ ပညာရေး အတိုင်ပင်ခံတွေဆီသွားပြီး ဆွေးနွေးကြတာမျိုးပါ။ အဲ့ဒီတော့ အိမ်ကိုလည်း ကိုယ်ဖြစ်တာ၊ တက်ချင်တာ၊ ဝါသနာပါတာ၊ ရည်ရွယ်ထားတာတစ်ခုခုကို သေချာပြောပြဖို့လိုပြီး အိမ်ကလည်းနားလည်ဖို့လိုပါတယ်။ ဒါပေမဲ့ တစ်ချို့က အိမ်နဲ့အတိုင်အဖောက်မညီတာတွေ၊ အဆင်မပြေတာတွေမျိုးရှိတက်ပါတယ်။ ဒါဆိုရင်တော့ ကိုယ်ဖြစ်ချင်တာကို စိတ်မဝင်စားရင်တောင် ပြောပြထားဖို့လိုပါမယ်။ ဒီအချိန်မျိုးကတော့ လိုအပ်ပါတယ်။ ဘာလို့လည်းဆိုတော့ အခုအချိန်မှာ အဓိကထောက်ပံ့ပေးရတဲ့သူတွေက အိမ်ကပဲဖြစ်လို့ပါ။
2. University 📝
ဒီမှာ Onsite နဲ့ Online University ဆိုပြီး နှစ်ပိုင်းခွဲပြောပါမယ်။
(a) Onsite (အပြင်တက္ကသိုလ်)
အပြင်မှာတက်လို့ရတဲ့တက္ကသိုလ်တွေမှာ Public နဲ့ Private ဆိုပြီးရှိပါတယ်။ Public တွေက လက်ရှိအစိုးရ ကဖွင့်ထားတာမို့ BECA ကော တခြား Online Federal School က High School Diploma ကောလက်ခံမှာမဟုတ်ပါ။ MOE ကနေဖွင့်ထားတဲ့ မြေပြင်တက္ကသိုလ်တွေရှိပေမဲ့ လက်ရှိမှာတော့ အရေအတွက်နည်းနေပါသေးတယ်။ နောက်တစ်ခုကတော့ Private Universityတွေ ဖြစ်ပါတယ်။ ကိုယ့်ရဲ့ BECA အောင်လက်မှတ်ကို 100% လက်ခံလားမသေချာပေမယ့် ကျွန်တော်ကတော့ လက်ခံတယ်လို့ယုံကြည်ပါတယ်။ (ေသချာအောင် facebook က university page ကို ဆက်သွယ်ပါ)။ Private ဖြစ်တဲ့အတွက် ကျောင်းစရိတ်ကတော့ သာမန်လူတန်းစားတွေအတွက်ဆို စျေးကြီးပါမယ်။ ပြည်ပနိုင်ငံကဘွဲ့ကို ပြည်တွင်းမှာ စရိတ်အနည်းဆုံးနဲ့ယူလို့ရအောင်စီစဉ်ပေးထားတဲ့ကျောင်းတွေဖြစ်ပါတယ်။ ကျောင်းအပေါ်မူတည်ပြီး တစ်လကို 7သိန်း- 10သိန်းကြားရှိပါမယ်။ (ဒီထက်လည်းပိုများနိုင်ပါတယ်)
Degree နဲ့ Diploma ပေးပါတယ်။ (ဒီနှစ်ခုအကြောင်း post တစ်ခုတင်ပေးပါ့မယ်) တခြား နိုင်ငံက တက္ကသိုလ်တွေနဲ့လည်း ပေါင်းကူး (Transfer) လိုမျိုးရှိပါမယ်။ Private ကရတဲ့ ဘွဲ့က ကိုယ့်အတွက်အလုပ်အကိုင်သေချာစေလား၊ ဘယ်လိုမျိုးအခွင့်အလမ်းတွေရရှိလည်း ဆိုတာတွေကိုတော့ ကျွန်တော်သေချာမသိပါ၊ တက်ဖူးတဲ့သူတွေဆီက မေးတာအသေချာဆုံးဖြစ်ပါမယ်။ Private University တွေအကြောင်းအသေးစိတ် ဒီမှာဖတ်လို့ရပါတယ်။ လွန်ခဲ့တဲ့ (3)နှစ်ကဖြစ်တဲ့အတွက် အနည်းငယ်တော့ကွာခြားနိုင်ပါတယ်။
https://www.facebook.com/share/p/1JSJ6h8qKV/
👉တခြား Private University များ
✅ Chindwin Technological College
https://www.facebook.com/share/199vbiGEAp/
✅ Victoria University College
https://www.facebook.com/share/1EDXcL6XeX/
✅ University of Taxila (အမေရိကန်ဘွဲ့ကို ပေးတဲ့ပထမဆုံးတက္ကသိုလ်ပါ)
https://www.facebook.com/share/19iHa3NEVN/
✅ MHR Management Institute
https://www.facebook.com/share/14N8BqH89W/
✅ BIY College
https://www.facebook.com/share/14N8BqH89W/
✅ Auston College
https://www.facebook.com/share/1D1PhuW1sE/
✅ Y- Max College
https://www.facebook.com/share/1EiQR81AsK/
✅ Parami University ( US ရဲ့ Arizona တက္ကသိုလ်နဲ့ချိတ်ထားတဲ့ကျောင်းပါ၊ Online ကနေပါ Full Scholarship လျှောက်လို့ရတဲ့ Diploma အတန်းတွေရှိပါတယ်၊ ဒီcertificate တွေက နောက်ကိုယ်တက်ချင်တာနဲ့ပတ်သက်ပြီး အကျိိုးရှိမှာပါ)
https://www.facebook.com/share/1FDDn9Lrz1/ | 278 |
| 13 | LSE Family မှ Volunteer Teachers ခေါ်ယူခြင်း
Teaching Experience အသစ်တွေ ရယူရင်း မိမိရဲ့ Teaching Skills တွေကို မြှင့်တင်ချင်သူများအတွက် LSE မှ Volunteer Teachers များကို ဖိတ်ခေါ်လိုက်ပါတယ် 💖
ခေါ်ယူမည့် ရာထူးများ (Positions)
🔹 Main Teacher
- English Level B2 ရှိရပါမည်
- Laptop မရှိလည်း လျှောက်ထားနိုင်သည်
- အင်တာနက်လိုင်း ကောင်းမွန်ရပါမည်
🔹 Assistant Teacher
- English Level B1 ရှိရပါမည်။
- ကိုယ်ပိုင် Laptop ရှိရပါမည်။
- အင်တာနက်လိုင်း ကောင်းမွန်ရပါမည်
🔹 သတ်မှတ်ချက်များ (Requirements)
-Saturday & Sunday (စနေ၊ တနင်္ဂနွေ) အချိန်ပေးနိုင်ရပါမည်
- တာဝန်ယူမှု၊ တာဝန်ခံမှုရှိပြီး စိတ်အားထက်သန်သူ ဖြစ်ရပါမည်
🎁 ရရှိမည့် အကျိုးကျေးဇူးများ (Benefits)
- တရားဝင် Certificate / Recommendation Letter ရရှိမည်
- လက်တွေ့ သင်ကြားမှု အတွေ့အကြုံကောင်းများ ရရှိမည်
⭐ သင်ကြားမှု ထူးချွန်ပါက LSE ရဲ့ Paid Teacher (လစာရ ဆရာ/မ) အဖြစ် ဆက်လက်လက်တွဲနိုင်မည့် အခွင့်အလမ်း ရှိပါသည်
📩 လျှောက်ထားရန်
စိတ်ပါဝင်စားပါက မိမိ၏ CV / Brief Introduction နှင့်အတူ လျှောက်ထားလိုသည့် Position ကို ဖော်ပြ၍ Telegram သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်ရှင်
👉 Contact Telegram: @LSE_Family_Telegram
📅 Deadline: 9 /11/2026
Telegram channel - https://t.me/LSE_Family | 215 |
| 14 | Twin Stars Education Center တွင် GED RLA သင်ကြားနိုင်သော ဆရာ၊ ဆရာမ တစ်ဦးနှင့် YLE သင်ကြားပေးနိုင်သော ဆရာတစ်ဦး ခေါ်ပါမယ်ရှင်။ စာသင်ချိန် ညနေ (၆) နာရီကနေ ည (၁၀) ကြား သင်ကြားပေးနိုင်ရပါမယ်။ Part Time position ပါ။ ရေရှည်အဆင်ပြေပါက One on One အတန်းများပါ ချိတ်ဆက်ပေးမှာပါ။ အသေးစိတ်ကို မကြာခင် Post တင်ပေးပါမယ်ရှင် | 272 |
| 15 | ကျွန်မ သမီးရဲ့ အိပ်မက် 🤣🤣🤣 | 357 |
| 16 | https://vt.tiktok.com/ZSg5CgQyc/
Periodic Table က
element 118 မျိုးကို
1 min တည်းနဲ့ ရွတ်ပြသွားတာပါ
တို့ကလေးတွေရော
challenge လုပ်ကြမလား 😁
စိတ်ဝင်စားလား 🫣 | 569 |
| 17 | ဝူ 🎵🎶..... ဟူ..🎼🎶....ဟူ......🎶🎵..
သွားကြမယ် 🎼ချစ်ကမ္ဘာဘုံ🎶
လိုက်မလားကွယ် 🎵🎶🎼 | 371 |
| 18 | Calm Vibe With Us နဲ့ လက်တွဲရတဲ့
အားသာချက်
က သင်ယူသူလိုချင်တဲ့ အချိန် ညှိပေးတာပါပဲ
One on One ပဲ ဖြစ်စေ
Group Class ပဲ ဖြစ်စေ Learner တွေဆီ အရင် လိုချင်တဲ့အချိန်တောင်းပြီးမှ တီချယ်တွေဆီ ရအောင် ညှိပေးတာပါပဲ
ဆိုတော့ စိတ်ချမ်းသာစရာကောင်းတဲ့ Plan လေးပါပဲရှင့်
Learn Calmly. Achieve Confidently.
🌱 | 242 |
| 19 | ဒီနေ့ပဲ စတင်လိုက်တဲ့ Calm Vibe With Us ရဲ့ အတန်းလေးနှစ်ခုပါရှင့်
ဘာလိုလို
Calm_Vibe_With_Us ရှိတာ သတိရလိုက်ပါ
Learn Calmly. Achieve Confidently.
🌱 | 301 |
| 20 | “#ကြယ်များသည်_ကောင်းကင်၏_ကဗျာများဖြစ်ပြီး၊ သင်္ချာသည် ထိုကဗျာများကို ရေးသားထားသော စကြဝဠာ၏ သဒ္ဒါဖြစ်သည်။”
“The stars are poems of the sky, and mathematics is the grammar of the universe.”
တို့ကလေးတွေက ကဗျာဆက်စပ်ကြ
အဖြေဖြေကြည့်ကြ | 284 |
