uk
Feedback

Не попадись на ботовода! Telemetrio знаходить і позначає такі канали мітками 👉 Хочеш бачити мітку, оформляй підписку

News Of Myanmar

News Of Myanmar

Відкрити в Telegram

📈 Аналітичний огляд Telegram-каналу News Of Myanmar

Канал News Of Myanmar (@newsofmyanmar) у мовному сегменті Бірманська є активним учасником. На даний момент спільнота об'єднує 11 422 підписників, посідаючи 16 330 місце в категорії Новини і ЗМІ та 9 947 місце у регіоні М'янма.

📊 Показники аудиторії та динаміка

З моменту свого створення невідомо, проект продемонстрував стрімке зростання, зібравши аудиторію у 11 422 підписників.

За останніми даними від 27 листопада, 2026, канал демонструє стабільну активність. Хоча за останні 30 днів спостерігається зміна кількості учасників на -136, а за останні 24 години на -9, загальне охоплення залишається високим.

  • Статус верифікації: Не верифікований
  • Рівень залученості (ER): Середній показник залученості аудиторії становить 5.67%. Протягом перших 24 годин після публікації контент зазвичай збирає 4.32% реакцій від загальної кількості підписників.
  • Охоплення публікацій: В середньому кожен допис отримує 648 переглядів. Протягом першої доби публікація в середньому набирає 493 переглядів.
  • Реакції та взаємодія: Аудиторія активно підтримує контент: середня кількість реакцій на один пост – 10.

📝 Опис та контентна політика

Автор описує ресурс як майданчик для висловлення суб'єктивної думки:
“News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ”

Завдяки високій частоті оновлень (останні дані отримано 28 листопада, 2026), канал підтримує актуальність та високий рівень охоплення публікацій. Аналітика показує, що аудиторія активно взаємодіє з контентом, що робить його важливою точкою впливу в категорії Новини і ЗМІ.

11 422
Підписники
-924 години
-317 днів
-13630 днів
Архів дописів
ဥရောပနိုင်ငံများစွာ၌ဆန္ဒပြနေ NOM ယနေ့ဥရောပနိုင်ငံများဖြစ်သောပြင်သစ်၊အယ်လ်ဘေးရီးယား၊စပိန်၊ဘယ်လ်ဂျီယမ်၊အီတလီ၊ပေါ်တူကီ၊ဩစတြီးယား
ဥရောပနိုင်ငံများစွာ၌ဆန္ဒပြနေ NOM ယနေ့ဥရောပနိုင်ငံများဖြစ်သောပြင်သစ်၊အယ်လ်ဘေးရီးယား၊စပိန်၊ဘယ်လ်ဂျီယမ်၊အီတလီ၊ပေါ်တူကီ၊ဩစတြီးယားနှင့်အိုင်ယာလန်တို့တွင်ဆန္ဒပြပွဲများဖြစ်ပွါးလျက်ရှိသည်။
25 жовт, 03:31

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးအသုံးပြု​သော ခရီးသွားယာဉ်များ များပြားမှုကြောင့် ရန်ကုန် တိုးဂိတ် နှင့်​နေပြည်​တော် တိုးဂိတ်ကြီး
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးအသုံးပြု​သော ခရီးသွားယာဉ်များ များပြားမှုကြောင့် ရန်ကုန် တိုးဂိတ် နှင့်​နေပြည်​တော် တိုးဂိတ်ကြီးများတွင်ယာဥ်​ကြောပိတ်ဆို့မှုများဖြစ်ပွားခဲ့ NOM အောက်တိုဘာ ၂၅၊ ၂၀၂၆ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးအသုံးပြု​သော ခရီးသွားယာဉ်များ များပြားမှုကြောင့် ရန်ကုန် တိုးဂိတ် နှင့် ​နေပြည်​တော် တိုးဂိတ်ကြီးများတွင် ယာဥ်​ကြောပိတ်ဆို့မှုများမဖြစ်ပွားစေရန် ယနေ့အောက်တိုဘာ ၂၅ ရက်တွင် Lane အားလုံးဖွင့်လှစ်၍ ယာဥ်များအမြန် ဖြတ်သန်းနိုင်​စေရန် ဆောင်ရွက်နေသည်ဟုအမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးအသုံးပြု​သော ခရီးသွားယာဉ်များ များပြားမှုကြောင့် ယမန်နေ့ (အောက်တိုဘာ ၂၄ ရက်)တွင် မိုင်တိုင် အမှတ် ၀/၇ ရန်ကုန်တိုးဂိတ်တွင် နံနက် ၄ နာရီ ၅၀ မိနစ်မှ စတင်၍ ယာဥ်အဝင်စတင်များပြားခဲ့ရာ နံနက် ၆ နာရီ ၁၀ မိနစ်တွင် ယာဥ်တန်းအရှည် ၅ ဖာလုံခန့်​ရောက်ရှိလာသည့်အတွက် ခရီးသွားများနှစ်နာရီခန့်ကြာစောင့်ဆိုင်းခဲ့ရကြောင်းသိရသည်။ အလားတူ ​နေပြည်​တော် တိုးဂိတ်၌ လည်း နံနက် ၁၀ နာရီ မှ ​မွန်းတည့် ၁၂ နာရီအထိ ယာဥ်အဝင်အထွက် အထူးများပြားခဲ့ရာ ယာဥ်တန်း အရှည် ၁ ဖာလုံ ကျော်ရှည်ခဲ့ပြီး အချိန်တစ်နာရီကျော်ကြာမြင့်ခဲ့ကြောင်းသိရသည်။ သီတင်းကျွတ်ပွဲ​တော်ရက်များအတွင်း ယာဥ်​ကြောပိတ်ဆို့မှုအချိန်ကြာမြင့်စွာ မဖြစ်ပေါ်စေရေးအတွက် ယနေ့အောက်တိုဘာ ၂၅ ရက်တွင် တိုးဂိတ်များအဝင်/ အထွက်၌ Tollpass RFID လမ်း​ကြောင်း /အရံ လမ်း​ကြောင်း/ပုံမှန်​ငွေ​သားကောက်ခံလမ်း​ကြောင်း နှင့် Weight Bridge Lane (ကတ္တားလမ်း​ကြောင်း) များ စုစုပေါင်း (၅) ခုစလုံးဖွင့်၍ ယာဥ်သွားလာမှု အဆင်ပြေချောမွေ့​စေ​ရေးနှင့် ကြန့်ကြာမှုမရှိစေရေး ဆောင်ရွက်ပေးနေကြောင်းသိရသည်။
25 жовт, 03:21

နာမည်ကြီးဖို့နဲ့ ဓာတ်ပုံရိုက်ဖို့သက်သက် ဆူပူဆန္ဒပြသူတွေနဲ့ သွားရောက်ပူးပေါင်းခဲ့တဲ့ ပြင်သစ်နိုင်ငံရေးသမား။ NOM
25 жовт, 03:11

စပိန်နိုင်ငံဘာစီလိုနာတွင်ဆန္ဒပြသမားများကဆိုင်များတွင်ဝင်ရောက်လုယက် NOM
24 жовт, 23:49

တောင်ကြီးတန်ဆောင်တိုင်အတွက် ပြင်ဆင်နေသည့် မီးပုံးပျံယမ်းမှတဆင့် မီးလောင်၊ ကလေးတစ်ဦး သေဆုံး၊ ငါး ဦး ဒဏ်ရာရ NOM၊အောက်တိုဘာ ၂၅၊၂
တောင်ကြီးတန်ဆောင်တိုင်အတွက် ပြင်ဆင်နေသည့် မီးပုံးပျံယမ်းမှတဆင့် မီးလောင်၊ ကလေးတစ်ဦး သေဆုံး၊ ငါး ဦး ဒဏ်ရာရ NOM၊အောက်တိုဘာ ၂၅၊၂၀၂၆ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် တန်ဆောင်တိုင်မီးပုံးပျံပွဲအတွက် ယမ်းခွေပြင်ဆင်ရာမှတဆင့် မီးလောင်ကျွမ်းမှု ဖြစ်ခဲ့ရာ ကလေးတစ်ဦး သေဆုံးပြီး ငါးဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများမှတဆင့် သိရသည်။ ဖြစ်စဉ်မှာအောက်တိုဘာ ၂၄ ရက်၊ည ၇နာရီခွဲခန့်တွင် တောင်ကြီးမြို့၊ ကံသာရပ်ကွက်၊ မြရတနာလမ်း (ခြင်္သေ့ ၂ ကောင် အတက်လမ်း)၊ အောင်မြေသာစည်ကျောင်းအနောက်ဖက်ရှိ ပုံရိပ်အဖွဲ့မီးပုံးပျံအဖွဲ့ ပြုလုပ်လျက်ရှိသော မီးပုံပျံယမ်း စပ်ရာမှတဆင့် ပေါက်ကွဲပြီး မီးလောင်းကျွမ်းခဲ့ရာ ကလေးတစ်ဦး သေဆုံးပြီး ငါး ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ သေဆုံးသူသည် မြို့မ ရပ်ကွက်မှ အသက် ၁၃ နှစ် အရွယ် ယောင်္ကျားလေးတစ်ဦးဖြစ်ပြီး မီးသတ်မှ မီးလောင်မှုအား ထိန်းချုပ်နိုင်ခဲ့ပြီး အိမ်ပိုင်ရှင်ဖြစ်သူ ပုံရိပ်အဖွဲ့ မီးဆရာ ကိုအရေးယူထားကြောင်း သိရသည်။
24 жовт, 22:02

မန္တလေး-ပြင်ဦးလွင်တွင်ခရီးသည်တင်ယာဥ်နှင့်အိမ်စီးယာဥ်တိုက်မိ သေဆုံးသူ ၃၀ ဝန်းကျင်ရှိနိုင် NOM၊အောက်တိုဘာ၂၄၊၂၀၂၆ မန္တလေး-ပြင်ဦး
မန္တလေး-ပြင်ဦးလွင်တွင်ခရီးသည်တင်ယာဥ်နှင့်အိမ်စီးယာဥ်တိုက်မိ သေဆုံးသူ ၃၀ ဝန်းကျင်ရှိနိုင် NOM၊အောက်တိုဘာ၂၄၊၂၀၂၆ မန္တလေး-ပြင်ဦးလွင် ၁၉ မိုင်အဆင်း မီးသတ်ကွေ့တွင်ခရီးသည်တင်ယာဥ်တစ်စီးနှင့် အိမ်စီးယာဥ်တစ်ဦး တိုက်မိခဲ့‌ရာလူ၃၀ဦးခန့်သေဆုံးနိုင်ကြောင်းလူမှုကူညီရေးအဖွဲ့များထံမှသိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၂၄ ရက် ညနေ ၆နာရီကခရီးသည်တင်ယာဥ်တစ်စီးနှင့် အိမ်စီးယာဥ်တိုက်မိရာ ခရီးသည်တင်ယာဉ် ချောက်ထဲထိုးကျပြီး လူထိခိုက် သေဆုံးမှု များပြားကြောင်း၊ခရီးသည်တင်ယာဥ်၊ယာဉ်မောင်း​သေဆုံးခဲ့‌ကြောင်း၊လက်တလောတွင်‌သေဆုံးသူ ၂၇ ဦးဝန်းကျင်၏ရုပ်အလောင်းများရထား‌ကြောင်းလူမှုကူညီရေးအဖွဲ့မှတာ၀န်ရှိသူတစ်ဦးက‌ ပြောသည်။ အဆိုပါခရီးသည်တင်ယာဥ်၌ဒဏ်ရာရသူများကို ကယ်ထုတ်ပြီး အရေးပေါ်ကုသမှုများပြုလုပ်ကာ ဆေးရုံသို့ပို့ဆောင်နိုင်ရန်‌ဆောင်ရွက်လျက်ရှိ‌ ကြောင်းသိရသည်။
24 жовт, 10:51

ညောင်ဦးမြို့နယ်၊ ဥယျာဉ်စုကျေးရွာနေ အပြစ်မဲ့ရပ်သားပြည်သူတစ်ဦးကို PDF အကြမ်းဖက်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွား NOM အောက်တိုဘာ ၂၄၊ ၂၀၂၆ ခု မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ဥယျာဉ်စုကျေးရွာနေ ဦးအောင်စိုးမြင့် (၆၀) နှစ်သည် အောက်တိုဘာ ၂၃ ရက်နေ့ နံနက် ၉ နာရီအချိန်၌ ကျေးရွာအနီးရှိ ၎င်းပိုင်မြေပဲခင်းတွင် အလုပ်လုပ်ကိုင်နေစဉ် PDF အကြမ်းဖက်သမားငါးဦးက ဆိုင်ကယ်သုံးစီးဖြင့် ရောက်ရှိလာပြီး အကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။
24 жовт, 09:19

မြဝတီမြို့နယ်၊ သင်္ဃန်းညီနောင်ကျေးရွာအနီးတွင် အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းအားနင်းမိပေါက်ကွဲမှုကြောင့် ထင်းခုတ်နေသည့် အပြ
မြဝတီမြို့နယ်၊ သင်္ဃန်းညီနောင်ကျေးရွာအနီးတွင် အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းအားနင်းမိပေါက်ကွဲမှုကြောင့် ထင်းခုတ်နေသည့် အပြစ်မဲ့အရပ်သားပြည်သူတစ်ဦးထိခိုက်ဒဏ်ရာရ NOM အောက်တိုဘာ ၂၄၊ ၂၀၂၆ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ပြည်သူ့ဆေးရုံသို့ အောက်တိုဘာ ၂၃ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်၌ မိုင်းပေါက်ကွဲထိမှန်ဒဏ်ရာများဖြင့် အမျိုးသားတစ်ဦး ရောက်ရှိနေကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ နံနက် ၁၀ နာရီခွဲတွင် မြဝတီမြို့နယ်၊ သင်္ဃန်းညီနောင်ကျေးရွာနေ မောင်အောင်ထူးခန့် (၁၉) နှစ်သည် ကျေးရွာအနီးရှိ ဒေသအခေါ် မီးတိုင်ကြီးကုန်း၌ ဝါးခုတ်နေစဉ် အကြမ်းဖက်အဖွဲ့ (စိစစ်ဆဲ) ထောင် ထားသည့် နင်းမိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင် ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
24 жовт, 09:16

ဖာပွန်မြို့နယ်၊ ကမမောင်းမြို့အတွင်းသို့ PDF အကြမ်းဖက်အဖွဲ့က ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခဲ့မှုကြောင့် အပြစ်မဲ့ကလေးတစ်ဦး ထိခိုက်
ဖာပွန်မြို့နယ်၊ ကမမောင်းမြို့အတွင်းသို့ PDF အကြမ်းဖက်အဖွဲ့က ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခဲ့မှုကြောင့် အပြစ်မဲ့ကလေးတစ်ဦး ထိခိုက်ဒဏ်ရာရ NOM အောက်တိုဘာ ၂၄၊ ၂၀၂၆ ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်၊ ကမမောင်းမြို့၊ အမှတ် (၂) ရပ်ကွက်အတွင်းသို့ အောက်တိုဘာ ၂၃ ရက်နေ့ မွန်းလွဲ ၂ နာရီ ၄၀ မိနစ်အချိန်၌ PDF အကြမ်းဖက်အဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ ပစ်ခတ်လိုက်သည့် ရှော့တိုက်ဒုံးသီးတစ်လုံးကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါ ရပ်ကွက်နေ မနော်သန်းမြ (၁၄) နှစ်တွင် ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာရရှိခဲ့၍ တောင်ကလေးမြို့၊ အမှတ် (၂) တပ်မတော်ဆေးရုံ (ခုတင်-၁၀၀) သို့ ပို့ဆောင်ထားရှိကြောင်းသိရသည်။
24 жовт, 09:09

ရွှေကျင်မြို့နယ်၊ အနောက်ဘက်ကျေးရွာအနီးသို့ KNU အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်သမားများပူးပေါင်းအဖွဲ့က ပစ်ခတ်လိုက်သည့် လက်နက
+1
ရွှေကျင်မြို့နယ်၊ အနောက်ဘက်ကျေးရွာအနီးသို့ KNU အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်သမားများပူးပေါင်းအဖွဲ့က ပစ်ခတ်လိုက်သည့် လက်နက်ကြီးဗုံးသီးတစ်လုံး ကျရောက်ပေါက်ကွဲမှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူနှစ်ဦးထိခိုက်ဒဏ်ရာရ NOM အောက်တိုဘာ ၂၄၊ ၂၀၂၆ ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်ပြည်သူ့ဆေးရုံသို့ အောက်တိုဘာ ၂၃ ရက်နေ့ နံနက် ၁၁ နာရီအချိန်၌ ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာရရှိထားသူများ ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ နံနက် ၉ နာရီတွင် ရွှေကျင်မြို့နယ်၊ အနောက်ဘက်ကျေးရွာအနီးသို့ KNU အကြမ်းဖက် အဖွဲ့နှင့် PDF အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ ပစ်ခတ်လိုက်သည့် လက်နက်ကြီးဗုံးသီးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါကျေးရွာနေ ဦးအောင်ဇော်မျိုး (၄၂) နှစ်နှင့် ၎င်း၏ဇနီးဖြစ်သူ ဒေါ်တင်တင်မျိုး (၄၅) နှစ်တို့တွင် ထိခိုက်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
24 жовт, 09:04

စဉ့်ကိုင်မြို့နယ်တွင် PDF အကြမ်းဖက်အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်ခဲ့မှုကြောင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူနှစ်ဦး သေဆုံးကာ အ
+2
စဉ့်ကိုင်မြို့နယ်တွင် PDF အကြမ်းဖက်အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်ခဲ့မှုကြောင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူနှစ်ဦး သေဆုံးကာ အပြစ်မဲ့အရပ်သားပြည်သူတစ်ဦးထိခိုက်ဒဏ်ရာရ NOM အောက််တိုဘာ ၂၄၊ ၂၀၂၆ မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်၊ နဘဲပင်ကျေးရွာနေ ဆယ်အိမ်မှူး ဦးမင်းညို (၅၀) နှစ်သည် အောက်တိုဘာလ ၂၃ ရက်နေ့ နံနက် ၉ နာရီအချိန်၌ တစ်ရွာတည်းနေ တောင်ရင်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးဆန်းဝင်း (၅၆) နှစ်နှင့် ရပ်မိရပ်ဖဖြစ်သူ ဦးဇော်လင်းအောင် (၄၀) နှစ်တို့နှင့်အတူ နေအိမ်၌ စကားပြောဆိုနေစဉ် PDF အကြမ်းဖက်သမားလေးဦးက ဆိုင်ကယ်နှစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သွားခဲ့သဖြင့် ဦးမင်းညိုနှင့် ဦးဆန်းဝင်းတို့တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး ဦးဇော်လင်းအောင်တွင် ထိခိုက်ဒဏ်ရာများရရှိခဲ့၍ သေဆုံး/ဒဏ်ရာရရှိသူများအား ဆေးရုံသို့ပို့ဆောင်ထားရှိကြောင်းသိရသည်။
24 жовт, 08:57

တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းအရှေ့ကျေးရွာနေ အပြစ်မဲ့အရပ်သားပြည်သူတစ်ဦးကို PDF အကြမ်းဖက်အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ် NOM
တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းအရှေ့ကျေးရွာနေ အပြစ်မဲ့အရပ်သားပြည်သူတစ်ဦးကို PDF အကြမ်းဖက်အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ် NOM အောက်တိုဘာ ၂၄၊ ၂၀၂၆ တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်ပြည်သူ့ဆေးရုံသို့ အောက်တိုဘာ ၂၃ ရက်နေ့ နံနက် ၈ နာရီ ၃၅ မိနစ်အချိန်၌ ကျည်ထိမှန်ဒဏ်ရာဖြင့် အမျိုးသားတစ်ဦးရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ နံနက် ၆ နာရီခွဲတွင် တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းအရှေ့ကျေးရွာနေ ဦးရန်လင်းထွန်း (၃၃) နှစ်သည် ၎င်း၏နေအိမ်၌ရှိနေစဉ် PDF အကြမ်းဖက်သမားငါးဦးက ဆိုင်ကယ်များဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သွားခဲ့သဖြင့် ၎င်းတွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ပြီးကြောင်းနှင့် ဆေးကုသမှုခံယူနေစဉ် သေဆုံးသွားခဲ့ကြောင်းသိရသည်။
24 жовт, 08:49

တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းအရှေ့ကျေးရွာနေ အပြစ်မဲ့အရပ်သားပြည်သူတစ်ဦးကို PDF အကြမ်းဖက်အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ် NOM အောက်တိုဘာ ၂၄၊ ၂၀၂၆ တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်ပြည်သူ့ဆေးရုံသို့ အောက်တိုဘာ ၂၃ ရက်နေ့ နံနက် ၈ နာရီ ၃၅ မိနစ်အချိန်၌ ကျည်ထိမှန်ဒဏ်ရာဖြင့် အမျိုးသားတစ်ဦးရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ နံနက် ၆ နာရီခွဲတွင် တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းအရှေ့ကျေးရွာနေ ဦးရန်လင်းထွန်း (၃၃) နှစ်သည် ၎င်း၏နေအိမ်၌ရှိနေစဉ် PDF အကြမ်းဖက်သမားငါးဦးက ဆိုင်ကယ်များဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သွားခဲ့သဖြင့် ၎င်းတွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ပြီးကြောင်းနှင့် ဆေးကုသမှုခံယူနေစဉ် သေဆုံးသွားခဲ့ကြောင်းသိရသည်။
24 жовт, 08:47
24 жовт, ~08:47

ပြင်သစ်တွင်ဆန္ဒပြပွဲများစတင် NOM
24 жовт, 08:42

ပြင်သစ်တွင်ဆန္ဒပြသူများလုယက်မည်ကိုစိုးရိမ်၍ဆိုင်များအကါအရံပြုလုပ် NOM ပဲရစ်မြို့၏အဓိကရဖြစ်သောရှမ့်ဇီလီဇေးလမ်းတစ်လျှောက်ရှိ စီးပွားရေးလုပ်ငန်းများနှင့် ဆိုင်ခန်းများသည် အောက်တိုဘာလ ၂၄ ရက်နေ့ ဆန္ဒပြပွဲများအတွင်း ဖျက်ဆီးမှုနှင့် ပစ္စည်းလုယက်ခံရမည်ကို စိုးရိမ်သောကြောင့် ၎င်းတို့၏ ဆိုင်မျက်နှာစာများကို သစ်သားပြားများ၊ သံတိုင်အကာအရံများဖြင့် ကြိုတင်ကာရံနေကြပြီ ဖြစ်သည်။
24 жовт, 06:59
24 жовт, ~09:58

နေပြည်တော်-ရန်ကုန်အမြန်လမ်းတွင်ယာဉ်တိုက်မှုဖြစ်၊တစ်ဦးသေဆုံး၊၁၁ဦးဒါဏ်ရာရ NOM၊အောက်တိုဘာ၂၄၊၂၀၂၆ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်
နေပြည်တော်-ရန်ကုန်အမြန်လမ်းတွင်ယာဉ်တိုက်မှုဖြစ်၊တစ်ဦးသေဆုံး၊၁၁ဦးဒါဏ်ရာရ NOM၊အောက်တိုဘာ၂၄၊၂၀၂၆ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင် ၁၅၃/၀ နှင့် ၁၅၂/၇ကြား နေပြည်တော်မှရန်ကုန်သို့(အပြန်လမ်း) တွင် အောက်တိုဘာ၂၄ရက်ကနံနက်၄နာရီခွဲ့ခန့်ကယာဉ်တိုက်မှုဖြစ်ခဲ့ရာတစ်ဦး‌ သေဆုံး၊၁၁ဦးဒါဏ်ရာရရှိခဲ့‌ ကြောင်းသိရသည်။ ဖြစ်စဉ်မှာ‌ နေပြည်‌တော်မှရန်ကုန်သို့ယာဉ်မောင်းပါအမျိုးသားလေးဦး၊ အမျိုးသမီးရှစ်ဦး၊ ကလေး‌လေးဦး လိုက်ပါလာသည့် 9H-7719 MITSUBISHI CANTER အမျိုးအစားအဖြူရောင်ယာဉ်သည် အခင်းဖြစ်မိုင်တိုင်အရောက်တွင်မိုးရွာသဖြင့် လက်ယာဖက်ယာဥ်​ကြောပေါ်၌တစ်ဝက်၊​မြေသားလမ်း​​ပေါ်၌တစ်ဝက် ရပ်ထားစဉ် လားရာတူ နောက်မှမောင်းနှင်လာသော Telematics စနစ်တပ်ဆင်ထားသည့် ယာဉ်မောင်းပါနှစ်ဦးလိုက်ပါလာသည် 7L-2229 MITSUBISHI FUSO အမျိုးအစား ကုန်တင်ယာဉ်ကရပ်ထားသည့်9H-7719 CANTER ယာဉ်အားနောက်မှဝင်တိုက်ခဲ့ရာ ယာဉ်ပေါ်ပါသူအမျိုးသားတစ်ဦးသေဆုံးပြီးမစိုးရိမ်ရ ၁၁ဦး အသီးသီးထိခိုက်ဒဏ်ရာရရှိခဲ့‌ကြောင်းသိရသည်။
24 жовт, 05:26

ဒေသမျိုးနှင့် ပြည်ပမျိုးကောင်းများ ပေါင်းစပ်စိုက်ပျိုး၍ မြန်မာ့ထောပတ်သီး ပြည်ပဈေးကွက်ထိုးဖောက်မည် NOM၊အောက်တိုဘာ ၂၄၊၂၀၂၆ မြန်
ဒေသမျိုးနှင့် ပြည်ပမျိုးကောင်းများ ပေါင်းစပ်စိုက်ပျိုး၍ မြန်မာ့ထောပတ်သီး ပြည်ပဈေးကွက်ထိုးဖောက်မည် NOM၊အောက်တိုဘာ ၂၄၊၂၀၂၆ မြန်မာနိုင်ငံထွက် ထောပတ်သီးများ အရည်အသွေးမြင့်မားလာစေရေးနှင့် ပြည်ပဈေးကွက်သို့ တင်ပို့နိုင်ရေးအတွက် ဒေသမျိုးများနှင့် ပြည်ပမှ မျိုးကောင်းမျိုးသန့်များကို ပေါင်းစပ်စိုက်ပျိုးသွားမည်ဖြစ်ကြောင်းအောက်တိုဘာ ၂၄ရက်နံနက်ကဗဟန်းမြို့နယ်‌၊ မြေပဒေသာကျွန်း(ပုလဲကျွန်း)တွင်ကျင်းပသည့် မြန်မာ့ထောပတ်သီးနှင့် သစ်သီးဝလံပွဲတော် ၂၀၂၆ အခမ်းအနားတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲတင့်ထွန်းက ပြောသည်။ ယခင်က ထောပတ်သီးကို အစေ့မှစိုက်ပျိုးပါက အသီးသီးရန် ၇ နှစ်မှ ၁၂ နှစ်ခန့်အထိ ကြာမြင့်ခဲ့သော်လည်း ယခုအခါ ကိုင်းဆက်စိုက်ပျိုးရေးနည်းပညာများကြောင့် အနည်းဆုံး ၃ နှစ်ခန့်အတွင်း စီးပွားဖြစ် စတင်ဆွတ်ခူးနိုင်ပြီဖြစ်ကြောင်း သိရသည်။ အဆိုပါပွဲ‌ကိုအောက်တိုဘာ ၂၆ ရက်အထိ‌ပြသရောင်းချသွားမည်ဖြစ်ကြောင်းသိရသည်။
24 жовт, 05:24

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးတိုင်း(အနောက်ခြမ်း)၌ စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်စ
+3
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးတိုင်း(အနောက်ခြမ်း)၌ စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်စွမ်းအား တိုးတက်မြင့်မားရေး ကွင်းဆင်းဆောင်ရွက်ပေး   အောက်တိုဘာ ၂၄၊ ၂၀၂၆   ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ပဲခူးတိုင်း(အနောက်ခြမ်း)၌ စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်စွမ်းအား တိုးတက်မြင့်မားရေး ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။   ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သာယာဝတီမြို့နယ်၊ သုံးဆယ်မြို့၊ အရှေ့သပြေကုန်းရပ်ကွက်ရှိ ဆိုလာစနစ်သုံး ဦးမြင့်ဇော်၏ တစ်ရက်တန် ၁၀၀ ကျ ကောင်းသုခဆန်စက် လည်ပတ်နေမှုကို သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသည်။ ထို့နောက် သုံးဆယ်မြို့မဈေးအတွင်း လှည့်လည်ကြည့်ရှုကာ ဒေသခံဈေးသူဈေးသားများကို ရင်းရင်းနှီးနှီး နှုတ်ဆက်စကား ပြောကြားခဲ့သည်။   ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် မကျီးကွင်းကျေးရွာအုပ်စု၌ မွေးမြူရေးလုပ်ငန်းရှင် ဦးနေလင်း၏ သဘာဝအစာကျွေးစနစ်ဖြင့် ဥစားဘဲ ကောင်ရေ ၂၀၀၀ အောင်မြင်စွာ မွေးမြူထားရှိမှုကို ကြည့်ရှုအားပေးပြီး ဥစားဘဲပေါက်များ ကိုယ်တိုင်ထုတ်လုပ်ဖြန့်ဖြူးနိုင်ရေးနှင့် ဘဲဥများဈေးနှုန်းသက်သာစွာ ဖြန့်ဖြူးပေးနိုင်ရေးတို့ကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။   ယင်းနောက် လက်ပံတန်းမြို့ရှိ စိုက်ပျိုးရေးနှင့် မွေးမြူရေး (သိပ္ပံ) ကျောင်းသို့ ရောက်ရှိရာ ဒုတိယကျောင်းအုပ် ဆရာမကြီး ဒေါ်ဝါဝါလှိုင်က ကျောင်းဆိုင်ရာ အချက်အလက်များနှင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးကောလိပ်အဖြစ် အဆင့်မြှင့်တင်သွားမည့် အခြေအနေများကို တင်ပြခဲ့ကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်သည်။ ၎င်းနောက် ကျောင်းစာကြည့်တိုက်သို့ သွားရောက်ကြည့်ရှု၍ သုတ/ရသစာအုပ်များနှင့် စိုက်ပျိုးရေး၊ မွေးမြူရေး ပညာရပ်ဆိုင်ရာ စာအုပ်များ ဝယ်ယူနိုင်ရန် ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။   ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သာယာဝတီပြည်သူ့ဆေးရုံကြီး၏ (၂)ထပ်ဆေးကုသဆောင်အသစ်သို့ ရောက်ရှိစစ်ဆေးကာ လိုအပ်သည်များ ဖြည့်ဆည်းပေါင်းစပ်ပေးပြီး ကျန်းမာရေးဝန်ထမ်းများအတွက် ချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ခဲ့သည်။ ဆက်လက်၍ လက်ပံတန်းမြို့ရှိ လုပ်ငန်းရှင် ဦးသီဟဝင်း၏ T&Z EV Charging Station နှင့် ဆိုလာစနစ်သုံး တစ်ရက်တန် ၁၂၀ ကျ သရဝဏ်ဆန်စက်နှင့် စပါးအခြောက်ခံစက် လည်ပတ်နေမှုများကို လှည့်လည်ကြည့်ရှုအားပေးကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
24 жовт, 03:00

အင်တာဗျူးမေးသူ - "သမ္မတထရမ့်ရဲ့ သမ္မတသက်တမ်းပြီးရင် ဘာဆက်ဖြစ်လာမလဲဆိုတာကို ခင်ဗျား စိုးရိမ်မိပါသလား။” အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု - “ခင်ဗျားရော မစိုးရိမ်ဘူးလား။” အင်တာဗျူးမေးသူ - “သူ့နောက်မှာ ဂျေဒီဗန့်စ် (JD Vance) တက်လာရင်တောင်မှ မစိုးရိမ်ဘူးလား။” နေတန်ယာဟု - “ကျနော် သေချာပေါက် ပြောနိုင်တာတစ်ခုကတော့ ဒီလောက်အထိ ကျနော်တို့အပေါ် ခင်မင်ရင်းနှီးမှုရှိတဲ့ သမ္မတမျိုး တစ်ခါမှ မရှိခဲ့ဖူးသလို၊ နောက်လည်း ဒီလိုသမ္မတမျိုး ထပ်ရှိလာလိမ့်မယ်လို့ ကျနော် မထင်ပါဘူး။ ဒါကြောင့်မို့လို့ ကျနော်တို့ ခက်ခဲတဲ့အခြေအနေတွေအတွက် ကြိုတင်ပြင်ဆင်ထားဖို့ လိုပါတယ်၊ ကျနော်လည်း အဲဒီအတွက် ကြိုတင်ပြင်ဆင်နေပါတယ်။”
24 жовт, 02:52

ပြည်-ပုဂံရထားလမ်းပိုင်းရှိ ရန်ပယ်ချောင်းတံတားပြုပြင်ပြီးစီး၍ အမှတ် ၆၁ အဆန်/၆၂ အစုန် ရန်ကုန်-ပြည်-ပုဂံ ရထားခရီးစဉ်များပြန်လည်ပ
ပြည်-ပုဂံရထားလမ်းပိုင်းရှိ ရန်ပယ်ချောင်းတံတားပြုပြင်ပြီးစီး၍ အမှတ် ၆၁ အဆန်/၆၂ အစုန် ရန်ကုန်-ပြည်-ပုဂံ ရထားခရီးစဉ်များပြန်လည်ပြေးဆွဲ အောက်တိုဘာ ၂၃၊ ၂၀၂၆ ၂၀၂၅ ခုနှစ် စက်တင်ဘာ ၃၀ ရက်တွင် မိုးသည်းထန်စွာရွာသွန်း၍ တောင်ကျရေစီးဆင်းမှုကြောင့် ရန်ကုန်-ပြည်-ပုဂံ ရထားလမ်းပိုင်း တောင်တွင်းကြီးမြို့နယ် ဝက္ကသေးနှင့် ဆတ်သွားဘူတာအကြား၊ မိုင်တိုင်အမှတ် ၂၄၄/၀ နှင့် ၂၄၄/၃ ရှိ တံတား အမှတ်(၃၄၃) ရန်ပယ်ချောင်းကူး ရထားလမ်းတံတား ရေလယ်တိုင်အမှတ်(၂)နှင့် (၃)တို့ နိမ့်ကျွံမှုဖြစ်ပွား ခဲ့သည်။   အဆိုပါ တံတားရေလယ်တိုင်များ နိမ့်ဆင်းမှုကြောင့် အမှတ်(၆၁)အဆန် ရန်ကုန်-ပြည်-ပုဂံနှင့် အမှတ်(၆၂)အစုန် ပုဂံ-ပြည်-ရန်ကုန် လူစီးအမြန်ရထားခရီးစဉ်များ ယာယီရပ်တန့်ခဲ့ရပြီး တံတားအား ပြန်လည်ပြုပြင်နေစဉ်ကာလအတွင်း ခရီးသွားပြည်သူများ အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် ရန်ကုန်-ပျဉ်းမနား- တောင်တွင်းကြီးမှတစ်ဆင့် ပုဂံသို့ ယာယီလမ်းကြောင်းပြောင်းလဲ ပြေးဆွဲပေးလျက်ရှိသည်။ ရန်ကုန်-ပြည်-ပုဂံ ရထားလမ်းပိုင်းတွင် ရထားများ ပြန်လည်ပြေးဆွဲနိုင်ရန် ရန်ပယ်ချောင်းတံတား ပြုပြင်ခြင်းနှင့်အတူ ရန်ကုန်-ပြည် ရထားလမ်းပိုင်းနှင့် ပြည်-အောင်လံ-ဆတ်သွား-တောင်တွင်းကြီး-ပုဂံ ရထားလမ်းပိုင်းတို့အား ရထားလမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများဖြစ်သည့် ကွန်ကရစ်ဇလီဖား ဖြည့်တင်းခြင်း၊ လမ်းခင်းကျောက်ထည့်သွင်းခြင်း၊ လမ်းမြှောက်ပက်ကင်ရိုက်ခြင်းများ ဆောင်ရွက်ခဲ့ပြီး ရေတိုက်စားခံရသည့် ရထားလမ်းနှင့် တံတားများ ပြန်လည်ပြုပြင်ခြင်း လုပ်ငန်းများကိုလည်း တစ်ပြိုင်တည်း ဆောင်ရွက်ခဲ့သည်။ ယခုအခါ အရှည်ပေ ၄၀၀ ရှိ ကြိုတင်အားဖြည့် သံကူကွန်ကရစ်တံတား အမျိုးအစားဖြစ်သော ရန်ပယ်ချောင်းတံတား၏ နိမ့်ကျွံမှု ဖြစ်ပွားခဲ့သော ရေလယ်တိုင်အမှတ်(၂) နှင့် အမှတ် (၃) တို့ကို ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ ပြီးစီးပြီး စမ်းသပ်မောင်းနှင်မှုများ ဆောင်ရွက်ပြီးဖြစ်ပါသဖြင့် ရန်ကုန်-ပြည်- ပုဂံ ရထားလမ်းပိုင်းခရီးစဉ်များကို အောက်တိုဘာ ၂၃ ရက်မှစတင်၍ ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲပေးလျက်ရှိကာ လမ်းခရီးတွင် ရပ်တန့်ဘူတာနှင့် လက်မှတ်ခနှုန်းထားများမှာ ယခင်အတိုင်းဖြစ်ကြောင်း မြန်မာ့မီးရထားမှ သတင်းရရှိသည်။
24 жовт, 02:47