uk
Feedback
News Of Myanmar

News Of Myanmar

Відкрити в Telegram

📈 Аналітичний огляд Telegram-каналу News Of Myanmar

Канал News Of Myanmar (@newsofmyanmar) у мовному сегменті Бірманська є активним учасником. На даний момент спільнота об'єднує 12 528 підписників, посідаючи 16 077 місце в категорії Новини і ЗМІ та 10 075 місце у регіоні М'янма.

📊 Показники аудиторії та динаміка

З моменту свого створення невідомо, проект продемонстрував стрімке зростання, зібравши аудиторію у 12 528 підписників.

За останніми даними від 18 червня, 2026, канал демонструє стабільну активність. Хоча за останні 30 днів спостерігається зміна кількості учасників на -276, а за останні 24 години на -19, загальне охоплення залишається високим.

  • Статус верифікації: Не верифікований
  • Рівень залученості (ER): Середній показник залученості аудиторії становить 7.29%. Протягом перших 24 годин після публікації контент зазвичай збирає 9.34% реакцій від загальної кількості підписників.
  • Охоплення публікацій: В середньому кожен допис отримує 913 переглядів. Протягом першої доби публікація в середньому набирає 1 171 переглядів.
  • Реакції та взаємодія: Аудиторія активно підтримує контент: середня кількість реакцій на один пост – 16.

📝 Опис та контентна політика

Автор описує ресурс як майданчик для висловлення суб'єктивної думки:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

Завдяки високій частоті оновлень (останні дані отримано 19 червня, 2026), канал підтримує актуальність та високий рівень охоплення публікацій. Аналітика показує, що аудиторія активно взаємодіє з контентом, що робить його важливою точкою впливу в категорії Новини і ЗМІ.

12 528
Підписники
-1924 години
-637 днів
-27630 день
Архів дописів
ညောင်ဦးမြို့နယ်တွင် PDF အကြမ်းဖက်အဖွဲ့ ပစ်ခတ်လိုက်သည့် လက်နက်ကြီးဗုံးသီးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အပြစ်မဲ့ပြည်သူတစ်ဦးထိခိုက်ဒဏ်ရာရ မေ ၃၊ ၂၀၂၆ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးပြည်သူ့ဆေးရုံကြီးသို့ မေလ ၂ ရက်နေ့ မွန်းလွဲ ၃ နာရီခွဲအချိန်၌ ဗုံးပေါက်ကွဲစထိမှန်ဒဏ်ရာများဖြင့် အမျိုးသမီးတစ်ဦးရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ ဧပြီလ ၃၀ ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန်၌ ညောင်ဦးမြို့နယ်၊ ကြအိုကျွန်းကျေးရွာနေ ဒေါ်နွယ်နွယ်ထွန်း (၃၅) နှစ်သည် ၎င်းပိုင်မြေပဲခင်းရှိ တဲအိမ်တွင်ရှိနေစဉ် အဆိုပါနေရာအနီးသို့ PDF အကြမ်းဖက်အဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ ပစ်ခတ်လိုက်သည့် လက်နက်ကြီးဗုံးသီးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင် ထိခိုက် ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ NOM

တောင်ငူမြိုရှိ ရှေးဟောင်းသမိုင်းဝင်နန်းတော်ဦး လောကမာရဇိန်စေတီတော်မြတ်ကြီးအား စိန်ဖူးတော်နှင့် ငှက်မြတ်နားတော် ပင့်ဆောင်ပူဇော်
+1
တောင်ငူမြိုရှိ ရှေးဟောင်းသမိုင်းဝင်နန်းတော်ဦး လောကမာရဇိန်စေတီတော်မြတ်ကြီးအား စိန်ဖူးတော်နှင့် ငှက်မြတ်နားတော် ပင့်ဆောင်ပူဇော်ပွဲကျင်းပ မေ ၃၊ ၂၀၂၆ ၂၀၂၅ ခုနှစ်၊ မတ်လ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ပြိုကျပျက်စီးခဲ့သည့် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်အတွင်းရှိ ရှေးဟောင်းသမိုင်းဝင်နန်းတော်ဦး လောကမာရဇိန်စေတီတော်မြတ်ကြီးအား စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်ပင့်ဆောင်ပူဇော်ပွဲကို ယနေ့နံနက်ပိုင်းတွင် သီတဂူကေတုမတီဗုဒ္ဓတက္ကသိုလ် ပဋိသောတဂါမိနီဓမ္မဗိမ္မာန်တော်၌ ပြုလုပ်ရာ သီတဂူကေတုမတီဗုဒ္ဓတက္ကသိုလ် ကျောင်းအုပ်ဆရာတော် ဒေါက်တာ အရှင်တိက္ခသာရ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးကျော်ထက်နှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ စေတနာရှင် အလှူရှင်များ၊ ဖိတ်ကြားထားသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။ ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက သီတဂူကေတုမတီဗုဒ္ဓတက္ကသိုလ် ကျောင်းအုပ်ဆရာတော်ထံမှ ရှစ်ပါးသီလခံယူဆောက်တည်ကြသည်။ ထို့နောက် မင်္ဂလာအချိန်တွင် ငွေခရုသင်း၊ အိုးစည်ဗုံမောင်းတို့ဖြင့် တီးမှုတ်ခဲ့ပြီး စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တို့အား ဆင်တော်မင်္ဂလာပေါ်သို့ ပင့်ဆောင်သည်။ ဆက်လက်၍ ကေတုမတီမြို့သစ်၊ သီတဂူကေတုမတီဗုဒ္ဓတက္ကသိုလ်မှ နန်းတော်ဦး လောကမာရဇိန်စေတီတော်မြတ်ကြီးသို့ စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်အား ဆင်တော်ဖြင့် ပင့်ဆောင်ရာတွင် လမ်းတလျောက်၌ ဖူးမြှော်ကြည်ညိုသူများဖြင့် စည်ကားသိုက်မြိုက်လျက်ရှိကြောင်း သတင်းရရှိသည်။

လောင်စာဆီပြတ်လပ်မှုကြောင့် လေကြောင်းလိုင်းများ ခရီးစဉ်ကြိုတင်ဖျက်သိမ်းခွင့်ရမည့် အစီအစဉ်သစ် - ဗြိတိန်တွင် လောင်စာဆီအကျပ်အတည်း
လောင်စာဆီပြတ်လပ်မှုကြောင့် လေကြောင်းလိုင်းများ ခရီးစဉ်ကြိုတင်ဖျက်သိမ်းခွင့်ရမည့် အစီအစဉ်သစ် - ဗြိတိန်တွင် လောင်စာဆီအကျပ်အတည်း ပိုမိုပြင်းထန်လာ ဗြိတိန်နိုင်ငံတွင် ယခုနွေရာသီအတွင်း လောင်စာဆီပြတ်လပ်မှုနှင့် ရင်ဆိုင်ရပါက လေကြောင်းလိုင်းများအနေဖြင့် ခရီးစဉ်မထွက်ခွာမီ ရက်သတ္တပတ်အနည်းငယ်အလိုကတည်းက လေယာဉ်ခရီးစဉ်များကို ဖျက်သိမ်းခွင့် ရရှိတော့မည်ဖြစ်သည်။ ထိုသို့ဖျက်သိမ်းရာတွင် အလုပ်များသော လေဆိပ်များရှိ အဖိုးတန်လှသည့် "လေယာဉ် အတက်အဆင်းပြုလုပ်နိုင်သည့် အချိန်အပိုင်းအခြားများ" ဆုံးရှုံးသွားမည့် ဘေးအန္တရာယ်မရှိဘဲ လုပ်ဆောင်နိုင်ခွင့်ရရှိမည် ဖြစ်သည်။ အစိုးရသည် အရေးပေါ် အစီအမံသစ်များကို ချမှတ်ဖော်ဆောင်လိုက်ခြင်းဖြစ်ပြီး ၎င်းမှာ လေကြောင်းလိုင်းများအနေဖြင့် လုပ်ငန်းလည်ပတ်မှုများကို ကြိုတင်စီမံနိုင်စေရန်နှင့် ခရီးသည်များကို ဒုက္ခရောက်စေသည့် "နောက်ဆုံးမိနစ်မှ ရုတ်တရက် ခရီးစဉ်ဖျက်သိမ်းခြင်း" မျိုးများကို ရှောင်ရှားနိုင်စေရန် ရည်ရွယ်ခြင်းဖြစ်သည်။ အဆိုပါ အဆိုပြုချက်များအရ လေကြောင်းလိုင်းများသည် တစ်ရက်တည်းတွင် ဦးတည်ရာတူညီသည့် ခရီးစဉ်အများအပြားရှိပါက ၎င်းခရီးစဉ်များကို တစ်ခုတည်းအဖြစ် ပေါင်းစည်းခွင့် ရရှိမည်ဖြစ်သည်။ ဆိုလိုသည်မှာ လောင်စာဆီချွေတာနိုင်ရန်အတွက် ခရီးသည်များကို ၎င်းတို့၏ မူလလေယာဉ်ခရီးစဉ်မှ အလားတူအခြားခရီးစဉ်တစ်ခုသို့ ပြောင်းလဲပို့ဆောင်ပေးနိုင်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။ NOM

မြန်မာ-တရုတ် နယ်စပ်ကိစ္စအပေါ် အတည်မပြုနိုင်သည့်သတင်းများဖြန့်ချိမှုကို ပြည်သူများ သတိထားရန်လို လတ်တလောတွင် "ဝ" နှင့် ကိုးကန့်
မြန်မာ-တရုတ် နယ်စပ်ကိစ္စအပေါ် အတည်မပြုနိုင်သည့်သတင်းများဖြန့်ချိမှုကို ပြည်သူများ သတိထားရန်လို လတ်တလောတွင် "ဝ" နှင့် ကိုးကန့်အဖွဲ့များ ထိန်းချုပ်ထားသည့် ဒေသအချို့၌ သတ်မှတ် ထားသော မြန်မာ-တရုတ် နယ်စပ်ခြံစည်းရိုးကို ကျော်လွန်၍ တရုတ်နိုင်ငံဘက်မှ ရှေ့တိုးကာ ခြံစည်းရိုးခတ်နေသည်ဟူသော သတင်းများကို လူမှုကွန်ရက်များနှင့် အချို့မီဒီယာ စာမျက်နှာ များမှ တစ်ဆင့် ဖြန့်ချိနေသည်ကို တွေ့ရှိရပါသည်။ အဆိုပါသတင်းများတွင် ဓာတ်ပုံအချို့၊ ဒေသအမည်အချို့ကိုသာ အခြေခံဖော်ပြထားပြီး နယ်နိမိတ်မှတ်တိုင်အမှတ်၊ တိကျသော GPS တည်နေရာ၊ နှစ်နိုင်ငံနယ်နိမိတ်ဆိုင်ရာ တာဝန်ရှိ အဖွဲ့အစည်းများ၏ အတည်ပြုချက် စသည့် သက်သေပြနိုင်သော အချက်အလက်များ မပါဝင် သည့်အတွက် ပြည်သူများအနေဖြင့် အတည်မပြုရသေးသော သတင်းအပေါ် အလျင်အမြန် ယုံကြည်ခြင်း၊ ပြန်လည်မျှဝေခြင်း မပြုရန် လိုအပ်ပါသည်။ မြန်မာ-တရုတ် နယ်နိမိတ်သည် ၁၉၆၀ ခုနှစ် နယ်နိမိတ်စာချုပ်နှင့် ၁၉၆၁ ခုနှစ် နယ်နိမိတ်ဆိုင်ရာ Protocol များအရ သတ်မှတ်ထားသော နယ်နိမိတ်ဖြစ်ပြီး နောက်ပိုင်းတွင်လည်း နှစ်နိုင်ငံအကြား နယ်နိမိတ်လိုင်းနှင့် နယ်နိမိတ်မှတ်တိုင်များကို လေးစားရန် ထပ်မံအတည်ပြုထားပါသည်။ ထို့ပြင် နယ်စပ်ဒေသ စီမံခန့်ခွဲမှုနှင့် ပူးပေါင်းဆောင်ရွက်မှုအတွက် ဒေသဆိုင်ရာတာဝန်ရှိသူများအကြား ဆက်သွယ်ညှိနှိုင်းရေးစနစ်ထားရှိရန်လည်း သဘောတူထားသည်။ ထို့ကြောင့် နယ်စပ်ဆိုင်ရာ ကိစ္စများသည် တရားဝင်လမ်းကြောင်း၊ နယ်နိမိတ်ဆိုင်ရာစာချုပ်များနှင့် နှစ်နိုင်ငံညှိနှိုင်းမှုများအတိုင်း ဆောင်ရွက်ရမည့် အရေးကိစ္စဖြစ်ပါသည်။ နှစ်နိုင်ငံတာဝန်ရှိအဖွဲ့အစည်းများ၏ အတည်ပြုချက် မရှိသေးမီ "နယ်မြေကျူးကျော်မှု" ဟု သတ်မှတ်ပြောဆိုခြင်းသည် ပြည်သူများအကြား စိုးရိမ်မှု၊ နားလည်မှုလွဲမှားမှုနှင့် နှစ်နိုင်ငံချစ်ကြည်ရေးအပေါ် မလိုလားအပ်သော ထိခိုက်မှုများ ဖြစ်ပေါ်စေနိုင်ပါသည်။ မြန်မာနှင့် တရုတ်နိုင်ငံတို့သည် မကြာသေးမီကလည်း နှစ်နိုင်ငံဆက်ဆံရေး ပိုမိုခိုင်မာရေး၊ နယ်စပ်ဒေသငြိမ်းချမ်းတည်ငြိမ်ရေး၊ အွန်လိုင်းလိမ်လည်မှုနှင့် နယ်စပ်ဒေသ တရားမဝင် လုပ်ငန်းများ တိုက်ဖျက်ရေးတို့ကို ဆက်လက်ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးထားသည်။ ထို့ကြောင့် နယ်စပ်ဒေသတွင် တွေ့မြင်ရသော အဆောက်အအုံလုပ်ငန်းများကို အတည်မပြုရသေးသော သတင်းအပေါ်မူတည်၍ နိုင်ငံရေးအရအမြင်လွဲစေသည့်ပုံစံဖြင့် ဖော်ပြခြင်းသည် အကျိုးမရှိဘဲ နှစ်နိုင်ငံဆက်ဆံရေးကို ထိခိုက်စေလိုသည့် ဝါဒဖြန့်မှုအဖြစ် သတိပြုသင့်ပါသည်။ ပြည်သူများအနေဖြင့် နယ်စပ်ဆိုင်ရာ သတင်းများကို တွေ့ရှိပါက တရားဝင်ထုတ်ပြန်ချက်၊ နယ်နိမိတ်ဆိုင်ရာ တိကျသောအချက်အလက်၊ မူရင်းဓာတ်ပုံ/ ဗီဒီယို၏ တည်နေရာနှင့် ရက်စွဲတို့ကို စစ်ဆေးပြီးမှသာ ယုံကြည်သင့်ပါသည်။ အတည်မပြုရသေးသော သတင်းများကို မျှဝေခြင်းသည် သတင်းတု၊ သတင်းမှား ပြန့်ပွားမှုကို အားပေးသည့်အပြင် ပြည်သူများအကြား စိုးရိမ်ပူပန်မှု ဖြစ်စေနိုင်ပါသည်။ အတည်မပြုရသေးသော သတင်းများကို မယုံကြည်ပါနှင့်။ တရားဝင်အချက်အလက်များကိုသာ အခြေခံစဉ်းစားပါ။ မြန်မာ-တရုတ် နယ်စပ် တည်ငြိမ်ရေးနှင့် နှစ်နိုင်ငံချစ်ကြည်ရေးကို အတူတကွ ထိန်းသိမ်းကြဖို့ မြန်မာမျိုးချစ်အဖွဲ့ကတိုက်တွန်းအပ်ပါသည်။

ပျဥ်းမနားမြို့နယ်တွင် မေလ ၄ ရက်နေ့မှစ၍ အုပ်စုနှစ်စုခွဲကာ အလှည့်ကျဓာတ်အားပေးမည် နေပြည်တော်၊ ပျဥ်းမနားမြို့နယ်တွင် မေလ ၄ ရက်နေ့
+2
ပျဥ်းမနားမြို့နယ်တွင် မေလ ၄ ရက်နေ့မှစ၍ အုပ်စုနှစ်စုခွဲကာ အလှည့်ကျဓာတ်အားပေးမည် နေပြည်တော်၊ ပျဥ်းမနားမြို့နယ်တွင် မေလ ၄ ရက်နေ့မှစ၍ မေလ ၁၀ ရက်နေ့အထိ အုပ်စု (A) နှင့် အုပ်စု (B) ခွဲကာ အလှည့်ကျစနစ်ဖြင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်းသိရသည်။ အုပ်စု (A) သည် မေလ ၄ ရက်နေ့၌ နံနက် ၇ နာရီမှ နံနက် ၁၁ နာရီအထိ၊ နေ့လယ် ၃ နာရီမှ ည ၇ နာရီအထိ၊ အုပ်စု (B) သည် နံနက် ၉ နာရီမှ နေ့လယ် ၁ နာရီအထိ၊ ညနေ ၅ နာရီမှ ည ၉ နာရီအထိ အလှည့်ကျစနစ်ဖြင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်းသိရသည်။ ပျဥ်းမနားမြို့ရုံးခွဲရုံ၊ ပေါင်းလောင်းတိုးချဲ့ခွဲရုံ၊ တောင်သာခွဲရုံ၊ ဂမုန်းတောင်ခွဲရုံတို့မှ အလှည့်ကျစနစ်ဖြင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးသွားမည်ဖြစ်ကာ ညွှန်ကြားမှုအရပြောင်းလဲမှုရှိပါက ထပ်မံအသိပေးကြေညာသွားမည်ဖြစ်သည်။

တောင်သာမြို့နယ်တွင် PDF အကြမ်းဖက်သမားများက သံဃာတော်တစ်ပါးအား ပစ်ခတ်သတ်ဖြတ် မေ ၃၊ ၂၀၂၆ မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၊
တောင်သာမြို့နယ်တွင် PDF အကြမ်းဖက်သမားများက သံဃာတော်တစ်ပါးအား ပစ်ခတ်သတ်ဖြတ် မေ ၃၊ ၂၀၂၆ မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၊ ချောင်းပေါက်ကျေးရွာရှိ မဟာဝါဠုကာရာမကျောင်းတိုက်မှကျောင်းထိုင်ဆရာတော် ဥူးစန္ဒာဝရ (ခ) ဦးဇော်မင်းအောင် (၄၈) နှစ်၊ ဝါတော် (၂၈) ဝါသည် အဆိုပါ ဘုန်းကြီးကျောင်းဝင်းအတွင်း ရှိနေစဉ် PDF အကြမ်းဖက်သမား ၅ ဦးက ဆိုင်ကယ် ၂ စီးဖြင့် ရောက်ရှိလာပြီး "ဒလန်" ဟု စွပ်စွဲပြောဆိုကာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ ပျံလွန်တော်မူသွားခဲ့ကြောင်းသိရသည်။ NOM

ယူအေအီးကပါကစ္စတန်တစ်သောင်းခွဲကိုနှင်ထုတ် NOM အာရပ်စော်ဘွားများပြည်ထောင်စု(ယူအေအီး)သည်နိုင်ငံအတွင်းလာရောက်အလုပ်လုပ်နေသောပါကစ္စတန်လူမျိုးရှီးယိုက်ဘာသာဝင်တစ်သောင်းခွဲကိုနိုင်ငံမှနှင်ထုတ်ပြီးထိုသူများဘဏ်တွင်အလုပ်လုပ်ကိုင်စုဆောင်းထားသူများကိုသိမ်းယူလျက်ရှိသည်။

မော်ရိုကိုနိုင်ငံတွင် ကျင်းပသည့် အာဖရိကန်လိုင်းယန်း ၂၀၂၆ စစ်ရေးလေ့ကျင့်မှုအတွင်း အမေရိကန်စစ်သည်နှစ်ဦး ပျောက်ဆုံးနေ မော်ရိုကို
မော်ရိုကိုနိုင်ငံတွင် ကျင်းပသည့် အာဖရိကန်လိုင်းယန်း ၂၀၂၆ စစ်ရေးလေ့ကျင့်မှုအတွင်း အမေရိကန်စစ်သည်နှစ်ဦး ပျောက်ဆုံးနေ မော်ရိုကိုနိုင်ငံ အနောက်တောင်ဘက်တွင် ပြုလုပ်နေသည့် အာဖရိကန်လိုင်းယန်း (African Lion) ၂၀၂၆ စစ်ရေးလေ့ကျင့်မှုအတွင်း အမေရိကန်စစ်ဘက်ဆိုင်ရာ ဝန်ထမ်းနှစ်ဦး ပျောက်ဆုံးသွားကြောင်း အမေရိကန် အာဖရိကစစ်ဌာနချုပ် (AFRICOM) က ထုတ်ပြန်ထားသည်။ အဆိုပါ စစ်ရေးလေ့ကျင့်မှုတွင် နိုင်ငံပေါင်း ၄၀ ကျော် ပါဝင်လျက်ရှိသည်။ လက်ရှိတွင် အမေရိကန်၊ မော်ရိုကိုနှင့် ပါဝင်ပူးပေါင်းသည့် နိုင်ငံများက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို စတင်ဆောင်ရွက်နေပြီဖြစ်ပြီး ဖြစ်စဉ်ကိုလည်း စုံစမ်းစစ်ဆေးလျက်ရှိသည်။ အဆိုပါဖြစ်ရပ်သည် အတ္တလန်တိတ်သမုဒ္ဒရာ ကမ်းရိုးတန်းအနီး တန်တန် (Tan-Tan) မြို့ရှိ ကပ်ဒရာ (Cap Draa) လေ့ကျင့်ရေးနယ်မြေအနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ NOM

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးသည် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာစန်းရွှေ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ လက်မချေ-သာယာကုန်း-ကိုးဆောင် ရွာသွားလမ်းအတွင်း လမ်းများအဆင့်မြှင့်တင် ဆောင်ရွက်နိုင်ရန်အတွက် သွားရောက်ကြည့်ရှု စစ်ဆေးကြရာ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်း တင်ပြကြသည်။ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ဒေသခံပြည်သူများ ရာသီမရွေးသွားလာ နိုင်ရေးအတွက် သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ စနစ်တကျစေတနာထားကာ ဆောင်ရွက်သွားကြရန် မှာကြားခဲ့သည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သင်္ဂနက်ကျေးရွာသွားလမ်းကို အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရန်နှင့် အဆိုပါလမ်းပေါ်ရှိ ကွန်ကရစ်ရေနှုတ်မြောင်းများအား ပြန်လည်ပြုပြင်နိုင်ရန်အတွက် သွားရောက်ကြည့်ရှုစစ်ဆေးကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နေ့လယ်ပိုင်းက ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်မည့်လုပ်ငန်းများအား ကွင်းဆင်းကြည့်ရှု စစ်ဆေးကြသည်။ ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သက္ကေပြင်-မော်သီညာ ကျေးရွာသွားလမ်းအား ကွန်ကရစ်ခင်းခြင်း လုပ်ငန်းဆောင်ရွက်မည့်နေရာအား သွားရောက်ကြည့်ရှုစစ်ဆေးကြရာ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြကြရာ ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးက ဖြည့်စွက်ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မောင်နီပြင်-အောင်ဒိုင်ကျေးရွာသွားလမ်းတွင် ကျောက်စီနံရံပြုလုပ်မည့် အစီအမံများအားလည်းကောင်း၊ ဇောပူဂျာကျေးရွာသွားလမ်းတွင် ကျောက်စီနံရံပြုလုပ်မည် နေရာများအားလည်းကောင်း၊ မိုခါမုန်တိုင်းကြောင့် ထိခိုက်ပျက်စီးခဲ့သည် အောင်ဒိုင်ချောင်းကူးတံတားကို ဘေလီသံဘောင် ဆောက်လုပ်ထားရှိအားလည်းကောင်း သွားရောက်ကြည့်ရှုကြရာ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြကြသည်။ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေးနှင့် လမ်းရေရှည်တည့်တံ့ခိုင်မြဲရေးအတွက် စနစ်တကျ ဆောင်ရွက်သွားကြရန် မှာကြားခဲ့သည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျက်တောပြင်-အောင်ဒိုင် ကျေးရွာချင်းဆက်လမ်းအတွင်း ကျောက်စီနံရံပြုလုပ်မည့် နေရာများအားလည်းကောင်း၊ မှန်စီ-ဘောဒူဖ-အုန်းတောကြီး-အုန်းတောချလမ်းအတွင်း ဆက်လက်ဆောင်ရွက်ရမည့် လမ်းပိုင်းအားလည်းကောင်း၊ ဘုမေ-အုန်းတော ကျေးရွာသွားလမ်းအား မြေသားတာဘောင် တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်မည့် လမ်းပိုင်းအားလည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးကြရာ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြကြသည်။ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က သတ်မှတ်စံချိန်စံညွှန်းအတိုင်း စနစ်တကျ စေတနာထား ဆောင်ရွက်သွားကြရန် မှာကြားခဲ့ကြကြောင်း သတင်းရရှိသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦး ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ် (၂၀၂၆) အထိမ်းအမှတ် အခမ်းအနားတက်ရောက်၊ ဒေသဖ
+8
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦး ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ် (၂၀၂၆) အထိမ်းအမှတ် အခမ်းအနားတက်ရောက်၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး မေ ၃၊ ၂၀၂၆ ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ် (၂၀၂၆) အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့ ခိုင်သဇင်ခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးနှင့်ဇနီး ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေး အဖွဲ့နာယက ဒေါ်ထက်စန္ဒာကျော်၊ ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာစန်းရွှေ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့မိ၊ မြို့ဖများ၊ လူမှုရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။ အခမ်းအနားတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးက ကမ္ဘာ့နိုင်ငံအသီးသီးတွင် နှစ်စဉ် ဧပြီလနောက်ဆုံး ရက်သတ္တပတ်ကို ကမ္ဘာ့ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ်အဖြစ်သတ်မှတ်ပြီး အထိမ်းအမှတ် အခမ်းအနားများကို ကျင်းပလျက်ရှိရာ မြန်မာနိုင်ငံအနေဖြင့်လည်း ကာကွယ်ဆေးထိုးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နိုင်ရေးအတွက် ကမ္ဘာ့နိုင်ငံများနည်းတူ ကျင်းပခြင်းဖြစ်ကြောင်း၊ ယခုနှစ် ကမ္ဘာ့ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ် အခမ်းအနား၏ ဆောင်ပုဒ်မှာ “For every generation, vaccines work” ဖြစ်ပြီး “မျိုးဆက်တိုင်းကို ကာကွယ်ထား၊ ကာကွယ်ဆေး၏ စွမ်းပကား”ဟု ဘာသာပြန်ဆိုထားကြောင်း၊ ယနေ့အထိမ်းအမှတ်အခမ်းအနား ဆောင်ရွက်ရသည့် အဓိကရည်ရွယ်ချက်မှာ ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းဖြင့် အသက်အရွယ်မရွေး၊ လူမျိုးဘာသာမရွေး ပြည်သူလူထုအားလုံးကို ကာကွယ်ဆေးဖြင့် တားဆီးပေးနိုင်သည်ဆိုသည့် အသိပညာကို မြှင့်တင်ပေးရန် ရည်ရွယ်ချက်ထားရှိခြင်းဖြစ်ကြောင်း၊ ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခြင်းသည် ကူးစက်မြန်ရောဂါများ မဖြစ်ပွားရန်၊ ၎င်းရောဂါများကြောင့် သေဆုံးရခြင်းများကို ကာကွယ်နိုင်ရန်နှင့် နောက်ဆက်တွဲဆိုးကျိုးများကို မဖြစ်ပွားစေရန်ဖြစ်ကြောင်း၊ ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခြင်းသည် ကျန်းမာရေးဝန်ကြီးဌာန၏ ရည်မှန်းချက် (၂)ရပ်ဖြစ်သော လူတိုင်းသက်တမ်းစေ့ အသက်ရှည်နေထိုင်နိုင်ရေး၊ လူတိုင်းရောဂါဘယကင်းရှင်းရေးကို ဖော်ဆောင်ရာတွင် အထောက်အကူဖြစ်စေကြောင်း၊ နိုင်ငံတော်သမ္မတ၏ ရက်ပေါင်း(၁၀၀)စီမံချက်ကာလအတွင်း ကာကွယ်ဆေးထိုးလုပ်ငန်း ပါရှိလာသည်ကို ဂုဏ်ယူဖွယ်တွေ့ရှိရပြီး ရခိုင်ပြည်နယ်အနေဖြင့် ပုံမှန်တိုးချဲ့ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများကို ဦးစားပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ၂၀၂၆ ခုနှစ် နှစ်ဆန်းပိုင်းတွင် ပြောင်းလဲလာသည့် မူဝါဒများနှင့်အညီ ဗဟိုအဆင့်၊ တိုင်းဒေသကြီး၊ ပြည်နယ်အဆင့်၊ မြို့နယ်အဆင့်အထိ နိုင်ငံတစ်ဝန်း ကာကွယ်ဆေးထိုးလွှမ်းခြုံမှု ပိုမိုမြင့်မားစေရေးနှင့် ကာကွယ်ဆေးလွှမ်းခြုံမှုမရှိသည့် ဒေသများတွင် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးသည့် လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး အရေးကြီးသည့်အတွက် ယခုနှစ်အတွင်းမှာ ရခိုင်ပြည်နယ်အတွင်း မြို့နယ်အားလုံးတွင် ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးရေးလုပ်ငန်းများ ဆောင်ရွက်သွားရန် တိုက်တွန်းပြောကြားလိုကြောင်း၊ ထို့ပြင် နိုင်ငံတော်အစိုးရအသစ်ကာလတွင် တိုင်းပြည်တည်ငြိမ်အေးချမ်းမှုရရှိရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုရရှိရေးကို အလေးထား၍ ဦးစားပေးဆောင်ရွက်သည့်အခါတွင် ကျန်းမာရေးသည် အရေးကြီးသည့်ကဏ္ဍအဖြစ် ပါဝင်လာခြင်းကြောင့် နိုင်ငံတော်အစိုးရက အကောင်အထည်ဖော်မည့် လုပ်ငန်းများနှင့်အတူ ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မျိုးဆက်တိုင်းအတွက် တန်းဖိုးကြီးသည့် ကာကွယ်ဆေးထိုးလုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်ပေးလျက်ရှိသည့် ဆက်စပ်ဌာနများနှင့် မိတ်ဖက်အဖွဲ့အစည်းများကို မှတ်တမ်းတင်ကျေးဇူးတင်ရှိကြောင်းနှင့် အနာဂတ်၏မျိုးဆက်တိုင်းကို အကာအကွယ်ပေးနိုင်ရန် ဝိုင်းဝန်းကြိုပမ်းပေးကြစေလိုကြောင်း ပြောကြားသည်။ ယင်းနောက် မျိုးဆက်တိုင်းကိုကာကွယ်ထား၊ ကာကွယ်ဆေး၏စွမ်းပကား Documentary Story အားလည်းကောင်း၊ ၂၀၂၆ ခုနှစ် ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ်အထိမ်းအမှတ် မျိုးဆက်တိုင်းကိုကာကွယ်ထား၊ ကာကွယ်ဆေး၏စွမ်းပကား တေးသီချင်းဗီဒီယိုအားလည်းကောင်း ပြသခဲ့သည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ တာဝန်ရှိသူများသည် အသက် (၁)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးနေမှုကို လှည့်လည်ကြည့်ရှု အားပေးကြပြီး အမှတ်တရလက်ဆောင်ပစ္စည်းများနှင့် အာဟာရဖြည့်စွက်စာများကို ပေးအပ်ခဲ့ကြသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် နှစ် (၈၀) ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းပွဲနှင
+6
မွန်ပြည်နယ်ဝန်ကြီးချုပ် နှစ် (၈၀) ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းပွဲနှင့် မွန်ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအောက်ရှိ ဝန်ထမ်းမိသားစုဝင်များအား ရဟန်းခံ၊ ရှင်ပြု အလှူတော်မင်္ဂလာ အခမ်းအနား တက်ရောက် မေ ၃၊ ၂၀၂၆ ၂၀၂၆ ခုနှစ် မေလ (၅)ရက်နေ့တွင်ကျရာက်မည့် နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းခြင်းကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်သူ့ဆေးရုံ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သွေးလှူရှင်များ တက်ရောက်သည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက စုပေါင်းသွေးလှူဒါန်းပေးကြသည့် မီးသတ်တပ်ဖွဲ့ဝင်များအား မော်လမြိုင်မြို့၊ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးရှိ ဆရာဝန်ကြီးများ၊ သူနာပြုဆရာ၊ ဆရာမများ၊ ကျန်းမာရေးဝန်ထမ်းများမှ သွေးလှူဒါန်းကြသူများကို ကိုယ်အလေးချိန်နှင့် သွေးပေါင်ချိန်တိုင်းတာခြင်း၊ သွေးအမျိုးအစားခွဲခြားခြင်းနှင့် လိုအပ်သည့် ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်ပေးခြင်းနှင့် စုပေါင်းသွေးလှူဒါန်းခြင်းအပေါ် ကြည့်ရှုအားပေးခဲ့ကြသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက စုပေါင်းသွေးလှူဒါန်းပေးခဲ့ကြသူများကို အားဆေးများ ကြက်ဥနှင့် အာဟာရဖြည့်စွက်စာများကို ပေးအပ်ခဲ့ပြီး နှစ်(၈၀)ပြည့် မီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းပေးခြင်းအပေါ် ဆေးရုံအုပ်ကြီးမှ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကာ စုပေါင်းသွေးလှူဒါန်းပေးခဲ့ကြသူများကို ရင်းရင်းနှီးနှီး လိုက်လံအားပေးစကား ပြောကြားခဲ့‌ကြောင်း သိရှိရသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မွန်ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအောက်ရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များအား ရဟန်းခံ၊ ရှင်ပြု၊ သီလရှင်ဝတ် အလှူတော်မင်္ဂလာ အခမ်းအနားသို့ တက်ရောက်ပြီး ဦးစွာ ရဟန်းခံ၊ ရှင်သာ‌မဏေနှင့် သီလရှင် ဆရာလေးများအား သိမ်ဆင်းဆွမ်းခြောက်များ လောင်းလှူခဲ့ကြသည်။ ထို့နောက် အခမ်းအနားကို နမောတဿ (၃)ကြိမ် ရွတ်ဆိုပူဇော်ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး မြစေတီစာသင်တိုက်ကြီး၏ ဦးစီးပဓာနနာယကဆရာတော် အဘိဓဇမဟာရဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝိမလဗုဒ္ဓိထံမှ ငါးပါးသီလခံယူဆောက်တည်၍ ဆရာတော်၊ သံဃာတော်များ ရွတ်ပွားသရဇ္ဈာယ် ချီးမြှင့်တော်မူသော မေတ္တာသုတ်အစရှိသော ပရိတ်တရားတော်များ နာယူကြည်ညိုပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ယင်းနောက် မြစေတီစာသင်တိုက်ကြီး၏ ဦးစီးပဓာနနာယကဆရာတော် အဘိဓဇမဟာရဌဂုရု အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝိမလဗုဒ္ဓိထံမှ ဧည့်ပရိသတ်အပေါင်းတို့က အနုမောဒနာ တရားတော်မြတ်ကို နာယူကြည်ညို၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

🇮🇱 📉 အီရန်နှင့် လက်ဘနွန်စစ်ပွဲများ၏ အကျိုးဆက်ကြောင့် အစ္စရေးတွင် အလုပ်လက်မဲ့နှုန်း ၁၆% ထိ မြင့်တက်လာ အီရန်နှင့်ဖြစ်ပွားနေသော စစ်ပွဲ၏ နောက်ဆက်တွဲဂယက်များကြောင့် အလုပ်သမားစျေးကွက်မှာ အကြီးအကျယ် ထိခိုက်နေပြီး လက်ရှိတွင် အစ္စရေးနိုင်ငံသား တစ်သန်းနီးပါးအလုပ်လက်မဲ့ဖြစ်နေကြောင်း ပြည်တွင်းမီဒီယာများက ဖော်ပြသည်။ ဤပမာဏမှာ စုစုပေါင်း၏ ၁၆% ခန့်ရှိပြီး ကိုဗစ်ကပ်ရောဂါကာလနောက်ပိုင်း အမြင့်ဆုံးနှုန်း ဖြစ်ပါသည်။ အလုပ်လက်မဲ့ဖြစ်မှု အခြေအနေများ မတ်လအတွင်း - လူပေါင်း ၇၅၀,၀၀၀ ခန့် အလုပ်လက်မဲ့ဖြစ်ခဲ့ပြီး ၂၀၂၃ ခုနှစ် အောက်တိုဘာလရှိ ၄၆၇,၀၀၀ (၁၀.၄%) နှင့် နှိုင်းယှဉ်ပါက သိသိသာသာ မြင့်တက်လာခြင်းဖြစ်သည်။ အလုပ်အကိုင်အချိုးအစား- အစ္စရေး အလုပ်အကိုင်ဝန်ဆောင်မှုဌာန၏ အစီရင်ခံစာအရ အလုပ်ရှာဖွေသူနှင့် လစ်လပ်နေရာ အချိုးအစားမှာ အလွန်ကွာဟနေသည်။ အလုပ်ရှာဖွေသူ ၁၀ ဦးလျှင် အလုပ်အကိုင် ၃ နေရာသာ ရှိတော့သည်။ "အထိခိုက်ဆုံး လူမှုအသိုင်းအဝိုင်းများ" စစ်ပွဲ၏ဒဏ်ကို ထိခိုက်လွယ်သောအုပ်စုများက ပိုမိုခံစားနေရသည် - အမျိုးသမီးများ- အလုပ်ထုတ်ခံရခြင်း၊ လစာမဲ့ခွင့်ယူရခြင်းနှင့် ကျောင်းများပိတ်ထားစဉ် ကလေးထိန်းကျောင်းရသည့် ဖိအားများကြောင့် အလုပ်ရှာဖွေသူများထဲတွင် အမျိုးသမီးဦးရေမှာ ၅၈% ကျော်အထိ ရှိလာသည်။ လူငယ်များ- အသက် ၃၄ နှစ်နှင့် အောက် အလုပ်ရှာဖွေသူ အရေအတွက်မှာ ၂၄၆% အထိ ခုန်တက်သွားသည်။ လုပ်ငန်းကဏ္ဍ- လူငယ်အလုပ်သမား အများစုမှာ စစ်ပွဲကြောင့် ထိခိုက်လွယ်သည့် လက်လီအရောင်းနှင့် ဝန်ဆောင်မှုလုပ်ငန်းများတွင် လုပ်ကိုင်နေကြသူများ ဖြစ်သည်။ NOM

နိုင်ငံသားများကို ဥပဒေအကာအကွယ်အောက်တွင် ထားရှိနိုင်ရေး ကြိုးပမ်းဆောင်ရွက်ပေးသွားရမည် ဟု ဦးခင်ရီပြော NOM၊မေ၃၊၂၀၂၆ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် နိုင်ငံတော်တွင် ပကတိဖြစ်ပေါ် နေသည့် အခြေအနေအရပ်ရပ်နှင့် တည်ဆဲဥပဒေများကို နှိုင်းယှဉ်သုံးသပ်ပြီး နိုင်ငံသူ နိုင်ငံသားများကို ဥပဒေအကာအကွယ်အောက်တွင် ထားရှိနိုင်ရေး ကြိုးပမ်းဆောင်ရွက်ပေးသွားရမည် ဟုယမန်နေ့မေ၂ရက်တွင်ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီက ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များနှင် တွေ့ဆုံပွဲတွင်ပြောကြားခဲ့သည်။ မိမိတို့နိုင်ငံတွင် ဒီမိုကရေစီနည်းလမ်းအရ အစိုးရသစ်တစ်ရပ်ထွက် ပေါ်လာပြီးနောက် ဥပဒေပြုရေးမဏ္ဍိုင်၊ အုပ်ချုပ်ရေးမဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင်စသည့် မဏ္ဍိုင်သုံးရပ်ထွက်ပေါ်လာပါကြောင်း၊ အဆိုပါမဏ္ဍိုင်ကြီးသုံးရပ်ကို ကဏ္ဍအလိုက် အပြန်အလှန်ပေါင်းစပ်ညှိနှိုင်းပြီး စစ်မှန်စည်းကမ်းပြည့်ဝသော ဒီမိုကရေစီအလေ့အကျင့်ကောင်း များရရှိအောင် တည်ဆောက်သွားရမည်ဟု ပြောကြားခဲ့သည်။ မိမိတို့ ဥပဒေပြုမဏ္ဍိုင်အနေဖြင့် ဥပဒေ၏ အကာအကွယ်အောက်တွင် နိုင်ငံတော်နှင့် နိုင်ငံသူနိုင်ငံသားများကို အေးအေးချမ်းချမ်းနေနိုင်ရန်အတွက် ဆောင်ရွက်ပေးနိုင်အောင် ကြိုးစားသွားရမည်ဖြစ်ပါကြောင်း၊ မိမိတို့တာဝန်ယူစဉ် ကာလအတွင်း လွှတ်တော်၏အခန်းကဏ္ဍ မြင့်မားတိုးတက်အောင် ဆောင်ရွက်သွားရန် အစီအမံများချမှတ်ထားသည့်အတွက် နိုင်ငံတော်အစိုးရ၊ လွှတ်တော်၊ ပါတီ၊ ပြည်သူများပူးပေါင်းပြီး နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အထောက်အပံ့ကောင်းများဖြစ်အောင် ကြိုးစားဆောင်ရွက်သွားရမည် ဟုပြောကြားခဲ့သည်။ လွှတ်တော်ကိုယ်စားလှယ်များသည် ပြည်သူများက ယုံယုံကြည်ကြည်ဖြင့် ဆန္ဒမဲပေးရွေးချယ်ထားသည့် ပြည်သူ့ကိုယ်စားလှယ်များဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့ကို ရွေးချယ်ပေးလိုက်သည့် ပြည်သူများ၏ ဆန္ဒနှင့်မျှော်လင့်ချက် များကို အထူးအလေးထားဆောင် ရွက်ပေးရမည်ဟု ပြောကြား ခဲ့သည်။

ယူအေအီး (UAE) နိုင်ငံဟာ ပါကစ္စတန် ရှီအာ မွတ်စလင် (၁၅,၀၀၀) ကို အကြောင်းပြချက်မရှိဘဲ ပြည်နှင်ဒဏ်ပေးနေပြီး ၎င်းတို့ ယူအေအီးမှာ နေထိုင်စဉ်အတွင်း စုဆောင်းထားတဲ့ ဘဏ်စာရင်းတွေနဲ့ ငွေတွေကို သိမ်းယူနေပါတယ်။ ဒါဟာ ယူအေအီးနဲ့ ပါကစ္စတန်အကြား နိုင်ငံရေးတင်းမာမှုတွေ၊ ဒေသတွင်း ဂိုဏ်းဂဏကွဲပြားမှုတွေနဲ့ ဆက်စပ်နေနိုင်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။ ယူအေအီးဘက်ကတော့ ဒါဟာ ပြည်တွင်းလုံခြုံရေးအရ ဆောင်ရွက်တာလို့ ယူဆရပါတယ်။ NOM

တပ်မတော်လူငယ်ပညာရေးသင်တန်းကျောင်းများအတွက် ကျောင်းသားသစ်များခေါ်ယူခြင်း ၁။ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်မှစ၍ အခြေခံပညာအထက်တန်းဆင့် Gra
တပ်မတော်လူငယ်ပညာရေးသင်တန်းကျောင်းများအတွက် ကျောင်းသားသစ်များခေါ်ယူခြင်း ၁။ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်မှစ၍ အခြေခံပညာအထက်တန်းဆင့် Grade-10၊ Grade-11 နှင့် Grade-12 အတန်းပညာများကို သင်ကြားလေ့ကျင့်ပေးမည့် အမှတ်(၁)တပ်မတော်လူငယ်ပညာရေးသင်တန်းကျောင်း(ရဲမွန်)၊ အမှတ်(၂)တပ်မတော်လူငယ်ပညာရေးသင်တန်းကျောင်း (နေပြည်တော်) တို့တွင် ဖွင့်လှစ်သွားမည်ဖြစ်ပြီး ကျောင်းသားသစ်များအဖြစ် လျှောက်ထားသူများသည် အောက်ပါအရည်အချင်းများနှင့် ပြည့်စုံရမည်- (က) Grade-10 သင်တန်းအတွက် Grade-9 အောင်မြင်ပြီး အသက် ၁၇ နှစ်ထက်မကြီးသူ၊ Grade-11 သင်တန်းအတွက် Grade10  အောင်မြင်ပြီး အသက် ၁၈ နှစ်ထက်မကြီးသူ၊ Grade-12 သင်တန်းအတွက် Grade-11 အောင်မြင်ပြီး အသက် ၁၉ နှစ်ထက်မကြီးသူ ဖြစ်ရမည်။ ( ခ ) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသား အိမ်ထောင်မရှိဖူးသူအမျိုးသား(လူပျို)ဖြစ်ရမည်။ ( ဂ ) တရားရုံးတစ်ခုခုတွင် အမှုရင်ဆိုင်နေရသူ၊ သို့မဟုတ် ပြစ်ဒဏ်စီရင်ခြင်းခံရဖူးသူ မဖြစ်စေရ။          (ဃ) စစ်ဘက်ဆိုင်ရာ ဆေးစစ်ခြင်းအောင်မြင်ရမည်။ ၂။ လျှောက်လွှာများအား နီးစပ်ရာတပ်/ဌာနချုပ်များတွင် အခမဲ့ထုတ်ယူ၍ အောက်ပါစာရွက်စာတမ်းများနှင့်အတူ ၁၄-၅-၂၀၂၆  ရက်နေ့မှ ၂၀-၅-၂၀၂၆ ရက်နေ့အတွင်း လျှောက်ထားသူကာယကံရှင်ကိုယ်တိုင်ဖြစ်စေ၊ စာတိုက်မှဖြစ်စေ နီးစပ်ရာတိုင်း စစ်ဌာနချုပ်များသို့ လျှောက်ထားရမည်- (က) တစ်လအတွင်း ရိုက်ကူးထားသော ပတ်စ်ပို့အရွယ်ရောင်စုံဓာတ်ပုံ  ၃  ပုံ။ (ခ) နိုင်ငံသားစိစစ်ရေးကတ်(မိတ္တူ)။             (ဂ)  မိဘ/အုပ်ထိန်းသူ၏ နိုင်ငံသားစိစစ်ရေးကတ်(မိတ္တူ)။           (ဃ)  အိမ်ထောင်စုဝင်လူဦးရေစာရင်း(ပုံစံ-၆၆/၆)(မိတ္တူ)။             (င)  ကျောင်းထွက်လက်မှတ် (မိတ္တူ)။           (စ) အကျင့်စာရိတ္တကောင်းမွန်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ သို့မဟုတ် မြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့မှူးရုံး၏ ထောက်ခံစာမူရင်း။             (ဆ) မိဘ/အုပ်ထိန်းသူ၏သဘောတူညီကြောင်းထောက်ခံချက်။ ၃။ ကျောင်းသားသစ်အဖြစ်လျှောက်ထားသူအား သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တိုင်းကြီးကြပ်ရေးနှင့် ကျောင်းသားစိစစ်ရေး ရွေးချယ်ရေးအဖွဲ့က ပဏာမရွေးချယ်ရန် အကြောင်းကြားလာပါက အပိုဒ် (၂) ပါစာရွက်စာတမ်းများမူရင်းနှင့် မိတ္တူ (၃) စောင်စီ ယူဆောင်၍ ၂၂-၅-၂၀၂၆ ရက်အရောက် မိဘ/အုပ်ထိန်းသူနှင့်အတူ သတင်းပို့ရမည်။ ရွေးချယ်ခံရသူများအား ဆေးစစ်ခြင်းများပြုလုပ်၍ ဆေးစစ်အောင်မြင်သူများကို ကျောင်းသားအဖြစ် အတည်ပြုရွေးချယ်သွားမည်။ ၄။ တပ်မတော်လူငယ်ပညာရေးသင်တန်းကျောင်းများသို့ တက်ရောက်ခွင့်ရရှိသောကျောင်းသားများ၏ နေထိုင်စားသောက်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ဆေးဝါးကုသမှု၊ ကျောင်းဝတ်စုံ၊ ကျောင်းသုံးပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်၊ စာရေးကိရိယာနှင့် အခြားသင်ထောက်ကူပစ္စည်းများ၊ အခြေခံပစ္စည်းများ အခမဲ့ရရှိမည့်အပြင် ပညာသင်ကြားနေစဉ်ကာလအတွင်း လစာအဖြစ် တစ်လလျှင် Grade-10 အတန်းအတွက်  အခြေခံတပ်သားသစ်လစာ၏ ၃၀ ရာခိုင်နှုန်း (၄၃၂၀ဝိ/-ကျပ်)၊ Grade-11 အတန်းအတွက် အခြေခံတပ်သားသစ်လစာ၏ ၄၀ ရာခိုင်နှုန်း (၅၇၆၀ဝိ/-ကျပ်)နှင့် Grade-12 အတန်းအတွက် အခြေခံတပ်သားသစ်လစာ၏ ၅၀ ရာခိုင်နှုန်း (၇၂၀၀ဝိ/-ကျပ်)တို့အား ခံစားခွင့်ရှိသည်။ ၅။ ကျောင်းသားများအား အခြေခံပညာအထက်တန်းဆင့်ဘာသာရပ်များကို ပညာရေးဝန်ကြီးဌာနနှင့်ပူးပေါင်း၍ နှစ်အလိုက် သင်ကြားလေ့ကျင့်ပေးသွားမည်ဖြစ်ပြီး  နိုင်ငံတော်မှကျင်းပပြုလုပ်သည့်တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုကြရမည်။    တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင် သူကျောင်းသားများသည် သတ်မှတ်အရည်အချင်းများနှင့် ကိုက်ညီမှုရှိပါက တပ်မတော်ဆိုင်ရာ တက္ကသိုလ်နှင့် သိပ္ပံများသို့  လျှောက်ထားခွင့်ရှိသည်။  တပ်မတော်ဆိုင်ရာတက္ကသိုလ်နှင့် သိပ္ပံများသို့တက်ရောက်ရန်   သတ်မှတ် အရည်အချင်းနှင့် ကိုက်ညီမှုမရှိပါက ကွန်ပျူတာဒီပလိုမာတပ်ကြပ်ကြီး/စာရေးသင်တန်းနှင့် တပ်မတော်ဆေးဘက်ဆိုင်ရာ ပညာသင်ကျောင်း၌ဖွင့်လှစ်သည့် တတိယအဆင့်ဆေးလက်ထောက်သင်တန်း (အထူး) သို့ လျှောက်ထားခွင့်ရှိသည်။  ၆။ အသေးစိတ်သိရှိလိုပါက သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး၊ ပညာရေးဌာနစု၊ ဖုန်း-၀၃၆-၃၀၅၃၁/၀၃၆-၃၀၅၆၆ သို့ ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါသည်။ ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)

အီရန်အမျိုးသား ရေနံတင်သင်္ဘောကုမ္ပဏီ (NITC) ပိုင် VLCC (အလွန်ကြီးမားသော ရေနံတင်သင်္ဘော) တစ်စင်းသည် အမေရိကန်ရေတပ်၏ အီရန်အပေါ် ပင်လယ်ပြင် ပိတ်ဆို့တားဆီးမှုများကို ရှောင်ရှားပြီးနောက် လက်ရှိတွင် အင်ဒိုနီးရှားနိုင်ငံ၊ လုမ်ဘော့ ရေလက်ကြား (Lombok Strait) ကို ဖြတ်သန်းမောင်းနှင်နေသည်။ NOM

ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက် --------------------------------------------- (၂၀၂၆ ခုနှစ်၊ မေလ ၃ ရက်နေ့၊ နံနက် ၁၀:၃၀ နာရီအချိန်ထုတ်ပြန်ချက်) ======================================= ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ် နေပါသည်။ ရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက် ------------------------------------------------------------- ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်းခန့်မှန်းချက် --------------------------------------------------- မိုးလေ၀သအ‌ခြေအနေ။ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ အမြင်တာ။ ၄ မိုင်၊ မိုးရွာစဉ် ၁ မိုင်ခန့်။ ရေပြင်လေ။ တောင် (သို့) အနောက်တောင်၊ တစ်နာရီပင်လယ်မိုင် ၅-၁၀ မိုင်၊ တစ်ခါတစ်ရံ မိုင် ၂၀ မှ ၂၅ မိုင်။ လှိုင်းအ‌ခြေအနေ။ လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်။ ၄ ပေမှ ၇ ပေခန့်။ ရန်ကုန်မှ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက် ------------------------------------------------------------------- ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်း ခန့်မှန်းချက် --------------------------------------------------- မိုးလေ၀သအ‌ခြေအနေ။ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာမည်။ အမြင်တာ။ ၄ မိုင်၊ မိုးရွာစဉ် ၁ မိုင်ခန့်။ ရေပြင်လေ။ တောင် (သို့) အနောက်တောင်၊ တစ်နာရီပင်လယ်မိုင် ၁၀-၁၅ မိုင်၊ တစ်ခါတစ်ရံ ၂၅ မိုင်။ လှိုင်းအ‌ခြေအနေ။ လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်။ ၄ ပေမှ ၇ ပေခန့်။ # မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြိ
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ကြည့်ရှုစစ်ဆေး မေ ၂၊ ၂၀၂၆ ပြည်ထဲရေးဝန်ကြီးဌာန ပြ
ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ကြည့်ရှုစစ်ဆေး မေ ၂၊ ၂၀၂၆ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေနှင့် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းတို့သည် ပါမောက္ခချုပ် (ဆေးရုံအုပ်ကြီး/ကုသရေး) ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး၊ ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှူးတို့နှင့်အတူ ယနေ့နံနက်ပိုင်းက ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ပြုလုပ်သောနှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်းပွဲသို့ တက်ရောက်ပြီး သွေးလှူဒါန်းကြသော မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ဝင်များကို တွေ့ဆုံအားပေးစကားပြောကြားကာ အမှတ်တရဂုဏ်ပြုလက်ဆောင်များပေးအပ်သည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းနှင့်အဖွဲ့သည် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၏ ပြန်လည်အဆင့်မြှင့်ပြင်ဆင်ထားသော အထူးကြပ်မတ်ကုသဌာန (ICU)နှင့် ပင်မဆေးကုသဆောင်ရှိ ထပ်မံတိုးချဲ့ထားရှိသော အရိုးနှင့်ထိခိုက်ဒဏ်ရာကုသဌာနတို့ကို ကြည့်ရှုစစ်ဆေးပြီး ဆေးရုံတက်ရောက်လူနာ/လူနာစောင့်များအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားပြောကြားကာ ICU ထပ်မံတိုးချဲ့နိုင်ရေး တာဝန်ရှိသူများအားမှာကြားသည်။ ယင်းနောက် ရန်ကုန်ပြည်သူ့ဆေးရုံကြီး စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ သူနာပြုကြီးများအားတွေ့ဆုံရာ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်းက လက်လှမ်းမီသည့် ကျန်းမာရေး စောင့်‌‌ရှောက်မှုများကို ပိုမိုရရှိစေရေး၊ လူနာများစောင့်ဆိုင်းရမှု အချိန်ကာလလျော့ကျစေရေး၊ လူနာပြုစုကုသမှုများ ပိုမိုစနစ်ကျစေရေး၊ ပြည်သူမှ စိုက်ထုတ်ကုန်ကျငွေ အတတ်နိုင်ဆုံးလျော့နည်းစေရေး၊ ကျန်းမာရေးဝန်ထမ်းများက ပြည်သူများနှင့်ရင်းနှီးနွေးထွေးစွာ ဆက်ဆံရေး၊ လူနာများအပေါ် ပိုမိုဂရုစိုက်စောင့်ရှောက်ရေး၊ ကျန်းမာရေးဝန်ထမ်းများအနေဖြင့် ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများကို တိကျစွာလိုက်နာ၍ တာဝန်ထမ်းဆောင်ရေး၊သေဆုံးသူလူနာများထားရှိရာ (Mortuary) အဆောက်အအုံသစ်အား သတ်မှတ်အချိန်ကာလ အတွင်း အချိန်မီပြီးစီးအောင် ကြိုးစားဆောင်ရွက်ရေးတို့ကို တာဝန်ရှိသူများအားမှာကြားသည်။ ညနေပိုင်းတွင် လှိုင်သာယာပြည်သူ့ဆေးရုံကြီးသို့ ကွင်းဆင်းစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက လူနာများသက်သောင့် သက်သာကုသမှုခံယူနိုင်ရေး၊ ကုသမှုအရည်အသွေး ပိုမိုမြင့်မားစေရေး၊ ဆေးစတိုတွင်ဆေးဝါးများ စနစ်တကျထားရှိရေး၊ လူနာများအားစေတနာထားကုသပေးရေး၊ အဆောက်အအုံနှင့်ပတ်ဝန်းကျင်သန့်ရှင်း သာယာလှပစေရေးဆောင်ရွက်ရန်မှာကြားသည်။ ထို့အတူ ယမန်နေ့ညနေပိုင်းက ပြည်ထောင်စုဝန်ကြီးသည် ကျန်းမာရေးဝန်ကြီးဌာန ဆေးဝါးနှင့်စက်ပစ္စည်းဝယ်ယူဖြန့်ဖြူး‌ရေးမှ တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးသို့သွားရောက်၍ ရောဂါပြင်းထန်မှုအလိုက် ဦးစားပေးကုသပေးနေမှု၊ အရေးပေါ်ဆေးကုသမှုဌာနများ၊ ဆေးနှင့်ဆက်စပ်ပစ္စည်းအသုံးပြုနေမှု၊ ဝန်ထမ်းအိမ်ရာများကိုကြည့်ရှုပြီး တာဝန်ရှိသူများ၏တင်ပြချက်များအ‌ပေါ် လိုအပ်သည်များဖြည့်ဆည်းပေးခဲ့ကြောင်း သိရသည်။

နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဒုတိယမြို့တော်ဝန် ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ရေဆိုးသန့်စင်စက်ရုံနှင့် ရေသန့်စင်စက
နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဒုတိယမြို့တော်ဝန် ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ရေဆိုးသန့်စင်စက်ရုံနှင့် ရေသန့်စင်စက်ရုံ ကြည့်ရှုစစ်ဆေး မေ ၂၊ ၂၀၂၆ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဒုတိယမြို့တော်ဝန် ဦးဝင်းမိုးခိုင်သည် ကော်မတီဝင်ဦးကျော်ကျော်အောင်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု)မှ ထိန်းသိမ်းဆောင်ရွက်လျက်ရှိသော ဇမ္ဗူသီရိမြို့နယ် မင်္ဂလာသိဒ္ဓိ ရပ်ကွက်အတွင်းရှိ ရေဆိုးသန့်စင်စက်ရုံသို့ ရောက်ရှိစစ်ဆေးသည်။ ကြည့်ရှုစစ်ဆေးစဉ် တာဝန်ရှိသူများက ရေဆိုးသန့်စင်စက်ရုံလုပ်ငန်းဆောင်ရွက်မှုကို ရှင်းလင်းတင်ပြရာ ဒုတိယမြို့တော်ဝန်က ရေဆိုးသန့်စင်စက်ရုံတွင် ကလိုရင်းခတ်သည့်ပမာဏကို လုံလောက်သည့်ပမာဏဖြစ်စေရေး စနစ်တကျဆောင်ရွက်ရန်၊ ထွက်ရှိလာသော သဘာဝမြေဩဇာများကိုလည်း ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာနသို့ ချိတ်ဆက်ပေးဝေရန်၊ နေပြည်တော်သည် မြို့အင်္ဂါရပ်များနှင့်အညီ တစ်မြို့လုံး အတိုင်းအတာအနေဖြင့် ရေဆိုးသန့်စင်မှုကို ရာနှုန်းပြည့် လွှမ်းခြုံနိုင်အောင် ဆောင်ရွက်မည့်အစီအစဉ်အား ရေးဆွဲတင်ပြရန်၊ စက်ရုံပတ်ဝန်းကျင်သန့်ရှင်းရေး၊ အနံ့အသက်ထိန်းချုပ်ရေး၊ စက်ပစ္စည်းများ ပုံမှန်ထိန်းသိမ်းရေး၊ မှတ်တမ်းများ စနစ်တကျထားရှိရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးတို့အား အလေးထားဆောင်ရွက်ရန်နှင့် နောင်တွင် လုပ်ငန်းများတိုးချဲ့၍ ရေဆိုးသန့်စင်ပေးနိုင်ရေးအတွက် စက်ရုံ၏အားနည်းချက်၊ အားသာချက်များအပေါ် အခြေခံ၍ Master Plan လျာထား ရေးဆွဲတင်ပြရန်မှာကြားသည်။ ထို့နောက် ဒုတိယမြို့တော်ဝန်နှင့် တာဝန်ရှိသူများသည် ဇမ္ဗူသီရိမြို့နယ်ရှိ ရေသန့်စင်စက်ရုံ အမှတ်(၁)သို့ ရောက်ရှိစစ်ဆေးပြီး ဒုတိယမြို့တော်ဝန်က ယခုရေသန့်စင် စက်ရုံအမှတ် (၁)သည် နေပြည်တော် ရေပေးဝေရေးလုပ်ငန်း၏ ပမာဏအများဆုံးပေးဝေနေသော နေရာဖြစ်သည့်အတွက် ရေဖူလုံစွာပေးဝေနိုင်ရေးအပြင် သောက်သုံးရေအရည်အသွေး အမြဲကောင်းမွန်အောင်ဆောင်ရွက်ရန်နှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးကိုပါ တစ်ပါတည်းအလေးထားဆောင်ရွက်ရန်၊ လျှပ်စစ်ဓာတ်အား သုံးစွဲမှုလျော့ကျစေသည့် ဆိုလာစနစ် တပ်ဆင်မှုကို အခြားရေပေးရေး နေရာများတွင်လည်း ဆက်လက်အောင်မြင်အောင် ဆောင်ရွက်ရန်နှင့် လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။