uz
Feedback
News Of Myanmar

News Of Myanmar

Kanalga Telegram’da o‘tish

📈 Telegram kanali News Of Myanmar analitikasi

News Of Myanmar (@newsofmyanmar) Myanma til segmentidagi kanali faol ishtirokchi. Hozirda hamjamiyat 12 528 obunachidan iborat bo'lib, Yangiliklar & Media toifasida 16 077-o'rinni va Myanma mintaqasida 10 075-o'rinni egallagan.

📊 Auditoriya ko‘rsatkichlari va dinamika

невідомо sanasidan buyon loyiha tez o‘sib, 12 528 obunachiga ega bo‘ldi.

18 Iyun, 2026 dagi oxirgi ma’lumotlarga ko‘ra kanal barqaror faollikka ega. Oxirgi 30 kunda obunachilar soni -276 ga, so‘nggi 24 soatda esa -19 ga o‘zgardi va umumiy qamrov yuqori darajada qolmoqda.

  • Tasdiqlash holati: Tasdiqlanmagan
  • Jalb etish (ER): Auditoriya o‘rtacha 7.29% darajada jalb etiladi. Nashrdan keyingi dastlabki 24 soatda kontent odatda umumiy obunachilar sonining 9.34% ini tashkil etuvchi reaksiyalarni to‘playdi.
  • Post qamrovi: Har bir post o‘rtacha 913 marta ko‘riladi; birinchi sutkada odatda 1 171 ta ko‘rish yig‘iladi.
  • Reaksiyalar va o‘zaro ta’sir: Auditoriya faol: har bir postga o‘rtacha 16 ta reaksiya keladi.

📝 Tavsif va kontent siyosati

Muallif resursni shaxsiy fikrni ifoda etish maydoni sifatida ta’riflaydi:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

Yuqori yangilanish chastotasi (oxirgi ma’lumot 19 Iyun, 2026 da olingan) sababli kanal doimo dolzarb va katta qamrovli bo‘lib qoladi. Analitika auditoriya kontent bilan faol hamkorlik qilishini, uni Yangiliklar & Media toifasidagi muhim ta’sir nuqtasiga aylantirishini ko‘rsatadi.

12 528
Obunachilar
-1924 soatlar
-637 kunlar
-27630 kunlar
Postlar arxiv
ရုရှားအောင်ပွဲနေ့ကိုဒရုန်းဖြင့်တိုက်ခိုက်မည်ဟုယူကရိန်းသမ္မတခြိမ်းခြောက် NOM မေလ၉ရက်နေ့တွင်ရုရှားနိုင်ငံမော်စကိုမြို့ရင်ပြင်နီ၌ကျင်းပမည့်ဒုတိယကမ္ဘာစစ်အောင်ပွဲအခန်းအနားသို့ဒရုန်းများဖြင့်တိုက်ခိုက်မည်ဟုယူကရ်န်းသမ္တဇလင်စကီးကခြိမ်းခြောက်လိုက်သည်။ရုရှားကလည်းယူကရိန်းကတိုပ်ခိုက်လာပါကယူကရိန်းမြို့တော်ကိယက်ဗ်ကိုပြာချမည်ဟုပြန်လည်ခြိမ်းခြောက်ခဲ့သည်။

ပုသိမ်တွင် ဖောကားနှင့်ဆိုင်ကယ်တိုက်မိမှု လူတစ်ဦးသေဆုံး NOM၊မေ၅၊၂၀၂၆ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ဖောကားနှင့်ဆိုင်ကယ်တ
ပုသိမ်တွင် ဖောကားနှင့်ဆိုင်ကယ်တိုက်မိမှု လူတစ်ဦးသေဆုံး NOM၊မေ၅၊၂၀၂၆ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ဖောကားနှင့်ဆိုင်ကယ်တိုက်မိမှုဖြစ်ပွားရာလူတစ်ဦးသေဆုံးခဲ့ပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့‌ေကြာင်းလူမှုကူညီကယ်ဆယ်ရေးအသင်းမှသိရသည်။ ဖြစ်စဉ်မှာပုသိမ်မြို့၊ မြက်တိုရပ်၊ ဘတ်စကားမှတ်တိုင်အနီးတွင် ဧပြီလ ၄ ရက်မွန်းလွဲ ၂ နာရီ ၄၅ မိနစ်က ဖောကားနှင့် ဆိုင်ကယ် တိုက်မိမှု ဖြစ်ပွားခဲ့ရာ ဖောကားမောင်သူ ယာဥ်မောင်းကမောင်းနှင် ထွက်ပြေး သွားသည်။ အခင်းဖြစ်နေရာသို့ ပစ်တိုင်းထောင် လူမှုကူညီကယ်ဆယ်ရေးအသင်းက အရေးပေါ်သူနာတင်ယာဉ်နဲ့ သွားရောက် ပြီး မြို့နယ်မီးသတ်တပ်ဖွဲ့နဲ့အတူ လိုအပ်တဲ့အကူအညီတွေကို လုပ်ဆောင်ပေးခဲ့ကြသည်။ ထိခိုက်ဒဏ်ရာရရှိသည့်လူနာကိုပုသိမ်ပြည်သူ့ဆေးရုံ အရေးပေါ်ဌာနသို့ကူညီပို့ဆောင်ပေးခဲ့ပြီး သေဆုံးသူ ရုပ်အလောင်းကိုပုသိမ်ပြည်သူ့ဆေးရုံ ရေခဲတိုက်သို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ရန်ကုန်စည်ပင် နယ်နိမိတ် ရပ်ကွက်အားလုံးရှိ ဆိုင်ကျူး လမ်းကျူအားလုံးကို ရှင်းလင်းမည် NOM၊မေ၅၊၂၀၂၆ ရန်ကုန်မြို့ပြ စည်ပင်သာယာရေး နယ်နိမိတ်အတွင်း မြို့တော်အင်္ဂါရပ်နှင့် ညီညွတ်စေရန်နှင့် မိုးရာသီတွင် ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရန်အတွက် ရေစီးရေလာ ကောင်းမွန်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်တော့မည် ဖြစ်ပြီး အထူးသဖြင့် ရပ်ကွက်အတွင်းရှိ မြောင်းများပေါ်တွင် ကျူးကျော် ဆောက်လုပ်ထားသည့် အိမ်ခန်းများ၊ ဆိုင်ခန်းများနှင့် လမ်းနယ်နိမိတ်ကို ကျော်လွန်ကာ မြောင်းပေါ်ခွ၍ တိုးချဲ့ဆောက်လုပ်ထားသည့် ဈေးဆိုင်များကို အပြီးသတ် ဖယ်ရှားရှင်းလင်းသွားမည်ဖြစ်‌ကြောင်းရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရသည်။အဆိုပါ ရှင်းလင်းဖယ်ရှားရေး လုပ်ငန်းစဉ်များကို မြို့နယ်စည်ပင်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် လမ်းမှူး၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူးများထံ တိုက်ရိုက်ညွှန်ကြားချက်များ ပေးပို့သွားမည်ဖြစ်ပြီး အောက်ခြေအဆင့်အထိ ကွင်းဆင်းစစ်ဆေးကာ ဖယ်ရှားခိုင်းမည်ဖြစ်သည်။ သတ်မှတ်ထားသည့် ကာလအတွင်း မိမိအစီအစဉ်ဖြင့် ဖယ်ရှားခြင်းမရှိပါက တည်ဆဲဥပဒေများအတိုင်း ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်သည့်အတွက် မိမိတို့နေအိမ်နှင့် ဆိုင်ခန်းများမှ ကျူးကျော်ထားမှုများ ရှိပါက ကြိုတင်ဖယ်ရှားထားကြရန် လိုအပ်‌ ကြောင်းအသိ‌ပေးထားသည်။

မော်လူးမြို့အားပြန်လည်သိမ်းပိုက်စဉ် KIA နှင့် PDF အကြမ်းဖက်‌သောင်းကျန်းသူများ တရားမဝင်လုပ်ကိုင်နေသည့် ဆီခြံများမှ သံဆီပေပါခွံ
+9
မော်လူးမြို့အားပြန်လည်သိမ်းပိုက်စဉ် KIA နှင့် PDF အကြမ်းဖက်‌သောင်းကျန်းသူများ တရားမဝင်လုပ်ကိုင်နေသည့် ဆီခြံများမှ သံဆီပေပါခွံများ၊ ဆီလှောင်ကန်များနှင့မော်တော်ယာဉ်များအားသိမ်းဆည်းရမိ။

KIA နှင့် PDF အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့ ယာယီထိန်းချုပ်ထားသည့် မော်လူးမြို့ကို တပ်မတော်က ၂၀၂၆ ခုနှစ်၊ မေလ ၅ ရက်နေ့ ယနေ့
+9
KIA နှင့် PDF အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့ ယာယီထိန်းချုပ်ထားသည့် မော်လူးမြို့ကို တပ်မတော်က ၂၀၂၆ ခုနှစ်၊ မေလ ၅ ရက်နေ့ ယနေ့၌ ပြန်လည်သိမ်းပိုက် ထိန်းချုပ်ခဲ့သည်။ NOM

မြန်မာနိုင်ငံပြန်ရောက်နေသောအလုပ်သမားများအတွက်ညွှန်ကြားချက်ထုတ် NOM၊မေ၅၊၂၀၂၆ မြန်မာနိုင်ငံသို့ မေလ ၁ ရက်မတိုင်မီ ပြန်လည်ရောက်ရ
မြန်မာနိုင်ငံပြန်ရောက်နေသောအလုပ်သမားများအတွက်ညွှန်ကြားချက်ထုတ် NOM၊မေ၅၊၂၀၂၆ မြန်မာနိုင်ငံသို့ မေလ ၁ ရက်မတိုင်မီ ပြန်လည်ရောက်ရှိနေကြသည့် အလုပ်သမားများတွင် ခွင့်ကာလ ၁ လ အထက် ကျော်သူများ OWIC တွင် ဖော်ပြထားသောနိုင်ငံ နှင့် လုပ်ငန်းခွင်ကွဲလွဲသူများ သည် ခွင့်ကာလ တစ်လကျော်ယူရသည့် အကြောင်းပြချက်နှင့်အထောက် အထားခိုင်လုံစွာတင်ပြရမည်ဖြစ်ကြောင်း အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက အသိပေးထုတ်ပြန်ထားသည်၊

ယူအေအီးနိုင်ငံ၊ ဖူဂျေရာမြို့ရှိ ရေနံနှင့် စက်မှုလုပ်ငန်းဇုန်အား အီရန်က ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့မှုကြောင့် မီးအကြီးအကျယ်
ယူအေအီးနိုင်ငံ၊ ဖူဂျေရာမြို့ရှိ ရေနံနှင့် စက်မှုလုပ်ငန်းဇုန်အား အီရန်က ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့မှုကြောင့် မီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိသည်။ NOM

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းပန်မြို့နယ်အတွင်းအွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာ တွင် အသုံးပြုသည့် အဆောက်အအုံများ၊
+7
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းပန်မြို့နယ်အတွင်းအွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာ တွင် အသုံးပြုသည့် အဆောက်အအုံများ၊ ပစ္စည်းများနှင့် အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်ရာတွင်ပါဝင်ပတ်သက်သူများအား ဖမ်းဆီးရမိ မေ ၄၊ ၂၀၂၆ မြန်မာနိုင်ငံအစိုးရအနေဖြင့် တစ်ကမ္ဘာလုံးကိုအန္တရာယ်ပေးနေသည့် အွန်လိုင်း တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို လိမ်လည်မှုများ၊ အွန်လိုင်းလောင်းကစားမှုများ အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် အလေးထားတိုက်ဖျက် ဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံအတွင်း လုံးဝအခြေမပြုနိုင်ရေးအတွက် ပြည်တွင်းအင်အားစုများအပြင် အိမ်နီး ချင်းနိုင်ငံအစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ အဆိုပါဒုစရိုက်မှု နှိမ်နင်းရေး လုပ်ငန်းများကို တက်ကြွစွာ ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်လျက်ရှိရာ အွန်လိုင်းလိမ်လည်လောင်းကစားမှုများကို လက်ခံနိုင် ခြင်းမရှိသည့် ဒေသခံပြည်သူများ၏ သတင်းပေးပို့မှုများနှင့်အတူ လုံခြုံရေးပူးပေါင်းအဖွဲ့ များက အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူများ ဝင်ရောက်အခြေပြုနေထိုင် ခြင်းမရှိစေရန်အတွက် ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းပန်မြို့နယ် အတွင်း လိုအပ်သည့် စုံစမ်းစစ်ဆေးခြင်းနှင့် ရှာဖွေဖော်ထုတ်ခြင်းများကို လုပ်ဆောင်စဉ် မိုင်းပန်မြို့၏ မြောက်ဘက် ကျိုင်းတောင်း-မိုင်းပန်သွားကားလမ်း၏ အရှေ့ဘက်မီတာ ၂၀၀၀ ခန့်အကွာ၌ တရားမဝင် အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် အဆောက်အအုံများအတွင်း မီးရှို့ဖျက်ဆီးထားသည့် ကွန်ပျူတာများ၊ လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် အလျား ၂၅၀ ပေ နံ ၃၀ ပေရှိ (သွပ်မိုး၊ သွပ်ကာ) အလုပ်ရုံ ၃ ရုံ၊ အလျား ၁၀၀ ပေ အနံ ၃၀ ပေရှိ လူနေတဲ ၈ လုံး၊ All In One ၁ လုံး၊ Laptop ၁၂ လုံး၊ Starlink ၄ လုံး၊ ပါဝါစတေရှင်(အကြီး) ၃ လုံး၊ ပါဝါစတေရှင် (အသေး) ၁ လုံး၊ 200 KV မီးစက်(အကြီး) ၁ လုံး၊ 150 KV မီးစက်(အကြီး) ၁ လုံးနှင့် ဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရမိခဲ့သည်။ ထို့ပြင် နယ်မြေလုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ရှာဖွေ ဖော်ထုတ်မှုများ ဆက်လက်ဆောင်ရွက်ရာ မွန်းလွဲပိုင်းတွင် မိုင်းပန်မြို့၏ မြောက်ဘက် မီတာ ၁၄၀၀၀ ခန့်အကွာ ကျိုင်းတောင်း-မိုင်းပန်သွားကားလမ်းအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သူ “ဝ” လူမျိုး အမျိုးသား ၁ ဦး၊ ရှမ်းလူမျိုး အမျိုးသမီး ၂ ဦး၊ လားဟူလူမျိုး အမျိုးသမီး ၁ ဦးတို့အား ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ပြီး ညနေပိုင်း၌ ၎င်းနေရာ၏ အရှေ့မြောက်ဘက်မီတာ ၆၀၀၀ ခန့်အကွာတွင်လည်း အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်သူ တရုတ်နိုင်ငံသား အမျိုးသား ၅၂ ဦး တို့အား ထပ်မံဖမ်းဆီးရမိခဲ့သောကြောင့် တရားမဝင် အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်သူ စုစုပေါင်း ၅၆ ဦးတို့အား ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့သည်။ အဆိုပါ အွန်လိုင်းလိမ်လည်လောင်းကစားမှုများလုပ်ကိုင်လျက်ရှိသည့် ဖမ်းဆီးရမိသူများအား လိုအပ်သည့် စစ်ဆေးမှုများ ဆောင်ရွက်ပြီးစီးပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး သိမ်းဆည်းရမိသည့် လုပ်ငန်းသုံးပစ္စည်းများအားလုပ်ထုံးလုပ်နည်းများနှင့်အညီဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။ နိုင်ငံတော်အနေဖြင့် အွန်လိုင်းလိမ်လည် လောင်းကစားမှုကျူးလွန်ခြင်းများ ပပျောက်စေရေးနှင့် မြန်မာနိုင်ငံအတွင်း အခြေချလုပ်ကိုင်နိုင်မှု မရှိစေရေးအတွက် အိမ်နီးချင်း နိုင်ငံများ၊ ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတာကာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အွန်လိုင်း လိမ်လည်လောင်းကစားမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို တက်ကြွစွာ ဆက်လက်ဆောင် ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး အိန္ဒိယရေတပ်ဦးစီးချုပ် Admiral Dinesh Kumar Tripathi ဦးဆောင်သောကိုယ်စားလှ
+4
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး အိန္ဒိယရေတပ်ဦးစီးချုပ် Admiral Dinesh Kumar Tripathi ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ မေ ၄၊ ၂၀၂၆

ရေကြောင်းလူငယ်နှင့် လေကြောင်းလူငယ် အခြေခံသင်တန်းများနှင့် တန်းမြင့်သင်တန်းများမှ သင်တန်းသား၊ သင်တန်းသူများ နည်းပြအုပ်ချုပ်သူများ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ မဟာပါသာဏလှိုင်ဂူတော်သို့ သွားရောက်လေ့လာကြည်ညိုသည်။ မေ ၄၊ ၂၀၂၆

🇮🇷 ဟော်မုဇ် ရေလက်ကြား၏ ထိန်းချုပ်မှုနယ်မြေအသစ်အား ကြေညာခြင်း အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ရေတပ်သည် အီရန်အစ္စလာမ်မစ
+1
🇮🇷 ဟော်မုဇ် ရေလက်ကြား၏ ထိန်းချုပ်မှုနယ်မြေအသစ်အား ကြေညာခြင်း အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ရေတပ်သည် အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံ လက်နက်ကိုင်တပ်ဖွဲ့များမှ ထိန်းချုပ်မည့် ဟော်မုဇ် ရေလက်ကြား၏ နယ်မြေအသစ်ကို အောက်ပါအတိုင်း ကြေညာခဲ့သည် တောင်ဘက်မှ: အီရန်နိုင်ငံရှိ မူဘာရက် Mubarak တောင် နှင့် ယူအေအီး (UAE) နိုင်ငံ ဖူဂျေရာ Fujairah မြို့ တောင်ဘက်အကြား ဆက်သွယ်ထားသော မျဉ်းကြောင်း။ အနောက်ဘက်မှ: အီရန်နိုင်ငံ ကွက်ရ်ှမ် Qeshm ကျွန်း အဆုံးနှင့် ယူအေအီး (UAE) နိုင်ငံ အွန်မ်အယ်လ်ကိုဝန်း Umm Al Quwain အကြား ဆက်သွယ်ထားသော မျဉ်းကြောင်း။ NOM

မန္တလေး-ရန်ကုန်အမြန်လမ်းတွင် လေအိတ်ပေါက်ပြီး ကားအောက်တွင်ပိနေသောအမျိုးသားကို အသက်ရှင်လျက်ကယ်ထုတ်နိုင်ခဲ့ NOM၊မေ၄၊၂၀၂၆ မန္တလေး
မန္တလေး-ရန်ကုန်အမြန်လမ်းတွင် လေအိတ်ပေါက်ပြီး ကားအောက်တွင်ပိနေသောအမျိုးသားကို အသက်ရှင်လျက်ကယ်ထုတ်နိုင်ခဲ့ NOM၊မေ၄၊၂၀၂၆ မန္တလေး-ရန်ကုန်အမြန်လမ်းမကြီး၊ မိုင်တိုင်(၃၄၃/၅)တွင်ယနေ့မေလ၄ ရက်နံနက်၁၁နာရီခွဲခန့်က ခရီးသည်တင်ယာဉ်တစ်စီး ကားဘီးပေါက်၍ စပါယ်ယာဘီး လဲလှယ်ရာတွင် လေအိတ်ပေါက်ပြီး ကားအောက်တွင်ပိနေသောအမျိုးသားတစ်ဦးကိုအသက်ရှင်လျက်ကယ်ထုတ်နိုင်ခဲ့သည့်ဟု မီးသတ်မှသတင်းထုတ်ပြန်ထားသည်။ ဖြစ်စဉ်မှာ မန္တလေးမှနေပြည်တော်သို့မောင်းနှင်းလာသောခရီးသည်တင်ယာဉ် တစ်စီးသည်မိုင်တိုင် (၃၄၃/၅)တွင် ကားအလယ်တန်းရှိအတွင်းဘီးပေါက်၍ ကားပေါ်ပါ စပါယ်ယာမှဆင်ပြီး ကားဘီးလဲလှယ်ပြီး ကားဘီးကိုကားရှေ့ရှိစပယ်ယာဘီးထားသည့်နေရာတွင်သွားထား စဉ်လေအိတ်ပေါက်သဖြင့်ကားမှာနိမ့်ကျသွားပြီး စပယ်ယာဘီးမှာမျက်နှာပေါ်သို့ပိခဲ့ကြောင်းသိရသည်။ ကားနှင့် ကျောက်လမ်းကြားတွင် စပါယ်ယာဖြစ်သူညပ်နေကြောင်း သတင်းရရှိသဖြင့်စကားအင်းအမြန်လမ်းမီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ကူညီဆောင်ရွက်ခဲ့ရာ အဆိုပါဖြစ်စဉ်ကြောင့် ညပ်နေသူအမျိုးသားတစ်ဦးကို ရွှေမေတ္တာလူမှုကူညီရေးအသင်းယာဉ်ဖြင့် တံတားဦးမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ ကြောင်းသိရသည်။

ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး မြန်မာ့သင်္ဘောကျင်းလုပ်ငန်း၏ တန်ချိန် ၁၂၀၀၀ ရေလုံလွန်းကျင်းနှင့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင် စက်ဆ
ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး မြန်မာ့သင်္ဘောကျင်းလုပ်ငန်း၏ တန်ချိန် ၁၂၀၀၀ ရေလုံလွန်းကျင်းနှင့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင် စက်ဆန်းသင်္ဘောကျင်းတိုကို သွားရောက်ကြည့်ရှုစစ်ဆေး ရန်ကုန် မေ ၃ ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးသည် ယနေ့ မွန်းလွဲပိုင်းတွင် ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ်ရှိ မြန်မာ့သင်္ဘောကျင်းလုပ်ငန်း၏ တန်ချိန် ၁၂၀၀၀ ရေလုံလွန်းကျင်းနှင့် မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် စက်ဆန်းသင်္ဘောကျင်းတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။ ဦးစွာ မြန်မာ့သင်္ဘောကျင်းလုပ်ငန်း၏ တန်ချိန် ၁၂၀၀၀ ရေလုံလွန်းကျင်းရှိ လွန်းတင်လွန်းချစက်ရုံသို့ ရောက်ရှိရာ ဦးဆောင်ညွှန်ကြားရေးမှူးက ဓာတ်ငွေ့ရည်တင်ရေယာဉ်နှစ်စင်းလွန်းတင်ပြင်ဆင်နေမှု အခြေအနေ၊ ရေယာဉ်များ ဆက်လက်လွန်းတင်နိုင်မှုအခြေအနေနှင့် လှိုင်မြစ်ကမ်းဘေးတွင် အမာခံလွင်ပြင်လွန်းကျင်း ဖော်ထုတ်လုပ်ကိုင်နိုင်မှုအခြေအနေတို့ကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လွန်းတင်ရေယာဉ်များအား စံချိန်စံညွှန်းပြည့်မီစွာ သတ်မှတ်အချိန်မီ လွန်းဆင်းနိုင်ရန်၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး အလေးထားဆောင်ရွက်ရန်၊ ကျွမ်းကျင်လုပ်သားများ ရရှိရေးအတွက် စဉ်ဆက်မပြတ်လေ့ကျင့်ပေးနေရန်၊ ဝန်ထမ်းများ၏ ကျန်းမာရေးအသိပညာတိုးတက်စေရေး အလေးထားဆောင်ရွက်ရန် မှာကြားသည်။ ထို့နောက် ပြုပြင်ရေးအလုပ်ရုံအနီးရှိ အမာခံလွင်ပြင်လွန်းကျင်းတွင် ဆောင်ရွက်လျက်ရှိသော ၇၆ မီတာ အထွေထွေကုန်တင်ကမ်းထိုးရေယာဉ် တည်ဆောက်ခြင်းလုပ်ငန်းခွင်နှင့် ပေ ၁၉၀ ကမ်းရိုးတန်းသွားရေယာဉ်၏ စက်မကြီးတပ်ဆင်ခြင်း လုပ်ငန်းခွင်ကို ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက ရေယာဉ်တည်ဆောက်ပြုပြင်ရာတွင် ကြံ့ခိုင်မှုကောင်းမွန်စေရေးအတွက် ရေးဆွဲထားသည့် ရေယာဉ်ဒီဇိုင်းနှင့်အညီ ဆောင်ရွက်ရန်၊ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက ပေါင်းစပ်ညှိနှိုင်း၍ စစ်ဆေးကြပ်မတ်ရန်၊ အရည်အသွေးစစ်ဆေးခြင်းအား အလေးထားဆောင်ရွက်ရန် မှာကြားသည်။ ယင်းနောက် ပြုပြင်ရေးအလုပ်ရုံတွင် ဖွင့်လှစ်ထားရှိသည့် ဂဟေလေ့ကျင့်ရေးသင်တန်းကျောင်းကို ကြည့်ရှုစစ်ဆေးပြီး မိသားစုဝင်များ အလုပ်အကိုင်အခွင့်အလမ်းရရှိရေးအတွက် သင်တန်းများ တိုးချဲ့ဖွင့်လှစ်ရန်၊ သင်တန်းပြီးဆုံးသည့်အချိန်တွင် အရည်အချင်းစိစစ်အကဲဖြတ်၍ အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးနိုင်ရေး စီစဉ်ဆောင်ရွက်ရန် ပြောကြားသည်။ ဆက်လက်၍ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် စက်ဆန်းသင်္ဘောကျင်းသို့ ရောက်ရှိရာ ဦးဆောင်ညွှန်ကြားရေးမှူးက စက်ဆန်းသင်္ဘောကျင်းဆိုင်ရာ အချက်အလက်များ၊ ရေယာဉ်များ တည်ဆောက်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်မှုအခြေအနေနှင့် ဝင်ငွေရရှိမှုအခြေအနေများ၊ သင်္ဘောကျင်းတွင် လွန်းတင်ပြုပြင်လျက်ရှိသည့် မာန်အောင် (၃) တွန်းဆွဲရေယာဉ်၏ ပြုပြင်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေတို့ကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ရေယာဉ်များ တည်ဆောက်ခြင်းနှင့် ပြုပြင်ခြင်းများ ဆောင်ရွက်ရာတွင် သတ်မှတ်ထားသည့် ရေယာဉ်ဒီဇိုင်း (Design)၊ ကျွမ်းကျင်လုပ်သား (Workmanship) နှင့် အသုံးပြုသည့်ပစ္စည်း (Material) များ စံချိန်စံညွှန်းပြည့်မီစွာ စနစ်တကျတည်ဆောက်ပြုပြင်နိုင်ရေး၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် လိုအပ်သည့် စစ်ဆေးကြပ်မတ်မှုများကို အလေးထားဆောင်ရွက်သွားရန်၊ နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းများအနေဖြင့် ဌာနနှင့် နိုင်ငံတော်ဝင်ငွေတိုးတက်ရရှိစေရေးအတွက် ဈေးကွက်ရှာဖွေ၍ ဆောင်ရွက်သွားရန် ဖြည့်စွက်မှာကြားသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် လွန်းတင်ပြုပြင်လျက်ရှိသည့် မာန်အောင် (၃) တွန်းဆွဲရေယာဉ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

ထို့နောက် ဇင်းမယ်အစီအစဉ်တွင် နိုင်ငံစုံပါဝင်လာရေးအစီအစဉ်နှင့် စပ်လျဉ်း၍ တိုးတက်မှုအခြေအနေများကို ရှင်းလင်းတင်ပြရာ ပြင်ပမှ ရိုက်ခတ်မှုများကြောင့် ပြည်ပငွေပေးငွေယူစာရင်း (Balance of Payments - BOP) တွင် ကာလတိုအခက်အခဲများ ဖြစ်ပေါ်လာပါက အချိန်နှင့်တစ်ပြေးညီ ဖြေရှင်းနိုင်ရန်နှင့် အရေးပေါ်ဘဏ္ဍာငွေဖြည့်တင်းရေးအစီအစဉ် (Rapid Financing Facility) ကို အကောင်အထည်ဖော်နိုင်ရန်အတွက် စတုတ္ထအကြိမ်မြောက် ထပ်မံပြင်ဆင်ခဲ့သည့် ဇင်းမယ်အစီအစဉ်တွင် နိုင်ငံစုံပါဝင်လာရေးဆိုင်ရာ သဘောတူညီချက်ကို လက်မှတ်ရေးထိုးနိုင်ရေးအပေါ် မိမိတို့နိုင်ငံအလိုက် ပြည်တွင်းလုပ်ထုံးလုပ်နည်းများနှင့်အညီ အမြန်ဆုံးအပြီးသတ် ဆောင်ရွက်ရန် အာဆီယံ+၃ ဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများက သဘောတူခဲ့ကြသည်။ ဆက်လက်၍ အာဆီယံ+၃ ဘဏ္ဍာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၏ တိုးမြှင့်ဆောင်ရွက်မှုအဆင့်တစ်ခုအဖြစ် အာရှငွေချေးစာချုပ်စျေးကွက်အစီအစဉ်အား အာရှငွေချေးစာချုပ်နှင့် ငွေရေးကြေးရေးစျေးကွက်အစီအစဉ်သို့ အဆင့်မြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များ၊ သဘာဝဘေးအန္တရာယ်ကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဆုံးရှုံးနိုင်ခြေများအတွက် ဘဏ္ဍာငွေဖြည့်တင်းရေးအစီအစဉ်ဆိုင်ရာ လမ်းပြမြေပုံ (၂၀၂၆-၂၀၂၈) နှင့်စပ်လျဉ်းသည့်ကိစ္စရပ်များ၊ နိုင်ငံဖြတ်ကျော်ဒီဂျစ်တယ်ငွေပေးချေမှုဆိုင်ရာ အခွင့်အလမ်းများ၊ စိန်ခေါ်မှုများနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့်ကိစ္စရပ်များ စသည်တို့အပေါ် အာဆီယံ+၃ ဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများက အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပြီး အတည်ပြုချက်ရယူသည့်ကိစ္စရပ်များအပေါ် အတည်ပြုပေးခဲ့ကြသည်။ ထို့နောက် (၂၉) ကြိမ်မြောက် အာဆီယံ+၃ ဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများ အစည်းအဝေး၏ ပူးတွဲကြေညာချက်ကို အာဆီယံ+၃ ဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများက အတည်ပြုခဲ့ကြကာ (၃၀) ကြိမ်မြောက် အာဆီယံ+၃ ဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများ အစည်းအဝေးကို ၂၀၂၇ ခုနှစ်တွင် ဂျပန်နိုင်ငံ၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

(၂၉) ကြိမ်မြောက် အာဆီယံ+၃ ဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများ အစည်းအဝေးသို မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးဆောင်သည့
(၂၉) ကြိမ်မြောက် အာဆီယံ+၃ ဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများ အစည်းအဝေးသို မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ Virtual စနစ်ဖြင့် တက်ရောက် နေပြည်တော် မေ ၃ ဥဇဘတ်ကစ္စတန်နိုင်ငံ၌ ယနေ့ကျင်းပသည့် (၂၉) ကြိမ်မြောက် အာဆီယံ+၃ ဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများအစည်းအဝေး (29th ASEAN+3 Finance Ministers’ and Central Bank Governors’ Meeting – 29th AFMGM+3) သို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါက်တာခင်နိုင်ဦး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က Video Conferencing ဖြင့် တက်ရောက်ကြသည်။ အစည်းအဝေးတွင် အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့၊ အာရှဖွံ့ဖြိုးရေးဘဏ်နှင့် အာဆီယံ+၃ မေခရိုစီးပွားရေးသုတေသနရုံးတို့မှ ကမ္ဘာလုံးဆိုင်ရာနှင့် ဒေသတွင်းဆိုင်ရာမေခရိုစီးပွားရေးအလားအလာများ၊ အရှေ့အလယ်ပိုင်း၌ ဖြစ်ပွားနေသောအခြေအနေများကြောင့် စွမ်းအင်လုံခြုံရေးဆိုင်ရာ အကျပ်အတည်းများ ဖြစ်ပေါ်နေမှုနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြမှုများအပေါ် အစည်းအဝေးတက်ရောက်လာကြသည့် အာဆီယံ+၃ ဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများက ဒေသတွင်းစိန်ခေါ်မှုများနှင့် မသေချာမရေရာမှုများ မြင့်တက်နေသည့်အခြေအနေများကို ဖြေရှင်းရာတွင် ဘက်စုံပူးပေါင်းဆောင်ရွက်မှုစနစ် (Multilateralism) ကို ထိန်းသိမ်းကာကွယ်ရန်နှင့် ဒေသတွင်းညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို အားကောင်းစေရန် အထူးအလေးထားပါကြောင်း၊ အာဆီယံ+၃ နိုင်ငံများ၏ မေခရိုစီးပွားရေးနှင့် ငွေရေးကြေးရေးတည်ငြိမ်မှုကို ကာကွယ်ရန် မူဝါဒဆိုင်ရာဆွေးနွေးပွဲများ ဆက်လက်ဆောင်ရွက်သွားမည့်အပေါ် အပြည့်အဝထောက်ခံပါကြောင်း၊ ငွေရေးကြေးရေးဈေးကွက်များအတွင်း မတည်ငြိမ်မှုအခြေအနေများနှင့် ဖြစ်ပေါ်လာနိုင်သော အန္တရာယ်များကို အမြဲသတိထားစောင့်ကြည့်နေမည်ဖြစ်ပြီး ပြည်တွင်းအခြေအနေများနှင့် ကိုက်ညီစေရေးအတွက် တုံ့ပြန်ဆောင်ရွက်ရန် အဆင်သင့်ရှိနေပါကြောင်း။ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းများ ဖွင့်လှစ်ပေးထားမည်ဖြစ်ပြီး ကောင်းမွန်စွာ လည်ပတ်နိုင်စေရန်နှင့် ထောက်ပံ့ရေးကွင်းဆက်များကို ခိုင်မာစေရန် ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ပါကြောင်း၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (World Trade Organization) ၏ အခြေခံစည်းမျဉ်းများနှင့်အညီ တန်းတူညီမျှမှုရှိသည့် ပွင့်လင်းမြင်သာသော ဘက်စုံကုန်သွယ်ရေးစနစ်ကို ဆက်လက်အားပေးထောက်ခံပါကြောင်း၊ ယခုကဲ့သို့ မသေချာမရေရာမှုများ မြင့်တက်နေသောကာလများတွင် ဒေသတွင်းတည်ငြိမ်မှုနှင့် ခံနိုင်ရည်ရှိမှုကို ထောက်ပံ့ပေးရာတွင် အာဆီယံ +၃ နိုင်ငံများပူးပေါင်းဆောင်ရွက်မှု၏ အရေးပါမှုကို အလေးထားပါကြောင်း၊ ထို့ပြင် အာဆီယံ+၃ မေခရိုစီးပွားရေးသုတေသနရုံး၏ အကူအညီဖြင့် ဆောင်ရွက်လျက်ရှိသည့် ဇင်းမယ်အစီအစဉ်တွင် နိုင်ငံစုံပါဝင်လာရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဒေသတွင်းငွေရေးကြေးရေးပူးပေါင်းဆောင်ရွက်မှုအခန်းကဏ္ဍများကို ဆက်လက်အတည်ပြုပါကြောင်း ဆွေးနွေးကြသည်။ ထိုသို့ဆွေးနွေးရာတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါက်တာခင်နိုင်ဦးက အာဆီယံ+၃ ဒေသတွင်းနိုင်ငံများ၏ စီးပွားရေးတိုးတက်မှုနှုန်း သည် ၂၀၂၆ ခုနှစ်တွင် ငွေကြေးဖောင်းပွမှုနှုန်း လျော့နည်းလာမှုနှင့်အတူ တည်ငြိမ်သော စီးပွားရေးတိုးတက်မှုနှုန်းဖြင့် စတင်နိုင်ခဲ့သော်လည်း လက်ရှိတွင် ကမ္ဘာ့နိုင်ငံရေးတင်းမာမှုများနှင့် စွမ်းအင်စျေးနှုန်းမတည်ငြိမ်မှုများကြောင့် စီးပွားရေးတိုးတက်မှုတွင် မသေချာမရေရာမှုများတိုးလာနိုင်ပါကြောင်း။ ထို့ကြောင့် စွမ်းအင်လုံခြုံရေးသည် မေခရိုစီးပွားရေးဆိုင်ရာ တည်ငြိမ်မှုအတွက် အရေးပါသော အချက်တစ်ခုဖြစ်လာပြီး ဒေသတွင်း စွမ်းအင်ပူးပေါင်းဆောင်ရွက်မှုများနှင့် ရေရှည်တည်တံ့သောဘဏ္ဍာငွေဖြည့်ဆည်းမှုများကို တိုးမြှင့်ရန်လိုအပ်ပါကြောင်း၊ ဗဟိုဘဏ်များအနေဖြင့် နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ်စေရန် အမြဲသတိထားရှိ၍ လိုက်လျောညီထွေဖြစ်စေမည့် နိုင်ငံခြားငွေလဲလှယ်နှုန်းမူဝါဒများ ချမှတ်နိုင်ရန်နှင့် အရင်းအနှီးစီးဆင်းမှုကို ထိန်းချုပ်ရန် အရေးကြီးပါကြောင်း၊ နိုင်ငံခြားငွေကြေးဈေးကွက် အားကောင်းခိုင်မာမှုရှိစေရေးနှင့် နိုင်ငံခြားသုံးသီးသန့်ငွေကို မြှင့်တင်ထိန်းသိမ်းခြင်းသည်လည်း အရေးပါပါကြောင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ဒေသတွင်းစီးပွားရေးခိုင်မာတည်ငြိမ်စေရေးအတွက် အာဆီယံ+၃ အဖွဲ့ဝင်နိုင်ငံများနှင့် အတူတကွ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဆွေးနွေးသည်။

ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် ပိုကုန်/သွင်းကုန် လုပ်ငန်းဆောင်ရွက်နေမှု၊ ခရီးသည်ဝင်/ထွက်သွားလာမှု
ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် ပိုကုန်/သွင်းကုန် လုပ်ငန်းဆောင်ရွက်နေမှု၊ ခရီးသည်ဝင်/ထွက်သွားလာမှုအား ကြည့်ရှုစစ်ဆေး မေ ၃၊ ၂၀၂၆ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ လေကြောင်းပို့ကုန်/ သွင်းကုန်ကုန်ပစ္စည်းစစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ပြည်ပခရီးသည် ဝင်/ထွက်သွားလာမှုနှင့် စစ်ဆေးခြင်းလုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။ ဦးစွာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် သွင်းကုန်အစည်းအဝေးခန်းမ၌ အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးနှင့် ပတ်သက်၍ ဌာနဆိုင်ရာများအားလုံးပူးပေါင်းဆောင်ရွက်သွားရန်၊ ပူးပေါင်းအဖွဲ့ဝင်များအနေဖြင့် စစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် တွေ့ရှိရသည့် အားနည်းချက်၊ အားသာချက်များကို လစဉ်ညှိနှိုင်းအစည်းအဝေးပြုလုပ်၍ သုံးသပ်ဆောင်ရွက်သွားရန်နှင့် လုပ်ငန်းတာဝန်များကို အဂတိတရားကင်းရှင်းစွာ စေတနာထား၍ ဆောင်ရွက်ရန် မှာကြားသည်။ ယင်းနောက် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ လေကြောင်းပို့ကုန်/သွင်းကုန် ကုန်ပစ္စည်းစစ်ဆေးမှုနှင့် ပြည်ပခရီးသည် ဝင်/ထွက်သွားလာမှု စစ်ဆေးဆောင်ရွက်နေခြင်းတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။ ထို့နောက် ဒုတိယဝန်ကြီးသည် အကောက်ခွန်ဦးစီးဌာန (ရုံးချုပ်) ဇေယျာသီဟအစည်းအဝေးခန်းမ၌ အကောက်ခွန်ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး ပြည်ပအစည်းအဝေးနှင့် ညီလာခံများ တက်ရောက်ပြီး ပြန်လည်ရောက်ရှိလာသော ဝန်ထမ်းများက ပြည်ပအတွေ့အကြုံများကို ရှင်းလင်းတင်ပြမှုနှင့် အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က လုပ်ငန်းဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းတင်ပြမှုအပေါ် ဒုတိယဝန်ကြီးက လိုအပ်သည်များ မှာကြားဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဟော်မုဇ်ရေလက်ကြားအတွင်း မိုင်းအန္တရာယ်ကင်းစင်သော ဘေးကင်းသည့် လမ်းကြောင်းများ အကြောင်း အချက်အလက်များကို အမေရိကန်က သင်္ဘောများထ
+1
ဟော်မုဇ်ရေလက်ကြားအတွင်း မိုင်းအန္တရာယ်ကင်းစင်သော ဘေးကင်းသည့် လမ်းကြောင်းများ အကြောင်း အချက်အလက်များကို အမေရိကန်က သင်္ဘောများထံ ပံ့ပိုးပေးမည့် 'Project Freedom' စီမံကိန်း — Axios သို့သော်အီရန်က ဒုံးကျည်များဖြင့်ပစ်ခတ်လာပါက? အမေရိကန်က ကျွန်ုပ်တို့နှင့် မဆိုင်ပါ (ကျွန်ုပ်တို့ ပြဿနာမဟုတ်ပါ)။ NOM

အီရန်နိုင်ငံ​၏ ခွင့်ပြုချက်မရဘဲ ဟော်မုဇ်ရေလက်ကြားကို ဖြတ်ရန်ကြိုးပမ်းသည့် သင်္ဘောတစ်စီးကို အီရန်နိုင်ငံက အာရပ်စော်ဘွားများပြည
အီရန်နိုင်ငံ​၏ ခွင့်ပြုချက်မရဘဲ ဟော်မုဇ်ရေလက်ကြားကို ဖြတ်ရန်ကြိုးပမ်းသည့် သင်္ဘောတစ်စီးကို အီရန်နိုင်ငံက အာရပ်စော်ဘွားများပြည်ထောင်စု၊ ဖူဂျေရာမြို့ ကမ်းလွန် ရေမိုင် ၇၈ မိုင်အကွာတွင် သင်္ဘောဖျက်ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ NOM

အမြန်လမ်း၌ ယာဉ်စည်းကမ်းမလိုက်နာသူ ၅၀၀၀ကျော်အား အရေးယူထား NOM၊မေ၃၊၂၀၂၆ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် ၂၀၂၆ခုနှစ် ဇန်နဝါရီလမှ ဧပြီလအထိ ယာဉ်စည်းကမ်းမလိုက်နာသူ ၅၀၀၀ကျော်ကို အရေးယူထားကြောင်း အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှ သိရသည်။ အဆိုပါအရေးယူခံရသူများမှာ သတ်မှတ်ချက်ထက် အရှိန်လွန်မောင်းနှင်သူများကို ဖမ်းဆီးအရေးယူမှုသည်ဇန်နဝါရီလတွင် ၁၄၃၈ဦး၊ ဖေဖော်ဝါရီလတွင်၂၃၆၆ဦး၊ မတ်လတွင်၁၂၃၀ဦးနှင့်ဧပြီလတွင် ၇၇၂ဦး စုစုပေါင်း ၄၈၀၆ဦး ရှိခဲ့‌ပြီးထိုင်ခုံခါးပတ်မပတ်လို့အရေးယူခံရမှုသည် ဇန်နဝါရီလတွင်၈၄ဦး၊ဖေဖော်ဝါရီလတွင်၉၃ဦး၊ မတ်လတွင်၉၉ဦးနှင့် ဧပြီလတွင်၅၅ဦး၊ စုစုပေါင်း ၃၃၁ဦးကို အရေးယူခဲ့‌ကြောင်းသိရသည်။ ထို့အပြင် အမြန်လမ်းပေါ်တွင် ယာဉ်မတော်တဆဖြစ်ပွားမှုအနေဖြင့်၂၀၂၆ခုနှစ် ဇန်နဝါရီလမှ ဧပြီလအထိ ၅၂မှု ဖြစ်ပွားခဲ့ပြီး သေဆုံးသူစုစုပေါင်း ၃၂ဦး၊ ဒဏ်ရာရသူစုစုပေါင်း၆၃ဦးရှိခဲ့‌ေကြာင်းသိရသည်။

သည်ဂါဒီးယန်း သတင်းဌာနရဲ့ ဖော်ပြချက်အရ နေတိုး (NATO) အဖွဲ့ဟာ ရုပ်ရှင်လောကအတွင်း စစ်ရေးဝါဒဖြန့်မှုတွေကို အရှိန်အဟုန်မြှင့် လုပ်
သည်ဂါဒီးယန်း သတင်းဌာနရဲ့ ဖော်ပြချက်အရ နေတိုး (NATO) အဖွဲ့ဟာ ရုပ်ရှင်လောကအတွင်း စစ်ရေးဝါဒဖြန့်မှုတွေကို အရှိန်အဟုန်မြှင့် လုပ်ဆောင်နေတယ် လို့ သိရပါတယ်။ နေတိုး (NATO) ကိုယ်စားလှယ်အဖွဲ့ဟာ ဘရပ်ဆဲလ်၊ လော့စ်အိန်ဂျလိစ်နဲ့ ပဲရစ်မြို့တွေမှာရှိတဲ့ ရုပ်ရှင်လောကမှ ဒါရိုက်တာတွေ၊ ဇာတ်ညွှန်းရေးဆရာတွေ၊ ထုတ်လုပ်သူတွေနဲ့ သုံးကြိမ်တိုင်တိုင် တွေ့ဆုံခဲ့ပါတယ်။ လာမယ့်လမှာလည်း ဗြိတိန်ဇာတ်ညွှန်းရေးဆရာများအသင်းနဲ့ တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။ ဒီလိုတွေ့ဆုံမှုတွေဟာ နေတိုး (NATO) အနေနဲ့ စစ်ရေးဝါဒဖြန့်ရုပ်ရှင်တွေ ထုတ်လုပ်ဖို့ ပြင်ဆင်နေတာဖြစ်တယ်လို့ စွပ်စွဲပြစ်တင်မှုတွေ ထွက်ပေါ်နေပါတယ်။ ဗြိတိန်မှာပြုလုပ်မယ့် အစည်းအဝေးကို ဖိတ်ကြားခံရသူအချို့က ဒါဟာ ဒေါသထွက်စရာကောင်းတဲ့ ကိစ္စဖြစ်ပြီး သိသာလွန်းတဲ့ ဝါဒဖြန့်မှု လို့ ဝေဖန်ခဲ့ကြပါတယ်။ ဖိတ်ကြားစာရရှိသူတွေရဲ့ အဆိုအရ လက်ရှိမှာ စီမံကိန်းသုံးခုကို အကောင်အထည်ဖော် ဆောင်ရွက်နေပြီလို့ သိရပါတယ်။ NOM