uk
Feedback
News Of Myanmar

News Of Myanmar

Відкрити в Telegram

📈 Аналітичний огляд Telegram-каналу News Of Myanmar

Канал News Of Myanmar (@newsofmyanmar) у мовному сегменті Бірманська є активним учасником. На даний момент спільнота об'єднує 12 520 підписників, посідаючи 16 060 місце в категорії Новини і ЗМІ та 10 078 місце у регіоні М'янма.

📊 Показники аудиторії та динаміка

З моменту свого створення невідомо, проект продемонстрував стрімке зростання, зібравши аудиторію у 12 520 підписників.

За останніми даними від 19 червня, 2026, канал демонструє стабільну активність. Хоча за останні 30 днів спостерігається зміна кількості учасників на -278, а за останні 24 години на -10, загальне охоплення залишається високим.

  • Статус верифікації: Не верифікований
  • Рівень залученості (ER): Середній показник залученості аудиторії становить 10.38%. Протягом перших 24 годин після публікації контент зазвичай збирає 9.08% реакцій від загальної кількості підписників.
  • Охоплення публікацій: В середньому кожен допис отримує 1 300 переглядів. Протягом першої доби публікація в середньому набирає 1 137 переглядів.
  • Реакції та взаємодія: Аудиторія активно підтримує контент: середня кількість реакцій на один пост – 16.

📝 Опис та контентна політика

Автор описує ресурс як майданчик для висловлення суб'єктивної думки:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

Завдяки високій частоті оновлень (останні дані отримано 20 червня, 2026), канал підтримує актуальність та високий рівень охоплення публікацій. Аналітика показує, що аудиторія активно взаємодіє з контентом, що робить його важливою точкою впливу в категорії Новини і ЗМІ.

12 520
Підписники
-1024 години
-777 днів
-27830 день
Архів дописів
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) မှ အများပြည်သူ သိရှိနိုင်စေရန် အသိပေးကြေညာခြင်း။ ဧပြီလ ၂
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) မှ အများပြည်သူ သိရှိနိုင်စေရန် အသိပေးကြေညာခြင်း။ ဧပြီလ ၂၉၊ ၂၀၂၆

ဖျာပုံမြို့နယ်‌ေချာင်း၀‌ေကျးရွာတွင်နေအိမ်အလုံး ၇၀ အထိ မီးလောင်ကျွမ်း NOM၊ဧပြီ၂၉၊၂၀၂၆ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်၊ အမာ
ဖျာပုံမြို့နယ်‌ေချာင်း၀‌ေကျးရွာတွင်နေအိမ်အလုံး ၇၀ အထိ မီးလောင်ကျွမ်း NOM၊ဧပြီ၂၉၊၂၀၂၆ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်၊ အမာမြို့နယ်ခွဲ၊ ဒေးဒလူကျေးရွာအုပ်စု၊ ချောင်းဝကျေးရွာမှ နေအိမ်တစ်ခု၏ နောက်ဖေး ထင်းမီးဖို၏မီးကြွင်းမီးကျန်မှမီးလောင်ကျွမ်းမှုဖြစ်ပြီး နေအိမ်အလုံး ၇၀ အထိ မီးလောင်ကျွမ်းခဲ့‌ ကြောင်းမီးသတ်ဦးစီးဌာမှသိရသည်။ ဖြစ်စဉ်မှာဧပြီ ၂၉ ရက်၊ နံနက် ၃ နာရီကျော်က မီးစလောင်ခဲ့ခြင်းဖြစ်ကါမီးသတ်တပ်ဖွဲ့က မိနစ် ၅၀ နီးပါး ငြှိမ်းသတ်ခဲ့ရပြီးမီးလောင်မှုတွင် လူနှင့် တိရစ္ဆာန် ထိခိုက်သေဆုံးမှုမရှိဟုသိရသည်။ ယင်းမီးစတင်လောင်ကျွမ်းသည့်နေအိမ်၏အိမ်ရှင်ကို နယ်မြေရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် အရေးယူ ထား‌ ကြောင်းသိရသည်။

ဖျာပုံမြို့နယ်‌ေချာင်း၀‌ေကျးရွာတွင်နေအိမ်အလုံး ၇၀ အထိ မီးလောင်ကျွမ်း NOM၊ဧပြီ၂၉၊၂၀၂၆ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်၊ အမာမြို့နယ်ခွဲ၊ ဒေးဒလူကျေးရွာအုပ်စု၊ ချောင်းဝကျေးရွာမှ နေအိမ်တစ်ခု၏ နောက်ဖေး ထင်းမီးဖို၏မီးကြွင်းမီးကျန်မှမီးလောင်ကျွမ်းမှုဖြစ်ပြီး နေအိမ်အလုံး ၇၀ အထိ မီးလောင်ကျွမ်းခဲ့‌ ကြောင်းမီးသတ်ဦးစီးဌာမှသိရသည်။ ဖြစ်စဉ်မှာဧပြီ ၂၉ ရက်၊ နံနက် ၃ နာရီကျော်က မီးစလောင်ခဲ့ခြင်းဖြစ်ကါမီးသတ်တပ်ဖွဲ့က မိနစ် ၅၀ နီးပါး ငြှိမ်းသတ်ခဲ့ရပြီးမီးလောင်မှုတွင် လူနှင့် တိရစ္ဆာန် ထိခိုက်သေဆုံးမှုမရှိဟုသိရသည်။ ယင်းမီးစတင်လောင်ကျွမ်းသည့်နေအိမ်၏အိမ်ရှင်ကို နယ်မြေရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် အရေးယူ ထား‌ ကြောင်းသိရသည်။

ဝိဇ္ဇာအောင် လေးဖက်နာဆေးသည် မှတ်ပုံတင်မရှိသော ဆေးဝါးဖြစ်ကြောင်း ထုတ်ပြန် NOM၊ဧပြီ၂၉၊၂၀၂၆ ဈေးကွက်အတွင်း ရောင်းချလျက်ရှိသော “ဝိဇ
ဝိဇ္ဇာအောင် လေးဖက်နာဆေးသည် မှတ်ပုံတင်မရှိသော ဆေးဝါးဖြစ်ကြောင်း ထုတ်ပြန် NOM၊ဧပြီ၂၉၊၂၀၂၆ ဈေးကွက်အတွင်း ရောင်းချလျက်ရှိသော “ဝိဇ္ဇာအောင်” အမှတ်တံဆိပ် လေးဖက်နာနှင့် အကိုက်အခဲပျောက်ဆေး (ဆေးမှုန့်/ဆေးထုပ်) သည် တိုင်းရင်းဆေးဝါးမှတ်ပုံ တင်ထားခြင်းမရှိသော ဆေးဝါးဖြစ်ကြောင်းကျန်းမာရေးဝန်ကြီး ဌာနကအသိပေး ထုတ်ပြန်ခဲ့သည်။

တိုင်းရင်းဆေး ၆ မျိုးတွင် အနောက်တိုင်းဆေးများပါဝင်သည့် အတွက်မသုံးစွဲရန် ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန် ကျန်းမာရေးဝန်ကြီးဌာနက
တိုင်းရင်းဆေး ၆ မျိုးတွင် အနောက်တိုင်းဆေးများပါဝင်သည့် အတွက်မသုံးစွဲရန် ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန် ကျန်းမာရေးဝန်ကြီးဌာနက ဈေးကွက်အတွင်း ရောင်းချလျက်ရှိသော တိုင်းရင်းဆေးဝါးအချို့တွင် အနောက်တိုင်းဆေးများ ရောနှောပါဝင်နေပြီး စံမညီသည့်တိုင်းရင်းဆေးဝါး ၆ မျိုးကို မသုံးစွဲရန် ကျန်းမာရေးဝန်ကြီးဌာနက အသိပေး ထုတ်ပြန်ခဲ့သည်။

ရန်ကုန်တိုင်းအတွင်း၌ ယနေ့ နေရာကွက်ကျား မိုးရွာခြင်း၊ မိုးကြိုးပစ်ခြင်းများဖြစ်မည်ဟု မိုးလေဝသာပညာရှင်ဦးဝင်းနိုင် ခန့်မှန်း NO
ရန်ကုန်တိုင်းအတွင်း၌ ယနေ့ နေရာကွက်ကျား မိုးရွာခြင်း၊ မိုးကြိုးပစ်ခြင်းများဖြစ်မည်ဟု မိုးလေဝသာပညာရှင်ဦးဝင်းနိုင် ခန့်မှန်း NOM၊ဧပြီ၂၉၊၂၀၂၆ ရန်ကုန်တိုင်းအတွင်း၌ ယနေ့(ဧပြီလ ၂၉ ရက်)တွင်မိုးကြိုကာလ မိုးသက်လေပြင်းအပူရှိန်ပြင်းထန်ရာမှ ဖြစ်ပေါ်လာသော မိုးတိမ်တောင်များကြောင့် နေရာကွက်ကျား မိုးရွာခြင်း၊ မိုးကြိုးပစ်ခြင်းများ ရှိနိုင်သည့်ဟု မိုးလေဝသာပညာရှင်ဦးဝင်းနိုင်က ခန့်မှန်ပြီးသူ၏လူမှုကွန်ယက်စာမျက် နှာတွင်ရေးသားထားကြောင်းသိရသည်။ မိုးရွာနိုင်ခြေ ရှိသည့်နေရာများမှာ ရန်ကုန်မြို့အထက်ပိုင်း အထူးသဖြင့် လှည်းကူး၊ တိုက်ကြီး နှင့် မှော်ဘီဘက်ခြမ်း တွင် မိုးရွာသွန်းနိုင်ခြေ ပိုမိုအားကောင်းနေပြီး မိုးရေချိန် အချက်အလက် (Pop-up box) အရ မိုးရေချိန်သည် 0.80 mm/hr ခန့် ရှိနိုင်ပါသည်။ ၎င်းသည် မိုးဖွဲဖွဲ သို့မဟုတ် မိုးအသင့်အတင့် ရွာသွန်းနိုင်သည့် အခြေအနေဖြစ်သော်လည်း ပုံ၏ အလယ်ဗဟို အရောင်ရင့်သောနေရာများတွင် 2.5 mm မှ 5 mm ဝန်းကျင်အထိ ပိုမိုရွာသွန်းနိုင်သည့်ဟု ရေးသားထားကြောင်းသိရသည်။

တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ လေ့ကျင့်ရေးကျောင်းတွင် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဥ် (၂၂)သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ။ ဧ
+9
တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ လေ့ကျင့်ရေးကျောင်းတွင် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဥ် (၂၂)သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ။ ဧပြီ ၂၉၊ ၂၀၂၆

ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုး ရန်ကုန်မြို့ ရုရှားသံရုံးမှ စီးပွားရေးသံမှူး Mr. Andrei Iunak အား လက်ခံတွေ့ဆုံ ဧပြီ ၂၈၊ ၂
ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုး ရန်ကုန်မြို့ ရုရှားသံရုံးမှ စီးပွားရေးသံမှူး Mr. Andrei Iunak အား လက်ခံတွေ့ဆုံ ဧပြီ ၂၈၊ ၂၀၂၆ အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုးသည် ရန်ကုန်မြို့ ရုရှားသံရုံးမှ စီးပွားရေးသံမှူး Mr. Andrei Iunak အား ယနေ့မွန်းလွဲပိုင်းတွင် အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ် (၁) နေပြည်တော်၌ လက်ခံတွေ့ဆုံသည်။ တွေ့ဆုံစဉ် မြန်မာ-ရုရှား နှစ်နိုင်ငံအကြား အစိုးရအချင်းချင်းနှင့် ပုဂ္ဂလိကကဏ္ဍများတွင် ကုန်သွယ်ရေးနှင့်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ရေး၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးနှင့် လက်ရှိပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ရင်းနှီးမြှုပ်နှံမှုစီမံချက်များ၏ ဖြစ်ပေါ်တိုးတက်မှု အခြေအနေများအပါအဝင် ရှေ့ဆက်လက် ဆောင်ရွက်မည့်လုပ်ငန်းများနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။ တွေ့ဆုံပွဲသို့ အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံသို့ အီသီယိုးပီးယား ဖက်ဒရယ်ဒီမိုကရက်တစ်သမ္မတ မစ္စတာ တေရီ အက်စကီဆီလက်စ်စီထံမှ ဝမ်းမြောက်ကြောင်းသဝဏ်လွှာပေးပို့ ဧပြီ ၂၈၊ ၂၀၂၆ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံရသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံသို့ အီသီယိုးပီးယား ဖက်ဒရယ်ဒီမိုကရက်တစ်သမ္မတ မစ္စတာ တေရီ အက်စကီဆီလက်စ်စီထံမှ ဝမ်းမြောက်ကြောင်းသဝဏ်လွှာပေးပို့သည်။

🇧🇩☢️ ရုရှားနိုင်ငံနှင့် ပူးပေါင်းတည်ဆောက်ထားသော ရုပ္ပူ (Rooppur) နျူကလီးယားဓာတ်အားပေးစက်ရုံ၏ ပထမဆုံး စွမ်းအင်ယူနစ်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက စတင်ဖွင့်လှစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ပထမဆုံး နျူကလီးယားဓာတ်အားပေးစက်ရုံကို စတင်နိုင်ခြင်းသည် နိုင်ငံအတွက် သမိုင်းဝင်ဖြစ်ရပ်တစ်ခုဖြစ်ကြောင်း ရုရှားနိုင်ငံပိုင် ရိုဆက်တမ် (Rosatom) ကုမ္ပဏီအကြီးအကဲက ပြောကြားခဲ့သည်။ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၈ ရက် (မနေ့က) တွင် ရုပ္ပူ နျူကလီးယားဓာတ်အားပေးစက်ရုံ၏ ပထမယူနစ်အတွင်းသို့ နျူကလီးယားလောင်စာ (Uranium) စတင်ထည့်သွင်းခြင်း အခမ်းအနားကို ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ဤအဆင့်ကို "Physical Start-up" ဟု ခေါ်ဆိုပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ကမ္ဘာပေါ်တွင် နျူကလီးယားစွမ်းအင်သုံး လျှပ်စစ်ထုတ်လုပ်သည့် ၃၃ ခုမြောက် နိုင်ငံ ဖြစ်လာခဲ့သည်။ အဆိုပါ စက်ရုံမှ ထွက်ရှိမည့် လျှပ်စစ်ဓာတ်အားကို ၂၀၂၆ ခုနှစ်၊ ဩဂုတ်လခန့်တွင် အမျိုးသားဓာတ်အားလိုင်းသို့ စတင်ဖြန့်ဖြူးပေးနိုင်ရန် မျှော်မှန်းထားသည်။ ဤစီမံကိန်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ သမိုင်းတွင် အကြီးမားဆုံးသော အခြေခံအဆောက်အအုံ စီမံကိန်းတစ်ခု ဖြစ်သည်။ NOM

ပြည်ပနိုင်ငံများတွင် အလုပ်လုပ်ကိုင်လျက်ရှိသည့် မြန်မာနိုင်ငံသားများအနေဖြင့် ခွင့်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်ရာတွင် ဆောင်ရွက်ရမည့်အချက်များ ထုတ်ပြန်ခြင်း ဧပြီလ ၂၈၊ ၂၀၂၆ ၁။ ပြည်ပနိုင်ငံများတွင် အလုပ်လုပ်ကိုင်လျက်ရှိသည့် မြန်မာနိုင်ငံသားများအနေဖြင့် ခွင့်ဖြင့် မြန်မာနိုင်ငံသို့ပြန်လည်ရောက်ပြီး သက်ဆိုင်ရာနိုင်ငံများရှိ လုပ်ငန်းခွင်များသို့ ပြန်လည်ထွက်ခွာခွင့်ပြုပါရန် တရားဝင်ရုံးပိတ်ရက်မပါ ၅ ရက်ကြိုတင်၍ သတ်မှတ်ပုံစံ၊ စာရွက်စာတမ်းအထောက်အထားများနှင့်တကွ လျှောက်ထားလာမှုများအားစိစစ်ပြီး ပြည်ပထွက်ခွာခွင့်များအား Safe Migration Telegram Channel တွင် နေ့စဉ်ထုတ်ပြန်ပေးလျက်ရှိပါသည်။ ၂။ ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာတွင် အချို့အလုပ်သမားအသစ်များသည် ဝန်ကြီးဌာနမှ သတ်မှတ်ထားသော စနစ်တကျစုဆောင်းခြင်း၊ ပြည်ပသို့မထွက်ခွာမီ သင်တန်းတက်ရောက်ခြင်းနှင့် ဆေးစစ်ခံခြင်းလုပ်ငန်းစဉ်များကို ကျော်လွှားနိုင်ရန်အတွက် “ခွင့်ပြန်အလုပ်သမား” အဖြစ် အသွင်ဆောင်ကာ ခွင့်စာအတုများပြုလုပ်၍ ခွင့်ပြန်အလုပ်သမားများအတွက် သတ်မှတ်ထားသောလမ်းကြောင်းကို အလွဲသုံးစားပြု၍ တရားမဝင်ထွက်ခွာရန်ကြိုးစားခြင်းများ တွေ့ရှိရသဖြင့် အလုပ်သမားညွှန်ကြားရေးဦးစီး ဌာနအနေဖြင့် လုံခြုံစိတ်ချရသောရွှေ့ပြောင်းသွားလာမှု ဖြစ်ပေါ်စေရေးနှင့် လူကုန်ကူးခံရမှုအပါအဝင် မလိုလားအပ်သည့် အန္တရာယ်များမဖြစ်ပွားစေရေး စနစ်တကျ စိစစ်ဆောင်ရွက်ပေးလျက်ရှိပါသည်။ ၃။ ထိုသို့စိစစ်ဆောင်ရွက်ရာတွင် နှောင့်နှေးကြန့်ကြာမှုများမရှိစေရေးအတွက် ၂၀၂၆ ခုနှစ်၊ မေလ ၁ ရက်နေ့မှစတင်၍ ပြည်ပနိုင်ငံများမှ ခွင့်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်မည့် အလုပ်သမားများအနေဖြင့် မြန်မာနိုင်ငံသို့မလာရောက်မီ အလုပ်ရှင်၏ခွင့်စာ (Letter of Permission for Leave) ရယူ၍ အောက်ပါအတိုင်း ဆောင်ရွက်သွားရန် အသိပေးကြေညာအပ်ပါသည်- (က) သက်ဆိုင်ရာနိုင်ငံရှိ မြန်မာသံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးများသို့ သွားရောက်၍ ခွင့်စာပြသပြီး ထောက်ခံစာယူဆောင်ရန်၊ (ခ) မြန်မာသံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးများ ဖွင့်လှစ်ထားခြင်းမရှိသည့် နိုင်ငံများအနေဖြင့် အနီးဆုံးနိုင်ငံ သို့မဟုတ် အနီးဆုံးမြို့ရှိ မြန်မာသံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးများသို့သွားရောက်၍ ခွင့်စာပြသပြီး ထောက်ခံစာယူဆောင်ရန်။ ၄။ ခွင့်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်ထွက်ခွာမည့် အလုပ်သမားများအနေဖြင့် Work Permit ၊ ဗီဇာနှင့် ခွင့်စာပါလုပ်ငန်းခွင်နှင့် OWIC ကတ်တွင်ပါရှိသည့် လုပ်ငန်းခွင်မတူညီပါက မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိချိန်တွင် OWIC ကတ်အား အသစ်ပြန်လည်လျှောက်ထားရမည် ဖြစ်ပါသည်။ ၅။ သို့ဖြစ်ပါ၍ ပြည်ပနိုင်ငံများမှ ခွင့်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်ထွက်ခွာမည့် အလုပ်သမားများအနေဖြင့် သက်ဆိုင်ရာအလုပ်ရှင်များထံမှ ခွင့်စာရယူပြီး အပိုဒ် ၃ ပါအတိုင်းဆောင်ရွက်၍ သက်ဆိုင်ရာနိုင်ငံရှိ မြန်မာသံရုံး၏ ထောက်ခံစာနှင့်အတူ ပြည်ပထွက်ခွာခွင့်တင်ပြနိုင်ရေးနှင့် ခွင့်စာအားလိမ်လည်တင်ပြလာပါက ကာလသတ်မှတ်ချက်တစ်ခုဖြင့် ပြည်ပထွက်ခွာခွင့်ပိတ်ပင်ခြင်းနှင့် အမည်မည်းစာရင်း ရေးသွင်းသွားမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန

အမေရိကန် နိုင်ငံကူးလက်မှတ် (PASSPORT) အသစ်တွေမှာ သမ္မတ ထရမ့်ရဲ့ မျက်နှာနဲ့ လက်မှတ်ကို တရားဝင် ထည့်သွင်းတော့မည် အမေရိကန် လွတ်လ
အမေရိကန် နိုင်ငံကူးလက်မှတ် (PASSPORT) အသစ်တွေမှာ သမ္မတ ထရမ့်ရဲ့ မျက်နှာနဲ့ လက်မှတ်ကို တရားဝင် ထည့်သွင်းတော့မည် အမေရိကန် လွတ်လပ်ရေးနေ့ အနှစ် (၂၅၀) ပြည့် အထိမ်းအမှတ်အဖြစ် အကြီးအကျယ် ထုတ်ဝေမှုတစ်ခု ပြုလုပ်ခြင်း ဖြစ်သည်။ NOM

သမ္မတ ထရမ့်က ‘ဂျာမနီနိုင်ငံရဲ့ အဓိပတိ ဖရိုင်းဒရစ် မာ့ဇ် (Friedrich Merz) က အီရန်နိုင်ငံအနေနဲ့ နျူကလီးယားလက်နက် ပိုင်ဆိုင်တာဟာ ပြဿနာမရှိဘူးလို့ ထင်နေတာပဲ။ သူ ဘာတွေပြောနေလဲဆိုတာတောင် သူကိုယ်တိုင် သိရဲ့လား မသိဘူး။ အကယ်၍ အီရန်သာ နျူကလီးယားလက်နက် ပိုင်ဆိုင်သွားခဲ့ရင် တစ်ကမ္ဘာလုံးဟာ ဓားစာခံ ဖြစ်သွားလိမ့်မယ်။ အခြားနိုင်ငံတွေ ဒါမှမဟုတ် အခြားသမ္မတတွေ ဟိုးအရင်ကတည်းက လုပ်ဆောင်သင့်ခဲ့တဲ့ အရာတစ်ခုကို အီရန်နဲ့ပတ်သက်ပြီး ကျွန်တော် အခုပဲ လုပ်ဆောင်နေပြီ။ ဂျာမနီနိုင်ငံရဲ့ စီးပွားရေးနဲ့ အခြားကဏ္ဍတွေမှာ အဆိုးဝါးဆုံး ဖြစ်နေတာဟာ အံ့သြစရာတော့ မဟုတ်ပါဘူး။ သမ္မတ ဒေါ်နယ် ဂျေ ထရမ့်။ NOM

အီရန်နိုင်ငံရဲ့ အဓိပတိခေါင်းဆောင်သစ် မော့ဂျတာဘာ ခါမေနီ (Mojtaba Khamenei) ဟာ အာဏာကို အခိုင်အမာချုပ်ကိုင်ထားပြီး မကြာသေးမီရက်ပိုင်းအတွင်းမှာ သမ္မတ ပီဇက်ရှ်ကီယန် (Pezeshkian) အပါအဝင် အဆင့်မြင့်အရာရှိကြီးတွေနဲ့ လူကိုယ်တိုင် တွေ့ဆုံခဲ့ပါတယ်။ သူဟာ ကိုယ်တိုင်လှုပ်ရှားသွားလာနိုင်ပြီး စိတ်ပိုင်းဆိုင်ရာလည်း ထက်မြက်သူဖြစ်ပေမဲ့ လုပ်ကြံသတ်ဖြတ်မှု သုံးကြိမ်မြောက်ကနေ အသက်ရှင်လွတ်မြောက်လာပြီးနောက်မှာတော့ သူ့ရဲ့မျက်နှာပေါ်မှာ သိသာထင်ရှားတဲ့ အမာရွတ်တစ်ခု ကျန်ရှိနေပါတယ်။ - အီရန်နိုင်ငံခြားရေးဝန်ကြီး NOM

အာဖဂန်တွင်ရေနံတွေ့ရှိ NOM ယူအေအီးနိုင်ငံသည်အာဖဂန်နစ္စတန်နိုင်ငံမြောက်ပိုင်းအမူဒါယာချိုင့်ဝှမ်းတွင်ရေနံတွင်းငါးတွင်းမှရေနံများစတင်ထုတ်ယူနေပြီးတစ်နေ့လျင်စည်ပေါင်းငါးသိန်းအထိထုတ်ယူရန်မျှော်မှန်းထားသည်။

ရုပ်သံတွင်စီးပွါးရေးအောင်မြင်မှုမိန့်ခွန်းပြောသည့်ယူကရိန်းသမ္မတအားလူလိမ်ဟုပြော NOM ယူကရိန်းရုပ်သံတွင်သမ္မတဇလင်စကီးကစီးပွါးရေးအောင်မြင်မှုများအကြောင်းမိန့်ခွန်းပြောနေစဉ်နားမကြားသူများအတွက်လက်ဖြင့်သတင်းပြောပြသူ အမျိုးသမီးကသမ္မတကိုလူလိမ်ဟုလက်ဟန်ဖြင့်ပြောပြခဲ့သည့်အပြင်သင်အလိမ်ခံနေရသည်ဟူသောစာတန်းပါကိုင်ဆောင်ပြသခဲ့သည်။သူမကိုရိုက်ကွင်းမှဖြတ်တောက်ပြသခဲ့ရသည်။

UAE (အာရပ်စော်ဘွားများပြည်ထောင်စု) က OPEC+ အဖွဲ့ကနေ ဘာကြောင့် နှုတ်ထွက်ခဲ့တာလဲ? ရိုးရိုးရှင်းရှင်း သိချင်သူတွေအတွက် အနှစ်ချုပ်ကတော့ - > လက်ရှိမှာ ရေနံဈေးတွေက အရမ်းတက်နေပြီး အမေရိကန်သမ္မတ ထရန့်က ဒါကို လုံးဝသဘောမကျပါဘူး။ သူက ဒီပြဿနာအတွက် ဖြေရှင်းချက်တစ်ခု လိုအပ်နေပါတယ်။ > UAE အနေနဲ့ OPEC အဖွဲ့ကနေ နှုတ်ထွက်လိုက်ခြင်းအားဖြင့် ထုတ်လုပ်မှုကန့်သတ်ချက် (Quotas) တွေအောက်မှာ ရှိမနေတော့ဘဲ ရေနံကို ပိုမိုထုတ်လုပ်ပြီး တင်ပို့နိုင်မှာ ဖြစ်ပါတယ်။ > ဒါက ကမ္ဘာ့ဈေးကွက်အတွင်း ရေနံစီးဆင်းမှုကို တိုးတက်စေပါတယ်။ > ရေနံအထွက်တိုးလာတဲ့အတွက် ကမ္ဘာ့ရေနံဈေးနှုန်းတွေက အနည်းဆုံးတော့ ယာယီအားဖြင့် ပြန်ကျသွားမှာ ဖြစ်ပါတယ်။ > ရေနံဈေးကျတာဟာ ထုတ်လုပ်မှုကို တိုးမြှင့်ပြီး အရှုံးမကာမိနိုင်တဲ့ ဆော်ဒီအာရေဗျလို နိုင်ငံမျိုးတွေအတွက်တော့ ထိခိုက်နစ်နာမှုရှိစေတာမို့ သူတို့ကတော့ စိတ်အနှောင့်အယှက် ဖြစ်ကြပါတယ်။ > အတိုချုပ်ပြောရရင် ဒါဟာ ဟော်မုဇ် ရေလက်ကြား (Strait of Hormuz) ပိတ်သွားခဲ့တဲ့အတွက် ဖြစ်ပေါ်လာတဲ့ ရေနံဈေးနှုန်း အကျပ်အတည်းကို ထရန့်က သူ့ရဲ့နည်းလမ်းနဲ့ စီမံခန့်ခွဲလိုက်တဲ့ အစီအစဉ်ပဲ ဖြစ်ပါတယ်။ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၈ ရက်နေ့ သတင်းထုတ်ပြန်ချက်များအရ UAE (အာရပ်စော်ဘွားများပြည်ထောင်စု) သည် လာမည့် မေလ ၁ ရက်နေ့မှစ၍ OPEC နှင့် OPEC+ မဟာမိတ်အဖွဲ့များမှ နှုတ်ထွက်မည်ဖြစ်ကြောင်း အတည်ပြုထားသည်။ NOM

ပြည်ပနိုင်ငံများတွင် အလုပ်လုပ်ကိုင်လျက်ရှိသည့် မြန်မာနိုင်ငံသားများအနေဖြင့် ခွင့်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်ရာတွင
+1
ပြည်ပနိုင်ငံများတွင် အလုပ်လုပ်ကိုင်လျက်ရှိသည့် မြန်မာနိုင်ငံသားများအနေဖြင့် ခွင့်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်ရာတွင် ဆောင်ရွက်ရမည့်အချက်များ ထုတ်ပြန်ခြင်း။

အာရပ်စော်ဘွားများပြည်ထောင်စု (UAE) ဟာ ရေနံတင်ပို့တဲ့ နိုင်ငံများအဖွဲ့ (OPEC) နဲ့ OPEC+ (မူလ OPEC အဖွဲ့ဝင်နိုင်ငံတွေနဲ့အတူ အဖွဲ့ဝင်မဟုတ်ပေမဲ့ ရေနံအများကြီး ထွက်တဲ့ တခြားနိုင်ငံတွေပူးပေါင်းထားတဲ့ မဟာမိတ်အဖွဲ့ကြီး) အဖွဲ့တွေကနေ လာမယ့် မေလ ၁ ရက်နေ့ကစပြီး နုတ်ထွက်တော့မယ်လို့ သိရပါတယ်။ NOM

ယခုလအတွင်းအစ္စရေးစစ်သား၆ဦးကိုယ့်ကိုကိုယ်သတ်သေ NOM အစ္စရေးသတင်းဌာနHaaretz၏ထုတ်ပြန်ချက်အရယခုလတစ်လအတွင်းကိုယ့်ကိုကိုယ်သတ်သေသွား
ယခုလအတွင်းအစ္စရေးစစ်သား၆ဦးကိုယ့်ကိုကိုယ်သတ်သေ NOM အစ္စရေးသတင်းဌာနHaaretz၏ထုတ်ပြန်ချက်အရယခုလတစ်လအတွင်းကိုယ့်ကိုကိုယ်သတ်သေသွား သောအစ္စရေးစစ်သား၆ဦးအထိရှိလာပြီးစစ်ပွဲစတင်ချိန်မှရေတွက်ပါက၁၀ဦးရှိပြီဖြစ်သည်။ကိုယ့်ကိုကိုယ်သတ်သေမည့်စစ်သားအရေအတွက်တိုးလာနိုင်ကြောင်းသတင်းဌာနကသတိပေးထားသည်။