uk
Feedback

Не попадись на ботовода! Telemetrio знаходить і позначає такі канали мітками 👉 Хочеш бачити мітку, оформляй підписку

News Of Myanmar

News Of Myanmar

Відкрити в Telegram

📈 Аналітичний огляд Telegram-каналу News Of Myanmar

Канал News Of Myanmar (@newsofmyanmar) у мовному сегменті Бірманська є активним учасником. На даний момент спільнота об'єднує 11 422 підписників, посідаючи 16 330 місце в категорії Новини і ЗМІ та 9 947 місце у регіоні М'янма.

📊 Показники аудиторії та динаміка

З моменту свого створення невідомо, проект продемонстрував стрімке зростання, зібравши аудиторію у 11 422 підписників.

За останніми даними від 27 листопада, 2026, канал демонструє стабільну активність. Хоча за останні 30 днів спостерігається зміна кількості учасників на -136, а за останні 24 години на -9, загальне охоплення залишається високим.

  • Статус верифікації: Не верифікований
  • Рівень залученості (ER): Середній показник залученості аудиторії становить 5.67%. Протягом перших 24 годин після публікації контент зазвичай збирає 4.32% реакцій від загальної кількості підписників.
  • Охоплення публікацій: В середньому кожен допис отримує 648 переглядів. Протягом першої доби публікація в середньому набирає 493 переглядів.
  • Реакції та взаємодія: Аудиторія активно підтримує контент: середня кількість реакцій на один пост – 10.

📝 Опис та контентна політика

Автор описує ресурс як майданчик для висловлення суб'єктивної думки:
“News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ”

Завдяки високій частоті оновлень (останні дані отримано 28 листопада, 2026), канал підтримує актуальність та високий рівень охоплення публікацій. Аналітика показує, що аудиторія активно взаємодіє з контентом, що робить його важливою точкою впливу в категорії Новини і ЗМІ.

11 422
Підписники
-924 години
-317 днів
-13630 днів
Архів дописів
အထည်များကို Made in Myanmar ဖြင့် Export တင်ပို့ပြီး နိုင်ငံခြားဝင်ငွေရရှိရေးသည် အရေးကြီးသည့်အတွက် အရည်အသွေးကောင်းမွန်မှုရှိစေရေး စနစ်တကျစစ်ဆေးဆောင်ရွက်သွားရန် ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်း မှာကြား အောက်တိုဘာ ၁၉၊ ၂၀၂၆ စက်ရုံမှထွက်ရှိသော အထည်များကို Made in Myanmar ဖြင့် Export တင်ပို့ပြီး နိုင်ငံခြားဝင်ငွေရရှိရေးသည် အရေးကြီးသည့်အတွက် အရည်အသွေးကောင်းမွန်မှုရှိစေရေး စနစ်တကျ စစ်ဆေးဆောင်ရွက်သွားရန် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်းသည် ယနေ့နံနက်ပိုင်းက အင်းစိန်မြို့နယ် သီရိစန္ဒာအထည်ချုပ်နှင့် အထွေထွေရောင်းဝယ်ရေး သမဝါယမအသင်းလီမိတက်၏ အထည်ချုပ်စက်ရုံကို သွားရောက်ကြည့်ရှုစစ်ဆေးစဉ် စက်ရုံတာဝန်ရှိသူများအား မှာကြားသည်။ ထို့ပြင် နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ပမှ ချည်ဝယ်ယူတင်သွင်းမှုကို လျှော့ချနိုင်ရေး၊ နိုင်ငံခြားငွေ သုံးစွဲမှုလျှော့ချနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ အထည်ချုပ်စက်ရုံများအတွက် လိုအပ်သောချည်ထည်နှင့် ကုန်ကြမ်းများရရှိရေးနှင့် ဝါစက်ရုံ၊ ချည်စက်ရုံများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ အထည်ချုပ်လုပ်ငန်းများ ပုံမှန်လည်ပတ်နိုင်မှသာ စက်ရုံအပေါ် မှီခိုနေသည့်အလုပ်သမား ၇၀၀ ကျော် အလုပ်အကိုင်များ ရရှိမည်ဖြစ်သကဲ့သို့ ကုန်ထုတ်လုပ်မှုများလည်း အဆင်ပြေမည်ဖြစ်ကြောင်း ပြောကြားသည်။ ထိုသို့ သွားရောက်စဉ် စက်ရုံတာဝန်ရှိသူများက စက်ရုံအနေဖြင့် အထည်ချုပ်အလုပ်သမားဦးရေ ၇၀၀ ကျော်ဖြင့် နေ့စဉ်လည်ပတ်ထုတ်လုပ်နိုင်မှု၊ ဂျပန်နိုင်ငံနှင့် ဥရောပနိုင်ငံများသို့ Export တင်ပို့နိုင်မှုအခြေအနေကို ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
19 жовт, 22:23

အထည်များကို Made in Myanmar ဖြင့် Export တင်ပို့ပြီး နိုင်ငံခြားဝင်ငွေရရှိရေးသည် အရေးကြီးသည့်အတွက် အရည်အသွေးကောင်းမွန်မှုရှိစ
အထည်များကို Made in Myanmar ဖြင့် Export တင်ပို့ပြီး နိုင်ငံခြားဝင်ငွေရရှိရေးသည် အရေးကြီးသည့်အတွက် အရည်အသွေးကောင်းမွန်မှုရှိစေရေး စနစ်တကျစစ်ဆေးဆောင်ရွက်သွားရန် ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်း မှာကြား
19 жовт, 22:22

လူငယ်များ၏အနာဂတ်ကို တည်ဆောက်ခြင်းသည် နိုင်ငံတော်၏အနာဂတ်ကို တည်ဆောက်ခြင်းဖြစ်သည့်အတွက် လူငယ်များအနေဖြင့် လူ့အဖွဲ့အစည်းနှင့် နိ
လူငယ်များ၏အနာဂတ်ကို တည်ဆောက်ခြင်းသည် နိုင်ငံတော်၏အနာဂတ်ကို တည်ဆောက်ခြင်းဖြစ်သည့်အတွက် လူငယ်များအနေဖြင့် လူ့အဖွဲ့အစည်းနှင့် နိုင်ငံတော်အကျိုးကို သယ်ပိုးဆောင်ရွက်နိုင်သူများဖြစ်လာစေရေး ကြိုးပမ်းကြရန် ပြည်ထောင်စုဝန်ကြီး ဦးထိန်လင်းပြောကြား   အောက်တိုဘာ ၁၉၊ ၂၀၂၆   လူငယ်များ၏အနာဂတ်ကို တည်ဆောက်ခြင်းသည် နိုင်ငံတော်၏အနာဂတ်ကို တည်ဆောက်ခြင်းဖြစ်သည့်အတွက် လူငယ်များအနေဖြင့် ဘဝရည်မှန်းချက်များကို မှန်ကန်စွာသတ်မှတ်ပြီး လူ့အဖွဲ့အစည်းနှင့် နိုင်ငံတော်အကျိုးကို သယ်ပိုးဆောင်ရွက်နိုင်သူများ ဖြစ်လာစေရေး ကြိုးပမ်းကြရန် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထိန်လင်းက ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ အောင်မြတ်ခန်းမ၌ကျင်းပသည့် လူငယ်စကား ဝိုင်းဆွေးနွေးပွဲ၌ ပြောကြားသည်။   ရည်မှန်းချက်ထား၍ ကြိုးစား   ထို့ပြင် လူငယ်တစ်ဦးချင်းစီ၏ အနာဂတ်သည် နေ့စဉ်လေ့လာသင်ယူသည့် အသိပညာများ၊ ကျင့်သုံးသည့် အလေ့အကျင့်များနှင့် ချမှတ်လိုက်သည့် ဆုံးဖြတ်ချက်များအပေါ် များစွာမူတည်နေကြောင်း၊ ထို့ကြောင့် ငယ်စဉ်ကတည်းက အချိန်ကို တန်ဖိုးရှိစွာအသုံးချခြင်း၊ ရည်မှန်းချက်ထား၍ ကြိုးစားခြင်း၊ အခက်အခဲများကို ဇွဲလုံ့လဖြင့်ရင်ဆိုင်ခြင်းနှင့် မိမိကိုယ်ကို အစဉ် မပြတ်ပြုပြင်တိုးတက်အောင် လေ့လာသင်ယူခြင်းတို့ဖြင့် အလေ့အကျင့်ကောင်းများအဖြစ် မွေးမြူကြ ရမည်ဖြစ်သည့်အပြင် ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တနှင့် ဘောဂဗလတို့ ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်အောင် ကြိုးစားကြရမည်ဖြစ်ကြောင်း၊ တာဝန်ရှိသူများ၊ ဆရာ ဆရာမများနှင့် မိဘပြည်သူများကလည်း လူငယ်များ၏ အရည်အချင်းနှင့် ဝါသနာများကို သိရှိနားလည်ပြီး မှန်ကန်သည့်လမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနိုင်ရေး လမ်းညွှန်ပေးရန်လည်း တိုက်တွန်းပြောကြားခဲ့သည်။   ဆက်လက်၍ တာချီလိတ်မြို့ နယ်မြေခံတပ်နယ်အတွက် MRTV DTH စလောင်း ငါးစုံ၊ CANAL+ ငါးစုံ နှင့် Sky Net DTH ငါးစုံတို့ကိုလည်းကောင်း၊ တာချီလိတ်ခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအတွက် MRTV DTH စလောင်း ငါးစုံ၊ CANAL+ ငါးစုံ၊ Sky Net DTH စလောင်း ငါးစုံနှင့် Myansat DTH စလောင်းငါးစုံတို့ကိုလည်းကောင်း တာဝန်ရှိသူများထံ ပေးအပ်သည်။   အဆိုပါ လူငယ်စကားဝိုင်းဆွေးနွေးပွဲတွင် တာချီလိတ်မြို့ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား ကျောင်းသူများက “လူငယ်နှင့်ဆိုရှယ်မီဒီယာ”၊ “လူငယ် နှင့် အားကစား” ၊ “လူငယ်နှင့်စာရိတ္တ”၊ “လူငယ်နှင့် စာပေ” နှင့် “လူငယ်နှင့်အနာဂတ်” စသည့် ခေါင်းစဉ်များဖြင့် ဆွေးနွေးကြရာ တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြသည်။   ဆွေးနွေးမှုများအပြီးတွင် ပြည်ထောင်စုဝန်ကြီးက ဖျော်ဖြေရေးအဖွဲ့များနှင့် စကားဝိုင်းဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးကြသည့် ကျောင်းသား ကျောင်းသူများကို ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ပြီး ပြခန်းများ ကို ကြည့်ရှုအားပေးသည်။   ထို့နောက် တာချီလိတ်မြို့ မြန်မာ့အသံနှင့်ရုပ်မြင် သံကြား ထပ်ဆင့်လွှင့်စက်ရုံ၏ MRTV, FM, Digital T2, Tx; Room နှင့် CHERRY FM, Tx; Room တို့တွင် ရုပ်မြင်သံကြားနှင့် FM လိုင်းများ ထပ်ဆင့်ထုတ်လွှင့် နေမှု၊ တာဝါတိုင်နှင့် ဂြိုဟ်တုစလောင်းများ တပ်ဆင်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းဆိုင်ရာများ မှာကြားသည်။   မွန်းလွဲပိုင်းတွင် တာချီလိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနတို့မှ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံသည်။   ချီးမြှင့်ငွေများ ပေးအပ်   တွေ့ဆုံစဉ် ဒေသခံတိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုဘဝအရည် အသွေးမြင့်မားလာစေရေးအတွက် ပညာရေး၊ ကျန်းမာရေး၊ လူငယ်ဖွံ့ဖြိုးရေးနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ အသိပညာများအပြင် ဒေသဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုမည့် သတင်းအချက် အလက်များကို မီဒီယာကဏ္ဍမှတစ်ဆင့် မှန်ကန်ပြည့်စုံစွာ ဖြည့်ဆည်းပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန်၊ ပြည်သူ့စာကြည့်တိုက်များ၊ လူထုအခြေပြုဗဟိုဌာနများနှင့် လူထုဆက်ဆံရေးလုပ်ငန်းများကို ထိရောက်စွာ အကောင်အထည်ဖော်ရန်၊ ဒေသအကျိုးပြု အသိပညာပေးလုပ်ငန်းများကို အလေးထား ဆောင်ရွက်ကြရန်မှာကြားကာ ဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာနှင့် ချီးမြှင့်ငွေများ ပေးအပ်သည်။   ဆက်လက်၍ တာချီလိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ကလေးစာဖတ်ခန်း၊ ပြတိုက်ငယ်နှင့် ပြည်သူ့စာကြည့်တိုက်တို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။
19 жовт, 22:22

ဇလင်စကီးကိုခရမ့်တုန့်ပြနါ NOM "ဇလင်စကီးဟာ သူဘာပြောနေလဲဆိုတာတောင် သူကိုယ်တိုင် မသိပါဘူး။ ဇလင်စကီးဆိုတာ ဒီစစ်ပွဲကို ဟိုးယခင်ကတည်းက ပြီးပြတ်အောင် ဖြေရှင်းထားသင့်တဲ့သူပါ။ အခုချိန်မှာတော့ ယူကရိန်းဘက်ကနေ အခြားသူတစ်ယောက်ယောက်က ဝင်ရောက်ဆွေးနွေး စေ့စပ်ပေးရမယ့် အချိန်ရောက်နေပါပြီ" - ဇလင်စကီး၏ "ထရမ့်ဟာ သမိုင်းရဲ့ မှားယွင်းတဲ့ဘက်မှာ ရပ်တည်နေတာ" ဟူသော ပြောကြားချက်အပေါ် ထရမ့်၏ တုံ့ပြန်ပြောဆိုမှု
19 жовт, 15:53

ပီရူးနိုင်ငံရှိ လေယာဉ်ပြေးလမ်းပေါ်တွင် ခရီးသည်တင် Airbus A320 လေယာဉ်တစ်စီး၏ အင်ဂျင်မီးလောင်မှု ဖြစ်ပွား NOM လီမာ (Lima) လေဆိပ်မှ ထွက်ခွာရန် ပြင်ဆင်နေသည့် ခရီးသည်တင် လေယာဉ်၏ အင်ဂျင်အတွင်း ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။ လေယာဉ်ပေါ်ပါ ခရီးသည်များနှင့် လေယာဉ်အဖွဲ့သားများကို အရေးပေါ် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့သည်။
19 жовт, 15:41

ပြင်သစ်တွင်လုယက်သူများက ကါဝါဆကီးဆိုင်ကယ်စတ်ုးမှဆိုင်ကယ်များပါမကျန်လုယက်နေကြသည်။
19 жовт, 15:30
01 лист, ~22:59

ရုရှား၏ AI စနစ်သုံး လေကြောင်းရန်ကာကွယ်ရေး စက်အမြောက် တိုက်ပွဲဝင်ပုံ ပထမဆုံးအကြိမ် ပြသ NOM ယူကရိန်၏ ဒရုန်းများကို ပစ်ခတ်ချေမှုန်းရာတွင် "ပန့်ဆာ" (Pantsir) စနစ်များနှင့် ရွေ့လျားပစ်ခတ်ရေး အဖွဲ့များက အဓိက အသိအမှတ်ပြုခံရလေ့ရှိသော်လည်း Vesti ၏ သတင်းအစီရင်ခံစာတစ်ခုတွင်မူ အရေးပါသော အခြေခံအဆောက်အအုံများကို စောင့်ရှောက်ရန် စစ်ဆင်ရေးတာဝန် ထမ်းဆောင်နေသည့် "စီတာဒယ်လ်" (Citadel) အလိုအလျောက် လေကြောင်းရန်ကာကွယ်ရေး အမြောက်စနစ် သစ်တစ်ခုကို ပြသခဲ့သည်။ အဝေးထိန်းစနစ်သုံး သေနတ်မော်ဂျူး (gun modules) အများအပြားကို ကွပ်ကဲရေးစခန်းတစ်ခုတည်းနှင့် ချိတ်ဆက်ထားပြီး AI (ဉာဏ်ရည်တု) စနစ်က ပစ်မှတ်များကို အလိုအလျောက် ခွဲခြားသိရှိကာ ပစ်ခတ်မှုတစ်ခုချင်းစီအတွက် တွက်ချက်ပေးသည်။ ယင်း၏ အချိန်ကိုက်/အကွာအဝေးကို ပရိုဂရမ်စနစ်ဖြင့် ထိန်းချုပ်နိုင်သော ကြောင့် ကျည်ဆန်အမြောက်အမြား ဆက်တိုက်ပစ်ခတ်ရန် မလိုဘဲ အချက်နည်းနည်းဖြင့် ပစ်မှတ်ကို ထိမှန်စေနိုင်သည်။ ထို့အပြင် ၎င်း၏ တပ်ဖွဲ့ဝင်များ၏ ပြောကြားချက်အရ ၉၉ ရာခိုင်နှုန်း အောင်မြင်မှုနှုန်းရှိပြီး ယူကရိန်၏ FP-5 Flamingo (ဖလမင်းဂိုး) ခရုစ်မဒုံးကျည်အပါအဝင် ပစ်မှတ် ၅၀ ကျော်ကို ပစ်ခတ်ချေမှုန်းနိုင်ခဲ့ကြောင်း သိရသည်။
19 жовт, 15:26

Rolex နဲ့ Louis Vuitton ပြီးနောက်... ပြင်သစ်ဆူပူဆန္ဒပြသူများက Yves Saint Laurent ဆိုင်ကိုလည်း ဖောက်ထွင်းဝင်ရောက် လုယက်ပြီး သယ်နိုင်သမျှ အကုန်သယ်သွားခဲ့သည်။
19 жовт, 13:00

ပြင်သစ်နိုင်ငံတွင် ဆန္ဒပြမှုများ ပုံစံပြောင်းကာ ပစ္စည်းလုယက်မှုများဖြစ်ပွားနေစဉ် မာဆေးလ် (Marseille) မြို့ရှိ Rolex နှင့် Louis Vuitton ဆိုင်များ လုယက်ခံရ။
19 жовт, 12:55

ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လက်ဗရော့ဗ်သည် အီရန်တာဝန်ရှိသူများနှင့် တွေ့ဆုံရန် တီဟီရန်မြို့သို့ ရောက်ရှိလာ ၎င်းသည် အီရန်
ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လက်ဗရော့ဗ်သည် အီရန်တာဝန်ရှိသူများနှင့် တွေ့ဆုံရန် တီဟီရန်မြို့သို့ ရောက်ရှိလာ ၎င်းသည် အီရန်၏ ၆၀ ရာခိုင်နှုန်းအထိ သန့်စင်ထားသော ယူရေနီယမ် (HEU) များကို နိုင်ငံပြင်ပသို့ ရွှေ့ပြောင်း၍ ရုရှားသို့ ပို့ဆောင်ပေးရန် အဆိုပြုချက်တစ်ခု ယူဆောင်လာသည်ဟူသော ကောလာဟလသတင်းများ ထွက်ပေါ်နေသည်။ အပြန်အလှန်အားဖြင့် အမေရိကန်က ပိတ်ဆို့အရေးယူမှုများကို ရုပ်သိမ်းပေးမည်ဖြစ်သည်။ အီရန်သည် ယခင်က ထိုကဲ့သို့ အဆိုပြုချက်ကို ကန့်ကွက်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ဖူးပြီး အနာဂတ် နျူကလီးယား သဘောတူညီချက်၏ အစိတ်အပိုင်းတစ်ခုအနေဖြင့် သန့်စင်ထားသော ယူရေနီယမ်များကို အီရန်နိုင်ငံအတွင်း၌သာ အာနိသင် လျှော့ချ ရမည်ဟု မဆုတ်မနစ် တောင်းဆိုထားသည်။
19 жовт, 12:47

တကယ်တန်းကချင်တွေကိုယ်၌က ပြည်နယ်ကိုမိမိတို့နာမည်ဆက်ပြီးခံလိုရင် ပြည်နယ်တိုးတက်ရာတိုးတက်ကြောင်းတွေကိုဦးဆောင်လုပ်နိုင်ဖို့လိုတယ်။ အခြားဒေသခံလူမျိုးတွေရဲ့တည်ရှိမှုကိုလည်း လေးလေးစားစားနဲ့အသိမှတ်ပြုဖို့လိုမယ်။ မတော်လောဘစိတ်ကိုလည်း ထိမ်းဖို့လိုတယ်။ ဦးစီးဦးဆောင်ကောင်းပြီသဖို့လိုတယ်။ အခြားဒေသခံလူမျိုးတွေရဲ့ အသိမှတ်ပြုဖို့လိုတယ်။ လေးစားခံထိုက်ဖို့လိုတယ်။ မဟုတ်ပဲနဲ့ ငါတို့နာမည် ငါတို့ပဲဆိုင်တယ်။ အခြားဒေသခံတွေကို ကချင်ပြည်မှာလာနေတဲ့ဒုတိယလူမျိုးတွေလိုဆက်ဆံပြီး မြေကျွန်စနစ်လိုဆက်ကြေးကောက် စုဆောင်းရေးဆွဲဖို့လောက်သာကြံနေရင်တော့ ဒီအချိုးမျိုးနဲ့ ရေရှည်မှာအဆိုးဘက်ကိုပဲဦးတည်မှာကတာ့ မြေကြီးလက်ခက်မလွဲပင်။ (Hkun Naung)
19 жовт, 12:41

ကချင်ပြည်လို့ နာမည်ခေါ်တဲ့အတွက် ကချင်ပဲအကုန်ပိုင်တယ်ဆိုတဲ့သဘောထားကို ကချင်တွေ တရားသေဆုတ်ကိုင်ထားသ၍ ဒီပြည်နယ် ဘယ်လိုမှငြိမ်းချမ်းတည်ငြိမ်မှာမဟုတ်ဘူး။ ကချင်တစ်ယောက်ပဲရှိလဲ ကချင်မြေကိုကချင်ပဲပိုင်တယ်ဆိုတဲ့စကားကိုမိမိအနေနဲ့လုံးဝလက်ခံပါတယ်။ ဒါပေမယ့် ကချင်တွေပိုင်ထိုက်တဲ့မြေက ဘယ်မြေတွေလဲဆိုတဲ့နေရာမှာ ဝိဝါဒကွဲပြားစရာအများကြီးရှိပါတယ်။ ကချင်ပြည်နယ်မှာ မြို့ပေါင်း၃၀ရှိတဲ့အထဲမှာ ကချင်နာမည်နဲ့လေးမြို့ပဲရှိတာကိုရောသိကြရဲ့လား။ အဲ့ဒါဘာကြောင့်ဖြစ်နေတာလဲဆိုတာရော စဉ်းစားမိကြရဲ့လား။ ဘာပဲဖြစ်ဖြစ် ကချင်ပြည်လို့နာမည်ခေါ်လို့ လက်ရှိကချင်တပြည်လုံး ကချင်ပဲပိုင်တယ်ဟေ့ဆိုရင်တော့ ဒါဟာ တိုးတိုက်မှုတွေအများကြီးဖြစ်ပေါ်လာနိုင်ပါတယ်။ ဘယ်လို အကြောင်းပြချက်တွေနဲ့ ဒီလိုသဘောထားကိုတရားသေဆုတ်ကိုင်ထားတာလဲဆိုတာကို အများပြည်သူသိအောင် တရားဝင်ချပြမှုတွေရှိသင့်ပါတယ်။ ကချင်ပြည်ကချင်ထက်လူဦးရေများတဲ့ရှမ်းအုပ်စုရှိတယ်။ အခြားတိုင်းရင်းသားတွေလည်းအများကြီးရှိသေးတယ်။ကချင်ပြည်နယ်အဝင် သံလမ်းရိုးတလျှောက်ကနေ ပူတာအိုထိတ်ဖျားထိ သူတို့ရှိတယ်။ ကချင်မြေသီးသန့်လို့ဆိုနိုင်ဖို့ သမိုင်းဆိုင်ရာအထောက်အထားတွေ ယဉ်ကျေးမှုဆိုင်ရာအထောက်အထားတွေ သေချာတဲ့နယ်နိမိတ်သတ်မှတ်မှုဆိုင်ရာ အထောက်အထားတွေအများကြီးလိုအပ်တယ်။ ခက်တာက ကချင်တွေထဲမှာ သမိုင်းပညာရှင်အင်မတန်နည်းတယ်။ ပါးစပ်ရာဇဝင်သမိုင်းသမားတွေပဲများနေတယ်။ လက်တွေ့ သမိုင်းကိုအချက်အလက်နဲ့ သက်သေအထောက်အထားနဲ့ ချပြန်ုင်တဲ့သူမရှိသလောက်ပဲ။ လွန်ခဲ့တဲ့နှစ်၂၀၀လောက်ထက်ပိုသွားရင် ဘာအထောကိအထားမှမရှိသလောက်ပဲ။ ကချင်လို သားရေခွံစာ(Shanhpyi laika)လို့ခေါ်တဲ့စာကလည်း မီးကင်စားလိုက်လို့ပျောက်သွားပြီတဲ့။ အဲ့ဒီရာဇဝင်မျိုးကို ဝ တွေလည်းသုံးတာကြားဘူးတယ်။လက်ရှိ ကချင်စာကိုယ်၌က နှစ်ပေါင်း၁၃၀ပဲရှိသေးတာကြောင်းလည်း သမိုင်းစာပေအထောက်အထားအားနည်းကြတယ်။ ဟုတ်ပြီစာမရှိရင်ရော သမိုင်းမရရှိဘူးလား။ ရှိတယ်။ နန်း မြို့ရိုး အုတ်ကျောင်း သင်္ချိုင်း စတာတွေကနေသမိုင်းခြေရာကောက်လို့ရတယ်။ ဒါမှမဟုတ် စာပေရှိတဲ့ခေတ်ပြိုင်လူမျိုးတွေဆီကနေလေ့လာလို့ရတယ်။ ခက်တာက ကချင်လူမျိုးတွေဟာ အုတ်နဲ့နန်းတည်တဲ့ဓလေ့ရှိသူတွေမဟုတ်ပဲ ရိုးရာအိမ်ဟာသစ်နဲ့သာဆောက်လုပ်ကြတာဖြစ်တဲ့အတွက် နှစ်ပေါင်းရာထောင်ချီကျန်ရစ်နိုင်တဲ့အခြေအနေမရှိခဲ့ကြပေ။ ဒါပေမယ့် ဒါတွေဟာ တည်ရှိခြင်းသမိုင်းကိုပဲအတည်ပြုလို့ရတာဖြစ်ပြီး နယ်မြေခွဲဝေပိုင်ဆိုင်မှုသမိုင်းကိုတော့ ဘယ်လိုမှအတည်ပြုဖို့မဖြစ်နိုင်ကြပါဘူး။ ဒီတော့ ကချင်မြေကို ကချင်ပိုင်တာဟုတ်ပြီ။ ဘယ်ဟာက ကချင်မြေလဲ။ ဘယ်ဟာကရှမ်းမြေလဲ။ ဘယ်ဟာက နာဂမြေလဲ။ ဘယ်ဟာကတိုင်းခန္တီးမြေလဲ ။ ဘယ်ဟာက ဗမာမြေလဲ။ ဒါတွေဟာ အင်မတန်မှရှုပ်ထွေးမှုများလွန်းလှပါတယ်။ ဥပမာ ဗန်မော်။ ဗန်မော်ဟာရှမ်းနာမည်။ ဒါပေမယ့် ကုန်းဘောင်ရာဇဝင်မှာကြ ခရစ်နှစ် ၁၇၅၂မှာ ဗန်မော်ဟာ ဗမာဘုရင်တွေ ဝန်မင်းထားပြီးအုပ်ချုပ်ခဲ့ပါတယ်။ အဲ့ရှေ့မှာလည်း ခေတ်အဆက်ဆက် ရှမ်းစော်ဘွားများသာအုပ်ချုပ်ခဲ့ပါတယ်။ ၁၉၄၇မှသာ သူဟာ ကချင်ပြည်နယ်ထဲပါဝင်လာခဲ့ရခြင်းဖြစ်ပါတယ်။ ၁၉၄၇မတိုင်ခင် ခရိုင်၁-၂ နှစ်ခုသာရှိတဲ့ ဗန်မော်နဲ့မြစ်ကြီးနားနှစ်ခုလုံးဟာလည်း ကချင်အုပ်ချုပ်ခဲ့တဲ့သမိုင်းမှတ်တမ်းရှိတဲ့မြို့တွေမဟုတ်ပါဘူး။ ကချင်ပြည်နယ်ဘယ်လိုဖြစ် ပေါ်လာသလဲ။ 1947 အခြေခံဥပဒေမှာ ခွဲထွက်ခွင့်ဘာကြောင့်ဆုံးရှုံးရသလဲ။ 1947မတိုင်မှီ ကချင်တွအုပ်ချုပ်တဲ့နယ်နိမိတ်တွေကဘယ်နေရာတွေလဲ။ ဒါကို ကချင်တွကိုယ်၌ကလည်းမလေ့လာ။ စံထားလာက်တဲ့မှတ်တမ်းပြုစုမှုမရှိ။ (dai hku da)အဲ့လိုတဲ့ ဆိုတဲ့ပါးစပ်ရာဇဝင်တွေမှာပဲလမ်းဆုံးနေကြပြီး ဒါကိုပဲသားစဉ်မြေးဆက် လက်ဆင့်ကမ်းနေကြတာဟာ မှန်ကန်တဲ့နည်းလမ်းတွေတော့မဟုတ်ပေ။ ဒါကိုကချင်တွေအနေနဲ့ နားခါးကောင်းနားခါးလိမ့်မည်။ သို့သော်လည်းအမှန်တရားပင်ဖြစ်သည်။ တချို့ကလည်း ဂျပန်ကိုတိုက်ထုတ်ခဲ့တဲ့အတွက် ကချင်တွေပိုင်ထိုက်တယ်လိုဆိုတဲ့အယူအဆမျိုးလည်းရှိသေးသည်။ သည်လိုဆိုရင် ယခု ကချင်တွေကိုအခြားတမျိုးမျိုးကပြန်တိုက်ထုတ်ရင်ရော သူတို့နိုင်ရင်သူတို့ပိုင်သွားမှာလား မေးခွန်းထုတ်စရာကောင်းသည်။ လက်နက်ကိုင် နိုင်သူပိုင်ကြေးဆိုတဲ့အယူအဆက မှန်ကန်တဲ့လမ်းကြောင်းမဟုတ်ပေ။ မိမိကတော့ အောက်ပိုင်းကတက်လာလို့ နန့်စီးအောင်အဝင်မှာ ကချင်ပြည်နယ်မှကြိုဆိုပါ၏ဆိုတဲ့မုဒ်ဦးကြီးကိုတွေ့တိုင်း ငါတို့ပြည်နယ်ရောက်ပြီဟေ့ဆိုပြီး ကြည်နူးတက်သူပါ။ ကချင်ပြည်ကို ငါတို့ကချင်ပြည်လို့ပဲခေါ်ရတာအရသာတွေ့သူပါ။ ဒါပေမယ့်တဖက်မှာ ကချင်ပြည်လာရင် ကချင်တွေကိုဆက်ကြေးပေးရမယ်ဆိုတာမျိုးကိုတော့ တူးတူးခါးခါးကိုမုန်းသူတစ်ယောက်လည်းဖြစ်ပါတယ်။ ဒီလိုအနိုင်ကျင့်မယ်ဆိုရင် ကချင်ပြည်နယ်ကို ကချင်ပြည်လို့ခေါ်မယ့်အစား အခြားအမည်ပြောင်းဖို့ရှေ့ဆုံးကထောက်ခံသူမှာ မိမိပါ ပါလိမ့်မယ်။
19 жовт, 12:41

ပြင်သစ်နိုင်ငံ၌ ဆူပူမငြိမ်မသက် များ ဖြစ်ပွားခဲ့သည့် ညတစ်ညအပြီးတွင် အမျိုးသားတစ်ဦးသည် လမ်းပေါ်မှ ROLEX နာရီသစ်တစ်လုံး ကောက်ရခဲ့သည်။
19 жовт, 12:32

အမှတ်(၂)သံမဏိစက်ရုံ(ပင်းပက်)၌ ရိုမက်နည်းပညာသုံးသံရည်ကျိုမီးဖိုအလုပ်ရုံကို ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ ထောက်ပံ့ကူညီမှုဖြင့် ဆော
အမှတ်(၂)သံမဏိစက်ရုံ(ပင်းပက်)၌ ရိုမက်နည်းပညာသုံးသံရည်ကျိုမီးဖိုအလုပ်ရုံကို ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ ထောက်ပံ့ကူညီမှုဖြင့် ဆောင်ရွက်သွားမည် အောက်တိုဘာ ၁၈၊ ၂၀၂၆ အမှတ်(၂) သံမဏိစက်ရုံ(ပင်းပက်)တွင် ရိုမက်နည်းပညာသုံးသံရည်ကျိုမီးဖိုအလုပ်ရုံကို ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ ထောက်ပံ့ကူညီမှုဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရိုမက်နည်းပညာသုံးသံရည်ကျိုမီးဖိုလည်ပတ်နိုင်ရေးနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးမှသိရသည်။ အဆိုပါညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် အဆိုပါစက်ရုံ၌ကျင်းပခဲ့ပြီး အစည်းအဝေးတွင် စက်မှုနှင့်အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက သံရည်ကျိုမီးဖိုအလုပ်ရုံကို ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ ထောက်ပံ့ကူညီမှုဖြင့် ဆောင်ရွက်သွားမည်ဖြစ်၍ TPE ကုမ္ပဏီနှင့်ချုပ်ဆိုမည့် စာချုပ်ဆိုင်ရာအချက်အလက်များကို စနစ်တကျစိစစ်ဆောင်ရွက်သွားရန်၊ စာချုပ်တွင် စီမံကိန်း၌ပြီးစီးထားသည့် အလုပ်ရုံများကို အသိအမှတ်ပြုလက်ခံနိုင်ရေး၊ ဆောင်ရွက်ရမည့်နယ်ပယ်အလိုက် အချိန်ကာလနှင့်တန်ဖိုးသတ်မှတ်ရေး၊ လုပ်ငန်းစဉ်များပြီးဆုံးပါက ရရှိမည့်ရလဒ်နှင့်တာဝန်ယူရမှုတို့ကို ပြည့်စုံအောင်ဖော်ပြပါရှိရေး တာဝန်ရှိသူများကပေါင်းစပ်ဆောင်ရွက်ရန်၊ စီမံကိန်းလုပ်ငန်းများဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် ပြည်ပကျွမ်းကျင်ပညာရှင်၏ စစ်ဆေးခဲ့သည့်အစီရင်ခံစာနှင့်စာချုပ်မူကြမ်းတို့ကို တိုက်ဆိုင်စစ်ဆေးရန်၊ သံစိမ်းထုတ်လုပ်မှု၊ အရည်အသွေး၊ ဆက်တိုက်လည်ပတ်နိုင်မှုနှင့် ကုန်ကြမ်းသုံးစွဲမှုနှုန်းထားများကို တိကျစွာသတ်မှတ်ရန်နှင့်တာဝန်ယူမှုတို့ကိုပါ ညှိနှိုင်းရန် တာဝန်ရှိသူများအား မှာကြားသည်။ ထို့ပြင် ညွှန်ကြားရေးမှူးချုပ်၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ အထွေထွေမန်နေဂျာများက သံရည်ကျိုမီးဖိုလည်ပတ်နိုင်ရေးအတွက် ဆောင်ရွက်မည့်အစီအမံများတင်ပြမှုအပေါ် လုပ်ငန်းဆိုင်ရာများမှာကြားသည်။ ဆက်လက်၍ စွန့်ပစ်အပူသုံးလျှပ်စစ်ဓာတ်အားပေးအလုပ်ရုံ၌ စက်ရုံရှိဝန်ထမ်းများ၊ ပြည်တွင်း/ပြည်ပမှကျွမ်းကျင်ပညာရှင်များပူးပေါင်း၍ စက်ပစ္စည်းများစစ်ဆေးခြင်း၊ စက်တပ်ဆင်ရေးလုပ်ငန်းများဆောင်ရွက်မည့်အခြေအနေကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းဆိုင်ရာများမှာကြားသည်။ ယမန်နေ့ညနေပိုင်းကလည်း အမှတ်(၂)သံမဏိစက်ရုံ(ပင်းပက်) စက်ရုံရိပ်သာ၌ စွန့်ပစ်အပူသုံးလျှပ်စစ် ဓာတ်အားပေးစက်ရုံလည်ပတ်နိုင်ရေးအတွက် စက်ပစ္စည်းများစစ်ဆေးခြင်း၊ တပ်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေသည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ TPE နှင့် IED ကုမ္ပဏီတို့မှ ကျွမ်းကျင်ပညာရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ ထို့အတူ TPE ကုမ္ပဏီမှ ကိုယ်စားလှယ်နှင့်တာဝန်ရှိသူများကိုတွေ့ဆုံပြီး သံရည်ကျိုမီးဖိုအား ဘေးကင်းလုံခြုံစွာလည်ပတ်၍ အရည်အသွေးမီသံစိမ်းများ တည်ငြိမ်စွာထုတ်လုပ်နိုင်ရေး၊ စက်ပစ္စည်းများကိုင်တွယ်ထိန်းသိမ်းမောင်းနှင်ရေးနှင့် ရေရှည်ထုတ်လုပ်မှုလုပ်ငန်းများဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည့်အခြေခံစနစ်များတည်ဆောက်နိုင်ရေး၊ သံရည်ကျိုမီးဖိုအလုပ်ရုံလည်ပတ်နိုင်ရေးအတွက် ဆောင်ရွက်ရမည့်လုပ်ငန်းနယ်ပယ်နှင့်လုပ်ငန်းစဉ်များ၊ သံရည်ကျိုမီးဖိုရှိစက်ပစ္စည်းများစစ်ဆေးခြင်း၊ စက်တပ်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်မည့်လုပ်ငန်းများအား အချိန်ဇယားများရေးဆွဲ၍ သတ်မှတ်အချိန်အတွင်း ပြီးစီးအောင်ဆောင်ရွက်ရေးတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။
19 жовт, 12:29

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲတို့တွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့
၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲတို့တွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား ကျောင်းသူများ ဗီယက်နမ်နိုင်ငံသို့ သွားရောက်လေ့လာ အောက်တိုဘာ ၁၈၊ ၂၀၂၆ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲတို့တွင် တစ်နိုင်ငံလုံးဘာသာတွဲအလိုက်အမှတ်အများဆုံးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား ကျောင်းသူ ၃၆ ဦးနှင့်အုပ်ချုပ်သူများကို နိုင်ငံတော်အစီအစဉ်ဖြင့် ပြည်ပလေ့လာရေးခရီးစဉ် စေလွှတ်ခဲ့ရာ အောက်တိုဘာ ၁၆ ရက် ညနေပိုင်းက ထိုင်းနိုင်ငံသုဝဏ္ဏဘူမိအပြည်ပြည်ဆိုင်ရာလေဆိပ်မှ လေကြောင်းခရီးစဉ်ဖြင့်ထွက်ခွာကြပြီး ဗီယက်နမ်နိုင်ငံသို့ ရောက်ရှိကြသည်။ ယမန်နေ့ နံနက်ပိုင်းတွင် ထူးချွန်ကျောင်းသား ကျောင်းသူများသည် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့မှ ဟာလောင်းမြို့သို့ထွက်ခွာကြကာ ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခြင်းခံထားရသည့် Halong Bay သို့ရောက်ရှိပြီး အပျော်စီးသင်္ဘောဖြင့် လေ့လာကြည့်ရှုကြသည်။ လေ့လာစဉ်သဘာဝအတိုင်းလှပသော ထုံးကျောက်လိုဏ်ဂူဖြစ်သည့် Thien Cung Cave အတွင်းရှိ ထုံးကျောက်တန်းများ၊ ကျောက်စက်ပန်းဆွဲများနှင့် ကျောက်စွယ်ကျောက်နံရံများ၏ သဘာဝအလှတရားများနှင့် ထူးခြားသည့်ရှုခင်းများ၊ Lu Huong ကျွန်းနှင့် Couple ကျွန်းများ၏ သဘာဝထုံးကျောက်တောင်ဖြစ်တည်ပုံများ၊ ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းရေးနည်းလမ်းများ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာများနှင့် သဘာဝပင်လယ်ကမ်းခြေရှုခင်းများကို စိတ်ပါဝင်စားစွာလေ့လာကြသည်။ ညနေပိုင်းတွင် ဟနွိုင်းမြို့ရှိ ဗီယက်နမ်နိုင်ငံ၏ ပထမဆုံးတက္ကသိုလ်ဖြစ်ခဲ့သည့် Temple of Literature ကို ရောက်ရှိပြီး ယူနက်စကိုအသိအမှတ်ပြု ကျောက်လိပ်ကြီးများ၏ ကျောပေါ်တွင် စိုက်ထူထားသည့် ကျောက်စာတိုင်များနှင့် ဗီယက်နမ်ပညာရေးဆိုင်ရာ သမိုင်းဝင်အမွေအနှစ်များ၊ ရှေးဟောင်းဗိသုကာလက်ရာများ၊ သမိုင်းဝင်အမွေအနှစ်များကို ခေတ်မီဒီဂျစ်တယ်နည်းပညာများ အသုံးပြုပြင်ဆင်ထားသည့် 3D ကျောက်စာများကို လေ့လာခဲ့ကြသည်။ ယနေ့နံနက်ပိုင်းတွင် ထူးချွန်ကျောင်းသား ကျောင်းသူများသည် ဗီယက်နမ်နိုင်ငံ၏ သမိုင်းဝင် အထိမ်းအမှတ်နေရာဖြစ်သည့် ဟိုချီမင်းပြတိုက်သို့ရောက်ရှိပြီး ဟိုချီမင်း၏ ဘဝဇာတ်ကြောင်း အတ္ထုပ္ပတ္တိ၊ လွတ်လပ်ရေးလှုပ်ရှားမှု သမိုင်းစာရွက်စာတမ်းများနှင့် မှတ်တမ်းဓာတ်ပုံများ၊ ရှေးဟောင်းပစ္စည်းများ၊ ကိုယ်ပိုင်အသုံးအဆောင်ပစ္စည်းများနှင့် သမိုင်းဝင်ပစ္စည်းများ၊ လွတ်လပ်ရေးအတွက်တိုက်ပွဲဝင်ခဲ့ကြသည့် စစ်သည်များ၏ စစ်ဝတ်စုံ၊ အသုံးအဆောင်များနှင့် လက်နက်ငယ်များ ပြသထား သည့်ပြခန်းများကို ကြည့်ရှုလေ့လာကြသည်။ ထို့ပြင် One Pillar Pagoda ရှေးဟောင်းဗုဒ္ဓဘာသာဘုန်းကြီးကျောင်း၊ Ba Dinh ရင်ပြင်နှင့် ဟိုချီမင်းဂူဗိမာန်၊ ဗီယက်နမ်နိုင်ငံ၏ ရှေးဟောင်းယဉ်ကျေးမှု၊ ပထဝီဝင်နှင့်သမိုင်းဆိုင်ရာ အထောက်အထားများ ခိုင်မာစွာကျန်ရှိနေသည့် UNESCO ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခြင်းခံထားရသော Imperial Citadel of Thang Long ရှေးဟောင်းနန်းတော်၊ Vietnam Military History Museum နှင့် ဗီယက်နမ်၏ ရှေးအကျဆုံးနှင့် အထင်ကရရိုးရာပိုးထည်ထုတ်လုပ်ရာ ကျေးရွာကြီးဖြစ်သည့် Van Phuc Silk Village တို့သို့ ရောက်ရှိကြပြီး ဗီယက်နမ်နိုင်ငံ၏သမိုင်းကြောင်းများ၊ နိုင်ငံရေး၊ယဉ်ကျေးမှုနှင့်ရှေးဟောင်းဗိသုကာအမွေအနှစ်များ၊ သမိုင်းဝင်တိုက်လေယာဉ်များ၊ တင့်ကားများ၊ စစ်ဆင်ရေးမြေပုံများ၊ ပြင်ပကွင်းပြင်မှ စစ်လက်နက်ကြီးများ၊ ခေတ်မီ 3D မာလ်တီမီဒီယာပြခန်းများ၊ ပိုးကောင်မွေးမြူခြင်း၊ ပိုးအိမ်မှပိုးမျှင်ထုတ်ယူခြင်း၊ ပိုးချည်ဆိုးဆေးဆိုးခြင်းမှစ၍ ရှေးဟောင်းသစ်သားရက်ကန်းစင်များနှင့် ခေတ်မီရက်ကန်းစက်များဖြင့် ပိုးထည်ရက်လုပ်နေပုံအဆင့်ဆင့်ကို ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
19 жовт, 12:27

ဆိုင်ကယ်သမားက ရဲစစ်ဆေးရေးကို ရှောင်တိမ်းပြီး ထွက်ပြေး — ဇနီးဖြစ်သူမှာ ဆိုင်ကယ်ပေါ်မှ ပြုတ်ကျကျန်ရစ်ခဲ့ အိန္ဒိယနိုင်ငံတွင် အမျိုးသားတစ်ဦးက အရှိန်ပြင်းပြင်းဖြင့် မောင်းနှင်ထွက်ပြေးစဉ် ဇနီးဖြစ်သူမှာ လမ်းပေါ်သို့ ပြုတ်ကျသွားခဲ့ခြင်းဖြစ်သည်။ ရဲအရာရှိများက သူမထံ အပြေးအလွှား သွားရောက်ကူညီခဲ့ကြသည်။
19 жовт, 12:21

ပြင်သစ်နိုင်ငံတွင် ဆူပူမငြိမ်မသက်မှုများဖြစ်နေသော်လည်း ၎င်းတို့၏ သာယာကောင်းမွန်သော ညချမ်းအချိန်လေးကို လုံးဝ အပျက်မခံကြသည့် စုံတွဲတစ်တွဲ။
19 жовт, 12:13

- ပြည်သူ့စစ်မှုထမ်းဥပဒေမှ ကင်းလွတ်ခွင့်ရသူများ - ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့က ပြည်သူ့စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့
- ပြည်သူ့စစ်မှုထမ်းဥပဒေမှ ကင်းလွတ်ခွင့်ရသူများ - ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့က ပြည်သူ့စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ပြုသူများ - ပြည်သူ့စစ်မှုထမ်းဥပဒေမှ ယာယီရွှေ့ဆိုင်းနိုင်သူများ - ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့က ပြည်သူ့စစ်မှုထမ်းဆောင်ရမည့်ကာလ ရွှေ့ဆိုင်းခွင့်ပြုသူများ - ပြည်သူ့စစ်မှုထမ်းဥပဒေမှ လျှော့ပေါ့ခွင့်ပြုသူများ
19 жовт, 11:53

ကြီးမားသော ခြိမ်းခြောက်မှုများနှင့် လျှော့နည်းသွားသည့် လက်နက်အရန်အင်အား - အမေရိကန်စစ်တပ်၏ စွမ်းအားအမြင့်ဆုံး ဗုံးများ ကုန်ခမ်
ကြီးမားသော ခြိမ်းခြောက်မှုများနှင့် လျှော့နည်းသွားသည့် လက်နက်အရန်အင်အား - အမေရိကန်စစ်တပ်၏ စွမ်းအားအမြင့်ဆုံး ဗုံးများ ကုန်ခမ်းလုနီးပါးဖြစ်နေ ဒေါ်နယ်ထရမ့်သည် အီရန်၏ စွမ်းအင် အခြေခံအဆောက်အအုံများနှင့် နျူကလီးယား စက်ရုံ/စခန်းများကို အသစ်တစ်ဖန် ပြန်လည်တိုက်ခိုက်ရန် စဉ်းစားရာတွင် "ဗုံးအားလုံး၏ မိခင်" (mother of all bombs) ဟု နာမည်ပြောင်ပေးထားသည့် ပေါင် ၂၁,၀၀၀ လေးသော GBU-43/B MOAB ဗုံးကို အသုံးပြုရန် စစဉ်းစားနေကြောင်း သတင်းများထွက်ပေါ်နေစဉ် ပင်တာဂွန်စစ်ဌာနချုပ်၏ စွမ်းအားအမြင့်ဆုံး မြေအောက်ထိုးဖောက် ဗုံးများ လက်ကျန်အရန်အင်အားမှာ စိုးရိမ်ဖွယ်ရာ နည်းပါးလျက်ရှိသည်။ မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးစင်တာ (CSIS) ၏ သုံးသပ်ချက်အရ အမေရိကန်တွင် နက်ရှိုင်းစွာ မြှုပ်နှံထားသော ပစ်မှတ်များကို ဖျက်ဆီးရန် ဒီဇိုင်းထုတ်ထားသည့် ပေါင် ၃၀,၀၀၀ လေးသော GBU-57 Massive Ordnance Penetrator ဗုံး လက်ကျန် အရေအတွက်မှာ ဂဏန်းတစ်လုံးတည်း (အလွန်နည်းပါးသော ပမာဏ) သာ ကျန်ရှိတော့ကြောင်း ခန့်မှန်းထားသည်။ ၂၀၂၅ ခုနှစ် ဇွန်လအတွင်း ပြုလုပ်ခဲ့သော Operation Midnight Hammer စစ်ဆင်ရေးတွင် အီရန် နျူကလီးယားစက်ရုံများကို အဆိုပါဗုံး ၁၄ ကြိမ်တိုင်တိုင် သုံးစွဲခဲ့သည်။ ပင်တာဂွန်စစ်ဌာနချုပ်အနေဖြင့် လက်နက်အရန်အင်အား ပြန်လည်ဖြည့်တင်းရန် ဒေါ်လာ ၁၂၃ သန်း ပြန်လည်ခွဲဝေချထားသော်လည်း ဗုံးအသစ်များ ရောက်ရှိလာရန် နှစ်ပေါင်းများစွာ ကြာမြင့်မည်ဖြစ်သည်။ "ဗုံးအားလုံး၏ မိခင်" ဟု ခေါ်ဆိုသော ဗုံးမှာမူ ပို၍ပင် ရှားပါးသည်။ အမေရိကန်သည် GBU-43/B ဗုံးပေါင်း ၁၂ လုံးခန့်သာ ထုတ်လုပ်ခဲ့ပြီး၊ ၂၀၁၇ ခုနှစ်က အာဖဂန်နစ္စတန်ရှိ အိုင်အက်စ် (IS) အကြမ်းဖက်တို့၏ လိုဏ်ဂူစခန်းတစ်ခုကို တိုက်ခိုက်ရာတွင် အဆိုပါ ဗုံး ၁ လုံးအသုံးပြုခဲ့ရာ ၁၀ လုံးခန့်သာ ကျန်ရှိတော့မည်ဖြစ်သည်။ သို့သော် MOAB သည် အရွယ်အစား ကြီးမားသော်လည်း GBU-57 လောက် နက်ရှိုင်းစွာ မထိုးဖောက်နိုင်ပေ။ တစ်ချိန်တည်းမှာပင် အီရန်သည် ၎င်း၏ တန်ဖိုးကြီး စစ်ဘက်ဆိုင်ရာ စက်ရုံ/စခန်းများကို သမားရိုးကျ လက်နက်များ မရောက်ရှိနိုင်သော မြေအောက် အနက်သို့ ပိုမိုတူးဖော် မြှုပ်နှံထားလျက်ရှိသည်။ ယခင် အမေရိကန်၏ တိုက်ခိုက်မှုများတွင် ပစ်မှတ်များကို ထိမှန်ခဲ့သည့်တိုင်အောင် ဗုံးများသည် အကန့်အသတ်ရှိသော ပျက်စီးမှုကိုသာ ဖြစ်ပေါ်စေခဲ့ပြီး စက်ရုံ၊ စခန်းများမှာ ဆက်လက်လည်ပတ်နေနိုင်ခဲ့ကြောင်း ပြသခဲ့သည်။ CSIS က ဟော်မုဇ် ရေလက်ကြား (Strait of Hormuz) အနီးတွင် အီရန်၏ မြေအောက် ဒုံးကျည်စခန်း ၃၃ ခု ရှိကြောင်း သတင်းများကို ထုတ်ဖော်ပြောဆိုထားပြီး အများစုမှာ ယခင် အမေရိကန် တိုက်ခိုက်မှုများမှ လွတ်မြောက်ခဲ့ကြကာ လက်ရှိတွင်လည်း လျင်မြန်စွာ ပြန်လည်တည်ဆောက်လျက်ရှိသည်။ နာတန့်ဇ် (Natanz) အနီးရှိ အီရန်၏ Pickaxe Mountain နျူကလီးယား စက်ရုံစခန်းသည် ဂရန်းနိုက် (ကျောက်သလင်း) တောင်တန်းကြီးအတွင်း နက်ရှိုင်းစွာ မြှုပ်နှံထားသဖြင့် GBU-57 ဗုံးပင်အခက်တွေ့နိုင်သည်။ အမေရိကန်တွင် ပေါင် ၂,၀၀၀ လေးသည့် သေးငယ်သော ဘန်ကာဖျက်ဗုံး (bunker busters) အမြောက်အမြား ကျန်ရှိနေသေးသော်လည်း အကြီးစား လက်နက်ခဲယမ်းများမှာမူ ဆိုးရွားစွာ ပြတ်လပ်နေသည်။ လက်ရှိ ဘန်ကာဖျက်ဗုံးများမှာ တိုက်ခိုက်မည့် လေယာဉ်သည် ပစ်မှတ်အပေါ်တည့်တည့်မှ ပျံသန်း၍ ကြဲချရသည့် Free-fall ဗုံးများဖြစ်ကြသဖြင့် တိုက်ခိုက်ရေး လေယာဉ်များကို ရန်သူ၏ တိုက်ခိုက်မှုအန္တရာယ် ပိုမိုကျရောက်စေနိုင်သည်။
19 жовт, 11:51

ရွှေကုက္ကိုလ်နယ်မြေ ဒုတိယပိုင်းအတွင်းရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့် တရားမဝင်အဆောက်အအုံများအား
+8
ရွှေကုက္ကိုလ်နယ်မြေ ဒုတိယပိုင်းအတွင်းရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့် တရားမဝင်အဆောက်အအုံများအား စနစ်တကျဖြိုချဖျက်ဆီးခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက် အောက်တိုဘာလ ၁၉၊ ၂၀၂၆ နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အလေးထားဆောင်ရွက်လျက်ရှိရာ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ အများဆုံးလုပ်ကိုင်ခဲ့သည့် ရွှေကုက္ကိုလ်နယ်မြေအတွင်းရှိ တရားမဝင်အဆောက်အအုံများ၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ထပ်မံလုပ်ကိုင်နိုင်ခြင်းမရှိစေရန် အဆိုပါအဆောက်အအုံများအား အပြီးတိုင်ဖြိုချဖျက်ဆီးခြင်းများကို စနစ်တကျဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်လျက်ရှိရာ ရွှေကုက္ကိုလ်နယ်မြေ ဒုတိယပိုင်းအတွင်းရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများလုပ်ကိုင်ခဲ့သည့် ဖြိုချဖျက်ဆီးရန်ကျန် တရားမဝင်အဆောက်အအုံများအနက် ယာဉ်ယန္တရားများအသုံးပြု၍ ဖြိုချဖျက်ဆီးလျက်ရှိသည့် ၅ ထပ်အဆောက်အအုံ ၁ လုံးအား ဆက်လက်ဖြိုချဖျက်ဆီးခဲ့ရာယနေ့တွင် ၁၀၀ ရာခိုင်နှုန်း ဖြိုချဖျက်ဆီးပြီးဖြစ်ကြောင်း၊ ထပ်မံ၍ ၅ ထပ် အဆောက်အအုံတစ်လုံးအား ဖြိုချဖျက်ဆီးမှုမှာ ယနေ့အထိ ၃၀ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရှိရသည်။ ရွှေကုက္ကိုလ်နယ်မြေ ဒုတိယပိုင်းအတွင်းရှိ ဖြိုချဖျက်ဆီးမည့် အဆောက်အအုံ ၆၃ လုံးအနက် ယာဉ်ယန္တရားများဖြင့်ဖြိုချဖျက်ဆီးမည့် အဆောက်အအုံ ၂၅ လုံး၊ ဖောက်ခွဲ၍ ဖြိုချဖျက်ဆီးမည့် အဆောက်အအုံ ၄ လုံးနှင့် လူနေအိမ်များနှင့်မလွတ်ကင်း၍ လူအင်အားအသုံးပြုကာ တစ်လွှာချင်းဖြိုချဖျက်ဆီးမည့် အဆောက်အအုံ ၃၄ လုံးဟူ၍ အဆောက်အအုံအမျိုးအစားအလိုက်ခွဲခြား သတ်မှတ်ထားပြီး စနစ်တကျဖြိုချဖျက်ဆီးခြင်းများကို ဆောင်ရွက်လျက်ရှိရာ ဖောက်ခွဲ၍ ဖြိုချမည့်အဆောက်အအုံ ၄ လုံးနှင့် ယာဉ်ယန္တရားများဖြင့်ဖြိုချဖျက်ဆီးမည့် အဆောက်အအုံများအနက် ၂ လုံးတို့အား ဖြိုချဖျက်ဆီးပြီးဖြစ်ကြောင်း၊ ဖြိုချဖျက်ဆီးရန် ကျန်ရှိသည့်အဆောက်အအုံ ၅၇ လုံးကိုလည်း ဆက်လက်၍ စနစ်တကျဖြိုချဖျက်ဆီးသွားမည်ဖြစ်ကြောင်း သိရှိရသည်။ နိုင်ငံတော်အစိုးရအနေဖြင့် ကမ္ဘာလုံးဆိုင်ရာ လူမှုစီးပွားနယ်ပယ်နှင့် အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်လာသည့် အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလိမ်လည် လောင်းကစားမှုများ ပပျောက်စေရေးအတွက် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများနှင့် ပူးပေါင်းကာအပြီးတိုင် လုံးဝပပျောက်သွားစေရေး အထူးအလေးထား နှိမ်နင်းလျက်ရှိကြောင်း သတင်းရရှိသည်။
19 жовт, 11:39