ar
Feedback

لا تقع ضحية للمخادعين! تيليمتريو يكتشف ويُميّز هذه القنوات 👉 إذا كنت تريد رؤية العلامة، اشترك

News Of Myanmar

News Of Myanmar

الذهاب إلى القناة على Telegram

📈 نظرة تحليلية على قناة تيليجرام News Of Myanmar

تُعد قناة News Of Myanmar (@newsofmyanmar) في القطاع اللغوي البورمية لاعباً نشطاً. يضم المجتمع حالياً 11 422 مشتركاً، محتلاً المرتبة 16 330 في فئة الأخبار والوسائط والمرتبة 9 947 في منطقة ميانمار.

📊 مؤشرات الجمهور والحراك

منذ تأسيسه في невідомо، حقق المشروع نمواً سريعاً وجمع 11 422 مشتركاً.

بحسب آخر البيانات بتاريخ 27 نوفمبر, 2026، تحافظ القناة على نشاط مستقر. خلال آخر 30 يوماً تغيّر عدد الأعضاء بمقدار -136، وفي آخر 24 ساعة بمقدار -9، مع بقاء الوصول العام مرتفعاً.

  • حالة التحقق: غير موثّقة
  • معدل التفاعل (ER): يبلغ متوسط تفاعل الجمهور 5.67‎%. وخلال أول 24 ساعة من النشر يحصد المحتوى عادةً 4.32‎% من ردود الفعل نسبةً إلى إجمالي المشتركين.
  • وصول المنشورات: يحصل كل منشور على متوسط 648 مشاهدة. وخلال اليوم الأول يجمع عادةً 493 مشاهدة.
  • التفاعلات والاستجابة: يتفاعل الجمهور بانتظام؛ متوسط التفاعلات لكل منشور يبلغ 10.

📝 الوصف وسياسة المحتوى

يصف المؤلف القناة بأنها مساحة للتعبير عن الآراء الذاتية:
“News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ”

بفضل وتيرة التحديث المرتفعة (أحدث البيانات بتاريخ 28 نوفمبر, 2026) تحافظ القناة على حداثتها ومستوى وصول مرتفع. وتُظهر التحليلات تفاعلاً نشطاً من الجمهور، ما يجعلها نقطة تأثير مهمة ضمن فئة الأخبار والوسائط.

11 422
المشتركون
-924 ساعات
-317 أيام
-13630 أيام
أرشيف المشاركات
ယူကရိန်းနယ်မြေများကို စွန့်လွှတ်ရန် ဇလင်စကီအား ထရမ့် ဖိအားပေးမည်ဟု NYT သတင်းဖော်ပြ NOM အမေရိကန်သည် ရုရှား၏ အဓိကသတ်မှတ်ချက်များနှင့်အညီ ရေးဆွဲထားသော သဘောတူညီချက်တစ်ခုကို ဇလင်စကီးလက်ခံလာစေရန် ယနေ့ အော်စလို (Oslo) မြို့တွင် ပြုလုပ်မည့် ဆွေးနွေးပွဲများကို အသုံးချသွားမည်ဖြစ်ကြောင်း The New York Times သတင်းစာက ဖော်ပြခဲ့သည်။ ထရမ့်သည် ရုရှားထိန်းချုပ်ထားသော အရှေ့ပိုင်း ယူကရိန်းနယ်မြေများကို ပြန်လည်ပေးအပ်ရန်ဇလင်စကီးကတောင်းဆိုနေခြင်းကို ရပ်တန့်စေလိုပြီး၊ ယင်းအတွက် အစားထိုးအနေဖြင့် ယူကရိန်းအတွက် စီးပွားရေးအရ အကျိုးအမြတ်များကို ပေးအပ်ရန် ချဉ်းကပ်လျက်ရှိသည်။ စစ်ပွဲသည် "အလှည့်အပြောင်း အခိုက်အတໍန့်" သို့ ရောက်ရှိလာပြီဖြစ်ပြီး နောက်တစ်လှမ်းကို လှမ်းရန်မှာ ဇလင်စကီး၏ လက်ထဲတွင်သာ ရှိနေကြောင်း၊ ၎င်းအနေဖြင့် နယ်မြေဆုံးရှုံးရမည့် အခြေအနေနှင့် ရင်ဆိုင်ရလျှင်ပင် ဆွေးနွေးညှိနှိုင်းရန် အသင့်ရှိကြောင်း ပြသသင့်သည်ဟု ထရမ့်၏ လက်ထောက်များက ပြောကြားခဲ့သည်။ Axiosသတင်းဌာန ၏ ဖော်ပြချက်အရ အမေရိကန်၊ ယူကရိန်းနှင့် ဥရောပတို့သည် ပြီးခဲ့သည့်တစ်ပတ်အတွင်း ယူကရိန်း၏ စစ်ပွဲအလွန် လုံခြုံရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ ပူးတွဲအဆိုပြုချက်များကို တစ်ဖက်တွင်လည်းကောင်း၊ စစ်ပွဲအဆုံးသတ်ရေး၊ ဥရောပနှင့် လုံခြုံရေးဆိုင်ရာ အစီအစဉ်အသစ်နှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတို့ ပါဝင်သည့် မော်စကိုအတွက် ကမ်းလှမ်းချက်များကို အခြားတစ်ဖက်တွင်လည်းကောင်း ပူးတွဲရေးဆွဲခဲ့ကြသည်။ ထို့နောက် အမေရိကန် အထူးကိုယ် စားလှယ် စတိဗ် ဝစ်တော့ဖ် သည် အဆိုပါ အဆိုပြုချက်ကို ပူတင်ထံ တင်ပြရန် ရုရှားနိုင်ငံသို့ သွားရောက်ရန် စီစဉ်ထားသည်။
20 أكتوبر, 07:02

လွိုင်ကော်မြို့တွင် ပြည်နယ်လုံးဆိုင်ရာ စုပေါင်းစာရေးတံမဲပွဲ အလှူတော်မင်္ဂလာ အခမ်းအနားကျင်းပ အောက်တိုဘာ ၂၀၊ ၂၀၂၆ ကယားပြည်နယ်အစ
+2
လွိုင်ကော်မြို့တွင် ပြည်နယ်လုံးဆိုင်ရာ စုပေါင်းစာရေးတံမဲပွဲ အလှူတော်မင်္ဂလာ အခမ်းအနားကျင်းပ အောက်တိုဘာ ၂၀၊ ၂၀၂၆ ကယားပြည်နယ်အစိုးရအဖွဲ့ကကြီးမှူး၍ ပြည်နယ်လုံးဆိုင်ရာ စုပေါင်းစာရေးတံမဲပွဲ အလှူတော်မင်္ဂလာ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက လွိုင်ကော်မြို့ သာသနာ့ဗိမာန်တော် ကြီး၌ ကျင်းပရာ ဆရာတော်သံဃာတော် အရှင်သူမြတ်များ၊ ပြည်နယ်ဝန်ကြီးချုပ်ဦးအံ့မော်နှင့် ဇနီး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် ဇနီး၊ ပြည်နယ်တရားသူကြီးချုပ်နှင့် ဇနီး၊ ပြည်နယ် လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ ဌာနဆိုင်ရာများနှင့် အလှူရှင်များ တက်ရောက်ကြသည်။ ဦးစွာ ဆရာတော် သံဃာတော်များနှင့် ပြည်နယ်ဝန်ကြီးချုပ်အမှူးပြုသော ဧည့်ပရိတ်သတ် အပေါင်းတို့က နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ဖွ့င်လှစ်ပြီး လွိုင်ကော် မြို့နယ်သံဃနာယကအဖွဲ့ တွဲဖက်အကျိုးတော်ဆောင် နိပုဏာရာမကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တနိပုဏ (သဒ္ဓမ္မဇောတိကဓဇ) အရှင်မြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ကာ ဆရာတော် အရှင်သူမြတ်တို့ ရွတ်ပွားသရဇ္ဈာယ်တော်မူသည့် ပရိတ်တရားတော်များ နာယူ ကြည်ညိုကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့်ဇနီး၊ ပြည်နယ် တရားသူကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဇနီးများ၊ ဌာနဆိုင်ရာများက ဆရာတော်သံယာတော် အရှင်သူမြတ်များထံ လှူဖွယ်ဝတ္တု ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ဆရာတော်အရှင်မြတ်ထံမှ အနုမောဒနာ တရားနာယူ ကြည်ညို၍ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းလောင်း အမျှပေးဝေခဲ့ကြကာ ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ် ရွတ်ဆိုဆုတောင်းပြီး အခမ်းအနားကိုရုပ်သိမ်း၍ ဆရာတော် သံဃာတော် အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ ကြောင်းသိရသည်။
20 أكتوبر, 06:22

မြန်အောင်မြို့နယ်ရှိ မမြရေလှောင်တမံ ဆင်ခြေလျှောမြေသားနိမ့်ကျမှုအား ပြုပြင်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်၊ အရေးပေါ်ရေပိုလွှဲမ
မြန်အောင်မြို့နယ်ရှိ မမြရေလှောင်တမံ ဆင်ခြေလျှောမြေသားနိမ့်ကျမှုအား ပြုပြင်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်၊ အရေးပေါ်ရေပိုလွှဲမှဆည်ရေများ လျှော့ချလျက်ရှိ   အောက်တိုဘာ ၁၉၊ ၂၀၂၆   ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ်ရှိ မမြရေလှောင်တမံသည် အောက်တိုဘာ ၁၀ ရက် နံနက်ပိုင်းတွင် ရေလှောင်တမံ၏ တမံပေါင်နိမ့်ကျမှုကြောင့် အရေးပေါ် ရေပိုလွှဲမှဆည်ရေများ လျှော့ချလျက်ရှိပြီး ရေလှောင်တမံ၏ ဆင်ခြေလျှော နိမ့်ကျမှုအား ပြန်လည်ပြုပြင်ခြင်းများကို ဆက်လက် ဆောင်ရွက်လျက်ရှိသည်။   တမံ၏ အထက်ရေပြင်နှင့် ထိစပ်အပိုင်းမှစ၍ တမံလျော့အိကျ နေရာတစ်လျှောက်တွင် မိုးရေစိုခြင်း၊ နေပူဒဏ်နှင့် ရေလှိုင်းရိုက် ခတ်ခြင်းဒဏ်မခံရစေရန်အတွက် မိုးရေကာဖျင်များ စနစ်တကျအုပ်မိုးကာကွယ်ခြင်း၊ တမံလျော့အိကျမှုအား ကာကွယ်ထိန်းသိမ်းရန်နှင့် တမံအောက်ခြေဆင်ခြေလျှော၏ အပြင်ဘက်မှ တမံတာအောက်ခြေအား ပိုမိုခိုင်မာတောင့် တင်းမှုရှိစေရန် မြေသားတမံပုံစံ ဆောင်ရွက်ခြင်းတို့ကို အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ ပူးပေါင်းကာ စက်ယန္တရားများအသုံးပြု၍ ယနေ့တွင် အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်ပေးလျက်ရှိသည်။   ထို့ပြင် သိုလှောင်ထိန်းသိမ်းထားရှိသည့် မမြရေလှောင်တမံ ရေပြင်၏ နိမ့်မြင့်အမှတ် ၃၁၅ ပေမှ သိုလှောင်ရေ လျှော့ချနိုင်ရန်တမံ၏ အရေးပေါ်ရေပိုလွှဲမှ ရေထုတ်လွှတ်လျက်ရှိရာ ယနေ့အောက်တိုဘာ ၁၉ ရက်နေ့ ညနေပိုင်းတွင် တမံရှိရေ ၃၀၃ ဒသမ ၄၅ ပေသာ ကျန်ရှိတော့သဖြင့် ၁၁ ဒသမ ၅၅ ပေခန့် လျော့နည်းသွားကြောင်း သတင်းရရှိသည်။
20 أكتوبر, 06:07

သတ်မှတ်ထားသည့်စံချိန်စံညွှန်းများနှင့်မညီသည့် YBSယာဉ် (၄၈၈) စီးအား ယာဉ်လိုင်းပြေးဆွဲခွင့်အားယာယီရပ်ဆိုင်ထား NOM အောက်တိုဘာ ၂၀
သတ်မှတ်ထားသည့်စံချိန်စံညွှန်းများနှင့်မညီသည့် YBSယာဉ် (၄၈၈) စီးအား ယာဉ်လိုင်းပြေးဆွဲခွင့်အားယာယီရပ်ဆိုင်ထား NOM အောက်တိုဘာ ၂၀၊ ၂၀၂၆ သတ်မှတ်ထားသည့် စံချိန်စံညွှန်းများနှင့် မညီသည့် YBS ယာဉ် (၄၈၈) စီးအား စစ်ဆေးတွေ့ရှိရသဖြင့် ယာဉ်လိုင်းပြေးဆွဲခွင့်အား ယာယီရပ်ဆိုင်း၍ ပြုပြင်ပြီးစီးပါက YRTC ၌ စစ်ဆေးခြင်းခံယူပြီးမှသာယာဉ်လိုင်းပြန်လည်ပြေးဆွဲခွင့်ပြုမည်ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်က ယနေ့အောက်တိုဘာ၂၀ ရက် တွင်ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင်ဖြေကြားခဲ့သည်။ တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး စတုတ္ထနေ့တွင် ကော့မှူးမြို့နယ် ကိုယ်စားလှယ်အမှတ် (၂) ဦးလေးစိုး၏ ရန်ကုန်မြို့ရှိ YBS ယာဉ်များ အန္တရာယ်ကင်းစွာ စီးနင်းနိုင်ရေး နှင့်စပ်လျဉ်းသည့် မေးခွန်းအား မေးမြန်ခဲ့ကြောင်းသိရသည်။ "ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦး စီးဌာနကယခင် ၁၉၈၉ ခုနှစ် မော်တော်ယာဉ် နည်းဥပဒေပုဒ်မ ၅၃ နဲ့ ၅၄ တို့မှာ bus ကားကြီး၊ bus ကားငယ်တည်ဆောက်ခြင်းနဲ ပတ်သက်ပြီး ဝင်ပေါက်ထွက်ပေါက်ကိုယ်ထည်အတွင်း၏အမြင့် ကားအတက်အဆင်းလက်ကိုင်၊ ခရီးသည်များအတွက် ထိုင်ခုံ၊ မတ်တတ်စီးခရီးသည်များအတွက် လက်ကိုင်၊ လေဝင်လေထွက်၊ အမိုးပေါ်၌ ပစ္စည်းအတွက် အကာအရံအရန်တွေနဲ့ပတ်သက်တဲ့ စည်းကမ်းချက်တွေကိုသတ်မှတ်ထုတ်ပြန်ခဲ့ပြီးဖြစ်ပါတယ်။ ဒီသက်မှတ်ချက်တွေနဲ့ မညီဘဲစစ်ဆေးတွေ့ရှိတဲ့ကားတွေကို ပြန်လည်းပြုပြင်ပြီးမှပြေးဆွဲခွင့်ပေးတာပါ။ အခုလက်ရှိ YBS ယာဉ် (၄၈၈) စီးကို လည်း ပြန်လည်းပြင်ဆင်ပြီး YRTC မှာစစ်ဆေးခြင်းခံယူပြီးမှသာ ယာဉ်လိုင်းပြန်လည်ပြေးဆွဲခွင့် ပေးမှာပါ"ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့် ပြန်လည်ဖြေကြားခဲ့သည်။
20 أكتوبر, 06:05

အောက်တိုဘာ ၂၀၊ ၂၀၂၆ ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကိုတစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှ တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ် နယ်မြေတွင် တရားမဝင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသည့် ဖိလစ်ပိုင်နိုင်ငံသား သုံးဦးအား မြန်မာ-ထိုင်း အမှတ်(၂)ချစ်ကြည်ရေး တံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကို ရှေးရှု၍ဥပဒေ လုပ်ထုံး လုပ်နည်းများနှင့်အညီ ထပ်မံလွှဲပြောင်းပေးသည်။ အဆိုပါ ပြည်နှင်လွှဲပြောင်းပေးမှုလုပ်ငန်းများ စနစ်တကျရှိစေရေးနှင့် အဆင်ပြေ ချောမွေ့ စေရေးအတွက် မြဝတီခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲလင်းမောင်နှင့် တာဝန်ရှိသူများက ဌာနဆိုင်ရာများနှင့်တွေ့ဆုံကာ စာရင်းဇယား၊ အချက် အလက်များကိုက်ညီမှုရှိရေးနှင့် ပြည့်စုံမှန်ကန်မှုရှိရေးတို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ် သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။ ထိုသို့ ပြည်နှင်လွှဲပြောင်းပေးအပ်ရာတွင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီး ဌာန၊ ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးမင်းစိုး နှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံဆိုင်ရာ ဖိလစ်ပိုင်နိုင်ငံသံရုံးမှ Case Officer and Interpreter Ms. Maria Alexandra G.Contreras နှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံ တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံမှ တာဝန်ရှိသူတို့က သက်ဆိုင်ရာနိုင်ငံမှ တာဝန်ရှိသူများထံသို့ပြည်နှင်လွှဲပြောင်း လက်ခံရေးဆိုင်ရာ အထောက်အထား စာရွက်စာတမ်းများကို စနစ်တကျ လွှဲပြောင်းပေးအပ်သည်။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်မှ ၂၀၂၆ ခုနှစ်၊အောက်တိုဘာလ ၂၀ ရက်အထိ မြဝတီမြို့နယ် အတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၁၅၂၉၃ ဦး ထိန်းသိမ်းနိုင်ခဲ့ကြောင်းနှင့် ယင်းနိုင်ငံသားအားလုံးကို စစ်ဆေးပြီးစီးခဲ့ပြီး ၎င်းတို့အနက်မှ ၁၄၁၀၃ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေ လုပ်ထုံး လုပ်နည်းများနှင့်အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးခဲ့ပါသည်။ လွှဲပြောင်းပေးအပ်ရန်ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၁၁၉၀ ဦးတွင် မြန်မာနိုင်ငံ လူဝင်မှု ကြီးကြပ်ရေး (လတ်တလော)ပြဌာန်းချက်များ အက်ဥပဒေပုဒ်မ ၃(၁)/၁၃(၁)နှင့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အပြစ်ပေးအရေးယူခဲ့သည့် ပြည်ပ နိုင်ငံသား ၄၇၁ ဦးရှိသည့်အတွက် ကျန်ရှိသည့်ပြည်ပနိုင်ငံသား ၇၁၉ ဦးတို့အား သက်ဆိုင်ရာ နိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာ ထိန်းသိမ်း စောင့်ရှောက်ထားရှိသည်။ နိုင်ငံတော်အနေဖြင့် Online Scam Center လုပ်ငန်းများတွင် ပါဝင်ပတ်သက် နေသူများနှင့် နောက်ကွယ်မှကြိုးကိုင်သော နိုင်ငံခြားသားများကို ဖော်ထုတ်ဖမ်းဆီးပြီး ထိထိရောက်ရောက် ပြင်းပြင်းထန်ထန် အရေးယူနိုင်ရေး အိမ်နီးချင်းနှင့် ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက် ရှိသည့်အပြင် အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခ ရောက်နေကြသော နိုင်ငံခြားသားများနှင့် လူကုန်ကူးခံရသည့်  နိုင်ငံခြားသားများကို သက်ဆိုင်ရာ နိုင်ငံများသို့ အမြန်ဆုံး ပြည်နှင်လွှဲပြောင်းပေးနိုင်ရေး ထိရောက်စွာညှိနှိုင်း ဆောင်ရွက်လျက် ရှိကြောင်းသတင်းရရှိသည်။
20 أكتوبر, 04:14

အွန်လိုင်းလိမ်လည်မှု (Telecom Fraud)နှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် ဖိလစ်ပိုင်နိုင်ငံသား သုံး ဦး မြန်မ
+3
အွန်လိုင်းလိမ်လည်မှု (Telecom Fraud)နှင့်  ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့်  ဖိလစ်ပိုင်နိုင်ငံသား သုံး ဦး မြန်မာ - ထိုင်း အမှတ်(၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံသို့ ထပ်မံလွှဲပြောင်းပေးအပ်
20 أكتوبر, 04:12

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီပြည်သူ့လွှတ်တော်သို့ လာရောက်လေ့လာသည့်တရားလွှတ်တော်ရှေ့နေများ၊ အထက်တန်းရှေ့နေများ၊ အလုပ်သင်ရှေ
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီပြည်သူ့လွှတ်တော်သို့ လာရောက်လေ့လာသည့်တရားလွှတ်တော်ရှေ့နေများ၊ အထက်တန်းရှေ့နေများ၊ အလုပ်သင်ရှေ့နေများနှင့်တွေ့ဆုံ NOM အောက်တိုဘာ ၂၀၊ ၂၀၂၆ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီသည် ယမန်နေ့ အောက်တိုဘာ ၁၉ ရက်တွင် ကျင်းပသည့် တတိယအကြိမ်ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေးသို့လာရောက်လေ့လာသည့် တရားလွှတ်တော်ရှေ့နေများ၊ အထက်တန်းရှေ့နေများ၊ အလုပ်သင်ရှေ့နေများနှင့်တွေ့ဆုံ ခဲ့ကြောင်းသိရသည်။ တွေ့ဆုံစဥ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ပြည့်သူ့လွှတ်တော်၏ ဆောင်ရွက်နေမှုများကိုရှင်းလင်းပြောကြားပြီး ယခုတက်ရောက်လာသူများသည် ဥပဒေများနှင့် ရင်း နှီးကျွမ်းဝင်သူများဖြစ်၍ ဥပဒေပြုရေးဆိုင်ရာများတွင် အကြံဉာဏ်များပြုနိုင်သည်ဟု ပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာကြသူများက ယနေ့ လွှတ်တော်အစည်းအဝေးတွင် ပြည်သူများ၏ အသံနှင့် ဆန္ဒများအတွက် မေးခွန်းများမေးမြန်းနေမှုများကို ကိုယ်တိုင်ကိုယ်ကျမြင်တွေ့ခွင့်ရ၍ လွှတ်တော်သည် ပြည်သူနှင့်တစ်သားတည်းရှိသည်ကို တွေ့ရှိရသဖြင့် အားရကျေနပ်ပြီး ပွင့်လင်းမြင်သာပြီး ဒီမိုကရေစီနည်းလမ်း ကျစွာဆောင်ရွက်နေမှုများသည် အရွေ့တစ်ခုသို့ ရောက်ရှိနေသည်ကို လေ့လာတွေ့ရှိရကာ လွှတ်တော်သည် ပြည်သူများအတွက် အရေးကြီးသည့်မဏ္ဍိုင်တစ်ခုဖြစ်ပြီး လာရောက်လေ့လာသင့်သည့် နေရာတစ်ခုဖြစ်သည်ဟု ပြန်လည်ဆွေးနွေးပြောကြားခဲ့သည်။
20 أكتوبر, 03:52

IRGC က ဟော်မုဇ် ရေလက်ကြားရှိ အင်တာနက် ကေဘယ်ကြိုးများကို ထောက်ပြပြီး "ပစ်မှတ်သစ်များ" အဖြစ်သတိပေး NOM အီရန်အစ္စလာမ္မစ် တော်လှန
IRGC က ဟော်မုဇ် ရေလက်ကြားရှိ အင်တာနက် ကေဘယ်ကြိုးများကို ထောက်ပြပြီး "ပစ်မှတ်သစ်များ" အဖြစ်သတိပေး NOM အီရန်အစ္စလာမ္မစ် တော်လှန်ရေး အစောင့်တပ်ဖွဲ့ (IRGC) ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဟိုစိန် မိုဟက်ဘီ က အမေရိကန်ပြည်ထောင်စုအနေဖြင့် အီရန်အပေါ် မည်သည့် တိုက်ခိုက်မှုအသစ်မဆို မပြုလုပ်ရန် သတိပေးရင်း ကမ္ဘာ့အဓိက အချက်အလက်ဆိုင်ရာ အခြေခံအဆောက်အအုံအချို့သည် ဟော်မုဇ် ရေလက်ကြား ပင်လယ်ရေအောက်တွင် တည်ရှိနေကြောင်း အမေရိကန်ကို သတိပေးပြောကြားလိုက်သည်။ "ဟော်မုဇ် ရေလက်ကြား ပင်လယ်ရေအောက်ကနေ အဓိက ကေဘယ်ကြိုး ၇ လိုင်း ဖြတ်သန်းသွားပြီး ကမ္ဘာ့ အင်တာနက်နဲ့ ကုန်သွယ်ရေး အချက်အလက်အားလုံးဟာ ဒီကေဘယ်ကြိုးတွေပေါ်မှာ မှီခိုနေရတာပါ။ ရန်သူတွေ သိရှိသွားအောင် ကျွန်တော်တို့က ဒါကို သတိပေးလိုက်တာ ဖြစ်ပါတယ်" ဟု မိုဟက်ဘီက ပြောကြားခဲ့သည်။၎င်းက"ကျွန်တော်တို့အနေနဲ့ ပစ်မှတ်သစ်တွေကို ထုတ်ဖော်သွားမယ်ဆိုတာကို ရန်သူတွေကို သိစေချင်ရုံတင်ပါ။ လက်နက်သစ်တွေကို ထုတ်ဖော်ပြသသွားမှာဖြစ်ပြီး၊ ရလဒ်အနေနဲ့ကတော့ ဒီဒေသတွင်းမှာရှိတဲ့ အမေရိကန်ရဲ့ လက်ကျန်ဩဇာအာဏာတွေကို ကျွန်တော်တို့ အပြီးတိုင် မောင်းထုတ်ရှင်းလင်းပစ်မှာ ဖြစ်ပါတယ်" ဟု ပြောကြားခဲ့သည်။
20 أكتوبر, 02:48

မူဆယ်မြို့ရှိ မုန့်ပေါ် စက်သုံးဆီအရောင်းဆိုင်၏ ဆီသိုလှောင် ကန် မီးလောင်မှုဖြစ်ပွား မွန်းတည့်၁၂နာရီထိငြှိမ်းသတ်နေဆဲ NOM၊အောက်တ
မူဆယ်မြို့ရှိ မုန့်ပေါ် စက်သုံးဆီအရောင်းဆိုင်၏ ဆီသိုလှောင် ကန် မီးလောင်မှုဖြစ်ပွား မွန်းတည့်၁၂နာရီထိငြှိမ်းသတ်နေဆဲ NOM၊အောက်တိုဘာ၂၀၊၂၀၂၆ ရှမ်းပြည်နယ်၊ မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်တွင် ယနေ့ (အောက်တိုဘာ ၂၀ ရက်) နံနက် ၁၀ နာရီ ၁၁ မိနစ်ခန့်ကမုန့်ပေါ် စက်သုံးဆီအရောင်းဆိုင်မှ ဆီသိုလှောင်ကန် မီးလောင်မှုဖြစ် ပွားခဲ့ကြောင်း ဂရုဏလူမှုကူညီရေးအသင်းမှတာဝန်ရှိသူတစ်ဦးကပြောသည်။ "မီးလောင်မှုဖြစ်ပွားတာတော့ဟုက်ပါတယ် လက်ရှိမွန်းတည့်၁၂နာရီထိ မီးငြှိမ်းသတ်ရေးလုပ်ငန်းများ ဆောင်ရွက်နေဆဲပါ မီးလောင်မှုအကြောင်းရင်နဲ့ထိခိုက်ပျက်စီးမှုအခြေအနေကို မသိရသေးပါဘူး"ဟု ဂရုဏလူမှုကူညီရေးအသင်းမှတာဝန်ရှိ သူတစ်ဦးကပြောသည်။ စက်သုံးဆီအရောင်းဆိုင်၏ ဆီသိုလှောင်ကန်မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့်မူဆယ်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်များ၊ ရေသယ်ယာဉ်များနှင့် သန္ဓေ မီးသတ်တပ်ဖွဲ့ဝင်များ လူမှုကူညီရေးအသင်းများမှတာဝန်ရှိသူများဖြင့်လက်ရှိအချိန်ထိ ဝိုင်းဝန်းငြှိမ်းသတ်နေကြောင်းသိရသည်။
20 أكتوبر, 02:13

စူပါအယ်လ်နီညိုအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ခရိုင် ၁၄ ခုရှိ မြို့နယ် ၄၅ မြို့နယ်တွင် လူဦးရေ ၁၅၀၀၀၀ ကျော် ခိုလှုံနိုင်မည့် အပူရှောင်စခန်း ၆၀၀ ကျော် ဖွင့်လှစ်ထား NOM၊အောက်တိုဘာ၂၀၊၂၀၂၆ စူပါအယ်လ်နီညိုအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ခရိုင် ၁၄ ခုရှိ မြို့နယ် ၄၅ မြို့နယ်တွင် လူဦးရေ ၁၅၀၀၀၀ ကျော် ခိုလှုံနိုင်မည့် အပူရှောင်စခန်း ၆၀၀ ကျော် ဖွင့်လှစ်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ပြန်ကြားရေး၊ ကယ် ဆယ်ရေးနှင့် သာသနာရေးဝန်ကြီး ဦးနေလင်းထွန်းကအောက်တိုဘာ ၁၉ ရက်ကပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးတွင် မရမ်းကုန်းမြို့နယ် ကိုယ်စားလှယ်အမှတ် (၂) ဦးအောင်ပြည့်ဖြိုး၏ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရပ်ကွက်/မြို့နယ်အလိုက် ပြည်သူ့အခြေပြု သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ရေးနှင့်စပ်လျဉ်းသည့် မေးခွန်းအား ပြန်လည်ဖြေကြားသည်။ “ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှိသည့် ပြည်သူများ အပူရှောင်နိုင်ရန်အတွက် ခရိုင် ၁၄ ခရိုင်၊ မြို့နယ် ၄၅ မြို့နယ်မှာ အပူရှောင်စခန်း ၆၂၆ ခုကိုလည်း ကျွန်တော်တို့ ဆောင်ရွက်ထားပြီးဖြစ်ပါတယ်။ အပူရှောင်စခန်း ၆၂၆ နေရာမှာ ပြည်သူများ စုစုပေါင်း ၁၅၂၆၈၅ ဦး ယာယီအပူရှောင်နိုင်မှာဖြစ်ပါတယ်"ဟု၎င်းကဆက်လက်ပြောကြားသည်။
20 أكتوبر, 00:03

ယူကရိန်းသမ္မတ ဇလန်းစကီးက လော့ခ်ဟိဒ် မာတင်ထံ လက်နက်များ တောင်းခံခဲ့ရာမှ အရုပ် F-16 တိုက်လေယာဉ်သာ ရရှိခဲ့ လော့ခ်ဟိဒ် မာတင် (Loc
ယူကရိန်းသမ္မတ ဇလန်းစကီးက လော့ခ်ဟိဒ် မာတင်ထံ လက်နက်များ တောင်းခံခဲ့ရာမှ အရုပ် F-16 တိုက်လေယာဉ်သာ ရရှိခဲ့ လော့ခ်ဟိဒ် မာတင် (Lockheed Martin) ကုမ္ပဏီမှ ကိုယ်စားလှယ်အဖွဲ့ဟာ ယူကရိန်းနိုင်ငံ၊ ကိယက်ဗ် (Kiev) မြို့တော်ကို လာရောက်လည်ပတ်ခဲ့ပြီး၊ ပူးတွဲထုတ်လုပ်ရေးနဲ့ နည်းပညာလွှဲပြောင်းရေးကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်လို့ ယူကရိန်းသမ္မတ ဇလန်းစကီးက ပြောကြားခဲ့ပါတယ်။ သို့သော် သဘောတူညီချက် တစ်စုံတစ်ရာနဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ ထုတ်ပြန်ကြေညာခဲ့ခြင်း မရှိပါဘူး။ ဇလန်းစကီး လက်ဝယ် ရရှိခဲ့တာကတော့ လော့ခ်ဟိဒ် မာတင်က ပြန်ခါနီးလက်ဆောင်အဖြစ် ပေးအပ်ခဲ့တဲ့ F-16 တိုက်လေယာဉ် ပုံစံငယ်အရုပ် တစ်ရုပ်ပဲ ဖြစ်ပါတယ်။ ယူကရိန်းနိုင်ငံရဲ့ လက်တွေ့ရရှိထားတဲ့ F-16 လေယာဉ်တွေဆိုတာကလည်း ဥရောပနိုင်ငံတွေက ပေးအပ်ခဲ့တဲ့ လွန်ခဲ့တဲ့ဆယ်စုနှစ်များစွာက (၁၉၈၀ ပြည့်လွန်နှစ်တွေအစောပိုင်းက) တည်ဆောက်ခဲ့ပြီး နောက်ပိုင်းမှ အဆင့်မြှင့်တင်ထားတဲ့ တစ်ပတ်ရစ် လေယာဉ်ဟောင်းတွေသာ ဖြစ်ပါတယ်။ အနည်းဆုံးတော့ အခုရတဲ့ ပုံစံငယ်အရုပ်လေးကတော့ အသစ်ဖြစ်နေပါတယ်။
19 أكتوبر, 23:08

ဒီမိုကရက်တစ်ပါတီက လွှတ်တော်ကို အနိုင်ရမယ်လို့ ဝေါလ်စထရိ (Wall Street) ရဲ့ ယူဆချက်ကြောင့် အမေရိကန် ကာကွယ်ရေးလုပ်ငန်း စတော့ရှယ်ယာတွေ ဈေးကျဆင်းနေ ဘဏ္ဍာရေးသတင်းစာ ဖိုင်နယ်ရှယ်တိုင်းမ်စ် (Financial Times) ရဲ့ ဖော်ပြချက်အရ အဓိကကျတဲ့ အမေရိကန် အာကာသနှင့် ကာကွယ်ရေးလုပ်ငန်း ETF (ရန်ပုံငွေလက်မှတ်) ရဲ့ ဈေးနှုန်းဟာ ဇူလိုင်လကနေ အောက်တိုဘာလဆန်းပိုင်းအထိ ၁၆ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ပြီး၊ S&P 500 အညွှန်းကိန်းကတော့ ၃.၅ ရာခိုင်နှုန်း တက်လာခဲ့ပါတယ်။ ရင်းနှီးမြှုပ်နှံသူတွေက လာမယ့်လမှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ပါတီ အနိုင်ရသွားမယ်ဆိုရင် သမ္မတ ထရမ့်ရဲ့ ဒေါ်လာ ဘီလီယံ ၅၀၀ တန် စစ်အသုံးစရိတ် တိုးမြှင့်မယ့် အစီအစဉ်ကို ရပ်တန့်သွားစေလိမ့်မယ်လို့ ယူဆနေကြပါတယ်။ လော့ခ်ဟိဒ် မာတင် (Lockheed Martin) ကုမ္ပဏီရဲ့ ရှယ်ယာတွေဟာ မတ်လက အမြင့်ဆုံးဈေးကနေ ၂၀ ရာခိုင်နှုန်းကျော် ကျဆင်းသွားခဲ့ပြီး၊ နော့သ်ထရပ် ဂရမ်မန်း (Northrop Grumman) နဲ့ အယ်လ်သရီးဟားရစ် (L3Harris) တို့ကတော့ ၃၅ ရာခိုင်နှုန်းဝန်းကျင်အထိ ကျဆင်းသွားခဲ့ပါတယ်။ သမ္မတ ထရမ့်ရဲ့ ဦးစားပေး စီမံကိန်းတွေဖြစ်တဲ့ "ဂိုးလ်ဒင်း ဒုံး" (Golden Dome) လေကြောင်းကာကွယ်ရေး စနစ်နဲ့ "ထရမ့်-အမျိုးအစား" စစ်သင်္ဘောကြီး (Trump-class battleships) စီမံကိန်းတွေဟာ ပထမဦးဆုံး ဘတ်ဂျက်ဖြတ်တောက်ခံရမယ့် စာရင်းထဲမှာ ပါလာနိုင်တယ်လို့ လေ့လာသုံးသပ်သူတွေက ဆိုပါတယ်။
19 أكتوبر, 23:02

မာန်အောင်မြို့နယ်ရှိ ကအီးချောင်းတွင် Check Dam တည်ဆောက်၍ ကျေးရွာနေပြည်သူများအတွက် သောက်သုံးရေနှင့် စိုက်ပျိုးရေရရှိရေး ဆောင်ရ
မာန်အောင်မြို့နယ်ရှိ ကအီးချောင်းတွင် Check Dam တည်ဆောက်၍ ကျေးရွာနေပြည်သူများအတွက် သောက်သုံးရေနှင့် စိုက်ပျိုးရေရရှိရေး ဆောင်ရွက်ပေးသွားမည် အောက်တိုဘာ ၁၉၊ ၂၀၂၆ မာန်အောင်မြို့နယ်ရှိ ကအီးချောင်းတွင် Check Dam တည်ဆောက်၍ ကျေးရွာနေပြည်သူများအတွက် သောက်သုံးရေနှင့် စိုက်ပျိုးရေရရှိရေး ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။ ထိုသို့ ဆောင်ရွက်မည့်အခြေအနေများကို အောက်တိုဘာ ၁၇ ရက်က ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးသည် ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများနှင့်အတူ သွားရောက်ကြည့်ရှု စစ်ဆေးသည်။ ထို့အတူ ဆားချက်ကျေးရွာ ရေရရှိရေးအတွက် ဆားချက်ဆည်မှ ကျေးရွာအတွင်းသို့ ရေပေးရေး ဆောင်ရွက်မည့်အခြေအနေ၊ ပလင်တောကျေးရွာနှင့် သာယာကုန်းကျေးရွာ ရေရရှိရေးအတွက် ဆောင်ရွက်မည့်အစီအမံများကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းဆိုင်ရာများ မှာကြားသည်။ ထိုမှတစ်ဆင့် အခြေခံပညာအထက်တန်းကျောင်း (ဆားချက်)၊ အခြေခံပညာအထက်တန်းကျောင်း (သာယာကုန်း) တို့ရှိ ဆရာ ဆရာမများ၊ ကျောင်းသား မိဘများ၊ ကျောင်းသား ကျောင်းသူများ၊ ကျေးရွာသူ ကျေးရွာသားများအား သွားရောက်တွေ့ဆုံအားပေးစကားပြောကြားပြီး ကျောင်းသား ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနိုင်ရေးအတွက် ကျောင်းဆောင်သစ်များ ဆောက်လုပ်နိုင်ရေး၊ ကျောင်းဆောင်များ ကောင်းမွန်စေရေး၊ ဆိုလာစနစ်ဖြင့် လျှပ်စစ်မီးနှင့် ရေရရှိရေးအတွက် ဆောင်ရွက်နိုင်ရေးတို့ကို ကြည့်ရှုစစ်ဆေးသည်။ ဆက်လက်၍ ခအုန်းမော်ကျေးရွာအုပ်စုတွင် မာန်အောင်မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများကို ဆိုလာစနစ်ဖြင့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးလျက်ရှိသော ဆိုလာစက်ရုံကိုလည်းကောင်း၊ ဆိုလာစက်ရုံအနီးရှိ အမဲသားပြားလွှာစက်ရုံ တည်ဆောက်မည့်နေရာကိုလည်းကောင်း၊ ဆားချက်တိုက်နယ်ဆေးရုံကိုလည်းကောင်း ကြည့်ရှုစစ်ဆေးသည်။ မွန်းလွဲပိုင်းတွင် အခြေခံပညာအထက်တန်းကျောင်း (ဇရပ်ကုန်းခင်)၊ အခြေခံပညာအလယ်တန်းကျောင်း(မျှော်တော်ဦး)၊ အခြေခံပညာအထက်တန်းကျောင်းခွဲ (အိုးဝ)နှင့် အခြေခံပညာအထက်တန်း ကျောင်း(ကမား)တို့ရှိ ဆရာ ဆရာမများ၊ ကျောင်းသား မိဘများ၊ ကျောင်းသား ကျောင်းသူများ၊ ကျေးရွာသူ ကျေးရွာသားများအား သွားရောက်တွေ့ဆုံအားပေး စကားပြောကြားသည်။ ထို့အတူ မျှော်တော်ဦးကျေးရွာရှိ စိုက်ပျိုးရေးဦးစီးဌာနနှင့် အကျိုးဆောင်တောင်သူများ ပူးပေါင်းကာ မျိုးစေ့ထုတ်စိုက်ခင်းဧက ၂၀ ဖြစ်ထွန်းအောင်မြင်မှု၊ ဇီးတောကျေးရွာတွင် မာန်အောင်ကျွန်းကို အခြေခံ၍ သဘာဝကျောက်ပုစွန် မွေးမြူရေးလုပ်ငန်း အောင်မြင်စွာအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် စမ်းသပ်လုပ်ကွက်များ ဆောင်ရွက်နေမှု၊ သရော်တောကျေးရွာသွားလမ်း၊ ကမားကျေးရွာကုန်ထုတ်လမ်းကို အဆင့်မြှင့်တင်ဆောင်ရွက်မည့် အခြေအနေ၊ မျှော်တော်ဦးကျေးရွာ ရေရရှိရေးအတွက် မြေသားရေကန်တူးဖော်နိုင်ရေး၊ သစ်ပုံချောင်းတွင် Check Dam တည်ဆောက်၍ ရေရရှိရေးဆောင်ရွက် မည့်အခြေအနေ၊ ပြင်ကောက်ကျေးရွာ ရေရရှိရေး ဆောင်ရွက်မည့်အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းဆိုင်ရာများ မှာကြားခဲ့ကြောင်း သိရသည်။
19 أكتوبر, 22:43

ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေကို သတ္တမအကြိမ် ပြင်ဆင်သည့်ဥပဒေပြဋ္ဌာန်း
ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေကို သတ္တမအကြိမ် ပြင်ဆင်သည့်ဥပဒေပြဋ္ဌာန်း
19 أكتوبر, 22:42

ပြည်ထောင်စုဝန်ကြီးနှင့် ညီလာခံတက်ရောက်လာသည့် နိုင်ငံတကာကိုယ်စားလှယ်များသည် ပေကျင်းမြို့ရှိ ခုတင် (၁၂၀၀)ဆံ့ ဟိုင်ဒန်ခရိုင် ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်၍ ဆေးရုံ၏ အဆင့်မြင့်နည်းပညာသုံး ကင်ဆာဆေးကုသမှု၊ Robotic Surgery နည်းပညာဖြင့် အရိုးရောဂါများ၊ အစာအိမ်အူလမ်းကြောင်းနှင့် ကျောက်ကပ်ရောဂါခွဲစိတ်ကုသမှု ဆောင်ရွက်နေမှု၊ ပေကျင်းမြို့ Hygea Health Innovation Center သို့ သွားရောက်ပြီး အဆင့်မြင့်နည်းပညာသုံး ကင်ဆာဆေးကုသစက်များ၊ ခွဲစိတ်ကုသမှု လေ့ကျင့်ရေးစင်တာ တည်ထောင်ထားရှိမှုအား လေ့လာ ကြည့်ရှုခဲ့ကြသည်။ ၂၀၂၆ ခုနှစ် ကမ္ဘာ့တိုင်းရင်းဆေးညီလာခံသို့ နိုင်ငံတကာမှကိုယ်စားလှယ်များ၊ ပညာရှင်များ စုစုပေါင်း ၁၅၀၀ ကျော် တက်ရောက်ခဲ့ကြပြီး AI နည်းပညာနှင့် Robotic နည်းပညာအသုံးပြု တိုင်းရင်းဆေးကုသမှုပြခန်းများ၊ ရောဂါရှာဖွေရေးနှင့် ဆေးကုသမှု အထောက်အကူပြုစက်ပစ္စည်းများ၊ စက်ရုပ်များ ပြသထားကြောင်း သိရသည်။
19 أكتوبر, 22:33

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့၌ ကျင်းပသည့် ၂၀၂၆ ခုနှစ် ကမ္ဘာ့တိုင်းရင်းဆေးညီလာခံသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း တက်ရောက် အောက်တိုဘာ ၁၉၊ ၂၀၂၆ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားကျန်းမာရေးကော်မရှင်ဥက္ကဋ္ဌ ကျန်းမာရေးဝန်ကြီး မစ္စတာ လဲ့ဟိုင်ချို၏ ဖိတ်ကြားချက်အရ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၇ ရက်မှ ၁၈ ရက်အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့ China National Convention Center ၌ ကျင်းပသည့် ၂၀၂၆ ခုနှစ် ကမ္ဘာ့တိုင်းရင်းဆေးညီလာခံသို့ အာရှနိုင်ငံများ၊ အရှေ့တောင်အာရှနိုင်ငံများ၊ အာဖရိကနိုင်ငံများနှင့် ကျွန်းစုနိုင်ငံများ၊ SCO အဖွဲ့ဝင်နိုင်ငံများမှ ကျန်းမာရေးဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အဆင့်မြင့်အရာရှိကြီးများ၊ WHO အဖွဲ့မှ တာဝန်ရှိသူများနှင့်အတူ တက်ရောက်ခဲ့သည်။ ညီလာခံ ဖွင့်ပွဲအခမ်းအနားတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံဝန်ကြီးချုပ် မစ္စတာ လီချန်က အဖွင့်အမှာစကားပြောကြားပြီး အမျိုးသားကျန်းမာရေးကော်မရှင်ဥက္ကဋ္ဌ ကျန်းမာရေးဝန်ကြီးနှင့် ပေကျင်းမြူနီစီပယ် အစိုးရတာဝန်ရှိသူများက ကြိုဆိုနှုတ်ခွန်းဆက်စကားများ ပြောကြားခဲ့သည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် “Advancing Primary Health Care Together: From Commitment to Action” ခေါင်းစဉ်ဖြင့် ကျင်းပသည့် Government Forum သို့ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားရာတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ Global Traditional Medicine Strategy 2025-2034 နှင့်အညီ ရွေးကောက်ခံအစိုးရ၊ ဝန်ကြီးဌာနအနေဖြင့် တိုင်းရင်းဆေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ နိုင်ငံ၏ ပဏာမကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများတွင် တိုင်းရင်းဆေးကုသမှုလုပ်ငန်းများ၏ အရေးပါမှု၊ တိုင်းရင်းဆေးဝါးများ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ထုတ်လုပ်ဖြန့်ဖြူးရောင်းချနိုင်ရေးနှင့် အရည်အသွေးပြည့်ဝစေရေး စိစစ်ကြပ်မတ်ဆောင်ရွက်လျက်ရှိမှု၊ တိုင်းရင်းဆေးပညာရှင်များ စနစ်တကျ မွေးထုတ်လေ့ကျင့်ပေးနေမှု၊ တိုင်းရင်းဆေးရုံ/ ဆေးခန်းများ အဆင့်မြှင့်တင်ရေး ဆောင်ရွက်မည့်အခြေအနေများ၊ တိုင်းရင်းဆေး သုတေသနလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး နှစ်စဉ် သုတေသနညီလာခံဆောင်ရွက်နေမှုများကို ပြောကြားခဲ့သည်။ ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် တိုင်းရင်းဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသည့် ဆေးပင်များ စဉ်ဆက်မပြတ်ပြုစုထိန်းသိမ်းရေး ဝန်ကြီးများအဆင့် Roundtable Discussion သို့ တက်ရောက်၍ ဆေးပင်များ စဉ်ဆက်မပြတ်ပြုစုထိန်းသိမ်းရေးအတွက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်း၏ အရေးပါမှု၊ မြန်မာနိုင်ငံတွင်လည်း နေပြည်တော် အမျိုးသားပရဆေး ဥယျာဉ်နှင့် တိုင်းဒေသကြီး/ပြည်နယ်များတွင် ပရဆေးဥယျာဉ်များ တည်ထောင်ထားရှိမှုနှင့် ရှားပါးပရဆေးပင်များ ပြုစုထိန်းသိမ်းထားရှိမှုများကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့သည်။ ပြည်ထောင်စုဝန်ကြီးသည် ညီလာခံတက်ရောက်နေစဉ်အတွင်း တရုတ်အမျိုးသားကျန်းမာ ရေးကော်မရှင် ဒုတိယဝန်ကြီး H.E. Mr . Zeng Yixin နှင့်လည်းကောင်း၊ အိန္ဒိယသမ္မတနိုင်ငံ အာယုဗေဒ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E. Mr. Vaidya Rajesh Kotecha နှင့်လည်းကောင်း သီးခြားစီတွေ့ဆုံ၍ နှစ်နိုင်ငံကျန်းမာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု ပိုမိုမြှင့်တင်ရေး၊ နယ်စပ်ဒေသ ကူးစက်ရောဂါဖြစ်ပွားမှု စောင့်ကြပ်ကြည့်ရှုရေးနှင့် သတင်းအချက်အလက်များ ဖလှယ်ရေး၊ တိုင်းရင်းဆေးပညာ လူ့စွမ်းအားအရင်းအမြစ်များ လေ့ကျင့်သင်ကြားပေးရေး၊ ဆက်လက်ပူးပေါင်းဆောင်ရွက် သွားမည့်ကိစ္စရပ်များကို ရင်းနှီးစွာ ဆွေးနွေးခဲ့ကြသည်။
19 أكتوبر, 22:33

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့၌ ကျင်းပသည့် ၂၀၂၆ ခုနှစ် ကမ္ဘာ့တိုင်းရင်းဆေးညီလာခံသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့၌ ကျင်းပသည့် ၂၀၂၆ ခုနှစ် ကမ္ဘာ့တိုင်းရင်းဆေးညီလာခံသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း တက်ရောက်
19 أكتوبر, 22:32

+1
ပြင်သစ်နိုင်ငံ၊ လီယွန်မြို့တွင် အဓိကရုဏ်းများနှင့် ဖျက်ဆီးလုယက်မှုများ မဖြစ်ပွားစေရန် လက်ယာစွန်းအုပ်စုများ လမ်းပေါ်ထွက်လာကြသည်။
19 أكتوبر, 22:31

ပြင်သစ်နိုင်ငံတွင် အမျိုးသားတစ်ဦးသည် ၎င်း၏ ပြတင်းပေါက်ကို ကျောက်ခဲဖြင့် ပစ်ပေါက်ခဲ့ကြသည့် ဆူပူဆန္ဒပြသူများကို ရေနွေးဖြင့် ပက်ခဲ့သည်။
19 أكتوبر, 22:26

ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် ထိုင်းနိုင်ငံ စွမ်းအင်ဝန်ကြီးနှင့်တွေ့ဆုံ၍ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုတို
ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် ထိုင်းနိုင်ငံ စွမ်းအင်ဝန်ကြီးနှင့်တွေ့ဆုံ၍ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်နိုင်ရေးဆွေးနွေး   အောက်တိုဘာ ၁၉၊ ၂၀၂၆   လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် ယနေ့နံနက်ပိုင်းတွင် ထိုင်းနိုင်ငံ စွမ်းအင်ဝန်ကြီး H.E. Mr. Akanat Promphan ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ဝင်များအား လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ရေနံ့သာခန်းမ၌ တွေ့ဆုံ ဆွေးနွေးသည်။   တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍဆိုင်ရာ ကိစ္စရပ်များအား ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရန် နားလည်မှုစာချွန်လွှာ(MoU) ရေးထိုးသွားမည့်ကိစ္စ၊ ထိုင်းနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် သဘာဝဓာတ်ငွေ့စီမံကိန်းများတွင်အထွက် နှုန်းတိုးမြှင့်နိုင်ရေးအတွက် ဆောင်ရွက်သွားမည့်ကိစ္စ၊ စီမံကိန်းအသစ်များတွင် ထပ်မံ၍ရင်းနှီးမြှုပ်နှံသွား လိုသည့်ကိစ္စ၊ ထိုင်းနိုင်ငံသို့သွယ်တန်းထားသည့် ပိုက်လိုင်းများ စွမ်းဆောင်ရည်အပြည့်အဝအသုံး ချနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည့်ကိစ္စ၊ မြန်မာ-ထိုင်း-ရုရှားသုံးနိုင်ငံပူးပေါင်း၍ ထားဝယ်ဒေသကိုအခြေပြု၍ စွမ်းအင်ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးကိစ္စ၊ သံလွင်မြစ်ဝှမ်းနှင့် တနင်္သာရီမြစ်ဝှမ်းများရှိ ရေအား လျှပ်စစ်စီမံကိန်းများတွင် ထိုင်းနိုင်ငံမှကုမ္ပဏီများ ပူးပေါင်းဆောင် ရွက်သွားလိုသည့်ကိစ္စ၊ နိုင်ငံဖြတ် ကျော်ဓာတ်အားလိုင်းစီမံကိန်းများအပါအဝင် လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးနှင့် ဖြန့်ဖြူးရေးကိစ္စများတွင် ထိုင်းနိုင်ငံမှ ကုမ္ပဏီများပါဝင်၍ ရင်းနှီးမြှုပ်နှံဆောင်ရွက်လို သည့်ကိစ္စများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။   အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး၊ ထိုင်းနိုင်ငံရှိ PTT၊ PTTEP ကုမ္ပဏီနှင့် လျှပ်စစ်ဓာတ် အားထုတ်လုပ်ရေးအာဏာပိုင်အဖွဲ့ (EGAT)တို့မှ သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။   ဆက်လက်၍ ထိုင်းနိုင်ငံ စွမ်းအင်ဝန်ကြီးနှင့်အဖွဲ့သည် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် လိုက်ပါလျက် မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးအား သွားရောက် ဖူးမြော်ကြည်ညိုရာ တာဝန်ရှိသူများက ဘုရားကြီးထုဆစ်ကိုးကွယ် ခဲ့မှုလုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
19 أكتوبر, 22:24