uk
Feedback
News Of Myanmar

News Of Myanmar

Відкрити в Telegram

📈 Аналітичний огляд Telegram-каналу News Of Myanmar

Канал News Of Myanmar (@newsofmyanmar) у мовному сегменті Бірманська є активним учасником. На даний момент спільнота об'єднує 12 497 підписників, посідаючи 16 047 місце в категорії Новини і ЗМІ та 10 071 місце у регіоні М'янма.

📊 Показники аудиторії та динаміка

З моменту свого створення невідомо, проект продемонстрував стрімке зростання, зібравши аудиторію у 12 497 підписників.

За останніми даними від 21 червня, 2026, канал демонструє стабільну активність. Хоча за останні 30 днів спостерігається зміна кількості учасників на -276, а за останні 24 години на -4, загальне охоплення залишається високим.

  • Статус верифікації: Не верифікований
  • Рівень залученості (ER): Середній показник залученості аудиторії становить 10.23%. Протягом перших 24 годин після публікації контент зазвичай збирає 5.29% реакцій від загальної кількості підписників.
  • Охоплення публікацій: В середньому кожен допис отримує 1 279 переглядів. Протягом першої доби публікація в середньому набирає 662 переглядів.
  • Реакції та взаємодія: Аудиторія активно підтримує контент: середня кількість реакцій на один пост – 15.

📝 Опис та контентна політика

Автор описує ресурс як майданчик для висловлення суб'єктивної думки:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

Завдяки високій частоті оновлень (останні дані отримано 22 червня, 2026), канал підтримує актуальність та високий рівень охоплення публікацій. Аналітика показує, що аудиторія активно взаємодіє з контентом, що робить його важливою точкою впливу в категорії Новини і ЗМІ.

12 497
Підписники
-424 години
-717 днів
-27630 день
Архів дописів
မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ဒါရိုက်တာအဖွဲ့ဝင်များ ခန့်အပ်တာဝန်ပေးခြင်း
မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ဒါရိုက်တာအဖွဲ့ဝင်များ ခန့်အပ်တာဝန်ပေးခြင်း

တိုင်းဒေသကြီး/ပြည်နယ်ဝန်ကြီးများခန့်အပ်ကြောင်းကြေညာ
+5
တိုင်းဒေသကြီး/ပြည်နယ်ဝန်ကြီးများခန့်အပ်ကြောင်းကြေညာ

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဖွဲ့စည်းကြောင်းကြေညာ
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဖွဲ့စည်းကြောင်းကြေညာ

ပြည်ထောင်စုတရားလွှတ်တော်ချုပ်ဖွဲ့စည်းကြောင်းကြေညာ
ပြည်ထောင်စုတရားလွှတ်တော်ချုပ်ဖွဲ့စည်းကြောင်းကြေညာ

ပြည်ထောင်စုအတိုင်ပင်ခံကေါင်စီဖွဲ့စည်းကြောင်းကြေညာ
ပြည်ထောင်စုအတိုင်ပင်ခံကေါင်စီဖွဲ့စည်းကြောင်းကြေညာ

အမျိုးသားကါကွယ်ရေးနှင့်လုံခြုံရေးကေါင်စီဖွဲ့စည်းကြောင်းကြေညာ
အမျိုးသားကါကွယ်ရေးနှင့်လုံခြုံရေးကေါင်စီဖွဲ့စည်းကြောင်းကြေညာ

ပြည်ထောင်စုအစိုးရဖွဲ့စည်းကြောင်းကြေညာ
+3
ပြည်ထောင်စုအစိုးရဖွဲ့စည်းကြောင်းကြေညာ

အတိုင်ပင်ခံကေါင်စီဥက္ကဌနှင့်အတွင်းရေးမှူးခန့်အပ်
အတိုင်ပင်ခံကေါင်စီဥက္ကဌနှင့်အတွင်းရေးမှူးခန့်အပ်

နိုင်ငံတော်သမ္မတနှင့်ဒုတိယသမ္မတများကတိသစ္စာပြုပွဲကျင်းပပြီးစီး

ရန်ကုန်မြို့တော်ဝန်အသစ်ခန့်အပ် NOM ရန်ကုန်မြို့တော်ဝန်အဖြစ်ယခင်ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့စီးပွါးရေးဝန်ကြီးဦးမျိုးမြင့်အောင်ကိုခန့်အပ်လိုက်ကြောင်းနှင့်လက်ရှိမြို့တော်ဝန်ဦးဗိုဌေးသည်ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးဝန်ကြီးအဖြစ်ပြောင်းလဲခန့်အပ်ခံရကြောင်းသိရသည်။

မြန်မာနိုင်ငံတော်သမ္မတသစ်နှင့် ဒုသမ္မတများ ကတိသစ္စာပြု NOM၊ဧပြီ၁၀၊၂၀၂၆ ယနေ့ ဧပြီ ၁၀ ရက်တွင် မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင
မြန်မာနိုင်ငံတော်သမ္မတသစ်နှင့် ဒုသမ္မတများ ကတိသစ္စာပြု NOM၊ဧပြီ၁၀၊၂၀၂၆ ယနေ့ ဧပြီ ၁၀ ရက်တွင် မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၊ဒုတိယသမ္မတများဖြစ်ကြသည့် ဥဦးညိုစောနှင့် ဒေါ်နန်းနီနီအေးတိုသည် ပြည်ထောင်စုလွှတ်တော်တွင် ပြည်ထောင်စုလွှတ်တော်နာယကရှေ့မှောက်၌ ကတိသစ္စာပြုပြီး ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။

(တ) လူကုန်ကူးမှုများတားဆီးကာကွယ်ရေးနှင့်နှိမ်နင်းရေးလုပ်ငန်းများအတွက် လည်းကောင်း၊ လူကုန်ကူးခံရသူများအား ကယ်ဆယ်ရေး၊ ပြန်လည်လက်ခံရေး၊ ကာကွယ်စောင့်ရှောက်ရေး၊ အကူအညီပေးရေး၊ ပြန်လည်ထူထောင်ရေးနှင့် ၎င်းတို့အား လူမှုအသိုင်းအဝိုင်းအတွင်းသို့ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးလုပ်ငန်း များနှင့်စပ်လျဉ်း၍လည်းကောင်း လိုအပ်ပါက ပြည်တွင်း၊ ပြည်ပရှိ အဖွဲ့အစည်းများ၊ သက်ဆိုင်ရာအဖွဲ့ဝင်နိုင်ငံများ၊ သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ဆက်သွယ်ညှိနှိုင်းဆောင်ရွက်ခြင်း။ (ထ) လူကုန်ကူးမှုကျူးလွန်သူ တရားခံများကိုတရားခံလွှဲပြောင်းရေးဥပဒေနှင့်အညီ လွှဲပြောင်းရေးအတွက်လည်းကောင်း၊ ပြစ်မှုဆိုင်ရာကိစ္စရပ်များတွင် နိုင်ငံအချင်းချင်း အကူအညီပေးရေးဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရေးအတွက်လည်းကောင်း သက်ဆိုင်ရာအဖွဲ့ဝင်နိုင်ငံများနှင့်ညှိနှိုင်းဆောင်ရွက်ခြင်း။ ( ဒ ) ဤဥပဒေအရ စုံစမ်းစစ်ဆေးပြီး အရေးယူသောပြစ်မှုတွင် သတင်းပေးသူနှင့် စုံစမ်း စစ်ဆေးအရေးယူမှုတွင် ထူးခြားပြောင်မြောက်စွာဆောင်ရွက်သည့် ပုဂ္ဂိုလ်များကို ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ဆုချီးမြှင့်နိုင်ရေးအတွက် စီမံ ဆောင်ရွက်ခြင်း။ ( ဓ ) ဗဟိုအဖွဲ့၏ ပုံမှန်အစည်းအဝေးနှင့် အထူးအစည်းအဝေးများကို သတ်မှတ်ချက်များ နှင့်အညီကျင်းပခြင်း။ (န) ဗဟိုအဖွဲ့၏ လုပ်ငန်းတာဝန်များ ဆောင်ရွက်မှုနှင့်စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရ အဖွဲ့သို့ အခါအားလျော်စွာ အစီရင်ခံတင်ပြခြင်း။ (ပ) ပြည်ထောင်စုအစိုးရအဖွဲ့က အခါအားလျော်စွာပေးအပ်သည့် အခြားလုပ်ငန်းတာဝန် များကို ဆောင်ရွက်ခြင်း။ ဘေးကင်းစေရန် မည်သို့ ကာကွယ်ရမည်နည်း ဤကဲ့သို့ လူကုန်ကူးမှုဆိုသည့် ငရဲကျင်းအတွင်း မကျရောက်စေရန် လူငယ်များနှင့် မိဘ အုပ်ထိန်းသူများ အထူးသတိပြုရန် လိုအပ်ပေသည်၊ လွယ်ကူလွန်းသော အခွင့်အရေးကို သံသယရှိပါ၊ အရည်အချင်းမလိုဘဲ လစာအဆမတန်များနေသည့် အလုပ်မှန်သမျှသည် ထောင်ချောက်ဖြစ်ရန် ၉၉ ရာခိုင်နှုန်း သေချာပါသည်။ အွန်လိုင်းပေါ်မှအလုပ်ခေါ်စာများSocial Media (Facebook, Telegram, TikTok) များမှတစ်ဆင့်ချိတ်ဆက်လာသောအလုပ်များကို ပိုမိုသတိထားပါ၊ ပြည်ပသို့ထွက်ခွာမည်ဆိုပါက တရားဝင်လမ်းကြောင်းကိုသာ အသုံးပြုပါ။ ပြည်ပသို့အလုပ်သွားလုပ်မည် ဆိုပါက အလုပ်သမားဝန်ကြီးဌာနမှ တရားဝင်ခွင့်ပြုချက်ရထားသော အေဂျင်စီများမှတစ်ဆင့်သာ သွားရောက်ပါ။ ခရီးစဉ်အသေးစိတ်ကိုစုံစမ်းပါ၊ မည်သည့်မြို့၊ မည်သည့်ကုမ္ပဏီတွင် လုပ်ရမည်ကို ကြိုတင်စုံစမ်းပြီး မိသားစုထံလိပ်စာနှင့် ဖုန်းနံပါတ်များအားပေးထားပါ၊ ဆက်သွယ်သတင်းပေး တိုင်ကြားနိုင်မည့်သက်ဆိုင်ရာတပ်ဖွဲ့၊ ဌာနများ၏ Help Line/ Hot Line ဖုန်းနံပါတ်များကို မှတ်သား သွားပါ၊  နိုင်ငံကူးလက်မှတ်(Passport)၊ နိုင်ငံသားစိစစ်ရေးကတ်နှင့် အရေးကြီးသော ကိုယ်နှင့် သက်ဆိုင်သည့်စာရွက်စာတမ်းများကို ကိုယ်နှင့်မကွာထားပါ၊ မည်သည့်အလုပ်ရှင်ဖြစ်စေ နိုင်ငံကူး လက်မှတ်၊နိုင်ငံသားစိစစ်ရေးကတ်ကို သိမ်းဆည်းထားပိုင်ခွင့်မရှိပါ။ အချုပ်ဆိုရသော် “အွန်လိုင်းလိမ်လည်မှု (Online Scam)” ဆိုသည်မှာ တစ်ဦးတစ်ယောက် ချင်းစီ၏ ဘဝကိုသာမက မိသားစုပေါင်းများစွာကိုပါ ပူလောင်စေသည့် ငရဲကျင်းတစ်ခုဖြစ်ပါသည်။ ရည်ရွယ်ချက်ကိုဖုံးကွယ်၍ သွေးဆောင်ခေါ်ယူနေသောအလုပ်ခေါ်စာများကြောင့် ဖြစ်ပေါ်လာသော ရွှေရောင်အိပ်မက်များနောက်သို့ မစဉ်းစားမဆင်ခြင် လိုက်ပါသွားခြင်းသည် မိမိကိုယ်မိမိ သေတွင်း ထဲသို့ ခုန်ဆင်းခြင်းနှင့် အတူတူပင်ဖြစ်သည်။ ထို့ကြောင့် မိမိ၏ဘဝအနာဂတ်ကို တန်ဖိုးထားသော လူငယ်များအနေဖြင့် သတင်းအချက်အလက်များကို မျက်ခြေမပြတ်စောင့်ကြည့်ပြီး သတိ၊ ဝီရိယဖြင့် ဆင်ခြင်တုံတရားရှိရှိ ရွေးချယ်ကြပါရန်နှင့် မသေချာသောရွှေရောင်အိပ်မက်များနောက်သို့ မျက်စိမှိတ် မလိုက်ပါရန် အရေးကြီးပါသည်။ “အွန်လိုင်းလိမ်လည်မှု (Online Scam)”လုပ်ငန်းများနှင့် ဆက်နွယ် ဖြစ်ပေါ်လာသော လူကုန်ကူးခံရမှုသည် လူသားတို့၏ ဘဝနှင့်ဂုဏ်သိက္ခာကို ဖျက်ဆီးနေသည့်လုပ်ငန်းများဖြစ်သဖြင့် မြန်မာလူငယ်များအနေဖြင့် မှန်ကန်သောလမ်းကို အသိ/သတိဖြင့် ရွေးချယ် လျှောက်လှမ်းနိုင်ကြရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။ ဇေဠ(လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့)    

လူကုန်ကူးမှုသည် နည်းလမ်းအမျိုးမျိုးဖြင့် ပုံစံပြောင်းလာတတ်သဖြင့် တစ်ဦးတစ်ယောက် ချင်းနှင့် အဖွဲ့အစည်းအလိုက် ပူးပေါင်းကြိုတင်ကာကွယ်ရမည့်အပြင် Online Scamများတွင် လုပ်ကိုင် ရခြင်းနှင့် နောက်ဆက်တွဲ လူကုန်ကူးမခံရစေရေးအတွက် လူကုန်ကူးမှုဆီသို့ ဦးတည်ဖြစ်ပေါ်စေ နိုင်သည့် ပြည်ပသို့တရားမဝင်ထွက်ခွာမှုများကို ထိန်းချုပ်နိုင်ရေးအတွက် တရားမဝင် ပို့ဆောင်သူ များကို စုံစမ်းဖေါ်ထုတ်အရေးယူလျက်ရှိပါသည်။ လူကုန်ကူးသူလူပွဲစားများကိုလည်းစုံစမ်း ဖော်ထုတ်၍ ထိရောက်ပြစ်ဒဏ်ရရှိရေး တရားစွဲဆိုနိုင်ခဲ့ပြီး လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟို အဖွဲ့အနေဖြင့်လည်း အောက်ပါလုပ်ငန်းတာဝန်များကို ချမှတ်ဆောင်ရွက်လျက်ရှိပါသည်- (က) လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊ နှိမ်နင်းရေးတို့နှင့်စပ်လျဉ်း၍ ဤဥပဒေပါ ရည်ရွယ်ချက်များကိုထမြောက်အောင်မြင်စွာ အကောင်အထည်ဖော်ရေးအတွက် မူဝါဒများနှင့် လမ်းညွှန်ချက်များ ချမှတ်ခြင်း။ ( ခ ) ဗဟိုအဖွဲ့၏ လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်အထောက်အကူပြုရန် လုပ်ငန်းကော်မတီများ၊ ဒေသဆိုင်ရာတားဆီးကာကွယ်ရေး အဖွဲ့များနှင့် တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့တို့အား လမ်းညွှန်ခြင်းနှင့် ညှိနှိုင်းပေါင်းစပ်ခြင်း။ ( ဂ ) လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့်နှိမ်နင်းရေးတို့ကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန်သုတေသနလုပ်ငန်းများ ဆောင်ရွက်ရေးအတွက်လည်းကောင်း၊ လိုအပ်သည့် အခြေခံ အချက်အလက်များ ရရှိနိုင်ရေးအတွက်လည်းကောင်း ကျွမ်းကျင်သူများပါဝင်သည့်သုတေသနလုပ်ငန်းအဖွဲ့များ၊ လေ့လာစိစစ်ရေးနှင့် အကဲဖြတ်အဖွဲ့များ၊ အခြား လိုအပ်သော အဖွဲ့များဖွဲ့စည်း၍ လုပ်ငန်းတာဝန်များ သတ်မှတ်ပေးခြင်းနှင့် ကြီးကြပ် ကွပ်ကဲခြင်း။ (ဃ) လူကုန်ကူးမှုဖြစ်ပွားရသည့် အကြောင်းရင်းနှင့် နောက်ဆက်တွဲ ဆိုးကျိုးများကို ပြည်သူများအတွင်း ကျယ်ကျယ်ပြန့်ပြန့် သတိပြုလာစေရေးအတွက် အသိပညာပေး အစီအစဉ်များကို စီစဉ်ဆောင်ရွက်ပေးခြင်း။ ( င ) လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊ နှိမ်နင်းရေးတို့နှင့်စပ်လျဉ်း၍ တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များနှင့် တားဆီးနှိမ်နင်းရေးအရာရှိများအား ခေတ်မီနည်းပညာများဖြင့် လေ့ကျင့်သင်ကြားရေး၊ အခြားနိုင်ငံများမှ ကျွမ်းကျင်သူများနှင့်နည်းပညာဖလှယ်ရေး၊ ပူးပေါင်းဆောင်ရွက်ရေးတို့အတွက် လမ်းညွှန်ခြင်း။ ( စ ) လူကုန်ကူးမှုများ လျော့နည်းပပျောက်စေရေးအတွက် ကြိုတင်ကာကွယ်ရေး စီမံချက်များ၊အစီအစဉ်များချမှတ်ရာတွင် သက်ဆိုင်ရာအစိုးရဌာန/အဖွဲ့အစည်းများ၊ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် ဆက်သွယ်ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ခြင်း။ (ဆ) နိုင်ငံဖြတ်ကျော်၍ တရားမဝင်ရွှေ့ပြောင်းသွားလာမှုနှင့် ဆက်စပ်ပြီးပေါ်ပေါက်လာသည့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊ နှိမ်နင်းရေးတို့နှင့်စပ်လျဉ်း၍ အဖွဲ့ဝင်နိုင်ငံများမှ လူကုန်ကူးမှုတားဆီးတိုက်ဖျက်ရေးအာဏာပိုင်များ  အချင်းချင်း သတင်းဖလှယ်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်း။ ( ဇ ) လူကုန်ကူးခံရသည့် အမျိုးသား၊ အမျိုးသမီး၊ လိင်ဝိသေသထူးခြားသူများနှင့် ကလေး သူငယ်များ၏ ကာယန္ဒြေစောင့်ထိန်းမှု၊ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာလုံခြုံမှုနှင့် ယင်းတို့၏ အကျိုးအတွက် အလေးဂရုပြုဆောင်ရွက်ခြင်း။ ( ဈ ) ဤဥပဒေအရ ရန်ပုံငွေတည်ထောင်ခြင်း၊ ထိန်းသိမ်းခြင်း၊ သုံးစွဲခြင်း၊ စီမံခန့်ခွဲခြင်း တို့နှင့် စပ်လျဉ်း၍ လမ်းညွှန်ခြင်းနှင့်ကြီးကြပ်ခြင်း။ (ည) လူကုန်ကူးမှုဆိုင်ရာ ကိစ္စရပ်များတွင် တရားခံလွှဲပြောင်းရေးနှင့် နိုင်ငံအချင်းချင်းအကူ အညီပေးရေးတို့ကို တည်ဆဲဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရန် ပြည်တွင်း၊ ပြည်ပရှိ အဖွဲ့အစည်းများ၊ သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း။ ( ဋ ) ဤဥပဒေအရတရားမစွဲဆိုမီ သက်သေခံအဖြစ် သိမ်းဆည်းထားသော မရွှေ့ပြောင်း နိုင်သည့် ပစ္စည်းကို လိုအပ်ပါက ချိပ်ပိတ်ထားရန်နှင့် ခံဝန်ဖြင့်ပြန်လည်ပေးအပ်ထားရန် ညွှန်ကြားခြင်း။ ( ဌ ) ဘဏ်နှင့် ငွေရေးကြေးရေးအဖွဲ့အစည်းများတွင်ရှိသော ငွေကြေး၊ ပစ္စည်း သို့မဟုတ် အခြားအကျိုးအမြတ်များကို တစ်နည်းနည်းဖြင့် လွှဲပြောင်းခြင်း မပြုရန် တားမြစ်ခြင်း၊ ငွေရေးကြေးရေးဆိုင်ရာ မှတ်တမ်းများကို စစ်ဆေးကြည့်ရှုခြင်း၊ မိတ္တူကူးယူခြင်းနှင့် သက်သေခံပစ္စည်းအဖြစ် သိမ်းဆည်းခြင်းပြုရန် ခွင့်ပြုမိန့်ထုတ်ပေးခြင်း။ ( ဍ ) လူကုန်ကူးမှုနှင့် ဆက်စပ်ပြီး ပေါ်ပေါက်လာသော အခြားတည်ဆဲဥပဒေတစ်ရပ်ရပ်နှင့် ငြိစွန်းသည့်ပြစ်မှုများကိုလည်းကောင်း၊ လူကုန်ကူးခံရသူအားစိစစ်ပြီး ၎င်းအား အရေး ယူခြင်းမှ ကင်းလွတ်ခွင့်ပေးခြင်း သို့မဟုတ် အရေးယူရန် ခွင့်ပြုမိန့်ထုတ်ပေးခြင်း။ ( ဎ ) လူကုန်ကူးခံရသူများကို ကာကွယ်စောင့်ရှောက်ရေး၊ လုံခြုံရေးနှင့်အကူအညီ‌ပေးရေး လုပ်ငန်းများအတွက် အစီအမံများ ချမှတ်ပေးခြင်း။ (ဏ) လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့်နှိမ်နင်းရေးဆိုင်ရာ လုပ်ငန်းတာဝန်များ၊ တရား စွဲဆိုရေးဆိုင်ရာ လုပ်ငန်းများနှင့်သက်ဆိုင်သော လုပ်ထုံးလုပ်နည်းများ (Standard Operating Procedures - SOP)ကို ထုတ်ပြန်သတ်မှတ်ခြင်း။

ထို့အပြင် အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံအတွင်းသို့ ရောက်ရှိနေသည့် နိုင်ငံခြားသား များကိုလည်း လူသားချင်း စာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်းချစ်ကြည်ရင်းနှီးမှုတို့ကို ရှေးရှု၍ တရားဥပဒေနှင့်အညီစစ်ဆေးကာ ပါဝင်ပတ်သက်သူများကို သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည် လွှဲပြောင်းပေးအပ်သည့်အပြင် အဓိကပြစ်မှုကျူးလွန်ခဲ့သူများကိုလည်း ဖမ်းဆီးထိန်းသိမ်းပြီး သက်ဆိုင်ရာအစိုးရအဖွဲ့ထံ တရားဝင်လွှဲပြောင်းပေးခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။ ထို့ပြင် ကမ္ဘောဒီးယားနိုင်ငံအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုများတွင် အကြောင်း အမျိုးမျိုးကြောင့် ပါဝင်ပတ်သက်သည်ဟု သံသယရှိသော ကမ္ဘောဒီးယားနိုင်ငံရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာ ဌာနများမှ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးသို့ လွှဲပြောင်းပေးအပ်ခဲ့သည့်အတွက် မြန်မာ နိုင်ငံသား လူငယ်များကို(ယခင်)နိုင်ငံတော်ယာယီသမ္မတကြီး နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လမ်းညွှန်မှာကြားချက်အရ မြန်မာနိုင်ငံ အစိုးရအနေဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းခေါ်ယူသည့် လုပ်ငန်းစဉ်များကို ဆောင်ရွက် လျက်ရှိရာ ယနေ့ချိန်အထိ မြန်မာနိုင်ငံသားများကို အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းလိုင်း(MAI) နှင့် တပ်မတော်လေယာဉ်များဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ကာ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက် ပေးခြင်း၊ စားသောက်နေထိုင်မှုများ အဆင်ပြေစေရေးအတွက်ဆောင်ရွက်ပေးခြင်းတို့ကို တာဝန်ရှိသူများက စီစဉ်ဆောင်ရွက်ပေးခဲ့ပါသည်။ အဆိုပါကမ္ဘောဒီးယားနိုင်ငံမှ ပြန်လည်ရောက်ရှိ လာသည့် မြန်မာနိုင်ငံသားလူငယ်များအား သက်ဆိုင်ရာတာဝန်ရှိသူများက လိုအပ်သည့် ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းစာရင်းကောက်ယူခြင်းစသည့် စိစစ်မှုများကို လုပ်ထုံးလုပ်နည်း များနှင့်အညီဆောင်ရွက်လျက်ရှိပါသည်။ Online Scam များနှင့်ပတ်သက်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၏ မူဝါဒ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရအနေဖြင့်အမျိုးသားအဆင့် အွန်လိုင်း လိမ်လည်မှု (Online Scam) အားအမြစ်ပြတ်နှိမ်နင်းရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ ပြည်လမ်းရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ Studio A ၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ရာတွင် “အွန်လိုင်းလိမ်လည်မှု အွန်လိုင်း လောင်းကစားမှုများသည် လူသားများအပေါ် ကျူးလွန်သည့် ကြီးလေးသည့်ရာဇဝတ်မှုများ ဖြစ်သည်ဟု မြန်မာနိုင်ငံအစိုးရက သတ်မှတ်ပါကြောင်း၊ မြန်မာနိုင်ငံအစိုးရ၏ မူဝါဒသည် Zero TolerancePolicy ဖြစ်ကြောင်း၊ နည်းနည်းလိမ်သည်ဖြစ်စေ၊ များများလိမ်သည်ဖြစ်စေ ခွင့်လွတ်မှု မရှိ၊ ရေဆုံး ရေဖျားလိုက်လံချေမှုန်းမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအစိုးရက ကျင့်သုံးမည့်နည်းလမ်း (Method) သည် Aggressive Crack Downs Method ပြင်းပြင်းထန်ထန် နှိမ်နင်းမည့်မူဝါဒဖြစ်ပါကြောင်း”ပြတ်ပြတ်သားသား ကြေညာထားပြီးဖြစ်ပါသည်။ ယင်းတို့ကိုဆောင်ရွက်ရန် အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှု တိုက်ဖျက်ရေး ကြီးကြပ်မှုဗဟိုကော်မတီကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်တွင်အမျိုးသားအဆင့်၊ နိုင်ငံတော် အဆင့်ဖွဲ့စည်းပြီးဖြစ်ပါသည်။ ဖေဖော်ဝါရီ ၁၂ ရက်တွင် “ပြည်ထောင်စုနယ်မြေ အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများ တိုက်ဖျက်ရေးကော်မတီနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများ တိုက်ဖျက်ရေးကော်မတီ” တို့ကိုလည်း ဗဟိုကော်မတီ၏ကြီးကြပ်မှုဖြင့်ဖွဲ့စည်းပြီးဖြစ်ပါသည်။ နိုင်ငံတော် အစိုးရ၏ အုပ်ချုပ်မှုယန္တရားအလှမ်းမမှီတဲ့ လက်နက်ကိုင်သောင်းကျန်းသူအချို့ရဲ့နယ်မြေတွေမှာ အွန်လိုင်းလိမ်လည်မှုဂိုဏ်းများက စိမ့်ဝင်လာပြီး အွန်လိုင်းလိမ်လည်မှုအပါအဝင် ဆက်စပ် ရာဇဝတ်မှုများဖြစ်ပေါ်လျက်ရှိပါတယ်၊ နိုင်ငံတော်အစိုးရအနေဖြင့် ဒီပြသာနာကို ရိုးရိုးသာမန်ရာဇဝတ်မှု များလို သဘောမထားဘဲ ပြတ်ပြတ်သားသားနှိမ်နင်းခဲ့ပြီး တိုက်ဖျက်နှိမ်နင်းရေးဆိုင်ရာ စံပြုလုပ်ထုံး လုပ်နည်းရေးဆွဲခြင်း၊ တရားမဝင် ရောက်ရှိလုပ်ကိုင်နေတဲ့ နိုင်ငံခြားသားများ ပြန်လည်လွှဲပြောင်း ပေးခြင်း၊ ပြည်တွင်းပြည်ပ အဓိကတရားခံများအား ထိရောက်ပြင်းထန်စွာ အရေးယူဆောင်ရွက်ခြင်း၊ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းများကို ဆောက်ရွက်လျက်ရှိပါသည်။ ကြိုတင်ကာကွယ်ခြင်းနှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့၏ လုပ်ငန်းတာဝန်များ

အလုပ်သဘာဝ  - လူမှုကွန်ရက်တွင် အကောင့်အတုများဖွင့်၍ကမ္ဘာတစ်ဝှမ်းရှိ လူများကို ငွေကြေး ရင်းနှီးမြှုပ်နှံရန်သို့မဟုတ် အချစ်ရေးဖြင့်လိမ်လည်ရန် (Pig Butchering Scam) ခိုင်းစေခံရသည်။ ချုပ်နှောင်ခံရမှု - ခြံဝင်းအတွင်းမှ အပြင်သို့ထွက်ခွာခွင့်မရှိဘဲလက်နက်ကိုင်လုံခြုံရေးများဖြင့် စောင့်ကြပ်ထားခြင်းခံရသည်။ နှိပ်စက်ညှဉ်းပန်းမှု - သတ်မှတ်ထားသော Target မပြည့်ပါကရိုက်နှက်ခြင်း၊ လျှပ်စစ်ကျဉ်စက်ဖြင့် တို့ခြင်း၊ အစာငတ်ထားခြင်းနှင့် အဆိုးရွားဆုံးအခြေအနေဖြင့် ပြန်လည်ရောင်းချခြင်း(Reselling) များ ကြုံတွေ့ရနိုင်ပေသည်။ ပြန်ပေးဆွဲသကဲ့သို့ ငွေတောင်းခြင်း -   အလုပ်မှ ထွက်လိုပါက လျော်ကြေးအဖြစ် ဒေါ်လာသောင်းချီ ပေးဆောင်ရမည်ဟု ခြိမ်းခြောက်ခြင်းခံရပေမည်။ ကမ္ဘောဒီးယားနိုင်ငံအွန်လိုင်းငွေလိမ်လုပ်ငန်း (Online Scam) များတွင် လုပ်ကိုင်ခဲ့ရသည့် ကိုယ်တွေ့ ကြုံရသူ၏ စကားသံ(Survivor Quote) “လိုင်းပေါ်မှာလူခေါ်တဲ့ဟာတွေ တွေ့တယ်။ ကျွန်မတို့သွားပြီးတော့ ဆက်သွယ်ကြည့်တော့ ဒီအလုပ်က အလွန်ကောင်းတယ်။ တစ်လကို သိန်း ၄၀ လောက်ရမယ်။ ဘာမှမလုပ်ရဘူး Customer Service ပေးရုံပဲဆိုပြီး ခေါ်ခဲ့တာ။ ဟိုမှာ တစ်လကို သိန်း ၄၀ လောက်ရတယ်ဆိုပြီးတော့ သွားခဲ့ တာပေါ့။ စရောက်တော့ တစ်ရက်လောက် ပေးနားတယ်။ ရောက်တဲ့အချိန်မှာ Facebook အတိုင်းပဲ IG အကောင့် တွေဖွင့်ရတယ်။ ပြီးရင် အဲဒီကနေမှ ရည်ညွှန်းတဲ့နိုင်ငံကို အင်ဒိုနီးရှားဆို အင်ဒိုနီးရှား၊ US ဆို US ပေါ့။ ကျွန်မတို့က အင်ဒိုနီးရှားကို လူရှာပြီးတော့မှ Whatsapp ရဖို့အတွက် ကျွန်မတို့က တောင်းပေးရတာ။ ပြဿနာတွေ မဖြစ်ခင်မှာ ကျွန်မတို့ကသံရုံးကို တိုင်မယ်ပေါ့။ သံရုံးကို တိုင်ပြီး တော့မှ သံရုံးက လာခေါ်ပေးတာကို စောင့်မယ်ဆိုပြီးတော့မှ စီစဉ်ထားကြတာ။ အဲဒီကနေမှ ကမ္ဘောဒီးယား အစိုးရက လိုက်လံဖမ်းဆီးတဲ့ အခါမှာ ဖြစ်ချင်တာဖြစ်တော့ သေရင်လည်း သေပါစေ၊ ရှင်ရင်လည်း ငါတို့မြန်မာပြည်တော့ ရောက်အောင် ပြန်မယ်။ ဘယ်လိုနည်းနဲ့မဆို ဆိုပြီးတော့ အဲဒီကနေထွက်ပြေးပြီး နီးစပ်ရာကမ္ဘောဒီးယားတွေကို မေးပြီးတော့မှ ကားငှားပြီး သံရုံးကို ရောက်အောင်သွားခဲ့တာ။ စရောက်တော့ သံအမတ်ကြီးရော၊ အောက်ကအစ်မတွေလည်း အလွန် သဘောကောင်းတယ်။ အကုန်လုံးလည်း အစစအရာရာ ကူညီပေးတယ်။ စားဖို့သောက်ဖို့ နေဖို့ထိုင်ဖို့ အပြင်မှာတောင်မနေခိုင်းဘဲ သံရုံးထဲမှာပဲ နေဖို့ထိုင်ဖို့တွေ အစစအရာရာ ကျန်းမာရေး အကုန်လုံး ဂရုစိုက်ပေးတယ်။ နေမကောင်းဘူးဆိုရင်လည်း ဆေးခန်းပြပေးတယ်။ အစားအသောက်ဆိုရင်လည်း သူတို့စီစဉ်နိုင်သလောက် အကုန်လုံးစီစဉ်ပေးပြီးတော့မှ အားလုံးနွေးနွေးထွေးထွေးနဲ့ ဆက်ဆံပေး တယ်။ အစကနေ အဆုံးထိပေါ့။” ကမ္ဘောဒီးယားနိုင်ငံ (Online Scam) အွန်လိုင်းငွေလိမ်လုပ်ငန်းများတွင် လုပ်ကိုင်ခဲ့ရသည့် မြန်မာနိုင်ငံသားလူငယ်များ၏ ပြောပြချက်အရ ကမ္ဘောဒီးယားနိုင်ငံတွင် အွန်လိုင်းရှော့ပင်းဈေးရောင်း လုပ်ကိုင်ရမည်၊ လုပ်ခလစာ အမေရိကန်ဒေါ်လာ(၆၀၀)ရရှိမည်၊ လမ်းစရိတ်ကုန်ကျခံ ပို့ဆောင်ပေးမည်၊ နိုင်ငံကူးလက်မှတ်စာအုပ်မရှိလဲရသည်၊ သွားရောက်မည်ဆိုပါက ကိုယ်ပိုင်အကောင့်သို့ လာရောက် ဆက်သွယ်ပါဟု ကြော်ငြာထားသည်ကိုတွေ့ရှိ၍ ချိတ်ဆက်ဆောင်ရွက်ခဲ့ကြောင်း၊ ပွဲစားဖြစ်သူ၏ Telegram အကောင့်မှ ချိတ်ဆက်စီစဉ်ဆောင်ရွက်ပေးမှုဖြင့် တာချီလိတ်မြို့သို့ ရောက်ရှိခဲ့ကြောင်း၊ မယ်ဆိုင်တံတားမှ နယ်စပ်ဖြတ်ကျော်ခွင့်ကတ်အား ပြုလုပ်ပြီး ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၀ ရက်တွင် တာချီလိတ်မြို့မှ မယ်ဆိုင်မြို့သို့ လည်းကောင်း၊ မယ်ဆိုင်မြို့မှတစ်ဆင့် ဘန်ကောက်မြို့သို့လည်းကောင်း ကားဖြင့် သွားရောက်ခဲ့ပြီး ၎င်းမြို့မှ ကားဖြင့် ကမ္ဘောဒီးယားနိုင်ငံ၊ ကမ်ပေါ့ (KAM POT) မြို့ အပြင်ဘက်ရှိ BoKor တောင်ပေါ်ရှိ KAMPOT-2 အမည်ရှိ ကုမ္ပဏီသို့ရောက်ရှိခဲ့ပြီး (၄) ထပ်တိုက်၊ အခန်း(၂၀)ရှိ အဆောက်အအုံတွင် နေထိုင်ခဲ့ရပြီး ကွန်ပျူတာနှင့် ဖုန်းများကို အသုံးပြုကာ Telegram မှ အကောင့် (၁၀၀၀)ခန့်ချပေးပြီး အသက် ၃၅ နှစ်အထက်ရှိ စင်္ကာပူနိုင်ငံနှင့် တရုတ်နိုင်ငံတို့၏ အမျိုးသမီးဓာတ်ပုံများအား Profile တင်ကာ နိုင်ငံခြားသားအကောင့်များကို ရှာပေးရကြောင်း၊နိုင်ငံခြားသားများမှ အကောင့်လာအပ်ပါက အဖွဲ့ခေါင်းဆောင်ဖြစ်သူ နိုင်ငံခြားသားထံ လွှဲပြောင်း ပေးရပြီး အဖွဲ့ခေါင်းဆောင်မှ ငွေကြေးလိမ်လည်မှုကို ဆက်လက်ပြုလုပ်ကြောင်း သိရှိရပါသည်။ Online Scam များတွင်လုပ်ကိုင်ခဲ့ရသူများအပေါ် နိုင်ငံတော်အစိုးရ၏ ဆောင်ရွက်ပေးမှု မြန်မာနိုင်ငံအစိုးရအနေဖြင့် နိုင်ငံတကာနှင့် တစ်ကမ္ဘာလုံးကိုအန္တရာယ်ပေးနေသည့် Online လိမ်လည်မှုများ၊ Online လောင်းကစားမှုများ တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် အလေးထားတိုက်ဖျက်ဆောင်ရွက်လျက်ရှိပါသည်။ Online Scam Center လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသူများနှင့် နောက်ကွယ်မှကြိုးကိုင်သော နိုင်ငံခြားသားများကို ဖော်ထုတ်ဖမ်းဆီးပြီး ထိထိရောက်ရောက် ပြင်းပြင်းထန်ထန် အရေးယူနိုင်ရေး အိမ်နီးချင်းနှင့် ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက် ရှိပါသည်။  

ရွှေရောင်အိပ်မက်များနောက်ကွယ်က အွန်လိုင်းလိမ်လည်မှုလုပ်ငန်း၏ လူကုန်ကူးမှုကျော့ကွင်း                                         (ကမ္ဘောဒီးယားရောက် မြန်မာလူငယ်တို့၏ သင်ခန်းစာ) ယနေ့ခေတ်ကာလတွင် စီးပွားရေးအကြပ်အတည်းနှင့် အလုပ်အကိုင် ရှားပါးမှုများကို အခွင့် ကောင်းယူကာ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများတွင် အဓမ္မခိုင်းစေရန်အတွက်ပုံစံအမျိုးမျိုးဖြင့် လိမ်လည်သွေးဆောင်ခေါ်ယူနေမှုများသည် အိမ်နီးချင်းနိုင်ငံများတွင် မှိုလိုပေါများလာလျက်ရှိပါသည်။အထူးသဖြင့် ကမ္ဘောဒီးယားနိုင်ငံရှိ “အွန်လိုင်းလိမ်လည်မှု”(Online Scams) ဟု ခေါ်ဆိုသော ငွေကြေးလိမ်လည်သည့် လုပ်ငန်းစုများသည် မြန်မာလူငယ်များစွာ၏ဘဝကို မြေစာပင်ဖြစ်စေခဲ့သည်။ အဆိုပါ မိမိတို့၏ရင်ဝယ်သားလူငယ်များကိုနိုင်ငံတော်မှမိခင်နိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ခဲ့ပြီးလည်း ဖြစ်ပါသည်။ မျက်မှောက်ခေတ်တွင် ပြည်ပထွက်ခွာအလုပ်လုပ်ကိုင်လိုသည့် မြန်မာလူငယ်များ များပြားလာသည်နှင့်အမျှ “လစာကောင်းကောင်း၊ အလုပ်သက်သာ” ဟူသောမက်လုံးများဖြင့် လိမ်လည်သွေးဆောင်ဖြားယောင်းနေမှုများသည် လူကုန်ကူးမှု ဘေးအန္တရာယ်ဆိုးတွင်းသို့ ဆွဲခေါ်နေသလိုဖြစ်နေပါသည်။ အထူးသဖြင့် ကမ္ဘောဒီးယားနိုင်ငံရှိ (Online Scam) အွန်လိုင်းမှတစ်ဆင့် ငွေကြေးလိမ်လည်သည့်လုပ်ငန်များတွင် အဓမ္မခိုင်းစေခံရသည့် မြန်မာလူငယ်များ၏ဖြစ်ရပ်အား သင်ခန်းစာရယူရန် ရည်ရွယ်ပါသည်။ ဆွဲဆောင်မှုရှိသော “ပိုက်ကွန်” ကမ္ဘောဒီးယားနိုင်ငံမှ ပြန်လည်ရောက်ရှိလာသောလူငယ်များ၏အတွေ့အကြုံများအရ အွန်လိုင်းလိမ်လည်သည့်လုပ်ငန်းများသည် လူမှုကွန်ရက်စာမျက်နှာများဖြစ်သော Facebook နှင့် Telegram တို့တွင် အလုပ်ခေါ်စာများကို ဆွဲဆောင်မှုရှိစွာ တင်လေ့ရှိကြောင်း၊ “အင်္ဂလိပ်စာ ပြောဆို တတ်ရန် မလို ၊ ဘွဲ့ရရန် မလို၊ ကွန်ပျူတာ အခြေခံရှိရုံဖြင့် တစ်လလျှင် လစာ အမေရိကန်ဒေါ်လာ ၁,၀၀၀ ကျော်ရမည်” စည်းရုံးခဲ့ကြကြောင်း သိရှိရပါသည်။ အဆိုပါမက်လုံးများသည် မိမိတို့၏လူနေမှု ဘဝတိုးတက်မှုကိုရှာဖွေနေသော လူငယ်များအတွက် ရွှေရောင်အိပ်မက်တစ်ခု ဖြစ်လာခဲ့ပါသည်။ နိုင်ငံရပ်ခြားတွင် အလုပ်လုပ်ရမည့်အပြင် “လမ်းစရိတ် အခမဲ့၊ ဗီဇာနှင့် နေစရိတ် အခမဲ့” ဟူသော စကားများဖြင့် ဖြားယောင်းကာ လေကြောင်းလိုင်းမှတစ်ဆင့်သော် လည်းကောင်း၊ တာချီလိတ်မြို့ မယ်ဆိုင်တံတားမှ နယ်စပ်ဖြတ်ကျော်ခွင့်ကတ်ဖြင့်လည်းကောင်း၊ မြဝတီမြို့မှ မဲဆောက်သို့ နယ်စပ် ဖြတ်ကျော်ခွင့်ကတ်ဖြင့် လည်းကောင်း၊ ထိုင်းနိုင်ငံအတွင်းသို့ဝင်ရောက်ခဲ့ပြီး တောလမ်းများကို ဖြတ်ကာ ကမ္ဘောဒီးယားနိုင်ငံအတွင်းသို့ ပို့ဆောင်ခံကြရပါသည်။ သို့သော် ထို “အခမဲ့” ဆိုသည့် စကားနောက်တွင် ထိုသူတစ်ဦးချင်းစီ၏ ခေါင်းပေါ်၌ “ရောင်းကြေး”(Bounty) များ ရှိနေသည်ကို ကာယကံရှင်များ မသိရှိကြပေ။ အွန်လိုင်းလိမ်လည်မှု (Online Scam) ဆိုသည်မှာ ဘာလဲ ? ၎င်းတို့၏ အဓိကအလုပ်မှာ အမျိုးသမီးချောလေးများ၏ ပုံကိုသုံး၍ Facebook/ Telegram တွင် အကောင့်တုများ ဖွင့်ခြင်း၊ နိုင်ငံခြားသားများ သို့မဟုတ် ငွေကြေးတတ်နိုင်သူများကို ချဉ်းကပ်ကာ အချစ်ရေးဖြင့် မြှူဆွယ်ခြင်း (Pig Butchering Scam)၊ ယုံကြည်မှုရလာပါက အွန်လိုင်းမှတစ်ဆင့် ငွေတိုးရင်းနှီးမြှုပ်နှံရန် ဖြားယောင်းပြီး ငွေများအားလုံးကို လိမ်လည်ယူခြင်းနှင့် အခြားနည်းလမ်းများ အသုံးပြုကာ ငွေများကို လိမ်လည်ရယူခြင်း ဖြစ်သည်။ (Online Scam) အွန်လိုင်းလိမ်လည်မှုအများဆုံးကျူးလွန်သည့် ပုံစံ(၅)မျိုးမှာ - (၁) Application များ၊ Website အတုများအသုံးပြု၍ သတင်းအချက်အလက်များ ရယူလိမ်လည်ခြင်း (Phishing Fraud)။ (၂) ဘဏ်နှင့်ငွေရေးကြေးရေးအဖွဲ့အစည်းများသို့မဟုတ် မိုဘိုင်းငွေကြေးဝန်ဆောင်မှု လုပ်ငန်းများ၏ ဝန်ထမ်းအယောင်ဆောင်၍လိမ်လည်ခြင်း(Social Media and Telecommunication Fraud)။ (၃) အွန်လိုင်းပေါ်တွင် ခင်မင်ရင်းနှီးအောင် ပြုလုပ်၍လိမ်လည်ခြင်း (Online Romance Fraud)။ (၄) အရောင်းအဝယ်လုပ်ငန်းများ၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို အကြောင်းပြ၍ လိမ်လည်ခြင်း(Online Trading / Trading Plat form Fraud)။ (၅) အလုပ်အကိုင်ရရှိမည်ဟု အကြောင်းပြ၍လိမ်လည်ခြင်း (Employment Scam) တို့ ဖြစ်ပေသည်။ လက်တွေ့ရင်ဆိုင်ရသည့်အခြေအနေ ကမ္ဘောဒီးယားနိုင်ငံရှိ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းစုများသည် ကာစီနိုရုံဟောင်းများ သို့မဟုတ် ဝေးလံသော မြို့သစ်စီမံကိန်းများရှိ အထပ်မြင့်အဆောက်အအုံများတွင် အခြေစိုက်ကြသည်။ ကမ္ဘောဒီးယားနိုင်ငံ၊ စီဟာနုဗေး(Sihanoukville) နှင့် နယ်စပ်ဒေသများသို့ ရောက်ရှိသွားသောလူငယ်များ ကြုံတွေ့ရသည့်အခြေအနေများမှာ ကတိများနှင့်တခြားစီဖြစ်သည်။ အလုပ်ခွင်သို့ ရောက်ရှိသွားသောအခါ လူငယ်များသည် မိမိတို့ထင်မှတ်ထားသည့် ရုံးအလုပ်မျိုးမဟုတ်ဘဲ ကမ္ဘောဒီးယားနိုင်ငံရှိ စီဟာနုဗေးလ်(Sihanoukville)၊ ဖနွမ်းပင်(Phnom Penh)နှင့် နယ်စပ်မြို့ များရှိအထပ်မြင့် အဆောက်အအုံများတွင် ထိန်းချုပ်ခံထားရကာ(Online Scam) အွန်လိုင်းမှ တစ်ဆင့် ငွေကြေးလိမ်လည်သည့်လုပ်ငန်းတွင် “လိမ်လည်ရသူ” (Scammer)အဖြစ် အတင်းအဓမ္မ စေခိုင်းခံရသည်။ တစ်နေ့လျှင် ၁၅ နာရီမှ ၁၈ နာရီထိ မနားတမ်း အလုပ်လုပ်ရပေသည်။

အစ္စရေးဝန်ကြီးချုပ်၏လာဘ်စားမှုပြန်လည်စစ်ဆေးမည် NOM အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟု၏ဒေါ်လာ၂၃၀၀၀၀လာဘ်စားမှုကိုဧပြီလ၁၂ရက်နေ့တွင်ပြန
အစ္စရေးဝန်ကြီးချုပ်၏လာဘ်စားမှုပြန်လည်စစ်ဆေးမည် NOM အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟု၏ဒေါ်လာ၂၃၀၀၀၀လာဘ်စားမှုကိုဧပြီလ၁၂ရက်နေ့တွင်ပြန်လည်စစ်ဆေးမည်ဟုအစ္စရေးတရားရုံးကကြေညာသည်။အီရန်နှင့်စစ်ခင်းနေသောကြောင့်စစ်ဆေးမှုကိုဖေဖော်ဝါရီလကုန်တွင်ရပ်ထားခဲ့သည်။

ဂျာမနီအဓိအတိကအစ္စရေးကိုပြစ်တင်ရှုံ့ချ NOM ဂျာမနီအဓိပတ် ဖရိုက်ဒရစ် မာ့ဇ်က အစ္စရေးက လက်ဘနွန်မှာ စစ်ပွဲဆင်နွှဲနေတဲ့ ရက်စက်ကြမ်းက
ဂျာမနီအဓိအတိကအစ္စရေးကိုပြစ်တင်ရှုံ့ချ NOM ဂျာမနီအဓိပတ် ဖရိုက်ဒရစ် မာ့ဇ်က အစ္စရေးက လက်ဘနွန်မှာ စစ်ပွဲဆင်နွှဲနေတဲ့ ရက်စက်ကြမ်းကြုတ်မှုဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တစ်ခုလုံးကို ပျက်ပြားစေနိုင်ပြီး အဲဒီလိုမဖြစ်သင့်ပါဘူး။

ကူဝိတ်တွင်အသက်မသေသောအမေရိကန်စစ်သားကရုပ်သံအင်တာဗျူးပြုလုပ်ရင်ဖွင့် NOM စစ်ပွဲစတင်ပြီးနောက်ပိုင်း အမေရိကန်တပ်ဖွဲ့များအပေါ် အီရန
ကူဝိတ်တွင်အသက်မသေသောအမေရိကန်စစ်သားကရုပ်သံအင်တာဗျူးပြုလုပ်ရင်ဖွင့် NOM စစ်ပွဲစတင်ပြီးနောက်ပိုင်း အမေရိကန်တပ်ဖွဲ့များအပေါ် အီရန်၏ အသေအပျောက်အများဆုံးတိုက်ခိုက်မှုမှ အသက်ရှင်ကျန်ရစ်သူ အမေရိကန်စစ်သားသည် ပင်တဂွန်၏ တိုက်ပွဲဖြစ်စဉ်ဖော်ပြချက်ကို ကန့်ကွက်ခဲ့သည်။ ကူဝိတ်ရှိ ၎င်းတို့၏တပ်ဖွဲ့တိုက်ခိုက်ခံရပြီးတပ်ဖွဲ့ဝင်၆ဦးသေဆုံးခြင်းကိုဖော်ထုတ်ခဲ့ခြင်းမရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။ အသက်ရှင်ကျန်ရစ်သူသည် မီဒီယာနှင့် စကားပြောခွင့်မရှိသောကြောင့် အမည်မဖော်ဘဲ ပြောဆိုခဲ့ပြီး အမေရိကန်စစ်တပ်၏ တရားဝင်ခွင့်ပြုချက်မရှိဘဲ CBSရုပ်သံနှင့်အင်တာဗျူးပြုလုပ်ခဲ့သည်။

အမေရိကန်သည်အစ္စရေး၏ခိုင်းဖတ်ဖြစ်နေသည်ကိုသရုပ်ဖော်ထားသောကါတွန်းကါး