uk
Feedback

Не попадись на ботовода! Telemetrio знаходить і позначає такі канали мітками 👉 Хочеш бачити мітку, оформляй підписку

News Of Myanmar

News Of Myanmar

Відкрити в Telegram

📈 Аналітичний огляд Telegram-каналу News Of Myanmar

Канал News Of Myanmar (@newsofmyanmar) у мовному сегменті Бірманська є активним учасником. На даний момент спільнота об'єднує 11 418 підписників, посідаючи 16 330 місце в категорії Новини і ЗМІ та 9 947 місце у регіоні М'янма.

📊 Показники аудиторії та динаміка

З моменту свого створення невідомо, проект продемонстрував стрімке зростання, зібравши аудиторію у 11 418 підписників.

За останніми даними від 27 листопада, 2026, канал демонструє стабільну активність. Хоча за останні 30 днів спостерігається зміна кількості учасників на -136, а за останні 24 години на -9, загальне охоплення залишається високим.

  • Статус верифікації: Не верифікований
  • Рівень залученості (ER): Середній показник залученості аудиторії становить 5.67%. Протягом перших 24 годин після публікації контент зазвичай збирає 4.32% реакцій від загальної кількості підписників.
  • Охоплення публікацій: В середньому кожен допис отримує 648 переглядів. Протягом першої доби публікація в середньому набирає 493 переглядів.
  • Реакції та взаємодія: Аудиторія активно підтримує контент: середня кількість реакцій на один пост – 10.

📝 Опис та контентна політика

Автор описує ресурс як майданчик для висловлення суб'єктивної думки:
“News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ”

Завдяки високій частоті оновлень (останні дані отримано 28 листопада, 2026), канал підтримує актуальність та високий рівень охоплення публікацій. Аналітика показує, що аудиторія активно взаємодіє з контентом, що робить його важливою точкою впливу в категорії Новини і ЗМІ.

11 418
Підписники
-924 години
-317 днів
-13630 днів
Архів дописів
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ (၆၂)နှစ်‌မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနားသို့ တက်ရောက်မိန့်ခွန်းပ
+5
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ (၆၂)နှစ်‌မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနားသို့ တက်ရောက်မိန့်ခွန်းပြောကြားချက်မှ ကောက်နုတ်ချက်
02 жовт, 01:15

၂၀၂၅ ခုနှစ် ဒီဇင်ဘာလအတွင်းက သမ္မတ ထရမ့်သည် ဗင်နီဇွဲလားနိုင်ငံကို ကျူးကျော်တိုက်ခိုက်သင့်သလားဆိုသည့်အချက်နှင့် သမ္မတမာဒူရိုကို
၂၀၂၅ ခုနှစ် ဒီဇင်ဘာလအတွင်းက သမ္မတ ထရမ့်သည် ဗင်နီဇွဲလားနိုင်ငံကို ကျူးကျော်တိုက်ခိုက်သင့်သလားဆိုသည့်အချက်နှင့် သမ္မတမာဒူရိုကို အမေရိကန်က ဖမ်းဆီးရမိပါက လူထုက အောင်ပွဲခံကြမည်လားဆိုသည့် မေးခွန်းများကို Grok (AI) သို့ မေးမြန်းခဲ့ကြောင်း သိရသည်။ မာဒူရိုသည် ဖိနှိပ်ချုပ်ချယ်သော အာဏာရှင်တစ်ဦးဖြစ်ပြီး အာဏာမှ ဖယ်ရှားနိုင်ပါက ထရမ့်၏ သမိုင်းဝင်ကို ပိုမိုတောက်ပြောင်စေမည်ဖြစ်ကြောင်း Grok (AI) က ထရမ့်အား နားဝင်အောင် ပြောဆိုဆွဲဆောင်နိုင်ခဲ့သည်။ – TIME သတင်းဌာန NOM
02 жовт, 00:56

ကမ္ဘာကြီးလုံးဆိုင်ရာပဋိပက္ခများဆက်လက်ဖြစ်ပွါးနေမည်ဟုရုရှားသမ္မတပူတင်ပြော NOM "ကမ္ဘာကြီးဟာ သူ့ရဲ့ ဖွံ့ဖြိုးတိုးတက်မှု အပိုင်းအခြားမှာ အလွန်စိုးရိမ်ဖွယ်ကောင်းတဲ့ အရေးပါတဲ့ အချိုးအကွေ့တစ်ခုဆီ ရောက်ရှိလို့ လာခဲ့ပါပြီ။ အနာဂတ်မှာ လာလတ္တံ့သော ပြောင်းလဲမှုတွေရဲ့ ပမာဏ ဘယ်လောက်တောင် ကြီးမားသလဲဆိုတာကို လူသားတွေအနေနဲ့ အပြည့်အဝ နားမလည်နိုင်ကြသေးပါဘူး။ ဒီပြောင်းလဲမှုတွေရဲ့ အတိုင်းအတာက အလွန်ကို ကြီးမားလွန်းတာကြောင့် အနာဂတ်နဲ့ ပတ်သက်ပြီး ငြင်းခုံဆွေးနွေးမှုတွေ အများကြီး ဖြစ်ပေါ်နေရတာပါ။ ... စိတ်ပျက်ဖွယ်ကောင်းတာကတော့ ကမ္ဘာလုံးဆိုင်ရာ ပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားနေဖို့က အလွန်ပဲ ဖြစ်နိုင်ခြေ များနေတာပါပဲ။"
01 жовт, 12:33

အီရတ်မှအမေရိကန်တပ်အားလုံးဆုတ်ခွါ NOM အီရတ်နိုင်ငံအာဘေးလ်လေတပ်စခန်းမှနောက်ဆုံးထွက်ခွါသည့်စစ်သားနှင့်နောက်ဆုံးထွက်ခွါသည့်လေယာဉ်
အီရတ်မှအမေရိကန်တပ်အားလုံးဆုတ်ခွါ NOM အီရတ်နိုင်ငံအာဘေးလ်လေတပ်စခန်းမှနောက်ဆုံးထွက်ခွါသည့်စစ်သားနှင့်နောက်ဆုံးထွက်ခွါသည့်လေယာဉ်ကို Fox သတင်းဌာနကပြသခဲ့သည်။
01 жовт, 12:28
01 жовт, ~21:47

မလေးရှားနိုင်ငံ၌ တရားမဝင်နေထိုင်မှုများနှင့် အခြားသော လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ကိစ္စရပ်များကြောင့် ပြစ်ဒဏ်များကျခံပြီးနောက်
+2
မလေးရှားနိုင်ငံ၌ တရားမဝင်နေထိုင်မှုများနှင့် အခြားသော လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ကိစ္စရပ်များကြောင့် ပြစ်ဒဏ်များကျခံပြီးနောက် လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းများတွင် ထိန်းသိမ်းခံထားရပြီး မြန်မာနိုင်ငံသို့ ပြန်ရန် အခက်အခဲကြုံတွေ့နေရ သည့် မြန်မာနိုင်ငံသားများအား နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အရ တပ်မတော်မှ စစ်ရေယာဉ်များဖြင့် ပြန်လည်ခေါ်ဆောင် အောက်တိုဘာ ၁၊၂၀၂၆
01 жовт, 12:04

အမေရိကန်ကတတိယမြောက်လေယာဉ်တင်သင်္ဘောစေလွှတ် NOM အရှေ့အလယ်ပိုင်းသို့အမေရိကန်ကတတိယမြောက်လေယာဉ်တင်သ င်္ဘောရုစဗဲ့ကိုစေလွှတ်လိုက်ပြ
အမေရိကန်ကတတိယမြောက်လေယာဉ်တင်သင်္ဘောစေလွှတ် NOM အရှေ့အလယ်ပိုင်းသို့အမေရိကန်ကတတိယမြောက်လေယာဉ်တင်သ င်္ဘောရုစဗဲ့ကိုစေလွှတ်လိုက်ပြန်ရာအီရန်အပေါ်တိုက်ခိုက်မှုများပြန်လည်စတင်တော့မည်ဟုစစ်ရေးသုံးသပ်သူများကခန့်မှန်းနေကြသည်။
01 жовт, 11:20

ဧရာဝတီတိုင်းဒေသကြီးတွင်အပြည်ပြည်ဆိုင်ရာသက်ကြီးပုဂ္ဂိုလ်များနေ့ကျင်းပ NOM၊အောက်တိုဘာ၁၊၂၀၂၆ အောက်တိုဘာလ ၁ ရက် ယနေ့တွင် ဧရာဝတီတိ
ဧရာဝတီတိုင်းဒေသကြီးတွင်အပြည်ပြည်ဆိုင်ရာသက်ကြီးပုဂ္ဂိုလ်များနေ့ကျင်းပ NOM၊အောက်တိုဘာ၁၊၂၀၂၆ အောက်တိုဘာလ ၁ ရက် ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမ၌အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့ အခမ်းအနားကို ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးအေးကျော်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး အခမ်းအနားသို့ တက်ရောက်လာသော ဘိုးဘွားများအား ကန်တော့ငွေများ၊ လှူဒါန်းပစ္စည်းများဖြင့် ကန်တော့ခဲ့ကြကြောင်းသတင်းရရှိသည်။
01 жовт, 10:32

အီလွန်မတ်ခ်ပြန်လာပြီ NOM Axios သတင်းဌာန၏ ဖော်ပြချက်အရ အီလွန် မတ်ခ် သည် ထရမ့် အစိုးရအဖွဲ့ထံ ပြန်လည်ဝင်ရောက်မည်ဖြစ်ပြီး ပင်တဂွန
အီလွန်မတ်ခ်ပြန်လာပြီ NOM Axios သတင်းဌာန၏ ဖော်ပြချက်အရ အီလွန် မတ်ခ် သည် ထရမ့် အစိုးရအဖွဲ့ထံ ပြန်လည်ဝင်ရောက်မည်ဖြစ်ပြီး ပင်တဂွန် (အမေရိကန် စစ်ကာကွယ်ရေးဝန်ကြီးဌာန) အတွက် အနာဂတ်စစ်ပွဲများဆိုင်ရာ သုတေသနလုပ်ငန်းများကို ဦးဆောင်သွားမည် ဖြစ်သည်။ SpaceX ၏ စီအီးအို ဖြစ်သူ မတ်ခ်သည် အနာဂတ်စစ်ပွဲများအတွက် ရည်ရွယ်စုံစမ်းလေ့လာသည့် ပင်တဂွန်၏ "Project Meridian" တွင် ခေါင်းဆောင်တစ်ဦး ဖြစ်လာမည်ဟု အမေရိကန် စစ်ဝန်ကြီး ပိထ် ဟက်ဂ်ဆက်သ်က ကြေညာခဲ့သည်။
01 жовт, 10:25

ပြင်သစ်တွင်အထက်တန်းကျောင်းမီးရှို့ခံရ NOM ပြင်သစ်နိုင်ငံ အနောက်ပိုင်းတွင် ပြုလုပ်နေသော ကျောင်းသား ဆန္ဒပြပွဲများအတွင်း နယ်လ်ဆင် မန်ဒဲလား အထက်တန်းကျောင်း ကို မီးရှို့ခဲ့ကြသည်။
01 жовт, 09:46

တောင်ငူတွင် သားအရင်းက မိခင်ကို ဓားဖြင့်ခုတ်သတ် NOM၊အောက်တိုဘာ ၁ ၊ ၂၀၂၆ ပဲခူးတိုင်းဒေသကြီး ၊ တောင်ငူမြို့၊ အမှတ် ၁၀ ရပ်ကွက် ၊အ
တောင်ငူတွင် သားအရင်းက မိခင်ကို ဓားဖြင့်ခုတ်သတ် NOM၊အောက်တိုဘာ ၁ ၊ ၂၀၂၆ ပဲခူးတိုင်းဒေသကြီး ၊ တောင်ငူမြို့၊ အမှတ် ၁၀ ရပ်ကွက် ၊အုတ်ကျွတ်တန်း ၊ ၁၀ လမ်းတွင် သားအရင်းက အမေဖြစ်သူကို ဓားဖြင့် ခုတ်သတ်မှုဖြစ်ခဲ့ကြောင်းသိရသည်။ ဖြစ်စဉ်မှာစက်တင်ဘာ ၃ဝ ရက်နံနက်ပိုင်းက ဖခင်ဖြစ်သူ၊ အပြင်သွားနေချိန် နေအိမ်၌ကျန်ခဲ့သည့်အသက် ၄၉ နှစ်အရွယ် မိခင်ဖြစ်သူ ဒေါ် ငြိမ်းငြိမ်းစံကို အသက် ၂၂ နှစ်သားက ဆေးကြောင်ပြီး ဓားဖြင့်ခုတ်သတ်လိုက်ရာ မျက်နာ ၊ လက် ၊ ခေါင်း၊ ဓားဒဏ်ရာများရရှိကာ‌ သေဆုံးခဲ့သည်။ လူသတ်မှုကျူးလွန်ခဲ့သည့် သားဖြစ်သူ ဟန်ထူးအောင်ကို တောင်ငူမြို့မ ရဲစခန်းက ဖမ်းဆီးထားပြီး ရာဇသတ်ကြီး ဥပေဒ ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် ဆောင်ရွက်ထားကြောင်း သိရသည်။
01 жовт, 09:33

ယူကရိန်းစစ်ပွဲအစဇလင်စကီးက NOM လွန်ခဲ့သောလေးနှစ်ယခုရက်တွင်ယူကရိန်းသမ္မတဇလင်စကီးသည်ယူကရိန်းနိုင်ငံကိုနေတိုးစစ်စာချုပ်အဖွဲ့အတွင်းအမြန်ဆုံးဝင်ခွင့်ပြုရန်လျောက်လွှာကိုလက်မှတ်ရေးထိုးလိုက်ခြင်းဖြင့်ရုရှား-ယူကရိန်းစစ်ပွဲဖြစ်ခဲ့သည်။
01 жовт, 08:44

ကျောက်တံတားမြို့နယ်တွင် အဆောက်အအုံအမြင့်မှ အမျိုးသားတစ်ဦး ပြုတ်ကျသေဆုံး NOM၊အောက်တိုဘာ၁၊ ၂၀၂၆ ရန်ကုန်မြို့၊ ကျောက်တံတားမြို့န
ကျောက်တံတားမြို့နယ်တွင် အဆောက်အအုံအမြင့်မှ အမျိုးသားတစ်ဦး ပြုတ်ကျသေဆုံး NOM၊အောက်တိုဘာ၁၊ ၂၀၂၆ ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ ဆိပ်ကမ်းသာလမ်းရှိ တိုက်ခန်းအဆောက်အအုံတစ်ခု၏ နောက်ဖေးဘက်တွင် ဆန်းရှိတ်တက်ပြင်ဆင်နေသည့် သက်ကြီးပိုင်းအမျိုးသားတစ်ဦး အမြင့်မှ ပြုတ်ကျသေဆုံးခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာယနေ့ အောက်တိုဘာ ၁ ရက်၊ နံနက် ၁၀ နာရီ ၂၆ မိနစ်ခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အမြင့်မှ ပြုတ်ကျပြီးနောက် အခင်းဖြစ်နေရာ၌ ပင် သေဆုံးခဲ့ကြောင်း ကူညီဆောင်ရွက်ပေးခဲ့သည့် ကျောက်တံတားမြို့နယ် အရန်မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ သေဆုံးသူ၏ ရုပ်အလောင်းကိုကျောက်တံတားမြို့နယ် အရန်မီးသတ်တပ်ဖွဲ့နှင့် ကျောက်တံတားပရဟိတလူမှုကူညီရေးအသင်းတို့က ရန်ကုန်ဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
01 жовт, 07:23

ပြင်သစ်နှင့် ဂျာမနီနိုင်ငံတို့အနေဖြင့် ၎င်းတို့၏ အရန်ဒီဇယ်သိုလှောင်ဆီများကို ဈေးကွက်အတွင်းသို့ ထုတ်မရောင်းပေးပါက ပို့ကုန်ပိတ်
+1
ပြင်သစ်နှင့် ဂျာမနီနိုင်ငံတို့အနေဖြင့် ၎င်းတို့၏ အရန်ဒီဇယ်သိုလှောင်ဆီများကို ဈေးကွက်အတွင်းသို့ ထုတ်မရောင်းပေးပါက ပို့ကုန်ပိတ်ပင်မှုချမှတ်သွားမည်ဟု ထရမ့်က ခြိမ်းခြောက်ပြောဆိုလိုက်သည်။ NOM
01 жовт, 07:17

+3
ဆီးရီးယားနိုင်ငံ အရှေ့ဘက် ဂူတာ ဒေသရှိ တစ်ရှ်ရင်း ဓာတ်အားပေးစက်ရုံအနီးတွင် ဓာတ်ငွေ့ပိုက်လိုင်းတစ်ခု ပေါက်ကွဲခဲ့ကြောင်း Alikhbariah ရုပ်သံသတင်းဌာနအရ သိရပြီး အဆိုပါ ပေါက်ကွဲသံကို ဒမားစကပ်မြို့ပြင် ပတ်ဝန်းကျင်ဒေသများအထိ ကျယ်လောင်စွာ ကြားခဲ့ရသည်။ တစ်ရှ်ရင်း ဓာတ်အားပေးစက်ရုံသည် ဆီးရီးယားနိုင်ငံ၏ အကြီးဆုံး ဓာတ်အားပေးစက်ရုံများအနက် တစ်ခုဖြစ်ပြီး ဒမားစကပ်မြို့တော်နှင့် ပတ်ဝန်းကျင်ဒေသများသို့ လျှပ်စစ်ဓာတ်အား အဓိက ဖြန့်ဖြူးပေးနေသည့် စက်ရုံဖြစ်သည်။ ယခုဖြစ်စဉ်သည် မည်သည့်အဖွဲ့အစည်းကမျှ ၎င်းတို့​၏လက်ချက်ဖြစ်ကြောင်း တာဝန်ယူထုတ်ပြန်ခြင်းမရှိသေးဘဲ ဆီးရီးယားတစ်ဝှမ်း သီတင်းပတ်ပေါင်းများစွာ တောက်လျှောက် ဖြစ်ပွားနေသည့် မသင်္ကာဖွယ်ရာ ဖျက်ဆီးတိုက်ခိုက်မှုများအနက် နောက်ဆက်တွဲတစ်ခု ဖြစ်သည်။ ဆီးရီးယားနိုင်ငံသည် စစ်မဖြစ်မီကာလက ထွက်ရှိခဲ့သော သဘာဝဓာတ်ငွေ့ပမာဏ၏ အစိတ်အပိုင်းအနည်းငယ်မျှကိုသာ ထုတ်လုပ်နိုင်တော့သော်လည်း လိုအပ်ချက်မှာမူ မြင့်တက်လျက်ရှိသည်။ စက်သုံးဆီဈေးနှုန်းများ မြင့်တက်လာမှုအပေါ် အာဏာပိုင်များက အီရန်စစ်ပွဲကြောင့်ဟု အပြစ်တင်ထားပြီး ယခုလအစောပိုင်းကလည်း စက်သုံးဆီဈေး မြင့်တက်မှုကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများ နိုင်ငံတစ်ဝှမ်းပေါ်ပေါက်ခဲ့သည်။ NOM
01 жовт, 06:22

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ (၆၂)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားသို့ တက်ရောက်မိန့်ခွန်းပ
+8
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ (၆၂)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားသို့ တက်ရောက်မိန့်ခွန်းပြောကြား (၆၂)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနားကို ယနေ့ အောက်တိုဘာ ၁ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၁ (MICC-1)၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ တက်ရောက်၍ မိန့်ခွန်းပြောကြားသည်။ နိုင်ငံတော်သမ္မတက မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် အပြည်ပြည်ဆိုင်ရာ ရဲအဖွဲ့(INTERPOL) ကို ၁၉၅၄ ခုနှစ်တွင် အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်ခဲ့သကဲ့သို ၁၉၉၈ ခုနှစ်တွင် အာဆီယံ ရဲအဖွဲ့(ASEANAPOL)ကို အဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက်ခဲ့ပြီး နိုင်ငံဖြတ်ကျော်မှုခင်း များတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
01 жовт, 06:08

အီရတ်နိုင်ငံမှ အမေရိကန်တပ်ဖွဲ့များ ရုပ်သိမ်းခြင်းနှင့် ပတ်သက်၍ အမေရိကန်သမ္မတ ထရမ့်၏ ပြောကြားချက်- "ဒီနေ့မှာတော့ နောက်ဆုံးကျန်ရှိတဲ့ အမေရိကန်တပ်ဖွဲ့တွေ အီရတ်နိုင်ငံကနေ ထွက်ခွာတော့မယ်ဆိုတာ ဝမ်းမြောက်စွာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ဒီလို ရုန်းမထွက်နိုင်တဲ့ ရွံ့နွံထဲမှာ ကျွန်တော်တို့ ပါဝင်ပတ်သက်ခဲ့ရတာဟာ အင်မတန်မှ လွဲမှားခဲ့တဲ့ ဆုံးဖြတ်ချက်တွေကြောင့်ဖြစ်ပြီး အချိန်တော်တော်ကြာခဲ့ပါပြီ။ အစကတည်းက ဒါဟာ ရုန်းထွက်ရခက်တဲ့ ရွံ့နွံတစ်ခု ဖြစ်ခဲ့ပြီး နှစ်ပေါင်းများစွာကြာအောင်လည်း ဒုက္ခကြုံခဲ့ရတာ ဖြစ်ပါတယ်။"
01 жовт, 06:02

ထို့နောက် မူလတန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲတွင် ပထမဆုရရှိသည့် ဟားခါးမြို့ အမှတ် ( ၁ ) အခြေခံပညာအထက်တန်းကျောင်း ၊ Grade-5 မှ မအယ်နီတာနယ်ဆွီးနှင့် မူလတန်း ( အောက်ဆင့် ) ကဗျာရွတ်ဆိုပြိုင်ပွဲတွင် ပထမဆုရရှိသည့် Ocean ကိုယ်ပိုင်ကျောင်းမှ ပြန်လည်တင်ဆက်ကြကြောင်း သိရသည်။
01 жовт, 05:34

ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု ပုံပြင်ပြောပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်
+2
ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု ပုံပြင်ပြောပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားသို့ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တက်ရောက်ချီးမြှင့် အောက်တိုဘာ ၁၊ ၂၀၂၆ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု ပုံပြင်ပြော ပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကို စက်တင်ဘာလ ၃၀ ရက် နံနက် ၉ နာရီခွဲ က ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးရှိ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပသည်။ ဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန် ချက်အရ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုများကို နိုင်ငံတစ်ဝန်း တွင် ဆောင်ရွက်လျက်ရှိပြီး ကျောင်းသားလူငယ်များအနေဖြင့် စာပေကို အလေးထား တန်ဖိုးထားပြီး အမြဲမပြတ် လေ့လာဖတ်ရှုသည့် အလေ့အထမှ အသိဉာဏ်ပညာရင့်သန်လာပြီး အမှား အမှန် ၊ အဖြူနှင့်အမည်း၊ ဓမ္မနှင့်အဓမ္မ ဝေဖန်ပိုင်းခြားတတ်စေရေးနှင့် နိုင်ငံတော်၏ အနာဂတ် သားကောင်းရ တနာများ၊ အရည်အသွေးနှင့်ပြည့်ဝသည့် သားကောင်းသမီးကောင်းများ ပေါ်ထွန်းလာ စေရေး ဆိုသည့် ရည်ရွယ်ချက်များဖြင့် ကျောင်းစာကြည့်တိုက်နှင့်စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု များ ကျင်းပပြုလုပ် ခြင်းဖြစ်ကြောင်း၊ စာဖတ်သူနှင့် စာမဖတ်သူသည် အတွေးအခေါ် ၊ အယူအဆ ၊ လုပ်ကိုင်ကြပုံ ၊ ပေါင်းသင်ဆက်ဆံရေး ၊ လူမှုရေးရာကျွမ်းဝင်မှုတို့အပေါ် မူတည်၍ ကွာခြားပါကြောင်း ၊ စာဖတ်ပါက ဦးနှောက်ကို လေ့ကျင့်ခန်းပေးသကဲ့သို့ စဉ်းစားဆင်ခြင်နိုင်စွမ်းကို မြှင့်တင်ပေးပြီး ဦးနှောက်စွမ်းရည်နှင့် စဉ်းစားဆင်ခြင်ဉာဏ်တိုးတက်လာစေကြောင်း၊ စာဖတ်ခြင်းဟာ လူငယ်များ အတွက် အသိပညာဗဟုသု တတိုးပွားရုံသာမက ဘဝအခက်အခဲများကို ကျော်လွှားနိုင်မည့် အရေးပါ သည့် လက်နက်တစ်ခု ဖြစ်ကြောင်း၊ စာဖတ်ခြင်းကြောင့် ဘဝပြောင်းလဲသွားသည့် အမေရိကန်သမ္မတ အေဗရာဟမ်လင် ကွန်းကဲ့သို့ သာဓကပေါင်းများစွာရှိကြောင်း၊ ထို့ကြောင့် ချင်းပြည်နယ် အစိုးရအဖွဲ့၏ စီစဉ်ပေးမှုဖြင့် ဟားခါးမြို့၊ ဖလမ်းမြို့နှင့် တီးတိန်မြို့များတွင် ကျောင်းစာကြည့်တိုက် များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုများကို ကျင်းပဆောင်ရွက်ခွင့်ပြုခြင်းဖြစ် ကြောင်းနှင့် ယခုပြိုင်ပွဲမှတစ်ဆင့် ဘဝတစ်သက်တာ လေ့လာသင်ယူမှုနှင့် အသုံးချသုတေသနနှင့် တီထွင်ဆန်းသစ် မှုများဖြစ်ထွန်းရန် ဝိုင်းဝန်းကြိုးပမ်းကြပါစို့ဟု တိုက်တွန်းလိုကြောင်းဖြင့် အမှာစကား ပြောကြားသည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးခမ်လျန်ဆုမ်းက ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု ဆောင်ရွက်ချက်များ ကို Power Point ဖြင့် အသေးစိတ် ရှင်းလင်းတင်ပြသည်။ ယင်းနောက် အထက်တန်းအဆင့် ပုံပြင်ပြောပြိုင်ပါတွင် ပထမ ၊ ဒုတိယ ၊ တတိယဆုရရှိသူများ ကို ပြည်နယ်ဝန်ကြီးချုပ်ကလည်းကောင်း ၊ အလယ်တန်းအဆင့် ပုံပြင်ပြောပြိုင်ပါတွင် ပထမ ၊ ဒုတိယ ၊ တတိယဆုရရှိသူများကို ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးမြတ်စံကလည်းကောင်း ၊ မူလတန်းအဆင့် ပုံပြင်ပြောပြိုင်ပါတွင် ပထမ ၊ ဒုတိယ ၊ တတိယဆုရရှိသူများကို လုံခြုံရေးနှင့်နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ခင်မောင်ထွေးကလည်းကောင်း ၊ အလယ်တန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲ တွင် ပထမ ၊ ဒုတိယ ၊ တတိယဆုရရှိသူများကို စီမံကိန်း၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာ လျန်ဇခုပ်ကလည်းကောင်း ၊ မူလတန်း ( ထက်ဆင့် ) ကဗျာရွတ်ဆိုပြိုင်ပွဲတွင် ပထမ ၊ ဒုတိယ ၊ တတိယ ဆုရရှိသည့်အဖွဲ့များကို လူမှုရေးရာဝန်ကြီး ဦးစိန်ထွန်းလှကလည်းကောင်း ၊ မူလတန်း ( အောက်ဆင့် ) ကဗျာ ရွတ်ဆိုပြိုင်ပွဲတွင် ပထမ ၊ ဒုတိယ ၊ တတိယဆုရရှိသည့်အဖွဲ့များကို လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေလင်းအောင်ကလည်းကောင်း ၊ အထက်တန်းအဆင့် ပုံပြင်ပြော ပြိုင်ပွဲတွင် နှစ်သိမ့်ဆုရရှိသူများကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးပေါင်ဇလန့်က လည်းကောင်း ၊ အလယ်တန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲတွင် နှစ်သိမ့်ဆုရရှိသူများကို စည်ပင်သာယာရေး ဝန်ကြီး ဒေါက်တာအောင်ကျော်ဌေးက လည်းကောင်း ၊ မူလတန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲတွင် နှစ်သိမ့် ဆုရရှိသူများကို ပြည်နယ်ဥပဒေချုပ် ဦးကပ်တလွန်းကလည်းကောင်း ၊ အလယ်တန်းအဆင့် ကဗျာရွတ် ဆိုပြိုင်ပွဲတွင် နှစ်သိမ့်ဆုရရှိသူများကို ပြည်နယ်စာရင်းစစ်ချုပ် ဦးမောင်မောင်ခင်ကလည်းကောင်း ၊ မူလတန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲတွင် နှစ်သိမ့်ဆုရရှိသူများကို ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးကျော်ဇောလင်းကလည်းကောင်း ဂုဏ်ပြုလွှာနှင့် ဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။
01 жовт, 05:34

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့တွင် အမှုကြီးစုစုပေါင်း(၄၇၂)မှု ဖြစ်ပွားခဲ့ ရာနှုန်းပြည့်နီးပါး ဖော်ထုတ်နိုင်ခဲ့ပြီး၊ပြေး(၄)ပြေး၁၅၂၆ဦး ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ NOM၊အောက်တိုဘာ၁၊၂၀၂၆ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့အ‌ နေဖြင့်အမှုကြီးစုစုပေါင်း(၄၇၂)မှု ဖြစ်ပွားခဲ့ ရာနှုန်းပြည့်နီးပါး ဖော်ထုတ်နိုင်ခဲ့ပြီး၊ပြေး(၄)ပြေး၁၅၂၆ဦး ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ကြောင်းယနေ့ နံနက်၈ နာရီက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမတွင် ကျင်းပ‌ သော၂၀၂၆ ခုနှစ်၊ (၆၂) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ် အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူက‌ ပြောသည်။ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့အနေဖြင့်၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်နေ့မှ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၃၁) ရက်နေ့အထိရန်ကုန်တိုင်းဒေသကြီးအတွင်း အကြမ်းဖက် တိုက်ခိုက်မှု၊လူသတ်မှု၊ လုယက်မှု၊ ဓားပြမှု၊ ပြန်ပေးဆွဲမှု၊ ခိုးမှု စသည့်အမှုကြီးစုစုပေါင်း(၄၇၂)မှု ဖြစ်ပွားခဲ့ပြီး ရာနှုန်းပြည့်နီးပါး ဖော်ထုတ်နိုင်ခဲ့သည်ကိုတွေ့ရှိရကြောင်း၊ ပြည်သူလူထုစိတ်ဝင်စားသည့် အမှုကြီးများကိုလည်းအချိန်တိုအတွင်း ရာနှုန်းပြည့် ဖော်ထုတ်နိုင်ခဲ့သည့်ကိုတွေ့ရှိရကြောင်း၊ ထို့အပြင် လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးနိုင်ရေးအတွက် ၆-၃-၂၀၂၅ ရက်နေ့မှ စတင်၍ PSMSဖြင့် ပြေး လေးပြေးများအားမြို့ဝင်/မြို့ထွက်စစ်ဆေးရေးဂိတ်၊ ဟိုတယ်၊ မော်တယ်၊ အင်း၊တည်းခိုခန်းများတွင် စစ်ဆေးခြင်း၊ / လှည့်ကင်း ဆောင်ရွက်ခြင်း၊ယာဉ်စစ်ပိတ်ဆို့ဆောင်ရွက်ခြင်း၊ ရှောင်တခင်ဧည့်စာရင်းစစ်ဆေးခြင်းတို့တွင် ၎င်းတို့၏ မှတ်ပုံတင်များဖြင့်တိုက်ဆိုင် စစ်ဆေးဖော်ထုတ်ဖမ်းဆီးခဲ့ရာ၂၀၂၆စက်တင်ဘာ၂၆ရက်နေ့အထိ PSMS စာရင်းဝင် စစ်ပြေး (၁၅၁) ဦး၊ရဲပြေး (၂၁၃) ဦး၊ တရားခံပြေး (၃၁၉) ဦး၊ ရဲဘက်ပြေး (၅)ဦး၊ ပေါင်း(၆၈၈)ဦး၊ PSMS စာရင်းမဝင် စစ်ပြေး (၆၃၈) ဦး၊ ရဲပြေး (၄၈) ဦး/တရားခံပြေး (၁၅၀) ဦး၊ ရဲဘက်ပြေး (၂)ဦး၊ ပေါင်း (၈၃၈)ဦး၊ စုစုပေါင်းပြေး(၄)ပြေး (၁၅၂၆)ဦး ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း‌ပြောကြားသည်။ ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် တာဝန်ရှိသူများက ရန်ကုန်တိုင်း ဒေသကြီးအတွင်း ဖြစ်ပွားခဲ့သော မှုခင်းများအား စွမ်းစွမ်းတမံ ဖော်ထုတ်ဖမ်းဆီးခဲ့သည့် ရဲတပ်ဖွဲ့ဝင်များ ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၏ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
01 жовт, 04:53

+6
လွန်ခဲ့သော ၂ နှစ်၊ ယနေ့ အောက်တိုဘာ ၁ ရက်နေ့မှာ အီရန်နိုင်ငံဟာ 'Operation True Promise-2' ("အမှန်တကယ် ပေးထားသော ကတိတော်-၂" စစ်ဆင်ရေး) ကို ဆင်နွှဲခဲ့ပြီး အစ္စရေး လေတပ်စခန်းများကို ပစ်မှတ်ထား၍ တစ်ချိန်တည်း တပြိုင်တည်း ပဲ့ထိန်းဒုံးကျည်ပေါင်း ၂၀၀ ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ ဒါဟာ သမိုင်းမှာ အကြီးမားဆုံးသော ပဲ့ထိန်းတပ် ဒုံးကျည်ဖြင့် တိုက်ခိုက်မှုအဖြစ် မှတ်တမ်းဝင်နေဆဲ ဖြစ်ပါတယ်။ NOM
01 жовт, 04:24