ch
Feedback

不要被骗子欺骗!Telemetrio 会找到并标记这些频道 👉 如果想查看标记,请订阅

News Of Myanmar

News Of Myanmar

前往频道在 Telegram

📈 Telegram 频道 News Of Myanmar 的分析概览

频道 News Of Myanmar (@newsofmyanmar) 缅甸语 语言赛道中的 是活跃参与者。目前社区聚集了 11 418 名订阅者,在 新闻与媒体 类别中位列第 16 330,并在 缅甸 地区排名第 9 947 位。

📊 受众指标与增长动态

自 невідомо 创建以来,项目保持高速增长,吸引了 11 418 名订阅者。

根据 27 十一月, 2026 的最新数据,频道保持稳定运转。过去 30 天订阅人数变化为 -136,过去 24 小时变化为 -9,整体触达仍然可观。

  • 认证状态: 未认证
  • 互动率 (ER): 平均受众互动率为 5.67%。内容发布后 24 小时内通常能获得 4.32% 的反应,占订阅者总量。
  • 帖子覆盖: 每篇帖子平均可获得 648 次浏览,首日通常累积 493 次浏览。
  • 互动与反馈: 受众积极参与,单帖平均反应数为 10。

📝 描述与内容策略

作者将该频道定位为表达主观观点的平台:
“News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ”

凭借高频更新(最新数据采集于 28 十一月, 2026),频道始终保持新鲜度与高覆盖。分析显示受众积极互动,使其成为 新闻与媒体 类别中的关键影响点。

11 418
订阅者
-924 小时
-317 天
-13630 天
帖子存档
အမေရိကန် စီးပွားရေးနယ်ပယ်တွင် စက်တင်ဘာလအတွင်း အလုပ်အကိုင်ပေါင်း ၂၉,၀၀၀ သာ တိုးချဲ့ဖန်တီးနိုင်ခဲ့ရာ စီးပွားရေးပညာရှင်များ မျှေ
အမေရိကန် စီးပွားရေးနယ်ပယ်တွင် စက်တင်ဘာလအတွင်း အလုပ်အကိုင်ပေါင်း ၂၉,၀၀၀ သာ တိုးချဲ့ဖန်တီးနိုင်ခဲ့ရာ စီးပွားရေးပညာရှင်များ မျှော်မှန်းထားသည့် ၈၈,၀၀၀ အောက် သိသိသာသာ လျော့နည်းခဲ့ပြီး ပြန်လည်ပြင်ဆင်သတ်မှတ်ခဲ့သည့် ဩဂုတ်လ၏ ၁၃၃,၀၀၀ ထက်လည်း ကျဆင်းသွားခဲ့သည်။ NOM
02 10月, 11:04

အီရန်နိုင်ငံအတွင်း ဘာလိုချီ (Balochi) အကြမ်းဖက်သမားများ၏ လှုပ်ရှားမှုများ လွန်ခဲ့သည့်ရက်ပိုင်းအတွင်း သိသိသာသာ မြင့်တက်လာ ရတ်စ်ခ် (Rask)၊ ဇာဟီဒန် (Zahedan) နှင့် အီရန်ရှာဟာ (Iranshahr) ကဲ့သို့သော မြို့များတွင် မကြာခဏဆိုသလို တိုက်ပွဲငယ်များ နေ့စဉ်နီးပါး ဖြစ်ပွားလျက်ရှိသည်။ အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) အနေဖြင့် အကြမ်းဖက်သမားများကို မနားတမ်း နှိမ်နင်းလျက်ရှိသည်။ စစ္စတန်-ဘာလိုချီစတန် (Sistan-Balochistan) ပြည်နယ်အတွင်း အကြမ်းဖက်သမားများ ပုန်းခိုရာစခန်းတစ်ခုကို IRGC တပ်ဖွဲ့များက ယနေ့တွင် ဖောက်ခွဲဖျက်ဆီးခဲ့သည့် ဗီဒီယိုမှတ်တမ်း ထွက်ပေါ်လာခဲ့သည်။ NOM
02 10月, 11:00

တနင်္သာရီတိုင်းဒေသကြီးအတွင်း ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့မှုကြောင့် ယာယီပိတ်ထားခဲ့ရသည့် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှ
တနင်္သာရီတိုင်းဒေသကြီးအတွင်း ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့မှုကြောင့် ယာယီပိတ်ထားခဲ့ရသည့် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ပေးနိုင်ပြီဖြစ်   အောက်တိုဘာ ၁၊ ၂၀၂၆   မြန်မာနိုင်ငံအတွင်း ဖြတ်ကျော်ဝင်ရောက်ခဲ့သည့် ကုန်းတွင်းမုန်တိုင်းငယ် (Land Depression) ၏အရှိန်ကြောင့် တနင်္သာရီတိုင်းဒေသကြီးအတွင်း စက်တင်ဘာလ ၂၆ ရက် ညနေပိုင်းမှစ၍ မိုးသည်းထန်စွာအဆက်မပြတ်ရွာသွန်းမှုဖြစ်ပေါ်၍ မြို့နယ်အချို့တွင် မြစ်ရေဝင်ရောက်မှုများ ဖြစ်ပွားခဲ့သည်။ ထို့ကြောင့် တနင်္သာရီမြို့ရှိ မြေနိမ့်ပိုင်းရပ်ကွက်များနှင့် ကျေးရွာအချို့အတွင်း ရေဝင်ရောက်မှုများဖြစ်ပွားခဲ့သည့်အပြင် မြိတ်-တနင်္သာရီ-ဘုတ်ပြင်း-ကော့သောင်း ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ နေရာအချို့တွင်လည်း ရေကျော်ခြင်းများ ဖြစ်ပွားလျက်ရှိသည်။ ထိုသို့ ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့သည့် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ အပါအဝင် မြို့နယ် ၅ မြို့နယ်တို့ရှိ အခြေခံပညာကျောင်း ၅၆ ကျောင်းအား စက်တင်ဘာလ ၂၈ ရက်မှစ၍ ယာယီ ပိတ်ထားခဲ့ရကြောင်း သိရှိရသည်။   အဆိုပါ ရေကြီးရေလျှံမှုအခြေအနေများကြောင့် ယာယီပိတ်ထားသည့် အခြေခံပညာကျောင်းများမှာ ရေဖြူမြို့နယ်အတွင်း အခြေခံပညာမူလတန်းကျောင်း (၃) ကျောင်း၊ ထားဝယ်မြို့နယ်အတွင်း အခြေခံပညာအထက်တန်းကျောင်း (၂) ကျောင်း၊ အလယ်တန်းကျောင်း (၁) ကျောင်း၊ မူလတန်းနှင့် မူလတန်းလွန်ကျောင်း (၁၂) ကျောင်း၊ လောင်းလုံးမြို့နယ်အတွင်း အခြေခံပညာအထက်တန်းကျောင်းနှင့် အထက်တန်းကျောင်း (ခွဲ) (၆) ကျောင်း၊ အလယ်တန်းကျောင်း (၂) ကျောင်း၊ မူလတန်းနှင့် မူလတန်းလွန်ကျောင်း (၁၃) ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၂) ကျောင်း၊ ကိုယ်ပိုင်ကျောင်း (၁) ကျောင်း၊ သရက်ချောင်းမြို့နယ်အတွင်း အခြေခံပညာအထက်တန်းကျောင်းနှင့် အထက်တန်းကျောင်း (ခွဲ) (၁) ကျောင်း၊ မူလတန်းနှင့်မူလတန်းလွန်ကျောင်း ၉ ကျောင်းနှင့် ပုလောမြို့နယ်အတွင်း အခြေခံပညာမူလတန်းလွန်ကျောင်း ၁ ကျောင်း စုစုပေါင်း မြို့နယ် ၅ ခုမှ အခြေခံပညာကျောင်း ၅၆ ကျောင်းတို့ဖြစ်ကြောင်း သိရှိရသည်။   စိတ်အေးချမ်းသာစွာ ပညာသင်ကြားလျက်ရှိ   ရေဝင်ရောက်မှုများဖြစ်ပွားခဲ့ပြီးနောက် ရေပြန်လည်ကျဆင်းသွားသည့်နေရာများရှိ စာသင်ကျောင်းများတွင် ကျောင်းများအမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအဖွဲ့များနှင့် ဒေသခံပြည်သူများပူးပေါင်း၍ ကျောင်းအတွင်း/အပြင်၌ ရေဝင်ရောက်မှုဖြစ်ပေါ်ခဲ့စဉ် တင်ကျန်ခဲ့သည့်နုန်းမြေများဖယ်ရှားခြင်း၊ အမှိုက်များရှင်းလင်းခြင်း၊ စာသင်ခုံများပြုပြင်ခြင်း၊ စာသင်ခန်းအတွင်း/အပြင်နှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းတို့ကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးခဲ့ခြင်းကြောင့် ယာယီပိတ်ထားခဲ့ရသည့် ကျောင်းများအနက် စက်တင်ဘာလ ၃၀ ရက်တွင် အခြေခံပညာကျောင်း ၁၄ ကျောင်း၊ ယနေ့တွင် အခြေခံပညာကျောင်း ၄၁ ကျောင်း၊ စုစုပေါင်း အခြေခံပညာကျောင်း ၅၅ ကျောင်းအား ပြန်လည်ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားလျက်ရှိကြောင်းနှင့် ကျန်ရှိသည့် ပုလောမြို့နယ်မှ အခြေခံပညာမူလတန်းလွန်ကျောင်း (ပလောက်နောက်) ကိုလည်း အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ရေပြန်လည်ကျဆင်းချိန်တွင် သန့်ရှင်းရေးနှင့် ပြုပြင်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ အလေးထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
02 10月, 10:58

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို (၆၂)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားတက်ရောက် အောက်တိုဘာ ၂၊ ၂၀၂၆ ၂၀၂၆
+4
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို (၆၂)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားတက်ရောက် အောက်တိုဘာ ၂၊ ၂၀၂၆ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် ကျရောက်သည့် (၆၂) နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ အခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီက မကွေးမြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ နယ်‌မြေခံတပ်နယ်မှ အရာရှိကြီးများ၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း/ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ စာရေးဝန်ထမ်းများနှင့် မိသားစုဝင်များ ဖိတ်ကြားထားသည့်ဧည့်သည့်တော်များ တက်ရောက်သည်။   ဦးစွာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုက အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍  မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားသို့ ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ရဲချုပ်  ဒုတိယဗိုလ်ချုပ်ကြီး စိုးလှိုင် ထံမှ ပေးပို့သည် သဝဏ်လွှာအား မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးသက်လွင်က ဖတ်ကြားသည်။  ဆက်လက်ပြီး မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့နယ်မြေအတွင်း ထူးခြားမှုခင်းများ ဖော်ထုပ်နိုင်ခဲ့သည့် ရဲတပ်ဖွဲ့ဝင်များ၊ လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးအတွက် အကြမ်းဖက်ချေမှုန်းရေး ဆောင်ရွက်စဉ်သောင်းကျန်းသူနှင့်အကြမ်းဖက် PDF အဖွဲ့များထံမှ ရန်သူအလောင်း၊ လက်နက်/ခဲယမ်းနှင့် မိုင်းဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိအောင်စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်ခဲ့သည့် တပ်ဖွဲ့ဝင်များအား မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်ကိုကို၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ နယ်‌မြေခံတပ်နယ်မှ အရာရှိကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီးတို့က ဂုဏ်ထူးဆောင် တံဆိပ်များနှင့် ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်သည်။ ယင်းနောက် မြန်မာနိုင်ငံရဲတပ်ဖွဲနေ့ အထိမ်းအမှတ် Video Clip ပြသခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက (၆၂) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ် ခင်းကျင်းပြသထားသော ပြခန်းများအား လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
02 10月, 10:57

မွန်စတာမြို့တွင် ဂျာမနီအဓိပတိ မာဇ် နှင့် နေတိုးအကြီးအကဲ ရူတာတို့ ဝေဖန်ကန့်ကွက်ဆန္ဒပြမှုနှင့် ကြုံတွေ့ရ ကမ္ဘာတစ်ဝှမ်းတွင် ရန်လိုသော စစ်ရေးစွက်ဖက်မှုများစွာ လုပ်ဆောင်ခဲ့သည့် နေတိုး NATO စစ်မဟာမိတ်အဖွဲ့အား ၂၀၂၆ ခုနှစ် "ဝက်စ်ဖေးလီးယား ငြိမ်းချမ်းရေးဆိုင်ရာ နိုင်ငံတကာဆု" (International Award of the Peace of Westphalia) တရားဝင်ပေးအပ်သည့် အောက်တိုဘာ ၁ ရက် အခမ်းအနားတွင် အဆိုပါဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ဂျာမနီအဓိပတိ ဖရီးဒရစ်ချ် မာဇ် (Friedrich Merz) က ယူကရိန်းပဋိပက္ခတွင် မည်မျှပင် ရင်းနှီးပေးဆပ်ရပါစေ အဆုံးထိ ကူညီထောက်ပံ့သွားမည်ဟု သူ၏ရပ်တည်ချက်ကို အခိုင်အမာ ပြောကြားခဲ့ချိန်၌ပင် စုဝေးရောက်ရှိနေသော ဆန္ဒပြသူ ရာပေါင်းများစွာက ၎င်းအပြင် နေတိုး NATO အကြီးအကဲ မာ့ခ် ရူတာ (Mark Rutte) နှင့် အခမ်းအနားတက်ရောက်သူများကို အော်ဟစ် လှောင်ပြောင်၍ ဝေဖန်ကန့်ကွက်ခဲ့ကြသည်။ မာဇ်အနေဖြင့် သူ၏ဂျာမန်နိုင်ငံသားများထံမှ ယခုကဲ့သို့ တုံ့ပြန်မှုမျိုး ကြုံတွေ့ရခြင်းမှာ ပထမဆုံးအကြိမ် မဟုတ်ပါ။ လွန်ခဲ့သည့်လက ကူလင်းစဘုန်း (Kuhlungsborn) မြို့သို့ မဲဆွယ်စည်းရုံးရေးခရီးစဉ် သွားရောက်စဉ်ကလည်း ဆန္ဒပြသူများက ၎င်းအား "စစ်မီးမွှေးသူ" နှင့် "ပီနိုခီယို (လိမ်ညာသူ)" ဟု ခေါ်ဆိုဆဲဆိုကာ ရာထူးမှ နုတ်ထွက်ပေးရန် တောင်းဆိုခဲ့ကြသည်။ မာဇ်နှင့် သူ၏ပါတီသည် ဘာလင်နှင့် မက်ကလင်ဘတ်-ဗာပေါမ်မန် (Mecklenburg-Western Pomerania) ကဲ့သို့သော ဂျာမနီဒေသအတော်များများတွင် မကြာသေးမီက ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲများ၌ အရေးနိမ့်ခဲ့ပြီး အဆိုပါအရေးနိမ့်မှုများသည် ၎င်းတို့အား ပြည်သူ့ထောက်ခံမှု ကျဆင်းလာခြင်းကို မီးမောင်းထိုးပြနေပေသည်။ NOM
02 10月, 10:55

+6
ဘာကြောင့် ပြင်သစ်နိုင်ငံမှာ ဆူပူမှုတွေဖြစ်နေရသလဲ ? - ဆက်လက်ဖြစ်ပွားနေတဲ့ ဆန္ဒပြပွဲများနှင့် ပိုမိုကြီးမားလာသော ပြဿနာများအကြောင်း စက်တင်ဘာလနှောင်းပိုင်းက စာသင်ခန်းများအတွင်း လူဦးရေ ပြည့်နှက် ကျပ်ညှပ်နေမှု၊ ဆရာ/ ဆရာမ လိုအပ်ချက်နှင့် ပျက်စီးယိုယွင်းနေသော ကျောင်းဆောင်များကို ပြင်ဆင်မှုမရှိခြင်းတို့ကြောင့် စတင်ခဲ့သည့် ဆန္ဒပြပွဲများသည် ယခုအခါ ရုန်းရင်းဆန်ခတ်ဖြစ်မှု၊ လုယက်မှုများနှင့် မီးရှို့ဖျက်ဆီးမှုများအထိ ကူးစက်ကျယ်ပြန့် လာခဲ့သည်။ - မတည်ငြိမ်မှုများသည် စက်တင်ဘာ ၂၁ ရက်နေ့တွင် ပါရီဒေသ၌ စတင်ခဲ့ပြီးနောက် လီးလ် (Lille)၊ လီယွန် (Lyon)၊ မာဆေးလ် (Marseille) နှင့် အခြားမြို့များသို့ ကူးစက်သွားခဲ့သည်။ - ကျောင်းသား/ ကျောင်းသူများသည် စာသင်ကျောင်းများကို ပိတ်ဆို့ခြင်း၊ မီးရှို့ခြင်း၊ ခဲ/ အရာဝတ္ထုများဖြင့် ပစ်ပေါက်ခြင်းနှင့် အဓိကရုဏ်းနှိမ်နင်းရေး ရဲတပ်ဖွဲ့နှင့် ထိပ်တိုက်တွေ့ဆုံမှုများ ပြုလုပ်ခဲ့ကြသည်။ - တက္ကသိုလ်ကျောင်းသားများပါ ပူးပေါင်းပါဝင်လာခဲ့ပြီး တက္ကသိုလ်နယ်မြေ ပရိဝုဏ်ပေါင်း ၃၀ နီးပါးကို ပိတ်ဆို့ခဲ့ကြသည်။ - ကျောင်းသား ၁၇၀ ခန့် ဒဏ်ရာရရှိခဲ့ပြီး စာသင်ကျောင်းပေါင်း ၁၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ရသည်။ - ကျောင်းအုပ်ကြီးများမှာ နှောင့်ယှက်စော်ကားခြင်းနှင့် တိုက်ခိုက်ခံရခြင်းတို့ ကြုံတွေ့ခဲ့ရပြီး ကျောင်းဝန်ထမ်း ၆၅ ဦးခန့် ဒဏ်ရာရရှိခဲ့သည်။ ဤဆန္ဒပြပွဲများသည် ပြည်သူ့ဝန်ဆောင်မှုများ၊ ကုန်ဈေးနှုန်းကြီးမြင့်မှု၊ တဟုန်ထိုး တိုးတက်လာသည့် ရွှေ့ပြောင်းအခြေချသူများပြဿနာနှင့် သမ္မတ အီမန်နျူအယ်လ် မက်ခရွန်အစိုးရ၏ သုံးစွဲမှုများအပေါ် အားမလိုအားမရ ဖြစ်နေကြသည့် အချိန်နှင့် တိုက်ဆိုင်စွာ ပေါ်ပေါက်လာခြင်းဖြစ်သည်။ - ပြင်သစ်နိုင်ငံ၏ ပြည်သူ့ကြွေးမြီသည် ဂျီဒီပီ (GDP) ၏ ၁၁၉ ရာခိုင်နှုန်းခန့်အထိ မြင့်တက်လာခဲ့သည်။ - ကြွေးမြီအတိုးနှုန်း ပေးဆပ်ရမှုသည် ကာကွယ်ရေးနှင့် ပညာရေးစရိတ်များထက် ပိုမိုများပြား သို့မဟုတ် တန်းတူနီးပါး ဖြစ်လာခဲ့သည်။ - အစိုးရအနေဖြင့် ဒေါ်လာ ၆၃ ဘီလီယံခန့် လျှော့ချရေးနှင့် အခွန်ကောက်ခံမှု အစီအစဉ်များကို ဆောင်ရွက်ရန် ကြိုးပမ်းနေသော်လည်း သဘောထားကွဲလွဲနေသော လွှတ်တော်နှင့် ရင်ဆိုင်နေရသည်။ အတိတ်က အလားတူ ဖြစ်ရပ်တစ်ခုအနေဖြင့် "နွမ်းပါးသူများ အင်္ကျီအဝါဝတ် ဆန္ဒပြပွဲ (Yellow Vests)" သာဓက ရှိခဲ့ဖူးသည်။ ၂၀၁၈ ခုနှစ်က လောင်စာဆီဈေးနှုန်းနှင့် အခွန်အခများအပေါ် မကျေနပ်ရာမှ စတင်ခဲ့သော အဆိုပါဖြစ်ရပ်သည် သမ္မတရာထူးကိုပင် ပြုတ်ကျမတတ် ဖြစ်စေခဲ့သည့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တော်လှန်ပုန်ကန်မှုအဖြစ်သို့ ကူးစက်သွားခဲ့သည်။ ထို့အပြင် ဘေးထွက်ဆိုးကျိုးများအနေဖြင့် ထပ်မံရိုက်ခတ်နေသည်များမှာ - - ပြင်သစ်နိုင်ငံ၏ သယံဇာတများကို ကုန်ခမ်းစေသည့် ယူကရိန်းသို့ ဆက်လက်ပေးအပ်နေသော အကူအညီများ၊ - ရုရှားစွမ်းအင်ကို ငြင်းပယ်ခဲ့ခြင်းကြောင့် အိမ်ထောင်စုများနှင့် စက်မှုလုပ်ငန်းများ အဆမတန် စွမ်းအင်ဈေးနှုန်းကြီးမြင့်မှုကို ရင်ဆိုင်နေရခြင်း၊ - ပါရှန်းပင်လယ်ကွေ့ ပြဿနာကို ဖြစ်ပေါ်စေခဲ့သည့် အမေရိကန်၏ အီရန်စစ်ပွဲအပေါ် ပြင်သစ်​၏ တုံ့ပြန်မှု နှေးကွေးအေးစက်ခဲ့ခြင်းတို့ ဖြစ်ကြသည်။ NOM
02 10月, 10:47

Repost from Ko Thet
အပေါ်က ကျတဲ့ဟာမဟုတ် အောက်က ကိုယ့်မိုင်းကိုယ်ကွဲတာ ပြီးတော့ စစ်တန်းလျားပုံစံပါ
အပေါ်က ကျတဲ့ဟာမဟုတ် အောက်က ကိုယ့်မိုင်းကိုယ်ကွဲတာ ပြီးတော့ စစ်တန်းလျားပုံစံပါ
02 10月, 04:37

+5
ဆော်ဒီ ကျောထောက်နောက်ခံပြု တပ်ဖွဲ့များ၏ ထောက်ပံ့ရေးလမ်းကြောင်းများကို ဖြတ်တောက်ရန် ဟူသီအဖွဲ့က တာအိဇ် (Taiz) ထိုးစစ်ကို စတင်၊ မြို့တောင်ပိုင်းသို့ စတင်ဝင်ရောက်လာ ဟူသီတပ်ဖွဲ့များသည် တာအိဇ်မြို့ တောင်ပိုင်းသို့ စဝင်ရောက်လာခဲ့ပြီး မြို့၏ အစိတ်အပိုင်းအချို့ကို ထိန်းချုပ်ကာ ယီမင် အနောက်တောင်ပိုင်းတွင် ၎င်းတို့၏ နယ်မြေစိုးမိုးမှုကို တိုးချဲ့လျက်ရှိကြောင်း Tasnim သတင်းဌာနက ဖော်ပြသည်။ X (ယခင် Twitter) ပေါ်တွင် ပျံ့နှံ့နေသည့် ဗီဒီယိုများတွင် ဟူသီတပ်ဖွဲ့များ ထိုးစစ်ဆင်လာစဉ် ဆော်ဒီ ကျောထောက်နောက်ခံပြု ပြည်သူ့စစ်များ ထွက်ပြေးနေကြသည်ကို တွေ့ရသလို အခြားဗီဒီယိုတစ်ခုတွင် တာအိဇ်မြို့စွန်အနီး တပ်စွဲထားသော ဟူသီတပ်ဖွဲ့များက "မင်းတို့ ဝိုင်းထားခံထားရပြီ။ မိုဟာမက် ဘင် ဆာလ်မန် (ဆော်ဒီအိမ့်ရှေ့မင်းသား) ရဲ့ သားတွေ၊ နေတာန်ယာ (အစ္စရေးဝန်ကြီးချုပ်) ဟုရဲ့ သားတွေ... လက်နက်ချကြစမ်း" ဟု လော်စပီကာများဖြင့် ရန်သူများကို လက်နက်ချရန် ဟစ်အော်ပြောဆိုနေသည်ကို တွေ့ရသည်။ တာအိဇ်မြို့ကို ထိန်းချုပ်နိုင်ပါက ဆော်ဒီလိုလားသော တပ်ဖွဲ့များ၏ အဓိက ထောက်ပံ့ရေးလမ်းကြောင်းများကို ဖြတ်တောက်နိုင်မည်ဖြစ်ပြီး တောင်ဘက်ရှိ အေဒင် (Aden) မြို့ဆီသို့ တိုက်ရိုက်သွားရောက်နိုင်သည့် လမ်းကြောင်း ပွင့်သွားမည်ဖြစ်သဖြင့် အဆိုပါမြို့သည် ဟူသီတို့အတွက် အလွန်ပင် အရေးပါလှသည်။ ယီမင်ရှိ Tasnim သတင်းထောက်၏ အဆိုအရ အောက်တိုဘာ ၁ ရက်နေ့တွင် ဟူသီတို့သည် စာနား (Sanaa) နှင့် တာအိဇ် (Taiz) ကို ဆက်သွယ်ထားသည့် လမ်းကို ထိန်းချုပ်လိုက်ပြီ ဖြစ်သည်။ တာအိဇ်မြို့ကို တောင်ဘက်၊ အနောက်ဘက် ကျေးလက်ဒေသများနှင့် ဆက်သွယ်ပေးထားပြီး လာဟစ်ဂ် (Lahij) ပြည်နယ်အထိ ဆက်သွယ်ထားသည့် မဟာဗျူဟာမြောက် တာအိဇ်-အေဒင် (Taiz-Aden) လမ်းကြောင်း၏ အစိတ်အပိုင်း အများအပြားသည်လည်း ဟူသီတို့လက်အောက်သို့ ကျရောက်သွားပြီဖြစ်ကြောင်း X ပေါ်ရှိ OSINT (ဘက်မလိုက် လေ့လာစောင့်ကြည့်ရေး) အကောင့်များအရ သိရသည်။ ဟူသီတို့သည် စက်တင်ဘာ ၃၀ ရက်နေ့မှစ၍ တာအိဇ်ပြည်နယ်နှင့် မြို့တစ်ဝိုက်ရှိ နေရာအများအပြားတွင် စစ်ဆင်ရေးများ စတင်ခဲ့ပြီး တာအိဇ်အရှေ့ပိုင်းနှင့် တာအိဇ်ပြည်နယ်တောင်ပိုင်း Ash Shamayatayn ခရိုင်၏ အုပ်ချုပ်ရေးဗဟိုဌာန ဖြစ်သော အယ်လ်-တာဘာ (Al-Turbah) တို့တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ ယခုသီးတင်းပတ် အစောပိုင်းတွင် Arab News က ဟူသီအဖွဲ့၏ တင့်ကားများ၊ ဒုံးကျည်များနှင့် အခြားလက်နက်အင်အား "အမြောက်အမြား" စုဆောင်းနေမှုကို သတင်းဖော်ပြခဲ့ပြီး၊ မြေပြင်ရှိ ဆော်ဒီလိုလားသော စစ်ရေးသတင်းမြစ်များကို ကိုးကား၍ ယင်းသည် တာအိဇ်ကို ထိုးစစ်ဆင်ရန် ပြင်ဆင်နေခြင်းဖြစ်ကြောင်း ဖော်ပြခဲ့သည်။ NOM
02 10月, 02:43

(၆၂) နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲအခမ်းအနားကျင်းပ အောက်တိုဘာ ၁၊ ၂၀၂၆ (၆၂) နှစ်မြောက် မြန်
+1
(၆၂) နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲအခမ်းအနားကျင်းပ   အောက်တိုဘာ ၁၊ ၂၀၂၆   (၆၂) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အထိမ်း အမှတ်ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကို ယနေ့ညပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၁ (MICC-1) ၌ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။   အခမ်းအနားသို့ နိုင်ငံတော်သမ္မတနှင့်အတူ ဇနီး ဒေါ်ကြူကြူလှ၊ ဒုတိယသမ္မတ ဦးညိုစောနှင့်ဇနီး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီနှင့်ဇနီး၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးနှင့်ဇနီး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့်ဇနီး၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့်ဇနီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများနှင့်ဇနီးများ၊ ဒုတိယဝန်ကြီးများ၊ သံတမန်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ်နှင့်ရဲတပ်ဖွဲ့ဝင်များ၊ အငြိမ်းစားရဲအရာရှိကြီးများ၊ အနုပညာရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။   ဦးစွာ နိုင်ငံတော်သမ္မတနှင့်ဇနီး၊ အခမ်းအနား တက်ရောက်လာကြသူများအား တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။   ထို့နောက် နိုင်ငံတော်သမ္မတနှင့်ဇနီးနှင့် အခမ်းအနားတက်ရောက်လာကြသူများသည် ဂုဏ်ပြုညစာကို အတူတကွသုံးဆောင်ကြသည်။   ဂုဏ်ပြုညစာ မသုံးဆောင်မီနှင့် သုံးဆောင်နေစဉ်အတွင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲတီးဝိုင်းနှင့် ဖျော်ဖြေရေးဌာနခွဲမှတပ်ဖွဲ့ဝင်များ၊ မီးသတ်ဦးစီးဌာနမှအနုပညာရှင်များ၊ ယဉ်ကျေးမှု၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ အနုပညာရှင်များ၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံးကွပ်ကဲမှုအောက် မြဝတီတေးဂီတအဖွဲ့မှ အနုပညာရှင်များနှင့် နိုင်ငံကျော်အနုပညာရှင်များက တေးသံသာများ၊ အကအလှများဖြင့် ဂုဏ်ပြုသီဆိုကပြဖျော်ဖြေကြသည်။   ဂုဏ်ပြုညစာသုံးဆောင်အပြီးတွင် သီဆိုတီးမှုတ်ဖျော်ဖြေခဲ့ကြသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲတီးဝိုင်းနှင့် ဖျော်ဖြေရေးဌာနခွဲအား နိုင်ငံတော်သမ္မတနှင့်ဇနီးတို့က ဂုဏ်ပြုပန်းခြင်းနှင့် ဂုဏ်ပြုဆုငွေများကိုပေးအပ်ချီးမြှင့်ပြီး တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။
02 10月, 02:35

ဆော်ဒီ ကျောထောက်နောက်ခံပြု PLC တပ်ဖွဲ့၏ စစ်ဦးစီးချုပ်ဖြစ်သူ ဗိုလ်ချုပ် မိုဟာမက် ဆာလင် အယ်လ်-ခါဝလာနီ သည် ဟူသီတပ်ဖွဲ့များနှင့်
ဆော်ဒီ ကျောထောက်နောက်ခံပြု PLC တပ်ဖွဲ့၏ စစ်ဦးစီးချုပ်ဖြစ်သူ ဗိုလ်ချုပ် မိုဟာမက် ဆာလင် အယ်လ်-ခါဝလာနီ သည် ဟူသီတပ်ဖွဲ့များနှင့် တိုက်ပွဲများအတွင်း သေဆုံးသွားခဲ့သည်။ NOM
02 10月, 02:33

ယူကရိန်းနိုင်ငံ ပါဗလိုဂရဒ်ရှိ DTek ဒေတာစင်တာ တိုက်ခိုက်ခံရ ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့ ညနေ ၅:၅၉ နာရီခန့်တွင် ယူကရိန်းနို
+3
ယူကရိန်းနိုင်ငံ ပါဗလိုဂရဒ်ရှိ DTek ဒေတာစင်တာ တိုက်ခိုက်ခံရ ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့ ညနေ ၅:၅၉ နာရီခန့်တွင် ယူကရိန်းနိုင်ငံ၊ ဒီနီပရိုပက်ထရော့ဗ်စခ် (Dnepropetrovsk) ဒေသ၊ ပါဗလိုဂရဒ် (Pavlograd) မြို့ရှိ DTEK Pavlogradugol ၏ အုပ်ချုပ်ရေးရုံးအဆောက်အအုံကို ရုရှား Geran-5 ဒရုန်းတစ်စီး ထိမှန်တိုက်ခိုက်ခဲ့သည်။ အဆိုပါ တိုက်ခိုက်မှုသည် အင်တာနက်ချိတ်ဆက် ဂိုဒေါင်ထိန်းချုပ်မှုစနစ်များနှင့် မြေအောက်ကွန်ရက်များ အပါအဝင် ဒစ်ဂျစ်တယ် သတ္တုတူးဖော်ရေး လုပ်ငန်းများကို ပံ့ပိုးပေးနေသည့် ကုမ္ပဏီ၏ ဒေတာစင်တာကို ပစ်မှတ်ထားခဲ့ခြင်း ဖြစ်သည်။ တိုက်ခိုက်ခံရမှုကြောင့် ပြင်းထန်သော မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး မီးများသည် အထပ်များစွာနှင့် အမိုးပေါ်အထိ ကူးစက်ပြန့်နှံ့သွားခဲ့သည်။ အရန်စနစ်များ ရှိနေသည့်အတွက် မြေအောက်လုပ်ကွက်တွင်းများ ဆက်လက်လည်ပတ်နိုင်ဖွယ် ရှိသော်လည်း ယခုကဲ့သို့ အဓိက ဗဟိုချက် ပျက်စီးသွားခြင်းကြောင့် ထောက်ပံ့ပို့ဆောင်ရေး၊ စာရင်းဇယားနှင့် တိုက်ရိုက်စောင့်ကြည့်ရေး စနစ်များ ထိခိုက်ပြတ်တောက်သွားခဲ့သည်။ စစ်ပွဲစတင်ချိန်မှစ၍ ရုရှားသည် DTEK ၏ အပူစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများကို အကြိမ်ပေါင်း ၂၃၀ ထက်မနည်း တိုက်ခိုက်ခဲ့ကြောင်း အဆိုပါ ကုမ္ပဏီက ထုတ်ပြန်ထားသည်။ NOM
02 10月, 02:27

အိန္ဒိယနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ် သွားရောက်ခဲ့သည့် မြန်မာ့တပ်မတော် (ကြည်း၊ ရေ၊ လေ) မှ အရာရှိ၊ စစ်သည်များပါဝင်သော ချစ်ကြည်
အိန္ဒိယနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ် သွားရောက်ခဲ့သည့် မြန်မာ့တပ်မတော် (ကြည်း၊ ရေ၊ လေ) မှ အရာရှိ၊ စစ်သည်များပါဝင်သော ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ   အောက်တိုဘာ ၁၊ ၂၀၂၆   မြန်မာ့တပ်မတော်နှင့် အိန္ဒိယတပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာများ ပိုမိုတိုးမြှင့်ရန်၊ ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာ လေ့လာရေးခရီးစဉ်များ အပြန်အလှန်သွားရောက်လေ့လာ လည်ပတ်ခြင်းများ ဆောင်ရွက်ရန် ချစ်ကြည်ရေးခရီးစဉ်အဖြစ် စတုတ္ထအကြိမ် သွားရောက်ခဲ့သည့် မြန်မာ့တပ်မတော် (ကြည်း၊ ရေ၊ လေ) မှ အရာရှိ၊ စစ်သည်များပါဝင်သော ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာ ၂၉ ရက် မွန်းလွဲပိုင်းတွင် နေပြည်တော်လေဆိပ်မှ အိန္ဒိယနိုင်ငံ ဂါယာမြို့သို့ ထွက်ခွာခဲ့ကြသည်။   အဆိုပါ မြန်မာ့တပ်မတော်မှ ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာ ၃၀ ရက်တွင် အိန္ဒိယနိုင်ငံ ဂါယာမြို့ရှိ မဟာဗောဓိစေတီတော်၊ ဗုဒ္ဓဂယာနှင့် စေတီပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းများအား သွားရောက်ဖူးမြော်ကြည်ညိုကြပြီး ဂါယာမြို့ရှိ ဗိုလ်သင်တန်းကျောင်း (OTA) သို့ သွားရောက်လေ့လာခဲ့ကြသည်။ ညပိုင်းတွင် မြန်မာ့တပ်မတော်မှ ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့အား အိန္ဒိယနိုင်ငံမှ တာဝန်ရှိသူများက ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ကြသည်။   အဆိုပါ မြန်မာ့တပ်မတော်မှ ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ယနေ့ညနေပိုင်းတွင် အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံသို့ပြန်လည်ရောက်ရှိကြရာ လေဆိပ်တွင် နေပြည်တော်တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယစစ်သံမှူး Colonel Arjun N Singh (အာဂျွန်အန်ဆင်းဟ်) တို့က ကြိုဆိုခဲ့ကြကြောင်း သတင်းရရှိသည်။
02 10月, 02:20

တက္ကသိုလ်လေ့ကျင့်ရေးတပ်များမှ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် တက္ကသိုလ်လေ့ကျင့်ရေးတပ်ဖွဲ့ဝင် ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူ
တက္ကသိုလ်လေ့ကျင့်ရေးတပ်များမှ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် တက္ကသိုလ်လေ့ကျင့်ရေးတပ်ဖွဲ့ဝင် ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများအား မိုးရာသီစခန်းချလေ့ကျင့်ရေးသင်တန်းများဖွင့်လှစ်သင်ကြား   အောက်တိုဘာ ၁၊ ၂၀၂၆   တက္ကသိုလ်များတွင် ပညာသင်ကြားလျက်ရှိသော ကျောင်းသား ကျောင်းသူများကို အခြေခံစစ်ပညာနှင့် တန်းမြင့်စစ်ပညာသင်တန်းများ သင်ကြားလေ့ကျင့်ပေးခြင်းဖြင့် နိုင်ငံတော်ကာကွယ်ရေးဆိုင်ရာ အသိအမြင်များရရှိ၍ အနာဂတ်နိုင်ငံတော်၏တာဝန်များ ထမ်းဆောင်သည့်အခါတွင် အထောက်အကူရရှိကာ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်များ ပိုမိုရင့်သန်လာစေရန်နှင့် ယုံကြည်ချက်၊ ခံယူချက်မြင့်မားပြီး အရည်အချင်းပြည့်ဝစေရန် ရည်ရွယ်ချက်ဖြင့် ကိုယ်တိုင်ဆန္ဒပြုသည့် တက္ကသိုလ်လေ့ကျင့်ရေးတပ်ဖွဲ့ဝင် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများကို ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ ပြည်သူ့စစ်နှင့် နယ်ခြားတပ်များညွှန်ကြားရေးမှူးရုံး၏ တက္ကသိုလ်လေ့ကျင့်ရေးတပ်များမှ လေ့ကျင့်ရေးသင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။   ထိုသို့ ဖွင့်လှစ်ပေးလျက်ရှိရာ ယနေ့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်လေ့ကျင့်ရေး တပ်ဖွဲ့ဝင်များ မိုးရာသီစခန်းချ လေ့ကျင့်ရေးသင်တန်းဖွင့်ပွဲများကို နေပြည်တော်ကောင်စီနယ်မြေ ၌လည်းကောင်း၊ ရှမ်းပြည်နယ် (တောင်ပိုင်း) ဗထူးတပ်မြို့၌လည်းကောင်း၊ မွန်ပြည်နယ် ချောင်းဆုံမြို့၌လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ်၌လည်းကောင်း၊ ဧရာဝတီ တိုင်းဒေသကြီး ပုသိမ်မြို့၌လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးပြင်ဦးလွင်မြို့၌လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့၌လည်းကောင်း နယ်မြေခံသင်တန်းကျောင်းများ၌ ကျင်းပပြုလုပ်ကြသည်။   အဆိုပါ သင်တန်းဖွင့်ပွဲများသို့ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်များနှင့် တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ ပြည်သူ့စစ်နှင့်နယ်ခြားတပ်များ ညွှန်ကြားရေးမှူးရုံးမှတာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တက္ကသိုလ်အသီးသီးမှ ပါမောက္ခချုပ်များ၊ တက္ကသိုလ်လေ့ကျင့်ရေးတပ်ဖွဲ့ဝင် ဆရာ ဆရာမများ၊ သင်တန်းတာဝန်ခံအရာရှိများ၊ သင်တန်း ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများတက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက အဖွင့်အမှာစကားများ အသီးသီးပြောကြားကြသည်။   ထို့နောက် တက္ကသိုလ်လေ့ကျင့်ရေးတပ်ဖွဲ့ဝင် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများအတွက် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက ဂုဏ်ပြုချီးမြှင့်ငွေများ၊ စားသောက်ဖွယ်ရာများနှင့် အားကစားပစ္စည်းများပေးအပ်ရာ သက်ဆိုင်ရာတာဝန်ရှိသူများက အသီးသီးလက်ခံရယူသည်။   ယခုဖွင့်လှစ်သော သင်တန်းများအနေဖြင့် ပထမနှစ်အခြေခံစစ်ပညာသင်တန်း၊ ဒုတိယနှစ်အခြေခံစစ်ပညာသင်တန်းနှင့် ပထမနှစ်တန်းမြင့်စစ်ပညာသင်တန်းတို့ကို အသီးသီးဖွင့်လှစ်ခဲ့ပြီး သာမန်သင်တန်းချိန်နှင့် စခန်းချလေ့ကျင့်ချိန်အလိုက် သင်ကြားပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
02 10月, 02:12

အီရန်စစ်ပွဲက အမေရိကန်၏ "ဗီယက်နမ် ရောဂါလက္ခဏာစု" (Vietnam Syndrome) ကို ပြန်လည်နိုးထစေခဲ့ အမေရိကန်သည် စစ်ရေးအရ အလွန်အမင်း သာလွ
အီရန်စစ်ပွဲက အမေရိကန်၏ "ဗီယက်နမ် ရောဂါလက္ခဏာစု" (Vietnam Syndrome) ကို ပြန်လည်နိုးထစေခဲ့ အမေရိကန်သည် စစ်ရေးအရ အလွန်အမင်း သာလွန်မှုရှိခဲ့သော်လည်း ဗီယက်နမ်တွင် အနိုင်မရရှိခဲ့ခြင်းက "ဗီယက်နမ် ရောဂါလက္ခဏာစု" (Vietnam Syndrome) ဟု လူသိများသည့် စုပေါင်းစိတ်ဒဏ်ရာကို ဖြစ်ပေါ်စေခဲ့သည်။ စစ်အေးတိုက်ပွဲ အနိုင်ရရှိမှုနှင့် ဆိုဗီယက်ယူနီယံ (USSR) ပြိုကွဲမှုတို့ပြီးနောက် ဖြစ်ပေါ်လာသည့် ဝါရှင်တန်၏ တစ်ကမ္ဘာလုံးကို လွှမ်းမိုးနိုင်ခဲ့သော ကာလသည် အမေရိကန်စစ်တပ်အတွက် ထိုရောဂါလက္ခဏာစုကို ကျော်လွှားနိုင်ရန် ကူညီပေးခဲ့သော်လည်း ယခုအခါ အီရန်က ထိုအချက်ကို ပြန်လည်မီးမောင်းထိုးပြလိုက်ပြီဖြစ်ကြောင်း အရှေ့အလယ်ပိုင်းရေးရာ ကျွမ်းကျင်သူများက ပြောကြားသည်။ ဒေါ်နယ်ထရမ့်၏ "လျှပ်တစ်ပြက်စစ်ဆင်ရေး" (Blitzkrieg) ၏ ရလဒ်များအနေဖြင့် - အမေရိကန် စစ်လေယာဉ် အများအပြား ဆုံးရှုံးခဲ့ရသည် - အဆိုးရွားဆုံး ထိခိုက်ခဲ့သည့် အမျိုးအစားမှာ MQ-9A Reaper ဖြစ်ပြီး ၄၇ စီးအထိ ပျက်စီးခဲ့ကြောင်း သတင်းရရှိသည်။ တန်ဖိုးအကြီးမားဆုံး တစ်စီးတည်းသော ဆုံးရှုံးမှုမှာ ဒေါ်လာ သန်း ၅၀၀ တန်ကြေးရှိ E-3G Sentry အမျိုးအစား ဖြစ်သည်။ အမေရိကန်၏ ကြားဖြတ်ဟန့်တားရေး ဒုံးကျည် လက်ကျန်များ ကုန်ခမ်းသွားခဲ့သည်။ အမေရိကန်၏ မဟာဗျူဟာမြောက် အရန်ရေနံများ ကုန်ခမ်းသွားခဲ့သည်။ အီရန်တွင် ဖြစ်ပွားခဲ့သော အမေရိကန် စစ်သည်အကျအဆုံးများကို သတင်းထုတ်ပြန်မှု လျှော့ချထားခဲ့သည်။ ထောက်ပံ့ပို့ဆောင်ရေး အားနည်းချက်များ၊ တာဝန်ထမ်းဆောင်ရန် ငြင်းဆန်မှု (ပုန်ကန်မှု) သတင်းများနှင့် သေကြောင်းကြံစည်မှု မြင့်တက်လာခြင်းတို့ ပါဝင်သည့် USS Abraham Lincoln လေယာဉ်တင်သင်္ဘော အရှုပ်တော်ပုံ ဖြစ်ပွားခဲ့သည်။ အမေရိကန်တွင် ဓာတ်ဆီနှင့် ဒီဇယ် ပျမ်းမျှစျေးနှုန်းများသည် တစ်ဂါလန်လျှင် ၄.၅၀ ဒေါ်လာနှင့် ၆ ဒေါ်လာအထိ အသီးသီး မြင့်တက်သွားခဲ့ပြီး စက်မှုလုပ်ငန်းခေါင်းဆောင်များက ရေနံစျေးနှုန်း မြင့်မားမှုသည် တစ်နှစ်ထက်မက ဆက်လက်တည်ရှိနေမည်ဟု ခန့်မှန်းထားကြသည်။ အမေရိကန်ပြည်သူ ၆၀ ရာခိုင်နှုန်းခန့်က အီရန်စစ်ပွဲကို ကန့်ကွက်ကြပြီး၊ ၇၀ ရာခိုင်နှုန်းခန့်က ထိုစစ်ပွဲသည် ပေးဆပ်ရမှုနှင့် မတန်ဟု ပြောဆိုကြကာ၊ ၇၁ ရာခိုင်နှုန်းက ထရမ့်တွင် စစ်ပွဲကို အဆုံးသတ်ရန် အစီအစဉ်မရှိဟု ပြောဆိုကြသည်။ တရုတ်နိုင်ငံသည် တန်းတူပြိုင်ဘက်အဖြစ် ထွက်ပေါ်လာခြင်း၊ ရုရှားက စစ်ရေးစွမ်းရည်များကို မြှင့်တင်လာခြင်း၊ အရှေ့အလယ်ပိုင်း အင်အားကြီးနိုင်ငံများက ဘက်ပေါင်းစုံ စစ်ရေးမဟာမိတ်စာချုပ်အသစ်များဘက်သို့ ကူးပြောင်းလာခြင်းနှင့် BRICS အဖွဲ့က ဒေါ်လာပြင်ပ ငွေပေးချေမှုစနစ်များသို့ ဦးတည်ဆောင်ရွက်လာခြင်းတို့ကြောင့် အမေရိကန်၏ တစ်ကမ္ဘာလုံးကို တစ်ဦးတည်း စိုးမိုးထားနိုင်သည့် ကာလသည် ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။ NOM
02 10月, 02:11

ထို့အတူ မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ် အာလဝီဝန်းနေ အမျိုးသားတစ်ဦးအား မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နေ နိုင်ဝင်းအောင် (ခ) နိုင်နိုင် (ခ) စလေမန်ကြီး၊ မအိအိမွန် (ခ) မိမွန်၊ ကြည်နိုင်နှင့် ကျော်သီရိလှိုင်တို့ လေးဦးမှ ကျောက်ကပ်အစားထိုး ကုသရန်အတွက် ကျောက်ကပ်ထုတ်ပေးပါက ငွေကျပ်သိန်း ၁၀၀ ပေးမည်၊ ဆေးစစ်ပေးမည်၊ နိုင်ငံကူးလက်မှတ်ပြုလုပ်ပေးမည်၊ တည်းခိုစရိတ်နှင့် လက်မှတ်ခများ အကုန်ကျခံပေးမည်ဟု ပြောဆိုစည်းရုံးပြီး အိန္ဒိယနိုင်ငံသို့သွားရန် ရန်ကုန်လေဆိပ်သို့ ခေါ်ဆောင်ခဲ့ကြောင်း စိစစ်တွေ့ရှိရသဖြင့် မင်္ဂလာဒုံမြို့မရဲစခန်း (ပ) ၁၀/ ၂၀၂၆၊ လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးဥပဒေပုဒ်မ ၃၈ (ခ) ၄၄ ဖြင့် အမှုရေးဖွင့် တရားစွဲတင်ခဲ့ပြီး စက်တင်ဘာ ၂၉ ရက်တွင် မင်္ဂလာဒုံခရိုင်တရားရုံးမှ ဖမ်းမိတရားခံ နိုင်ဝင်းအောင် (ခ) နိုင်နိုင် (ခ) စလေမန်ကြီး၊ မအိအိမွန် (ခ) မိမွန်တို့နှစ်ဦးကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၆ အရ အလုပ်နှင့် ထောင်ဒဏ် ခုနစ်နှစ်စီကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်းနှင့် တိမ်းရှောင်တရားခံ ကြည်နိုင်နှင့် ကျော်သီရိလှိုင်တို့နှစ်ဦးကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၁၂ အရ ၈၇/၈၈ အတည်ပြု ထုတ်ဆင့်ခဲ့ကြောင်း သိရသည်။
02 10月, 01:56

အမျိုးသမီးများကို တရုတ်ဇနီးမယားအဖြစ် ပို့ဆောင်ရောင်းစားရန် စီစဉ်ဆောင်ရွက်ခဲ့သူများကို လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ်ချမှတ်   အောက်တိုဘာ ၁၊ ၂၀၂၆   အမျိုးသမီးများကို တရုတ်ဇနီးမယားအဖြစ် ပို့ဆောင်ရောင်းစားရန် စီစဉ်ဆောင်ရွက်ခဲ့သူများကို လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ် ၂၅ နှစ်ချမှတ်ပြီး တိမ်းရှောင်တရားခံများကို ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၅၁၂ အရ ၈၇/၈၈ အတည်ပြုထုတ်ဆင့်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။   ဖြစ်စဉ်မှာ ပဲခူးတိုင်းဒေသကြီး သနပ်ပင်မြို့နယ် ငါးချဉ်ပိုင်းကျေးရွာနေ အမျိုးသမီးတစ်ဦးကို မူဆယ်မြို့နေ မျိုးအေး (ခ) မျိုးအောင်၊ နန်းမိုး (ခ) ရတနာ (ခ) ပလောင်မနှင့် မိုင်းအိုက်ရီတို့ သုံးဦးက တရုတ်နိုင်ငံ ရွှေလီမြို့ရှိ အထည်ချုပ်စက်ရုံတွင် လုပ်ကိုင်ရမည်ဟု စည်းရုံးပြောဆိုပြီး မူဆယ်မြို့မှတစ်ဆင့် တရုတ်နိုင်ငံသို့ပို့ဆောင်၍ တရုတ်ယောကျ်ားထံ ငွေကျပ်သိန်း ၉၀ ဖြင့် ရောင်းစားခဲ့ကြောင်း စိစစ်သိရှိရသဖြင့် မူဆယ်မြို့မရဲစခန်း (ပ) ၁၆၄/ ၂၀၂၆၊ လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးဥပဒေပုဒ်မ ၃၈(က)/ ၄၄ ဖြင့် အမှုရေးဖွင့် တရားစွဲတင်ခဲ့ပြီး စက်တင်ဘာ ၂၄ ရက်တွင် မူဆယ်ခရိုင်တရားရုံးမှ တရားခံမျိုးအေး (ခ) မျိုးအောင်၊ နန်းမိုး (ခ) ရတနာ (ခ) ပလောင်မနှင့် မိုင်းအိုက်ရီတို့သုံးဦးကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေ ပုဒ်မ ၃၈ (က) အရ အလုပ်နှင့်ထောင်ဒဏ် ၂၅ နှစ်စီကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။   ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ် ညောင်ပင်ကျေးရွာနေ အမျိုးသမီးနှစ်ဦးအား တစ်ရွာတည်းနေ ဒေါ်နီလာ (ခ) နီလာဝင်းနှင့် ခင်ပွန်းဖြစ်သူ ဦးချမ်းမြေ့အောင်တို့က တရုတ်နိုင်ငံရှိ အထည်ချုပ်စက်ရုံတွင် လုပ်ကိုင်ပါက ငွေကျပ် ၁၅ သိန်းခန့် ရရှိမည်ဟု ပြောဆိုစည်းရုံးပြီး လားရှိုးမြို့ရှိ မခိုင်ဝင်းထွေးထံသို့ ချိတ်ဆက်ပို့ဆောင်ခဲ့ကြောင်း စိစစ်တွေ့ရှိရသဖြင့် သရက်ပင်ချောင်နယ်မြေရဲစခန်း (ပ) ၁၀/ ၂၀၂၆၊ လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးဥပဒေပုဒ်မ ၃၅/၄၄ ဖြင့် အမှုရေးဖွင့်တရားစွဲတင်ခဲ့ပြီး စက်တင်ဘာ ၂၄ ရက်တွင် ဒဂုံမြို့ သစ်ခရိုင်တရားရုံးမှ ဖမ်းမိတရားခံ ဒေါ်နီလာ (ခ) နီလာဝင်းနှင့် ဦးချမ်းမြေ့အောင်တို့နှစ်ဦးကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၈ (က) အရ အလုပ်နှင့်ထောင်ဒဏ်နှစ် ၂၀ စီ ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်းနှင့် တိမ်းရှောင်တရားခံ မခိုင်ဝင်းထွေးကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၁၂ အရ ၈၇/၈၈ အတည်ပြုထုတ်ဆင့်ခဲ့သည်။   အလားတူ နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့နယ် ဘူတာစုကျေးရွာနေ အမျိုးသမီးနှစ်ဦးကို မကွေးတိုင်းဒေသကြီး မကွေးမြို့နယ် အောင်မင်္ဂလာရပ်ကွက်နေ ဒေါ်ဌေးဝင်းခိုင် (ခ) မခိုင်မှ ကျိုင်းတုံမြို့ရှိ စားသောက်ဆိုင်တွင် အလုပ်လုပ်ပါက တစ်လငွေကျပ် ၄/၅ သိန်းရရှိမည်ဟု ပြောဆိုစည်းရုံးပြီး ကျိုင်းတုံမြို့သို့ခေါ်ဆောင်ကာ တင်မောင် (ခ) တိုးတက်အောင်နှင့် ချိတ်ဆက်၍ ရှမ်းပြည်နယ် (မြောက်ပိုင်း) နမ့်တစ်မြို့ရှိ ပြည့်တန်ဆာနေအိမ် သို့ပို့ဆောင်ခဲ့ကြောင်း စိစစ်သိရှိရသဖြင့် သစ်ပုတ်ပင်နယ်မြေရဲစခန်း (ပ)၄/၂၀၂၅၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅/ ၄၄ ဖြင့် အမှုရေးဖွင့် တရားစွဲတင်ခဲ့ပြီး စက်တင်ဘာ ၂၅ ရက်တွင် လယ်ဝေးခရိုင် တရားရုံးမှ တရားခံ ဒေါ်ဌေးဝင်းခိုင် (ခ) မခိုင်ကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၅ အရ အလုပ်နှင့်ထောင်ဒဏ် ၁၃ နှစ်ကျခံစေရန် အမိန့်ချမှတ်ခဲ့ပြီး တိမ်းရှောင်တရားခံ တင်မောင် (ခ) တိုးတက်အောင်ကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၁၂ အရ ၈၇/၈၈ အတည်ပြုထုတ်ဆင့်ခဲ့သည်။
02 10月, 01:56

ဒီအစိမ်းရောင် စက်ဝိုင်းတစ်ခုလုံးဟာ ဆော်ဒီ ကျောထောက်နောက်ခံပြု PLC တပ်ဖွဲ့တွေက တိုက်ပွဲတစ်ခုမျှ မတိုက်ခိုက်ဘဲ စွန့်ခွာသွားခဲ့တ
ဒီအစိမ်းရောင် စက်ဝိုင်းတစ်ခုလုံးဟာ ဆော်ဒီ ကျောထောက်နောက်ခံပြု PLC တပ်ဖွဲ့တွေက တိုက်ပွဲတစ်ခုမျှ မတိုက်ခိုက်ဘဲ စွန့်ခွာသွားခဲ့တာ ဖြစ်ပါတယ်။ အခုလို နာရီပေါင်းများစွာ ကြာမြင့်သွားခဲ့ပြီးမှ အဲဒီနယ်မြေဆီ စစ်ကူအချို့ကို စေလွှတ်ခဲ့ကြပါတယ်။ ပင်လယ်နီ ကမ်းရိုးတန်းမှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်တွေဟာ တာအိဇ် (Taizz) မှာ ပြန်လည်ဖြစ်ပေါ်နေပြီး ဟူသီတပ်ဖွဲ့ဝင်တွေဟာ မကြုံစဖူး တိုက်ခိုက်ရေးအဟုန်၊ စနစ်ကျလှတဲ့ ပူးပေါင်းဆောင်ရွက်မှုတို့နဲ့ ရှေ့သို့ တိုးလာနေပါတယ်။ တစ်ဖက်မှာတော့ ဆော်ဒီ ကျောထောက်နောက်ခံပြု တပ်ဖွဲ့တွေဟာ စနစ်တကျ မရှိဘဲ စိတ်ဓာတ်ကျဆင်းနေကြပြီး တစ်လှည့်စီ သစ္စာဖောက်နေကြတာဖြစ်ပါတယ်။ NOM
02 10月, 01:53

ယီမင်နိုင်ငံ၊ တာအိဇ် (Taizz) စစ်မျက်နှာပြင်၏ နောက်ဆုံးရ စစ်ရေးအခြေအနေ မြေပုံ - – ဟူသီတပ်ဖွဲ့များသည် စစ်မျက်နှာအတော်များများတွ
ယီမင်နိုင်ငံ၊ တာအိဇ် (Taizz) စစ်မျက်နှာပြင်၏ နောက်ဆုံးရ စစ်ရေးအခြေအနေ မြေပုံ - – ဟူသီတပ်ဖွဲ့များသည် စစ်မျက်နှာအတော်များများတွင် သိသာထင်ရှားသော ထိုးစစ်ဆင် တိုးတက်မှုများ ရရှိခဲ့သည်။ – အဓိကအားဖြင့် ဟူသီတပ်ဖွဲ့များသည် တာအိဇ်မြို့ အနောက်ဘက်ရှိ ဂျာဘယ်လ် ဟာဘာရှီ (Jabal Habashi) အမြင့်ပိုင်းဒေသများရှိ အခိုင်အမာ ခံစစ်စည်းအချို့ကို ဖောက်ထွက်နိုင်ခဲ့ပြီး အယ်လ်-ဆာဖီယာ (Al-Safiya) လမ်းဆုံရှိ တာအိဇ်-အေဒင် (Taizz–Aden) ဆက်သွယ်ရေးလမ်းကြောင်းကို ပိတ်ဆို့ဖြတ်တောက်လိုက်ပြီဖြစ်သည်။
02 10月, 01:47

+6
ယီမင်နိုင်ငံတောင်ပိုင်း အေဒင် (Aden) မြို့ရှိ ဆော်ဒီတပ်ဖွဲ့ဌာနချုပ်ကို ဟူသီအဖွဲ့က ပဲ့ထိန်းဒုံးကျည်များ၊ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ စခန်းဝင်းအတွင်းရှိ ဆော်ဒီစစ်သည်နှင့် အရာရှိ မြောက်မြားစွာ သေဆုံး သို့မဟုတ် ဒဏ်ရာရရှိခဲ့ပြီး သံချပ်ကာယာဉ်များ မီးလောင်ပျက်စီးကာ ဂိုဒေါင်များလည်း ပျက်စီးသွားခဲ့သည်။ NOM
02 10月, 01:26

မလေးရှားနိုင်ငံ၌ တရားမဝင်နေထိုင်မှုများနှင့် အခြားသောလူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ကိစ္စရပ်များကြောင့် ပြစ်ဒဏ်များကျခံပြီးနောက်
+3
မလေးရှားနိုင်ငံ၌ တရားမဝင်နေထိုင်မှုများနှင့် အခြားသောလူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ကိစ္စရပ်များကြောင့် ပြစ်ဒဏ်များကျခံပြီးနောက် လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းများတွင် ထိန်းသိမ်းခံထားရပြီး မြန်မာနိုင်ငံသို့ ပြန်ရန် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အရ တပ်မတော်မှ စစ်ရေယာဉ်များဖြင့် ပြန်လည်ခေါ်ဆောင်   အောက်တိုဘာ ၁၊ ၂၀၂၆   မလေးရှားနိုင်ငံ၌ တရားမဝင်နေထိုင်မှုများနှင့် အခြားသောလူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စည်းကမ်းချက်များ ချိုးဖောက်ခဲ့သည့်အတွက် ပြစ်ဒဏ်များကျခံပြီးနောက် လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းများတွင် ထိန်းသိမ်းခံထားရပြီး မြန်မာနိုင်ငံသို့ပြန်ရန် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား စိစစ်ပြီးသူ ၁၄၇၆ ဦးကို မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ရန် နိုင်ငံတော်အကြီးအကဲ၏လမ်းညွှန်မှုအရ တပ်မတော် (ရေ) မှ တာဝန်ရှိသူများ ဦးဆောင်သည့် စစ်ရေယာဉ် (မုတ္တမ)၊ ပင်လယ်သွားဆေးရုံရေယာဉ် (သံလွင်)၊ စစ်ရေယာဉ် (ဆင်ဖြူရှင်) တို့သည် ရန်ကုန်မြို့မှ စက်တင်ဘာလ ၂၄ ရက်နေ့တွင်ထွက်ခွာ၍ သွားရောက်ခေါ်ဆောင်ခဲ့ရာ မလေးရှားနိုင်ငံ၊ လူမွတ်ဆိပ်ကမ်းသို့ စက်တင်ဘာလ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် ရောက်ရှိခဲ့ကြောင်း၊ ပစ်ဒဏ်ကျခံပြီးသော မြန်မာနိုင်ငံသား ၁၄၇၆ ဦးအား မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ စစ်သံရုံး (ကြည်း၊ ရေ၊ လေ) တို့အနေဖြင့် မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာန၊ တာဝန်ရှိသူများထံမှ စနစ်တကျလွှဲပြောင်းလက်ခံခဲ့ပြီးနောက်၊ စစ်ရေယာဉ်များသည် စက်တင်ဘာလ ၂၉ ရက်နေ့ညပိုင်းတွင် မလေးရှားနိုင်ငံ၊ လူမွတ်ဆိပ်ကမ်းမှ ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာလာမှုအား သတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။   အဆိုပါ မြန်မာနိုင်ငံသားများအား တာဝန်ရှိသူများက နွေးထွေးစွာကြိုဆိုလက်ခံကြပြီး စစ်ရေယာဉ်များပေါ်တွင် စနစ်တကျနေရာချထားပေးခြင်း၊ လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပေးခြင်း၊ နေ့စဉ်စားသောက်ဖွယ်ရာများ ချက်ပြုတ်ကျွေးမွေးခြင်း၊ စိတ်အပန်းဖြေစေရန် နှစ်သက်ရာ Game များ ကစားကြခြင်းနှင့် ရုပ်ရှင်ဗွီဒီယိုဇာတ်ကားများပြသခြင်း၊ ကိုယ်လက်ကြံ့ခိုင်ရေးစုပေါင်းလေ့ကျင့်ခန်းများ ပြုလုပ်ကြခြင်း၊ လိုအပ်သည့် အဝတ်အထည်နှင့် တစ်ကိုယ်ရည်သုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းတို့ကို စစ်ရေယာဉ်များ၌ တာဝန်ထမ်းဆောင်နေသည့် တပ်မတော်သားများနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များက ဆောင်ရွက်ပေးလျက်ရှိပါသည်။   စစ်ရေယာဉ်များသည် ယနေ့နံနက်ပိုင်းတွင် မြန်မာ့ရေပြင်ပိုင်နက်သို့ စတင်ချင်းနင်း ဝင်ရောက်ချိန်တွင် အမိနိုင်ငံရေမြေနှင့် ကာလအတန်ကြာဝေးကွာနေခဲ့ရသော မြန်မာနိုင်ငံသားများကို နိုင်ငံတော်အကြီးအကဲနှင့် တပ်မတော်အကြီးအကဲများက မိဘရင်းသဖွယ် လှိုက်လှဲစွာကြိုဆိုကြောင်း သတင်းစကားပါးမှုအပေါ် သင်္ဘောပေါ်တွင် လိုက်ပါလာသော ပြန်လည်ဝင်ရောက်လာသူ မြန်မာနိုင်ငံသားများအနေဖြင့် ဝမ်းမြောက်ဝမ်းသာ လက်ခုပ်တီး၍ ပျော်ရွှင်မှုစိတ်ခံစားချက်များကို ဖေါ်ထုတ်ပြသခဲ့ကြကြောင်း၊ ခေါ်ယူရေးစီမံဆောင်ရွက်ပေးခဲ့သည့် နိုင်ငံတော်အကြီးအကဲ၏ ကြီးမားသောမေတ္တာတရားနှင့် စေတနာပြည့်ဝစွာဖြင့် အဖက်ဖက်က ဆောင်ရွက်ပေးလျက်ရှိသော တာဝန်ရှိသူများအားလုံးကို အထူးကျေးဇူးတင်လျက်ရှိကြကြောင်းလည်း သိရှိရပါသည်။   အဆိုပါ စစ်ရေယာဉ်များသည် မကြာမီရက်ပိုင်းအတွင်း မြန်မာနိုင်ငံ၊ ရန်ကုန်မြို့သို့ရောက်ရှိမည် ဖြစ်ကြောင်း၊ မိဘဆွေမျိုးများ၊ မိသားစုများနှင့် အမြန်ဆုံးပြန်လည်တွေ့ဆုံနိုင်ရေးအတွက် ဆိပ်ကမ်းတွင် သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များနှင့် မိသားစုဝင်များက အသင့်စောင့်ကြို၍ နေရပ်အသီးသီးသို့ ပြန်လည်ပို့ဆောင်ပေးရန် စီစဉ်ထားရှိကြောင်း၊ မိမိနိုင်ငံအတွင်း၌ပင် မိသားစုများနှင့် အေးချမ်းစွာနေထိုင်နိုင်ရေးနှင့် လိုအပ်သည်များ ဆက်လက်ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
02 10月, 01:16