uk
Feedback
News Of Myanmar

News Of Myanmar

Відкрити в Telegram

📈 Аналітичний огляд Telegram-каналу News Of Myanmar

Канал News Of Myanmar (@newsofmyanmar) у мовному сегменті Бірманська є активним учасником. На даний момент спільнота об'єднує 12 488 підписників, посідаючи 16 017 місце в категорії Новини і ЗМІ та 10 067 місце у регіоні М'янма.

📊 Показники аудиторії та динаміка

З моменту свого створення невідомо, проект продемонстрував стрімке зростання, зібравши аудиторію у 12 488 підписників.

За останніми даними від 24 червня, 2026, канал демонструє стабільну активність. Хоча за останні 30 днів спостерігається зміна кількості учасників на -248, а за останні 24 години на 1, загальне охоплення залишається високим.

  • Статус верифікації: Не верифікований
  • Рівень залученості (ER): Середній показник залученості аудиторії становить 10.08%. Протягом перших 24 годин після публікації контент зазвичай збирає 5.11% реакцій від загальної кількості підписників.
  • Охоплення публікацій: В середньому кожен допис отримує 1 260 переглядів. Протягом першої доби публікація в середньому набирає 639 переглядів.
  • Реакції та взаємодія: Аудиторія активно підтримує контент: середня кількість реакцій на один пост – 15.

📝 Опис та контентна політика

Автор описує ресурс як майданчик для висловлення суб'єктивної думки:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

Завдяки високій частоті оновлень (останні дані отримано 25 червня, 2026), канал підтримує актуальність та високий рівень охоплення публікацій. Аналітика показує, що аудиторія активно взаємодіє з контентом, що робить його важливою точкою впливу в категорії Новини і ЗМІ.

12 488
Підписники
+124 години
-547 днів
-24830 день
Архів дописів
နေ့စဉ်မိုးလေဝသသတင်း ================= (၂၀၂၆ ခုနှစ်၊ မေလ ၁၁ ရက်နေ့ ည ၇:၀၀ နာရီအချိန် ထုတ်ပြန်ချက်) ======================== ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ယနေ့မြန်မာစံတော်ချိန် ၁၇:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အနောက်တောင်ပိုင်း(သီရိလင်္ကာနိုင်ငံမြောက်ပိုင်းကမ်းလွန်)တွင် ဖြစ်ပေါ်နေသော လေဖိအားနည်း ရပ်ဝန်း (Low Pressure Area)သည် ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် နောက် ၄၈ နာရီအတွင်း ပိုမိုအားကောင်းလာနိုင်သည်ဟု ခန့်မှန်းရပါသည်။ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် တိမ် အသင့်အတင့် ဖြစ်ထွန်းနေပြီး ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်ထူထပ်နေပါသည်။ မနက်ဖြန်မွန်းတည့်ချိန်အထိခန့်မှန်းချက်။ ကရင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ် တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။ မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေ။ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တို့တွင် မိုး တိမ်တောင်များ ဖြစ်ထွန်းလျက်ရှိပြီး အဆိုပါ မိုးတိမ်တောင်များရွေ့လျားရာ နေရာတစ်လျှောက်တွင် မိုးရွာသွန်း ခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်း စသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုအပ်ပါသည်။ မြန်မာ့ပင်လယ်ပြင်။ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် ၅ ပေမှ ၇ ပေခန့် ရှိနိုင်ပါသည်။ နောက် ၂ ရက်အတွက်ခန့်မှန်းချက်။ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီးအထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာနိုင်ပါသည်။ နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်မွန်းတည့်ချိန်အထိခန့်မှန်းချက်။ မိုးတစ်ကြိမ်၊ နှစ်ကြိမ်ထစ်ချုန်း ရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။ ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်မွန်းတည့်ချိန်အထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်း ရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။ မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်မွန်းတည့်ချိန်အထိခန့်မှန်းချက်။ မိုးတစ်ကြိမ်၊ နှစ်ကြိမ်ထစ်ချုန်း ရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။ # မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

သန်လျင်၌ ကလေးတစ်ဦး ရေနစ်သေဆုံး NOM၊မေ၁၁၊၂၀၂၆ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်တွင်မေ၁၁ ရက် မွန်းလွဲ ၂ နာရီက ကလေးတစ်ဦး ရေန
သန်လျင်၌ ကလေးတစ်ဦး ရေနစ်သေဆုံး NOM၊မေ၁၁၊၂၀၂၆ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်တွင်မေ၁၁ ရက် မွန်းလွဲ ၂ နာရီက ကလေးတစ်ဦး ရေနစ်သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှသိရသည်။ ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ အောင်ချမ်းသာရပ်ကွက်ရှိ ကန်နီရေကန်တွင် အမျိုးသားကလေးနှစ်ဦး ရေဆင်းကူးရာကလေးတစ်ဦး ရေနစ်သေဆုံးခဲ့သည်။ အခင်းဖြစ်ပွားရာနေရာသို့ သန်လျင်မြို့နယ်မီးသတ်စခန်းမှ သ‌ န္ဓေတပ်ဖွဲ့ဝင်များကရှာဖွေကယ်ဆယ်ရေးလုပ်ငန်း များဆောင်ရွက်ခဲ့ရာ ညနေ ၃ နာရီ ၂၅ မိနစ်တွင် ကလေးတစ်ဦးကို သေဆုံးလျက် ရှာဖွေတွေ့ရှိခဲ့ပြီး ကျန် ကလေးတစ်ဦးကို ညနေ ၃ နာရီ ၂၇ မိနစ် အသက်ရှင်လျက် ပြန်လည် တွေ့ရှိခဲ့သည်။ သေဆုံးသူကလေးနှင့်အသက်ရှင်လျက် ပြန်လည်တွေ့ရှိခဲ့သူကလေးကို သန်လျင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့‌ ကြောင်းသိရသည်။

မြင်းခြံမြို့နယ်တွင် PDF အကြမ်းဖက်အဖွဲ့ ပစ်ခတ်သည့် လက်နက်ကြီးဗုံးသီးတစ်လုံး ကျရောက်ပေါက်ကွဲမှုကြောင့် အသက် (၈၃) နှစ်အရွယ်အဘို
မြင်းခြံမြို့နယ်တွင် PDF အကြမ်းဖက်အဖွဲ့ ပစ်ခတ်သည့် လက်နက်ကြီးဗုံးသီးတစ်လုံး ကျရောက်ပေါက်ကွဲမှုကြောင့် အသက် (၈၃) နှစ်အရွယ်အဘိုးအိုတစ်ဦးဒဏ်ရာရ မေ ၁၁၊ ၂၀၂၆ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးပြည်သူ့ဆေးရုံကြီးသို့ မေလ ၁၀ ရက်နေ့ နံနက် ၉ နာရီ ၅၅ မိနစ်အချိန်၌ ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများဖြင့် အမျိုးသားတစ်ဦးရောက်ရှိနေကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ မေလ ၉ ရက်နေ့ နံနက် ၉ နာရီအချိန်၌ မြင်းမူမြို့နယ်၊ ညောင်ပင်ကန်ကျေးရွာနေ ဦးထီ (၈၃) နှစ်သည် မြင်းခြံမြို့နယ်၊ သက္ကယ်ကျင်းကျေးရွာသို့ နွားဝယ်ရန် သွားရောက်စဉ် သက္ကယ်ကျင်းကျေးရွာ၏ အနောက်ဘက်လမ်းမပေါ်အရောက် ၎င်းအနီးသို့ PDF အကြမ်းဖက်အဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ ပစ်ခတ်လိုက်သည့် လက်နက်ကြီး ဗုံးသီးတစ်လုံးကျရောက်ပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင် ထိခိုက်ဒဏ်ရာများရရှိခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။ NOM

တောင်ကိုရီးယားနိုင်ငံ၏ မွေးဖွားနှုန်းကျဆင်းမှုကို အစားထိုးရန် အနာဂတ်စစ်သည်များအဖြစ် စက်ရုပ်များကို အသုံးပြုရန်စီစဉ်နေ တောင်ကိ
တောင်ကိုရီးယားနိုင်ငံ၏ မွေးဖွားနှုန်းကျဆင်းမှုကို အစားထိုးရန် အနာဂတ်စစ်သည်များအဖြစ် စက်ရုပ်များကို အသုံးပြုရန်စီစဉ်နေ တောင်ကိုရီးယားအစိုးရသည် နိုင်ငံ၏ မွေးဖွားနှုန်းကျဆင်းမှုကြောင့် လျော့နည်းလာသော စစ်သည်အရေအတွက်နေရာတွင် အစားထိုးရန် ဟွန်ဒိုင်း၏ စက်ရုပ်ထုတ်လုပ်ရေးဌာနမှ စက်ရုပ်များကို အသုံးပြုနိုင်ခြင်း ရှိ မရှိ လေ့လာစူးစမ်းနေသည်။ လောလောဆယ်တွင် တိုက်ခိုက်ရေးမဟုတ်သော အခန်းကဏ္ဍများဖြစ်သည့် နယ်စပ်ကင်းလှည့်ခြင်း၊ ဝန်စည်ပစ္စည်းများ သယ်ယူပို့ဆောင်ခြင်းနှင့် ရှေ့တန်းစစ်မြေပြင်ရှိ တပ်ဖွဲ့ဝင်များကို ကူညီပံ့ပိုးပေးခြင်း စသည်တို့အပေါ်တွင်သာ အဓိကထား လုပ်ဆောင်သွားမည်ဖြစ်သည်။ NOM

🇺🇸/🇨🇳/🇮🇷 ထရန့်သည် လာမည့် ဗုဒ္ဓဟူးနေ့ (မေလ ၁၃ ရက်) တွင် ပေကျင်းသို့ ရောက်ရှိမည်ဖြစ်ပြီး သောကြာနေ့တွင် ပြန်လည်ထွက်ခွာမည် ဖြစ်သည်။ ၎င်းသည် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံမည် ဖြစ်သည်။ အမေရိကန် အရာရှိများက သမ္မတ ထရန့် လက်ခံနိုင်မည့် ဘက်စုံငြိမ်းချမ်းရေး သဘောတူညီချက်တစ်ရပ်ကို အီရန်နိုင်ငံက လက်မှတ်ရေးထိုးလာစေရန် တရုတ်နိုင်ငံ၏ အကူအညီဖြင့် ဖိအားပေးနိုင်မည့် ခိုင်မာပြီး ထူးခြားသော အခွင့်အလမ်းတစ်ရပ် ရှိနေသည်ဟု ယုံကြည်နေကြသည်။ ဟော်မုဇ်ရေလက်ကြား အကျပ်အတည်းနှင့် နျူကလီးယားဆိုင်ရာ လိုက်လျောမှုများ ပြုလုပ်ရန် အီရန်ဘက်က ငြင်းဆိုနေမှုများသည် ထိပ်သီးဆွေးနွေးပွဲ စတင်သည်နှင့်တပြိုင်နက် အရေးမပါသော နောက်ဆက်တွဲကိစ္စများသာ ဖြစ်သွားလိမ့်မည်ဟု အမေရိကန် အဆင့်မြင့်အရာရှိများက အခိုင်အမာ ပြောကြားနေကြသည် ဟု WSJ (Wall Street Journal) သတင်းတွင် ဖော်ပြထားသည်။ NOM

ဗြိတိန်နိုင်ငံ၏ အလုပ်သမားနှင့် ပင်စင်ဝန်ကြီးဌာန (Department for Work and Pensions) သည် ဇနီး နှစ်ဦး သို့မဟုတ် နှစ်ဦးထက်ပိုသော
ဗြိတိန်နိုင်ငံ၏ အလုပ်သမားနှင့် ပင်စင်ဝန်ကြီးဌာန (Department for Work and Pensions) သည် ဇနီး နှစ်ဦး သို့မဟုတ် နှစ်ဦးထက်ပိုသော ခင်ပွန်းများအတွက် လူမှုဖူလုံရေးခံစားခွင့်များကို တိုးမြှင့်ပေးလိုက်သည်။ ဗြိတိန်နိုင်ငံတွင် တစ်လင်တစ်မယားစနစ်သာ တရားဝင်ပြီး မယားပြိုင်ထားခြင်းမှာ တရားမဝင်သော်လည်း အဆိုပါအိမ်ထောင်ရေးများသည် ပြည်ပနိုင်ငံများတွင် တရားဝင်လက်ထပ်ခဲ့ခြင်းမျိုးဆိုပါက ဗြိတိန်တွင်တရားဝင်သည်ဟု လက်ခံထားခြင်းဖြစ်သည်။ ၎င်းမှာ နောက်ပြောင်နေခြင်းမဟုတ်ပါ။ မဲဆန္ဒရှင်များက အဘယ်ကြောင့် လက်ယာယိမ်းအုပ်စုများဘက်သို့ ကူးပြောင်းနေကြသနည်းဆိုသည်မှာ အံ့သြစရာမဟုတ်တော့ပေ။ NOM

ဥပဒေဘောင်အတွင်းသို့ လက်နက်/ခဲယမ်းများနှင့် အတူအလင်း ဝင်ရောက်လာ မေ ၁၁၊ ၂၀၂၆ အနောက်တောင်တိုင်းစစ်ဌာနချုပ်တွင် ဥပဒေဘောင်အတွင်းသိ
+6
ဥပဒေဘောင်အတွင်းသို့ လက်နက်/ခဲယမ်းများနှင့် အတူအလင်း ဝင်ရောက်လာ မေ ၁၁၊ ၂၀၂၆ အနောက်တောင်တိုင်းစစ်ဌာနချုပ်တွင် ဥပဒေဘောင်အတွင်းသို့ လက်နက်/ ခဲယမ်းများနှင့်အတူ အလင်းဝင်ရောက်လာကြသည့် AA အဖွဲဝင် ၇ ဦး နှင့် PDF ၂၄ ဦး စုစုပေါင်း ၃၁ ဦးတို့ကို မိဘအုပ်ထိန်းသူများထံ လွှပြောင်းပေးအပ်ခြင်းနှင့် ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားပြုလုပ်ခဲ့သည်။ NOM

နိုင်ငံခြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ချက်
+1
နိုင်ငံခြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ချက်

သတင်းအေဂျင်စီလုပ်ငန်း ပိတ်သိမ်းကြောင်း အသိပေးကြေညာချက်   ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ ပုဒ်မ ၆၊ ပုဒ်မခွဲ(ခ)အရ ပြန်ကြားရေးဝန်ကြီးဌာနသည် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ ပုဒ်မ ၈ ပါ စည်းကမ်းချက်တစ်ရပ်ရပ်နှင့် ငြိစွန်းသည်ဟု သံသယရှိသော ထုတ်ဝေစာကို ပုံနှိပ်ထုတ်ဝေခဲ့ကြောင်း ခိုင်လုံသောအထောက်အထားဖြင့် သတင်းပေးပို့ခြင်းကို လက်ခံရရှိလျှင်သော်လည်းကောင်း၊ ကိုယ်တိုင်သိရှိလျှင်သော်လည်း သတ်မှတ်ချက်နှင့်အညီစစ်ဆေးပြီး ငြိစွန်းကြောင်းတွေ့ရှိပါက လုပ်ငန်းအသိအမှတ်ပြုလက်မှတ်ကို ပြန်လည်ရုပ်သိမ်းခြင်း သို့မဟုတ် ကာလအကန့်အသတ်ဖြင့် ရပ်ဆိုင်းခြင်းပြုနိုင်ပါသည်။ သတင်းအေဂျင်စီလုပ်ငန်း အသိအမှတ်ပြုလက်မှတ်ရယူထားသူ ဦးရဲသွင်ဟိန်း၏ မြေလတ်အသံ(Myaelatt Athan)၊ ဦးဝင်းဇော်နိုင်၏ Red News Agency နှင့် ဦးဇင်မင်းထက်၏ Asia Citizens (အာရှနိုင်ငံသားများ)သတင်းအေဂျင်စီတို့သည် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ ပုဒ်မ ၈၊ ပုဒ်မခွဲ (ခ)ပါ စည်းကမ်းချက်ကိုလိုက်နာခြင်းမရှိဘဲ နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ အများပြည်သူအေးချမ်းသာယာရေးတို့ကို ထိခိုက်စေသည့် အကြောင်းအရာများကို ရေးသားလွှင့်တင်ဖော်ပြခဲ့သည့်အတွက် ၎င်းတို့အား ထုတ်ပေးထားသည့် သတင်းအေဂျင်စီလုပ်ငန်းများကို ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၃ ရက်နေ့မှစ၍ ပိတ်သိမ်းလိုက်ကြောင်းနှင့် ၎င်းသတင်းအေဂျင်စီများအနေဖြင့် မီဒီယာအမျိုးအစားတစ်ခုခုကိုအသုံးပြု၍ ဖြစ်စေ၊ နည်းပညာ တစ်ရပ်ရပ်ကိုအသုံးပြု၍ဖြစ်စေ ရေးသားထုတ်လွှင့်ဖော်ပြခြင်းမပြုရန် ကြေညာအပ်ပါသည်။   ပြန်ကြားရေးဝန်ကြီးဌာန

ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း(သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီလုပ်ငန်း ခွင့်ပြုထားရှိမှုနှင့် ထ
ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း(သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီလုပ်ငန်း ခွင့်ပြုထားရှိမှုနှင့် ထုတ်ဝေမှုအခြေအနေ (၃၀-၄-၂၀၂၆)

တညင်းကုန်းလမ်းဆုံတွင် လမ်းလျှောက်လာသည့်အဖွားတစ်ဦး YBS ကားတိုက်မိပြီး နေရာတွင်သေဆုံး NOM၊မေ၁၁၊၂၀၂၆ ရန်ကုန်တိုင်း၊ အင်းစိန်မြိ
တညင်းကုန်းလမ်းဆုံတွင် လမ်းလျှောက်လာသည့်အဖွားတစ်ဦး YBS ကားတိုက်မိပြီး နေရာတွင်သေဆုံး NOM၊မေ၁၁၊၂၀၂၆ ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ တညင်းကုန်းလမ်းဆုံ မှတ်တိုင်တွင် ယနေ့(မေ၁၁ရက်)နံနက်၉နာရီကျော်ကစျေးဝယ်ပြီးပြန်လာသည့် အဖွားအိုတစ်ဦးကိုYBS ကားကဝင်တိုက်မိရာနေရာတွင်သေဆုံးခဲ့သည့်ဟုကနောင်လူမှုကူညီရေးအသင်းမှတာဝန်ရှိသူတစ်ဦးကပြောသည်။ ဖြစ်စဉ်မှာ တညင်းကုန်းလမ်းဆုံ မှတ်တိုင်တွင် အသက်၇၀ကျော်အဘွားတစ်ဦးစျေးဝယ်ပြီး ပြန်လာစဉ် ကားမှတ်တိုင်အရောက်တွင်YBS 88ကားပါကင်ထိုးရန်ကားနောက်ဆုတ် ရာအဖွားကို မတွေ့ဘဲ နောက်ဖြင့်ဝင်တိုက်ပြီးဘီးဖြင့်ထပ်မံကြိတ်မိသဖြင့် ဦးခေါင်းကြွေမွပြီးနေရာတွင်သေဆုံးသွားကြောင်းသိရသည်။ ကားတိုက်မှုကြောင့်သေဆုံးသွားသည့် အဖွားကိုကနောင်လူမှုကူညီရေးအသင်းမှ ကားဖြင့်အင်းစိန်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။

+1
အစ္စရေးနိုင်ငံ၊ လက်ဘနွန်နယ်စပ်ရှိ Jal Al-Alam စခန်းတွင်ရှိသော Iron Dome (အိုင်းရွန်းဒုမ်း) လေကြောင်းရန်ကာကွယ်ရေးစနစ်တစ်ခုကို FPV ဒရုန်းဖြင့် နှစ်ကြိမ်တိုက်ခိုက်ခဲ့သည့် ရုပ်သံမှတ်တမ်းကို ဟစ်ဇဘိုလာအဖွဲ့က ထုတ်ပြန်ခဲ့သည်။ ပထမဒရုန်းသည် Iron Dome စနစ်ကို တိုက်ရိုက်ထိမှန်ခဲ့ပြီး၊ ဒုတိယဒရုန်းမှာ နောက်တစ်နေ့တွင် အဆိုပါ Iron Dome အနီးရှိ အစ္စရေးစစ်သား ခြောက်ဦးပါဝင်သော အဖွဲ့ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ NOM

မြန်မာနိုင်ငံသားများ၏ အခြေခံအခွင့်အရေးနှင့် အကျိုးစီးပွားများ ကာကွယ်စောင့်ရှောက်ရေးတို့ကို ဆက်လက်ဆောင်ရွက်သွားမည်ဟုနိုင်ငံခြားရေးဝန်ကြီးဌာနမှထုတ်ပြန် NOM၊မေ၁၁၊၂၀၂၆ မြန်မာနိုင်ငံအနေဖြင့် ပကတိအခြေအနေအပေါ်မူတည်၍ မိမိနိုင်ငံနှင့် ကိုက်ညီသည့် မြန်မာ ဦးဆောင်သည့် မြန်မာ့ကိုယ်ပိုင်လုပ်ငန်းစဉ်ဖြင့် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ တိုင်းပြည်သာယာဝပြော ရေးနှင့် မြန်မာနိုင်ငံသားများ၏ အခြေခံအခွင့်အရေးနှင့် အကျိုးစီးပွားများ ကာကွယ်စောင့် ရှောက်ရေးတို့ကို ဆက်လက်ဆောင်ရွက်သွားမည်ဟုနိုင်ငံခြားရေးဝန်ကြီးဌာနကယမန်နေ့မေ၁၀ရက်ကထုတ်ပြန်ခဲ့ကြောင်းသိရသည်။ မြန်မာနိုင်ငံ၏ အပြုသဘောဆောင်သော နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုကို အာဆီယံနိုင်ငံ အများစု က နားလည်သဘောပေါက်ပြီး ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်လိုသော်လည်း အာဆီယံအဖွဲ့ဝင်နိုင်ငံများ အနက် အနည်းငယ်သောနိုင်ငံများက မြန်မာအစိုးရအပေါ် ကန့်သတ်မှုများ၊ ခွဲခြားဆက်ဆံမှုများ၊ တန်းတူ ကိုယ်စားပြုမှုကို ချန်လှပ်ထားခြင်းများကို ဆက်လက်ပြုလုပ်ရန် ကြိုးပမ်းနေပြီး၊ အာဆီယံ ပဋိညာဉ်စာတမ်း အခန်း (၁)၊ အပိုဒ်(၂) ပါ အခြေခံမူများကို ဖောက်ဖျက်၍ အာဆီယံ အဖွဲ့ဝင် တစ်နိုင်ငံ ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်း၊ ဝေဖန်ပြောဆိုခြင်း၊ ဖိအားပေးခြင်းများကို ဆောင်ရွက် လျက် ရှိသည်ကို တွေ့ရှိရပါသည်။ မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက်ခဲ့သည့် ၁၉၉၇ ခုနှစ်မှစတင်၍ အာဆီယံ၏ လုပ်ငန်းစဉ်များကို အာဆီယံတူညီဆန္ဒများနှင့်အညီ တက်ကြွစွာပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့သည့်အပြင် တာဝန်ယူမှုရှိသောအဖွဲ့ဝင်နိုင်ငံအဖြစ် အာဆီယံ၏ ယန္တရားများနှင့် လှုပ်ရှားမှုများ အတွက်နှစ်စဉ်ထည့်ဝင်ငွေများ ပေးဆောင်ခြင်းအပါအဝင် အာဆီယံအဖွဲ့ ဝင်နိုင်ငံ၏ တာဝန်ဝတ္တရား များကို အစဉ်တစိုက် ဖြည့်ဆည်းဆောင်ရွက်ခဲ့ သော်လည်း လွန်ခဲ့သည့် ၅ နှစ်တာကာလအတွင်းက အာဆီယံနိုင်ငံအချို့၏ သဘောထားဖြင့် မြန်မာနိုင်ငံ အပေါ် ခွဲခြားဆက်ဆံမှုများ ပြုလုပ်ခဲ့သော်လည်း မြန်မာနိုင်ငံအနေဖြင့် စိတ်ရှည်သည်းခံ၍ အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ၏ တာဝန်ဝတ္တရားများနှင့်အညီ ပူးပေါင်းဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။ မြန်မာနိုင်ငံ သည် အာဆီယံအဖွဲ့ဝင်တစ်နိုင်ငံချင်းစီအလိုက် ထိတွေ့ဆက်ဆံမှုများကိုဆက်လက် ဆောင်ရွက်လျက်ရှိ ပါသည်။ မြန်မာနိုင်ငံ၏ အပြုသဘောဆောင်သောဖြစ်ပေါ်တိုးတက်မှုများအပေါ် ထောက်ခံကူညီပေး ခဲ့သည့် အာဆီယံအဖွဲ့ဝင်နိုင်ငံအများစုကို မြန်မာနိုင်ငံက ကျေးဇူးတင်ရှိကြောင်း၊ အပြုသဘောမဆောင်သည့် ခွဲခြားဆက်ဆံမှုများကို နိုင်ငံတော်အစိုးရအသစ်လက်ထက်တွင် ဆက်လက် လုပ်ဆောင်ရန် ကြိုးပမ်းနေမှုများသည် ဒီမိုကရေစီနည်းလမ်းတကျ မဲပေးခဲ့သည့် မြန်မာပြည်သူများ၏ ဆန္ဒသဘောထားများကို လျစ်လျူရှုရာရောက်သည့်ဟုထုတ်ပြန်ထားသည်။

ပါကစ္စတန်နိုင်ငံ၊ ဘန်နူးမြို့တွင် ကားဗုံးပေါက်ကွဲမှုကြောင့် ရဲတပ်ဖွဲ့ဝင် ၁၂ ဦး သေဆုံး NOM ပါကစ္စတန်နိုင်ငံအနောက် မြောက် ပိုင်း ဘန်နူးမြို့ရှိ ရဲစခန်းတစ်ခုအား ကားဗုံးဖြင့် တိုက်ခိုက်ပြီးနောက်ဆက်တွဲ စစ်သွေးကြွများနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားရာ ရဲတပ်ဖွဲ့ဝင် ၁၂ ဦး သေဆုံးခဲ့ကြောင်း အကြီးတန်းရဲအရာရှိတစ်ဦးက တနင်္ဂနွေနေ့တွင် အတည်ပြုပြောကြားသည်။

ချမ်းမြသာစည်၊ ပုသိမ်ကြီးနှင့် စဉ့်ကိုင်မြို့နယ်တို့တွင် စိတ်ကြွဆေးပြား ဖြန့်ဖြူးရောင်းချသူများအား ငွေကျပ် ၃ ဘီလီယံကျော်တန်ဖို
+5
ချမ်းမြသာစည်၊ ပုသိမ်ကြီးနှင့် စဉ့်ကိုင်မြို့နယ်တို့တွင် စိတ်ကြွဆေးပြား ဖြန့်ဖြူးရောင်းချသူများအား ငွေကျပ် ၃ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြား ၂၁ သိန်းကျော်နှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိ မေ ၁၀၊ ၂၀၂၆

နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် စစ်ဆင်ရေးတာဝန်များကို ထမ်းဆောင်ခဲ့သည့် ရှေ့တန်းပြန် နိုင်ငံ့သားကောင်း
+1
နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် စစ်ဆင်ရေးတာဝန်များကို ထမ်းဆောင်ခဲ့သည့် ရှေ့တန်းပြန် နိုင်ငံ့သားကောင်း တပ်မတော်သားများအား သောင်းသောင်းဖြဖြ ဂုဏ်ပြုကြိုဆို မေ ၁၀၊ ၂၀၂၆

မင်းဘူးမြို့နယ်၊ ကိုင်းတောလေးကျေးရွာနေကျေးရွာခွဲတာဝန်ခံကို PDF အကြမ်းဖက်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွား မေ ၁၀၊ ၂၀၂၆ မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်၊ ကိုင်းတောလေးကျေးရွာနေကျေးရွာခွဲတာဝန်ခံ ဦးအောင်မင်း (၅၇) နှစ်သည် မေလ ၉ ရက်နေ့ နေ့လယ် ၁၂ နာရီ ၅၅ မိနစ်အချိန်၌ ကျေးရွာ၏အရှေ့ဘက် ၂ ဖာလုံခန့်အကွာရှိ ၎င်းပိုင်လယ်တဲတွင်ရှိနေစဉ် PDF အကြမ်းဖက်သမားငါးဦးက ဆိုင်ကယ်သုံးစီးဖြင့် ရောက်ရှိလာပြီး အကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။ NOM

မင်္ဂလာဒုံမြို့နယ်၊ အောင်မင်္ဂလာအဝေးပြေးကားကွင်းအတွင်း Taxi သမားများနှင့် ခရီးသည်များထံမှ ခြိမ်းခြောက်ငွေတောင်းခံလျက်ရှိသည့် လူခေါ်ပွဲစားလုပ်ကိုင်သူများအား စိစစ်အရေးယူထား မေ ၁၀၊ ၂၀၂၆ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ချစ်တီးကုန်းရပ်ကွက်၊ အောင်မင်္ဂလာအဝေးပြေး ကားကွင်းအတွင်း လူမိုက်များသည် လူခေါ်ပွဲစားအဖြစ်လုပ်ကိုင်ကာ Taxi သမားများနှင့် ခရီးသည် များထံမှ ခြိမ်းခြောက်ငွေတောင်းခံမှုများရှိနေကြောင်း သတင်းအရ ပူးပေါင်းအဖွဲ့သည် ပြည်သူများ၏ပူးပေါင်းကူညီဆောင်ရွက်မှုဖြင့် နယ်မြေသတင်း ရယူစုံစမ်းဆောင်ရွက်ခဲ့ရာ မေလ ၉ ရက်နေ့ မွန်းလွဲပိုင်းတွင် ဇော်လင်းထွန်း (ခ) တာတီး (၄၈) နှစ်အား မင်္ဂလာဒုံမြို့နယ်၊ အမှတ် (၃) လမ်းမကြီး၊ ရခိုင်ကျောင်းမှတ်တိုင်အနီးတွင်လည်းကောင်း၊ စိုးသီဟ (ခ) ချစ်သား (၃၈) နှစ်အား ချစ်တီးကုန်းရပ်ကွက်၊ ခရေပင်လမ်းနှင့် အမှတ် (၃) လမ်းဆုံအနီးတွင် လည်းကောင်းတွေ့ရှိ ဖမ်းဆီးရမိခဲ့သည်။ ဖမ်းဆီးရမိသူ ဇော်လင်းထွန်း (ခ) တာတီးနှင့် စိုးသီဟ (ခ) ချစ်သားတို့ ၂ ဦး၏ ထွက်ဆိုချက်များ အရ ၎င်းတို့ ၂ ဦးသည် သိန်းထိုက်အောင် (ခ) ဂျပန်ကြီး (ဖမ်းဆီးရန်ကျန်) နှင့်အတူ ၂၀၂၁ ခုနှစ်မှစ၍ အောင်မင်္ဂလာ အဝေးပြေးကားကွင်းအတွင်း အငှားယာဉ်များ၊ ဆိုင်ကယ်ကယ်ရီများထံမှ လစဉ်ငွေကောက်ခံခြင်း၊ ခရီးသည်တင်မှန်လုံယာဉ်များထံမှ ဆင်းလာသည့် ခရီးသည်များအား အငှားယာဉ် ငှားရမ်းစီးနင်းရန် ဖိအားပေးပြောဆိုခြင်း၊ ယာဉ်ငှားခများအား သတ်မှတ်ဈေးထက် ပိုမိုတောင်းခံခြင်း၊ အငှားယာဉ်မောင်းသမားများအပေါ် ငွေကြေးခေါင်းပုံဖြတ်ခြင်းတို့အား အောင်မင်္ဂလာအဝေးပြေးကားကွင်းအတွင်းရှိ လမ်းများအလိုက် နေရာအပိုင်စားခွဲ၍ လူခေါ်ပွဲစားအဖြစ် လုပ်ကိုင်ကာ မိုက်ကြေးခွဲ၍ ငွေကြေးတောင်းခံခဲ့ကြကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။ အောင်မင်္ဂလာကားကွင်းအတွင်း လူခေါ်ပွဲစားအဖြစ် လုပ်ကိုင်ကာ မိုက်ကြေးခွဲ၍ ငွေကြေးတောင်းခံသူ ဇော်လင်းထွန်း (ခ) တာတီးနှင့် စိုးသီဟ (ခ) ချစ်သားတို့ ၂ ဦးအား ဥပဒေနှင့်အညီ အမှုဖွင့်အရေးယူထားကြောင်းနှင့် သိန်းထိုက်အောင် (ခ) ဂျပန်ကြီးအား ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်လျက်ရှိသည်။   NOM

PDF တစ်ဦးလက်နက်ခဲယမ်းနှင့်အတူ တပ်မတော်ထံအလင်းဝင် အရှေ့တောင်တိုင်းစစ်ဌာနချုပ်နယ်မြေတွင် PDF သင်တန်းဆင်းဖြစ်သူ ရန်အောင်စိုး ခေါ
+3
PDF တစ်ဦးလက်နက်ခဲယမ်းနှင့်အတူ တပ်မတော်ထံအလင်းဝင် အရှေ့တောင်တိုင်းစစ်ဌာနချုပ်နယ်မြေတွင် PDF သင်တန်းဆင်းဖြစ်သူ ရန်အောင်စိုး ခေါ် ရန်ကြီးသည် M-16 သေနတ် တစ်လက်နှင့်အတူ အလင်းဝင်ရောက်လာသည်အတွက် တာဝန်ရှိသူများက ဆုကြေးငွေများပေးအပ်ပြီး အုပ်ထိန်းသူများထံလွှဲပြောင်းပေးအပ်ခဲ့သည်။

ဖောင်းပြင်မြို့နယ်၊ အင်ကြင်းမြိုင်ရပ်ကွက်အတွင်းသို့ PDF အကြမ်းဖက်အဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ပြည်သူခြောက်ဦး ထိ
+5
ဖောင်းပြင်မြို့နယ်၊ အင်ကြင်းမြိုင်ရပ်ကွက်အတွင်းသို့ PDF အကြမ်းဖက်အဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ပြည်သူခြောက်ဦး ထိခိုက်ဒဏ်ရာရ မေ ၁၀၊ ၂၀၂၆ စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ အင်ကြင်းမြိုင်ရပ်ကွက်အတွင်းသို့ မေလ ၉ ရက်နေ့ မွန်းလွဲ ၁ နာရီ ၂၀ မိနစ်အချိန်၌ PDF အကြမ်းဖက်အဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ ပစ်ခတ်လိုက်သည့် လက်နက်ကြီး ဗုံးသီးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါရပ်ကွက်နေသူများဖြစ်ကြသည့် ကိုစိုင်းမင်းခန့် (၂၀) နှစ်၊ ဦးအောင်ရွှေ (၆၀) နှစ်၊ မောင်လှိုင်မင်းထွန်း (၁၈) နှစ်၊ ဒေါ်ချောစု (၅၁) နှစ်၊ ဒေါ်ဝိုင်းစိန် (၃၁) နှစ် နှင့် ဒေါ်အိအိဖြိုး (၃၂) နှစ်တို့တွင် ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာများအသီးသီးရရှိခဲ့၍ ဆေးကုသနိုင်ရေး ဖောင်းပြင်မြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်းသိရသည်။ NOM