en
Feedback

Don't get caught by a cheater! Telemetrio finds and tags such channels 👉 If you want to see the tag, subscribe

News Of Myanmar

News Of Myanmar

Open in Telegram

📈 Analytical overview of Telegram channel News Of Myanmar

Channel News Of Myanmar (@newsofmyanmar) in the Burmese language segment is an active participant. Currently, the community unites 11 422 subscribers, ranking 16 330 in the News & Media category and 9 947 in the Myanmar region.

📊 Audience metrics and dynamics

Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 11 422 subscribers.

According to the latest data from 27 November, 2026, the channel demonstrates stable activity. Although there has been a change in the number of participants by -136 over the last 30 days and by -9 over the last 24 hours, overall reach remains high.

  • Verification status: Not verified
  • Engagement rate (ER): The average audience engagement rate is 5.67%. Within the first 24 hours after publication, content typically collects 4.32% reactions from the total number of subscribers.
  • Post reach: On average, each post receives 648 views. Within the first day, a publication typically gains 493 views.
  • Reactions and interaction: The audience actively supports content: the average number of reactions per post is 10.

📝 Description and content policy

The author describes the resource as a platform for expressing subjective opinions:
“News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ”

Thanks to the high frequency of updates (latest data received on 28 November, 2026), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the News & Media category.

11 422
Subscribers
-924 hours
-317 days
-13630 days
Posts Archive
ပြည်-ပုဂံရထားလမ်းပိုင်းရှိ ရန်ပယ်ချောင်းတံတားပြုပြင်ပြီးစီး၍ အမှတ် ၆၁ အဆန်/၆၂ အစုန် ရန်ကုန်-ပြည်-ပုဂံ ရထားခရီးစဉ်များပြန်လည်ပ
ပြည်-ပုဂံရထားလမ်းပိုင်းရှိ ရန်ပယ်ချောင်းတံတားပြုပြင်ပြီးစီး၍ အမှတ် ၆၁ အဆန်/၆၂ အစုန် ရန်ကုန်-ပြည်-ပုဂံ ရထားခရီးစဉ်များပြန်လည်ပြေးဆွဲ အောက်တိုဘာ ၂၃၊ ၂၀၂၆ ၂၀၂၅ ခုနှစ် စက်တင်ဘာ ၃၀ ရက်တွင် မိုးသည်းထန်စွာရွာသွန်း၍ တောင်ကျရေစီးဆင်းမှုကြောင့် ရန်ကုန်-ပြည်-ပုဂံ ရထားလမ်းပိုင်း တောင်တွင်းကြီးမြို့နယ် ဝက္ကသေးနှင့် ဆတ်သွားဘူတာအကြား၊ မိုင်တိုင်အမှတ် ၂၄၄/၀ နှင့် ၂၄၄/၃ ရှိ တံတား အမှတ်(၃၄၃) ရန်ပယ်ချောင်းကူး ရထားလမ်းတံတား ရေလယ်တိုင်အမှတ်(၂)နှင့် (၃)တို့ နိမ့်ကျွံမှုဖြစ်ပွား ခဲ့သည်။   အဆိုပါ တံတားရေလယ်တိုင်များ နိမ့်ဆင်းမှုကြောင့် အမှတ်(၆၁)အဆန် ရန်ကုန်-ပြည်-ပုဂံနှင့် အမှတ်(၆၂)အစုန် ပုဂံ-ပြည်-ရန်ကုန် လူစီးအမြန်ရထားခရီးစဉ်များ ယာယီရပ်တန့်ခဲ့ရပြီး တံတားအား ပြန်လည်ပြုပြင်နေစဉ်ကာလအတွင်း ခရီးသွားပြည်သူများ အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် ရန်ကုန်-ပျဉ်းမနား- တောင်တွင်းကြီးမှတစ်ဆင့် ပုဂံသို့ ယာယီလမ်းကြောင်းပြောင်းလဲ ပြေးဆွဲပေးလျက်ရှိသည်။ ရန်ကုန်-ပြည်-ပုဂံ ရထားလမ်းပိုင်းတွင် ရထားများ ပြန်လည်ပြေးဆွဲနိုင်ရန် ရန်ပယ်ချောင်းတံတား ပြုပြင်ခြင်းနှင့်အတူ ရန်ကုန်-ပြည် ရထားလမ်းပိုင်းနှင့် ပြည်-အောင်လံ-ဆတ်သွား-တောင်တွင်းကြီး-ပုဂံ ရထားလမ်းပိုင်းတို့အား ရထားလမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများဖြစ်သည့် ကွန်ကရစ်ဇလီဖား ဖြည့်တင်းခြင်း၊ လမ်းခင်းကျောက်ထည့်သွင်းခြင်း၊ လမ်းမြှောက်ပက်ကင်ရိုက်ခြင်းများ ဆောင်ရွက်ခဲ့ပြီး ရေတိုက်စားခံရသည့် ရထားလမ်းနှင့် တံတားများ ပြန်လည်ပြုပြင်ခြင်း လုပ်ငန်းများကိုလည်း တစ်ပြိုင်တည်း ဆောင်ရွက်ခဲ့သည်။ ယခုအခါ အရှည်ပေ ၄၀၀ ရှိ ကြိုတင်အားဖြည့် သံကူကွန်ကရစ်တံတား အမျိုးအစားဖြစ်သော ရန်ပယ်ချောင်းတံတား၏ နိမ့်ကျွံမှု ဖြစ်ပွားခဲ့သော ရေလယ်တိုင်အမှတ်(၂) နှင့် အမှတ် (၃) တို့ကို ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ ပြီးစီးပြီး စမ်းသပ်မောင်းနှင်မှုများ ဆောင်ရွက်ပြီးဖြစ်ပါသဖြင့် ရန်ကုန်-ပြည်- ပုဂံ ရထားလမ်းပိုင်းခရီးစဉ်များကို အောက်တိုဘာ ၂၃ ရက်မှစတင်၍ ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲပေးလျက်ရှိကာ လမ်းခရီးတွင် ရပ်တန့်ဘူတာနှင့် လက်မှတ်ခနှုန်းထားများမှာ ယခင်အတိုင်းဖြစ်ကြောင်း မြန်မာ့မီးရထားမှ သတင်းရရှိသည်။
24 Oct, 02:47

ဖိလစ်ပိုင် လေတပ် လေယာဉ်နှစ်စီး လေ့ကျင့်ပျံသန်းစဉ် လေထဲ၌ အချင်းချင်း တိုက်မိကာ ပျက်ကျ၊ လေသူရဲ ၄ ဦး သေဆုံး။
24 Oct, 02:45

အရှေ့အလယ်ပိုင်းနိုင်ငံတွေဟာ အီရန်စစ်ပွဲရဲ့ ပထမဆုံး ၈၄ နာရီအတွင်းမှာတင် ဒုံးကျည်ပေါင်း ၂,၀၀၀ ရရှိခဲ့ပေမဲ့... ... ယူကရိန်းကတော့ လွန်ခဲ့တဲ့ ရက်ပေါင်း ၉၀ အတွင်းမှာ သူ့ရဲ့ မဟာဗျူဟာမြောက် မဟာမိတ်ဆီကနေ ဒုံးကျည် ၂၄ စင်းပဲ ရရှိခဲ့တယ်လို့ ဇယ်လန်စကီးက မကျေမနပ် ပြောကြားလိုက်ပါတယ်။ လူရွှင်တော်သမ္မတ ဇယ်လန်စကီးက "ကျနော်တို့ ငိုယိုအော်ဟစ်နေတာ မဟုတ်ပါဘူး... ဒါပေမဲ့ ဒုံးကျည်တစ်စင်းချင်းစီဟာ ကျနော်တို့အတွက် အလွန်ပဲ အရေးပါပါတယ်" လို့ ဆိုပါတယ်။
24 Oct, 02:41

၆၆ ကေဗွီ ဘားအံ-စက်မှုဇုန် ဓာတ်အားလိုင်းနှင့် စက်မှုဇုန်-လှိုင်းဘွဲ ဓာတ်အားလိုင်း၊ ၂၃၀ ကေဗွီ ရွှေမြို့ ပင်မဓာတ်အားခွဲရုံမှ ဓာတ်အားလိုင်းများ ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများကို ဓာတ်အားပိတ်ဆောင်ရွက်မည် အောက်တိုဘာ ၂၃၊ ၂၀၂၆ ၂၃၀/၆၆/၁၁ ကေဗွီ ဘားအံပင်မဓာတ်အားခွဲရုံမှ ဓာတ်အားဖြန့်ဖြူးပေးထားသည့် ၆၆ ကေဗွီ ဘားအံ-စက်မှုဇုန်ဓာတ်အားလိုင်းနှင့် စက်မှုဇုန်-လှိုင်းဘွဲ ဓာတ်အားလိုင်းများကို လျှပ်စစ်အန္တရာယ် ကင်းရှင်းစေရေးအတွက် သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းနှင့် ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အောက်တိုဘာ ၂၄ ရက် နံနက် ၈ နာရီမှ ညနေ ၅ နာရီအထိ ဓာတ်အားပိတ်၍ လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ရာ လုပ်ငန်းဆောင်ရွက်နေစဉ် ၆၆ ကေဗွီ ဘားအံစက်မှုဇုန်ဖီဒါမှ ဓာတ်အားဖြန့်ဖြူးပေးထားသည့် တောင်ကလေး ပတ်ဝန်းကျင်ရှိ အရေးကြီးနေရာများ၊ စက်ရုံ၊ အလုပ်ရုံများ၊ ကျေးရွာများနှင့် ၆၆/၃၃/၁၁ ကေဗွီ လှိုင်းဘွဲ(ချမ်းသာ) ဓာတ်အားခွဲရုံမှ ဓာတ်အားဖြန့်ဖြူးပေးထားသည့် လှိုင်းဘွဲ၊ ပိုင်ကျုံ၊ မြိုင်ကြီးငူ၊ ကမမောင်းမြို့များနှင့် ကမ်းနီအနီးရှိ ကျေးရွာများတို့တွင် ယာယီဓာတ်အား ပြတ်တောက်နေမည်ဖြစ်သည်။ အလားတူ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော် ဓာတ်အားစနစ်အတွင်း ဝန်အားမျှတတည်ငြိမ်စွာဖြင့် စဉ်ဆက်မပြတ် ဓာတ်အားပို့လွှတ် ဖြန့်ဖြူးနိုင်ရန်အတွက် ပင်မဓာတ်အားခွဲရုံများနှင့် ဓာတ်အားလိုင်းများကို ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ၂၃၀ ကေဗွီ ရွှေမြို့ပင်မဓာတ်အားခွဲရုံရှိ ချို့ယွင်းမှုဖြစ်ပေါ်နေသော ဓာတ်အားလွှတ်ပစ္စည်းများကို ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းအား အောက်တိုဘာ ၂၄ ရက် နံနက် ၁၀ နာရီမှ ညနေ ၃ နာရီအထိ ဓာတ်အားပိတ် ဆောင်ရွက်မည်ဖြစ်ရာ ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ ဇေယျာသီရိ၊ တပ်ကုန်းနှင့် ဥတ္တရသီရိမြို့နယ်တို့ရှိ စက်ရုံ/အလုပ်ရုံများ၊ ရပ်ကွက်နှင့် ကျေးရွာများ၏ နေရာအချို့နှင့် မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ရမည်းသင်း၊ ပျော်ဘွယ်နှင့် ရန်အောင်မြို့နယ်တို့ရှိ စက်ရုံ/အလုပ်ရုံများ၊ ရပ်ကွက်နှင့်ကျေးရွာများ၏ နေရာအချို့တွင် အချိန် ၅ နာရီကြာခန့် ယာယီ ဓာတ်အားပြတ်တောက်နေမည်ဖြစ်ကြောင်း၊ ဓာတ်အားပြတ်ဧရိယာများရှိ ဓာတ်အားသုံးစွဲသူ မိဘပြည်သူများအား သက်ဆိုင်ရာမြို့နယ် လျှပ်စစ်မန်နေဂျာ/ လျှပ်စစ်အင်ဂျင်နီယာရုံးများမှတစ်ဆင့် ကြိုတင်အသိပေးထားပြီး ဖြစ်ပါကြောင်း လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနမှ သိရသည်။               
24 Oct, 02:38

ပြည်သူ့ရင်ပြင်၌ သီတင်းကျွတ်ဈေးရောင်းပွဲ ဆိုင်ခန်း ၆၀၀ ကျော် ဖွင့်လှစ်ရောင်းချ NOM အောက်တိုဘာ ၂၄၊ ၂၀၂၆ ရန်ကုန်မြို့၊ ပြည်သူ့ရင
ပြည်သူ့ရင်ပြင်၌ သီတင်းကျွတ်ဈေးရောင်းပွဲ ဆိုင်ခန်း ၆၀၀ ကျော် ဖွင့်လှစ်ရောင်းချ NOM အောက်တိုဘာ ၂၄၊ ၂၀၂၆ ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်တွင် ကျင်းပသည့် သီတင်းကျွတ် MSME ဈေးရောင်းပွဲတော်၌ ဆိုင်ခန်းပေါင်း ၆၂၈ ခန်း ဖွင့်လှစ် ရောင်းချနေ‌ကြောင်း အောက်တိုဘာ ၂၄ ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး သီတင်းကျွတ် MSME ဈေးရောင်းပွဲတော် နှင့် ဂီတဖျော်ဖြေပွဲ ဖွင့်ပွဲအခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအောင်နိုင်သူ က ပြောသည်။ အဆိုပါ ဈေးရောင်းပွဲတော်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း စက်မှုဇုန်များ၊ MSME လုပ်ငန်းရှင် များအပြင် ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်က ပြခန်းများ စုစုပေါင်း ဆိုင်ခန်းပေါင်း ၆၂၈ ခန်း ဖွင့်လှစ် ပြသရောင်းချသွားမည်ဖြစ်သည်။ ယခုနှစ် ဈေးရောင်းပွဲတော်တွင် MSME ထုတ်ကုန်များ၊ ထုပ်ပိုးမှု အဆင့်မြှင့်တင်ရေး၊ စက်ကိရိယာ ပြခန်းများ၊ ခေတ်မီထုပ်ပိုးသည့်နည်းပညာများ၊ ထုပ်ပိုးပစ္စည်းနှင့် စက်ကိရိယာများကို လေ့လာသိရှိနိုင်‌ကြောင်းသိရသည်။ ပွဲတော်ကို အောက်တိုဘာလ ၂၄ ရက်မှ၂၇ ရက်အထိ ကျင်းပမည်ဖြစ်ပြီး၊ သီတင်းကျွတ်လပြည့်နေ့တွင် အထူးအစီအစဉ်အဖြစ် မီးပုံးပျံလွှတ်တင်မည့် အစီအစဉ်နှင့် မီးရှူး မီးပန်းပစ်လွှတ်မည့် အစီအစဉ်များထည့်သွင်းထားကြောင်းသိရသည်။
24 Oct, 02:21

ပြည်သူ့ရင်ပြင်၌ သီတင်းကျွတ်ဈေးရောင်းပွဲ ဆိုင်ခန်း ၆၀၀ ကျော် ဖွင့်လှစ်ရောင်းချ NOM အောက်တိုဘာ ၂၄၊ ၂၀၂၆ ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်တွင် ကျင်းပသည့် သီတင်းကျွတ် MSME ဈေးရောင်းပွဲတော်၌ ဆိုင်ခန်းပေါင်း ၆၂၈ ခန်း ဖွင့်လှစ် ရောင်းချနေ‌ကြောင်း အောက်တိုဘာ ၂၄ ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး သီတင်းကျွတ် MSME ဈေးရောင်းပွဲတော် နှင့် ဂီတဖျော်ဖြေပွဲ ဖွင့်ပွဲအခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအောင်နိုင်သူ က ပြောသည်။ အဆိုပါ ဈေးရောင်းပွဲတော်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း စက်မှုဇုန်များ၊ MSME လုပ်ငန်းရှင် များအပြင် ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်က ပြခန်းများ စုစုပေါင်း ဆိုင်ခန်းပေါင်း ၆၂၈ ခန်း ဖွင့်လှစ် ပြသရောင်းချသွားမည်ဖြစ်သည်။ ယခုနှစ် ဈေးရောင်းပွဲတော်တွင် MSME ထုတ်ကုန်များ၊ ထုပ်ပိုးမှု အဆင့်မြှင့်တင်ရေး၊ စက်ကိရိယာ ပြခန်းများ၊ ခေတ်မီထုပ်ပိုးသည့်နည်းပညာများ၊ ထုပ်ပိုးပစ္စည်းနှင့် စက်ကိရိယာများကို လေ့လာသိရှိနိုင်‌ကြောင်းသိရသည်။ ပွဲတော်ကို အောက်တိုဘာလ ၂၄ ရက်မှ၂၇ ရက်အထိ ကျင်းပမည်ဖြစ်ပြီး၊ သီတင်းကျွတ်လပြည့်နေ့တွင် အထူးအစီအစဉ်အဖြစ် မီးပုံးပျံလွှတ်တင်မည့် အစီအစဉ်နှင့် မီးရှူး မီးပန်းပစ်လွှတ်မည့် အစီအစဉ်များထည့်သွင်းထားကြောင်းသိရသည်။
24 Oct, 02:20
24 Oct, ~02:21

သင်တန်းသား ၂ ကျွန်တော်ကတော့ ဒီသင်တန်းကို တက်ရောက်ရတဲ့ ရည်ရွယ်ချက်ကတော့ နိုင်ငံတော်က ချမှတ်ထားတဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို လိုက်နာမယ်။ ပြီးရင် တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လာရောက်တက်ရောက်တာဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ ရည်ရွယ်ချက်အတိုင်း နိုင်ငံတော်တာဝန် ကျေပွန်အောင် ထမ်းဆောင်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့အတူ ကျွန်တော်တို့သင်တန်းမှာ ကြိုးစားအားထုတ်မှုနဲ့ ဒီစစ်ရေးပြထူးချွန်ဆုကို ရရှိခဲ့တာဖြစ်ပါတယ်။ ကျွန်တော် ဒီစစ်ရေးပြထူးချွန်ဆုကိုရရှိအောင် နည်းပြတွေရဲ့ သင်ကြားပို့ချမှုနဲ့ ကျွန်တော်လည်း အခေါက်ခေါက်အခါခါ ကြိုးစားခဲ့တယ်။ အဲဒီအတွက်လည်း ဒီဆုကို ရရှိခဲ့တာဖြစ်ပါတယ်။ ဒီဆုရရှိတဲ့အတွက်လည်း ကျွန်တော် အတိုင်းမသိဝမ်းသာပါတယ်။ ကျွန်တော့်ကို အဘက်ဘက်ကနေ ပံ့ပိုးကူညီပေးတဲ့ ကျွန်တော့်ရဲ့ ရဲဘော်ရဲဘက် သင်တန်းသားတွေကိုလည်း ကျွန်တော် ကျေးဇူးအများကြီးတင်ပါတယ်။ ကျွန်တော် ဒီသင်တန်းပြီးသွားရင် နိုင်ငံတော်က ပေးအပ်တဲ့တာဝန်ကို ကျတဲ့နေရာမှာ နှစ်နှစ်တာဝန် ကျေပွန်အောင် ထမ်းဆောင်မှာပါ။ အပြင်လောကမှာတော့ အမျိုးမျိုး ပြောနေကြတယ်၊ ဒါပေမယ့်ပြောနေတဲ့စကားတွေကို နားမယောင်ဘဲနဲ့ တာဝန်ကို ကျေပွန်အောင် နှစ်နှစ်ကို လာရောက်ထမ်းဆောင်ပါလို့ ဖိတ်ခေါ်ပါတယ်။ ထို့နောက် ညပိုင်းတွင် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၂၇) မှ နိုင်ငံ့သားကောင်းစစ်သည်များအား သင်တန်းဆင်းဂုဏ်ပြု ညစာစားပွဲများကို သင်တန်းကျောင်းအသီးသီး၌ ပြုလုပ်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။
24 Oct, 01:45

နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်ကြမည့် နိုင်ငံ့သားကောင်းများ၏ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၂၇)သင်တန်းဆင်းပွဲများ ကျင်းပပြုလုပ် အောက်တိုဘာ ၂၃၊ ၂၀၂၆ နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို စောင့်ထိန်းရန် တာဝန်ရှိသဖြင့် ယင်းတာဝန်များကို ထမ်းဆောင်နိုင်ရန်အတွက် စိတ်အားထက်သန်စွာ လာရောက်စာရင်းပေးသွင်းကြသည့် လူငယ်များကို ပြည်သူ့စစ်မှုထမ်းသင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၂၇) သင်တန်းဆင်းပွဲ အခမ်းအနားများကို ယနေ့တွင် တိုင်းစစ်ဌာနချုပ်များအလိုက် နယ်မြေခံသင်တန်းကျောင်းအသီးသီး၌ ကျင်းပပြုလုပ်ကြသည်။ အဆိုပါ သင်တန်းဆင်းပွဲများကို သင်တန်းဆင်းစစ်ရေးပြအစီအစဉ်အတိုင်း ဆောင်ရွက်ကြပြီး သင်တန်းသားများက နိုင်ငံတော်အလံကိုကိုင်၍ ကတိသစ္စာခံယူကြသည်။ ထို့နောက် သင်တန်းကျောင်းများအလိုက် သက်ဆိုင်ရာ တာဝန်ရှိသူများက သင်တန်းဆင်းအမှာစကားများ အသီးသီးပြောကြားကြပြီး သင်တန်းဆင်းထူးချွန်ဆုရရှိသူများအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြသည်။ သင်တန်းဆင်းပွဲ အခမ်းအနားများအပြီးတွင် သင်တန်းဆင်းပွဲများသို့ တက်ရောက်ကြသော တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဝန်ကြီးချုပ်များ၊ တိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သင်တန်းကျောင်းခန်းမများ၌ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၂၇) မှ သင်တန်းဆင်း နိုင်ငံ့သားကောင်းစစ်သည်များအား တွေ့ဆုံအမှာစကားပြောကြားပြီး ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးကြသည်။ အဆိုပါ ပြည်သူ့စစ်မှုထမ်း သင်တန်း အမှတ်စဉ် (၂၇) မှ သင်တန်းသားများကို ကြံ့ခိုင်ရေးဘာသာရပ်၊ စစ်ရေးပြဘာသာရပ်၊ စစ်နည်းဗျူဟာဘာသာရပ် စသည့် ဘာသာရပ်များနှင့် အထွေထွေဘာသာရပ်များကို အဆင့်ဆင့် လေ့ကျင့်သင်ကြားပေးခဲ့ကြကြောင်း သိရှိရသည်။ နိုင်ငံတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံသားများ၏ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ပေးလျက်ရှိပြီး နိုင်ငံသားများအနေဖြင့်လည်း နိုင်ငံ့တာဝန်များကို ထမ်းဆောင်ကြရမည်ဖြစ်သည်။ ယင်းတာဝန်များကို ကျေပွန်စွာထမ်းဆောင်ရန် ဆန္ဒရှိကြသည့် နိုင်ငံ့သားကောင်းများသည် ပြည်သူ့စစ်မှုထမ်းသင်တန်းများ တက်ရောက်ကာ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ထမ်းဆောင်နေကြပြီဖြစ်သည်။ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၂၇)တွင် တက်ရောက်ခဲ့ရသည့် အတွေ့အကြုံများ၊ သင်တန်းမှ ရရှိခဲ့သည့် အလေ့အကျင့်ကောင်းများ၊ ယုံကြည်ချက်၊ ခံယူချက်များနှင့် သင်တန်းဆင်းပြီးနောက် မိမိတို့တာဝန်ကျရာ တပ်ရင်း၊ တပ်ဖွဲ့များ၌ ဆက်လက်တာဝန်ထမ်းဆောင်သွားမည့် အခြေအနေများနှင့် ပတ်သက်၍ သင်တန်းဆင်း နိုင်ငံ့သားကောင်းစစ်သည်များ၏ စကားသံများကိုလည်း ယခုကဲ့သို့ ကြားသိရပါ သည် - သင်တန်းသား ၁ စတုန်းကတော့ အရပ်သားဘဝကနေ စတင်ကူးပြောင်းလာတာဖြစ်တဲ့အတွက် ဘာမှသိပ်မသိဘူးဆိုပေမယ့် ဒီကဗိုလ်လေးတွေ နည်းပြတွေ ဆရာကြီးတွေက စစ်အခြေခံပညာတွေ တတ်ကျွမ်းအောင်လို့လည်း သူတို့က သေချာသင်ပေးတယ်။ နောက်ပြီးတော့ ကိုယ်တွေက အခုမှ လုံးဝပထမဆုံးဆိုတော့ တွေ့ကြုံရတဲ့ အခက်အခဲတွေကတော့ အများကြီးရှိပါတယ်။ သင်တန်းဆင်းပြီး ဘာတွေ ပြောင်းလဲသွားလဲဆိုတော့ ကိုယ့်ကိုယ်ကိုယ် မြန်မာနိုင်ငံသားတစ်ယောက်အဖြစ် လုံးလုံးကြီးဖြစ်သွားတယ်လို့ ခံစားရပါတယ်။ ကျွန်တော်တို့က တပ်ရင်းတပ်ခွဲတွေမှာ အထက်ကပေးအပ်တဲ့ တာဝန်တွေကို သေချာကျေပွန်အောင် ထမ်းဆောင်ပြီးတော့မှ တိုင်းပြည်အကျိုး၊ နိုင်ငံ့အကျိုးကို သယ်ပိုးနိုင်တဲ့ ပြည်သူ့စစ်မှုထမ်းတစ်ယောက်ဖြစ်အောင် ကြိုးစားသွားပါမယ်လို့ ဆုံးဖြတ်ထားပါတယ်။
24 Oct, 01:45

နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်ကြမည့် နိုင်ငံ့သားကောင်းများ၏ ပြည်သူ့စစ်မှုထမ်းသ
+2
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်ကြမည့် နိုင်ငံ့သားကောင်းများ၏ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၂၇)သင်တန်းဆင်းပွဲများ ကျင်းပပြုလုပ်
24 Oct, 01:44

ဟဲဟိုးမြို့တွင် ခရီးသည်တင်(Express)ယာဉ်တိမ်းမှောက် ခြောက် ဦးဒါဏ်ရာရ NOM၊အောက်တိုဘာ၂၄၊၂၀၂၆ ရှမ်းပြည်နယ်၊ ဟဲဟိုးမြို့ရှိ သီခေါ
ဟဲဟိုးမြို့တွင် ခရီးသည်တင်(Express)ယာဉ်တိမ်းမှောက် ခြောက် ဦးဒါဏ်ရာရ NOM၊အောက်တိုဘာ၂၄၊၂၀၂၆ ရှမ်းပြည်နယ်၊ ဟဲဟိုးမြို့ရှိ သီခေါင်တောင်အဆင်းလမ်းတွင် အောက်တိုဘာ ၂၄ ရက်နံနက် ၄ နာရီ ၄၅ မိနစ်ခန့်က အဝေးပြေးခရီးသည်တင်(Express) ကားလမ်းဘေးထိုးကျတိမ်းမှောက်ခဲ့ကြောင်းကူညီကယ်ဆယ်ရေးအဖွဲ့မှ သိရသည်။ အဆိုပါဟဲဟိုးမြို့၊ သီခေါင်တောင်အဆင်းလမ်းတွင် ယာဥ်မောင်း၊ ယာဥ်နောက်လိုက်နှင့်ခရီးသည်၂၀ဦးကျော်လိုက်ပါလာသော အဝေးပြေးခရီးသည်တင်(Express)ယာဉ် လမ်းဘေးထိုးကျတိမ်းမှောက်ခဲ့၍ မီးသတ်တပ်ဖွဲ့ဝင်များကကူညီကယ်ဆယ်မှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။ ဖြစ်စဥ်ကြောင့် အမျိုးသား၊ အမျိုးသမီး ခြောက် ဦးတွင် ထိခိုက်ဒါဏ် ရာများ(စိုးရိမ်ရနှင့် မစိုးရိမ်ရ)ရရှိခဲ့သဖြင့်အောင်ပန်းပရဟိတအသင်းက တောင်ကြီးမြို့၊ စပ်စံထွန်းဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
24 Oct, 01:41

ရေပိုက်လိုင်းပြင်မည့်အတွက်မင်္ဂလာဒုံ၊တောင်ဥက္ကလာ၊မြောက်ဥက္ကလာ၊ သင်္ဃန်းကျွန်းမြို့နယ်များရေနှစ်ရက်ပြတ်မည်
ရေပိုက်လိုင်းပြင်မည့်အတွက်မင်္ဂလာဒုံ၊တောင်ဥက္ကလာ၊မြောက်ဥက္ကလာ၊ သင်္ဃန်းကျွန်းမြို့နယ်များရေနှစ်ရက်ပြတ်မည်
24 Oct, 01:36

ဘရူနိုင်းဒါရုဆလမ်နိုင်ငံ၌ ကျင်းပသည့် (၁၆)ကြိမ်မြောက် တရုတ် - အာဆီယံရှေ့နေချုပ်များ ညီလာခံသို့ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထော
ဘရူနိုင်းဒါရုဆလမ်နိုင်ငံ၌ ကျင်းပသည့် (၁၆)ကြိမ်မြောက် တရုတ် - အာဆီယံရှေ့နေချုပ်များ ညီလာခံသို့ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက် အောက်တိုဘာ ၂၃၊ ၂၀၂၆ ဘရူနိုင်းဒါရုဆလမ်နိုင်ငံ၊ Jerudong မြို့၌ (၁၆)ကြိမ်မြောက် တရုတ်-အာဆီယံ ရှေ့နေချုပ်များ ညီလာခံနှင့် ဆက်စပ်ပထမအကြိမ် အာဆီယံရှေ့နေချုပ်များ အစည်းအဝေးကို အောက်တိုဘာ ၂၁ ရက်မှ ၂၂ ရက်အထိ ကျင်းပရာ အဆိုပါအစည်းအဝေးနှင့် ညီလာခံသို့ ဘရူနိုင်းဒါရုဆလမ်နိုင်ငံ ရှေ့နေချုပ် H.E. Datin Seri Paduka Dayang Hajah Nor Hashimah ၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာ သီတာဦး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပြီး (၁၆)ကြိမ်မြောက် တရုတ်- အာဆီယံ ရှေ့နေချုပ်များညီလာခံသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရှေ့နေချုပ် H.E. Mr. Ying Yong နှင့် အာဆီယံနိုင်ငံများမှ ရှေ့နေ ချုပ်များ တက်ရောက်ခဲ့ကြသည်။ (၁၆) ကြိမ်မြောက် တရုတ်- အာဆီယံရှေ့နေချုပ်များညီလာခံကို “ဒီဂျစ်တယ်ခေတ်တွင် ကလေးသူငယ်များကို ကာကွယ်စောင့် ရှောက်ရေးအတွက် ဥပဒေမူဘောင်များ ဟန်ချက်ညီစေရေးနှင့် နိုင်ငံတကာ ပူးပေါင်းဆောင် ရွက်မှု” ခေါင်းစဉ်ဖြင့် ကျင်းပရာ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာ သီတာဦးက တရုတ် - အာဆီယံ ရှေ့နေချုပ်များ ညီလာခံသည် ဒေသတွင်း ဥပဒေရေးရာပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးနှင့် နယ်စပ်ဖြတ်ကျော် ပြစ်မှုများကို ကိုင်တွယ်ဖြေရှင်းရေးတို့တွင် အဓိကကျသော မူဘောင်တစ်ခုအဖြစ် လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ မှစ၍ ရပ်တည်ခဲ့ပါကြောင်း၊ ဒီဂျစ်တယ်နည်းပညာ လျင်မြန်စွာ တိုးတက်လာမှုသည် ကလေးသူငယ်များနှင့် လူငယ်များအတွက် အပြန်အလှန် လေ့လာသင်ယူနိုင်သော သင်ထောက်ကူများရရှိခြင်း၊ ကမ္ဘာ့အသိပညာများကို ချက်ချင်း လက်လှမ်းမီခြင်းနှင့် ဖန်တီးမှုဆိုင်ရာ ဒီဂျစ်တယ် စွမ်းရည်များကို မြှင့်တင်နိုင်ခြင်း စသည့် အခွင့်အလမ်းများကို ဆောင်ကြဉ်းပေးပါကြောင်း၊ တစ်ဖက်တွင်လည်း ကလေးသူငယ်များသည် အွန်လိုင်းမှ ခေါင်းပုံဖြတ် အမြတ်ထုတ်မှု၊ အွန်လိုင်းလိမ်လည်မှု၊ လူကုန်ကူးမှုနှင့် အန္တရာယ်ရှိသော ထိခိုက်ခံရနိုင်ခြေ ပိုမိုမြင့်မားလာနေပြီး အင်တာနက်ဆက်သွယ်မှုများမှတစ်ဆင့် ကလေးသူငယ်များအပေါ် ကျူးလွန်သည့် ဒီဂျစ်တယ်ပြစ်မှုများသည် နယ်စပ်ဖြတ်ကျော်ပြစ်မှုများ ဖြစ်လာကြကြောင်း၊ ဤခြိမ်းခြောက်မှုများကို မည်သည့်နိုင်ငံမျှ တစ်ဦးတည်း မဖြေရှင်းနိုင်သဖြင့် မိမိတို့၏ ဥပဒေစနစ်များအကြား နီးကပ်စွာ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရန် လိုအပ်ကြောင်း။ ကလေးသူငယ် အခွင့်အရေးများကို ကာကွယ်ရန်အတွက် မြန်မာနိုင်ငံသည် ၂၀၁၉ ခုနှစ်တွင် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာဥပဒေကို ပြဋ္ဌာန်း၍ ဥပဒေကြောင်းအရ ကာကွယ်စောင့်ရှောက်မှုများကို ပိုမိုကျယ်ပြန့်စွာ ဆောင်ရွက်ခဲ့ပါကြောင်း၊ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ (NCRC) ကို ဖွဲ့စည်း၍ အမျိုးသားအဆင့် မူဝါဒများကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ပြင် ပေါ်ပေါက်လာသော ဒီဂျစ်တယ်ခြိမ်းခြောက်မှုများကို တုံ့ပြန်ရန်အတွက် ဆိုက်ဘာလုံခြုံရေးဥပဒေ၊ အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေ၊ လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဥပဒေတို့ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ မူဝါဒများကိုလည်း ရေးဆွဲဆောင်ရွက်လျက်ရှိပါကြောင်း။ ဒီဂျစ်တယ်ခေတ်တွင် ကလေးသူငယ်များကို ကာကွယ်ပေးခြင်းသည် တရုတ်-အာဆီယံဒေသ၏ အနာဂတ်နှင့် တည်ငြိမ်ရေးကို ကာကွယ်စောင့်ရှောက်ခြင်းလည်း ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသည် ကလေးသူငယ်များနှင့် လူငယ်များအတွက် ပိုမိုဘေးကင်းလုံခြုံပြီး ဟန်ချက်ညီသော ဒီဂျစ်တယ်ကမ္ဘာတစ်ခုကို တည်ဆောက်ရန် တရုတ်နိုင်ငံနှင့် အာဆီယံအဖွဲ့ဝင် နိုင်ငံများအားလုံးနှင့် လက်တွဲ၍ နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။ ညီလာခံသို့ တက်ရောက်လာကြသည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံရှေ့နေချုပ်၊ အာဆီယံနိုင်ငံများမှ ရှေ့နေချုပ်များက (၁၆) ကြိမ်မြောက် တရုတ်-အာဆီယံရှေ့နေချုပ်များ ညီလာခံ၏ ပူးတွဲကြေညာချက် Joint Declaration of the 16th China – ASEAN Prosecutors General Conference ကို လက်မှတ်ရေးထိုးကြကြောင်း သိရသည်။ 
23 Oct, 23:52

ပြည်ထောင်စုလွှတ်တော် နာယက၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး ဘယ်လာရုစ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံရုံးမိသားစုများနှင့
ပြည်ထောင်စုလွှတ်တော် နာယက၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး ဘယ်လာရုစ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံရုံးမိသားစုများနှင့် သင်တန်းသားများအားတွေ့ဆုံ အောက်တိုဘာ ၂၃၊ ၂၀၂၆ ဘယ်လာရုစ်သမ္မတနိုင်ငံ မင့်စ်မြို့၌ တရားဝင်ခရီးစဉ် ရောက်ရှိနေသည့် ပြည်ထောင်စုလွှတ်တော်နာယက အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးသည် ဘယ်လာရုစ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံရုံးမိသားစုများနှင့် သင်တန်းသားများအား ယနေ့နံနက်ပိုင်းတွင် မြန်မာသံရုံး၌ တွေ့ဆုံသည်။ တွေ့ဆုံစဉ် ပြည်ထောင်စုလွှတ်တော်နာယက က နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများ အောင်မြင်ရန် သံရုံးတွင် တာဝန်ထမ်းဆောင်နေကြသူများ၏ အခန်းကဏ္ဍသည် အရေးကြီးပါကြောင်း၊ သံခင်းတမန်ခင်း နည်းပရိယာယ် ကြွယ်ဝမှုများက မိမိတို့နိုင်ငံအကျိုးစီးပွားကို ပိုမိုဖော်ဆောင်ရန် များစွာ အထောက်အကူပြုပါကြောင်း၊ ထို့ကြောင့် သံရုံးတွင် တာဝန်ထမ်းဆောင်နေကြသူများအနေဖြင့် ကိုယ်စွမ်းဉာဏ်စွမ်း စိုက်ထုတ်၍ မိမိတို့နိုင်ငံတော် အကျိုးအတွက် ကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်း၊ သံရုံးမိသားစုများအနေဖြင့် စည်းလုံးစွာ နေထိုင်ပြီး လိုအပ်သည်များ ရှိလာပါက တစ်ဦးပေါ်တစ်ဦး ကူညီကြရန် လိုအပ်ကြောင်း။ ဘယ်လာရုစ်နိုင်ငံ၏ ပညာသင်ကြားရေးသည် ကမ္ဘာ့အဆင့်မီပညာရေးစနစ်တစ်ခု ဖြစ်သည်ကို တွေ့ရှိရကြောင်း၊ မိမိတို့နိုင်ငံအပါအဝင် နိုင်ငံတကာမှ ကျောင်းသားများ လာရောက်ပညာဆည်းပူးလျက် ရှိကြကြောင်း၊ ဘယ်လာရုစ်နိုင်ငံတွင် ပညာသင်ကြားနေသည့် သင်တန်းသားများအနေဖြင့် မိမိတို့သင်ကြားနေသည့် ဘာသာရပ်များကို မိမိတို့နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် ပြန်လည်အသုံးချနိုင်အောင် စနစ်တကျ သေချာလေ့လာသင်ယူကြစေလိုကြောင်း။ သင်တန်းသားများသည် မိမိတို့၏ မိသားစုများနှင့် ခွဲခွာနေထိုင်နေပြီး လာရောက်ပညာသင်ကြားနေခြင်း ဖြစ်သည့်အတွက် အချင်းချင်းကူညီရိုင်းပင်းပြီး မိသားစုကဲ့သို့ စည်းလုံးညီညွတ်စွာ နေထိုင်ကြစေလိုကြောင်း၊ ပညာသင်ကြားနေထိုင်စဉ် ကာလအတွင်း ဘယ်လာရုစ်နိုင်ငံ၏ ဥပဒေ၊ စည်းကမ်းများကို လိုက်နာဆောင်ရွက်သွားကြရန် အထူးမှာကြားလိုပါကြောင်း ပြောကြားသည်။ ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယက က သံရုံးမိသားစုများနှင့် ပညာတော်သင် သင်တန်းသားများအတွက် စားသောက်ဖွယ်ရာများနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ပြီး သံရုံးဝန်ထမ်းများ၊ မိသားစုဝင်များနှင့် သင်တန်းသားများအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။ မွန်းလွဲပိုင်းတွင် ပြည်ထောင်စုလွှတ်တော်နာယကနှင့်အဖွဲ့သည် ဘယ်လာရုစ်လွှတ်တော် ကိုယ်စားလှယ်များနှင့်အတူ နေ့လယ်စာသုံးဆောင်သည်။ 
23 Oct, 22:22

အမေရိကန် စစ်ဝန်ကြီး ပီတီ ဟက်ဂ်ဆက်သ် (Pete Hegseth) က ကွန်ဖူးရှူး အင်စတီကျူးများ (Confucius Institutes) ကို ‘အမျိုးသားလုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှု’ အဖြစ် သတ်မှတ်လိုက်သည်။ ဟက်ဂ်ဆက်သ် က ‘တရုတ်အစိုးရ နောက်ကွယ်မှ ပံ့ပိုးထားသော’ အဆိုပါ အစီအစဉ်များသည် ‘မူပိုင်ခွင့်ဥစ္စာများကို ခိုးယူရန်’ နှင့် အမေရိကန်ကျောင်းသားများ၏ ‘စိတ်ဓာတ်နှင့် အတွေးအခေါ်များကို ထိုးဖောက်ဝင်ရောက်ရန်’ စီစဉ်နေကြသည်ဟု စွပ်စွဲပြောဆိုခဲ့သည်။ ထို့ပြင် တက္ကသိုလ် ၃၀ ခု၌ ‘ဝါဒဖြန့်ချိရေး ဆဲလ်များ’ ၈၀ ခုခန့်သည် အမည်သစ်များဖြင့် ပြန်လည်ပေါ်ထွက်လာကြောင်း ပြောကြားခဲ့ပြီး ယင်းတို့ကို သူ၏ "အမြစ်ပါမကျန် အပြီးတိုင် အမြစ်ဖြတ် သုတ်သင်မည်" ဟု ကတိပြုထားသည့် "DEI (မျိုးနွယ်စုပေါင်းစုံ ပါဝင်မှုဆိုင်ရာ မူဝါဒများ) ၏ ကင်ဆာရောဂါ" နှင့် ခိုင်းနှိုင်းပြောဆိုခဲ့သည်။
23 Oct, 22:21

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူးဘီယို (Marco Rubio) ထံ လိပ်မူထားသည့် လျှို့ဝှက်အဆင့်မှ လျှော့ချလိုက်သော အစီရင်ခံစာတစ်စ
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူးဘီယို (Marco Rubio) ထံ လိပ်မူထားသည့် လျှို့ဝှက်အဆင့်မှ လျှော့ချလိုက်သော အစီရင်ခံစာတစ်စောင်အရ အီရန်နိုင်ငံသည် အမေရိကန်တာဝန်ရှိသူများကို ပစ်မှတ်ထားတိုက်ခိုက်ရန် ကြိုးပမ်းအားထုတ်မှုများကို သိသိသာသာ တိုးမြှင့်လုပ်ဆောင်လာကြောင်း အမေရိကန်ထောက်လှမ်းရေးအဖွဲ့က အတည်ပြုခဲ့သည်။ ထိုအစီရင်ခံစာတွင် အီရန်၏အမေရိကန်တာဝန်ရှိသူများကို တိုက်ခိုက်ရန် ကြိုးပမ်းမှုအချို့သည် အရှေ့အလယ်ပိုင်းဒေသနှင့် အခြားဒေသများ၌ "အဆင့်မြင့်အခြေအနေ" သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ဖော်ပြထားသည်။
23 Oct, 22:12

ကျိုက်မရောမြို့နယ်၊ အလှပ်ကုန်းကျေးရွာအတွင်းသို့ အကြမ်းဖက်အဖွဲ့(စိစစ်ဆဲ)က Drop Bomb ပစ်ချတိုက်ခိုက်မှုကြောင့် ကိုးနှစ်အရွယ်ကလေ
ကျိုက်မရောမြို့နယ်၊ အလှပ်ကုန်းကျေးရွာအတွင်းသို့ အကြမ်းဖက်အဖွဲ့(စိစစ်ဆဲ)က Drop Bomb ပစ်ချတိုက်ခိုက်မှုကြောင့် ကိုးနှစ်အရွယ်ကလေးတစ်ဦးဒဏ်ရာရ NOM အောက်တိုဘာ ၂၃၊ ၂၀၂၆ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ တရနာကျေးရွာတိုက်နယ်ဆေးရုံသို့ အောက်တိုဘာလ ၂၂ ရက်နေ့ ညနေ ၄ နာရီ ၄၅ မိနစ်အချိန်၌ ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများဖြင့် ကလေးငယ်တစ်ဦးရောက်ရှိနေကြောင်း သတင်းအရလုံခြုံရေးတပ်ဖွဲ့ဝင် များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ ညနေ ၄ နာရီခွဲတွင် ကျိုက်မရောမြို့နယ်၊ အလှပ်ကုန်းကျေးရွာအတွင်းသို့ အကြမ်းဖက်အဖွဲ့(စိစစ်ဆဲ)က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ ပစ်ချလိုက်သည့် Drop Bomb တစ်လုံးကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါ ကျေးရွာနေ မောင်ချစ်ဝင်းအောင် (၉) နှစ်တွင် ထိခိုက်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
23 Oct, 12:29

ဒီပဲယင်းမြို့နယ်၊ ဖုတ္တန်းတော ကျေးရွာလမ်းဆုံတွင် PDF အကြမ်းဖက်အဖွဲ့က ခရီးသွားအပြစ်မဲ့ပြည်သူတစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွား NOM အောက်တိုဘာလ ၂၃၊ ၂၀၂၆ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ် (၁) ရပ်ကွက်နေ ဒေါ်ချို (၆၃) နှစ်သည် အောက်တိုဘာလ ၂၂ ရက်နေ့ ၌ ရန်ကုန်မြို့မှ ရေဦးမြို့သို့ ခရီးသည် တင်မော်တော်ယာဉ်ဖြင့် လိုက်ပါလာစဉ် စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်၊ ဖုတ္တန်းတော ကျေးရွာလမ်းဆုံအရောက် PDF အကြမ်းဖက်အဖွဲ့ အင်အား(စိစစ်ဆဲ)က မော်တော်ယာဉ်အား တားဆီးကာ အကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်းသိရသည်။
23 Oct, 12:23

မြင်းမူမြို့နယ်၊ ဂုံညင်းဆိပ်ကျေးရွာနေ ကျောင်းဆရာမတစ်ဦးနှင့် ၎င်း၏ သားဖြစ်သူတို့ကို PDF အကြမ်းဖက်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွား NOM အောက်တိုဘာ ၂၃၊ ၂၀၂၆ စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ်ရှိ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း (မြင်းမူမြို့)၌ တွဲဘက်တာဝန်ထမ်းဆောင်လျက်ရှိသည့် မြင်းမူမြို့နယ်၊ ဂုံညင်းဆိပ်ကျေးရွာနေ ဒုတိယအလယ်တန်းပြဆရာမ ဒေါ်နီနီအောင် (၅၀) နှစ်သည် အောက်တိုဘာလ ၂၁ ရက်နေ့ နံနက် ၁၀ နာရီအချိန်၌ ၎င်း၏သားဖြစ်သူ မောင်သူရိန်ထွန်း (၂၄) နှစ်နှင့်အတူ နေအိမ်၌ ရှိနေစဉ် PDF အကြမ်းဖက်အဖွဲ့ အင်အား(စိစစ်ဆဲ) ရောက်ရှိလာပြီးအကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်းသိရသည်။
23 Oct, 12:20

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ်၊ မိုင်းတွမ်းမြို့အနီး၌ လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ အွန်လိုင်းလိမ်လည် လောင်းကစားမှု ကျူးလွန်ရာတွင် ပါဝင်ပတ်သက်သူများအား ဖမ်းဆီးရမိ အောက်တိုဘာ ၂၃၊ ၂၀၂၆ မြန်မာနိုင်ငံအစိုးရအနေဖြင့် တစ်ကမ္ဘာလုံးကို အန္တရာယ်ပေးနေသည့် အွန်လိုင်းလိမ်လည်မှုများ၊ အွန်လိုင်းလောင်းကစားမှုများ တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အလေးထား ဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံအတွင်း လုံးဝအခြေမပြုနိုင်ရေးအတွက် ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံအစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ တက်ကြွစွာ ဆောင်ရွက်လျက်ရှိသည်။ လုံခြုံရေးပူးပေါင်းအဖွဲ့များက သက်ဆိုင်ရာနယ်မြေများအတွင်း လိမ်လည်လောင်းကစားမှုလုပ်ကိုင်သူများ မရှိစေရန်အတွက် အခြေပြုနေထိုင်ခြင်း မရှိစေရန်အတွက် နယ်မြေရှင်းလင်းခြင်းနှင့် ရှာဖွေဖော်ထုတ်စစ်ဆေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာ အောက်တိုဘာ ၂၁ ရက် ညနေ ၄ နာရီ ၃၀ မိနစ်ခန့်တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ်၊ မိုင်းတွမ်းမြို့၏ အရှေ့မြောက်ဘက် မီတာ ၃၆၀၀ ခန့်အကွာ၌ အွန်လိုင်းလိမ်လည် လောင်းကစားမှုကျူးလွန်သူ တရားမဝင် တရုတ်နိုင်ငံသား အမျိုးသား ၉၅ ဦးနှင့် အမျိုးသမီး ၄ ဦးတို့အား အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်ရာတွင် အသုံးပြုသည့် အလျား ၁၀၀ ပေ အနံ ၅၀ ပေရှိ သွပ်မိုးသွပ်ကာ အဆောက်အအုံ ၁ လုံးအတွင်းမှ All in One ကွန်ပျူတာ ၁၃ လုံး၊ ဖုန်းမျိုးစုံ ၁၉၃ လုံး၊ StarLink ၂ လုံး၊ စားပွဲ ၂၃ လုံး၊ ထိုင်ခုံ ၉၂ လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။   အဆိုပါ အွန်လိုင်းလိမ်လည် လောင်းကစားမှုများလုပ်ကိုင်ခဲ့သည့် ဖမ်းဆီးရမိသူများအား လိုအပ်သည့် စစ်ဆေးမှုများ ဆောင်ရွက်ပြီးစီးပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး သိမ်းဆည်းရမိသည့် လုပ်ငန်းသုံးပစ္စည်းများအား လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရှိရသည်။
23 Oct, 12:07

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ်၊ မိုင်းတွမ်းမြို့အနီး၌ လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ အွန်လိုင်းလိမ်လည် လောင်းက
+6
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ်၊ မိုင်းတွမ်းမြို့အနီး၌ လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ အွန်လိုင်းလိမ်လည် လောင်းကစားမှု ကျူးလွန်ရာတွင် ပါဝင်ပတ်သက်သူများအား ဖမ်းဆီးရမိ
23 Oct, 12:06