အချစ်/အလွမ်း/ လျှို့ဝှက်သဲဖို ရသစုံ ဝတ္ထုများ ဧကြည်ဖြူ
Відкрити в Telegram
Показати більше
1 031
Підписники
Немає даних24 години
-17 днів
-1230 днів
Архів дописів
ကြီးတော်နှစ်ယောက်နှင့် ဒေါ်သုန် တို့ သလင်းဖြူ၏ အခန်းထဲသို့ ၀င်ရှာနေချိန်တွင် သလင်းဖြူမှာ အခန်းဝတွင် ရပ်စောင့်နေရလေသည်။သလင်းဖြူအနေနှင့် မိမိ မယူထားသော ပစ္စည်းဖြစ်သောကြောင့် အခန်းပေါက်ဝတွင် စိတ်အေးလက်အေးနှင့် မတ်တတ်ရပ်နေမိလေသည်။
"ဒါ ...ဒါက ဘာလဲ သလင်းဖြူ..."
ဒေါ်ကြည်အေးသည် နံရံတွင် ချိတ်ထားသော ဦးထုပ်ထဲမှ တစ်စုံတစ်ခုကို ဆွဲထုတ်လိုက်ပြီးလျှင် သလင်းဖြူကို လှမ်းကြည့်ပြိး အလန့်တကြားနှင့် မေးလိုက်လေသည်။
" ဟင် ... အဲ့...အဲ့ဒါ ..သမီးရဲ့ လည်ဆွဲပဲ ကြီးကြီး "
" ဟင် ...ဟုတ်သားပဲ ...အဲ့ဒါက ရွှေရည်ဝင်းရဲ့ လည်ဆဲပဲ ... မင်း ...မင်း... လည်ဆွဲကို တကယ်ယူခဲ့တာလား သလင်းဖြူ "
သလင်းဖြူသည် အခန်းထဲမှ အသံများကြောင့် အထိတ်တလန့်နှင့် အခန်းထဲသို့လှမ်းကြည့်လိုက်မိလေသည်။
"ဒါ ...ဒါက ... ဘယ် ...ဘယ်လို ရောက်နေတာလဲ ....သမီးမယူဘူးနော် ...သမီးယူတာ မဟုတ်ဘူး "
သလင်းဖြူ အထိတ်တလန့်နှင့် အော်ဟစ်ငြင်းဆန်လိုက်သည်။
"တိတ်စမ်း သလင်းဖြူ ..ခိုးတုန်းကခိုးပြီး...ဘာအခုမှ မျက်နှာပြောင်တိုက်ပြီး ငြင်းနေတာလဲ ...ငါတို့ မျိုးရိုးမှာ သူခိုးမရှိဘူး ...နင်က နင့်အဖေလိုပဲအကျင့်စရိုက်မကောင်းဘူးပဲ "
"ကြီးကြီး မဟုတ်တာတွေ မပြောပါနဲ့ ... အဲ့ဒီလည်ဆွဲကို သမီးယူတာမဟုတ်ဘူး ..."
ကြီးတော်ဖြစ်သူ ဒေါ်ခင်အေးသည် ဖခင်ဖြစ်သူကို ထိခိုက်၍ ပြောလာသောကြောင့် သလင်းဖြူ ဒေါသတကြီးနှင့် အော်ပစ်လိုက်မိ၏။
"ကဲ တော်ကြစမ်း ... ခင်အေး နင်လဲတော် .. အားလုံးသွားကြတော့ ...သလင်းဖြူ လာ ...ငါနဲ့လိုက်ခဲ့ "
ဒေါ်ကြည်အေးသည် အသံမာမာနှင့် အော်လိုက်ပြီးနောက် သလင်းဖြူကို သူ့နောက်ကို လိုက်ခံ့ဖို့ ခေါ်လိုက်ပြီး ဒုတိယထပ်သို့ သွားလေသည်။
~~~ ~~~~
"တွေ့လား ...သမီး "
ဒေါ်ကြူကြူ၀င်းသည် အပေါ်ထပ်မှ ဆင်းလာသော သမီးဖြစ်သူရွှေရည်ဝင်းနှင့် ကျန်လူများကို တွေ့သည်နှင့် အလောတကြီးနှင့် မေးလိုက်လေသည်။
" တွေ့တယ် အမေ .... သလင်းဖြူ အခန်းထဲက တွေ့တာ "
ရွှေရည်ဝင်းက မိခင်ဖြစ်သူ၏ အမေးကိုခပ်တိုးတိုးဖြေလိုက်လေသည်။
"ဟင် ဟုတ်လား.. တွေ့လို့ တော်သေးတာပေါ့ ...ကြည့်စမ်း ဒီကောင်မလေးနှယ် ...ငွေလိုလဲ ပြောတာမဟုတ်ဘူး "
ဒေါ်ကြူကြူဝင်းသည် ရင်ဘတ်ကို လက်ဖြင့် အသာဖိ၍ ပြောလိုက်လေသည်။
"တွေ့လို့ တော်သေးတာပေါ့ရှင် ... မဟုတ်ရင် ကျွန်မတို့မှာ နေရခက်နေတာ "
ထိုအခါ ထွဋ်ခေါင်၏ မိခင်သည် စိတ်အေးသွားဟန်ဖြင့် ဝင်၍ ပြောလိုက်လေသည်။
" ပြန်တွေ့လို့ တော်သေးတာပေါ့ ရွှေရည် ... အမေ လာတဲ့နေ့မှ ဒီလိုဖြစ်တော့ ကျွန်တော်တို့မှာ အနေရခက်မိတယ် ..."
ထွဋ်ခေါင်သည် ရွှေရည်ဝင်း၏ မျက်လုံးများကို စူးစူးစိုက်စိုက်ကြည့်ရင်း ပြောလိုက်လေသည်။
"အို ...မဟုတ်တာရှင် ...ကိုထွဋ်ခေါင်ကိုရော ...ဒေါ်ဒေါ့ကိုပါ တောင်းပန်ပါတယ်ရှင် "
ရွှေရည်ဝင်းသည် ထွဋ်ခေါင်၏ အကြည့်စူစူးကို ရှောင်လွှဲလိုက်ပြီး ထွဋ်ခေါင်၏ မိခင်ကိုပဲကြည့်ကာ တောင်းပန်စကားဆိုလိုက်လေသည်။
~~~~~~~
"ကြီးကြီးကို အမှန်တိုင်း ပြောစမ်း ...မင်းတကယ်ပဲ လည်ဆွဲကို ယူခဲ့သလား သလင်းဖြူ "
ဒေါ်ကြည်အေးက သလင်းဖြူကို မေးလိုက်သည်။
"မယူဘူး ကြီးကြီး ... သမီး မယူဘူး ...အဲ့ဒီလည်ဆွဲကိုလဲ ခုနတုန်းကမှ မြင်ဖူးတာ "
သလင်းဖြူသည် အံကိုတင်တင်းကြိတ်၍ ကြီးတော်ဖြစ်သူ၏ အမေးကို ဖြေလိုက်သည်။
" ဟုတ်ပြီ ...ဒါဆို မင်းမယူဘဲ ...အဲ့ဒီဆွဲကြိုက မင်းအခန်းထဲကို ဘယ်လို ရောက်နေသလဲ ပြော "
"သမီး မသိဘူး ကြီးကြီး ... သေချာတာက တစ်ယောက်ယောက်က လည်ဆွဲကို သမီး အခန်းထဲမှာ လာထားသွားတာပဲ "
"ဟုတ်ပြီ ... မင်းက မယူဘူးပြောပေမဲ့ ... လည်ဆွဲကို မင်းအခန်းထဲမှာ တွေ့တာ ဖြစ်တဲ့ အတွက် မင်းကို အပြစ်ပေးရမှာပဲ .. အေး မင်းအတွက် အပြစ်ဒဏ်ကို ညနေ လူစုံမှ ပြောမယ် "
~~~~
ဒုတိယ ထပ်၏ ဧည့်ခန်းထဲတွင် ထွဋ်ခေါင်တို့ သုံးယောက်နှင့် အလုပ်သမားများမှလွဲ၍ မိသားစုကုန် ရောက်ရှိနေကြလေသည်။
"ကဲပါ ...ကြီးကြီးရယ် ... ပစ္စည်းလဲ ပြန်ရတာပဲဟာ .. ဒီတစ်ခါတော့ ခွင့်လွှတ်ပေးလိုက်ပါ "
ဇော်ထိုက်သည် လူကြီးများကို ကြည့်၍ ပြောလိုက်လေသည်။
"တိတ်စမ်း သားကြီး ...မင်း ဝင်မပါစမ်းနဲ့... ပစွည်းက ပြန်ရပေမဲ့ နောက်မလုပ်ရဲအောင် ဆုံးမမှ ရမှာပေါ့ ..."
ဒေါ်ခင်အေးသည် သားဖြစ်သူကို မာန်မဲလိုက်လေသည်။
"သားကြီး ပြောတာ မှန်ပါတယ် ... ပစ္စည်းလဲ ပြန်ရနေပြီပဲဟာ..ဒီကိစ္စကို ဒီနေရာမှာပဲ တော်ကြရအောင် မမကြည် ....နောက်တစ်ခါဆို ...သမီးရွှေရည်လဲ ကိုယ့်ပစ္စည်းကို သေသေချာချာ သိမ်းပါ "
ဦးမြင့်အေးသည် ပြေရာပြေပြေကြောင်း ဝင်ပြောလိုက်ပြီး သမီးဖြစ်သူကို သတိပေးစကားပြောလိုက်လေသည်။
အားလုံး၏ အလယ်တွင် သလင်းဖြူသည် အံကို တင်းတင်းကြိတ်၍ ထိုင်နေမိသည်။
"ကဲ ...ဒီလိုလုပ်မယ် ... ပစ္စည်းပြန်ရတယ်ဆိုပေမဲ့ ...ဒီကိစ္စက ဒီတိုင်းကျော်သွားလို့ မရဘူး ....အပြစ်တော့ ပေးမှရမယ် ...အဲ့ဒီတော့ သလင်းဖြူ အနေနဲ့ ကြီးကြီးတို့ ပေးတဲ့ အပြစ်ဒဏ်ကို ခံယူမလား ....ရန်ကုန်ကို ပြန်မလား ရွေးချယ်ပါ "
ဧကြည်ဖြူ
" အဝါရောင် ရဲတိုက် "
အပိုင်း ( ၁၄ )
******
"ရှင် ...ကြီးကြီး.... ဘာ..ဘာကို ပြောတာလဲ ...သမီး နားမလည်ဘူး "
"ကဲ မင်းသမီးလိုအမူအရာကောင်းမနေနဲ့ မမ....ရွှေရည်ဝင်းရဲ့ လည်ဆွဲကို ယူလာတယ် မဟုတ်လား ... မနက်က ရွှေရည်ဝင်းက လည်ဆွဲကို ယူသွားပြီး ရုံးခန်းအံဆွဲထဲမှာ သိမ်းထားတာတဲ့ ... ဧည့်သည်တွေရောက်လာလို့ ထုတ်ဝတ်ဖို့လုပ်တော့ မရှိတော့ဘူးတဲ့လေ.... တစ်မနက်လုံးလည်း ရုံးခန်းထဲ၀င်ထွက်နေတဲ့သူက မမကြီးရယ် ...မကြူ နဲ့ ရွှေရည်ဝင်းရယ် ...မင်းပဲရှိတာဆို ...ကဲ အမှန်းတိုင်းပြောပြီး လည်ဆွဲကို ပြန်ပေးလိုက် ...."
ကြီးတော်ဖြစ်သူ ဒေါ်ခင်အေး၏ စကားကြောင့် သလင်းဖြူ မျက်လုံးအစုံ ပြူးကျယ်သွားရပြီးလျှင် ငြင်းဆန်လိုက်မိသည်။
"ဘာ ...ဘာတွေ ပြောနေကြတာလဲ ... သမီးမယူပါဘူး ... ဘာလည်ဆွဲလဲ မြင်တောင် မမြင်ဖူးဘူး "
" အမှန်တိုင်း ဝန်ခံလိုက်ပါ တူမရယ် ... ကြီးကြီးတို့က နားလည်ပါတယ် ... ငါ့တူမလည်း နိုင်ငံခြားထွက်ဖို့ ငွေလိုနေလို့ ယူမီတာမဟုတ်လား ...ကြီးကြီးက နားလည်ပါတယ် ...မမကြည်တို ....မမခင်တို့လည်း မဆူကြမပြောကြပါနဲ့တော့ရှင် ...ဧည့်သည်တွေရှေ့မှာ မကောင်းပါဘူး ... ကျွန်မကပဲ ချော့ပြီး ပြန်တောင်းလိုက်ပါ့မယ် "
ဒေါ်ကြူကြူ၀င်း၏ စကားသည် သလင်းဖြူအား ဧကန်မုချပင် တရားခံဟု စွပ်စွဲလိုက်သော စကားမျိုးပင်ဖြစ်ပါလေသည်။ရွှေရည်ဝင်းကမူ နေရာတွင်ထိုင်လျက် မျက်ရည် အဝဲသားဟန်နှင့် ရှိလေသည်။
ထွဋ်ခေါင်၏ မိခင်မှာမူ သလင်းဖြူကို အထင်အမြင်သေးသော အကြည့်များဖြင့် ကြည့်၍နေလေသည်။
ထွဋ်ခေါင်သည်လည်း မိခင်ကို သွားကြိုပြီးနောက် ရွှေရည်ဝင်း၏ ရုံးခန်းထဲသို့ နောက်ဆုံး ဝင်ခဲ့သူဖြစ်သောကြောင့် ဧည့်ခန်းထဲတွင် စိတ်ရှုပ်ထွေးစွာ ထိုင်နေရလေသည်။
"ရွှေရည် တောင်းပန်ပါတယ်နော် သလင်းဖြူ ...အဲ့ဒီလည်ဆွဲလေးက အဖေနဲ့ အမေ လက်ဆောင်ပေးထားတာမို့ တန်ဖိုးထားရတဲ့ ပစ္စည်းလေးမို့ ပြန်ပေးပါနော် "
ရွှေရည်ဝင်းက ငိုသံပါနှင့် ပြောလေသည်။
" ငါမယူဘူး ရွှေရည်း ...ရုံးခန်းထဲကို ၀င်လိုက်ထွက်လိုက်လုပ်ခဲ့ပေမဲ့ အံဆွဲကိုလဲဖွင့်မကြည့်ဘူး ...ယူလဲ မယူဘူး ...မယုံရင် ရှာကြည့်လို့ရတယ် "
" ကဲ .. ဒေါ်သုန် .. သူ့ကို စတိုခန်းထဲခေါ်သွားပြီး သူ့ကိုယ်မှာ ရှာကြည့်စမ်း "
"ဟုတ်ကဲ့ပါ ..မခင်အေး .. ကျွန်မ ရှာကြည့်လိုက်ပါ့မယ် "
" ဟင့်အင်း ..မရှာနဲ့ ...ရှာတယ်ဆိုတာ သမီးကို သူခိုးလို့ စွပ်စွဲတာပဲ ...သမီး မယူဘူး ကြီးကြီးကြည်အေး .."
သလင်းဖြူသည် မိမိကိုယ်တွင် ရှာကြည့်ရန် ပြောပြီးဘောအခါမှ ခါးကြားတွင် ဖွက်ထားသော စာအုပ်ကို သတိရလိုက်သောကြောင့် ကမန်းကတန်း ငြင်းဆန်လိုက်မိလေသည်။
ထိုသို့ သလင်းဖြူ၏ အပြုအမူကြောင့် ထွဋ်ခေါင် အပါအဝင် ကျန်လူများသည် သလင်းဖြူကို မသင်္ကာသော မျက်ဝန်းများဖြင့် မော့၍ ကြည့်လာကြလေသည်။
သလင်းဖြူသည် ထိုအခြေအနေကို ရိပ်မိလိုက်ပြီး ဖြေရှင်းနိုင်ရန်နည်းလမ်းကို အမြန်ဆုံးစဉ်းစားလိုက်သည်။
"ဟုတ်ပြီးလေ ... ရှာချင် တယ်ဆိုရင်လဲ ... ပူစူးကို ရှာခိုင်းပါ ...."
"ဟဲ့ ပူစူး သူ့နဲ့လိုက်သွားပြီး ရှာကြည်စမ်း.... ဒေါ်သုန်က အခန်းပြင်ကစောင့်နေလိုက် "
ဒေါ်ခင်အေး၏ စကားဆုံးသည်နှင့် သလင်းဖြူသည် ဆယ့်သုံးလေးနှစ်အရွယ် ပူစူးနှင့်အတူ စတိုခန်းရှိရာကို သွားလိုက်သည်။စိတ်ထဲမှ ဒေါသနှင့်ဝမ်းနည်းမှု များကို ခံစားနေရသော်လည်း မျက်ရည်မကျအောင်ထိန်းရင်း အံကိုကြိတ်ထားမိလေသည်။
ပူစူးကို အဝတ်အစားများကို သေချာ ခါပြလိုက်ပြီး စာအုပ်လေးကိုပါ ခါချပြလိုက်တယ်။ ပူစူး ကတော့ ကလေးပီပီ စာအုပ်ကို စိတ်၀င်စားဟန် မပြသောကြောင့် သလင်းဖြူ သက်ပြင်းကို မသိမသာ ချလိုက်မိလေသည်။
~~~~
" မတွေ့ပါဘူး ကြီးကြီး "
ပူစူး၏ စကားကြောင့် အခန်းထဲရှိ လူများမှာ သလင်းဖြူထံသို့ အကြည့်များ ရောက်ရှိ လာကြပြန်လေသည်။
"သမီး ရွှေရည် အထားများမှားသလားကွယ် ... သမီး အခန်းထဲမှာ သွားကြည့်ပါအုံး "
ဒေါ်ကြည်အေးသည် အခြေအနေကို ကြည့်ပြီး ဝင်၍ ပြောလိုက်လေသည်။
" သမီး စစ်ပြီးပါပြီး ကြီးကြီး ... မနက်က သေသေချာချာကို ထည့်သွားခဲ့တာပါ "
" ကဲ ...ဒါဆိုလဲ သေချာအောင် သမီးရွှေရည်ရဲ့ အခန်းထဲမှာရော ... သလင်းဖြူ ရဲ့ အခန်းထဲမှာပါ ရှာကြ ကြည့်ကြမလား မမကြည် ..."
"အေး ဟုတ်တယ် .. ယောင်းမပြောသလို ရှာကြတာကောင်းမယ်ထင်တယ် ...ကဲပါ ...မမကြည်ရယ်...ညီမတို့ သွားရှာကြတာပေါ့ "
ဒေါ်ကြူကြူ၀င်း၏ အပြောကို ဒေါ်ခင်အေးက ထောက်ခံပြီး အပေါ်ထပ်သို့ တက်ရန်ပြင်ကြလေသည်။
သလင်းဖြူလည်း စိတ်ပျက်လက်ပျက်နှင့် အပေါ်ထပ်သို့ လိုက် တက်ခဲ့ရလေသည်။
အောက်ထပ် ဧည့်ခန်းထဲမှာတော့ ထွဋ်ခေါင်တို့ သားအမိနှင့် ဒေါ်ကြူကြူဝင်းသာ ကျန်ရစ်ခဲ့လေသည်။
~~~~~
ရွှေရည်ဝင်း၏ အခန်းကို ရှာဖွေနေကြစဉ်မှာ သလင်းဖြူလည်း အခန်းပေါက်ဝနားတွင် ရပ်၍နေရလေသည်။
"ကဲ ....ဒီမှာတော့ မရှိဘူး...သလင်းဖြူ အခန်းကို သွားရှာကြည့်ရအောင် မမကြည် "
~~~
ဗီရို၏အောက်ခြေပြား အလယ်လောက်တွင် တိတ်နှင့်ကပ်ထားပုံရသော စာအုပ်လိုလို ၊ စာအိပ်လိုလို အရာတစ်ခုကိုစမ်းမိလိုက်သောကြောင့် သလင်းဖြူ လက်ကို ဆန့်တန်း၍ အားနှင့်ဆွဲယူလိုက်သည်။သို့သော်လည်း ထိုအရာမှာ တော်တော်နှင့် ပါမလာဘဲ သလင်းဖြူ၏ လက်တစ်ခုလုံး နာကျင်သွားရလေသည်။ခန္ဓာကိုယ်မှာလည်း ကြမ်းပြင်ပေါ်တွင် ပြားပြားဝပ်အောင်မှောက်ထားရသောကြောင့် မတော် ဗီရိုကြီးများလဲကျလျှင်ဟု တွေးမိပြီး ရင်ခုန်သံတွေ တဒိန်းဒိန်းမြည်အောင်ပင် ခုန်လှုပ်၍ နေလေသည်။အတန်ကြာအောင် ကြိုးစားအားထုတ်ပြီးချိန်မှာတော့ ဗီရိုအောက်ခြေမှ အရာသည် သလင်းဖြူလက်ထဲသို့ ပါ့လာလေသည်။သလင်း ဖြူ မျှော်လင့်တကြီးနှင့် ကြည့်လိုက် မိသောအခါ သာရေး အဖုံးလေးနှင့် သေသပ်စွာချုပ် လုပ်ထားသော လက်တစ်ဝါးစာ အရွယ် ခပ်ပြားပြား စအုပ်လေးတစ်အုပ်ကို တွေ့လိုက်ရလေသည်။
"ဟင် ... စာအုပ်လေးပဲ "
သလင်းဖြူ နှုတ်မှ ရေရွတ်လိုက်မိပြီး စာအုပ်လေးကို လှန်လော ကြည့်လိုက်လေသည်။ထိုအခါ စာအုပ်ကြားထဲမှ စာရွက်ခေါက်လေးတစ်ရွက် ညှပ်ထားသည်ကို တွေ့လိုက်ရလေသည်။ သလင်း ဖြူလည်း စာရွက်ခေါက်လေးကို ခပ်မြန်မြန်ပင် ဖွင့်၍ဖတ်ကြည့်လိုက်သည်။
" သို့ ....
အေးရေ ... လဆန်းတစ်ရက်နေ့ အစ်ကို လာခဲ့မယ် ... နေ့ခင်းလောက်မှာ အိမ်ကိုပဲ အစ်ကိုလာခဲ့မယ်နော် ... ခြံနောက်ဖက်က ပဲဝင်ပြီး နောက်ဖေးလှေကားကပဲ တက်လာခဲ့မယ်လေ ....အဲ့ဒီနေ့ကျရင် အေးက နေမကောင်းဘူးလို့ အကြောင်းပြပြီး ရက်ကန်းရုံကို လိုက်မသွားနဲ့နော် ..
ချစ်တဲ့
အစ်ကို "
သလင်းဖြူ စာကို ဖတ်ပြီး စဉ်းစားနေမိသည် ။စာက လွန်ခဲ့သော သုံးလခန့်က ရေးထားခဲ့သော စာဖြစ်သည်။စာအရဆိုလျှင် ထိုနေ့က ဒေါ်လေးသည် အိမ်ကြီးထဲမှာပင် ချစ်သူနှင့် ချိန်းတွေ့ခဲ့သည်မှာ သေချာသည် ။ သည်သို့ဆိုလျှင် ဒေါ်လေးသည် အမှန်တကယ်ပင် ချစ်သူနှင့် လိုက်ပြေးသွားခဲ့လေ သည်လား။စဉ်းစားရင်းနှင့်ပင် သလင်းဖြူ ခေါင်းထဲမူနောက်လာမိသည်။စာရွက်ကလေးကို ပြန်ခေါက်လိုက်ပြီး စာအုပ်ကြားထဲသို့ ညှပ်လိုက်သည်။ထို့သို့ စာရွက်ကို ညှပ်လိုက်စဉ်မှာပင် မြင်လိုက်ရသော စာကြောင်းလေးကြောင့် သလင်းဖြူ မင်သက် အံ့ဩမိသွားလေသည်။ထိုစာကြောင်းလေးမှာတော့
" ဒေါ်သီက ငါတို့အိမ်ကို ဘာလာလုပ်တာလဲ ... အဝတ်နက်ကြီးခြုံပြီး ဒေါ်သီနဲ့ စကားပြောနေတာ ဘယ်သူလဲ "
စာကြောင်းများကို ဖတ်နေရင်းမှ သလင်းဖြူ၏ လက်တွေ တဆတ်ဆတ် တုန်ယင်လာမိလေသည်။
"သလင်းဖြူ ..သလင်းဖြူရှိလား "
ထိုသို့ရှိစဉ်မှာပင် လှေကားထစ်များမှ သလင်းဖြူ၏ နာမည်ကို အော်ဟစ်ခေါ်လိုက်သော အသံကြောင့် သလင်းဖြူမှာ ဆတ်ခနဲ တုန်လှုပ်သွားမိပြီးလျှင် စာအုပ်ကို ခါးကြားထဲသို့ထိုးထည့်လိုက်ပြီး အခန်းထဲမှ ထွက်ကာ အိမ်သာခန်းဘက်သို့ ခပ်သုတ်သုတ် လျှောက်သွားလိုက်လေသည်။
"သလင်းဖြူ ...သလင်းဖြူ ဘယ်မှာလဲ ...အခန်းထဲမှာလဲ မရှိဘူးမမကြီး "
" ကျွန်မ အိမ်သာတက်မှာပါ ဒေါ်ကြီးသုန် ...ဘာကိစ္စရှိလို့လဲ "
ဒေါ်သုန်၏ တကြော်ကြော် အော်ဟစ်ခေါ်သကို သလင်းဖြူက ခပ်တည်တည်နှင့်ပင် လှမ်း၍ ထူးလိုက်လေသည်။
"မင်းကို ...မမကြီးတို့ခေါ် နေတယ် ...အောက်ထပ်ကို မြန်မြန်ဆင်းလာခဲ့ "
မာမာထန်ထန်နှင့် ပြောလာသော ဒေါ်သုန်၏ စကားကြောင့် သလင်းဖြူ ရင်တထိတ်ထိတ်နှင့်ပင် အောက်ထပ်သို့ ဆင်းလာခဲ့လိုက်သည်။
~~~~
"သလင်းဖြူ လာအုံး ...ဒီမှာလာထိုင်စမ်း ... ပြီးရင် မှန်မှန်ပြောနော် ...လိမ်ဖို့ မစဉ်းစားနဲ့ ... ကြီးကြီးက လိမ်တာကို အမုန်းဆုံးပဲနော် "
"ဟုတ် ...ဟုတ်ကဲ့ ကြီးကြီး "
သလင်းဖြူ အောက်ထပ် ဧည့်ခန်းထဲသို့ ရောက်သောအခါ ဧည့်ခန်းထဲတွင် ကြီးကြီးကြည်အေး၊ ကြီးကြီးခင်အေးနှင့် ရွှေရည်ဝင်းတို့ သားအမိကို တွေ့ရလေသည်။ပြီးလျှင် ထွဋ်ခေါင်နှင့် အတူထိုင်နေသော ခန့်ခန့် ချောချော အမျိုးသမီးကြီး တစ်ယောက်ကိုလည်း တွေ့ရလေသည်။သလင်းဖြူမှာ ဧည့်ခန်းထဲသို့ ရောက်သည်နှင့် ကြီးတော်ဖြစ်သူ၏ ဒေါသသံနှင့် ပြောလိုက်ခြင်းကို ခံလိုက်ရသောကြောင့် ဘုမသိဘမသိနှင့် ခေါင်းငြိမ့် အဖြေပေးလိုက်ရလေသည်။
" သေချာလဲ ရှာကြပါအုံးရှင်.... သူစိမ်းဆိုလို့ ကျွန်မတို့ သားအမိပဲရှိတော့ နေရခက်လို့ပါရှင် "
မျက်နှာစိမ်းအမျိုးသမီးကြီးက သလင်းဖြူကို မသိမသာ အကဲခတ်၍ ပြောလိုက်လေသည်။
" အို ..မဟုတ်တာရှင် ... ဒီလိုမပြောပါနဲ့ ...တရားခံကို သိပြီးသားပါ ...ဒါကြောင့်မို့လဲ အစ်မကြီးတို့ စိတ်ရှင်းသွားအောင် အားလုံးရှေ့မှာ မေးမလို့ပါ "
ဒေါ်ကြူကြူဝင်းသည် မျက်နှာစိမ်း အမျိုးသမီးကို ကြည့်၍ ပျာပျာသလဲပင် ပြောဆိုလိုက်လေသည်။
" သလင်းဖြူ ..မင်း ဘယ်သူ့ကိုမှ မပြောဘဲ ဘာလို့ ရက်ကန်းရုံက ပြန်လာတာလဲ ... မဟုတ်မှ ရုံးခန်း အံဆွဲထဲက ရွှေရည်ဝင်းရဲ့ ဘယက်ကို ယူလာတာလား ... ဒီတစ်မနက်လုံး ရုံခန်းထဲကို ကြီးကြီးတို့ လေးယောက်ကလွဲပြီး ဘယ်သူ့ကိုမှ အဝင်ခံခဲ့တာ မဟုတ်ဘူးနော် ..အဲဒါကြောင့် မှန်မှန်ပြော "
"ရှင် "
ကြီးတော်ဖြစ်သူ၏ အမေးကြောင့် သလင်းဖြူ ကြောင်အမ်းအမ်းနှင့်ကြီးတော်ဖြစ်သူကို မော့ကြည့်လိုက်မိလေသည်။
====================
အပိုင်း ( ၁၄ ) ဆက်ရန်
ဧကြည်ဖြူ
သလင်းဖြူ ပြောပြီးသည်နှင့် စက်ဘီးကို တွန်း၍ ပြန်ရန် ပြင်လိုက်သည်။ထိုအခါ စိုင်းလွှမ်းသည် သလင်းဖြူကို လှမ်း၍ မေးလိုက်သည်။
"သူတို့တွေနဲ့ ပတ်သက်ပြီး မင်းရင်ထဲက သံသယတွေရော ရှင်းသွားပြီလား "
"ဟင့်အင်း ...အခုမှ စရှာတုန်းလေ ... သံသယရှင်းတဲ့နေ့က မိုးနှဲကနေ ပြန်တဲ့နေ့ပဲ "
~~~~
နေ့ခင်း နှစ်ချက်တီးဆိုသည်မှာ လူတွေသွားလာလှုပ်ရှားနေကြသောအချိန်ပင်။သို့သော်လည်း သလင်းဖြူတို့၏ ဆွေးမျိုးတစ်စုပိုင် အဝါရောင်တိုက်ကြီးထဲမှာတော့ လူသူလေးပါး ကင်းရှင်းပြီး တိတ်ဆိတ်၍နေလေသည်။သည်လို အချိန်ဆို ခြံကြီးထဲမှာရော တိုက်ကြီးထဲမှာပါ ဒေါ်သုန် နှင့်အတူ ထမင်းချက် အမျိုးသမီးနှင့် ပူစူးမတို့သာရှိသည်။သည်လိုအချိန်သည် ညဘက်များထက်ပင် ပို၍ ရှာလို့ အဆင်ပြသောအချိန်ဖြစ်သည်။သည်နေ့အဖို့တွင် ဦးငယ်အပါအဝင် ကျန်လူများ၏ အသွားအလာကို သိထားသောကြောင့် သလင်းဖြူ အိမ်ထဲတွင်ရှာဖွေရန် ရက်ကန်းရုံမှ အသာလစ်ထွက်လာခဲ့ခြင်းဖြစ်လေသည်။
~~~~~~~
နေ့ခင်ကြီးမှာပင် ဒေါ်လေး၏ အခန်းထဲသို့ဝင်လိုက်သည်နှင့် သလင်းဖြူ တစ်ကိုယ်လုံး စိမ့်ခနဲဖြစ်သွားပြီးလျှင် ချမ်းစိမ့်စိမ့်ဖြစ်သွားသလိုပင် ခံစားလို က်ရလေသည်။သည်ကြားထဲ နံရံတွင် ချိတ်ထားသော ဒေါ်လေး၏ ဓါတ်ပုံကိုကြည့်ရင်း သလင်းဖြူ ကျောချမ်းမိသောကြောင့် မနည်းပင် အားတင်းထားရလေသည်။
" ဒေါ်လေးသေပြီလို့ ဘယ်သူက ပြောလို့ ငါက ကြောက်နေရမှာလဲ ... ဒီနေ့ တော့ ဒီအခန်းထဲကနေ သဲလွန်စတစ်ခုခုရအောင် ရှာရမယ် ..."
သလင်းဖြူ ဒေါ်လေး အခန်းထဲ အနှံ့ ရှာကြည့်လိုက်သည်။ စင်ပေါ်တွင် တင်ထားသော စာအုပ်များကိုလည်းလှန်လှောရှာကြည့်လိုက်သည်။မတွေ့ ။ဘာဆိုဘာမျှမတွေ့ပါချေ။မိနစ် အတော်ကြာ အခန်းထဲတွင် ရှာပြီးသည့်နောက်တွင် သလင်းဖြူ စိတ်ပျက်လက်ပျက်နှင့် ခုတင်ပေါ်ထိုင်ချလိုက်သည်။ထိုအခါ ဒေါ်လေး ၏ ဓါတ်ပုံနှင့် မျက်နှာချင်းဆိုင် ထိုင်ကြည့်နေကြသလို ဖြစ်သွားလေရာ သလင်းဖြူ တစ်ကိုယ်လုံး ကြက်သီးတွေ ဖြန်းခနဲ ထလာသည်။အာခေါင်တွေ ခြောက်ပြီး ရေပါငတ်သလိုဖြစ်လာသည်။သလင်းဖြူ ထိုင်နေရာမှ ဆတ်ခနဲ ထလိုက်ပြီး ဓါတ်ပုံကို ဖြုတ်ကြည့်လိုက်သည် ။ရုပ်ရှင်တွေ စာအုပ်တွေထဲမှာတော့ ပစ္စည်းတစ်ခုခုဖွက်ချင်လျှင် ဓါတ်ပုံ၏ နောက်ကျောတွင် ဖွက်ထားတတ်ကြသည်ကို မြင်ဖူးသည်ပင်။ သလင်း ဖြူ မျှော်လင့်တကြီးနှင့် ဓါတ်ပုံကို ဖြုတ်ကြည့်လိုက်သော်လည်း မျှော်လင့်ချက် များပျက်စီးသွားရလေသည်။ဟိုရှာ သည်ရှာ ရှာနေရင်းရင်းမှ သလင်းဖြူ ကိုယ့်အဖြစ်ကိုယ်တွေးမိပြီ စိတ်ပျက်လာမိသည်။ သလင်းဖြူ အဖြစ်က ရန်ကုန်ပြန်ဖို့လည်း အဆင်မပြေ ။ သည်မှာ ဆက်နေတော့လည်း လိုအပ်သည့် ငွေမရရှိခြင်းကြောင့် လူမှာ ရူးသလိုနှမ်းသလိုနှင့် သံသယ၀င်သောရောဂါများ ရနေပြီလေလားဟု ထင်လာမိလေသည်။ယခုလည်း သလင်းဖြူသည် အဒေါ်ဖြစ်သူ၏ အခန်းထဲသို့ဝင်ကာ ဘာကို ရှာလို့ရှာနေမိမှန်း မသိဖြစ်လာသည်။ကျယ်ဝန်းလှသော ဤခြံကြီးနှင့် ကြီးမားသော ဤတိုက်ကြီးထဲတွင် သလင်းဖြူ ဘာကို ရှာနေမိမှန်း ကိုယ့်ကိုယ်ကိုပင် မသိတော့လောက် အောင် ဖြစ်လာမိလေသည်။
သလင်းဖြူ စိတ်ဓါတ်ကျကျနှင့် ဒေါ်လေး အိပ်ရာပေါ်သို့ ခန္ဓာကိုယ်ကို လှဲချလိုက်မိလေ သည်။
" ထလေ...ထလို့ ..."
အိပ်ချင်လွန်းသောစိတ်ကြောင့် မျက်လုံးများမဖွင့်နိုင်လောက်အောင် ကျိန်းစက်ဖန်တွ နေသည့်ကြားမှပင် အမိန့်ပေးသံလိုလို အသံကြောင့် သလင်းဖြူ အိပ်ချင်မူးတူးနှင့် အသံပိုင်ရှင်ကို မော့ကြည့်မိလိုက်သည်။
"ဟင် ....ဒေါ်...ဒေါ်လေး ... ဒေါ်လေး မသေဘူးနော် "
သလင်းဖြူက ဝမ်းသာအားရပြောလိုက်သော်လည်း ဒေါ်လေးသည် စကားတစ်ခွန်းမျှ ပြန်မပြောဘဲ သလင်းဖြူကို စူးစူးရဲရဲ တစ်ချက်ကြည့်ပြီးနောက် ချာခနဲ ကျောခိုင်းသွားပြီးလျှင် နံရံဘေးတွင် ကပ်ထားသော ဗီရိုကို တွန်းလှဲပစ်လိုက်လေသည်။
"မ ....မလုပ်နဲ့ ဒေါ်လေး "
"ဝုန်း "
"အား "
သလင်းဖြူအော်ဟစ် တားမြစ်နေသည့်ကြားမှပင် ဗီရိုကြီးသည် ဝုန်းခနဲ ပြိုလဲကျလာသောကြောင့် သလင်းဖြူ အထိတ်တလန့် အော်ဟစ်လိုက်မိလေသည်။ထို့နောက် အသံများ ပြန်လည် တိတ်ဆိတ်၍သွားသည်။
" ကျွီ....ကျွီ "
တိတ်ဆိ ငြိမ်သက်သွားသော အချိန်တွင် သလင်းဖြူ၏ နားထဲတွင် တံခါးဖွင့်သံလိုလို ခပ်တိုးတိုး အသံတစ်သံကို ကြားလိုက်ရသောကြောင့် သလင်းဖြင့် ငေါက်ခနဲ ထထိုင်လိုက်မိသည်။ ထိုအခါမှပင် သလင်းဖြူ အိပ်ပျော်သွားပြီးနောက် အိပ်မက်မက်နေမှန်း သိလိုက်ရလေသည်။အိပ်မက်ဟု ဆိုသော်လည်း တကယ်ဖြစ်နေသကဲ့သို့ပင် ခံစားနေရလေသည်။သလင်းဖြူ မဝံ့မရဲနှင့် ဗီရိုကို လှမ်း၍ ကြည့်လိုက်မိလေသည်။ထိုအခါ ခပ်ဟဟ ပွင့်နေသော ဗီရိုတံခါးကို တွေ့လိုက်ရသောကြောင့် သလင်းဖြူ ကြောင်ငေးငေးနှင့် ကြည့်နေမိသည်။ သေချာသည်မှာ ခပ်စောစောတုန်းက သလင်းဖြူ ဗီရိုတံခါးကို သေသေချာချာပင် ပြန်ပိတ်ထားခဲ့သည်လေ။သလင်းဖြူ တုန်တုန်ယင်ယင်နှင့် ဗီရိုနားသို့ လျှောက်သွားလိုက်သည် ။ပြီးလျှင် ဗီရို၏နေရာအနှံ့သို့ လက်နှင့် အသေအချာ စမ်း၍ရှာကြည့်လိုက်မိသည်။
" ဟင် ... ဒါဘာလဲ "
ပြောနေစဉ်မှာပင် သော့မှာ မှန်သွားသောကြောင့် သော့ခလောက်မှာ ချောက်ခနဲ ပွင့်သွားလေသည်။သော့ပွင့်သွားသည်နှင့် သလင်းဖြူ သံပန်းတံခါးကိုဖွင့်ရန် ပြင်လိုက်စဉ်မှာပင် နောက်မှ လုတစ်ယောက်၏ ဖမ်းဆွဲချုပ်နှောင်ခြင်းကိုခံလိုက်ရလေသည်။
" ဟေ့ ...ဒီမှာ မင်းဘာလုပ်နေတာလဲ ...မင်းရူးနေတာလား ... မင်းသေချင်လို့လား ပြောလေ "
" ကိုထွဋ်ခေါင် ရှင် .. ရှင် ....ဒါဘာလုပ်တာလဲ ... လွှတ် .. အခုချက်ချင်းလွှတ်....ဟိုမှာ ကျွန်မသူငယ်ချင်းဆီ သွားမလို့ "
သလင်းဖြူသည် မိမိအား ဖမ်းဆွဲချုပ်နှောင်ထားသူမှာ ထွဋ်ခေါင်မှန်းသိလိုက်ရသောအခါ အတင်းဆောင့်ရုန်း၍ ရန်တွေ့လိုက်လေသည်။
"ဒီမှာ ... မင်း ဘာတွေ ပြောနေတာလဲ ..ဘယ်မှာလဲ မင်းသူငယ်ချင်း ... ခုနကတည်းက အပေါ်က လှမ်းကြည့်နေတာ ခွေးနက်ကြီးတစ်ကောင်ပဲ တွေ့တယ် ...ဟိုမှာ တွေ့လား ခွေးကို ...ခွေးရဲ့မျက်လုံးတွေကို ကြည်စမ်း..ခွေးကရူးနေတာလား မသိဘူး ...ခုချိန်သာ မင်းအပြင်ကို ရောက်သွားကြည့်ပါလား ... မင်း ခန္ဓာကိုယ်က အရိုးတစ်ခြား အသား တစ်ခြားဖြစ်သွားမယ်သိရဲ့လား "
"ဘာလဲ ..ဘာတွေ ပြောနေတာလဲ ..ဘယ်မှာလဲခွေးနက်ကြီး ... ဟင် "
သလင်းဖြူ ထွဋ်ခေါင်ကို တွန်းတိုက်ရန်တွေ့လိုက်ပြီး ခြံဝရှိ ခိုင်လွှမ်း ရပ်နေသော နေရာသို့ လှမ်းကြည့်လိုက်သောအခါ သလင်းဖြူ အံ့သြလွန်း၍ ကြက်သေသေသွားမိလေသည်။ထွဋ်ခေါင် ပြောသလိုပင် ။ခပ်စောစောက စိုင်းလွှမ်း ရပ်နေသော နေရာတွင် ခွေးနက်ကြီးတစ်ကောင် ရှိနေသည်ကိုတွေ့လိုက်ရလေသည်။သလင်းဖြူ ထိတ်လန့် တုန်လှုပ်လျက် စိုင်းလွှမ်းကို လိုက်လံ ရှာကြည့်လိုက်မိလေသည်။ထိုသို့ သလင်းဖြူ စိုင်းလွှမ်းကို ရှာဖွေနေစဉ်မှာပင် ခွေးနက်ကြီးသည် ရွာထိပ်ဘက်သို့ တစ်ဟုန်ထိုးပြေးထွက်ပျောက်ကွယ်သွားလေသည်။သလင်းဖြူ နားမလည်နိုင်စွာပင် ထွဋ်ခေါင်ကို ပြောလိုက်သည်။
" ခုန ပိတောက်ပင်အောက်မှာ ကျွန်မသူငယ်ချင်း ရပ်နေတာရှင့် ... ကျွန်မ အကြည့် မှားတာ မဟုတ်ဘူး သေချာတယ် ..သူ့အသံကိုပါ ကျွန်မကြားလိုက်ရတာ "
" မဖြစ်နိုင်တာကွာ အပေါ်ကနေ လှမ်းမြင်နေရတာပဲ ...ကိုယ်တော့ ခွေးတစ်ကောင်ကလွဲရင် ဘာကိုမှ မမြင်ဘူး ....မင်းက တံခါးဖွင့်ပြီး အဲ့ဒီခွေးဆီသွားဖို့ လုပ်နေတာမြင်လို့ ကိုယ်ပြေးဆင်းလာခဲ့တာပဲ ...ခွေးကိုကြည့်ရတာလဲ ခွေးကောင်းပုံစံမဟုတ်ဘူး "
သလင်းဖြူ စိတ်ရှုပ်ထွေးစွာ တံခါး၀ဆီမှ ခွါလိုက်ပြီးလျှင် ကွပ်ပျစ်ပေါ်တွင် အရုပ်ကြိုးပြတ် ထိုင်ချလိုက်မိသည်။
ထွဋ်ခေါင်သည် ခြံတံခါးကို သော့ပြန်ခတ်နေရင်းမှ စိတ်ရှုပ်ထွေးစွာ ခေါင်းကို ခါယမ်းလိုက်မိလေသည်။
"ဘာဖြစ်နေကြတာလဲ "
ထိုစဉ်မှာပင် တိုက်ကြီးထဲမှ ရွှေရည်ဝင်းထွက်လာပြီး လှမ်းမေးလေသည်။
"ဘာမှ မဟုတ်ပါဘူး ရွှေရည် ....ခွေးရူးတစ်ကောင် တွေ့လို့ပါ ''
ထွဋ်ခေါင်က ရွှေရည်ဝင်း၏ အမေးကို ဖြေလိုက်သည်။
"ဪ ... ဟုတ်လား ..... ဘာများဖြစ်တာလဲလို့ ရွှေရည်က စိုးရိမ်သွားမိတာ ...ကိုထွဋ်ခေါင် အပေါ်တက်ချင် တက်တော့လေ ...ရွှေရည်တို့ ညီအစ်မ လေးညှင်းခံးရင်းစကားပြောလိုက်အုံးမယ် "
" ဒါဆို ...ကိုယ့်ကို ခွင့်ပြုပါအုံး ရွှေရည် "
ထွဋ်ခေါင်နှင့် ဝေထွန်းတိုက်ကြီးထဲသို့ ဝင်သွားကြသည်နှင့် ရွှေရည်ဝင်းက သလင်းဖြူကို ကြည့်လိုက်ပြီး ခပ်ထေ့ထေ့ ပြောလိုက်သည်။
" ဘာဇာတ်လမ်းတွေ ထွင် ပြန်ပြီလဲ သလင်းဖြူ ..."
"ဘာဇာတ်လမ်းထွင်ရမှာလဲ ...မဟုတ်တာတွေ စွပ်စွဲအုံးမလို့လား "
" မဟုတ်တာတွေ ဟုတ်လား ... နှစ်ယောက်သား တံခါးနားမှာ ပူးကပ်ပြီး လူမြင်လို့ မကောင်းဖြစ်နေတာလေ ... "
" နင်မှားနေပြီ ရွှေရည် ...အဲ့ဒါ မတော်တဆ ဖြစ်တာ ... နင်စိတ်ထင်တာ လျှောက်ပြောမနေနဲ့ "
" ဒါဆိုလဲ ပြီးတာပဲလေ ... လာမဲ့ တစ်ရက်နှစ်ရက်အတွင်းမှာ ကိုထွဋ်ခေါင်ရဲ့ အမေလာလိမ့်မယ် ..အဲ့ဒီကျရင် ငါနဲ့ ကိုထွဋ်ခေါင် ကိစ္စကို လူကြီးတွေ ဆွေးနွေးကြမှာ ..နင့်ကြောင့် တော့ အပျက်စီး မခံနိုင်ဘူးနော် ...သတိပေးပြီးပြီမို့ ထပ်မပြောတော့ဘူး "
ပြောချင်ရာပြောပြီး ထွက်သွားသော ရွှေရည်ဝင်းကို ကြည့်ပြီး သလင်းဖြူ သက်ပြင်းကိုချရင်း ခေါင်းကို ခါယမ်းလိုက်မိသည်။
~~~~~~
"ဟင် ... မင်းဆီကို ငါမလာပါဘူး ဖြူလေးရယ် .ဘာဖြစ်လို့လဲဟင် "
စိုင်းလွှမ်းက သလင်းဖြူ အမေးကို ပြန်ဖြေလိုက်ရင်း နားမလည်နိုင်စွာ မေးလိုက်လေသည်။
သလင်းဖြူမှာ စိုင်းလွှမ်း၏ အမေးကြောင့် ဘာမျှ ပြန်မပြောနိုင်ဘဲ သက်ပြင်းကို အခါခါ ချလိုက်မိလေသည်။
"ငါတော့ တစ်ခုခုဖြစ်နေပြီထင်တယ်ဟာ ...မကြာခဏဆိုသလို နင့်အသံနဲ့ နင့်ကို မြင်နေမိတယ်...ငါဘာများ ဖြစ်နေတာလဲ မသိပါဘူး စိုင်းလွှမ်းရယ် "
သလင်းဖြူ ပြောလိုက်သောအခါ စိုင်းလွှမ်းလည်း မြေပြင်ပေါ်မှ သဲများကို လက်နှင့် ထိုးဖွလိုက်ပြီး ခပ်တိုးတိုးပြောလိုက်လေသည်။
"ငါလည်း မင်းကို အမြဲသတိရပြီး ...မြင်ယောင်နေမိတာ "
စိုင်းလွှမ်း၏ စကားကြောင့် သလင်းဖြူမျက်လွှာကိုချပြီး ခဏတာမျှငြိမ်သက်နေမိသည်။အတန်ကြာမှ သလင်းဖြူ ထိုင်နေရာမှ ထရပ်လိုက်ပြီး စိုင်းလွှမ်းကို နှုတ်ဆက်လိုက်သည်။
"ငါပြန်လိုက်အုံးမယ် ...ခုချိန်လောက်ဆို ကြီးကြီးတို့ ထမင်းစားလို့ ပြီး လောက်ပြီ ...တော်ကြာခိုင်းစရာရှိလို့ ငါ့ကို ရှာနေမှာစိုးလို့ "
ဧကြည်ဖြူ
'' အဝါရောင် ရဲတိုက် "
အပိုင်း (၁၃ )
****
"ဦး...ဦးငယ် "
"မင်း ဒီနေရာမှာ ဘာလုပ်နေတာလဲ"
" ဟို .... ဟို ....ဓါတ်ပုံရိုက်ပြီး ဖေ့ ...ဖေ့ဘုတ်ပေါ်တင်မလို့ပါ ဦးငယ်"
ဒေါသတကြီးနှင့် မေးလာသော ဦးလေးဖြစ်သူကြောင့် သလင်းဖြူ တုန်တုန်ယင်ယင်နှင့် ဖြေလိုက်မိသည်။
"ဓါတ်ပုံ ရိုက်စရာနေရာ ဒီလောက်ပဲ ရှားနေတာလား ... တစ်ခြံလုံး ကြိုက်တဲ့နေရာ ရိုက်ပါလား ... နေရာတွေ ဒီလောက်ပေါ်နေတာကို...ဒါက အဘိုးအဘွားတွေရဲ့ နေရာလေ ....မင်းဒါလေးတောင် နားမလည်ဘူးလား "
"ဟို ... ဟို ...သ...သမီးက ... အဘိုးနဲ့ အဘွားရဲ့ အုတ်ဂူကို ...သူ ... သူငယ်ချင်းကို ပြချင်လို့ပါ "
မကြုံစဖူး ဒေါသအကြိအကျယ်ထွက်နေသော ဦးလေးဖြစ်သူ ကြောင့် သလင်းဖြူ အထစ်ထစ်အငေါ့ငေါ့နှင့် ပြန်ဖြေလိုက်မိသည်။
" ကဲ ...ကဲ တော်ပြီ ...နောက်ဆို ဒီနေရာကို မလာပါနဲ့ ကြားလား ... မြွေပါးကင်းပါးနဲ့ ...မတော် တစ်ခုခုဖြစ်ရင် ဘယ်သူမှ သိမှာမဟုတ်ဘူး "
သလင်းဖြူ၏ အသံမှာ တုန်ယင်၍ ငိုသံများပါ ပါနေသောကြောင့်ထင်သည်။ ဦးမျိုးအောင်က လေသံကို လျှော့၍ ပြောလိုက်လေသည်။
သလင်းဖြူလည်း ဦးလေးဖြစ်သူ၏ မယုံကြည်နိုင်ဖွယ် အပြုအမူများကြောင့် အထိတ်ထိတ် အလန့်လန့်နှင့် ပင် နေရာမှ ထွက်ခွါရန်ပြင်လိုက်သောအခါ ဦးလေးဖြစ်သူ၏ စကားသံကို ကြားလိုက်ရလေသည်။
"တူမကြီး နိုင်ငံခြားသွားဖို့ ငွေလိုလို့ ဆို ..မမကြီး ပြောတာပဲ ဟုတ်လား "
"ဟုတ် ...ဟုတ်ကဲ့ ဦးငယ် "
ဦးလေးဖြစ်သူ၏ အမေးကြောင့် သလင်းဖြူ မရဲတရဲနှင့် ခေါင်းငြိမ့်ပြရင်း ပြန်ဖြေလိုက်သည်။
"ဘယ်လောက်လိုတာလဲ "
" ကုန်ကျစရိတ်တင် လေးငါးခြောက်ဆယ်လောက်ကုန်မယ် ...ဒါပေမဲ့ အဲ့ဒီငွေက သုံးလေးလအတွင်း ပြန်ရမှာပါ ဦးငယ် "
သလင်းဖြူ၏ အဖြေကြောင့် ဦးရန်နောင်ထွေး တစ်ယောက် သက်ပြင်းကို ချလိုက်သည်။
"အင်း နည်းတော့မနည်းဘူးပဲ ...ဦးငယ်လဲ ပြောကြည့်ပေးပါ့မယ် ဟုတ်ပြီလား "
"ဟုတ် ... ဟုတ်ကဲ့ပါ ဦးငယ် "
သလင်းဖြူသည် ဦးလေးဖြစ်သူ၏ ပြောင်းလဲသွားသော အမူအရာနှင့် စကားများကြောင့် ခပ်စောစောက ဦးလေးဖြစ်သူအပေါ် သံသယဝင်မိသောစိတ်များမှာ တစ်မုဟုတ်ချင်း ပျောက်ကွယ်သွားရလေသည်။
~~~~
"မင်းပြောသလိုဆိုရင် ... မင်းရဲ့ဦးငယ်ကိုလဲ မသင်္ကာတဲ့ စာရင်းထဲမှာ ထည့်ရမှာပဲ "
"ဘာပြောတယ် ရှင်ရူးနေတာလား ..တစ်လောကလုံးကလူတွေ အကုန် လူသတ်သမားတွေ ဖြစ်ချင်ဖြစ်မယ် ...ဦးငယ်ကတော့ အဲ့ဒီလိုလူမျိုး မဟုတ်ဘူး သိရဲ့လား ...တစ်မျိုးလုံးက ကျွန်မတို့ မိသားစုကို အဖက်မတန်သလို ဆက်ဆံခဲ့ပေမဲ့ ဦးငယ်တစ်ယောက်ပဲ ကျွန်မတို့မိသားကို အဖက်လုပ်ခဲ့တာ သိရဲ့လား "
" ဒီမှာ ...မင်းနဲ့ငါက မသင်္ကာစရာလူကို ရှာနေတာနော်.....ဒီလို အချိန်မှာ ကိုယ်နဲ့အဆင်ပြေတဲ့သူက လူကောင်း ...အဆင်မပြေတဲ့သူက လူဆိုးလို သက်မှတ်လို့မရဘူးနော် "
" ဖြူလေး ... ဖြူလေး "
" ဟင် ...စိုင်းလွှမ်း ..စိုင်းလွှမ်းလား "
သလင်းဖြူသည် အိမ်ရှေ့ခြံတံခါးအနီးမှ သစ်ပင်ကြီးကို ဝိုင်းပတ်ခွေပြီးဆောက်လုပ်ထားသော ကွပ်ပျစ်ပေါ်တွင်ထိုင်လျက် ထွဋ်ခေါင်နှင့် မက်ဆင်ဂျာမှ စကားပြောနေခြင်းဖြစ်ပါလေသည်။ထိုစဉ်မှာပင် ခြံဝမှ သလင်းဖြူ၏နာမည်ကို ခေါ်သံကြားလိုက်ရသောကြောင့် သလင်းဖြူ ကွပ်ပျစ်ပေါ်တွင် ထိုင်နေရာမှ ခြံတံခါးနားဆီသို့ လျှောက်သွားကြည့်လိုက်သည်။ အချိန်က ညခုနစ်နာရီခန့်ရှိပြီဖြစ်သောကြောင့် လမ်းပေါ်တွင် လူရှင်း၍နေသလို ခြံထဲမှာလဲ သလင်းဖြူတစ်ယောက်သာရှိလေသည်။ခြံစောင့်အလုပ်သမားများ၏ ထမင်းစားချိန် ဖြစ်သောကြောင့် ခြံထဲမှာ သလင်းဖြူတစ်ယောက်သာ ရှိခြင်း ဖြစ်လေသည်။သည်အချိန်ဆိုလျှင် သလင်းဖြူက ရန်ကုန်မှ သူငယ်ချင်းဖြစ်သူနှင့် ဖုန်းပြောလေ့ရှိသလို တစ်ခါတစ်ရံ ဖခင်ကြီးဆီ ဖုန်းဆက်နေကြဖြစ်သောကြောင့် ဤသို့ ခြံထဲသို့ ဆင်းနေကြပင်ဖြစ်လေသည်။ သလင်းဖြူသည် စိုင်းလွှမ်း၏အသံကို ကြားလိုက်ရသောကြောင့် ခြံပြင်သို့ ထွက်ရန်အတွက် တံခါးသော့ထားရာနေရာသို့ သွား၍သော့ကိုယူလိုက်လေသည်။
~~~~---------
ထွဋ်ခေါင်သည် အပေါ်ထပ် ၀ရံတာတွင် ရပ်လျက်မှ သလင်းဖြူနှင့် မက်ဆင်ဂျာတွင် စကားပြောနေရာမှ ခြံဝမှ သလင်းဖြူ၏ အဖြစ်အပျက်များကို လှမ်းမြင်လိုက်သောကြောင့် အထိတ်တလန့်နှင့် အောက်ထပ်သို့လျှင်မြန်စွာ ပြေးဆင်းခဲ့လိုက်လေသည်။
"ဟာ ...ဒီအရူးမလေး ဘာတွေ အရူးထပြန်တာလဲ မသိဘူး .... သေတော့မှာပဲ "
" ဟာ ...ဘာ ဘာဖြစ်တာလဲ "
ဝေထွန်းသည် ဝရုန်းသုန်းကားနှင့် ပြေးဆင်းသွားသော ထွဋ်ခေါင်ကို အလန့်တကြား လှမ်းမေးရင်း သူပါ နောက်မှ ပြေး၍လိုက်ခဲ့လေသည်။
~~~~~~
"စိုင်းလွှမ်း...မိုးချုပ်မှ ဘာလို့လဲ ...ဘာအရေးကြီးလို့လဲ "
သလင်းဖြူသည် သော့ကို ပြေးသွားယူလာခဲ့ပြီးနောက် ခြံတံခါးကို ဖွင့်ဖို့ လုပ်နေရင်းမှ ခြံရှေ့ ပိတောက်ပင်ရိပ်အောက်တွင် ရပ်နေသော စိုင်းလွှမ်းကို လှမ်းမေးလိုက်သည်။
"နင့်ကို ပြန်ခိုင်းနေတာ ဘာလို့ မပြန်သေးတာပဲ ဖြူလေး "
" နင့်အသံကတစ်မျိုး ကြီးပဲ စိုင်းလွှမ်း ... နင်နေမကောင်းဘူးလား ..ခဏနော် ...ငါအပြင်ထွက်ခဲ့မယ် ... ဒီမှာ သော့တွေက အများကြီးမို့ သော့ရှာမရဘူးဖြစ်နေ့တာ"
" ချောက် "
" ဟော ..ရပြီးဟ ...မှန်သွားပြီး "
ရွှေရည်၀င်းက ကြီးတော်ဖြစ်သူနှင့် မိခင်ကြီးကို မပွင့်တပွင့် ပြန်ဖြေလိုက်သည်။
" အလုပ်တော့ အလုပ်ပေါ့ကွယ် ...ကြီးကြီး စုံစမ်းရသလောက်တော့ ... မောင်ထွဋ်ခေါင်က မျိုးကောင်းရိုးကောင်း ပညာတတ် အသိုင်းအဝိုင်းထဲကပဲ .. လက်မလွတ်စေနဲ့ပေါ့ "
"ဟုတ် ...ဟုတ်ကဲ့ပါ ကြီးကြီး "
ရွှေရည်ဝင်းသည် ကြီးတော်ဖြစ်သူကို ပြန်ဖြေလိုက်ရင်းမှ မိခင်ဖြစ်သူကို လှမ်းကြည့်လိုက်လေသည်။
ဒေါ်ကြူကြူဝင်းသည် သမီးဖြစ်သူ၏ မျက်နှာကို ကြည့်လိုက်ပြီးလျှင် ယောင်းမဖြစ်သူ ဒေါ်ကြည်အေးကို လှမ်း၍ ပြောလိုက်လေသည်။
"စိတ်တိုင်းကျတော့ ဘယ်ဖြစ်မလဲ မမကြီးရယ် ... အနှောက်အယှက်တွေကလဲ ရှိသေးတယ်လေ "
"ဟဲ့ ... ဘာအနှောက်အယှက်တုန်း "
ဒေါ်ကြည်အေးက နားမလည်ဟန်ဖြင့် မေးလိုက်လေသည်။
"မမကြီးရဲ့ တူမ သလင်းဖြူပေါ့ ... အကြောင်း မရှိ အကြောင်းရှာပြီး... မောင်ထွဋ်ခေါင်ကို လိုက်ကပ်နေတာလေ...ကြာရင် မောင်ထွဋ်ခေါင် အနေနဲ့ သမီးလေးရွှေ ရည်ကိုပါ အထင်သေးသွားမှာစိုးရတယ် "
"ဟုတ်လား ...ဒီကောင်မလေးတော့ ဒုက္ခပါပဲ ... ဒီတိုင်းတော့ လွှတ်ထားလို့မဖြစ်တော့ဘူးထင်တယ် "
~~~~
မဖြစ်မနေ ဖြစ်၍သာ သလင်းဖြူ လုပ်နေရသော်လည်း ကြောက်စိတ်ကြောင့် လူတစ်ကိုယ်လုံး တဆတ်ဆတ်တုန်နေမိသည်။ရောက်စ ကတည်းကပင် ထိတ်လန့်နေမိသောအုတ်ဂူများကြား၌ ယခုလို လူသူ တိတ်ဆိတ်နေသော အချိန်တွင် တစ်ယောက်တည်း ရှိနေရခြင်းမှာ ချောက်ချားစရာတော့ ကောင်းလှပေသည်။အဘိုးနှင့် အဘွား၏ အုတ်ဂူများဟု စိတ်ထဲသွင်းလျက် လုပ်စရာရှိသည်များကို ခပ်မြန်မြန်ပင် လုပ်ဆောင်လိုက်လေသည်။
နေ့ခင်းကြောင် တောင်ကြီး ဖြစ်သော်လည်း တိတ်ဆိတ်နေသော ခြံဝန်းကျယ်ကြီးထဲတွင် သလင်းဖြူတစ်ယောက်တည်းရှိနေသည်ကဲ့သို့ပင် ထင်ရလေသည်။သစ်ပင်များကြားမှာ သစ်ရွက်များ၏ တရှဲရှဲမြည်နေသော လေတိုးသံများကြောင့် နှလုံးခုန်သံများမှာ ပို၍မြန်ဆန်လာလေသည်။
"အုတ်ဂူတွေနောက်က ... ဆူးချုံးတောထဲကို နေရာလွတ်မကျန်အောင် ဓါတ်ပုံရိုက်ခဲ့ ...ပြီးရင် အလှဓါတ်ပုံ ရိုက်နေတယ်ထင်အောင် .. အလှဓါတ်ပုံလေးဘာလေးလဲရိုက် ...တစ်ယောက်ယောက်က တစ်နေရာရာက ကြည့်ချင်ကြည်နေနိုင်တယ် '' ဟု ထွဋ်ခေါင် ပြောစဉ်က သလင်းဖြူ ငြင်းဆန်ခဲ့ပါသေးသည်။
"ရှင်ရူးနေတာလား ...ဘယ်သူက အုတ်ဂူတွေကြားမှာ အလှဓါတ်ပုံရိုက်မှာလဲ "
"ဘယ်သူ ရိုက်ရိုက် မရိုက်ရိုက် မင်းရိုက်လေ ... မင်းပြောတော့ အဖြစ် မှန်တွေကို စုံစမ်းမှာဆို ...အဲ့ဒီနေရာကို ကိုယ်သွားလို့ အဆင်မပြေလို့ မင်းကို သွားခိုင်းတာကွ "
သလင်းဖြူသည် ထွဋ်ခေါင်၏ စကားများကို ပြန်ကြားယောင်လျက် အုတ်ဂူ နှစ်လုံး အနီးတွင် ခြေတုန်လက်တုန်နှင့် ဓါတ်ပုံရိုက်နေမိလေသည်။နေပြောက် ပင်မထိုးနိုင်လောက်အောင် သစ်ပင်ကြီးများဖြင့် အုံဆိုင်းနေသော ပတ်ဝန်းကျင်တွင် သစ်ရွက် လေတိုးသံများနင့်အတူ တစ်ချက်တစ်ချက် တွင် မည်သည့်အသံမှန်း မခွဲခြားနိုင်သည့် ချိုးချိုး ချွတ်ချွတ် မြည်သံများကိုလည်း ကြားရလေသည်။
"ဘယ်လိုပဲဖြစ်ဖြစ် လူကို သတ်ထားရင်တောင် ... ဒီနေမှာတော့ ဘယ်သူကလာထားမှာလဲ ... မသင်္ကာမှုနဲ့ ရှာမယ်ဆိုရင် ဒီနေရာကပဲ စရှာကြမှာကို မသိဘဲ နေပါ့မလား " သလင်းဖြူ စိတ်ထဲမှရေရွတ်ပြောဆိုလိုက်မိရင်း ဓါတ်ပုံများကို တစ်ပုံပြီး တစ်ပုံ ရိုက်နေမိသည်။
"မင်း ဒီမှာ ဘာလုပ်နေတာလဲ သလင်းဖြူ "
"အမယ်လေး "
သလင်းဖြူ ဓါတ်ပုံရိုက်နေစဉ်မှာပင် ဒေါသတကြီး မေးလိုက်သံနှင့်အတူ ရုတ်တရက် အနားသို့ ရောက်လာသူကြောင့် သလင်းဖြူလန့်ဖျပ်ပြီး အော်လိုက်မိလေသည်။
==================
အပိုင်း (၁၃ ) ဆက်ရန်
ဧကြည်ဖြူ
"အင်း ညဘက်ကတော့ အဆင်မပြေဘူး ... ခြံထဲမှာရှာဖို့တော့ နေ့ဘက်ပဲ အဆင်ပြေမှာ ...မင်းက အဲ့ဒီအိမ်ရဲ့သွေးသားရင်းပဲဟာ ခြံထဲကို ရှာဖို့တော့ မင်းပဲ တာဝန်ယူလိုက် ...ကိုယ်က တိုက်ကြီးနဲ့ ဂိုထောင်ကိုရှာဖို့ ကြိုးစားမယ် "
သလင်းဖြူသည် ထွဋ်ခေါင် ပြောသမျှကို နားထောင်နေရင်းမှာ နားမလည်နိုင်စွာထမေးလိုက်မိသည်။
"ဒီမှာ နေပါအုံး ... ကျွန်မတို့က ဘာကို ရှာရမှာလဲ ..ရှင်ကရော ဘာလိုချင်လို့ ကျွန်မကို ကူညီနေတာလဲ "
" ဟာ ... မင်းကွာ ဒီလောက် ပြောနေရဲ့နဲ့ နားဝေးလိုက်တာ ... သက်သေရှာရမှာလေ ...မင်း ဒေါ်လေးပျောက်နေတာကိုလဲ သေချာတဲ့သက်သေရှာရမယ် ...ပြီးတော့ မင်းကို အခုမပြောနိုင်သေးပေမဲ့ ကိုယ့်မှာလဲ အကြောင်း ရှိလို့ပေါ့ အဲ့ဒီအကြောင်းကလဲ ...မင်းနဲ့တူညီနေတာမို့ မင်းနဲ့ ပူးပေါင်းရုံပဲ .."
"ဒါဆို ရှင်က စုံထောက်လား ....ဒါမှမဟုတ် ရွှေရည်ဝင်းက ကျွန်မကို စုံစမ်းဖို့ ရှင့်ကို ခိုင်းထားတာလား "
" ဘာ မင်းရူးနေတာလား ... ဘာလို့ ပေါ့ပြတ်ပြတ်ပြောနေရတာလဲ ...ဒီကိစ္စတွေက မင်းထင်ထားတာထက် အန္တရာယ်ပိုများနိုင်တာ သိရဲ့လား ...မင်းဒီလို စိတ်ထင်ရာပြောနေတွေးနေမယ်ဆိုရင် ငါတို့ ပူပေါင်းလို့ဖြစ်မှာမဟုတ်ဘူး "
ထွဋ်ခေါင်းက လေသံမာမာနှင့် ပြောလိုက်လေသည်။
"အို ..ဒါလေး ပြောတာကို ဘာဖြစ်တာလဲ ...ကျွန်မသူငယ်ချင်းက ပြောတယ် ... ကျွန်မတို့ စိတ်ထဲကထင်နေတာလဲ ဖြစ်နိုင်တယ်တဲ့ ..အားလုံးက မတော်တဆ တိုက်ဆိုင်နေတာလဲ ဖြစ်နိုင်တယ်တဲ့ "
"ဘာ ...ဘာပြောတယ် အမိ ...မင်းသူငယ်ချင်းဟုတ်လား .ဘယ်က သူငယ်ချင်းလဲ ...သူ့ကို ဘာတွေ လျှောက် ပြောထားတာလဲ "
ထွဋ်ခေါင်သည် သလင်းဖြူ၏ ပခုံးနှစ်ဘက်ကို ခပ်တင်းတင်းဆုပ်ကိုင်၍မေးလိုက်လေသည်။
"အို ဘာဖြစ်နေတာလဲ ...ဘယ်က သူငယ်ချင်းဖြစ်ဖြစ် ရှင်နဲ့ ဘာဆိုင်လို့လဲ ....ရှင့်အကြောင်းကိုလဲ ဘာမှမပြောထားပါဘူး ...ရှင့်သာ ကြီးကြီးတို့ကို မျက်နှာလုပ်ပြီး....ကျွန်မက တစ်အိမ်လုံးကို သံသယဝင်နေတယ်ဆိုတာကို မပြောမိစေနဲ့ "
" ဆရာ .. ဆရာ့ကို မရွှေရည်ဝင်းရှာနေတယ် ဆရာ "
ထွဋ်ခေါင်နှင့် သလင်းဖြူတို့ တစ်ယောက်တစ်ခွန်း စကားများနေကြစဉ်မှာပင် ထွဋ်ခေါင်၏ မန်နေဂျာ အနားသို့ ရောက်လာသောကြောင့် နှစ်ယောက်သား တိတ်ဆိသွားကြပြီး ထွဋ်ခေါင်က သလင်းဖြူကို ကြည့်ပြီး ခပ်တိုးတိုး သတိပေး၍ထွက်ခဲ့လေသည်။
"မင်း သတိထားနေနော် "
သလင်းဖြူသည် အံကိုကြိတ်လိုက်ပြီး ထွဋ်ခေါင်ကို မျက်စောင်းဖြင့် လှမ်းထိုးလိုက်သည်။
~~~~~~
"မင်းဟာမလေးက အဆင်ပြေပါ့မလား ထွဋ်ခေါင် ...တော်ကြာ အစီအစဉ်တွေ တလွဲဖြစ်ကုန်မယ်နော် ...ငါတို့တွေ အချိန်တွေရော ... ငွေတွေရော ရင်းထားရတာနော် "
နှစ်ယောက်တည်း ဖြစ်သွားသည်နှင့့် တစ်ပြိုင်နက် မန်နေဂျာ တစ်ဖြစ်လဲဝေထွန်းက ထွဋ်ခေါင်ကို ပြောလိုက်သည်။
"စိတ်မပူပါနဲ့ ကွာ.... ငွေတွေ ရင်းထားရတယ်ဆိုပေမဲ့ ...အထည်တွေက ဆိုင်ပေါ်တင်ရောင်းရင် အရှုံးမရှိပါဘူး .... ဒီမိန်းခလေးကလဲ သိပ်ယုံလို့မရပေမဲ့ ဇွဲကြီးတဲ့သူ့အကျင့်က ငါတို့အတွက် အကူအညီ ဖြစ်လာနိုင်တယ်ကွ ... သူ့နေရာမှာ အခြားမိန်းခလေးတစ်ယောက်ဆိုရင် ပြန်ပြေးလောက်ပြီ.. သူ့မို့လို့ ဒုံပေးကက်သပ်နဲ့နေ နေတာ ...ဒါက ငါတို့အတွက် အထောက်အကူရနိုင်တယ် .. ပြီးတော့ သူ့သူငယ်ချင်းဆိုလား ပြောလိုက်တယ် ..အဲ့ဒီလူ အကြောင်းကို သေချာအောင် စုံစမ်းကြည့်ပေးအုံးကွာ"
"အေးပါကွာ ...မင်းလဲ သတိနဲ့ နေအုံး ..ရွှေရည်ဝင်းဆိုတဲ့ မိန်းခလေးကလဲ မင်းကို မျက်စိအောက်ကကို အပျောက်မခံဘူးနော် ..တော်ကြာ အထည်တွေပြီးသွားတဲ့ အထိ ... မအောင်မြင်ဘဲ နေမယ်....ဘာပဲဖြစ်ဖြစ် ကွာ ကိစ္စတွေက ငါတို့ထင်သလို မဟုတ်ရင်တော့ မင်းလဲ တောသူဌေးသားမက်လုပ်လိုက်ပေါ့ကွာ "
ဝေထွန်းက ရယ်ကျဲကျဲနှင့် ပြောလိုက်သောအခါ ထွဋ်ခေါင်က ခွန်းတုံ့ပြန်ခြင်းမရှိဘဲ ပြုံး၍သာ နေလေသည်။
~~~~~~
ရွှေရည်ဝင်းသည် ရင်တွင်းမှ ဒေါသများကို လူမမြင်အောင် ဖုံးကွယ်ထားရင်းမှ ဟန်ဆောင်ပြုံးထားရလေသည်။ထွဋ်ခေါင်သည် မိမိအပေါ် ဆက်ဆံနေပုံမှာ လုပ်ဖော်ကိုင်ဖက် အဆင့် ထက်ပိုချင်နေသည်ဟုထင်နေမိသော်လည်း ညီမ၀မ်းကွဲဖြစ်သူ သလင်းဖြူနှင့် ပတ်သက်ချင်နေသောစိတ်ကိုမူ ရွှေရည်ဝင်းမုန်းတီးလှပါလေသည်။ စိတ်ရှိတိုင်းသားဆိုလျှင် သလင်းဖြူကို အိမ်မှ အမြန်ဆုံး ထွက်သွားအောင် လုပ်ပစ်လိုက်ချင်သော်လည်း စိတ်ကို အတတ်နင်ဆုံး ထိန်းချုပ်ထားရလေသည်။မည်သို့ပင်ဖြစ်စေ ထွဋ်ခေါင်လို သူဋ္ဌေးက မိမိလို ဥစ္စာပေါရုပ်ချောသူဌေးသမီးကို လျစ်လျူရှုပြီး အလုပ်အကိုင်လဲမရှိ ရုပ်ရည်အားဖြင့်လဲ မိမိကို မမှီသော သလင်းဖြူလို လူမျိုးကိုတော့ သဘောမကျတန်ရာဟု တွေး၍ ကိုယ့်စိတ်ကိုယ် ဖြေသိမ့်တွေးဖြင့် တွေးနေရလေသည်။
"သမီးနဲ့ မောင်ထွဋ်ခေါင်တို့ အခြေအနေက ဘယ်လိုလဲကွယ် ...ခင်မင်တာထက်မပိုသေးဘူးလားကွဲ့ "
ဒေါ်ကြည်အေးက တူမဖြစ်သူကို မေးလိုက် လေသည်။ထိုအခါ ရွှေရည်ဝင်း၏ မိခင်ဖြစ်သူ ဒေါ်ကြူကြူ၀င်းကလဲ သမီးဖြစ်သူ၏ အဖြေကို စိတ်ဝင်စာစားနှင့် စောင့်စား နားထောင်နေလေသည်။
"အို ...သမီးတို့က ...ရိုးရိုးသားသားပါ ကြီးကြီးရယ် ...သူရောသမီးပါ အလုပ်ထဲမှာပဲ စိတ်နှစ်ထားကြတာပါ "
ဘကြီးဖြစ်သူ၏ စကားကြောင့် သလင်းဖြူစိတ်ညစ်သွားမိသည်။ငွေဆယ်သိန်းလောက်နှင့် ရန်ကုန်တွင် မည်သို့ဆိုင်မျိုး ဖွင့်ရပါ မည်နည်း ။သလင်းဖြူ သက်ပြင်းကို ချလိုက်မိပြီး ခေါင်းကိုငုံ့ထားမိလေသည်။ဘကြီးဦးမြင်အေး၏စကားများသည် သလင်းဖြူနားထဲသို့မဝင်တစ်ချက် ဝင်တစ်ချက်ပါပင်။
~~~~~~~
"ဘယ်လိုလဲ စိုင်းလွှမ်း ....နင်သွားကြည့်ပြီးပြီလားဟင် .. အစ်ကို စိုင်းရန်နိုင်ဆိုင်ကယ်မှောက်တာက တကယ်ပဲ မတော်တဆလား "
သလင်းဖြူသည် စိုင်းလွှမ်းကို မျှော်လင့်တကြီးနှင့် မေးလိုက်သည်။
" ကြည့်ရသလောက်တော့ ... မသင်္ကာစရာ သိပ်မတွေ့ဘူး ဖြူလေး ... ဖြစ်ပြီးပြီးချင်း ကြည့်ရရင်တော့ ပိုသေချာတာပေါ့ ...ခုက ရက်နည်းနည်း ကြာသွားပြီ မဟုတ်လား ...ဒါနဲ့ ကိုစိုင်းရန်နိုင် သေဆုံးသွားရုံနဲ့ အမွေကိစ္စက ပြီးသွားတာမဟုတ်ဘူး မဟုတ်လား ... သူ့မှာ ညီမတစ်ယောက် ရှိတယ်မဟုတ်လား...ဘာပဲဖြစ်ဖြစ်အမွေက ခွဲပေးရမှာပဲလေ .. ဒါကိုသိသိနဲ့ လုပ်ကြံတာ ဖြစ်ပါ့မလား ဖြူလေးရယ် ...မင်းတို့ စိတ်ထဲက သံသဝင်နေမိတာနဲ့ ကိစ္စတွေက မတော်တဆ တိုက်ဆိုင်နေတာရော မဖြစ်နိုင်ဘူးလား ..."
စိုင်းလွှမ်းက သူ့အထင်အား သလင်းဖြူကို ပြောပြလိုက်သည်။
"နင်ပြောတာလဲ မှန်ပါတယ် စိုင်းလွှမ်း ... ဒါပေမဲ့ အမွေပေးရမှာမို့ လုပ်ကြံတာမဟုတ်ဘဲ .. သူတို့ မသိစေချင်တဲ့ အကြောင်းကို အစ်ကိုစိုင်းရန်နိုင်က သိသွားလို့ မသတ်ချင်ဘဲ သတ်လိုက်ကြတာဆိုရင်ရော "
"ဟာ ...ဖြူလေးရာ ပြောပုံက ကြောက်စရာကြီး ...ဒီလိုဆိုပါအုံးတော့ ကိုယ့်တူကိုယ့်သားကို လုပ်ကြံဖို့ က လွယ်တဲ့ကိစ္စ မဟုတ်ဘူး ထင်တယ် ...ဘာပဲဖြစ်ဖြစ် မင်းကို စိတ်ပူတယ် ဖြူလေး ... ဖြစ်နိုင်ရင် ရန်ကုန်ကိုပဲ ပြန်ပါတော့ လားကွာ "
စိုင်းလွှမ်းသည် စိတ်ပူပန် စွာပင် သလင်းဖြူကို ပြောလိုက်သည်။
"ခုလို သံသယတွေနဲ့ တော့ မပြန်ချင်ဘူးဟာ ...အနည်းဆုံးတော့ ဒေါ်လေးရဲ့သတင်းကိုသိရပြီးမှ ပြန်မယ် "
"ဒုက္ခပါပဲ ဖြူလေးရာ ... ငါဘယ်လို ကူညီပေးရမှန်းတောင် မသိတော့ဘူး ... ဒါနဲ့ ဖြူလေး မင်းနဲ့ ဟိုခပ်ချောချော ဧည့်သည်နဲ့ ရင်းနှီးနေကြတာလား ဆုတောင်းပြည့် ဘုရားကိုတောင် သွားကြတယ်ဆိုတော့ "
စိုင်းလွှမ်း၏ အမေးကြောင့် သလင်းဖြူ အံ့သြစွာပင် စိုင်းလွှမ်းကို မော့ကြည့်လိုက်ပြီး မေးလိုက်လေးသည်။
"ဟင် ...နင်ဘယ်လိုသိတာလဲ စိုင်းလွှမ်း ...အဲ့ဒီနေ့က ..လမ်းမှာလဲ ဘယ်သူနဲ့မှ မတွေ့ခဲ့ပါဘူး "
" သီတာပေါ့ဟာ မိုးနှဲရွာက ကျဉ်းကျဉ်းလေးပဲ လေကွာ ..ဒါနဲ့ သူနဲ့ ဘယ်လို ပတ်သက်နေတာလဲဟင် ဖြူလေး.."
သလင်းဖြူ စိတ်အထင် စိုင်းလွှမ်း၏ မေးသံသည် အနည်းငယ်မျှ ဝမ်းနည်းအားငယ်သံပါနေသည်ဟု ထင်မိသောကြောင့် စိုင်းလွှမ်းကို သလင်းဖြူစောင်းငဲ့ကြည့်လိုက် မီလေသည်။ထိုအခါ စိုင်းလွှမ်း၏ ညို့မှိုင်းနေသော မျက်နှာကို တွေ့လိုက်သောကြောင့် သင့်တော်ရာ အကြောင်းကို စဉ်းစား၍ ဖြေရှင်းလိုက်ရလေသည်။
"ဘာမှမဟုတ်ပါဘူးဟာ ...သူနဲ့လဲ မရင်းနှီးပါဘူး ... ဒီလိုပဲ အထင်လွှဲစရာကိစ္စလေးရှိလို့ ဖြေရှင်းကြဖို့ ခဏတွေ့ကြတာပါ ... တော်ကြာ ရွာထဲမှာ တွေ့ရင် လူတွေ အထင်လွှဲမှာစိုးလို့ပါဟာ ...အထူးသဖြင့် ရွှေရည်ဝင်းသိမှာစိုးလို့ လူသွားလူလာ ပါးတဲ့ နေရာမှာ ချိန်းမိတာပါ "
သလင်းဖြူ ဘာရယ်မဟုတ် အမှန်တိုင်း မပြောဘဲ အဆင်ပြေသလို လွှဲ ပြောလိုက်သည်။ စိုင်းလွှမ်းထံမှ စိတ်ပူပြီး တားမြစ်မည်စိုးသောကြောင့် အဆင်ပြေသလို ပြောလိုက်ခြင်းဖြစ်လေသည်။
"အင်းပါ... ကြည့်ရတာ သူနဲ့ ရွှေရည်ဝင်းရဲ့ ဆက်ဆံရေးက ထူးခြားတုံ့ပုံပေါ်နေလို့ မင်းအတွက် စိုးရိမ်လို့ ပြောတာပါ .."
"တော်ပါ စိုင်းလွှမ်းရယ် ...ပေါက်ကရတွေ မပြောပါနဲ့ ...ဒါနဲ့ လေ နင့်ကို ပြောစရာရှိတယ် ..တကယ်လို့များ ....ငါတစ်ခုခုဖြစ်ခဲ့ရင် အဖေ့ကို ဒီကိစ္စ ထဲ၀င်မပါအောင်ဘဲ ကူညီပါနော် "
" ဟာ ...ဖြူလေး ...မင်းဘာတွေ ပြောနေတာလဲ ..ဒီလိုတွေ စိတ်က ထင်နေရင်လဲ ...ရန်ကုန်ကို ပြန်တော့လေ ... မဟုတ်တာတွေမပြောနဲ့...မင်းရဲ့ အသက်ကို ဘယ်သူမှရန်ရှာလို့မရစေရဘူး သိလား "
စိုင်းလွှမ်းသည် သလင်းဖြူ၏ပခုံးနှစ်ဖက်ကို ခပ်တင်းတင်းဆုပ်ကိုင်လိုက်ပြီးလျှင် ဒေါသတကြီးနှင့် ပြောလိုက်လေသည်။
"မ ...မဟုတ်ပါဘူး ....သဘောပြောပြတာပါ စိုင်းလွှမ်းရယ် ... စိတ်မတိုပါနဲ့နော် "
သလင်းဖြူသည် စိတ်တိုသွားဟန်ရှိသော စိုင်းလွှမ်းကို မနည်းပင် ပြန်၍ချော့မော့ပြောဆိုလိုက်ရလေသည်။
သလင်းဖြူ ကုက္ကို စုကွင်းမှ ပြန်သည်အထိ မျက်နှာညိုညိုနှင့် ရှိနေသော စိုင်းလွှမ်းကို ကြည့်ပြီး သလင်းဖြူ ရင်ထဲ၌လည်း ရှုပ်ထွေး၍နေမိလေသည်။
~~~~~~
"ဒီမှာ ...မင်း အရမ်းလွယ်လွယ်ပြောတာပဲနော် .. ညနက်တာနဲ့ ဟိုခွေးကြီးနှစ်ကောင်ကို ခြံထဲကို လွှတ်ထားတာကွ ... မင်းရော အဲ့ဒီအချိန် ခြံထဲဆင်းရဲလား ပြော ....."
"ရှင်ကလဲ ယောကျာ်းတန်မဲ့ ကြောက်တတ်လိုက်တာ ...အဲ့ဒါဆို ဘယ်အချိန်ဘယ်နေရာမှာ ရှာရမလဲပြော "
ထွဋ်ခေါင်နှင့် သလင်းဖြူတို့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ငြင်းခုံနေကြသည်။
ဧကြည်ဖြူ
" အဝါရောင် ရဲတိုက် "
အပိုင်း ( ၁၂)
*******
အပေါ်ဆုံးထပ်ရှိ အခန်းများထက် ပို၍ကျယ်ဝန်းပြီးအသံလုံခန်းများအဖြစ် တည်ဆောက်ထားခြင်းကြောင့် ဒုတိယထပ်တစ်တပ်လုံးတိတ်ဆိတ်၍နေလေသည် ။ဒုတိယထပ်သို့ ပထမဆုံးအကြိမ် ရောက်ရိုခြင်းဖြစ်သောကြောင့် မြင်မြင်သမျှသည် သလင်းဖြူအတွက် အံ့သြစရာအတိဖြစ်နေလေသည်။မနက်ခင်းကြီးမှာပင် တိတ်ဆိတ်နေပုံက တော်ရုံလူတစ်ယောက်ကို သတ်နေလျှင်ပင် မည်သူမျှ သိနိုင်ကြားနိုင်မည်မထင်ပေ။မနက်အဆာပြောစာစားပြီးသည်နှင့်အိမ်သားများသည်လည်း အလုပ်ကိုယ်စီ သွားနေကြသလို ဒေါ်သုန်တို့ ထမင်းချက်များမှာလည်း အိမ်ကြီး၏ မီးဖိုဆောင်တွင် အလုပ်များနေကြသောကြောင့် အိမ်၏ အပေါ်ထပ်အခန်းများတွင်တစ်စုံတစ်ရာ ဖြစ်နေလျှင်လည်း သိနိုင်ကြမည်မဟုတ်ပေ။ခြံဝန်းတံခါးကို အဖွင့်အပိတ်လုပ်ပေးသူ ခြံစောင့်ဖိုးထူးသည် လည်း အိမ်ကြီးရှင်များ၏ အလုပ်ဌာနများဆီသို့ ထမင်းချိုင့်ပို့ ဘာညာ အလုပ်များနေသောကြောင့် ခြံထဲတွင် အမြဲရှိမနေသည်မဟုတ်ပါလား ။ သလင်းဖြူသည် တွေးမိတွေးရာ တွေးနေမိပြီး ကျောထဲ၌ စိမ့်၍အေးလာသလိုပင် ခံစားလာရလေသည်။
အခန်း၏ဖွဲ့စည်းပုံ များကို ကြည့်၍ ချမ်းသာကြွယ်ဝမှုကိုသလင်းဖြူ အံ့သြပြီးရင်း အံ့ဩနေမိသည်။သလင်းဖြူ၏ မိခင် အသက်ရှင်စဉ်ကလည်း အမွေကိစ္စနှင့် ပတ်သက်ရန်တစ်လုံးတစ်ပါဒမျှ ပြောဆိုခြင်းမပြုခဲ့သလို အဘိုးဆိုးပြီးသည့်နောက်တွင် သူမ၏ မွေးချင်းများ အကြောင်းကိုလည်း ` ပြောဆိုခြင်းမရှိခဲ့ပါလေ။ မမာမကျန်းဖြစ်နေသည်ကိုပင် ဖခင်ကြီးမှ အကြောင်းကြားပေးလိုက်သောကြောင့် ဆေးကုသစရိတ် ငွေအနည်းအပါးရရှိခဲ့သည်။အမွေခွဲပေးရန်ကိစ္စကိုလည်း ကြီးကြီးတို့ဘက်မှပင် ဦးစွာ ပြောခဲ့ပြီး ခြံ မြေများ ဈေးကျနေသည်ဆိုပြီးလျှင် အမွေကိစ္စကို ပြောဆိုခြင်းမပြုကြတော့ပေ။မိခင်ကြီး ဆုံးပါးသွားသောအခါ၌မူ ကူငွေ အဖြစ် မပြောပလောက်သော ငွေကိုသာ ရရှိခဲ့သည်။သလင်းဖြူ၏ ဖခင်ကြီးမှာမူ ထိုကိစ္စအတွက် ကောင်းသည်ဆိုးသည် ပြောဆိုခြင်းမရှိခဲ့ပါချေ။နဂိုကမှ ဖခင်ဖြစ်သူသည် အနေအေးသူဖြစ်သောကြောင့် မာန်မာနကြီးကြသော မိခင်၏ဆွေမျိုးများနှင့် အတူမနေဘဲ သူ၏ ဇာတိရပ်ရွာဖြစ်သော ရန်ကုန် မြို့သို့ ပြောင်းလာခဲ့ခြင်းဖြစ်သည်။ သလင်းဖြူမှတ်မိသလောက်တော့ ဖခင်ကြီး ရန်ကုန်သို့ပြောင်းရွှေ့ရခြင်းမှာ သလင်းဖြူကြောင့်ဟုပင် ဆိုရပေမည်လား ။စည်းကမ်းတင်းကြပ်လှသော ကြီးတော်များနှင့်အတူနေခဲ့ရစဉ်က သလင်းဖြူမှာ ကလေးဘဝ၏ လွတ်လပ်ခွင့်ကို အပြည့်အဝမရရှိခဲ့ပေ။မောင်နှမဝမ်းကွဲ
များနှင့်လည်း အဆင်ပြေခြင်းမရှိခဲ့ချေ။ အထူးသဖြင့် ရွယ်တူများဖြစ်သော ဘကြီးဖြစ်သူ၏ သမီး ရွှေရည်ဝင်းနှင့် ကြီးတော်ခင်အေး ၏သမီး အငယ်မနှင့် မျက်နှာချင်းဆိုင်သည်နှင့်ရန်ဖြစ်ကြသည်သာ။ ထိုသို့ရန်ဖြစ်သောအခါ တိုင်း အဘို့နှင့်အဘွားအပါအဝင် မိခင်ကြီး၏ မောင်နှမများသည် ငွေကြေးလည်း မပြည်စုံ တစ်နယ်သားလည်းဖြစ်သော သလင်းဖြူ၏ ဖခင်ကို အမည်တပ်၍ရွဲ့စောင်းပြောတတ်ကြသည်။ချိုးနှိမ်ပြောခဲ့ကြသည်။ကြာလာသောအခါ ဖခင်ကြီးသည်ထိုဒဏ်ကိုတွေ ခံနိုင်တော့ဟန် မတူဘဲ ဇနီးနှင့် သမီး၏ လက်ကိုဆွဲ၍ မိုးနှဲ့ ရွာကို ကျောခိုင်းခဲ့ခြင်းဖြစ်သည်။
"သလင်းဖြူ "
"အမေ့ "
သလင်းဖြူ အတွေးလွန်နေရာမှ ရုတ်တရက်ခေါ်လိုက်သံကြောင့် လန်းဖျပ်သွားမိလေသည်။အသံလာရာသို့ သလင်းဖြူ ကြည့်လိုက်သောအခါ အခန်းတစ်ခန်း၏ရှေ့တွင် မားမားကြီးရပ်နေသော ဘကြီးဖြစ်သူကို တွေ့မြင်လိုက်ရလေသည်။
" ဒုတိယထပ်ကို ...တူမကြီး မရောက်ဖူးဘူးလား "
" ဟုတ်ကဲ့ ဘကြီး ... သမီး ခုမှ ပထမဆုံး ရောက်ဖူးတာပါ "
ဦးမြင့်အေး၏အမေးကို သလင်းဖြူက ဖြေလိုက်သည်။
"အင်း ခက်တယ်ကွယ် ...မမကြီးနဲ့တော့ ခက်ပါတယ် ...မလိုအပ်ဘဲ စည်းကမ်းတွေ တယ်များတာကို ... ဘကြီးတို့လည်း အပြော မလွတ်ပါဘူးကွယ် ...လာ...လာ သမီး ... သမီးကို ဘကြီး ပြောစရာရှိလို့ ခေါ်ခိုင်းလိုက်တာ "
"ဟုတ်ကဲ့ ဘကြီး ပြောပါ ရှင် "
သလင်းဖြူက ဘကြီးဖြစ်သူ ညွှန်ပြသော နေရာတွင် ထိုင်ရင်းတရိုတသေပင် ပြန်ပြောလိုက်လေသည်။
"ဒီလိုကွဲ့ သမီးရဲ့ ..ပြောရမယ်ဆိုရင် ဘကြီးက ငါ့တူမ နိုင်းငံခြားသွားဖို့လို တံ့ငွေကို ထုတ်ပေးချင်တာ ...ဒါပေမဲ့ ခုချိန် ဘကြီးလက်ထဲမှာ အဲ့ဒီလောက်ငွေမရှိဘူးကွယ် ... ကျန်တဲ့သူတွေကို ပြောတော့လဲ ငွေတွေက အိမ်ဆောက်တဲ့အထဲမှာ ပါသွားလို့ ခြံတွေကို ရောင်းမှ ရမှာတဲ့ ... အင်း ..ခြံတွေကို ရောင်းရမယ်ဆိုရင်တော့ အားလုံးသဘောတူမှ ရမှာသမီး ... ဖြစ်နိုင်ရင် ဘကြီးလဲ အားလုံးကို ခွဲခြမ်းပြီး ပေးလိုက်ချင်ပြီ ...ဒါပေမဲ့ ခက်တာက မမကြီးပေါ့ ..အားလုံးခေါင်းကွဲသွားလိမ့်မယ်ဆိုပြီး ပြောလို့မရဘူးလေကွယ် "
" ဟုတ် ...ဟုတ်ကဲ့ ဘကြီး "
သလင်းဖြူ ဘကြီးဖြစ်သူကို မော့ကြည့်နေမိပြီး ယောင်ဝါးဝါးနဲ့ ခေါင်းကို ငြိမ့်ပြလိုက်မိလေသည်။
"အဲ့ဒါ အကြီးက ...ငါ့တူမအတွက် ဘကြီးစုထားတဲ့ငွေဆယ်သိန်းကို ထုတ်ပေးလိုက်မယ် ... ငွေဆယ်သိန်းက နိုင်ငံခြားသွားဖို့ မလုံလောက်ပေမဲ့ ရန်ကုန်မှာ အလုပ်ကောင်း တစ်ခုရှာတာပဲဖြစ်ဖြစ် ဆိုင်သေးသေးလေးဖွင့်တာပဲဖြစ်ဖြစ် အဆင်ပြေတယ် မဟုတ်လား "
လူရှင်းသည်။ခရိုးလမ်းရှည်သောကြောင့် လူသွားလူလာနည်းသည်။ထို့ကြောင့်ပင် သလင်းဖြူမှာ ပို၍ သတိထားနေမိခြင်းဖြစ်သည်။
ဆုတောင်းပြည့် စေတီနားသို့ရောက်လျှင် သလင်းဖြူ စက်ဘီးကိုရပ်လိုက်သည်။စေတီ ဆိုသော်လည်း လူသူသိပ်မနီးသော နေရာတွင် တည်ထားသော ကိုးတောင်ပြည့်စေတီလေးသာ ဖြစ်သောကြောင့် လူအသွားအလာ မရှိသလောက်ပင် နည်းပါးလှလေသည်။
စက်ဘီး ရပ်လိုက်သည်နှင့် တစ်ပြိုင်နက် သလင်းဖြူသည် လူမမြင်အောင် ခိုးရိုက်ထားသော ထွဋ်ခေါင်၏ပုံနှင့် ချိန်းထားသော အကြောင်းများကို သူငယ်ချင်းဖြစ်သူထံကို မက်ဆင်ဂျာမှ ပို့ထားသည်ကို ရောက်ရဲ့လားဟု စစ်ကြည့်လိုက်သည်။ စာရော ပုံပါ ရောက်သွားသောကြောင့် သူငယ်ချင်းဖြစ်သူထံမှ "ဘယ်သူလဲ ...ချောလိုက်တာဟယ် ... ဆွဲစိလိုက်တော့ ဟဲ့" ဆိုသော ပြန်စာလေး ပို့ထားသည်ကို တွေ့လိုက်ရလေသည်။
"မင်းစက်ဘီးနင်းတာ မြန်သားပဲ ..."
သလင်းဖြူ ဖုန်းကိုကြည့်နေစဉ်မှာပင် အသံနှင့် အတူ ထွဋ်ခေါင်ရောက်လာလေသည်။
" ဘုရားရော ရှိခိုးပြီးပြီလား `
ထွဋ်ခေါင်က သလင်းဖြူကို မေးလိုက်ရင်း ကိုယ်တိုင်ပင် ဖိနပ်ကို ချွတ်၍ ဘုရားကန်တော့လိုက်လေသည်။
သလင်းဖြူလည်း ထွ ဋ်ခေါင်နှင့် မနီးမဝေးတွင် ဘုရားထိုင်ကန်တော့လိုက်ရလေသည်။
~~ ~~~~~~
"ဒီမှာ ... ပြောစရာရှိတာ မြန်မြန်ပြော ..ရှင်နဲ့ ကျွန်မ ဘုရားဖူးဖို့လာတာမဟုတ်ဘူးနော် "
ဘုရားကိုကန်တော့ပြီးသွားသောအခါ သလင်းဖြူက ထွဋ်ခေါင်ကို လှမ်းပြောလိုက်သည်။
"ပြောမှာပေါ့ကွာ .....တစ်ခုတော့ ရှိတယ် ... အခုပြောမယ့်စကားတွေက မင်းကို ယုံကြည်လို့ပြောမှာ ...အဲ့ဒါကြောင့် မင်းလဲ ငါ့ကို ယုံကြည်ဖို့လိုတယ် "
"ပြောစရာရှိတာသာ အမြန်ပြော ...ယုံကြည်ဖို့ကောင်းရင် ယုံကြည်မှာပေါ့ "
" တကယ်တော့ ဘာမှတော့ မဟုတ်ပါဘူးကွာ ...ကိုယ်က ပရလောကသားတွေကို စိတ်ဝင်စားတယ်လေ ... အဲ့ဒီမှာ မင်းတို့အိမ်ကြီးမှာ မမြင်ရတဲ့ ဝိဉာဉ်တွေရှိနေတာကို သိလိုက်ရလို့ လေ့လာဖို့ လုပ်နေခဲ့တာပဲ ...ဒီကြားထဲမှာ မင်းတို့အိမ်ကြီးမှာ ထူးဆန်းတာတွေပါ ကြုံလာခဲ့ရတော့ ပိုပြီး စိတ်ဝင်စားလာခဲ့မိတယ် ဒါပဲ ... ဒီထက်မပိုဘူး...မင်းကရော ဘာကိုစုံစမ်းနေတာလဲပြော....ကိုယ်ကူညီနိုင်ရင် ကူညီမယ်လေ "
ထွဋ်ခေါင်၏ အဖြေကြောင့် သလင်းဖြူစိတ်တိုသွားမိသည်။
" ရှင်က လူလိမ်ပဲ ..ဘာအကြောင်းမှ မရှိဘူး ဟုတ်လား ...ရှင့်ကို ဘယ်သူခိုင်းထားလဲတော့ မသိပေမဲ့ အဲ့ဒီလူကို ပြောလိုက်စမ်းပါ ... အမှန်တရားဆိုတာ ဖုံးကွယ်ထားလို့မရဘူးလို့ ... ပြီးတော့ ကျွန်မ အသက်ကို ရန်ရှာလဲ လုံးဝမကြောက်ဘူးဆိုတာ ပြောပြလိုက်ပါ "
သလင်းဖြူ စိတ်တိုတိုနှင့့်ပြောပြီး ပြန်ရန်စက်ဘီးကိုယူလိုက်လေသည်။ထိုအခါ ထွဋ်ခေါင်သည် သလင်းဖြူရှေ့မှ ပိတ်ရပ်လိုက်ပြီး
" ဒီမှာ အမိ ...မင်း ကိုယ့်ကို မယုံလဲ မတတ်နိုင်ဘူး ... သေချာတာက ကိုယ်က ဘယ်သူ့လူမှ မဟုတ်ဘူး ...မင်းလိုပဲ အမှန်တရားတစ်ခု ပေါ်ပေါက်လာဖို့ မျှော်လင့်နေတဲ့သူပဲ ...မင်းပြောသလိုပဲ မင်းတို့ဆွေမျိုးတွေရဲ့ ပြဿနာက ကိုယ်နဲ့မဆိုင်ပါဘူး ...ဒါပေမဲ့ အဲ့ဒီအိမ်မှာ ရှိတဲ့ လူသတ်သမားက မင်းထင်တာထက် ပိုပြီး ကြောက်ဖို့ ကောင်းတယ်ဆိုတာသိရဲ့လား "
ထွဋ်ခေါင်က အသံမာ မာနှင့် ပြောလိုက်သည်။
" ဘာ ..ဘာပြောတယ် လူသတ်သမားဟုတ်လား ....ရှင် ...ရှင် ဘာတွေ သိထားတာလဲ "
သလင်းဖြူသည် စက်ဘီးကို နင်းရန် ပြင်ပြီးခါမှ ထွဋ်ခေါင်ကို အလောတကြီးနှင့် မေးလိုက်မိသည်။
"နေပါအုံး ... မင်းပြောတော့ ကိုယ့်ကို မယုံဘူးဆို "
ထွဋ်ခေါင်က ခနဲ့တဲ့တဲ့နှင့် မေးလိုက်သည်။
" ရှင်ပြောမှာလား ... မပြောဘူးလား ... ကျွန်မ စိတ်မရှည်တော့ဘူး "
" ကောင်းပြီလေ ...ဒီလိုလုပ် မင်းနံ့ ကိုယ် နှစ်ယောက်ပေါင်းပြီး ...ဒီကိစ္စတွေကို စုံစမ်းကြမလား ... တစ်ယောက်နဲ့ တစ်ယောက် သိသမျှကို ပြောကြမယ် ဘယ်လိုလဲ "
" ဒါဆို ...ရှင်ဘာသိထားလဲ အရင်ပြော "
သလင်းဖြူက ဦးစွာမေးလိုက်သည်။
" ကိုယ်သိသလောက် ပြောရရင်တော့ စိုင်းရန်နိုင်ဆိုတဲ့လူက မတော်တဆ သေဆုံးသွားခဲ့တာ မဟုတ်ဘူး ...စနစ်တကျ လုပ်ကြံခံခဲ့ရတာပဲ ဒါပေမဲ့ သက်သေပြစရာရှိဘူး....အဲ့ဒီသက်သေကို ရဖို့ ကြိုးစားရှာရမှာပဲ "
"ဘာ ...ဘာပြောတယ် ...ဒါတကယ်လား ...ရှင့်စကားကို ကျွန်မဘယ်လို ယုံရမလဲ ''
"ယုံတာ မယုံတာ မင်းသဘောပဲ ... ညှိလို့မရဘူးဆိုလဲ ကိုယ့်အလုပ်ကိုယ်လုပ်ကြရုံပေါ့ ..."
ထွဋ်ခေါင်က ပြောပြီးသည်နှင့် ပြန်ဖို့ ပြင်လိုက်သည်။
" ဒီလိုဆိုရင်လဲ ကောင်းပြီးလေ ... ရှင်ပြောတာတွေကို ယုံကြည်လိုက်မယ် ... ဒီကိစ္စတွေ အမြန်ဆုံး ပေါ်ပေါက်လာဖို့ ကြိုးစားကြတာပေါ့ "
သလင်းဖြူသည် မယုံရဲရဲနှင့်ပင် ထွဋ်ခေါင်နှင့် လမ်းခွဲခဲ့ပြီး စက်ဘီးကို နင်း၍ ရွာထဲသို့ ပြန်လာခဲ့သည်။
~~~~~~
"ဘဘမြင့်က မမလေးကို ပြောစရာရှိလို့ ... ဒုတိယထပ်က ဧည့်ခန်းကို လာခဲ့ပါတဲ့ "
"ဟင် ...ဘဘမြင်က ခြံထဲမသွားသေးဘူးလား "
တစ်အိမ်လုံး အသီးသီး အလုပ်သွားကြပြီထင်သောကြောင့် သလင်းဖြူ စိတ်အေးလက်အေးနှင့် အောက်ထပ်သို့ ဆင်းလာစဉ် ပူစူးမ၏ စကားကြောင့် သလင်းဖြူ ဒုတိယထပ်သို့ ပြန်တက်လာခဲ့သည်။
ဖြစ်သွားမိလေသည်။ထိုစဉ်မှာပင် ဝရံတာ တံခါးမှာ ဖျက်ခနဲ ပွင့်လာပြီး သလင်းဖြူကို ဝရံတာဘက်ဆီသို့ ဆွဲခေါ်ယူ လိုက်သည်ကို ခံလိုက်ရလေသည်။
သလင်းဖြူမှာ အထိတ်ထိတ်အလနဲ့လန့်နှင့် ဝရံတာသို့ရောက်ရှိသွားရလေသည်။သလင်းဖြူလည်း မိမိကို ဆွဲခေါ်ယူလိုက်သောသူကို ရုန်းကန် တိုက်ခိုက်လိုက်လေသည် ။ထိုအခါ တစ်ဖက်မှ လူသည်
"ရှူး ငြိမ်ငြိမ်နေ ... ကိုယ်က ထွဋ်ခေါင်ပါ ....မင်း ခြံထဲက လူတွေကို ကြည့်ဖို့ လာတာ မဟုတ်လား ..တိတ်တိတ်နေ ...ဒီဘက်ကို လာနေတဲ့ ခြေသံကို ကြားတယ် မဟုတ်လား "
ထွဋ်ခေါင် ပြောသလိုပါပင် ခြေသံသည် ဝရံတာနားသို့ ရောက်လာပြီးလျှင် ရေချိုးခန်းတံခါးများနှင့် အိမ်သာတံခါးများကို ခပ်ဖြည်းဖြည်းလိုက် ဖွင့်နေသံကိုကြားရလေသည်။ပြီးနောက် ခြေသံသည် ဝရံတာ တံခါးရှေ့တွင် အတန်ကြာ ရပ်နေသောကြောင့် သလင်းဖြူနှင့် ထွဋ်ခေါင်မှာ တံခါး၏ဘေးထောင့်တွင် နှစ်ယောက်သားငြိမ်သက်စွာရပ်နေမိကြလေသည်။နီးကပ်လွန်းသော အနေအထားကြောင့် နှစ်ယောက်သားမှာ တစ်ယောက်၏ အသက်ရှူသံကိုပင် တစ်ယောက် ကြားနေရသကဲ့သို့ ရှိလေသည်။
ထိုသို့ဖြစ်နေရာမှ အတန်ကြာသောအခါ ဝရံတာတံခါးဝမှ ခြေသံသည်စင်္ကြန် လမ်းဘက်ဆီသို့ ပြန်၍ လျှောက်သွားသံကို ကြားလိုက်ရလေသည်။
ခြေသံ တိတ်ဆိတ်သွားသော အခါမှပင် သလင်းဖြူလည်း ထွဋ်ခေါင်၏ဘေးမှ ဖျတ်ခနဲ ခွါလိုက်ပြီး
"ကိုထွဋ်ခေါင် ရှင်ဒီမှာ ဘာလုပ်နေတာလဲ...ရှင်ကဘယ်သူလဲ ..ဘာအကြံနဲ့ ဒီကိုရောက်နေတာလဲ ပြော "
သလင်းဖြူ၏ မေးခွန်းကြောင့် ထွဋ်ခေါင်သည် သလင်းဖြူကို ခပ်တိုးတိုးပြန်ဖြေလိုက်သည်။
"မင်းသိချင်တယ်ဆိုရင် ပြောပြမယ် ... ခုတော့ မဟုတ်ဘူး ... မနက်ဖြန်ကျရင် တွေ့ဖို့ နေရာကို ဖုန်းဆက်ပြီး ပြောမယ် .. .. မနက်ကျမှ မင်းရဲ့ဖုန်းနံပတ်ကို ယူမယ်... အခုတော့ ကိုယ့်အခန်း ကိုယ်ပြန်ကြစို့ ...တော်ကြာ တစ်ယောက်ယောက်တွေ့သွားလိမ့်မယ် ...မင်းအရင်သွားတော့ "
~~--~~
ရွှေရည်ဝင်းသည် အခန်းတံခါးနောက်တွင် ငြိမ်သက်စ္စာရပ်နေပြီး စင်္ကြန်လမ်းတစ်လျှောက် လျှောက်သွားသော သလင်းဖြူနှင့် ထွဋ်ခေါင်တို့၏ ခြေသံများကို နားစွင့်၍ အံကိုတင်းတင်းကြိတ်ထားမိလေသည်။
~~~~~~~
" ဖျောက် ... ဖျောက် "
သလင်းဖြူ စက်ဘီးကို ဂိုထောင်ထဲမှ ထုတ်နေစဉ် ဂိုထောင်အတွင်းဘက်ဆီမှ အသံကြားလိုက်ရသောကြောင့် အသံကြားရာဆီသို့ မဝံ့မရဲ လျှောက်သွားပြီး ကြည့်လိုက်မိသည်။ဂိုထောင်၏ အတွင်းထဲ၌ ဆန်အိတ်များ ၊ ပစ္စည်းမျိုးစုံနှင့် ပြည့်နေသည်ကို တွေ့ရလေသည်။တော်တန်ရုံဆို လူတစ်ယောက်ယောက် ဂိုထောင်ထဲတွင် အသားလေး ပုန်းနေနိုင်သော အနေအထားမျိုး ဖြစ်လေသည်။
"ဘယ်သူရှိလဲ "
သလင်းဖြူ အသံပေးလိုက်ပြီး ဟိုသည် ဝေ့ဝဲ၍ ရှာကြည့်လိုက်ရာ
"အမယ်လေး "
ရုတ်တရက် အတွင်းဘက် ဆန်အိတ်များကြားတွင် ကုန်ကုန်းကွကွနှင့် ရှိနေသော လူတစ်ယောက်ကို တွေ့လိုက်ရသောကြောင့် သလင်းဖြူလန့်ပြီး အော်လိုက်မိလေသည်။
"ဟေ့ ...ဟေ့ သူမကြီး ဦးငယ်လေ ...ဦးငယ်ပါ ....လန့်သွားတာလား "
ဦးငယ်ဆိုသော အသံကို ကြားလိုက်ရသောအခါမှပင် သလင်းဖြူမှာ ကြောက်စိတ်များ ပြေလျော့သွားရပြီး တုန်တုန်လှုပ်လှုပ်နှင့် မေးလိုက်မိလေသည်။
"ဦး ...ဦးငယ်က ဘာလုပ်နေတာလဲ "
"ဘာမှ မဟုတ်ပါဘူးကွယ် ... ဂိုထောင် နောက်တံခါး ပျက်နေတယ်ဆိုလို့ ပြင်ဖို့လုပ်နေတာ "
"နောက်မှာ တံခါးပေါက်ရှိသေးတာလား ဦးငယ် "
ဦးလေးဖြစ်သူ၏ စကားကြောင့် သလင်းဖြူကမေးလိုက်သည်။
"ရှိတယ်လေ တူမကြီး ...အရေးအကြောင်းဆို အသက်ကယ်ပေါက်ပေါ့ကွယ် "
" ဪ ...ဒါကြောင့်ကို ...ဒါဆို ခြံနောက်ဘက်မှာရော ....တံခါးပေါက်ရှိလား ဦးငယ် "
သလင်းဖြူ၏ အမေးကြောင့် ဦးရန်နောင်ထွေးသည် သလင်းဖြူကို စေ့စေ့ကြည့်လိုက်ပြီးလျှင်
" ရှိတယ်လေ ...ဒါပေမဲ့ နောက်တံခါးကို ဘယ်သူမှ အသုံးမပြုကြပါဘူးကွယ် ... ဒါနဲ့ တူမကြီး ရက်ကန်းရုံကို သွားတော့ မလို့လား ..... စက်ဘီးကို ဂရုစိုက်စီးသွားနော် "
"ဟုတ်ကဲ့ ဦးငယ် "
သလင်းဖြူ စက်ဘီးကို ဂိုတောင်ထဲမှ ထုတ်ယူလာခဲ့ရင်း ဦးလေးဖြစ်သူကို မသိမသာ စောင်းငဲ့၍ ကြည့်လိုက်သောအခါ မားမားကြီး ရပ်လျက် ကြည့်နေဆဲဖြစ်သော ဦးလေးဖြစ်သူကို တွေ့လိုက်ရသောကြောင့် ရင်မှာ ဒုန်းခနဲပင် ဆောင့်ခုန်သွားမိလေသည်။
~~~---
" ဖုန်းနံပတ်ပေး "
သလင်းဖြူ အထည်ပုံများကြား အလုပ်များနေစဉ် ဘေးနားသို့ကပ်၍ ပြောလိုက်သော ထွဋ်ခေါင်ကြောင့် စာရွက်တစ်ရွက်တွင် ဖုန်းနံပတ်ရေးလိုက်ပြီး လူမမြင်အောင် ကွယ်ဝှက်၍ ပေးလိုက်သည်။ကြီးတော်ကြီးဖြစ်သူမှ စ၍ အလုပ်သမားမောင်း လုံးအထိပင် မယုံကြည်ရသော ဤအိမ်ကြီးတွင် ထွဋ်ခေါင်သည် မည်သို့ ပတ်သက်ပါဝင်နေသည်မှန်း သလင်းဖြူ မတွေးတတ်ပါချေ။ရှေ့လျှောက် မီးစင်ကြည့် က ရန်သာ ရှိပါလေသည်။
~~~~~
စက်ဘီးကို ပေါက်ကြီးရွာဘက်သို့ သွားသော လမ်းအတိုင်း သလင်းဖြူ နင်းလာခဲ့သည်။စက်ဘီးနင်းလာရင်းမှ ဘောင်းဘီအိတ်ထဲရှိ အိတ်ဆောင် ဓါးလေးကို လက်နှင့် အသာစမ်း ကြည့်မိပြန်သည်။ဓါးရှိနေမှန်း သေချာသောအခါမှ ရွာလမ်းနံဘေးရှိ ဆုတောင်းပြည့် ဘုရားနားသို့စက်ဘီးကိုနင်းခဲ့လိုက်သည်။မိုးနှဲရွာနှင့် ပေါက်ကြီးရွာသို့သွားသောလမ်းသည်
အမေနဲ့ ဦးကြီးကိစ္စမှာ နင့်မိထွေးလဲ ပတ်သက်နေတယ်ထင်တယ် စိုင်းလွှမ်း "
"ဘယ်လို ငါ့မိထွေးရော ဟုတ်လား ဖြူလေး "
"ဟုတ်တယ် ...နင်လဲ သူ့အကြောင်း သိတယ်မဟုတ်လား ... လူတစ်ယောက်ရဲ့ ဆံပင်နဲ့ အဝတ်အစားကို ရတာနဲ့ အဲ့ဒီလူ ဒုက္ခရောက်အောင် လုပ်နိုင်တယ်ဆိုတာကို "
သလင်းဖြူ၏စကားဆုံးသောအခါ စိုင်းလွှမ်းက ခေါင်းကို ခါယမ်းလိုက်ပြီး
"ဒီကိစ္စက ဟုတ်နေရတောင် ...တရားဥပဒေနဲ့ ဘာမှလုပ်လို့မရဘူး ဖြူလေး ..အဲ့ဒီတော့ ဒီကိစ္စတွေသာ တကယ်ဖြစ်မယ်ဆိုရင် ဒါတွေကို ဘယ်သူလုပ်နေတယ်လို့ ထင်လဲ "
"အခုထိတော့ မသိသေးဘူး စိုင်းလွှမ်း ...ကြီးကြီးကြည်အေး ကြည့်ရတာတော့ မသင်္ကာစရာအကောင်းဆုံပဲ ...ဒါပေမဲ့ တပ်အပ်မပြောနိုင်သေးဘူး...အားလုံးပေါင်းကြံတာလဲ ဖြစ်နိုင်တယ်လို့ အစ်ကိုစိုင်းရန်နိုင်က ပြောဖူးတယ် .အဲ့ဒါကြောင့် ဒီကိစ္စတွေကို ငါစုံစမ်းချင်တယ် နင် ငါ့ကို ကူညီမှာလား စိုင်းလွမ်း "
မျှော်လင့်တကြီးနှင့် မေးနေသော သလင်းဖြူကို စိုင်းလွှမ်း သေချာစွာ စူးစိုက်၍ကြည့်လိုက်သည်။ ပြီးလျှင် သလင်းဖြူ၏ လက်ဖဝါးလေးကို သူ့လက်နှင့် ဆွဲယူဆုပ်ကိုင်လိုက်ပြီး
" ဒီလောက် ပြဿနာတွေ များနေတာ ရန်ကုန်ကို ပြန်လိုက်ပါတော့လား ဖြူလေးရာ ...ဒီမှာ ဆက်နေရင် မင်းအတွက် အန္တရာယ်များနိုင်တယ် မဟုတ်လား...ပြန်ပါတော့နော် ဖြူလေး "
စိုင်းလွှမ်း၏ အပြုအမူကြောင့် သလင်းဖြူခေါင်းလေးကိုခါယမ်းလိုက်ပြီး
"အစကတော့ ပြန်တော့မလို့ပဲ ...ဒါပေမဲ့ အစ်ကိုစိုင်းရန်နိုင်ဆုံးသွားတော့ စိတ်ကူးတွေပြောင်းသွားမိတယ် ..တကယ်လို့သာ အားလုံးက အစ်ကို စိုင်းရန်နိုင် ပြောသလိုပဲ ဆိုရင် .. အဖြစ်မှန်တွေ ပေါ်ပေါက်ဖို့ ငါရှာဖွေမှ ရမှာ စိုင်းလွှမ်း...မတရား ခံရပြီး သေသွားရတဲ့ ငါ့အမေအတွက် ငါကိုယ်တိုင် ကြိုးစားမှရမှာ ..."
သလင်းဖြူက စိုင်းလွှမ်း၏ လက်ကလေးက ခပ်ဖွဖွပြန်၍ဆုပ်ကိုင်ပြီး ပြောလိုက်သည်။
"အေးပါ ဒါဆိုလဲ ...သတိတော့ထားနော် ဖြူလေး .. တစ်ခုခုလုပ်မယ်ဆိုရင် ငါ့ကို တိုင်ပင်ပါ ..."
"အင်းပါ ...ငါ့မှာတိုင်ပင်စရာဆိုလို့ နင်ပဲရှိတာကို... ငါသွားတော့မယ်နော် စိုင်းလွှမ်း "
သလင်းဖြူစက်ဘီးကို နင်းထွက်လာရင်းမှ စိုင်းလွှမံကို လည်ပြန်ကြည့်လိုက်မိသည်။ပိုးဟပ်ဖြူလေးကဲ့သို့ ဖြူဖြူနွဲ့နွဲ့နှင့် စိုင်းလွှမ်းသည် သလင်းဖြူအတွက်တော့ အားကိုးချင်စရာ လူသားတစ်ယောက် ဖြစ်ခဲ့လေသည်။
~~~~~~
တိတ်ဆိတ် မှောင်မိုက်နေသော ညသန်းခေါင်ယံ အချိန်တွင် လူတစ်ရပ်ကျော် အမြင့်ရှိသော အုတ်တံတိုင်းများဖြင့် ကာရံထားသော ခြံကျယ်ကြီးထဲတွင် ဖြူဖြူ ပုံရိပ်တစ်ခုသည် လျှပ်စစ်မီး အလင်းရောင်ကို ကွယ်၍ တရွေ့ရွေ့သွားနေလေသည်။သလင်းဖြူသည် အခန်းပြတင်း၏ လိုက်ကာစနောက်တွင် တုန်တုန်ယင်ယင်နှင့် ရပ်နေမိပြီး ထိုလူရိပ်ကိုကြည့်နေ့မိသည်။ထိုသို့ သလင်းဖြူကြည့်နေစဉ်မှာပင် လူရိပ်သည် မှောင်ရိပ်ကျသော ခြံထောင့်တစ်နေရာတွင် ရပ်တန့်လိုက်ပြီနောက် ဗန်း တစ်ဗန်းကို လက်မှ ကိုင်မြှောက်၍ အတန်ကြာရပ်တန့်နေလေသည်။ပြီးနောက် ဗန်းကို မြေပြင်ပေါ်သို့ ပြန်ချလိုက်ပြီး ခြံနောက်ဘက်သို့ တရွေ့ရွေ့ ပြန်၍ လျှောက်သွားလေသည်။
"ဟင် ...ဒေါ်ဒီ ...ဒေါ်သီဆိုတဲ့ အဘွားကြီးပါလား "
သလင်းဖြူသည် အလင်းရောင်အောက်မှ ထိုလူရိပ်ဖြ တ်လျှောက်သွားချိန်တွင် ဖျတ်ခနဲ မြင်လိုက်ရသော မျက်နှာကို ကြည့်ပြီး စိတ်ထဲမှ ရေရွတ်လိုက်မိသည်။ထိုစဉ်မှာပင် ဒေါ်သီဆိုသော အဘွားကြီးနှင့် ခပ်လှမ်းလှမ်းတွင် တစ်ကိုယ်လုံးအနက်ရောင် ပိတ်စခြုံလွှမ်းထားသော လူတစ်ယောက်ကို တွေ့လိုက်ရသည်။ တစ်ကိုယ်လုံးအနက်ရောင်မှလွဲ၍ မမြင်ရသောထိုလူရိပ်သည် ယောကျာ်း၊ မိန်းမ မကွဲပြားနိုင်အောင်ပင် ရှိလေသည်။
" သူက ဘယ်သူများလဲ ... ညတိုင်း ခွေးတွေ လွှတ်ထားရဲ့သားနဲ့ အခု ခွေးဟောင်သံတွေ မကြားရဘူးဆိုတော့ ...ဧကန္တ ဦးသောင်းများ ဖြစ်နေမလား "
သလင်းဖြူ လိုက်ကာနောက်မှ နေ၍ လူရိပ်များကို ကြည့်ရင်း စဉ်းစားနေမိသည်။လူရိပ်များမှာ ခြံနောက်ဘက်ဆီသို့ လျှောက်သွားသောကြောင့် သလင်းဖြူ မမြင်ရတော့ဘဲ ဖြစ်သွားသည်။
သလင်းဖြူ ခြေကို အသာဖော့နင်းလျက် အခန်းပြင်သို့ ထွက်ခဲ့သည်။ တစ်အိမ်လုံးအိပ်မောကျနေကြသည် အလား တိတ်ဆိတ်နေကြသည်။သလင်းဖြူ စင်္ကြန်လမ်းအတိုင်း လျှောက်လာခဲ့ရင်း ခြံအနောက်ဘက်သို့မြင်နိုင်သော ရေချိုးခန်းအိမ်သာများရှိရာသို့ ခပ်သွက်သွက် လျှောက်သွားလိုက်သည်။ရေချိုးခန်းဘေးရှိ နောက်ဖေး ဝရံတာမှ ကြည့်လျှင် ခြံအနောက်ဘက်သို့ အတိုင်းသာတွေ့မြင်ရမည် ဖြစ်သည်။ နောက်ဘက် ဝရံတာတွင် မီးပိတ်ထားလေ့ရှိသောကြောင့် ခြံထဲသို့ ကြည်ရှုနိုင်ပေသည်။
နောက်ဘက် ၀ရံတာ တံခါးကို ဖွင့်၍ ဝရံတာသို့ ထွက်ရန် ပြင်လိုက်စဉ်မှာပင် ဝရံတာ တံခါးမှာ စေ့ရုံစေ့ထားသည်ကို တွေ့လိုက်ရသောကြောင့် သလင်းဖြူထိတ်လန့်တုန်လှုပ်သွားမိလေသည်။
" ရှပ် ...ရှပ် ...ရှပ် "
ထိုစဉ်မှာပင် စင်္ကြန်လမ်းမှ လျှောက်လာသော ခြေသံ တရှပ်ရှပ်ကို ကြားလိုက်ရသောကြောင့် သလင်းဖြူ ခေါင်းနပန်းကြီး သွားမိလေသည်။နောက်ဖေး ဝရံတာတွင်လည်း တစ်ယောက်ယောက်ရှိနေသည်။စင်္ကြန်လမ်းမှ လျှောက်လာနေသော ခြေသံကိုလည်းကြားနေရသောကြော့ သလင်းဖြူ ဘာလုပ်လို့ ဘာကိုင်ရမှန်းပင်မသိအောင်
ဧကြည်ဖြူ
" အဝါရောင် ရဲတိုက် "
အပိုင်း ( ၁၁ )
********
ခြေသံကြောင့် သလင်းဖြူလန့်ဖျပ်ပြီး နောက်သို့ လှည့်ကြည့်လိုက်မိရာ ခန္ဓာကိုယ်မှာ ယိမ်းယိုင်၍ သွားလေသည်။
" အမေ့"
" ဟေ့ ...ဟေ့ သတိထားလေ "
နောက်မှ လူကအဆွဲ မြန်၍သာ သလင်းဖြူ ကံကောင်းသွားခြင်းဖြစ်ပါလေသည်၊ မဟုတ်လျှင် သလင်းဖြူ ချောက်ထဲသို့ကျရောက်သွားလိမ့်မည်ထင်ပါလေသည်။
"ကျေး...ကျေးဇူးတင်ပါတယ်ရှင် .... ဟင် ...ရှင် ...ရှင် ကိုထွဋ်ခေါင် "
သလင်းဖြူ ကျေးဇူးတင်စကားပြောပြီး မော့ကြည့်လိုက်မိသောအခါ မိမိကို ကူညီလိုက်သူမှာ ထွဋ်ခေါင်ဖြစ်နေမှန်း သိလိုက်ရသောကြောင့် အံ့သြသွားမိလေသည်။
"ရှင်က ...ဒီကို ဘာလာလုပ်တာလဲ "
" လမ်းလျှောက်ရင်း ရောက်လာတာပါ ...မင်းကရော ဘာလာလုပ်တာလဲ ~~~~~~
သလင်းဖြူ ထွက်သွားသည်နှင့် ထွဋ်ခေါင်လည်း လျှိုချောက်ရှိရာသို့ ပြန်၍ လျှောက်သွားလိုက်ပြီး ချောက်ထဲသို့ တစ်ခဏမျှ ငုံ့၍ ကြည့်လိုက်သည်။ပြီးလျှင် ဘေးဘီဝဲယာသို့ အကဲခတ်လိုက်ပြီး အိတ်ထဲမှ ချိတ်ကြိုးကို အသင့်ပြင်လိုက်ပြီး ချောက်ထဲသို့ ဆင်းခဲ့လိုက်လေသည်။
~~~~~~~
"နင်ကလဲ အစ်ကိုစိုင်းရန်နိုင်ရဲ့ အသုဘကိုတောင် မလာဘူး "
သလင်းဖြူက စိုင်းလွှမ်းကိုကြည့်ပြီး ပြောလိုက်သည်။
"လာချင်တာပေါ့...ဒါပေမဲ့ ငါ့အဖေနဲ့ ဆုံမှာစိုးလို့ လေ "
သလင်းဖြူ၏ အပြောကို စိုင်းလွှမ်းကပြန်ဖြေလိုက်သည်။
"အင်းပါ ... ငါ့မှာတော့ နင့်ကို သတိရလို့ ရက်လည်ညတုန်းကတောင် အခြားသူရဲ့ အသံကို နင့်အသံလို့ထင်ပြီး...နင်ရောက်လာတယ်ထင်ခဲ့တာ "
"တောင်းပန်ပါတယ် ဖြူလေးရယ် ... လူမြင်ကွင်းမှာကလွဲရင် မင်းလိုသမျှ အကူအညီ အကုန်လုံးကို ငါကူညီပါ့မယ် "
စိုင်းလွှမ်းက သလင်းဖြူကို တောင်းပန်စကားဆိုလိုက်သည်။
"တကယ်နော် စိုင်းလွှမ်း ...ငါလဲ နင့်ဆီက အကူအညီတောင်းမလို့ဟ ...နင် ဆိုင်ကယ် အကြောင်း နားလည်တယ်မဟုတ်လား ... အစ်ကို စိုင်းရန်နိုင် ဆိုင်ကယ်မှောက်ခဲ့တဲ့ နေရာကို သွားပြီး လေ့လာချင်လို့ နင်ကူညီပါလား "
" ဘာကို လေ့လာမှာလဲ ဖြူလေး `
"ဒီလိုဟာ ... အစ်ကိုစိုင်း ရန်နိုင်ဆိုင်ကယ်မှောက်ခဲ့တာက တကယ်ပဲမတော်တဆလား ... လုပ်ကြံခံရတာလား သိချင်တာ ... နင်ကူညီပေးမယ်မဟုတ်လားဟင် "
သလင်းဖြူ၏ စကားကြောင့် စိုင်းလွှမ်းတစ်ချက်တွေ ခနဲဖြစ်သွားသည်။
"ဒီကိစ္စကို မသင်္ကာလို့လား ဖြူလေး "
"အင်း ... အဲ့ဒီလို ထင်နေမိလို့ .အမေနဲ့ ဦးကြီး သေဆုံးခဲ့တဲ့ ကိစ္စကိုရောပဲ .. ပြီးတော့ ဒေါ်လေး ပျောက်နေတဲ့ကိစ္စကိုလဲ မသင်္ကာဘူးဟာ ...အားလုံးက သူ့ချစ်သူနဲ့ ခိုးရာလိုက်သွားတယ်ဆိုပြီး ဥပေက္ခာပြုထားကြတယ် ...ရှင်းရှင်းပြောရရင် ... မိုးနှဲ ရွာမှာ နင်ကလွဲပြီး ဘယ်သူ့ကိုမှ ငါမယုံဘူး ...ဒါကြောင့်မို့ နင့်ကို တိုင်ပင်တာ ငါ့ကို ကူညီပါနော် ...
ထွဋ်ခေါင်၏ အမေးကို မဖြေချင်သောကြောင့် သလင်းဖြူ စကားကို လွှဲလိုက်သည်။
"ဒုက္ခပါပဲ လမ်းလျှောက်ရင်းလာဆုံကြတာ အရေးမကြီး ... ရွှေရည်ဝင်းသိရင် အလကားသက်သက် စကားတွေပြောရအုံးမယ် ... စိတ်ညစ်ပါတယ် "
သလင်းဖြူ၏ စကားကြောင့် ထွဋ်ခေါင်းနားမလည်နိုင်ဘဲ ပြန်၍မေးလိုက်လေသည်။
"ဘာစကားတွေပြောရမှာလဲ ..."
သလင်းဖြူသည် ထွဋ်ခေါင်ကိုကြည့်လိုက်ပြီး
"ဘာစကားပြောရမှာလဲ ...ရှင့်ရည်စားက အထင်လွဲပြီး ပေါက်ကရတွေ လျှောက်ပြောတာလေ ... စိတ်ညစ်ရတဲ့ ကြားထဲ အဲ့ဒီပြဿနာတွေကို မဖြေရှင်းချင်ဘူး ...အေးအေးဆေးဆေးပဲ နေချင်တာ "
သတင်းဖြူက ပြန်ဖြေလိုက်ရင်းမှ ပြန်ရန် ပြင်လိုက်သည်။
"ဘယ်သူက ကိုယ့်ရည်းစားလဲ ... မင်းပြောတာကို မရှင်းဘူး "
ထွဋ်ခေါင်က နားမလည်ဟန်ဖြင့် ထပ်၍ မေးလိုက်သည်။
"ကိုယ့်ရည်းစားကို တောင် မသိဘူးလား ..ရွှေရည်ဝင်းလေ ...ကျွန်မ သူနဲ့ပြဿနာမဖြစ်ချင်ဘူးရှင် "
" ဘယ်လို ရွှေရည်ဝင်းက ကိုယ့်ရည်းစား ဟုတ်လား ...မင်းထင်ရာ လျှောက်ပြောမနေနဲ့ .. တစ်ဖက်သားကို အားနာစရာ .... ကိုယ်တို့က စီးပွားရေး အတူတူ တွဲလုပ်နေကြတာကွ ... မြန်မာရိုးရာ ချည်ထည်တွေ အရောင်းတွင်ကျယ်လာဖို့က ကိုယ်တို့ရဲ့ရည်မှန်းချက်ပဲ ...အဲ့ဒါကြောင့် အရည်အသွေးကောင်းပြီး ဒီဇိုင်းဆန်းတဲ့ ရိုးရာချည်ထည်တွေပဲ သီးသန့်ပြတဲ့ ပွဲတစ်ခုလုပ်ဖို့ ကြိုးစားနေကြတာကွ "
" ဒါဆိုလဲ ဆောရီးပါရှင် ...မသိလို့ ပြောမိတာ ...ကျွန်မစိတ်ထဲ ရှင်နဲ့ရွှေရည်ဝင်းကို ချစ်သူတွေလို့ ထင်နေခဲ့တာ
"ရပါတယ် .... အခုသိ သွားပြီ ဆိုတော့ မထင်တော့ နဲ့ပေါ့ ...ဒါနဲ့ မင်းရော မိန်းခလေးဖြစ်ပြီး ဒီလုပ်ငန်းကို စိတ်မ၀င်စားဘူးလား "
ထွဋ်ခေါင်၏ အမေးကို သလင်းဖြူက ခေါင်းခါပြလိုက်သည်။
"ဟင့်အင်း ... ကျွန်မ နိုင်ငံခြားပဲ သွားချင်တာ ...ဟိုတစ်လောက ကြီးကြီးတို့ဆီကနေ ငွေချေးနေတာ ရှင်လဲမြင်တယ်မဟုတ်လား ....အဲ့ဒီငွေရတာနဲ့ ဒီကနေ ပြန်တော့မှာ ..."
" ဘာလို့ နိုင်ငံခြားကို သွားချင်နေရတာလဲ "
"ငွေများများလိုချင်လို့ပေါ့ရှင် ...ဒါပဲနော် သွားတော့မယ် ...ဘာပဲဖြစ်ဖြစ် ... အပြောလွတ်အောင် နေတာ အကောင်းဆုံးပါပဲ "
"ဟေ့ ...ဟေ့ နေအုံးလေ ...အတူတူသွားကြမယ်လေ "
ထွဋ်ခေါင်က တားမြစ်လိုက်သော်လည်း သလင်းဖြူ စက်ဘီးကိုနင်း၍ ထွက်ခဲ့လေသည်။
ဂိုထောင်ထဲတွင် ပျောက်ချင်းမလှပျောက်သွားသော ကြီးတော်ဖြစ်သူ အကြောင်းကိုတွေးရင်း သလင်းဖြူစက်ဘီးကို နင်းလာခဲ့မိသည်။မည်သို့မျှ မထင်ထားခဲ့မိသော ကြီးတော်ကြီးသည် အစ်ကိုစိုင်း ရန်နိုင် သံသယဝင်ခဲ့သော တရားခံ ပေပဲလား။အစ်မကြီးသည် မောင်ငယ်ညီမငယ်များပေါ်တွင် ဤမျှရက်စက်နိုင်ပါသညလား။ ကြားသိရသလောက်ဆိုလျှင် စိုင်းလွှမ်း၏ မိထွေး ဒေါ်သီနှင့်လည်း အဆက်အသွယ်ရှိသည်။အစ်ကိုဖြစ်သူ စိုင်းရန် နိုင် သေဆုံးမည့်နေ့ကလည်း ကြီးတော်ကြီးမှ မြို့ ဈေးသို့ ခိုင်းခဲ့သည်ပင် ။ အားလုံးကို ဆက်စပ်တွေးကြည့်လိုက်သောအခါ အကြောင်းအရာများအားလုံးသည် ကြီးတော်ကြီးနှင့် ဆက်နွယ်နေသည်။သို့သော်လည်း သက်သေပြစရာမှာ မရှိပါလေ။ တရားခွင်သို့သွား၍ စုန်းကဝေ ပညာဖြင့် သတ်ပါသည်ဟု တိုင်တန်း၍ မရပေ။သေချာဖို့ရန်ဆိုလျှင် စိုင်းရန် နိုင်၏သေဆုံးမှုနှင့် ပျောက်ဆုံးနေသော ဒေါ်လေးတို့၏ သဲလွန်စများကိုရှာရန်သာရှိလေသည်။
မြေသားလမ်းတစ်လျှောက် စက်ဘီးနင်းလာပြီးနောက်တွင် လမ်းသည် အနည်းငယ်မတ်စောက်၍ လာလေသည်။ဤနေရာသည် မိုးနှဲ ရွာ၏ လျှိုချောက်ပင်ဖြစ်ပါလေသည်။သလင်းဖြူတို့ ငယ်စဉ်အခါကတော့ သည်လမ်းကိုသာ အသုံးပြုခဲ့ကြသည်။လမ်းသည် တစ်ဘက်တွင် တောင်ကုန်းသဖွယ် ဖြစ်နေပြီးလျှင် တစ်ဘက်၌ ချောက်ရှိလေသည်။ထိုစဉ်အခါက တော့ လမ်းမှာ စက်ဘီးမှအပ စက်တပ်ယာဉ်များ သွားလေ့မရှိသောကြောင့် လမ်းမှာ ကောင်းမွန်လှပါလေသည်။အချိန်ကြာလာသည်နှင့်အမျှ ရွာတွင် လမ်းသစ်များ ဖောက်လာပြီးလျှင် ဤနေရာကို လမ်းဟောင်းအဖြစ် စွန့်ပယ်ထားကြခြင်းဖြစ်လေသည်။
သလင်းဖြူ စက်ဘီးကို တစ်နေရာတွင် ရပ်ထားလိုက်ပြီး စိုင်းရန်နိုင် ဆိုင်ကယ်မှောက်ခဲ့သောနေရာသို့ လျှောက်လာခဲ့သည်။သလင်းဖြူမှာ လာမည့်သာလာခဲ့ရသော်လည်း ဆိုင်ကယ် အကြောင်းကို မသိသူဖြစ်သောကြောင့် မည်သို့ဖြစ်လျှင် ဆိုင်ကယ်မှောက်နိုင်သည်ကိုလည်း မသိပါ။သို့သော်လည်း လမ်း၏ အခြေအနေကို သေချာလေးကြည့်ရှုရန် ရောက်လာခဲ့ခြင်းဖြစ်သည်။လမ်း၏ အခြေအနေကို ကြည့်ပြီးလျှင် စိုင်းလွှမ်းထံအကူအညီတောင်းရန် စဉ်းစားထားမိသည်။အစ်ကိုဖြစ်သူ ဆုံးပြီးကတည်းက စိုင်းလွှမ်းနှင့်လည်း မတွေ့ရသေးသောကြောင့် သလင်းဖြူထံတွင် ပြောစရာစကားများ ပြည့်နေသည်မှာတော့ အမှန်ပါပင်။
ဆိုင်ကယ် ထိုးကျသွားသည်ဆိုသော နေရာသို့ သလင်းဖြူ သေချာစွာကြည့်နေမိလေသည်။လမ်းသည် ဆိုးဝါးကြမ်းတမ်းသည်မှာ မှန်သော်လည်း ဆိုင်ကယ်တစ်စီးလုံး ချောက်ထဲသို့ အလွယ်တကူ ထိုးကျသွားလောက်အောင်အထိ လမ်းမှာ ကျဉ်းမြောင်း ကြမ်းတမ်းနေခြင်းမျိုးတော့ မဟုတ်ပါချေ။
"ရှပ် ...ရှပ် ...ရှပ် "
သလင်းဖြူ ချောက်ထဲကို သေချာစွာကြည့်ရှုနေစဉ်မှာပင် နောက်ပါးဆီမှ ခြေသံကြားလိုက်ရသောကြောင့် အထိတ်တလန့်နှင့့်နောက်သို့ လှည့်ကြည့်လိုက်မိလေသည်။
===================== = = = = =
အပိုင်း (၁၁ ) ဆက်ရန်
ဧကြည်ဖြူ
