803
Подписчики
+424 часа
+167 дней
+4630 день
Архив постов
ဧကြည်ဖြူ
" တစ်ခုလပ် "
( ဇာတ်သိမ်းပိုင်း )
*****
နားဖောက် တောင်းရမ်းစေ့စပ်ပွဲလေးက လူအနည်းငယ်နှင့်စတင်လေသည်။သွင်ငြိမ်းထက်ဘက်မှ သွင်ငြိမ်းထက်၏ အစ်ကိုအပါအဝင် သွင်ငြိမ်းထက်၏ ဆရာသမားများနှင့် လုပ်ဖော်ကိုင်ဖက်ဆရာဝန်သုံးယောက်ပါလေသည်။နွေးနွေးဘက် မှလည်း ဆွေမျိုးသားချင်းများနှင့် ရပ်ရွာလူကြီးအချို့အပါအ၀င် အိမ်နီးနားချင်းများကို ဖိတ်၍ ထားလေသည်။
" ဒါက သတို့သမီးကို တင်တောင်းတဲ့ လက်ဖွဲ့ပါ"
သွင်ငြိမ်းထက်၏ အစ်ကိုဖြစ်သူမှ အညိုရောင်ဖိုင်တစ်ခုကို လူကြီးများ၏ရှေ့တွင် နွေးနွေးထံသို့ ပေးအပ်လေသည်။နွေးနွေးမှာ ချစ်သူသွင်ငြိမ်းထက်မှ ပြောဆိုထားခြင်းမရှိသောကြောင့် နားမလည်နိုင်စွာပင် သွင်ငြိမ်းထက်ကို မော့၍ကြည့်လိုက်မိသည်။
"တင်တောင်းတာက ဘာများလဲကွယ် ... ငွေလား ... ပစ္စည်းလား "
နွေးနွေးတို့ဘက်မှ ရပ်ရွာလူကြီးတစ်ယောက်ကမေးလိုက်လေသည်။
"သတို့သမီးရဲ့ နာမည်နဲ့ ဝယ်ထားတဲ့ တိုက်ခန်းစာချုပ်ပါ ခင်ဗျာ ...ဒီက လူကြီးများရဲ့ရှေ့မှောက်မှာပဲ သတို့သားရဲ့ အစ်ကိုဖြစ်တဲ့ ကျွန်တော်က... မနွေးနွေးကို ကျွန်တော့်ရဲ့ ညီငယ်သွင်ငြိမ်းထက်နဲ့ လက်ခံသဘောတူပေးပါလို့ အုပ်ထိန်းသူများဖြစ်တဲ့ဦးစိုးနိုင်နဲ့ ဒေါ်အေးရီတို့ကို ဂါ၀ရတရားရှေ့မှာထားပြီး လေးစားစွာ တောင်းဆိုပါတယ် .."
ခဲအိုလောင်း၏ စကားဆုံးသောအခါ နွေးနွေးသည် သွင်ငြိမ်းထက်ကို မျက်လုံးအပြူးသားနှင့်မော့ကြည့်လိုက်မိသည်။နွေးနွေးအား သွင်ငြိမ်းထက် ပြောပြသော အစီအစဉ်များတွင် ဤအကြောင်းမပါဝင်ခဲ့ပေဘူး မဟုတ်လား။
နွေးနွေး၏ အကြည့်ကို နားလည်သဘောပေါက်သည့် သွင်ငြိမ်းထက်က နွေးနွေးကို ပြုံးပြသည် ။ပြီးလျှင် နွေးနွေးနားသို့ကပ်ပြီး ခပ်တိုးတိုးပြောလိုက်သည်။
" ပြီးရင် ကိုယ်ရှင်းပြပါ့မယ် နွေး "
ထိုသို့ သွင်ငြိမ်းထက်နှင့် နွေးနွေး တီးတိုးပြောနေစဉ်မှာပင် အိမ်ထဲသို ဒေါ်မေဇင်ထက်နှင့် အိသဇင်တို့ ၀င်ရောက်လာကြလေသည်။
"ပွဲကစနေပြီလား ...သားကြီးပါရောက်နေတာလား...မင်းတို့နှစ်ယောက်က အမေမပါဘဲ နှစ်ယောက်တည်း တိုင်ပင်ပြီးလုပ်နေကြတာပေါ့လေ ဟုတ်လား "
"အမေ "
"ဟာ ...အမေနဲ့အိတို့ လိုက်လာတာလား "
ရုတ်တရက် ရောက်လာသော မိခင်ဖြစ်သူနှင့်အိသဇင်ကို တွေ့ပြီး သွင်ငြိမ်းထက်တို့ ညီအစ်ကိုမှာ ထိတ်လန့်အံ့သြသွားကြပြီးလျှင် မိခင်ကြီးနှင့် အိသဇင်တို့အနားသို့ ကိုယ်စီရောက်ရှိသွားကြလေသည်။
နွေးနွေးမှာ ယောက္ခမလောင်းနှင့် အိသဇင်ကို တွေ့လိုက်ရသောကြောင့် ထိတ်လန့် တုန်လှုပ်သွားမိပြီးလျှင် ခြေဖျားလက်ဖျားများ အေးစက်လာကာ တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ယင်လာလေသည်။ထိုနည်းတူ ရပ်ရွာလူကြီးများနှင့် နွေးနွေး၏ ဆွေမျိုးသားချင်းများမှာလည်း ရုတ်တရက် ရောက်လာသူနှစ်ယောက်ကို ငေးကြောင်၍ကြည့်နေမိကြလေသည်။
"အမေ...အမေလိုက်လာတာလားဟင် ... ကျွန်တော်တို့ရဲ့ မင်္ဂလာပွဲကို သဘောတူလိုက်ပြီလားဟင် "
သွင်ငြိမ်းထက်သည် မိခင်ကြီး၏ လက်မောင်းကို ဆုပ်ကိုင်လိုက်ပြီးလျှင် စိုးရိမိစိတ်နှင့် ခပ်တိုးတိုးမေးလိုက်သည်။ထိုနည်းတူ သွင် ငြိမ်းထက်၏ အစ်ကိုဖြစ်သူမှာလည်း ဇနီးဖြစ်သူ အိသဇင်၏ အကြောင်း ကိုသိသူပီပီ ဇနီး၏လက်ကို ခပ်တင်းတင်းပင်ဆွဲ၍ထားလေသည်။
"ဘယ်လိုဖြစ်နေတာလဲ သားသွင် ...အမေပြောပါရစေအုံး "
ဒေါ်မေဇင်ထက်သည် သားဖြစ်သူ သွင်ငြိမ်းထက်ကို ခပ်တိုးတိုးငေါက်ငမ်းလိုက်ပြီး လူကြီးများအနားတွင် ဝင်၍ ထိုင်လိုက်ပြီးလျှင် မိမိကိုယ်ကို မိတ်ဆက်လိုက်လေသည်။
" နောက်ကျမှ ရောက်လာရလို့ တောင်းပန်းပါတယ်ရှင် ... ကျွန်မက သွင်ငြိမ်းထက်ရဲ့မိခင် ဒေါ်မေဇင်ထက်ပါ ... သားတို့ရဲ့ မင်္ဂလာပွဲကို ခမ်းခမ်းနားနားလုပ်ပေးချင်လို့ပါ ...မိန်းခလေး ရှင်ဘက်က ဆန္ဒရှိတဲ့အတိုင်း ပြောပါရှင် ...သားတွေက ကျွန်မကျန်းမာရေးကို စိုးရိမ်ပြီး ကျွန်မကို ၀င်မပါ ခိုင်းလို့ ကျွန်မမှာ နောက်ကျမှ ရောက်လာရတာပါ"
ဒေါ်မေဇင်ထက်၏ စကားဆုံးသောအခါ သွင်ငြိမ်းထက်သည် နွေးနွေး၏ အေးစက်နေသော လက်ဖျားလေးများကို ခပ်တင်းတင်းဆုပ်ကိုင်ထားရာမှ ဝမ်းသာအားရ ဖျစ်ညှစ်လိုက်ပြီး နွေးနွေး၏မျက်နှာလေးကို ကြည်နူးပျော်ရွှင်စွာကြည့်လိုက်မိလေသည်။
နွေးနွေးသည်လည်း ထိတ်လန့်တုန်လှုပ်နေမိရာမှ ယောက္ခမလောင်း၏ စကားကြောင့် အတိုင်းမသိ ဝမ်းသာပျော်ရွှင်သွားရပြီးလျှင် ချစ်ရသူသွင်ငြိမ်းထက် ကို မော့၍ကြည့်မိသည်။ ပြီလျှင် အစ်မကြီးဖြစ်သူ မအေးရီကိုလည်း ကြည့်မိပြန်သည်။
မအေးရီသည်လည်း ရုတ်တရက်ဖြစ်ပေါ်သွားသော အခြေအနေကို မယုံကြည်နိုင်စွာပင် ကြည်နူးဝမ်းသာနေမိလေသည်။
ဧည့်ပရိတ်သက်အားလုံးတို့မှာ ဝမ်းသာကြည်နူးနေကြသော်လည်း အိသဇင်မှာမူ ဒေါသတကြီးနှင့် အိမ်ပြင်သို့ချာခနဲ လှည့်ထွက်သွားသောကြောင့် ယောကျာ်းဖြစ်သူမှာ နောက်မှ လိုက်သွားရလေသည်။
~~~~~~
ဧည့်သည် လူကြီးများ ပြန်သွားကြပြီးသည့်နောက်တွင် အိမ်ထဲတွင် သွင်ငြိမ်းထက်တို့ သားအမိနှင့်နွေးနွေးနှင့်အတူ မအေးရီတို့ မိသားစုသာ ကျန်ရစ်ခဲ့လေသည်။မအေးရီတို့ ဇနီးမောင်နှံသည် ဒေါ်မေဇင်ထက်နှင့် စကားပြော လျက်ရှိကြလေသည်။
ဒေါ်မေဇင်ထက်က မျက်နှာထားတင်းတင်းပြောပြီး ထ၍ ထွက်သွားသည်။သွင်ငြိမ်းထက်မှာ မိခင်ကြီး၏ နောက်ကျောကို ကြည့်၍ စိတ်ဓါတ်ကျကာ ခေါင်းကို ငိုက်စိုက်ချထားမိလေသည်။
"ဖိုးသွင် ဘာတွေ စိတ်ညစ်နေတာလဲ ...အမေအကြောင်းလဲ သိသားနဲ့ ကလေးလိုပဲဟာ ...အချိန်တန်ရင် စိတ်ဆိုးပြေသွားလိမ့်မယ် မင်းဘာမှပူမနေနဲ့ ...မင်းပွဲကို အစ်ကိုလာခဲ့မယ်....ပွဲနီးရင် အစ်ကိုကို့ထပ်ပြီး သတိပေးပေါ့ ဟုတ်ပြီလား "
သွင်ငြိမ်းထက်မှာ စိတ်ဓါတ်ကျကျနှင့် ထိုင်နေစဉ် အစ်ကိုဖြစ်သူ၏ အားပေးစကားကြောင့် ဝမ်းသာပျော်ရွှင်သွားမိလေသည်။
~~~~
"ကိုယ်သဘောကတော့ စေ့စပ်တောင်းရမ်းပွဲမတိုင်ခင် နွေးရဲ့ ဆိုင်ကို ပိတ်လိုက်ပြီး... ဆိုင်ပစ္စည်းတွေကို တိုက်ခန်းမှာ ရွေ့ထားချင်တယ်... စေ့စပ်ပွဲနဲ့ မင်္ဂလာပွဲကလဲ ရက်သိပ်မကွာဘူးဆိုတော့ တစ်ခါတည်းပဲ ရွှေ့ထားလိုက်ချင်တယ် "
သွင်ငြိမ်းထက်က နွေးနွေးကို ပြောလိုက်သည်။
နွေးနွေးသည် နားမလည်နိုင်သလို သွင် ငြိမ်းထက်ကို မော့ကြည့်လိုက်မိပြီး
"ဆိုင်ခန်းကိုက ငှားလိုက်ပြီးလား ....နွေးကိုလဲ ဘာမှ မပြောဘူး ...ပြီးတော့ ရုံးတက်လက်မှတ်ထိုးပြီး မင်္ဂလာဦး ဆွမ်းပဲကျွေးမှာ မဟုတ်ဘူးလား ...ကိုသွင် ဘာတွေ စီစဉ်နေတာလဲ နွေးလဲ ဘာမှ မသိရဘူး ... မင်္ဂလာပွဲဆိုတာက ဘယ်မှာလုပ်မှာလဲ"
နွေးနွေး အမေးကြောင့် သွင်ငြိမ်းထက်သည် ပြုံးရယ်လိုက်မိပြီး ချစ်သူ၏ ပခုံးလေးကို ခပ်ဖွဖွ ဖက်လိုက်ပြီး
"မင်္ဂလာပွဲကို နွေးရဲ့ အိမ်မှာပဲ လုပ်မှာလေနွေးရဲ့ ... မင်္ဂလာပွဲအတွက် နွေးဘာမှမပူနဲ့ အားလုံး ကိုယ်စီစဉ်ထားပြီးသား ... မင်္ဂလာဖိတ်စာ ဖိတ်ဖို့သာ နွေးဖိတ်ချင်တဲ့ အိမ်ကို စဉ်းစားထားဟုတ်ပြီလား ... ဝတ်စုံတွေလဲ နွေးစိတ်တိုင်းကျအပ်ထားတယ် မဟုတ်လား "
သွင်ငြိမ်းထက်၏ အပြောကြောင့် နွေး ပျော်ရွှင်မိသော်လည်း ယောက္ခမလောင်း၏ အကြောင်းကိုတွေးမိသောအခါ စိတ်ထဲလေး၍သွားမိပြန်လေသည်။
~~~~~~~
နွေးနွေးသည် သစ်သီးခြင်းတစ်ခြင်းနှင့် ပန်းတစ်စည်းကို ဝယ်လိုက်ပြီးလျှင် သွင်ငြိမ်းထက်၏ နေအိမ်သို့ ချစ်သူသွင်ငြိမ်းထက် မသိအောင် အရဲစွန့်၍လာခဲ့မိလေသည်။
အိမ်အကူမလေးဖွင့်ပေးသော အိမ်တံခါးမှ နွေးနွေး ခေါင်းကလေးကို ငုံ့လျက် ဝင်လာခဲ့သည်။
~~~~~~
"ဒီကိုလာတာ သားသွင် သိလား "
ဒေါ်မေဇင်ထက်က မေးလိုက်သည်။
"မသိပါဘူးရှင် ... အန်တီမှာ ပြောစရာတွေရှိနေရင် နားထောင်ပေးဖို့လာခဲ့တာပါ ...ပြီးတော့ အန်တီ့ကိုလဲ တောင်းပန်ချင်လို့လာခဲ့တာပါရှင် "
နွေးနွေးသည် ဒေါ်မေဇင်ထက်ကို မဝံ့မရဲ မော့ကြည့်လိုက်ပြီး ပြောလိုက်မိသည်။
"ဘာအတွက် တောင်းပန်မှာလဲ ဘာကို တောင်းပန်မှာလဲ "
ဒေါ်မေဇင်ထက်က ပြန်၍ မေးလိုက်သည်။
" နွေးတို့ ကိစ္စအတွက် တောင်းပန်ချင်တာပါ အန်တီ .... နွေးတို့ကို ခွင့်ပြုပေးပါရှင် ... အန်တီဆီက ခွင့်ပြုချက်ရမှ နွေးလက်ထပ်ချင်တယ်....ပြီးတော့ ကိုသွင် စိတ်ညစ်နေတာကိုလဲ နွေးမကြည့်ရက်လို့ပါ ...အန်တီ စိတ်တိုင်းကျအောင် နွေးနေပေးပါ့မယ်ရှင် ..."
"ဟဲ့ နင်က ရာရာစစ ဒီကို ဘယ်သူ့ ခွင့်ပြုချက်နဲ့ လာတာလဲ ... မူယာမာယာအပြည့်နဲ့ မတန်မရာတွေကို လာပြောနေရလား ... သွားစမ်း ခုချက်ချင်းထွက်သွား ...နင်တို့ မင်္ဂလာပွဲကိုလဲ ငါတို့ဘက်က သဘောမတူနိုင်ဘူး ... နင်က နင်နဲ့ တန်တဲ့ တိတ်တိတ်ပုန်း မိန်းမပဲ ဖြစ်မှာ "
နွေးနွေးနှင့် ဒေါ်မေဇင်ထက် စကားပြောနေစဉ်မှာပင် အိသဇင်ရုတ်တရက်ဝင်ရောက်လာပြီးလျှင် နွေးနွေးကို အော်ဟစ်ပြောဆို ကြိမ်းမောင်းလိုက်ခြင်းဖြစ်ပါလေသည်။အိသဇင်၏ အပြုအမူကြောင့် နွေးနွေးသည် ရှက်စိတ်နှင့်အတူ မခံချင်သော မာနစိတ်များလည်းဖြစ်ပေါ်လာမီ လေသည်။
"ဘာလို့ ရိုင်းရိုင်းစိုင်းစိုင်းတွေ ပြောနေတာလဲ အိသဇင် ...သူက ခုချိန်မှာ တို့အိမ်ကို လာတဲ့ဧည့်သည်လေ ... ပြောစရာရှိတာကို အေးအေး ဆေးဆေး ပြောပါလား ...
ဒေါ်မေဇင်ထက်သည် အိသဇင်ကို ပြောဆိုလိုက်ပြီးလျှင် နွေးနွေးကိုကြည့်၍ ပြောလိုက်လေသည်။
"ကဲ ...ကဲ မင်းလဲ ပြန်တော့ ..."
~~~~~~
နွေးနွေးသည် အပြန်လမ်းတစ်လျှောက်တွင် ယုံကြည်ချက်များ ပျောက်ဆုံးလျက်ရှိလေသည်။
~-~~~
"ဘယ်လို အမေ ...အဲ့ဒါဆို ဒီနေ့ သူတို့ စေ့စပ်ပွဲနေ့ပေါ့ ဟုတ်လား "
"ဟုတ်တယ် ...အဲ့ဒါ အမေ့ကို အဲ့ဒီကိုလိုက်ပို့စမ်းပါ .."
ဒေါ်မေဇင်ထက်၏ စကားကြောင့် အိသဇင်သည် အကျေနပ်ကြီး ကျေနပ်သွားမိလေသည်။
"ဘာလဲ အမေ...လိုက်သွားပြီး ပွဲကို ဖျက်ကြမှာလား "
=====================
အပိုင်း ( ၁၈ ) (ဇာတ်သိမ်းပိုင်း ဆက်ရန် )
ဧကြည်ဖြူ
"သဘောမတူဘူးပဲပြောပြီး ဒီတိုင်း လွှတ်ထားတော့မှာလား ...တကယ်ဆိုအမေ့မှာ လုပ်ပိုင်ခွင့်တွေ ရှိတာပဲ ... အိမ်ထိလိုက်သွားပြီး ပြောလေ အမေ ...အမေ့(See noနေရာမှာ အိသာဆိုရင် ဒီဟာမကို လူပုံအလယ် မျက်နာမပြရဲအောင် အရှက်ခွဲပစ်လိုက်မှာ ...အမေ့သားလဲ ဆေးမိပြီး မွှန်နေတာလား မသိဘူး "
ဒေါ်မေဇင်ထက်သည် ချွေးမဖြစ်သူအိသဇင်၏ ကြမ်းတမ်းရိုင်းစိုင်းသောစကားလုံးများကြောင့် စိတ်ထဲမှ မနှစ်မြို့သလိုဖြစ်သွားမိလေသည်။
"အမေ သွားချင်တယ်ဆိုရင်ပြော အိ အဖော်လိုက်ခဲ့ပေးမယ် "
ဒေါ်မေဇင်ထက်သည် ဆိုဖာခုံတွင် ငြိမ်သက်စွာ ထိုင်လျက် အိသဇင်၏ စကားများကို ပြန်လည်ပြောဆိုခြင်းမပြုဘဲ နားထောင်နေမိလေသည်။
~~~~
"တီ ...တီ "
"မနွေး ...မနွေး "
နွေးနွေးသည် သွင်ငြိမ်းထက်နှင့် ချိန်းထားရာသို့ ထွက်လာခဲ့ရင်း ဘတ်စ်ကားပေါ်မှ အဆင်းတွင် ကားဟွန်းတီးသံနှင့် ခေါ်သံကြောင့် လှည့်ကြည့်လိုက်သောအခါ ကျော်ကျော့်ကို တွေ့လိုက်ရလေသည်။
"ကျော်ကျော် ... တက္ကစီမောင်းနေတာလား "
"ဟုတ်တယ် မနွေး ...ဒါနဲ့ မနွေး ဘယ်သွားမလို့လဲ "
"ဒီနားမှာ ကိစ္စလေးရှိလို့ ချစ်သူနဲ့ ချိန်းထားလို့လေ "
နွေးနွေးသည် ကျော်ကျော်၏ အမေးကို ပကတိ ရိုးစင်းစွာပင်ဖြေဆိုလိုကလေသည် ။
"ဪ ...ဒါဆို ကြားရတဲ့ မနွေး လက်ထပ်တော့မဲ့ဆိုတဲ့ သတင်းတွေ အမှန်ပေါ့နော် ... ဂုဏ်ယူပါတယ် မနွေး "
"ကျေးဇူးပါ ကျော်ကျော်"
နွေးနွေးသည် ကျော်ကျော့်အား ကျေးဇူးစကားဆိုလိုက်ပါသည်။
"ကျေးဇူးစကား မပြောပါနဲ့ မနွေးရယ် ... မနွေး ဘယ်ကို သွားမှာလဲ ...လာလေ ကားပေါ်တက် ... ကျွန်တော် လိုက်ပို့ပေးမယ်လေ ...ရိုးသားစွာ မောင်နှမစိတ်နဲ့ ပြောတာပါနော် .... မနွေးက ကျွန်တော့်အတွက် လေးစားရတဲ့ အစ်မတစ်ယောက်လိုပါပဲ "
"ရပါတယ် ကျော်ကျော် ..../f လျှောက်သွားလိုက်ပါ့မယ် ...တို့တွေက ရိုးသားတယ်ဆိုပေမဲ့ တို့အကြောင်းကိုသိခဲ့ကြတဲ့သူတွေနဲ့ မတော်တဆ တွေ့သွားရင် အမြင်စောင်းသွားနိုင်တယ်လေ ...ပြီးတော့ မင်းရဲ့ အမျိုးသမီး သိသွားခဲ့ရင် သူလဲ တစ်မျိုး ထင်ပြီး ခံစားနေရရှာလိမ့်မယ် ... သွားပြီးနော် ..."
နွေးနွေးသည် ကျော်ကျော့်ကို နှုတ်ဆက် ကျော်ခိုင်းလိုက်ပြီးလျှင် ချစ်သူနှင့်ချိန်းထားသော နေရာသို့ ခပ်သုတ်သုတ်ပင်လှမ်းထွက်ခဲ့သည်။
ကျော်ကျော်သည် နှုတ်ဆက်ထွက်ခွါသွားသော နွေးနွေး၏နောက်ကျောပြင်ကို ရီဝေစွာ ငေး၍ ကြည့်နေမိသည်။တန်းဖို့ရှိသော အရာကို တန်ဖိုးမထားမိသော ကျော်ကျော့်အတွက် လောကဓံ၏ ဒဏ်ခတ်မှုသည် ဆိုးရွားလှပေသည်။ကျော်ကျော့်မှာ အိမ်ထောင်သက်ရလာသည့်တိုင် ဇနီးဖြစ်သူ ချေးငှားယူထားသော အကြွေးနွံထဲမှ ရုန်းမထွက်နိုင်ဘဲရှိနေရလေသည် မဟုတ်ပါလား ။
~~~~~~
ချစ်သူသွင်ငြိမ်းထက်နှင့် ချိန်းထားသောနေရာသို့ ရောက်သောအခါ နွေးနွေးသည် ဆေးရုံအပေါက်နားရှိ သစ်ပင်ရိပ်အောက်တွင်ရပ်၍ ချစ်သူကို စောင့်နေမိလေသည်။အတန်ကြာသောအခါ သွင်ငြိမ်းထက်၏ကားမောင်းလာသည်ကို မြင်လိုက်ရလေသည်။
"နွေး ... စောင့်နေရတာ ကြာနေပြီလား ..ဆေးရုံထဲကိုတော့ ဝင်လာခဲ့တာ မဟုတ်ဘူး "
သွင်ငြိမ်းထက်သည် ကားတံခါးကိုဖွင့်ဆင်းလိုက်ပြီးလျှင် ချစ်သူနားကို အပြေးအလွှားလျှောက်သွားလိုက်ပြီးပြောလိုက်သည်။
"မကြာသေးပါဘူး ကိုသွင်ရယ် အချိန်ရော ရရဲ့လားဟင် ..."
နွေးနွေးသည် သွင်ငြိမ်းထက်ဖွင့်ပေးသော တံခါးမှ ကားထဲသို့ဝင်ထိုင်လိုက်ပြီးပြောလိုက်သည်။
" အချိန်တစ်နာရီလောက်တော့ ရတယ်နွေး ... ဒီနဲ့သိပ်လဲမဝေးပါဘူး ဟိုလမ်းတင်လေ နွေးရဲ့ ...ကိုယ်တို့ အေးအေးဆေးဆေးကြည့်လို့ရပါတယ် "
~~~~~~
"ဘယ်လို သဘောရလဲ နွေး....အိမ်ရှေ့က လမ်းလေးကလဲ လူစည်တော့ နွေးလဲ ဆိုင်ဖွင့်လို့ရတယ် ... ပြီးတော့ ဒိတ တစ်လမ်းလုံးလဲ ဆိုင်တွေချည်းပဲလေ ...ဆေးရုံနဲ့လဲ နီးတယ်လေ "
သွင်ငြိမ်းထက်သည် ပြောရင်း တိုက်ခန်းထဲသို့ ရှေ့မှ ဦးဆောင်၍ ဝင်သွားသည်။
တိုက်ခန်းလေးမှာ မြေညီထပ်ဖြစ်သည့်အပြင် အထဲတွင် အိမ်သာ၊ ရေချိုးခန်း၊ မီးဖိုခန်းနှင့် အိပ်ခန်းတစ်ခန်းရှိသည်။ပြီးလျှင် ထပ်ခိုး လေးလည်း ပါသေး၏။အိမ်ရှေ့ခန်းတစ်ခန်းလုံးကိုမူ ဆိုင်အဖြစ်ဖွင့်ရန် ဟောခန်းအဖြစ် ထားရှိထားလေသည်။တိုက်ခန်းလေးကို ကြည့်၍ နွေးနွေးလဲ သဘောကျမိပါလေသည်။
"လစာကဘယ်လောက်လဲ ကိုသွင် ...ပြီးတော့ ...မငှားခင် အန်တီကိုလဲ တိုင်ပင်အုံးလေ ....အန်တီက သဘောမတူဘူးဆိုပေမဲ့ ကိုယ့်သဘောနဲ့ကိုယ် လုပ်လို့တော့ မကောင်းဘူးထင်တယ် "
"အင်းပါ နွေးရဲ့ ညကျရင် သေချာပြောလိုက်ပါ့မယ် ...ကိုယ်ကတော့ တကယ်လို့ ကိုယ်တို့ ဒီမှာမနေဖြစ်လဲ နွေး ဆိုင်ဖွင့်လို့ရတာမို့ ဒီနေရာလေးကို သဘောကျတယ် ....နွေးလဲ သဘောကျတယ်မဟုတ်လား "
သွင်ငြိမ်းထက်သည် နွေးနွေး၏လက်ကလေးကို ကြင်ကြင်နာနာပင် လှမ်းယူဆုပ်ကိုင်ရင်း မေးလိုက်သည်။
~~~~
" ( ......) နေ့ကျရင် လူကြီးစုံရာနဲ့ သွားပြီး စေ့စပ်တောင်းရမ်းမယ် အမေ...ဆေးရုံက ဆရာဝန်ကြီးတွေကိုလည်း အကူအညီတောင်းထားတယ် ...အမေ တကယ်မလိုက်ဘူးလားဟင် "
သွင်ငြိမ်းထက်သည် မိခင်ကြီးကို မျက်နှာငယ်လေးနှင့် မေးလိုက်သည်။
"အို ....မလိုက်ပါဘူး ...မင်းသဘောနဲ့ မင်းလုပ်ချင်ကိုလုပ် ငါနဲ့ မဆိုင်ဘူး .... "
" ဆေးရုံနဲ့ အိပ်မဝေးတဲ့ နေရာမှာပဲ နေကြမလားလို့ မမကြီး ... နွေး ဆိုင်ဖွင့်ချင်လဲ ဖွင့်လို့ရအောင်လေ ...ကျွန်တော်ဆန္ဒကတော့ နွေးကို အေးအေးသာသာ နေစေချင်ပေမဲ့ တော်ကြာ အိမ်မှာ နွေးတစ်ယောက်တည်း ပျင်းနေမှာစိုးလို့ လေ "
သွင်ငြိမ်းထက်၏ စကားကြောင့် မအေးရီမှာ ကျေနပ်သဘောကျနေမိလေသည်။ညီမဖြစ်သူ၏ ရှေ့ရေးအတွက် တစ်ဝက်မျှစိတ်အေးရလေသည်။တစ်ဝက်မှာမူ လက်မထပ်ရသေးခင် အချိန်အတွင်း သွင်ငြိမ်းထက်ဘက်မှ ပြောင်းလဲသွားမည်ကို စိုးရိမ်ပူပန်နေမိသည်မှာ အမှန်ပင်ဖြစ်ပါလေသည်။
~~~~~~
"တကယ်ပဲ ကျွန်တော်တို့ကို့ သဘောမတူနိုင်ဘူးလား အမေ "
သားဖြစ်သူ သွင် ငြိမ်းထက်၏ အမေးကို ဒေါ်မေဇင်ထက် မဖြေမိ ဘဲ မျက်နှာတင်းတင်းနှင့်သာ ထိုင်နေမိသည်။နားထဲ၌လည်း "သူက ရိုးသားတယ် ...ကြိုးစားတယ် .. အကျင့်စာရိတ္တကောင်းတယ်ဆိုပေမဲ့ တစ်ခုလပ်ဆိုတာနဲ့တင် ကျန်တာတွေ မစဉ်းစားကြဘဲ လူတွေ နှာခေါင်းရှုံ့ကြတာအမေရဲ့ .. အိတို့ အနေအထားနဲ့ ဆို ပတ်ဝန်းကျင်မှာ မျက်နှာ မဖော်ရဲဘဲ သိပ်ရှက်ဖို့ ကောင်းတယ် အမေရဲ့ "ဟု ဆိုသော အီသဇင်စကားများကိုသာ နားထဲတွင် ကြားယောင်နေမိလေသည်။
"မင်းတို့က ဒီလောက်မြန်မြန်ယူချင်နေရအောင် ...ဘာလဲ လွန်လွန်ကျူးကျူး ဖြစ်ထားကြလို့လား "
ဒေါ်မေဇင်ထက်သည် သားဖြစ်သူကို ဒေါ်သမာန်ဟုန် လေးနှင့် မေးခွန်းထုတ်လိုက်မိသည်။
" မဖြစ်ပါဘူး အမေ ... နွေးက အဲ့ဒီလို အနေအထိုင်ပေါ့ပြက်တဲ့သူ မဟုတ်ပါဘူး ...ပြီးတော့ အမေ့သားကလဲ စည်းမရှိတဲ့သူမဟုတ်ဘူးလေ... ချစ်သူကို တန်ဖိုးထားပြီး မြတ်မြတ်နိုးနိုးချစ်တာပါ ... အခုလို မြန်မြန်ဆန်ဆန် လက်ထပ်ချင်တာက ..ကျွန်တော်တို့ အသက်အရွယ်တွေ မငယ်တော့ဘူးလေ ကလေးနဲ့ အသက်ကွာမှာလဲ ကြောက်လို့...ပြီးတော့ သူ့ဆီကို သွားသွားတွေ့နေရတဲ့အခါ ... ပတ်ဝန်းကျင်ရဲ့ အကြည့်တွေကို မခံနိုင်တော့လို့ အမြန်ဆုံး လက်ထပ်ဖို့ ဆုံးဖြတ်လိုက်တာပါအမေရယ် "
"မင်းတို့ပြောတော့ ငါ သဘောတူလာတဲ့အထိ စောင့်ကြမယ်ဆို ...ခုတော့ ကိုယ့်သဘောနဲ့ကိုယ် ထင်ရာစိုင်းကြမှာပဲ မဟုတ်လားဟင်....အဲ့ဒီတော့ မင်းတို့ဘာသာ ယူချင်ယူ မယူချင်နေ ... ယူပြီးရင်လဲ ကြိုက်တဲ့နေရာမှာနေကြ "
ဒေါ်မေဇင်ထက်သည် မာန်ကို တင်း၍ ပြောလိုက်သည်။
"ပြောရက်လိုက်တာ အမေရယ် ... ကျွန်တော့်ရဲ့ မင်္ဂလာပွဲမှာ အမေ့ကို ရှေ့ဆုံးက မြင်ချင်တာလေ....နေဖို့အတွက်လဲ အမေ့အိမ်လို အိမ်ကြီးအိမ်ကောင်းမှာ မနေနိုင်ပေမဲ့ ... နွေးက သိမ်းတတ်ဆည်းတတ်တော့ တိုက်ခန်းကျဉ်းလေးထဲမှာ နေရလဲ နေလို့ အဆင်ပြေနိုင်မှာပါ ...ဒါပေမဲ့ အမေ့ကို ဘယ်သူ ပြုစုမှာလဲ ... အစ်ကိုကြီးကလဲ မိုးလင်းမိုးချုပ် စီးပွားပဲရှာနေတာ ....မအိကလဲ အမေ့ကို ပြုစုဖို့ နေနေသာသာ အမေ့ကပဲ ပြန်ပြုစုနေရတာမဟုတ်လား ...ဒီကြားထဲ အမေ့အတွက် ကူဖော်လောင်ဖက် ရအောင် ခေါ်ထားတဲ့ အေးမာကို သူကချည်း ခေါ်ခိုင်းနေတာလေ ... ပြီးရင်စားစရာသောက်စရာကအစ အမေ့အတွက် သတိတရနဲ့ ဝယ်ပေးဖို့နေနေသာသာ အမေ့အတွက် ကျွန်တော်ဝယ်လာပေးသမျှကို လာယူနေတာ မဟုတ်လား ...အဲ့ဒါတွေကို သိသိနဲ့ အမေ့ကို ကျွန်တော်က ဘယ်လိုထားခဲ့ရမလဲ ... အမေ့အိမ်မှာ ကျွန်တော်တို့ကို မနေစေချင်ရင်လဲ ...ကျွန်တော်တို့အိမ်မှာ အမေလိုက်နေလို့ ရတယ် အမေ ... နွေးက အမေ့အတွက် ချွေးမကောင်း အဖော်ကောင်းဖြစ်စေရမှာပါ "
သွင်ငြိမ်းထက်သည် လက်ထပ်ဖို့ရက် နီးလာသည်နှင့်အမျှ အမှန်တကယ်ပင် မိခင်ကို တစ်ယောက်တည်း ထားခဲ့ရန်စိတ်မချသောကြောင့် တတွတ်တွတ် တဖွဖွပြော၍နေမိလေသည်။
"မင်း ဘာမှ အပိုတွေ ပြောမနေနဲ့ သားသွင် ....ငါ့မြေးတွေနဲ့ ငါနေပျော်တယ် အဆင်ပြေတယ် ...မင်းသာ ဒုက္ခမရောက်အောင်နေ "
ဒေါ်မေဇင်ထက်သည် သားဖြစ်သူကို အလျှော့မပေးလိုစိတ်နှင့် မာန်တင်းပြီးပြောနေရသော်လည်း သားဖြစ်သူ အမှန်တွေပြောနေမှန်းကို သိရှိပါလေသည်။ချွေးမဖြစ်သူ အိသဇင်သည် ဝိုင်းကူဖေးမဖော် မရသည့်အပြင် ဒေါ်မေဇင်ထက်များ နေထိုင်မကောင်းဖြစ်လျှင် မသိဟန်ပြု၍ အစားမပျက် အသွား မပျက် နေနိုင်သူတစ်ယောက် ဖြစ်လေသည်။သို့သော်လည်း အိသဇင် နေထိုင်မကောင်းဖြစ်လျှင်တော့ ဒေါ်မေဇင်ထက်မှာ / FF ပြုစုရသည့်အပြင် မြေးတွေကိစ္စနှင့် အိမ်ကိစ္စများပါ လုပ်ရပါလေတော့သည်။ထိုသို့ မလုပ်ပေး၍လည်း မဖြစ် ။ အိသဇင်၏ အပြောအဆိုကြမ်းတမ်းမောက်မာမှုကြောင့် အိသဇင်တို့အိမ်တွင် အိမ်အကူများ ကြာရှည်မမြဲကြသောကြောင့်ပင်ဖြစ်ပါလေသည်။သည်သို့ အကြောင်းအရာများကို ပြန်တွေးကြည့်မိသောအခါ ဒေါ်မေဇင်ထက်သည် သားဖြစ်သူကို အလျှော့ပေးချင်ဖြစ်ပေါ်လာမိသည်မှာ အမှန်ပါပင်။သားသည် ဖအေတူသားဖြစ်သူပီပီ လေးနက်တည်ကြည်သော အသွင်ရှိသောကြောင့် သူ၏သဘောထားကို ပြောင်းလဲမည်မဟုတ်မှန်း ဒေါ်မေဇင်ထက်သိနေပါလေသည်။ဒေါ်မေဇင်ထက်အနေနှင့် မိခင်တစ်ယောက်၏လုပ်ပိုင်ခွင့်အာဏာကို အသုံးချပြီး ကန့်ကွက် တားဆီး၍လည်း မဖြစ်နိုင်မှန်း ဒေါ်မေဇင်ထက်သိပါလေသည်။ပြီးလျှင် ဒေါ်မေဇင်ထက် ကိုယ်၌ကလည်း အေးအေးဆေးဆေးနေတတ်သူဖြစ်သောကြောင့် ပူပူဆူဆူနှင့် ပြဿနာဖြစ်မည်ကို ရှောင်ရှားတတ်သူဖြစ်လေသည်။
~~~~~~
နွေးနွေးသည် ထိုစကားကို ချစ်ရသူအပေါ် ချစ်ခြင်း ယုံကြည်ခြင်းတစ်ခုနှင့်ပင် ပြောလိုက်ခြင်းဖြစ်ပါသည်။ချစ်ရသူက နွေးနွေးအတွက် မိသားစုနှင့် အပေါင်းအသင်းများကြားတွင် ရဲရဲဝံ့ဝံ့ရင်ဆိုင်နေချိန်တွင် နွေးနွေးသည်လည်း ယောက္ခမလောင်း၏ ရှေ့တွင် မာနတရားတို့ကို ဦးနှိမ်လျက် အားလုံးအဆင်ပြေဖို့အရေးကို ပြောနိုင်ရပေမည်မဟုတ်ပါလား။နွေးနွေး၏ စကားကြောင့် ချစ်ရသူ သွင် ငြိမ်းထက်၏ မျက်နှာလေးပြုံးသွားသည်ကို မြင်ရသောအခါ နွေးနွေးလည်း စိတ်ချမ်းသာရပါလေသည်။ထိုနည်းတူ ယောက္ခမလောင်း၏မျက်နှာသွင်ပြင်သည်လည်း တင်းမာမှုများ အနည်းငယ် ပြေလျော့သွားသယောင်ထင်လိုက်မိလေသည်။
"မင်းတို့က မင်းတို့သဘောနဲ့ ဆုံးဖြတ်ထားကြပြီးမှ အသိလာပေးကြတာလား ...အေး ဒီကိစ္စကို ငါစဉ်းစားအုံးမယ် ...သွင်ငြိမ်းထက် မင်းလဲ ဒီအတောအတွင်းမှာ အပိုးကျိုးကျိုးနေ ကြားလား "
"ဟုတ် ..ဟုတ်ကဲ့ပါ အမေ ...ကျေးဇူးတင်လိုက်တာ အမေရယ် "
သွင်းငြိမ်းထက်က ပြေးရင်းမှ မိခင်ကြီး၏အနီးတွင် နေရာပြောင်းထိုင်လိုက်ပြီးလျှင် မိခင်ကြီး၏ လက်မောင်းကို ဖက်တွယ်လိုက်ရင်းမှ နွေးနွေး၏မျက်နှားလေးကို လှမ်းကြည့်ပြီး ပြိုးပြလိုက်သည်။
~~~~~
အိသဇင်သည် ယောက္ခမကြီး၏ အပြုအမူကြောင့် မကျေမချမ်းဖြစ်နေမိသည်။မိမိနှင့် ပြောစဉ်အခါကတော့ သွင်ငြိမ်းထက်တို့ လာလျှင်ပင် မောင်းထုတ်တော့မည့် ဟန်ပန်နှင့် ပြောခဲ့သည်။တကယ်တမ်းမှာမူ လေသံမာမာနှင့်ပင် မပြောခဲ့သောကြောင့် အိသဇင် ကြိတ်မနိုင်ခဲမရ နှင့် ဒေါသများ ထွက်နေမိလေသည်။သွင်ငြိမ်းထက်၏ အိမ်ထောင်ရေးသည် အိသဇင်နှင့် မဆိုင်သည်ကို သိသော်လည်း တစ်ခုလပ်မိန်းခလေးတစ်ယောက်က သွင်ငြိမ်းထက်လို ဆရာဝန်တစ်ယောက်နှင့် အကြောင်းပါ့မည်ကို စိတ်က လက်မခံနိုင်ဖြစ်နေမိသည်။သွင် ငြိမ်းထက်သည် ဆရာဝန်တစ်ယောက် ဖြစ်ရုံမျှမကဘဲ လူချောလူသန့် တစ်ယောက် ဖြစ်သည့်အပြင် သူပိုင်ဆိုင်သော ငွေကြေးများကိုလဲ ကုမ္ပဏီအချို့တွင် ရှယ်ယာများ ထည့်သွင်းပါဝင်ထားခြင်းကြောင့် သွင်ငြိမ်းထက်သည် လူမသိသူမသိ သူဋ္ဌေးလေးတစ်ယောက်မှန်း ယောကျာ်းဖြစ်သူထံမှ အိသဇင်က သိရှိထားလေသည်။သို့အတွက်ကြောင့် သည်အခွင့်အရေးများကို တစ်ခုလပ် မိန်းမတစ်ယောက်က အချောင်ရသွားမည်ကို အိသဇင်မလိုလားပါချေ။ပြီးလျှင် ဥစ္စာလည်းရှိ၊ ရုပ်ရည်လည်း လှပသော ပညာတတ်ဘွဲ့ရ ညီမဖြစ်သူ မိုးကဗျာကိုတော့ ဖုတ်လေသည့်ငပိ ရှိသည်မထင်ဘဲ တစ်ခုလပ်မကို သဲသဲလှုပ်ဖြစ်နေခြင်းကိုလည်း စိတ်ထဲမှ မခံမရပ်နိုင် ဖြစ်နေမိသည်။ သေချာသည်မှာ သွင်ငြိမ်းထက်သာ အိသဇင်နှင့် ဆွေမျိုးရင်းချာဖြစ်ခဲ့လျှင် သည်ပွဲကို အိသဇင်ကိုယ်တိုင်ပင် ပွဲကြမ်း၍ ဖျက်ဆီးမိလိမ့်မည်ထင်ပါလေသည်။
~~~~~
"ဖြစ်နိုင်ရင်တော့ မင်္ဂလာပွဲကို ကိုသွင့်အသိုင်းအဝိုင်းဘက်ကပါ လက်ခံမှ ကျင်းပချင်တာပေါ့ ...ဒါပေမဲ့ သိတဲ့အတိုင်းပဲ ရပ်ကွက်က စောင့်ကြည့်နေတော့.....မမကြီးသဘောကတော့ မင်္ဂလာပွဲကို အချိန်မဆွဲစေချင်ဘူး "
မအေးရီသည် သူ၏ဆန္ဒကို သွင်ငြိမ်းထက်နှင့် ညီမဖြစ်သူကို ပြောလိုက်သည်။
"ဟုတ်ကဲ့ မမကြီး ပြောတာ ကျွန်တော်သဘောတူပါတယ် ... နွေးရဲ့ သဘောကရော ဘယ်လိုလဲ ပြောပါအုံး "
သွင်ငြိမ်းထက်သည်ချစ်သူကို ကြည့်၍ မေးလိုက်သည်။
"နွေးကတော့ ကိုသွင့်ဘက်က လူကြီးတွေ မပါဘဲ လက်မထပ်ချင်ဘူး ... ဒါပေမဲ့လဲ မဖြစ်မနေဆိုရင်လဲ နှစ်ဦးသဘောတူပဲ ရုံးတက်လက်မှတ်ထိုးကြတာပေါ့ "
နွေးနွေး၏ စကားကြောင့် အစ်မဖြစ်သူ မအေးရီရော ၊ သွင် ငြိမ်းထက်ပါ စိတ်မကောင်းဖြစ်မိသွားကြလေသည်။မအေးရီသည် ညီမဖြစ်သူအား ပတ်ဝန်းကျင် ကလေးစားစေရန် တူတူတန်တန် မင်္ဂလာပွဲကိုတော့ ဖြစ်စေချင်မိသည်။သို့သော်လည်း သတိုးသားဘက်မှ လူကြီးများမပါဘဲ မင်္ဂလာပွဲကျင်းပလျှင် လူပိုပြောစရာ ဖြစ်မည်ကို တွေးမိသောကြောင့် စိတ်မကောင်းစွာပင် နှုတ်ဆိတ်၍ နေမိလေသည်။
သွင်ငြိမ်းထက်သည်လည်း ချစ်သူ၏ မျက်နှာလေးကိုကြည့်ပြီးသက်ပြင်းအခါခါချမိလေသည်။သွင်ငြိမ်းထက်အနေနှင့် မိဘဆွေမျိုးသားချင်းများ၏ အကူအညီမပါဘဲ နေရေးထိုင်ရေးအတွက် အပူအပင်မရှိသော်လည်း ချစ်သူကို တင့်တင့်တယ်တယ်နှင့့်တောင်းရမ်းလက်ထပ်ယူချင်မိသည်။မိခင်ဖြစ်သူသည် သွင်ငြိမ်းထက်တို့ လက်ထပ်ပွဲအတွက် ပြင်းပြင်းထန်ထန်ကန့်ကွက်ခြင်းမရှိသော်လည်း လက်ခံသဘောတူခြင်းမရှိသေးသည့်အတွက် သွင်ငြိမ်းထက်မှာ ဘာလုပ်လို့လုပ်ရမည် မသိဘဲ ဖြစ်နေရလေသည်။မိခင်ဖြစ်သူ သဘောမကျနိုင် ဖြစ်နေရခြင်းမှာ မရီးဖြစ်သူ၏ သွေးထိုးလှုံ့ဆော်မှုများကြောင့် ဆိုသည်ကို သိသော်လည်း မိသားစုကြား အမုန်းမပွားလို၍ သွင်ငြိမ်းထက် လျစ်လျူရှူထားခြင်း ဖြစ်လေသည်။မဟုတ်လျှင် မရီးဖြစ်သူကြောင့် ညီအစ်ကို နှစ်ယောက်ကြား မသင့်မမြတ်ဖြစ်ခဲ့လျှင် ကြားထဲမှ မိခင်င်္ကြီးက စိတ်ဆင်းရဲရမည်ဖြစ်သလို ချစ်ရသူ နွေးနွေးအပေါ် ပို၍ အမြင်စောင်းသွားကြမည်ကို စိုးရိမ်မိသောကြောင့် သွင်ငြိမ်းထက်စိတ်ကို ထိန်းချုပ်ထားရခြင်းဖြစ်ပေသည်။
"နေထိုင်ဖို့ကိုရော ဘယ်လို တွေးထားကြလဲ "
မအေးရီက ထပ်မံမေးလိုက်ပြန်သည်။
ဧကြည်ဖြူ
" တစ်ခုလပ် "
အပိုင်း ( ၁၇ )
*****
နွေးနွေးသည် ကားပေါ်မှဆင်းလိုက်ပြီးသည့်နောက် ရှေ့တွင် မြင်နေရသော ပုံစံတူတိုက်အိမ်နှစ်လုံးကို ငေး၍ ကြည့်နေမိသည်။မှန်ရာကို ဆိုရလျှင် နွေးနွေးသည် ချစ်သူ သွင်ငြိမ်းထက် ၏ အပြင်အဆင်နှင့်ဝတ်စားဆင်ယင်ပုံများကြောင့် သာမာန်ထက် အနည်းငယ်ပို၍ ပြည်စုံသည်ဟုသာ ထင်မှတ်ခဲ့မိသည်။ ယခုလို ပြည့်စုံကြွယ်ဝသော ပုံစံကို လက်တွေ့ မြင်တွေ့လိုက်ရသည့်အခါ စိတ်ထဲ စိုးရွံ့စိတ်ကလေး၀င်လာမိလေသည်။နွေးနွေး၏ ခြေထောက်များမှာ မသိမသာ တုန်ယင်လာမိလေသည်။
သွင်ငြိမ်းထက်သည် ကားပေါ်မှ ဆင်းလိုက်ပြီးလျှင် ချစ်သူနွေးနွေးဆီသို့ လျှောက်သွားလိုက်ပြီးလျှင် ချစ်သူ၏ လက်ကလေးကို ခပ်တင်းတင်းဆုပ်ကိုင်လိုက်သည်။
"လာလေ နွေး "
"နွေး.... နွေး ကြောက်တယ် ...ကိုသွင်တို့ကို သာမန်မိသားစုလို့ပဲ ထင်မိခဲ့တာ "
" နွေးကလဲ ဘာတွေပြောနေတာလဲ ကွာ ..ခုလဲ သာမန်ပါပဲ ... ကိုယ့်လစာက နွေးဝင်ငွေလောက်မှ မကောင်းတာ ...လာပါ ကိုယ်ရှိတယ် ဘာမှမကြောက်နဲ့ "
သွင်ငြိမ်းထက်သည် နွေးနွေး၏ လက်ကလေးကို ဆွဲယူလျက် အိမ်ထဲသို့ ဝင်ခဲ့လေသည်။
~~~~~~
ဒေါ်မေဇင်ထက်သည် သားဖြစ်သူ သွင်ငြိမ်းထက်ခေါ် လာသော ချွေးမလောင်း၏ ပုံစံသွင်ပြင်ကိုကြည့်ပြီး စိတ်ထဲ ဘ၀င်ကျသလိုတော့ ဖြစ်သွားမိသည်။မရိုးလွန်း မဆန်းလွန်းသော ဝတ်စားဆင်ယင်ပုံနှင့် အေးချမ်း ကြည်လင်နေသော မျက်နှာလေးသည် သားဖြစ်သူ သဘောကျမည်ဆိုလျှင်လည်း ကျချင်စရာပဲဟု တွေးလိုက်မိသည်။မျက်နှာ၏ အလှအပသည် မိုးကဗျာကို မမှီသော်ငြား မိုးကဗျာ၏ မျက်လုံးအကြည့်များကဲ့သို့ မာယာမပါကြာမပါဘဲ ပကတိ ကြည်လင်သောအကြည့်များကို တွေ့ရလေသည်။သားဖြစ်သူနှင့်လိုက်ဖက်မှုရှိသည်ကို အသိအမှတ်ပြုလိုက်မိလေသည်။အကယ်၍များ တစ်ခုလပ်ဆိုသော နာမည်ပျက်သာ မရှိခဲ့လျှင် ဒေါ်မေဇင်ထက် ကြည်ဖြူစွာပင် လက်ခံပေးမိမည်ထင်ပါသည်။ယခုမူ တစ်ခုလပ်ဆိုသော အတွေးက ဒေါ်မေဇင်ထက်ကို ခြောက်လှန့်နေသည်။သည်ကြားထဲ၌ ချွေးမဖြစ်သူ အိသဇင်၏ "တစ်ခုလပ်ဆိုတဲ့ နာမည်ပျက်ရှိနေမှတော့ ဘယ်လိုမိန်းမကောင်းဖြစ်နိုင်မှာလဲ အမေရဲ့ "ဆိုသော စကားကို စိတ်ထဲမှာစွဲနေမိပြန်သည်။ဒေါ်မေဇင်ထက် ကိုယ်တိုင်က စိတ်ထားတည်ကြည် ရိုးဖြောင့်သော ခင်ပွန်းကောင်းကို ရခဲ့သောကြောင့် အိမ်ထောင်ပြိုကွဲရခြင်းအကြောင်းအရင်းကို နားလည်မပေးနိုင်ဖြစ်နေမိသည်။ပြီးလျှင် သားဖြစ်သူ သွင်ငြိမ်းထက်သည်လည်း ဖအေးတူသားဖြစ်သောကြောင့် လေးနက်တည်ကြည်သော စိတ်ထားရှိခြင်းကြောင့် အိမ်ထောင်ပြုမည်ဆိုလျှင် အမျိုးကောင်းသားသမီးနှင့် သာ ဆုံစည်းစေချင်မိသည်။တစ်ခုလပ် မိန်းခလေးတစ်ယောက်နှင့် မိမိ၏သားသမီးတစ်ယောက်ကို သဘောမကျနိုင်ဖြစ်နေရသည်မှာ မိဘတစ်ယောက်၏ အတ္တပဲဖြစ်လိမ့်မည်ထင်ပါသည် ။ ထို့ကြောင့် ဒေါ်မေဇင်ထက်သည် အနည်းငယ် ပြေလျော့စပြုချင်နေသော မျက်နှာကို တမင်ပင် ခပ်တင်းတင်းနေလိုက်သည်။
"အမေ့ကိုလဲ ကျွန်တော်ချစ်တယ် ... နွေးကိုလဲ ချစ်တယ် အမေ ..အဲ့ဒါကြောင့် ...ကျွန်တော့်ချစ်တဲ့သူနှစ်ယောက်ကိုလဲ အဆင်ပြေစေချင်တယ် ...ဖြစ်နိုင်ရင် ကျွန်တော်တို့ သုံးယောက်အတူတူ ပျော်ပျော်ရွှင်ရွှင်နေချင်တယ် အမေ "
သွင်ငြိမ်းထက်သည် မိခင်၏မျက်နှာကို တောင်းပန်တိုးလျှိုးသော အကြည့်များဖြင့် ကြည့်၍ ပြောလိုက်သည်။
"ငါက သဘောမတူနိုင်ဘူးဆိုရင် မင်းတို့ ဘာလုပ်ကြမလဲ ပြော "
ဒေါ်မေဇင်ထက်က လေသံမာမာနှင့် မေးလိုက်သည်။
နွေးနွေးသည် ဒေါ် မေဇင်ထက်၏ စကားကြောင့် ခေါင်းကို အသာငုံ့ထားလိုက်မိသည်။နွေးနွေး၏ ရင်ထဲတွင် မာနက ခေါင်းထောင်ထချင်လာသော်လည်း မိဘတို့ မည်သည် သားသမီးနှင့့်ပတ်သက်လျှင် အတ္တကိုယ်စီရှိကြသည်ကို သိသောကြောင့် နွေးနွေး နားလည်ပေးနိုင်ပါလေသည်။
" အမေသဘောတူနိုင်တဲ့ အထိ စောင့်ပါမယ် အမေ ... အချိန်အတိုင်းတာတစ်ခုအထိမှ အမေ သဘောမတူနိုင်သေးဘူးဆိုရင်တော့ စိတ်မကောင်းစွာနဲ့ နှစ်ဦးသဘောတူပဲ လက်ထပ်ရမှာပေါ့ အမေ......ကျွန်တော့် ဆန္ဒကတော့ အမေနဲ့ အတူတူတစ်အိမ်ထဲမှာပဲ နေချင်တာပါ ဒါပေမဲ့ အမေ သဘောမကျရင် အိမ်ခွဲနေပါ့မယ် "
သွင်ငြိမ်းထက်၏ စကားကြောင့် ဒေါ်မေဇင် ထက်နှင့်နွေးနွေးသည် သွင်ငြိမ်းထက်ကို ကြည့်လိုက်ကြသည်။
"ဒါဆို မင်းက မင်းသဘောနဲ့ မင်းလုပ်မယ်ဆိုတဲ့ သဘောပေါ့လေ .. ဒါနဲ့ မိန်းခလေး မင်းရဲ့ သဘောကရော ဘယ်လိုလဲ ... ယောကျာ်းလေးရှင်က သဘောမတူတဲ့ မင်္ဂလာပွဲကို လုပ်ချင်တာပဲလား "
" ရှင် "
ဒေါ်မေဇင်ထက်သည့် သားဖြစ်သူကို ခပ်တင်းတင်းပြောလိုက်ရင်းမှ ငြိမ်သက်စွာထိုင်နေသော နွေးနွေးကိုပါ မေးလိုက်သည်။
နွေးနွေးသည် ရုတ်တရက်မို လန့်ဖျပ်သွားရပြီးလျှင် "ရှင် ''ဟု အသံလေးထွက်သွားမိသည်။ပြီးလျှင် ချစ်ရသူ သွင်ငြိမ်းထက်ကို မော့ကြည့်လိုက်မိလေသည်။သွင်ငြိမ်းထက်သည်လည်း နွေးနွေး၏ အဖြေကို သိချင်နေပုံနှင့် နွေးနွေးကို ကြည့်နေသည်ကို တွေ့လိုက်ရလေသည်။
"ဟုတ် ...ဟုတ်ကဲ့ ... နွေး.... နွေးကတော့ နှစ်ဘက်လူကြီးတွေ သဘောတူလက်ခံမှ လက်ထပ်ချင်ပါတယ်ရှင် ...ဒါ...ဒါပေမဲ့ ကိုသွင့်ဆန္ဒအတိုင်းပါပဲရှင် ... မိသားစု စုံစုံလင်လင်နဲ့ နေချင်ပါတယ် "
ဆုံစည်းသင့်သည်ဟု ခံယူထားကြပုံရသည်။အဘက်ဘက်က အစစအရာရာပြည့်စုံသူများနှင့်ဆုံစည်းရမည့်အရေးမျိုးဆို သူတို့မုဒိတာမပွားနိုင်ကြပါ။ မသိလျှင် သူတို့၏ အခွင့်အရေးကို လုယူခံလိုက်ရသကဲ့သို့ တစ်ဖက်သက်ခံပြင်းစိတ်များ ရှိနေကြသည်ထင်ပါလေသည်။
" အစ်မကို ဘယ်သူပြောလဲ "
နွေးနွေးသည် ခပ်ဆတ်ဆတ်အသံလေးနှင့် ပြန်မေးမိသည်။
"ဟို ... သူများတွေ ပြောနေသံကြားလို့ "
"လူတွေက မဟုတ်တာဆို သိပ်ပြောချင်ကြတာပဲ ....သူက( ....) ဆေးရုံက ဆရာဝန်လေ အိမ်ထောင်လဲ မရှိဘူး ...မယုံရင် ဆေးရုံမှာ သွားစုံစမ်းကြာတာမဟုတ်ဘူး ... နွေးက အိမ်ထောင်သည်ကို ကြိုက်ဖို့ မပြောနဲ့ လူပျိုတွေကိုတောင် စိတ်မဝင်စားဘူး ... နွေးရဲ့ အရည်အချင်းနဲ့ ကိုယ့်ဘ၀ကိုယ်တည်ဆောက်နိုင်တယ်...လူတွေက သူတို့စိတ်နဲ့သိပ်နှိုင်းကြတာပဲ "
နွေးနွေးဒေါသဖြစ်ဖြစ်နှင့် ပြောလိုက်သောအခါ အသိအစ်မ၏ မျက်နှာမှာ ညိုမည်းပုတ်သွားသည်ကိုတွေ့လိုက်ရလေသည်။
~~~~~~
"လိုက်ခဲ့ပါ နွေးရယ် ... နွေးစိတ်ရှင်းသွားအောင် အိမ်ကိုခေါ်ပြီး အမေနဲ့ တွေ့ပေးချင်တယ် "
" အမှန်တိုင်း ပြောရရင်တော့ မလိုက်ချင်ဘူး ကို သွင်ရယ် ..."
သွင်ငြိမ်းထက်သည် နွေးနွေးအား မိခင်ဖြစ်သူနှင့် တွေ့ပေးရန်အတွက် သူ၏အိမ်သို့ ခေါ်နေခြင်းဖြစ်လေသည်။ နွေးနွေးမှာ လိုက်လိုသော ဆန္ဒမရှိသော်လည်း သည်လို အဖြစ်မျိုးက တစ်နေ့တွင် မလွှဲမသွေကြုံရမည်ဖြစ်သလို ချစ်ရသူက စိတ်ရင်းမှန်မှန်နှင့်ခေါ်နေသည်ကို သိသောကြောင့် ချစ်သူ၏အိမ်သို့ လိုက်သွားရန်ဆုံးဖြတ်လိုက်ရလေသည်။
=====================
အပိုင်း ( ၁၇ ) ဆက်ရန်
ဧကြည်ဖြူ
ညနေ အပိုင်း ( ၁၇ ) ကို ဆက်တင်ပေးပါ့မယ်ရှင်
သွင်ငြိမ်ထက်၏ ဝမ်းနည်းယူကြုံးမရစွာ ပြောလိုက်သောအသံကြောင့် ဒေါ်မေဇင်ထက်မှာ သားဖြစ်သူ၏ ထိုသို့ ပုံစံကို မမြင်ဖူးသောကြောင့် ကိုယ်တိုင်ပင် စိတ်မကောင်းဖြစ်လျက် သက်ပြင်းကိုအခါခါ ချနေမိလေသည်။
"အမေ သူ့အကြောင်း မသိသေးလို့ပါ ... တစ်ခုလပ် ဆိုတဲ့ ဖြစ်ချက်ကလွဲလို့ ...သိပ်ကို တော်တဲ့ သူပါ ... သူ့အကြောင်းကို အမေကြိုက်သလို စုံစမ်းကြည့်ပါ ....ကျွန်တော်ကတော့ ရှင်းရှင်းပဲပြောမယ် ...အမေ့ကို ထားခဲ့မှာ မဟုတ်သလို သူ့ကိုလဲ စွန့်ပစ်မှာ မဟုတ်ဘူး ...ပြီးတော့ ကျွန်တော့် ကိုယ်ရေးကိုယ်တာကို အခြားသူ ၀င်စွက်ဖက်တာကိုလဲ မကြိုက်ဘူး ... မအိကို ပြောလိုက်ပါ အမေ ...နောက်ထပ် ကျွန်တော့်ကိစ္စတွေမှာ ဝင်မရှုပ်ပါနဲ့လို့ "
သွင်ငြိမ်းထက်က ပြောပြီးသည်နှင့် ထိုင်နေရာမှ ထလိုက်သည်။
"မင်းဘယ်လို ပြောလိုက်တာလဲ သားသွင်...အိသဇင်က အခြားသူလား ... တို့မိသားစုလေ "
ဒေါ်မေဇင်ထက်က သားဖြစ်သူကို အော်ပြောလိုက်သည်။
"ဒီမှာ အမေ ...မအိလိုမျိုး လောဘကြီး အပျင်းကြီးတဲ့ချွေးမ မျိုးကိုတောင် အမေလက်ခံနိုင်သေးတာ....ကျွန်တော်ချစ်တဲ့သူကိုလဲ အမေ လက်ခံနိုင်မှာပါ"
သွင်ငြိမ်းထက်သည် ပြောပြောဆိုဆိုနှင့် သူ့အခန်းဆီသို့ တက်ခဲ့လိုက်သည် ။
~~~~~~~
"အဲ့ဒါပြောတာပေါ့အေ ....တန်ရာကို မမှန်းဘဲ အမြင့်ကို မှန်းတော့ လူကျမကျဘဲ ..ခွေးကျကျမှာမြင်ယောင်ပါသေးတယ် "
နွေးနွေး သူတို့အနားသို့ ရောက်သောအခါမှ တမင် နွေးနွေး မကြားကြားအောင် ပြောသော စကားပင် ဖြစ်ပါသည်။ယမန်နေ့ အိသဇင် လာစဉ်အခါက နားစွန်နားဖျား ကြားသွားခဲ့သော စကားမှာ တစ်ယောက်ဆီမှ တစ်ယောက်ဆီသို့ ချဲ့ကား၍ ရောက်ရှိသွားလေပြီဖြစ်သည်။နွေးနွေး ဝယ်စရာရှိသည်ကို အမြန်ဝယ်ပြီး ပြန်ဖို့ရန် ပြင်လိုက်သည်။
" အိမ်က အရူးကောင်ကလဲ ဒါကိုမှ လိုချင်သပ ဖြစ်နေလို့ ကြိမ်းမောင်းထားရသေးတယ် "
နွေးနွေးကို တည့်တည့်ကြည့်၍ ပြောနေသော အမျိုးသမီးကြီးသည် နွေးနွေးတို့ရပ်ကွက်ထဲမှ အာကြမ်းလျှာကြမ်း အမျိုးသမီးကြီးဖြစ်သည်။ဘာမှသုံးစားမရသော သူမ၏ သား အရက်သမားကို နွေးနွေးနှင့် လက်ထပ်ပေးရန်အတွက် ကြိုးစားခဲ့ဖူးသည်။ ထိုစဉ်က နွေးနွေးသည် စိတ်ဆိုးလွန်းသောကြောင့် မြွေမသေတုတ်မကျိုး ငြင်းတာမျိုး မဟုတ်ဘဲ(င့်//ပြတ်ပြတ်သားသားပင် ငြင်းလွှတ်ခဲ့သည်။" အရက်ဖိုး ဆေးဖိုးကူရှာခိုင်းမလို့လား "ဟုသော နွေးနွေး၏စကားက သူတို့၏ အရှိုက်ကို ထိသွားခဲ့ပုံရသည်။သည်ကိစ္စအတွက် နွေးနွေးကို အငြိုးမပြေနိုင်ဖြစ်နေခဲ့ပုံရသည်။သားသမီးချင်းမစာနာပြောထွက်သော သူတို့၏ အပြုအမူနှင့်စိတ်ဓါတ်အတွက်တော့ ရှက်ပုံလည်းမရပါချေ။မသိလျှင် နွေးနွေးကို ရောင်းမရသော ကုန်ပစ္စည်းတစ်ခုလို ဈေးပေါင်ကျိုးဈေးနဲ့ ရယူလိုခြင်းပါပင်။သည်ကြားထဲ အိမ်ထောင်ရှိသူများကလည်း လမ်းကြုံး ရမလားစမ်းချင်သေးသည်။ ဒါမျိုးဆိုလျှင်တော့ နွေးနွေးက ဓါးကြိမ်းကြိမ်းပစ်သည်။ရပ်မိရပ်ဖကို တိုင်သင့်က တိုင်ပစ်လိုက်သည်။သူတို့စိတ်ထဲ၌ နွေးနွေးသည် တစ်ခုလပ် ဖြစ်သည့် အပြင် အစ်မကြီးရှိပါလျက်နှင့် အတူမ နေဘဲ တစ်ယောက်တည်းနေခြင်းကြောင့် အထင်တသေးနှင့် စမ်းသပ်လိုကြခြင်းဖြစ်ကြဟန်ရှိသည်။နွေးနွေးကတော့ ရှင်းသည်။အစ်မအိမ်ပေါ်တက်၍ ဒုက္ခမပေးလို။ပတ်ဝန်းကျင်က ခဲအိုကြီးနှင့်စမှာ နောက်မှာကိုလည်း လက်မခံနိုင်သောကြောင့် ကိုယ့်အိုး ကိုယ့်အိမ်နှင့်သာ နေခဲ့သည်။အဲ့သည့်အတွက် ပတ်ဝန်းကျင်က ထင်ရာပြောကြသော်လည်း နွေးနွေးကိုယ့်လမ်းကိုယ်သာ ရဲရဲဝံ့ဝံ့ ဆက်လျှောက်ခဲ့သည်။နွေးနွေး ဖိနပ်ဆိုင်မှာ သွားလုပ်ခဲ့သည်ကိုလည်း ပတ်ဝန်းကျင်ကတစ်မျိုး ပြောချင်ကြသည်။သို့သော်လည်း နွေးနွေး သည့်ထက်ပို၍ ဂရုမစိုက်အားပါ။ပတ်ဝန်းကျင်ဆိုသည်မှာ အချိန်တန်ပြောလို့ ၀လျှင် တိတ်သွားမည်သာဖြစ်သည်။ကိုယ့်လုပ်ရပ်အတွက် ကောင်းကျိုး ဆိုးကျိုးကို ကိုယ်သာ ခံစားရမည်ဖြစ်သည်။ကြာတော့ ပတ်ဝန်းကျင်၏ အကြည့်များကို နွေးနွေး အလေးမထားချင်တော့ပေ။ကိုယ့်ဘဝတိုးတက်ရေး အတွက်သာ ကြိုးစားခဲ့သည်။
"မနွေး အဆင်ပြေရဲ့လား "
မေးသံကြောင့် ကြည့်လိုက်သောအခါ အသိအကျွမ်း တစ်ယောက်ကို တွေ့လိုက်ရသည်။သူသည် ဘာအဓိပ္ပါယ်နှင့်မေးသည် မသိသော်လည်း နွေးနွေးက ခပ်အေးအေးပင် ပြန်ဖြေလိုက်သည်။
"အဆင်ပြေပါတယ် ...ဆိုင်သစ်တွေ ပေါ်လာပေမဲ့ နွေးဆိုင်က ပစ္စည်းစုံတော့ အရောင်းအဝယ်ပုံမှန်ပါပဲ "
နွေးနွေး၏ အဖြေကို ကြားသောအခါ သူကျေနပ်ပုံမရပါ။ သူဘာကို သိချင်နေသည်မှန်း နွေးနွေး သိနေသော်လည်း မသိဟန် ပြုနေလိုက်သည်။မနေနိုင်သည့်အဆုံးတွင် သူက ပေါ်တင်ပင်မေးလာလေသည် ။
" အယ် ... ဟိုလေ စီးပွားရေးကို ပြောတာမဟုတ်ဘူး မနွေးရဲ့...ဟိုတစ်နေ့က မနွေးအိမ်ကို လာလာနေတဲ့ သူရဲ့မိန်းမက ရန်လာတွေ့သွားတယ်ဆို အဲ့ဒါ မနွေးကိုစိတ်ပူနေမိတာ "
သေချာသည် စိတ်ပူ၍ မေးသော အသံမျိုးမဟုတ်ပေ။ ဝမ်းသာပျော်ရွှင်သောအသံမျိုးသာဖြစ်လေသည်။နွေးနွေး အံကိုကြိတ်လိုက်မိသည်။ဒေါသတောင်းခနဲ ထွက်သွားမိသော်လည်း စိတ်ကို ထိန်းလိုက်သည်။လူတို့၏ အဇ္ဈတ္တသည် ကြောက်ဖို့ကောင်းလေစွ။ သူတို့စိတ်တွင်း၌ တစ်ခုလပ်သည် တစ်ခုလပ် သို့မဟုတ် မုဆိုးဖိုများနှင့်သာ တွဲရမည်။သို့မဟုတ်လျှင် တစ်ခုလပ်များသည် စီးပွားရေး၊ ပညာရေးနှင့် အကျင့်စာရိတ္တ ချို့တဲ့သူများနှင့်သာ
" တစ်နေ့ကျရင် ဒီလိုတွေဖြစ်လာမယ်ဆိုတာသိလို နွေးငြင်းဆန်ခဲ့တာ .... နွေးအေးအေးချမ်းချမ်းပဲ နေချင်တယ် ကိုသွင်...နွေးရဲ့သိက္ခာကို စော်ကားတဲ့ စကားတွေပြောတာမျိုးကို လက်မခံနိုင်ဘူး ......နဂိုထဲကမှ ပတ်ဝန်းကျင်က နွေးရဲ့ အားနည်းချက်ကို ရှာနေကြတာလေ ....ပြီးတော့ ကိုသွင့်မှာ စေ့စပ်ထားတဲ့သူရှိတယ်ဆိုတာကရော အမှန်ပဲလား ..ဒီကိစ္စကို သေချာ သိချင်တယ် "
"မဟုတ်တာ နွေးရယ် ... ဒီခေတ်ထဲမှာ ဒါမျိုးတွေ ရှိသေးလို့လား ...ကိုယ့်ဘ၀မှာ ပထမဆုံးအနေနဲ့ လက်ထပ်ဖို့ စဉ်းစားခဲ့မိတာ နွေးပဲ ရှိတယ် ....စိတ်ချပါ ဒီကိစ္စကို နွေးလက်ခံနိုင်တဲ့အထိကိုယ်ရှင်းပြမယ် ... ပြီးတော့ နွေးကို ကိုယ်တောင်းဆိုချင်တာ တစ်ခုရှိတယ် ... ဘယ်သူတွေဘာတွေ ပြောပြော ကိုယ်ကိုပဲ ယုံကြည်ပေးပါ နွေးရယ် ... အမေက မိဘပီပီ ကိုယ်တို့ကို သဘောမတူနိုင်ဘူးလို့ ပြောနိုင်ပါတယ် ...ဒါပေမဲ့ ကိုယ့်ရဲ့အမေက အဆင်ခြင်မဲ့တဲ့ သူမျိုး ...အဆင့်အတန်းမရှိတဲ့သူမျိုးမဟုတ်ပါဘူး ... နွေးအကြောင်းကို သေချာသိရင် အမေလက်ခံမှာပါ ...အမေလက်ခံအောင်လဲ ကိုယ်ကြိုးစားမယ် ...ပြီးရင် နွေးကို လူကြီးစုံရာနဲ့ လာတောင်းမယ်....ဒီကြားထဲမှာ နွေးက တတ်နိုင်သလောက် ကိုယ့်ကို နားလည်ပေးပါနော်််..."
သွင်ငြိမ်းထက်သည် နွေးနွေး၏ လက်ကလေးကို ယုယကြင်နာစွာ ဆုပ်ကိုင်လိုက်ပြီးလျှင် တောင်းပန်စကားကို ဆိုမိလေသည်။ထို့အတူ စိတ်ထဲမှလည်း မရီးဖြစ်သူ အိသဇင်ကို အတော်လေးပင် စိတ်တို ဒေါသထွက်မိလေသည်။
" နွေးလဲ အခြားသူပြောတဲ့ စကားကြောင့် ကိုသွင့်ကို ရန်မလုပ်ပါဘူး .. တစ်ခုတော့ ရှိတယ် ... နွေးကို အထင်သေးနေတဲ့သူတွေနဲ့တော့ ရှေ့ဆက်အဆင်ပြေမယ် မထင်ဘူး ကိုသွင်ရယ် "
" ဒီအတွက် စိတ်ချပါနွေးရယ် ...ကိုယ်တို့ကြားထဲမှာ ဘယ်သူမှ ဝင်ပါလို့ မရဘူး ... ကိုယ့်မှာ အစီအစဉ်တွေ ရှိပြီသားပါ...နွေးကို စော်ကားတာဟာ ကိုယ့်ကို စော်ကားတာပဲလေ "
နွေးနွေး၏ စကားကြောင့် သွင်ငြိမ်းထက်သည် ပျာပျာသလဲနှင့် ပြောလိုက်သည်။
"အင်းပါ ...အိမ်ရောက်ရင် ကောင်းကောင်းမွန်မွန်ပဲ ပြောနော် ..နွေးက ကိုသွင့်ကို ယုံပါတယ်... တော်ကြာ မမကြီးကပါ သဘောမတူဘူးဆိုပြီး ထပြောမှာ ကြောက်တယ် ... နွေးအတွက်တော့ မမကြီးက မိခင်တစ်ယောက်လိုပဲမို့ မမကြီး စိတ်ဆင်းရဲတာမျိုးကိုလဲ မဖြစ်စေချင်ဘူး "
နွေးနွေးသည် ပြောနေရင်းမှ တောင်းပန် တိုးလျှိုးသော အကြည့်များနှင့် ကြည့်နေရှာသည့် သွင်ငြိမ်းထက်၏ မျက်နှာလေးကို ကြည့်လိုက်မိပြီး စိတ်ထဲမှသနားသွားမိကာ
"ကဲပါ စိတ်အရမ်းညစ်မနေပါနဲ့ ... နွေးလဲ ဆတ်ဆတ်ထိမခံ ဖြစ်တတ်တဲ့စိတ်ကို လျှော့ပါ့မယ် ... ဆေးရုံမှာလဲ လူရောစိတ်ရော ပင်ပန်းလာရတဲ့ကြားထဲ နွေးကပါ ထပ်ပြီး စိတ်ညစ်အောင် မလုပ်ချင်ပါဘူး "
နွေးနွေးသည် ပြောရင်းမှ ချစ်ရသူ၏ နဖူးပြင်ထက်မှ ချွေးသီးလေးများကို တစ်ရှူးစလေးနှင့် ပွတ်သုတ်ပေးလိုက်သည်။ထိုအခါ သွင်းငြိမ်းထက်သည် နွေးနွေး၏ ခေါင်းလေးကို လက်နှင့် ခပ်ဖွဖွပွတ်လိုက်ပြီးလျှင် တီးတိုး ပြောလိုက်သည်။
"ဆေးရုံမှာ စတွေ့ကတည်းက ကိုယ့်ဘဝကို နွေးနဲ့ပဲ ရှေ့ဆက်ဖို့ ဆုံးဖြတ်ခဲ့တာ...ဒါကို ဘယ်သူမှ တားလို့မရပါဘူး နွေးရယ် "
~~~~~~~
ဒေါ်မေဇင်ထက်သည် မိမိရှေ့တွင် တိတ်ဆိတ်ငြိမ်သက်စွာ ထိုင်နေသော သားဖြစ်သူကို မဝံ့မရဲ ကြည့်လိုက်မိသည်။ချွေးမဖြစ်သူ အီသဇင်၏လုပ်ရပ်အတွက် ဒေါ်မေဇင်ထက်သည် သားဖြစ်သူကို မျက်နှာပူမိသည်မှာ အမှန်ပါပင်။သို့သော်လည်း ချွေးမဖြစ်သူက စေတနာနှင့် လုပ်ဆောင်ပါသည်ဟု ပြောလာသောအခါ ဒေါ်မေဇင်ထက်မှာ မပြောသာမဆိုသာဖြစ်ခဲ့ရသည်။ထို့ကြောင့်ပင် ချွေးမဖြစ်သူကို စောစောစီးစီးပင် သူတို့ တိုက်ရှိရာသို့ ပြန်ခိုင်းလိုက်ရလေသည်။မိန်းမများကြောင့် သားနှစ်ယောက် မသင့်မမြတ်ဖြစ်မည်ကို ဒေါ်မေဇင်ထက် စိုးရိမ်မိပါလေသည်။
"မပြောမဆိုနဲ့ မင်းမရီးက သွားခဲ့တာတော့ သူလွန်တာ အမှန်ပဲ ...ဒါပေမဲ့ အမလဲ သားတို့ကို သဘောမတူနိုင်ဘူး ...သားမှာ ကြိုက်စရာလူ ဒီလောက် ရှားလား "
" ဘာလို့ သဘောမတူတာလဲ အမေ ...သူက တစ်ခုလပ်မို့လို့လား ...ဒါဆို အမေက ကျွန်တော့်ကို ဘယ်သူနဲ့ သဘောတူတာလဲ ...ဘာလဲ မိုးကဗျာနဲ့လား....မိုးကဗျာက အပျို ... ငွေကြေးပြည့်စုံတယ် ... ပညာတတ်ဘွဲ့ရ ဆိုပြီး သဘောကျနေတာလား ..အဲ့ဒါတွေက သူ့ရဲ့ အပေါ်ယံ အရည်အချင်းတွေလေ ... မိုးကဗျာ လှသလောက် အပျော်အပါးမက်တာ ...အသုံးအဖြုန်းကြီးတာတွေ ...ကလပ်တွေ ဘားတွေသွားတတ်တာကိုရော အမေသိလား ...အဲ့ဒီလိုလူမျိုးကို အပျိုဆိုတဲ့နာမည်လေးရှိတာနဲ့ပဲ ယူရမှာလား အမေ "
သွင်ငြိမ်းထက်က မိခင်ကို မေးလိုက်သည်။
" ကျွန်တော် စိတ်မကောင်းဘူး အမေရာ ... ကျွန်တော့်ကို အမေ အရမ်းအထင်သေးတာပဲ ... ကျွန်တော်လိုလူက ချစ်တဲ့စိတ်တစ်ခုနဲ့ပဲ မိုးမမြင် လေမမြင်ဆုံးဖြတ်မဲ့သူမျိုးလား ... ကျွန်တော် သူ့ကိုချစ်တာမှန်ပေမဲ့ သူ့အကြောင်းကို သေချာ လေ့လာ စုံးစမ်းပြီးမှ ရွေးချယ်ခဲ့တာ အမေ ....သူက အိမ်ထောင်ဖက်က သစ္စာဖောက်ဖျက်ခဲ့လို့ လမ်းခွဲခဲ့ပြီး သူ့ဘဝကို အောင်မြင်အောင် ကြိုးစားနေတာပါ...အဲ့ဒါက အပြစ်လား အမေရယ် ...သားတော့ သူ့ကိုချစ်ရုံတင်မဟုတ်ဘူး လေးလဲလေးစားတယ် ... "
" ဘာဝယ်ကြမလို့လဲ ...မ၀ယ်ရင် ပြန်ကြပါနော် ...ဆိုင်မှာ ဧည်သည် ရောက်နေလို့ပါ ...တော်ကြာ ဒီရပ်ကွက်ကလူတွေကို အဆင့်အတန်းမရှိတဲ့လူတွေလို့ ထင်သွားပါအုံးမယ် " ထိုသို့မအေးရီ ပြောလိုက်သော အခါ ဆိုင်ရှေ့တွင် တရစ်ဝဲဝဲနှင့် ရပ်နေကြသူများမှာ ထွက်သွားကြပါလေသည်။မအေးရီသည် ဆိုင်ထဲသို့ ၀င်လာပြီးလျှင် နွေးနွေး၏ ဘေးနားတွင် ဝင်ထိုင်လိုက်သည်။
" နွေးရဲ့ အစ်မကြီးပါရှင် ... မမကြီး ..ဒီက အစ်မက ကိုသွင့်ရဲ့ မရီး မအိသဇင်တဲ့ "
နွေးနွေးက အစ်မကြီးနှင့် အိသဇင်တို့ကို မိတ်ဆက် ပေးလိုက်သည်။
"ဟုတ်ကဲ့ .. ဒါဆို ကျွန်မ ပြန်လိုက်ပါအုံးမယ်ရှင် ...ဒီက မနွေးနွေးလည်း ကျွန်မပြောတာတွေကို သဘောပေါက် မယ်ထင်ပါတယ် ... ဘ၀ဆိုတာ စိတ်ကူးယဉ်တည်ဆောက်လို့ ရတာမျိုးတော့ မဟုတ်ဘူးလေ "
အိသဇင်က နွေးနွေးကို ကြည့်၍ ပြောလိုက်ပြီးလျှင် ပြန်ရန်ပြင် လေသည်။ မအေးရီမှာ စကားအစအဆုံးကို မကြားသိရသော်လည်း အခြေအနေကို သဘောပေါက်နားလည်လိုက်သောက်ကြောင့် အိသဇင်ကို အသေအချာပင် စိုက်ကြည့်၍နေသည်။
နွေးနွေးသည် အစ်မဖြစ်သူ မအေးရီ၏ လက်ကို သူမ၏ လက်နှင့် အသာအုပ်၍ကိုင်ထားလိုက်ပြီးလျှင် အိသဇင်ကို ပြန်၍ ပြောလိုက်သည်။
"ဟုတ်ကဲ့ပါရှင် ... သဘောပေါက်ပါတယ် ...ကိုသွင်ငြိမ်းထက်ရော နွေးရော အရွယ်ရောက်ပြီးသားသူတွေမို့ .... သေချာ တိုင်ပင်ဆွေးနွေးလိုက်ပါ့မယ် ..."
~~~~~~
အိသဇင်ဆိုသော အမျိုးသမီးပြန်သွားသည်နှင့် နွေးနွေးသည် အံကလေးကို ကြိတ်လျက် မျက်လုံးထောင့်မှ စီးကျလာသော မာနမျက်ရည်များကို တစ်ရှူးစနှင့် ပွတ်၍ သုတ်လိုက်သည်။
"ဘာမှ ခံစားစရာ မလိုဘူး ... ညနေ ကိုသွင်လာရင် အကုန်ပြောပြလိုက် ... ပွင့်ပွင့်လင်းလင်းပြောပြီး သူ့အိမ်ကို မပိုင်ရင် လမ်းခွဲပစ်လိုက် ...မယူခင်ကတည်းက အနှိမ်ခံရမယ်ဆိုရင် ဒီပွဲကို ငါကိုယ်တိုင်ဖျက်မှာ ...ဘာလဲ သူတို့သားပဲ တန်ဖိုးရှိတာလား....သူများ သားသမိးက တန်ဖိုးမရှိဘူးလား ..."
အစ်မကြီး မအေးရိ၏ စကားကို ကြားသောအခါ နွေးနွေးရင်ထဲ ဆို့နင့်ကြေကွဲလာမိသည်။လောကမှာ သူတစ်ပါး အိမ်ထောင်ကို ဖြိုခွဲ၍ သူတစ်ပါး၏ အိမ်ထောင်ဖက်များကို ယူခဲ့ကြသော လူများသည်ပင်လျှင် လူအများကြားတွင် ပွဲလယ်တင့်နေကြသော ခေတ်ကာလမှာ နွေးနွေးတို့လို တစ်ခုလပ်ဆိုလျှင် အဘယ်ကြောင့် အထင် တသေး ရှိနေကြပါသနည်း။မိန်းမများသည် အိမ်ထောင်ပြုလိုက်ပြီဆိုလျှင် အတတ်နိုင်ဆုံးအိမ်ထောင်ကို သက်ဆုံးတိုင်မြဲအောင် ကြိုးစားချင်ကြသည်။သည်လို ကြားထဲမှ အခြေအနေက ကိုယ့်အတွက်ဖြစ်မလာသော အခါ ကိုယ့်လမ်းကိုယ်လျှောက်ကြဖို့ကို သတ္တိရှိရှိဆုံးဖြတ်လိုက်ကြသည်။ ကိုယ့်ကိုယ်မလိုလားသော သို့မဟုတ် ကတိသစ္စာမတည်ကြည်သော ခင်ပွန်းယောကျာ်းကို ပြတ်ပြတ်သားသားစွန့်ပစ်လိုက်ပြီးလျှင် လူတကာ အထင်သေးရှုံ့ချချင်သော တစ်ခုလပ်ဆိုသော ဘဝကို ခံယူလိုက်ကြသည်။ ဒါသည် အပြစ်လား ။ ဘယ်အရာကများ လူအထင်သေးစရာဖြစ်ခဲ့ပါသနည်း ။ မှန်ရာကို ဆိုရလျှင် နွေးနွေးသည် မောင်မောင် လတ်နှင့် လမ်းခွဲခဲ့ရခြင်းအတွက် နောင်တရခြင်း မရှိပါလေ။ တစ်ခုလပ် ဖြစ်နေရခြင်းအတွက်လည်း သိမ်ငယ်ခြင်းမရှိပါ ။လူတို့သည် ဆုံစည်းဖို့ရန် ကံတရားပါလျှင် ဆုံစည်းကြပြီး ကံကုန်လျှင် ခွဲခွါကြရမည်ဟုသာ နွေးနွေးခံယူထားမိသည်။
~~~~~~~
" အမေရေ ...အိတော့ သိချင်တာနဲ့ပဲ ..အဲ့ဒီမိန်းမ အခြေအနေကို သွားကြည့်လိုက်တာ ... စရိုက်ဆန်လိုက်တာဆိုတာအမေရယ် အိကို ဘာပြောလိုက်တယ်ထင်လဲ ...သူတို့က အရွယ်ရောက် ပြီးသား လူလွတ်တွေတဲ့လေ ... သူနေတဲ့ ရပ်ကွက်ကလဲ စုတ်ပြတ်နေတာပါပဲ အမေရယ် ... တစ်အိမ်က ဘာလုပ်လုပ် တစ်အိမ်က ကြားနေရတယ် ....တကယ်ပါ အမေ့သား ကိုသွင် အဲ့ဒီလို မိန်းမနဲ့ ဘယ်လိုများ တွေ့သွားလဲ မသိဘူး "
အိသဇင်က မဲ့ကာရွှဲ့ ကာနှင့် ယောက္ခမဖြစ်သူကို ပြောပြနေသည်။
ဒေါ်မေဇင်ထက်သည် ချွေးမဖြစ်သူ၏ ပြောစကားများကို နားထောင်ရင်း နဂိုစိတ်ရင်းခံကောင်းသူပီပီ တုန်တုန်လှုပ်လုပ်အသံလေးနှင့် ပြောလိုက်သည်။
"သမီး အဲ့ဒီလို သွားပြောတော့ ကောင်းပါ့မလားကွယ် ...အဓိက က ကိုယ့်သားကိုပဲ ပြောရမှာ မဟုတ်လားကွယ် .. သားငယ် ပြန်လာရင် စိတ်များဆိုးနေမလား မသိဘူး "
ဒေါ်မေဇင်ထက်က စိုးရိမ်ထိတ်လန့်စွာ ပြောလိုက်သည်။
"စိတ်ဆိုးလဲ ဘာအရေးလဲ အမေ....အဓိက က အမေ စိတ်မပျော့အောင်နေ ... သဘောမတူတဲ့အကြောင်းကို တိတိလင်းလင်း ပြောပြထားလိုက်ပေါ့ ...အမေ့စကားကိုဆို အမေ့သားငယ်ကနားထောင်တယ်လေ ... အိရဲ့ ညီမ မိုးကဗျာနဲ့သာဆိုရင် နေနဲ့ လ ရွှေနဲ့မြပဲ အမေ .... ညီမလေးကဗျာက ပညာတတ်ဘွဲ့ရ ... တစ်ဦးတည်းသော သမီးလေ ... ပြီးတော့ ယောကျာ်းဆိုတာလေးလို့ ...အလုပ်နဲ့သူ့အိမ်ရယ် အိတို့အိမ်က လွဲလို့ ဘယ်မှမသွားမလာ ...ဘယ်သူနဲ့မှ အရှုပ်အရှင်း ရှိတာ မဟုတ်ဘူး ...အိက ကိုသွင့်ကို မောင်အရင်းလို သဘောထားလို့ ပြောတာ အမေ "
~~~~~~~
" ကိုယ် ထောင်းပန်ပါတယ် နွေးရယ်.... နောက် ဒီလို ထပ်မဖြစ်စေရဘူးလို့ ကတိပေးပါတယ် "
သွင်ငြိမ်းထက်သည် နွေးနွေး၏ မျက်နှာလေးကို ကြည့်လျက် တောင်းပန်စကားဆိုလိုက်မိသည်။
တစ်ခုလပ် "
အပိုင်း ( ၁၆ )
*****
အိသဇင်သည် နွေးနွေးကို တွေ့သောအခါ နွေးနွေး၏ တည်ကြည်အေးဆေးသောမျက်နှာထားနှင့် လူရည်သန့်ပုံပေါ်လွင်နေသော အသွင်အပြင်ကြောင့် အနည်းငယ် တုန်လှုပ်သွားမိလေသည်။ဝတ်စားထားသော သွင်ပြင်ပုံစံမှာလည်း ဘောင်းဘီရှည်အပွနှင့် တီရှပ်ခပ်ပွပွကို ခေတ်မီမီ ဝတ်စားဆင်ယင်ထားသောကြောင့် လက်တစ်လုံးကြိုးဂါဝန်များနှင့်သာအမြဲနေလေ့ရှိသော ညီမငယ်ဖြစ်သူမိုးကဗျာနှင့် အနည်းငယ်မျှ ကွာခြား၍နေလေသည်။
နွေးနွေးသည် အဝတ်အစားတောက်တောက် ပြောင်ပြောင်နှင့် ရွှေငွေရတနာများကို အပြည့် ဆင်ယင်လာသော ဧည့်သည်အမျိုးသမီးကို ကြည့်ပြီး ခဏတာမျှ ကြက်သေသေသလို ငြိမ်သက်သွားမိသော်လည်း တစ်ခဏချင်းမှာပင် ပြန်၍ သတိဝင်လာမိသည်။
"ဟုတ်ကဲ့ အစ်မ ...အထဲဝင်ပါအုံး ..အထဲမှာ လာထိုင်ပါ "
နွေးနွေးသည် သတိဝင်လာသည်နှင့် ပျူငှာစွာပင် ခရီးဦးကြိုပြုလိုက်သည်။ထိုအခါ အိသဇင်သည် မျက်နှာထားတင်းတင်းနှင့်ပင် ခုံတွင် ဝင်၍ ထိုင်လိုက်လေသည်။
" လာရင်းကိစ္စကို ပွင့်ပွင့်လင်းလင်းပဲပြောမယ်နော် ... တို့ရဲ့မတ်လေးမှာ မကြာခင် လက်ထပ်တော့မဲ့ စေ့စပ်ထားပြီးသားသူရှိတယ် ....ပြီးတော့ တို့ရဲ့မတ်လေးလို ဆရာဝန်တစ်ယောက်နဲ့ တစ်ခုလပ် မိန်းခလေးကို သဘောမတူနိုင်ပါဘူးတဲ့ တို့ ယောက္ခမကြီးက ပြောခိုင်းလိုက်တယ် ''
ကြားလိုက်ရသော စကားကြောင့် နွေးနွေး၏ ရင်ကို ဆယ်ပေါင်တူနှင့် အထုခံလိုက်ရသကဲ့သို့ အောင့်တက်သွားပြီး ဒေါသလည်းထွက်လာမိလေသည်။သို့သော်လည်း နွေးနွေးသည် ဒေါသကို ချက်ချင်းပြန်၍ထိန်းချုပ် ပစ်လိုက်ပြီး စကားကို အေးဆေးတည်ငြိမ်စွာ ပြောလိုက်သည်။
"နွေးအနေနဲ့ ကိုသွင့်မှာ စေ့စပ်ထားတဲ့သူ ရှိတာကို မသိတာတော့အမှန်ပါပဲရှင် ....တကယ်လို့ သူ့မှာ စေ့စပ်ထားတဲ့သူရှိမှန်း သိရင် နွေးလက်မခံပါဘူး .... စိတ်ချပါရှင် သူ့ကိုမေးမြန်းပြီး ဒီကိစ္စက သေချာတယ်ဆိုရင် ...ဘယ်သူတားတား နွေး လမ်းခွဲမှာ ပါ....."
အေးဆေးတည်ငြိမ်စွာ ပြောလာသော နွေးနွေး၏ ပုံစံကြောင့် ရုတ်တရက် အိသဇင်မှာ ဘာပြန်ပြောရမည်မှန်း မသိဘဲ ဖြစ်သွားမိလေသည်။မိမိကို ကတ်ကတ်လန်အောင် ရန် စကားပြောခဲ့လျှင် ချိုးချိုးနှီမ်နှိမ်ပြောပစ်ပြီး ငွေနှင့် ပေါက်၍ရန်ရှာမည်ဟု တွေးထားခဲ့သော အိသဇင်မှာ မည်သည့်စကားကို ဆက်ပြောရမည်မှန်း မသိအောင် ဖြစ်သွားမိပါလေသည်။
"အဓိကကတော့ ...တို့ ယောက္ခမကြီးက သူ့သားလို ဆရာဝန်တစ်ယောက်နဲ့ ဒီက ညီမလို တစ်ခုလပ် မိန်းခလေးတစ်ယောက်ကို ...အင်း .... တို့စကားပြောရိုင်းသွားရင် ဆောရီးပါနော် ....မဖြစ်နိုင်တဲ့ကိစ္စမို့ တို့လဲ ရှေ့မျက်နှာနောက် ထားပြီး လာပြော ပေးရတာပါ ... တကယ်လို့ ငွေလိုအပ်ရင် လဲ ပြောပါတဲ့ ...."
ကြားလိုက်ရသော စကားကြောင့် နွေးနွေးရင်ထဲစူးခနဲ နာကျင်အောင့််တက်သွားမိပြန်သည် ။တကယ်ဆို သည်လို အရေးတွေကို မှန်းဆ၍ နွေးနွေးသည် သွင်ငြိမ်းထက်ကို အတန်တန် ရှောင်ရှားခဲ့ခြင်းဖြစ်သည်။နွေးနွေးသည် တစ်ခုလပ် ဖြစ်ပါသည်။သို့သော်လည်း နွေးနွေးသည် အချို့သော အပျိုစင်လေးများကဲ့သို့ အပျော်အပါးကိုလည်း မလိုက်စား ရည်းစားတကာနှင့် ဟော်တယ် သွားသောမိန်းမမျိုးမဟုတ်ပါ။ပြီးလျှင် နွေးနွေးသည် ကိုယ့်ဘဝကိုယ်ကျောင်းခဲ့သည်။နွေးနွေးပိုင်ဆိုင်သော ငွေစက္ကူတစ်ရွက်ချင်းစီတိုင်းသည်လည်း နွေးနွေး၏ ကြိုးစားအားထုတ်မှုကြောင့် သာရခြင်းဖြစ်သည်။ထို့ကြောင့် နွေးနွေးကိုယ့်ကိုယ်ကို တန်ဖိုးထားသည် ။ လေးစားသည်။သို့အတွက် ဘုရင်ခံပင် ဖြစ်စေကာမူ မိမိ၏သိက္ခာနှင့်မာနကို စော်ကားလာလျှင် သည်းခံမည် မဟုတ်ပါချေ။ထို့သို့ စော်ကားပြောသူများကိုလည်း နွေးနွေး၏ အိမ်ရိပ်ကိုပင် အနင်းခံရန် စိတ်ကူးမရှိပါလေ။သို့သော်လည်း ယခုအခါ၌ နွေးနွေးအပေါ် ချစ်ရှာလွန်းသော ချစ်ရသူကြောင့် စိတ်ကို အတတ်နိုင်ဆုံးထိန်းချုပ်ပြီးလျှင် အတည်ငြိမ်ဆုံး တုံ့ပြန်ရန်သာ စိတ်ကို ဆုံးဖြတ်လိုက်ရသည်။
"မှန်ပါတယ် နွေးက တစ်ခုလပ်ပါရှင် ....ဒါပေမဲ့ သူလဲလူလွတ် နွေးလဲလူလွတ်မို့ သူ့ကို လက်ခံခဲ့တာပါ ... လမ်းခွဲဖို့ မခွဲဖို့ကိုတော့ အစ်မတို့ဘက်က စိတ်သဘောထားကို သိရပြီမို့ နွေးတို့ သေချာစဉ်းစားဆုံးဖြတ်ပါ့မယ် ..ငွေကြေးကိစ္စကတော့ နွေးရဲ့လုပ်အားနဲ့ရှာထားတဲ့ငွေက လွဲလို့ ဘယ်သူပေးတဲ့ငွေကိုမှ လက်မခံပါဘူးရှင် ... နွေးရှာထားတဲ့ငွေတွေက မိဘ မောင်ဘွားဆီက ရထားတာလဲ မဟုတ်သလို ...ဘယ်ယောက်ျားတစ်ယောက်ဆီကမှ ယူထားတာလဲ မရှိပါဘူး .. နွေးပိုင်ဆိုင်သမျှက နွေးကိုယ်တိုင်ပင်ပင်ပန်းပန်းရှာထားခဲ့တာမို့ နွေးရဲ့ကိုယ်ပိုင်ပိုက်ဆံကလွဲရင် အခြားသူရဲ့ ပိုက်ဆံကို တန်ဖိုးလဲ မထားသလို လိုချင်စိတ်လဲ မရှိပါဘူး "
~~~~~~~
မအေးရီသည် ညီမဖြစ်သူ၏ ဆိုင်ရှေ့တွင် ကားတစ်စီး ရပ်ထားသည်ကို တွေ့သောကြောင့် လုပ်လက်စအလုပ်များကို ချထားခဲ့ပြီး ကမန်းကတန်းပင်ထွက်လာခဲ့လိုက်သည်။
ညီမဖြစ်သူ၏ ဆိုင် ရှေ့သို့ ရောက်သောအခါ ဆိုင်ရှေ့တွင် မယောင်မလည် ရပ်နေကြသူအချို့ကို တွေ့မြင်လိုက်ရသောကြောင့်မျက်နှာထားတင်းတင်းနှင့် မေးလိုက်သည်။
နွေးနွေးသည် အမျိုးသမီး၏ စကားကြောင့် ကြက်သေသေလျက်ရပ်နေမိလေသည်။ထိုအမျိုးသမီးကို လမ်းပြလိုက်ပို့ပေးသော ရပ်ကွက်ထဲမှ အသိအမျိုးသမီးမှာလည်း ဆိုင်ရှေ့နားတွင် မယောင်မလည်နှင့် ရပ်၍ နွေးနွေးတို့ကို အကဲခတ်၍ နေလေသည်။
====================
အပိုင်း ( ၁၆ ) ဆက်ရန်
ဧကြည်ဖြူ
"ဟာ ... နွေး ...နာသွားလားဟင် ...ကိုယ်ပြော သားပဲ ...အဲ့ဒီနေမှာပဲ ရပ်နေပါဆို "
သွင်ငြိမ်းထက်နှင့် နွေးနွေးမှာ မှောင်ကြီးထဲတွင် နှစ်ယောက်သား တိုက်မိကြခြင်းဖြစ်ပါလေသည်။သွင်ငြိမ်းထက်သည် တိုက်မိရင်း ယိမ်းယိုင်သွားသော နွေးနွေး၏ခန္ဓာကိုယ်လေးကို ထိန်းဖမ်းလိုက်ရင်း စိုးရိမ်တကြီး ပြောလိုက်မိရင်းမှ နီးကပ်စွာတည်ရှိနေသော နွေးနွေး၏ကိုယ်လုံးလေးကို သတိလက်လွတ်သိမ်းဖက်လိုက်မိလေသည်။
" နွေး ....နွေးကိုချစ်တယ် "
သွင်ငြိမ်းထက်၏ အသံသည် လှိုက်မော တုန်ရီနေသကဲ့သို့ နွေးနွေးသည်လည်း ရင်ခုန်သံတွေ ဆူညံပေါက်ကွဲလျက် ရှိပါလေသည်။နှစ်ယောက်သား အတန်ကြာမျှသတိလက်လွတ်ဖြစ်နေမိကြပြီးသည့်နောက်တွင် သွင်ငြိမ်းထက်သည် နွေးနွေး၏နဖူးပြင်လေးကို မှန်းဆ၍ နမ်းရှိုက်လိုက် သည်။
"နွေး ...ကိုယ်ပြန်တော့မယ်နော် ...ဆိုင်သိမ်းတော့နော် "
သွင်းငြိမ်းထက်သည် ပြောပြီးသည်နှင့် ဖက်ထားသော နွေးနွေး၏ ကိုယ်လုံးလေးကို လွှတ်လိုက်ပြီးလျှင် အားသွင်းမီးအိမ်ကို ထွန်းလိုက်လေသည်။ပြီးနောက် ဆိုင်သိမ်းရန်ပြင် လေသည်။
နွေးနွေးသည် သွင်ငြိမ်းထက်၏ အပြုအမူကြောင့် ကြည်ကြည်နူးနူးလေးပြုံးလိုက်မိလေသည်။
~~~~ ~~~
"အမေ ...အမေရေ ... အိသိလာပြီး ....ကိုသွင့်ကောင်မလေးအကြောင်းကို ...အိ သိလာခဲ့ပြီ "
" ဘက်ကလဲ ... ဘယ်သူတဲ့လဲ သမီး ....သူက အမေတို့ကို့ ဘာလို့ မိတ်ဆက်မပေးသေးတာလဲ "
ဒေါ်မေဇင်ထက်မှာ ချွေးမဖြစ်သူ၏ စကားကြောင့် တအံ့တသြနှင့်ပြန်မေးလိုက်လေသည်။
"ပြောမယ် အမေရေ ..အမေ့သားက ဘယ်မိတ်ဆက်ပေးရဲမှာလဲ ...ကောင်မက တစ်ခုလပ်တဲ့ အမေရဲ့ ...ဒီကြားထဲ မိဘတွေ မရှိလို့ တစ်ယောက်တည်းနေတာတဲ့လေ ..စီးပွားရေးကတော့ ငွေတွေ ဘယ်ကရလဲတော့ မသိဘူး ..စတိုးဆိုင်ဖွင့်ထားတယ် အမေ.."
"ဘာ ... ဘာပြောတယ် သမီး ...တစ်ခုလပ်ဟုတ်လား ...မိုက်လိုက်တဲ့သား ... မအေကတော့ အထင်ကြီးလိုက်ရတာ ... တွေ့မယ် ...ပြန်လာမှ တွေ့မယ် "
"အမေ့ကို အိမပြောဘူးလား ...မိန်မလည်တွေနဲ့ တွေ့ပါမယ်ဆိုနေ ... ခုတော့ အိထင်တဲ့အတိုင်း ဖြစ်လာတာပဲ ... တစ်ခုလပ်မက ဘယ်လိုတွေ မြူဆွယ်ထားလဲ မသိဘူး ...အမေ့သားက ခုဆို အိတို့ကိုတောင် စကားသိပ်မပြောဘူးလေ "
"အို မရဘူး ...ဒါမျိုးတော့ လက်မခံနိုင်ဘူး ... သူ့မှာ ကြိုက်စရာမိန်းမ အဲ့ဒီလောက်ရှားနေလား ... မအေမျက်နှာကိုမှမတောက် သိမယ်"
အိသဇင်သည် ယောက္ခမဖြစ်သူ၏ ဒေါသကို မီးလောင်ရာလေပင့် ပြောပေးနေလိုက်သည်။
~~~~
" သွင်ငြိမ်းထက် .... မင်းမှာ ကြိုက်စရာလူဒီလောက်ရှားနေလား ပြောစမ်း ....တစ်ခုလပ် အပြင် ကြိုက်စရာလူမရှိဘူးလား "
ဒေါ်မေဇင်ထက်သည် သားဖြစ်သူ သွင်ငြိမ်းထက်ကို ပြစ်တင်ပြောဆိုလိုက်သည်။
"ဘာလို့ ဒီလို ကြမ်းကြမ်းတမ်းတမ်းတွေ ပြောတာလဲ အမေရယ် ...အိမ်ထောင်ဖက်က သစ္စာမရှိလို့ သူလမ်းခွဲခဲ့တာလေ အမေ ..အဲ့ဒါက အပြစ်ကြီးတစ်ခုလား ... အမေ သူ့အကြောင်းကို အကုန်မသိဘဲနဲ့ ဘာလို့ အထင် သေးနေတာလဲ "
" ဘာမှမသိချင်ဘူး ....သူနဲ့ သဘောမတူဘူး ... တခြားလွတ်လပ်တဲ့သူကို ရှာ ..."
"အမေ ...ကျွန်တော်ကို မယုံဘူးလား ... ကျွန်တော် ချစ်လို့ ရွေးချယ်ခဲ့တဲ့သူကို အမေ မချစ်ပေးနိုင်ဘူးလား ...ကျွန်တော်ကတော့ မမအိရဲ့ စိတ်ဓါတ်ကို မကြိုက်တာတောင် အမေက မမအိကို ချစ်နေမှန်းသိလို့ အမေ့ သဘောကျနေပေးခဲ့တယ် ... ကျွန်တော် စိတ်ထဲမှာတော့ အမေတစ်ယောက်တော့ ကျွန်တော်ကို ယုံကြည်ပေးမယ် ထင်ခဲ့မိတာ ...ကျွန်တော်ဘဝတစ်လျှောက်လုံး အမေ မကြိုက်တာမှန်သမျှ ဘာမှမလုပ်ခဲ့ဘူး ... ဒီတစ်ကြိမ်လဲ ကျွန်တော်လုပ်ရပ်မှန်လား မှားလားဆိုတာကို အမေ သေချာစောင့်ကြည့်ပေးပါလား အမေရယ်...သူက အမေတွေးထင်ထားတဲ့ ပုံစံမျိုးမဟုတ်ပါဘူး ....သတ္တိလဲရှိပြီး ရိုးသား အေးဆေးတဲ့မိန်းခလေးမျိုးပါ
ဒေါ်မေဇင်ထားသည် သားဖြစ်သူ သွင်ငြိမ်းထက်၏ ဒေါသမပါဘဲ လေးနက်တည်ကြည် စကားသံကြောင့် ဒေါသကို လျှော့လိုက်ပြီးလျှင် သက်ပြင်းကိုချလိုက်သည်။သားဖြစ်သူ ပြောသောစကားမှာလည်း ဟုတ်မှန်နေခဲ့လေသည်။သွင်ငြိမ်းထက်သည် ဒေါ်မေဇင်ထက်အတွက် သားကြီးနှင့် ပင်မတူဘဲ အားကိုးတိုင်ပင်၍ရသော သား ဖြစ်ခဲ့လေသည်လေ။ ဘာမဆို မိခင်ဖြစ်သော ဒေါ်မေဇင်ထက် အတွက် ဘာမဆိုလိုက်လျောပေးခဲ့သည်။လွန်ခဲ့သော ငါးနှစ်က ခင်ပွန်းဖြစ်သူဆုံးသွားသောအခါ အိမ်ထောင်ရက်သားကျနေပြီဖြစ်သော သားကြီးထက် သားငယ် သွင်ငြိမ်းထက်သည်သာ ဒေါ်မေဇင်ထက်အတွက် အားကိုးတိုင်ပင်ရာ အဖော်မွန်ဖြစ်ခဲ့သည်။ထို့ကြောင့်ပင် သားဖြစ်သူ သွင်ငြိမ်းထက်သည် ပေါ့ပေါ့ပြတ်ပြတ်နှင့်ပေါ့တန်တန် လူစားမျိုး မဟုတ်မှန်းလည်း ဒေါ်မေဇင်ထက် သိပါလေသည်။
~~~~~~
"နွေးနွေးရေ ... နွေးနွေး ... ဒီမှာ ဧည့်သည့် ... နွေးနွေးရဲ့အိမ်ကို ရှာနေလို့ ...အစ်မ ခေါ်လာခဲ့ပေးတာ "
နွေးနွေးသည် လမ်းထိပ်နားတွင်နေသော အသိအစ်မကြီး၏ စကားကြောင့် ဆိုင်ရှေ့သို့ထွက်ကြည့်လိုက်ရာ ကားပေါ်မှ ဆင်းလာသော နွေးနွေးမသိသည့် သူစိမ်းအမျိုးသမီးတစ်ယောက်ကို တွေ့လိုက်ရလေသည်။
" နွေးနွေးဆိုတာ ညီမလား ....တို့က သွင်ငြိမ်းထက်အစ်ကိုရဲ့မိန်းမအိသဇင်ပါ ... ယောက္ခမကြီးက လွှတ်လိုက်လို့က်လို့ပါ ...ခဏလောက် အထဲကို ၀င်လို့ရမလား "
မီးဖိုခန်းထဲတွင် အိ သဇင်နှင့် မိုးကဗျာတို့စကားပြောနေသည်ကို တွေ့လိုက်ရသောကြောင့် သွင်းငြိမ်းထက်က မိုးကဗျာကို လှမ်း၍ပြုံးပြလိုက်ပြီးလျှင် မရီးဖြစ်သူကို ခေါ်လိုက်သည်။ပြီးလျှင် ရှေ့မှနေ၍ ခြံထဲသို့ ဆင်းလာခဲ့လိုက်သည်။
" ကိုသွင် ..ဘာပြော မလို့လဲ "
အိသဇင်၏ အသံမှာ မာထန်၍နေလေသည်။
" မမအိကို စေတနာနဲ့ ပြောချင်တာပါ ...ဒီအိမ်မှာက ယောကျာ်းလေးက ကျွန်တော်တစ်ယောက်တည်းရှိတာမဟုတ်ဘူးလေ....အစ်ကိုလဲ ရှိတယ် မဟုတ်လား ... ဟို ....ကန်တော့ပါရဲ့ မရှိသေ့စကား ပြောတယ်ပဲဆိုဆို ....ကျွန်တော်အတွက် လူတွေရဲ့ ကိုယ်လုံးတီးခန္ဓာကိုယ်တွေဆိုတာ တစ်နေ့တစ်နေ့ ဆေးရုံမှာ မမြင်ချင်လဲ မြင်နေရတော့ မိန်းခလေးတွေရဲ့ မပေါ့်တပေါ် ပုံစံတွေကို မြင်ရတဲ့အခါ ကျွန်တော်ကတော့ ဘယ်နေရာက ဖြင့် ဘာရောဂါဖြစ်နိုင်တယ်ဆိုတဲ့အတွေးကိုပဲ တွေးမိတယ် ....ဒါပေမဲ့ အစ်ကိုကရော အဲ့ဒီလို တွေးနိုင်ပါ့မလား မမအိ ...ကျွန်တော် ဘယ်သူ့ကိုမှ စော်ကားတာမဟုတ်ဘူးနော် ... ဖြစ်တတ်တဲ့သဘာဝတွေကို ပြောပြတာ ... တော်ကြာ ခုတ်ရာတစ်ခြားရှရာတစ်ခြား ဖြစ်နေမှာစိုးလို့ "
" ဟင် ...မင်း ...မင်း ဒါဘာစကားလဲ ကိုသွင်.."
သွင်ငြိမ်းထက်၏ စကားကြောင့် အီသဇင်မှာ ရှူးရှူးရှာရှာနှင့် ဒေါသတကြီးပြော လေသည်။
"စိတ်မဆိုပါနဲ့ မိမိအိ ... အစ်ကိုနဲ့ မမအိလဲ ချစ်လို့ကြိုက်လို့ ယူခဲ့ကြတာပဲမဟုတ်လား ....ကျွန်တော်လဲ ကျွန်တော်ချစ်တဲ့သူ့ကိုပဲ လက်ထပ်မှာပါ "
သွင်ငြိမ်းထက်သည် ပြောချင်ရာကို ပြောပြီးသည်နှင့် မရီးဖြစ်သူနားမှ ထွက်လာခဲ့ပြီးလျှင် ကားရပ်ထားရာဆီသို့ လှမ်းလျှောက်ခဲ့လေသည်။
~~~~~~
"ဝမ်းသာလိုက်တာ နွေးရယ် ... ဒီကမ္ဘာ ကိုယ်လောက် ပျော်တဲ့သူရှိမှာ မဟုတ်တော့ဘူး ထင်တယ် "
" အို ကိုသွင် ...ဟိုမှာ လူတွေ ကြည့်ကုန်ပြီလေ "
သွင်ငြိမ်းထက်သည် နွေးနွေး၏ အဖြေစကားကြောင့် ဝမ်းသာအားရနှင့် အမှတ်တမဲ့ နွေးနွေး၏ လက်ကလေးကို ဆွဲယူပြီး သူရင်ခွင်ထက်တွင် ဖိကပ်လိုက်သောကြောင့် နွေးနွေးက လက်လေးကို ပြန်ရုန်းလိုက်ပြီးလျှင် ရှက်ရွံ့စွာ ပြောလိုက်မိလေသည်။
" ဟာ ...ဆော ..ဆောရီးပါ နွေးရယ် ...ကိုယ်ပျော်လွန်းလို့ သတိလက်လွတ်ဖြစ်သွားမိတာပါ "
သွင်ငြိမ်းထက်သည် အပျော်မျက်နှာနှင့် တောင်းပန်စကားဆိုလိုက်ရင်း နွေးနွေး၏ မျက်နှာလေးကို စူးစိုက်၍ ကြည့်နေမိလေသည်။
" ဒါနဲ့ ကိုသွင့် အမေက နွေးနဲ့ သာဘာမတူမှာစိုးရိမ်မိတယ် "
"မစိုးရိမ်ပါနဲ့ နွေးရယ် ...ကိုယ့်ရဲ့ အမေက ရုပ်ရှင်တွေထဲက မိန်းမကြီးတွေလို မဟုတ်ပါဘူးကွာ "
သွင်ငြိမ်းထက်က ရွှင်မြူးမြူးလေး စနောက်လိုက်သည်။
"ဒါနဲ့ ... နွေးဆိုင်ဖွင့်ဖို့အတွက် ....ကိုယ်ကို့ဆေးရုံဝန်းကျင်နားမှာ ဆိုင်ခန်းငှါးရင် ကောင်းမလား ... ကိုယ်က ဆရာဝန်ဆိုပေမဲ့ လစာက ကောင်းတာမဟုတ်တော့ ကိုယ်စုထားတဲ့ငွေကို နွေးရဲ့ လုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံထားမယ်နော် ...မိန်းမရပြီဆိုရင် ...အမေ့ဆီကပ်စားနေလို့ မဖြစ်တော့ဘူး မဟုတ်လား "
" ဟင် ဘာတွေပြောနေတာလဲ ..."
နွေးနွေးက ရှက်ရွံ့စွာဖြင့် ပြောလိုက်သည်။
"အတည် ပြောနေတာ နွေးရဲ့ ... ကိုယ်တို့ အသက်တွေလဲ မငယ်တော့ဘူးလေ .. ပြီးတော့ ကိုယ့်အလုပ်က ခွင့်ယူလို့ရတဲ့အလုပ်လဲ မဟုတ်ဘူးလေ... ကိုယ်တို့ တွေ့ဖို့ဆိုတာ ညဘက်ပဲရှိတာ ... ညဘက်တွေ နေ့တိုင်း နွေးဆီလာချင်ပေမဲ့ လ ပတ်ဝန်းကျင်က ပြောမှာစိုးလို့ ကိုယ့်မှာ ထိန်းနေရတာ"
နွေးနွေးသည် သွင် ငြိမ်းထက်၏ မျက်နှာလေးကို ကြည့်နေမိပြီး ရင်ထဲတွင် ကြည်နူးနေမိသည်။မိန်းမတစ်ယောက်အတွက် ချစ်ရသော ချစ်သူက လက်ထပ်ရန် တောင်းဆိုခြင်းသည် အလိုချင် အတောင့်တဆုံး ဆန္ဒတစ်ခုပဲ မဟုတ်ပါလား။
"ကိုယ့်ဆန္ဒကိုပဲ ပြောနေမိတာ နွေးရဲ့ ဆန္ဒကို ပြောအုံးလေကွာ "
သွငြိမ်းထက်၏ စကားကြောင့် နွေးမှာ ခေါင်းလေးကို ငုံ့ထားလိုက်မိပြီး
"နည်းနည်းမမြန်လွန်းဘူးလား ... နှစ်ကုန်တဲ့အထိ စောင့်ပါအုံး .... နွေးက အိမ်ထောင်ပြုမပြုခင် မမကြီးတို့ရဲ့ ကျေးဇူးတွေကိုလဲ ဆပ်ချင်သေးလို့ "
"အင်းပါ ... နွေးသဘောလေ ...နောက်မှ ဆက်ဆွေးနွေးကြတာပေါ့ ... ဒီနေ့တော့ လျှောက်လည်ကြရအောင် .. နွေး ဘယ်သွားချင်လဲ ..ဘာလုပ်ချင်လဲ ...ဘာစားချင်လဲ ပြော .... ဒီနေ့တစ်နေကုန် ကိုယ်အားတယ် "
~~~~
" နားရက်လေးတော့ အိမ်ကို စောစောပြန်လိုက်လေ ... တော်ကြာ နွေးဆီမှာပဲ အချိန်ကုန်သလို ဖြစ်နေလို့ ....ကိုသွင့်အမေ စိတ်မကောင်းဖြစ်နေပါ့မယ် "
" ခဏလေးပါကွာ ...ငါးမိနစ်ပဲထပ်နေပါ့မယ် နော် ..."
သွင်ငြိမ်းထက်က မျက်နှာငယ်လေးနှင့် နွေးနွေးကို ပြောလိုက် သည်။
"အင်းပါ ...ကိုသွင် ပင်ပန်းနေမှာစိုးလို့ပါ ... ဆေးရုံမှာလဲပြေးလိုက်လွှားလိုက်နဲ့ ပင်ပန်းခဲ့တာမဟုတ်လား ....ဒီရောက်တော့လဲ လှဲစရာနေရာမရှိ ဘာမရှိနဲ့လေ "
"ရပါတယ်ကွာ ... နွေးကို တွေ့ရတာနဲ့ ပင်ပန်းတာတွေ ပျောက်သွားပါပြီ ....ဟာ ...မီးပျက်သွားပြီး ... နွေး ခလုတ်တိုက်မယ်နော် ....အဲ့ဒီမှာပဲရပ်နေ ကိုယ်မီးသွားထွန်းလိုက်မယ် ..."
ဘွင်ငြိမ်းထက်က နွေးနွေးကို ပြောလိုက်ပြီး အမှောင်ထဲတွင် စမ်း၍ အားသွင်း မီးချောင်းရှိရာသို့ ထသွားလိုက်သည်။
"ဘုတ် ..."
"အင့်် "
"အမေ့ "
တစ်ခုလပ် "
အပိုင်း ( ၁၅)
*******
သွင်ငြိမ်းထက်သည် မိုးကဗျာကို စူးစူးစိုက်စိုက် တစ်ချက်ကြည့်လိုက်ပြီး
"ကျေးဇူးပဲ ကဗျာ ... ကိုယ့်ဘာသာလုပ်လိုက်ပါ့မယ် ..... မင်းသွားအိပ်တော့လေ "
"ရပါတယ် ကိုသွင်ရယ် ..အပန်းကြီးတာမှ မဟုတ်တာ ... ပြီးတော့ အန်တီက .. မနက်ကျရင် ကိုသွင်ဝတ်ဖို့ ၀တ်စုကိုပါ မီးပူတိုက်ပေး ခိုင်းလိုက်လို့လေ "
ထွက်သွားမည့်ပုံမပေါ်ဘဲ ပြောရင်းနှင့် အဝတ်စား ဗီဒိုကိုပါ ဖွင့်ရန် ပြင်နေသော မိုးကဗျာကိုကြက်ပြီး သွင်းငြိမ်းထက်ပြုံးလိုက်မိသည်။
" လာဖွင့်ပေးပါအုံး ကိုသွင် ..ဗီဒိုတံခါးက မပွင့်ဘူးဖြစ်နေလို့ "
မိုးကဗျာ ချွဲချွဲပျစ်ပျစ် အသံလေးနှင့်သွင်ငြိမ်းထက်ကို ခေါ်လိုက်သည်။
သွင်ငြိမ်းထက်သည် မိုးကဗျာရှိရာဆီသို့ လှမ်းလျှောက်သွားသောအခါ မိုးကဗျာသည် ဖားလျားချထားသော ဆံပင်များကို နားနောက်သို့သိမ်းလိုက်ပြီး သွင်ငြိမ်းထက် ကို ကြည့်နေလေသည်။ဆံပင်များကို နားရွက် နောက်သို့ သိမ်းလိုက်ခြင်းကြောင့် မိုးကဗျာ၏ လည်ကုပ်သား ဖွေးဖွေးလေးမှာ ထင်းခနဲ ပေါ်လာလေသည်။
"ကျေးဇူးပါပဲ ကဗျာ ....အိမ်ကလူတွေ မအားဘူးဆိုတော့လဲ ....ကဗျားကိုပဲ အားနာနာနဲ့ အကူအညီ တောင်းရအုံးမှာပဲ ... ကိုယ့်ရဲ့ ဂျူတီကုတ်တွေကိုပါ တိုက်ပေးနော် ... "
"ရပါတယ် ကိုသွင် ...အားနားရမဲ့သူတွေမှမဟုတ်တာ...."
မိုးကဗျာသည် သွင်ငြိမ်းထက်ကို မခို့တရို့ကြည့်လျက်ပြောလိုက်သည်။
"ဒါဆို ...ကိုယ် စာကြည့်ခန်းထဲ သွားလိုက်အုံးမယ် ... ဪ ...ဒါနဲ့ ကဗျာ ... မီးပူတိုက်မဲ့ခုံဘေးက အိတ်ကိုတော့ သွားမထိနဲ့နော် ... အဲ့ဒီအိတ်ထဲမှာ ဆေးရည်စိမ်ထားတဲ့ လူ့ခန္ဓာကိုယ်ရဲ့အစိတ်အပိုင်းတစ်ခုရှိနေလို့ "
" ရှင် "
သွင်ငြိမ်းထက်၏ စကားကြောင့် မိုးကဗျာသည် အထိတ်တလန့်နှင့် လှမ်းကြည့်လေသည်။သွင်ငြိမ်းထက်သည် မိုးကဗျာကို ကျောခိုင်းလိုက်ပြီး မိခင်ကြီး၏ အခန်းဘက်ဆီသို့ လျှောက်လာခဲ့လိုက်သည်။
~~~~~~~
" အမေ အိပ်နေပြီလား "
သွင်းငြိမ်းထက် အသံပြုလိုက်ရင်းမှ မိခင်ကြီး၏ အခန်းတံခါးကို အသာတွန်းဖွင့်ကြည့်လိုက်သည်။ တံခါးမှာအသာအယာပင် ပွင့်သွားလေသည်။
" ဟင် ...သာသွင် မအိပ်သေးဘူးလား "
ဒေါ်မေဇင်ထက်မှာ သားဖြစ်သူ သွင်ငြိမ်းထက်၏ အသံကြောင့် အိပ်ရာထဲမှ လူးလဲထလိုက်ပြီး မလုံမလဲနှင့် မေးလိုက်သည်။
"အမေကို ပြောစရာရှိလို့ "
" ပြော ... ပြောလေသား ....ဘာ .ဘာဖြစ်လို့လဲ "
ဒေါ်မေဇင်ထက်မှာ တည်ကြည်လှသော သားဖြစ်သူ၏ ပုံစံကြောင့် အနည်းငယ်ထိတ်လန့်စ ပြုလာမိလေသည်။မိုးကဗျာနှင့် ပတ်သက်၍ မည်သို့သောသတင်းကြားရမည်ကို ဒေါ်မေဇင်ထက် ရင်ထိတ်၍ နေမိလေသည်။
"အမေ ကျွန်တော့်ကို အထင်သေးနေတာလား "
" ဘာ ..ဘာတွေပြောနေတာလဲ သားသွင် ....အမေက သားကို ဘာလို့ အထင်သေးရမှာလဲ "
"အမေတို့ စိတ်ထဲမှာ ကျွန်တော့်ကို တဏှာကြီးတဲ့ ကောင်လို့ထင်နေတာလား ... ကျွန်တော့်မှာ အစ်မတွေ နှမတွေ မရှိပေမဲ့ တစ်ဖက်သားမိန်းခလေးကို နှမချင်းမစာနာ မပြောချင်ဘူး အမေ ...အဓိက က သူ့ကို ကျွန်တော့် အခန်းထဲကို ဝင်ခွင့်ပေးလိုက်တာ အမေ့အမှားပဲ ...နောက်တစ်ခါ ဒီလို ထပ်မလုပ်ပါနဲ့ အမေ ..... ကျွန်တော် မကြိုက်ဘူး "
~~~~~~
နံနက်လင်းသောအခါ သွင်ငြိမ်းထက် ခပ်တည်တည် ဖြင့်ပင် ထမင်းစားခန်းထဲသို့ ၀င်လာခဲ့သည်။သွင်ငြိမ်းထက်ဝင်လာသည်ကို မြင်သောအခါ မိုးကဗျာသည်ခေါင်းငုံ့လိုက်လေသည်။
"အေးမာ ... နင်မနေ့က မီးပူတွေ မတိုက်ထားဘူးလား ....ဒီမနက် ဝတ်ဖို့ ဝတ်စုံကို မီပူသွားတိုက်ပေးအုံး ... မြန်မြန်လေးတိုက်နော်...."
သွင်ငြိမ်းထက်၏ စကားသံကြောင့် မိုးကဗျာ၏ မျက်နှာမှာ အောက်သို့ ငုံ့သထက် ငုံ့၍သွားလေသည်။အိသဇင်သည်မူ မျက်နှာထား စူပုတ်ပုတ်နှင့့်ရှိလေသည်။
"လူစုံတုန်း ကျွန်တော် ပြောစရာရှိပါတယ် ... ကျွန်တော် ဒီနှစ်ထဲ လက်ထပ်ဖြစ်မယ်ထင်တယ် ...အဲ့ဒါ အမေနဲ့ အစ်ကိုကြီးကိုရော မမအိကိုပါ ကြိုပြောပြထားတာပါ "
"ဘယ်သူလဲဆိုတာ ဘာလို့ အမေတို့ကို မပြောသေးတာလဲ "
သွင်ငြိမ်းထက်၏ စကားကြောင့် အားလုံးတိတ်ဆိတ်သွားကြပြီး ရှေးဦးစွာ ဒေါ်မေဇင်ထက်က မေးလိုက်လေသည်။
"ပြောမှာပေါ့ အမေ ...အမေ့ကို မပြောလို့ ဘယ်သူ့ကို ကျွန်တော်က ပြောရမှာလဲ ....မဟုတ်ဘူးလား အစ်ကိုရာ "
သွင်ငြိမ်းထက်၏စကားကြောင့် အိသဇင်သည် ဟန်မဆောင်တတ်သူပီပီ မျက်နှာတင်းတင်းနှင့်ရှိလေသည်။
~~~~
သွင်ငြိမ်းထက်သည် ဆေးရုံသို့ သွားရန် ပြင်ဆင်ပြီးသောအခါတွင် မရီးဖြစ်သူရှိရာဆီ သို့ အရင်သွားလိုက်လေသည်။
" လေးလေး ဆေးရုံ မသွားသေးဘူးလား "
တူမဖြစ်သူ၏ အမေးစကားကြောင့် သွင်ငြိမ်းထက်က ထူးမလေး၏ ခေါင်းကို အသာပုတ်လိုက်ပြီး
"သွားတော့မှာ သမီးရဲ့ ...သမီးမေမေရော '
" မေမေက မီးဖိုခန်းထဲမှာ "
တူမလေး အဖြေစကားကြောင့် သွင်ငြိမ်းထက် မီးဖိုခန်းဘက်ဆီသို့ လျှောက်လာခဲ့သည်။
"မမအိ ခဏလောက် ... "
ဆိုင်ကအရောင်းပါးလေဖြစ်သောကြောင့် သတိရလွမ်းဆွတ်စိတ်မှာပို၍လာလေသည်။ထိုအခါ လူကိုမတွေ့ရလျှင် အသံလေးကို ကြားချင်စ်တ်ဖြင့် ဖုန်းကိုမျှော်မိပြန်လေသည်။
" အရောင်းအဝယ်က ဘယ်လိုလဲ မိနွေး "
မအေးရီသည် ဆိုင်ကိုကူသိမ်းနေရင်းမှ နွေးနွေးကို မေးလိုက်သည်။
" ပါးတယ် မမကြီး....နွေးတော့ ဆိုင်နေရာပြောင်းရမလား ....ဒါမှမဟုတ် မုန့်ဆိုင်ပါ ဖွင့်ရမလားတွေးနေတာ "
နွေးနွေးက အစ်မဖြစ်သူကိုပြောလိုက်သည်။
" မုန့်ဆိုင်ပဲတွဲဖွင့်ရင်ဖွင့်လိုက်ပါ...ဆိုင်ပြောင်းမယ်ဆိုရင် ကုန်ကျစရိတ်က နည်းမှာမဟုတ်ဘူး....ပြီးတော့ ကိုသွင်က နင့်ကို ဆိုင်နေရာမပြောင်းခိုင်းပါနဲ့တဲ့လေ...နင်လက်ခံတာနဲ့ သူ့အမေကိုဖွင့်ပြောပြီးလက်ထပ်ဖို့ ပြင်ဆင်မယ်တဲ့ "
အစ်မကြီး၏ စကားကြောင့်" ပြောတော့လဲအလွယ်သားဟု နွေးနွေးစိတ်ထဲမှတွေးလိုက်မိသည်။လက်တွေတွင် မည်သို့ဖြစ်မည်ကိုမူ နွေးနွေးလည်းမတွေးကြည့်ရဲပါချေ။နွေးနွေးဘဝတွင် စိတ်ကူးနှင့်လက်တွေ့ သည်အမြဲကွာခြားခဲ့သည်မဟုတ်လား။
~~~~~~~
"ဆိုင်ပိတ်လိုက်ပြီလား ...တူမလေးရော လာအိပ်တယ် မဟုတ်လား "
" အင်း "
" ဆိုင်က အဆင်ပြေတယ် မဟုတ်လား ...ဆိုင်နေရာ ပြောင်းချင်လို့ဆို ...မပြောင်းနဲ့အုံးနော် ...ဘာပဲဖြစ်ဖြစ် ဒီနေရာက မမကြီးတို့အိမ်နဲ့နီးတယ်လေ ... ဒီတိုင်းလေးပဲ ဆိုင်ကို မှေးထားအုံးလေ "
"အင်းပါ "
သွင်ငြိမ်းထက်ပြောသမျှကို နားထောင်နေရင်း နွေးနွေး အလိုလိုပြုံးနေမိသည်။သူ့ကို သတိရနေမိချိန်တွင် နွေးနွေးဆီသို့ ဖုန်းဆက်လာသည်။သည်အခြေအနေ မှာဖြင့် နွေးနွေးက ငြင်းနေသော်လည်း နွေးနွေး၏စိတ်ရင်း အမှန်ကိုသွင်ငြိမ်းထက်လည်း သိနေပေလိမ့်မည်ထင်ပါသည်။
"အရောင်းအ၀ယ်ပါးလဲ ...ဘာမှစိတ်မညစ်ပါနဲ့ ကွာ ... ဆိုင်ကို မှေးပြီးပဲ ဖွင့်ထားလေ ...ကိုယ်တို့လက်ထပ်ပြီးရင် နေရာကောင်းမှာ နွေးဖွင့်ချင်တဲ့ဆိုင်ဖွင့်ရအောင် ကိုယ်လုပ်ပေးပါ့မယ်....ဟင် ... နွေး ခဏနော် ...ကိုယ်ဖုန်း ခဏချလိုက်မယ် ...ပြီးရင်ပြန်ဆက်မယ်နော် "
သွင်ငြိမ်းထက်သည် ဖုန်းပြောနေရင်းမှ အိပ်ခန်းထဲသို့ဝင်လာခဲ့ရာ အိပ်ခန်းထဲမှမြင်တွင်းကြောင့် ဖုန်းကို ခဏချပြီး အခန်းထဲသို့ လှမ်းဝင်ရင်းမေးလိုက်သည်။
"ကဗျာ ... မင်း ကိုယ့်အခန်းထဲမှာ ဘာလုပ်နေတာလဲ "
"ဟို ...အန်တီက ကိုသွင်အိပ်ဖို့ အိပ်ရာခင်းခိုင်းလိုက်လို့ပါ "
မိုးကဗျာသည် သွင်ငြိမ်းထက်၏ အမေးကို ပြန်ဖြေရင်းမှ အိပ်ရာခင်းများကို ဆက်၍ ခင်းနေလေသည်။
ည၀တ်အင်္ကျီခပ်ပါးပါးကို ဝတ်ဆင်ထားသော မိုးကဗျာသည် သွင်ငြိမ်းထက်၏ အိပ်ခန်းထဲတွင် လိပ်ပြာလေးလို ဟိုသည် ယိမ်းထိုးလှုပ်ရှား၍နေလေသည်။
=================
အပိုင်း ( ၁၅ ) ဆက်ရန်
ဧကြည်ဖြူ
