803
Підписники
+424 години
+167 днів
+4630 день
Архів дописів
သွင်ငြိမ်းထက်မှာ ခြံရှေ့သို့ထွက်လာစဉ် ခြံတံခါးကို ဖွင့်ပေးရန် စောင့်နေသော မိုးကဗျာကို တွေ့လိုက်ရသောကြောင့် လှမ်း၍ တားမြစ်လိုက်ရခြင်းဖြစ်ပါလေသည်။သွင်ငြိမ်းထက်သည် ကားပေါ်မှ ကမန်းကတန်း ပြန်ဆင်းလိုက်ပြီးလျှင် ခြံတံခါးကို ပြေး၍ဖွင့်လိုက်ရလေသည်။ယခင်နေ့များ ကဆိုလျှင် ခြံတခါးဖွင့်ရန်ပိတ်ရန်မှာ အိမ်မှာအကူ ခေါ်ထားသော ကောင်မလေး၏တာဝန်ပင် ဖြစ်သည်။ ယနေ့မှ အကူကောင်မလေးမှာ မီးဖိုထဲတွင် အလုပ်များနေပုံရသည် အိမ်ရှေ့သို့ ထွက်လာသည့် အရိပ်ယောင်ကိုပင် မမြင်ရပါလေ။
"ကဲပါ ကဗျာရယ် ဖယ်ပါ ...အေးမာက မအားဘူးလား "
သွင်ငြိမ်းထက်သည် ခြံတံခါးဝနားတွက် ခုံထူထူဖိနပ်ကိုစီး၍ ရင်လေးကိုကော့ တင်လေးကိုမသိမသာနောက်သို့ ပစ်ပြီးရပ်နေသော မိုးကဗျာကို တစ်ချက်စောင်းငဲ့ကြည့်လိုက်ပြီး နှုတ်မှပြောရင်း ကိုယ်တိုင်ပင် ခြံတံခါးကို ဖွင့်လိုက်ပြီး မိမိ၏ကားနောက်တွင် ကာရပ်၍ စောင့်နေသော အစ်ကိုဖြစ်သူကို အရင်သွားခိုင်းလိုက်သည်။
"အစ်ကို အရင်ထွက်လေ ....ကျွန်တော်က တံခါးပြန်ပိတ်လိုက်အုံးမယ် "
အစ်ကိုကြီး၏ ကား ထွက်သွားသောအခါမှ သွင်ငြိမ်းထက်လည်း ကားပေါ်သို့တက်လိုက်ပြီး မိုးကဗျာကို နှုတ်ဆက်ကာ ကားကိုမောင်း၍ ထွက်ခဲ့
လိုက်လေသည်။
~~~~~
ညနေဂျူတီချိန်းခါနီးသို့ရောက်လာပြီးဆိုလျှင် သွင်ငြိမ်းထက်၏ ရင်သည် မီးရထားကြီးတစ်စင်းကဲ့သို့ ခုန်လှုပ်နေမြဲပင်ဖြစ်လေသည်။ညနေအပြန်လမ်းတွင် ချစ်သူလေးကြိုက်တတ်သော စတော်ဘယ်ရီသီးများကိုဝယ်သွားရန် သစ်သီးဈေးတန်းဘက်မှကားကိုမောင်းသွားရန် အတွေးနှင့် စီစဉ်ထားမိလေသည်။သွင်ငြိမ်းထက် အတွေးများနေစဉ် ဖုန်းသံမြည်လာသောကြောင့် ဖုန်းကို ကောက်ကိုင်လိုက်ရသည်။
" ဟယ်လို ...အမေ ပြောလေ "
' ဪ သားရေ မင်းမရီလေ နေလို့ မကောင်းဖြစ်နေလို့တဲ့....အဲ့ဒါ....သား ဒီနေ့ အိမ်ကို စောစောပြန်လာခဲ့ပါနော် သား "
မိခင်ကြီးဆီမှ ဖုန်းချသွားသောအခါ သွင်ငြိမ်းထက် စိတ်ညစ်ညစ်နှင့် ကျွတ်ခနဲစုတ်သက်လိုက်မိသည်။မရီးဖြစ်သူအိသဇင်မှာ သွင်ငြိမ်းထက်အတွက် အစ်မတစ်ယောက်လိုပင် ဖြစ်နေသောကြောင့် ယနေ့တွင် သွင်ငြိမ်းထက်အဖို့ ချစ်ရသူနွေးထံသို့ သွားမည့် အစီအစဉ်ကိုဖျက်လိုက်ရလေသည်။စိတ်ထဲ၌မူ မကျေနပ်သလိုလိုတော့ ဖြစ်မိလေသည်။
~~~~~~
"သားရေ ...အမေ မင်းမရီးကို သွားကြည့်လိုက်အုံးမယ် ....သမီးကဗျာနဲ့အတူ ထမင်းစားလိုက်နော် ...အမေ မလုပ်ပေးတော့ "
" ဟုတ်ကဲ့ အမေ ..ရပါတယ် ...ကဗျာက ခုချိန်ထိ ထမင်းမစားရသေးဘူးလား "
ပြောပြောဆိုဆိုနှင့် ထွက်သွားသောမိခင်ကြီး ကို သွင်ငြိမ်းထက် လှမ်းဖြေလိုက်ရင်း မိုးကဗျာကို ပြောလိုက်သည်။
" ဟုတ်ကဲ့ ကိုသွင်...ကဗျာ ဗိုက်မဆာသေးတာနဲ့ မစားသေးတာပါ ...ထိုင်လေ ကိုသွင်... ကဗျာ ပြင်လိုက်ပါ့မယ် "
မိုးကဗျာသည် ပြောရင်းနှင့် ထမင်းဟင်းပန်းကန်များကို ခူးခပ်နေလေသည်။တစ်ယောက်တည်းအလုပ်များနေသော မိုးကဗျာကို ကြည့်ပြီး သွင်ငြိမ်းထက်လည်း မနေနိုင်သည့် အဆုံးတွင် ဝိုင်း၍ ကူပေးရလေသည်။
" ရပါတယ် ကိုသွင်ရဲ့....ခုံမှာသွားထိုင်နေပါ ...ဒီလောက်တော့ ကဗျာလုပ်နိုင်ပါတယ် "
မိုးကဗျာ အသံချိုချိုလေး ပြောရင်း သူမ၏ ဖြူဖြူသွယ်သွယ်လက်ကလေးများနှင့် သွင်ငြိမ်းထက်၏လက်ကို ဆွဲကိုင်လိုက်ပြီး ခုံမှာပြန်ထိုင်စေလေသည်။ထိုအခါ သွင်ငြိမ်းထက်သည် ခုံတွင် ပြန်ထိုင်လိုက်ပြီး မိုးကဗျာ၏ လက်များကို အသာဖယ်လိုက်လေသည်။သည်အခါမှ မိုးကဗျာလည်းရှက်အမ်းအမ်းဖြစ်သွားပြီး သူမဆုပ်ကိုင်ထားသော သွင်ငြိမ်းထက်၏ လက်ကိုလွှတ်ပေးလိုက်လေသည်။ပြီးနောက် နှစ်ယောက်သား ထမင်းစားပွဲဝိုင်းတွင် ထမင်းထိုင်စားကြလေသည်။
သွင်ငြိမ်းထက်သည် ထမင်းစားနေရင်းမှ မိုးကဗျာကို မသိမသာအကဲခတ် ကြည့်လိုက်မိလေသည်။ယနေ့ညနေ၌မူ မိုးကဗျာသည် နံနက်ခင်းကနှင့် ခြားနားလှစွာ မြန်မာဆန်ဆန်ဝတ်စားထားသည်ကို တွေ့ရလေသည်။ခန္ဓာကိုယ်၏ အလှကို ပေါ်လွင်စေသော မြန်မာဝတ်စုံနှင့် မှုံနေအောင်လှပကြည့်ကောင်းနေသော မိုးကဗျာကို သွင်ငြိမ်းထက်အသေအချာစိုက်ကြည့်လိုက်မိလေသည်။သွင်ငြိမ်းထက်၏ အကြည့်ကြောင့် မိုးကဗျာသည်လည်း မပွင့်တပွင့်ပြုံးလျက် မော့၍ ကြည့်လာလေသည်။သွင်ငြိမ်းထက် အကြည့်ကို ပြန်လွှဲလိုက်ပြီး ထမင်းကိုပဲ ငုံ့စားနေလိုက်သည်။
~~~~~~~
"လာနေကျလူ မလာတော့လည်း သတိရမိသား "
နွေးနွေး ဆိုင်သိမ်းရန် ပြင်ဆင်နေချိန်တွင် အစ်မကြီးမအေးရီသည် အသံနှင့်အတူ ဆိုင်ထဲသို့ ဝင်လာလေသည်။အစ်မဖြစ်သူပြောလိုက်မှပင် နွေးနွေးစိတ်ထဲမှ သွင်ငြိမ်းထက်ကို ပို၍သတိရသွားမိလေသည်။
"ဒီည ကိုယ်မအားလို့ မလာတော့ဘူနော် "ဟု သွင်ငြိမ်းထက် ဖုန်းဆက်စဉ်အခါက နွေးနွေးစိတ်ထဲ ပျော်သလိုလိုပင် ဖြစ်သွားမိသည်။မဟုတ်လျှင် သွင်ငြိမ်းထက်လာသည့်အခါ အစ်မကြီးမအေးရီမှာလည်း သူ့အိမ်အလုပ်ကို ပစ်ထားပြီး နွေးနွေးနှင့် အဖော်လာနေပေးရသည်မဟုတ်ပါလား။သို့အတွက် သွင်ငြိမ်းထက်တစ်ရက်မလာလျှင် အစ်မကြီးသူ့အိမ်တွင်အေးအေးဆေးဆေးနေရသည်လေ။သို့သော်လည်း အစ်မကြီးမအေးရီပြောသလိုပါပင် သွင်ငြိမ်းထက်လာနေကျအချိန်သို့ရောက်သောအခါ မလာမှန်းသိသိနှင့်မျှော်မိသည်။သတိရတမ်းတမိသည်။သတိရစိတ်ကို အလုပ်တွင် နစ်မြှုပ်ထားလိုသော်လည်း မိုးချုပ်လာလေ
တစ်ခုလပ် "
အပိုင်း ( ၁၄ )
****
အချိန်က ညရှစ်နာရီ ထိုးပေတော့မည်။မအေးရီသည် ဆိုင်၏ ရှေ့မျက်နှာစာရှိ ခုံတန်းလေးလေးမှာ ထိုင်လျက်မှ ဆိုင်ရှေ့နားတွင် လမ်းဘေးချရပ်ထားသော ကားဖြူလေးကို ငေးကြည့်နေမိသည်။သွင်ငြိမ်းထက်မှာမူ ဆိုင်အတွင်းထဲတွင် မျက်နှာငယ်လေးနှင့် ခုံပေါ်မှာ တိတ်ဆိတ်စွာပင် ထိုင်နေသည်။နွေးနွေးသည် သွင်ငြိမ်းထက်နှင့် မနီးမဝေးတွင် မျက်နှာလေးတင်းလျက် ထိုင်နေသည်။
နွေးနွေးသည် မျက်နှာငယ်လေးနှင့် ထိုင်နေသော သွင်ငြိမ်းထက်ကို ကြည့်ပြီး စိတ်မကောင်းဖြစ်နေမိသော်လည်း ဘေးပတ်ဝန်းကျင်၏ အကြည့်များအပြောများကို ကြောက်ရွံ့သောကြောင့် ယခုကဲ့သို့ ခပ်တင်းတင်းဆက်ဆံနေရခြင်းပင် ဖြစ်လေသည်။အဘယ်ကြောင့်ဆိုသော် သွင်ငြိမ်းထက်သည် နွေးနွေး နေမကောင်းဖြစ်သည့်နေ့မှစ၍ နွေးနွေးထံသို့ ညတိုင်းလိုလို ရောက်ရှိလာခဲ့ခြင်းကြောင့်ဖြစ်လေသည်။
"နွေးတို့လို ရပ်ကွက်တွေဆိုတာ... ဘယ်သူဘာလုပ်တယ် ကြည့်ပြီး အကုန်လိုက်ပြောနေကြတာ ... မြို့ထဲမှာလို သူ့ မသိကိုယ့် မသိနေကြတဲ့ အိမ်တွေမဟုတ်ဘူးလေ ... ပြောစရာအကြောင်းတစ်ခုခုရပြီဆိုရင် လိုတာထက်ပိုချဲ့ကားပြီး မပြီးနိုင်မစီးနိုင် ပြောနေကြတော့တာ...အဲ့ဒါကြောင့် ဆရာ့ကိုလဲ နွေးကြောင့် အပြောမခံရစေချင်သလို ...နွေးလဲ အပြောမခံချင်ဘူး "
သွင်ငြိမ်းထက်သည် နွေးနွေး၏ တည်တည်တင်းတင်းမျက်နှာလေးကို ကြည့်ပြီး စိတ်မကောင်းဖြစ်နေမိသော်လည်း ထိုမျက်နှာလေးကို မြင်ရဖို့အတွက် မည်မျှ အခက်အခဲ ရှိစေကာမူ သွင်ငြိမ်းထက်ကြိုးစား၍ ရောက်အောင် လာခဲ့သည်။
"ပြောစကားလဲ တစ်ခါမှ နားမထောင်ဘူး ... "
နွေးနွေးက အံလေးကို ကြိတ်၍ ခပ်တိုးတိုးပြောလိုက်သည်။
"အဲ့ဒါဆို .... တစ်ရက်ခြားမှလာရမလား "
" မပင်ပန်းဘူးလား အိမ်ကရော မပြောဘူးလား "
" ဒီကို မလာရရင်သာ ပင်ပန်းတာ...ပြီးတော့ အိမ်က ပြောရအောင် ကိုယ်က ကလေးမှမဟုတ်တာ "
ထိုစကားကို သွင်ငြိမ်းထက်က အစ်မကြီး မအေးရီ မကြားအောင် ခပ်တိုးတိုးပြန်ပြောလိုက်သည်။
နွေးနွေးသည် ကိုယ့် နှလုံးသားကို ထိန်းချုပ်ထားပါသော်လည်း တစ်ခါတစ်ရံ၌ နှလုံးသား၏ အလိုဆန္ဒကို လိုက်လျော ပစ်ချင်စိတ်များ ပေါ်ပေါက်လာမိလေသည် ။ မောင်မောင်လတ်နှင့် ကျော်ကျော်တို့ကိုပင် ရင်ထဲမှ နှစ်နှစ်ကာကာ မရှိသော်လည်း ယုံယုံကြည်ကြည်လက်တွဲဖို့ဆုံးဖြတ်ရဲခဲ့သော်လည်း သွင်ငြိမ်းထက်နှင့် ပတ်သက်မှုသည် နှလုံးသားတစ်ခုလုံးကို ရင်းရမည်ဖြစ်သောကြောင့် နွေးနွေးစိုးရွံ့နေမိခြင်း ဖြစ်ပါလေသည်။သို့သော်လည်း သွင်ငြိမ်းထက်ကို တွေ့လျှင် နွေးနွေး၏ သိစိတ်နှင့်မာနများမှာ တင်းမခံနိုင်ဘဲ ရှိသည်။ထို့ကြောင့်ပင် သွင်ငြိမ်းထက်ကို ခါးခါးသီးသီး မငြင်းဆန်မိခြင်းမှာ သွင်ငြိမ်းထက်၏ ရာထူးဂုဏ်ရှိန်ကြောင့်မဟုတ် ဘဲ နွေးနွေးနှလုံးသား၏ ဆန္ဒကြောင့်သာ ဖြစ်ပါလေသည်။
" ပြန်တော့လေ ... နောက်ကျလို့ အိမ်က ပြောနေအုံးမယ် "
နွေးနွေး၏ စကားကြောင့် သွင်ငြိမ်းက်က ပြန်ဖို့ပြင်လိုက်သည်။ဒါသည် နေ့စဉ်သွင်ငြိမ်းထက်၏ပုံစံပင်ဖြစ်လေသည်။နွေးနွေးက ပြန်လို့မပြောသ၍ ခုံမှာပင် တုပ်တုပ် မလှုပ်ထိုင်နေတတ်သည် မျိုးပင် မဟုတ်ပါလား။ကြာသောအခါ နွေးနွေးကပင် ပြန်၍ အားနာသနားလာမိလေသည်။
~~~~~~
မနက်အဆာပြေစာ စားရန် ထမင်းစားခန်းထဲသို့ သွင်ငြိမ်းထက် ဝင်လိုက်သောအခါ ထမင်းစားခန်းထဲတွင် မိခင်ကြီးတစ်ယောက်တည်း မဟုတ်ဘဲ အစ်ကိုဖြစ်သူ၏ မိသားစုကိုပါတွေ့လိုက်ရသောကြောင့် အံ့သြစွာမေးလိုက်မိလေသည်။
"ဒီနေ့ လူတယ်စုံပါလား ...အထူးတလည် စားပွဲရှိတာလား "
" ရှိတာပေါ့ သားသွင်ရဲ့ ....ဟော့ဒီမှာ သမီးကဗျာရဲ့ လက်ရာ နန်းကြီးသုတ်လေး စားကြည့်အုံး "
မိခင်ဖြစ်သူ၏ စကားကိုကြားမှပင် သွင် ငြိမ်းထက်လည်း မိုးကဗျာ ရောက်နေသည်ကို တွေ့လိုက်ရလေသည်။
" ဪ ကဗျာရောက်နေတာလား ..အလုပ်နားတာလား "
သွင်ငြိမ်းထက်က မိုးကဗျာကို မေးလိုက်ရင်း ခုံမှာဝင်ထိုင်လိုက်သည်။ယခင်လည်း မိုးကဗျာ မကြာခဏ လာလည်လေ့ရှိသောကြောင့် သွင် ငြိမ်းထက်က အထွေအထူး မစဉ်းစားမိပါချေ။
"အလုပ်က ဆင်းရတယ် မတ်လေးရေ ...မမအိ နေမကောင်းဖြစ်နေလို့ ခဏ အကူအညီတောင်းထားရတာ ..လာလေ ...ကဗျာ ...ညီမလေးလဲ တစ်ခါတည်း ဝင်စားလိုက်လေ "
သွင်ငြိမ်းထက်၏ အမေးကို အိသဇင်က ဝင်ရောက် ဖြေဆိုလိုက်ပြီးနောက် သွင်ငြိမ်းထက် ဘေးမှခုံတွင် ညီမဖြစ်သူကို ထိုင်ခိုင်လိုက်လေသည်။
" မအိ နေမကောင်းလို့လား ....အဲ့ဒါဆို ကျွန်တော်ဆေးရုံ မသွားခင်ကြည့်သွားပေးမယ်လေ "
သွင်းငြိမ်းထက်သည် မရီးဖြစ်သူကို ပြောလိုက်ရင်းမှ ဘေးတွင် ဝင်ထိုင်လိုက်သော မိုးကဗျာကို တစ်ချက်ငဲ့စောင်းကြည့်ပြီး ပြုံးပြလိုက်ရင်း အကြည့်ကို လွှဲလိုက်ရလေသည်။မလွှဲ၍လည်းမဖြစ် မိုးကဗျာသည် နံနက်ခင်း စောစောမှာပင် လက်တစ်လုံးကြိုး ဂါဝန်လေးနှင့် အလှအပများ ပြင်ဆင်ထားသောကြောင့်ပင်ဖြစ်ပါလေသည်။
"ရတယ် မောင်လေး ...မမအိ ဆေးမထိုးချင်ပါဘူး ... ဒီရက်ပိုင်း အလုပ်တွေ များသွားလို့ပါ "
~~~~~~~
"ဟာ ရတယ် ...ကဗျာ ထားလိုက်... ကိုယ့်ဘာသာ ဖွင့်ပါမယ် "
နွေးနွေးသည် မဖွင့်ချင်သော မျက်လုံးကို အားယူဖွင့်ကြည့်လိုက်ပြီး ပြောလိုက်မိသည်။ နွေးနွေး ဆေးခန်းမသွားချင်သည်မှာတော့ အမှန်ပင်ဖြစ်ပါလေသည်။အချို့သူများသည် နွေးနွေးနေကောင်းလား။ ပိန်သွားလား စသည်ဖြင့် နွေးနွေးကို ထင်ကြေး အမျိုးမျိုးပေးနေသောကြောင့် နွေးနွေး နေမကောင်းဖြစ်လျှင်ပင် လူသိမည်ကို စိုး/ကြောက်နေမိပါလေသည်။
"အိမ်ပြန်နောက်ကျမယ်လို့ အမေ့ကို ဖုန်းဆက်ထားပါတယ် နွေးရဲ့ "
နွေးနွေးသည် လူက တစ်ကိုယ်လုံး ချမ်းတုန်ပြီးမလှုပ်ချင်အောင် ဖြစ်နေသောကြောင့် သွင်ငြိမ်းထက်ကို ဘာမျှ ပြန်မပြောတော့ဘဲ နှုတ်ဆိတ်နေလိုက်သည်။
~~~~~~
"ဆေးရုံမှာ ဂျူတီမရှိဘူးတဲ့ ...အမေ့သားငယ်တော့ လိမ်ညာပြောတတ်နေပြီပဲ "
" ဟုတ်လား ...အမေ့ကို ပြောတော့ ဆေးရုံမှာ ဂျူတီအစားဝင်ပေးနေရလို့ နောက်ကျမယ်ဆိုပြီး ပြောတာပဲ "
"အမေလဲ သူပြောသမျှ ယုံပြီး ပစ်မထားနဲ့အုံး ...တော်ကြာ အခြေအနေတွေ လွန်ကုန်မှ သိရင် ခက်ကုန်မယ် အမေ "
အိသဇင်သည် ယောက္ခမဖြစ်သူကို ပိုပိုသာသာလေးပြောလိုက်သည်။အမှန်တကယ်၌မူ မတ်တော်မောင် သွင် ငြိမ်းထက်၏ အချစ်ရေးသည် အိသဇင်နှင့်မဆိုင်ပါချေ။သို့သော်လည်း အိမ်ထဲသို့ သူစိမ်းရောက်လာလျှင် အိသဇင်စိတ်ကြိုက် ချယ်လှယ်ခွင့်မရမည်ကို စိုးရိမ်မိသည်။ယခုမူ ယောက္ခမကြီးနှင့် အိသဇင်တို့မှာ တစ်အိမ်စီသီးသန့်နေကြသော်လည်း စားချိန်တန်လျှင် ယောက္ခမကြီးအိမ်မှာပဲ စားသည် ။ငွေသုံးလိုလျှင် ယောက္ခမဆီကပဲ လက်ဖြန့် တောင်းသည်။ ယောက္ခမကြီးနှင့် မတ်ဖြစ်သူကလည်း အိသဇင် အသုံးအဖြုန်းကြီးသည်ကို သိသော်လည်း ကလေးနှစ်ယောက်မျက်နှာကြောင့် ချိုသည် ခါးသည် ပြောလေ့မရှိကြပေ။ထို့ကြောင့် ထိုသို့ အခွင့်အရေးများ မဆုံးရှုံးစေရန်အတွက် မိမိစိတ်တိုင်းကျ ချယ်လှယ်နိုင်သော ညီမဖြစ်သူ မိုးကဗျာနှင့် အတင်းလှော်ပေးနေခြင်းဖြစ်လေသည်။
~~~~~~~
အိပ်ပျော်နေရာမှ နွေးနွေးဆတ်ခနဲ လန့်နိုးလာသောအခါ အချိန်မည်မျှ အိပ်ပျော်သွားသည် မသိသော်လည်းကိုယ်လက်များတစ်ကိုယ်လုံး ပေါ့ပါးလန်းဆန်းနေလေသည်။နွေးနွေးသည် မျက်လုံးကို အားယူဖွင့် ကြည့်လိုက်သောအခါ ဘေးတွင် အိပ်ပျော်နေသော အစ်မဖြစ်သူကို တွေ့လိုက်ရလေသည်။နွေးနွေး အိပ်ရာမှ အသာထလိုက်ပြီး ရေဘူးကို လှမ်းယူလိုက်သည်။
"မိနွေး နိုးပြီးလား ...သက်သာရဲ့လား "
နွေးနွေးသည် အစ်မဖြစ်သူမနိုးအောင် သတိထားနေသည့်ကြားမှ မအေးရီမှာ အအိပ်ဆတ်သူပီပီနိုးလာလေသည်။
"ကိုသွင်တောင် ဆယ်နာရီထိုးပြီးမှ ပြန်သွားတယ် ... တစ်ချိန်လုံး နင့်အနားမှာပဲ ထိုင်ပြီး ကိုယ်ပူကျအောင် ရေခဲဝတ်နဲ့ အုံပေးနေရှာတာ ...ထမင်းကျွေးတာလဲ မစားဘူးလေ ....ညနက်မှ ဘေးပတ်ဝန်းကျင်က တစ်မျိုးထင်နေမှာစိုးလို့ ဆိုပြီး ပြန်သွားတာ "
အစ်မကြီး မအေးရီ၏ စကားကို နွေးနွေးတိတ်ဆိတ်စွာပင် နားထောင်နေမိလေသည်။
~~~~~~~
"သားညက ဘယ်သွားတာလဲ ဆေးရုံမှာ ဂျူတီမရှိဘူးဆို "
မနက် အဆာပြေစာ ဝိုင်းတွင် မိခင်ကြီး၏ အမေးကြောင့် သွင်ငြိမ်းထက်မှာ ဖြုန်းခနဲ အဖြေရခက်သွားမိလေသည်။ပြီးသောအခါမှ ဆုံးဖြတ်ချက်ခိုင်ခိုင်မာမာနှင့် မိခင်ကြီးကို ဖွင့်ပြောလိုက်သည်။
" သားကောင်မလေး နေမကောင်းလို့ သွားကြည့်တာပါ ...အမေ့ကို လိမ်ပြောသလို ဖြစ်သွားလို့ သားတောင်းပန်းပါတယ် အမေ "
ဒေါ်မေဇင်ထက်သည် သားဖြစ်သူ၏ စကားကြောင့် မျက်နှာမှာ သိသိသာသာ ပျက်သွားမိလေသည်။
"နောက်ဆို မညာတော့ပါဘူး အမေရယ် ... သူကလဲ အမေစိတ်ပူရမဲ့ ပုံစံမျိုး မဟုတ်ပါဘူး ... သားကို အမေ့ဆီကနေ ခွဲထုတ်သွားမဲ့သူမျိုးမဟုတ်ပါဘူး ...အမေ့အဖော်ရအောင် သားကခေါ်လာခဲ့မှာ "
မိခင်ကြီး၏ အရိပ်အခြည်ကို ရိပ်မိလိုက်သော သွင်ငြိမ်းထက်က ချက်ချင်းပင် မိခင်ကြီးကျေနပ်အောင် ပြောလိုက်သည်။
~~~~~~
"ငါတို့ ဒီတိုင်း ကြည့်နေလို့တော့ မရဘူး ကဗျာ ...ဒီလိုလုပ် ငါနေမကောင်းလို့ ဆိုပြီး နင့်ကို အိမ်မှာ ခဏ ခေါ်ထားမယ်လို့ ပြောလိုက်မယ် ...နင် ငါတို့အိမ်ကို ပြောင်းလာခဲ့ ကဗျာ ... ပြီးရင် အမေ့ကို ရအောင် ကပ် ....သွင်ငြိမ်းထက်က အမေချစ်သားပဲ ...အမေနဲ့ အဆင်ပြေရင် ပြီးပြီ ..."
" ဖြစ်ပါ့မလား မအိရယ် ...မအိမတ်က မတုန်မလှုပ်နဲ့ "
"မဖြစ် ဖြစ်အောင် လုပ်ပေါ့ ဟဲ့ ... မိန်းမ မာယာ သုံးပေါ့ ...သူလဲ ယောကျာ်းပဲဟာ ... ဘယ်လောက် တင်းခံနိုင်မှာတုန်း .... ကျောက်တုံး တောင် တိုက်ပါများရင်နဲ့ သေးတာပဲ ... နင့် အလှမှာ သူပြေးမလွတ်နိုင်ပါဘူးဟယ် "
====================
အပိုင်း ( ၁၄ ) ဆက်ရန်
ဧကြည်ဖြူ
"ဒုက္ခပဲကွာ "
ကားပေါ်မှ ဆင်းခါနီးကျမှ သည်းထန်စွာ ရွာချလိုက်သောမိုးကြောင့် သွင်ငြိမ်းထက် စိတ်ပျက်စွာလွှတ်ခနဲ ရေရွတ်လိုက်မိသည်။ကိုယ်ပိုင်ကား နှင့်သွားလာနေသော သွင် ငြိမ်းထက်အဖို့ ထီးဆောင်တတ်သော အကျင့်မရှိပါလေ။ဖြစ်နိုင်လျှင် ချစ်ရသူနွေးကိုပါ သွင်ငြိမ်းထက် ကားပေါ်တွင် တင်ပြီး လျှောက်သွားချင်သော်လည်း မာနကြီးလှသော ချစ်သူလေးက အကပ်မခံမည်စိုးသောကြောင့် သွင် ငြိမ်းထက်မှာ ချစ်ရသူလေးဆီသို့သွားသည့်အခါတိုင်း ကားကို ထားခဲ့ပြီး အငှားကားနှင့် လိုင်းကားကိုသာအားကိုးခဲ့ရလေသည်။
ကားက ငြိမ့်ခနဲ ထိုးရပ်သွားသည်။ နွေးနွေးက ကားပေါ်မှ ဆင်းလိုက်ပြီးလျှင် လက်တွင်ကိုင်ထားသောထီးကိုဖွင့်၍ ဆောင်းလိုက်သည်။
သွင်ငြိမ်းထက်မှာ ကားပေါ်မှ ဆင်းလိုက်ပြီးသည့်နောက် မိုးရေထဲတွင်ပင် နွေးနွေး၏နောက်မှ တိတ်တဆိတ် လျှောက်လိုက်လာခဲ့သည်။
နွေးနွေးမှာ လမ်းလျှောက်နေရင်းမှ နောက်ပါးဆီမှ မိုးရေထဲတွင် လိုက်လျှောက်လာသော သွင်ငြိမ်းထက် ကြောင့် ခြေလှမ်းများမမှန်ချင်သလိုပင် ဖြစ်လာသည်။နီးစပ်ရာ ဆိုင်တစ်ဆိုင်ထဲသို့ နွေးနွေး ၀င်လိုက်လျှင် သွင်ငြိမ်းထက်လည်းလိုက် ၀င်လောက်ပေလိမ့်မည်။သို့သော်လည်း မိုးခို၍ရသော အနီးစပ်ဆုံး ဆိုင်သည် အနည်းငယ်မျှ လှမ်းနေသေးလေသောက်ကြောင့် နွေးနွေးစိတ်အိုက်နေမိလေသည်။နွေးနွေးသည် ရှေ့သို့ ခြေလှမ်းလှမ်းရန် ပြင်လိုက်ပြီးသောအခါမှ နောက်သို့ ချာခနဲလှည့်လိုက်ပြီး သွင်ငြိမ်းထက်ကို ထီးမိုး၍ ပေးလိုက်သည်။
" ဒီလောက် မိုးတွေရွာနေတာ ဘာလို့ လျှောက်လိုက်လာတာလဲ "
သွင်ငြိမ်းထက်သည် မိုးရေထဲတွင် ချစ်ရသူနွေးနွေး၏နောက်မှ ထက်ကြပ်မကွာ လျှောက်လိုက်လာစဉ် ချစ်ရသူလေးက ရုတ်တရက် သွင်ငြိမ်းထက်ဘက်သို့ ဖျတ်ခနဲလှည့်လာပြီးလျှင် စူပုတ်ပုတ် မျက်နှာလေးနှင့် ထီးကို လှည့်ဆောင်းပေးလာသောကြောင့် သွင် ငြိမ်းထက် အတိုင်း မသိ ပျော်ရွှင်သွားမိလေသည်။
ထီးလေးတစ်ချောင်းအောက်တွင် နှစ်ယောက်သား ပူးပူးကပ်ကပ်နှင့် လျှောက်နေကြရင်း သွင် ငြိမ်းထက်သည် နွေးနွေး၏ ပခုံးစွန်းတစ်ဖက်ပေါ်သို့ စီးကျလာသော မိုးရေစက်များကို လက်တစ်ဖက်နှင့် လှမ်း၍ ကာကွယ်ပေးလိုက်မိသည်။
"မိုးတွေရွာနေတယ်လေ ပြန်တော့ .... သူများ ဈေးဝယ်လာတာကို ဘာလို့လျှောက်လိုက်နေရလား "
နွေးနွေးသည် သွင်ငြိမ်းထက်၏ မျက်နှာကို မော့မကြည့်ဘဲပြောလိုက်သည်။
" နွေးက ဈေးဝယ်တဲ့ အချိန်ပဲ အပြင်ကို ထွက်တာကို .... ကျန်တဲ့အချိန် အိမ်ထဲက အိမ်ပြင်မှ မထွက်တာ ဖုန်းဆက်တော့လဲ မကိုင်တော့ ကိုယ်က ဘယ်လိုလုပ်ရမလဲ "
နွေးနွေးသည် သွင်ငြိမ်းထက်ကို ခပ်စူးစူးတစ်ချက်မော့ကြည့်လိုက်မိပြီး ကော်ဖီဆိုင်ထဲသို့ ဝင်ရန်ပြင်လိုက်သည်။
~~~~~~~
ကော်ဖီဆိုင်ထဲသို့ ရောက်သောအခါ သွင်ငြိမ်းထက်သည် သူ့အိတ်ထဲမှ တစ်ရှူးကိုထုတ်ပြီး နွေးနွေး၏ လက်မှမိုးရေးစက်များကို သတိလက်လွတ်သုတ်ပေးလိုက်မိသည်။
သွင်ငြိမ်းထက်၏ အပြုအမူကြောင့် နွေးနွေးသည် ရှက်သွားမိပြီး လက်ကို ဖျတ်ခနဲ နောက်သို့ ဆုတ်လိုက်မိလေသည်။
ထိုအခါမှပင် သွင် ငြိမ်းထက်သည် သတိဝင်လာပြီးလျှင် လက်ကို အသာပြန်ရုတ်လိုက်ရ သည်။
"ဆောရီးနော် နွေး .."
"ဘယ်အချိန်မှ လက်လျှော့မှာလဲဟင် .. နွေးတို့နှစ်ယောက်ရဲ့ အခြေအနေက မဖြစ်နိုင်မှန်းသိရဲ့နဲ့ ဘာလို့ရှေ့ဆက်တိုးနေတာလဲ ......"
နွေးနွေးက သွင် ငြိမ်းထက်၏ မျက်နှာကို မော့ကြည့်လိုက်ပြီး ခပ်တိုးတို့ပြောလိုက်သည်။
" နွေးရယ် ... နွေးကို တစ်ဘ၀လုံးအတွက် ရည်ရွယ်ပြီး ချစ်ခဲ့တာလေ တစ်သက်လုံး နွေးနောက်ကလိုက်နေရမှာပေါ့ ...ကိုယ်တို့အသက်အရွယ်က ကလေးတွေ မဟုတ်တော့ဘူး ...အပျော်အပျက်တွဲရမယ့် အရွယ်တွေလဲ မဟုတ်ဘူးလေ ..... နွေးလက်ခံလာမဲ့နေ့အထိ ကိုယ်စောင့်နေမှာပါ "
နွေးနွေးသည် သွင်ငြိမ်းထက်ကို ရီဝေစွာ ငေးကြည့်နေမိသည်။
သွင်ငြိမ်းထက်ကလည်း နွေးနွေး၏မျက်နှာလေးကို စူးစူးစိုက်စိုက်နှင့် ကြည့်နေမိလေသည်။အပြင်တွင် မိုးက သည်းထန်စွာ ရွာသွန်းလျက် ရှိပါလေသည်။
~~~~~~~
"ဗျာ မမကြီး ... နွေး ဖျားနေတယ်ဟုတ်လား ....ဒါဆို....ကျွန်တော်လာခဲ့မယ် မမကြီး "
သွင်ငြိမ်းထက်သည် အိမ်သို့ ပြန်လာစဉ်လမ်း၌ နွေးနွေး၏ အစ်မကြီး မအေးရီထံမှ ဖုန်းလာသောကြောင့် ကိုင်လိုက်ရာ ချစ်ရသူနွေးနွေး နေမကောင်းဖြစ်နေသည် ဆိုခြင်းကြောင်း ကားကို ချစ်ရသူလေးရှိရာ ရပ်ကွက်ဆီသို့ တရကြမ်း မောင်းခဲ့မိလေသည်။
~~~~~~~
" မနေ့က မိုးမိသွားလို့ထင်တယ် ...ဆေးတစ်လုံးထိုးမယ်နော် နွေး "
"ဘယ်လို ရောက်လာတာလဲ ...မမကြီး ခေါ်လိုက်တာလား "
နွေးနွေးသည် ဆေးထိုးရန်ပြင်နေသော သွင်ငြိမ်းထက်ကို မေးလိုက်သည်။
"အင်းပေါ့ ...နွေးက ဆေးခန်းလဲ မသွားချင်ဘူးလို့ ငြင်းနေတာဆို ...အဲ့ဒါကြောင့် မမကြီးက ကိုယ့်ကို ခေါ်လိုက်တာပါ ... "
"အိမ်ပြန်နောက်ကျလို့ အိမ်ကစိတ်ပူနေအုံးမယ် "
ဧကြည်ဖြူ
" တစ်ခုလပ် "
အပိုင်း ( ၁၃ )
****
ကိုယ်နှင့်မျက်စောင်းထိုးမှာ တခမ်းတနား နှင့်ဆိုင် အကြီးကြီးလာဖွင့်ပြီး ကိုယ်ရောင်းသမျှကို ဈေးလျှော့ပြီး ရောင်းနေကြသောကြောင့် နွေးနွေး၏ ဆိုင်လေး အရောင်းအသွားသည်မှာ အမှန်ပင်ဖြစ်သည်။သို့သော်လည်း နွေးနွေး ဇွဲမလျှော့ပါလေ။ နွေးနွေး၏ဆိုင်လေးမှာ ပစွည်းစုံအောင်တင်သည်။ကလေးတွေ အကြိုက်ကို သေချာ လေ့လာသည်။ပြီးလျှင် နွေးနွေးမှာ အားသာချက်တစ်ခုလည်းရှိသေးသည်။ နွေးနွေးသည် ကလေးများ၊ မိန်းမငယ်လေးများနှင့် အဆင်ပြေသည်။ထို့ကြောင့် နွေးနွေး၏ဆိုင်တွင် ပုံမှန်ဖောက်သည်များလည်းရှိသည်။ထိုဖောက်သည်များကိုပင် အားကိုး ရောင်းရသော်လည်း စားသုံးကုန်ပစွည်း မဟုတ်၍ ရောင်းအားကတော့ သိသိသာသာကျသည်ပေါ့။ထိုအခါ နွေးနွေး၏ အစ်မကြီး မအေးရီသည် ထုံးစံအတိုင်း ဗေဒင်ဆရာထံသို့ပြေးပြန်လေသည်။နွေးနွေးသည်အစ်မကြီး၏ ထိုအကျင့်ကို သဘောမကျသောကြောင့် အကြိမ်ကြိမ် တားမြစ်ခဲ့သော်လည်း မရခဲ့ချေ။
" အရောင်အအောင် သူတို့လုပ်ထားတာတဲ့ ... ယတြာချေပေးရမယ် ..ပြီးတော့ ဆရာက ပြောသေးတယ် ...အိမ်ထောင်ပြုလိုက်ရင်ကံကောင်းမယ်တဲ့ "
အစ်မဖြစ်သူ မအေးရီ၏ စကားကြောင့် နွေးနွေးပြုံးလိုက်မိသည်။ယခုတလောတွင် အစ်မကြီး မအေးရီသည် မည်သည့်စကားပြောပြော နောက်ဆုံးတွင် သွင်ငြိမ်းထက်ကို ဦးတည်သောစကားကို ရောက်ရောက်သွားတတ်မှန်း သတိထားမိလေသည်။
"အိမ်ထောင်ပြုပြီးရင် ဒီရပ်ကွက်ကို လုံး၀မလနဲ့တော့ .... နင့်ကို သတိရရင် ငါလာတွေ့မှာပေါ့ "
အစ်မကြီး မအေးရီသည် မပြောစဖူး ထိုစကားမျိုးကိုလည်းပြောလာခဲ့သည်။
" လူတွေ အကျင့်မကောင်းဘူး ... နည်းနည်းကို သဲသဲလုပ်ချင်ကြတာ ..သူတို့ကို ကြိည့်ရင်တော့ တစ်ဖက်သားကို စာနာသနားတတ်သလိုလို သူများအောင်မြင်ရင် မနာလိုချင်ကြဘူး ... သူတို့စိတ်ထဲမှာ ...ဒုက္ခပေါင်းစုံနဲ့ ရင်ဆိုင်ပြီး အမြဲ သနားစရာ ပုံစုံနံ့ပဲနေစေချင်ကြတဲ့ပုံမျိုးပဲ ....အဲ့ဒါကြောင် ဒုက္ခရောက်နေရင် အပြင်ပန်းက သနားသလိုလိုနဲ့ အတွင်းစိတ်က ကြိတ်ပြီး ဝမ်းသာနေကြတာလေ ... အဆင်ပြေပြေနေနိုင်တာမြင်ရင် မနာလိုမရှုစိမ့်နိုင်ကြဘူးလေ "
" အဲ့ဒါတွေ ဂရုစိုက်မနေပါနဲ့မမကြီးရယ် ... နွေးကတော့ အဲ့ဒါတွေ ဂရုမစိုက်ဘူး ...ကိုယ့်ဘ၀ကို တိုးတက်အောင်ပဲ ကြိုးစားမှာ "
" ဂရုမစိုက်ဘူးဆိုရင် ဆရာ၀န်လေးကို ဘာလို့လက်မခံတာလဲ ... ငါ့မှာတော့ နင့်ကို ဆရာလေး အထင်အမြင်သေးမှာစိုးလို့ အကျင့်မကောင်းတဲ့ ဟာတွေနဲ့တောင် ပြိုင်မဖြစ်ဘဲ နေနေရတာ ...ဟိုကောင် အကျင့်မကောင်းတာနဲ့ပဲ ကျန်တဲ့ ယောကျာ်းတွေကို အကျင့်မကောင်းဘူးလို့ သက်မှတ်လို့မရဘူးလေ..."
မအေးရီသည် အခွင့်အရေးရသည်နှင့် နွေးနွေး၏ အချစ်ရေးကို ထည့်၍ ပြောပြန်လေသည်။
"နင် အဲ့လို တလွဲဆံပင်ကောင်းနေရင် ....ဆရာဝန်လေးလက်လျှော့သွားရင် ဘယ်လိုလုပ်မလဲ "
"ပိုကောင်းတာပေါ့" ဟုနွေးနွေးစိတ်ထဲမှပင် ပြောလိုက်မိပါလေသည်။
"နင် လက်ခံရင် ... သူ့အမေကို ဖွင့်ပြောပြီး အမြန်ဆုံးလာတောင်းမယ်တဲ့ ... သူ့ကိုကြည့်ရတာ နင့်ကို ဒီရပ်ကွက်မှာ နေစေချင်ပုံမရဘူး "
အစ်မကြီး မအေးရိ၏ စကားကြောင့် နွေးနွေးသက်ပြင်းချလိုက်မီလေသည်။
" ပြောတော့ တကယ် လွယ်တယ် မမကြီးရယ် ....ဒါပေမဲ့ သူ့အသိုင်းအဝိုင်းက နွေးကို အထင်သေးစကားပြောလာခဲ့ရင် နွေးသည်းခံနိုင်မှာ မဟုတ်ဘူး ..."
မအေးရီနှင့် နွေးနွေး အကြားတွင် ပြန်လည် တိတ်ဆိတ်သွားပါလေသည်။နွေးနွေးသည် သွင်ငြိမ်းထက်နှင့် ပတ်သက်၍ အကြောင်းမဲ့ မာနကြီးနေခြင်းမျိုးမဟုတ်ပါ။တစ်ချိန်မှာ သွင်ငြိမ်းထက်ကို မုန်းသွားရမည့်အဖြစ်မျိုးကို မလိုလားသောကြောင့်သာဖြစ်ပါလေသည်။
~~~~
" နွေး .."
ခေါ်သံတိုးတိုးလျလျ နှင့် အတူ သွင်ငြိမ်းထက်က နွေးနွေးနှင့်အတူ လိုင်းကားပေါ်သို့ အတင်းတို့ ၍တက်သည်။ကြည့်ရသည်မှာ နွေးနွေး ဈေးသွားဝယ်မည့်အကြောင်းကို အစ်မကြီး မအေးရီက သတင်းပေးလိုက်တာဖြစ်နိုင်ပေသည်။မဟုတ်လျှင် နွေးနွေးမြို့ ထဲသွားမည့်အကြောင်းကို သွင် ငြိမ်းထက် တစ်ယောက် သိစရာ အကြောင်း မရှိမှမရှိတာ။ နွေးနွေးသည် တမင်ပင် မျက်နှာကို ခပ်တင်းတင်းထားပစ်လိုက်သည်။
သွင်းငြိမ်းထက်သည် နွေးနွေး၏ မျက်နှာထားတင်းတင်းလေးကို မဝံ့မရဲခိုးကြည့်နေမိသည်။သွင် ငြိမ်းထက်မှာ နွေးနွေးကို တွေ့ချင်လွန်း၍ အိမ်သို့သွားလျှင်လည်း ပတ်ဝန်းကျင်က ချစ်ရသူလေးကို ကဲ့ရဲ့ပြစ်တင်မည်စိုးသောကြောင့် အဝေးမှပဲ ငေးခဲ့ရသည်။ သည်ကြားထဲ ဖုန်းဆက်ပြန်လျှင်လည်း နွေးနွေးကဖုန်းကို ကိုင်ချင်သည့်အခါမှ ကိုင်သည်။သွင်ငြိမ်းထက်မှာ ဆေးရုံမှာ နားချိန်ရသည်နှင့် ဖုန်းဆက်မိသည်။ယခုဆိုလျှင် လုပ်ဖော်ကိုင်ဖက် ဆရာဝန်တွေ အချင်းချင်းပင် သွင်းငြိမ်းထက်၏ ဒုက္ခကို အတော်အတန် ရိပ်မိနေကြပြီဖြစ်သည်။မတတ်နိုင်သည့်အဆုံးမှာတော့ သွင်ငြိမ်းထက်လည်း နွေးနွေး၏အစ်မကြီး မအေးရီကို ပွင့်ပွင့်လင်းလင်းဖွင့်ပြော၍ အကူအညီတောင်းလိုက်ရခြင်းဖြစ်ပါလေသည်။
မိတ်ဆက်ပေးခဲ့သည်။ယခုဆိုလျှင် သွင်ငြိမ်းထက်နှင့် မိုးကဗျာသည်လည်း အတော်အသင့်ရင်းနှီးနေကြပေပြီ မဟုတ်လား။ခက်သည်မှာ ယခုအခါ၌ သွင်ငြိမ်းထက်သည် မိန်းခလေးတစ်ယောက်ကို စိတ်ဝင်စားနေပြီဟု သတင်းကြားသိရသော်လည်း တိုမိန်းခလေးမှာ ညီမဖြစ်သူ မိုးကဗျာမဟုတ်သောကြောင့် အိသဇင်မှာ စိတ်တိုင်ဒါသထွက်နေမိလေသည်။
"ဟဲ့ ...မသိဘူးဆိုပြီး ဒီတိုင်း နေမလို့လား ... ဘာလဲ သူများလက်ထဲပါသွားတဲ့ အထိ ဒီတိုင်း ကြည့်နေမလို့လား မိုးကဗျာရဲ့ "
====================
အပိုင်း ( ၁၃ ) ဆက်ရန်
ဧကြည်ဖြူ
မအေးရီ တစ်ယောက် စိတ်ဆိုးမာန်ဆိုးနှင့် ပြောဆိုနေလေသည်။နွေးနွေးမှာမူ မတန်မလှုပ်ဝင်ဆိုင်ထဲရှိ ပစ္စည်းများကို ကြည့်၍ကောင်းအောင် ပြင်ဆင်နေရင်းမှ အစ်မဖြစ်သူကိုကို လှမ်း၍ ပြောလိုက်သည်။
"လာပါ မမကြီးရယ် ... အပြိုင်အဆိုင် ရှိမှတိုးတက်တာတဲ့ ...သူတို့ လည်းသူတို့ ပရိသတ်နဲ့သူတို့ရှိသလို ...နွေးကိုလဲ အားပေးမယ့်သူ ရှိပါတယ် "
"သူတို့က ငွေတိုးချေးစားနေတဲ့သူတွေလေ ...လူတွေက ငွေလေး ချေးရဖို့အရေး သူတို့ဆီ ပဲ သွားဝယ်ကြမှာပေါ့ "
" ဪ ခက်ပါလား မမကြီးရယ် ... ကလေးတွေမှာ အဲ့လို အတွေးမျိုးတွေ မရှိဘူးလေ "
နွေးနွေးကတော့ ကလေးကြိုက်ပစွည်းများကို စုံသထက်စုံအောင် ထက်တင်ထားပြီး ဆိုင်ကို ကလေးတွေ ၀င်ချင်လာအောင်ဘဲ ပြင်ဆင်ထားသည်။ဖြစ်ပုံက နွေးနွေးနှင့် မျက်စောင်းထိုးအိမ်မှ ယခင်က ရပ်ကွက်ထဲတွင် ငွေတိုးပေးစားသော ပိုက်ဆံရှိအိမ်မှ နွေးနွေးနည်းတူ စတိုးဆိုင်လေးထဖွင့်ခြင်းပင်ဖြစ်ပါလေသည်။ သူ့တို့မျက်စိထဲတွင် နွေးနွေး ဆိုင်လေး အရောအေ၀ယ်ကောင်းနေသည်ကို မျက်စိကျန်နေခြင်း ဖြစ်လေသည်။အမှန်တကယ်ဆိုမူ ငွေတစ်သောင်းကို နှစ်ထောင် အတိုးယူပြီး နှစ်ဆယ့် လေးရက်နဲ့ အပြီးနဲ့ ဆပ်ခိုင်းသော သူတို့အတွက် ငွေသည် ဖောချင်းသော ချင်းဝင်နေသည်သာ။ရပ်ကွက်ထဲမှာပင် သူတို့ပိုင်ဆိုင်သော အိမ်များနှင့် အပေါင်းခံထားသော အိမ်များလည်းရှိသည်။သို့သော်လည်း ငွေရှိသူများသည်ရှိသထက်ရှိချင်ကြသည်သာ။ရပ်ကွက်ထဲမှာ သူတို့ မလုပ်ဖူးသော အလုပ်ဟု၍သိပ်ပင် ရှိမည်မထင်ပါချေ။ပွဲစား ခေတ်ထလျှင်ပွဲစားရုံးခန်းဖွင့်သည်။ပြောရမည်ဆိုလျှင် တစ်ယောက်ယောက်က ဆိုင်တစ်ဆိုင်ဖွင့်၍ အောင်မြင်လျှင် သူတို့လိုက်ဖွင့်တတ်သည်။ရပ်ကွက်ထဲမှ စီးပွားရေးလုပ်ငန်းမှန်သမျှလိုလိုကို လက်ဝါးကြီးအုပ်ထားချင်သည့်သဘောပင်ဖြစ်လေသည်။ယခုလည်းသူတို့၏ ပစ်မှတ်မှာနွေးနွေး၏ဆိုင်လေးဖြစ်လေသည်။နွေးနွေး၏ ဆိုင်မှာ ရပ်ကွက်၏ အဆုံးတွင်ရှိသော်လည်း ဘေးရပ်ကွက်၏ အစလမ်းဖြစ်သောကြောင့် လူစည်ကားသည်ဟုပြောရပေမည်။နောက်တစ်ချက်မှာ လိုင်းကားပြေးဆွဲသော ကားလမ်းမကြီးနှင့်ဝေးသောကြောင့်လည်း အများစုမှာ လမ်းမသို့ မထွက်ကြတော့ဘဲ အတွင်းဘက်မှာပင် စည်းကား၍နေခြင်းဖြစ်လေသည်။
"စုထားတဲ့ငွေနဲ့ အရင်းထပ်ထည့်လိုက်ပါလားအေ...ဘာမေးမေးမရှိဘူမပြောရအောင်တင်ထားလိုက်..."
" ဒါတော့ပေါ့ မမကြီးရယ် ဒါပေမဲ့ ဈေးဆိုင်ဆိုတာ နှစ်ရှည်လများရင်းထားရတာမမကြီးရဲ့..ငွေတွေအောင်းနေပြီး ဈေးသင့်တဲ့အိမ်ရရင် လက်လွတ်သွားမှားစိုးတယ် "
" အင်းပါ ..နင့်သဘောပဲ...ဒါနဲ့ အခုတလော ဆိုင်ဘက်ကို အာရုံများနေတာနဲ့ ...ဆရာဝန်လေးအကြောင်းတောင် မမေးမိဘူး ...ခု ဘယ်လိုလုပ်မှာ...တကယ်ပဲ ဆရာဝန်လေးကို လက်မခံနိုင်ဘူးလား "
အစ်မဖြစ်သူ၏ အမေးကြောင့် နွေးနွေးမှာ ခေါင်းကိုအသာခါယမ်းလိုက်မိပြီးလိုက်မိပြီးလျှင်
" တကယ်လို့များပေါ့...နောက်တစ်ကြိမ်းသာ အရှက်ထပ်ရမယ်ဆိုရင်...နွေးရင်ဆိုင်နိုင်ပါ့မလားမသိဘူး ... ဒါကြောင်း နွေး မစွန့်စားရဲဘူး မမကြီး "
ညီမဖြစ်သူ နွေးနွေး၏စကားကြောင့် မအေးရီမှာ ဘာမျှပြန်မပြောနိုင်ဘဲရှိလေသည်။မအေးရီအနေနှင့် ညီမဖြစ်သူကို ဆရာဝန်လေးနှင့်ပျော်ပျော်ရွှင်ရွှင်နေစေချင်သော်လည်း မအေးရီကိုယ်တိုင်လည်း ကံကြမ္မာကို မယုံရဲသလို ဆရာဝန်လေးကိုလည်း အကြွင်းမဲ့ ယုံကြည်ရန်ခက်ခဲလှပါလေသည်။
~~~~_
"ရှင် ...တကယ်လား အမေ ... ဒါနဲ့ ဘယ်သူ့ တဲ့လဲဟင် .... ဆေးရုံက ဆရာဝန်ပဲတဲ့လား "
" အမေလဲ မသိဘူးလေ ..အဲ့ဒါ သားကြီးများသိမလားလို့ ... အခုတလော နားရက်ဆို အိမ်မှာကို မနေဘူးလေ... မေးရင်လဲ မဖြေဘူး "
ဒေါ်မေဇင်ထက်က ချွေးမဖြစ်သူ အိသဇင်၏ အမေးကို ဖြေလိုက်လေသည်။
"ယောက်ျား ရှင်ရော သိလား ... သေချာလဲ စုံစမ်းပါအုံး အမေရယ် ..တော်ကြာ မတော်တရော်မိန်းမတွေနဲ့ တွေ့သွားအုံးမယ် ...ခုခေတ်ကြီးက သိတဲ့အတိုင်း မိန်းမလည်တွေ များတယ် "
အိသဇင်က ယောကျာ်းဖြစ်သူ့ကို မေးမြန်းလိုက်ရင်း ယောက္ခမဖြစ်သူ ဒေါ်မေဇင်ထက်ကိုပါ ပြောလိုက်သည်။
" မသိပါဘူးကွာ ... သူနဲ့ ကိုယ်က အလုပ်နယ်ပယ် ချင်းလဲ မတူဘူးလေ "
" အင်း ...သမီးပြောမှပဲ အမေလဲ စိုးရိမ်လာပြီး ...သားကြီးနဲ့ သမီးကလဲ မ်ားသားသွင် အကြောင်းကို စုံစမ်းပေးကြအုံး "
~~~~~~~
" ဘာပြောတယ် ... ဒါဆို နင် မသိဘူးပေါ့လေ ဟုတ်လား ...ဒီလောက် အတန်တန် မှာထားရဲ့နဲ့ ကဗျာရယ် ..."
" အို ...မမရဲ့ မတ်တော်မောင်က အလုပ်မှ အလုပ်ပဲ စိတ်ဝင်စားပြီး လူကို ဖုတ်လေတဲ့ငပိ ရှိတဲ့ တောင် မထင်တဲ့ဟာ ...ကဗျာက ဂရုစိုက်စရာလား "
မိုးကဗျာက နှုတ်ခမ်းလေးစူပြီး အစ်မဖြစ်သူ အိသဇင်ကို ပြောလိုက်သည်။ဟုတ်တော့လည်း ဟုတ်ရှာသည်။မိုးကဗျာက အိသဇင်၏ ညီမဝမ်းကွဲ ဖြစ်သည်။ယခုမှအသက်က နှစ်ဆယ့်ငါးနှစ် ကျော်စသာရှိပြီး လှလည်းလှသည်။မိုးကဗျာ သည် လူကလည်း ချောချောလှလှ ဖြစ်သည့်အပြင် လိုက်ဖက်အောင် ဝတ်တတ်စားတတ်သောကြောင့် မိန်းခလေးချင်းကပင် အားကျရသည့်အလှမျိုး ဖြစ်သည်။ထိုသို့လှပသော ညီမငယ်ကို အိသဇင်က မတ်ဖြစ်သော သွင်ငြိမ်းထက်နှင့် ရည်ရွယ်ထားခဲ့သည် ။ ဖိတ်ချင်း ဖိတ် ကိုယ့်အိတ်ထဲပဲဖိတ်စေချင်သည်။ထို့ကြောင့်ပင် ညီမဖြစ်သူကို အိမ်သို့ မကြာခဏ ခေါ်ခဲ့ပြီးလျှင် သွင်ငြိမ်းထက်နှင့်
-~~~~~~~
"ဆရာ ပြန်တော့မယ်တဲ့ မနွေး ....ဆရာ့ကို ကားဂိတ်အထိလိုက်ပို့ပေးလိုက်ပါအုံး "
အစ်မကြီးမအေးရီ၏ စကားကြောင့် နွေးနွေးမှာ မျက်လုံးအပြူးသားနှင့် ပြူးပြူးပျာပျာဖြစ်သွားမိသော်လည်း သွင်ငြိမ်းထက်ကမူ အငြင်းစကားမဆိုဘဲ ငြိမ်သက်နှုတ်ဆိတ်နေလိုက်သည်။
'" အို ဒီကလေးမ ဘာလုပ်နေတာလဲ...သွားလေ ဆရာ့ကိုလိုက်ပို့လိုက်လေ "
မအေးရီသည် မတုန်မလှုပ် ကျောက်ဆစ်ရုပ်ဖြစ်နေသော နွေးနွေးနားသို့ကပ်၍ ခပ်တိုးတိုးပြောလိုက်သည်။မအေးရီ၏ စိတ်ထဲ၌ လူချောလူသနိ့ဆရာဝန်လေးနှင့် ညီမဖြစ်သူအတူတွဲလျှောက်သွားသည်ကို ရပ်ကွက်ထဲမှလူများကို မြငိစေချင်မိသည်။သို့မှသာ သူတို့စိတ်ထဲမှ မောင်မောင်လတ်ကို သံယောစဉ်မကုန်သောကြောင့် နွေးနွေးတစ်ယောက်အိမ်ထောင်ထပ်မပြုသည်ဆိုသော လူများ၏ထင်မြင်ချက်များကို ဖျောက်ဖျက်ချင်စိတ်ကြောင့်ပင်ဖြစ်လေသည်။
~~~~~
မအေးရီ တွက်ဆထားသည့်အတိုင်းပါပင်။နွေးနွေးနှင့်သွင်ငြိမ်းထက်တို့ လမ်းလျှောက်လာကြသောအခါ မျက်လုံးပေါင်းများစွာက ကြည့်ကြလေသည်။သူတို့၏ မျက်လုံးထဲတွင် နွေးနွေးတို့ကို ကြည့်၍ ပြောစရာစကားများရသွားကြပြီဖြစ်လေသည်။
" ဖုန်းဆက်ရင်တော့ ကိုင်ပါနွေးရယ် ...နွေးသာ ကိုယ့်အချစ်ကို လက်ခံတယ်ဆိုရင် ကျန်တာတွေဘာမှမတွေးပါနဲ့နော်...ကိုယ့်အကြောင်းကိုပဲတွေးပေးပါနော်...နွေးကို ကိုယ့်ကြောင့်ဘယ်တော့မှ မျက်ရည်မကျစေရဘူး "
နွေးသည်ခေါင်းလေးငုံ့လျက်လျှောက်နေရင်းမှ သွင် ငြိမ်းထက်တစ်ချက်မော့ကြည့်လိုက်မိလေသည်။
သွင်ငြိမ်းထက်သည်လည်း နွေးနွေး၏မျက်နှာလေးကို ငေးကြည့်လျက် စကားဆိုနေသည်။
" နောက် တစ်ခေါက်လာရင် နွေးရဲ့မမကြီးကို ဖွင့်ပြောပြလိုက်ဖို့ စိတ်ကူးထားတယ်...နွေးရဲ့တစ်ဦးတည်းသောအစ်မကြီးဆိုတော့ ကိုယ်လဲ ရိုသေလေးစားသမှုထားပါ့မယ် "
သွင်ငြိမ်းထက်၏စကားကြောင့် နွေးနွေးမှာ မျက်စိပျက်မျက်နှာပျက်နှင့် တားမြစ်လိုက်သည်။
" မ ..မဖြစ်ဘူးနော်...မမကြီးကိုတော့ မပြောပါနဲ့ဆရာ "
" နွေးရဲ့ သဘောအတိုင်းပါပဲ...ဒါပေမဲ့ နွေး ကိုယ့်ဆီကို မလာရင်..နွေးဆီကို ကိုယ်လာခဲ့မှာ...နွေး လက်ခံလာမဲ့နေ့အထိ ကိုယ်ကြိုးစားမှာ "
နွေးသည် အငှားကားပေါ်သို့တက်သွားသော သွင်ငြိမ်းထက်၏ နောက်ကျောပြင်ကို ငေး၍ ကြည့်နေမိသည်။
သွင်ငြိမ်းထက်က ကားပေါ်သို့ရောက်သောအခါ ကျန်ခဲ့သော နွေးနွေးကို လှည့်၍ကြည့်လိုက်မိသည်။
~~~_~~~~
"သားသွင် ...ဒီပိတ်ရက်မှာ ...အမေ့ကို ...မနွဲ့တို့ အိမ်ကို လိုက်ပို့ပေးအုံး "
သွင်ငြိမ်းထက်မှာ မိခင်ဖြစ်သူ၏ စကားကြောင့် စိတ်အိုက်သွားမိလေသည်။သွင်ငြိမ်းထက်က ပိတ်ရက်မှာ ချစ်ရသူ နွေးရှိရာဆီသို့ သွားရန်အစီအစဉ်ချထားပြီးပြီဖြစ်လေသည်။သွင်ငြိမ်းထက်ကို နွေးက လက်မခံသေးသော်လည်း လူကိုတွေ့လျှင် ကောင်းကောင်းမွန်မွန် လက်ခံစကားပြောသောကြောင့် အခြေအနေမှာ သွင်ငြိမ်းထက်ဘက်ပါသည်ဟုပြောရပေမည်။
"ဟုတ်ကဲ့ အမေကို အန်တီနွဲ့တို့အိမ်ကို လိုက်ပို့ပေးခဲ့မယ်လေ ... ပြီးရင် ညနေ မှ သားလာပြန်ကြိုပေးမယ်လေ အမေ..."
" ဟော့တော့ နာရီဝက်တစ်နာရီလောက်တောင် သားကမစောင့်ပေးနိုင်တော့ဘူးလား..အခုတလော အမေ့သားငယ် လမ်းများနေတယ်နော်...ဘာလဲ အမေ ချွေးမရတော့မှာလား ကြိုပြောထားအုံး "
ဒေါ်မေဇင်ထက်က သားဖြစ်သူကို ကြည့်ပြီးပြောလိုက်သည်။ခင်ပွန်းဖြစ်သူ ဆုံးသွားပြီးကတည်းက ဒေါ်မေဇင်ထက်မှာ သားနှစ်ယောက်နှင့် ပို၍ရင်နှီးနွေးထွေးစွာ နေထိုင်ခဲ့သည်။ခင်ပွန်းဖြစ်သူ၏ စီးပွားရေးလုပ်ငန်းများကို သားအကြီးက ဦးစီးလုပ်ကိုင်ခဲ့သောကြောင့် ဒေါ်မေဇင်ထက်မှာ သောကကင်းဝေးစွာနေနိုင်ခဲ့ပါလေသည် ။တစ်နေ့တစ်နေ့ ဒေါ်မေဇင်ထက်၏ အလုပ်မှာ သားငယ်သွင်ငြိမ်းထက် ဆေးရုံမှ ပြန်အလာကိုစောင့်ခြင်းနှင့် တစ်ခြံတည်းမှာပင် တိုက်သီးသန့်နှင့်နေသော သားကြီး၊ ချွေးမဖြစ်သူနှင့်မြေးလေးနှစ်ယောက်ကို စောင့်မျှော်ရသော အလုပ်ဖြစ်လေသည်။
" သေချာပြီဆိုတာနဲ့ အမေ့ကို အရင်ဆုံးပြောပြမှာပါ ...အဲ့ဒီအခါကျရင် သားချစ်တဲ့သူကို အမေလည်း ချစ်ပေးရမယ်နော် ..."
"ဘယ်လို ...သားသွင် တကယ် ပြောနေတာပေါ့လေ ... အလုပ်မှ အလုပ်ကိုပဲ စိတ်ဝင်စားတဲ့ အမေ့သားငယ်ကို ပြောင်းလဲသွားစေတဲ့သူက ဘယ်သူလေးများ အမေ သိချင်လိုက်တာ "
သွင်ငြိမ်းထက်က ဆိုဖာခုံတွင် ထိုင်နေသော မိခင်ဖြစ်သူ၏ ဘေးတွင် ဝင်ထိုင်လိုက်ပြီး ပြောလိုက်သောကြောင့် ဒေါ်မေဇင်ထက်မှာ သားဖြစ်သူကို တအံ့တသြနှင့် ပင်မေးလိုက်သည်။
"မကြာခင် သိရမှာပါ အမေ ..အခုတော့ သူက သားကို လက်မခံသေးဘူး အမေ "
"ဘယ်လို ...ဘယ်လို အမေ့သားငယ်ကို ငြင်းတဲ့ ဘူးရှိသေးတာလား "
သွင်ငြိမ်းထက်သည် မိခင်နှင့် ပွင့်ပွင့်လင်းလင်းပင် ပြောဆိုနေထိုင်လေ့ရှိသောကြောင့် သူ့အချစ်ရေးကို မိခင်ကြီးအား အရိပ်အမြွက်ပြောပြထားလိုက်လေသည်။သွင်ငြိမ်းထက်၏မိခင်ကြီးသည် သာမန်အားဖြင့် စိတ်သဘောထားကောင်းမွန်သူမျိုးဖြစ်သည်။သို့သော် အယုံလွယ်တတ်သည်။သားများကို စိုးရိမ်ပူပန်စိတ်လည်းကြီးသည်။ပြီးလျှင် သားနှစ်ယောက်အနက် လူလွတ်ဖြစ်သော သွင်ငြိမ်းထက်ကို သံယောဇဉ်ပိုကြီးသည်။ပို၍ တွယ်တာသည်။
~~~~~
"ဒါ သက်သက် လူပါးဝတာပဲ ...သူများ စီးပွါးရေးကို တမငဖျက်လို့ ဖျက်ဆီးလုပ်တာ "
ဧကြည်ဖြူ
" တစ်ခုလပ် "
အပိုင်း ( ၁၂ )
*****
နွေးနွေးသည် တုန်တုန်ယင်ယင်နှင့် အစ်မဖြစ်သူကို မရဲတရဲ ကြည့်လိုက်မိသောအခါ အစ်မကြီးမအေးရီသည် လမ်းမသို့ အပြေးအလွှားထွက်သွားသည်ကို တွေ့လိုက်ရလေသည်။
"ဆရာ ...ဆရာဝန်လေးမဟုတ်လားဟင် ....ဘယ်ကို သွားမလို့လဲ ဆရာ ... အိမ်ထဲခဏဝင်ထိုင်ပါအုံး ဆရာရဲ့ "
နွေးနွေးသည် အမ်မဖြစ်သူ နှင့်စကားရပ်ပြောနေသော သူ့မျက်နှာကို သတိလက်လွတ် ငေးကြည့်နေမိသည်။ သူက နွေးနွေးကို လှမ်းကြည့်ပြီး ပြုံးပြသည်။နွေးနွေးသည် သူ့ကိုသာ မယုံနိုင်စွာပင်ကြည့်နေမိလေသည်။အစ်မကြီး မအေးရီကမူ အကြောင်းအရင်းစုံကို မသိသူဖြစ်သောကြောင့် သူ့ကို အိမ်ထဲသို့ ဖိတ်ခေါ်လာလေသည်။
"နွေးနွေး ဒီမှာ နင် ဆေးရုံတက်တုန်းက ဂရုစိုက်ပေးတဲ့ ဆရာဝန်လေးကို မှတ်မိရဲ့လား ... ဖျားခင်းပါအုံးဟဲ့ ....လာပါ ဆရာလေး... အိမ်ကတော့ ဈေးဆိုင်ဆိုတော့ နည်းနည်းတော့ ရှုပ်ပွနေတယ် ...ခဏထိုင်အုံးနော် ဆရာ ...မိနွေး ဆရာ့ကို ဧည့်ခံထားလိုက်အုံး "
ပြောပြီးသည်နှင့် အစ်မကြီးက မအေးရီက အပြင်ကို လှစ်ခနဲ ပြန်ထွက်သွားသည်။တကယ်တော့ အစ်မကြီး မအေးရီသည် နွေးနွေးအကြောင်းကို သိသူပီပီ နွေးနွေးအိမ်မှာ ရေခဲသေတ္တာရော စားစရာမုန့်ပါ အသင့်မရှိမှန်းသိသောကြောင့် အိမ်သို့ပြန်ကာ မုန့်ပဲသရေစားများ သွားယူခြင်းဖြစ်ပါလေသည်။ ကျန်ခဲ့သော နွေးနွေးနှင့် သွင်ငြိမ်းထက်မှာ မျက်နှာချင်းဆိုင်အနေအထားနှင့် တစ်ယောက်မျက်နှာကို တစ်ယောက် ကြည့်နေမိကြလေသည်။
" ဖုန်း ဘာလို့ မကိုင်တော့တာလဲ နွေးရယ် .. ကိုယ့်ကို အဲ့ဒီလောက်တောင် မုန်းနေတာလားဟင် ... ကိုယ့်မှာ မင်းကို သတိရလွန်းလို့အသံလေးကြားချင်တာတောင် ကြားခွင့် မရဘူး "
နွေးနွေး ခေါင်းကို အသာငုံ့ထားလိုက်မိသည်။
"မဖြစ်နိုင်လို့ပါဆရာ ... နွေး တစ်ယောက်တည်းပဲ အေးအေးဆေးဆေး နေတော့မယ် ဆရာ ....နွေးကြောင့် ဘယ်သူမှ လည်း စိတ်မပူပင်စေချင်ဘူး ...တကယ်လို့သာ ဆရာ့ရဲ့ဆွေမျိုး အသိုင်းအဝိုင်းတွေ သိရင်လဲ နွေးလို မိန်းခလေးနဲ့ သဘောတူမှာ မဟုတ်ဘူး "
" ဘယ်လို ပြောလိုက်တာလဲ နွေးရယ် ... နွေးက ဘာဖြစ်နေလို့လဲ ... နွေးနဲ့လက်ထပ်ရမှာက သူတို့မှ မဟုတ်တာ ... ကိုယ်နဲ့ လက်ထပ်ရမှာလေ ...နွေးက ဘာတွေကို တွေးကြောက်နေတာလဲ "
" ဒါတော့ ဒါပေါ့ ဆရာရယ် ..ဒါပေမဲ့ နွေးက တစ်ခုလပ် ပါ ..ပြီးတော့ ဆင်းလဲဆင်းရဲတယ် ...ဆရာနဲ့ နွေးဘဝက မိုးနဲ့မြေလို ကွာခြားပါတယ် "
နွေးနွေးသည် သွင်ငြိမ်ထက်၏ ရှေ့တွင် ခေါင်းလေးငုံ့လျက် ထိုင်နေမိပြီး ပြောနေမိသည်။
"နွေးရယ် ... နွေးပြောပုံက ..ဆရာဝန်ဆိုတာနဲ့ သူဋ္ဌေးသမီးနဲ့ပဲ လက်ထပ်ရမယ့် သဘောလား ... နွေးပြောပုံအရဆို ဆရာဝန်တွေက ငွေမက်ကဲ့သိုက်တူးသမားတွေ ဖြစ်ရုံမကဘ သဘောထား သေးသိမ်တဲ့ သူတွေဖြစ်ကုန်ပါပြီ `
"ရှင် ... နွေး ... နွေးက အဲ့ဒီသဘောနဲ့ ပြောတာမဟုတ်ပါဘူးရှင် "
"မသိဘူးကွာ ... နွေးကို ဖုန်း ဆတ်လို့မရရင်တော့ ကိုယ်က အိမ်ထိ လာတွေ့မှာပဲ ...ပြီးရင် နွေးရဲ့ မမကြီးကိုပါ ဖွင့်ပြောလိုက်မယ် "
"ရှင် "
သွင်ငြိမ်းထက်၏ စကားကြောင့် နွေးမှာ မျက်လုံး အပြူးသားနှင့် မော့ကြည့်လိုက်မိလေသည်။
" အားနာလိုက်တာဆရာရယ် ...ဆရာ့အတွက် လက်ဖက်နဲ့ စားစရာလေး သွားလုပ်တာ .... ဟော ဟိုရှေ့က မြင်နေရတာက ကျွန်မအိမ်လေ ဆရာ ... သုံးဆောင်ပါအုံး ဆရာ "
မအေးရီသည် ရေနွေးနဲ့ လက်ဖက်ဗန်းကို ကိုင်လျက် ပြန်ရောက်လာသောကြောင့် နွေးနွေးတို့စကားဝိုင်းမှာ စကားစပြတ်သွားရလေသည်။
" ကျွန်မက ဆရာလေးကို သတိရနေမိတာ ...တိုက်တိုက်ဆိုင်ဆိုင် ရောက်လာတာပဲ ... နောက် လမ်းကြုံရင်လဲ ဝင်လည်ပါအုံး ဆရာ "
မအေးရီတစ်ယောက် စကားတွေရေ ပက်မ၀င်နိုင်အောင် ရွှန်းရွှန်းဝေပြောနေသော်လည်း နွေးနွေးမှာမူ နှုတ်ဆိတ်ငြိမ်သက်နေသည်။
"ဆရာလို့ မခေါ်ပါနဲ့အစ်မရယ် ... ရင်းရင်းနှီးနှီး ဖြစ်အောင် ကိုသွင်လို့ပဲ ခေါ်ပါ ...ရင်းနှီးတဲ့ မိတ်ဆွေတွေ အားလုံး ဒီလိုပဲ ခေါ်ကြတယ်..."
"အားနာလို့ပါ ဆရာ ...ဆရာက ရင်းနှီးတဲ့ မိတ်ဆွေလို့ ပြောတော့ ၀မ်းသာလိုက်တာ ...ဒီကခေါင်းမာတဲ့ ဆရာ လူမမာကိုလဲ အပ်ပါတယ် ဆရာရေ ... ပိုက်ဆံစုမယ်ဆိုပြီးတော့ အစားမစားဘဲ ငွေတွေပဲ စုနေတာ ပြောလို့လဲ မရဘူး ဆရာရေ ....."
မနွေးရီ ပြောလိုက်သောအခါ သွင်ငြိမ်းထက် အပြုံးမျက်နှာနှင့် နွေးနွေးကို လှမ်း၍ ကြည့်လိုက်လေသည်။နွေးနွေးသည်လည်း မျက်နှာကိုအောက်သို့ ငုံ့သထက်ငုံ့ထားလိုက်လေသည်။
" ဒါနဲ့ မနွေးက ငွေစုနေတယ်ဆိုတော့ ဘာရည်းမှန်းချက်တွေရှိလို့လဲ "
ခြံကွက်ဝယ်မလို့တဲ့လေ ဆရာ....ကျွန်မအိမ်မှာနေဖို့ ခေါ်ဆော့လဲ လက်မခံဘူးလေ ဆရာရယ်...သူက ကိုယ်ပိုင်ခြံနဲ့နေချင်တာတဲ့.."
မအေးရီသည် ဆရာဝန်လေးသွင်ငြိမ်းထက်ပြန်သွားမည်ကို စိုးရိမ်နေသည့်အလား စကားကို အမျှင်မပြတ်အောင် ပြောနေလေသည်။
" ကျွန်မက စကားတွေ ဇွတ်ပြောနေတာ ဆရာကို နှောက်ယှက်နေမိသလိုများဖြစ်နေပြီလား ဆရာ ..."
"..မဟုတ်တာ မဖြစ်ပါဘူး အစ်မ...ဒီရပ်ကွက်လေးက မြို့ထဲနဲ့နည်းနည်းဝေးပေမဲ့ အေးချမ်းတယ်နော် ...နောက် မကြာမကြာ ရောက်ဖြစ်မယ်ထင်တယ် "
"ရောက်ရင် အိမ်ကိုလဲဝင်လည်ပါ ဆရာ ...ဆရာ့ကို တစ်ရက်လောက် ထမင်းစားဖိတ်ချင်လို့ ဆရာ့ဖုန်းနံပတ်လေး ပေးခဲ့ပါနော် ဆရာ "
သွင်ငြိမ်းထက် ဖုန်းကို ကိုလျက် ငိုင်နေမိသည်။သူမ၏ မျက်ဝန်းထဲတွင် သူ့ကို ချစ်သော သံယောစဉ် အရိပ်အငွေ့များကို တွေ့နေရပါလျက်နှင့် အငြင်းခံလိုက်ရသောအခါ စိတ်ထဲတွင် မျှော်လင့်ချက်မဲ့သွားသလိုခံစားလိုက်ရသည်။သူ့မှာတော့ သူမကို ချစ်လွန်း၍ ဆရာဝန်တစ်ယောက်၏ စည်းကမ်းကိုပင် ချိုးဖောက်ပြီး ဆေးရုံမှတ်တမ်းမှ သူမ၏ လိပ်စာနှင့် ဖုန်းနံပတ်ကို ရယူခဲ့မိသည်။
" ဒေါက်တာ သွင်ငြိမ်း ရေ ဘာတွေများ ငိုင်နေတာလဲ ...."
" သူ ... သူက ...ငါ ချိန်းတာကို လက်မခံဘူးကွာ ... သူ ငါ့ကို စိတ်မဝင်စားဘူးထင်တယ် ဝင်းနိုင်ရာ "
လုပ်ဖော်ကိုင်ဖက်ဖြစ်သော ဒေါက်တာဝင်းနိုင်ခေါ် ငယ်သူငယ်ချင်းဝင်းနိုင်၏ အမေးကြောင့် သွင်ငြိမ်းထက် ရင်ဖွင့် ပြောပြလိုက်မိသည်။ဝင်နိုင်းနှင့် သွင်ငြိမ်းထက်ကြားတွင် ငယ်သူငယ်ချင်းများ ပီပီလျှို့ဝှက်ချက် သိပ်မရှိသောကြောင့် သူသည် သူမနှင့် ပတ်သက်သော ခံစားချက်ကို ဝင်းနိုင်လည်း သိပါလေသည်။မသိဘဲလည်း ဘယ်နေပါမည်နည်း။သူ့မ ဆေးရုံတက်နေစဉ်ကာလ အတွင်း၌ သူ ပျာယာခတ်နေခဲ့ရသည်ကို ဝင်းနိုင်က ကောင်းကောင်း သိနေသည်လေ။
"အင်း ... ငါ့စိတ်ထင်ပြောရရင် ...မင်းကို စိတ်မ၀င်စားတာတော့ မဖြစ်နိုင်ဘူး ...ခဲမှန်ဖူးတဲ့ စာသူငယ်မို့ ကြောက်နေတာဖြစ်မယ် ....မင်းတကယ် ချစ်ရင်တော့ ဇွဲမလျှော့ဘဲ ကြိုးစားပေါ့ကွာ ... ဒါပေမဲ့ သူ့ကို ဒဏ်ရာ ထပ်ပေမိသလိုတော့ လုပ်လို့ မဖြစ်ဘူး ... မင်းရဲ့ မာသားကြီးကိုရော မင်းပိုင်ရဲ့လား ....ပြီးတော့ မင်းအမေထက် ပိုဆိုးတဲ့ မင်းရဲ့ မရီးကိုရော မင်းပိုင်လား ... မင်းဘက်က အခြေအနေကို အရင် သေချာအောင်လုပ် သွင်ငြိမ်း "
ဒေါက်တာဝင်းနိုင်က ငယ်ပေါင်းပီပီ သွင်ငြိမ်းထက်၏ အိမ်အကြောင်းကို သိသူမို့ ပြောလိုက်သည်။
သွင်းငြိမ်းထက်သည်လည်း သူငယ်ချင်းဝင်းနိုင်၏ စကားကို အလေးအနက်ထား၍ စဉ်းစားမိပြန်သည်။
~~ ~
" လူတွေများ ခက်တယ် .... သူများ ဆိုင်က ရောင်းရမှန်းသိတော့ ... နောက်ကလိုက်တုကြတယ်လေ ...ကိုယ်ပိုင် စိတ်ကူး အတွေးအခေါ်တော့ တစ်ယောက်မှ မရှိကြဘူး...အိမ်ရှင်လည်း ဘာထူးလဲ .... ပွဲစားက မြှောက်ပေးတာနဲ့ အိမ်လခတိုးတောင်းဖို့စကား စနေပြီ မဟုတ်လား "
မအေးရီသည် နွေးနွေး၏ဆိုင်ခန်းထဲတွင် ထိုင်နေပြီး မကျေမနပ်မနပ်ပြောနေသည်။
နွေးနွေးက အစ်မဖြစ်သူကို ကြည့်လိုက်ပြီးလျှင်
"မမကြီးရယ် ... ၀ယ်သူတွေ သူတို့ ကြိုက်တဲ့ ဆိုင်မှာ သူ့တို့ဝယ်ပါလိမ့်မယ် ...တကယ်လို့ အိမ်ရှင်က လခတိုးတောင်းရင် ..... နွေး လမ်းထိပ်ဘက်မှာ ဆိုင်ငှားပြီးသွားဖွင့်မယ် မမကြီး "
"အင်းပါ ...တို့အိမ်ရှေ့မှာ လာဖွင့်လဲရတယ်နော် ... နင့် ခဲအိုကတောင် ပြောနေတယ် .. .အိမ်ရှေ့ ရေမြောင်းပေါ်မှာ ဆိုင် ဆောက်လို့ ရတယ်တဲ့ "
နွေးနွေးသည် အစ်မကြီးဖြစ်သူကို ကျေးဇူးတင်စွာ ကြည့်လိုက်မိသည်။ မမကြီးမအေးရီသည် သူစိတ်တိုင်းမကျလျှင် နွေးနွေးကို "မတတ်ပါ့ ... မတတ်ကြီး ..လုပ်ချင်ရာလုပ် ''ဟု စိတ်ဆိုးမာန်ဆိုးနှင့်ပြောတတ်သော်လည်း နွေးနွေး၏ အပါးတွင် အမြဲတမ်း ရပ်တည်ပေးခဲ့သူဖြစ်ပါလေသည်။ ထို့ကြောင့်လည်း နွေးနွေးမှာ အစ်မကြီးဖြစ်သူ၏ ဝေးရာသို့ မသွားနိုင်ဘဲ သည်ရပ်ကွက်တွင်သာ တဝဲဝဲလည်နေခြင်းဖြစ်ပါလေသည်။
" ဟယ် ...မိနွေး .....ဟိုမှာ ....ဆရာ ...ဆရာဝန်လေး ထင်တယ် "
နွေးနွေးသည် ကစားစရာအရုပ်များကို စင်ပေါ်သို့ သေသေသပ်သပ်ဖြစ်အောင် တင်နေရာမှ အစ်မကြီး မအေးရီ၏အသကြောင့် ရင်မှာ ဒိန်းခနဲ ဆောင့်ခုန်သွားပြီးလျှင် လက်ထဲမှ အရုပ်များ ပင်ပြုတ်ကျသွားရလေသည်။
=====================
အပိုင်း ( ၁၂ ) ဆက်ရန်
ဧကြည်ဖြူ
သေချာစဉ်းစားပါနော် ...ဘ၀အကြောင်းကို ထည့်မတွေးဘဲ နွေးရဲ့ ရင်ထဲက ဆန္ဒ အတိုင်း ဆုံးဖြတ်ပါ ... ကျွန်တော် စောင့်နေမယ် "
နွေးသည် သူ့၏မျက်နှာကို မဝံ့မရဲ ငေးကြည့်ပြီး နှုတ်ဆိတ်နေမိသည်။နှလုံးသားသည် မည်မျှပင် ခုန်လှုပ်စေကာမူ "တစ်ခုလပ် ` ဆိုသော အသိက နွေးနွေး၏စိတ်ကို ခြောက်လန့်နေလေသည်။
~~~~~~~
နွေးနွေး ဈေးဝယ်ရာနောက်သို့ တစ်ကောက်ကောက်လျှောက်လိုက်လာသော သူ့ကိုကြည့်ပြီး နွေးနွေးမှာ ရင်တွေလည်းခုန် ၊ အားလည်းနာ၊ မျက်နှာလည်း ပူနေမိသည်။ နွေးနွေးကတစ်ဆိုင်မှာ ဈေးဝင်ဝယ်လိုက် သူက နွေးနွေးလက်ထဲမှ အထုတ်တွေကို ဆွဲယူလိုက်နှင့် နှစ်ယောက်တည်း ရှုပ်ယှက်ခတ်နေလေသည်။
" နွေးပဲ ဘယ်ပါရစေ ဆရာရယ် .. တော်ကြာ ဆရာအသိတစ်ယောက်ယောက်မြင်သွားမှဖြင့် "
"နွေးရယ် အထုတ်တွေက ပေါ့ပေါ့လေး ဘာမှမဖြစ်ပါဘူး ....ဒါပေမဲ့ နွေးက ဆရာ ..ဆရာနဲ့ ခေါ်နေတော့ ဆိုင်က လူတွေ ကြည့်ပြီး ....ဗေဒင်ဆရာလိုလို ပယောဂဆရာလိုလို ထင်ကုန်ကြပြီးထင်တယ် ... နာမည်လေးတော့ ပြောင်းခေါ်ပေးပါနော် ..."
သူ့အပြောကြောင့် နွေးနွေးပြုံးလိုက်မိသည်။ဆေးရုံပေါ်မှာတော့ ဂျူတီကုတ် တကားကားနှင့် လူကြီးတစ်ယောက်လို ဖြစ်နေသော သူ့ပုံစံက ယခုလို လွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါးပါးနှင့် တွေ့မြင်ရသောအခါ အပြင်ဆန်းနေသလိုဖြစ်နေသည့်အပြင် ဂျူတီကုတ်နှင့် မဟုတ်သောကြောင့် နွေးနွေး၏စိတ်ထဲတွင်လည်း စိုးရွံ့သိမ်ငယ်မှုများ လျော့ပါးနေခဲ့လေသည်။နောင်တွင် မည်သို့ပင် ဖြစ်စေ ဘဝမှာ တစ်ခါလောက်တော့ဖြင့် နွေးနွေးလည်း နှလုံးသားရဲ့ အလိုကျ မိုက်မဲလိုက်ချင်မိပါလေသည်။ဘာပဲဖြစ်ဖြစ် သည်တစ်ရက်မှာဖြင့် နွေးနွေးစိတ်အလို လိုက်၍ ပျော်ရွှင် ပစ်လိုက်ချင်ပါသည်။
~~~~
" ကျွန်တော် တင်လိုက်ပါ့မယ် .... နွေး ကားပေါ် သွားထိုင်နေတော့ ... "
ကားဆရာနှင့်သူက အထုတ်တွေကို ကားပေါ်တင်နေတာကို နွေးနွေးအားနာစွာ ရပ်ကြည့်နေ မိသည်။
~~~~~~
" ကိုယ်က ...တစ်လမှာ တစ်ရက်လောက်ပဲ ကောင်းကောင်း နားရတာ .... ကြားရက်တွေ လာမတွေ့နိုင်ရင် ဖုန်းဆက်မယ်နော် ..."
" ဟုတ်ကဲ့ ဆရာ " နွေးနွေးခေါင်းကို အသာငြိမ့်ပြလိုက်မိသည်။
"ဆရာ မဟုတ်ပါဘူးဆို "
သူက နွေးနွေးနား နားသို့ကပ်ပြီး ခပ်တိုးတိုးပြောသည်။ထိုအခါ သူ၏ အသက်ရှူငွေ့က နွေးနွေး၏ ပါးပြင်အစပ်ကို ထိခတ်သွားသောကြောင့် နွေးနွေးတစ်ကိုယ်လုံး ဆတ်ခနဲ တုန်သွားရပြီး ထူထူပူပူကြီး ဖြစ်သွားမိလေသည်။
"ဆ ...ဆရာက နွေးထက် အသက်ငယ်လားဟင် ..."
နွေးနွေးသည် ထူထူပူပူနှင့် ပါးစပ်ထဲရှိရာကို မေးလိုက်မိသည် ။
" အင်း ... နွေးထက်ကိုယ်က တစ်လကျော်ကြီးတယ် နွေးရဲ့ ... ဆရာလို့ မခေါ်ရင်ပြီးရော ... နွေး ကြိုက်သလို့ခေါ်ပါ"
ကားပေါ်တွင် ပြန်လည်တိတ်ဆိတ်သွားပြန်သည်။ကားလေးသည် လမ်းမထက်တွင် တရိပ်ရိပ်ပြေးနေသည်။
" ကိုယ် လမ်းမှာ ဆင်းနေခဲ့လိုက်မယ်နော် ....... အလုပ်တွေလဲ တအားလုပ်မနေနဲ့နော် ကျန်းမာရေးလဲ ဂရုစိုက်အုံး ကြားလား ....."
နွေးတို့ ရပ်ကွက်ထိပ်သို့ ရောက်သောအခါ သူက ကားပေါ်မှ ဆင်းဖို့ ပြင်သည်။
"ဖုန်းဆက်မယ်နော် နွေး...ဖုန်းမကိုင်ဘဲ မနေနဲ့နော် "
နှုတ်ဆက်စကားပြာ ပြီး သူ့ကားပေါ်မှ ဆင်းသွားသော အခါ နွေးနွေရင်ထဲတွင် ဟာလာဟင်းလင်း ဖြစ်၍ ကျန်ခဲ့လေသည်။အရာရာသည် အိပ်မက်လေလားဟုပင် နွေးနွေးထင်နေမိသည်။
~~~~~~
"သတိရလိုက်တာနွေးရယ် ...ဒီတစ်ပတ် တနင်္ဂနွေနေ့ကျရင် နေ့ဝက်လောက်တော့ အချိန်ရတယ် ... နွေးကို လာတွေ့လို့ရမလားဟင် "
သူ့အမေးကို နွေးမဖြေဘဲ နှုတ်ဆိတ်နေမိပြန်သည်။နွေးလည်း သူ့ကို တွေ့ချင်းလွန်းလှပါသည်။သို့သော်လည်း နွေးတို့၏ ဇာတ်လမ်းသည် ဖြစ်နိုင်ပါ့မည်လားဟု တွေးမိသောအခါ မျှော်လင့်ချက်တို့သည် အငွေ့ပျံပျောက်ပျက်သွားသလို ရှိလေသည်။
"မလာရဘူးလားဟင် ..တွေ့လို့မရဘူးလား နွေးရယ် ..."
သူ့အသံသည် အားမရှိသကဲ့သို့ တိုးဖျော့တိမ်၀င်သွားသည်။ နွေးနွေး အနေနှင့် သူ့ကိုတွေ့ချင်ပါသည်။ သို့သော်လည်း စိတ်ကူးယဉ်ဆန်လှသော အချစ်ကို နွေးနွေး မမျှော်လင့်ရဲပါလေ။သည်တစ်ကြိမ်၌ နွေးနွေးသည် မချစ်ခင်ကပင်လျှင် တွေး၍ စိုးရိမ်ပူပန်နေခဲ့ရသည်။အကယ်၍များ နွေးနွေးထပ်၍ ကံဆုံးရမည်ဆိုလျှင် သည်တစ်ကြိမ်၌ နွေးနွေးအတွက် အသက်ရှင်ရန်ပင် ခက်ခဲသွားလိမ့်မည်ထင်ပါသည်။ထို့ကြောင့် တစ်ရက်တာ ပျော်ရွှင်ခဲ့ရမှုလေးကိုသာ ရင်ထဲတွင် အမြတ်တနိုး သိမ်းဆည်းလျက် နွေး နွေး၏ နှလုံးသားကို နွေးနွေးကိုယ်တိုင် သော့ခတ်လိုက်ပြီ ဖြစ်ပါလေသည်။
' တောင်း ... တောင်းပန်ပါတယ်ရှင် ...နွေး သိပ်နေမကောင်းလို့ပါနော် "
နွေးနွေး၏ အသံတွင် ငိုသံ မပါအောင် သတိထား၍ ပြောလိုက်ပြီး ဖုန်းကို ချလိုက်သည်။သူလို ဆရာဝန်တယောက်က နွေးနွေးကို အပြစ်တင်ခြင်းကင်းစွာ တာဝရချစ်သွားဖို့ဆိုတာ မဖြစ်နိုင်သော အရာမဟုတ်ပါလား။သည့်ထက်ပို၍လည်း နွေးနွေးမမျှော်လင့်ရဲ၊ မမျှော်လင့်ဝံ့ပါလေ။
~~~~
သူက နွေးနွေး၏ လက်ကို ဖျတ်ခနဲ ဆွဲယူကာ ကားပေါ်သို့ ရှေ့မှ ဦးဆောင်တက်သွားသည်။ နွေးနွေးသည် သူ၏ဆွဲခေါ်ရာနောက်သို့ နောက်မှ ကြောင်အမ်းအမ်းနှင့်လိုက်ပါသွားမိသည်။သူကားခပေးနေသည်။ပြီးလျှင် အထဲသို့ တရွေ့ရွေ့ လျှောက်သွားသည်။နွေးနွေး၏လက်ကိုမူမလွှတ်ဘဲ ကျန်လက်တစ်ဖက်မှ အပေါ်တန်းကိုလှမ်းကိုင်ကာသွားနေခြင်းဖြစ်လေသည်။နွေးနွေးသည်လည်း ယခုအချိန်ထိသတိမကပ်နိုင်သေးဘဲ သူ့နောက်မှကောက်ကောက်ပါအောင်လိုက်လျှောက်သွားမိလေသည်။
" ဒီမှာ ရပ်နော်...."
နွေးနွေးသည် ယခုအချိန်ထိအဖြစ်အပျက်များကိုမယုံကြည်နိုင်စွာပင် ကားပေါ်တွင်လိုက်ပါခဲ့ရလေသည်။သူသည်လည်း စကားတစ်ခွန်းမျှမဆိုဘဲ နွေးနွေးဘေးတွင်ရပ်၍နေလေသည်။သေချာသည်မှာ သူ့အရပ်ရှည်ရှည်နှင့်နွေးနွေးကိုယ်လေးကို ကာကွယ်ပေးထားသလိုဖြစ်နေပြီး သူသည် နွေးနွေးကို ခေါင်းလေးငဲ့စောင်း၍ ကြည့်နေသည်ကို နွေးနွေးစိတ်က သိရှိနေလေသည်။ကားဘရိတ်အုပ်လိုက်တိုင်း၌ နွေးနွေး ခန္ဓာကိုယ်လေးသည် ထိန်းထားသည့်ကြားမှသူ့ရင်ခွင်ထဲသို့ ရောက်ရောက်သွားတတ်လေသည်။ထိုအခါ နွေးနွေးသည် ဆယ်ကျော်သက်လေးတစ်ယောက်ကဲ့သို့ ရင်ခုန်သံတွေ ဆူညံဝုန်းဒိုင်းကျဲနေမိလေသည်။
~~~~~~
" ကျွန်တော်တို့ တစ်ခုခုစားရင်း စကားခဏလောက် ပြောရအောင် နော် "
ကားပေါ်မှ ဆင်းပြီးသည့်နောက်တွင် သူ့ထံမှ စကားသံ ခပ်တိုးတိုးထွက်လာသည်။နွေးနွေးတွင် ငြင်းဆန်နိုင်စွမ်းအားရှိမနေခဲ့ပါလေ။ခေါင်းကို အသာငြိမ့်ပြလိုက်မီပြီးနောက် သူ လက်ဆွဲခေါ်ရာ ကော်ဖီဆိုင်လေးထဲသို့ လိုက်ပါသွားမိသည်။
~~~~~~~
ဆိုင်ဝန်ထမ်းလေးသည် နွေးနွေးတို့ ရှေ့သို့ ကော်ဖီနှစ်ခွက်လာချပေးသွားသည်။နွေးနွေးသည် ရှေ့တည့်တည့်မှ ကော်ဖီခွက်လေးကို စိုက်ငေးကြည့်နေမိသည်။သူသည်နွေးရှေ့မှ ကော်ဖီခွက်ကို ယူလိုက်ပြီးလျှင် အောက်ခံပန်းကန်ပြားထဲမှ သကြားထုတ်ကို ဖောက်၍ ကော်ဖီပန်းကန်ထဲသို့ ထည့်ပြီး ဇွန်းနှင့် အသာမွှေနေသည်။ပြီးလျှင် ကော်ဖီခွက်ကို နွေးနွေးရှေ့သို့ ပြန်၍ ချပေးလေသည်။နွေးနွေးသည် သူ၏အပြုအမူများကို မျက်တောင်ခတ်ဖို့ရန်ပင်မေ့လျော့နေလျက် ငေးမောကြည့်နေမိလေသည်။
"နွေးကို ကျွန်တော် ပြောစရာရှိတယ် ... ကျွန်တော်ကို စိတ်မဆိုးပါနဲ့နော် "
သူ့၏ အခေါ်အဝေါ်နှင့် စကားကြောင့် နွေးနွေးရင်တွေ တဆတ် ဆယ်ခုန်လှုပ်လာမိပြန်သည်။
"ကျွန်တော်မှာ အားလပ်ချိန်ဆိုတာ သိပ်မရှိဘူး နွေး ... ပြီးတော့ ကျွန်တော်တို့ အသက်အရွယ်က ကလေးတွေလဲ မဟုတ်တော့ ပွင့်ပွင့်လင်းလင်းပဲဝန်ခံပါရစေနော် ....ကျွန်တော် နွေးကိုချစ်တယ် ... ဆေးရုံပေါ်မှာ နွေးကို မြင်လိုက်ပြီးကတည်းက ကျွန်တော် ချစ်နေမိတာပါ ... နွေးဆီကို မကြာခဏ ဖုန်းခေါ်နေတာလဲ ကျွန်တော်ပါ ...နွေးကို သတိရလွန်းလို့ ခေါ်မိတာပါ ....ဒီနေ့လဲ နားရက်မို့ နွေးကို တွေ့ချင်လို့ နွေးတို့ရပ်ကွက်ထဲကို လာခဲ့မိတာ ..."
သူသည် စကားရှည်ချည်းကို ပြောပြီးသောအခါ နွေးနွေးကိုကြည့်နေပြန်လေသည်။နွေးနွေးသည် မယုံကြည်နိုင်စွာ သူ၏ မျက်နှာကို ငေးကြည်နေမိသည်။ အံ့သြရလွန်း၍ ဆွံ့အသလိုဖြစ်နေမိပြီး ရင်တွေလည်း ပေါက်ကွဲလုမတတ်ခုန်လှုပ်နေလေသည်။
" ကျွန်တော် အချိန်တွေ မဖြုန်းချင်ဘူး ... နွေးရဲ့အဖြကို သိချင်တယ် "
သူသည် နွေးနွေး၏မျက်နှာကို တည့်တည့်စိုက်ကြည့်၍ ပြောလာလေသည်။သူ့စကားကြောင့် နွေးနွေးမှာ အသက်ရှုရပ်သွားသလိုဖြစ်နေပြီး ကြက်သေသေလျက် ရှိနေမိသည်။ကံကြမ္မာသည် နွေးနွေးကို မျက်နှာသာပေးလေသည်လား။ သို့တည်းမဟုတ် ကံကြမ္မာက နွေးနွေးကို ကြည်စယ်ပြန်လေပြီလား။ နွေးနွေးသည် ရင်ခုန်သံများ ဝိုင်း ဒိုင်ကျဲအောင် ခုန်သွားပြီးသည့်နောက်တွင် အသိစိတ် ပြန်လည် ဝင်ရောက်လာခဲ့ပါလေသည်။
" နွေး .... နွေးကလေ ..နွေးအကြောင်းကို ဆရာသိတယ်မဟုတ်လားဟင် .. နွေး ... နွေးက အိမ်ထောင်ကျခဲ့ဖူးပါတယ် ဆရာ "
နွေးနွေးမဝံ့မရဲနှင့် ပြန်၍ ပြောလိုက်မိသည်။ထိုအခါ သူသည် နွေးနွေးကို နွေးထွေးကြင်နာသော အကြည့်များဖြင့် ကြည့်လာပြီးလျှင်
"အဲ့ဒါက ဘာဖြစ်လဲနွေး ... အတိတ်ဟာအတိတ်ပဲ နွေး .. ကျွန်တော် အဓိက သိချင်တာက နွေး ကျွန်တော့်ရဲ့အချစ်ကို လက်ခံနိုင်မလားပဲသိချင်တယ် ...ကျွန်တော့်မှာ အဖေတော့ မရှိတော့ပါဘူး အမေနဲ့ အစ်ကိုပဲ ရှိတယ် ...အစ်ကိုက အိမ်တောင်ကျနေပါပြီ ... ကျွန်တော်တို့က ချမ်းသာတဲ့ အသိုင်းအဝိုင်းကတော့ မဟုတ်ပါဘူး ...နေနိုင်စားနိုင်ရုံ အနေအထားပါနွေး "
"မချမ်းသာပါဘူး ''ဟု ဆိုသော သူ့ကို နွေးနွေး ငေးကြည့်နေမိသည်။မည်သို့ပင်ဖြစ်စေ ဆင်ပိန်လျှင် ကျွဲလောက်တော့ ရှိမည် မဟုတ်ပါလား ။
" ဟုတ် ...ဟုတ်ကဲ့ပါဆရာ ...မ...မဖြစ်နိုင်ပါဘူး ဆရာရယ်....ဆရာဘ၀နဲ့ နွေးရဲ့ ဘ၀က မိုးနဲ့မြေလို ကွာခြားလှပါတယ် "
"ဘာကို မဖြစ်နိုင်တာလဲဟင် ....နွေး လဲလူလွတ် ...ကျွန်တော် လဲလူလွတ်လေ ..မဖြစ်နိုင်ဘူးဆိုတာက တစ်ယောက်ယောက်မှာ ကာမပိုင်ရှိနေတာဆိုရင် ထားပါတော့ ...ဘ၀အခြေအနေကြောင့်လို့တော့ မပြောနဲ့နော် ..ဆရာဝန် ဖြစ်နေတာနဲ့ပဲ .... နှလုံးသားရဲ့စိတ်တိုင်းကျ ချစ်ခွင့် မရှိတော့ဘူးလား ..... ကျွန်တော်ကတော့ လူဖြစ်ရတဲ့ တစ်ဘဝမှာ တစ်ပါးသူကို မထိခိုက်ဘူးဆိုရင် ဘဝကို ကိုယ့်စိတ်တိုင်းကျ ပျော်ပျော်ရွှင်ရွှင်နေဖို့ပဲ စိတ်ကူးထားတယ် ... နွေး ...
ဧကြည်ဖြူ
"တစ်ခုလပ် "
အပိုင်း ( ၁၁ )
*****
"ဟယ်လို "
"ဟယ်လို "
" ဟယ်လို ... ကလေးကစားစရာဆိုင်က ဖုန်းပါရှင် ... ဘာများ အလိုရှိလို့ပါလဲ "
နွေးနွေးသည် ဖုန်းပြောနေရင်းမှ စိတ်ထဲတစ်မျိုးခံစားလိုက်ရသောကြောင့် မလိုအပ်ပါဘဲ ရှင်းပြလိုက်မိသည်။ သို့သော်လည်း တစ်ဖက် မှတော်တော်နှင့် အသံပြန်မထွက်လာပါချေ။ထို့အတွက်ပင် နွေးနွေးသည်လည်း စိတ်ထဲမှ ထိတ်လန့်နေမိသလို ဖြစ်နေမိခြင်းဖြစ်ပါသည်။ထိုဖုန်းသည်း နွေးနွေးထံသို့ သုံးလေးရက် တစ်ခါဆက်တတ်ပြီး ဘာမှမပြောမဖြေဘဲဖုန်းချသွားလေ့ရှိသည်။အစက နွေးနွေးသည် ကျော်ကျော်ဆက်သည်ဟု ထင်ခဲ့မိသည်။ နောက်ကျော်ကျော်ကို ဖုန်းဆက်ပြီး ရန်တွေ့ပစ်ခဲ့သေးသည်။ကျော်ကျော်က သူမဟုတ်ပါဟု ငြင်းခဲ့သည်။ ထိုအခါနွေးနွေးစဉ်းစားရပြန်သည်။ ကျော်ကျော်၏ အမျိုးသမီးကများ နွေးနွေးကို စုံစမ်းထောက်လှမ်းနေလေသည်လားဟု စိတ်မလုံစွာ တွေးမိပြန်သည်။ ထို့ကြောင့် နွေးနွေးစိတ်က ရိုးသား သူပီပီ ဖုန်းကို မဘလော့ဘဲ တမင်ထားခဲ့ခြင်းဖြစ်သည်။ ဖုန်း၀င်တိုင်းလည်း နွေးနွေးကောင်းကောင်းမွန်မွန် ပြောသည်။
~~~~~~~
နွေးနွေးသည် ဆံပင်အရှည်ကို ခပ်မြင့်မြင့်စုစည်းလိုက်သည်။ ပြီးလျှင် မျက်ခုံးမွှေးထူထူပေါ်တွင် တင်ကျန်နေသော သနပ်ခါးမှုန်များကို သွားတိုက်တံ အဟောင်းလေးနှင့် ခြစ်ထုတ်လိုက်သည် ။နှုတ်ခမ်းကိုမူ မသိသာအောင်ပန်းရောင်နှုတ်ခမ်းနီလေးကိုခပ်ဖျော့ဖျော့လေးဆိုးလိုက်သည်။သည်လောက်ဆိုလျှင် နွေးနွေး၏ အလှပြင်ခြင်းပြီးဆုံးပြီဖြစ်လေသည်။ပြီးနောက် မှန်ရှေ့မှာ ကိုယ့်ကိုယ်ကို ပြန်ကြည့်လိုက်သည်။တီရှပ် မိုးပြာရောင်နှင့် ထဘီ စကပ်အနက်ရောင်လေသည် နွေးနွေး၏ ခန္ဓာကိုယ်တွင် ထင်း၍နေသည်။ နက်ပြာရောင်ဘေးလွယ်အိတ်ကို ကောက်လွယ်လိုက်သည်။မြို့ထဲသို့ ဈေးသွားဝယ်ရန် နွေးနွေး အသင့်ဖြစ်သွားချေပြီ။
နွေးနွေးတစ်အိမ်လုံးကို စစ်ဆေးပြီး တံခါးများလိုက်ပိတ်သည်။ပြီးလျှင် အစ်မကြီးဖြစ်သူကို ဈေးသွားတော့မည့် အကြောင်းပြောလိုက်သည်။
"ဟဲ့ ... မိနွေး ...မနိုင်မနင်း ဖြစ်နေရင်လည်း ...ကားငှါးးစီးခဲ့နော် ... လူဆိုတာ ကျန်းမာရေးအဓိကဟဲ့ ... စုတာလဲစုပေါ့..... "
ထုံးစံအတိုင်း မမကြီးသည် နွေးနွေး အကြောကို သိသူပီပီ သတိပေးစကားပြောပြန်လေသည်။
~~~~~
လမ်းမပေါ်တွင် နွေးနွေး လမ်းလျှောက်လာသောအခါ မျက်လုံးပေါင်းများစွာသည် နွေးနွေးကိုကြည့်နေကြလေသည်။နွေးနွေးသည် ယခင်ကလို ပတ်ဝန်းကျင်ကို ရှက်ရွံ့မနေတော့ပါချေ။ရဲရဲဝံ့ဝံ့ပင် လျှောက်လှမ်းလာခဲ့သည်။တစ်နေ့တွင် ထိုလူများ၏စိတ်ထဲတွင် စွဲနေသော မောင်မောင်လတ်၏ မယားကြီး ဆိုသော အသိကို ဖျောက်ဖျက်ပြီး နွေးနွေးကိုနွေးနွေးဟုသာ အသိအမှတ်ပြုလက်ခံသွားကြအောင် နွေးနွေးရဲရဲဝံ့ဝံ့ ရင်ဆိုင်နေထိုင်သွားတော့မည်ဖြစ်သည်။
ကားဂိတ်သို့ ရောက်သောအခါ သစ်ပင်ရိပ်ရှိသော နေရာတွင် နွေးနွေးရပ်လိုက်ပြီး ကားလမ်းမတစ်လျှောက် မျှော်ကြည့်လိုက်မိသည်။
"ဟင် "
အံ့ဩလွန်းသွားသဖြင့် နွေးနွေးနှုတ်မှ အာမေဍိတ်သံလေးပင်ထွက်သွားမိလေသည်။ရှပ်အကျီအဖြူစင်းနှင့် ဂျင်းဘောင်းဘီကို ဝတ်ထားပြီး ကျောပိုးအိတ်လေးကို လွယ်ထားသော သု့ပုံစံသည် နွေးနွေးရင်ကို တဒုန်းဒုန်းမြည်အောင်လှုပ်ရှားခုန်လှုပ်လာစေလေသည်။ အစပထမ၌ နွေးနွေးသည် လူများ မှားနေလားဟူ၍ သေချာကြည့်နေမိခြင်းဖြစ်သည်။ထိုအခါ သူကလည်း နွေးနွေးကိုမြင်သွားလေသည်။နှစ်ယောက်သား အကြည့်ချင်း ဆုံပြီး တစ်ယောက်ကို တစ်ယောက် စိုက်၍ ကြည့်နေမိကြလေသည်။အတန်ကြာပြီးနောက် နွေးနွေးသည် သတိဝင်လာမိပြီး မျက်လွှာကိုချလိုက်မိသည်။ပြီးနောက် ခေါင်းလေးကို ညွတ်ကာ ရှိသေစွာနှုတ်ဆက်လိုက်သည်။သူသည်လည်း မျက်နှာလေး ပြုံးရွှင်သွားပြီး နွေးနွေးရှိရာသို့ လှမ်းလျှောက်လာသည် ကို တွေ့လိုက်ရလေသည်။တစ်လှမ်းချင်းလှမ်းလျှောက်သော သူ့ကို နွေးနွေး အံ့သြမင်သက်စွာ ကြည့်နေမိပြီး နွေးနွေး၏အေးစက်သွားသောလက်ချောင်းလေးများအချင်းချင်း ဆုပ်ညှစ်၍ နေမိလေသည်။
" မနွေးနွေး ဘယ်သွားမလို့လဲ "
သူ့အသံသည် ဆေးရုံမှာတုန်းကလိုပင် ရင်းနှီးနွေးထွေးလေ၏။
"ရှင် ..ဟို ... ဟို ...မြို့ထဲကို ဈေးသွားဝယ်မလိုပါ ဆရာ.....ဆရာက ဘယ်...ဘယ်ကိုလာတာလဲရှင် "
နွေးနွေး၏ အသံသည် အဆီအငေါ်မတည့်စွာ အထစ်ထစ်အငေါ့ငေါ့နှင့် ထွက်လာလေသည်။ထိုသို့ နွေးနွေးမေးလိုက်သောအခါ သူသည်ရုတ်တရက် ဘာမျှ ပြန်မဖြေဘဲ နွေးနွေးကို စူးစူးနစ်နစ်စိုက်ကြည့် နေသည်ကို တွေ့လိုက်ရသည်။
"ဟို ... ကျွန်တော်က ကိစ္စလေးရှိလို့ ဒီဘက်ကို ခဏလာတာ ...ဒါနဲ... မနွေးနွေး နေထိုင်လို့ကောင်းတယ်မဟုတ်လား "
" ဟုတ် ..ဟုတ်ကဲ့ ဆရာ...."
နွေးနွေးတို့နှစ်ယောက်သားကြား ပြန်လည် တိတ်ဆိတ်သွားသည် ။ ထိုစဉ်မှာပင် လိုင်းကားက ရောက်ရှိလာလေသည်။နွေးနွေးသည် လိုင်းကားလာသည်ကို မြင်သော်လည်း ဤနေရာမှ ထွက်ခွါသွားရန် ခြေလှမ်းများတုံ့ဆိုင်းနေမိသည်။
"ဒီကားစီးမှာ မဟုတ်လား မနွေး ... လာ ...လာ ...သွားကြမယ် "
"အေး ...အေး... နေဟေ ...တစ်ယောက်တည်းပဲနေ ကြားလား ... တစ်သက်လုံး မအိုမင်း တော့ဘူးဆိုတော့ ဒီတိုင်း သာနေ "
သူပဲ စပြောပြီး သူပဲ စိတ်ဆိုးသွားသော အစ်မဖြစ်သူကို ကြည့်ပြီး နွေးနွေး ပြုံးလိုက်မိလေသည်။အစ်မကြီး ပြောသလိုပင် နွေးနွေးလည်း စိုးရိမ်မိသည်ပေါ့ ။ လူဆိုသည်မှာ အပေါင်းအဖော်နှင့် နေရသည်ပဲလေ။သို့သော်လည်း ကိုယ်နှင့် စိတ်သဘောထားတူသော အပေါင်းအဖော်ကို ရရန် ခက်ခဲလှသည့် ဘ၀မှာ နွေးနွေး မစွန့်စားချင်တောပေ။
~~~~~
ချုပ်ထည်များကို လက်စသပ်နေစဉ် ဖုန်းမြည်လာသောကြောင့် နွေးနွေးကောက်ကိုင်လိုက်သည်။
"ဟယ်လို "
" ဘာတွေ လုပ်နေလဲ မနွေး ....အလုပ် အားတုန်း ခဏ ဆက်လိုက်တာ "
အသံကြားလိုက်ရသောအခါမှ ကျော်ကျော်မှန်း နွေးနွေးသိလိုက်သည်။
"ဖုန်းမဆက်သင့်ဘူးထင်တယ် ကျော်ကျော် "
"ဘာလို့ မဆက်သင့် တာလဲ ကျွန်တော်တို့က ဘာဖြစ်နေလို့လဲ "
နွေးနွေး၏ အပြောကို ကျော်ကျော်က ပြန်၍ပြောလေသည်။
"ဘာလို့ မဆက်သင့်လဲဆိုတော့ မင်းကအိမ်ထောင်သည် မို့ပဲ ....မင်းရဲ့ မိန်းမသူဌေးမကြီးသိသွားလို့ ငါ့ကို မဟုတ်တမ်းတရားတွေ စွပ်စွဲနေပါ့မယ် "
နွေးနွေးက လေသံခပ်အေးအေးနှင့်ပင် ပြန်ပြောလိုက်သည်။
"မနွေး ...ကျွန်တော်အရမ်းစိတ်ညစ်တယ် ... မနွေးကို ပြောခဲ့မိလို့ ဝဋ်တွေ လုပ်နေပါပြီ ... သားလေးသာ မရှိရင် ကျွန်တော် သူနဲ့ အဝေးဆုံး ကိုထွက်ပြေးမိမှာပဲ "
နွေးနွေးသည် ဖုန်းချမည် ပြုပြီးမှ ကျော်ကျော်၏ စကားသံကြောင့် ဖုန်းကို မချပစ်လိုက်ပေ။လူစိတ်သည် ခက်လှ၏။အထူးသဖြင့် ဥပေက္ခာတရားကို ရင်ဝယ်ပိုက်ထားနိုင်သည်ဟု ကိုယ့်ကိုယ်ကို ထင်နေမိသော နွေးနွေးသည် ကျော်ကျော်၏ဒုက္ခဆိုသည်ကို နားထောင်ချင်မိသော စိတ်ဆိုး စိတ်ညစ်လေး ရုတ်ခြည်း ပေါ်လာလေ၏။
"ဟယ် ... ဘာဖြစ်လို့လဲ ကျော်ကျော်ရယ် "
နွေးနွေး၏မေးသံသည် ကရုဏာသံစွက်နေသည်ဟု ထင်ချင်စရာပါပေ။အမှန်တကယ် နွေးနွေး၏ စိတ်တွင်း၌မူ ပျော်ရွှင်သလိုလို ဖြစ်နေမိလေသည်။
"ကျွန်တော့် အဖြစ်က လည်လွန်းတဲ့ဘီး ချီးသင့်ခဲ့တဲ့အဖြစ်မျိုးပါ ... ကားဝယ်ပေးဖို့ နေနေသာသာ သူကျွန်တော့်ကို ဝယ်ပေးခဲ့တဲ့ ပစ္စည်းဖိုးတွေနဲ့ သူ့အကြွေးတွေကို ကျွန်တော် ခုချိန်ထိဆပ်နေရတုန်းပါပဲ အားလုံးက အလိမ်တွေချည်းပါပဲ... သိသိချင်း ကွာရှင်းမယ်ဆိုပြီး ကျွန်တော့်မိဘအိမ်ကို ပြန်သွား တော့ ကိုယ်ဝန်ရှိနေပြီ ပြန်မလိုက်ရင် တိုင်မယ်လို့ ပြောတာဗျ "
ကျော်ကျော်၏ အသံသည် စိတ်ဆိုး နာကျည်းဟန်ပေါက်နေလေသည်။
" ဪ ...စိတ်မကောင်းပါဘူး .....ဒါပေမဲ့ မင်းနဲ့ မင်းမိဘတွေ လိုချင်တဲ့ အပျိုစစ်စစ်ရတယ် မဟုတ်လား "
နွေးနွေးသည် ရင်တွင်မှ ကျေနပ်စိတ်ကို ထိန်းချုပ်၍ ကျော်ကျော့်ကို ပြောလိုက်သည်။
"တော် ...တော်ပါတော့ မနွေးရယ် ..... တစ်ခုလပ် ပါဗျာ ... သူ အသုံးအဖြန်းကြီးလို့ ယောကျာ်းက ပစ်ထားခဲ့တာတဲ့လေ သတင်းကြားတာတော့ ...ကလေးလဲရှိခဲ့တယ်တဲ့ ... အဲ့ကလေးကလဲ သေသွားတာလိုလို သူ့ယောကျာ်း ခေါ်သွားတာလိုလိုနဲ့ ... ဘာမှန်းကို မသိပါဘူး ..တော်ပါပြီး မနွေးရယ် သူ့အကြောင်း တွေ မပြောချင်တော့ပါဘူး "
သူက "မပြောချင်တော့ပါဘူး " ဟု ဆိုသော်လည်း နွေးနွေးစိတ်က ထပ်၍ကြားချင်မိလေသည်။နွေးနွေး၏ နဂိုမူရင်းစိတ်သည် ရန်သူဖြစ်စေ ဒုက္ခရောက်နေသည်ကြားသော် ဝမ်းသာပျော်ရွှင်တတ်သော သူမျိုးမဟုတ်ပေ။ယခုမူ နွေးနွေး၏စိတ်အစဉ်၌ ထိုသို့စိတ်မျိုး ပေါ်လာသည့် အဖြစ်ကို နွေးနွေးမနှစ်သက်လှပါချေ။
" ဒါတွေ ပြောမပါနဲ့တော့ဟယ် ... အခု မွေးထားတဲ့ ကလေးက မင်းကလေးဖြစ်ရင်ပဲ ကျေနပ်လိုက်ပေါ့ ..."
နွေးနွေး၏ စကားသံတွင် ကျေနပ်အားရသော အသံ အနည်းငယ် ပါဝင်သွားသည်ကို ကျော်ကျော်က သတိမထားမိ၍ တော်ပေတော့သည်ဟု နွေးနွေး တွေးလိုက်မိလေသည်။
=============== =====
အပိုင်း (၈) ဆက်ရန်
ဧကြည်ဖြူ
စာချစ်သူတို့ရေ မီးကပျက်နေတော့ ဖုန်းအားမရှိတာနဲ့စာမူတွေက တိုနေတာကိုတောင်းပန်ပါတယ်
ညီမဝမ်းကွဲလေး၏စကားကြောင့် နွေးနွေးစိတ်တိုချင်သလိုဖြစ်သွားရလေသည်။မည်းမည်းဝ၀ ထိုအမျိုးသမီးနှင့် နွေးနွေးလို မပိန်မ၀ခန္ဓာကိုယ်မှာ အသားအရည်ဆိုသည်မှာလည်း ဖြူဖွေးနေသည်မဟုတ်သော်လည်း စိုစိုဝင်းဝင်းကို ပိုင်ဆိုင် ထားသေးသည် ။ပြီးလျှင် ထီဘီစကပ်ကို စပို့ရှပ်လက်တို့လေးတွဲဝတ်လာခဲ့သည်။ကျောလယ်ခန့်ရှိသော ဆံပင်ရှည်ကြီးကို တစ်လွှာ သိမ်းစီးထားသောကြောင့် နွေးနွေး၏ပုံစံသည် ထိုအမျိုးသမီးနင့် ယှဉ်လျှင် များစွာ ကွာခြားပေလိမ့်မည်ထင်သည်။ထို့ကြောင့် သည်လိုအနှိုင်းယှဉ်ခံရသောအခါ ညီမဖြစ်သူကို နွေးနွေးအနည်းငယ် စိတ်ဆိုးသွားမိလေသည်။
"နင်ကလဲ ယှဉ်စရာရှားလို့..." ဟု ခပ်ဆတ်ဆတ်လေး ပြောလိုက်မိလေ၏။ထိုအခါ ညီမဖြစ်သူက မျက်နှာချိုသွေး၍ နွေးနွေးလက်ကို ဆုပ်ကိုင်လိုက်ပြီးလျှင်
"စိတ်မဆိုးနဲ့နော် မနွေး ... သူနဲ့မနွေးနဲ့က ယှဉ်စရာ မလိုလောက်အောင် မနွေးက အများကြီးလှတယ်ဆိုတာ ပြချင်လို့ပါ ...အဲ့ဒါ ဘယ်သူလဲ မနွေး မသိဘူး မဟုတ်လား ....မောင်မောင်လတ်မိန်းမလေမနွေးရဲ့ "
ညီမဖြစ်သူ၏ စကားကို ကြားလိုက်ရသောအခါ နွေးနွေးစိတ်ထဲ ဝမ်းသာသလို ဖြစ်မိသွားသည်။သတိဝင်လာသောအခါမှ မသိစိတ်အတွင်းမှ စိတ်ရိုင်းစိတ်ညစ်များကို ခပ်မြန်မြန်မောင်းထုတ်လိုက်ရလေသည်။
" သူတို့အကြောင်းတွေကို အချိန်ကုန်ခံပြီး အမုန်းပွားမနေပါနဲ့ ညီမလေးရယ် ...သူတို့ရဲ့ကံဇာတာက ဒီလိုဘ၀မျိုးပါလာတဲ့ကံတွေပဲလေ ... မနွေးတို့ရဲ့ စိတ်တွေကို သူတို့လို လူမျိုးတွေကြောင့် အညစ်နွမ်းခံလို့ မဖြစ်ဘူး "
"ဟုတ်ကဲ့ပါ မနွေးရဲ့ ...ညီမလေးက အမုန်းမပွားပါဘူးနော် ... သူ့ကို တွေ့တိုင်း အသက်ရှည်ကျန်းမာပါစေလို့ ဆုတောင်းပေးနေတာ ..ဘာလို့လဲသိလား သူ့အသက်ရှည်မှ ဟိုလူနောက်မိန်းမ ထပ်ယူလို့မရမှာလေ ... ခုလို အခြေအနေဆိုတော့ သူ့အမေနဲ့သူ့မောင့်ကို ကြောက်လို့ ဟိုလူနောက်မီးလင်းချင်နေတာတောင် မလင်းရဲတဲ့ဘ၀ကို တွေ့မြင်နေရတာ ဘယ်လောက် ပျော်ဖို့ကောင်းလဲ "
ညီမဖြစ်သူကို နွေးနွေး ပါးစပ်အဟောင်းသားနှင့် ငေးကြည်နေမိသည်။ပြီးလျှင် နွေးနွေးသည်လည်း စိတ်လိုလက်ရ ပြုံးလိုက်မိလေသည်။လူစိတ်သည် မှန်းဆရ ခက်လှပေသည်။နွေးနွေးသည် သူတော်စင်မဟုတ်ပါ ။စိတ်ဆိုးတတ်သည်။ မုန်းတီးတတ်သည်ပင် ။မောင်မောင်လတ်နှင့် ပတ်သက်၍ နွေးနွေးတွင် ဘာခံစားချက်မျှမရှိခဲ့သည်မှာ သေချာသည်။သို့သော်လည်း ညီမငယ် ဖြစ်သူ၏ စကားကို ကြားရသောအခါ၌ နွေးနွေး၏စိတ်တွင် ကျေနပ်နှစ်သိမ့်ခြင်း အနည်းငယ် ဖြစ်ခဲ့မိပါလေသည။
~~~~~~~
"မိနွေး ...နေကုန်နေခန်း စက်ပဲ ချုပ်မနေနဲ့ ...အစားလဲ ကောင်းကောင်းစားအုံး ... တော်ကြာ ကျန်းမာရေးထိခိုက်နေမယ် ...တစ်နေ့တစ်နေ့ အိမ်ဝယ်ဖို့ ဆိုတာချည်းပဲ တွေးမနေနဲ့ ... နင်သာ လာနေချင်ရင် ငါ့အိမ်မှာ အချိန်မရွေးလာနေလို့ရတယ် "
မအေးရိသည် ထုံးစံအတိုင်း တဖျစ်ဖျစ်တောက်နှင့် ပြောနေမိသည်။မပြော၍လည်း မဖြစ်ပေ။ညီမဖြစ်သူ နွေးနွေး ခေါင်းမာသည်ကို မအေးရီအသိဆုံးဖြစ်လေသည်။ခြံဝယ်မည်ဟု ဆိုကာ အစားကို ချွေတာစားသည် ။အလုပ်ကို နေကုန်နေခဉ်းမနားတမ်း လုပ်သည် ။ သူ့တွင်ရှိသော ငွေနှင့် လူနေကျဲပါးသော ကွက်သစ်တွင် ခြံလေးတစ်ကွက် ဝယ်နိုင်နေပြီဟု မအေးရီကို ပြောသည်။ မအေးရီက "ကွက်သစ်ဘက်မှာ သွားမ၀ယ်ရဘူး''ဟု စိတ်ဆိုးမာန်ဆိုးနှင့် ပြောထားသောကြောင့်သာ ဤသို့ ငြိမ်နေခြင်းဖြစ်လေသည်။မအေးရိသဘောက ညီမဖြစ်သူကို ငွေအကုန်ခံ၍ ခြံဝယ်မည့်အစား အိမ်မှာပင် လာနေစေချင်သည်။နွေးနွေး၏ စိတ်သဘောကမူ ထိုသို့မဟုတ်ချေ ။မည်သူ့ဆီမှ ကပ်မနဘဲ ကိုယ်ပိုင်အိမ် ခြံ နှင့်သာနေချင်သည်လေ။ထို့ကြောင့် မအေးရီ၏အနီးအနားတွင် ဝယ်နိုင်ရေးအတွက် ငွေကို အသည်းအသန် ကြိုးစားရှာဖွေနေခြင်းဖြစ်လေသည်။
"မိနွေး နင့်ခဲအိုရဲ့ တူဝမ်းကွဲ သူရိန်ဆိုတဲ့ တစ်ယောက်ကို သိတယ်မဟုတ်လား ....သူက နင့်ကို စိတ်ဝင်စားပုံပြနေတယ်လို့ နင့်ခဲအိုက ပြောနေတယ် ''
မအေးရီသည် နွေးနွေးကိုကြည့်၍ သွေးတိုးစမ်းသည့်သဘောနှင့် ပြောလိုက်သည်။
နွေးနွေးသည် အစ်မဖြစ်သူ မအေးရိ၏ စကားကြောင့် စက်ချုပ်တာကို ရပ်လိုက်ပြီးလျှင် အစ်မဖြစ်သူကို လှမ်း၍ ပြောလိုက်မိသည်။
" မမကြီးရယ် ....နွေးအိမ်ထောင်မပြုတော့ဘူး ...နွေးကို အထင်သေးသလိုနှိမ်သလို ပြောတာတွေကို မခံချင်ဘူး ..မသိရင် တစ်ခုလပ်ဆိုတာနဲ့ အပြစ်သားလိုလို မကောင်းတဲ့ မိန်းမလိုလို ကြည့်တာ ပြောတာကို မခံချင်တော့ဘူး ... ကိုယ့်ဘာသာ တစ်ယောက်တည်းပဲနေတော့မယ် "
" နင့်ခဲအို အစ်မက အဲ့လို မဟုတ်ပါဘူးဟယ် ... တစ်ယောက်တည်းနေတယ်ဆိုတာ အသက်ငယ်တုန်းပဲ အဆင်ပြေတာ ...အသက်ကြီးလာရင် မိသားစုဆိုတာလိုတယ်...ကောင်းကောင်းဆိုးဆိုး မိသားစုရှိတာက အကောင်းဆုံးပဲ ... တစ်ယောက်တည်း သမားတွေ မနာမကျန်းဖြစ်လို့မှ ဆေးကိုက်မယ့် သူမရှိတဲ့ ဘ၀မျိုးမှာနေချင်လို့လား "
" ဒါတော့ ဒါတော့ မမကြီးရယ် ... ဒါပေမဲ့ နွေးကို နှိမ်ချင်သလိုလို အထင်သေးသလိုမျိုးဆိုရင်တော့ စိတ်ကမခံချင်လှဘူး ... သူတို့တွေဘာပြောပြော နွေးက ကိုယ့်ကိုယ်ကို တန်ဖိုးထားလို့ ဘယ်သူပြောတာမှ မခံနိုင်ဘူး ...ကိုယ့်ဘာသာ ငွေများများ ရှာပြီးနေမှာပေါ့ "
နွေးနွေး ပြန်ပြောလိုက်သောအခါ အစ်မဖြစ်သူမအေးရီသည် နွေးနွေးကို မျက်စောင်းတစ်ချက်ထိုးပြီးလျှင်
ဧကြည်ဖြူ
" တစ်ခုလပ် "
အပိုင်း ( ၇ )
******
တစ်ဖက်မှ ဖြေသံကြောင့် နွေးနွေး ဖြုန်းခနဲ အံ့သြသွားမိသည်။
"ဖုန်းမချလိုက်ပါနဲ့နော် မနွေး .. ကျွန်တော် ရိုးရိုးသားသားစိတ်နဲ့ ဆက်တာပါ..."
"ရိုးသားတာတွေ မရိုးသားတာတွေထားပါ ..ဘာကိစ္စဆက်တာလဲ "
နွေးနွေးသည် လေသံခပ်မာမာနှင့်မေးလိုက်သည်။
"ဟို ....ရိုးရိုးသားသား မောင်နှမစိတ်နဲ့ သတိရလို့ဆက်တာပါ ...မနွေးက ကျွန်တော့်ကို ကိုယ့်မောင်နှမတွေလို သဘောထားပေးပါနော် "
ကျော်ကျော် စကားကြောင့် နွေးနွေးသည် မဲ့ပြုံးတစ်ချက်ပြုံးလိုက်မိသည်။သူပြောပုံက နွေးနွေးဘက်က ဖုန်းချလိုက်လျှင်ပဲ သူ့အပေါ် သံယောစဉ် မကုန်သေးသည့် သဘောဖြစ်နေပေသည်။ နွေးနွေးသည် စိတ်ထဲမှ သူ့ကို ရွံရှာမုန်းတီးမိသော စိတ်ကို မျိုသိပ်လိုက်သည်။လူသည် သည်းခံလျှင် ရောင့်တက်ကြသည်။တစ်ခုလပ် မိန်းခလေးဆိုလျှင် သူ့တို့အတွက် ပစ်မှတ်ထင်နေတတ်ကြသည်။သူတို့စိတ်ထဲမှာ တစ်ခုလပ် မိန်းခလေးများကို အထင်သေးနေသော စိတ်က စွဲမြဲနေ ကြသည်။ဒါသည် ရှေ့ရိုးစွဲအမူအကျင့်တစ်ခုဟုပင် ပြောရလေမည်လားမသိ။ မိဘများသည်လည်း တစ်ခုလပ်နှင့် သူ့တို့သားသမီးများဆုံစည်းမှာကို သေမတတ်ကြောက်ကြသည်။ထို့ကြောင့်တစ်ခုလပ် အစား ရည်းစားပေါင်းများစွာနဲ့ တည်ခိုးခန်းလိုက်အိပ်တတ်သူမျိုးကို သမက်၊ ချွေးမ အဖြစ်ရသည်ကိုမူ သူတို့မသိကြပေ။ယခုမူ ကျော်ကျော်သည်လည်း နွေးနွေးကို အထင်သေးစိတ်ဖြင့်ဆက်ခြင်းသာဖြစ်ပေမည်။သူ့စိတ်ထဲ၌ နွေးနွေး၏ ဘဝသည် အိမ်ထောင်ပြုရန်လည်း ခက်ခဲပြီး သူ့ကို ချစ်ခင်စွဲလမ်းစိတ် ရှိသေးသည်ဟု ယူဆထားပုံရလေသည်။ သို့ကြောင့်သာ ဤသို့ ဆက်ရဲခြင်းဖြစ်ပေသည်။နွေးနွေးသည် ကျော်ကျော်နှင့်လမ်းခွဲစဉ်အခါက စိတ်ဆိုး နာကျည်းခဲ့မိသော်လည်း ဤတစ်ကြိမ်လောက် စိတ်မဆိုးခဲ့ပါချေ။ပထမသော် နွေးနွေးသည် ပြောဆိုပြီး ဖုန်းချရန် စိတ်ကူးမိသေးသည် ။ပြီးနောက် စိတ်ကူး အကြံအစည်တစ်ခုပေါ်ပေါက်လာသောကြောင့် ဒေါသစိတ်ကို မျိုသိပ်၍ဖုန်းကိုဟန်မပျက်ပြောလိုက်လေသည်။
" မှန်တာပြောရရင် အိမ်ထောင်သည်တွေနဲ့တော့ စကားမပြောချင်ဘူးပေါ့ ... ဒါပေမဲ့ ပြောပါ ...တို့က အသိမိတ်ဆွေထွေပဲဟာ ...ဒါနဲ့ သူဌေးမနဲ့ လက်ထပ်လိုက်တယ်ဆို စီးပွားရေးလုပ်ငန်းရှင်ကြီး ဖြစ်နေပြီပေါ့နော် ...ကိုယ်ပိုင်ကားတွေ ထည်လဲ စီးနိုင်နေပြီဆိုတော့ ဝမ်းသာပါတယ်ကွာ ...ကလေးရော ရနေပြီလား "
နွေးနွေးမေးလိုက်သောအခါ သူ့ဘက်မှ ခေတ္တမျှ အသံတိတ်သွားလေသည်။ အတန်ကြာသောအခါမှ လေသံပျော့ပျော့နှင့်ပြန်၍ဖြေလေသည်။
"အင်း ... ကလေးတစ်ယောက်ရနေပြီ...စီပွားရေးကတော့ ဒီလိုပဲရုန်းနေရတာပဲပေါ့ ..ဒါနဲ့ မနွေးရော ချစ်သူရနေပြီလား...ကျွန်တော့် အထင်မှန်ရင် မရသေးလောက်ဘူးထင်တယ် "
သူ့အိမ်အကြောင်းကို မပြောချင်သော ပုံစံနှင့် စကားလမ်းကြောင်းလွှဲလိုက်သော ကျော်ကျော်၏ မေးသံသည် သာမန်ရိုးသားသော အမေးမျိုးမဟုတ်ဟု နွေးနွေးစိတ်ထဲမှ ခံစားရလေသည်။ ထိုမေးခွန်းကို ချေပရန် အတွက် နွေးနွေး အလိမ္မာဆုံး စကားကို ရွေးချယ်ရလေသည်။
"အဲ့ဒါတွေ မစဉ်းစားဖြစ်ပါဘူး ... ကိုယ့်ကံက မကောင်းတော့ ယုတ်ညံ့တဲ့ ယောကျာ်းတွေနဲ့ပဲဆုံနေရလို့ တစ်ယောက်တည်းပဲ နေဖို့ဆုံးဖြတ်ထားတယ် "
နွေးနွေး၏ စကားသည် သူ၏ အရှိုက်တည့်တည့်ကို ထိသွားပုံရလေသည်။ကျော်ကျော့်ဘက်မှ အသံတိတ်ဆိတ်သွားပြန်လေသည်။ပြီးနောက် အသံ ခပ်တိုးတိုးဖြင့် ပြောလာလေသည်။
"မနွေး ကျွန်တော့်ကို မုန်းနေတုန်းလား ဟင် "
"မုန်းတာမဟုတ်ဘူး ...ရွံတာဟဲ့" ဟု ပြောလိုက်ချင်သောစိတ်ကို နွေးနွေးအချိန်မီထိန်းချုပ်လိုက်သည်။
"ပေါက်ပေါက်ရှာရှာ...မင်းကို မုန်းဖို့ မပြောနဲ့ ..သတိရစိတ်တောင် မရှိဘူး ...ဒါပဲနော်...အလုပ်လေး ရှိလို့ .... ဖုန်းချလိုက်တော့မယ် "
နွေးနွေးပြောပြီးသည်နှင့် ဖုန်းကို ချပစ်လိုက်သည်။နွေးနွေးအနေနှင့် ယခင်အချိန်က ကျော်ကျော့်ကို ချစ်ခဲ့သည် မချစ်ခဲ့သည် မသေချာသော်လည်း ယခုအချိန်မူ သူလို အိမ်ထောင်သည်က နွေးနွေးထံသို့ ဖုန်းဆက်ရဲသည်ကို ရွံရှာဒေါသထွက်မိလေသည်။
~~~~~~~
"မနွေး ...ဟိုမိန်းမကို တွေ့လား ..ဟိုက ၀တုတ်မည်းမည်းကြီးလေး ... သေချာကြည့်ထားနော် "
" ဟဲ့ ...သူများကို ဘာကိစ္စ ကြည့်ရမှာလဲ .. အားနားစရာ "
နွေးနွေးသည် ဈေးသို့အတူလာသော ညီမတစ်ဝမ်းကွဲလေးကို ခပ်ကြောင်ကြောင်နှင့် ပြန်မေးလိုက်မိသည်။
'' ဪ မနွေးရယ် ကြည့်မှာသာ ကြည့်လိုက်စမ်းပါ ... ဟိုကဖြင့် မနွေးကို ကြည့်နေတာ မျက်လုံးတောင် ကျွတ်ကျတော့မယ် "
ဟုတ်သည်။နွေးနွေး လှမ်းကြည့်လိုက်သောအခါ ထိုအမျိုးသမီးသည် နွေးနွေးကို စူးစူးရဲရဲ စိုက်ကြည့်နေသည်ကို တွေ့လိုက်ရလေသည်။ခန္ဓာကိုယ်က မည်းမည်းဝ၀မျက်နှာက ပြဲပြဲနှင့် ထိုအမျိုးသမီးကို ကြည့်ရသည်မှာ ပုံဆိုးပန်းဆိုးနိုင် လှလေသည်။သည်ကြားထဲ စပန့်စဂါဝန်ကားကားကြီးကို ဝတ်ထားသောကြောင့် တိုင်ကီကြီးကို အဝတ်ပတ်ထားသကဲ့သို့ ရှိလေသည်။နွေးနွေးလည်း ဆက်၍ ကြည့်ချင်စိတ် မရှိသောကြောင့် အကြည့်ကို လွှဲလိုက်လေသည်။
"မနွေးပုံစံနဲ့ သူ့ပုံစံကို ယှဉ်ကြည့်ပါလား မနွေး "
