uk
Feedback

Не попадись на ботовода! Telemetrio знаходить і позначає такі канали мітками 👉 Хочеш бачити мітку, оформляй підписку

အချစ်/အလွမ်း/ လျှို့ဝှက်သဲဖို ရသစုံ ဝတ္ထုများ ဧကြည်ဖြူ

အချစ်/အလွမ်း/ လျှို့ဝှက်သဲဖို ရသစုံ ဝတ္ထုများ ဧကြည်ဖြူ

Відкрити в Telegram

Показати більше
1 031
Підписники
Немає даних24 години
-37 днів
-1230 днів
Архів дописів
"မဟုတ်ဘူး အမေ ....ကျွန်တော် အလင်းချိုကို မချစ်ဘူး ...သူနဲ့လဲ လက်မထပ်နိုင်ပါဘူး ... သူ့အမျိုးတွေကို မုန်းတယ် ... သူက သူ့အမျိုးတွေကို ပြတ်နိုင်တာမဟုတ်ဘူး...ကျွန်တော် သူ့ကိုသနား တာရယ် ...အားမလိုအားမရ ဖြစ်မိတာရယ်ပဲရှိတာပါ ... သူ့ကိုချစ်နေတာမဟုတ်ဘူးနော် " မိခင်ရဲ့စကားတွေကို နေမခက ခါးခါးသီးသီး ငြင်းဆန်ပစ်လိုက်မိတယ်။ "ဟုတ်ပြီလေ ....ဒါဆိုလဲ သူဘယ်သူနဲ့တွဲတွဲ ... ဘယ်နေရာမှာပဲ ချိန်းတွေ့တွေ့ ...အမေ့သားက ပိုင်စိုးပိုင်နင်းနဲ့ ပြောဆိုပိုင်ခွင့် မရှိဘူးနော် " မိခင်ဖြစ်သူရဲ့ စကားကြောင့် နေမခမှာ ခေါင်းကို ငိုက်စိုက်ချပြီး ထိုင်နေမိတယ်။ဟိုအရင်က သူဘာပြောပြော မျက်လုံးပြူးလေးနဲ့ ရယ်ပြနေတတ်တဲ့ ကောင်မလေးက အခုချိန်မှာ သူ့ကို တစ်ခွန်းမကျန် ပြန်ပြောတတ်နေပြီဖြစ်သလို သူ့မှာလဲ သူမနဲ့ ပတ်သက်ပြီး ဆူခွင့်၊ ပြောဆိုပိုင်ခွင့်မရှိဘူးတဲ့လား။ ~~~~ " ဒေါက်.... ဒေါက် ... ဒေါက် " တိုက်ခန်းတံခါးခေါက်သံက ခပ်ကျယ်ကျယ်ထွက်ပေါ်လာတာမို့ ဟန်သော်လင်း စိတ်ပျက်လက်ပျက်နဲ့ ကျွတ်ခနဲ စုတ်သပ်လိုက်မိတယ် ။အလင်းချိုဆီက ပြန်လာပြီးကတည်းက လူကအားမရှိသလို နုံးချိနေခဲ့တာ။ တကယ်ဆို ပိုင်စိုးပိုင်နင်းလုပ်ပြခဲ့တဲ့ နေမခ ဆိုတဲ့လူကို ဟန်သော် လင်း အရှုံးမပေးခဲ့သင့်ဘူး။ ဒါပေမဲ့ အလင်းချိုရဲ့ စိတ်ရင်းကို သိနေတာမို့ ဟန်သော်လင်းမှာ စိတ်လျှော့ခဲ့လိုက်ရတာ။ ကိုယ်ကိုယ်တိုင်က အားနည်းချက်တွေနဲ့မို့ရင်ထဲက ကိုယ့်အချစ်ကို ဖွင့်ပြဖို့ရာလည်း ဟန်သော်လင်းမှာ မဝံ့ရဲသေးပါ။အလုပ်ကို တစ်နှစ်လောက်အောက်အည်း လုပ်ပြီးတော့ ဒီလောကထဲက ထွက်ပြီးမှ သူ့ရင်ထဲက ခံစားချက်တွေကို ရင်ဖွင့်ပြောပြဖို့ ဆုံးဖြတ်ထားပြီးသာပါ ။ " ဒေါက် ...ဒေါက် .. ဒေါက် " " ဟန်သော်လင်း တံခါးဖွင့်ပေးအုံး ..... မင်း မအိပ်သေးဘူးဆိုတာ မမသိတယ်နော် " @@@@@@@@@@@@@@@@@@@@ အပိုင်း ( ၃၂ ) ဆက်ရန် ဧကြည်ဖြူ

~~~~ တစ်လမ်းလုံး နှစ်ယောက်သား စကားမပြောဘဲ လျှောက်လာခဲ့ကြတယ်။အလင်းချိုရဲ့ ခြေထောက်တွေက ယိုင်တိယိုင်တိုင်နဲ့ ဖြစ်နေတာမို့ ခန္ဓာကိုယ်ကပါ ဟိုဒီ ယိမ်းယိုင်နေတယ်။ အလင်းချိုရဲ့ ယိုင်တိယိုင်တိုင် ပုံစံကို ကြည့်ပြီး နေမခရဲ့ ဒေါသစိတ်တွေ အနည်းငယ် ပြေလျော့လာသလို ဖြစ်သွားရတယ်။ "မင်း နေမကောင်းဘူးလား " နေမခမေးလိုက်ရင်းကနေ အလင်းချိုရဲ့လက်တစ်ဖက်ကို လှမ်းဆွဲလိုက်တော့ အလင်းချိုရဲ့ ခန္ဓာကိုယ်လေးက အရှိန်မထိန်းနိုင်ဘဲနေမခဘက်ကို ယိုင်လဲကျလာတယ်။ "အလင်း ...အလင်းချို မင်းတကယ်နေမကောင်းဘူးလား " နေမခက အလင်းချိုကို ထိန်းကိုင်ရင်းကနေ စိုးရိမ်တကြီးမေးလိုက်မိတယ် ။ "ကောင်း...ကောင်းပါတယ် ... ငါ အရမ်းအိပ်ချင်နေပြီ ... အရမ်းပင်ပန်းနေပြီ ... အိမ်ကို မြန်မြန်ပြန်ပို့ပေးပါနော် "အလင်းချို အားယူပြီးပြန်ဖြေလိုက်ရင်း ခြေထောက်တွေကို တရွတ်ဆွဲလို့ လျှောက်နေမိတယ်၊၊ ~~~~ "မြေးလေး ... မြေးလေး ဘာဖြစ်လာတာလဲ ... " နေမခလက်ကို အားပြု ကိုင်ရင်း အိမ်ထဲကို ၀င်လာတဲ့ မြေးဖြစ်သူကို ကြည့်ပြီး ဒေါ်မြမြဦးက အထိတ်တလန့် မေးလိုက်တယ် ။ " ဘာမှမဖြစ်ပါဘူး အဘွား....ခေါင်းနည်းနည်းမူးနေလို့ ကျွန်တော့်လိုက်ပို့တာ ပါ " နေမခက ပြန်ဖြေလိုက်ပြီး အလင်းချိုကို အိပ်ခန်းထဲအထိ တွဲပို့ပေးလိုက်တယ်။ "သမီး အလင်းချို ...ဘာဖြစ်လာတာလဲ ...... မနက်က အလုပ်ကိစ္စနဲ့ အပြင်ထွက်သွားပြီး ပြန်လာခဲ့ ကတည်းက သူ့မျက်နှာမကောင်းတာ ... မေးလို့လဲ မရဘူး " "ဘာမှမဖြစ်ပါဘူး ဒေါ်လေး စန်းရယ် ...အဘွား စိတ်ပူနေအုံးမယ် .... အလင်းချိုက အိပ်ချင်လိုတဲ့ ...ဒေါ်လေး စန်းအိပ်ရာပြင်ပေးပါအုံး " နောက်က လိုက်လာပြီး တတွတ်တွတ် ပြောနေတဲ့ ဒေါ်လေးစန်းကို နေမခက ခပ်တိုးတိုး ပြန်ဖြေလိုက်ပြီး အလင်းချိုကို ခုတင်ပေါ်ကို ထိုင်ခိုင်းလိုက်တယ်။အလင်းချိုက ခုတင်ပေါ်ကိုရောက်တာနဲ့ ပစ်လှဲချလိုက်တယ်။ ဒေါ်လေးစန်းက လှဲချလိုက်တဲ့ အလင်းချိုရဲ့ခေါင်းကို ခေါင်းအုံပေါ် ရောက်အောင် မနိုင်မနင်း မရွေ့ပြီး ခန္ဓာကိုယ်ကို အိပ်ရာပေါ်နေရာကျအောင်လုပ်နေတယ်။တုပ်တုပ်မှမလှုပ်တဲ့ အလင်းချိုရဲ့ ခန္ဓာကိုယ်ကို ဒေါ်လေးစန်းမှာ ဘယ်လိုမှ မနိုင်ဘဲဖြစ်နေလေရဲ့။နေမခမှာ ရပ်ကြည့်နေရင်းကနေ စိတ်မရှည်တော့တာမို့ ဒေါ်လေးစန်းကို ဖယ်ခိုင်းလိုက်ရတယ်။ "ကဲပါဗျာ ...ဒေါ်လေးစန်းဖယ်ပါ ... ကျွန်တော် လုပ်ပေးပါ့မယ် " နေမခက အလင်းချိုရဲ့ လက်မောင်းကနေဆွဲကိုင်ပြီး အိပ်ရာပေါ်နေရာတကျ ဖြစ်အောင် လုပ်ပေးနေရင်းကနေအလင်းချိုရဲ့ မျက်နှာလေးကို ငေးကြည့်နေမိတယ်။အလင်းချိုကတော့ အသက်ကို မှန်မှန်ရှူလို့ အိပ်ပျော်သွားခဲ့ပါပြီ။နေမခမှာသာ ခပ်စောစောက စံမဒီနဲ့ နှစ်ယောက်သားပူးပူးကပ်ကပ်နဲ့ ဖက်ခဲ့စဉ်ကတောင် ဘာမှမခံစားခဲ့ရဘဲ ခုကျမှ ရင်တွေ တဒုန်းဒုန်းမြည်အောင် ခုန်လာတာမို့ အလင်းချိုရဲ့ မျက်နှာပေါ်ကနေ အကြည့်ကိုလွှဲလိုက်ပြီး " ကျွန်တော်ပြန်တော့မယ် ဒေါ်လေးစန်း " "အေး .. အေး သား ... ကျေးဇူးပါကွယ် ...မင်းသူငယ်ချင်းကိုလဲ နည်းနည်းပါးပါး မေးပါအုံးကွယ် ... အလှတွေလဲ ပြင်လာတယ်လေ " "ဟုတ်ကဲ့ ... နောက်နေ့မှ ကျွန်တော် မေးလိုက်ပါ့မယ် " အလင်းချိုတို့အိမ်ထဲကနေ ထွက်လာခဲ့ချိန်မှာတော့ နေမခစိတ်ထဲမှာ ရှုပ်ထွေးနေမိတယ်။အလင်းချို တကယ်ပဲ နေမကောင်းတာလား။ သူ ဆူလိုက် အော်လိုက်မိလို့ လား ဆိုတာကို စိတ်ရှုပ်ရှုပ်နဲ့ တွေးနေမိတယ်။ ~~~~~~~ " သာကြီး ...အမေ့ဆီကိုလာခဲ့အုံး " နေမခ အိမ်ထဲကိုဝင်လိုက်ချိန်မှာ မိခင်ရဲ့စကားသံကြောင့် မိခင်ရှိရာဆီကို လျှောက်သွားလိုက်တယ်။ "သားကို အမေ ပွင့်ပွင့်လင်းလင်းပဲ မေးမယ် ... မှန်မှန်ဖြေပါ့" " ဟုတ်ကဲ့ ...အမေ " မိခင်ဖြစ်သူရဲ့ လေးနက်တဲ့ မျက်နှာထားကြောင့် နေမခ ခပ်ရွံ့ရွံ့ပြန်ဖြေလိုက်တယ်။ "သားက.သမီးလေးအလင်းချိုကို ချစ်နေတာလား" "ဗျာ " မိခင်ရဲ့ အမေးကြောင့် နေမခ အံ့အာသင့်သွားရပြီး အလောတကြီးနဲ့ ပြန်ဖြေလိုက်မိတယ်။ "မဟုတ်တာ အမေ ... ကျွန်တော် သူ့ကို ရိုးရိုးသားသားပဲ ခင်တာပါ " "ဟုတ်ပြီလေ ...သား သူ့ကို ရိုးရိုးသားသား ခင်တာဆိုရင် သူ့ရဲ့ကိုယ်ရေးကိုယ်တာကိစ္စမှာ ငါ့သားဝင်ပါလို့မရဘူးလေ ... သူက ကလေးလဲ မဟုတ်တော့ဘူး ...အိမ်ထောင်ပြုသင့်တဲ့ အရွယ်ကို ရောက်နေပြီး...သူ့လွတ်လပ်ခွင့်ကို အမေတို့ ပိတ်ပင်ခွင့်မရှိဘူးဆိုတာ ...အမေ့ထက် သားကပိုသိမှာပါ" မိခင်ဖြစ်သူရဲ့ စကားကြောင့် နေမခမှာ မျက်နှာကြီးနီရဲသွားရပြီး "ကျွန်တော် သူ့ကို ..ကိုယ့်ညီမ သားချင်းတစ်ယောက်လို သဘောထားလို့ ဆူပြောမိတာပါ အမေ ... ပတ်ဝန်းကျင်မှာ သူသိက္ခာကျမှာစိုးလို့ပါ " "ငါ့သားရဲ့စိတ်က ဒီလိုဆိုပေမဲ့ ...သူက သားရဲ့ သွေးရင်းသားရင်း မဟုတ်ဘူးလေ ...သားမှာ ဒီလိုလုပ်ပိုင်ခွင့် မရှိဘူး ... လုပ်ပိုင်ခွင့်ရချင်ရင်တော့ သူ့ကိုချစ်ခွင့်ပန်တာဖြစ်ဖြစ် ... လက်ထပ်တာဖြစ်ဖြစ် အရင်လုပ်ရမယ်လေ ... အမေတို့ကတော့ သားရဲ့ သဘောပါပဲ "

"ဟာ ... အလင်း ... နေမကောင်းဘူးလား...လာ...လာ...ကားပေါ်မှာ ခဏထိုင်နားလိုက်" ယိုင်ခနဲ ဖြစ်သွားတဲ့ အလင်းချိုရဲ့ ခန္ဓာကိုယ်လေးကို ဟန်သော်လင်း အသာထိန်းပေးလိုက်ပြီး ကားဆီကိုခေါ်လာခဲ့လိုက်တယ်။ " နေမကောင်းတာလား ...ဒီအချိန်ဆေးခန်းတွေ ဖွင့်သေးတယ် မဟုတ်လား .... ဆေးခန်းသွားလိုက်မလား " "ဟင့် ...ဟင့်အင်း " ဟန်သော်လင်းရဲ့ အမေးကို အလင်းချို ပြန်ဖြေလိုက်ရင်း ရှိုက်သံလေးပါသွားမိတယ်။ "ဟာ ...အလင်း ဘာဖြစ်တာလဲဟင် ...ဘာဖြစ်လို့လဲ " အလင်းချိုရဲ့ ပုံစံကြောင့်ဟန်သော်လင်းအထိတ်တလန့်မေးလိုက်မိပေမဲ့ အလင်းချိုမှာ ပြန်မဖြေနိုင်ဘဲ ဒူးခေါင်းပေါ်မှာမျက်နှာကို အပ်ပြီးငြိမ်သက်နေတယ်။ဟန်သော်လင်းမှာ ခြေမကိုင်မိ ၊လက်မကိုင်မိနဲ့ ဘာလုပ်လို့လုပ်ရမှန်းပင်မသိ။ ~~~~~~ စံမဒီရဲ့ကားလေး ခြံထဲက မောင်းထွက်သွားတဲ့အချိန်မှာ နေမခတစ်ယောက် နေရာမှာ စိတ်ရှုပ်ထွေးစွာနဲ့ ရပ်နေခဲ့မိတယ်။ပြီးတော့ အိမ်ထဲကို ပြန်ဝင်ချင်စိတ်မရှိသေးတာမို့ လမ်းမပေါ်ကို ထွက်လာခဲ့မိရာ လမ်းပေါ်ရောက်တော့ ခြေထောက်တွေက ဟိုဘက်လမ်းကို အလိုလိုဦးတည်မိသွားတယ်။ခြေထောက် ဦးတည်ရာရဲ့ လမ်းဘေးတစ်နေရာမှာတော့ ရပ်ထားတဲ့ ကားနားမှာ စကားရပ်ပြောနေကြတဲ့ လူနှစ်ယောက်ကိုကြည့်ပြီး နေမခအံ့ဩသွားရသလို ဒေါသတွေပါ ထွက်လာမိတယ်။နေမကြေည့်နေတုန်း မှားပဲ နှစ်ယောက်သားက ကားပေါ်ကိုတက်သွားတာမို့ နေမခကိုယ့်စိတ်ကို မထိန်းနိုင်တော့ဘဲ ကားရပ်ထားရာဆီသို့ ခြေသံပြင်းပြင်းနဲ့ လျှောက်သွားလိုက်မိတယ်။ ကားနားကိုရောက်တော့ လူက စိတ်နဲ့ကိုယ်မကပ်နိုင်သေးဘဲ အလင်းချိုဝင်ထိုင်လိုက်တဲ့ဘက်က ကားတံခါးကို ဝုန်းခနဲဆွဲဖွင့်ပစ်လိုက်ပြီး အသံမာမာနဲ့ အော်ပစ်လိုက်မိတယ်။ "အလင်းချို ... မင်း ဒါဘာလုပ်နေတာလဲ ထွက်ခဲ့စမ်း " " နေ ... နေမခ " ရုတ်တရက်ကြီး ရောက်လာတဲ့ နေမခကို ကြည့်ပြီး ဟန်သော်လင်းရော အလင်းချိုပါ ထိတ်လန့် အံ့ဩမိသွားကြပြီး ယောင်အအအနဲ့နေမခကို ကြည့်နေမိကြတယ်။ပြီးမှဟန်သော်လင်းမှာ သတိဝင်လာပြီး အလင်းချိုရဲ့လက်ကို အတင်းဆွဲလိုက်တဲ့ နေမခကို လေသံခပ်ဆတ်ဆတ်နဲ့ ပြန်ပြောလိုက်မိတယ်။ "မင်းဘာတွေ ပေါက်ကရတွေးနေတာလဲ ... သူနေမကောင်းဘူး " " မင်းပါးစပ်ကိုပိတ်ထားလိုက်ဟေ့ကောင် " နေမခက ဟန်သော် လင်းကို လေသံခပ်မာမာနဲ့ ပြန်ပြောလိုက်ပြီး အလင်းချိုကိုကားထဲက ဆွဲခေါ်ထုတ်လိုက်တယ်။ အလင်းချို ယောင်နနနဲ့ နေမခဆွဲခေါ်ရာနောက်ကို ပါလာခဲ့ရတယ်။ ~~~~ နေမခက အလင်းချိုကို သူ့အိမ်ရှိရာထိ ဆွဲခေါ်လာခဲ့လိုက်ပြီး ခြံထဲကဒါန်းနားအထိ ဆွဲခေါ်လာခဲ့လိုက်တယ်။ ဒါန်းဆီကို ရောက်တော့ အလင်းချိုကို ဒါန်းပေါ်ကို ထိုင်စေလိုက် ဒေါသတကြီးနဲ့ မေးလိုက်တယ် ။ "မင်းနဲ့ အဲ့ဒီကောင်နဲ့ က ကြိုက်နေကြပြီလား ...ဒီလောက်မိုးချုပ်နေတာကို အဲ့ဒီကောင်ရဲ့ ကားပေါ်မင်းဘာတက်လုပ်တာလဲ .." နေမခရဲ့ ခပ်ကြမ်းကြမ်းမေးခွန်းကြောင့် အလင်းချို ဘာမှ ပြန်မဖြေနိုင်ဘဲ နေမခကို ခပ်ကြောင်ကြောင် မော့ကြည့်နေမိတယ်။ "ဖြေလေ... မင်းနဲ့ အဲ့ဒီကောင် ကြိုက်နေတာလားလို့ " နေမခရဲ့ ဒုတိယအကြိမ်မြောက်မေးသံအဆုံးမှာတော့ အလင်းချိုက နေမခကို စူးခနဲတစ်ချက်မော့ကြည့်လိုက်ပြီး ပြန်မေးလိုက်မိတယ်။ " ငါတို့ရိုးရိုးသားသား စကားပြောနေကြတာလေ ... လူမြင်ကွင်းမှာ ဖက်နေကြတာမှ မဟုတ်တာ.. ဘာတွေစွပ်စွဲနေတာလဲ...ပြီးတော့ ငါတို့နှစ်ယောက်က ကြိုက်လို့မရဘူးလား " "ဘာ...ဘာကွ ...အလင်းချို မင်းဘာပြောလိုက်တယ် ..." " ဟုတ်တယ် ... တခြားသူတွေကြတော့ ..ကြိုက်လို့ရတယ် ..ဖက်လို့ ရတယ် ... ငါ့တို့က ကြိုက်လို့မရဘူးလား .." " အလင်းချို ...မင်း ... မင်း တော်တော့ ...မင်းကို ရည်းစားမထားနဲ့လို့ မပြောဘူး ... သိက္ခာရှိရှိ ပြုမူနေထိုင်ဖို့ပြောနေတာကွ နားလည်ရဲ့လား ..." သူ့ရှေ့ရောက်ရင် အမြဲ ရယ်ပြုံးနေတတ်တဲ့ သူမက အခုလို ဂျစ်ကန်ကန် အမူအရာနဲ့ ပြန်ပြောနေတာကို တွေ့လိုက်ရတော့ နေမခ မယုံနိုင်အောင် ဖြစ်သွားမိ၏။ "သားကြီး ..မင်းဒါဘာလုပ်တာလဲ " ဒေါ်အေးမြနွယ်တစ်ယောက် ခြံထဲက တီးတိုးစကားသံကြောင့် အိမ်ပြင်သို့ထွက်ကြည့်မိလေရာ သားဖြစ်သူနဲ့ အလင်းချိုတို့အဖြစ်ကို မြင်တွေ့လိုက်ရတာမို့ အနားကို လျှောက်သွားလိုက်ပြီး မေးလိုက်တယ်။ "သူ အနေအထိုင်မတတ်လို့ ပြောနေတာ အမေ ... အလုပ်လုပ်ဖို့တော့ မစဉ်းစားဘူး ..ရည်စားထားဖို့ပဲ တွေးနေတာလေ ...ပြီးတော့လဲ လမ်းပေါ်မှာကားရပ်ပြီး...ကားထဲမှာ စကားပြောနေကြတာလေ ...သူများ တွေ မြင်ရင် ဘယ်လိုထင်မလဲ " " တော်တော့ ...မင်းပါးစပ်ကို ပိတ်ထားလိုက်တော့ သားကြီး ....မိုးချုပ်နေပြီ ... သမီးအလင်းကို လိုက်ပို့လိုက်တော့ ... အမေထပ်မပြောဘူးနော်သားကြီး....သမီး အန်တီတောင်းပန်ပါတယ်နော် ..." မိခင်ဖြစ်သူဒေါ်အေးမြနွယ်က အသံမာမာနဲ့ ပြောလိုက်တော့ နေမခပါးစပ်ကို ပိတ်ပြီး အလင်းချိုကို မှုန်တေတေကြည့်လိုက်ပြီး "သွားမယ် " လို့ တစ်ခွန်းပဲပြောပြီး ရှေ့ကနေထွက်ခဲ့တယ်၊၊

ဧကြည်ဖြူ "သံယောဇဉ် ကမ်းပါး " အပိုင်း (၃၁ ) ******* သူ့ခါးကို ဖက်တွယ်မှီနွဲ့လာတဲ့ စံမဒီရဲ့ခန္ဓာကိုယ်လေးကို နေမခအလိုက်သင့်ထိန်းဖက်ထားလိုက်ရင်းကနေ သက်ပြင်းကို ချလိုက်မိတယ်။စံမဒီက ငယ်စဉ်ကတည်းက နိုင်ငံရပ်ခြားမှာနေလာခဲ့သူပီပီ ရဲတင်းသွက်လက်တယ် ။ပွင့်လင်းတယ်။အမှန်တိုင်းပြောရရင် စံမဒီလိုငွေကြေးလည်းချမ်းသာ၊ရုပ်လေးလည်းလှ ။ဘွဲ့ရပညာတတ် မိန်းခလေးတစ်ယောက်ကို နေမခသဘောကျမိတယ်။ ဒါပေမဲ့ ဒီသဘောကျနှစ်သက်မိခြင်းမှာ ရင်ခုန်သံတွေက မြန်ဆန်မနေခဲ့ဘူး။ တစ်ယောက်ယောက်ကို ချစ်ဖို့အတွက် နေမခအဆင်သင့်မဖြစ်သေးတာလဲ ပါမယ်ထင်ပါတယ်။ဘ၀က မျှော်မှန်းထားသလို မဖြစ်လာသေးဘူးလေ။စံမဒီနဲ့ လက်ထပ်လိုက်ရင် ရှယ်ယာ အနည်းငယ်ပိုင်ဆိုင်ထားတဲ့ အလုပ်သမားဘဝကနေ့ အလုပ်ရှင်ဘဝကို နေ့ချင်းညချင်း ရောက်သွားနိုင်တာကိုလဲ သိတယ်။ ဒါပေမဲ့ ဒီအခြေအနေထက်တော့ မပိုချင်သေးတာအမှန်ပါပဲ။တစ်နေ့နေ့တစ်ချိန်ချိန်မှာ အချစ်ရေးကိုဖြစ်ဖြစ်၊ အိမ်ထောင်ရေးကိုဖြစ်ဖြစ် ရွေးချယ်ရတော့မယ်ဆိုရင်တော့ ဆွေမျိုးသားချင်းတွေကလည်း စိတ်သဘောထားပြည့်၀ပြီး လူတန်းစားခွဲခြားစိတ် မရှိတဲ့မျိုးရိုးကပေါက်ဖွားလာတဲ့ မစံခေါ် စံမဒီကတော့ နေမခရဲ့ ဘ၀မှာ ဦးစားပေးရွေးချယ်မယ့်သူပါပဲ။ ဘ၀မှာ အများကြီး မမျှော်လင့်ထားပါဘူး ။ကိုယ့်ရဲ့ အိမ်ထောင်ဘက်က ဆင်းရဲချင်ဆင်းရဲပါစေ ဆွေမျိုးသားချင်းတွကတော့ စိတ်ဓါတ်အောက်တန်းကျတတ်တာမျိုးတွေကို လက်မခံနိုင်ဘူး။ဆွေမျိုးသားချင်းဆိုတာမျိုးက ကိုယ်ကပြတ်နိုင်ရုံနဲ့ ပြတ်တာမျိုး မဟုတ်ဘူးလေ။ ခုပဲကြည့်နေမခတို့ဘက်က ကင်းကင်းရှင်းရှင်းနေပေမဲ့ ဖခင်ဖြစ်သူနဲ့ အဘိုးအဘွားတွေက အမျိုးမျိုးစိတ်ဒုက္ခလိုက်ပေးနေကြတာလေ။တစ်ချိန်က အမှားတွေကို ခွင့်လွှတ်သည်းခံဖို့ဆိုတာလဲ သူတော်စင်မှမဟုတ် တာ။ အမေ့ကိုကြည့်ပြီး အဘိုးနဲ့အဘွားပြောခဲ့တဲ့ "ကောင်မက မြန်မြန် မသေနိုင်ဘူး" ဆိုတဲ့ စကားကို နေမခရဲ့နားထဲမှာ ခုချိန်ထိ ကြားယောင်နေမိတုန်းပဲလေ။ "ကဲပါ ... တို့သွားတော့မယ် .... မနက်မှဆိုင်မှာဆုံမယ်နော် "စံမဒီပြောပြီးတာနဲ့ နေမခကို ဖက်တွယ်ထားတဲ့ လက်တွေကို လွှတ်ပေးလိုက်တယ်။စံမဒီဘက်ကသာ မရှက်မကြောက်နဲ့ ပြောလိုက်ပေမဲ့ နေမခပုံစံက အေးတိအေးစက်မတုန်မလှုပ်နဲ့လေ။ သူမရဲ့ ပခုံးကို ပြန်လည်ထိန်းဖက်လာတဲ့လက်အစုံကလဲ နွေးထွေးမှုကင်းမဲ့နေပြီး လျော့တိလျော့ရဲနိုင်လှတယ်လို့ စံမဒီခံစားမိနေတယ်။လူစိတ်ဆိုတာကလဲ အခက်သားလား။ မရနိုင်လေပိုလိုချင်လေဆိုတော့ အပေါ်ယံကြည့်ရင် နွေးထွေးသယောင်နဲ့ အေးတိအေးစက်နိုင်လှတဲ့ ဒီလူသားကို စံမဒီ တစ်ယောက်တည်းပိုင်ဆိုင်ချင်လာမိတော့တယ်။ လိုချင်တာရှိရင် အချိန်ပေးချင်သလောက်ပေးရပါစေ ရအောင်ယူတတ်တဲ့ စိတ်ရင်းခံက သူနဲ့ ပတ်သက်လာမှ ဇွတ်တရွတ် သိမ်းပိုက်ချင်စိတ်တွေပါ ပေါက်လာမိတော့တယ် ။ ~~~~ "ဟင် " ခပ်လှမ်းလှမ်းကနေ တရွေ့ရွေ့လျှောက်လာတဲ့ ဟန်ပန်ကိုကြည့်ပြီး ကား ထိုင်ခုံနောက်မှီကို စိတ်ပျက်အားလျော့စွာမှီထိုင်နေမိတဲ့ ဟန်သော်လင်းရဲ့ ခန္ဓာကိုယ်က မတ်တောင့်သွားမိတယ်။ ရပ်ကွက်ဟောင်းကပြန်လာခဲ့ပြီးတော့ အလင်းချိုဆီကို လာတွေ့ခဲ့ပေမဲ့ အလုပ်ကိစ္စနဲ့ အပြင်သွားတယ်ဆိုလို့ စိတ်လေလေနဲ့ ကားလျှောက်မောင်းနေခဲ့တာလေ။မိုးချုပ်တော့ အိပ်ပြန်မယ်ဆိုပြန်လှည့်ခဲ့ပြီးမှ အိမ်ကိုမပြန်ဖြစ်ဘဲ အလင်းချိုတို့ရပ်ကွက်ထဲကို ကားကိုပြန်မောင်းလာခဲ့မိတာလေ။ အချိန်က ညရှစ်နာရီထိုးတော့မယ်။အလင်းချိုက သူမအရင်နေခဲ့တဲ့အိမ်ဟောင်းလမ်းဘက်ကနေ ပြန်လာနေတာကို ဟန်သော်လင်းတွေ့ လိုက်ရတယ်။ တလှုပ်လှုပ်လျှောက်လာတဲ့ အလင်းချိုကိုကြည့်ပြီး ဟန်သော်လင်း စဉ်းစားမိလိုက်တာက သူမအရင်အိမ်ဟောင်းကို သွားတာတော့ ဘယ်လိုမှမဖြစ်နိုင်ဘူး။ ကြည့်ရတာ တစ်ခြံကျော်ကအိမ်ကိုသွားတာဖြစ်မယ်လို့ တွေးလိုက်မိတယ်။ဟန်သော်လင်း ကားပေါ်က ဆင်းလိုက်ပြီး အလင်းချိုရှိရာဆီကို လျှောက်သွားလိုက်မိတယ်။ "အလင်း ... ဘယ်က ပြန်လာတာလဲ " " ရှင် " ရုတ်တရက် အနီးကပ်မေးလိုက်သံကြောင့် အလင်းချိုလန့်ဖျပ်ပြီး မော့ကြည့်လိုက်မိတော့ ဟန်သော်လင်းကိုတွေ့လိုက်ရတာမို့ အံ့ဩသွားရတယ်။ "ဟင် ...ကိုလင်း ညကြီးမိုးချုပ် ဘယ်လဲဟင်...အလင်းဆီလာတာလား " ရုတ်တရက် ပြန်မေးခံလိုက်ရတော့ ဟန်သော်လင်းလည်းဘာဖြေရမှန်းမသိဘဲ ပါးစပ်ထဲရှိရာကို ပြောချလိုက်မိတယ်။ "အယ်...ဟို ... အလင်းအလုပ်ကိစ္စ အဆင်ပြေရဲ့လား သိချင်လို့လေ ...ဖုန်းမဆက်ချင်တာနဲ့ ...ရောက်လာပြီးတော့လဲ မိုးချုပ်နေလို့ လာသင့်မလာသင့် စဉ်းစားနေတုန်း အလင်းကိုတွေ့လို့ဆင်းလာတာ" "ဪ ... ဟို ...အ...အဆင်ပြေပါတယ် ကိုလင်းရယ် " ဟန်သော်လင်းရဲ့ အမေးကို အလင်းချိုကထစ်ထစ်ငေါ့ငေါ့နဲ့ ပြန်ဖြေလိုက်တယ်။ "အဆင်ပြေတယ်ဆိုပြီး ဘယ်လိုဖြစ်တာလဲ အသံက ....ဘာလဲ အလုပ်အဆင်မပြေတာလား ...အဆင်မပြေလဲ တခြားအလုပ်တွေရှိပါတယ်ကွ... မင်းကလဲ အသံက အားမရှိလိုက်တာ" ဟန်သော်လင်း အားမလိုအားမရနဲ့ ပြောလိုက်မိတယ်။ "အင်း ...အလုပ်ကိစ္စမဟုတ်ပါဘူး ...တခြား စိတ်ညစ်စရာရှိလို့ " အလင်းချို ခပ်တိုးတိုး ပြန်ဖြေလိုက်ပြီး လူက အားမရှိတော့သလို ယိုင်ခနဲဖြစ်သွားမိတယ်။

စူးစူးရှရှနဲ့ ကြီးတော်တွေပြောသလို မာယာများတဲ့ အကြည့်တွေပေါ့။ "နာမည်က ဘယ်သူ " မမဆွေက မေးလိုက်တယ် ။အလင်းချို ကြားပေမဲ့ ဘာမှပြန်မပြောနိုင်ဘဲ နှုတ်ခမ်းတွေက ဆွံ့အနေခဲ့တယ်။ "အလင်းချိုတဲ့ မမဆွေ " ကြားထဲက မိုးသူဇာက ၀င်ဖြေလိုက်တယ်။ "အလင်းချို ဟုတ်လား "မမ ဆွေက သူ့ဘာသာ ခပ်တိုးတိုးရေရွတ်ကြည့်နေတယ်။ပြီးတော့ အလင်းချို မျက်နှာကို စူးစူးစိုက်စိုက်ကြည့်ပြီး မေးလိုက်တယ်။ "မိဘတွေရော " မမဆွေရဲ့ အမေးကို အလင်းချိုက ဖြုန်းခနဲမဖြေနိုင်သလို မိုးသူဇာကလဲ သေချာ မသိတာမို့ ပြန်မဖြေနိုင်ဘဲ အလင်းချိုကို ကြည့်လိုက်တယ်။ "ရှိ...ရှိပါတယ် ... အခုတော့ အဘွားနဲ့ပဲနေတယ် " အလင်းချိုက အသံကိုမတုန်အောင် သတိထားပြီး ဖြေလိုက်တယ်။မသေချာ မရေရာတဲ့ ထင်မြင်ချက်တွေအောက်မှာ အလင်းချို ဘာကိုမှ မမျှော်လင့်ချင်ဘူး ။ တကယ် ဟုတ်ခဲ့မယ်ဆိုရင်တောင် ပါးစပ်ကပြောမှသိတာထက် ခံစားသိရှိတာကိုပဲ လိုချင်တာ။ "မိုးက အကူအညီတောင်းတာဆိုတော့ ကူညီရမှာပေါ့ ...မမဆွေရဲ့ စားရင်းဇယားတွေကို ပြန်စစ်ပေးဖို့ စာရေးမတစ်ယောက်လိုနေတာနဲ့ အတော်ပဲ...ဘယ်လိုသဘောရလဲ " "ဟုတ်ကဲ့ " ကိုယ်တိုင် မသိလိုက်ဘဲ အလင်းချို ခပ်မြန်မြန်ပဲခေါင်းငြိမ်းလိုက်မိတယ်။ အလင်းချိုရဲ့ အဖြေစကားကိုနားထောင်ပြီး မိုးသူဇာ စိတ်ထဲကနေ ပြုံးပျော်နေမိတယ်။ ~~~~~~~ အပြန်လမ်းတစ်လျှောက်မှာ အလင်းချိုစိတ်တွေလေဟာနယ်ထဲမှာ မျောလွင့်နေသလို ခံစားနေရတယ်။ မမမိုးက ကိုယ်တိုင်လိုက်မပို့ဘဲ တက္ကစီငှားပေးလိုက်လို့သာပေါ့။မဟုတ်ရင် အလင်းချို မူပျက်နေတာကို မမမိုးရိပ်မိမှာသေချာတယ်။အလင်းချိုကတော့ အိမ်ကိုအမြန်ပြန်ပြီး မူလတန်းကျောင်းသူဘဝကတည်းက သိမ်းထားခဲ့တဲ့ ကျောပိုးအိတ်လေးထဲက ဓါတ်ပုံကိုပဲ အမြန်ကြည့်ချင်နေမိတော့တယ်။ ~~~~~~~ " ဟယ် ...သမီး အလင်းချို...အလင်းချို ဟုတ်ရဲ့လား ... " ဒေါ်လေးစန်းက အလင်းချိုကို မြင်တော့ အံ့ဩတကြီးနဲ့ ပြောပြီး အလင်းချိုတစ်ကိုယ်လုံးကို လှည့်ပတ်ပြီးကြည့်နေတယ် ။အလင်းချိုမှာ ဒေါ်လေးစန်းကို ဘာမှ ပြန်မပြောနိုင်ဘဲ အခန်းထဲကို ပြေးဝင်ခဲ့ပြီး ကျောပိုးအိတ်ဟောင်းလေးကို ထုတ်လိုက်တယ် ။ပြီးတော့ တမြတ်တနိုးသိမ်းထားတဲ့ ဓါတ်ပုံလေးကို ထုတ်ကြည့်လိုက်မိတယ်။ဒီမျက်နှာ၊ဒီမျက်လုံး၊ဒီအပြုံးတွေက ထပ်တူကျနိုင်လွန်းလှတယ်။အသက်ငါးဆယ်ကျော်စ အရွယ် မိန်းမတစ်ယောက်ဟာ အသက်နှစ်ဆယ်ကျော်အရွယ်လို နုနုငယ်ငယ်နဲ့ လှပတော့တာ မဟုတ်ပေမဲ့လုံးဝကြီးကို ပြောင်းလဲသွားတာမျိုး မဟုတ်ဘူး။ ငယ်ငယ်က ပုံရိပ်တွေနဲ့ အလှတွေကထင်ကျန်နေတုန်းပဲလေ။ဒါဆို... ဒါဆို မိခင်တစ်ယောက်က သူ့မှာ ငွေကြေးပြည့်စုံနေပါရဲ့နဲ့ ကိုယ့်သွေး ကိုယ့်သားကို မတမ်းတမိဘူးလား ။တစ်ကြိမ်တစ်ခါလေးတောင်မှ အမှတ်မရမိဘူးတဲ့လား။ စားဝတ်နေရေးအတွက် ဒုက္ခပေါင်းစုံကို ရင်ဆိုင်နေရလို့ဆိုရင် ထားပါတော့။ပြီးတော့ ..ပြီးတော့ရော ကိုယ့်ရင်က ဖြစ်တည်ခဲ့တဲ့သွေးသားရင်းချာကိုတောင် မမှတ်မိမသိရှိနိုင်ဘူးတဲ့လား။ မမှတ်မိနိုင်လောက်အောင် အမှတ်ကို မထားခဲ့တာလား။ ဓါတ်ပုံကို စိုက်ကြည့်နေမိရင်း ပါးပြင်ပေါ်ကို မျက်ရည်တွေက တစ်ပေါက်ပေါက်စီးကျလာခဲ့တယ်။အဖေဆိုတာဘာလဲ။အမေ ဆိုတာဘာလဲ ။အလင်းချိုနာနာကြည်းကြည်းနဲ့ ရေရွတ်နေမိတယ်။ ~~~~~ "သမီးပြန်တော့မယ်နော် ...အဘွား...အန်တီ " စံမဒီက နှုတ်ဆက်ပြီး ထပြန်တော့ နေမခက စံမဒီနောက်ကနေ ထက်ကြပ်မကွာလိုက်ပါလာခဲ့တယ်။စံမဒီရဲ့ ကားက ခြံ၀နားမှာရပ်ထားတာမို့ နေမခက ကားနား အထိ လိုက်လာခဲ့လိုက်တယ်။ စံမဒီက ကားနားကိုရောက်တော့ ကားပေါ်ကို မတက်သေးဘဲ နေမခဘက်ကို လှည့်ပြီး မျက်နှာချင်းဆိုင်ရပ်လိုက်တယ်။ပြီးတော့ နေမခရဲ့လက်ကို လှမ်းကိုင်ဆွဲယူလိုက်ပြီး " ကိုနေ ....မင်းကဟန်ဆောင်နေနိုင်တာလား ...ဒါမှမဟုတ် တို့ကို လှည့်စားနေတာလား " " ဗျာ .." ~~~~~~ လူတွေက ရင်ထဲမှာ နာကျင်လွန်းတဲ့အခါ ကိုယ့်ရင်ထဲမှာရှိတဲ့ တစ်စုံတစ်ယောက်ကို တမ်းတလေ့ရှိသတဲ့။ အဲ့ဒီတစ်စုံတစ်ယောက်ရဲ့ နှစ်သိမ့်မှုတွေအောက်မှာ နာကျင်မှုတွေကိုဖြေဖျောက်ချင်တတ်ကြတယ်တဲ့။ အလင်းချိုမှာ တစ်ညနေလုံး ဒေါ်လေးစန်းနဲ့အဘွားရဲ့ရှေမှာ ဟန်ဆောင်မျိုသိပ်ပြီးနေခဲ့ရသမျှ ညရောက်လာတော့ "လမ်းလျှောက်ထွက်အုံးမယ်ဆိုပြီး ထွက်လာခဲ့မိတဲ့ ခြေထောက်တွေက အိမ်တစ်အိမ်ရဲ့ ခြံတံခါးဝရှေ့မှာ ခြေစုံရပ်နေခဲ့မိတယ်။သတိဝင်လာချိန်မှာတော့ အိမ်ရှေ မှာရပ်ထားတဲ့ ကားနားမှာ တစ်ယောက်နဲ့တစ်ယောက်ဖက်တွယ်ထားကြတဲ့ လူနှစ်ယောက်ကို တွေ့လိုက်ရတယ် ။မြင်ကွင်းကို အလင်းချိုသတိလက်လွတ် ငေးကြည့်နေမိတယ်။ရင်က တလှပ်လှပ်တုန်လာတယ်။လည်ချောင်းဝမှာက မီးစနဲ့အထိုးခံလိုက်ရသလို့ စူးရှနာကျင်လာတယ်။အသံက ထွက်မလာဘူး။ သူတို့ အလင်းချိုကို မြင်ပုံမရကြဘူး ။ ခြံရှေ့ကနေ အလင်းချို ချာခနဲ လှည့်ထွက်လာခဲ့တယ်။မျက်ရည်မကျပါဘူး။ နှလုံးသားထဲမှာပဲ နာကျင်နေခဲ့တာ။ @@@@@@@@@@@@@@ အပိုင်း (၃၁ ) ဆက်ရန် ဧကြည်ဖြူ

မမမိုးကပဲ အပြောကောင်းလို့လား ။ ဒါမှမဟုတ် ခုတလောမှာ အလင်းချိုကိုယ်တိုင်ကပဲ လှချင်လို့လားမသိ။ မမမိုးရဲ့ စကားမဆုံးခင်မှာပဲ အလင်းချိုတစ်ယောက် အလှပြင်ဆိုင်ရဲ့ ဆုံလည် ထိုင်ခုံပေါ်မှာရောက်နေခဲ့ပါပြီ ။ "ဆံပင်ကိုတော့ မညှပ်ဘူးနော် မမ ...လိုတာလေးတွေပဲ ပြင်ပေးပါ " ~~~~ အလင်းချို ပြင်လိုက်ပြီးချိန်မှာ မိတ်ကပ်ကဖွေးဖွေး နှုတ်ခမ်းနီကရဲရဲနဲ့ လှတာတော့ လှသားပဲလို့ မိုးသူဇာ စိတ်ထဲက တွေးလိုက်မိတယ် ။ဆံပင်အုံထူထူမည်းမည်းနက်နက်တွေကို မဟော်ဂနီရောင်ဆိုးပေးလိုက်ပြီးနောက် နားဆွဲခပ်ကြီးကြီးကို ဝတ်ဆင်ပေးလိုက်ချိန်မှာတော့ အလင်းချိုရဲ့ ပုံစံက ခေတ်မီလှပတဲ့ မိန်းမတစ်ယောက် ဖြစ်လာသလို ဟန်သော်လင်း အထင်မကြီးတဲ့ မိန်းမတစ်ယောက်ပုံစံ ဖြစ်သွားတာကို မိုးသူဇာ ကျေကျေနပ်နပ် ကြည့်နေမိတယ်။ ဒါတောင် အလင်းချိုက ဟိုပေါ်ဒီပေါ် အဝတ်အစားတွေကို ဝတ်ခိုင်းလို့မရသေးလို့ပေါ့။ "လှလိုက်တာ အလင်းရယ် ... ယုံတောင် မယုံနိုင်ဘူး ... ကဲ အခုလို လှသွားတော့ ကိုယ့်ကိုယ်ကိုယ်ကြည့်ရတာ အားအင်တွေရှိသွားပြီ မဟုတ်လား " အလင်းချိုကမှန်ရှေ့မှာရပ်ရင်း ပြုံးပဲပြုံးနေမိတယ်။ "ကဲ ...ညီမလေးရေ ... ပြင်ဆင်ပြီးမှတော့ ...မမမိတ်ဆွေလုပ်ငန်းရှင်မမကြီးတစ်ယောက်နဲ့သွားတွေ့ရအောင် " "ဟုတ် .. ဟုတ်ကဲ့ မမမိုး " အလင်းချို မှန်ထဲက ကိုယ့်ပုံရိပ်ကိုယ်ကြည့်ရင်း ခေါင်းငြိမ့်ပြလိုက်မိတယ် ။ ~~~~~~~ တိုက်ထဲကို ကားစ၀င်လာကတည်းက အလင်းချိုစိတ်ထဲမှာ တစ်မျိုးကြီးခံစားလိုက်ရတယ် ။ခံစားချက်ကို ရေရေရာရာမပြောနိုင်ပေမဲ့ ဝန်းကျင်ပုံစံအနေ အထားကို သဘောမကျမိတာတော့ အမှန်ပဲ။ သံဆူးကြိုးအလိပ်ကြီးတွေနဲ့ ကာရံထားတဲ့ ခြံစည်းရိုး မြင့်မြင့်မားမားကြီးတွေက မသိရင်မကောင်းမှုတွေကို ကာကွယ်ပေးထားတဲ့ နံရံတွေလိုပဲ။အလုံပိတ်သံတံခါးကြီးတွေကနေတဆင့်ခြံထဲကို ကားကွေ့ဝင်လာခဲ့ချိန်မှာတော့ ဘာရယ်မဟုတ်စိတ်က မွန်းကြပ်ရှုပ်ထွေးလာသလို ခံစားလိုက်ရတယ်။ " လာလေ အလင်း ....မမဆွေက သဘောကောင်းပါတယ်ကွယ် ...." "ဟုတ် ... ဟုတ်ကဲ့ ..." မမမိုးရဲ့ ခေါ်သံကြောင့် အလင်းချိုခေါင်းကို ငြိမ့်ပြလိုက်ပြီး ဟိုဒီဝေ့ဝဲကြည့်ရင်း တိုက်ကြီးထဲကို လိုက်ဝင် လာခဲ့တယ်။ ~~~~ "အလင်း ...ဒီမှာ ခဏထိုင်အုံး ... တို့ မမဆွေကို သွားခေါ်လိုက်အုံးမယ် " ပြောပြီးတာနဲ့ မိုးသူဇာက မမဆွေရှိရာ အပေါ်ထပ်ကို တက်ခဲ့လိုက်တယ်။ ~~~~~~ "မိုးသူဇာရယ် ..နင်ဘယ်လိုလုပ်လိုက်တာလဲ ... ဖြုန်းစားကြီး ခေါ်ချလားရလားဟဲ့ ...ငါ့နှယ် ဘာလုပ်ရမှန်းမသိတော့ဘူး .." "မမဆွေရယ် ... အခွင့် အရေးကြုံနေလို့ပါ ... အခုချိန်က သူ့အလုပ်ရှာနေချိန် မဟုတ်လား .. လုပ်ပါ မမဆွေရယ်နော် " မိုးသူဇာက မမဆွေကို အပူကပ်လိုက်တယ်။မမဆွေဆိုတာက မကောင်းမှုဒုစရိုက် လောကမှာ ဆရာမကြီးတစ်ဆူပဲ ။ ဘယ်တော့မှတော့ ကိုယ်တိုင် မလှုပ်ရှားဘူး။ မမ ဆွေ ဒီလောကထဲကို ဘယ်လိုရောက်လာလဲ။မျိုးရိုးစဉ်ဆက်လားဆိုတာတော့ မိုးသူဇာ သေချာမသိဘူး။မိုးသူဇာ သိတာက မမတွေရဲ့ နောက်ကွယ်မှာ အားကိုးရတဲ့ စပွန်စာကြီးတစ်ယောက်ရှိနေတယ်ဆိုတာပဲ။ မမဆွေက အဲ့ဒီလူကြီးရဲ့ အငယ်အနှောင်း သဘောမျိုးဆိုပေမဲ့ ခြံနဲ့၀န်းနဲ့တိုက်နဲ့ ကားနဲ့ စည်းစိမ်ဥစ္စာအပြည့်နဲ့ထားတာလေ။ "ငါလဲ ...နင်စုံစမ်းခိုင်းလို့သာ ငါ့ကောင်လေးတွေနဲ့ စုံစမ်းခိုင်းပြီး နင့်ဆီ သတင်းပို့ခိုင်းလိုက်ရတာ ... ငါကိုယ်တိုင်က အဲဒီကောင်မလေး ဖြူသလား မည်းသလားတောင် သိတာမဟုတ်ဘူး...နည်းနည်းပါးပါး သူ့အကြောင်းတွေကို သိမှ ဖိန့်လို့လိမ့်လို့ ရမှာပေါ့ ဟဲ့...ခုက ဖြုန်းစားကြီးဆိုတော့ ငါက ဘာပြောရမှာလဲ ...ပြီးတော့ နင့်ကောင်လေးသိသွားရင်ရော " "ဖိန့်ဖို့ မလိုပါဘူး မမဆွေရယ် ... သူ့ပုံစံကိုတွေ့ရင် မမဆွေ သဘောကျမှာပါ...ဟန်သော်လင်းလဲ မသိနိုင်ပါဘူး ... နောက်တော့မှ သိရင်လဲ သိပါစေ ... အဓိက.က ဒီဟာမကို ဒီလောကထဲအရောက်ခေါ်သွင်းပြီး ပျက်စီးစေချင်တယ် ..." "အမယ်လေး ... ကြောက်ဖို့ကောင်းလိုက်တဲ့ မိန်းမရယ် ..ကဲပါ ရှေ့ကသွားစမ်း ... သူ့ကို ငါကြည့်ပါအုံးမယ် " ~~~~ "လာလေ မမဆွေ ထိုင်ပါအုံး ...ဒီမှာ မိုးပြောတဲ့ ညီမလေးလေ ... မမဆွေရဲ့ဘေးမှာ ထားဖို့ စာရေးမလိုနေတာမဟုတ်လား ...ဒီကညီမလေးရေး ကိုယ်ကျင့်တရားနဲ့ ပတ်သက်ရင် မိုးအာမခံပါတယ် " " အေးပါ ...ဒီကညီမလဲ မမကို မှတ်ထားနော် ...တို့ နာမည်က မမဆွေတဲ့ " "ရှင် " မမဆွေဆိုတဲ့ အမျိုးသမီးကို အလင်းချိုကြောင်ငေးပြီး ကြည့်နေမိတယ်။မမဆွေကို ငေးကြည့်ရင်း နှလုံးသားက တဒုန်းဒုန်း တဒိုင်းဒိုင်းမြည်အောင် ခုန်လှုပ်လာတယ်။ဒီမျက်နှာ၊ ဒီအသံက တစ်စုံတစ်ယောက်နဲ့ ခပ်ဆင်ဆင်တူနေတယ်။အသက်လဲ အရမ်းကြီးမသွားဘူး။ အသံတွေလဲ တအား ပြောင်းမသွားဘူး။ပြီးတော့ ဝိုးတဝါး မှတ်မိနေတဲ့ အကြည့်တွေ။ရှစ်နှစ်အရွယ် ကလေးတစ်ယောက်ရဲ့ မှတ်ဉာဏ်က ဘယ်လောက်ထိမှတ်မိနိုင်စွမ်းရှိပါသလဲ။ မှတ်ညဏ်က မသေချာနိုင်ပေမဲ့ ဖခင်ကြီးမသိအောင် အလင်းချိုဝှက်ထားခဲ့တဲ့ ဓါတ်ပုံလေးတစ်ပုံ။ သေချာတယ် နာမည်ကတော့ လုံး၀ မတူဘူး။ ကေသီချိုနဲ့ မမဆွေဆိုတော့ တစ်လုံးတစ်လေတောင် မတူတာသေချာတယ်။အကြည့်တွေက ရီဝေဝေ

"ဒါပေမဲ့ ... မင်းအဒေါ်ကြီးက စီးပွားရေးတော့ ခိုင်တယ် မောင် .... တို့ရပ်ကွပ်ထဲမှာ မြေကွက်ဝယ်ပြီး အခန်းတွဲတွေ ငှါးစားထားတယ်လေ... မင်းအဒေါ်က မင်းနဲ့ တူတော့ အချောသားဟ ...မင်းအဒေါ်ကို ကြိတ်ပိုးနေတဲ့ ဘဲကြီးတွေလဲ ရပ်ကွက်ထဲမှာ မနည်းဘူးဟ " ကိုယ်နဲ့ ဘာမှမဆိုင်ဘူးလို့ တွေးထားပေမဲ့ ဇော်ခန့်ရဲ့စကားကို ကြားလိုက်ရတော့ ဟန်သော်လင်း ဒေါသထောင်းခနဲထွက်သွားမိတယ်။နှလုံးသားထဲမှာသေဆုံးသွားပြီလို့ ထင်ခဲ့မိပေမဲ့ အမေရဲ့အကြောင်းတစ်ခွန်းတစ်စကို ကြားရရုံနဲ့တင် နှလုံးခုန်သံက မြန်ဆန်လာတယ်လေ။ "မင်းအဒေါ်က အိမ်ရှေ့မှာ ဈေးဆိုင်ဖွင့်ထားတယ်ကွ ... အိမ်ခြံမြေပွဲစားလဲလုပ်တယ်...မသိမသာ သွားချောင်းကြည့်ပါလား " "ဟင့်အင်း .. သူတို့အကြောင်းတွေမသိချင်ပါဘူးကွာ " နှုတ်ကသာ မသိချင်ဘူးလို့ ပြောလိုက်ပေမဲ့ စိတ်ကတော့ အိမ်ရှိရာဆီသို့ ရောက်သွားလေပြီ။ "မင်းအဖေနဲ့အမေကိုရော ....ဦးလှမောင်ကိုပါ ပိုက်ဆံ ကန်တော့ချင်တယ်ကွာ ... ငါလဲ ကလေးတွေအတွက် ရှာနေရတာနဲ့ ငွေပိုငွေလျှံလဲ သိပ်မရှိလို့ လာမကန်တော့ဖြစ်တာ ...မင်းလဲ ကလေးတွေကို ဂရုစိုက် .. လင်မယားချင်းအဆင်မပြေတိုင်း ကလေးတွေကို အပြစ်မရှာနဲ့နော် ...လိုအပ်တာရှိရင် အကူအညီလှမ်းတောင်း ... ငါနိုင်သလောက်တော့ကူညီမယ်" ~~~~~~ ဇော်ခန့်ရဲ့ မိဘနှစ်ပါးနဲ့ ဦးလှမောင်ကို ပိုက်ဆံနဲ့ကန်တော့ပြီး ပြန်လာခဲ့ချိန်မှာ ဟန်သော်လင်းကားကို အဘွားတို့အိမ်ရှိရာ လမ်းဘက်ကို သတိလက်လွတ်နဲ့ မောင်းလာခဲ့မိတယ်။စိတ်က သတိထားမိချိန်မှာ ကားက အိမ်ရှေ့က ဈေးဆိုင်ရှေ့တည့်တည့်မှာ ရောက်နေလေပြီ။ ကားပေါ်မှာ ထိုင်နေမိပြီးမှ မထူးတော့ပြီမို့ ဦးထုပ်ကို ဆောင်းလိုက်ပြီး ဟန်သော်လင်း ကားထဲက ထွက်ခဲ့လိုက်တယ်။ "ဘာလိုချင်လို့လဲ အစ်ကို ..." ဆိုင်ဝမှာ ငိုင်တိုင်တိုင်နဲ့ ရပ်နေမိတဲ့သူ့ကို ဆိုင်ထဲက ဆယ်ကျော်သက်အရွယ် ကောင်လေးတစ်ယောက် ထွက်လာပြီး မေးလိုက်တယ်။ဖြုန်းခနဲမို့ ဟန်သော်လင်း ဘာပြောရမှန်းမသိဘဲ ပါးစပ်ထဲရှိရာကို ပြောလိုက်မိတယ်။ "အ ... အအေးဘူးရှိတယ် မဟုတ်လား ... ရင်..ရင်တွေပူနေ....အေးအေးလေးတစ်ဘူးလောက်ပေး " "ဟုတ်ကဲ့ အစ်ကို ...ခဏလေးနော် " ကောင်လေးက ပြောပြီး ဆိုင်ထဲက ရေခဲသေတ္တာဆီကို လျှောက်သွားတာ။ ကြည့်ရတာ ဒီကောင်လေးက အမေ့ရဲ့သားဖြစ်မယ်ထင်ပါရဲ့။ဟန်သော်လင်းက ကောင်လေးကို တစ်ချက်ကြည့်ရင်း အိမ်ထဲကို လှမ်းကြည့်လိုက်မိတယ်။ "ဘာယူအုံးမလဲ အစ်ကို " ဟန်သော်လင်းရဲ့ ပုံစံကို ကြည့်ပြီး မယုံသင်္ကာ ပုံစံနဲ့ ခပ်ဆတ်ဆတ်မေးလာတဲ့ကောင်လေး။ဟန်သော်လင်း နှုတ်ကနေ လွှတ်ခနဲ ယောင်ပြီး ပြန်ဖြေလိုက်မိတယ်။ "ဟို ... ဟို..အ..အ..ဒေါ်စန္ဒာဝင်းရှိလား " "ဪ ...အစ်ကိုက အမေနဲ့တွေ့ချင်တာလား ... အိမ်ကိစ္စထင်တယ် ...ခဏလေး ကျွန်တော် ခေါ်ပေးမယ် ..." "အမေရေ ... ဒီမှာ ဧည့်သည် ရောက်နေတယ် " "ဪ ...အေး ...အေး လာပြီသားရေ" ကောင်လေးရဲ့ ခေါ်သံအဆုံးမှာ အိမ်ထဲက ပြန်ထူးသံနဲ့အတူ ခေတ်မီ အပြင်အဆင်အပုံစံနဲ့ လှမ်းလျှောက်လာတဲ့ ပုံရိပ်တစ်ခု။ လမ်းလျှောက်လာတဲ့ ပုံစံကိုကြည့်ပြီး ဟန်သော်လင်းရဲ့ ခြေတွေလက်တွေ တဆတ်ဆတ် တုန်ယင်လာမိတယ်။ပြီးတော့ လှစ်ခနဲ ကားရှိရာကို ပြန်ပြေးလာ ခဲ့မိတယ်။ ဒေါ်စန္ဒာဝင်း တစ်ယောက် မိမိကို တွေ့တာနဲ့ ချာခနဲ ကျောခိုင်းပြေးသွားတဲ့သူရဲ့ကျောပြင်ကို ကြည့်ပြီး အံ့သြမင်သက်နေမိရာကနေ စိတ်က တစ်စုံတစ်ရာကို ခံစားလိုက်မိပြီး တုန်တုန်ယင်ယင်နဲ့ ဆိုင်ပြင်ကို ပြေးထွက်ခဲ့မိလိုက်တယ်။ဒေါ်စန္ဒာဝင်းဆိုင်ပြင်ကို ရောက်တဲ့အချိန်မှာ ကားလေးက အဝေးကို ရောက်ရှိသွားခဲ့လေပြီ။ ~~~~ မိုးသူဇာက ဆိုဖာကျောမှီပေါ်ကို လက်တစ်ဖက်တင်လိုက်ပြီး စိတ်ထဲက ကြိတ်ပြီး ပြုံးနေလိုက်မိတယ်။ " အဲ့ဒီတော့ အလုပ်က မသေချာသေးဘူးပေါ့ ... အလင်းစိတ်ထဲမှာရော ဘာလုပ်ချင်တာလဲ မမကိုပြောလေ " မိုးသူဇာရဲ့ စကားကြောင့် အလင်းချိုက လက်နှစ်ဘက်ကို အချင်းချင်းပွတ်သပ်လိုက်ပြီး "အမှန်တိုင်း ပြောရရင်း အလင်းက သစ်ပင်စိုက်တဲ့အတွေ့အကြုံပဲရှိတာ ... စီးပွားရေး အဝေးသင်ဘွဲ့ရထားပေမဲ့ အလုပ်အတွေ့အကြုံလဲ မရှိဘူးလေ ... ဘာလုပ်ရမှန်းမသိသေးဘူး ... လုပ်မယ်ဆိုလဲ အလုပ်တစ်ခုကိုပဲ သေချာလုပ်ချင်တာ ...ဟိုစပ်စပ်ဒီစပ်စပ်နဲ့မလုပ်ချင်ဘူး ... " "အလင်းပြောတာကို မမမိုး နားလည်ပါတယ် ... ကိုယ်လုပ်နေကြ အလုပ်ကနေ ရပ်လိုက်ရတော့... စမ်းတဝါးဝါးနဲ့ ဘာလုပ်လို့ လုပ်ရမှန်းမသိတဲ့ အခြေအနေကို မမမိုးလဲ ကြုံဖူးတယ်လေ..... အတွေ့အကြုံရအောင် အလုပ်ဝင်လုပ်ကြည့်မလား ... ငွေရင်း မလိုဘူးလေ ...အဆင်မပြေမှ ကိုယ်ပိုင်လုပ်ငန်းပြောင်းလုပ်ပေါ့ ...ဒါနဲ့ အလင်းရဲ့ စတိုင်ကို အရင်ပြောင်းလိုက်ပါလားကွယ် ...အရင်လို မြေပေါက်ဘာပေါက်လဲ လုပ်ရတော့တာမှမဟုတ်တာ ...မိန်းမတစ်ယောက် အလှပြင်တယ်ဆိုတာ ယောက်ျားတွေ ကြည့်ဖို့ဆိုတာထက် ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်ရှိဖို့ပြင်ကြတာအလင်းရဲ့ .. မယုံရင်ပြင်ကြည့်ပါလား ..."

ဧကြည်ဖြူ "သံယောဇဉ် ကမ်းပါး '' အပိုင်း ( ၃၀ ) ****** နေမခ ဆိုင်ထဲကထွက်သွားတော့မှ အလင်းချိုလဲ ထိုင်ခုံနောက်မှီကို စိတ်ပျက်လက်ပျက်နဲ့ မှီချလိုက်မိတယ်။အမြင်ကပ်ကပ်နဲ့ ပါးစပ်ထဲရှိရာသာ လျှောက်ပြောလိုက်တာ တကယ်တမ်းက အလုပ်အတွက် ဘာအစီအစဉ်မှ မဆွဲရသေးဘူး။အလုပ်ရ ပြီးရောဆိုပြီး ရရာအလုပ်ဝင်လုပ်လို့ရပေမဲ့ လုပ်သက်အတွေ့အကြုံမရှိတဲ့ အလင်းချိုအတွက် လစာငွေကပြောပလောက်အောင် ရမှာမဟုတ်ဘူးလေ။ အခုချိန် လက်ထဲမှာငွေရှိနေသေးလို့ လစာနည်းလဲ မသိသာပေမဲ့ ရှိတဲ့ငွေကုန်သွားမှဖြင့်ဘယ်လိုလုပ်မလဲ။အဘွားပိုက်ဆံကိုလည်း မသုံးရဲဘူး။တော်ကြာကြီး တော်တွေက စစ်လားဆေးလားလုပ်လာရင် ရှင်းပြနေရတာမျိုး မလုပ်ချင်ဘူး။ ဟုတ်တယ် အလင်းချိုရဲ့စိတ်က တစ်စုံတစ်ယောက်က အထင်လွဲနေတာဖြစ်ဖြစ်။မတရားစွပ်စွဲ နေတာဖြစ်ဖြစ် ရှင်းပြရမှာကို အသေမုန်းတယ်။အထင်လွဲနေသူက သူ့စိတ်သူ့အထင်နဲ့ စိတ်တွေတိုဒေါသတွေထွက်နေလဲ အလင်းချိုကတော့ အေးဆေးပဲ။တစ်ဖက်လူရဲ့စိတ်ကို ဂရုကိုမစိုက်တတ်တော့တာလေ။ ငယ်ငယ်ကတည်းက အဘွား နဲ့ ကြီးတော်တွေရဲ့ မဟုတ်တမ်းတရားစွပ်စွဲမှုတွေကို နေ့တိုင်းလိုလို ရင်ဆိုင်ခဲ့ရတော့ လူက ထူသားပေသားကျသွားတယ်ပြောရမလား။တစ်နည်းပြောရရင် အရေထူလာတယ်လို့ပဲပြောရမလား။ ~~~~~ "ထမင်းဆိုင် ဖွင့်မလားသမီး...ဒေါ်လေးကချက်မယ် သမီးကရောင်းပဲရောင်း...ငွေလိုရင် ဒေါ်လေးစန်းရတဲ့ငွေတွေပါ ယူလိုက်လေ " ဒေါ်လေးစန်းရဲ့ စကားကြောင့် အလင်းချိုသဘောတကျ ရယ်လိုက်မိတယ်။ ဘာအလုပ်လုပ်ကြရင် ကောင်းမလဲလို့ သုံးယောက်သားထိုင်ပြီး ဆွေးနွေးနေကြတာ။ဒေါ် လေးစန်းက သူနိုင်တဲ့ အလုပ်ကို ထပြောတာလေ။ " အဘွားကတော့ ငါ့မြေးသဘောပဲ ...သိပ်ပင်ပန်းတာမျိုးဆိုရင်တော့ မလုပ်ပါနဲ့ကွယ် ... အဘွားပေးတဲ့ ပိုက်ဆံတွေကို သုံးနော် ..ကုန်ရင်ဘဏ်မှာ ထပ်ထုတ်မယ် " "ဟုတ်ကဲ့ပါ အဘွား...သမီးလဲ နီးနီးနားနားမှာပဲဆိုင်လေး တစ်ဆိုင်လောက် ဖွင့်မလားလို့ တွေးနေတာ ... အပြင်အလုပ်ကျ တစ်ခါမှ မလုပ်ဖူး တော့ အဆင်မပြေမှာ ကြောက်တယ် " " မြေးလေး သဘောပါကွယ် ..." "တူ ...တူ...တူ " အလင်းချိုတို့ စကားပြောနေတုန်းမှာ ဖုန်းသံမြည်လာတာမို့ ကောက်ကိုင်လိုက်တော့ မမမိုးရဲ့ ဖုန်းဖြစ်နေတာကိုတွေ့လိုက်ရတယ်။ "ဟယ်လို မမမိုး " "ညီမရေ အိမ်ပြောင်းတာ အဆင်ပြေတယ် မဟုတ်လား ... အလုပ်ကိစ္စရော အဆင်ပြေပြီလား ...မမဆိုင်ကိုလာခဲ့အုံးလေကွယ် မမလဲ ဝိုင်းကူ စဉ်းစားပေးမှာပေါ့ ... မမဆီမှာ လုပ်ချင်ရင်တော့ အချိန်မရွေးပဲနော် " "ဟုတ် ... ဟုတ်ကဲ့ မမ ... အလင်းလာခဲ့ပါအုံး " "အဲ့ဒါဆို ဒါပဲနော် ... မမမျှော်နေမယ် " မမမိုးနဲ့ ဖုန်းပြောပြီးသွားတာနဲ့အလင်းချို အပြင်သွားဖို့ပြင်လိုက်တယ်။လူက အလကား ထိုင်နေတာဆိုပေမဲ့ အချိန်တွေကရပ်တန့်နေတာမဟုတ်ဘူးလေ။ ဒီတိုင်းထိုင်နေမဲ့အစား မမမိုးလိုကိုယ်ပိုင်လုပ်ငန်း လုပ်နေသူ နဲ့ တိုင်ပင်ဆွေးနွေးတာက ပိုပြီး အကျိုးရှိမယ်ထင်ပါတယ်။ ~~~~~~~ ရပ်ကွက်က ဟိုအရင်ကလို စုတ်စုတ်ပြတ်ပြတ် မဟုတ်တော့ဘဲ တိုက်ခန်းအမြင့်ကြီးတွေနဲ့ ပြောင်းလဲနေခဲ့တယ်။ကလေးတွေ ဒီရပ်ကွက်မှာ မရှိတော့ကတည်းက ဟန်သော်လင်း လဲ ရပ်ကွက်ထဲကို မရောက်ဖြစ်တော့တာလေ။ဒီရပ်ကွက်ကိုရောက်တိုင်း ဟန်သော် လင်းရင်ထဲမှာ နာကျင်မှုတွေ အပြည့်နဲ့လေ။ သူ့အကြောင်း တစ်စွန်းတစ်စကိုတောင် စုံစမ်းဖော်မရတဲ့ မိခင်ကိုစိတ်ထဲကလဲ နာကြည်းနေမိတယ်။ "ဟာ...သော်ကြီး ... မင်းကွာ ပျောက်ချက်သားကောင်းလှချည်လား...ငါတောင်မိန်းမရနေပြီကွ....ခုမှ ဘာစိတ်ကူးပေါက်ပြီး ပေါ်လာတာလဲကွ " ဟန်သော်လင်းကို မြင်တာနဲ့ ဝမ်းသာအားရ လှမ်းပြီးနှုတ်ဆက်လိုက်တဲ့ ဇော်ခန့် ။ဇော်ခန့် ပုံစံက အရင်နဲ့မတူတော့။ ကွမ်းတံတွေး တပျစ်ပျစ်ထွေးရင်း တကယ့်အိမ်ထောင်ရှင် ယောကျာ်းကြီးလိုပဲ။ကွမ်းယာဆိုင်ကလဲ အရင်လို စားပွဲခုံရယ် ဝါးတန်းလျားလေးနံ့ မဟုတ်တော့ဘဲဆိုင်လုံးလေးနံ့ဖြစ်နေပြီ။ "မင်းကွာ ... နေနိုင်လိုက်တာ .. ကားနဲ့လာရင် နာရီဝက်တောင်မကြာတဲ့ ခရီးကို ....ကောင်လေးတွေမရှိတော့ ကတည်းက လာတောင်မလာဘူး ... လမ်းပေါ်မှာ ကလေးတွေ တိုးလာတိုင်း ငါတို့တော့ မင်းကိုပဲ သတိရနေကြတာ... " " ငါလဲ သတိရပါတယ်ကွာ ... ဒါပေမဲ့ လာချင်စိတ်မရှိဘူးကွ.." ဟန်သော်လင်းက ကွမ်းယာဆိုင်ရှေ့က ခုံမှာထိုင်ချလိုက်ရင်း ပြောလိုက်တယ်။ "ဒါနဲ့ ဦးလှမောင်ကြီးရော မမြင်ပါလားကွ ... ကျန်းမာရေးရော ကောင်းရဲ့လား " "ဦးလှမောင်က ကျန်းမာပါတယ်ကွာ ...ဆိုက်ကားတော့ မနင်းတော့ဘူး..မကျန်းမာတာက မင်းအဘွားကွ...မင်းအဒေါ် နှစ်ယောက်ကလဲ လွန်ပါတယ်ကွာ ...မင်းတို့အဘွားမကျန်းမာတော့ အိမ်ခွဲဆင်းသွားကြတယ်လေ.... မင်း အဒေါ် အကြီးဆုံးတော့ ရောက်နေတယ်ကွ ...ကြည့်ရတာ အိမ်ထောင်နဲ့ ကွဲလာသလိုပဲ... ကလေးနှစ်ယောက်နဲ့ ဒီကိုရောက်နေတာကြာပြီ " ဇော်ခန့်က ဟန်သော် လင်းရဲ့ အိမ်တွင်းရေးကို တစ်စွန်းတစ်စသိနေတာမို့ အသံ ခပ်အုပ်အုပ်နဲ့ လှမ်းပြောတယ်။"အဒေါ်အကြီးဆုံး " ဆိုတဲ့ စကားကြောင့် ဟန်သော်လင်း ရင်တွေ တထိတ်ထိတ် ခုန်လှုပ်လာမိတယ်။အမေ တကယ်ပဲ သူ့အိမ်ထောင်နဲ့ ကွဲလာတာများလားလို့လဲ စိုးရိမိစိတ်က ဝင်လာမိပြန်တယ်။

ပြုံးပြီး ပြောလိုက်တဲ့အလင်းချိုကို ဟန်သော်လင်း သတိလက်လွတ်နဲ့ ခပ်ငေးငေးလေးကြည့်နေမိတယ်။ဒီတစ်ယောက်ရဲ့အကြောင်းကိုပြောရင် အလင်းချိုရဲ့ မျက်နှာလေးပေါ်မှာ ပြုံးရိပ်လေးတွေသန်းနေတာကို မြင်ရတိုင်း ဟန်သော်လင်း ရင်ထဲမှာ ဆစ်ခနဲဆစ်ခနဲ ဖြစ်သွားရတာက အမှန်ပါပင်။ "ဟိတ် ကိုလင်း ဘာတွေငေးနေတာလဲ ...သူသွားပြီးလေ ... မမောင်းဘူးလား " " ဪ ... အင်း ...အင်း " ဟန်သော်လင်းမှာ အလင်းချိုကို ငေးမောကြည့်နေမိတုန်းမှာ အလင်းချိုရဲ့ အသံကြောင့် သတိပြန်ဝင်လာပြီး ကားကိုမောင်းထွက်ခဲ့တယ်။ ~~~~~~ "ဟင့်အင်း ... အလုပ်အတွက် ကစဉ်းစားထားပြီးသားပါ ....နေဖို့ နေရာကျအောင် စိစဉ် နေလို့ပါ" အလင်းချိုက နေမခရဲ့ မျက်နာကို မကြည့်ဘဲ ပြောလိုက်တယ်။ " ဘာအလုပ်လဲ ...ဆိုင်မှာက စာရင်းပဲလုပ်ရမှာ...ဘာမှပင်ပင်ပန်းပန်း မလုပ်ရဘူး ... မင်းလုပ်ချင်ရင် မစံကိုပြောလိုက်ရုံပဲ... ကိုယ့်သဘောနဲ့ကိုယ်လုပ်လို့လဲရတယ် ...မင်းအတွက် အလုပ်ချက်ချင်းရမှာလေ ..မစံက သဘောကောင်းပါတယ် " နေမခရဲ့ စကားအဆုံးမှာ အလင်းချို စိတ်တိုတိုနဲ့ နေမခကို မော့ကြည့်လိုက်မိတယ်။လူကို တကူးတကဖုန်းဆက်ခေါ်ပြီး အလုပ်အကြောင်း ပြောတယ်ဆိုပေမဲ့ တစ်ချိန်လုံး သူ့ပါးစပ်ဖျားက မစံဆိုတာက မပါမပြီးဖြစ်နေတာကို ကြည့်ပြီး အလင်းချို စိတ်အချဉ်ပေါက်လာမိတာမို့ စူပုတ်ပုတ်နဲ့ ပြန်ဖြေလိုက်တယ်။ " ရတယ် ... အလုပ်ကရှိပြီးသား ..." "အလုပ်က ရှိပြီးသားဆိုတော့ ဘာအလုပ်လဲပြော .. ပြောဆိုတော့လဲ မပြောနိုင်ဘူး ... ဘာအလုပ်လုပ်မှာလဲ ...ဘယ်မှာလုပ်မှာလဲ ပြောလေ... ပြောဖို့အရေးကို ဝေ့လည်ကြောင်ပတ်လုပ်နေတယ် "နေမခကလဲ စိတ်တိုလာတာမို့ အသံမာမာနဲ့ ပြောလိုက်တယ်။နုံနုံအအနဲ့သူများအလုပ်မှာ အနှိမ်ခံနေရမှာစိုးလို့ ကိုယ့်အလုပ်ထဲကိုခေါ်နေတာကို ရုပ်ကဂျစ်ကန်ကန်နဲ့ပြန်ဖြေနေတာလေ။ အရင်ကဆို ကိုယ်ဘာပြောပြော နာခံတတ်တဲ့သူက ဟိုကောင်ပေါ်လာပြီးမှ ဒီလိုပုံစံဖြစ်နေတာ အသိသာချည်းပဲ မဟုတ်လား။ "ဘာအလုပ်ဖြစ်ဖြစ် ... နင်နဲ့ နင့်မမစံမရှိတဲ့နေရာဆိုရင်လုပ်မှာ " လို့ အလင်းချို ပြောပစ်လိုက်ချင်ပေမဲ့ စိတ်ကိုမနည်း ချိုးနှိမ်လိုက်ပြီး " ကိုလင်းနဲ့အတူ ဆိုင်သေးလေးတစ်ဆိုင်လောက် ဖွင့်မလားလို့ တိုင်ပင်နေတာ ....အဘွားလဲ ပိုက်ဆံနည်းနည်းပေးထားတော့ " " ဘာ...ဟိုကောင်နဲ့ စပ်တူ ဆိုင်ဖွင့်မလို့ဟုတ်လား " " အင်း ... သူများအလုပ်တွေ မလုပ်ချင်ဘူး ..." "ဒါဆိုလဲ မင်းသဘောပဲလေ ... ငါက သူငယ်ချင်းတစ်ယောက်အနေနဲ့ ကူညီသင့်တာ ကူညီပေးရအောင် မေးတာ ...မင်းမှာ ကူညီပေးမယ့်သူရှိတယ်ဆိုလဲ ပြီးတာပဲ..ဒါဆို ငါသွားပြီး " ပြောပြီးတာနဲ့ နေမ မတ်တတ်ထရပ်လိုက်ပြီး ကော်ဖီဆိုင်ထဲက ထွက်ခဲ့လိုက်တယ်။ "တောက် "နေမခရဲ့ နှုတ်က လွှတ်ခနဲထွက်သွားမိတဲ့ တောက်ခေါက်သံ။ ဘာကိုစိတ်တိုလို့ တိုနေမိမှန်းလဲမသိ။ @@@@@@@@@@@@@@@@@@ အပိုင်း (၃၀ ) ဆက်ရန် ဧကြည်ဖြူ

ဘွားချိုက ပြောရင်းနဲ့ ဒေါ်မြမြဦးထိုင်နေတဲ့ ဝှီးချဲကို ခပ်ဖြည်းဖြည်းတွန်းတယ်။ ဒေါ်အေးမြနွယ်ကတော့ အထုတ်တွေကို ကားပေါ် တင်နေတဲ့ အလင်းချိုနဲ့ ဟန်သော် လင်းကို အမှတ်တမဲ့ကြည့်နေမိတယ်။ဟန်သော်လင်းဆိုတဲ့ ဒီလူငယ်လေးက သားကြီးနဲ့မတူဘဲ သွက်သွက်လက်လက်လည်းရှိတယ်။ပေါင်းတတ်သင်းတတ်တော့ ဒေါ်လေး စန်းရော အဘွားပါမက ဒေါ်အေးမြနွယ်တို့နဲ့ ပါ ခင်မင်သွားတယ်။ သားကြီးကတော့ ဒီလိုမဟုတ် အေးတိအေးစက်နိုင်လွန်းလှတယ် မဟုတ်လား ။တကယ်တမ်း နေနိုင်လားဆိုတော့လဲ နေနိုင်တာတော့မဟုတ်ဘူး။ နေနိုင်လား မနေနိုင်လားဆိုတာများ အဘွားပါ အလင်းချိုတို့နဲ့ လိုက်နေမယ်ဆိုတော့ ဘာပြောတယ်ထင်လဲ " ခုတင်နှစ်လုံးတည်း ထားခဲ့တာမဟုတ်လား အမေ ... သေချာတယ် အဲ့ဒီငတုံးက သူပဲ အနစ်နာခံပြီး သမံတလင်းပေါ် ဖျာခင်းအိပ်လိမ့်မယ် ... အိမ်မှာပိုနေတဲ့ တစ်ယောက်အိပ်ခုတင်ပို့ပေးလိုက်ပါလား အမေရယ် " တဲ့လေ။မွေးထားတဲ့ အမေမို့ ကိုယ့်သားရဲ့စိတ်ကို သိလို့ " သားရယ် ... အလင်းချိုလေးလဲ အိမ်ထောင်ပြုရမယ် အရွယ်ရောက်နေပြီလို့ ပြောတာကို "ဘာပြန်ပြောတယ်ထင်လဲ ။ လူဆိုတာ ကိုယ်ပိုင်လုပ်ငန်းလေးတစ်ခုတော့ ရှိမှ အချစ်ရေး အိမ်ထောင်ရေးကို စိတ်ဝင်စားရမယ်တဲ့လေ။ သူ့အတွေးနဲ့သူတော့ ဟုတ်လို့။ ဒီထက်ပိုပြီလဲ သားဖြစ်သူရဲ့ စိတ်ကို ဒေါ်အေးမြနွယ်မခန့်မှန်းနိုင်တာတော့ အမှန်ပါ။စံမဒီ ဆိုတဲ့ ကလေးမနဲ့ ကလည်း အလုပ်မှာလဲတတွဲတွဲမဟုတ်လား။အိမ်ပြန်ရောက်တော့လဲ ဟိုကလေးတက ဖုန်းတွေ တဂွမ်ဂွမ်ဆက်နေတာလေ။ကိုယ့်သားကလဲ ကလေးမဆက်တဲ့ ဖုန်းဆို အချိန်မရွေး ကိုင်နေတော့ သားဖြစ်သူရဲ့ စိတ်ကို နားမလည်နိုင်တာတော့ အမှန်ပဲ ။သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက အလုပ်ရှင်သူဌေးရဲ့ သမီးနဲ့ အလုပ်သမားဆက်ဆံရေးထက် မကတာတော့ အသေအချာပဲလေ။ အဲ့ဒီတော့ ဒေါ်အေးမြနွယ်မှာ ဘယ်သူ့ဘက်ကိုမှ မလှော်ရဲ၊ စကားလမ်းမကြောင်ရဲပါ။ သူတို့လေးတွေရဲ့ အဆုံးအဖြတ်ကိုပဲ စောင့်ကြည့်နေရတာပေါ့။ "ပစ္စည်းတွေ တစ်ခေါက် အရင် သွားပို့လိုက်မယ်လေ ... ပြီးမှ အဘွားကိုလာကြိုတာပေါ့ အလင်း " " ဟုတ် ...အဲ့ဒီလိုပဲ လုပ်တာပေါ့ ကိုလင်း ... ဒေါ်လေးစန်းပါ လိုက်ခဲ့တော့လေ ...အဘွားကို အန်တီနွယ်တို့နဲ့ ခဏထားခဲ့မယ်နော် " အလင်းချိုက ဟန်သော်လင်းကို ပြောလိုက်ရင်း ဒေါ်အေးမြနွယ်နဲ့ ဘွားချိုကိုပါ လှမ်းပြောလိုက်တယ်။ " ဪ ...အေး ..အေး သွားလေ သမီး ... အန်တီနွယ်တို့ စောင့်နေပါ့မယ် ဘာမှမပူနဲ့ ... ဟိုမှာ ပစ္စည်းတွေချခဲ့ပြီးမှ အဘွားကို လာပြန်ကြိုလေ " "ဟုတ်ကဲ့ .... အန်တီနွယ် " အလင်းချိုက အန်တီ နွယ်ကို ပြန်ဖြေလိုက်ရင်း ကားရှေ့ခန်းမှာ တက်ထိုင်လိုက်ပြီး တစ်ခြံကျော်က အန်တီနွယ်တို့အိမ်ဘက်ကို လှမ်းကြည့်လိုက်မိတယ်။တစ်ခြံလေးပဲ ခြားနေတာတောင် တွေ့ဖို့ခဲယဉ်းလှတဲ့ လူနှစ်ယောက်က နောက်ထပ်တွေ့ဆုံဖို့ဆိုတာ မလွယ်တော့ဘူးမဟုတ်လား ။အရင်ကလို အိမ်ရှေ.ကဖြတ်လျှောက်ဖို့ဆိုတာလဲ အခွင့်အရေးမရှိတော့ဘူးလေ။ ~~~~~~~ နေမခ ပြတင်းလိုက်ကာ နောက်မှာ ကွယ်ရပ်နေမိပြီး တစ်ခြံကျော်က မြင်ကွင်းကို ကြည့်နေမိတယ်။ကိုယ့်မှာလဲ ကားရှိတာကိုသိသိနဲ့ ကိုယ့်ဆီကျတော့ အကူအညီမတောင်းဘဲ အခြားတစ်ယောက်ကို အားကိုးနေတဲ့ သူမကို စိတ်ထဲ ဒေါသတွေထွက်နေမိတယ်။ဒီကြားထဲ အမေနဲ့ အဘွားကပါ အဲ့ဒီကောင်ကို တပြုံးပြုံးနဲ့ စကားတွေပြောနေတာကို မြင်ရတော့ ဘယ်သူ့ကိုစိတ်တိုလိုတိုနေမိမှန်းကို မသိတော့ဘူး။ဖြစ်နိုင်ရင် ဟိုပြူးတူးကြောင်တောင်နိုင်လှတဲ့ ငတိမ ကိုပဲပြေးပြီး နားရင်းအုပ်ပစ်လိုက်ချင်တော့တာ။ နေမခ ကြည့်နေတုန်းမှာပဲ ဒေါ် လေးစန်းနဲ့ သုံးယောက်သား ကားပေါ်တက်လိုက်ကြတာကို မြင်လိုက်ရတာမို့ ကားသော့ကို ခပ်မြန်မြန်ကောက်ယူလိုက်ပြီး အပြေးလေး ဆင်းလာခဲ့တယ် ။ ~~~~~ "ဟော့ဗျာ ...." "တီ ..တီ ...တီ " ဟန်သော်လင်းမှာ ကားကို မောင်းထွက်လာခဲ့စဉ် နေမခရဲ့ ကားက ခြံထဲကနေ ရုတ်တရက်ကြီးထွက်လာတာမို့ ကားဟွန်းကို တီးလိုက်ရတယ်။ ကားဟွန်းတီးလိုက်ကာမှနေမခက ကားကို ရပ်လိုက်ပြီး ခြံတံခါးဆင်းပိတ်ပြီး ဟိုကြည့်ဒီကြည့်နဲ့ လျှောက်ကြည့်နေသေးတာလေ။ ပြီးတော့ ဟန်သော်လင်းတို့ကိုပါ ဘုကြည့်ကြည့်သွားသေးတယ်။ နေမခရဲ့ ကလေးဆန်တဲ့ ပုံစံကိုကြည့်ပြီး ဟန်သော်လင်းမှာ ရယ်ချင်နေပေမဲ့ အလင်းချို ရိပ်မိသွားမှာကြောက်လို့ ရယ်ချင်စိတ်ကို မနည်းမျိုသိပ်ထားရတယ်။ "သူ ဘာလုပ်နေတာလဲ မသိဘူး ...အိမ်မှာဘယ်သူမှမရှိလို့ များလား ....အန်တီနွယ်တို့ကို စောင့်နေတာထင်တယ် " အလင်းချိုရဲ့ စကားကြောင့် ဟန်သော်လင်း ရယ်ချင်စိတ်ကို မျိုသိပ်လိုက်ရပြီး "မဟုတ်လောက်ပါဘူး အလင်းရယ် ...ကြည့်ရတာ ကားသော့ပျောက်နေတာထင်တယ် " ဆိုပြီး ဟန်သော်လင်းက စလိုက်တာကို အလင်းချိုက တကယ်ထင်ပြီး "ဟင် ... ဟုတ်လား ..ဒါဆို သွားကူရှာပေးလိုက်အုံးမယ် " ဆိုပြီး ကားပေါ်ကဆင်းဖို့ပြင်လိုက်တာမို့ ဟန်သော်လင်းမှာ မနည်းဆွဲထားလိုက်ရတယ်။ " ဟာ ..အလင်း .. မဟုတ်တာ ... ခုနပဲကားကိုမောင်းထွက်လာတာလေကွာ ...ကားသော့က ပျောက်စရာလား ...ကျွန်တော်က ရွဲ့ပြောတာကို အလင်းက တကယ် ထင်နေတာလား " "အယ် ...မသိဘူးလေ ...အဲ့ဒီ ဦးဒေါသက ကားမောင်းရင်းစိတ်မရှည်ရင် ကားသော့ပါ လွှတ်ပစ်မယ့်သူမျိုးလေ "

" ဟာ ... ဒီကောင်မလေးတော့...ဘာပေါက်ကရတွေ ပြောနေတာလဲ ...စားစရာရှိတစားပြီးရင် စာသွားလုပ်တော့ " ညီမဖြစ်သူရဲ့ စကားကြောင့် နေမခက လေသံမာမာနဲ့ ဟောက်ဟမ်း လိုက်တယ်။ ဘွားချိုနဲ့ ဒေါ်အေးမြနွယ်တို့ကတော့ နေမခတို့မောင်နှမနှစ်ယောက်ကို ဘာမှဝင်မပြောဘဲ ပြုံးစိစိနဲ့ကြည့်နေကြတယ်။ "သူ့အဘွားလိုက်နေတာ ကောင်းတယ်ဆိုပေမဲ့ ...အလင်းချိုလေးတော့ ပင်ပန်းရှာမှာပဲ...အဘွားကို ပြုစုဖို့အတွက် မမစန်းရှိတယ်ဆိုပေမဲ့ သုံးယောက်စာ တာဝန်က သေးပါ့မလား...ရေရှည်ကိုတွေးပြီး စိတ်ပူမိတယ် " ဒေါ်အေးမြနွယ်က ပြောရင်းသက်ပြင်းကို ချလိုက်မိတယ်။ " သူ့အဘွားမှာ အမွေတွေပါတယ် မဟုတ်လားသမီးရဲ့..အန်တီကြားတာတော့ အမွေကို ငါးပုံပုံကြတာဆို...အဲ့ဒီငွေနဲ့ အိမ်လေးဘာလေး ဝယ်လို့မရဘူးလား...မေးရမှာလဲ မမေးချင်ဘူး " ဘွားချိုက ဝင်ပြောလိုက်တယ်။ "ဟုတ်တယ် အန်တီ ..အမွေတွေ ပါတာမှန်ပေမဲ့ .. သူ့သမီးတွေက အကုန်ထုတ်သုံးခွင့်မပေးဘဲ ဘဏ်မှာအပ်ခိုင်းထားသတဲ့ ...ပြီးတော့ ပိုက်ဆံက ငါးပုံပုံပြီး ခေါင်းကွဲသွားတော့ အိမ်ဝယ်ဖို့ ဘယ် လုံလောက်မလဲ ... အိမ်ဈေးတွေကလဲ သိသိသာသာတက်တယ်လေ ... အလင်းချိုမှာ အလုပ်လဲ မရှိသေးတော့ သူ့ အစား သမီးတောင်ခေါင်းတွေကိုက်တယ် ..ကြည့်ရတာ ဇာတ်လမ်းက ဒီမှာ ပြီးသေးပုံမရဘူး ...ဖွ..ဖွ ...မပြောကောင်းမဆိုကောင်း ...အဘွားသာတစ်ခုခုဖြစ်သွားရင် မရှိရှိတာကို လာလုနေကြအုံးမှာသေချာတယ် " ဒေါ်အေးမြနွယ်ပြောရင်း ကနေ သက်ပြင်းမောတွေချမိပြန်တယ်။ "ကဲပါဗျာ ...အဘွားတို့ကလဲ သူးများအပူကို လိုက်ပူနေကြပြန်ပြီ ....ဦးလွင်ဦး...ဒေါ်ခင်လှတို့နဲ့တင် အပူတွေလုံလောက်နေပါပြီ ...အဲ့လိုလူတွေကြား ဝင်မပါ ကြပါနဲ့တော့နော် .." နေမခက စကားကို အပြတ်ပြောလိုက်ပြီး မနက်စာ ဝိုင်းမှထခဲ့လိုက်တယ်။ပြီးတော့ အလုပ်သွားဖို့ ပြင်ရမှာမို့ အပေါ်ထပ်အခန်းရှိရာကို တက်ခဲ့လိုက်တယ်။ အခန်းထဲရောက်တော့ ပြတင်းပေါက်ကနေ မြင်နေရတဲ့ ခြံကျယ်ကြီးနဲ့ နှစ်ထပ်အိမ်ကြီးကို လှမ်းကြည့်လိုက်မိတယ်။ဒီနေရာကို လှမ်းမြင်နေရတဲ့ အခန်းကိုမှ ဘာလို့နေမိလဲဆိုတာကိုတော့ ကိုယ်တိုင်လဲသေချာမသိတော့ပါ။ သေချာတာက နေမခရဲ့အဘိုးရင်းအဘွားရင်း တွေလို လောဘကြီးပြီး ကိုယ်ချင်းစာတရားကင်းမဲ့သူမျိုးတွေနဲ့တော့ မပတ်သက်ချင်တာအမှန်ပါပင်။ ~~~~~~~ "ဒါက စောစောစီးစီး ဘယ်သွားမလို့လဲ " ဟန်သော်လင်းက တိုက်ခန်းတံခါးကို သော့ခတ်နေစဉ်မှာပဲ မမမိုးရောက်လာပြီး မေးလိုက်တာမို့ ဟန်သော် လင်းစိတ်ရှုပ်သွားမိတယ်။ မမမိုးက ခုတလောမှာ နေရာတကာ ၀င်ပါနေတတ်တာကို ဟန်သော်လင်း သဘောမတွေ့လှပါ။ အစက တည်းက ကိုယ့်စည်းနဲ့ ကိုယ်နေကြဖို့ ပြောပြီးသားမို့ လိုတာထက်ပိုတဲ့ အပြုအမူပုံစံမျိုးကို လုံးဝကိုမကြိုက်ပါ။ "ဒီနေ့ ဧည့်သည်နဲ့ ချိန်ထားတယ်လေ ... ဒါက ဘယ်သွားမလို့လဲ " "ကျွန်တော့်မိတ်ဆွေတစ်ယောက် အိမ်ပြောင်းတာသွားကူမလို့လေ... မနေ့ကတည်းက မမမိုးကို ပြောထားတယ်နော် .. ဧည်သည်ကိုလဲ ညနေခြောက်နာရီ နောက်ပိုင်းမှ တွေ့နိုင်မယ်လို့ ပြောပြီးသားနော် " ဟန်သော်လင်း လေသံပြတ်ပြတ်နဲ့ ပြောလိုက်တယ်။ "နေပါအုံး ...အဲ့ဒီအိမ်ပြောင်းတာက ဘာအရေးကြီးနေလို့ အလုပ်ကိစ္စကိုပါ အချိန်ပြောင်းရတာလဲ ...မင်းက အလုပ်ကို ကစားကွင်းမှတ်နေတာလား ဟန်သော်လင်းရဲ့ " မိုးသူဇာ မကျေမနပ်နဲ့ ပြောလိုက်တယ်။ "အရေးကြီးလို့ပေါ့ဗျာ ... အချိန်ပြည့် အလုပ် အလုပ်နဲ့ ကျွန်တော် မနေနိုင်ဘူး ...ချမ်းသာတော့ မမတို့လိုလူမျိုးတွေကချမ်းသာပြီး ခံရတော့ ကျွန်တော်တို့ပဲခံရမှာလေ ... သွားပြီဗျာ " ပြောပြောဆိုဆိုနဲ့ ဟန်သော်လင်းထွက်လာခဲ့တော့ မိုးသူဇာ အံကိုခပ်တင်းတင်းကြိတ်ပြီး ကျန်ခဲ့တယ်။ ~~~~ ဟာလာဟင်းလင်းဖြစ်နေတဲ့ အိမ်ကြီးကို ကြည့်ပြီး ဒေါ်မြမြဦးက မှိုင်တွေနေတယ်။ အလင်းချိုနဲ့ ဒေါ်လေးစန်းကတော့ သိပ်များများစားစား မရှိလှတဲ့ အသုံးအဆောင်ပစွည်းထုတ်တွေကို ဟန်သော်လင်းရဲ့ ကားပေါ်ကိုတင်တယ် ။အလင်းချိုတို့ရဲ့ အိမ်ပြောင်းခြင်းမှာ ဗီရိုမပါ။ဆိုဖာဆက်တီမပါ ။ယုတ်စွအဆုံး အိုးခွက်ပန်းကန်ပင် အပြည့်အစုံမပါပေ။ပစွည်း ကြီးကြီး မားမားဆိုလို့အဘွားရဲ့ ဝှီးချဲရယ်။ အဘွားထိုင်နေကြ ကုလားထိုင်ရယ်ပြီးတော့ အဘွား အခန်းထဲက တီဗီရယ်ပဲရှိတယ်။နှစ်ထပ်အိမ်ကြိမ်တစ်အိမ်လုံးမှာရှိတဲ့ အိမ်တွင်းပစ္စည်းတွေက ကြီးတော်နှစ်ယောက် သယ်သွားလို့ကုန်ပြီလေ။ ဘယ်လောက်ထိ သယ်သွားကြလဲဆိုရင် ဒေါ်လေးစန်းနဲ့ အလင်းချိုကြည့်နေတဲ့ ဧည့်ခန်းထဲက တီဗီကိုပါ ယူသွားတာပါဆို။ "အန်တီရယ် ဘာမှအားမငယ်ပါနဲ့ ...ကျွန်မတို့လဲ ရှိပါတယ် ...." ဒေါ်အေးမြနွယ်က ဒေါ်မြမြ ဦးရဲ့ လက်ကလေးကို ဆုပ်ကိုင်ပြီး အားပေးစကားပြောလိုက်တယ်။အလင်းချိုတို့ အိမ်ပြောင်းတာကို ဘွားချိုရော ဒေါ်အေးမြနွယ်ပါ လာရောက် ဝိုင်းကူပေးနေတာပင်။တကယ်တမ်းက ဝိုင်းကူစရာများများစားစား မရှိဘူးဆိုပေမဲ့ အားပေးစကားပြောရုံသက်သက် လာကူနေကြခြင်းပါပင် ။ "ဘာမှစိတ်မပူနဲ့နော် အစ်မကြီး ...ဘာပဲဖြစ်ဖြစ်လိုအပ်တာရှိရင် ကျွန်မတို့ကိုပြော ... အလင်းချိုလေးက ကျွန်မတို့အတွက် သွေးရင်းသားရင်းနဲ့ မခြားပါဘူး "

ဧကြည်ဖြူ "သံယောဇဉ် ကမ်းပါး " အပိုင်း (၂၉ ) ******* "ကျွန်တော်က ခေါ်ပါတယ် ... သူက နေနိုင်ပါ့မလား ...မာလာကနည်းနည်းတော့စည်းကမ်းကြီးတယ်လေ " ဖခင်ရဲ့နှုတ်ကထွက်လာတဲ့စကားကြောင့် အလင်းချို အံ့သြမင်သက်စ္စာ ငေးကြောင်ပြီးကြည့်နေမိတယ်။အဓိပ္ပါယ် အမျိုးမျိုးထွက်နေတဲ့ ဖခင်ရဲ့ စကားမှာ လိုလိုလားလား ဖိတ်ခေါ်မှုမပါတာ အသေအချာပင်။ "မင်းအိမ်ကို လိုက်နေရင်တော့ မင်းစည်းကမ်းပေါ့ ... အခုလိုပေါက်လွတ်ပဲစားနေလို့တော့ ဘယ်ရမလဲ .." ကြီးကြိမေရဲ့ စကားသံက အလင်းချိုရဲ့ သိက္ခာကို စော်ကားလိုက်တာပါပင်။သူတို့အားလုံး အလင်းချိုရဲ့ ဆန္ဒကိုတော့ မေးဖော်ပင် မရကြပါလေ။အမွေရမယ့် ငွေထဲက ငွေကြေးနည်းနည်းမျှကို ပေးရမှာစိုးတာကြောင့် အလင်းချိုကို ဘောလီဘောအလားပုတ်နေကြခြင်းပါပင်။အမှန်တကယ်တော့လဲ ဒီအမွေတွေက အလင်းချိုနဲ့မဆိုင်မှန်သိပါတယ်။ အဖေနဲ့ ကြီးတော်နှစ်ယောက်ကသဒ္ဓါမှရမယ့် အမွေပါ။ဒီအတွက်တော့ဖြင့် အလင်းချို ၀မ်းမနည်းပါ။ ဒါပေမဲ့ ငွေအတွက်ကြောင့် လူကိုလူလိုမသက်မှတ်တာကို မကျေနပ်မိတာပါပင်။ "သမီး အဖေနဲ့လိုက်မနေပါဘူး ... ဘယ်သူနဲ့မှလဲမနေပါဘူး ... သမီးဘာသာ အိမ်ငှားနေမှာပါ...ကိုယ်နဲ့မဆိုင်တဲ့ အမွေကိုလဲ မလိုချင်ပါဘူး ...သစ်ပင်တွေ ရောင်းထားတဲ့ ငွေနဲ့ပဲ အခန်းငှါးနေမှာပါ " အလင်းချို ၀င်ပြောလိုက်တော့ အားလုံးက အလင်းချိုကို မျက်လုံးပြူးကြီးတွေနဲ့ လှည့်ကြည့်လာကြတယ်။ အဘွားက လေသံမပီတပီနဲ့ အလင်းချိုကို လှမ်းပြောတယ်။ "အဘွားလဲ သမီးနဲ့ လိုက်နေမယ်...ငါ့မြေးလေးနဲ့ ငါလိုက်နေမယ် ...နင်တို့နဲ့ မနေနိုင်ဘူး ....နင်တို့လဲ လိုချင်တာရနေပြီပဲ ကျေနပ်ကြပေါ့ .... အေး ဒါမှ မကျေနပ်ရင်လဲ ဒီအဘွားအိုကြီးကိုသာ သတ်လိုက်ကြတော့ " "သက်ဦး ...နင့်သမီးကို နင်မနိုင်ဘူးလားဟဲ့ ....ငါတို့ကို ပတ်ဝန်းကျင်က ကဲ့ရဲ့အောင်လုပ်နေတာလား ...မိလင်း နင့်ဘာသာ အထိန်းအကွပ်မဲ့နေချင်ရင်ကြိုက်တဲ့နေရာ သွားနေ...အမေကိုပါ အပါခေါ် မနေနဲ့ ဒီကြားထဲလဲ ငါတို့မသိအောင် အမေ့ဆီက ဘာတွေ ခိုးဝှက်ထားသေးလဲ မသိဘူး ..ဟိုအရင်က အမေ့ဆီမှာ သိမ်းထားတဲ့ ရွှေတွေ ရှိတာ ငါတို့အားလုံးသိတယ် ...ခုမေးတော့ နားထဲက နားကပ်ကလွဲလို့ဘာမှကို မေးမရဘူးလေ ... မေးလိုက်ရင် သုံးလို့ ကုန်ပြီဆိုတာချည်းပဲ ... နင့် သမီးကိုလဲ မေးအုံး သက်ဦး " ကြီးကြီးအေးရဲ့ စကားကြောင့် ဒေါသမဖြစ်စဖူး အလင်းချိုစိတ်ထဲမှာ ဒေါသထောင်းခနဲဖြစ်သွားမိတယ်။ ကြီးတော်တွေရဲ့ လောဘ ကတော့ အဆုံးကိုမသတ်နိုင်ပါဘူး။အဘွားဆီမှာ သိမ်းထားတဲ့ ရတနာတွေရှိသေးတယ်လို့ ယုံကြည်နေကြလို့လဲ အဘွားကို အလင်းချိုနဲ့ အတူနေခွင့်မပြုဘဲ သူခေါ်မယ် ငါခေါ်မယ်နဲ့ ငြင်းခုံလုယက်နေကြတာလေ။ "ဟဲ့ ငါ့ပစ္စည်းတွေက နင်တို့တွေဖြုန်းလို့ ကုန်တာဟဲ့ ... ငါ့မြေးနဲ့ ဘာမှမဆိုင်ဘူး .. နင်တို့တွေပိတ်ပင်ခဲ့လို့ အခုချိန်အထိငါ့မြေးလေးကို အဝတ်တစ်စုံတောင် မဝယ်ပေးဖူးဘူးဟဲ့ သိကြရဲ့လား ...အဟွပ် ...အဟွပ်... ဟိုကောင်သက်ဦး မင်းကရော ဖအေဖြစ်ပြီး ကိုယ့်သားသမီးအတွက်ရယ်လို့ ဘာဝယ်ပေးဖူးလဲ .. နင်တို့တွေ အားလုံး ကိုယ့် သွေးသားအရင်း အပေါ်မှာ မေတ္တာထားခဲ့ဖူကြလား ..." ဒေါ်မြမြ ဦးက ချောင်းတဟွပ်ဟွပ်ဆိုးနေတဲ့ကြားကနေ အားယူပြီးထပြောလိုက်တယ်။ အဲ့ဒီအခါ အားလုံးတိတ်ဆိတ်ငြိမ်သက်သွားကြတယ်။ဒေါ်မြမြ ဦးက ဆက်ပြောတယ်။ "မင်းတို့အဖေရှာခဲ့တဲ့ စည်းစိမ်ဥစ္စာတွေမို့ ...မင်းတို့တွေခွဲယူကြပါ ..အေး ငါလဲ မသေသေးတာမို့ ငါ့ကို တစ်ပုံပေးရမယ် ..ငါ့ ငွေနဲ့ ငါနေချင်တဲ့ သူနဲ့ နေမယ် ...ဒါကို မကျေနပ်လဲ မတတ်နိုင်ဘူး ...ရှေ့နေ့ကြီးကပဲ ငွေတွေကို လေးပုံပုံပြီး ခွဲဝေပေးပါ " " အမေ ...ခေါင်းမာလှချည်လား " "အမေ " ဒေါ်မြမြဦးရဲ့ စကားအဆုံးမှာ အားလုံးရဲ့ အသံတွေ ပြိုင်တူလိုလို ထွက်လာကြတယ်။ ''ကဲ...အားလုံးပဲ...ကာယကံရှင်ဒေါ်မြမြဦးက လမ်းကောင်းကောင်းမလျှောက်နိုင်တာကလွဲလို ...အသိရော သတိရောကောင်းနေတာမို့ ..သားသမီးတွေက ကာယကံရှင်ရဲ့ဆန္ဒကို လိုက်လျောပေးရပါမယ် ... အမွေပစ္စည်းတွေကို အားလုံး အညီအမျှ ခွဲဝေယူမှာဖြစ်ကြောင်းကို သဘောတူစာချုပ်ပါ ချုပ်ဆိုရပါမယ် " ရှေ့နေကြီးရဲ့ စကားအဆုံးမှာ မိသားစုတွေအားလုံး မကျေမနပ်နဲ့ပဲ ငြိမ်သက်သွားကြတယ်။ ~~~~~~ "အလင်းချိုတို့ မနက်ဖြန်ပြောင်းကြတော့မှာတဲ့လား " နေမခက ထမင်းစားနေရင်းကနေ ထမေးလိုက်တယ်။ "ဟုတ်တယ် မြေးကြီးရဲ့ ...သူ့အဘွားလဲ သူတို့နဲ့အတူ လိုက်နေမှာတဲ့ ...ငါ့မြေးလဲ ကိုယ့်သူငယ်ချင်းကို အားသွားပေးအုံးလေကွယ် ... အလင်းချိုလေးက အဘွားတို့အတွက် သိပ်အားကိုး ရခဲ့တာကွဲ ...သူတစ်ယောက်တည်းသာဆို အဘွားတော့ ခေါ်ထားမိမှာပဲ " နေမခရဲ့အမေးကို ဘွားချိုက ဖြေလိုက်တယ်။ "ဟုတ်တယ် ...မီးမီးလဲ မမလင်းကိုချစ်တယ် ... မမလင်း အိမ်မှာ လာနေရင် ကောင်းမှာပဲ " သဲသဲလေးက မုန့်စားနေရင်းကနေ ဝင်ပြောလိုက်တာမို့ နေမခက ဟန့်လိုက်တယ် ။ "ဟာ ... ဒီကောင်မလေးက တော့ ... သူများသားသမီးကို ခေါ်ချင်တိုင်းခေါ်လို့ရမလား ... " " ဟွန်း..ကိုကိုကလဲ ခေါ်ချင်တာများ အလွယ်လေးပါ ...ကိုကိုက မမလင်းကို လက်ထပ်လိုက်ပေါ့ ဘာခက်တာမှတ်လို့လဲ "

~~~~~~~ လက်တော့ကို ရှေ့ချပြီး ပစ္စည်းစာရင်းသွင်းနေရပေမဲ့ နေမခ စိတ်ထဲမှာ ဘာကို အလိုမကျ ဖြစ်နေမိမှန်းကိုမသိဘူး။လမ်းမှာကားပိတ်ပြီး အလုပ်နောက်ကျလို့စိတ်တိုနေမိတာလား။ ဒါမှမဟုတ် မနက်က အလင်းချိုကိစ္စကြောင့် စိတ်တိုနေမိတာလားကိုမသိဘူး။ စာရင်း မကိုက်လို့ ပြန်လုပ်နေရတာ နှစ်ခါတောင်ရှိနေပြီ။ "ကိုနေ... မင်းဒီနေ့ ဘာဖြစ်နေတာလဲ ... နေမကောင်းဘူးလား ... မျက်နှာကလဲ နီနေတာပဲ ... နေမကောင်းရင်နားလိုက်လေ " စံမဒီက နေမခနားကို ထလာပြီး နေမခရဲ့ နဖူးကို ခပ်ဖွဖွ စမ်းရင်းပြောလိုက်တယ်။ "ရပါတယ် မစံရယ် ... ညကအိပ်တာ ညဉ့်နက်သွားလို့ထင်တယ်...လန်းသွားအောင် ကော်ဖီထပ်သောက်လိုက်မယ် " နေမခထိုင်နေရာကနေ ထရပ်လိုက်ပြီး ကော်ဖီဖျော်ဖို့ ပြင်လိုက်တယ်။ "ကဲပါ ကော်ဖီဖျော်မလို့မဟုတ်လား ..တို့ဖျော်လိုက်ပါ့မယ် ... ခဏထိုင်နားလိုက်အုံး " မမစံရဲ့ စကားကြောင့် နေမခလဲ ဆိုဖာခုံပေါ်မှာ ခြေပစ်လက်ပစ် ထိုင်ချလိုက်မိတယ်။ဆိုင်ဖွင့်တာ ရက်ပိုင်းပဲ ရှိသေးပေမဲ့ ရောင်းအားကောင်းတော့ လူကပင်ပန်းတာတော့ အမှန်ပဲ။ဆိုင်မှာက သုံးလေးငါးရာတန် ပစွည်းကနေ သုံးလေးငါးသိန်းတန်ပစ္စည်းအထိရှိနေတော့ လူတန်းစားမရွေး သုံးစွဲနိုင်တဲ့ အနေအထားမို့ ရောင်းအားကသွက်တယ်။ ဆိုင်မှာပစ္စည်းအဝင်အထွက်စာရင်း အတွက်ပဲ စားရေးမသုံးလေးယောက်ခေါ်ထားရတာ။ နေမခဆန္ဒက ဒီစာရေးမလေးတွေကြားမှာ အလင်းချိုကိုလဲ စာရေးမလေးတစ်ယောက်အဖြစ် မြင်ချင်မိတာ။ ဒါပေမဲ့ ဆုံလိုက်တိုင်း ဒီစကားကိုမပြောရဘဲ ဘာမှန်းမသိ အဆင်မပြေတာနဲ့ စိတ်တိုနေရတာနဲ့ပဲ အချိန်တွေက ကုန်သွားတာ။ မတွေးတော့ဘူးဆိုကာမှ အတွေးထဲကို ရောက်လာတော့နေမခ ခေါင်းကိုခပ်သွက်သွက်ခါယမ်းလိုက်ပြီး ဆံပင်တွေထဲကို လက်အစုံနဲ့ ထိုးဖွပစ်လိုက်တယ်။အလုပ်လုပ်တဲ့နေရာမှာ အနှောက်အယှက်ဖြစ်တာမျိုးကို နေမခစိတ်အပျက်ဆုံးပဲ။ "ဒီမှာ ကော်ဖီသောက်လိုက်အုံး ...မင်းကိုကြည့်ရတာ မလန်းမဆန်းနဲ့ " စံမဒီက ကော်ဖီခွက်ကို နေမခလက်ထဲ ထည့်ပေးလိုက်ပြီး ဘေးမှာဝင်ထိုင်လိုက်တယ်။အလုပ်နဲ့ပတ်သက်ရင် တက်ကြွဖျတ်လတ်နေသလောက် အချစ်ရေးမှာတော့ အေးတိအေးစက်နိုင်လွန်းလှတဲ့ နေမခကို ကြည့်ပြီး စံမဒီ ရင်ထဲမှာ မကျေမနပ် ဖြစ်နေမိတယ်။စံမဒီဘက်က အခွင့်အရေးတွေ အကြိမ်ကြိမ်ပေးခဲ့ပေမဲ့ မသိကျိုးကျွံပြုပြီးနေခဲ့တာလေ။စံမဒီပြောသမျှ တောင်းဆိုသမျှကို လိုက်နာ တယ်ဆိုပေပမဲ့ သူ့ပုံစံက အလုပ်သမားနဲ့ အလုပ်ရှင်ပုံစံမျိုးလိုဆက်ဆံနေတာလေ။ပိုက်ဆံသာ မချမ်းသာတာ မာနက အကြီးသားဆိုတဲ့သူမျိုးပေါ့ ။ဒါပေမဲ့ ခုတလောမှာ ဒီကောင်လေးပုံစံကထူးခြားနေတာကို စံမဒီသတိထားမိနေတယ်။ သူ့ရဲ့ ပြောင်းလဲလာမှုကို သတိထားမိလို့လဲ စံမဒီစိတ်ထဲမှာ ပူပန်သောကလေးတွေ၀င်နေတာမိတယ် ။ ~~~~~~~ လူစုံတက်စုံဆိုတာဒီနေ့လိုမျိုးကို ပြောတာဖြစ်မယ်ထင်ပါရဲ့။ ကြီးတော်နှစ်ယောက်ရဲ့ မိသားစုအကုန်လုံးနဲ့ အဖေတို့ တစ်မိသားစုလုံးပါ ရောက်နေတာလေ။ အိမ်က ငွေအကြေချေပြီးသွားပြီမို့ အခုချိန်ကတော့ ရှေ့နေ့ကြီးနဲ့အတူ မိသားစုအမွေခွဲခန်းပေါ့။အမွေခွဲလို့ပြီးရင်တော့ အလင်းချိုနဲ့ဒေါ်လေးစန်းက ကိုယ့်အဝတ်ထုတ်ကိုယ်ပိုက်ပြီး အိမ်ပေါ်ကဆင်းကြရမယ့်ပုံပါပဲ။ " မဖြစ်နိုင်တာတွေ မပြောပါနဲ့အမေရယ် ... အမေတို့ သုံးယောက်တည်း နေလို့ဖြစ်မလား...မနေရပါဘူး ...မိလင်းကို သူ့အဖေခေါ်သွားလိုက်မယ် ... မိစန်းကိုတော့ ရွာပြန်ပြီး လုပ်ကိုင်စားဖို့ ငွေနည်းနည်းပါးပါး ပေးလိုက်ပါ့မယ် ... အိမ်ခေါ်သွားဖို့လဲ မဖြစ်နိုင်ဘူး...မိစန်းက အသက်ကြီးလာတော့ အရင်လို ခိုင်းရတာ အဆင်မပြေတော့ဘူးလေ" ကြီးကြီးမေရဲ့ စကားကြောင့် ဒေါ်လေးစန်းက ခေါင်းကို အောက်ငုံ့ပြီးမျက်ရည်တွေကျနေတယ်။ "ဘယ်လိုလဲ သက်ဦး ...မင်းရဲ့ သမီးကို ခေါ်သွားမှာ မဟုတ်လား ...အမေပြောသလို... သူတို့ကိုတစ်ပုံခွဲပေးပြီး သူတို့သုံးယောက်အတူတူနေမယ်ဆိုတာက ဖြစ်မှမဖြစ်နိုင်တာ...မင်းရဲ့ သဘောကိုပြောအုံး " ကြီးကြီးအေးရဲ့စကားသံဆုံးတော့ အဖေက သူ့မိန်းမကို လှည့်ကြည့်တယ်။အလင်းချိုရင်တွေ တထိတ်ထိတ်ခုန်ပြီး အဖေ့ရဲ့အဖြေကို နားထောင်နေမိတယ်။ @@@@@@@@@@@@@@@@@@@ အပိုင်း (၂၉ ) ဆက်ရန် ဧကြည်ဖြူ

ဧကြည်ဖြူ "သံယောဇဉ် ကမ်းပါး " အပိုင်း (၂၈) *****++ အလင်းချိုကြောင်ပြီး ငေးကြည့်နေမိတယ်။ခင်မင်လာခဲ့တဲ့ တောက်လျှောက်မှာ အိမ်ထဲထိဝင်လာဖို့မပြောနဲ့ ခြံဝမှာလာရပ်ရမှာကိုတောင်မုန်းသလို ရွံသလိုဖြစ်နေတဲ့သူက အိမ်ထဲထိ ရောက်လာတော့ အလင်းချို အံ့သြလွန်းပြီးကြောင်ငေးနေမိတာ။ "နေ...နေမခ ''အလင်းချို ထစ်ထစ်ငေါ့ငေါ့နဲ့ ခေါ်လိုက်မိတယ်။ နေမခ အိမ်ထဲကိုရောက်ချိန်မှာ မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် ကြောင်အမ်းအမ်းဖြစ်သွားမိတယ်။ဒါကသူ မမျှော်လင့်ထားတဲ့ မြင်ကွင်းလေ။ မနက် ကိုးနာရီလောက်ပဲရှိသေးတယ် ။ အိမ်ထဲမှာသူစိမ်းယောကျာ်းတစ်ယောက် ရောက်နေတာက ဖြစ်သင့်လို့လား။ မွေးနေ့လက်ဆောင်မို့ လမ်းကြုံ သဘောမျိုးနဲ့မပေးချင်လို့ မလာချင်တဲ့အိမ်ထဲထိ ၀င်လာပြီးတကူးတက လာပေးမိတာ ။နေမခလက်ထဲက လက်ဆောင်ထုတ်ကို ခုံပေါ်ကို ချပေးလိုက်ပြီးလေသံမမာအောင် သတိထားပြီးပြောလိုက်ရတယ်။ " သွားတော့မယ် ..အလုပ်ရှိလို" လက်ထဲက အထုတ်ကို ခုံပေါ်မှာ ချလိုက်ကာ နှုတ်ဆက်စကားပြောပြီး ချက်ချင်းပြန်ထွက်သွားတဲ့နေမခကို ကြည့်ပြီး အလင်းချိုမှာ အူကြောင်ကြောင်နဲ့ ရပ်နေမိတုန်းပဲ။ ဟန်သော်လင်းကတော့ ယောကျာ်းချင်းမို့ သူ့ကိုမြင်ပြီးနေမစစိတ်တိုသွားတာကို တန်းသိလိုက်တယ်။ဟန်သော်လင်း မသိဟန်ဆောင်ပြီး အလင်းချိုကို မေးလိုက်တယ်။ "အလင်းရဲ့ချစ်သူလား ...အထင်လွဲသွားပြီထင်တယ် ... ဘယ်လိုလုပ်မလဲ ...ကျွန်တော်လိုက် ရှင်းပြလိုက်ရမလား " အလင်းချိုက ဟန်သော်လင်းကို ခေါင်းခါယမ်းပြလိုက်ပြီး "သူငယ်ချင်းတွေပါ ... သူက အဲ့လိုပဲ စိတ်တိုတတ်တယ် ...အလင်းတို့အိမ်ကို တစ်ခါမှ မလာဖူးဘူး ...အဲ့ဒါကြောင့် အံ့သြနေမိတာ " အလင်းချိုရဲ့ အဖြေစကားကြောင့် ဟန်သော် လင်းရင်ထဲမှာ လှိုက်ခနဲ ဝမ်းသာသွားမိတာအမှန်ပင်။ " သစ်ပင်တွေမရှိတော့ဘူးဆိုတော့ ...အလင်းအလုပ်သစ်ရှာရတော့မှာပေါ့....ဘာအလုပ်လုပ်မယ်စိတ်ကူးထားလဲ ...ကိုယ်ပိုင်ဆိုင်လေး တစ်ဆိုင်လောက်ပဲ ဖွင့်မလား ...အကူအညီလိုရင်ပြောနော် အလင်း ...အားနာစရာ မလိုဘူး " " ဟုတ်ကဲ့ ကျေးဇူးပါ ကိုလင်းရယ် ... မနက်ဖြန်ကျရင် အိမ်မှာလူစုံမှာလေ ...အဖေလဲလာမှာ..အဲ့ဒီတော့မှ အဖေဘာပြောမလဲမသိသေးဘူး ... တကူးတက လက်ဆောင်လာပေးလို့ ကျေးဇူးပါနော် ကိုလင်း ... မွေးနေ့လက်ဆောင်က ဒီနှစ်မှရဖူးတာလေ " အလင်းချိုပြောရင်းက နေမခချထားခဲ့တဲ့အထုတ်လေးကို ပါကောက်ယူလိုက်တယ်။ပါကင်လှလှလေးထုတ်ထားပုံကို ကြည့်ရတာတော့ မွေးနေ့လက်ဆောင်ပေးသွားပုံပင်။ အထုတ်ကိုချခဲ့ပြီး ဘာတစ်ခုမှ မပြောဘဲထွက်သွားတော့ဆိုးတယ်။ ~~~~~~~ ခြံထဲကနေ ထွက်လာခဲ့ပြီး အပြင်ကိုရောက်လာတဲ့အထိ နေမခစိတ်ထဲမှာ မကျေမနပ်နဲ့ တနုံ့နုံ့ ဖြစ်နေမိတယ်။ ဘ၀အတွက်ကျတော့ဘာမှ ရေရေရာရာ ရည်မှန်းချက်မထားသေးဘဲ ရည်းစားထားဖို့ပဲ ကြံစည်နေတဲ့ ငတိမကို စိတ်တွေတိုနေမိတယ်။ဟိုကောင်ကလဲ မိုးမလင်းသေးဘူး မိန်းခလေးတွေပဲ ရှိတဲ့အိမ်ကို လာစရာလား။တစ်ယောက်ကလည်း ကျကျနနထိုင်ပြီးတော့ကိုဧည့်ခံနေတာလေ။ တကယ်ဆို ပြောင်းဖို့ရွှေ့ဖို့နဲ့ အလုပ်ရှာဖို့အတွက် အလုပ်များနေရမှာကို ဘာကိစ္စအချိန်ဖြုန်းနေရတာလဲ ။တွေးရင်း ဒေါသပိုဖြစ်လာတာမို့ လမ်းပေါ်က ကျောက်ခဲတစ်လုံးကို နေမခ ခပ်ပြင်းပြင်းကန်ထုတ်လိုက်မိတယ်။လာခဲ့မိတဲ့အတွက်လည်း နောင်တရမိသွားတယ်။ ~~~~~~ မိုးသူဇာတစ်ယောက် ဧည့်ခန်းထဲမှာ ခေါက်တုံ့ခေါက်ပြန်လျှောက်ရင်း ဒေါသတွေတလိပ်လိပ်ထွက်နေမိတယ်။ဟန်သော်လင်းညတုန်းက ပြန်ရောက်တယ်ပြောပြီး ဒီမနက် သွားကြည့်တော့ တိုက်ခန်းတံခါးက သော့ခတ်ထားပြန်တယ်။ဖုန်းဆက်တော့လဲ စက်ကပိတ်ထားတယ်။ဟန်သော်လင်းရဲ့အကျင့်ကဒီလိုပဲ ဆိုပေမဲ့အရင်ကတော့ မိန်းခလေးကိစ္စ မဟုတ်ဘဲ အပေါင်းအသင်းတွေနဲ့ အချိန်ကုန်တာဆိုတော့ ကိစ္စမရှိဘူးပေါ့။ သူနဲ့ မိုးသူဇာကြားမှာ အဆင့်ကျော်တဲ့ ပတ်သက်မှုမရှိဘူးဆိုပေမဲ့ ဆယ့်ခုနစ်နှစ်အရွယ်ကတည်းက ကိုယ့်ဆီရောက်နေခဲ့တာလေ။မနေ့တစ်နေ့ကမှ အိမ်ပြောင်သွားတာဘာကြာသေးလို့လဲ။ ဘာသွေးသားတော်စပ်မှုမှမရှိတဲ့ လူနှစ်ယောက်ကြားမှာ ဆွေမျိုးသားချင်းတွေလို သံယောဇဉ်ရှိနေတာပဲလို့ ဇွတ်ကြီးပြောနေလို့မရဘူးလေ။မိုးသူဇာအနေနဲ့ကတော့ရှင်းရှင်းပဲ သူရောကိုယ်ရော ကြိုက်တဲ့လူနဲ့ ရှုပ်ပွေတာကိုလက်ခံနိင်တယ်။ အတည်တော့မတွဲနဲ့။တစ်ချိန် လက်ထပ်မယ်ဟေ့ဆိုရင် ကိုယ်နဲ့ပဲ လက်ထပ်ရမယ် ။မိုးသူဇာက ဟန်သော် လင်းထက် ကိုးနှစ်ဆယ်နှစ်လောက်ကြီးတယ်ဆိုပေမဲ့ ဒီခေတ်ကြီးမှာ အသက်ကွာဟမှုက ဘာအရေးကြီးလို့လဲ ။တစ်ယောက် အကြောင်းတစ်ယောက်သိတဲ့ အတွင်းသိအစင်းသိချင်းကိုကျော်ပြီး အခြားတစ်ယောက်နဲ့ပေါင်းဖက်ချင်လို့ရမတဲ့လား။ ဒီလောကထဲကို ရောက်လာပြီးမှ လူကောင်းသူကောင်း ဂိုက်ဖမ်းနေရင် မှားသွားမှာပေါ့။ရှင်းရှင်းပြောရရင် မိုးသူဇာဆိုတဲ့ မိန်းမကို အကဲလာစမ်းလို့ကတော့ သေသွားမှာပေါ့ ။

အလင်းချို မျက်နှာလေး ပြုံးနေတာကို မြင်ရတော့ ဒေါ်အေးမြနွယ်ရင်ထဲမှာလည်းကျေနပ်နေမိတယ်။ ~~~~~~~ "တီ ...တီ ..တီ " ခြံရှေ့က အဆက်မပြတ် တီးနေတဲ့ ကားဟွန်းသံကြောင့် အလင်းချို.ခြံဝကိုထွက်ကြည့်လိုက်မိတော့ ဟန်သော်လင်းရဲ့ကားကိုတွေ့လိုက်ရတာမို့ အံ့ဩသွားပြီ: ခြံတံခါးဝနားကို အပြေးလေး သွားလိုက်တယ် ။ "ဟယ် ...ကိုလင်း ဘယ်တုန်းက ပြန်ရောက်တာလဲ " "မနေ့ညက ရောက်တာ အလင်းရဲ့ ... မွေးနေ့အမီ ပြန်ခဲ့မယ်လို့ပြောတယ်လေ .. မွေးနေ့ရှင်ကြီးက ဘာကျွေးမှာလဲပြော " "အမယ်လေး ဧည့်သည် ကလဲ အားမနာဘူးပဲ ... အိမ်ထဲဝင်အုံးလေ ... ကိုလင်းကို တွေ့ရင် ဒေါ်လေးစန်းတော့ ဝမ်းသာတော့မှာပဲ ..." ဟန်သော်လင်းတစ်ယောက် အလင်းချိုနောက်မှလိုက်ပါလာခဲ့ရင်းမှ တစ်ခြံလုံးကို ဝေ့ဝဲကြည့်လိုက်တော့ ခြံထဲမှာ ပန်းအိုးတွေကို မတွေ့ရဘဲပြောင်ရှင်းနေတာကို တွေ့လိုက်ရတာမို့ အံ့ဩတကြီးနဲ့ မေးလိုက်မိတယ်။ " အလင်း ...ပန်းအိုးတွေက အကုန်ရောင်းလိုက်တာလား ...ဘာဖြစ်လို့လဲဟင် ... အလင်းအလုပ်ထွက်လုပ်တော့မလို့လား " " အလုပ်ပဲ ပြောင်းမှာ မဟုတ်ဘူး ကိုလင်းရဲ့ ...အိမ်ပါပြောင်းရတော့မှာလေ... အဘွားက ဒီအိမ်ကိုရောင်းလိုက်ပြီ ကိုလင်းရဲ့ ....ဆယ့်ငါးရက်နေကျရင် အလင်းတို့အိမ်ပြောင်းရတော့မှာလေ " "ဗျာ ...တကယ်လား " ~~~~~ ခြံထဲမှာတင်မဟုတ်ဘဲ အိမ်ထဲမှာပါ ပြောင်ရှင်းနေတာကို တွေ့လိုက်ရတော့ ဟန်သော်လင်း စိတ်ထဲမှာပါ မကောင်းသလိုဖြစ်သွားမိတယ်။ " အလင်း ...ဟိုလေ မေးစရာရှိလို့ ...တစ်မျိုးတော့ မထင်နဲ့နော် ... ဒီအိမ်ရောင်းလိုက်တော့ အလင်းကဘယ်ကိုပြောင်းမှာလဲ ...အလင်းရော ပြောင်းဖို့ ရွေ့ဖို့ ငွေ ရရဲ့လားဟင် " ဟန်သော်လင်းက အဘွားဖြစ်သူရယ်အဒေါ်တွေနဲ့ ပတ်သက်ပြီး အတွေ့အကြုံရှိသူပီပီ အလင်းချိုကို မေးလိုက်တယ်။ "အလင်းက သားသမီးမှ မဟုတ်တာ ဘယ်ရမလဲ ကိုလင်းရယ် ... ကိုယ့်အစီအစဉ်နဲ့ ကိုယ့်ဘာသာပြောင်းမှာပါ " "ဟူး ...အဆင်ပြေရဲ့လားကွာ ...ငွေလိုရင် ကျွန်တော့်ဆီကယူသုံးထားနော် ... ပြီးတော့ ဘယ်ကိုပြောင်းမှာလဲ ...အိမ်ပြောင်းရင် ကျွန်တော့်ကားနဲ့ပဲပြောင်းပါ ...ကားမငှါးနဲ့နော် ပိုက်ဆံတွေ အပိုကုန်မယ် " ဟန်သော်လင်းက သက်ပြင်းမောကြီးနဲ့အတူ စိတ်မကောင်းစွာ ပြောလိုက်မိတယ်။ "ကားလဲငှားဖို့မလိုပါဘူး ကိုလင်းရယ် ...အဝတ်ထုတ်ကလွဲရင် ဘာမှမရှိဘူးလေ " အလင်းချိုက ရယ်ကျဲကျဲလေး ပြောနေပေမဲ့ ဟန်သော် လင်းရင်ထဲမှာတော့ မွန်းကြပ်နာကျင်နေမိတယ်။ "သမီး အလင်းချို....ခြံရှေ့မှာ ဧည့်သည်ရောက်နေတယ်ထင်တယ် ....ဟို ညီအစ်မတွေများလာကြတာလား မသိဘူး " ဒေါ်လေးစန်းက ကြီးကြီးမေနဲ့ကြီးကြီးအေးကို ရည်ရွယ်ပြီးပြောလိုက်ခြင်းဖြစ်တယ်။ကြီးကြီးအေးတို့မိသားစုကလဲ အိမ်ကိုစရံချပြီးသွားကတည်းက အိမ်ပြောင်းသွားကြပြီလေ။အလင်းချိုတို့မှာသာ ငွေအကြေရတဲ့နေ့အထိ အိမ်စောင့်နေရတာလေ။အဘွားကလဲ နေခွင့်ရသလောက် သူ့အိမ်မှာ နေချင်တယ်တဲ့လေ။ ကြီးတော်တွေကလဲ နှစ်ရက်တစ်ခါသုံးရက်တစ်ခါတော့ ညီအစ်မတွေကာတစ်စီးနဲ့ ရောက်ချလာပြီး အိမ်ထဲ ရှိတဲ့ ပစ္စည်းတွေကို နိုင်သလောက် သယ်သယ်သွားကြလေရဲ့။ "ဒေါ်လေးစန်း တံခါးသွားဖွင့်ပေးလိုက်အုံးမယ် သမီး ...." "အလင်းရဲ့ ကြီးတော်တွေက ကျွန်တော် ရောက်နေတာကိုကြိုက်ပါ့မလားဟင် ... ကျွန်တော်ပြန်လိုက်ရမလား " ဟန်သော်လင်း ထိုနေရာမှ ဆတ်ခနဲထရပ်ပြီး ပြောလိုက်တယ်။ "ရပါတယ် ကိုလင်းရယ် ...ထိုင်နေစမ်းပါ " "သမီး အလင်းချို ... မမကြီးတို့ မဟုတ်ဘူးကွဲ့ ...သ...သမီးဆီလာတဲ့ ဧည့်သည် " " ဟုတ်လား ဘယ်သူလဲ ဒေါ်လေးစန်း ..ဟင် ..." ဒေါ်လေးစန်းကို မေးလိုက်ပြီး အလင်းချိုနောက်ကို လှည့်ကြည့်လိုက်မိတော့ မြင်လိုက်ရတဲ့ မျက်နှာကြောင့် လူ့က ရုတ်တရက်ကြောင် အသွားမိတယ်။ @@@@@@@@@@@@@@@@@@@@ အပိုင်း ( ၂၈ ) ဆက်ရန် ဧကြည်ဖြူ

"ဒါပေါ့ကွယ် ... ဆံပင်ညှပ် အလှပြင်တာကို ဝါသနာမပါလို့ တခြားအလုပ်အကိုင် လိုအပ်ရင်လဲ မမကိုပြောပေါ့ ...မမဆိုင်ကိုလာနေတဲ့ လုပ်ငန်းရှင်တွေရှိတယ် ... အလုပ်တစ်ခုရအောင်တော့ မမပြောပေးနိုင်ပါတယ်ကွယ်..." ~~~~~~ မမမိုးတို့ဆိုင်က ပြန်လာခဲ့တဲ့လမ်းတစ်လျှောက်လုံးမှာ အလင်းချို အတွေးပေါင်းစုံကိုတွေးလာခဲ့မိတယ်။အလှပြင်ဆိုင်မှာ အသင်အဖြစ် ၀င်လုပ်လိုက်ရင်ပညာလဲရမယ်။ စားဖို့နေဖို့လဲ ပူစရာမလိုပေ။ဒါပေမဲ့ ဒေါ်လေးစန်းကိုရော ဘယ်လိုလုပ်ရမလဲ။ သူ့ခမျာ ကိုယ့်ကိုယ်ပဲကြည့်နေရှာတာ။အလင်းချိုသာ ကျောခိုင်းထားခဲ့လိုက်ရင် ဘယ်လိုလုပ်ရှာမလဲ ။ရှေ့ဆက်ပြီး မတွေးရဲ။ ~~~~`~~ "အမေတို့ နေတဲ့အိမ်က ....ဆက်ပြီးလူငှားတင်မှာတဲ့လား အမေ" သားဖြစ်သူရဲ့ စကားကြောင့် ဒေါ်အေးမြနွယ် သားကို အံ့သြစွာနဲ့ ပြန်မေးလိုက်မိတယ်။ "မသိဘူးသားကြီးရဲ့ ... အိမ်ရှင်တွေက သားအမိနှစ်ယောက်တည်းမို့ အမေတို့ကိုတော့ မိန်းမသားတွေဆိုပြီးယုံကြည်လို့ငှါးတာတဲ့ ... အိမ်ရှင်အဘွားရဲ့ သမီးမပျိုကြီးနဲ့ အမေတို့ကလဲ ရင်းနှီးနေလို့ငှါးတာ ... အခြားလူကို အငှါးတင်မလား မတင်ဘူးလားတော့ အမေလဲ မသိပါဘူးကွယ် ... သားက ဘာလုပ်မလို့လဲ " မိခင်ဖြစ်သူ ဒေါ်အေးမြ နွယ်ရဲ့ အမေးကို နေမခက တော်တော်နဲ့ မဖြေနိုင်ဘဲ အတော်လေးကြာမှ ခပ်တိုးတိုးပြန်ဖြေလိုက်တယ်။ "အလင်းချိုနဲ့ ဒေါ်လေးစန်းကို အဲ့ဒီအိမ်မှာပဲ ငှါးနေခိုင်းမလားလို့ပါအမေ ...အိမ်ရှင်တွေကလဲ မိန်းမတွေပဲဆိုတော့ စိတ်ချရတယ်လေ.... အမေပြောပေးလို့မရဘူးလား...ဟိုလေ ပြီးတော့ အိမ်လခကိုလဲ ကျွန်တော်နည်းနည်းစိုက်ပေးမှာမို့ အိမ်ရှင်ကိုစျေးလျှော့ပြီး ပြောခိုင်းပေးပါလား ... မဟုတ်ရင်ဟိုကပ်စီးမလေးက အိမ်လခဈေးကြီးတယ်ဆိုပြီး ငှါးမှာမဟုတ်ဘူး ... " စကားရှည်ကြီးကိုပြောပြီး မအေနဲ့မျက်လုံးချင်း မဆုံအောင် မျက်နှာကို လွှဲနေတဲ့ သားဖြစ်သူကို ကြည့်ပြီး ဒေါ်အေးမြ နွယ်စိတ်ထဲကနေ နှစ်နှစ်ခြိုက်ခြိုက်ပြုံးလိုက်မိတယ်။ ပေါ်ပေါ်တင်တင်လည်း မပြုံးရဲဘူး။တော်ကြာနေ သားတော်မောင်က ရှက်ရမ်းရမ်းနေမှာစိုးလို့လေ။သားကြီး မပြောလည်း ဒေါ်အေးမြနွယ်က ကိုယ့်ဘာသာ စုဆောင်းထားတဲ့ ငွေနဲ့ လုပ်ပေးဖို့ အန်တီချိုနဲ့ တိုင်ပင်ထားပြီးသား။ခက်တာက အလင်းချိုလေးကို ဘယ်လိုပြောရမှန်းကိုမသိလို့ ပြော.မထွက်ဖြစ်နေတာလေ။ သူ့ခမျာ တစ်ကိုယ်ရေတစ်ကာယသာဆို အဆောင်မှာနေပြီးအလုပ်လုပ်ရင်ရတယ်။ အူတူတူအတတဒေါ်လေးစန်းကြောင့် လွတ်လွတ်လပ်လပ် မနေနိုင်ရှာဖြစ်နေတာလေ။ သူ့ကြီးတော်တွေပြောသလိုပြောရရင်တော့ ဘာသွေးသားတော်စပ်လို့ စောင်ရှောက်စရာလိုလဲပေါ့။ဒါပေမဲ့ လူတစ်ယောက်နဲ့တစ်ယောက် မေတ္တာထားတဲ့နေရာမှာ သွေးသားက ဘာအရေးကြီးလိုလဲ ။ ဒီကောင်မလေးအလင်းချိုငယ်ငယ်တုန်းက ဖအေကလဲပစ်ထား။ဘွားအေကလဲမကြင်နာခဲ့ဘူးလေ။ ကြီးတော်တွေဆိုတာလဲ ခပ်ဆိုးဆိုးတွေဟာ ။ဒေါ်လေးစန်းပဲ အလင်းချိုလေးကို ကြင်ကြင်နာနာ နွေးနွေးထွေးထွေးဆက်ဆံပေးခဲ့တာလေ။ဒါကြောင့်မို့လဲ ဒီကလေးမက သူ့အတွက်ကို မတွေးဘဲ ဒေါ် လေးစန်းက အတွက်ပါ တွေးပြီး ပူပူပန်ပန် ဖြစ်နေရှာတာပေါ့။ သူ့ခမျာ ဘယ်လောက်သောကများ နေလဲဆိုရင် မျက်နှာလေးက အရင်လိုပြုံးပြုံးရွှင်ရွှင်တောင် သိပ်မရှိရှာတာကို ဒေါ်အေးမြ နွယ်သိတာပေါ့။ ~~~~~~~ "သမီးတို့ ပြောင်းလာရင် အဆင်သင့် ဖြစ်အောင် ... ပန်းကန်စင်နဲ့ အိုးခွက်တစ်ချို့လဲ အန်တီထားခဲ့တယ် ... ဘယ်မှာမှ ရှာမနေနဲ့တော့ သမီး...ဒီအိမ်မှာပဲ လေးငါးခြောက်လလောက်နေလိုက်ပေါ့ .. အိမ်လခကိုလဲ အန်တီနွယ် စစ်ပေးထားတယ် ... အန်တီတို့နဲ့လဲ မဝေးတော့ စိတ်ချရတယ် ... အဘွားတို့ကလဲ သားအမိနှစ်ယောက်တည်း ...သမီးတိုကလဲ နှစ်ယောက်တည်းဆိုတော့ နားအေးပါးအေးပေါ့ကွယ် " အန်တီနွယ်က တတွတ်တွတ် ပြောနေပေမဲ့ အလင်းချိုမှာ မယုံရဲရဲနဲ့ အိမ်ခန်းလေးကို ကြည့်နေမိတယ်။တကယ်တော့ အထူးတလည် ကြည့်စရာလဲမလိုပါဘူး။အန်တီနွယ်တို့အိမ်ပြောင်းတုန်းက အလင်းချို ကိုယ်တိုင် ကူရှင်းပေးခဲ့တာပဲဟာ။အိမ်က တိုက်ခံ ပျဉ်ထောင်အိမ် ။အပေါ်ထပ်ကို ဘေးလှေကားကနေ တက်ရတာ။အောက်ထပ်မှာက သမံတလင်း အကြမ်းပဲ ခင်းထားတယ်ဆိုပေမဲ့ သပ်သပ်ရပ်ရပ်သန့်သန့်ရှင်းရှင်းရှိတယ်။အန်တီနွယ်တို့ပြောင်းလာပြီးတော့ ဖယောင်းပုဆိုး အထူစားတွေ ခင်းလိုက်တော့ အိမ်နဲ့ပိုတူသွားတယ်။ "သမံတလင်းတွေက အေးတယ် ... ခုတင်နှစ်လုံးလဲထားခဲ့ပေးတယ် ...အိမ်မှာလဲ အသစ်ဝယ်လိုက်တော့ ဒီခုတင်တွေထားဖို့လဲ နေရာမရှိတော့ဘူးလေ " ဒေါ်အေးမြနွယ်မှာ မုသားမပါလင်္ကာမချောဆိုသလို အလင်းချိုမရိပ်မိအောင် ဖာဖာထေးထေးနဲ့ ပြောနေရတယ်။အိမ်လခ စိုက်ပေးမှာကလဲ သားဖြစ်သူရဲ့ အစီအစဉ်၊ခုတင်တွေကိုလဲ သားဖြစ်သူကပဲ ထားခဲ့ခိုင်းတာလေ။ "အန်တီနွယ်ရယ် ..တကယ်ပဲ အိမ်လခကို လျှော့ပေးတာလားဟင် .... နောက်မှ ထပ်မ တောင်းပါဘူးနော်...ဒီခေတ်ထဲမှာ ငါးသောင်းနဲ့ဆို အခန်းတွဲပဲ ရတာလေ... " "တကယ်လျှော့ပေးတာပါ သမီးရယ် ...အခန်းကလဲ အန်တီတို့ပဲ ပြင်ပေးထားတာဆိုတော့ တမင်လျှော့ပေးတာတဲ့ ....ဒီခြောက်လကတော့ အေးရာအေးကြောင်းသာနေ ... အလုပ်ရှာပြီး ငွေထပ်စုပေါ့သမီးရယ် " " ဟုတ်ကဲ့ အန်တီနွယ် ...သမီးကြိုးစားပါမယ် ...အန်တီနွယ်ကိုလဲ ကျေးဇူးတင်ပါတယ် "