fa
Feedback
ဧကြည်ဖြူ၏ ဝတ္ထုများ

ဧကြည်ဖြူ၏ ဝတ္ထုများ

رفتن به کانال در Telegram
803
مشترکین
+424 ساعت
+167 روز
+4630 روز
آرشیو پست ها
ဟန်သော်လင်း ဆိုဖာခုံမှာ ထိုင်ချလိုက်ပြီး စိတ်ပျက်လက်ပျက်နဲ့ ပြောလိုက်မိတယ်။ "ဘယ်လို ..ဘာပြောလိုက်တယ် ဟန်သော်လင်း ... ဒီလို ကြော့ကြော့မော့မော့လေးနဲ့ လုပ်နေရတာကိုကွာ ...မမမိုးက မင်းကို ကူညီချင်လို့ တမင် ဒီအလုပ်ကို ပေးထားတာကွ ...ဒီအလုပ်ကိုလုပ်ချင်နေသူတွေ တစ်ပုံကြီးကွ သိရဲ့လား " မိုးသူဇာက စိတ်တိုတိုနဲ့ ပြောလိုက်ပြီ ဟန်သော်လင်းရဲ့ ဘေးကဆိုဖာခုံမှာ ဆွေ့ခနဲ ၀င်ထိုင်လိုက်တယ်။ပြီးတော့ ထုံးစံအတိုင်း ဟန်သော်လင်းကို ပွတ်သီပွတ်သပ်နဲ့ပေါ့။ဟန်သော်လင်း မကြိုက်တာကလဲ ဒီလိုပုံစံကိုပဲ။ မမမိုးက ဒီလိုလုပ်တာကို သူညည်းခံနိုင်ပေမဲ့ တခြားအမေအရွယ်၊အဒေါ်အရွယ် အမျိုးသမီးတွေက ပွတ်သီးပွတ်သပ်လာလုပ်ကြတာကိုတော့ သည်းမခံချင်ဘူး။ပြီးတော့ ဟန်သော် လင်းလုပ်ရတဲ့ အလုပ်ကလဲ မယ်မယ်ရရ အမည်တပ်လို့ရတဲ့ အလုပ်တော့မဟုတ်ဘူး။ မမမိုးဆီလာကြတဲ့ အန်တီကြီးတွေ ၊ မမကြီးတွေကို သားသားနားနား ဝတ်စားပြီး ညေ့်ခံပေးရုံပဲ။ ဒီထက်ပိုပြီး ဘာမှမဘာကြဘူးဆိုပေမဲ့ ဟိုတို့ ဒီတို့လောက်တော့ ရှိကြတာပေါ့။ ဒါပေမဲ့ ဟန်သော်လင်းက ဒါမျိုးတွေကို မကြိုက်ဘူး။ပြီးတော့ ဟန်သော်လင်း နားမလည်နိုင်တာက မမမိုးက ပွဲစားဆိုပေမဲ့ ဘာတွေကိုပွဲစားလုပ်နေတာလဲ ။ပွဲစားဆိုတဲ့ လူတွေကလဲ နေ့တိုင်းလိုလို ဘာတွေ အရောင်းအဝယ် လုပ်နေကြလဲဆိုတာကို နားမလည်နိုင်တာပဲ။ " အဲ့ဒီလို မလုပ်ပါနဲ့ မောင်လေးရယ်....မင်းရှိတော့ မမမိုးလဲ အားရှိတယ်လေ ... မဟုတ်ရင် မမမိုးကို လူတွေ အထင်သေးကြမယ်ကွ ...ခုတော့ မင်းကို မမမိုးရဲ့ မောင်လေးလို့ ပြောထားတော့ အိမ်လာရင် ရိသဲ့သဲ့တောင် မလုပ်ရဲကြဘူးလေ " မမမိုးဒီလိုပြောတော့လဲ ဟန်သော်လင်းရဲ့စိတ်တွေပြောင်းသွားရပြန်တယ်။သေချာတာက ပင်ပင်ပန်းပန်းဘာမှမလုပ်ရပါဘဲ ဧည့်သည်လာရင် ကော်ဖီလေး အအေးလေးချပြီး ဧည့်ခံပေး၊ဖုန်လေးဆက်ပြီး မမမိုး ပြောခိုင်းတဲ့အတိုင်း ပြောပေးရုံနဲ့ ငွေကို ဖောဖောသီသီသုံးရတဲ့ဘ၀ကို ဟန်သော်လင်းကိုယ်တိုင်က ပျော်မွေ့နေမိပြီဆိုတာပါပဲ ။ ~~~~~~~ "ကျွန်တော် စင်္ကာပူသွားမလို့ပါ " "ဘယ် ...ဘယ်လို သားကြီး " "မြေးကြီး ...မင်းဘာပြောလိုက်တယ် နေမခက အမေနဲ့အဘွားရှေ့မှာထိုင်ကာခေါင်းကိုငုံ့ထားပြီး မဝံ့မရဲပြောလိုက်မိတယ်။ ========================= အပိုင်း (၁၆ ) ဆက်ရန် ဧကြည်ဖြူ .

ပြောပြောဆိုဆိုနဲ့ နီလာက အဝတ်တစ်ထုတ်ကို အလင်းချိုရှေ့ကို ပစ်ချပေးတယ်။ပြောရရင် ခိုင်းတာချင်းအတူတူ နီလာက ချိုချိုသာသာလေး ပြောပြီးခိုင်းတတ်တယ်။အခြားသူတွေလို မောက်မောက်မာမာတော့ ပြောလေ့မရှိဘူး။ ဒါပေမဲ့ ခိုင်းတဲ့နေရာမှာတော့ နီလာလဲ အခြားသူရဲ့ နောက်ကောက်တော့မကျဘူး။ဒါလီစိုးနဲ့ နီလာတို့ ညီအစ်မတွေ အိမ်မှာဆုံတဲ့နေ့ကတော့ အလင်းချိုအတွက် ထမင်းတောင် ကမန်းကတန်းစားရတဲ့နေ့လို့ပဲ ပြောရမှာပဲ။ "အဝတ်တွေလျှော်ပြီးရင် မမအခန်းထဲကို လာခဲ့အုံးနော် ... မမ နင့်ကို ခိုင်းစရာလေးလဲရှိ လို့ ... ပြီးတော့ နင့်ကိုပေးဖို့အင်္ကျီလေးတွေ လဲရွေးထားပေးမယ် " ပြောပြီးတာနဲ့ ပြန်ထွက်သွားတဲ့ မနီလာကို ကြည့်ပြီး အလင်းချို သက်ပြင်းချလိုက်မိတယ် ။ ကြီးကျယ်တယ်ပဲပြောပြော မနီလာတို့ပေးတဲ့အင်္ကျီတွေကို အလင်းချို မဝတ်ချင်ဘူး။ သူတို့က လူစုံရင် အလင်းချိုက သူတို့အင်္ကျီအကျတွေကို ဝတ်ရတဲ့အကြောင်းကို ပြောတတ်ကြတယ်။ကြာတော့ အလင်းချိုလဲ အပြောမခံချင်တော့ဘူး။ အဲ့ဒါကြောင့် အဖေမုန့်ဖိုးပေးတဲ့ငွေလေးနဲ့ ကိုယ်တတ်နိုင်တာလေးတွေပဲ ဝယ်ဝတ်လိုက်တယ်။ဒေါ် လေးစန်းကလွဲရင် အဖေအပါအဝင် ဘယ်သူမှ အလင်းချိုကို အဝတ်အစားဝယ်ပေးဖို့ သတိမရကြဘူးလေ။ဒေါ်လေးစန်းခမျာတော့ လစာထုတ်ရင် အလင်းချိုအတွက် ဒီလ အင်္ကျီဆိုရင် နောက်လက ထဘီတစ်ထည်စသဖြင့် ဝယ်ပေးတတ်တယ်။ အလင်းချိုလဲ အရင်လို ဘေထုတ်ထဲက စျေးပေါပေါနဲ့ရတဲ့ အင်္ကျီပွပွကြီးတွေ၊ ဘောင်းဘီတိုတွေကို မဝတ်ချင်တော့ဘူး။ ~~~~ အဝတ်လျှော်ပြီးလို့ မနီလာ အခန်းရှိရာကို အလင်းချိုလာခဲ့တော့ အခန်းထဲမှာ မဒါလီစိုးရော ၊မနီလာနကြည်ပြာပါရှိနေတာမို့ စိတ်ညစ်သွားမိတယ်။ "မနီလာ ... အလင်းချိုကို ဘာခိုင်းမလို့လဲ " အလင်းချိုက အသံပေးလိုက်တယ်။ " ဪ ...အခန်းထဲဝင်လာလေ အလင်းချို... ဒီမှာ မနီလာရဲ့ ဗီရိုအရမ်းပွနေလို့ ရှင်းပေးပါအုံးကွယ် ...တချို့ အဝတ်တွေလဲ ညီမဝတ်ဖို့ယူသွားလေ ..." "နီလာရယ်... နင့်အင်္ကျီတွေကို သူဝတ်ရင် ရယ်စရာကြီး ဖြစ်နေမှာပေါ့ဟယ် ... ကျီးကန်းကို ပိတ်ဖြူပတ်ပေးထားသလိုဖြစ်နေမယ် ..." " မမဒါလီပြောတာ ဟုတ်တယ်နော် ..ခိ...ခိ" မဒါလီစိုး နဲ့ ကြည်ပြာက အလင်းချိုကို ကြည့်ပြီး လှောင်ပြုံးပြုံးပြီး ရယ်ကြတယ်။တကယ်ဆို အလင်းချိုရဲ့ အသားအရည်ကသူတို့ပြောသလို မည်းမည်းတုံးတုံးကြီးလဲ မဟုတ်ပါဘူး။ သူတို့နဲ့ယှဉ်ရင်တော့မည်းတာပေါ့လေ။အစကတော့ အလင်းချိုရဲ့ အသားအရည်တွေလဲ သူတို့လိုဖြူဝင်းနေတာမဟုတ်ပေမဲ့ အသားလတ်လတ်စိုစိုး၀င်း၀င်းလေးပါပဲ။ခုနောက်ပိုင်း အလုပ်တွေများလို့အိပ်ရေးပျက်တာရော၊သစ်ပင်တွေစိုက်နေလို့ရော အသားတွေကအတော်တော့ ညိုသွားတာ အမှန်ပါပဲ။ ဒါပေမဲ့ပြောလောက်အောင်တော့ မဆိုးဘူး ထင်ပါတယ်။ ထားပါလေ ဒီလောက်ကတော့ အလင်းချို ကမမူပါဘူး။ အသားဖြူဖြူ၊မဖြူဖြူ လူက လူပဲဟာ။ "အမယ် မမက ဘာသိလို့လဲ ...အလင်းချိုက ရုပ်သာဆိုးတာနော် ...ဈေးသွားတာတောင် မင်းသားချောလေးနဲ့သွားတာ မမဒါလီရဲ့ ... ဟုတ်တယ်မဟုတ်လား အလင်းချို " ကြည်ပြာက စသလို နောက်သလို ပြုံးစိစိနဲ့ ပြောတယ်။ " ဟုတ်လားဟဲ့ ... ငါလဲ သတင်းတော့ ကြားမိသား.. နေ့တိုင်း အထုတ်အပိုးတွေ ကူသယ်ပေးတာဆို ... ရုပ်လေးဗန်းပြပြီး ငါ့ညီမကို ညာခိုင်းနေတဲ့ ကောင်စုတ်လေးကို တစ်နေ့တော့ ပညာပေးရအုံးမယ် " မဒါလီစိုးရဲ့ စကားကလဲ စသလိုနောက်သလိုနဲ့ အလင်းချိုရဲ့သိက္ခာကိုစော်ကားတဲ့စကားပါပင်။အလင်းချို ဘာမှပြန်မပြောမိ။ပြောစရာလဲမလိုပါ။ လုပ်ကြံပြောဆိုမှုတွေကို ရှင်းပြပြောပြရန်လဲ မလိုအပ်ပါ။ အစကတည်းက သူတို့က အမှန်တရားကိုရှင်းပြစေချင်လို့ စွပ်စွဲပြောဆိုတာမဟုတ်ဘူးလေ။ သူတို့ရဲ့ မသိစိတ်က မလိုတမာစိတ်နဲ့သိမ်ငယ်နေမှုတွေကို ဖြေဖျောက်ရုံသက်သက် လုပ်ကြံပြောနေကြတာပဲလေ။ ဒါကြောင့် ဒီလောက်ကိစ္စလေးတွေအတွက်နဲ့တော့ အလင်းချိုက တုန်လှုပ် ခံစားမနေတော့ပါဘူး။ "ဒါနဲ့ အလင်းချို ..နင်က တက္ကသိုလ်တက်ချင်လို့ဆို....ဘာလို့ တက်ချင်တာလဲ .. ရည်းစား လိုချင်လို့လား " ကြည်ပြာက အလင်းချိုနားကိုကပ်ပြီး ခပ်ထေ့ထေ့မေးတယ်။ အလင်းချိုက ကြည်ပြာကို ပြုံးရယ်ပြလိုက်ပြီးခပ်အေးအေးပဲ ပြန်ပြောလိုက်တယ်။ "ရည်းစား လိုချင်တဲ့သူတွေက တက္ကသိုလ်တက်ချင်ကြတာလား...အဲ့ဒါ့ကြောင့် နင် စာမေးပွဲကျတုန်းက အော်ငိုနေတာကို ... ငါက မသိပါဘူး ဟယ် ...ငါတော့ သူများ တွေဆယ်တန်းအောင်ရင် တက္ကသိုလ်တက်ကြလို့ ငါလဲ တက်ချင်ရုံပါ " " ဘာ...ဘာ ...အလင်းချို နင်ဘာပြောတယ် " အလင်းချိုရဲ့စကားကြောင့် ကြည်ပြာကဒေါသတကြီးနဲ့ ထအော်သလို ဒါလီစိုးနဲ့ နီလာလဲ အလင်းချိုကို တအံ့တသြနဲ့ ကြည်နေကြတယ်။အလင်းချိုဆိုတာ တစ်သက်လုံး သူတို့ပြောသမျှကို ငုံ့ခံခဲ့တဲ့သူ မဟုတ်လား။ ခုလို့ ခပ်ပြုံးပြုံနဲ့ ပြန်ပြောတာက ပထမဆုံးပဲလေ။ "မေမေရေ မေမေ...အဘွား ရေ " ကြည်ပြာက အသံပြဲကြီးနဲ့ အော်ပြီး အခန်းပြင်ကိုပြေးထွက်သွားတယ်။အလင်းချိုကတော့ မနီလာရဲ့ အ၀တ်တွေကို သပ်သပ်ရပ်ရပ် ခေါက်ပေးနေလိုက်တယ်။ ~~~~ " ကျွန်တော် ဒါမျိုးတွေတော့ မလုပ်ချင်ဘူး မမမိုး.....ကျွန်တော့် နေရာကိုပဲ ပြန်တော့မယ်ဗျာ "

ဟန်သော်လင်း ရေသန့်ဘူးတွေကိုယူပြီး ဘတ်(စ်)ကားဆီ သွားမယ်အလုပ်မှာ တစ်စုံတစ်ယောက်က ဟန်သော်လင်းရဲ့လက်ကို လှမ်းဆွဲလိုက်ပြီး မေးလိုက်တာမို့ နောက်ကို ပြန်လှည့်ကြည့်မိလိုက်တယ်။အဲ့ဒီမှာ ရပ်ကွက်ထဲကနေ ပြောင်းသွားတာကြာပြီဖြစ်တဲ့ မိုးသူဇာဆိုတဲ့ မမမိုးကို တွေ့လိုက်ရတယ်။ "ဟာ ..မမမိုး .. ဘယ်တုန်းက ပြန်ရောက်နေတာလဲ ...မတွေ့တာကြာပြီပဲ " "အင်း ဟုတ်တယ် .. မင်းအကြောင်းတွေ မမမိုးကြားပါတယ်ကွာ အဲ့ဒါကြောင့် လာရှာတာ ..မမမိုးနဲ့ ခဏလိုက်ခဲ့ အလုပ်ကိစ္စ ပြောကြ ရအောင် " "ဟုတ်... ဟုတ်ကဲ့ မမမိုး ...ခဏစောင့်နော် ... ဒါတွေ ဆိုင်ကို သွားပြန်ပေးလိုက်အုံးမယ် " ဟန်သော်လင်းက ရေသန့်ဘူးတွေကို ပုတ်ပြရင်း မမမိုးကို ပြန်ဖြေလိုက်တယ်။ ~~~~~~~ "ဒါက မမမိုးကားလား ..မမမိုး အဆင်ပြေနေပြီပေါ့ ...မမ အစားဝမ်းသာလိုက်တာဗျာ ....." "ကဲ ကိုယ်တော်လေး စကားများ မနေနဲ့ ကားပေါ်တက် ....." " ဟုတ် ... ဟုတ်ကဲ့ မမမိုး " ကိုယ်ပိုင်ကားနဲ့ဘာနဲ့ ဖြစ်နေပြီဖြစ်တဲ့ မမမိုးကို ကြည့်ပြီး ဟန်သော်လင်း ဝမ်းသာအားရပြောလိုက်မိတယ်။မမမိုးဆိုတာ အရင်တုန်းက ဟန်သော်လင်းတို့ရပ်ကွက်မှာ အလှပြင်ဆိုင်လာဖွင့်တဲ့မမပေါ့။ အဲ့ဒီတုန်းက မမမိုးရဲ့အသက်က နှစ်ဆယ့်ငါးနှစ်မပြည့်သေးဘူး။ရုပ်လေး လဲချောတယ်။ခန္ဓာကိုယ်ကလဲ မိုက်တယ်။ရပ်ကွက်ထဲမှာ မမမိုးကို ပိုးနေတဲ့သူတွေမှအများကြီးပဲ။ ဒီထဲမှာ ငချွတ်လေးဖြစ်တဲ့ ဟန်သောလင်းလဲပါတာပေါ့။ မမမိုးကတော့ ဟန်သော်လင်းကို ပြန်မကြိုက်ပါဘူး။ ဒါပေမဲ့ အခြားကောင်တွေထက်တော့ အရေးပေးတယ်။ မမမိုးအပြင်တွေဘာတွေ သွားလို့ အဖော်မရှိရင် ဟန်သော်လင်းကို လာခေါ်တာပဲ။ အဲ့ဒီတော့ ဒီကကောင်ကလဲ မမမိုးများခေါ်ရင် ကျောင်းပြေးပြီးကို လိုက်တာ။ ဒီလိုလျှောက်လိုက်ရင် မမမိုးက ဟန်သော်လင်းကို မုန့်ဖိုးတွေ ရက်ရက်ရောရောပေးတတ်တယ်။မှန်တာပြောရရင် အဲ့ဒီလိုရသမျှ မုန့်ဖိုးတွေက ကားဂိတ်က နေစရာမရှိတဲ့ ကလေးတွေအတွက် ကုန်တာများတယ်။ဟန်သော် လင်းက ဘာမှထွေထွေထူးထူး သုံးတာမဟုတ်ဘူးလေ။ဒီလိုနဲ့ ဟန်သော်လင်း ဆယ်တန်းဖြေခါနီးမှာပဲ မမမိုးရပ်ကွက်ထဲက ပြောင်းသွားခဲ့တာလေ။ "ကိုယ်တော်ချော ....ဘာတွေများ စဉ်းစားနေတာတုန်း ...ဒါနဲ့ ရှင်က အိမ်ပေါ်က ဆင်းလာတာလား ...ဒါမှမဟုတ် နှင်ချခံလိုက်ရတာလား " မိုးသူဇာက ဟန်သော် လင်းကို ခပ်ငေါ့ငေါ့မေးလိုက်တယ်။ "ဟာဗျာ မမမိုးကလဲ သိရဲ့သားနဲ့... နေစရာမရှိဘဲ ကျွန်တော်က ဆင်းမလားဗျ ... နှင်ချခံလိုက်ရတာပေါ့ဗျာ " ဟန်သော်လင်း မျက်နှာ ပုပ်ပုပ်နဲ့ ပြန်ပြောလိုက်မိတယ်။ "အိုကေလေ ... တမင်မေးတာကွ ...မင်းက အသက်ဆယ့်ရှစ်နှစ်မပြည့်သေးတော့ .. ပြဿနာဖြစ်မှာစိုးလို့ လေ..." မမမိုး စကားကြောင့် ဟန်သော်လင်းက မမမိုးကို နားမလည်သလို ကြည့်လိုက်မိတယ်။ "ဘာပြဿနာလဲ မမမိုးရဲ့ " "ဘာပြဿနာရမှာလဲတော်...အသက်မပြည့်သေးတဲ့သူကို ခိုးလာလို့ တရားစွဲခံရမှာစိုးလို့လေ ခစ် .... ခစ် " မိုးသူဇာက ပြောပြီး သဘောကျစွာ ရယ်လိုက်တယ်။ "ဟာဗျာ မမမိုးကလဲ လာနောက်နေသေးတယ် " ~~~~~~~ " ထိုင်လေ ကောင်လေး ... ဒီအိမ်က မမမိုးရဲ့ အိမ်ပဲ" မိုးသူဇာက ဟိုငေးဒီငေးနဲ့ ငေးနေတဲ့ ဟန်သော်လင်းကို ခုံမှာထိုင်ဖို့ ပြောလိုက်တယ်။ "မမမိုးအိမ်က အမိုက်စားပဲဗျာ ...ဒါနဲ့ မမမိုးတစ်ယောက်တည်းနေတာလား " " ဘာလဲ ရှင်က ကျုပ်တစ်ယောက်တည်းဆိုပြီး ရုတ်ရုတ်လုပ်မလို့လား .. စိတ်ကူးယဉ်မနေနဲ့နော် ကောင်လေး ...အိမ်မှာ ထမင်းချက် အဒေါ်ကြီးတစ်ယောက် ရှိတယ်ကွ ... သူက နားလေးပေးမဲ့ ...အရိပ်အကဲ အရမ်းသိတာနော် " . "ဟာဗျာ ..မမမိုးကလဲ " ဟန်သော်လင်း ရှက်ရယ်ရယ်လိုက်ရင်း ဆိုဖာခုံမှာ ၀င်ထိုင်လိုက်ပြီး အခန်းကို မသိမသာ အကဲခတ်နေမိတယ်။မမမိုးရဲ့ အိမ်က တိုက်ခန်းဆိုပေမဲ့ အပျံစားပြင်ဆင်ထားတာ။ ကြမ်းပြင်မှာ ခင်းထားတဲ့ ကောဇောတွေကအစ အပျံစားတွေချည်းပဲ။ "မင်းကို မမမိုးရဲ့ အလုပ်တွေကို ကူလုပ်ဖို့ ခေါ်လာတာကွ ... ဘယ်လိုလဲ လုပ်မှာလား ...အလုပ်လုပ်ဖို့ ရောစိတ်၀င်စားရဲ့လား " "အလုပ်ဟုတ်လား မမမိုး....အလုပ်လုပ်ချင်တာပေါ့ ... ဒါပေမဲ့ မဟုတ်တာတွေတော့ မလုပ်ချင်ဘူးနော် မမမိုး " ဟန်သော်လင်း မမမိုးကိုကြည့်ပြီး ပွင့်ပွင့်လင်းလင်းပဲ ပြောလိုက်တယ်။ဟန်သော် လင်း ငပိန်းမဟုတ်ဘူး။ အရိပ်ပြရင်အကောင်မြင်ပြီးသား။ ဟိုအရင်ကတည်းက မမမိုး အရိပ်အခြည်ကိုလဲ အကဲခတ်မိပြီးသားလေ။ "ကဲပါ ကိုယ်တော်ရယ် ကြီးကြီးကျယ်ကျယ်တွေပြောမနေပါနဲ့ ... အရင်ဆုံး မင်းရဲ့ ဒီဇိုင်းကို ပြောင်းရအောင် ...ဒါတွေ ..... ဒါတွေ...ဒီညစ်ပတ်နေတဲ့ အဝတ်အစားတွေက ဘာကြီး တွေလဲကွာ ...သွား .. ဟိုမှာ ရေချိုးခန်း .....ရေသွားချိုးလိုက်.ပြီးရင် ဈေးဝယ်ထွက်ကြစို့ " ~~~~~~ "အဝတ်တွေကို လက်နဲ့လျှော်နော် ညီမလေး...စက်နဲ့ လျှော်ရင် အဝတ်တွေနာတယ် ညီမ လေးရဲ့ "

ဧကြည်ဖြူ "သံယောဇဉ် ကမ်းပါး" အပိုင်း (၁၅) ******* "မင်း အိမ်မပြန်တော့ဘူးလား ဖိုးသော်.... မဲလုံးလေး ဆုံးသွားပြီးကတည်းက .... မင်းအိမ် မပြန်တော့ဘူးလို့ ကြားတယ်...စားရေးသောက်ရေးရော အဆင်ပြေရဲ့လားကွ " ဟန်သော်လင်းဆိုက်ကားဂိတ်မှာ ငေါင်စင်းစင်းနဲ့ ထိုင်နေတုန်းမှာ ဆိုက်ကားဆရာ ဦးလှမောင်က ဟန်သော် လင်းဘေးနားမှာ ဝင်ထိုင်ရင်း မေးလိုက်တယ်။ " ဟုတ်တယ် ဦးလေး ...ကျွန်တော် အိမ်မပြန်တော့ဘူး ...စားရေးသောက်ရေးကတော့ ဒီလိုပါပဲ...စားတဲ့အခါလဲစား မစားတဲ့အခါလဲ မစားဘူးပေါ့.. ဇော်ခန့်တို့အိမ်နဲ့ ငထွန်းတို့က ကျွေးပါတယ် ....ကျွန်တော့် အလုပ်လုပ်ချင်တယ် ဦးလေး " ဦးလှမောင်ကိုကြည့်ပြီး ဟန်သော်လင်းပြန်ဖြေလိုက်တယ်။ "မင်းအသက်က ဟိုမရောက်ဒီမရောက်ဆိုတော့ အလုပ်က ခက်တယ်ကွ...တင်သိန်းတို့အရက်ဆိုင်မှာ လုပ်ပါလား...ဒါမှမဟုတ် လက်ဖက်ရည်ဆိုင်မှာလုပ်မလား " ".အရက်ဆိုင်တော့ မလုပ်ချင်ဘူးဗျာ ..... အရက်သမား မဖြစ်ချင်ဘူး... ဖြစ်နိုင်ရင် အဝေးကြီးမှာသွားလုပ်ရမဲ့အလုပ်မျိုးလုပ်ချင်တယ် ... ကြားထဲတော့ ငထွန်းတို့နဲ့ အတူ ကားဂိတ်မှာ ရေသန့်ဘူးနဲ့ အအေးဘူးတွေပဲ ရောင်းမလားလို့ ...အဲ့ဒါက အရင်းလဲ မလိုဘူးလေ ....ကားလာမှ ဆိုင်ကယူသွားရုံပဲ..ရောင်းရရင် အရင်းဆိုင်ကိုပေး အမြတ်ယူလိုက်ရုံပဲလေ ..." " အေး ...အဲ့ဒါလဲ မဆိုးဘူး .. ကြားထဲ အလုပ်စပ်မိရင်ပြောပေးမယ်.... ကျောက်တူးတာဘာညာ အလုပ်မျိုးတော့မလိုက်နဲ့နော် ငါ့တူ့ .... အိမ်ကပြန်မခေါ်လဲ ဝမ်းနည်းမနေနဲ့ကွာ..ယောကျာ်းပဲ ကြိုးစား ကွာ..ကြိုးစားရင် ဘုရား တောင်ဖြစ်သေးတာပဲ ...ဘ၀ကို ထမင်းတစ်နပ်အတွက်နဲ့ပဲ အသက်မရှင်နဲ့ ...ပြောမယ့်သာ ပြောရတာ မင်းစိတ်ဓါတ်က ငါတို့တွေထက်သာပြီးသားပါကွာ ...မင်းကို အထင်သေးနေတဲ့ မင်း မိသားစုထက်ပိုသာ အောင် ကြိုးစားပြလိုက်စမ်းကွာ ... လမ်းလွဲသာ မလိုက်နဲ့ .. အချိန်ကိုလဲ မဖြုန်းနဲ့ကွ " ဆိုက်ကားဆရာကြီး ဦးလှမောင်ရဲ့စကားတွေ နားထောင်ပြီး ဟန်သော်လင်း စိတ်တွေ တက်ကြွလာမိတယ်။ "ဟုတ်ကဲ့ ဦးလေး ..ဦးလေးပြောတာမှန်တယ် ....ကျွန်တော် အချိန်တွေကို အလဟဿ မဖြုန်းသင့်ဘူး ....ကျွန်တော်စျေးသွားရောင်းလိုက်အုံးမယ်ဗျာ ...အနည်းဆုံးတော့ ကိုယ့် ဝမ်းကိုယ်ရှာစားရမယ် " ဟန်သော်လင်း ပြောပြီးတာနဲ့ မလှမ်းမကမ်းက ကားဂိတ်ဘက်ကို အပြေးထွက်လာခဲ့တယ်။ ~~~~~~~ "မင်းကျောင်းမတက်ရဘူးဆို " နေမခ စက်ဘီးကိုခပ်ဖြည်းဖြည်းတွန်းရင်းအလင်းချိုကိုမေးလိုက်တယ်။ "အင်း ... ငါ့အဖေက အစကတော့ တက်ချင်တက်ဆိုပြီး တစ်အခုမတက်နဲ့အုံးတဲ့လေ " အလင်းချိုက လက်ထဲ ဆွဲလာတဲ့ ဈေးခြင်းကို ဘယ်ညာပြောင်းရင် ပြန်ဖြေလိုက်တယ်။ "မင်းအဖေကလဲ ဘာလဲဟ ...ကလေးကစားတာကျ ကျနေတာပဲ ...မင်းကရအောင် ပြောပါလား ....ပြီးတော့ အိမ်က ရှိသမျှ အလုပ်တွေလဲ မင်းပဲ အကုန်လုပ်နေရတဲ့ အကြောင်းတွေကို မင်းအဖေကို ပြောပြလိုက်လေ ... ငတုံးကြီးလိုမင်းက ငြိမ်ခံနေတာကို " နေမခ ဒေါသနဲ့ ပြောလိုက်မိပြီးမှ သူမမျက်နှာကိုစောင်းငဲ့ကြည့်လိုက်မိတယ်။မယ်မင်းကြီးမကတော့ နေမခ ပြောတာကို စိတ်ဆိုးဖို့နေနေသာသာ ထုံးစံအတိုင်း မျက်နှာက အပြုံးမပျက်ဘူးလေ။ပြောမယ့်သာပြောရတာ အဲ့ဒီအမှတ်မရှိတဲ့စိတ်ကြောင့်ပဲ သူမကို နေမခ အမြင်ကပ်ကပ်နဲ့ခင်မင်မိသွားတယ်ပြောရမလားပဲ။နေမခဘက်က ဘယ်လောက်လေသံမာမာနဲ့ ပြောပြော၊ဘယ်လိုပဲ မျက်နှာကြောတင်းထားလဲ လူကိုတွေ့တာနဲ့ မဝံ့မရဲ ပြုံးပြတတ်တဲ့သူမ။လမ်းမှာ နေမခ အထုတ်အပိုးတွေသယ်လာတာတွေ့ရင်လဲ အတင်းဝိုင်းကူသယ်ပေးတတ်တာတွေကြောင့် ကြာတော့ နေမခလဲ မျက်နှာကြောဆက်မတင်းနိုင်တော့ဘဲ အမြင်ကပ်ကပ်နဲ့ပဲ ခင်မင်သွားမိတယ်။ဒါတောင် တစ်ခါတလေ စိတ်မထိန်းနိုင်ဘဲ ပြောမိဆိုမိနေတုန်းပဲ။ " အဲ့ဒါဆို မင်းဘာလုပ်ဖို့ ရည်ရွယ်ထားလဲ ...တစ်သက်လုံး ဒီလိုပဲ ပိုက်ဆံမရတဲ့ အိမ်ဖော်လိုမျိုးပဲနေနေ မှာလား " နေမခ စိတ်ထိန်းနေတဲ့ကြားကနေ ခပ်ရွှဲ့ရွှဲ့ ပဲမေးလိုက်မိတယ်။ " ဟာ အဲ့ဒီလိုတော့ မနေပါဘူး.... ကျောင်းမတက်ရလဲ အလုပ်လုပ်မှာပေါ့ ...ခုက မှတ်ပုံတင်လဲမရသေးလို့ပါ...ဒါနဲ့ နင်ကရော ဆယ်တန်းပြန်အဖြေတော့ဘူးလား .. " " မဖြေတော့ဘူး ... ဆယ့်ရှစ်နှစ်ပြည့်တာနဲ့ နိုင်ငံခြားသွားမှာ ... ငါ့အိမ်ကို သွားမပြောနဲ့အုံးနော် " "အင်း ...အင်းပါ ...အဲ့ဒါကြောင့် နင်က အင်္ဂလိပ်စာကို အသည်းအသန် လေ့လာနေတာကို ...ကောင်းပါတယ်ဟာ " နေမခမျက်နှာကို မော့ကြည့်ပြီး ပြောလိုက်ရင်းမှ အလင်းချို စိတ်ထဲ ဘာရယ်မဟုတ် ဝမ်းနည်းသလိုလို ခံစားလိုက်ရတယ်။အလင်းချိုရဲ့ ဘ၀မှာ အပေါင်းအသင်းသိပ်မရှိဘဲ နေလာခဲ့ရာမှ အားလုံးရဲ့ အပြောခံ အဆိုခံပြီး နေမခကို ခင်မင်ခဲ့ရတာလေ။ သူက အလင်းချိုကို တွေ့တာနဲ့ ငေါက်ငမ်းနေတတ်ပေမဲ့ သူတို့တစ်အိမ်လုံးအတွက် ကြိုးစားပြီး အလုပ်တွေလုပ်နေတဲ့သူ့ကို ခင်မင်ခဲ့မိတာ။ အထုတ်အပိုးတစ်ပြုံတစ်မကြီးသူသယ်လာပြီဆိုရင် အလင်းချိုမှာ သနာနေမိတော့တာလေ။ ~~~~ "ဟိတ် ကောင်လေး....ဘယ်လိုလဲ အလုပ်တွေ များနေတာလား "

"ဟဲ့ အသံပြဲကြီးနဲ့ အော်မနေနဲ့ သူခိုးရဲ့ ... မင်းကို တံခါးဖွင့်ပေးလိုက်ရင် အိမ်ထဲက ပစ္စည်းတွေက ကုန်လိမ့်မယ် .....မင်းကို လက်မခံနိုင်တော့ဘူး ...ကြိုက်တဲ့နေရာ သွားနေ...ရော့ ဒီမှာ မင်းအဝတ်တွေပါ ယူသွား " "ဘုတ် " အဘွားပစ်ချလိုက်တဲ့ အဝတ်ထုတ်က ဟန်သော်လင်းနားကို ဘုတ်ခနဲ ပြုတ်ကျလာတယ်။ " အဘွား ...ကျွန်တော် တောင်းပန်ပါတယ် အဘွားရယ် ...ခဏလေး တံခါးဖွင့်ပေးပါအုံး" ဟန်သော်လင်း အဘွားရပ်နေတဲ့ ပြတင်းပေါက်ကို မော့ကြည့်ပြီး အော်ပြောလိုက်တယ်။ အဘွားက အဝတ် ထုတ်ကို ပစ်ချပေးပြီးတာနဲ့ တံခါးကို ပြန်ပိတ်သွားတယ်။ဟန်သော်လင်း အာခေါင်ခြစ်ပြီး အော်နေပေမဲ့ အိမ်ကြီးတစ်ခုလုံးက တိတ်ဆိတ်လို့။တိတ်ဆိတ်နေတဲ့ အိမ်ကြီးကို ကြည့်ပြီး ဟန်သော်လင်းရဲ့ စိတ်တွေဆူပွက်လာမိတယ်။ဒေါသကြောင့် လူက တဆတ်ဆတ် တုန်ယင်လာပြီး အနားမှရှိသမျှတွေကို ကန်ကျော်ရိုက်ခွဲဖျက်ဆီးပစ်လိုက်တယ်။ရှေ့ဆက်ပြီး လူက ဘာလုပ်လို့ လုပ်ရမှန်း ပင်မသိတော့။အမေ့ဆီကိုဖုန်းဆက်ရမလားလို့တွေးမိပေမဲ့တကယ်တမ်းက ဟန်သော် လင်းဆီမှာ အမေ့ရဲ့ ဖုန်းနံပတ်လဲမရှိ။အမေ့ဖုန်းနံပတ်မှ မဟုတ်ဘူး ကျန်တဲ့သူတွေရဲ့ ဖုန်းနံပတ်တွေလဲမရှိဘူး။ "ဒုန်း " ဟန်သော်လင်းအိမ်တံခါးကို ခပ်ပြင်းပြင်းတစ်ချက် ကန်လိုက်ပြီး အဝတ်ထုတ်ကိုကောက်ယူကာ လမ်းထိပ်ဘက်ကို ထွက်ခဲ့လိုက်တယ်။လက်ထဲမှာ ငွေတစ်ကျပ်တောင် မပါတာမို့ ဆေးရုံကိုလဲ မသွားချင်။ဆိုက်ကားဂိတ်ဘက်ကို ဦးတည်ပြီး ထွက်ခဲ့လိုက်တယ်။ ဒီအချိန်မှာ ဟန်သော်လင်း မျက်စိထဲမှာ မြင်ယောင်နေမိတာက မြေပြင်ပေါ်မှာ တစ်ရွက်စီ လွင့်ဝဲလာခဲ့တဲ့ တစ်ထောင်ငွေစက္ကူလေးတွေ။ပြောရမယ်ဆိုရင်ဖြင့် လမ်းထိပ် အရက်ဆိုင်မှာဖြုန်းခဲ့မိတဲ့ ထောင်တန်ငွေစက္ကူလေးတွေကို မြင်ယောင်နေမိတယ်။ ~~~~ "ဟေ့ ဖိုးသော် .....မဆေးရုံကို မသွားဘူးလားကွ ...မင်းကောင်လေးတစ်ယောက် ဆေးရုံတင်ထားရတယ်လေကွာ " ဆိုက်ကားဆရာတစ်ယောက်က လှမ်းပြောတယ်။ဟန်သော်လင်း စိတ်ပျက်လက်ပျက်နဲ့ ခေါင်းကိုခါယမ်းပြလိုက်ပြီး "ပိုက်ဆံနည်းနည်း လိုနေလို့ပါဗျာ ...အိမ်ကလဲ တောင်းလို့မရဘူး .. ဘယ်က သွားရှာမရလဲ မသိဘူးဗျာ ..." "ဘာလဲ မဲလုံးလေးအတွက် ဆေးဖိုးလားဟ ...အေး ငါတို့လဲ ရသလောက်တော့ လိုက် အလှူခံပြီး ဆေးရုံကို သွားပို့ခိုင်းလိုက်တယ်ဟ ...ဒါပေမဲ့ ကလေးအခြေအနေက စိုးရိမ်ရတယ်တဲ့ ...ဖြစ်ဖြစ်ချင်းကတည်းက ဆေးရုံပို့ခဲ့ရမှာတဲ့ ...သူတို့လဲ ကလေးတွေပဲ စုနေရတော့ ဘယ်သိကြမှာလဲကွာ...ဟူး..... ဒီကောင်လေးတွေအကြောင်းတွေးရင် စိတ်တွေ မောပါတယ်ကွာ" "ကျွန်တော် ဆေးရုံကို သွားလိုက်အုံးမယ်ဗျာ " ဟန်သော်လင်း အဝတ်ထုတ်ကို အရက်ဆိုင်မှာ ဝင်ထားခဲ့လိုက်ပြီး ဆေးရုံကို ထွက်လာခဲ့လိုက်တယ်။ ~~~~~~~ ဆေးရုံထဲကိုရောက်တော့ ကလေးဆောင်ဘက်ကို တက်သွားလိုက်တယ် ။အ၀င်အ၀မှာ အပေါက်စောင့်က ရစ်နေလို့ သူ့ကိုပေးစရာပိုက်ဆံကလဲမပါတော့ မနည်းလှည့်ပတ်ပြောပြီး တက်ခဲ့ရတယ်။ မဲလုံးလေးရှိတဲ့ အခန်းဘက်ကို ချိုးကွေ့လိုက်ချိန်မှာ သူ့ရင်ထဲမှာ ဘာရယ်မသိလေးပင်နေမိတယ်။ဇော်ခန့်ကို ငွေသွားရှာအုံးမယ်ကွာလို့ ပြောပြီးထွက်ခဲ့တာမို့ ငွေတစ်ပြားမှာ ပါမလာတော့ မျက်နှာပူမိတာက အမှန်။ငထွန်းတို့အုပ်စုဆီကိုပင် ဟန်သော် လင်းမသွားခဲ့ဘူး။ သူတို့တစ်သိုက်လဲ မဲလုံးလေးအတွက် ကားဂိတ်မှာ ကြိုးစားပမ်းစားနဲ့ ပိုက်ဆံရှာနေကြလေမလားမသိ။ မဲလုံးလေးရှိတဲ့အခန်းကို ဟန်သော်လင်းရောက်သွားတော့ ဇော်ခန့်ကို လူနာစောင့် ခုံမှာထိုင်နေတာတွေ့လိုက်ရတယ်။လူနာခုတင်ပေါ်မှာတော့ မဲလုံးလေးရဲ့ခန္ဓာကိုယ်ကို ပိတ်ဖြူလေးခြုံပေးထားပြီး ပိတ်ဖြူအောက်မှာ မဲလုံးလေးရဲ့မျက်နှာက တစ်ဝက်တစ်ပျက်ပေါ်နေပြီး မျက်လုံးလေးတွေကမှိတ်လို့။ "ဇော်ခန့် ... ကလေး သက်သာလားကွ " ဟန်သော်လင်း မေးလိုက်တော့ ငြိမ်သက်နေတဲ့ ဇော်ခန့်ရဲ့ မျက်လုံးတွေက ဖျတ်ခနဲ ပွင့်လာတယ်။ပြီးတော့ ရီဝေ ညှို့မှိုင်းနေတဲ့ မျက်လုံးတွေနဲ့ မော့ကြည့်လာပြီး "မဲ့လုံးလေး ဆုံးသွားပြီကွ " " ဘာ " ကြားလိုက်ရတဲ့ စကားကြောင့် ဟန်သော်လင်းရင်ထဲမှာ.ဟာခနဲဖြစ်သွားတယ်။ ======================== အပိုင်း (၁၅) ဆက်ရန် ဧကြည်ဖြူ

" နေမကောင်းတာက ကြာပြီကိုကြီးရ .. မဲလုံးက ကိုကြီးကို မေးနေတာ .. ကိုကြီးကိုလာခေါ်တော့လဲ အရက်ဆိုင်မှာပဲ မူးနေတာလေ ... မနေ့ကတော့ မဲလုံးသတိမရတော့လို့ ...ဒီနားကလူတွေက ဆေးရုံပို့ပေးကြတယ်...အဲ့ဒီ အချိန်မှာ ကိုကြီးရောက်လာတာပဲလေ" "ဘာ...ဘယ်လို ... ငါ ....ငါမမှတ်မိဘူး...မြန်မြန်စားကွာ ဆေးရုံကို သွားကြရအောင် " ဟန်သောလင်း ချွတ်ထားတဲ့ အင်္ကျီကို အမြန်ကောက်ဝတ်လိုက်တယ်။ပြီးတော့ ပလက်စတစ်အိတ်စွပ်ထားတဲ့ တိုင်ကီပေါက်ထဲက ရေနည်းနည်းခပ်ပြီး မျက်နှာကို ခပ်ကြမ်းကြမ်း ပွတ်သစ်ပြီး ဇက်ပိုးကို တဖက်ဖက်ရိုက်ပစ်လိုက်တယ်။ "ပြီးပြီလား သွားကြမယ်ကွာ " ~~~~~~ "ဘာ ..ဘာဖြစ်တာတဲ့လဲ " ဆေးရုံရောက်တော့ ဇော်ခန့်ကိုတွေ့တာနဲ့ ဟန်သော်လင်းမေးလိုက်တယ် ။ " သွေးလွန်တုပ်ကွေးတဲ့ကွ...လာတာနောက်ကျတယ် တဲ့... ပိုက်ဆံလဲ လိုတယ်ပြောတယ်... ငါ့အဖေနဲ့ အမေတော့ နီးစပ်ရာလူတွေဆီမှာ လိုက်စုပေးနေတာပဲ ...မင်းကလဲကွာ ...ကလေးတွေကို ပစ်ထားရလားကွ ...သူတို့မင်းကို အရက်ဆိုင်မှာလာလာခေါ်တယ်တဲ့....မင်းက မလိုက်တာဆို " ဇော်ခန့်ဆီကစကားကို ကြားရတော့ ဟန်သော်လင်း ရင်ထဲအောင့်တက်လာမိတယ်။အချုပ်က ပြန်လွတ်ပြီးကတည်းက အမေနဲ့ပတ်သက်ပြီး ဇွတ်တွေခံစားပြီး မဲလုံးတို့ အုပ်စုဆီကို ခြေဦးကို မလှည့်မိဘဲ နေ့ရှိသမျှ အရက်ဆိုင်မှာပဲ အချိန်ကုန်ခဲ့မိတာ။ ဟန်သော်လင်းရဲ့ မသိစိတ်မှာ ဒီကောင်လေးတွေနေဖို့ အိမ်ဆောက်ပေးမိလို့ ဆိုတဲ့ အတွေးက ၀င်ရောက်နေတာမို့ ကလေးတွေဆီကို မသွားဖြစ်တာလဲပါတယ်။ခါတိုင်းဆို နှစ်ရက်တစ်ခေါက်လောက်တော့ ကျိန်းသေ ရောက်တယ်လေ။ "ဆေးဖိုးတွေ လိုတယ်ကွ...ဆေးရုံက ဘာစရိတ်မှ မပေးရပေမဲ့ ...ဆေးက အပြင်က ဝယ်ရတာ..ပြီးတော့ သွေးသွင်းရတာမို့ အလှူငွေလဲ ထည့်ရမယ်တဲ့လေ ...မင်းသိတဲ့အတိုင်းပဲ သော်ကြီးရာ ....ငါတို့အုပ်စုတွေက တစ်နေ့စားဖို့တောင် အနိုင်နိုင်ဟ ... ဘယ်မှာပိုက်ဆံရှိကြမှာလဲ .... " ဇော်ခန့် စကားတွေကို နားထောင်နေရင်း ဟန်သော် လင်းငူငူချည်း ရပ်နေမိတယ်။ငွေလိုတယ်တဲ့။ဟန်သော်လင်း ဘယ်က သွားရှာရမလဲ ။ အဲ့ဒီငွေက ဟန်သော်လင်းတို့အိမ်မှာ ရှိတယ် ။ဒါပေမဲ့ ဟန်သော်လင်း ဘယ်လိုသွားတောင်းရမလဲ။ "မင်း ခဏစောင့်နေအုံး ဇော်ခန့် ...ငါအိမ်ခဏပြန်လိုက်အုံးမယ်ကွာ " ဇော်ခန့်ကို ပြောပြီးတာနဲ့ ဟန်သော်လင်း ဆေးရုံထဲကနေ အားကုန်ပြေးထွက်လာ ခဲ့တယ်။ ~~~~ " မင်းရဲ့သမီးကို တက္ကသိုလ်ပို့မယ့် အစား အိမ်ထောင်သာချပေးလိုက် ... အိမ်ထဲမှာနေတာတောင် လှစ်ခနဲ လှစ်ခနဲ ပျောက်ပျောက်သွားလို့ ငါတို့မှာ မနည်းထိန်းနေရတာ သက်ဦးရဲ့ ...မင်းက တစ်လတစ်ခါ စရိတ်ပေးရင် တာဝန်ကို ကျေနေရော ..ငါတို့မှာတော့ မင်းရဲ့သမီးကို မျက်စိအောက်က ပျောက်တာနဲ့ ရင်တထိတ်ထိတ်နဲ့ ဖြစ်နေရတာ" " သက်ဦးရယ် ... ဒီခေတ်က ဘွဲ့ရပညာတတ်မှ မဟုတ်ပါဘူးဟယ် ....အသက်မွေးဝမ်းကျောင်း ပညာတစ်ခုခုတတ်လဲ ဖြစ်ပါတယ်ဟယ် ...သူလဲ သစ်ပင်စိုက် တာဝါသနာပါနေတာပဲ ...အဲ့ဒါပဲ လုပ်ပါစေ ... မင်းရဲ့သမီး အပြင်ထွက်ရင် ငါတို့ရင် ပူလွန်းလို့ပါကွယ် " ကြီးကြီးမေနဲ့ ကြီးကြီးအေးတို့ရဲ့အသံတွေကို ကြားနေရတယ်။ အဖေ့အသံက တိတ်ဆိတ်လို့။ကြည်ပြာ ဆယ်တန်းမအောင်ခြင်းက အလင်းချိုတက္ကသိုလ်တက်ရဖို့ အခွင့် အခွင့်အရေးကိုပါ ဆုံးရှုံးစေခဲ့ပြီ။အဖေ့ကို စစပြောတုန်းကတော့ "တက်ချင်တက်လေ " ဆိုပြီး ပြောခဲ့တာ။ကျောင်းတွေအပ်ရတော့မယ်လဲဆိုရော ခုလို အသံတွေ ထွက်လာတော့တာပဲ။ အဘွားဆီကတော့ ဘာသံမှ ထွက်မလာသေးဘူး။ ဒီအိမ်မှာ ကိုရန်နောင်စိုးလဲ ဘွဲ့ရပြီးပြီ။မဒါလီစိုးနဲ့ မနီလာ ကတက္ကသိုက်နောက်ဆုံးနှစဲတွေ။ကြည်ပြာသာ စာမေးပွဲ အောင်ခဲ့ရင် ဒီနှစ်မှာ ကြည်ပြာနဲ့ အလင်းချိုလဲ တက္ကသိုလ်စတက်ရမှာ။ခုတော့ ကြည်ပြာက ဆယ်တန်းဖြေဖို့ကြိုးစား လုံးပန်းနေတယ်။အလင်းချိုမှာသာ အိမ်.အလုပ်တစ်ပြုံတစ်မတွေနဲ့ သစ်ပင်တွေကြားမှာပဲ အိမ်ဖော်လိုလို အလုပ်သမားလိုလိုနဲ့ ဘ၀က ဘာမှကို ရေရေရာရာ မရှိတဲ့ဘ၀။ "တက်ချင်လဲ နောလ်နှစ်မှ တက်ခိုင်းလိုက်ပေါ့သားရယ် ... ဒီနှစ်က အမေလဲ သိပ်နေမကောင်းတော့ မြေးလေးအလင်းချိုကိုပဲ အားကို နေရတာမို့ပါ " အဘွားအသံက ခပ်တိုးတိုးထွက်ပေါ်လာတယ်။အလင်းချို ကော်ဖီဗန်းကို ကိုင်ပြီး ဧည့်ခန်းတံခါးပေါက်နားမှာခြေစုံရပ်နေမိတယ်။အလင်းချိုရဲ့ စိတ်ကူးမျှော်လင့်ချက်တွေ ပျောက်ရှခဲ့ရပြန်ပြီ။ ~~~~~~ ဟန်သော်လင်းခြံရှေ့ကို ရောက်တော့ သော့ခတ်ထားတဲ့ ခြံတံခါးကို တွေ့လိုက်ရတာမို့ ရင်ထဲမှာ ဆို့တက်သွားတယ်။ "ဒေါ်ရီ ....ဒေါ်ရီရေ ....အဘွား " ဟန်သော်လင်း အသံခပ်ကျယ်ကျယ်နဲ့ အော်ခေါ်လိုက်ပေမဲ့ အိမ်ထဲက လူရိပ်လူရောင်ကိုတောင် မမြင်ရဘူး။ စိတ်မရှည်တော့တာနဲ့ ဟန်သော်လင်းခြံတံခါးကို ကျော်ခွပြီး တက်လိုက်တယ်။ "ဒေါ်ရီ ...ဒေါ်ရီ ...အဘွားရေ .... တံခါး ခဏ ဖွင့်ပေးပါအုံး " " ဒုန်း......ဒုန်း " ဟန်သော်လင်းမျိုးစုံအောင် အော်ခေါ်လိုက်ပြီး အိမ်တံခါးကို တဒုနုံးဒုန်းထုလိုက်တယ်။ "အဘွားရေ ...အဘွား ....ကျွန်တော်ကောင်းပန်ပါတယ်နော် "

ဧကြည်ဖြူ "သံယောဇဉ် ကမ်းပါး " အပိုင်း (၁၄ ) ****** "အား ..ကျွတ်...ကျွတ် ခေါင်းတွေကိုက်လိုက်တာကွာ " အိပ်ရာကနိုးနိုးချင်းမှာပဲ ခေါင်းကတဆစ်ဆစ်ထိုးကိုက်နေတာမို့ ဟန်သော်လင်းမျက်လုံးကို အသာမှိတ်ပြီး ပြန်မှိန်းနေလိုက်တယ်။အဲ့ဒီအခါ စူးရှရှနေရောင်က မျက်နှာပေါ်ကို ထိုးကျလာတာမို့ မျက်လုံးကို ကမန်းကတန်းဖွင့်ကြည့်လိုက်မိတယ်။ဒါက သူ့အိပ်ရာမဟုတ်တာ သေချာတယ်။မျက်လုံးဖွင့်လိုက်တော့ ဟန်သော်လင်းတွေ့မြင်လိုက်ရတာ ဓနိတွေနဲ့မိုးထားတဲ့ ခေါင်းမိုးတစ်ခု။ပြီးတော့ အေးစက်စက် ဝါးကြမ်းပြင်ရဲ့အထိအတွေ့။ဘယ်ကိုရောက်နေလဲဆိုတာကို ဟန်သော် လင်းဖြုန်းခနဲ မစဉ်းစားနိုင် ဖြစ်နေမိတယ်။မျက်လုံးကို ပြန်မှိတ်ပြီး မနေ့က အဖြစ်အပျက်တွေကို ပြန်စဉ်းစားလိုက်မိတယ်။မနေ့က အဘွားဆီက ပိုက်ဆံတောင်းတော့အဘွားက မပေးဘူး။ ဒါနဲ့ပဲ ဧည့်ခန်းထဲမှာရှိတဲ့ အောက်စက်ကို မပြီးသွားရောင်းပစ်ခဲ့တယ်။ပြီးတော့ အရက်ဆိုင်ကိုရောက်သွားပြီး တစ်ယောက်တည်းအရက်ထိုင်သောက်တယ်။အရက်သောက်ပြီးတော့ အိမ်ကိုမပြန်တော့ဘဲ ကလေးတွေနေတဲ့နေရာကို ရူးကြောင်းမူးကြောင်နဲ့ သူရောက်လာခဲ့တယ်။ပြီးတော့ ဘာဖြစ်သေးလဲ။ဟန်သော်လင်း စိတ်ထဲမှာ တစ်ခုခုဖြစ်ခဲ့သလို ထင်ရပေမဲ့ ဘာမှ စဉ်းစားလို့မရပြန်ဘူး။ အိမ်ကအဘွားတို့ များလိုက်လာလို့ ပြဿတွေများ တက်ခဲ့ကြတာလား။လုံးဝကို စဉ်းစားလို့မရဘူးဖြစ်နေတယ် ။တစ်အိမ်လုံးက တိတ်ဆိတ်နေတယ်။ အပ်ကျသံတောင်ကြားရလောက်အောင် တိတ်ဆိတ်နေတယ်ဆိုတာမျိုးပေါ့ ။ကလေးတွေသွားကြပြီလား။ဟန်သော်လင်းအိပ်နေရာကနေလူးလဲပြီး ထလိုက်တယ်။ ဝါးထရံ ကျဲကျဲနဲ့ဆောက်ထားတဲ့အိမ်လေးမို့ တစ်အိမ်လုံးအနှံ့ကို နေရောင်စူးစူးက ကွက်တိကွက်ကြား ကျရောက်နေတယ်။အိမ်ထဲမှာက သောက်ရေဘူးခွံဟောင်းတွေနဲ့ နွမ်းဖက်ဖက်အရောင်ရှိတဲ့ အဝတ်အစားတွေကလွဲလို့ ဘာမှမရှိဘူး။နောက်ဖေးဘက်အပေါက်နဲ့ မလှမ်းမကမ်းမှာတော့ ပလုံစီချထားထားတဲ့ သံပန်းကန်းဟောင်း သုံးလေးချပ်ကိုတွေ့ရတယ်။ ဒီအပြင် ဘာမှမရှိဘူး။ခြုံစရာစောင်မရှိဘူး။ အုံးစရာ ခေါင်းအုံးမရှိဘူး။ ရေသောက်စရာ သောက်ရေအိုး မရှိဘူး။ ဒါက လူတွေနေတဲ့အိမ်လား။ တဲလား။ ဒါမှမဟုတ်ဇရပ်တစ်ခုလေလား။ ဒီအိမ်လေးကို ဆောက်ပေးပြီးကတည်းက ဟန်သော်လင်းမရောက်ဖြစ်ခဲ့တာ။ သူတို့အတွက် ခိုလှုံစရာနေရာတစ်ခုပေးပြီးရင် ပြီးပြီလို့ ဟန်သော်လင်း သဘောထားခဲ့မိတယ်။ကလေးတွေ ဘယ်လိုနေကြလဲဆိုတာကို စိတ်မ၀င်စားမိခဲ့။ ကိုယ့်ခံစားချက်တွေနဲ့ပဲ မျောလွင့်နေခဲ့မိတာ။ "ကိုကြီး နိုးပြီးလား ... ကိုကြီးအတွက်အသုပ်ဝယ်လာခဲ့တယ် ...ပြီးရင် ဆေးရုံကို သွားကြမယ်လေ " ဟန်သော်လင်း အတွေးများနေတုန်း အသံနဲ့အတူ ကလေးတစ်ယောက်တဲပေါ်တက်လာတယ် ။သူ့လက်ထဲမှာလဲ အထုတ်နှစ်ထုတ်ကိုဆွဲလို့။ "ဘာကွ ...ဆေးရုံ ဟုတ်လား ..ဘာဖြစ်လို့ ဆေးရုံသွားရမှာလဲ ...." ဟန်သော်လင်း နားမလည်နိုင်စွာနဲ့ မေးလိုက်မိတယ်။ကလေးက သူ့လက်ထဲက အသုပ်ထုတ်ကို သံပန်းကန်ပြားပေါ်တင်လိုက်တယ်။ဟင်းချိုထုတ်ကိုလဲ ပန်ကန်တစ်ချပ်ပေါ်ကို ဒီတိုင်းပဲ တင်လိုက်တယ်။ပြီးတော့ ဟန်သော်လင်း ရှေ့ကို ယူလာပေးတယ်။ပန်းကန်ပေါ်မှာ အိတ်နဲ့ ဒီအတိုင်း ရှိနေတဲ့ အသုပ်ထုတ်ကဟန်သော် လင်းရှေ့ကိုရောက်လာတယ်။ဇွန်းမပါ ဘာမပါ။ ကလေးက သူ့အတွက် ကိုယ်တာပါတဲ့ အသုပ်ထုတ်ကို ပန်းကန်ပြားပေါ် သွန်ချလိုက်ပြီး လက်နဲ့ အားပါးတရ နယ်နေတယ်။ဟင်းချိုကိုလဲ ပန်းကန်တစ်ခုထဲ ထည့်လိုက်ပြီး ဒီတိုင်း မော့သောက်နေတယ်။ခပ်သောက်စရာ ဇွန်းကမရှိ။ဒီမြင်ကွင်းကို ကြည့်ပြီး ဟန်သော်လင်းရင်ထဲနင့်ခနဲ ဖြစ်သွားမိတယ်။ ပြိတော့ အိမ်က ပန်းကန်စင်မှာ ရှိနေတဲ့ အရွယ်အစားစုံ ဇွန်းတွေကို မျက်စိထဲ မြင်ယောင်လာမိတယ်။ "ကိုကြီး စားလေဗျာ ..ဘာလဲ ရွံလို့လားဗျ...စားပြီးရင် ဆေးရုံကို သွားကြမယ်လေ ." ဆေးရုံ။ဟုတ်သားပဲ ဆေးရုံအကြောင်း မေးနေရင်း စကားစပြတ်သွားတာကို။ " အေး ဟုတ်သားပဲ ....ဆေးရုံက ဘာလို့သွားရမှာလဲ ... ဘယ်သူဘာဖြစ်လို့လဲကွ " ဟန်သော်လင်း မေးလိုက်တော့ ကောင်လေးက အံ့ဩသလို မော့ကြည့်လာတယ်။ပြီးတော့ ပြူးတူးကြောင် တောင်မျက်လုံးလေးတွေနဲ့ "ကိုကြီး မမှတ်မိဘူးလား ... မဲလုံးကိုဆေးရုံတင်လိုက်ရတယ်လေ " " ဘာ ...ဘယ်လို ...မဲလုံး ဟုတ်လား .... မဲလုံးက ဘာဖြစ်လို့လဲ " မဲလုံးဆိုတဲ့ နာမည်ကြောင့် ဟန်သော်လင်းထိတ်လန့်သွားမိတယ်။မဲလုံးက ဒီကလေးတွေအုပ်စုမှာ အငယ်ဆုံး။ အစွန်ပစ်ခံကလေးတွေမို့ အသက်တော့ သေချာမသိဘူး။ ဒီလိုပဲ တစ်နေ့ မနက်မှာ ငထွန်းတို့အုပ်စု တံတားအောက်မှာ အိပ်နေကြတုန်းအချိန်မှာ ရောက်လာတယ်ဆိုလား။ငထွန်းတို့ အုပ်စုထဲမှာ အသေးဆုံးမို့ အငယ်ဆုံးလို့ သက်မှတ်လိုက်တာ။ သူ့ပုံစံက အသားမဲမဲလုံးတုံးတုံးလေးမို့မဲလုံးလို့ခေါ်ကြတာ။ မဲလုံးလေးကို ဟန်သော်လင်းက ပိုပြီးသနားမိတယ်။ဒါကြောင့်မို့ အခြားသူတွေထက် ပိုပြီး ဂရုစိုက်မိတာအမှန်ပဲ။ "မဲလုံးက ဘာဖြစ်လို့လဲကွ " ဟန်သောလင်းသေချာအောင် ထပ်မေးလိုက်တယ်။ "ကိုကြီး မမှတ်မိဘူးလား .... မဲလုံးနေမကောင်းလို့ .... မနေ့ကဆေးရုံတင်လိုက်ရတယ်လေ " "ဟုတ်လား ဘာဖြစ်တာလဲ.. နေမကောင်းတာဘယ်လောက်ကြာပြီလဲ.." ဟန်သော်လင်းထိတ်ထိတ်ပျာပျာနဲ့ မေးလိုက်မိတယ်။

"ဟန်သော်လင်း မင်းငါ့တို့ကို ဂရုမစိုက်တဲ့ အချိုးတော့ လာမချိုးနဲ့နော်....ဘာမှထပ်မပြောချင်ဘူး...အေးအေးဆေးဆေးနေ " အဘွားက ဒေါသတကြီးနဲ့ ကြိမ်းမောင်းတယ်။ဟန်သော်လင်းက ပခုံးကိုတစ်ချက် တွန့်လိုက်ကာအခန်းထဲက ရှပ်အင်္ကျီကိုသွားယူလိုက်ပြီး အိမ်ပြင်ကို ထွက်ခဲ့လိုက်တယ်။ "ဟဲ့ ...ဒါက ဘယ်လဲ ... ဘယ်ကလေကချေတွေဆီကို သွားအုံးမှာလဲ ...လက်ထဲ ပိုက်ဆံလေးရှိတော့ ယားယား ယားယားနဲ့ " အဘွားက လှမ်းအော်တယ်။ "ထားလိုက် အမေရာ ...သူ့ဘာသာဘာဖြစ်ဖြစ် ...ပြန်မလာလဲ အေးတယ်" အဒေါ်နှစ်ယောက်ရဲ့အသံက နောက်ကျောကနေ ကပ်ပါလာတယ်။ဟန်သော်လင်း တံတားဘက်ကို ထွက်ခဲ့လိုက်တယ်။ ~~~~~~~ "ဟေ့ကောင် မင်းဘာလုပ်မလို့လဲ " အရက်ဆိုင်ထဲဝင်ဖို့ပြင်နေတဲ့ ဟန်သော်လင်းကို ဇော်ခန့်က လှမ်းမေးတယ်။ " အရက်သောက်မလို့ဟ " "ဟာ... ဟုတ်မှလဲ လုပ်စမ်းပါကွာ ...သောက်လဲ မသောက်နိုင်ဘဲနဲ့ " ဇော်ခန့်ဘေးမှာရပ်နေတဲ့ ဝေဖြိုးက ၀င်ပြောတယ် ။ "လာစမ်းပါကွာ ...ငါသောက်နိုင်ပါတယ်ဟ ...လောလောဆယ် ငါ့ကို ဆေးလိပ်တစ်လိပ် အရင်ပေးသောက်ကွာ " "ဟာ ဒီကောင်တော့ အချုပ်ထဲမှာ နှစ်ရက်လေးနေလိုက်ရတာ ....ပညာစုံတတ်လားပါလားဟ " ဇော်ခန့်တို့ အုပ်စုက တဟားဟားနဲ့ အော်ရယ်လိုက်ကြတယ်။ "အဟွပ် ..အဟွပ် " ဟန်သော်လင်းက ဆေးလိပ်ကို ယူပြီးတစ်ဆုံးရှိုက်သွင်းလိုက်တာမို့ ချောင်း တဟွပ်ဟွပ်ဆိုးပြီး သီးပါသီးသွားတယ်။ ဒါက ဟန်သော် လင်းရဲ့ ဘ၀မှာ ပထမဆုံးအကြိမ် ဆေးလိပ်ကိုသောက်ဖူးခြင်းမဟုတ်လား။ "ဖြည်းဖြည်း သောက်ပါဟ ... မင်းကလဲ " ~~~~ "ဒေါ်ရီ ကျွန်တော့်ကို ပိုက်ဆံပေးပါအုံး " ဟန်သော်လင်း အသံကို နှိမ့်ချပြီး အဘွားဆီကနေ ပိုက်ဆံ တောင်းလိုက်တယ်။ " တောင်းပြန်ပြီလား ဒီပိုက်ဆံ... ငါ့မှာငွေတွင်းရှိတယ်များ ထင်နေတာလား... မပေးနိုင်ဘူး " "ဟာဗျာ .. လုပ်ပါ ဒေါ်ရီရာ တစ်ထောင်တည်းပါ '' "မပေးနိုင်ဘူး .. သွားစမ်း ... အဆိပ်ပင်ရေမလောင်းနိုင်ဘူး " "ဟာဗျာ " " ဒုန်း ...ဒုန်း" အဘွားကိုကြည့်ပြီး ဟန်သော်လင်း စိတ်တိုတိုနဲ့ နံရံတစ်လျှောက်ကို ခြေထောက်နဲ့ ပိတ်ကန်ပစ်လိုက်မိတယ်။ဒေါသကြောင့်လား ဒါမှမဟုတ် မနက်စောစောက သောက်ထားမိတဲ့ အရက်ရှိန်ကြောင့်ရယ်လားမသိဘူး ခေါင်းကတရိပ်ရိပ်မူးနေတယ်။ အစကတော့ စိတ်ညစ်ညစ်နဲ့ ဟန်သော်လင်း အရက်ကို အပျော်သဘောနဲ့ သောက်ခဲ့မိတာ။ ဒီလောက်ထိ စွဲလမ်းသလိုဖြစ်သွားလိမ့်မယ်လို့မထင်ခဲ့မိဘူး။ ခုတော့ သုံးလေးလအတွင်းမှာပဲ အရက်မသောက်ရရင်မနေနိုင်ကို ဖြစ်နေမိတာ။ ====================== အပိုင်း (၁၄) ဆက်ရန် ဧကြည်ဖြူ

"အင်း .. သူတို့ကို အရှက်ခွဲလို့ တဲ့လေ ... ငါ့သစ်ပင်တွေကိုပါ ဖျက်ဆီးလိုက်ကြတာ" "အင်း ဆိုးလိုက်တာ...မင်းက ဘာမှ ပြန်မပြောဘူးလား ...မင်းလဲ အဲ့ဒီအိမ်က မြေးပဲ မဟုတ်လား ...ဘာလို့ ငြိမ်ခံနေရတာလဲ .." နေမခရဲ့အသံမှာ ဒေါသသံပါသွားတယ်ထင်ပါရဲ့။ သူမက နေမခကို မော့ကြည့်လိုက်ပြီး "မပြောပါဘူး ... ပြောလဲထပ်အရိုက်ခံရတာပဲရှိမှာကို..ခုထပ်စိုက်ထားတယ် ... ဒီတစ်ခါ ဈေးထဲက ကုန်စိမ်းသည်တွေကို ဈေးပေါပေါနဲ့ ဖောက်သည်ပေးမလားလို့ ... မနက်ခင်းဈေးသွားရင်း ယူသွားလို့ရတယ်လေ.." "အဲ့ဒါဆို အရိုက်မခံရတော့ဘူးပေါ့ " "မသိဘူးလေဟာ ..နီးနီးနားနားဆို ရှက်တယ်ပြောမှာစိုးလို့ ...ဈေးထဲပို့မှာလေ" "ဂေါက်သီးမ"လို့ နေမခ စိတ်ထဲကနေ ပျစ်ပျစ် နှစ်နှစ်ခေါ်လိုက်မိတယ်။သူမကို ကြည့်ရတာ လေးလေးနက်နက် ပုံလဲ မရှိဘူး။ကြည့်ရတာ အနိုင်ကျင့်ခံနေရတာကိုပဲ ပျော်နေတဲ့ပုံစံမျိုးနဲ့။ ~~~~~~ "သားရယ် ...ဘယ်လိုဖြစ်ရတာလဲ ....အဲ့ဒါကြောင့်မို့ ပြောတာနိုင်သလောက်ပဲ သယ်ပါလို့ဆို .... တော်သေးတာပေါ့ ဘာမှ မဖြစ်သွားလို့ ..." အေးမြနွယ် သားဖြစ်သူကိုကြည့်ပြီး ရင်ထဲမကောင်းမိ။အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ မိသားစုတာဝန်ကိုထမ်းနေရှာတဲ့ ကလေး။မိမိနဲ့ ကံကြမ္မာ ချင်းတူလွန်းလှတဲ့ သားကြီးကို ကြည့်ပြီး အေးမြနွယ် သနားနေမိတယ်။အေးမြနွယ် သားကြီး အရွယ်တုန်းကလဲ ဗိုက်ကြီးတကားကားနဲ့အိမ်ထောင့် တာဝန်တွေကို ထမ်းခဲ့ရတာလေ။ အဲ့ဒီတုန်းက သားသမီးတွေ အလှည့်ကျရင် မိမိလို မဖြစ်အောင် ပြုစုစောင့်ရှောက်မယ်လို့ ဆုံးဖြတ်ခဲ့ကာမှ အခုတော့ သားကြီးခများ ငယ်ငယ်ရွယ်ရွယ်နဲ့ မိသားစုတာဝန်ကိုထမ်းနေရရှာတယ်။ "နောက်ဆို ဆိုက်ကားပဲစီးပါး မြေးရယ် .....ကဲ... လာ ...အဲ့ဒါတွေထားလိုက် ...အဘွား ဆေးလူးပေးမယ် " "ရပါတယ် အဘွားရယ် ... သား ဘာမှမဖြစ်ပါဘူး ... ခြေထောက်နာသွားရုံပါပဲ .." နေမခ မုန့်ချိတ်တဲ့ချိတ်တွေကို လှမ်းယူလိုက်ပြီး အမေနဲ့ အဘွားကို ပြန်ပြောလိုက်တယ်။ ~~~~~~~ ဦးငယ်က ကားမောင်းသူနေရာမှာဝင်ထိုင်တယ်။ အမေက ကားပေါ်တက်ခါနီးထိ သူ့အမေသူ့ညီမတွနဲ့ စကားပြောလို့ မပြီးသေးဘူး။ "တစ်ခုခုဆို ဇွတ်မလုပ်ကြနဲ့နော် ...တော်ကြာ ကိုကြီးသိသွားရင် မကောင်းဘူး....သူနိုင်ငံခြားတွေ ဘာတွေ သွားပြီးအလုပ်လုပ်ချင်လားလို့ မေးကြည့်လိုက် အမေ ...သမီးလဲ ဒီကို ခဏခဏ မလာနိုင်ဘူး...အငယ်ကောင်လေးက ချူချာချင်တယ်...အကြာကြီးထားခဲ့လို့မရဘူးရယ် ... သူပြဿတွေပဲ လိုက်ရှင်းပေးနေဖို့ အချိန်မရှိဘူး ...အမေတို့ ပစ္စည်းတွေလဲ သေသေချာချာသိမ်းကြအုံး...ဒီထက်ဆိုးလာရင်တော့ သမီး တစ်ခုခုစီစဉ်ပေးပါ့မယ် " ဟန်သော်လင်း အံကိုတင်းတင်းကြိတ်ထားမိတယ်။ မဝေးလှတဲ့ အကွာအဝေးကနေ စကားသံတွေ အားလုံးကို အတိုင်းသားကြားနေရတယ်။ "ဒီထက်ဆိုးလာရင် "ဆိုတဲ့ စကားက ဟန်သော်လင်းရဲ့နားထဲမှာ ပဲ့တင်ထပ်နေတယ်။ဟန်သော်လင်း ပန်းချုံအကွယ်ကနေ ဖျတ်ခနဲ ထွက်လိုက်ပြီး သူတို့အုပ်စုရှိရာဆီကို လျှောက်သွားလိုက်တယ်။ "ကျွန်တော်ကို သုံးဖို့ပိုက်ဆံပေးခဲ့ပါအုံး ...ဒေါ်ရီ.ဆီက တောင်းရတာ ငါးရာ တစ်ထောင်ရဖို့တောင် အဆဲအဆိုခံရပြီးမှ ပေးလို့ မတောင်းချင်ဘူး ...တစ်ခါတည်း တစ်လစာ ပေးခဲ့ပါ" ဟန်သော်လင်း ခပ်တည်တည်နဲ့ ဝင်ပြောလိုက်တော့ အားလုံးအံ့ဩသွားကြတယ်။ "တစ်လစာတောင်းရအောင် ... နင်က ငါ့ကို ဘယ်နှစ်ပြားအပ်ထားလို့လဲ " စန္ဒာဝင်း စိတ်တိုတိုနဲ့ ဟန်သော်လင်းကို ကြည့်ပြီး ပြောလိုက်တယ်။ "မပေးချင်လဲ ရပါတယ် ..မန္တလေးကိုဖုန်းဆက်ပြီးတောင်းလိုက်မယ် " "ဘာ ...မင်း ....မင်း ... လူ့တိရစ္ဆာန်...ငါ့ကို ခြိမ်းခြောက်နေတာပေါ့လေ ဟုတ်လား ... မင်းကများ " "ကဲ..တော်ပါတော့ သမီးရယ် ...သွားခါနီးလာခါနီး စိတ်တိုမနေနဲ့..ဒီကောင့်ကို ထားခဲ့လိုက် " ဒေါ်ရီက စိတ်တိုဒေါသထွက်နေတဲ့ သမီးဖြစ်သူစန္ဒာဝင်းကို တားမြစ်လိုက်တယ်။ "ဟဲ့ ရော့ ....ဒီမှာ နင်လိုချင်နေတဲ့ ပိုက်ဆံ ...ငါတို့မိသားလဲ ဝဋ်ရှိသရွေ့တော့ နင့်ဆီမှာခံနေရအုံးမှာပေါ့ " စန္ဒာဝင်းက ဒေါသနဲ့ ပြောဆိုလိုက်ပြီး ငွေတစ်ထပ်ကို ဟန်သော် လင်းရှေ့ကို ဘုတ်ခနဲ ပစ်ချပေးလိုက်တယ်။ ပြီးတာ့ ကားကို မောင်းထွက်ခိုင်းခဲ့လိုက်တယ်။ ထောင်တန်လေးတွေက မြေပြင်ပေါ်ကို တစ်ရွက်စီ လွင့်ကျလာတယ်။ပြီးတော့ ကားလေးမောင်းထွက်သွားတယ်။အမေက ဟန်သော်လင်းရဲ့ရင်ထဲက ထွက်သွားခဲ့တယ်။ဟန်သော်လင်း မြေပြင်ပေါ်မှာ ဟိုတစ်ရွက်ဒီတစ်ရွက်ကျနေတဲ့ ပိုက်ဆံတွေကို လိုက်ကောက်လိုက်တယ်။ပိုက်ဆံတွေ လိုက်ကောက်နေတုန်း လက်တစ်ဖက် ပေါ်ပေါက်ခနဲ ကျလာတာမျက်ရည်လား၊ ချွေးစက်လားဆိုတာ ဟန်သော်လင်းလဲ သေချာမသိဘူး။ "ဒီနေ့ကစပြီး ...အခန်းတွေကို သေချာသော့ခတ်ကြ.." အဒေါ်အငယ်ရဲ့ အသံက စူးခနဲ ထွက်လာတယ်။ ''အေး ဟဲ့....အိမ်ထဲမှာနေပြီး မလုံခြုံတော့ဘူး ...အမေလဲ သတိထားနေအုံး" ခနဲ့တာလား၊ ရွှဲ့တာလား မသိ။ "ဒုန်း " "ဟဲ့ ...ဟဲ့ ဘာဖြစ်တာလဲ " ဟန်သော်လင်း အိမ်တံခါးကို ဒုန်းခနဲ ပိတ်ကန်ပစ်လိုက်တော့ အဘွားရဲ့ အော်သံကျယ်ကြီးက ထွက်လာတယ်။

ပတ်သက်ပြီးအဘွားတို့ရဲ့ စံသက်မှတ်ချက်က ဘယ်လိုမျိုးလဲဆိုတာကို အလင်းချို သေချာမသိပေမဲ့ အဘွားတို့အိမ်ကို စရောက်တဲ့နေ့ကစလို့ ဒီနေ့ အချိန်အထိ အလင်းချို အကောင်းပြောမခံရသေးဘူး။ ယုတ်စွအဆုံး အလင်းချိုသနပ်ခါး အဖွေးသားနဲ့နေတာကိုတောင် အဘွားတို့က သဘောကျတာမဟုတ်ဘူး ။ အဲ့ဒီတော့အလင်းချိုကလဲ ရှည်ရှည်ဝေးဝေး တွေးနေ၊ခံစားမနေတော့ဘူး။ သနပ်ခါးမလိမ်းနဲ့ဆို မလိမ်းရုံပဲ။မျက်နှာပြောင်နဲ့ နေတော့ အလုပ်ရှုပ်တောင်သက်သာသေးတယ်။ ဒါပေမဲ့ သစ်ပင်စိုက်၊ ပိုက်ဆံရှာတာကို တားမြစ်တာကတော့ အလင်းချို လက်မခံချင်ဘူး။ "ကိုယ့်အစ်မကို အဲ့ဒီလိုမပြောနဲ့လေအလင်းချို ... သူက သမီးကို ကောင်းစေချင်လို့ ပြောတာလေ...သမီးအသက်အရွယ်နဲ့ မဟုတ်တာတွေဖြစ်မှာစိုးလို့ လူကြီးတွေကို သတိပေးတာ ...ဒါကို သမီးလိုက်နာရမယ်....အေး အဖေတစ်ခုပဲပြောမယ်..ဒီအိမ်က ဘယ်သူဘာပြောပြော သမီးနားထောင်ရမယ် ...သူတို့က သမီးကို ကောင်းစေချင်လို့ ပြောကြတာချည်းပဲ ..." အဖေပြောနေတာ လေသံအေးအေးလေးပဲ။ ဒါပေမဲ့ အဖေ့စကားလုံးတွေက အလင်းချို ဘက်က မဟုတ်ခဲ့ဘူး ။ ဘာကို ပြောချင်လို့ ပြောချင်မှန်းလဲမသိဘဲ ဝေ့ဝိုက်နေတယ်။ အဖေ့ကိုကြည့်ရတာ လူကသာ အလင်းချိုရှေ့မှာ ထိုင်နေရပေမဲ့ စိတ်က သူ့အိမ်ကိုပြန်ရောက်နေပုံရတယ်။ဖင်တကြွကြွနဲ့ ပြန်ဖို့ပဲ စိတ်လောနေပုံရတယ်။ "သမီး သစ်ပင်တွေ ပြန်စိုက်ချင်တယ် ...ပြီးတော့ ကိုယ်တိုင်လဲရောင်းချင်တယ် ...ဒါမှမဟုတ်ရင်တော့ အလုပ်ထွက်လုပ်ချင်တယ် " . " ဘယ် ...ဘယ်လို " အဖေက အလင်းချိုကို တအံ့တသြကြည့်လာတယ်။ " ဘာတွေပြောနေတာလဲ ... ဘာအလုပ်လုပ်မှာလဲ ...နေဖို့အသင့် ...စားဖို့ အသင့်ရှိနေတာကို ဘာတွေပူပန်နေတာလဲ '' အဖေ ဘာတွေတွေးနေလဲ။ဘာတွေ စိတ်ကူးနေလဲ အလင်းချိုမသိတော့ဘူး။ လူတစ်ယောက်က နေဖို့စားဖို့ ရှိရုံနဲ့ ဘ၀က ပြီးပြည့်စုံပြီလား။ကိုယ့်ကို မေတ္တာမရှိတဲ့အရပ်မှာ ဘယ်လိုမျိုးများ ရှင်သန်ရမှာလဲ။ "ကဲ တော်ပြီ ... ဘာမှပြောမနေနဲ့တော့... သစ်ပင်စိုက်ချင်ရင်စိုက် အဘွားကို ပြောပေးခဲ့မယ် ...ကျန်တာတွေ စိတ်မကူးနဲ့ အချိန်အားနေရင် အိမ်အလုပ်တွေဝိုင်းလုပ် ကြားလား ... ကိုယ့်ထက်အကြီးတွေနဲ့လဲ သင့်သင့်မြတ်မြတ်နေ .. နောက်ထပ် ဘာပြဿနာမှ မကြားချင်ဘူး " အဖေပြန်သွားတဲ့အထိ အလင်းချို ဧည့်ခန်းထဲမှာ ငူငူ ချည်း ထိုင်နေမိတယ်။ ~~~~~ "ဝုန်း " " အား .." ဒီလောက်ထိန်းနေတဲ့ကြားက စက်ဘီးရှေ့ခြင်းထဲနဲ့လက်ကိုင်မှာ ပါလာတဲ့ ပစ္စည်း ဝိတ်က များနေတာမို့ နေမခရဲ့ စက်ဘီးက လမ်းဘေးကို မှောက်လဲသွားတယ်။နာနေတဲ့ကြားကနေ နေမခ ကုန်းရုန်းထလိုက်တယ်။ ~~~~~ " ဟင် " အလင်းချို လမ်းလျှောက်နေတုန်း အနောက်ဘက်က ဝုန်းခနဲ အသံကြားလိုက်ရလို့ လှည့်ကြည့်လိုက်မိတော့ စက်ဘီးတစ်စီး မှောက်သွားတာကို တွေ့လိုက်ရတာမို့ စက်ဘီးမှောက်ရာဆီကို အပြေးအလွှားသွားလိုက်မိတယ်။ အနားရောက်မှ စက်ဘီးမှောက်သူက နေမခမှန်းသိလိုက်ရလို့ အလင်းချိုခြေလှမ်းတွေတွန့်သွားရပေမဲ့ သူ့ကို အပြေးသွားထူလိုက်မိတယ်။ "နင် .. နင် ဘာဖြစ်သွားသေးလဲ ...ထနိုင်ရဲ့လားဟင် ... ပစ္စည်းတွေ ငါကောက်ပေးပါ့မယ်" " ရတယ် ...ဖယ် ...ဖယ် '' နေမခ ရှက်ကလဲရှက် စိတ်ကလဲတိုနဲ့ အလင်းချိုရဲ့ လက်ကို တွန်းဖယ်ပြီး ကုန်းရုန်းထလိုက်တယ်။ အလင်းချိုကတော့ အတင်းတွန်းဖယ်နေတဲ့ နေမခကို ဂရုမစိုက်ဘဲ နေမခရဲ့လက်ကို အတင်းဆွဲထူပေးလိုက်ပြီး လမ်းပေါ်မှာ ပြုတ်ကျနေတဲ့ ပစ္စည်းတွေကိုလိုက်ကောက်လိုက်တယ်။ "နင် စက်ဘီးနင်းနိုင်သေးလား ...ဒီနေ့ ငါ့မှာပစ္စည်းတွေသိပ်မများဘူး နင့်စက်ဘီးကို တွန်းပေးခဲ့မယ်လေ " " ရတယ် မလိုဘူး ...ငါနင်းနိုင်တယ်" နှုတ်က "ရတယ် "လို့သာ ပြောလိုက်ရပေမဲ့ နေမခ ခြေထောက်တွေ နာကျင်နေလို့ လှုပ်ပင်မလှုပ်ချင်။ နေမခကြည့်မရတဲ့ သူမကတော့ သိုးသိုး သွက်သွက်နဲ့ပစ္စည်းတွေကို လိုက်ကောက်နေပြီး အိတ်တစ်လုံးထဲကို စုထည့်နေတယ်။သူမစိတ်ထဲမှာ သူ့ကိုတွေ့တာနဲ့ အသံမာမာနဲ့ ပြောဆိုနေတဲ့ နေမခကိုလဲ အမှတ်ထားပုံမရဘူး။ပြောင်သလင်းခါနေတဲ့ မျက်နှာရယ် ထုံးစံအတိုင်းရှပ်အင်္ကျီဖားဖားကြီးနဲ့လမ်းပေါ်မှာ ကုန်းကုန်းကွကွနဲ့ နေမခစက်ဘီးပေါ်ကပြုတ်ကျသွားတဲ့ မုန်ထုတ်တွေကို လိုက်ကောက်နေတယ်။ "ဒီမှာ ရော့ ...မုန့်ထုတ်တွေကတော့ ဘာမှ မဖြစ်ပါဘူး .. ဖယောင်းတိုင်တွေတော့ နည်းနည်း ကျိုးသွားတယ် ... နင် စက်ဘီး နင်းနိုင်လို့လား .ငါတွန်းခဲ့ပေးမယ် " "ရတယ် မလိုဘူး ဖယ် ...အ ....ကျွတ် ကျွတ်....ဆော...ဆောရီး " နေမခပြောရင်းနဲ့ စက်ဘီးဟန်ဒယ်ကို လှမ်းဆွဲလိုက်ပေမဲ့ လူက ယိုင်သွားပြီး အလင်းချိုရဲ့ လက်ကို ဆုပ်ကိုင်မိရဲ့သားဖြစ်သွားတယ်။ "ရပါတယ်....ကဲပါဟာ ဖယ်ပါ ငါတွန်း ပေးပါ့မယ်.....ငါတို့က အိမ်နီးချင်းတွေပဲဟာ ." နေမခ မျက်နှာပူပူနဲ့ပဲ စက်ဘီးကိုတွန်းနေတဲ့ အလင်းချိုနဲ့ ခပ်ခွါခွါကနေ လျှောက်လာခဲ့လိုက်တယ်။ "မင် ဟိုနေ့က အရိုက်ခံရတယ်ဆို " နေမခလွှတ်ခနဲ မေးလိုက်မိတယ်။တကယ်တော့ အဲ့ဒီအကြောင်းကို ဒေါ်စန်းဆိုတဲ့ အဒေါ်ကြီးလာပြောပြလို့ နေမခတို့လဲသိတာ။ အဲ့ဒီသတင်းကြားလိုက်ရတော့ စိတ်မကောင်းတောင် ဖြစ်မိသွားသေးတယ်။

ဧကြည်ဖြူ "သံယောဇဉ် ကမ်းပါး " အပိုင်း( ၁၃ ) ****** "နင်ကအရွယ်တောင်မရောက်သေးဘူး အမောက်ထောင်လာပြီပေါ့ ဟုတ်လား ....ထမင်းနပ်မှန်အောင်စားနေရလို့ လူပါးဝနေတာ ...သူခိုးစိတ် ရှိလို့ကတော့ ဒီမှာမနေနဲ့ " ဟန်သော်လင်း လဲနေရာကနေ ထရပ်လိုက်ပြီး အမေနဲ့ မျက်နှာချင်းဆိုင်ရပ်လိုက်တယ်။ သူ့စိတ်ထဲမှာ အမေ့ကို မေးချင်နေတဲ့ မေးခွန်းတွေအများကြီးပဲ။ ဒါပေမဲ့ နှုတ်ကထွက်ကျမလာခဲ့ဘူး။အမေ့မျက်နှာကို ကြည့်ပြီး နှုတ်က ဆွံ့အနေခဲ့တယ်။အမေက သားသမီးကို မချစ်တတ်တဲ့ မိခင်မျိုးလား။ ဒါလဲမဖြစ်နိုင်ဘူး မဟုတ်လား ။မန္တလေးမှာရှိတဲ့ အမေ့ရဲ့သားနဲ့ သမီးကိုတော့ အမေချစ်တယ် မဟုတ်လား။ "နင့်ကို ထောင်ထဲမထည့်လို့ ရောင့်တက်မယ် မကြံနဲ့ ... ငါတို့ အရှက်ကွဲမှာစိုးလို့သိရဲ့လား ...ရှေ့လျှောက် ဒီလိုပဲ ဆက်လုပ်နေမယ်ဆိုရင် ...ငါကိုယ်တိုင် ထောင်ထဲကိုထည့်မှာ " " ကျွန်တော် ဒီအိမ်မှာဆက်နေခွင့်ရှိလား " ဟန်သော်လင်းရဲ့ နှုတ်က အလိုလို ထွက်သွားခဲ့တဲ့စကား။ တကယ်က ဒီစကားကို ပြောဖို့ရည်ရွယ်ခဲ့တာမဟုတ်ဘူး။"ကျွန်တော် သူခိုးမဟုတ်ဘူး ။လောင်းကစာလဲ ဝါသနာမပါဘူး။ဆေးလဲ မသုံးပါဘူး အမေရယ် "လို့ပြောချင်ခဲ့တာ။ "ဘာလဲ ...နင်က ဒီမှာ မနေချင်တော့ဘူးလား ... မနေချင်ရင်လဲသွား ... ငါ့မိသားစုကိုတော့ ဒုက္ခမပေးနဲ့ ...သွားမယ်ဆိုလဲ ငါတို့နဲ့ အဝေးဆုံးကို သွား " "သွား"ဆိုတဲ့ စကားကလွဲရင် အမေမပြောတတ်တာလား။ ဒါမှမဟုတ် တကယ်ပဲ အမေက သူ့ကိုဒီအိမ်ကနေ ထွက်သွားစေချင်နေတာလား။အမေက သူ့ကိုပါးရိုက်ဖို့သက်သက် မန္တလေးကနေ ရန်ကုန်ကိုတကူးတက လာခဲ့တာလား။ အမေ့ဆီမှာ သူ့အတွက် ဒီထက်ပိုပြီး ဘာမှ ပါမလာတော့ဘူးလား။စိတ်ထဲကနေ လားပေါင်းများစွာနဲ့မေးခွန်းတွေကို မေးနေမိပေမဲ့ တကယ်တမ်း စိတ်ကဘာကိုမှမသိချင်တော့ဘူး။ ဟန်သော် လင်း အမေ့မျက်နှာကို စေ့စေ့စိုက်ကြည့်နေလိုက်တယ်။ပြီးတော့ တစ်လုံးချင်းပြောလိုက်တယ်။ "ဒီအိမ်ကနေ ကျွန်တော်ကို ထွက်သွားစေချင်ရင် ပိုက်ဆံပေးပါ ... အမေ့မှာ ပိုက်ဆံတွေပေါတယ် မဟုတ်လား ....ပိုက်ဆံသာရရင် ကျွန်တော်အမေ့ရှေ့ကို ဘယ်တော့မှ ပေါ်မလာတော့ ဘူး " "ဘာ ... ဘာပြောတယ် " အမေ့ဆီက အာမေဍိတ်သံထွက်လာတယ်။ဟန်သော်လင်းဘ၀တစ်လျှောက်လုံးမှာ အမေ့ကို နာမ်စားတစ်ခု ထည့်ခေါ်ပြီး စကားပြောဖူးတဲ့ အရေအတွက်က လက်ဆယ်ချောင်းပင် ပြည့်ပါလေမလား မသိပါ။ ဒီတစ်ခေါက် ပြောခြင်းကတော့ နောက်ဆုံးတစ်ခေါက်ပြောတာပဲဖြစ်မယ်ထင်ပါတယ်။ "ကျွန်တော်လဲ ဒီအိမ်မှာ မနေချင်တော့ပါဘူး ... လက်ထဲပိုက်ဆံရှိတာနဲ့ ထွက်သွားဖို့ အဆင်သင့်ပဲ ...အဲ့ဒီတော့ ပိုက်ဆံကို ဘယ်သူထုတ်ပေးမလဲ ....ထုတ်ပေးမယ်ဆိုရင် ပြော.....ခုတော့ အရမ်းပင်ပန်းနေလို့ သွားအိပ်လိုက်အုံးမယ်ဗျာ" ဟန်သော်လင်း မျက်နှာကြောတင်းတင်းနဲ့ပဲ ပြောလိုက်ပြီး အမေ့ရှေကနေ ထွက်ခဲ့လိုက်တယ်။ပြီးတော့အခန်းရှိရာကို ခြေသံပြင်းပြင်းနဲ့ လျှောက်သွားလိုက်တယ်။အမေနဲ့ အဘွားက အံ့ဩ ထိတ်လန့်နေတဲ့ မျက်နှာတွေနဲ့ ဟန်သော်လင်းကို ကြည့်နေကြတယ်။တကယ်လဲ ဟန်သော်လင်း ဒီအိမ်မှာမနေချင်တော့ပါဘူး။ထမင်းတစ်လုတ်ကိုတောင် ဆူဆူဆောင့်ဆောင့် မပြောဘဲ မကျွေးချင်တဲ့ မိသားစုဆီမှာ မနေချင်တော့ဘူး။ စားစား၊ သွားသွား အပြစ်တွေပဲ ပြောနေကြတဲ့ အိမ်မှာ မနေချင်တော့ဘူး။ဝသီပါလို့ပြောရအောင်ကလဲ အဲ့ဒီဝသီတွေက ဟန်သော်လင်းအတွက် သီးသန့်တည်ရှိနေတာများလား။ "နေအုံး ..နင် ဆင်းလာခဲ့အုံး ...ဟန်သော်လင်း ပြောနေတာ ကြားလား " အမေ့ရဲ့အသံက ဟန်သော်လင်းနောက်ကနေ ကပ်ပါလာခဲ့တယ်။ဟန်သော် လင်း လှည့်မကြည့်ဖြစ်ပါ။အခန်းထဲ ၀င်လိုက်ပြီး တံခါးကို ခပ်ကြမ်းကြမ်းဆွဲပိတ်ပစ်လိုက်တယ်။ ~~~~~~ " ဘာဖြစ်ချင်တာလဲ ..ဘာလုပ်ချင်တာလဲပြောစမ်း အလင်းချို ...ဘာလို့ သမီးအဘွားတို့ကို ဒုက္ခတွေပေးနေရတာလဲဟင် " ကိုသက်ဦးက သမီးဖြစ်သူ အလင်းချိုကို တည့်တည့်စိုက်ကြည့်ပြီး မေးလိုက်တယ်။ "သမီး အပင်စိုက်တာ ဝါသနာပါလို့ စိုက်တာပါ ..ပြီးတော့ အလကားဖြစ်မယ့်အတူတူ ပိုက်ဆံ ရအောင် ရောင်းတာပါ အဖေ " "ပိုက်ဆံ ဟုတ်လား ... ပိုက်ဆံက ဘာလုပ်ဖို့လဲ ...သမီးကို စားဖို့ဝတ်ဖို့ အဖေပေးနေတာပဲလေ .. သမီးက ဘာတွေ လိုချင်နေသေးတာလဲ ...ဘာလဲ သမီး လှချင်နေပြီလား ...ဒါမှမဟုတ် အဲ့ဒီအိမ်က ကောင်လေးကို တကယ်ပဲကြိုက်နေလို့လား " "ရှင် " အဖေ့ မေးခွန်းကြောင့် အလင်းချိုအလန့်တကြားနဲ့ အဖေ့ကို မော့ကြည့်လိုက်မီတယ် ။ "မ ...မဟုတ်ပါဘူး အဖေ.. သမီး စိုက်ထားတဲ့ အသီးအရွက်တွေကို သွားရောင်းတာပါ ...ပြီးတော့ သူမရှိတဲ့ အချိန် သွားတာပါ အဖေ ...မမဒါလီစိုက မဟုတ်တာတွေ လျှောက်ပြောနေတာပါ ..." အလင်းချို အဖေ့ကို အမှန်အတိုင်း ရှင်းပြလိုက်တယ်။အလင်းချို အနေနဲ့ အဖေ့ကို ကြောက်တာမှန်ပေမဲ့ မဟုတ်မမှန်တဲ့အကြောင်း ဆိုရင်တော့ ပြန်ပြီး ရှင်းပြရမယ်။ယုံတာမယုံတာကတော့ အဖေ့ အလုပ်ပေါ့။အလင်းချို အသက်အရွယ်ရလာတာနဲ့ အမျှ သိလာရတာက အဖေတို့ မိသားစုက အတ္တကြီးတယ်ဆိုတာကိုပဲ။ပြီးတော့ မျိုးရိုးဆိုတဲ့ စကားကိုလဲ တွင်တွင် သုံးတတ်ကြသေးတယ်။ဥပမာအလင်းချိုများ တစ်ခုခုအမှားလုပ်မိရင် "မအေတူမျိုး ...မျိုးရိုးကိုကမကောင်းတာပေါ့..."စသဖြင့် ပြောတတ်ကြတယ်။ မျိုးရိုးနဲ့

"နင်က ငါတို့ကို အရှက်ခွဲနေတာပေါ့ ဟုတ်လား ... နင် ဒီကို လာစမ်း ...ကဲဟယ် ...ကဲဟယ် " " ဖြန်း " "ဖြန်း " အလင်းချို အဖြေမပေးနိုင်ခင်မှာပဲ ဒေါသတကြီးနဲ့ လွှဲရိုက်လိုက်တဲ့ ကြိမ်လုံးက အလင်းချိုရဲ့ ကျောပေါ်နဲ့ ခြေသလုံး ၊ ခြေထောက်တွေပေါ်အဆက်မပြတ်ကျရောက်လာခဲ့တယ်။ "အမေ့မြေးက သမီးတို့ မိသားစုကို အရှက်ခွဲနေတာ ...နာနာရိုက် '' အားပါးတရ ရိုက်နေတာကိုပဲ ထပ်ရိုက်ပါဟု ကြီးကြီးအေးက ပြောနေသံကို အလင်းချို ကြားနေရတယ်။ "ဘာမှ မဟုတ်ဘူး ... အဘွားမြေးက အဲ့ဒီဆိုင်က ကောင်လေကို ကြိုက်လို့သွားနေတာလေ...နေ့တိုင်း အကြောင်းမရှိ အကြောင်းရှာပြီး သွားနေတာလေ .." ဒီအသံက မမဒါလီစိုးရဲ့အသံ။ " ငါထင်သားပဲ ... မအေတူသမီးဆိုတော့ ဗီဇကပြလာပြီပေါ့ ... ဘယ်နေ့ အိမ်ကို အရှက်ခွဲမလဲ မသိဘူး" ကြီးကြီးအေးရဲ့ အသံက ထပ်ထွက်လာတယ်။ "သူ့ အပင်တွေကို သွားဖျက်ဆီးလိုက်ပါလား အမေ .. အဲ့ဒါမှ နားအေးမှာ " ဒါက အလင်းချိုနဲ့ ရွယ်တူဖြစ်တဲ့ ကြည်ပြာရဲ့ အသံ။ "ဟုတ်တယ် ... ခြံထဲမှာလဲရှုပ်နေတာပဲ...သွားဖျက်ဆီးပစ်လိုက် " ကြီးကြီးအေးရဲ့ ထောက်ခံသံက မဆုံးသေးဘူး ကြည်ပြာက ခြံထဲကို လှစ်ခနဲ ပြေးဆင်းသွားတယ်။ကြည်ပြာ့နောက်ကနေ ဒါလီစိုးက အပြေးလိုက်ဆင်းသွားတယ်။ "မ .... မလုပ်ပါနဲ့နော် အဘွား ...နောက်ဆို အဘွားတို့မကြိုက်တာကို မလုပ်တော့ပါဘူး ...အပင်တွေကိုတော့ မဖျက်ဆီးပါနဲ့နော် အဘွား ...သမီးတောင်းပန်ပါတယ် " အလင်းချို ရဲ့ တောင်းပန်သံတွေက အဘွား ရဲ့ ရိုက်ချက်တွေအောက်မှာ ပျောက်ကွယ်သွားရတယ်။ ~~~~~~~ အခန်းကျဉ်းလေးထဲမှာ အလင်းချို အသံတိတ်ငိုနေမိတယ် ။အဘွားရိုက်လို နာတာ ထက် ပျက်စီးသွားတဲ့သစ်ပင်လေးတွေကို နှမြောလွန်းလို. ငိုနေမိတာ။ ဒီအခန်းကျဉ်းလေးထဲမှာ နှစ်ပေါင်းများစွာ စိတ်ဆင်းရဲခံပြီးနေနိုင်လာခဲ့တာက ဒီအပင်လေးတွေကြောင့်ပဲမဟုတ်လား။တစ်နေ့တစ်နေ့ သစ်ပင်လေးတွေကို ပြုစုပြီး ဘ၀ရဲ့ ရှင်သန်မှုအဓိပ္ပါယ်ကို ရှာနေခဲ့တာ။ သူတို့တွေကတော့ အလွယ်တကူ ဖျက်ဆီးရက်လိုက်ကြတာ။အပင်စိုက်နေလို့ ဆိုပြီး အိမ်အလုပ်တွေမှာ ပျက်ကွက်ခဲ့ဖူးတာမျိုးလဲ ရှိခဲ့တာမဟုတ်ဘူး။ သူတို့တွေအတွက် အလင်းချိုရဲ့အပြစ်က အလင်းချိုဆိုတဲ့ ဖြစ်တည်မှုကြောင့်ပဲ ဖြစ်မယ်ထင်ပါတယ်။ ဒီထက်ပိုပြီးလဲ အလင်းချို မစဉ်းစားနိုင်တော့ပါဘူး။ ~~~~ "ဟန်သော်လင်း ထွက်လာခဲ့ ...." အသံနဲ့အတူ အစောင့်ရဲသားက အချုပ်ခန်းတံခါးသော့ကို ချောက်ခနဲ ဖွင့်လိုက်တယ်။ဟန်သော်လင်း အချုပ်ခန်း သံမံတလင်းပေါ်မှာ လှဲနေရင်းကနေ ကုန်းထလိုက်ပြီး လာခေါ်တဲ့ရဲ နောက်ကနေ လိုက်ခဲ့တယ်။ ~~~~~~ "ဟေ့ကောင်း အေးအေးဆေးဆေးနေနော် ...ဒီထဲကို နောက်တစ်ခေါက်ထပ်မလာနဲ့ ကြားလား " စခန်းမှူးရဲ့ သတိပေးစကားကို ဟန်သော်လင်း ခေါင်းငြိမ့်ပြလိုက်ပြီး အဘွား နောက်က တိတ်ဆိတ်စွာ လိုက်ပါလာခဲ့တယ်။အချုပ်ခန်းထဲမှာ နှစ်ညနဲ့သုံးရက်ပဲနေခဲ့ရပေမဲ့ ဟန်သော်လင်းတစ်ကိုယ်လုံး ညစ်ပတ်နံစော်နေတယ်။အစားအသောက်ကတော့ ငထွန်းတို့ကလေးတစ်သိုက်က လာပို့ပေးလို့ နပ်မှန်အောင် စားခဲ့ရပေမဲ့ ရေမှမချိုးရတာကို။အမြဲတမ်း သပ်သပ်ရပ်ရပ်သန့်သန့်ပြန့် ပြန့်နေတတ်တဲ့ ဟန်သော်လင်းအတွက် အချုပ်ခန်းကတော့ တကယ့်ငရဲပဲ။အရင်က တမောင်မောင်နဲ့ရှိခဲ့တဲ့မမတွေလဲ ဟန်သော်လင်းအချုပ်ကျတော့ အရိပ်အယောင်ထောင်လာမပြကြဘူးလေ။ ~~~~~ "လူလိုထားတာကို လူလိုမနေချင်တဲ့ကောင် " "ဖြန်း ...ဖြန်း " ဟန်သော်လင်း အိမ်ထဲကိုလှမ်းဝင်လိုက်တဲ့အချိန်မှာပဲ အသံနဲ့အတူ လက်တစ်ဖက်က သူ့ပါးနှစ်ဖက်လုံးပေါ်ကို ဆင့်ကာ ဆင့်ကာ ဖြတ်ရိုက်တာကို ခံလိုက်ရတယ်။ပါးနှစ်ဖက်လုံးမှာ ပူခနဲဖြစ်သွားပြီး လူက အားမရှိတာမို့ ခွေခနဲ လဲကျသွားရတယ်။ဟန်သော်လင်း ဒေါသထောင်းခနဲ ထွက်သွားပြီး မော့ကြည့်လိုက်မိတော့ .... "အမေ " ဟန်သော်လင်း စိတ်ထဲကနေ အသံတိတ်ခေါ်လိုက်မိတယ်။အမေက သူ့ကိုမီး၀င်းဝင်းတောက်လုမတက် မျက်လုံးတွေနဲ့ စိုက်ကြည့်နေတယ်။ ===================== အပိုင်း( ၁၃ ) ဆက်ရန် ဧကြည်ဖြူ

~~~~~ ညနေငါးနာရီပင်ကျော်နေပြီဆိုတော့ မနက်လင်းလင်းချင်းက ဇော်ခန့် တို့အမေ ကျွေးလိုက်တဲ့ထမင်းကြော် တစ်ပန်းကန်နဲ့ ဆိုင်ကသောက်လာတဲ့လက်ဖက်ရည်အရှိန်က ကုန် သွားပြီမို့ ဟန်သော်လင်းဗိုက်ထဲမှာ တဂွီဂွီမြည်နေလေပြီ။ ဘေးက အချုပ်သားနှစ်ယောက်ကတော့ သူတို့အိမ်က လာပို့တာတွေကို စားလိုက်သောက်လိုက်နဲ့ အေးရာအေးကြောင်းပဲ။ လူဆိုတာ သူခိုးဂျပိုးပဲဖြစ်ဖြစ် ၊လူဆိုးပဲဖြစ်ဖြစ် သူတို့ကို ချစ်ခင် သံယောဇဉ်ရှိကြတဲ့ လူသားတွေတော့ ရှိကြစမြဲပဲ မဟုတ်လား ။ဟန်သော်လင်းမှာသာ ...။ "ဟန်သော်လင်း ... မင်းဧည့်သည် လူကြီးလူကောင်းတွေ လာတယ်ဟ " ဟန်သော်လင်း သံတိုင်တွေကိုမှီပြီး စိတ်ပျက်လက်ပျက်နဲ့ တွေးနေမိတုန်းမှာပဲ ရဲတစ်ယောက်ရဲ့အသံကို ကြားလိုက်ရပြီး ထိုရဲရဲ့နောက်မှာ ခပ်ကုပ်ကုပ်လေးတွေ လိုက်လာကြတဲ့ ဇော်ခန့် နဲ့ ငထွန်းတို့ အုပ်စုကိုတွေ့လိုက်ရတယ်။ "ဟေ့ကောင် သော်ကြီး ... ဘယ်လိုဖြစ်ရတာလဲကွာ " "ကိုကြီး...ဘာဖြစ်လို့ အဖမ်းခံရတာလဲ " ငိုသံကိုကြားမှ မဲလုံးလေးပါ ပါလာမှန်း ဟန်သော်လင်း တွေ့လိုက်ရတယ်။ "မင်းတို့ကွာ ..ကလေးကို ဘာလို့ ခေါ်လာတာလဲ .....ပြန်ကြတော့ကွာ .. ပြန်ကြတော့ " "သူ့လိုက်ချင်တယ်ဆိုလို့ပါကွာ ... ဒီမှာ ကလေးတွေက မင်းအတွက် မုန့်ဝယ်လာတယ်ကွ..." ဇော်ခန့်ရဲ့ စကားကိုကြားလိုက်ရတော့ ဟန်သော် လင်းရဲ့ရင်ထဲမှာ လှိုက်ခနဲ ဖြစ်သွားမိတယ်။ဝမ်းသာတာလား၊ ဝမ်းနည်းတာလား ဟန်သော်လင်း ကိုယ်တိုင်လဲ သေချာမသိပါလေ။ ~~~~~~~ "ဘာလုပ်တာလဲ ...ဒါတွေက " " ဟင် ... ဟို ... ဟိုလေ .. ဒေါ်လေးက ... ရောင်း ...ရောင်းပေးမယ်...ဆို....ဆိုလို့ပါ " အလင်းချို ရွက်လာတဲ့ အသီးအရွက်ဗန်းကို ဆိုင်ရှေ့ကခုံတန်းပေါ်မှာ ချပြီး ခင်းနေတုန်းမှာပဲ ဈေးသွားဝယ်တဲ့ နေမခပြန်ရောက်လာပြီး အသံခပ်မာမာနဲ့ မေးလိုက်တာမို့ အလင်းချို အထစ်ထစ်အငေါ့ငေါ့နဲ့ ပြန်ဖြေလိုက်မိတယ်။သူမရှိတဲ့ အချိန်ကို လာကာမှ ပက်ပင်းတိုးရတော့ အလင်းချို ထိတ်လန့်ပြီး ခြေတွေလက်တွေပါတုန်လာမိတယ်။ဒေါ်လေး ပြောသလိုဆို သူကအလင်းချို ထက်လေးငါးလ ပဲကြီးတာကို အလင်းချိုမှာ သူ့ကိုတွေ့တာနဲ့ကို ဒူတုန်နေမိတော့တာ။အိမ်က ကြီးကြီးမေနဲ့ ကြီးကြီးအေးတို့ကိုတောင် သူ့လောက် မကြောက်မိဘူး။ "ဘာလဲ ...ဘာကို ရောင်းပေးမှာလဲ .. ရှုပ်ရှုပ်ယှက်ယှက် " " ဟို ... ဟို " " ဟဲ့ ဪ ....သားကြီး ...ဘယ်လိုပြောလိုက်တာလဲကွယ် ....အမေယူ့ရောင်းတာပါ သားရယ် ....သူလဲ ပိုက်ဆံရ...အမေတို့လဲ အမြတ်ရသလို...၀ယ်သူတွေလဲ လတ်လတ်ဆတ်ဆတ်တွေစားရတာပေါ့ သားရယ်...ကဲ.သမီး အလင်းချို ဟင်းရွက်စည်းတွေကို ရေထားတယ် မဟုတ်လား သမီး... ဒေါ်ဒေါ် ရောင်းပေးထားမယ် ... ညနေကျရင် ပိုက်ဆံလာယူ ဟုတ်ပြီလား " " ဟုတ် ... ဟုတ်ကဲ့ပါ ဒေါ်ဒေါ် ... သမီး သွားတော့မယ်ရှင့် '' အလင်းချို အိမ်ဘက်ကို သုတ်ခြေတင်ပြီး ပြေးခဲ့လိုက်တယ်။ ~~~~~~~ "အမေကလဲ ..ဘာလို့ ယူရောင်းရတာလဲ ..ကုန်စိမ်းနဲ့ သားတို့ဆိုင်က ဘာမှလဲ မဆိုင်ဘဲနဲ့ ....." နေမခ မကျေမနပ်ပြောလိုက်မိတယ်။ " ဪ သားရယ် ..မဆိုင်မှန်းတော့ အမေလဲ သိတာပေါ့ ..ဒါပေမဲ့ ရွက်ထားရတာမှ မဟုတ်တာကွယ်..ပြီးတော့ ကလေးမလေးက သနားစရာလေးပါ သားရယ် " အမေ့စကားကြောင့်နေမခ ခေါင်းကိုခါရမ်းလိုက်ပြီး "ဘာလဲ ... သူက သနားစရာကောင်းအောင် ပြောပြီး ...အမေ့ကို သူ့ကုန်စိမ်းတွေ လာရောင်းခိုင်းတာလား....ဒါနဲ့ သူကဘာလဲ ..အဲ့ဒီအိမ်ကြီးက အိမ်ဖော်လား " နေမခ မကျေမချမ်းနဲ့ ပြောလိုက်မိတယ်။ "မဟုတ်ပါဘူး သားရယ် ... သူကိုယ်တိုင် လာပြောတာမဟုတ်ပါဘူး ... မစန်းလာပြောတာပါ.... ကလေးမလေးက အိမ်ဖော်မဟုတ်ဘူး သားရဲ့ ....အဲ့ဒီအိမ်က မြေးလို့ ပြောတာပဲ ...ဒါပေမဲ့ အိမ်ဖော်လိုပဲ လုပ်ရကိုင်ရနေရထိုင်ရတာတဲ့ ... ပြောရင်လဲ သူများအတင်းဖြစ်ပါမယ် သားရယ် ... ကလေးမလေးက ဒီနှစ်ဆယ်တန်းအောင်တာတဲ့..အဲ့ဒါကျောင်းစရိတ်ရအောင်... သူ စိုက်ထားတဲ့ အသီးအရွက်လေးတွေ သူတို့ ခြံရှေ့ထွက်ရောင်းတာ သူ့အိမ်က ဆူလို့တဲ့လေ... မစန်းဆိုတဲ့ အမျိုးသမီးက ဈေးလာဝယ်ရင်း ပြောပြလို့ ...အမေလဲ ဆိုင်မှာ လာတင်ထားခိုင်းလိုက် ရောင်းပေးမယ်လို့ ပြောလိုက်တာ" "ဟူး ..... သူများကို မသနားနဲ့ အမေရေ ...တော်ကြာ သူများအိမ်တွင်းရေးကို ဝင်ပါ မိသလိုဖြစ်နေမှ.... ဒေါ်ခင်လှ တို့ဦးလွင်ဦးတို့လိုလူမျိုးတွေနဲ့ ထပ်ပြီး ပြဿနာမဖြစ်ချင်တော့ဘူး " "အို ..သားကြီးရယ်... ဘယ်လိုပြောလိုက်တာလဲ ... မင်းအဘွား ကြားသွားလို့ စိတ်မကောင်းဖြစ်နေအုံးမယ် " အဘိုးနဲ့အဘွားကို မကောင်းပြောမိတိုင်း မျက်ကလူးဆန်ပျာနဲ့ ဟန့်တတ်တဲ့ အမေ့အကြောင်းကို သိနေပြီမို့ နေမခမသိဟန်ဆောင်ပြီး လုပ်လက်စအလုပ်ကိုပဲ လုပ်နေလိုက်တယ်။တစ်နေ့ နေမခငွေတွေ အများကြီးရှာနိုင်တဲ့နေ့မှာ အမေ့ရင်ထဲက အဲ့ဒီ ကြောက်စိတ်တွေနဲ့ သိမ်ငယ်စိတ်တွေကို မောင်းထုတ်ပေးပြီး အမေ့ကို အဖေ့ရဲ့နောက် မိန်းမထက် အဆပေါင်းများစွာ ပျော်ရွှင်ရအောင်ထားပေးချင်တာ။ ~~~~~~ "ဒါ ဘယ်က ပြန်လာတာလဲ မိလင်း " အလင်းချိုအိမ်ထဲကို ၀င်လိုက်တာနဲ့အဘွားရဲ့ ဒေါသတကြီးနဲ့ မေးသံကိုကြားလိုက်ရတယ်။ "ဟို ...ဟို..."

အိတ်ကြည်တစ်လုံးယူလာပြီး ရေထည့်သုံးဖို့ပါ လုပ်ပေးရှာတယ်။ဘာပဲဖြစ်ဖြစ် လောလောဆယ် သူတို့တွေ ညဘက်တွေမှာ မောင်းထုတ်မခံရတော့ဘဲ အိပ်ရေး၀၀အိပ်ရတော့မှာပေါ့။ "ငါ့တို့မှာလဲ အိမ်ရှိပြီက္ခ " "ဝေး ..ညကျရင် အေးဆေးအိပ်လို့ရပြီကွ " မဲလုံးလေးက ထအော်လိုက်တော့ ကျန်တဲ့ကောင်တွေပါ လိုက်အော်ကြတယ်။သူတို့ပျော်နေတာကို ကြည်ပြီး ဟန်သော်လင်းလဲစိတ်ပူနေတာတွေ ပျောက်ပြီး ပျော်လာမိတယ်။ "သော်ကြီး ... ဟေ့ကောင်သော်ကြီး " ကလေးတွေနဲ့အတူ ဟန်သော်လင်း လမ်းဖို့နေတုန်းမှာ ဇော်ခန့်တစ်ယောက် မောကြီး ပန်းကြီးပြေးလာတာကို မြင်လိုက်ရတာမို့ ဟန်သော် လင်းရင်ထဲ ဒိန်းခနဲဆောင့်ခုန်သွားမိပြီး ဇော်ခန့်အနားကို ပြေးသွားလိုက်တယ်။ ဇော်ခန့်က နှီးလို လို့ သွားဝယ်တာမို့ သူ့လက်ထဲမှာ နှီးစည်းကြီးတရမ်းရမ်းနဲ့ ပြေးလာတာ။ "ဟေ့ကောင် ...ဘာဖြစ်လို့လဲကွ ...မင်းဟာက အလန့်တကြားနဲ့ " " အေး ဟေ့ကောင် ... မြွေတော့ကိုက်ပြီကွ ....မင်း ပိုက်ဆံတွေ ဘယ်ကရလာတာလဲ " ဇော်ခန့် ရဲ့ ပြူးတူးပျာတာ ပုံစံကိုကြည့်ပြီး သူသဘောပေါက်သလိုလိုရှိလိုက်တာမို့ ဇော်ခန့် လက်ကိုဆွဲလိုက်ပြီး ကလေးတွေနဲ့ဝေးရာကို ခေါ်ခဲ့လိုက်တယ်။ "အေး ...ဘာဖြစ်တာလဲ..ဘာသတင်းကြားလို့လဲကွ ..." "ဆိုက်ကားဂိတ်မှာ.. မင်းကို ရဲနှစ်ယောက် လာရှာသွားတယ်တဲ့ကွ...ဆိုက်ကားသမားတွေလဲ မသိဘူးလို့ ပြောလိုက်ကြတယ်တဲ့...နေပါအုံးကွာ ...အဲ့ဒီငွေတွေ မင်းဘယ်ကရလာတာလဲကွ ...." "ကျွတ်" ဟန်သော်လင်း စိတ်ပျက်လက်ပျက်နဲ့ စုတ်သပ်လိုက်မိတယ်။ "အေး စိတ်မပူပါနဲ့ ကွာ ...ငါ့အစ်မကြီးဆွဲကြိုးကို ခိုးပြီး ပေါင်လာတာကွ ...အခု ငါပြန်တော့မယ် .. ဘယ်သူမေးမေး တဲဖို့ငွေကိုငါပေးတာလို့ မပြောနဲ့နော် ...မင်းအဖေကိုလဲ မှာထားအုံး ... ကလေးတွေကိုလဲ မပြောနဲ့နော်....ငါသွားပြီကွာ " ဟန်သော်လင်း ဇော်ခန့်ကိုပြောပြီး ပြေးထွက်လာခဲ့လိုက်တယ်။ ~~~~~~~ "ခွပ် '' " အား " ဟန်သော်လင်းအိမ်ထဲကို ၀င်လိုက်တာနဲ့ အဒေါ့်ယောကျာ်းရဲ့ လက်သီးက ဟန်သော်လင်း မျက်နှာပေါ်ကို ခွပ်ခနဲ ကျရောက်လာတာမို့ ဟန်သော်လင်းမှာ ဘေးကို ယိုင်လဲသွားတယ်။ "ဘာလို့ထိုးတာလဲဗျ...ပါးစပ်နဲ့ ပြောပါလား " ဟန်သော်လင်း စိတ်တိုတိုနဲ့ ပြန်အော်လိုက်မိတယ်။ "ဘာလို့ထိုးတာလဲ ဟုတ်လား ... ငါ့တို့ ဆွဲကြိုးကို နင်ခိုးသွားတာမဟုတ်လား သူခိုးရဲ့ ....." အဒေါ်က အော်ကြီးဟစ်ကျယ်နဲ့ ထအော်လိုက်တယ်။ "ဟုတ်တယ်ဗျာ...ဆွဲကြိုးကို ကျွန်တော် ယူသွားတာ ... ခိုးတာမဟုတ်ဘူး ...ပိုက်ဆံရှိတာနဲ့ ခင်ဗျားတို့ ဆွဲကြိုးကို ပြန်ရွေးပေးမှာ စိတ်ချ ..." "အောင်မာ နင်ကများ ကြီးကြီးကျယ်ကျယ်နဲ့ ... နင့်မှာဘာအလုပ်ရှိလို့ ပိုက်ဆံက ရှိမှာလဲ ...ဘာလဲ အိမ်ကပိုက်ဆံ ခိုးပြီး ပြန်ရွေးပေးမှာလား သူခိုးရဲ့ ... ပေး ...ဘယ်မှာလဲ ငါ့ဆွဲကြိုး " "မရှိတော့ဘူး ... ငွေလိုလို့ ပေါင်လိုက်ပြီ ...လိုချင်ရင် သွားရွေးယူ " ဟန်သော်လင်း စိတ်တိုပြီးအသံခပ်မာမာနဲ့ပဲ ပြန်ပြောလိုက်မိတယ်။ "ဘာကွ ... ပေါင်းလိုက်ပြီဟုတ်လား သူခိုးရ ...သွားပြန်ရွေးပေး.... ခုချက်ချင်းသွားပြန်ရွေးစမ်း ....မရွေးပေးရင် မင်းအသေပဲကွ " "မရွေးပေးဘူးဗျာ ..ဘာဖြစ်လဲ ...သတ္တိရှိရင် အသားကို ထပ်ထိကြည့်လိုက် ... တစ်ခါပဲ သည်းခံမယ်နော် ..." သွေးသားရင်းတွေက မကြင်နာလေတော့ ဘေးသူစိမ်းက ဟန်သော်လင်းကို ပိုပြီး နှိမ်လေပြီ။ဟန်သော် လင်းကလဲမခံပါ။ တစ်ခွန်း မကျန် ပြန်ပြောပစ်လိုက်တယ်။ "အမယ်လေး ....အမယ်လေး ...နင်ကလဲ ခိုးသေးတယ်....နင်ကပဲ ငါတို့ကို ပြန်လုပ်မယ်ပေါ့လေ ဟုတ်လား ...လာပါ...လာလေ......(XXXX ) ကောင်ရဲ့ ..." အဒေါ်က သူ့ယောက်ျားရှေ့မှရပ်ပြီး ဟန်သော်လင်းကို စုံနေအောင် ဆဲဆိုပါတော့တယ်။ "အမေ့ကို သမီးတို့မပြောဘူးလား...ဒီကောင်လေးက အိမ်တွင်း သူခိုးပါဆို ....သမီးတို့ ပိုက်ဆံတွေ မကြာခဏ ပျောက်နေတာ ...သူ့ လက်ချက်ပဲ....ဒီပုံအတိုင်းဆို ရှေ့လျှောက် ဘယ်လိုလုပ်မလဲ ... သူ့ကို အိမ်မှာ မထားသင့်တော့ဘူး " "အေး ...ငါလဲမနိုင်တော့ဘူးဟေ့ ...နင်တို့လုပ်ချင်သလိုသာ လုပ်ကြ ..." သားအမိသုံးယောက်ရဲ့ အသံက တိုက်ထဲမှာ ဟိန်းထွက်လာတယ်။ဟန်သော် လင်း အံကိုကြိတ်ထားမိတယ်။ တစ်သက်နဲ့တစ်ကိုယ် ဒီတစ်ခါပဲ လုပ်မိတာကို အိမ်တွင်းသူခိုးတဲ့လေ။ မသိရင် ဟန်သော်လင်းက တောက်လျှောက်ခိုးနေတဲ့ ပုံစံမျိုးနဲ့ပြောနေတာ။ "အငယ်မ ...ရဲစခန်းကို ဖုန်းဆက်လိုက်...အိမ်မှာ ပြန်ရောက်နေပြီလို့ ...." ~~~~~~ "ဂျိုင်း '' အချုပ်ခန်းတံခါးပိတ်သံက ဂျိုင်းခနဲ ထွက်ပေါ်လာတယ်။ဟန်သော်လင်း အချုပ်ခန်းထဲကို ကြည့်ပြီး ထောင့်တစ်နေရာမှာ သွားထိုင်လိုက်တယ်။အချုပ်ခန်းထဲမှာ သူ့ထက်အရင်ရောက်နေတဲ့ လူနှစ် ယောက်ရှိတယ်။သူတို့က ဟန်သော်လင်းကို မှုန်တေတေနဲ့ ကြည့်နေကြတယ်။

ဧကြည်ဖြူ " သံယောဇဉ် ကမ်းပါး " (အပိုင်း (၁၂ ) ******* ဟန်သော်လင်း ဆိုင်ထဲကိုဝင်လိုက်ပြီး သူယူလာတဲ့ပစ္စည်းကို ကောင်တာပေါ်ကိုတင်လိုက်တော့ ဆိုင်ရှင်က သူ့ကို မော့ကြည့်လာတယ်။ဆိုင်ရှင်ကြည့်ပုံက ဟန်သော်လင်းကို သူခိုးလား၊ ပိုင်ရှင်အစစ်လားဆိုတဲ့ ပုံနဲ့ကြည်တာ။ ဒါပေမဲ့ ဟန်သော်လင်းက အဘွားတို့ ပြောပြောနေသလို ဖအေတူသားမို့ ရုပ်ကလဲဖြောင့်တယ်။ ဝတ်စားထားတာလဲ သားသားနားနားဆိုတော့ ဆိုင်ရှင်က ဟန်သော်လင်း ပေးလိုက်တဲ့ဆွဲကြိုးကို စမ်းသပ်ကြည့်လိုက်ပြီး "ရောင်းမှာလား ...ပေါင်မှာလား ...ဘောင်ချာရောပါလား " ဆိုင်ရှင်ရဲ့ မေးသံကိုကြားလိုက်ရမှ ဟန်သော် လင်း အကြပ်ရိုက်သွားမိတယ်။ဘောင်ချာ မပါတာက ပြဿနာမဟုတ်ဘူး။ ပစ္စည်းကိုရောင်းရမလား ၊ ပေါင်ရမလား မဝေခွဲနိုင်ဘူးဖြစ်နေတာ။ရောင်းလိုက်ရင် ငွေပိုရနိုင်ပေမဲ့ အဒေါ်တွေက သူတို့ ဆွဲကြိုးကိုပဲ ပြန်လိုချင်တယ်ဆိုရင် ဒုက္ခများမှာ။ "ဘောင်ချာတော့ မပါဘူးဗျ.... အိမ်က ဝယ်ပေးထားတဲ့ ပစ္စည်းပါဗျာ....ပေါင်ပဲပေါင်မယ်....စျေးတော့မနှိမ်နဲ့နော်...." ဟန်သော်လင်း ကိုယ့်ဘာသာလိမ်ပြောပြီး ငိုင်တွေသွားမိတယ်။ အခုလို အရေးကြုံမှပဲ တစ်မိသားစုလုံးမှာ သူကလွဲရင် အားလုံးဆီမှာ လက်ဝတ်လက်စား အပြည့်အစုံ ရှိကြတာကို သတိရလိုက်မိတယ်။အဲ့ဒီ လက်ဝတ်လက်စားတွေကို အမေပဲဝယ်ပေးထားတာလေ။ဟန်သော်လင်းမှာတော့ ရွှေမပြောနဲ့ ကော်လက်ပက်နာရီ တောင်မရှိဘူး။ အဝတ်အစား တောင် ဦးလေးဗီရိုထဲက ပေးချင်တာရော ၊မပေးချင်တာတွေပါ လုယက်ပြီး ယူထားလို့ရှိနေတာ။လက်ဝတ်လက်စား ဘာညာကို ဟန်သော်လင်း စိတ်မဝင်စားပေမဲ့ အဝတ်အစားတော့ ကောင်းကောင်းမွန်မွန် ဝတ်ချင်တယ်။အဲ့ဒီလို ဝတ်ရအောင်လဲ ကိုယ်တိုင်လျှော်၊ ကိုယ်တိုင် မီးပူတိုက်ပြီးဝတ်တာ။ "ကောင်လေး တစ်သိန်းခွဲ ရမယ် " တစ်သိန်းခွဲတဲ့။ လိုချင်နေတဲ့ အမောက်ထက်ပိုသွားတော့ ဟန်သော်လင်းဝမ်းသာသွားမိတယ်။ဈေးနှိမ်တာလား၊ မနှိမ်တာလားတော့ မသိဘူး။ရွှေအကြောင်းလဲ သိတာမှ မဟုတ်တာ။ ကိုင်တောင်ကိုင်ကြည့်ခဲ့ဖူးတာမဟုတ်ဘူး။သူများတွေဝတ်ထားကိုပဲ မြင်ဖူးခဲ့တာလေ။ "ဟုတ်ကဲ့ ရောင်းမယ်ဗျာ ...ဘောင်ချာလေး သေချာလုပ်ပေးနော် ...အိမ်က မုန့်ဖိုးပေးရင် လာပြန်ရွေးမှာဗျ..." ဒါက အပိုစကားပြောလိုက်တာ။ ဒီလောက်များတဲ့မုန့်ဖိုးဘယ်သူက ပေးမှာလဲ။ ငါးရာ၊ တစ်ထောင်ကိုတောင် စစ်ခင်းပြီးတောင်းနေရတဲ့ဟာကို။ ဆိုင်ထဲက ပြန်ထွက်လာတော့ ဝမ်းသာလွန်းလို့ ခြေထောက်တွေတောင် မြေကြီးနဲ့မှ ထိပါရဲ့လားလို့ ထင်ရတယ်။ငွေထုတ်ကို ပိုက်ပြီး ဇော်ခန့်တို့အိမ်ကို အရင်ပြေးခဲ့တယ်။ ~~~~~ "ဖိုးသော် ဒီငွေတွေ ဘယ်ကရလာတာလဲဟ ..... တော်ကြာ ပြဿနာတက်နေပါအုံးမယ်ကွာ " ဟန်သော်လင်း ငွေထုတ်ကိုချပေးလိုက်တော့ ဇော်ခန့် အဖေက အထိတ်တလန့်နဲ့ မေးတယ်။ဟန်သော်လင်းတို့အိမ်က ပိုက်ဆံရှိပေမဲ့ ဟန်သော်လင်းကို မျက်နှာသာမပေးဘူးဆိုတာကို ဇော်ခန့်တို့တစ်မိသားစုလုံးက သိတယ်။ "ရပါတယ် ဦးလေးရာ .... သူတို့အတွက် တဲလေးတစ်လုံးသာ ဆောက်ပေးပါဗျာ ... ကျွန်တော်လဲ ဝိုင်းလုပ်ပါ့မယ် ... ဒါပေမဲ့ ငွေကို ကျွန်တော်ပေးတာလို့တော့ ဘယ်သူ့ကိုမှ မပြောနဲ့နော် " "အေးကွာ ...အေး...အေး ...နောက်ပြဿနာနောက်မှ ရှင်းကွာ ..မင်းက ငါတို့လူကြီးတွေတောင် မလုပ်နိုင်တဲ့ အလုပ်ကို လုပ်လာတာပဲကွာ ...ကဲ..လာကွာ ....ရပ်ကွက်လူကြီးဆီမှာ နေရာသွားတောင်းမယ် ...ပြီးရင် ဝါးဆိုင်ကိုသွားကြတာပေါ့ ... တဲဆောက်ဖို့က ဒီနေ့ တော့အချိန်မရှိတော့ဘူး..... မနက်ဖြန်မနက်စောစောမှစကြတာပေါ့..." ~~~~~ ညကဟန်သော်လင်းအိပ် ပြန်မအိပ်ဖြစ်ပါ။ ဇော်ခန့် နဲ့အတူ သူတို့အိမ်ရှေ့က ဆိုင်လေးထဲမှာပဲ အိပ်လိုက်တယ်။ဘဝမှာ တစ်ခါမှ ခုလိုမလုပ်ဖူးတာမို့စိတ်တွေလှုပ်ရှားနေပြီး ဟန်သော်လင်း တစ်ညလုံးလိုလို အိပ်မပျော်ခဲ့ပါ။အိပ်ပျော်တော့လဲ အိပ်မက်ထဲမှာ အဒေါ် နဲ့ သူ့ယောက်ျားရောက်လာပြီး ဟန်သော်လင်းကို ဝိုင်းရိုက် ကြတယ်လို့ အိပ်မက်တွေ မက်တယ်။ပြီးတော့ အိပ်မက်ကဒီမှာ မပြီးသေးဘူး။ အိပ်မက်ထဲမှာ အမေပါ ရောက်လာခဲ့သေးတယ်။အမေရောက်လာလို့ သူ့မှာ ပျော်ရမလား မှတ်တယ်။အမေ့ပုံစံက ချက်ချင်း မကောင်းဆိုးဝါးပုံစံ ဖြစ်သွားလို့ သူ မနည်း ထွက်ပြေးခဲ့ရသေးတယ်။အိပ်မက်ကလန့်နိုးလာတော့ ဟန်သော်လင်းတစ်ကိုယ်လုံး ချွေးစီးတွေနဲ့ ရွှဲလို့။ဇော်ခန့်ကတောင် သူ့ကိုကြည့်ပြီး "မင်းကလဲ .. ဒီလောက် အကာအရံမရှိတဲ့နေရာမှာ အိပ်ရတာတောင် အိုက်နေတာလားဟ ...တကိုယ်လုံး ချွေးတွေချည်းပဲ " ဇော်ခန့်ကို ဟန်သော်လင်း ဘာမှ ပြန်မဖြေခဲ့ပါ။ ခပ်ယဲ့ယဲ့သာ ပြုံးပြနိုင်ခဲ့တယ်။ ~~~~~~~ လူဆိုတာ ကိုယ့်အသိုင်းအဝိုင်းကိုယ့်အစုနဲ့ ကိုယ်တော့ စည်းလုံးကြတာပဲ။ရပ်ကွက်လူကြီးက ခွင့်ပြုလိုက်တာနဲ့ ဟန်သော်လင်းနဲ့ ဇော်ခန့်တို့သားအဖ အပါအဝင် တံတားနားမှာ နေကြတဲ့ လူတစ်ချို့ရယ်၊ ဆိုက်ကားဆရာတစ်ချို့ရဲ့ အကူအညီနဲ့ ကြိမ်ပင်တွေနဲ့ မြက်ရိုင်းတောကြီးကို ရှင်းပြီး ဓနိမိုးထရံကာ ဝါးကြမ်းခင်းတဲလေးတစ်လုံးကို အမြန်ဆောက်လိုက်ကြတယ် ။လူအင်အားနဲ့ဆိုတော့ တစ်နေမကုန်ခင် တဲလေးက ပြီးလုပြီးခင်ဖြစ်နေပြီ။အဲ့ဒီမှာ စေတနာကောင်းတဲ့ ဆိုက်ကားဆရာ တစ်ယောက်က တိုင်ကီပေါက်တစ်လုံးနဲ့