Arakan Princess Media
သာလီစွပါ။ Arakan Princess Media က ကြိုဆိုပါရေ။ http://arakanprincess.media/
Показати більше📈 Аналітичний огляд Telegram-каналу Arakan Princess Media
Канал Arakan Princess Media (@arakanprincess) у мовному сегменті Бірманська є активним учасником. На даний момент спільнота об'єднує 18 376 підписників, посідаючи 12 135 місце в категорії Новини і ЗМІ та 7 476 місце у регіоні М'янма.
📊 Показники аудиторії та динаміка
З моменту свого створення невідомо, проект продемонстрував стрімке зростання, зібравши аудиторію у 18 376 підписників.
За останніми даними від 29 серпня, 2026, канал демонструє стабільну активність. Хоча за останні 30 днів спостерігається зміна кількості учасників на -156, а за останні 24 години на -5, загальне охоплення залишається високим.
- Статус верифікації: Не верифікований
- Рівень залученості (ER): Середній показник залученості аудиторії становить 11.39%. Протягом перших 24 годин після публікації контент зазвичай збирає 8.41% реакцій від загальної кількості підписників.
- Охоплення публікацій: В середньому кожен допис отримує 2 096 переглядів. Протягом першої доби публікація в середньому набирає 1 547 переглядів.
- Реакції та взаємодія: Аудиторія активно підтримує контент: середня кількість реакцій на один пост – 10.
📝 Опис та контентна політика
Автор описує ресурс як майданчик для висловлення суб'єктивної думки:
“သာလီစွပါ။ Arakan Princess Media က ကြိုဆိုပါရေ။
http://arakanprincess.media/”
Завдяки високій частоті оновлень (останні дані отримано 30 серпня, 2026), канал підтримує актуальність та високий рівень охоплення публікацій. Аналітика показує, що аудиторія активно взаємодіє з контентом, що робить його важливою точкою впливу в категорії Новини і ЗМІ.
Триває завантаження даних...
| Дата | Залучення підписників | Згадування | Канали | |
| 30 серпня | +1 | |||
| 29 серпня | +4 | |||
| 28 серпня | +7 | |||
| 27 серпня | +18 | |||
| 26 серпня | +12 | |||
| 25 серпня | +7 | |||
| 24 серпня | +12 | |||
| 23 серпня | +14 | |||
| 22 серпня | +15 | |||
| 21 серпня | +7 | |||
| 20 серпня | +3 | |||
| 19 серпня | +10 | |||
| 18 серпня | +4 | |||
| 17 серпня | +7 | |||
| 16 серпня | +11 | |||
| 15 серпня | +7 | |||
| 14 серпня | +11 | |||
| 13 серпня | +9 | |||
| 12 серпня | +1 | |||
| 11 серпня | +5 | |||
| 10 серпня | +3 | |||
| 09 серпня | +2 | |||
| 08 серпня | +4 | |||
| 07 серпня | +8 | |||
| 06 серпня | +3 | |||
| 05 серпня | +6 | |||
| 04 серпня | +2 | |||
| 03 серпня | +1 | |||
| 02 серпня | +5 | |||
| 01 серпня | +32 |
| 2 | သာလီစွ ညဇာဖက်ပါ
ရက္ခိုင်သက္ကရာဇ် ၁၃၈၈ ခုနှစ်၊ ဝါခေါင်လပြည့်ကျော်(၂)ရက် ၊ခရစ်နှစ် ၂၀၂၆ ခုနှစ်၊ သြဂတ်စ် (၃၀) ရက်၊ Arakan Princess Media ၏ အပတ်စဉ် တလင်းဂနီနိတိုင်း တင်ဆက်ပီးနီရေ တေးခြင်းကဏ္ဍ ဖျော်ဖြေရီး အစီအစဉ်က ကြိုဆိုလိုက်ပါရေ။
အေနိ ညဇာဖက်အစီအစဉ်ကို အစီအစဉ်မှူးအဖြစ် စံသိမ်းနု ကတင်ဆက်ပီးထားစွာဖြစ်ပါရေ။ မူရင်းတေးခြင်း ပိုင်သျှင်တိကို လေးစားစွာနန့် Credit ပီးပါရေ။
Arakan Princess Media ကထုတ်လွှင့်နီရေ အစီအစဉ်တိကို Telegram Channel အပြင် YouTube, Facebookရိုမာလည်း ဝင်ရောက်နားထောင်နိုင်ပြီးကေ မြီပြင်လီလှိုင်းထက်ကလည်း FM Frequency 90.30 Mhz မာဖမ်းယူနားထောင်နိုင်ပါရေ။
Arakan Princess Media ၏ အစီအစဉ်တိကို နိစဉ် မိုးထဖက် (၈) နာရီနန့် ညဇာဖက် (၈) နာရီမှာ ပုံမှန်ထုတ်လွှင့်တင်ဆက်ပီးနီ ပါရေ။
အာရက္ခပြည်သူ ပြည်သားတိ အားလုံး ဖီးအန္တရာယ် ကင်းဝီးကတ်ပါစီ။
#APM
# အာရက္ခမင်းသမီးသတင်းမီဒီယာ
#ArakanMusic
#APMFM
===============
Telegram Channel Link: https://t.me/arakanprincess
Facebook Link: https://www.facebook.com/arakanprincessmedia1/ | 740 |
| 3 | သာလီစွ ညဇာဖက်ပါ ..
ရက္ခိုင်သက္ကရာဇ် ၁၃၈၈ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် (၂) ရက် ၊ ခရစ်နှစ် ၂၀၂၆ ခုနှစ်၊ သြဂတ်စ် ( ၃၀ ) ရက်၊ Arakan Princess Media ၏ ညဇာဖက်သတင်းအစီအစဉ်တိကို တင်ဆက်ထုတ်လွှင့်ပီးလိုက်ပါရေ။
ဒေနိ ညဇာဖက်အစီစဉ်မာ ဆောင်းနှင်းဝေ နန့် ခိုင်မြတ်မင်းရို့ကသတင်းတိကိုတင်ဆက် ပီးထားကတ်စွာဖြစ်ပါရေ။
ဒေနိ ညဇာဖက်အစီအစဉ်မာ နားထောင်ကတ်ရဖို့ သတင်းတိကတော့ခါ −−−−
(၁) လူကုန်ကူးမှုတားဆီးနှိမ်နင်းရီးလုပ် ငန်းများကို အာရက္ခပြည်သူ့တော်လှန်ရီးအစိုးရ တစိုက်မတ်မတ် ကြိုးပမ်း ဆောင်ရွက်လျက်ဟိရေပြည် တွင်းသတင်း အပါအဝင် တခြားထူးခြားရေ ပြည်ပသတင်းတိ နန့် အားကဇတ် သတင်းတိကို တင်ဆက်ပီးထားပါရေ။
Arakan Princess Media ကထုတ်လွှင့်နီရေ အစီအစဉ်တိကို Telegram Channel အပြင် YouTube ,Facebook ရို့မာဝင်ရောက်နားထောင်နိုင်ပြီးကေ မြီပြင်မာ လီလှိုင်းထက်ကလည်း FM Frequency 90.30 MHz က ဖမ်းယူနားထောင်နိုင်ပါရေ။
Arakan Princess Media ၏ အစီအစဉ်တိကို နိစဉ် မိုးထဖက် (၈) နာရီနန့် ညဇာဖက် (၈) နာရီမာ ပုံမှန်ထုတ်လွှင့် တင်ဆက်ပီးနီပါရေ။
အာရက္ခပြည်သူ ပြည်သားရို့အားလုံး ဖီးအန္တရာယ် ကင်းဝီးကတ်ပါစီ။
#APM
# အာရက္ခမင်းသမီးသတင်းမီဒီယာ
#APMFM
===============
YouTube Link: https://www.youtube.com/channel/UC2pqSWqtEsKY1Cxh-u-KelQ | 746 |
| 4 | ရက္ခိုင်သက္ကရာဇ် ၁၃၈၈ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် (၂) ရက် ၊ ခရစ်နှစ် ၂၀၂၆ ခုနှစ်၊ သြဂတ်စ် (၃၀) ရက်၊ Arakan Princess Media ၏ ညဇာဖက်သတင်းအစီအစဉ် | 641 |
| 5 | Немає тексту... | 1 013 |
| 6 | ဘင်္ဂလားဒေ့ချ် - အာရက္ခနယ်စပ်တွင် Red Line သတ်မှတ်ရန် ပြင်နီဟု ဆို
APM ၊ သြဂတ်စ် ၃၀ / ၂၀၂၆
ဘင်္ဂလားဒေ့ချ် - အာရက္ခနယ်စပ်တလျောက်တွင် " Red Line " သတ်မှတ်ရန် ပြင်ဆင်နီကြောင်းဘင်္ဂလားဒေ့ချ်ကာကွယ်ရီးဝန်ကြီးဌာန၏ စစ်ဖက်ရီးရာဌာန အကြံပီး ဗိုလ်မှူးချုပ်ဟောင်း AKM Shamsul Islam က ပြောသည်။
အာရက္ခပြည်အတွင်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနီခြင်းနန့် နယ်စပ်လုံခြုံရီးဆိုင်ရာစိုးရိမ်မှုများကြောင့် အာရက္ခပြည်နန့် ထိစပ်နီသည့် အရှိဖက်နယ်စပ်တလျောက်တွင် Red Line သတ်မှတ်ရန် ပြင်ဆင်နီသည်ဟု ဆိုသည်။
ကုန်ခသည့် သြဂတ်စ် ၂၄ ရက်နိက ဒါကာတက္ကသိုလ်တွင် ပြုလုပ်ခသည့် မူဆလင်ဒုက္ခသည်များ နီရပ်ပြန်ရီးဆိုင်ရာဆွေးနွေးပွဲ၌Shamsul Islam က ယင်းသို့ ပြောကြားခြင်း ဖြစ်သည်။
လက်ဟိ အာရက္ခပြည်တွင် မြန်မာစစ်ကော်မသျှန်တပ်နန့် အာရက္ခတပ်တော် (AA) အကြား တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနီပြီး အာရက္ခပြည်၏ ၉၀ ရာခိုင်နှုန်းကို အာရက္ခတပ်တော် (AA) က သိမ်းပိုက်ထိန်းချုပ်ထားကြောင်းကိုလည်း ဖော်ပြထားသည်။
အဆိုပါဆွေးနွေးပွဲ၌ မြန်မာဆိုင်ရာ ဘင်္ဂလားဒေ့ချ်သံအမတ်ဟောင်း Mohammad Sufiur Rahman ကလည်း နယ်စပ်လုံခြုံရီးနန့် သံတမန်ရီးနည်းလမ်းများကို တပြိုင်နက်တည်း အသုံးပြုရန် ဆွေးနွေးပြောဆိုခသည်။
အဓိကအားဖြင့် ဘင်္ဂလားဒေ့ချ်နိုင်ငံအနီဖြင့် ကာကွယ်ရီးစွမ်းရည်အပြင် အာရက္ခတပ်တော် (AA) နန့် စစ်ကော်မသျှန်ရို့၏ စွမ်းရည်များကိုလည်း နား လည်ရန်လိုအပ်ပြီး ဘင်္ဂလားဒေ့ချ်၏ အဆောက်အအုံများသည် ထိခိုက်နိုင်သည့်အကွာအဝီးအတွင်း တည်ဟိနီကြောင်း ပြောဆိုခသည်။
အခြားတဖက်တွင် မူဆလင်များနီရပ်ပြန်ရီးကိစ္စနန့်ပတ်သက်၍ ကုလသမဂ္ဂ၊ အာဆီယံ၊ OIC ၊ တရုတ်၊ အိန္ဒိယနိုင်ငံများကိုလည်း ပိုမိုဖိအားပီး လုပ်ဆောင်ရန် ဆွေးနွေးခကတ်သည်။
သို့ရာတွင် လက်ဟိအာရက္ခပြည်တွင် တိုက်ပွဲများပြင်းထန်နီသည့်အပြင် စစ်ကော်မသျှန်၏ အရပ်သားပြည်သူများအပေါ် ပစ်မှတ်ထား သတ်ဖြတ်မှုများ မြင့်တက်နီမှု၊ စစ်ကော်မသျှန်က ပြည်သူများအား အခြီခံကုန်စည်နန့် ဆီးဝါးလမ်းကြောင်းများကို ပိတ်ဆို့ထားမှုကြောင့် မူဆလင်များကို ပြန်ပို့မည်ဆိုပါက အလွန်ဆိုးဝါးသည့်အခြေအနီကို တွန်းပို့ခြင်းသာဖြစ်ကြောင်း နိုင်ငံတ ကာ ပညာသျှင်များအပါအဝင် စစ်ရီး၊ နိုင်ငံရီးကျွမ်းကျင်သူများက အလီးအနက် သုံးသပ်ထားကတ်သည်။
Source - Govt prepares red line along eastern border / The Daily Star
Photo - Nikkei Asia | 1 019 |
| 7 | Немає тексту... | 1 062 |
| 8 | အာရက္ခဒေသအတွင်း မိုးရာသီ ယာဉ်အန္တရာယ် ကင်းယှင်းရီး ဒီလပ် တစိုက်မတ်မတ် ဆက်လက် ဆောင်ရွက်လျက်ဟိ
APM၊ ဩဂတ်စ် ၃၀ / ၂၀၂၆
အာရက္ခဒေသအတွင်း မိုးရာသီ၌ ပြည်သူလူထုရို့ ယာဉ်အန္တရာယ်ကင်းယှင်းစီရီးအတွက် အာရက္ခပြည်သူ့တော်လှန်ရီးအစိုးရ၊ တရားဥပဒေစိုးနန့် ပြည်သူ့လုံခြုံရီးဌာန ( DLEPS )ဌာနမှ အချိန်ပြည့် တစိုက်မတ်မတ် ဆက်လက် ဆောင်လျက်ဟိကြောင်း သိရသည်။
ယင်းသို့ ဆောင်ရွက်ရာတွင် အာရက္ခပြည်သူရို့ လမ်းလားလမ်းလာများသည့် လမ်းမကြီးများ၊ လမ်းဆုံလမ်းခွများနန့် အဝီးဗြီးကားလမ်းများတွင် DLEPS တပ်ဖွဲ့ဝင်များက အာရက္ခပြည်သူလူထုရို့အနီဖြင့် မိုးရာသီ၌ ယာဥ်မောင်းလျှင် ယာဉ်အန္တရာယ်မဖြစ်စီရီးအတွက် အထူးသတိထား ကြပ်မတ်ဆောင်ရွက်ခြင်းများကို အင်တိုက်အားတိုက် ဆောင်ရွက်လျက်ဟိကြောင်း အာရက္ခပြည်သူတဦးက ပြောသည်။
ယင်းနောက် ဆိုင်ကယ်မောင်းလျှင် ဆိုင်ကယ် ဝထုပ်ဆောင်းရန်၊ မိတ်သိုင်းကြိုးတပ်ရန်၊ ဆိုင်ကယ်တစီးမာ လူ ၂ ယောက်ထက်အပိုမစီးရန်၊ ဆိုင်ကယ်ကို အဟိန်ပြင်းပြင်းဖြင့် မမောင်းရန်နန့် ကားမောင်းလျှင် ယာဥ်ကြံ့ခိုင်မှုကို ကြိုတင်စစ်ဆီးရန်၊ အဟိန်လျှော့မောင်းရန်၊မိုးပြင်းထန်စွာရွာနီပါက ရှိမီးကြီးဖွင့်မောင်းရန်၊ ဘေးကင်းအကွာအဝီးကို ထိန်းသိမ်းမောင်းနှင်ရန်နန့် မှန်ကိုကြိုင်အောင်သုတ်ထားရန်စသည့် စည်းကမ်းချက်များကို DLEPS တပ်ဖွဲ့ဝင်များက အသိပီးပြောဆိုလျက်ဟိကြောင်း ဆိုသည်။
ဒေဂုပိုင် လုပ်ဆောင်နီခြင်းသည် အာရက္ခပြည်သူ လူထုများ ယာဥ်အန္တရာယ်ကြောင့် ထိခိုက်ဒဏ်ရာမရစီရန်၊ အသက်ဖီးအန္တရာယ် ကင်းဝီးစီရန်၊ ယာဥ်နန့်ပတ်သက်သည့် စည်းမျဥ်းစည်းကမ်းများကို လိုက်နာကတ်ရန်နန့် မိုးရာသီ၌ အာရက္ခပြည်သူရို့ ယာဥ်အန္တရာယ်ကင်းယှင်းစီရန် အတွက် ရည်ရွယ်ပြီး ( DLEPS ) ဌာနမှ အင်တိုက် အားတိုက် လုပ်ဆောင်နီခြင်းဖြစ်သည်။
ယင်းအပြင် အာရက္ခဒေသတွင် မိုးရာသီ ယာဥ်အန္တရာယ်ကင်းယှင်းစီရီးအတွက် အာရက္ခပြည်သူများအနီဖြင့် မဖြစ်မနီလိုက်နာရမည့် ဆောင်ရန် အချက် ( ၅) ချက်နန့် ယှောင်ရန် အချက် ( ၅) ချက်ကို အာရက္ခပြည်သူ့တော်လှန်ရီးအစိုးရ၊ ပို့ဆောင်ရီးဌာနမှ ကုန်ခသည့် မေလအတွင်းက ထုတ်ပြန်ထားခသည်။
အာရက္ခပြည်သူ့တော်လှန်ရီးအစိုးရ၊ ပို့ဆောင်ရီးဌာနမှလည်း အာရက္ခပြည်သူများအား မိုးရာသီကာလအတွင်း ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းများကို လိုက်နာပြီး အန္တရာယ်ကင်းစွာ လားလာကတ်ပါရန်လည်း အသိပီးဆိုင်းဘုတ်များထောင်ကား တိုက်တွန်းထားကြောင်း သိဟိရပါသည်။
Photo - Arakan Princess Media | 1 045 |
| 9 | Немає тексту... | 1 037 |
| 10 | နီပေါ - တိဘက်တွင် ရီကြီးမှုကြောင့် သီဆုံးသူ ၇၃၄ ဦး အထိမြင့်တက်၊ လူပေါင်း ၃၀၀၀ ကျော်အထိ ပျောက်ဆုံးနီ
APM၊ ဩဂတ်စ် ၃၀ / ၂၀၂၆
နီပေါနိုင်ငံနန့် တရုတ်နိုင်ငံတိဘက်ဒေသ နယ်စပ်တလျှောက် ဩဂတ်စ် ၂၆ ရက်နိက ဖြစ်ပွားခသည့် ရုတ်တရက်ရီကြီးမှုနန့် မြီပြိုမှုများကြောင့် သီဆုံးသူ ၇၄၃ ယောက်အထိ မြင့်တက်လာပြီး လူပေါင်း ၃၀၀၀ ဦး ပျောက်ဆုံးနီကြောင်း ဂနိ၊ ဩဂတ်စ် ၃၀ ရက်နိတွင် သက်ဆိုင်ရာ အာဏာပိုင်များ၏ ထုတ်ပြန်ချက်များအရ သိရသည်။
နီပေါနိုင်ငံဖက်တွင် သီဆုံးသူ ၇၃၄ ဦးဟိပြီး လူ ၂,၄၉၈ ဦး ပျောက်ဆုံးနီဖြစ်ကြောင်း နီပေါ အမျိုးသား သဘာဝဖီး အန္တရာယ်စီမံခန့်ခွဲရီး အာဏာပိုင်အဖွဲ့က ဂနိ၊ ဩဂတ်စ် ၃၀ ရက်နိတွင် ထုတ်ပြန်လိုက်သည်။
တရုတ်နိုင်ငံ တိဘက်ဒေသတွင်လည်း မြီပြိုမှုကြောင့် လူ ၁၆ ဦး သီဆုံးပြီး ၅၄၆ ဦး ပျောက်ဆုံးနီကြောင်း တရုတ်အစိုးရပိုင် မီဒီယာများက ဖော်ပြထားသည်။
နီပေါတွင် ပျောက်ဆုံးသူစာရင်းအတွင်း နိုင်ငံခြားသား ၅၈၉ ဦးနန့် မြစ်ရီလမ်းကြောင်းတလျှောက်ဟိ ရီအားလျှပ်စစ်စီမံကိန်းများမှ အလုပ်သမား ၉၃၃ ဦး ပါဝင်နီကြောင်း သိရသည်။
ယင်းအပြင် ရီအားလျှပ်စစ်စီမံကိန်းများဟိ ရီလွှမ်းမိုးခံထားရသည့် ဥမင်လိုဏ်ခေါင်းများအတွင်း အလုပ်သမား ၁၀၀ ကျော် အသက်ရှင်လျက် ပိတ်မိနီနိုင်သည်ဟု နီပေါအစိုးရက ခန့်မှန်းထားသည်။
ကယ်ဆယ်ရီးအဖွဲ့များက ဥမင်အတွင်းသို့ ကယ်ဆယ်ရီးလုပ်ငန်းများလုပ်ဆောင်နီသော်လည်း မိုးဆက်လက်ရွာသွန်းခြင်းနန့် မြစ်ရီမြင့်တက်လာခြင်းရို့ကြောင့် ကယ်ဆယ်ရီးလုပ်ငန်းများ ရပ်တန့်ထားသည်။
တိဘက်ဒေသတွင်လည်း နောက်ထပ်မြီပြိုမှုတခုကြောင့် နယ်စပ်အနီးဟိ ပြည်သူများကို ကယ်ဆယ်ရီးဝန်ထမ်းများကို ဖီးကင်းရာသို့ ရွှိပြောင်းထားကြောင်း သိရသည်။
အိမ်နီးချင်းနိုင်ငံများကလည်း နီပေါကို ကယ်ဆယ်ရီးနန့် လူသားချင်းစာနာမှုအကူအညီများ ပီးပို့နီကတ်ပြီး အိန္ဒိယက ကယ်ဆယ်ရီးပစ္စည်း ၆၈.၅ တန် ပီးပို့ကာ ဥမင်လိုဏ်ခေါင်း ကယ်ဆယ်ရီးကျွမ်းကျင်သူများကို စီလွှတ်ထားသည်။
အမေရိကန်ကလည်း ရီဖီးသင့် အိမ်ထောင်စု ၁၀,၀၀၀ အတွက် အရေးပေါ်စားနပ်ရိက္ခာအကူအညီအပါအဝင် လူသားချင်းစာနာမှုအကူအညီ အမေရိကန်ဒေါ်လာ ၃.၆ သန်းကျော် ပီးမည်ဟု ကြေညာထားသည်။
နီပေါဝန်ကြီးချုပ် Balendra Shah က အစိုးရအနီဖြင့် ရီဖီးသင့်ပြည်သူများနန့်တတူ ဟိနီပြီး နိုင်ငံသားတဦးချင်းစီ၏ အသက်ကို ကယ်တင်နိုင်ရီးသည် အစိုးရ၏ ပထမဦးစားပီးဖြစ်ကြောင်း ပြောကြားထားသည်။
ကယ်ဆယ်ရီးနန့် ရှာဖွီရီးလုပ်ငန်းများကို အစိုးရယန္တရားအားလုံး အသုံးပြု၍ အဟိန်မြှင့်ဆောင်ရွက်နီသော်လည်း ရာသီဥတုနန့် မြစ်ရီမြင့်တက်မှုများကြောင့် နောက်ထပ်ရီကြီးမှုများ ဖြစ်ပေါ်နိုင်သည့် အန္တရာယ်ကိုလည်း အာဏာပိုင်များက သတိပီးထားသည်။
Source - Nepal flood death toll rises to 734 as nearly 2,500 remain missing
Photo - NDTV,Dhaka Tribune | 1 141 |
| 11 | သာလီစွ မိုးထဖက်ပါ
ရက္ခိုင်သက္ကရာဇ် ၁၃၈၈ ခုနှစ်၊ ဝါဆိုလဆန်း ( ၅ )ရက် ၊ ခရစ်နှစ်၂၀၂၆ ခုနှစ်၊ ဂျူလိုင်လ( ၁၉ ) ရက် ၊ Arakan Princess Media ၏ အပတ်စဉ် တလင်းဂနီနိတိုင်း တင်ဆက်ပီးနီရေ တေးခြင်းကဏ္ဍ ဖျော်ဖြေရီး အစီအစဉ်က ကြိုဆိုလိုက်ပါရေ။
အေနိ မိုးထဖက်အစီအစဉ်ကို အစီအစဉ်မှူးအဖြစ် စံသိမ်းနု ကတင်ဆက်ပီးထားစွာဖြစ်ပါရေ။ မူရင်းတေးခြင်း ပိုင်သျှင်ရို့ကို လေးစားစွာနန့် Credit ပီးပါရေ။
Arakan Princess Media ကထုတ်လွှင့်နီရေ အစီအစဉ်တိကို Telegram Channel အပြင် Website, YouTube, Facebook, Google Podcasts ရို့မာလည်း ဝင်ရောက်နားထောင်နိုင်ပြီးကေပြီးပြင်မာ လီလှိုင်းထက်ကလည်း FM Frequency 90.30 Mhz မာဖမ်းယူနားထောင်နိုင်ပါရေ။
Arakan Princess Media ၏ အစီအစဉ်တိကို နိစဉ် မိုးထဖက် (၈) နာရီနန့် ညဇာဖက် (၈) နာရီမှာ ပုံမှန်ထုတ်လွှင့်တင်ဆက်ပီးနီ ပါရေ။
အာရက္ခပြည်သူ ပြည်သားရို့ အားလုံး ဖီးအန္တရာယ် ကင်းဝီးကတ်ပါစီ။
#APM
# အာရက္ခမင်းသမီးသတင်းမီဒီယာ
#ArakanMusic
#APMFM
===============
YouTube Link: https://www.youtube.com/channel/UC2pqSWqtEsKY1Cxh-u-KelQ
Facebook Link: https://www.facebook.com/share/1BUywNudAL/ | 1 552 |
| 12 | သာလီစွ မိုးထဖက်ပါ ..
ရက္ခိုင်သက္ကရာဇ် ၁၃၈၈ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် (၂) ရက် ၊ ခရစ်နှစ် ၂၀၂၆ ခုနှစ်၊ သြဂတ်စ် ( ၃၀ ) ရက်၊ Arakan Princess Media ၏ မိုးထဖက်သတင်းအစီအစဉ်တိကို တင်ဆက်ထုတ်လွှင့်ပီးလိုက်ပါရေ။
ဒေနိ မိုးထဖက်အစီစဉ်မာ ခိုင်မြတ်မင်း နန့် မြရိပ်ညို ရို့ကသတင်းတိကိုတင်ဆက် ပီးထားကတ်စွာဖြစ်ပါရေ။
ဒေနိ မိုးထဖက်အစီအစဉ်မာ နားထောင်ကတ်ရဖို့ သတင်းတိကတော့ခါ −−−−
(၁)အဥ္ဇနပူရမြို့နယ်၊ သာယာကုန်းရွာ၌ မယားဖြစ်သူက ဒါးနန့် ခွတ်လို့ လင်ဖြစ်သူ သီဆုံးရေ အမှုuက တရားခံတိကို ဒီလပ် ဖမ်းဆီးရေပြည် တွင်းသတင်း အပါအဝင် တခြားထူးခြားရေ ပြည်ပသတင်းတိ နန့် အားကဇတ် သတင်းတိကို တင်ဆက်ပီးထားပါရေ။
Arakan Princess Media ကထုတ်လွှင့်နီရေ အစီအစဉ်တိကို Telegram Channel အပြင် YouTube ,Facebook ရို့မာဝင်ရောက်နားထောင်နိုင်ပြီးကေ မြီပြင်မာ လီလှိုင်းထက်ကလည်း FM Frequency 90.30 MHz က ဖမ်းယူနားထောင်နိုင်ပါရေ။
Arakan Princess Media ၏ အစီအစဉ်တိကို နိစဉ် မိုးထဖက် (၈) နာရီနန့် ညဇာဖက် (၈) နာရီမာ ပုံမှန်ထုတ်လွှင့် တင်ဆက်ပီးနီပါရေ။
အာရက္ခပြည်သူ ပြည်သားရို့အားလုံး ဖီးအန္တရာယ် ကင်းဝီးကတ်ပါစီ။
#APM
# အာရက္ခမင်းသမီးသတင်းမီဒီယာ
#APMFM
===============
YouTube Link: https://www.youtube.com/channel/UC2pqSWqtEsKY1Cxh-u-KelQ | 1 552 |
| 13 | ရက္ခိုင်သက္ကရာဇ် ၁၃၈၈ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် (၂) ရက် ၊ ခရစ်နှစ် ၂၀၂၆ ခုနှစ်၊ သြဂတ်စ် (၃၀) ရက်၊ Arakan Princess Media ၏ မိုးထဖက်သတင်းအစီအစဉ် | 1 326 |
| 14 | Немає тексту... | 1 731 |
| 15 | အဥ္ဇနပူရမြို့နယ်၊ သာယာကုန်းရွာ၌ မယားဖြစ်သူက ဒါးဖြင့် ခွတ်၍ လင်ဖြစ်သူ သီဆုံးသည့် အမှုမှ တရားခံများအား ဒီလပ် ဖမ်းဆီး
APM၊ ဩဂတ်စ် ၂၉ / ၂၀၂၆
အဥ္ဇနပူရမြို့နယ်၊ သာယာကုန်းရွာ၌ မယားဖြစ်သူက ဒါးဖြင့် ခွတ်၍ လင်ဖြစ်သူ သီဆုံးသည့် အမှုမှ တရားခံများအား ဒီလပ် ဖမ်းဆီးထားကြောင်း အာရက္ခမှုခင်းနန့် ဆက်စပ်သတင်းများထုတ်ပြန်ရီးအဖွဲ့မှ ဂနိတွင် ထုတ်ပြန်သည်။
ထုတ်ပြန်ချက်အတွင်း၌ " အာရက္ခပြည်၊ အဥ္ဇနပူရ(အယင် အခေါ် မင်းပြား)မြို့နယ်၊ သာယာကုန်းရွာတွင် ၂၀၂၆ ခုနှစ်၊ ဩဂတ်စ်လ (၃ )ရက်နိ၊ မိုးထက လင်မယားချင်းရန်ဖြစ်ရာမှ မယားဖြစ်သူ ဒါးဖြင့် ခွတ်၍ လင်ဖြစ်သူ သီဆုံးလားသည့်အမှုမှ တရားခံများကို တရားဥပဒေစိုးမိုးရီးနန့် ပြည်သူ့လုံခြုံရီးဌာန(ဒီလပ်)မှ ဖမ်းဆီးထားပြီးဖြစ်ကြောင်း သိရသည်” ဟု ဖော်ပြထားသည်။
ဖြစ်စဉ်မာ အဥ္ဇနပူရမြို့နယ်၊ ခမောင်းတောရွာနန့် မြေပုံမြို့နယ်၊ ဝက်ခေါင်းရွာအကြားဟိ ခမောင်းတောရွာသား ဦးမောင်ထွန်းသိန်းပိုင်ဆိုင်သော အဆက်ကျတာတမံ ပုဇွန်တာ၌ ခမောင်းတောရွာမှ ကိုသန်းဝင်းနိုင် ဆိုသူသည် ကျွဲကျောင်းနီစဉ် အပုပ်နံရ၍ အနားဝန်းကျင်အား လိုက်လံရှာဖွီရာ ပုဇွန်တာ အရှိဖက်ကွင်းပြင်တနီရာ၌ ကန်းသင်းအား ခြီတဖက်တင်လျက် ပက်လက် အနီအထားဖြင့် သီဆုံးနီသည့် အသက်(၃၀)ခန့်အရွယ် ပုပ်ပွနီသည့် အမျိုးသားအလောင်းတလောင်းကို တွိရကြောင်း၂၀၂၆ ခုနှစ်၊ ဩဂတ်စ်လ(၅) ရက်နိ၊ ညဇာ (၄) နာရီ၊ မိနစ်(၃၀) ခန့်အချိန်တွင် အဉ္ဇနပူရမြို့မဒီလပ်စခန်းသို့ လာရောက် အကြောင်းကြားလာကြောင်း ဆိုသည်။
ယင်းကြောင့် အဉ္ဇနပူရမြို့မဒီလပ်စခန်းမှ စခန်းမှူးဦးဆောင်၍ တပ်ဖွဲ့ဝင်များသည် သက်သီများနန့်တတူ အခင်းဖြစ်နီရာသို့ လားရောက်စစ်ဆီးခကတ်ရာ အလောင်းမာ ကန်းသင်းအား ခြီတဖက်တင်လျက် အရီပြားများ ရီနူးနီကာ ညာဖက်နှုတ်ခမ်းဘေး၌ ရီသတ္တဝါများကိုက်ထားသည်ဟု ထင်မြင်ရသော ဒဏ်ရာများ၊ လိုင်ပင်းညာဖက်တွင် ပြတ်ချဒဏ်ရာ (၁) ချက်နန့် လိုင်စိ၌ ညိုမည်းဒဏ်ရာများ ရဟိကာ ပက်လက်အနီအထားဖြင့် ပုပ်ပွနီသည့် အမျိုးသားရုပ်အလောင်းအား တွိဟိရသဖြင့် အလောင်းအား ရင်ခွဲစစ်ဆီးနိုင်ရီးအတွက် ဒီလပ်ဆီးစာနန့်တတူ ကျန်းမာရီးဌာနသို့ ပို့ဆောင်ခသည်ဟု ဖော်ပြသည်။
ယင်းနောက် အမှုမှ သီဆုံးသူ မည်သူမည်ဝါဖြစ်ကြောင်း ဆက်လက်စုံစမ်းခရာ သီဆုံးသူမာ အဉ္ဇနပူရမြို့နယ်၊ သာယာကုန်းရွာနီ ဦးမောင်လှသန်း (၃၁ နှစ်) ဖြစ်ကြောင်း သိဟိရ၍ ဦးမောင်လှသန်းအား ဒဏ်ရာရ သီဆုံးစီသူအား ဥပဒေနန့်အညီ စုံစမ်းဖော်ထုတ် အရေးယူဆောင်ရွက်ပီးပါရန် ၂၀၂၆ ခုနှစ်၊ ဩဂတ်စ်လ (၆) ရက်နိတွင် တိုင်တန်းလာသဖြင့် သက်ဆိုင်ရာဒီလပ်စခန်း၏ (ပ)၁၀၇/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုရွီးဖွင့်ဆောင်ရွက်ခကြောင်း သိရသည်။
အမှုမှ တရားခံ မည်သူဖြစ်ကြောင်းစုံစမ်းခရာ သီဆုံးသူ ဦးမောင်လှသန်းမာ ၂၀၂၆ ခုနှစ်၊ ဩဂတ်စ်လ (၂) ရက်နိ၊ မိုးထ (၉) နာရီခန့်ကပင် ၎င်း၏ မယားဖြစ်သူ ဒေါ်သန်းသန်းဌေး (ခ) အေးချေ(၂၉ နှစ်) နန့် လင်မယားချင်း စကားများ ရန်ဖြစ်ကာ နီအိမ်မှ ထွက်လာပြီး ပျောက်ဆုံးနီကြောင်း စုံစမ်းသိဟိရ၍ ဦးမောင်လှသန်း ဒဏ်ရာများဖြင့် သီဆုံးမှုနန့်ပတ်သက်၍ သီဆုံးသူ၏ မယားဖြစ်သူ ဒေါ်သန်းသန်းဌေး (ခ) အေးချေအား တရားလိုပြုလုပ် တိုင်တန်းရန် ပြောဆိုခရာ ၎င်းနန့် မိသားစုဝင်များမှ အမှုဖွင့်လိုသော ဆန္ဒ မဟိကြောင်း ပြောကြားလာသည်ဟု သိရသည်။
ယင်းသို့ လင်ယောင်္ကျားဖြစ်သူမာ လိုင်ပင်းအရိုးထိ ပြတ်ချဒဏ်ရာကြီးတချက်နန့်လိုင်စိ၌ ညိုမည်းဒဏ်ရာများဖြင့် သီဆုံးခမှုအား အမှုမဖွင့်လိုကြောင်း ပြောကြားချက်အပေါ် သံသယဖြစ်ဖွယ်ရာ တွိဟိရ၍ ဆက်လက်စုံစမ်းရာ အမှုမှ သီဆုံးသူ ဦးမောင်လှသန်း၏ယောက်ဖ ဖြစ်သူ စံလင်းချေ(၂၇ နှစ်) နန့်ယောက္ခမဖြစ်သူ ဦးအောင်ကျော်သိန်း (၅၇ နှစ်)ရို့မာ မျက်နှာအမူအယာ ပျက်ကာ ပြာယာခတ်နီကြောင်း သံသယဖြစ်ဖွယ် တွိဟိရသဖြင့် ၎င်းရိုနှစ်ဦးအား ၂၀၂၆ ခုနှစ်၊ ဩဂတ်စ်လ (၇) ရက်နိ၊ မိုးထ (၁၁) နာရီခန့်၌ အဉ္ဇနပူရမြို့နယ်၊ သာယာကုန်းရွာသို့ လားရောက်ပြီး အမှုမှသီဆုံးသူ ဦးမောင်လှသန်း၏ နီအိမ်သို့ သက်သီများနန့်အတူ လားရောက် စစ်ဆီးခကတ်သည်ဟု ဆိုသည်။
ယင်းနောက် စစ်ဆီးခကတ်ရာ နီအိမ်ဝါးထရံအား အပြာရောင် သင်္ဘောဆီး အသစ်သုတ်ထားသည်ကို တွိမြင်ရ၍ မသင်္ကာသဖြင့် ထပ်မံစစ်ဆီးရာ သင်္ဘောဆီးမာ မခြောက်သိမ့်သည့်အပြင် ထရံ၌ မသင်္ကာဖွယ် သွီးစက်ချေများပါ ထပ်မံတွိဟိရသောကြောင့် အမှုမှ မသင်္ကာသူ ကိုစံလင်းချေ၊ ဦးအောင်ကျော်သိန်းရိုနန့်တတူ ဒေါ်သန်းသန်းဌေး (ခ) အေးချေ အား ဒီလပ်စခန်း သို့ ခေါ်ယူစစ်ဆီးခသည်ဟု ဖော်ပြသည်။
ဒေါ်သန်းသန်းဌေး (ခ) အေးချေ၏ ထွက်ဆိုချက်အရ "၎င်း၏ လင်ဖြစ်သူ ဦးမောင်လှသန်းနန့် ၂၀၂၆ ခုနှစ်၊ ဩဂတ်စ်လ (၃) ရက်နိ၊ မိုးထ (၈) နာရီ(၃၀)မိနစ်ခန့်တွင် လင်မယားအချင်းချင်း စကားများရန်ဖြစ်ခကတ်ရာ ဦးမောင်လှသန်းမာ ၎င်းရို့၏ သားဖြစ်သူ (၃)လသားအချေအား လှံဖြင့်ထိုးရန် ပြုလုပ်ခသဖြင့် ဒေါသထွက်ကာ စိတ်မထိန်းနိုင်ဘဲ နီအိမ်ဘုရားခန်းရှိအိမ်တိုင်အားမှီ၍ လင်ဖြစ်သူ ဦးလှမောင်သန်း အိပ်ပျော်နီစဉ် နီအိမ်၌ အသင့်ဟိသော ဒါးမဖြင့် လိုင်ပင်းအား ခွတ်ပစ်လိုက်ကြောင်း၊ ဦးမောင်လှသန်းမာ လိုင်ပင်းပြတ်ချသွီးထွက်ဒဏ်ရာဖြင့် ၎င်းနီရာမာပင် သီဆုံးလားကြောင်း၊ ဒါးဖြင့်ခွတ်စဉ် အနားဟိ ဝါးထရံ၌ ပေကျန်ခသော သွီးများအား ရီဖြင့်ဆီးချကာ အခင်းဖြစ်ရပ်အနီအထားကို အစဖျောက်ဖျက်ခပြီး အလောင်းအား အိမ်ရှိလမ်းမှ လူအများမမြင်အောင် ပုဆိုးတထည်ဖြင့် ကာထားခကြောင်း၊ ယင်းနောက် ၎င်း၏ ဖခင်ဖြစ်သူ ဦးအောင်ကျော်သိန်းမာ နီအိမ်သို့ ရောက်လာပြီး ဦးမောင်လှသန်း၏ အလောင်းအား လူအများ မမြင်အောင်ထားပြီး ညဇာ မှောင်စပျိုးချိန်တွင် ကြည့်စီစဉ်ကတ်ရန် ပြောကာ နီအိမ်သို ပြန်လားခကြောင်း၊ ယင်းနိညဇာ (၈)နာရီအချိန်၌ ဖခင်ဖြစ်သူ ဦးအောင်ကျော်သိန်း နန့် မောင်ဖြစ်သူ ကိုစံလင်းချေရို့ နီအိမ်သို့ ထပ်မံရောက်ဟိလာပြီး ဦးမောင်လှသန်း၏ အလောင်းအား ကန်စပ်ဖြင့် ထုပ်ကာ ဝါးလုံးဖြင့် ချိုင်ပြီး (၃) ယောက်သားထမ်းလျက် ကြပ်စင်မြစ်ထဲသို့ အလောင်းအား ပစ်ချခကြောင်း၊ သွီးများပေကျန်နီသော ၎င်းရို့၏ အဝတ်အစားများကိုလည်း ယင်းမြစ်ထဲသို့ ပစ်ချကာ နီအိမ်ကို အသီးသီးပြန်လာပြီး လူအများ မရိပ်မိအောင် နီထိုင်ခကတ်ကြောင်း၊ သွီးစများပေကျံနိခသော နီအိမ်ဝါးထရံကိုလည်း ၂၀၂၆ ခုနှစ်၊ ဩဂတ်စ် (၄)ရက်နိတွင် အပြာရောင် သင်္ဘောဆီးဖြင့်သုတ်ကာ အခင်းဖြစ်နီရာသဲလွန်စများကို ဖျောက်ဖျက်ခပါကြောင်း" ဝန်ခံထွက်ဆိုခသည်ဟု သိဟိရသည်။
ယင်းကြောင့် အမှုမှ တရားခံ ဒေါ်သန်းသန်းဌေး(ခ)အေးချေနန့် အမှုမှသီဆုံးသူ ဦးမောင်လှသန်း ၏ အလောင်းအား ဖျောက်ဖျက်ရာတွင် အားပီးကူညီသည့် တရားခံများဖြစ်သော ဦးအောင်ကျော်သိန်းနန့်စံလင်းချေရို့ကို ၂၀၂၆ ခုနှစ်၊ဩဂတ်စ်လ (၈) ရက်နိ၌ အမှုဖြင့် ဖမ်းဆီး ချုပ်မိန့်ရီမန် တောင်းခံကာ တရားလိုသက်သီများစစ်ဆီးခြင်း၊ အခင်းဖြစ်ရပ်စစ်ဆီးခြင်း၊ အခင်းဖြစ်ရပ်မှတ်တမ်းဓာတ်ပုံရိုက်ကူးခြင်း၊ အခင်းဖြစ်ရပ် မြီပုံကြမ်းရွီးဆွဲခြင်း၊ သက်သီခံပစ္စည်းများ သိမ်းဆည်းခြင်း စသည့် ဒီလပ်လုပ်ငန်းများ ပြီးပြည့်စုံအောင် ဆောင်ရွက်ပြီး ဥပဒေအကြံပြုချက်နန့်အညီ တရားစွဲတင်လားမည် ဖြစ်သည်ဟု ဖော်ပြသည်။
ယင်းသို့ လူသတ်မှုအတွက် ပြစ်ဒဏ်ဖော်ပြချက်မာ-၃၀၂ (၁) ။ မည်သူမဆို -(က) ထောင်ဒဏ်နှစ် နှစ်ဆယ် စီရင်ခြင်းခံရသည့်အတွင်း၊ သို့မဟုတ်(ခ) တင်ကူးကြံရွယ်ချက်ဖြင့်၊ သို့မဟုတ်(ဂ) ဤရာဇသတ်ကြီးအရ ခနစ်နှစ်ထိ ထောင်ဒဏ်ချမှတ်ခြင်းခံထိုက်သော ပြစ်မှုကို ကျူးလွန်နီစဉ်၊ လူသတ်မှုကို ကျူးလွန်လျှင် ထိုသူကို သီဒဏ်ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု သိရသည်။
ယင်းအပြင် ၃၀၂ (၂) ။ မည်သူမဆို အခြားအချက်မျိုး၌ လူသတ်မှုကျူးလွန်လျှင် ထိုသူကို ထောင်ဒဏ်နှစ် နှစ်ဆယ်ဖြစ်စီ၊ ဆယ်နှစ်ထိ အလုပ် ကြမ်းနန့် ထောင်ဒဏ်ဖြစ်စီ ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားကြောင်း ဖော်ပြသည်။
လူသတ်မှုများ ဖြစ်ပွားရခြင်းသည် များသောအားဖြင့် အရက်သီစာသောက်စားမူးယစ်ပြီး စိတ်မထိန်းနိုင်ဖြစ်ကာ ကိုယ်၏ ပြုလုပ်မှုများ အကျိုးအပြစ် မည်သို့ဖြစ်မည်ကို ကြိုတင်မစဉ်းစားနိုင်ဘဲ လတ်တလော ဒေါသဖြစ်၍ ကျူးလွန်ကတ်ကြောင်း သုံးသပ်ရသဖြင့် လူသတ်မှုများ လျော့နည်းကျဆင်းလာစီရီးအတွက် ပြည်သူလူထုများအား ဥပဒေ အသိပညာပီး ဆွေးနွေး ဟောပြောခြင်း၊တရားမဝင် လိုင်စန်မဲ့ အရက်များ ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းများကို တားဆီးပိတ်ပင် အရေးယူဆောင် ရွက်မှုများ ပြုလုပ်ခြင်း၊ လက်နက်ပုန်း (တုတ်၊ဒါး၊လက်နက်) စွဲကိုင် လားလာသူများကို ဥပဒေနန့်အညီ ဖမ်းဆီးအရေးယူဆောင်ရွက်ခြင်းအပြင် အကယ်တန္တိ သီဆုံးမှုသည် ဓမ္မတာအတိုင်းသီဆုံးခြင်းမဖြစ်နိုင်ဟု သံသယဟိပါက သီဆုံးသူ၏ ရုပ်အလောင်းအား အယင်စလို မြှုပ်နှံခြင်းမပြုဘဲ နီးစပ်ရာ တာဝန်ဟိအဖွဲ့အစည်းတခုခုသို့အကြောင်းကြားပီးခြင်းနန့်အတူ ပြည်သူများအနီဖြင့်လည်းဥပဒေအား လေးစားလိုက်နာဆောင်ရွက်လာပါက လူသတ်မှုများသည် အတိုင်းအတာတခုထိ လျော့ နည်း ကျဆင်းလားမည်ဖြစ်ပြီး "ပြည်သူနန့်ဒီလပ်" အစဉ်လက်တွဲ ပူးပေါင်းဆောင်ရွက်လားပါက တရားဥပဒေစိုးမိုးရီး နန့် ရပ်ရွာအီးချမ်းသာယာမှု ပိုဟိလာမည် ဖြစ်သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားပါသည်။
Photo - အာရက္ခမှုခင်းနန့်ဆက်စပ် သတင်းများထုတ်ပြန်ရီးအဖွဲ့ | 1 764 |
| 16 | Немає тексту... | 1 351 |
| 17 | သာလီစွ ညဇာဖက်ပါ ..
ရက္ခိုင်သက္ကရာဇ် ၁၃၈၈ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် (၁) ရက် ၊ ခရစ်နှစ် ၂၀၂၆ ခုနှစ်၊ သြဂတ်စ် ( ၂၉) ရက်၊ Arakan Princess Media၏ ညဇာဖက်သတင်းအစီအစဉ်တိကို တင်ဆက်ထုတ်လွှင့်ပီးလိုက်ပါရေ။
ဒေနိ ညဇာဖက်အစီစဉ်မာ စောသန္တာနန့် ခိုင်မာထွန်း ရို့ကသတင်းတိကိုတင်ဆက် ပီးထားကတ်စွာဖြစ်ပါရေ။
ဒေနိ ညဇာဖက်အစီအစဉ်မာ နားထောင်ကတ်ရဖို့ သတင်းတိကတော့ခါ −−−−
(၁) တောင်ကုတ်ခရိုင်မာ ပါတီလူငယ်တိနန့် HDCO က ပြည်သူရို့ကို လီကြောင်းအန္တရာယ်နန့် မိုင်းအသိပညာပီးပြုလုပ် ရေသတင်း၊
(၂) ပုဏ္ဏားကျွန်းမာ နာမည်မသိ အမျိုးသား ရုပ်အလောင်းတလောင်း တွိဟိ ရေသတင်းနန့်
(၃) အာရက္ခဒေသမာ ကျန်းမာရီးစောင့်ယှောက်မှုလုပ်ငန်းတိကို အာရက္ခပြည်သူ့ကျန်းမာရီးဌာနက တစိုက်မတ်မတ်ဆောင်ရွက်လို့ဟိရေပြည် တွင်းသတင်း အပါအဝင် တခြားထူးခြားရေ ပြည်ပသတင်းတိ နန့် အားကဇတ် သတင်းတိကို တင်ဆက်ပီးထားပါရေ။
Arakan Princess Media ကထုတ်လွှင့်နီရေ အစီအစဉ်တိကို Telegram Channel အပြင် YouTube ,Facebook ရို့မာဝင်ရောက်နားထောင်နိုင်ပြီးကေ မြီပြင်မာ လီလှိုင်းထက်ကလည်း FM Frequency 90.30 MHz က ဖမ်းယူနားထောင်နိုင်ပါရေ။
Arakan Princess Media ၏ အစီအစဉ်တိကို နိစဉ် မိုးထဖက် (၈) နာရီနန့် ညဇာဖက် (၈) နာရီမာ ပုံမှန်ထုတ်လွှင့် တင်ဆက်ပီးနီပါရေ။
အာရက္ခပြည်သူ ပြည်သားရို့အားလုံး ဖီးအန္တရာယ် ကင်းဝီးကတ်ပါစီ။
#APM
# အာရက္ခမင်းသမီးသတင်းမီဒီယာ
#APMFM
===============
YouTube Link: https://www.youtube.com/channel/UC2pqSWqtEsKY1Cxh-u-KelQ | 1 470 |
| 18 | ရက္ခိုင်သက္ကရာဇ် ၁၃၈၈ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် (၁) ရက် ၊ ခရစ်နှစ် ၂၀၂၆ ခုနှစ်၊ သြဂတ်စ် ( ၂၉) ရက်၊ Arakan Princess Media ၏ ညဇာဖက်သတင်းအစီအစဉ် | 1 345 |
| 19 | Немає тексту... | 1 626 |
| 20 | ကော့ဇ်ဘဇားဒုက္ခသည်စခန်းတွင် အစ္စလာမ်မစ်အစွန်းရောက်စစ်သွီးကြွ အကြမ်းဖက် RSO နန့် ARA အဖွဲ့ရို့အကြား ပစ်ခတ်မှုအတွင်း အချေ ၁ ယောက် သီဆုံးပြီး ၇ ယောက် ဒဏ်ရာရ
APM ၊ သြဂတ်စ် ၂၉ / ၂၀၂၆
ဘင်္ဂလားဒေ့ချ်နိုင်ငံ၊ ကော့ဇ်ဘဇားခရိုင်၊ ဘာလုခါလီ မူဆလင်ဒုက္ခသည်စခန်းတွင် သြဂတ်စ် ၂၇ ရက်နိ၊ ညဇာပိုင်းက အစ္စလာမ်မစ်အစွန်းရောက် စစ်သွီးကြွ အကြမ်းဖက် အဖွဲ့များဖြစ်သော RSO နန့် ARA အဖွဲ့ရို့အကြား ပစ်ခတ်မှုအတွင်း အချေတယောက် ကျည်ထိမှန်သီဆုံးကာ ၇ ယောက် ထိခိုက်ဒဏ်ရာရဟိလားကြောင်း သိရသည်။
သီဆုံးခသူမာ ငါးနှစ်အရွယ် Mojahed ဖြစ်ပြီး ၎င်း၏ မိခင်ဖြစ်သူ Tahera Begum အပါအဝင် ၇ ယောက် ထိခိုက်ဒဏ်ရာရဟိခကြောင်း ဘင်္ဂလားဒေ့ချ်သတင်းဌာန Dhaka Tribune သတင်းတွင် ဖော်ပြထားသည်။
ဘာလုခါလီဒုက္ခသည်စခန်း၊ အမှတ် - 8E၊ Block - 41 တွင် ဩဂတ်စ် ၂၇ ရက်နိ၊ ညဇာ ၅ နာရီခန့်၌ အစ္စလာမ်မစ်အစွန်းရောက်စစ်သွိးကြွ RSO အကြမ်းဖက် အဖွဲ့ဝင်များမှ တခြားအစ္စလာမ်မစ်အစွန်းရောက်စစ်သွီးကြွ အကြမ်းဖက်အဖွဲ့ဖြစ်သော ARA အဖွဲ့၏ ဂေါင်းဆောင် နော်ဘီဟူဆောင်းနီအိမ်ကို လာရောက်ပစ်ခတ်ခခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုအတွင်း အနီးအနားတွင်ဟိနီသည့် အချေ ၂ ဦး သီဆုံးကာ ၁ ဦး ထိခိုက်ဒဏ်ရာရဟိခကြောင်း ကနဦးသတင်းများတွင် ဖော်ပြခသည်။
သို့ရာတွင် ဘင်္ဂလားဒေ့ချ်အထူးရဲတပ်ရင်း (APBn) ဒုတိယတပ်မှူး Asaduzzaman က အဆိုပါဖြစ်ရပ်ကို အတည်ပြုထားပြီး သီနတ်ပစ်ခတ်မှုအတွင်း ကျည် ၁၀၀ ခန့်ပစ်ခတ်ခကြောင်း၊ ထိခိုက်ဒဏ်ရာရဟိခသည့် Mojahed ကို Sadar ဆီးရုံသို့ ခေါ်ဆောင်ကာ ဆီးကုသနီစဥ် သီဆုံးခကြောင်း ပြောကြားသည်။
ထိခိုက်ဒဏ်ရာရခသူ ၇ ဦးထဲတွင် သီဆုံးခသည့်အချေ၏မိခင် အပါအဝင် အမျိုးသမီး ၃ ဦးပါဝင်ပြီး ၎င်းရို့အား ကော့ဇ်ဘဇားခရိုင်ဟိ Sarder ဆီးရုံမှတဆင့် စစ်တကောင်းဆီးကောလိပ်ဆီးရုံသို့ပို့ဆောင်ကုသနီကြောင်း သိရသည်။
ဘင်္ဂလားဒေ့ချ်ဟိ မူဆလင်ဒုက္ခသည်စခန်းများတွင် အစ္စလာမစ်အစွန်းရောက် စစ်သွီးကြွ အကြမ်းဖက်အဖွဲ့များဖြစ်သော ARSA၊ RSO ၊ ARA နန့် RIM အဖွဲ့များသည် ဝင်ရောက်ခြီကုပ်လှုပ်ယှားလျက် ပြန်ပီးဆွဲသတ်ဖြတ်ခြင်း၊ ငွေညှစ်ခြင်း၊ မူးယစ်ဆီးဝါးရောင်းဝယ်ခြင်းနန့် အကြမ်းဖက်မှုအမျိုးမျိုးကို ကျူးလွန်နီကတ်ရာမှ အချင်းချင်း အာဏာလုမှုများ၊ နယ်မြီလုမှုများကြောင့် လုပ်ကြံသတ်ဖြတ်မှုများ မကြာမကြာဖြစ်ပွားနီခြင်းဖြစ်သည်။
ဘင်္ဂလားဒေ့ချ်အာဏာပိုင်များအနီဖြင့် အဆိုပါ ဒုက္ခသည်စခန်းများအတွင်း ဝင်ရောက်လှုပ်ယှားနီသည့် အကြမ်းဖက်စစ်သွီးကြွအဖွဲ့များအား ဝင်ရောက်ယှင်းလင်းပီးရန်၊ ပြစ်မှုကျူးလွန်သူများကို အရေးယူပီးရန်နန့် စခန်းအတွင်းနီထိုင်သူများ၏ လုံခြုံရီးကိုကာကွယ်ပီးရန် မူဆလင်ဒုက္ခသည်များက အပြင်းအထန် တောင်းဆိုနီကတ်ပြီး အကြမ်းဖက်မှုမျိုးစုံကိုကျူးလွန်နီသည့် မည်သည့်အစ္စလာမ်မစ်အစွန်းရောက်စစ်သွီးကြွအကြမ်းဖက်အဖွဲ့ကိုမဆို မလိုလားကြောင်း ပြတ်ပြတ်သားသား ဖော်ထုတ်ပြောကြားနီမှုများ မြင့်တက်နီသည်။
Photo - Original Uploader | 1 454 |
