cookie

Ми використовуємо файли cookie для покращення вашого досвіду перегляду. Натиснувши «Прийняти все», ви погоджуєтеся на використання файлів cookie.

avatar

Myanmar Now

Myanmar Now သည် မတရားမှုများကို စုံစမ်းဖော်ထုတ်သည့်သတင်းဌာနဖြစ်သည်။

Більше
Рекламні дописи
29 852
Підписники
+13524 години
+7487 днів
+2 52930 днів

Триває завантаження даних...

Приріст підписників

Триває завантаження даних...

လားရှိုးတိုက်ပွဲတွင် ၂ ရက်အတွင်း အရပ်သား ၁၃ ဦး သေဆုံးသွားသည်၊ တော်လှန်ရေးအဖွဲ့များ၏ ပစ်ခတ်မှုကြောင့် ဖြစ်သည်ဟု စစ်ကောင်စီက သတင်းထုတ်ထားသည်။ သေဆုံး၊ ဒဏ်ရာရသူများထဲတွင် ကလေးများလည်း ပါဝင်သည်။ အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/54247/
Показати все...
လားရှိုးတွင် လက်နက်ကြီးကျည်ကျ၍ သေဆုံးသူ ၁၃ ဦးအထိရှိလာ - Myanmar Now

Latest news & insightful features on Myanmar

😢 46👍 6🔥 2 1
Показати все...
လွိုင်ကော်မြို့ကို ကရင်နီတော်လှန်ရေးပူးပေါင်းတပ်တွေ နောက်ဆုတ်ပေးလိုက်ရပြီ

လွိုင်ကော်မြို့ကို ကရင်နီတော်လှန်ရေးပူးပေါင်းတပ်တွေ နောက်ဆုတ်ပေးလိုက်ရပြီ ------------------ ပြည်နယ်မြို့တော် လွိုင်ကော်ကို ဇွန်လကုန်ပိုင်းကစတင်ပြီး စစ်ကောင်စီတပ်က ပြန်လည်ထိန်းချုပ်လိုက်တာကြောင့် ကရင်နီတော်လှန်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေဟာ မြို့ကို ဆုတ်ခွာပေးလိုက်ရပြီလို့ ဒေသခံတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။ လွိုင်ကော်မြို့ရဲ့ ထက်ဝက်ကျော်ကို ကရင်နီတော်လှန်ရေးပူးပေါင်းတပ်တွေက ၇လလောက် ထိန်းချုပ်နိုင်ခဲ့ပေမယ့် အခုနှစ် ဇွန်လအတွင်းမှာ အင်အားရာနဲ့ချီတဲ့ စစ်ကောင်စီထိုးစစ်ကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေ မြို့ကို ဆုတ်ခွာလိုက်ရတာ ဖြစ်ပါတယ်။ လွိုင်ကော်မြို့ကို ဒေသခံတွေ ပြန်လည်နေထိုင်ကြဖို့နဲ့ ရေ၊ မီးအပါအဝင် ပြန်လည်ထူထောင်ရေးတွေ စတင်လုပ်ဆောင်နေပြီလို့လည်း စစ်ကောင်စီထိန်းချုပ်ထားတဲ့ မီဒီယာတွေကတစ်ဆင့် ဝါဒဖြန့်နေပါတယ်။ မြို့ကိုစွန့်ခွာခဲ့ကြတဲ့ ဒေသခံအများစုကတော့ တိုက်ပွဲတွေပြန်ဖြစ်မှာ စိုးရိမ်တာကြောင့် ပြန်လည်အခြေချနေထိုင်တာမျိုးထက်၊ ခနပြန်လာ၊ အိမ်သန့်ရှင်းရေးလုပ်ပြီး မြို့ကနေ ပြန်ထွက်ကြတာများတယ်လို့ စစ်ရှောင်အရေးကူညီနေတဲ့ လွိုင်ကော်ဒေသခံတစ်ဦးက ပြောပါတယ်။ သတင်း၊ တင်ဆက် - မြတ်ကြီး

😢 35👍 20🔥 6👏 3😁 1
Показати все...
တိုက်ပွဲကြားတွင် တောင်ပြုန်းပွဲ ရက်စွဲထွက်လာ၊ ဒေသခံတို့ လုံခြုံရေးမေးခွန်းထုတ် - Myanmar Now

Latest news & insightful features on Myanmar

👎 31😁 19👍 9🤔 4🤬 4 1
မကွေးတိုင်းအတွင်း လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ စခန်းတစ်ခု စီးနင်းခံရစဉ် ၄ ဦးသေဆုံး၊ ၄ ဦး လွတ်မြောက်သွားသည်၊ ထုတ်လုပ်ထားသည့် လက်နက်များ ဆုံးရှုံးသွားသည်ဟု သိရသည်။ ရေစကြိုမြို့နယ်သည် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း တို့နှင့် နယ်နိမိတ်ချင်းထိစပ်လျက်ရှိပြီး ချင်းတွင်း မြစ်၊ ဧရာဝတီ မြစ်တို့ဆုံရာ ဒေသလည်းဖြစ်သည့်အပြင် လက်နက်ကိုင်ခုခံသူ များပြားသည့် ဒေသလည်း ဖြစ်သည်။ ပုံစာ- စစ်ကောင်စီဝါဒဖြန့်ချန်နယ်များက ဇွန်လနောက်ဆုံးပတ်အတွင်း မကွေးတိုင်း၊ အောင်လံမြို့နယ် အတွင်းရှိ တော်လှန်ရေးအဖွဲ့ စခန်းတစ်ခု စီးနင်းခံရသည်ဟု ထုတ်ပြန်ထားစဉ်။ https://myanmar-now.org/mm/news/54238/
Показати все...
ရေစကြိုမြို့တွင် ဒေသကာကွယ်ရေးအဖွဲ့စခန်း  စီးနင်းခံရပြီး ၄ ဦး သေဆုံး - Myanmar Now

Latest news & insightful features on Myanmar

😢 86👍 18 2👏 1🤬 1
Показати все...
စဉ့်ကူးမြို့နယ်အတွင်း စခန်းတချို့ကို PDF တိုက်ခိုက်သိမ်းပိုက် - Myanmar Now

Latest news & insightful features on Myanmar

👍 77 25🔥 2🥰 1💩 1
Показати все...
၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းရဲ့ စစ်ရေးရည်မှန်းချက်တွေက ဘာလဲ

၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းရဲ့ စစ်ရေးရည်မှန်းချက်တွေက ဘာလဲ …………… ဇွန်လ ၂၅ရက်က စတင်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် မန္တလေးတိုင်းအတွင်းရှိ စစ်ကောင်စီစခန်းများကို မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့များဦးဆောင်၍ ထိုးစစ်ဆင်တိုက်ခိုက်နေသည်။ ‘၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း’ ဟု အမည်ပေးထားပြီး ကျောက်မဲ၊ နောင်ချို၊ ပြင်ဦးလွင်၊ မိုးကုတ်၊ မတ္တရာနှင့် စဉ့်ကူးမြို့နယ်များတွင် အဓိက တိုက်ပွဲပြင်းထန်နေသည်။ စစ်ကောင်စီတပ်က ဒါဇင်နှင့်ချီသည့် စစ်စခန်းများကို တစ်ပတ်အတွင်း လက်လွတ်ဆုံးရှုံးခဲ့ရသည်။ ကိုးကန့်တပ် MNDAA, တအာင်းတပ် TNLA ဦးဆောင်နေသည့် ထိုစစ်ဆင်ရေးတွင် တော်လှန်ရေးအဖွဲ့တချို့ ပူးပေါင်းပါဝင်နေရာ ထိုအထဲတွင် အမျိုးသားညီညွတ်ရေးအစိုးရ NUG ကွပ်ကဲမှုအောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF) တပ်ဖွဲ့ဝင်များစွာလည်း ပါဝင်သည်။ MDY-PDF ၏ အဓိကရည်မှန်းချက်သည် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တည်ရှိရာ မန္တလေးမြို့သို့ ထိုးဖောက်ဝင်ရောက်နိုင်ရေး ဖြစ်သည်။ သို့ဖြစ်ရာ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း၏ စစ်ရေးရည်မှန်းချက်များနှင့်ပတ်သက်ပြီး MDY-PDF မှ ဒေါက်တာစိုးသူရဇော် ကို ဆက်သွယ်မေးမြန်းထားသည်။ ဒေါက်တာစိုးရသူဇော်သည် မန္တလေးတိုင်း၊ မိုးကုတ်မြို့ဇာတိဖြစ်ပြီး၊ ဝန်ထမ်းများမဖြစ်မနေတက်ရသည့် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်များတွင် လူမျိုးရေး၊ ဘာသာရေးဝါဒမှိုင်းများကို အဓိကသင်ကြာပို့ချနေကြောင်း ဖွင့်ချခဲ့သည့် ‘ဇီးပင်ကြီးစစ်တမ်း’ ကို ရေးသားခဲ့သူ ဖြစ်သည်။ စစ်အာဏာသိမ်းပြီးနောက် အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM တွင် ပါဝင်လာသည့် ဒေါက်တာစိုးသူရဇော်သည် စစ်ကောင်စီကို ခြေသံလုံလုံဖြင့် တိုက်ခိုက်နေသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး မှ တာဝန်ရှိသူတစ်ဦးလည်း ဖြစ်သည်။ မေးမြန်း- စထွန်းအောင်

👍 52🤣 16 3💩 1
Показати все...
လားရှိုးမြို့အနီးရှိ စခန်း ၄ ခုကို မြောက်ပိုင်းတပ်များ တစ်ပြိုင်နက်ဝင်တိုက် - Myanmar Now

Latest news & insightful features on Myanmar

👍 92👏 18🥰 6 3🤬 2🎉 2🔥 1
Показати все...
ခရိုနီကြီးများနှင့် လုပ်ငန်းရှင်ကြီးများ မျက်ခုံးလှုပ်နေရချိန် အခွင့်ထူးခံ တပ်ပိုင်လုပ်ငန်းများ

ခရိုနီကြီးများနှင့် လုပ်ငန်းရှင်ကြီးများ မျက်ခုံးလှုပ်နေရချိန် အခွင့်ထူးခံ တပ်ပိုင်လုပ်ငန်းများ …………… ဈေးကွက်မတည်မငြိမ်ဖြစ်အောင် ဖန်တီးပြီး၊ တိုင်းပြည်စီးပွားရေးထိခိုက်အောင် လုပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်တွေကို စစ်တပ်က ဆက်တိုက်ဖမ်းဆီးနှိပ်ကွပ်နေချိန်မှာ အခွင့်ထူးခံဖြစ်နေတာက စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းတွေပဲ ဖြစ်ပါတယ်။ ရွှေ၊ ဒေါ်လာနဲ့ ဆန်၊ ဆီ အပါအဝင် အခြခံကုန်ဈေးနှုန်း ကျဆင်းရေးခေါင်းစဉ်နဲ့ အရပ်သားစီးပွားရေးလုပ်ငန်းရှင် အများအပြားကို စစ်ကောင်စီက ဖမ်းဆီးနေပေမယ့် စစ်ဗိုလ်ချုပ်ကြီးတွေရဲ့ ကိုယ်ကျိုးစီးပွားဖြစ်တဲ့ စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းတွေကတော့ လက်ဖျားနဲ့တောင်အထိမခံရဘဲ ကင်းလွတ်ခွင့် ရနေတာပါ။ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း MEC နဲ့ မြန်မာ့စီးပွားရေးဦးပိုင် MEHL တို့ဟာ စစ်တပ်ရဲ့ စီးပွားရေးအင်ပါယာကြီးနှစ်ခု ဖြစ်ပါတယ်။ MEC နဲ့ MEHL တို့ဟာ ကျောက်စိမ်း အပါအဝင် တိုင်းပြည်ရဲ့ အဖိုးတန် တွင်းထွက်သယံဇာတလုပ်ငန်းတွေကစလို့၊ ဘဏ်၊ အာမခံ၊ ဆိပ်ကမ်း၊ ပို့ကုန်သွင်းကုန်နဲ့ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေအထိ နယ်ပယ်စုံမှာ လုပ်ကိုင်နေတာပါ။ အရပ်သား စီးပွားရေးလုပ်ငန်းရှင်တွေကို ဆက်တိုက်ဖမ်းဆီးနေတဲ့ စစ်ကောင်စီလုပ်ရပ်ဟာ၊ မြန်ာ့စီးပွားရေးကို သေနတ်နဲ့ချိန်ပြီး ထိန်းချုပ်နေတာလို့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးက မှတ်ချက်ပြုပါတယ်။ သတင်း၊ တင်ဆက် - အောင်နိုင်၊ မြတ်ကြီး

Показати все...
ခရိုနီကြီးများနှင့် လုပ်ငန်းရှင်ကြီးများ မျက်ခုံးလှုပ်နေရချိန် အခွင့်ထူးခံ တပ်ပိုင်လုပ်ငန်းများ

ခရိုနီကြီးများနှင့် လုပ်ငန်းရှင်ကြီးများ မျက်ခုံးလှုပ်နေရချိန် အခွင့်ထူးခံ တပ်ပိုင်လုပ်ငန်းများ …………… ဈေးကွက်မတည်မငြိမ်ဖြစ်အောင် ဖန်တီးပြီး၊ တိုင်းပြည်စီးပွားရေးထိခိုက်အောင် လုပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်တွေကို စစ်တပ်က ဆက်တိုက်ဖမ်းဆီးနှိပ်ကွပ်နေချိန်မှာ အခွင့်ထူးခံဖြစ်နေတာက စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းတွေပဲ ဖြစ်ပါတယ်။ ရွှေ၊ ဒေါ်လာနဲ့ ဆန်၊ ဆီ အပါအဝင် အခြခံကုန်ဈေးနှုန်း ကျဆင်းရေးခေါင်းစဉ်နဲ့ အရပ်သားစီးပွားရေးလုပ်ငန်းရှင် အများအပြားကို စစ်ကောင်စီက ဖမ်းဆီးနေပေမယ့် စစ်ဗိုလ်ချုပ်ကြီးတွေရဲ့ ကိုယ်ကျိုးစီးပွားဖြစ်တဲ့ စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းတွေကတော့ လက်ဖျားနဲ့တောင်အထိမခံရဘဲ ကင်းလွတ်ခွင့် ရနေတာပါ။ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း MEC နဲ့ မြန်မာ့စီးပွားရေးဦးပိုင် MEHL တို့ဟာ စစ်တပ်ရဲ့ စီးပွားရေးအင်ပါယာကြီးနှစ်ခု ဖြစ်ပါတယ်။ MEC နဲ့ MEHL တို့ဟာ ကျောက်စိမ်း အပါအဝင် တိုင်းပြည်ရဲ့ အဖိုးတန် တွင်းထွက်သယံဇာတလုပ်ငန်းတွေကစလို့၊ ဘဏ်၊ အာမခံ၊ ဆိပ်ကမ်း၊ ပို့ကုန်သွင်းကုန်နဲ့ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေအထိ နယ်ပယ်စုံမှာ လုပ်ကိုင်နေတာပါ။ အရပ်သား စီးပွားရေးလုပ်ငန်းရှင်တွေကို ဆက်တိုက်ဖမ်းဆီးနေတဲ့ စစ်ကောင်စီလုပ်ရပ်ဟာ၊ မြန်ာ့စီးပွားရေးကို သေနတ်နဲ့ချိန်ပြီး ထိန်းချုပ်နေတာလို့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးက မှတ်ချက်ပြုပါတယ်။ သတင်း၊ တင်ဆက် - အောင်နိုင်၊ မြတ်ကြီး

👍 57🔥 17💩 8👎 4 2🖕 1
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်းရှိ လေကြောင်းရန်ကာကွယ်ရေးတပ်စခန်းတစ်ခုကို တိုက်ခိုက်၊ သိမ်းပိုက်နိုင်ခဲ့သည့် ရုပ်သံဖိုင်တစ်ခုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး(MDY-PDF) က ယနေ့ညပိုင်းတွင် ထုတ်ပြန်လိုက်သည်။ အင်ကြင်းမြိုင်ကျေးရွာအခြေစိုက်၊ အမှတ် ၁၀၁၄ လေကြောင်းရန်ကာကွယ်ရေးတပ်စခန်းအား စီးနင်းတိုက်ခိုက်ခဲ့သည့် ရုပ်သံဖိုင်ထဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ၎င်းတို့၏ မိသားစုဝင်များ လက်နက်ချအညံ့ခံခဲ့သည်ကို တွေ့ရသည်။ ထိုစခန်းသိမ်းတိုက်ပွဲတွင် ကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့လည်း ကျဆုံးခဲ့ပြီး “အောက်မေ့ ဦးညွှတ်လျက်” ရှိကြောင်း MDY-PDF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ https://www.youtube.com/watch?v=ynLGCr4i6G0
Показати все...
လေကြောင်းရန်ကာကွယ်ရေးတပ်ကို PDF တွေ ဘယ်လိုစီးနင်းတိုက်ခိုက်ခဲ့လဲ

လေကြောင်းရန်ကာကွယ်ရေးတပ်ကို PDF တွေ ဘယ်လိုစီးနင်းတိုက်ခိုက်ခဲ့လဲ ………… မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်းရှိ လေကြောင်းရန်ကာကွယ်ရေးတပ်စခန်းတစ်ခုကို တိုက်ခိုက်၊ သိမ်းပိုက်နိုင်ခဲ့သည့် ရုပ်သံဖိုင်တစ်ခုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး(MDY-PDF) က ယနေ့ညပိုင်းတွင် ထုတ်ပြန်လိုက်သည်။ အင်ကြင်းမြိုင်ကျေးရွာအခြေစိုက်၊ အမှတ် ၁၀၁၄ လေကြောင်းရန်ကာကွယ်ရေးတပ်စခန်းအား စီးနင်းတိုက်ခိုက်ခဲ့သည့် ရုပ်သံဖိုင်ထဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ၎င်းတို့၏ မိသားစုဝင်များ လက်နက်ချအညံ့ခံခဲ့သည်ကို တွေ့ရသည်။ ထိုစခန်းသိမ်းတိုက်ပွဲတွင် ကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့လည်း ကျဆုံးခဲ့ပြီး “အောက်မေ့ ဦးညွှတ်လျက်” ရှိကြောင်း MDY-PDF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ တိုက်ပွဲများ ဖြစ်ပွားနေသည့် မန္တလေးတိုင်း မတ္တရာမြို့နယ်တွင် သီတင်းတစ်ပတ်အတွင်း မြို့အရှေ့ပိုင်းမှ စစ်စခန်းရှစ်ခုကို သိမ်းပိုက်နိုင်ခဲ့ရာ ထိုအထဲတွင် အမှတ် (၁၀၁၄) လေကြောင်းရန် ကာကွယ်ရေးတပ်စခန်းလည်း ပါဝင်သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF) က ဇူလိုင် ၂ ရက်နေ့တွင် ထုတ်ပြန်သည်။ MDY-PDF သည် တအာင်းတပ် TNLA နှင့်အတူ ဇွန်လ ၂၅ ရက်နေ့က စတင်ပြီး ၁၀၂၇ စစ်ဆင်ရေးဒုတိယလှိုင်းအဖြစ် စစ်ကောင်စီကို ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်သည်။ မဟာမိတ် TNLA က ရှမ်းပြည်နယ်မြောက်ပိုင်းမှ ကျောက်မဲ၊ နောင်ချိုနှင့် မန္တလေးတိုင်းအတွင်းမှ မိုးကုတ်မြို့ကို ဦးဆောင်ထိုးစစ်ဆင်နေချိန်တွင် မတ္တရာမြို့နယ်အရှေ့ခြမ်း တိုက်ပွဲများကို MDY-PDF က ဦးဆောင်တိုက်ခိုက်နေခြင်းဖြစ်သည်။ မတ္တရာတိုက်ပွဲတွင် MDY-PDF သည် ဒေသတွင်းတော်လှန်ရေးတပ်များဖြစ်သည့် မတ္တရာမျိုးမှန်တပ်ဖွဲ့၊ SSTF အဖွဲ့တို့နှင့်အတူ စစ်ကောင်စီကို ပူးပေါင်းတိုက်ခိုက်နေသည်။ အင်ကြင်းမြိုင်ကျေးရွာအခြေစိုက် ၁၀၁၄ လေကြောင်းရန်ကာကွယ်ရေးတပ်စခန်း၊ ဆည်တော်တပ်စခန်း၊ ပန်းသလဲတောင်၊ ရေစိုတောင်၊ နေကျော်တောင်၊ ရွှေပုထိုး၊ ကျောက်ခလုတ်နှင့် မြေနီတောင်တွင်ရှိသည့် အောင်သပြေကျေးရွာအနီး Alpha ဘိလပ်မြေစက်ရုံတပ်စခန်း၏ စိုးမိုးကုန်းတို့ကို သိမ်းပိုက်ထားနိုင်ခြင်းဖြစ်သည်ဟု MDY-PDF ပြန်ကြားရေးတာဝန်ခံ ကိုအော်စမွန်က ပြောသည်။

👍 79🥰 11 9👏 4🤬 2
Оберіть інший тариф

На вашому тарифі доступна аналітика тільки для 5 каналів. Щоб отримати більше — оберіть інший тариф.