7 650
Подписчики
-424 часа
-617 дней
-20430 день
Архив постов
ဒီနေ့ပြုလုပ်တဲ့ လေ့ကျင့်ခန်းအစီအစဉ်မာ တိုဘီကော်လာ ၊ ဟေဒန်တို့ ပြန်ပါလာခဲ့ကြပီး ဒီလစ် ၊ ယိုရိုတို့ ပါဝင်လာခဲ့ခြင်း မရှိခဲ့ပါဘူး ။
#MUMS
ဒီယေဂိုဒါးလော့စ်က ဒဏ်ရာကနေ ပြန်လည်သက်သာလာခဲ့ပီး ဒီနေ့မနက်မာဘဲ ကာရင်တန်လေ့ကျင့်ရေးကွင်းမာ အပေါ့စားလေ့ကျင့်ခန်းတွေ ပြန်ပီးပြုလုပ်နေတယ်လို့ သိရပါတယ် ။ သူ့အနေနဲ့ ယူရိုပါလိဂ်ဖိုင်နယ်ပွဲစဉ်ကို ဝင်ရောက်ကစားနိုင်ဖို့ ပစ်မှတ်ထားနေတာလည်းဖြစ်ပါတယ် ။
#MUMS
ဘရာဇီးနည်းပြသစ် ကားလို့အန်ဆယ်လော့တီက နိုင်ငံတကာပွဲစဉ်တွေ ပြန်ပီးစတင်တာနဲ့ ကတ်စမဲရိုးကို ပြန်လည်ခေါ်ယူသွားဖို့ ရှိနေတယ်လို့ သိရပါတယ် ။
#MUMS
Liam Delap အနေနဲ့ မန်ယူအသင်းကို ပြောင်းရွေ့ဖို့ အတော်လေးစိတ်ဝင်စားနေတယ်လို့ သိရပီး သူ့အနေနဲ့ အိုးထရက်ဖို့စ်ကွင်းကြီးမာ ကစားချင်နေတဲ့ ဆန္ဒရှိနေတယ်လို့ သိရပါတယ် ။ Delap ကို နယူးကာဆယ် ၊ ချယ်လ်ဆီး စတဲ့အသင်းတွေကလည်း စိတ်ဝင်စားနေကြပါတယ် ။
#MUMS
ဒီရာသီ မန်ယူအသင်းရဲ့ အဝေးကွင်းအပိတ်ပွဲစဉ်ကို ချယ်လ်ဆီးအသင်းနဲ့ ကစားရမာဖြစ်တာကြောင့် အနိုင်ရဖို့ ရုန်းကန်ရဖွယ် ရှိနေခဲ့ပါတယ် ။
#MUMS
အဖွန်ဆိုဒေးဗီးစ် 🗣️ ယူရိုပါလိဂ်ဖိုင်နယ်ကျရင် ဘယ်သူ့ကိုအားပေးမာလဲ ? ယူနိုက်တက်အသင်းပေါ့ ၊ ငါ့ရဲ့အသင်းဖော်ဟောင်း ဇာဇီရှိတဲ့ အသင်းကိုဘဲ အားပေးမာသေချာပါတယ် ။
#MUMS
+1
2025 /26 ဘောလုံးရာသီအတွက် မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဖြစ်နိုင်ဖွယ် အဝေးကွင်းဝတ်စုံအသစ် 👀
#MUMS
အသင်းမာ အငှားလာကစားသွားခဲ့တဲ့ နောက်ခံလူ ရယ်ဂီလွန်က စပါးအသင်းပြုလုပ်တဲ့ လေ့ကျင့်ခန်းအစီအစဉ်မာ အသင်းဖော်ကစားသမား ဂျွန်ဆင်ကို လျှောထိုးဖြတ်ထိုးမှု ပြုလုပ်ခဲ့ပီး ဒဏ်ရာအနာတရဖြစ်စေခဲ့တယ်လို့ သိရပါတယ် ။
#MUMS
အန်ဒရေအိုနာနာ 🗣️ ဂန္တဝင်ဂိုးသမား ဗန်ဒါဆားဆီကနေ ငါ့အနေနဲ့ အကြံဉာဏ်ကောင်းတွေ ယူလေ့ရှိပါတယ် ။ သူကလည်း ငါ့ကို အမြဲလမ်းညွှန်ပီး ဆုံးမပါတယ် ။ ဒါပေမဲ့ အခုဖြစ်ပျက်နေတာတွေက ယာယီဖြစ်တာလို့ ငါယုံကြည်ပါတယ် ။
#MUMS
မန်ယူအသင်းက မနေ့ညက ကစားခဲ့တဲ့ အိမ်ကွင်းမာ ဝက်စ်ဟမ်းအသင်းကို ရှုံးနိမ့်သွားခဲ့လို့ တရာသီအတွင်း အိမ်ကွင်းရှုံးပွဲအများဆုံးကြုံတွေ့ခဲ့ရတဲ့ အသင်းအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ် ။ မန်ယူအသင်းအနေနဲ့ ဒီရာသီ အိမ်ကွင်းရှုံးပွဲ 9 ပွဲအထိ ရှိနေခဲ့ပီလည်း ဖြစ်ပါတယ် ။
#MUMS
ဟွိုက်လန်းအတွက် ဒီရာသီ မန်ယူကစားသမားဘဝ နောက်ဆုံးရာသီ ဖြစ်လာမယ်လို့ မျှော်လင့်မိပါတယ် ။ သူ့အနေနဲ့ အခုချိန်ထိ တိုက်စစ်မှူးတယောက်မာ ရှိသင့်ရှိထိုက်တဲ့ အရည်အချင်းတွေ မရှိသလို ၊ လိဂ်အပြောင်းအလဲကြောင့် ရုန်းကန်ရမှုတွေကြောင့် ပုံမှန်ထက် ပိုဆိုးပီး ဖိအားတွေဝင်ကာ နောက်ပိုင်းပွဲစဉ်တွေမာ ပိုပိုပီး ဆိုးရွားလာနေတဲ့ အနေထားမာဖြစ်နေပါတယ် ။ ဒီအခြေအနေလောက်နဲ့ဆို လာမယ့်ရာသီ အသင်းကနေ ရောင်းထုတ်သင့်လား ၊ အရန်ခုံမာဘဲဆက်ပီး ထားသင့်လားဆိုတာ ညိုကီတို့ဘဲ ဆက်ပီးပြောခဲ့ကြတော့ဗျာ ။
#MUMS
နောက်ခံလူယိုရိုအနေနဲ့ ပွဲပြီးအိုးထရက်ဖို့စ်ကနေ ထွက်ခွာချိန်မာ ထော့နင်းထော့နင်းဖြစ်နေခဲ့ပီး ခြေထောက်မာတော့ အကာအကွယ်ဖိနပ်တော့ စီးထားခဲ့ခြင်း မရှိဘူးလို့ သိရပါတယ် ။
#MUMS
မန်ယူအသင်းအနေနဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲမာ ဝက်စ်ဟမ်းအသင်းကို အိမ်ကွင်းမာ လက်ခံကစားရတိုင်း မရှုံးနိမ့်ခဲ့တဲ့ အစဉ်အလာရှိခဲ့ဖူးပီး ယခုအခါမာတော့ အဆိုပါစံချိန် ကျိုးပျက်သွားခဲ့ပြီလည်း ဖြစ်ပါတယ် ။
#MUMS
သာမန်ပွဲရလဒ်လေး တခုဖြစ်လို့ လူလည်း ဘာမှဖြစ်မနေတော့ပါဘူး ။ ယူရိုပါလိဂ်ဖိုင်နယ် ကန်မယ့်နှစ်သင်းက တယောက်ရဲ့ခြေစွမ်း တယောက် သိမာစိုးလို့လား မသိဘူး ။ ရှုံးတာတောင် အိမ်ကွင်းလည်းတူ ၊ ရလဒ်ပါ သွားတူနေခဲ့ပီး အမှတ်ပေးဇယား အပေါ်အောက်ပါ ဖြစ်နေခဲ့ပါတယ် ။ ဒီနှစ်သင်းကန်မယ့် ဖိုင်နယ်ပွဲစဉ်ကို တကယ်ဘဲ ကြည့်ချင်
နေတာတော့ အမှန်ပါဘဲ ။
#MUMS
Уже доступно! Исследование Telegram 2025 — ключевые инсайты года 
