6 852
Подписчики
-1424 часа
-467 дней
-22430 дней
Загружаем данные
Похожие каналы
Облако тегов
Нет данных
Возникли проблемы? Пожалуйста, обновите страницу или обратитесь к нашему support-менеджеру .
Входящие и исходящие упоминания
---
---
---
---
---
---
Привлечение подписчиков
ноябрь '26нояб. '26
ноябрь '26
+16
в 1 каналах
октябрь '26
+34
в 1 каналах
Get PRO
сентябрь '26
+45
в 1 каналах
Get PRO
август '26
+106
в 2 каналах
Get PRO
июль '26
+114
в 1 каналах
Get PRO
июнь '26
+57
в 1 каналах
Get PRO
май '26
+219
в 1 каналах
Get PRO
апрель '26
+96
в 2 каналах
Get PRO
март '26
+103
в 1 каналах
Get PRO
февраль '26
+178
в 2 каналах
Get PRO
январь '26
+249
в 3 каналах
Get PRO
декабрь '25
+223
в 2 каналах
Get PRO
ноябрь '25
+291
в 2 каналах
Get PRO
октябрь '25
+270
в 1 каналах
Get PRO
сентябрь '25
+315
в 1 каналах
Get PRO
август '25
+370
в 1 каналах
Get PRO
июль '25
+373
в 1 каналах
Get PRO
июнь '25
+538
в 1 каналах
Get PRO
май '25
+286
в 1 каналах
Get PRO
апрель '25
+295
в 1 каналах
Get PRO
март '25
+269
в 2 каналах
Get PRO
февраль '25
+392
в 1 каналах
Get PRO
январь '25
+574
в 1 каналах
Get PRO
декабрь '24
+584
в 2 каналах
Get PRO
ноябрь '24
+624
в 2 каналах
Get PRO
октябрь '24
+813
в 2 каналах
Get PRO
сентябрь '24
+784
в 2 каналах
Get PRO
август '24
+1 375
в 3 каналах
Get PRO
июль '24
+2 678
в 3 каналах
| Дата | Привлечение подписчиков | Упоминания | Каналы | |
| 13 ноября | 0 | |||
| 12 ноября | 0 | |||
| 11 ноября | +2 | |||
| 10 ноября | +1 | |||
| 09 ноября | +1 | |||
| 08 ноября | +3 | |||
| 07 ноября | +1 | |||
| 06 ноября | +1 | |||
| 05 ноября | +2 | |||
| 04 ноября | 0 | |||
| 03 ноября | +3 | |||
| 02 ноября | +2 | |||
| 01 ноября | 0 |
Посты канала
အမေရိကန်လက်ရွေးစင်အသင်းမှာ ကိုင်တွယ်ခဲ့ဖူးတဲ့ ဆက်ဆံရေးကြောင့် မော်ရီစီယိုပိုချက်တီနိုဟာ Alex Freeman နဲ့ Folarin Balogun တို့ နှစ်ဦးစလုံးကို မန်ချက်စတာယူနိုက်တက်ဆီ ပြောင်းရွှေ့လာအောင် စည်းရုံးနိုင်ဖွယ်ရှိနေပါတယ်။ လက်ရှိမှာလည်း Balogun က ယူနိုက်တက်ကို ပြောင်းချင်စိတ် ပြင်းပြနေပါပြီ။ ပိုချက်တီနိုအနေနဲ့ သူတို့ရဲ့ ခြေစွမ်းကို ကောင်းကောင်းသိပြီး ယုံကြည်မှုရှိသလို သူ့ကစားကွက်နဲ့ ဘယ်လိုအံဝင်မလဲဆိုတာ အတိအကျ နားလည်ထားတာကြောင့် ဒါဟာ ယူနိုက်တက်အတွက် အပြောင်းအလဲကြီးတစ်ခု ဖြစ်လာနိုင်ပါတယ်။ Alex Freeman ဆိုတဲ့ ညာနောက်ခံလူကလည်း မြန်နှုန်းနဲ့ ခွန်အားကောင်းပြီး တိုက်စစ်လိုက်ပါရတာကို နှစ်သက်တဲ့ မော်ဒန်နောက်ခံလူတစ်ဦးပါ။ တစ်ဦးချင်း ခံစစ်ကစားပုံ ကောင်းမွန်သလို တောင်ပံကနေ အရှိန်နဲ့ထိုးဖောက်ပြီး ဂိုးဧရိယာထဲ ဖြတ်တင်ဘောကောင်းတွေ ပေးပို့နိုင်ပါတယ်။ အသက်ငယ်ပေမဲ့ ဝါရင့်ကစားသမားတစ်ယောက်လို ပွဲကို ဖတ်နိုင်စွမ်းရှိလို့ ပိုချက်တီနိုလက်အောက်မှာ လိဂ်ရဲ့ အကောင်းဆုံး တိုက်စစ်အားသန် နောက်ခံလူ ဖြစ်လာနိုင်ပါတယ်။ Balogun ဆိုတဲ့ ကစားသမားက မွေးရာပါ ဂိုးသွင်းစွမ်းရည်ရှိပြီး လျင်မြန်သွက်လက်သလို အမြဲနေရာလွတ် ရှာဖွေနေသူပါ ။ ပွဲကိုဖတ်နိုင်စွမ်း၊ ဘောလုံးထိန်းသိမ်းနိုင်စွမ်းနဲ့ ခြေနှစ်ဖက်စလုံးနဲ့ အဆုံးသတ်နိုင်စွမ်း ရှိပါတယ်။ ယူနိုက်တက် လိုအပ်နေတဲ့ ဂိုးဧရိယာထဲက ဂိုးသွင်းမုဆိုးဗီဇမျိုး ပိုင်ဆိုင်ထားပြီး အသင်းအတွက် အပင်ပန်းခံ ဖိအားပေး ကစားတတ်သူ ဖြစ်ပါတယ်။
လူငယ်တွေဖြစ်သလို အောင်မြင်မှုဆာလောင်ပြီး အရည်အချင်းရှိတဲ့ ကစားသမား နှစ်ဦးပါ။ ယူနိုက်တက် အင်အားဖြည့်ဖို့ လိုအပ်နေတဲ့ နေရာနှစ်ခုလည်း ဖြစ်ပါတယ်။ ပိုချက်တီနိုသာ သူတို့ကို ခေါ်ယူနိုင်ခဲ့ရင် ယူနိုက်တက်အနေနဲ့ မြန်နှုန်း၊ သွင်းဂိုးတွေနဲ့အတူ ပုံစံသစ်တစ်ခုကို ရရှိသွားမှာပါ။
#MUMS
| 2 | 🚨💣 မန်ချက်စတာယူနိုက်တက်ရဲ့ ဒုတိယအကြိမ်မြောက် စာချုပ်သစ်ကမ်းလှမ်းမှုကို ဘရူနိုဖာနန်ဒက်စ် ပယ်ချလိုက်ပါပြီ ။ စာချုပ်သစ်အတွက် ဆွေးနွေးမှုတွေ ဆက်လက်လုပ်ဆောင်နေချိန်မှာပဲ ဘရူနိုဖာနန်ဒက်စ်ဟာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဒုတိယအကြိမ်မြောက် ကမ်းလှမ်းမှုကို ထပ်မံငြင်းပယ်လိုက်ပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နွေရာသီတုန်းက အသင်းရဲ့ ကနဦးကမ်းလှမ်းမှုကို ပေါ်တူဂီကွင်းလယ်လူ ပယ်ချခဲ့ပြီးနောက်ပိုင်း ဆွေးနွေးမှုတွေ ဆက်တိုက်ရှိနေခဲ့တာပါ။ အခုတော့ ယူနိုက်တက်ဘက်က ဒုတိယအကြိမ် ကမ်းလှမ်းမှုဟာလည်း အရာမထင်ဘဲ ပယ်ချခံလိုက်ရပြန်ပါပြီ။ အခုဆိုရင် အိုးထရက်ဖို့ဒ်မှာ သူ့ရဲ့ ရေရှည်အနာဂတ်ဟာ အသင်းအတွက် ပိုပြီးအရေးကြီးတဲ့ အခြေအနေတစ်ခု ဖြစ်လာနေပါပြီ။
#MUMS | 483 |
| 3 | 🚨 မော်ရီစီယိုပိုချက်တီနိုနဲ့ နီးစပ်သူတွေရဲ့ အဆိုအရ "ယူနိုက်တက်က ကမ်းလှမ်းလာပြီဆိုရင် ငြင်းပယ်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး" တဲ့။
ပိုချက်တီနို အနေနဲ့ ဒါဟာ သူ့ဘဝတစ်သက်တာမှာ ရခဲလှတဲ့ အခွင့်အရေးကောင်းကြီးတစ်ခုလို့ ခံစားနေရပြီး ဒီအခွင့်အရေးအတွက်လည်း အရမ်းကို စိတ်လှုပ်ရှားနေပါတယ်။ ယူနိုက်တက်ဆိုတာ ပိုချက်တီနိုအတွက် အများကြီး အဓိပ္ပာယ်ရှိတဲ့ အသင်းတစ်သင်းပါ။ သူဟာ ဆာအဲလက်စ်ဖာဂူဆန်ကို အမြဲတမ်း လေးစားအားကျခဲ့သူဖြစ်တာကြောင့် ယူနိုက်တက်နည်းပြ ဖြစ်လာရတာဟာ သူ့အတွက် အထူးတလည် ဂုဏ်ယူစရာ ဖြစ်နေပါတယ်။ ဒါကြောင့်ပဲ ယူနိုက်တက်ဘက်က ဆက်သွယ်ကမ်းလှမ်းလာတဲ့ အချိန်မှာ သူဟာ ချက်ချင်းဆိုသလို လက်ခံသဘောတူခဲ့တာ ဖြစ်ပါတယ်။
[FabrizioRomano]
#MUMS | 800 |
| 4 | မန်ချက်စတာယူနိုက်တက်အသင်းမှာ မိုက်ကယ်ကားရစ် နေရာကို မော်ရီစီယိုပိုချက်တီနိုနဲ့ အစားထိုးလိုက်တဲ့အပေါ် နောက်ခံလူ လီဆန်ဒရိုမာတီနက်ဇ် ပြောကြားခဲ့ရာ 🗣️
ကြိုတင်ရိပ်မိနေခဲ့တဲ့ အပြောင်းအလဲ
ကလပ်ဘက်က တရားဝင်မကြေညာခင်ကတည်းက ကားရစ်ထွက်ခွာရတော့မယ်ဆိုတာ ကျွန်တော် သိနေခဲ့ပါတယ်။ အသင်းရဲ့ နောက်ဆုံးပွဲစဉ်ရလဒ်တွေ၊ လေ့ကျင့်ရေးကွင်းက ဖိအားတွေနဲ့ ကားရစ်ကိုယ်တိုင် စကားပြောဆိုပုံကြည့်ပြီး အသင်းတွင်းက လူတိုင်း အခြေအနေမဟန်တော့မှန်း ခံစားမိနေကြပါပြီ။ အာဂျင်တီးနားလက်ရွေးစင်အသင်းမှာ အသင်းဖော်တွေက မေးတုန်းကတောင် ကျွန်တော် ဒီအတိုင်း ဖြေခဲ့ပါသေးတယ်။ ကားရစ်ထွက်သွားရလို့ ကျွန်တော် ပျော်နေတာ မဟုတ်ပါဘူး။ သူဟာ ခက်ခဲတဲ့အချိန်တွေမှာ ကျွန်တော့်ကို ယုံကြည်မှုနဲ့ တာဝန်ပေးခဲ့တဲ့ ဆရာကောင်းတစ်ယောက်ပါ။ ဒါပေမဲ့ ရလဒ်တွေ ဆိုးရွားနေချိန်မှာ အရာအားလုံး အဆင်ပြေနေပါတယ်လို့ ဟန်ဆောင်နေလို့ မရပါဘူး။ ယူနိုက်တက်လို အသင်းမျိုးမှာ တိုးတက်လာဖို့ အကြာကြီး စောင့်နေလို့ မရတဲ့အတွက် အသင်းတာဝန်ရှိသူတွေဘက်က ဆုံးဖြတ်ချက်ချလိုက်တာကို နားလည်ပါတယ်။ အာဂျင်တီးနားသားချင်းဖြစ်တာကြောင့် ပိုချက်တီနိုရဲ့ ဘောလုံးအတွေးအခေါ်နဲ့ စိတ်ဓာတ်ပိုင်းကို ကျွန်တော်တို့ ကောင်းကောင်းသိပါတယ်။ သူက တောင်းဆိုမှုမြင့်မားပြီး စည်းကမ်းတင်းကျပ်သူပါ။ အလုပ်ကြိုးစားဖို့ အသင့်မဖြစ်တဲ့ ကစားသမားတွေဆိုရင် သူ့လက်အောက်မှာ နေရထိုင်ရ ခက်ခဲပါလိမ့်မယ်။ အခုချိန်မှာ ယူနိုက်တက်လိုအပ်နေတာက နည်းပြမျက်နှာဖုံး ပြောင်းရုံသက်သက်မဟုတ်ဘဲ အသင်းတွင်း စိတ်ဓာတ်ပိုင်းကို အမှန်တကယ် ပြောင်းလဲပေးနိုင်မယ့် နည်းပြမျိုးပါ။ ပိုချက်တီနို ရောက်လာရုံနဲ့ အသင်းရဲ့ ပြဿနာတွေ ချက်ချင်း ပျောက်သွားမှာ မဟုတ်သလို၊ ဘယ်နည်းပြကမှလည်း မန်ယူကို တစ်ယောက်တည်း ပြုပြင်နိုင်မှာ မဟုတ်ပါဘူး။ သူ့ကို အသင်းဘက်က အပြည့်အဝပံ့ပိုးပေးဖို့၊ မှန်ကန်တဲ့ ကစားသမား ခေါ်ယူမှုတွေ လုပ်ပေးဖို့နဲ့ အချိန်ပေးဖို့ လိုအပ်ပါတယ်။ ဒါပေမဲ့ လက်ရှိ အဝတ်လဲခန်းထဲက ကစားသမားတိုင်း လိုချင်နေတဲ့ တိကျတဲ့ဦးတည်ချက်တစ်ခုကိုတော့ သူ ယူဆောင်လာပေးနိုင်လိမ့်မယ်လို့ ယုံကြည်မိပါတယ်။
#MUMS | 420 |
| 5 | မကြာခင် အသင်းကို ကိုင်တွယ်လာတော့မယ့် ပိုချက်တီနိုရဲ့လက်အောက်မှာ အသင်းက အများကြီး အကျိုးကျေးဇူးခံစားရနိုင်ပြီး၊ ကမ္ဘာ့အဆင့်မီ ကြယ်ပွင့်တွေ ဖြစ်လာနိုင်ခြေရှိတဲ့ မန်ချက်စတာယူနိုက်တက်ရဲ့လူငယ်ကြယ်ပွင့် (၄) ဦး ရှိနေပါတယ် ။ ပိုချက်တီနိုဆိုတာ လူငယ်ကစားသမားတွေရဲ့ စိတ်ဓာတ်ကို မြှင့်တင်ပေးနိုင်စွမ်းရှိပြီး၊ သူတို့ရဲ့ အကောင်းဆုံး စွမ်းဆောင်ရည်တွေကို အပြည့်အဝ ထုတ်ဖော်ပေးနိုင်မှန်း နာမည်ကြီးပြီးသား လူတစ်ယောက်ပါ။ မန်ချက်စတာယူနိုက်တက်မှာလည်း အခွင့်အရေးရဖို့ စောင့်ဆိုင်းနေကြတဲ့၊ စွမ်းရည်ထက်မြက်တဲ့ လူငယ်ကြယ်ပွင့်တွေ အပြည့်အဝ ရှိနေပါတယ် ။
#MUMS | 875 |
| 6 | 🚨 မန်ချက်စတာယူနိုက်တက်အသင်းဟာ မိုက်ကယ်ကားရစ်ရဲ့ နေရာမှာ အစားထိုးဖို့အတွက် မော်ရီစီယိုပိုချက်တီနိုကို ခန့်အပ်နိုင်ဖို့ သဘောတူညီမှု ရယူနိုင်ရေး အပြီးသတ် ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ ယူနိုက်တက်အသင်းဘက်က အမေရိကန် လက်ရွေးစင်အသင်းဆီ တရားဝင် ဆက်သွယ်ခြင်း မရှိသေးပေမဲ့လည်း ဒီအစီအစဉ်ကတော့ အစောတလျင် လောလောလတ်လတ် ရှေ့ဆက်သွားဖွယ် ရှိနေပါတယ်။
David_Ornstein
#MUMS | 924 |
| 7 | ၂၀၁၆ ခုနှစ်တုန်းက ဆာအဲလက်စ်ဖာဂူဆန်ဟာ လူးဝစ်ဗန်ဂါးရဲ့ နေရာမှာ အစားထိုးဖို့ ပိုချက်တီနိုကို သဘောကျခဲ့ပါတယ် ။ဆာအဲလက်စ်ဖာဂူဆန်နဲ့ ပိုချက်တီနိုတို့ဟာ ပေါင် ၁၁၄ တန် ဝိုင်တစ်ပုလင်းကို အတူတကွ သောက်သုံးရင်း နေ့လယ်စာ သုံးဆောင်ခဲ့ကြပါတယ်။ အဆိုပါတွေ့ဆုံမှုမှာ ဖာဂူဆန်က မန်ချက်စတာယူနိုက်တက်အသင်းကို သူ ဘယ်လိုပြန်လည်တည်ဆောက်ခဲ့ကြောင်း ရှင်းပြခဲ့သလို၊ ပိုချက်တီနိုကိုလည်း မိမိရဲ့ကိုယ်ပိုင်နည်းလမ်းနဲ့ အယူအဆအပေါ် ယုံကြည်မှုအပြည့်ထားဖို့ တိုက်တွန်းအားပေးခဲ့ပါတယ်။
#MUMS | 941 |
| 8 | 🚨💣 မန်ချက်စတာယူနိုက်တက်သာ တန်းဆင်းသွားရရင် စီးပွားရေးအရ အကြီးအကျယ် ကပ်ဆိုက်တော့မှာ ဖြစ်ပါတယ် ။ သတင်းထောက် Chris Wheeler ရဲ့ဖော်ပြချက်အရ Red Devils တို့တန်းဆင်းသွားခဲ့ရင် Adidas အနေနဲ့ အသင်းနဲ့ ချုပ်ဆိုထားတဲ့ ပေါင်သန်း ၉၀၀ ကျော်တန်ကြေးရှိ စပွန်ဆာစာချုပ်ကို ဖျက်သိမ်းသွားနိုင်ပါတယ်။ ဒါဟာ အားကစားအမှတ်တံဆိပ်တစ်ခုနဲ့ ဘောလုံးကလပ်တစ်ခုအကြား ချုပ်ဆိုထားသမျှ သမိုင်းဝင် စပွန်ဆာစာချုပ်တွေထဲက အကြီးမားဆုံးထဲမှာ တစ်ခုအပါအဝင် ဖြစ်ပါတယ် ။
#MUMS | 883 |
| 9 | 🚨🗣️ Bruno Fernandes က လေ့ကျင့်ရေးကွင်းမှာ Michael Carrick နဲ့ ပြောဖြစ်ခဲ့တာကို အခုလို ဖွင့်ဟထားပါတယ်။
ဒီနေ့ လေ့ကျင့်ရေးကွင်းက ပုံမှန်ထက် ပိုတိတ်ဆိတ်နေတယ်။ တစ်ခုခုတော့ အဆင်မပြေဘူးဆိုတာ ခံစားလို့ရတယ်။ Michael Carrick ထွက်ခွာတော့မယ်ဆိုတဲ့ သတင်းကို ကျွန်တော်တို့အားလုံး ကြားထားကြသလို အဝတ်လဲခန်းထဲက ဘယ်သူမှလည်း ဒီအတွက် မပျော်ကြပါဘူး။
မကြာသေးခင်က ကျွန်တော်တို့ကြား မပြေလည်မှုအချို့ ရှိခဲ့ပေမဲ့ အခုလိုမျိုး အဆုံးသတ်သွားဖို့တော့ မလိုလားခဲ့ပါဘူး။ ဒီနေ့ သူ့ပုံစံက ပုံမှန်မဟုတ်ဘူး။ ကျွန်တော် သူ့နားသွားပြီး 'ဆရာ... တကယ်ရော အဆင်ပြေရဲ့လား' လို့ မေးခဲ့တယ်။ သူက ပြုံးပြပြီး အဆင်ပြေပါတယ်လို့ပဲ ဖြေခဲ့ပေမဲ့ သူ့မျက်လုံးတွေကို ကြည့်ရုံနဲ့ ဝမ်းနည်းနေတာကို သိသာပါတယ်။ ဘယ်သူ့မှ မသိစေချင်လို့သာ အောင့်ထားတာပါ။
မန်နေဂျာတစ်ယောက်တည်းရဲ့ အမှားမဟုတ်တဲ့ ပြဿနာတွေအတွက် သူပဲ အပြစ်တင်ခံနေရတာတကယ် စိတ်မကောင်းစရာပါပဲ။ ဒီကလပ်အသင်းရဲ့ အတွင်းပိုင်းမှာ ဘာတွေ တကယ်ဖြစ်ပျက်နေလဲဆိုတာ လူတွေ နားလည်ရဲ့လားလို့တောင် တစ်ခါတလေ တွေးမိတယ်။
ဒါပေမဲ့လည်း ဒါက ဘောလုံးလောကပဲလေ။ နည်းပြတွေက လာလိုက်ထွက်သွားလိုက်နဲ့ပဲ၊ ကစားသမားတွေကလည်း ရှေ့ဆက်ရမှာပဲ။
#MUMS | 843 |
| 10 | Time to say goodbye 💔😭
#MUMS | 491 |
| 11 | ဒီအသင်းက တကယ်ကို ဟာသပဲကွာ။
ဒီလူစာရင်းနဲ့များ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ဖလားတွေ ရယူမယ်ဆိုပြီး ကြုံးဝါးထားကြတာမလား ?
မင်းတို့ ခေါ်ထားတဲ့ ဒီကစားသမားတွေကဘဲ အပြစ်မရှိတဲ့ နည်းပြတွေကိုပဲ တစ်ယောက်ပြီးတစ်ယောက် ထုတ်ပစ်နေကြတာလေ ။ အခုအချိန်မှာတော့ နည်းပြကို ထုတ်ပစ်ရမှာမဟုတ်ဘူး၊ အဝတ်လဲခန်းထဲက ကစားသမားတွေကိုရှင်းပစ်ရမှာ! တကယ့် တရားခံအစစ်တွေက အင်္ကျီဝတ်ထားတဲ့ကစားသမားတွေပါကွာ :)
#MUMS | 925 |
| 12 | 🚨 မန်ချက်စတာယူနိုက်တက်အသင်းက အင်္ဂလန်အသင်းနည်းပြဟောင်း Gareth Southgate ကို ၃ နှစ်စာချုပ်ဖြင့် ယနေ့တွင်ပင် နည်းပြသစ်အဖြစ် ခန့်အပ်တော့မည်လို့ သတင်းထွက်ပေါ်နေပါတယ် ။ ဆောက်ဂိတ်က နည်းပြမိုက်ကယ်ကားရစ်ရဲ့ နေရာမှာ အစားထိုးဝင်ရောက်မည်ဖြစ်ပြီး အိုးထရက်ဖို့ဒ်၏ ယဉ်ကျေးမှုကို ပြန်လည်ဖော်ဆောင်ပေးကာ ကစားသမားအဝတ်လဲခန်းတွင်း စည်းလုံးညီညွတ်မှုကို ပြန်လည်တည်ဆောက်ပေးနိုင်မည့်သူအဖြစ် ရှုမြင်ခံထားရတာ ဖြစ်ပါတယ် ။ဆောက်ဂိတ်ရဲ့ ခေါင်းဆောင်မှုအရည်အသွေး၊ ကစားသမားများကို ကိုင်တွယ်ထိန်းသိမ်းနိုင်စွမ်းနှင့် အတွေ့အကြုံတို့မှာ ယူနိုက်တက်ကို ခေတ်သစ်တစ်ခုဆီ ဦးဆောင်လမ်းပြနိုင်ရန် အသင့်တော်ဆုံးဖြစ်သည်ဟု ယူနိုက်တက်ထိပ်ပိုင်းတာဝန်ရှိသူများက ယုံကြည်နေကြတာ ဖြစ်ပါတယ် ။
တရားဝင်သတင်းထုတ်ပြန်ချက်ကို ယနေ့မွန်းလွဲ ၃ နာရီတွင် ပြုလုပ်သွားမည်ဟု မျှော်လင့်ရပါတယ် ။
Source Davide Ornstéin
#MUMS | 990 |
| 13 | 🚨 မန်ချက်စတာယူနိုက်တက် နည်းပြ မိုက်ကယ်ကားရစ်ဟာ ရာထူးကနေ ထုတ်ပယ်ခံရဖို့ အလွန်နီးစပ်နေပြီဖြစ်ပါတယ်။
အသင်းဘုတ်အဖွဲ့ဟာ ဒီနေ့အတွင်း အရေးပေါ် အစည်းအဝေး နှစ်ကြိမ်အထိ ပြုလုပ်ခဲ့ပြီး လက်ရှိမှာ သူ့ရဲ့နည်းပြရာထူးဟာ အတော်လေး စိုးရိမ်စရာ အခြေအနေမျိုး ရောက်ရှိနေပါပြီ။ ထုတ်ပယ်ဖို့ အပြီးသတ် ဆုံးဖြတ်ချက် မချရသေးပေမဲ့ အသင်းတာဝန်ရှိသူတွေဘက်ကတော့ ကားရစ်ရဲ့နေရာမှာ အစားထိုးဖို့ အစားထိုးနည်းပြသစ်တွေကို စတင် ဆွေးနွေးနေကြပြီဖြစ်ပါတယ်။ အခြေအနေတွေကတော့ အတော်လေး ရင်လေးစရာ ကောင်းလာနေပါပြီ။
#MUMS | 999 |
| 14 | 🚨 အက်စတွန်ဗီလာနဲ့ ၄ ဂိုး-၄ ဂိုး သရေကျခဲ့ပြီးနောက် ၁၀ ပွဲကစား၊ ရမှတ် ၈ မှတ်ပဲရရှိကာ တန်းဆင်းဇုန်အထက် အဆင့် ၁၈ နေရာအထိ ရောက်ရှိသွားခဲ့တာကြောင့် နည်းပြ မိုက်ကယ်ကားရစ်ရဲ့ အနာဂတ်ကို ဆုံးဖြတ်ဖို့ လာမယ့်သီတင်းပတ်အစောပိုင်း Carrington လေ့ကျင့်ရေးကွင်းမှာ ကြိုတင်ပြင်ဆင်ထားတဲ့ အရေးပေါ်အစည်းအဝေးတစ်ခု ယူနိုက်တက်ဘုတ်အဖွဲ့ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။
အဓိက ဆုံးဖြတ်ပိုင်ခွင့်ရှိသူအဖြစ် ဖော်ပြခံထားရတဲ့ ဒါရိုက်တာ Jason Wilcox ကတော့ ကားရစ်ကို ယခင်ကတည်းက ကျောထောက်နောက်ခံပြုပေးခဲ့သူဖြစ်ပြီး အခုထိလည်း ဆက်လက်ထောက်ခံနေဆဲ ဖြစ်ပါတယ်။
သို့သော်လည်း ဘုန်းမောက်နဲ့ပွဲအပြီးကတည်းက နည်းပြအပြောင်းအလဲလုပ်ဖို့ စတင်စဉ်းစားခဲ့ကြတဲ့ ယူနိုက်တက်တာဝန်ရှိသူတွေဟာ Eddie Howe၊ Julian Nagelsmann နဲ့ Antonio Conte အပါအဝင် အစားထိုးနိုင်မယ့် နည်းပြအသစ်တွေကို ကြိုတင်လေ့လာဆန်းစစ်မှုတွေ ပြုလုပ်ထားပြီးဖြစ်ပါတယ်။
#MUMS | 598 |
| 15 | 🚨 🎙️ အက်စတွန်ဗီလာနဲ့ ၄ - ၄ သရေကျခဲ့တဲ့ပွဲအပြီး မန်ချက်စတာယူနိုက်တက်မှာ သူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး မိုက်ကယ် ကားရစ် ပြောကြားခဲ့တာတွေကတော့ -
🗣️ "ဒါဟာ တကယ်ကို ခက်ခဲတဲ့ညတစ်ညပါပဲ၊ ဖုံးကွယ်ထားလို့မရပါဘူး။ အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ပရိသတ်တွေရှေ့ ၄ ဂိုးစီ သရေကျခဲ့ရတာဟာ အထူးသဖြင့် ဇယားမှာ ကျွန်တော်တို့ လက်ရှိရောက်နေတဲ့ အနေအထားနဲ့ကြည့်ရင် အတော်လေး နာကျင်ရပါတယ်။
ကျွန်တော် တစ်ခုတော့ ရှင်းရှင်းလင်းလင်း ပြောချင်ပါတယ်၊ ကျွန်တော် ရာထူးကနေ နှုတ်ထွက်မှာမဟုတ်ပါဘူး။ ရလဒ်ကောင်းတွေ ရဖို့အတွက် နေ့စဉ်နေ့တိုင်း အစွမ်းကုန် ကြိုးစားနေပေမဲ့ လက်ရှိမှာတော့ ကွင်းထဲမှာ ကျွန်တော်တို့ဘက်ကို အခွင့်အရေးတွေ ယိုင်နဲ့မလာသေးပါဘူး။ ဒီအခြေအနေကနေ ရုန်းထွက်နိုင်ဖို့နဲ့ အသင်းနဲ့ ပရိသတ်တွေနဲ့ ထိုက်တန်တဲ့ ရလဒ်ကောင်းတွေ ပေးနိုင်ဖို့အတွက် နည်းဗျူဟာပိုင်းဆိုင်ရာ အခင်းအကျင်းတိုင်းကို အဆက်မပြတ် ရှာဖွေသွားမှာဖြစ်သလို မနားတမ်းလည်း ဆက်လက် ကြိုးစားသွားမှာပါ။
ဒါပေမဲ့ ဘာပဲပြောပြော လက်ရှိ ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ ပကတိ အခြေအနေမှန်ကိုတော့ သေချာဂရုပြုမိပါတယ်။ ကျွန်တော့်ရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး INEOS ဘုတ်အဖွဲ့နဲ့ မန်ယူနိုက်တက် ထိပ်ပိုင်းခေါင်းဆောင်တွေ ဘယ်လိုဆုံးဖြတ်ချက်ပဲချချ ကျွန်တော် အပြည့်အဝ လက်ခံသွားမှာပါ။ ကျွန်တော့်ရဲ့ ဦးစားပေးကတော့ မန်ချက်စတာယူနိုက်တက်အတွက် အကောင်းဆုံးဖြစ်ဖို့ပဲ အမြဲတမ်း ဖြစ်နေမှာပါ.။
#MUMS | 649 |
| 16 | 🚨⚠️ မန်ချက်စတာယူနိုက်တက် အမှတ်ပေးဇယား အဆင့် (၁၉) ထိ ထိုးဆင်းသွားခဲ့တာဟာ ဆာအဲလက်စ် ဖာဂူဆန် မကိုင်တွယ်မီ ၁၉၈၆/၈၇ ရာသီ၊ နည်းပြ ရုန်းအက်ကင်ဆန် (Ron Atkinson) လက်ထက်ကတည်းကဖြစ်ပြီး ဒါဟာ နှစ်ပေါင်း ၄၀ နီးပါးအတွင်း ပထမဆုံးအကြိမ် ဖြစ်ပါတယ်။
#MUMS | 1 191 |
| 17 | တကယ့်ကို amazing comeback point ပါဘဲ ။ အိမ်ကွင်းကနေ အဖိုးတန်သရေ 1 မှတ်ရယူနိုင်ခဲ့လို့ အဆင့် 18 နေရာကို တက်လှမ်းသွားခဲ့ပြီး international break ရှိနေလို့ ခံသာသွားခဲ့ပြီ ဖြစ်ပါတယ် ။
#MUMS | 1 155 |
| 18 | မမှီတော့ဘူး မမှီတော့ဘူး !
#MUMS | 550 |
| 19 | အသင်းဟောင်းဖက်ကို ချေပဂိုးသွင်းခဲ့တဲ့ လူငယ်ခြေတက်ကစားသမားလေး တိုင်လီမန်းစ်
#MUMS | 604 |
| 20 | ပင်နယ်တီနဲ့ ပြန်လာနေပါပြီ !
#MUMS | 619 |
