7 077
Subscribers
No data24 hours
-347 days
-19030 days
Posts Archive
ဝက်စ်ကင်ရဲ့ အပြောင်းအရွေ့အတွက် ယခုအခါမာ ဗီလာအသင်းနဲ့ စတင်ဆွေးနွေးနေပီလို့ သိရပါတယ် ။ ဗီလာဖက်က အနည်းဆုံးပေါင်သန်း 60 အထိ အလိုရှိနေပီး အသင်းဖက်က အဆိုပါဈေးနှုန်းကို ထပ်ပီးလျှော့ချပေးဖို့ ညှိနှိုင်းသွားမာဖြစ်တယ်လို့ သိရပါတယ် ။
#MUMS
အသစ်ခေါ်ထားတဲ့ ကစားသမားတွေနဲ့ ပတ်သက်ပီး ကျေနပ်အားရမှုရှိပါတယ် ။ တခြားလိုအပ်တဲ့ နေရာတွေရှိသေးတာမှန်ပေမဲ့ ရေရှည်သွားရမာဖြစ်လို့ စိတ်ရှည်ရှည်နဲ့ အားပေးဖို့တော့ လိုအပ်ပါတယ် ။
#MUMS
ရက်ဖို့စ် 🗣️ ဘာကာက အသင်းကြီးတသင်းဖြစ်ပီး ဒီအသင်းမာ ဘယ်သူမဆို လာကစားချင်ကြပါတယ် ။ ဒီကိုရောက်လာတာ ငါအတွက် အတော်လေးကောင်းခဲ့တာဖြစ်ပီး အောင်မြင်မှုတွေ အတူ ဆွတ်ခူးဖို့ မစောင့်နိုင်တော့ပါဘူး ။
#MUMS
တယောက်ယောက်ကို
ယူကျုံးမရ ချစ်ခဲ့ပြီး
တုံ့ပြန်မှုမရခဲ့သူ
နာကျင်ခဲ့သူ
အပြစ်ဖြစ်ခဲ့သူပါ ။
#အောင်ချိမ့်
#MUMS
ချန်ပီယံလိဂ်မကန်ရလည်း ယူနိုက်တက်အသင်းဆီကို ပြောင်းရွေ့ဖို့ ဂျက်ဆင်အနေနဲ့ စဉ်းစားထားတယ်လို့ သိရပါတယ် ။ သူ့အနေနဲ့က အဓိကပွဲထွက်ကစားသမားဖြစ်ရုံကလွဲပီး ကျန်တာအဓိကသိပ်မကျဘူးလို့ သိရပါတယ် ။
#MUMS
ရာသီကြိုခြေစမ်းပွဲ ဒီဇိုင်းကာလဘာညာအနေထားကတော့ မနှစ်ကထက် သိပ်ပီးတော့ အရမ်းကြီး မထူးခြားလာသေးပါဘူး ။ လူသစ်တချို့ ထပ်ရောက်လာဖို့ ရှိနေပီး လူအင်အားအရတော့ အနေထားတခုထိ ရောက်လာပေမဲ့ နေရာအလိုက်က တခြားအသင်းတွေနဲ့ ယှဉ်ရင်အားနည်းနေသေးတာတော့ အမှန်ပါဘဲ ။ ခြေစမ်းပွဲတွေကို အရမ်းကြီးမမျှော်လင့်ထားပေမဲ့လည်း လာမယ့်ရာသီအတွက် ကြိုပီး အနီးစပ်ဆုံး ဖြစ်လာနိုင်ချေ ရှိတာကိုတော့ ခန့်မှန်းကြည့်လို့ ရတာဖြစ်ပါတယ် ။
#MUMS
အန်ဒရေအိုနာနာရဲ့ ဒဏ်ရာအခြေအနေက ထင်ထားတာထက် ပိုပီးမြန်ဆန်ကောင်းမွန်နေလို့ မကြာခင် မြက်ခင်းစိမ်းပေါ် ပြန်ရောက်လာတော့မာ ဖြစ်တယ်လို့ သိရပါတယ် ။
#MUMS
+7
ကစားသမားသစ် အမ်ဘီမိုရဲ့ ကာရင်တန်က လေ့ကျင့်နေပုံ မြင်ကွင်းများ 👀🔥
#MUMS
အသစ်ခေါ်ယူထားတဲ့ မက်ဒရူးကွန်ဂါရဲ့ ဇနီးဖြစ်သူက မကြာသေးခင်ကဘဲ ကွန်ဂါအတွက် ချစ်စရာကောင်းတဲ့ သမီးမိန်းခလေးတဦးကို မွေးဖွားပေးခဲ့တယ်လို့ သိရပါတယ် ။
#MUMS
ဆုဖလားအောင်မြင်မှု မရရှိခဲ့တဲ့ နှစ်တွေထဲမာ အမှတ်ပေးဇယား အဆင့် 3 မာ ရပ်တည်ခဲ့ပီး ကာရာဘောင်မာလည်း ချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ခဲ့တာဖြစ်ပါတယ် ။ အဲရစ်တန်ဟက်ရဲ့ ဦးဆောင်မှုအောက် အဆိုပါရာသီမာ အမှတ်ပေးပြိုင်ပွဲ အဆင့် 3 ၊ ကာရာဘောင်ဖလား ချန်ပီယံ ၊ FA Cup Final မာ စီးတီးကို ရှုံးနိမ့်ထားပီး ၊ ယူရိုပါလိဂ်မာလည်း ကွာတားဖိုင်နယ်အထိ ရောက်ရှိထားခဲ့တာဖြစ်ပါတယ် ။ ခြေစွမ်းပြတဲ့ ကစားသမားတွေကတော့ ရက်ဖို့စ် ၊ ကတ်စမဲရိုး ၊ မာတီနက်စ် ၊ ဘရူနို ၊ ဒီဂီယာတို့ ဖြစ်ခဲ့ကြပီး ဒါက နောက်ပိုင်းနှစ်တွေထဲ အသင်းအတွက် အကောင်းဆုံးထဲက နှစ်တနှစ်ဖြစ်ခဲ့ပါတယ် ။
#MUMS
တချိန်က အတွဲအဖက်ညီညီ ခြေစွမ်းပြခဲ့တဲ့ လင်ဂတ်နဲ့ ရက်ဖို့စ်တို့ဟာ ပြိုင်ဖက်အဖြစ် ရာသီကြိုခြေစမ်းပွဲမာ တွေဆုံကြရတော့မာ ဖြစ်ပါတယ် ။
#MUMS
ခေတ်တခေတ်ရဲ့ အဆုံးသတ်ချိန်လေးပေါ့ ။ ရှိနေတုန်းက တယောက်တပေါက်နဲ့ ကောင်းချင်တဲ့သူက ကောင်းတယ် ၊ စိတ်ဓာတ်ပိုင်းညံ့ဖျင်းသူတွေလည်း ပါကြတယ် ။ ဒီအစုအဖွဲ့က အခုဆိုရင် ထင်းအစည်းပြေသလို ၊ တယောက်တနေရာစီမာ ပြန်ပီးလင်းလက်ဖို့ အရှိန်ယူနေရတာမျိုးပေါ့ 💔
#MUMS
+1
Back line အတွက်က ဒီကစားသမားနှစ်ယောက် ဒဏ်ရာမရရင် အတိုင်းအတာတခုထိတော့ စိတ်ချရမယ်လို့ ထင်ပါတယ် ။ လူငယ်ကစားသမားပီပီ အတွေ့အကြုံသိပ်မရှိကြသေးတာကလွဲရင် ကျန်တဲ့အပိုင်းမာ တခြားစီနီယာနဲ့တော့ ကောင်းကောင်းကြီး ယှဉ်လို့ရပါတယ် ။ ဒဏ်ရာတွေသာ မနှိပ်စက်ရင် လိုချင်တဲ့ အောင်မြင်မှုကတော့ အရမ်းကြီးဝေးမယ်တော့ မထင်ပါဘူး ။
#MUMS
အာမတ် 🗣️
ရက်ဖို့စ်ကို ကံကောင်းပါစေလို့ ငါဆုတောင်းပေးလိုက်ပါတယ် ။ ငါတို့အတူ တွဲဆော့ခဲ့ရတာတွေက ငါတို့နှစ်ယောက်ကြား အကောင်းဆုံး အမှတ်တရတွေပါ ။
#MUMS
