7 597
Подписчики
-1224 часа
-407 дней
-18030 день
Архив постов
အာဆင်နယ်ကစားသမားတွေရဲ့ ကယ်တင်ပေးမှုကြောင့် ဆမ်ဘာသားတွေ နောက်တဆင့်ကို တက်လှမ်းသွားနိုင်ခဲ့ပြီလည်း ဖြစ်ပါတယ် ။ နောက်တဆင့်အတွက် လမ်းကြောင်းကလည်း ခက်ခဲလာဦးမှာ ဖြစ်လို့ ဘယ်လောက်အထိ ခရီးဆက်နိုင်ဦးမလဲဆိုတာ စောင့်ကြည့်ကြတာပေါ့ဗျာ :)
#MUMS
Repost from Myanmar Football Network 2
2026 ကမ္ဘာ့ဖလား
နယ်သာလန် Vs မော်ရိုကိုပွဲစဉ်ကို VPN မလိုပဲ တိုက်ရိုက် LIVE Join ပြီး ကြည့်ရှုနိုင်ပါပြီဗျ ✌🏻
‼️ကျနော်တို့ Channel အများစု ပျက်သွားလို့ Main Channel လေးကို Join ထားပေးကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်ဗျာ 🙏
❗️Main Channel Link 👇🏻
https://t.me/mfn2026
❗️ Live Channel Link 👇🏻
https://t.me/+OmSyYuuZOTMzMzBl
Repost from Myanmar Football Network 2
2026 ကမ္ဘာ့ဖလား
ဘရာဇီး Vs ဂျပန်ပွဲစဉ်ကို VPN မလိုပဲ တိုက်ရိုက် LIVE Join ပြီး ကြည့်ရှုနိုင်ပါပြီဗျ ✌🏻
‼️ကျနော်တို့ Channel အများစု ပျက်သွားလို့ Main Channel လေးကို Join ထားပေးကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်ဗျာ 🙏
❗️Main Channel Link 👇🏻
https://t.me/mfn2026
❗️ Live Channel Link 👇🏻
https://t.me/+OmSyYuuZOTMzMzBl
ရှုံးထွက်အဆင့်ကို နိုင်ငံအသီးသီးနဲ့ တက်လှမ်းသွားနိုင်ခဲ့ကြတဲ့ သရဲနီတပ်သားများ 👀
🇦🇷 Lisandro Martinez
🇵🇹 Bruno Fernandes
🇵🇹 Diogo Dalot
🇧🇪 Senne Lammens
🇧🇷 Matheus Cunha
🇧🇷 Casemiro
🏴 Marcus Rashford
🏴 Kobbie Mainoo
🇨🇮 Amad
🇲🇦 Noussair Mazraoui
#MUMS
မားကပ်စ်ရက်ဖို့စ်အနေနဲ့ မန်ယူအသင်းမှာ အရင်ကခြေစွမ်းမျိုး ပြန်လည် ပြသနိုင်ခဲ့ရင် ကျောနံပါတ် 10 ကိုကျွန်တော် ကိုယ်တိုင် ပြန်ပေးသွားမယ်လို့ အသိပေးလိုက်တဲ့ မာသီးယပ်စ်ကွန်ညာ🗣
မားကပ်စ်ရက်ဖို့စ်က မှန်ကန်တဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာနဲ့ အကောင်းဆုံးဆိုတဲ့ အနေအထားမျိုး ရှိခဲ့တဲ့ အချိန်တစ်ခု ရှိခဲ့ဖူးပါတယ် ။ သူက ကလပ်အသင်းရဲ့ အမှတ်တံဆိပ်အတွက် ကစားခဲ့ပြီး အသင်းအတွက် အရာအားလုံးကို ပေးဆပ်ပြကစားခဲ့ပါတယ် ။ အဲ့ဒီအချိန်တုန်းက ကျွန်တော် သူ့ကို စံပြအဖြစ်တောင် သတ်မှတ်ခဲ့ဖူးပါတယ် ။ အဲ့ဒီအချိန်ကဆိုရင် သူ့ရဲ့ခြေစွမ်းက တကယ့်ကို အံ့မခန်းဖြစ်ခဲ့ပြီး အခုလူတွေ အကောင်းဆုံးလို့ ပြောနေကြတဲ့ ကိုင်လီယန် အမ်ဘာပေနဲ့တောင် နှိုင်းယှဉ်ခဲ့ကြတာ ဖြစ်ပါတယ် ။
ကျွန်တော့်အတွက်တော့ ဒါက အရမ်းကိုရိုးရှင်းပါတယ်။ ကျွန်တော်တို့ လိဒ်စ်အသင်းကို ရှုံးနိမ့်ခဲ့တဲ့ အချိန်မှာတောင် ကျွန်တော်အနေနဲ့ပြေးတာကို မရပ်ခဲ့သလို ၊ ဘောလုံးရှိတဲ့ နေရာတိုင်းကို လိုက်လံလုယူခဲ့ပြီး ကိုယ့်ကိုယ်ကို မေ့လောက်တဲ့အထိ တွန်းအားပေးခဲ့ဖူးပါတယ် ။ အဲ့ဒါကပဲ ဒီနေရာရဲ့စံနှုန်း ဖြစ်ပြီး ဒီအသင်းက လိုချင်နေတဲ့အရာလည်း ဖြစ်ပါတယ် ။
ကျွန်တော်တို့ မရောက်ခင်က စီနီယာကစားသမားကြီးတွေကဘဲ ဒီစံနှုန်းကို အရင်တည်ဆောက်ခဲ့ကြတာဖြစ်ပြီး ကျွန်တော်တို့အနေနဲ့ ဒါကို မလုပ်နိုင်ပါဘူးလို့ ငြင်းဆန်ဖို့ ဘာဆင်ခြေမှ ရှိမနေပါဘူး ။
ကျွန်တော်တို့အားလုံးက အထူးအခွင့်အရေး ရရှိထားကြတဲ့သူတွေပါ ။ ကျွန်တော်တို့က ဒီအသင်းနဲ့ ရှေ့ဆက်နိုင်ဖို့အတွက် လစာအများကြီး ရရှိနေကြတာဖြစ်သလို ၊ ပရိတ်သတ်တွေအတွက် အရာအားလုံးကို ပြန်လည်ပေးဆပ်ရမယ်ဆိုတာ အားလုံးနားလည်ထားကြပါတယ် ။
မားကပ်စ်ရက်ဖို့စ်က ဘာစီလိုနာကနေ ပြန်လာမယ်ဆိုရင် ဒီကလပ်အသင်းက သူ့ကို ကြိုဆိုဖို့ အမြဲအဆင်သင့်ပါပဲ ။ ဒါပေမယ့် သူက ပြီးခဲ့တဲ့ကာလတွေမှာ ကျွန်တော်တို့ မြင်တွေ့ခဲ့ရတဲ့ ခြေစွမ်းထက် ပိုမိုကောင်းမွန်တဲ့ ခြေစွမ်းမျိုးကို သေချာပေါက်ပြသနိုင်ရပါမယ် ။ တကယ်လို့ သူသာ တကယ်လုပ်ပြနိုင်မယ်ဆိုရင် သူ့ရဲ့ ကျောနံပါတ် 10 ကို ကျွန်တော်ကိုယ်တိုင် ပြန်ပေးသွားမှာပါ ။
#MUMS
မေဆင်မောင့်ကို နည်းပြဟောင်းဖြစ်တဲ့ အမိုရင်ကိုင်တွယ်နေတဲ့ အေစီမီလန်အသင်းက ကမ်းလှမ်းဖို့ စီစဉ်နေတယ်လို့ သိရပါတယ် ။ ကစားသမားနဲ့ ဆက်ဆံရေးကောင်းတွေ ရှိနေလို့ အပြောင်းအရွေ့ဖြစ်မြောက်လာမယ်လို့ အေစီဖက်က ယုံကြည်နေတာ ဖြစ်ပါတယ် ။
#MUMS
ခရစ္စတီယာနိုရော်နယ်ဒိုအပေါ် လေးစားမှုမရှိ ၊ ဝေဖန်ပြောဆိုခဲ့တာနဲ့ ပတ်သက်ပြီး ပြောကြားလိုက်တဲ့ ဒီယိုဂို ဒါလော့စ် 🗣️
လူတွေက ခရစ္စတီယာနိုရော်နယ်ဒို အပေါ် ဘယ်လောက်ပဲ မလေးမစား လုပ်ကြပါစေ ။ သူကတော့ သမိုင်းတလျှောက် အကောင်းဆုံး ကစားသမား အဖြစ် ဆက်ရှိနေမှာပါ ။
ဂျာအိုနီဗက်စ်ရဲ့ ပြုမူပြောဆိုဆက်ဆံပုံတွေကို ကျွန်တော်လုံးဝ အမှန်တကယ်သဘောမကြပါဘူး ။ ခရစ္စတီယာနို ရော်နယ်ဒိုဆိုတာ ပေါ်တူဂီအတွက် သူလုပ်ဆောင်ပေးခဲ့တဲ့ အရာတွေနဲ့ ယှဉ်ရင် ကျွန်တော်တို့နဲ့က အဆင့်အတန်းချင်း တူညီတဲ့သူ မဟုတ်ပါဘူး ။
" သူကနိုင်ငံအသင်းအတွက် သွေးတွေ၊ ချွေးတွေနဲ့ ပေးဆပ်အနစ်နာခံတဲ့သူ ဖြစ်သလို ၊ ကျွန်တော်တို့အားလုံးကလည်း သူ့အတွက် သွေးတွေ ၊ ချွေးတွေနဲ့ အကောင်းဆုံးပေးဆပ်ပြီး ဖလားကို အိမ်အရောက် ယူဆောင်လာနိုင်ဖို့ ဖြစ်နိုင်သမျှ အရာအားလုံးကို လုပ်ဆောင်သွားရမှာပါ ။
#MUMS
အသင်းရဲ့ တာဝန်ရှိသူတွေက ဘယ်နောက်ခံလူ သို့မဟုတ် တိုက်စစ်မှူးတစ်ယောက် ထပ်ခေါ်ဖို့ လှုပ်ရှားနေကြပေမဲ့ နှစ်နေရာစလုံးတော့ တစ်ပြိုင်တည်းခေါ်ယူသွားဖို့ မရှိပါဘူး ။
#MUMS
အသင်းရဲ့ လူငယ်တိုက်စစ်မှူးလေး ချီဒိုအိုဘီကို ဘွန်ဒက်လီဂါက ကိုလုံးအသင်းက အငှားနဲ့ခေါ်ယူဖို့ တရားဝင်ဆက်သွယ်လာခဲ့ပါတယ် ။
#MUMS
+1
အီယန်ရိုက် 🗣️ ကျွန်တော်လုံးဝရိုးသားစွာပြောရရင် သူ (အယ်လီယော့အင်ဒါဆန်) က မန်ချက်စတာယူနိုက်တက်ထက် မန်စီးတီးကို ရွေးချယ်ခဲ့တာကို နည်းနည်းတော့ အံ့သြမိပါတယ်။ အထူးသဖြင့် ပက်အဲဒီမှာ မရှိတဲ့အခါပေါ့ဗျာ
#MUMS
ရာသီကြိုခြေစမ်းပွဲတွေအတွက် လေ့ကျင့်နေပြီဖြစ်တဲ့ ဟယ်ရီအာမတ် 👀
#MUMS
နောက်ခံလူဒီလစ်က ရာသီကြိုခြေစမ်းပွဲတွေအတွက် စပိန်နိုင်ငံ ၊ အိုင်ဘီဆာကို ရောက်ရှိနေပြီး တစ်ကိုယ်တည်း ကြံ့ခိုင်မှုပြည့်ဝနေအောင် လေ့ကျင့်ပြင်ဆင်လျက် ရှိနေပါတယ် ။ လာမယ့်ရာသီအတွက် ဒီလစ်အနေနဲ့ ပုံစံကောင်းပြသနိုင်အောင် အခုတည်းက ကြိုတင်ပြင်ဆင်နေပြီး မကြာခင် အသင်းနဲ့ ပြန်ပြီး ပူးပေါင်းတော့မှာ ဖြစ်ပါတယ် ။
#MUMS
ဂျိုဆေးမော်ရင်ဟို 🗣️ ကမ္ဘာ့ဖလားမှာ ကျွန်တော် ဘာကို မျှော်လင့်နေတယ်လို့ ထင်ကြလဲ ? ပေါ်တူဂီချန်ပီယံဖြစ်ဖို့လား ? မဟုတ်ပါဘူး ။ ရီးယဲလ်မက်ဒရစ်ကစားသမားတွေကို ရာသီကြိုအတွက် ပြန်ကစားစေချင်လို့ သူတို့ပါဝင်တဲ့ နိုင်ငံအသင်းတွေ ရှုံးစေချင်ပါတယ် ( ရယ်လျက် )
#MUMS
ဘယ်နေရာရောက်ရောက် မန်ယူအကျီနဲ့ဘဲ မြင်နေရသေးတဲ့ ဟာရဲယား 🥺💔
#MUMS
Lewis Hall က ကာဆယ်ကနေ ထွက်ခွာဖို့ ပြောကြားထားပြီး သူ့အနေနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲကို ဝင်ရောက်ကစားချင်တာကြောင့် မန်ယူအသင်းရဲ့ တရားဝင်ကမ်းလှမ်းမှုကို စောင့်ဆိုင်းနေတယ်လို့ သိရပါတယ် ။
#MUMS
ထရန်ဇွန်စပေါ့နဲ့ မန်ယူအသင်းကြား အိုနာနာရဲ့ အငှားနဲ့ ပြောင်းရွေ့ခြင်းအတွက် အလုံးစုံသဘောတူညီမှု ရရှိသွားခဲ့ပြီဖြစ်ပါတယ် ။ ဒါကြောင့် အိုနာနာအနေနဲ့ လာမယ့်ရာသီ မန်ယူအသင်းမှာ ပါဝင်လာတော့မှာ မဟုတ်ပါဘူး ။
#MUMS
Park Ji-sung ဟာ ၂၀၀၅ခုနစ် ဇွန်လ ၂၅ ရက်နေ့မှာ Manchester United ကို စတင်ရောက်ရှိခဲ့ပါတယ်။
ပွဲချိန်ပြည့် မနားတမ်းပြေးနိုင်တဲ့ အမောခံနိုင်စွမ်းနဲ့ အသင်းအတွက် အပြည့်အဝပေးဆပ်ခဲ့တဲ့ ပရိသတ်အချစ်တော် ဖြစ်ပါတယ်။
ပွဲကြီးပွဲကောင်းတွေမှာ Sir Alex Ferguson ရဲ့ ယုံကြည်ရဆုံး ကစားသမားဖြစ်ပြီး AC Milan နဲ့ပွဲမှာ Andrea Pirlo ကို လူကပ်ကစားခဲ့တဲ့ပွဲက သမိုင်းတွင်ခဲ့ပါတယ်။
၇ ရာသီအတွင်း ပွဲပေါင်း ၂၀၅ ပွဲကစားခဲ့ပြီး Premier League ၄ ကြိမ်နဲ့ Champions League ၁ ကြိမ် အပါအဝင် ဆုဖလားများစွာ ဆွတ်ခူးခဲ့တဲ့ အာရှရဲ့ လမ်းပြကြယ်ပွင့် ဖြစ်ပါတယ် ။
#MUMS
စပါးနဲ့ အလုံးစုံသဘောတူညီမှု ရရှိသွားခဲ့လို့ Mateus Fernandes ကို သေချာပေါက် မေ့ထားလို့ရပါပြီဗျာ :3
#MUMS
ရီးရဲလ်မက်ဒရစ်က ချူအာမန်နီအတွက် ကမ်းလှမ်းမှု မှန်သမျှကို လမ်းဖွင့်ပေးလိုက်ပြီလို့ သိရပါတယ် ။ နည်းပြသစ်မော်ရင်ဟိုရဲ့ အနာဂတ်မှာ မပါဝင်တော့တဲ့ အဆိုပါကစားသမားကို မန်ယူအသင်းက စိတ်ဝင်စားနေပြီး ကမ်းလှမ်းမှု ပြုလုပ်မလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ် ။
#MUMS
