6 860
مشترکین
-324 ساعت
-357 روز
-21930 روز
آرشیو پست ها
ရိုင်ယန်အိတ်တ်နူရီကို လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့မှာ မန်ယူအသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေဆဲဖြစ်ပါတယ်။
မန်စီးတီးအသင်းရဲ့ ဘယ်နောက်ခံလူ အိတ်တ်နူရီဟာ ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့ကာလရဲ့ နောက်ဆုံးအချိန်တွေမှာ မန်ယူအသင်းရဲ့ ပစ်မှတ်ထားခြင်းခံခဲ့ရသူဖြစ်ပါတယ်။
ဒါပေမဲ့ အခုအချိန်မှာတော့ အီတလီထိပ်သီး ဂျူဗင်တပ်စ်အသင်းကလည်း သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားလာပြီး အပြိုင်ကြိုးပမ်းလာပြီလို့ Tutto Juve က ဖော်ပြထားပါတယ်။
မန်ယူနောက်ခံလူ လုခ်ရှောဟာလည်း ယခုရာသီမှာ ပွဲစဉ် ၈ ပွဲအထိ လွဲချော်ထားတာကြောင့် ဘယ်နောက်ခံလူနေရာအတွက် အားဖြည့်ဖို့ မန်ယူအသင်းက အိတ်တ်နူရီကို ပိုမိုအာရုံစိုက်လာတာ ဖြစ်ပါတယ်။
#MUMS
🚨 ယနေ့ည မန်ယူနဲ့ ရိုးမားတို့ရဲ့ပွဲစဉ်မှာ ကစားသမား ၉ ဦးအထိ ပါဝင်ကစားနိုင်မှာ မဟုတ်ပါဘူး။
မန်ယူအသင်းနည်းပြ ကာရစ်အနေနဲ့ ဒဏ်ရာနဲ့ အခြားအကြောင်းအမျိုးမျိုးကြောင့် ကစားသမား ၅ ဦးကို လက်လွတ်ထားရမှာဖြစ်ပါတယ်။
အဲဒီကစားသမားတွေကတော့ လုခ်ရှော၊ မားကပ်စ်ရက်ရှ်ဖို့ဒ်၊ ဒေါ်ဂူ၊ ဆက်စကိုနဲ့ အူဂါတေးတို့ ဖြစ်ပါတယ်။
တစ်ဖက်မှာလည်း ရိုးမားအသင်းဟာ အဓိကကစားသမား ၄ ဦးဖြစ်တဲ့ ဒီဘားလား၊ ပယ်လီဂရီနီ၊ ကိုနေးနဲ့ ဂိုးသမား ဆဗီလာတို့ကို လက်လွတ်ထားရမှာ ဖြစ်ပါတယ်။
နှစ်သင်းစလုံး အဓိကကစားသမားတွေ မပါဝင်နိုင်တဲ့အတွက် ဒီညပွဲကတော့ စိတ်ဝင်စားစရာကောင်းတဲ့ ပွဲစဉ်တစ်ပွဲ ဖြစ်လာတော့မှာပါ။
#MUMS
🚨|🎙️ ရိုးမားအသင်းနဲ့ ယှဉ်ပြိုင်ကစားရမယ့်ပွဲအပေါ် မိုက်ကယ်ကာရစ်ခ်ရဲ့ ပြောစကား 🗣️
မနက်ဖြန်ပွဲကို ကျွန်တော် အရမ်းစိတ်လှုပ်ရှားနေပါတယ်။ မကြာသေးခင်က ကျွန်တော်တို့ရဲ့ ရလဒ်တွေကိုကြည့်ပြီး ကျွန်တော် ရူးနေပြီလို့တောင် ထင်ကောင်းထင်ကြပါလိမ့်မယ်။ ဒါပေမဲ့ မနက်ဖြန်ပွဲကို ကစားရဖို့ ကျွန်တော် တကယ်ကို မစောင့်နိုင်တော့ပါဘူး။
#MUMS
+1
ဘာလိုဂန်ကို ဇန်နဝါရီအပြောင်းအရွှေ့ကာလမတိုင်မီ မန်ယူအပါအဝင် အခြားကလပ်အသင်းအချို့ထံ ကမ်းလှမ်းထားကြောင်း သိရပါတယ်။
မန်ယူအသင်းဟာ တိုက်စစ်မှူးသစ်တစ်ဦး ခေါ်ယူနိုင်ဖို့ အပြောင်းအရွှေ့ဈေးကွက်ကို စောင့်ကြည့်နေပြီး ဘာလိုဂန်ကိုလည်း ဇန်နဝါရီအပြောင်းအရွှေ့မှာ ခေါ်ယူနိုင်မယ့် ကစားသမားတစ်ဦးအဖြစ် ထည့်သွင်းစဉ်းစားနေပါတယ်။ ဒါ့အပြင် ခရစ္စတယ်ပဲလေ့စ်အသင်းရဲ့ တိုက်စစ်မှူးဖိလစ်မာတီတာဟာလည်း အသင်းရဲ့ ပစ်မှတ်စာရင်းထဲမှာ ဆက်လက်ပါဝင်နေဆဲဖြစ်ပါတယ် ။
#MUMS
"ရှုံးနိမ့်မှုဆိုတာ အောင်ပွဲဆီသွားတဲ့ လမ်းကြောင်းရဲ့ အစိတ်အပိုင်းတစ်ခုပါပဲ"
မန်ယူအသင်း ခက်ခဲနေချိန်မှာ ဂန္ထဝင်ကြီးဆာအဲလက်စ် ဖာဂူဆန်က တန်ဖိုးရှိတဲ့ စကားတစ်ခွန်း ပြောခဲ့ဖူးပါတယ် ။
"ငါ့ဘဝမှာ ဗိုလ်လုပွဲ (၉) ပွဲအထိ ရှုံးနိမ့်ခဲ့ဖူးတယ်။ ဒါပေမဲ့ နောက်တစ်နေ့မနက်မှာ ပိုကောင်းတဲ့ နည်းပြတစ်ယောက်အဖြစ် ပြန်လာနိုင်ခဲ့တယ်။
အနိုင်ရသူတစ်ယောက် ဖြစ်လာဖို့ဆိုရင် ရှုံးနိမ့်မှုကို ရင်ဆိုင်ရဲရမယ်၊ အမှားတွေကို ပြန်ပြင်နိုင်ရမယ်။ အမှန်အတိုင်းပြောရရင် နိုင်ခဲ့တဲ့ပွဲတွေထက် ရှုံးခဲ့တဲ့ပွဲတွေကို ပိုမှတ်မိနေတတ်တယ်။ ဘာလို့လဲဆိုတော့ အဲဒီရှုံးနိမ့်မှုတွေက ငါ့အတွက် အဖိုးတန်ဆုံး အတွေ့အကြုံတွေ ဖြစ်လာခဲ့လို့ပါပဲ။
ရှုံးနိမ့်ရတာ ဘယ်တော့မှ မလွယ်ကူပေမဲ့ အဲဒါဟာလည်း အောင်မြင်မှုခရီးစဉ်ရဲ့ မလွဲမသွေ ဖြတ်သန်းရမယ့် အစိတ်အပိုင်းတစ်ခုပါပဲ။"
မန်ယူရဲ့ ဂန္ထဝင်ကြီး ဆာအဲလက်စ်ဆီက အကောင်းဆုံး ဘဝခွန်အားဖြည့် သင်ခန်းစာတစ်ခုပါပဲ ။
#MUMS
မန်ချက်စတာယူနိုက်တက်ဟာ ၂၀၂၃ ခုနှစ်မှာ ချယ်လ်ဆီးအသင်းကနေ မေဆန်မောင့်ကို ပြောင်းရွှေ့ကြေး ပေါင်သန်း ၆၀ အထိ ပေးချေပြီး ခေါ်ယူခဲ့ပါတယ်။
ဒါပေမဲ့ အဲဒီအချိန်မှာ သူ့ရဲ့ ချယ်လ်ဆီးစာချုပ်သက်တမ်းက ၁၂ လသာ ကျန်ရှိတော့ပြီး ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်ခဲ့ရတဲ့ ရာသီတစ်ခုကိုလည်း ဖြတ်သန်းထားခဲ့တာပါ။
ပိုပြီး အံ့ဩစရာကောင်းတာကတော့ ယူနိုက်တက်ကို ရောက်ရှိလာပြီးနောက်ပိုင်း ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ ပွဲထွက်ကစားပြီး ပွဲချိန်ပြည့်အောင် ကစားနိုင်ခဲ့တာ ၃ ပွဲတည်းသာ ရှိသေးတာပါ။
#MUMS
ဖာမင်လိုပက်ဇ် 🗣️
မန်ချက်စတာယူနိုက်တက်က စိတ်ဝင်စားနေတယ်ဆိုတဲ့ သတင်းတွေလား… ကျွန်တော် အဲဒီလိုသတင်းတွေကို လုံးဝ စိတ်မဝင်စားပါဘူး။ ကျွန်တော် ဘာစီလိုနာမှာပဲ တတ်နိုင်သလောက် ကြာကြာ ဆက်ရှိနေချင်သလို၊ ကျွန်တော့်ရဲ့ ကစားသမားဘဝကိုလည်း ဒီကလပ်မှာပဲ အဆုံးသတ်သွားချင်ပါတယ် ။
#MUMS
မိုက်ကယ်ကားရစ်နဲ့ ဘရူနိုဖာနန်ဒက်စ်တို့ရဲ့ ဆက်ဆံရေးဟာ လက်ရှိမှာ တင်းမာနေပြီး အခြေအနေ မကောင်းဖြစ်နေပါတယ်။ ဘရူနိုဟာ ကားရစ်ရဲ့ နည်းဗျူဟာပိုင်းဆိုင်ရာ ဆုံးဖြတ်ချက်အချို့အပေါ် ရာသီစကတည်းက သဘောထားကွဲလွဲမှုတွေ ရှိခဲ့တာပါ။ သို့သော်လည်း နှစ်ဦးကြား ဆက်ဆံရေး ပိုမိုတင်းမာဆိုးရွားသွားစေခဲ့တဲ့ အဓိကအကြောင်းအရင်းကတော့ ကားရစ်ရဲ့ ဆုံးဖြတ်ချက်တွေနဲ့ ပတ်သက်ပြီး ဘရူနိုက လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခဲ့တာကြောင့် ဖြစ်ပါတယ်။ ဘရူနိုရဲ့ လက်ရှိပြုမူနေထိုင်ပုံ အမူအကျင့်တွေဟာ အသင်းအတွက် မကောင်းဘူးလို့ ကားရစ်က ယူဆထားတာကြောင့် အခုလို နှစ်ဦးကြား အဆင်မပြေဖြစ်နေကြတာပဲ ဖြစ်ပါတယ်။
#MUMS
ရိုးမားနဲ့ ပွဲစဉ်အတွက် အသင်းတွင်း အပြောင်းအလဲများ ဖြစ်ပေါ်နိုင်ချေ ရှိနေတယ်လို့ သတင်းတွေအရ သိရပါတယ် ။
#MUMS
🚨🎙️ | ချယ်လ်ဆီးနဲ့ပွဲမှာ မိုက်ကယ် ကားရစ်နဲ့ အသင်းဖော်တွေရဲ့ မျှော်လင့်ချက်ကို ကစားသမားတွေဘက်က ပျက်စီးစေခဲ့သလားလို့ မေးမြန်းခဲ့ရာမှာ ဘူမိုအမ်ဘူမိုက
မလုပ်ခဲ့ပါဘူး ။ စိတ်ဓာတ်ပိုင်းဆိုင်ရာကတော့ ပထမတစ်မိနစ်ကတည်းက အပြည့်ရှိနေခဲ့တာပါ။ တစ်ယောက်လျော့သွားတော့မှ ပွဲက ပိုခက်ခဲသွားတာပါ။ ကျွန်တော်တို့ အားလုံးကတော့ အချင်းချင်း ယုံကြည်မှု အပြည့်ရှိကြတုန်းပါပဲ။ လူနည်းသွားခဲ့ပေမဲ့ ပွဲအပြီးမှာ အခွင့်အရေးတွေ မသုံးနိုင်ခဲ့တာကြောင့် စိတ်ပျက်ခဲ့ရတာတော့ ရှိပါတယ်။ ဒါပေမဲ့ ဒီနေ့မှာတော့ အသင်းတစ်သင်းလုံးအနေနဲ့ တတ်နိုင်သမျှ အကုန်လုံးကို အကောင်းဆုံး ပေးဆပ်ကစားခဲ့ကြတာပါ။ အဓိကကတော့ ဒီနေ့မှာ အခွင့်အရေးအချို့ လွဲချော်ခဲ့တာပါပဲ။ ပွဲအစပိုင်းမှာတင် ဂိုးတွေ စောစောစီးစီး ရခဲ့သင့်တာ။ ဒါပေမဲ့ ဒီပွဲကနေ ရလိုက်တဲ့ အကောင်းမြင်စရာ ရလဒ်တစ်ခုအဖြစ်လည်း ယူဆလို့ရပါတယ် ။
#MUMS
🚨 မန်ချက်စတာယူနိုက်တက်အသင်းဟာ ပြိုင်ပွဲစုံ ၉ ပွဲဆက်တိုက် အနိုင်ရလဒ် ပျောက်ဆုံးနေခဲ့ပြီး ဒါဟာ ၁၉၈၈ ခုနှစ်နောက်ပိုင်း သူတို့ရဲ့ အရှည်ကြာဆုံး အနိုင်မရတဲ့ စံချိန်ဆိုး ဖြစ်သွားခဲ့ပါတယ်။
◎ မန်စီးတီး ၀ - ၁ (ရှုံး)
◎ ဘရိုက်တန် ၂ - ၃ (ရှုံး)
◎ ဖူဟမ် ၁ - ၁ (သရေ)
◎ တော့တင်ဟမ် ၁ - ၁ (သရေ)
◎ အက်သလက်တီကို မက်ဒရစ် ၀ - ၂ (ရှုံး)
◎ လီးဒ်စ် ၁ - ၁ (သရေ)
◎ ကိုမို ၁ - ၄ (ရှုံး)
◎ ဘုန်းမောက် ၀ - ၃ (ရှုံး)
◎ ချဲလ်ဆီး ၀ - ၂ (ရှုံး)
သူတို့ရဲ့ နောက်ဆုံးအနိုင်ရလဒ်ကတော့ လွန်ခဲ့တဲ့ စက်တင်ဘာလတုန်းက Sabah အသင်းနဲ့ ပွဲစဉ်မှာ ရရှိခဲ့တာပဲ ဖြစ်ပါတယ်။
#MUMS
ကားရစ်နဲ့ ဒီကစားသမားတွေသာ ဒီအတိုင်းသာ ဆက်သွား နောက်ကရေရင် အဆင့် 1 နေရာက သေချာနေပါပြီ :)
#MUMS
ဒီရှုံးပွဲကြောင့် အခုဆို တန်းဆင်းဇုံအထက် 2 မှတ်အကွာသာ လိုတော့တာဖြစ်ပါတယ် ။ အပြောင်းအလဲများစွာ လုပ်တော့မှာ ဖြစ်သလို ၊ ဒီတိုင်း ဆက်ထားလိုက်ရင် အသင်းရဲ့ အခြေအနေက ရစရာ မရှိတော့ပါဘူး ။
#MUMS
Repost from Myanmar Football Network 2
ပရီးမီးယားလိဂ်
ချယ်လ်ဆီး Vs မန်ယူပွဲစဉ်ကို VPN မလိုပဲ တိုက်ရိုက် LIVE Join ပြီး ကြည့်ရှုနိုင်ပါပြီဗျ ✌🏻
‼️ကျနော်တို့ Channel အများစု ပျက်သွားလို့ Main Channel လေးကို Join ထားပေးကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်ဗျာ 🙏
❗️Main Channel Link 👇🏻
https://t.me/myanmarfootballnetwork
❗️ Live Channel Link 👇🏻
https://t.me/+zzopA-xwZMQ2ZjI1
https://t.me/+ZgEUCJT-IvdiYTI1
အများကြီးတော့ မျှော်လင့်မထားပေးမဲ့ တစ်ခုခုတော့ လုပ်ပြနိုင်မယ်လို့ ထင်ပါတယ် :)
#MUMS
Xabi Alonso ရဲ့ Michael Carrick အပေါ် ပြောကြားချက် 🗣️
မန်နေဂျာတစ်ယောက်အနေနဲ့ Michael ကို ကျွန်တော် အပြည့်အဝ လေးစားသလို တကယ်လည်း သဘောကျပါတယ်။ သူက လူကောင်းတစ်ယောက်ပါ။ ဒါတွေအပြင် ကျန်တာကတော့ ကျွန်တော် မှတ်ချက်မပေးချင်ပါဘူး။
#MUMS
မန်ချက်စတာယူနိုက်တက်အသင်းဟာ ဘာစီလိုနာ ကွင်းလယ်လူ ဖာမင်လိုပက်ဇ်ကို ခေါ်ယူဖို့ စုံစမ်းမေးမြန်းမှုတွေ စတင်ပြုလုပ်နေပြီ ဖြစ်ပါတယ်။
အင်္ဂလန်ကလပ် မန်ယူနိုက်တက်ဟာ စပိန်ကွင်းလယ်လူကို ခေါ်ယူဖို့ ဖြစ်နိုင်ခြေ ရှိမရှိ သုံးသပ်ပြင်ဆင်တဲ့အနေနဲ့ သူ့ရဲ့ အချက်အလက်တွေကို စတင်စုဆောင်းနေတာ ဖြစ်ပါတယ် ။
#MUMS
ဆစ်ကိုဒဏ်ရာရနေလို့ အသင်းဖက်က ဆောင်းရာသီအပြောင်းအရွေ့မှာ အံ့အားသင့်ဖွယ် အပြောင်းအရွေ့တစ်ခုပြုလုပ်သွားဖို့ ရှိနေပြီး ကယ်ဗင်လီဝင်ကို ခေါ်ယူသွားဖို့ ရှိနေပါတယ် ။
#MUMS
ချယ်လ်ဆီးနဲ့ ပွဲအတွက် အသင်းခေါင်းဆောင်ဘရူနိုနဲ့ ဒဏ်ရာကြောင့် နားနေရတဲ့ ကိုဘီမိုင်နူးတို့ ပါဝင်လာတော့မှာ ဖြစ်ပါတယ် ။
#MUMS
မိုက်ကယ်ကားရစ်က ဒီနေ့မှာ ကစားသမားအားလုံးနဲ့ မျက်နှာစုံညီ အသင်းတွင်းအစည်းအဝေးတစ်ခုပြုလုပ်ခဲ့ကြပြီး ၊ အားလုံးကြုံတွေနေရတဲ့အခက်အခဲတွေကို ဝိုင်းဝန်းဖြေရှင်းပေးကြဖို့ တောင်းဆိုခဲ့တယ်လို့ သိရပါတယ် ။ သူ့အနေနဲ့ ကစားသမားတွေရဲ့ ပြသာနာတွေကို မီဒီယာပေါ်မရောက်စေဘဲ ညှိနှိုင်းဆွေးနွေးသွားကြစေဖို့ အလိုရှိနေတာ ဖြစ်ပါတယ် ။
#MUMS
