ru
Feedback

Не попадитесь на канал ботавода! Telemetrio находит и помечает такие каналы 👉 Хотите видеть метку — оформите подписку

Manchester United Myanmar Supporters FC

Manchester United Myanmar Supporters FC

Открыть в Telegram
6 852
Подписчики
-1424 часа
-467 дней
-22430 дней
Архив постов
နိုဝင်ဘာ ၂၀၂၂ နောက်ပိုင်း အူနိုင်းအမ်မရီရဲ့ ဗီလာနဲ့ တွေ့ဆုံခဲ့တဲ့ မန်ယူနိုက်တက်ရဲ့ ထိပ်တိုက်တွေ့ဆုံမှုမှတ်တမ်း 🏟️ ၉ ပွဲ ✅ ၆
နိုဝင်ဘာ ၂၀၂၂ နောက်ပိုင်း အူနိုင်းအမ်မရီရဲ့ ဗီလာနဲ့ တွေ့ဆုံခဲ့တဲ့ မန်ယူနိုက်တက်ရဲ့ ထိပ်တိုက်တွေ့ဆုံမှုမှတ်တမ်း 🏟️ ၉ ပွဲ ✅ ၆ ပွဲ 🤝 ၁ ပွဲ ❌ ၂ ပွဲ 🏠 အိုးလ်ထရပ်ဖို့ဒ်မှာ ကစားခဲ့တဲ့ အမ်မရီရဲ့ ဗီလာနဲ့ ထိပ်တိုက်တွေ့ဆုံမှု ၅ ပွဲစလုံးကို မန်ယူအသင်း အနိုင်ရထားပါတယ် ။ မနက်ဖြန်ပွဲမှာ ၆ ပွဲဆက် အနိုင်ရရှိမှုနဲ့အတူ ရာနှုန်းပြည့်စံချိန်ကို ဆက်ထိန်းနိုင်ကြမလား? 🔴🔥 #MUMS

🚨🗣️ မိုက်ကယ်ကားရစ် Shea Lacey ပွဲထွက်ခွင့်ရဖို့ ဘယ်လောက်အထိ နီးစပ်နေပြီလဲဆိုတော့... ဟုတ်ပါတယ်၊ သူ လူစားဝင်လာပြီး ကစားသွားတာ
🚨🗣️ မိုက်ကယ်ကားရစ် Shea Lacey ပွဲထွက်ခွင့်ရဖို့ ဘယ်လောက်အထိ နီးစပ်နေပြီလဲဆိုတော့... ဟုတ်ပါတယ်၊ သူ လူစားဝင်လာပြီး ကစားသွားတာကို ကျွန်တော် တကယ်ပဲ သဘောကျမိပါတယ်။ “ဒီရာသီမှာ သူ လူစားဝင်ကစားခဲ့တဲ့ ပွဲတွေထဲမှာ အခုပွဲက နိုင်မလား၊ ရှုံးမလား အဖြေပေါ်ဖို့ ထိန်းကစားနေရတဲ့ ပွဲမျိုး ပထမဆုံးအကြိမ် ကစားခဲ့ရတာပါ။ ကျွန်တော်တို့ သူ့အပေါ် အရမ်း ယုံကြည်မှုရှိပါတယ်။ သူက အံ့သြစရာကောင်းတဲ့ လူငယ်ကစားသမားတစ်ယောက်ပါ။ ဒါပေမဲ့ သူ့ကို စိတ်ရှည်ရှည်နဲ့ စောင့်ရှောက်ပေးဖို့၊ တဖြည်းဖြည်း တိုးတက်လာအောင်နဲ့ လမ်းကြောင်းမှန်ပေါ် ရောက်အောင် ကူညီပေးဖို့ ဆိုတာတွေကတော့ လိုပါသေးတယ်။ ဘာပဲဖြစ်ဖြစ် လက်ရှိမှာတော့ သူ အရမ်းကောင်းတဲ့ အခြေအနေတစ်ခုမှာ ရှိနေပါတယ်။ #MUMS

မန်ယူအသင်းပရိသတ်တွေဟာ လာမယ့်တနင်္ဂနွေနေ့ ပွဲစဉ်မှာ ပွဲစပြီး ၂၁ မိနစ်မြောက်မှာ ကွင်းအတွင်းကနေ စုပေါင်းထွက်ခွာဖို့ စီစဉ်နေကြပါပ
မန်ယူအသင်းပရိသတ်တွေဟာ လာမယ့်တနင်္ဂနွေနေ့ ပွဲစဉ်မှာ ပွဲစပြီး ၂၁ မိနစ်မြောက်မှာ ကွင်းအတွင်းကနေ စုပေါင်းထွက်ခွာဖို့ စီစဉ်နေကြပါပြီ။ ပွဲကြည့်ပရိသတ်တွေကို ဝေမျှပေးမယ့် လက်ကမ်းစာစောင်တွေလည်း Old Trafford ကွင်းအပြင်ဘက်ကို ရောက်ရှိနေပြီဖြစ်ပါတယ်။ Aston Villa နဲ့ ကစားရမယ့် တနင်္ဂနွေနေ့ပွဲကို လာရောက်ကြည့်ရှုမယ့် ပရိသတ်များအားလုံး ၂၁ မိနစ်မြောက်မှာ Old Trafford ကွင်းကို ဆန္ဒပြကွင်းလုံးကျွတ် စွန့်ခွာကြဖို့ တိုက်တွန်းနှိုးဆော်ထားကြပါသည်။ ဂလေဇာမိသားစုရဲ့ ၂၁ နှစ်တာ စီမံခန့်ခွဲမှု အမှားတွေကို စကားနဲ့ သာမန်ပြောဆိုနေရုံနဲ့ မပြီးတော့ပါဘူး။ အခုချိန်ဟာ လက်တွေ့အရေးယူ လုပ်ဆောင်ရမယ့်အချိန် ဖြစ်ပါတယ်။ #MUMS

🚨 တနင်္ဂနွေနေ့မှာ ကစားမယ့် အက်စတွန်ဗီလာနဲ့ ပွဲစဉ်မှာ ဟယ်ရီအာမက်စ်ဟာ ဒီယိုဂိုဒါလော့ကိုကျော်ပြီး ပွဲထွက်လူစာရင်းမှာ ပါဝင်လာဖို
🚨 တနင်္ဂနွေနေ့မှာ ကစားမယ့် အက်စတွန်ဗီလာနဲ့ ပွဲစဉ်မှာ ဟယ်ရီအာမက်စ်ဟာ ဒီယိုဂိုဒါလော့ကိုကျော်ပြီး ပွဲထွက်လူစာရင်းမှာ ပါဝင်လာဖို့ မျှော်လင့်ရပါတယ်။ မိုက်ကယ်ကားရစ်ကတော့ လူငယ်ကစားသမားတွေကို သူတို့ကိုယ်သူတို့ သက်သေပြနိုင်ဖို့ အခွင့်အရေးပေးဖို့ အသင့်ရှိနေပါတယ်။ #MUMS

❗️ Manchester United ဟာ ဇန်နဝါရီနဲ့ နွေရာသီအပြောင်းအရွှေ့အတွက် ပစ်မှတ်ကစားသမားတွေကို စတင်ချိန်ရွယ်နေပါတယ်။ 🔴 Lewis Hall ကို
+4
❗️ Manchester United ဟာ ဇန်နဝါရီနဲ့ နွေရာသီအပြောင်းအရွှေ့အတွက် ပစ်မှတ်ကစားသမားတွေကို စတင်ချိန်ရွယ်နေပါတယ်။ 🔴 Lewis Hall ကို နွေရာသီအတွက် ပစ်မှတ်ထားပြီး Tyrick Mitchell ကိုတော့ ဇန်နဝါရီမှာ ခေါ်ယူဖို့ စဉ်းစားနေပါတယ်။ 🔴 ဇန်နဝါရီအပြောင်းအရွှေ့မှာ ကစားသမားသစ်ခေါ်ယူနိုင်ဖို့ Joshua Zirkzee နဲ့ Harry Amass တို့ကို ရောင်းထုတ်နိုင်ခြေရှိနေပါတယ်။ 🔴 ဒါ့အပြင် Fulham တိုက်စစ်မှူး Rodrigo Muniz ကိုလည်း ရေတိုဖြည့်တင်းမှုအဖြစ် စိတ်ဝင်စားနေပါတယ်။ #MUMS

ခရစ္စတီယာနိုရော်နယ်ဒို မန်ချက်စတာယူနိုက်တက်အသင်းဆီ နည်းပြ ဒါမှမဟုတ် ပိုင်ရှင်အဖြစ် ပြန်လာနိုင်ဖွယ်ရှိနေတယ်လို့ သတင်းထွက်ပေါ်န
ခရစ္စတီယာနိုရော်နယ်ဒို မန်ချက်စတာယူနိုက်တက်အသင်းဆီ နည်းပြ ဒါမှမဟုတ် ပိုင်ရှင်အဖြစ် ပြန်လာနိုင်ဖွယ်ရှိနေတယ်လို့ သတင်းထွက်ပေါ်နေပါတယ် ။ မန်ယူအသင်းရဲ့ ကြံ့ခိုင်ရေးနည်းပြဟောင်းမစ်ခ်ကလက်ဂ်ရဲ့ ပြောကြားချက်အရ ခရစ္စတီယာနို ရော်နယ်ဒိုဟာ တစ်နေ့နေ့မှာ မန်ချက်စတာယူနိုက်တက်အသင်းဆီ နည်းပြအဖြစ်ဖြစ်စေ၊ အသင်းပိုင်ရှင်အဖြစ်ဖြစ်စေ ပြန်လည်ပါဝင်ခွင့်ရမယ်ဆိုရင် အလွန်နှစ်သက်သဘောကျနေမှာ ဖြစ်တယ်လို့ သိရပါတယ် ။ #MUMS

ခရစ်စတီယာနိုရော်နယ်ဒို နိုင်ငံအသင်းကနေ အနားယူတော့မယ်လို့ ကြေညာခဲ့တဲ့ နေ့မှာပဲ၊ ဘုန်းမောက်အသင်းရဲ့ ကစားသမား Rayan က ရော်နယ်ဒို
ခရစ်စတီယာနိုရော်နယ်ဒို နိုင်ငံအသင်းကနေ အနားယူတော့မယ်လို့ ကြေညာခဲ့တဲ့ နေ့မှာပဲ၊ ဘုန်းမောက်အသင်းရဲ့ ကစားသမား Rayan က ရော်နယ်ဒိုရဲ့ နာမည်ကျော် 'SIU' အောင်ပွဲခံဟန်ကို ပြန်လည်ထုတ်ဖော် ပြသသွားခဲ့ပါတယ် ။ Goat Effect 🐐 #MUMS

ပြင်သစ်လက်ရွေးစင်အသင်းနည်းပြဟောင်း ဒီဒီယာဒက်ချမ့်စ်ကို မန်ချက်စတာယူနိုက်တက်အသင်းက အမြဲတမ်းနည်းပြရာထူးအတွက် ခန့်အပ်နိုင်ဖို့ ဆ
ပြင်သစ်လက်ရွေးစင်အသင်းနည်းပြဟောင်း ဒီဒီယာဒက်ချမ့်စ်ကို မန်ချက်စတာယူနိုက်တက်အသင်းက အမြဲတမ်းနည်းပြရာထူးအတွက် ခန့်အပ်နိုင်ဖို့ ဆက်သွယ်ချိတ်ဆက်ထားတယ်လို့ သိရပါတယ်။ ဆိုလိုတာကတော့ မန်ယူအသင်းရဲ့ အမြဲတမ်းနည်းပြသစ် ဖြစ်လာနိုင်ခြေရှိတဲ့သူအဖြစ် ဒက်ချမ့်စ်ကို ချိတ်ဆက်ဆွေးနွေးနေပြီ ဖြစ်ပါတယ် ။ #MUMS

မန်ချက်စတာယူနိုက်တက်အသင်းက ကိုမိုအသင်းရဲ့ နောက်ခံလူ ဂျာကိုဘို ရာမွန်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ မန်ချက်စတာယူနိုက်တက်အသင
မန်ချက်စတာယူနိုက်တက်အသင်းက ကိုမိုအသင်းရဲ့ နောက်ခံလူ ဂျာကိုဘို ရာမွန်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာ ခံစစ်ပိုင်းကို ပြန်လည်တည်ဆောက်ဖို့ စီစဉ်နေပြီး၊ လီဆန်ဒရို မာတီနက်ဇ်ရဲ့ အနာဂတ်အပေါ် မရေရာမှုတွေ တိုးလာတာကြောင့် ကိုမိုအသင်းမှာ ကစားနေတဲ့ လူငယ်ဗဟိုနောက်ခံလူ ဂျာကိုဘိုရာမွန်ကို ပစ်မှတ်ထား စိတ်ဝင်စားလာတာ ဖြစ်ပါတယ် ။ #MUMS

⚠️ ရိုးမားနဲ့ပွဲစဉ်မှာ အနီကတ်ပြခံခဲ့ရတဲ့ Matheus Cunha ဟာ ပွဲပြီးဆုံးချိန်မှာ ကွင်းထဲပြန်ဝင်လာခဲ့ပေမဲ့ UEFA ဘက်ကတော့ အဲဒီလုပ်
⚠️ ရိုးမားနဲ့ပွဲစဉ်မှာ အနီကတ်ပြခံခဲ့ရတဲ့ Matheus Cunha ဟာ ပွဲပြီးဆုံးချိန်မှာ ကွင်းထဲပြန်ဝင်လာခဲ့ပေမဲ့ UEFA ဘက်ကတော့ အဲဒီလုပ်ရပ်အတွက် အရေးယူသွားမှာ မဟုတ်ပါဘူး။ ဒါကြောင့် သူဟာ ပုံမှန်အတိုင်း တစ်ပွဲပယ်ပြစ်ဒဏ်သာ ကျခံရမှာ ဖြစ်ပါတယ်။ #MUMS

အားလုံးက အသင်းနိုင်ပွဲပြန်ရလို့ ပျော်နေကြပေမဲ့ ဘယ်လီဘာကတော့ တံကောက်ကြောဒဏ်ရာ ရရှိသွားခဲ့ပါတယ် ။ ကနဦးဆေးစစ်ချက်များအရ ဒဏ်ရာမပြ
အားလုံးက အသင်းနိုင်ပွဲပြန်ရလို့ ပျော်နေကြပေမဲ့ ဘယ်လီဘာကတော့ တံကောက်ကြောဒဏ်ရာ ရရှိသွားခဲ့ပါတယ် ။ ကနဦးဆေးစစ်ချက်များအရ ဒဏ်ရာမပြင်းထန်ဘူးလို့ သိရပေမဲ့ ရက်အတန်ကြာ အနားယူရဖွယ် ရှိနေပါတယ် ။ ဒါကြောင့် ကွင်းလယ်မှာ တိုင်လီမန်းစ် + ကိုဘီမိုင်နူးအတွဲကို လာမယ့်ပွဲစဉ်တွေမှာ မြင်တွေ့သွားရဖို့ ရှိနေပါတယ် ။ #MUMS

ပွဲထွက်ခွင့်ရတိုင်း အသင်းကို အကျိုးပြုနေတဲ့ ဒီချာတိတ်လေးကို ဘာလို့ထည့်မသုံးနိုင်ရသေးတာလဲ 😞 #MUMS

​🗣️ Bruno Fernandes: ​ဒီနိုင်ပွဲက နည်းပြအတွက်တင် မဟုတ်ပါဘူး၊ ကလပ်အသင်းတစ်သင်းလုံးအတွက် အမှန်တကယ် လိုအပ်နေခဲ့တာပါ။ လက်ရှိကြုံတွေ့နေရတဲ့ အခက်အခဲတွေထဲကနေ ရုန်းထွက်နိုင်ဖို့ ကျွန်တော်တို့ အစွမ်းကုန် ကြိုးစားအားထုတ်ခဲ့ကြပါတယ်။ ကျွန်တော်နဲ့ နည်းပြကြားမှာ အဆင်မပြေဘူးဆိုပြီး မီဒီယာတွေမှာ ထွက်ပေါ်နေတဲ့ သတင်းအမှားတွေနဲ့ ခန့်မှန်းပြောဆိုချက်တွေကလည်း အများကြီးပါပဲ။” ​“ဒုတိယပိုင်း ပွဲပြန်စချိန်မှာ ပရိသတ်တွေ ကျွန်တော်တို့နဲ့အတူ ရှိနေသေးတယ်ဆိုတာ ခံစားမိပါတယ်။ ဘယ်အချိန်မဆို ပွဲအခြေအနေကို ပြောင်းလဲပစ်နိုင်တယ်လို့ သေချာပေါက် ယုံကြည်ခဲ့ကြသလို၊ ကံကောင်းစွာနဲ့ပဲ ဒီနေ့မှာ ကျွန်တော်တို့ အကောင်းဆုံး စွမ်းဆောင်ပြနိုင်ခဲ့ပါတယ်။” ​“ဒီနေ့မှာတော့ အိုးထရက်ဖို့ဒ်ရဲ့ ပရိသတ်ဟုန်းသံတွေ ပြန်လည်သက်ဝင် လှုပ်ရှားလာခဲ့ပြီး အဲဒီဖိအားကို ရိုးမားအသင်းအပြည့်အဝ ခံစားသွားရအောင် ကျွန်တော်တို့ လုပ်ပြနိုင်ခဲ့ပါတယ်။” ​ပထမပိုင်းအပြီး ပရိသတ်တွေရဲ့ လှောင်ပြောင်လှောင်အော်သံတွေနဲ့ ပတ်သက်ပြီး ပြောကြားရာတွင် - “ဒီအပေါ်မှာ ကျွန်တော်တို့ အဆိုးဘက်က မမြင်ပါဘူး။ အမြဲတမ်း အနိုင်ရလဒ်နဲ့ ဆုဖလားတွေကို အပတ်စဉ် မြင်တွေ့ချင်ကြတဲ့ ပရိသတ်တွေအတွက်တော့ ဒါက သဘာဝကျပါတယ်။ လက်ရှိ အခြေအနေပေါ်မှာ အားလုံးပဲ စိတ်ပျက်မိကြတာ မှန်ပေမဲ့ ဒီနေ့ရရှိခဲ့တဲ့ နိုင်ပွဲဟာ ကျွန်တော်တို့အတွက် ကောင်းမွန်တဲ့ အစပြုခြင်းတစ်ခု ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ #MUMS

အချိန်တိုင်း ဒီလိုစိတ်ဓာတ် ၊ ကစားပုံမျိုးနဲ့ ကစားရလို့ ရှုံးခဲ့ရင်တောင် ဖြေသာလို့ရနေပါသေးတယ် ။ အခုလို ဥရောပညချမ်းမှာ ပုံစံကော
အချိန်တိုင်း ဒီလိုစိတ်ဓာတ် ၊ ကစားပုံမျိုးနဲ့ ကစားရလို့ ရှုံးခဲ့ရင်တောင် ဖြေသာလို့ရနေပါသေးတယ် ။ အခုလို ဥရောပညချမ်းမှာ ပုံစံကောင်းပြနေတဲ့ ရိုးမားကို ပြန် Comeback ပြနိုင်တာက စိတ်ဓာတ်ပိုင်း ပြန်ပြီးအသာရသွားသလို ၊ လာမယ့်ပွဲစဉ်တွေအတွက် ကားရစ်တစ်ယောက် အသက်ရှုချောင်သွားတာတော့ အမှန်ဘဲ ။ #MUMS

အရမ်းကို မြင်ချင်ခဲ့တဲ့ ရလဒ်ထက် အခုလို အသင်းက ပြန်လာနိုင်ခဲ့တာကိုပါဘဲ ။ ရိုးမားဆိုတာ အစဉ်အလာအရ သာခဲ့ပေမဲ့ အခုလို နိမ့်ပါးနေပြ
အရမ်းကို မြင်ချင်ခဲ့တဲ့ ရလဒ်ထက် အခုလို အသင်းက ပြန်လာနိုင်ခဲ့တာကိုပါဘဲ ။ ရိုးမားဆိုတာ အစဉ်အလာအရ သာခဲ့ပေမဲ့ အခုလို နိမ့်ပါးနေပြီး တစ်ယောက်လျော့အနေထားနဲ့ အနိုင်ပြန်ယူနိုင်ခဲ့တာက တကယ့်ကို ကျေနပ်ရမယ့် အခိုက်အတန့်တစ်ခုပါဘဲ #MUMS

ဟင်းတခွက်မှာ ဆားမပါရင် မပြည့်စုံသလို ၊ ကွင်းလယ်မှာ ကိုဘီမပါရင် တစ်ခုခုလိုနေတယ်ဆိုတာ ဒါကသက်သေဘဲ :) Star Boy 🌟 #MUMS
ဟင်းတခွက်မှာ ဆားမပါရင် မပြည့်စုံသလို ၊ ကွင်းလယ်မှာ ကိုဘီမပါရင် တစ်ခုခုလိုနေတယ်ဆိုတာ ဒါကသက်သေဘဲ :) Star Boy 🌟 #MUMS

လခထုတ်တုံးလေး ရိုးမားကို အိမ်ကွင်းခေါ်တီးပေးလိုက်တဲ့ သခင်ကြီးမန်ယူ 👀🥳 #MUMS

🚨 UEFA ဟာ CD Tenerife အသင်းကစားသမား Jésus de Miguel ကွယ်လွန်သွားခဲ့တဲ့ ဝမ်းနည်းဖွယ်ဖြစ်ရပ်အတွက် ဂုဏ်ပြုအောက်မေ့ခြင်းအဖြစ် ယန
🚨 UEFA ဟာ CD Tenerife အသင်းကစားသမား Jésus de Miguel ကွယ်လွန်သွားခဲ့တဲ့ ဝမ်းနည်းဖွယ်ဖြစ်ရပ်အတွက် ဂုဏ်ပြုအောက်မေ့ခြင်းအဖြစ် ယနေ့ည ယှဉ်ပြိုင်ကစားမယ့် UEFA Champions League ပွဲစဉ်အားလုံး မစတင်မီ တစ်မိနစ်ခန့် ငြိမ်သက်စွာ ဝမ်းနည်းအောက်မေ့ကြဖို့ တရားဝင် အတည်ပြုကြေညာခဲ့ပါတယ်။ ကွယ်လွန်သူ Jésus de Miguel အတွက် ကမ္ဘာ့ဘောလုံးလောကက ဝမ်းနည်းခြင်းနဲ့အတူ ဂုဏ်ပြုအောက်မေ့လျက်ရှိပါတယ် ။ Rest in peace 🕊️ #MUMS

ရိုင်ယန်အိတ်တ်နူရီကို လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့မှာ မန်ယူအသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေဆဲဖြစ်ပါတယ်။ မန်စီးတီးအသင်းရဲ့ ဘယ်န
ရိုင်ယန်အိတ်တ်နူရီကို လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့မှာ မန်ယူအသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေဆဲဖြစ်ပါတယ်။ မန်စီးတီးအသင်းရဲ့ ဘယ်နောက်ခံလူ အိတ်တ်နူရီဟာ ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့ကာလရဲ့ နောက်ဆုံးအချိန်တွေမှာ မန်ယူအသင်းရဲ့ ပစ်မှတ်ထားခြင်းခံခဲ့ရသူဖြစ်ပါတယ်။ ဒါပေမဲ့ အခုအချိန်မှာတော့ အီတလီထိပ်သီး ဂျူဗင်တပ်စ်အသင်းကလည်း သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားလာပြီး အပြိုင်ကြိုးပမ်းလာပြီလို့ Tutto Juve က ဖော်ပြထားပါတယ်။ မန်ယူနောက်ခံလူ လုခ်ရှောဟာလည်း ယခုရာသီမှာ ပွဲစဉ် ၈ ပွဲအထိ လွဲချော်ထားတာကြောင့် ဘယ်နောက်ခံလူနေရာအတွက် အားဖြည့်ဖို့ မန်ယူအသင်းက အိတ်တ်နူရီကို ပိုမိုအာရုံစိုက်လာတာ ဖြစ်ပါတယ်။ #MUMS