en
Feedback
Manchester United Myanmar Supporters FC

Manchester United Myanmar Supporters FC

Open in Telegram
7 306
Subscribers
-624 hours
-517 days
-17530 days
Posts Archive
ဈေးကွက်ထဲမှာ အလွတ်နဲ့ရတဲ့ကစားသမားတွေကဆိုရင် အသင်းလိုအပ်ချက်နဲ့ ကိုက်ညီတာဆိုလို့ တိုက်စစ်ပိုင်းအတွကိ ဘန်ဇီးမားရှိနေပါတယ် ။ သူ့
+1
ဈေးကွက်ထဲမှာ အလွတ်နဲ့ရတဲ့ကစားသမားတွေကဆိုရင် အသင်းလိုအပ်ချက်နဲ့ ကိုက်ညီတာဆိုလို့ တိုက်စစ်ပိုင်းအတွကိ ဘန်ဇီးမားရှိနေပါတယ် ။ သူ့ရဲ့အတွေ့အကြုံနဲ့ ခြေစွမ်းတွေက ကျန်နေသေးလို့ ဥရောပပြိုင်ပွဲ‌နဲ့ ပြိုင်ပွဲအများကြီး ကစားဖို့ ကျန်သေးတဲ့ ကိုယ်တွေအသင်းနဲ့‌ဆို သင့်တော်ပါတယ် ။ လုပ်ခလစာမြင့်မားတာလေးဘဲ အဓိကညှိနှိုင်းရမှာပါ ။ လိုအပ်နေတဲ့ နောက်ခံနေရာအတွက်က စီးတီးကစားသမားဟောင်းဖြစ်တဲ့ ဇင်ချန်ကို ရှိနေပါတယ် ။ ပရီးမီးယားလိဂ်အတွေ့အကြုံကောင်းကောင်းရှိလို့ ရေတိုဆို အထူးသင့်တော်ပါတယ် ။ ဒါတွေက ဘတ်ဂျက်အများကြီးမသုံးချင်တဲ့ အသင်းရဲ့ပေါ်လစီနဲ့ ကိုက်ညီပေမဲ့ လုပ်ခလစာမြင့်မားတာလေးတစ်ခုဘဲ အတားအဆီးရှိနေတာပါ ။ ရေတိုခေါ်ယူမှုတွေ ပြုလုပ်တတ်တဲ့ အသင်းက ဘယ်သူ့ကို အရခေါ်ယူသွားမလဲ ? #MUMS

အပြောင်းအရွှေ့ကာလဟာ တရားဝင် ပိတ်သိမ်းသွားခဲ့ပါပြီ။ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ မန်ချက်စတာ ယူနိုက်တက် ပရိသတ်တွေနည်းတူ ကျွန်တော်တို့ United Central အဖွဲ့သားတွေလည်း စိတ်ပျက်ဝမ်းနည်းမိပါတယ်။ အသစ်ရောက်ရှိလာတဲ့ ကစားသမား သုံးဦးအတွက် ကြိုဆိုပေမဲ့ ယူနိုက်တက်လို ကြီးမားတဲ့ မျှော်မှန်းချက်ရှိတဲ့ ကလပ်အသင်း တစ်ခုအတွက်တော့ ဒါထက်မက ပိုမိုလိုလားခဲ့ကြတာပါ။ အရည်အသွေးမြင့် ဘယ်နောက်ခံလူ တစ်ဦးနဲ့ အသင်းရဲ့လူစာရင်းအင်အားကို ပိုမိုတောင့်တင်းအောင် ဖြည့်တင်းဖို့ အမှန်တကယ် လိုအပ်ခဲ့တာဖြစ်ပြီး ဒီနေရာတွေကို အပြည့်အဝ မဖြည့်ဆည်းနိုင်ခဲ့တဲ့အပေါ် ပရိသတ်တွေ မေးခွန်းထုတ်ပိုင်ခွင့် အပြည့်အဝ ရှိပါတယ် ။ကျွန်တော်တို့ မျှော်လင့်ခဲ့တာက အသင်းရဲ့ ကြီးမားတဲ့ ရည်မှန်းချက်ကို ပြသနိုင်မယ့် အပြောင်းအရွှေ့ ကာလမျိုးပါ။ ဒီအသင်းတံဆိပ်ရဲ့ သိက္ခာနဲ့အညီ ယှဉ်ပြိုင်နိုင်စွမ်းရှိတဲ့ လူစာရင်းမျိုး ဖြည့်တင်းနိုင်ဖို့ လိုလားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ အပြောင်းအရွှေ့ ကာလကတော့ ပြီးဆုံးသွားခဲ့ပါပြီ။ ဒီအသင်းအင်္ကျီကို ဝတ်ဆင်ထားတဲ့ ကစားသမားတွေဟာ ကျွန်တော်တို့ရဲ့ အားပေးမှုကို လိုအပ်နေပြီး မိုက်ကယ် ကားရစ်ခေါင်းဆောင်တဲ့ နည်းပြအဖွဲ့နဲ့ အသင်းကို အပြည့်အဝ ထောက်ခံအားပေးသွားမှာပါ။ ဘုတ်အဖွဲ့ရဲ့ ဆုံးဖြတ်ချက်တွေဟာ လုံလောက်မှုရှိကြောင်း သက်သေပြနိုင်လိမ့်မယ်လို့ မျှော်လင့်ရင်း အသင်းကွင်းအတွင်း ဝင်ရောက်ယှဉ်ပြိုင်တိုင်းမှာ ကျွန်တော်တို့ အစဉ်အမြဲ ဝန်းရံသွားပါမယ်။ ဒါပေမဲ့ ဒါဟာ ကလပ်အသင်းကို ဦးဆောင်နေသူတွေဆီက စံချိန်စံညွှန်းကောင်းတွေ မတောင်းဆိုတော့ဘူးလို့ အဓိပ္ပာယ်မသက်ရောက်ပါဘူး။ အသင်းပိုင်ရှင်တွေဆီက ပိုမိုကြီးမားတဲ့ ရည်မှန်းချက်၊ တာဝန်ယူမှု၊ တာဝန်ခံမှုနဲ့ ထိုက်တန်တဲ့ စံချိန်စံညွှန်းတွေကို ပရိသတ်တွေအနေနဲ့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော် တောင်းဆိုရမယ့် အချိန်ရောက်လာရင် United Central က ပရိသတ်တွေနဲ့အတူ ရပ်တည်သွားမှာပါ။ လောလောဆယ်တော့ ကျွန်တော်တို့ အတူတကွ ရှေ့ဆက်ကြပါမယ်။ မိုက်ကယ်ကားရစ်ကို အားပေးပါ၊ ကစားသမားတွေကို အားပေးပါ၊ မန်ချက်စတာ ယူနိုက်တက်နဲ့ ထိုက်တန်တဲ့ စံချိန်စံညွှန်းတွေကို တောင်းဆိုပါ။ ရာသီတစ်ခုလုံး လမ်းကြောင်းပေါ်မှာ United Central က နောက်ဆုံးရ သတင်းတွေ၊ အသင်းသတင်းစဉ်တွေ၊ ပွဲစဉ် သတင်းဖော်ပြချက်တွေ၊ ဆန်းစစ်ချက်တွေနဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ အရာအားလုံးကို သင်တို့ဆီ ထံပါးအထိ ယူဆောင်ပေးသွားမှာပါ။ အပြောင်းအရွှေ့ ကာလ ပိတ်သွားခဲ့ပါပြီ။ ရာသီကတော့ ဆက်လက် လည်ပတ်နေပါတယ်။ ကျွန်တော်တို့ရဲ့ အားပေးမှုတွေလည်း ဆက်ရှိနေမှာပါ။ WE ARE UNITED. 🔴 #MUMS

မန်ချက်စတာရပ်ဝန်းမှာ တောက်ပလာနေတဲ့ ကွင်းလယ်ကြယ်ပွင့်လေး ကိုဘီမိုင်နူး ❤️🥳 #MUMS

မန်ယူက အသင်းနဲ့ သင့်တော်မယ့် ကစားသမားခေါ်ယူရမယ့် အခွင့်အရေးမျိုး ပေါ်ပေါက်လာပါက ဘယ်နောက်ခံလူသစ်တစ်ဦး ခေါ်ယူရန် စိတ်ကူးရှိခဲ့ပ
မန်ယူက အသင်းနဲ့ သင့်တော်မယ့် ကစားသမားခေါ်ယူရမယ့် အခွင့်အရေးမျိုး ပေါ်ပေါက်လာပါက ဘယ်နောက်ခံလူသစ်တစ်ဦး ခေါ်ယူရန် စိတ်ကူးရှိခဲ့ပါတယ် ။ ဒါပေမဲ့ အခုတော့ မခေါ်နိုင်တော့ဘဲ အပြောင်းအရွေ့က ဇာတ်သိမ်းသွားပြီလည်း ဖြစ်ပါတယ် ။ #MUMS

အိုးထရက်ဖို့စ်ကို တစ်ကျော့ပြန်ခြေကျလာနိုင်ခဲ့တဲ့ မားကပ်ရက်ဖို့စ်ရဲ့ ပုံရိပ်များ 👀 #MUMS
+3
အိုးထရက်ဖို့စ်ကို တစ်ကျော့ပြန်ခြေကျလာနိုင်ခဲ့တဲ့ မားကပ်ရက်ဖို့စ်ရဲ့ ပုံရိပ်များ 👀 #MUMS

၂၀၂၁ ဩဂုတ် ၁၄ ရက် - ဗာရန်းကို Old Trafford မှာ ပရိသတ်နဲ့ မိတ်ဆက်ပေးခဲ့သလို၊ ရာသီရဲ့ ပထမဆုံး အိမ်ကွင်းပွဲစဉ်မှာပဲ ဘရူနိုဖာနန်ဒ
+1
၂၀၂၁ ဩဂုတ် ၁၄ ရက် - ဗာရန်းကို Old Trafford မှာ ပရိသတ်နဲ့ မိတ်ဆက်ပေးခဲ့သလို၊ ရာသီရဲ့ ပထမဆုံး အိမ်ကွင်းပွဲစဉ်မှာပဲ ဘရူနိုဖာနန်ဒက်စ်က လိဒ်စ်အသင်းဘက်ကို ဟက်ထရစ် သွင်းယူပေးခဲ့ပါတယ်။ ၂၀၂၆ ဩဂုတ် ၃၀ ရက် - ဘယ်လီဘာကို Old Trafford မှာ မိတ်ဆက်ပေးခဲ့ပြီး၊ ယူနိုက်တက်ရဲ့ ရာသီဦး အိမ်ကွင်းပွဲစဉ်မှာပဲ ဘရူနိုဖာနန်ဒက်စ်က အစ်ဝှချ်အသင်းကို ဟက်ထရစ် ထပ်မံသွင်းယူခဲ့ပြန်ပါတယ်။ #MUMS

နိုင်ပွဲရတိုင်း အခြားကစားသမားတွေ စွမ်းဆောင်ရည်က ထင်ပေါ်နေချိန်မှာ ကွင်းလယ်ကနေ အသံတိတ်ခြေစွမ်းပြနေတဲ့ ဒီချာတိတ်လေးကို မေ့မသွား
နိုင်ပွဲရတိုင်း အခြားကစားသမားတွေ စွမ်းဆောင်ရည်က ထင်ပေါ်နေချိန်မှာ ကွင်းလယ်ကနေ အသံတိတ်ခြေစွမ်းပြနေတဲ့ ဒီချာတိတ်လေးကို မေ့မသွားကြပါနဲ့ ♥️🤩 #MUMS

PFA တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို ပူပူနွေးနွေး သိမ်းပိုက်ထားတဲ့ ဂုဏ်ပုဒ်ဟာ အလကားမဟုတ်ကြောင်း ဘရူနိုဖာနန်ဒက်စ်က အခု ဟက်ထရ
PFA တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို ပူပူနွေးနွေး သိမ်းပိုက်ထားတဲ့ ဂုဏ်ပုဒ်ဟာ အလကားမဟုတ်ကြောင်း ဘရူနိုဖာနန်ဒက်စ်က အခု ဟက်ထရစ်နဲ့အတူ ကမ္ဘာကို သက်သေပြလိုက်ပြန်ပါပြီ ။ ဆုတံဆိပ်ရဲ့ အရှိန်အဝါ မပြယ်သေးခင်မှာပဲ ကွင်းအတွင်း စာမျက်နှာသစ်ကို ထပ်မံရေးထိုးလိုက်တာဟာ သူ့ရဲ့ အဆင့်အတန်းနဲ့ ခြေစွမ်းဟာ ကမ္ဘာ့ထိပ်တန်းအဆင့်မှာ ရှိ‌နေမြဲဆိုတာ မီးမောင်းထိုးပြနေတာပါ။ ပွဲချိန်တိုင်းမှာ အသင်းကို ထမ်းပိုးထားရုံတင်မကဘဲ အဆုံးအဖြတ်သွင်းဂိုးတွေနဲ့ပါ ပွဲကို စိတ်ကြိုက်ပုံသွင်းသွားတဲ့ သူ့ရဲ့ ခေါင်းဆောင်မှုနဲ့ အနုပညာဆန်လှတဲ့ ခြေစွမ်းတွေက အံ့ဩမဆုံးနိုင်စရာပါပဲ ။ PFA ဆုရှင်ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ထိုက်တန်ကြောင်းတင်မကဘဲ ဒီထက်မက ပိုမိုမြင့်မားတဲ့ အမြင့်ပျံသန်းမှုတွေဆီ ဦးတည်နေကြောင်းကိုပါ ဒီဟက်ထရစ်နဲ့အတူ ပြတ်ပြတ်သားသား ပြိုင်ဖက်အသင်းတွေဆီ တစ်ခါတည်း အသိပေးလိုက်ပါတယ် ။ #MUMS

အဖွင့်ပွဲစဉ်က ရှုံးကြွေးကို အခုအတိုးရော ၊ အရင်းပါ အိမ်ကွင်းမှာ ပေါင်းဆပ်နိုင်ခဲ့ပြီး ၊ ဘရူနိုရဲ့ ဟက်ထရစ်နဲ့ နိုင်ပွဲ့က ပြည့်စ
အဖွင့်ပွဲစဉ်က ရှုံးကြွေးကို အခုအတိုးရော ၊ အရင်းပါ အိမ်ကွင်းမှာ ပေါင်းဆပ်နိုင်ခဲ့ပြီး ၊ ဘရူနိုရဲ့ ဟက်ထရစ်နဲ့ နိုင်ပွဲ့က ပြည့်စုံနေခဲ့လွန်းတာ ဖြစ်ပါတယ် ။ အစပိုင်း အထလေးပြီး ၊ တိုင်ပတ်တက်တဲ့ အကျင့်က ပြင်မရသေးသလို ၊ ခံစစ်ကလည်း ဟာကွက်အမြဲရှိနေသေးတာဖြစ်ပါတယ် ။ ပြိုင်ဖက်က အားနည်းနေတာ‌မှန်ပေမဲ့ ၊ တကယ့်အသင်းတွေနဲ့ဆို ဒီခြေစွမ်းက လုံလောက်မှုရှိမနေသေးတာတော့ အမှန်ပါဘဲ ။ #MUMS

PFA ဆုဘာလို့ပေးလဲဆို သောက်ရမ်းကောင်းလို့ပေါ့ကွာ :) ဒီရာသီပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ ပထမဆုံးဟက်ထရစ်ရှင် ကိုဘရူနို 🥳💯 #MUMS

အချိန်တွေသာ ပြောင်းသွားတယ် အသင်းကို ဘရူနိုက ထမ်းတင်နေဆဲပါဘဲ ။ #MUMS

အင်္ဂလန်ပရီးမီးယားလိဂ် မန်ယူ Vs အစ်ဝှစ်ခ်ျပွဲစဉ်ကို VPN မလိုပဲ တိုက်ရိုက် LIVE  Join ပြီး ကြည့်ရှုနိုင်ပါပြီဗျ  ✌🏻 ‼️ကျနော်တို့ Channel အများစု ပျက်သွားလို့ Main Channel လေးကို Join ထားပေးကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်ဗျာ 🙏 ❗️Main Channel Link 👇🏻 https://t.me/mfn2026 ❗️ Live Channel Link 👇🏻 https://t.me/+VfUQv_BdVQNhODE1 https://t.me/+Kkaxq3BH30o3OWY9

ပထမဆုံးနိုင်ပွဲစယူမယ့် line up ကြည့်ရဲမှ ကြည့်ကြဗျို့ 🔴 #MUMS
ပထမဆုံးနိုင်ပွဲစယူမယ့် line up ကြည့်ရဲမှ ကြည့်ကြဗျို့ 🔴 #MUMS

ပထမ‌ဆုံး ပရီးမီယားလိဂ်ပြိုင်ပွဲရဲ့ အိမ်ကွင်းနိုင်ပွဲယူဖို့အတွက် ရှေ့တန်းက ဘယ်ကစားသမားကို တွဲဖက်အသုံးပြုစေချင်ကြသလဲ ? Marcus R
ပထမ‌ဆုံး ပရီးမီယားလိဂ်ပြိုင်ပွဲရဲ့ အိမ်ကွင်းနိုင်ပွဲယူဖို့အတွက် ရှေ့တန်းက ဘယ်ကစားသမားကို တွဲဖက်အသုံးပြုစေချင်ကြသလဲ ? Marcus Rashford Matheus Cunha Patrick Dorgu Benjamin Šeško Bryan Mbeumo Shea Lacey Joshua Zirkzee #MUMS

ချန်ပီယံလိဂ်ကစားရမယ့် နေ့ရက်နဲ့ ပွဲအချိန်ဇယား 👀 #MUMS
ချန်ပီယံလိဂ်ကစားရမယ့် နေ့ရက်နဲ့ ပွဲအချိန်ဇယား 👀 #MUMS

မန်ယူအသင်းက ခံစစ်ပိုင်းအတွက် ရေတိုအစားထိုးမှုတစ်ခုပြုလုပ်ဖို့ ချယ်လ်ဆီးနောက်ခံလူ တိုဆင်ကို ခေါ်ယူဖို့ စောင့်ကြည့်နေပြီး မကြာခ
မန်ယူအသင်းက ခံစစ်ပိုင်းအတွက် ရေတိုအစားထိုးမှုတစ်ခုပြုလုပ်ဖို့ ချယ်လ်ဆီးနောက်ခံလူ တိုဆင်ကို ခေါ်ယူဖို့ စောင့်ကြည့်နေပြီး မကြာခင်တရားဝင်တွေ့ဆုံဆွေးနွေးသွားဖို့ ရှိပါတယ် ။ #MUMS

နှစ်ယောက်လုံးကတော့ ဒဏ်ရာကြောင့် အသင်းရဲ့ ပွဲစဉ်တွေကို လွဲချော်သွားကြမှာဖြစ်ပြီး ၊ အာမတ်က နိုင်ငံတကာပွဲစဉ်တွေပြီးမှ အသင်းနဲ့ ပ
နှစ်ယောက်လုံးကတော့ ဒဏ်ရာကြောင့် အသင်းရဲ့ ပွဲစဉ်တွေကို လွဲချော်သွားကြမှာဖြစ်ပြီး ၊ အာမတ်က နိုင်ငံတကာပွဲစဉ်တွေပြီးမှ အသင်းနဲ့ ပြန်လည်ပူးပေါင်းနိုင်မှာ ဖြစ်တယ်လို့ ခန့်မှန်းရပါတယ် ။ #MUMS

🔴🚨 ဘိုင်ယန်မြူးနစ်ကို အိမ်ကွင်းမှာ လက်ခံကစားရမှာနဲ့ အက်သလက်တီကို ကိုအဝေးကွင်းမှာ ရင်ဆိုင်ရမယ့် မန်ယူအသင်းရဲ့ ချန်ပီယံလိဂ်ပွဲစဉ်တွေအပေါ် ရီယိုဖာဒီနန်ရဲ့မှတ်ချက် 🗣️ နားထောင်ကြပါဦး။ မန်ယူသာ ဥရောပမှာ လေးစားခံရတဲ့ အသင်းတစ်သင်း ပြန်ဖြစ်ချင်တယ်ဆိုရင် ဒီလို ညမျိုးတွေကို မလွဲမသွေရင်ဆိုင်ရမှာပဲ ။ ​ဘိုင်ယန်မြူးနစ်အသင်း အိုးထရက်ဖို့စ်ကို လာမှာလား ? ငါတော့ တကယ်သဘောကျပါတယ် ။ ပွဲစကတည်းက အဲဒီကွင်းကြီးတစ်ကွင်းလုံး တုန်ဟီးနေတာကို တွေ့ချင်တာ။ ဘိုင်ယန်မှာသမိုင်းကြောင်းတွေ၊ ကစားသမားကောင်းတွေနဲ့ အတွေ့အကြုံတွေရှိကြတာမှန်ပေမဲ့ သူတို့လာရမှာက မန်ယူအသင်းရဲ့အိမ်ကွင်းဆိုတာပါဘဲ ။ ​ပြီးတော့ အက်သလက်တီကိုနဲ့ အဝေးကွင်းပွဲစဥ်လည်း ရှိပါသေးတယ်။ အဲဒါကတော့ လုံးဝကိုပုံစံက တခြားစီပါပဲ။ ဥရောပမှာ အနိုင်ရဖို့ အခက်ခဲဆုံးနဲ့ အကြမ်းတမ်းဆုံး ကွင်းတွေထဲက တစ်ခုကို သွားကစားရမှာဖြစ်သလို ၊ သူတို့က အချိန်တိုင်း တိုက်ခိုက်လိုစိတ်အပြည့်နဲ့ ကစားကြမှာပါ ။ ​ဒါပေမဲ့ ရိုးရိုးသားသားပြောရရင် ဒီမဲခွဲမှုကို ငါ သဘောကျပါတယ်။ မန်ယူကသက်သောင့်သက်သာရှိမယ့် ပွဲစဥ်တွေကိုပဲ မျှော်လင့်နေတာ ကြာ‌ပါပြီ ။ ချန်ပီယံလိဂ်ဖလားကို လိုချင်ရင် ဒီလို ညမျိုးတွေက ရင်ဆိုင်ရမှာပဲ။ ​အိုးထရက်ဖို့စ်မှာ ဘိုင်ယန်ကို နိုင်အောင်ကစား၊ မက်ဒရစ်အထိ သွားပြီး ရလဒ်ကောင်းတစ်ခု ရအောင်ယူလိုက်ရင် မန်ယူအပေါ်ထားတဲ့ လူတွေရဲ့ အမြင်က ချက်ချင်း ပြောင်းလဲသွားပါလိမ့်မယ် ။ ​ငါအနေနဲ့ မန်ယူကို ဒီပွဲတွေမှာ ဂိုးပြတ်မရှုံးအောင် ထိန်းကစားမယ့် စိတ်ဓာတ်မျိုးနဲ့ မသွားစေချင်ဘူး ။ ဘိုင်ယန်နဲ့ အက်သလက်တီကိုအပေါ် လေးစားမှု ထားပါ ။ ဒါပေမဲ့ လုံးဝ ကြောက်စရာမလိုပါဘူး ။ ​ပြီးတော့ မီးရောင်အောက်က အိုးထရက်ဖို့စ်မှာ ကစားရမယ့် ဘိုင်ယန်အတွက်တော့ လုံးဝ မသက်သာတဲ့ ညတစ်ည ဖြစ်သွားနိုင်ပါတယ် ။ #MUMS

🔴🚨 ဘိုင်ယန်မြူးနစ်ကို အိမ်ကွင်းမှာ လက်ခံကစားရမှာနဲ့ အက်သလက်တီကို ကိုအဝေးကွင်းမှာ ရင်ဆိုင်ရမယ့် မန် ယူအသင်းရဲ့ ချန်ပီယံလိဂ်ပွဲစဉ်တွေအပေါ် ရီယိုဖာဒီနန်ရဲ့မှတ်ချက် 🗣️ နားထောင်ကြပါဦး၊ မန်ယူနိုက်တက်သာ ဥရောပမှာ လေ#🚨 ဂျာမနီကလပ် ဘိုင်ယန်မြူးနစ်ကို အိမ်ကွင်းမှာ လက်ခံကစားရမှာနဲ့ အက်သလက်တီကို မက်ဒရစ်ကို အဝေးကွင်းမှာ ရင်ဆိုင်ရမယ့် မန်ချက်စတာ ယူနိုက်တက်ရဲ့ ချန်ပီယံလိဂ် ပွဲစဉ်တွေအပေါ် ရီယို ဖာဒီနန်ရဲ့ မှတ်ချက် ​🗣️ “နားထောင်ပါဦး၊ မန်ယူနိုက်တက်သာ ဥရောပမှာ လေးစားခံရတဲ့ အသင်းတစ်သင်း ပြန်ဖြစ်ချင်တယ်ဆိုရင် ဒီလို ညမျိုးတွေကို လိုချင်ကြမှာပဲ။ ​ဘိုင်ယန်မြူးနစ် အိုးထရက်ဖို့ဒ်ကို လာမှာလား? ငါတော့ သဘောကျတယ်။ ပထမတစ်မိနစ်ကတည်းက အဲဒီကွင်းကြီး တစ်ကွင်းလုံး တုန်ဟီးနေတာကို တွေ့ချင်တာ။ ဘိုင်ယန်မှာ သမိုင်းကြောင်းတွေ၊ ကစားသမားကောင်းတွေနဲ့ အတွေ့အကြုံတွေ ရှိတာမှန်ပေမဲ့ သူတို့ လာရမှာက မန်ယူနိုက်တက်ရဲ့ အိမ်ကွင်းပါ။ ​ပြီးတော့ အက်သလက်တီကို အဝေးကွင်းပွဲလည်း ရှိသေးတယ်။ [ရယ်လျက်] အဲဒါကတော့ လုံးဝကို ပုံစံက တခြားစီပဲ။ ဥရောပမှာ အနိုင်ရဖို့ အခက်ခဲဆုံးနဲ့ အကြမ်းတမ်းဆုံး ကွင်းတွေထဲက တစ်ခုကို သွားရမှာဖြစ်သလို၊ သူတို့က ဘောလုံးတစ်လုံးစီအတွက် တိုက်ပွဲဝင်ရအောင် ဆွဲခေါ်လိမ့်မယ်။ ​ဒါပေမဲ့ ရိုးရိုးသားသား ပြောရရင် ဒီမဲခွဲမှုကို ငါ သဘောကျတယ်။ မန်ယူနိုက်တက်ဟာ သက်သောင့်သက်သာရှိမယ့် ပွဲတွေကိုပဲ မျှော်လင့်နေတာ ကြာပြီ။ ချန်ပီယံလိဂ်ကို လိုချင်ရင် ဒီလို ညမျိုးတွေကို ရင်ဆိုင်ရမှာပဲ။ ​အိုးထရက်ဖို့ဒ်မှာ ဘိုင်ယန်ကို နိုင်အောင်ကစား၊ မက်ဒရစ်အထိ သွားပြီး ရလဒ်ကောင်းတစ်ခု ရအောင်ယူလိုက်ရင် မန်ယူနိုက်တက်အပေါ်ထားတဲ့ လူတွေရဲ့ အမြင်က ချက်ချင်း ပြောင်းလဲသွားလိမ့်မယ်။ ​ငါ မန်ယူနိုက်တက်ကို ဒီပွဲတွေမှာ ဂိုးပြတ်မရှုံးအောင် ထိန်းကစားမယ့် စိတ်ဓာတ်မျိုးနဲ့ မသွားစေချင်ဘူး။ ဝင်ဆော်လိုက်ပါ။ ဘိုင်ယန်နဲ့ အက်သလက်တီကိုအပေါ် လေးစားမှု ထားပါ၊ ဒါပေမဲ့ လုံးဝ မကြောက်ပါနဲ့။ ​ပြီးတော့ မီးရောင်အောက်က အိုးထရက်ဖို့ဒ်မှာ ဘိုင်ယန်ကို ရင်ဆိုင်ရမှာနော်? ငါ့ကိုယုံပါ၊ အဲဒါ ဘိုင်ယန်အတွက်တော့ လုံးဝ မသက်သာတဲ့ ညတစ်ည ဖြစ်သွားနိုင်ပါတယ်။”ခံရတဲ့ အသင်းတစ်သင်း ပြန်ဖြစ်ချင်တယ်ဆိုရင် ဒီလို ညမျိုးတွေကို လိုချင်ကြမှာပဲ။ ဘိုင်ယန်မြူးနစ် အိုးထရက်ဖို့ဒ်ကို လာမှာလား? ငါတော့ သဘောကျတယ်။ ပထမတစ်မိနစ်ကတည်းက အဲဒီကွင်းကြီး တစ်ကွင်းလုံး တုန်ဟီးနေတာကို တွေ့ချင်တာ။ ဘိုင်ယန်မှာ သမိုင်းကြောင်းတွေ၊ ကစားသမားကောင်းတွေနဲ့ အတွေ့အကြုံတွေ ရှိတာမှန်ပေမဲ့ သူတို့ လာရမှာက မန်ယူနိုက်တက်ရဲ့ အိမ်ကွင်းပါ။ ပြီးတော့ အက်သလက်တီကို အဝေးကွင်းပွဲလည်း ရှိသေးတယ်။ [ရယ်လျက်] အဲဒါကတော့ လုံးဝကို ပုံစံက တခြားစီပဲ။ ဥရောပမှာ အနိုင်ရဖို့ အခက်ခဲဆုံးနဲ့ အကြမ်းတမ်းဆုံး ကွင်းတွေထဲက တစ်ခုကို သွားရမှာဖြစ်သလို၊ သူတို့က ဘောလုံးတစ်လုံးစီအတွက် တိုက်ပွဲဝင်ရအောင် ဆွဲခေါ်လိမ့်မယ်။ ဒါပေမဲ့ ရိုးရိုးသားသား ပြောရရင် ဒီမဲခွဲမှုကို ငါ သဘောကျတယ်။ မန်ယူနိုက်တက်ဟာ သက်သောင့်သက်သာရှိမယ့် ပွဲတွေကိုပဲ မျှော်လင့်နေတာ ကြာပြီ။ ချန်ပီယံလိဂ်ကို လိုချင်ရင် ဒီလို ညမျိုးတွေကို ရင်ဆိုင်ရမှာပဲ။ အိုးထရက်ဖို့ဒ်မှာ ဘိုင်ယန်ကို နိုင်အောင်ကစား၊ မက်ဒရစ်အထိ သွားပြီး ရလဒ်ကောင်းတစ်ခု ရအောင်ယူလိုက်ရင် မန်ယူနိုက်တက်အပေါ်ထားတဲ့ လူတွေရဲ့ အမြင်က ချက်ချင်း ပြောင်းလဲသွားလိမ့်မယ်။ ငါ မန်ယူနိုက်တက်ကို ဒီပွဲတွေမှာ ဂိုးပြတ်မရှုံးအောင် ထိန်းကစားမယ့် စိတ်ဓာတ်မျိုးနဲ့ မသွားစေချင်ဘူး။ ဝင်ဆော်လိုက်ပါ။ ဘိုင်ယန်နဲ့ အက်သလက်တီကိုအပေါ် လေးစားမှု ထားပါ၊ ဒါပေမဲ့ လုံးဝ မကြောက်ပါနဲ့။ ပြီးတော့ မီးရောင်အောက်က အိုးထရက်ဖို့ဒ်မှာ ဘိုင်ယန်ကို ရင်ဆိုင်ရမှာနော်? ငါ့ကိုယုံပါ၊ အဲဒါ ဘိုင်ယန်အတွက်တော့ လုံးဝ မသက်သာတဲ့ ညတစ်ည ဖြစ်သွားနိုင်ပါတယ်။”

ရိုးမားအသင်းကို ကစားသမားဘဝ အိမ်ကွင်းမှာ အနိုင်ယူပြနိုင်ခဲ့တဲ့ မိုက်ကယ်ကားရစ်တစ်ယောက် အခုနည်းပြဘဝမှာလည်း ပြန်ပြီးအနိုင်ယူပြနို
ရိုးမားအသင်းကို ကစားသမားဘဝ အိမ်ကွင်းမှာ အနိုင်ယူပြနိုင်ခဲ့တဲ့ မိုက်ကယ်ကားရစ်တစ်ယောက် အခုနည်းပြဘဝမှာလည်း ပြန်ပြီးအနိုင်ယူပြနိုင်မလား ? #MUMS