ru
Feedback
Four Corners Dialogue

Four Corners Dialogue

Открыть в Telegram
722
Подписчики
-124 часа
-17 дней
-330 дней

Загрузка данных...

Облако тегов
Нет данных
Возникли проблемы? Пожалуйста, обновите страницу или обратитесь к нашему support-менеджеру .
Входящие и исходящие упоминания
---
---
---
---
---
---
Привлечение подписчиков
сентябрь '26
сентябрь '26
+2
в 0 каналах
август '26
+16
в 1 каналах
Get PRO
июль '26
+10
в 0 каналах
Get PRO
июнь '26
+28
в 0 каналах
Get PRO
май '26
+45
в 3 каналах
Get PRO
апрель '26
+18
в 2 каналах
Get PRO
март '26
+15
в 0 каналах
Get PRO
февраль '26
+23
в 0 каналах
Get PRO
январь '26
+11
в 1 каналах
Get PRO
декабрь '25
+24
в 2 каналах
Get PRO
ноябрь '25
+19
в 3 каналах
Get PRO
октябрь '25
+23
в 2 каналах
Get PRO
сентябрь '25
+8
в 2 каналах
Get PRO
август '25
+17
в 1 каналах
Get PRO
июль '25
+25
в 2 каналах
Get PRO
июнь '25
+18
в 1 каналах
Get PRO
май '25
+36
в 1 каналах
Get PRO
апрель '25
+25
в 3 каналах
Get PRO
март '25
+23
в 3 каналах
Get PRO
февраль '25
+13
в 2 каналах
Get PRO
январь '25
+44
в 3 каналах
Get PRO
декабрь '24
+17
в 5 каналах
Get PRO
ноябрь '24
+11
в 0 каналах
Get PRO
октябрь '24
+20
в 1 каналах
Get PRO
сентябрь '24
+35
в 1 каналах
Get PRO
август '24
+39
в 2 каналах
Get PRO
июль '24
+14
в 1 каналах
Get PRO
июнь '24
+16
в 0 каналах
Get PRO
май '24
+51
в 1 каналах
Get PRO
апрель '24
+25
в 0 каналах
Get PRO
март '24
+28
в 1 каналах
Get PRO
февраль '24
+49
в 5 каналах
Get PRO
январь '24
+59
в 3 каналах
Get PRO
декабрь '23
+34
в 2 каналах
Get PRO
ноябрь '23
+34
в 2 каналах
Get PRO
октябрь '23
+367
в 4 каналах
Дата
Привлечение подписчиков
Упоминания
Каналы
06 сентября0
05 сентября0
04 сентября0
03 сентября0
02 сентября+1
01 сентября+1
Посты канала
ဘွိုင်းကောက် လုပ်သင့်/မလုပ်သင့် (လေးမျက်နှာစကားဝိုင်း) ဆွေးနွေးပွဲအသံဖိုင် နားထောင်နိုင်ပါပြီ

2
Zoom ဖွင့်ထားပါပြီ
124
3
ဘွိုင်းကောက် လုပ်သင့်/မလုပ်သင့် (လေးမျက်နှာစကားဝိုင်း)  ၂၀၂၁ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးလှုပ်ရှားမှုတွေထဲမှာ ဘွိုင်းကောက်လုပ်ဆောင်ခြင်းဟာ အထင်ကရ နည်းလမ်းတခုဖြစ်ပါတယ်။ ဘွိုင်းကောက်ဆိုတာကတော့ သုံးစွဲသူတွေအနေနဲ့ မိမိတို့ဆန့်ကျင်တော်လှန်မယ့် ပုဂ္ဂိုလ်တွေ (သို့) အဖွဲ့အစည်းတွေနဲ့ ဆက်စပ်နေတဲ့ ကုန်ပစ္စည်း၊ ဝန်ဆောင်မှုတွေကို မသုံးစွဲကြတော့ဘဲ သပိတ်မှောက်ကာ အပြောင်းအလဲလုပ်ဆောင်လာအောင် ဖိအားပေးတဲ့ နည်းလမ်းတခုဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ကိုလိုနီဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာလည်း ဘွိုင်းကောက် သို့မဟုတ် သပိတ်မှောက်ခြင်းနည်းလမ်းကို တွင်တွင်ကျယ်ကျယ်လုပ်ဆောင်ခဲ့ကြပြီး အောင်မြင်မှုများစွာရရှိခဲ့တဲ့ သမိုင်းဝင်သာဓကတွေရှိပါတယ်။  နွေဦးတော်လှန်ရေးမှာတော့ ဆိုရှယ်မီဒီယာပေါ်ကနေ စည်းရုံးလှုံ့ဆော်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်နိုင်လာတာကြောင့် ဘွိုင်းကောက်ကို ပိုပြီးအရှိန်ပြင်းပြင်းနဲ့ဖော်ဆောင်နိုင်ခဲ့ပါတယ်။ အထိအခိုက်အနည်းဆုံးနဲ့ ပြည်သူအများပါဝင်လုပ်ဆောင်ကာ ဖိအားပေးပြောင်းလဲနိုင်တဲ့နည်းလမ်းဖြစ်တာကြောင့် ဘွိုင်းကောက်နည်းလမ်းကို ပိုပြီးတွင်တွင်ကျယ်ကျယ်လုပ်ဆောင်ဖို့ ဆော်ဩမှုရှိနေပါတယ်။  တဖက်မှာလည်း ဘွိုင်းကောက်လုပ်ဆောင်မှုတွေက အကန့်အသတ်မရှိတော့ဘဲ တဦးနဲ့တဦးအကြား မုန်းတီးမှု၊ ဝေးကွာမှုတွေသာဖြစ်လာစေတာကြောင့် အပြောင်းအလဲဆီဦးမတည်ဘဲ တဖက်ကို တွန်းပို့သလိုသာဖြစ်တယ်လို့ ရှုမြင်သူတွေလည်းရှိကြပါတယ်။ အထူးသဖြင့် တခြားရွေးချယ်ဖို့ခက်ခဲတဲ့ ကုန်ပစ္စည်းတွေနဲ့ အကန့်အသတ်တွေအကြား လုပ်ဆောင်နေရတဲ့ စီးပွားရေးလုပ်ငန်းတွေရဲ့ ပကတိအခြအနေကို ထည့်သွင်းစဉ်းစားဖို့လိုအပ်တယ်လို့လည်း ထောက်ပြကြပါတယ်။ ဒါကြောင့် ဒီအပတ်လေးမျက်နှာစကားဝိုင်းမှာတော့ ဒီလိုမျိုး ဝိရောဓိဖြစ်ဖွယ် ဘွိုင်းကောက်လှုပ်ရှားမှုနဲ့ပက်သက်ပြီး   ၁) ဘွိုင်းကောက်နည်းလမ်းက ပြီးခဲ့တဲ့ငါးနှစ်မှာ ထိရောက်မှုဘယ်လောက်ရှိခဲ့လဲ။​ ၂)​​ ဘွိုင်းကောက်လုပ်ဆောင်ခြင်းကနေ ဘယ်လိုမျိုး အကျိုး၊ အပြစ်တွေ ဖြစ်စေနိုင်မလဲ။  ၃) ရှေ့ဆက်ပြီး ဘွိုင်းကောက်လုပ်သင့်သလား။ ဘယ်လိုဆက်လုပ်သင့်လဲ။  စတဲ့အကြောင်းတွေကို ဆွေးနွေးသွားမှာဖြစ်ပါတယ်။ စိတ်ပါဝင်စားတဲ့ မည်သူမဆို တက်ရောက်ဆွေးနွေးဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ 📌 နေ့ရက် - စက်တင်ဘာ ၂ ရက်နေ့  ဗုဒ္ဓဟူးနေ့၊ မြန်မာစံတော်ချိန် ည ၇ နာရီ 📌  Zoom Link  -  https://us02web.zoom.us/j/85296811115  📌 Zoom ID -  852 9681 1115 (password မလိုပါ) #boycott #fourcorners
274
4
Нет текста...
181
5
အေအိုင် (AI) နဲ့မြန်မာ့ပညာရေး (လေးမျက်နှာစကားဝိုင်း) ဆွေးနွေးပွဲအသံဖိုင် နားထောင်နိုင်ပါပြီ
272
6
Zoom ဖွငိ့ထားပါပြီ
356
7
ကျေးဇူးတင်ရှိခြင်း _______________________________ ပြီးခဲ့တဲ့ သြဂုတ် ၁၅၊ ၁၆ ရက်တွေမှာ Reconnecting Knowledge to Communities (အသိပညာနှင့် လူမှုအသိုင်းအဝိုင်းကို ပြန်လည်ချိတ်ဆက်ခြင်း) လေးမျက်နှာချင်းမိုင်စကားဝိုင်းကို ICBMS5 ညီလာခံရဲ့ဆက်စပ်အစီအစဉ်အဖြစ် နှစ်ရက်တာ ပြုလုပ်ခဲ့ပါတယ်။ ဒီစကားဝိုင်းတွေမှာ ပြည်တွင်းပြည်ပသုတေသီတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေမှာ ပါဝင်လုပ်ကိုင်နေသူတွေ၊ ကျောင်းသားတွေနှင့် အခြားစိတ်ဝင်စားသူ (၈၀)​နီးပါး ပါဝင်ကာ တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။ ဒီနှစ်ရက်တာ ဆွေးနွေးမှုမှာ အကယ်ဒမစ်တွေရဲ့ လူမှုအသိုင်းအဝိုင်းအပေါ်အကျိုးပြုမှုတွေကို မေးခွန်းထုတ်ခဲ့ကြသလို တဖက်မှာလည်း အကယ်ဒမစ်လောကအတွင်းမှာ တွေ့ကြုံနေရတဲ့ ဖိအားနဲ့ အကွဲအဟအခြေအနေတွေကို ပွင့်ပွင့်လင်းလင်းဆွေးနွေးခဲ့ပါတယ်။ ဒါ့အပြင် အကယ်ဒမစ်သုတေသီများအနေနဲ့ ၎င်းတို့ထုတ်လုပ်လေ့လာထားတဲ့ အသိပညာကို လူ့အသိုင်းအဝိုင်းက အသုံးပြုနိုင်ဖို့ ကြားခံပေါင်းကူးပေးမယ့် အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေ၊ အစီအစဉ်တွေနဲ့ ပိုမိုတက်တက်ကြွကြွ ထိတွေ့လုပ်ဆောင်သင့်ကြောင်း ဆွေးနွေးခဲ့ကြပါတယ်။ ဒီဆွေးနွေးမှုတွေရဲ့ ကောက်နုက်ချက်မှတ်တမ်းကိုတော့ မကြာခင်ထုတ်ဝေသွားမှာဖြစ်ပါတယ်။ ပါဝင်သူတွေရဲ့ ပွင့်လင်းမှု​၊ ခင်မင်မှုနဲ့ အပြုသဘောဆောင်တဲ့ ဆွေးနွေးချက်တွေက လေးမျက်နှာရဲ့ ရှေ့လုပ်မယ့်ခရီးအတွက်လည်း အများကြီးအားဖြစ်စေပါတယ် ။ ဒါ့အတွက် ပါဝင်ဆွေးနွေးခဲ့ကြတဲ့ တက်ရောက်သူများ၊ ပွဲစီစဉ်ရေးမှာ ကူညီပေးခဲ့တဲ့ လုပ်အားပေးများ၊ မိတ်ဖက်အဖြစ် ပူးပေါင်းအားဖြည့်ပေးခဲ့တဲ့ Newburma တို့ကိုအထူးပဲ ကျေးဇူးတင်ရှိပါတယ်။ ရှေ့ဆက်ပြီးလည်း လေးမျက်နှာအနေနဲ့ အသိပညာထုတ်လုပ်မှုတွေမှာ လူမှုအသိုင်းအဝိုင်းတခုလုံး ပါဝင်ထိတွေ့စေဖို့ အစီအစဉ်သစ်တွေကို ပြင်ဆင်လုပ်ဆောင်လျက်ရှိတာကြောင့် စောင့်ကြည့်ပါဝင်ပေးဖို့ ဖိတ်ခေါ်အပ်ပါတယ်။ #knowledge #community #four_corners #new_burma
380
8
+2
Нет текста...
292
9
အေအိုင် (AI) နဲ့မြန်မာ့ပညာရေး (လေးမျက်နှာစကားဝိုင်း) မျက်မှောက်ခေတ်မှာ ဉာဏ်ရည်တုနည်းပညာ (အေအိုင်) ကို ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလာကြတာနဲ့အညီ ကမ္ဘာတဝှမ်းလုံး အေအိုင်ရဲ့ သက်ရောက်မှုတွေကို ခံစားနေရပါပြီ။ မြန်မာနိုင်ငံမှာလည်း ပညာရေး၊ စီးပွားရေး၊ ဖျော်ဖြေရေး၊ မီဒီယာအပါအဝင် ကဏ္ဍအများအပြားမှာ အေအိုင်နည်းပညာရဲ့ သက်ရောက်မှုတွေကို ထင်ထင်ရှားရှားတွေ့ရပါတယ်။ ဒါကြောင့် အဲဒီကဏ္ဍများစွာထဲက မြန်မာ့လူ့အဖွဲ့အစည်းအတွက် အလွန်အရေးပါလှတဲ့ ပညာရေးကဏ္ဍအပေါ် အေအိုင်နည်းပညာရဲ့ သက်ရောက်မှုတွေကို ဆွေးနွေးဖို့ လေးမျက်နှာစကားဝိုင်းတစ်ခု ဒီတပတ်မှာ စီစဉ်ထားပါတယ်။ ဒီနေရာမှာ ပညာရေးဆိုတာ စာသင်ခန်းတွင်းပညာရေး၊ စာသင်ခန်းပြင်ပပညာရေး၊ တသက်တာသင်ယူမှုနဲ့ တွေးခေါ်မျှော်မြင်မှု အားလုံးကို ဆိုလိုတာဖြစ်ပါတယ်။ ဒီအခန်းကဏ္ဍတွေမှာ အေအိုင်ရဲ့ ကောင်းကျိုး၊ ဆိုးကျိုး သက်ရောက်မှုတွေနဲ့ပတ်သက်လို့ မိမိရဲ့ အတွေ့အကြုံ၊ အတွေးအခေါ်တွေကို မျှဝေပြီး အပြန်အလှန်သင်ယူသွားကြဖို့ ရည်ရွယ်ပါတယ်။ အဓိကဆွေးနွေးမယ့် အပိုင်းတွေကတော့ - ၁) မိမိအနေနဲ့ အေအိုင်ကို ပညာရေးအတွက် ဘယ်လိုသုံးနေလဲ၊ ဘယ်လိုရလဒ်တွေရှိလဲ ၂) အေအိုင်ရဲ့ မြန်မာ့ပညာရေးအပေါ် ကောင်းကျိုးနဲ့ ဆိုးကျိုးသက်ရောက်မှုတွေက ဘာဖြစ်မလဲ ၃) အေအိုင်ကို ပညာရေးမှာ အကျိုးရှိရှိသုံးနိုင်ဖို့ သက်ဆိုင်သူအသီးသီးက ဘယ်လိုပြင်ဆင်သင့်လဲ စတဲ့အကြောင်းအရာတွေကို ဆွေးနွေးသွားပါမယ်။  စိတ်ပါဝင်စားတဲ့ မည်သူမဆို တက်ရောက်ဆွေးနွေးပေးဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ 📌 နေ့ရက် - သြဂုတ်လ ၁၉ ရက်နေ့  ဗုဒ္ဓဟူးနေ့၊ မြန်မာစံတော်ချိန် ည ၇ နာရီ 📌  Zoom Link  -  https://us02web.zoom.us/j/82717869945  📌 Zoom ID -  827 1786 9945 (password မလိုပါ) #AI #Education #Fourcorners
298
10
Нет текста...
220
11
"အသိပညာနှင့် လူမှုအသိုင်းအဝိုင်းကို ပြန်လည်ချိတ်ဆက်ခြင်း" ချင်းမိုင် စကားဝိုင်း _____________________________ မနက်ဖြန်ကစပြီး ချင်းမိုင်တက္ကသိုလ်က စီစဉ်တဲ့ အပြည်ပြည်ဆိုင်ရာ မြန်မာ့အရေးလေ့လာသူများ ညီလာခံ(ICBMS)ဟာ စတင်တော့မှာဖြစ်ပါတယ်။ ဆက်စပ်အစီအစဉ်အနေနဲ့ ICBMS ကိုတက်ရောက်လာတဲ့ အကယ်ဒမစ်လေ့လာသူတွေနဲ့ မြန်မာ့အရေးလှုပ်ရှားသူတွေအကြား အသိပညာရဲ့ လူ့အဖွဲ့အစည်းအပေါ် သက်ရောက်မှုတွေကို ပြန်လည်ဆင်ခြင်နိုင်ဖို့အတွက် လေးမျက်နှာနဲ့ Newburma အဖွဲ့တို့ ပူးပေါင်းပြီးလည်း လာမယ့် စနေနေ့နဲ့ တနင်္ဂနွေနေ့ ညနေခင်းတွေမှာ အောက်ပါအတိုင်း စကားဝိုင်းတွေ ပြုလုပ်သွားမှာဖြစ်ပါတယ်။ ပထမရက်၊ စနေနေ့မှာတော့ ပြီးခဲ့တဲ့ငါးနှစ်တာကာလအတွင်းက အကယ်ဒမစ်ဂေဟစနစ်ကို ပြန်လည်သုံးသပ်သွားမှာဖြစ်ပြီး နောက်ဆုံးရက်၊ တနင်္ဂနွေနေ့မှာတော့ လူ့အဖွဲ့အစည်းအတွက် အကျိုးဖြစ်စေမယ့် သုတေသနတွေဖြစ်လာအောင် ဘယ်လိုလုပ်ဆောင်သင့်သလဲဆိုတာကို ဆန်းစစ်လေ့လာသွားမှာဖြစ်ပါတယ်။ ညနေခင်းစကားဝိုင်းတွေဖြစ်တာကြောင့် ပေါ့ပေါ့ပါးပါး ပွင့်ပွင့်လင်းလင်းနဲ့ ရင်ဖွင့်ပြောဆိုနိုင်တဲ့ ရပ်ဝန်းတခုဖြစ်ဖို့ ရည်ရွယ်ပါတယ်။ ICBMS ပွဲကို တက်ရောက်ရင်းနဲ့အပြန်မှာ ဝင်ရောက်တာမျိုးဖြစ်စေ၊ ဒါမှမဟုတ် ဒီအကြောင်းအရာကို စိတ်ဝင်စားလို့ တက်ရောက်လိုတာမျိုးဖြစ်စေ ပါဝင်နိုင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ ပွဲမှာတော့ မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာနဲ့ ဆွေးနွေးသွားမှာဖြစ်ပါတယ်။ Saturday(15 August) https://www.facebook.com/share/1GTr1kXYb9/ Sunday(16 August) https://www.facebook.com/share/1C3dTpsjrh/ Registration - https://forms.gle/wJMmWGvUf6wr9NAJ8 #knowledge #community #four_corners #new_burma
305
12
Нет текста...
263
13
လူငယ်တွေရဲ့ခေတ် ဘယ်တော့ရောက်မလဲ​ လေးမျက်နှာစကားဝိုင်း ဆွေးနွေးပွဲအသံဖိုင် နားထောင်နိုင်ပါပြီ
352
14
"မြန်မာ့လူ့အဖွဲ့အစည်းအတွင်း အသိပညာထုတ်လုပ်မှုပုံစံကို ဆန်းစစ်ခြင်း" လေးမျက်နှာစကားဝိုင်းမှ စကားဝိုင်းအပြည့်အစုံအားနားထောင်ရန် https://t.me/c/2169938739/1050 #အသိပညာထုတ်လုပ်မှု #မြန်မာ့လူ့အဖွဲ့အစည်း #fourcorners
401
15
"မြန်မာ့လူ့အဖွဲ့အစည်းအတွင်း အသိပညာထုတ်လုပ်မှုပုံစံကို ဆန်းစစ်ခြင်း" လေးမျက်နှာစကားဝိုင်းမှ စကားဝိုင်းအပြည့်အစုံအားနားထောင်ရန် https://t.me/c/2169938739/1050 #အသိပညာထုတ်လုပ်မှု #မြန်မာ့လူ့အဖွဲ့အစည်း #fourcorners
1
16
Нет текста...
387
17
Zoom ဖွင့်ထားပါပြီ
367
18
လူငယ်တွေရဲ့ခေတ် ဘယ်တော့ရောက်မလဲ​ (လေးမျက်နှာစကားဝိုင်း) (သြဂုတ် ၁၂ တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အထိမ်းအမှတ်) ၂၀၂၁ အာဏာသိမ်းမှုနောက်ပိုင်း မြန်မာလူငယ်တွေအနေနဲ့ ပညာရေးအခွင့်အလမ်းဆုံးရှုံးမှုမှသည် အသက်အန္တရာယ်တွေရင်ဆိုင်ရတဲ့အထိ အကြပ်အတည်းများစွာ တွေ့ကြုံနေရတဲ့အပြင် အခုဆိုရင် စစ်အုပ်စုအပါအဝင် လက်နက်ကိုင်အဖွဲ့အသီးသီးရဲ့ အတင်းအကြပ်စစ်မှုထမ်းဆွဲမှုတွေကြောင့်ပါ နေ့စဉ်နဲ့အမျှ စိုးရိမ်ထိတ်လန့်နေကြရပါတယ်။ တဖက်မှာလည်း စီးပွားရေးနဲ့ ပညာရေးစနစ် ချိနဲ့မှုတွေကြောင့် အလုပ်အကိုင်အခွင့်အလမ်းတွေရှားပါးနေသလို မူးယစ်ဆေး၊ လောင်းကစားနဲ့ ကျားဖြန့်တို့ရဲ့ လွှမ်းမိုးမှုတွေကလည်း လူငယ်တွေရဲ့ အနာဂတ်ကို ခြိမ်းခြောက်နေပါတယ်။ နွေဦးတော်လှန်ရေးမှာလည်း လူငယ် Gen Z တွေကို ဦးဆောင်သူတွေလို လူအများက ပုံဖော်ပြောဆိုနေကြပေမယ့် ပြီးခဲ့တဲ့ငါးနှစ်ကိုပြန်ကြည့်တဲ့အခါ နယ်ပယ်အသီးသီးရဲ့ ဦးဆောင်မှုအပိုင်းမှာ လူငယ်တွေရဲ့ ပါဝင်မှုဆိုတာ အကန့်အသတ်များစွာရှိနေကြပါတယ်။ အမှန်တကယ်တော့ သမိုင်းအဆက်ဆက်မှာ လူငယ်တွေဆိုတာ အစွဲနည်းပြီး စိတ်ကူးသစ်၊ အကြံဥာဏ်သစ်တွေကို ရဲရဲဝံ့ဝံ့ သယ်ဆောင်တတ်ကြတာကြောင့် လူ့အဖွဲ့အစည်းရဲ့ အပြောင်းအလဲဖော်ဆောင်တဲ့နေရာမှာ အရေးပါလှပါတယ်။ ဒါကြောင့် အခုအပါတ် စကားဝိုင်းမှာတော့ ၁။ နိုင်ငံအဝှမ်းဖြစ်နေတဲ့ မတည်ငြိမ်မှုနဲ့ ပဋိပက္ခတွေကြားမှာ လူငယ်တွေ ဘယ်လိုရုန်းကန်လှုပ်ရှားနေကြလဲ။ ၂။ လူငယ်တွေရဲ့ လုပ်ဆောင်နိုင်စွမ်း၊​ဖြစ်မြောက်နိုင်စွမ်းရှိတဲ့အတိုင်း အောင်မြင်ပေါက်မြောက်နိုင်တဲ့ လူ့အဖွဲ့အစည်းဖြစ်ဖို့ ဘာတွေလိုအပ်နေပြီလဲ။ ၃။ ဒီအရွေ့တွေကိုဖော်ဆောင်ဖို့ လူငယ်တွေကြားမှာရော အရည်အချင်းနဲ့ စုဖွဲ့မှုတွေ ရှိနေပြီလား။ စတဲ့အကြောင်းတွေကို ဆွေးနွေးသွားမှာပါ။ လူငယ်များ၊ မိဘပြည်သူများနှင့် စိတ်ဝင်စားသူ မည်သူမဆို တက်ရောက်နိုင်ပါတယ်။ နေ့ရက် - သြဂုတ် ၅ ရက် ဗုဒ္ဓဟူးနေ့၊ မြန်မာချိန် ည ၇ နာရီ Zoom ID – 874 4583 2200 (Password မလိုပါ) Zoom link — https://us02web.zoom.us/j/87445832200 #InternatonalYouthDay2026 #FourCornersDialogue
2 285
19
Нет текста...
275
20
အကယ်ဒမစ် သုတေသီတဦးရဲ့ တာဝန်ကဘာလဲ​ (လေးမျက်နှာ ချင်းမိုင်စကားဝိုင်း)​ လေးမျက်နှာအနေနဲ့ လာမယ့် သြဂုတ်လလယ်၊ ချင်းမိုင်တက္ကသိုလ်မှာ ကျင်းပသွားမယ့် မြန်မာ့ရေးရာလေ့လာမှု အပြည်ပြည်ဆိုင်ရာ ဆွေးနွေးဖလှယ်ပွဲ (ICBMS 5) နဲ့အပြိုင် ညနေခင်းစကားဝိုင်းစီးရီတွေ ပြုလုပ်သွားဖို့စီစဉ်နေပါတယ်။၊ ဒီစကားဝိုင်းစီးရီးတွေရဲ့ ရည်ရွယ်ချက်ကတော့ အကယ်ဒမစ်ရပ်ဝန်းအနေနဲ့ ကွန်မြူနတီရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီတဲ့အပြင် အကျိုးလည်းပြု၊ တာဝန်ခံမှုလည်းရှိတဲ့ သုတေသနတွေကို ဘယ်လိုလုပ်ဆောင်နိုင်မလဲ၊ ဘယ်လိုမျိုး စနစ်ပုံစံသစ်တွေ တည်ဆောက်ဖို့ လိုအပ်မလဲဆိုတာကို ဆန်းစစ်လေ့လာဖို့ ဖြစ်ပါတယ်။ ဒီညနေခင်းစကားဝိုင်းတွေမတိုင်ခင် ရှေးဦးစွာ ချင်းမိုင်မြို့နဲ့ မဲဆောက်မြို့တွေမှာ အကြိုစကားဝိုင်းတချို့ကိုလည်း ပြုလုပ်သွားဖို့ရှိပါတယ်။ အခုလာမယ့် သြဂုတ်လ ၁ ရက် (စနေနေ့) မှာတော့ ချင်းမိုင်မြို့မှာ “အကယ်ဒမစ် သုတေသီတဦးရဲ့ တာဝန်ကဘာလဲ​” ဆိုတဲ့ ခေါင်းစဉ်နဲ့ စကားဝိုင်းပြုလုပ်သွားမှာပါ။ အဲဒီစကားဝိုင်းမှာတော့ အကယ်ဒမစ်သုတေသီတွေအနေနဲ့ အခုလိုမျိုး ပဋိပက္ခတွေ သို့မဟုတ် နိုင်ငံရေးအပြောင်းအလဲတွေ ဖြစ်နေတဲ့အချိန်မှာ ဘယ်လိုမျိုး တာဝန်ယူမှု၊ တာဝန်ခံမှုတွေရှိသင့်သလဲ၊ ကွန်မြူနတီတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ပိုပြီးကောင်းမွန်တဲ့ ထိတွေ့ဆက်ဆံမှုတွေ ဘယ်လိုတည်ဆောက်မလဲ စတာတွေကို ဆွေးနွေးသွားမှာဖြစ်ပါတယ်။ အကယ်ဒမစ် သုတေသီများ၊ ကျောင်းသားကျောင်းသူများ၊ အရပ်ဘက်အဖွဲ့အစည်းများမှာလုပ်ကိုင်နေသူများနဲ့ တခြားစိတ်ဝင်စားသူမည်သူမဆို တက်ရောက်ဆွေးနွေးနိုင်ပါတယ်။ အချိန် - သြဂုတ် ၁ ရက် စနေနေ့ မနက် - ၁၀ - ၁၂ နာရီ နေရာ - ချင်းမိုင်၊ Some Space Gallery ၊ Old Town North Gate အနီး (https://maps.app.goo.gl/RRgCBEep6XxD9rAB6) စာရင်းသွင်းရန် - https://forms.gle/ArwNhphbTsPE2PJw7
413