728
Подписчики
-124 часа
-37 дней
+530 дней
Архив постов
အချက်အလက်ဖောင်းပွမွန်းကျပ်မှုကို ဘယ်လိုရင်ဆိုင်ကြမလဲ
(လေးမျက်နှာစကားဝိုင်း)
ဆွေးနွေးပွဲအသံဖိုင် နားထောင်နိုင်ပါပြီ
ဒီတော့ ဒီလိုမျိုး မဖြစ်ရအောင် တစ်ဖက်လူကို နားလည်မှုရဖို့ ကြိုးစားတဲ့အရာက အရမ်းအရေးကြီးလာပါတယ်။ နားလည်မှုမရှိဘဲနဲ့ တစ်ဖက်လူကို မချစ်နိုင်သလို၊ မစာနာနိုင်ပါဘူး။ စကားချပ်အနေနဲ့ ဒီနေ့ခေတ် လူမျိုးစုအချင်းချင်းကြား နားလည်မှုမရှိဘဲ အတင်းစည်းလုံးပြ၊ ချစ်ခင်ပြနေတာကလည်း ဟန်ဆောင်မှုပဲ ဖြစ်နိုင်ပါတယ်။ နားလည်မှုရှိဖို့ဆို မတူတဲ့ လူမျိုးစုတွေကြား ဒိုင်ယာလော့ရှိဖို့လိုပါတယ်။ ဒီတော့ စာပေကနေရော နားလည်မှုမရနိုင်ဘူးလားဆိုတော့ စာပေကနေအခြားလူမျိုးတွေအကြောင်းလေ့လာတာက အသိမျှသာဖြစ်ပြီး၊ ဒိုင်ယာလော့ကတော့ အကျင့်ပါ။ အကျင့်မပါတဲ့ အသိဟာ တခါလေ အဆိပ်အတောက်သဘောတောင် ဆောင်တတ်ပါသေးတယ်။ ဒါကြောင့် ဒီလိုမျိုး နားလည်စာနာနိုင်ဖို့ ဆိုရင် တစ်ဖက်လူကို အမြဲတမ်း နားလည်ဖို့ ကြိုးစားပေးတတ်တဲ့၊ သဘောထားကြီးတဲ့ “ဖွင့်သောနှလုံး” က ဒိုင်ယာလော့ယဉ်ကျေးမှုကျင့်စဉ်အတွက် အခြေခံအကျဆုံး သီလဖြစ်လာပါတော့တယ်။
လက်တွေ့မှာ ဒီ “ကောင်းသောနားနဲ့ ဖွင့်သော နှလုံး”သာ ရှိနေမယ်ဆိုရင်၊ ရွာထဲက သူငယ်ချင်းတွေလည်း ရွာထိပ်က ကုက္ကိုလ်ပင်ရိပ်မှာ တင် ဒိုင်ယာလော့ (Dialogue) လုပ်လို့ ရသလို၊ ခရီးသွားချင်းလည်း ညောင်ညိုပင်ရိပ်မှာ အမောဖြေရင်း လမ်းကြုံ ဒိုင်ယာလော့ လုပ်လို့ ရပါတယ်။ ထမင်းဝိုင်းမှာ မိသားစုဝင်ချင်းလည်း ဒိုင်ယာလော့ လုပ်လို့ ရသလို၊ ကျောင်းက ဆရာမနဲ့ ကျောင်းသားတွေအကြားမှာလည်း ဒိုင်ယာလော့ လုပ်လို့ ရပါတယ်။ ဒီအရည်အချင်း နှစ်ရပ်သာ မရှိဘူးဆိုရင်တော့ ဖိတ်ဖိတ်တောက်နေတဲ့ ခန်းမကြီးတွေထဲမှာ ရောက်ရှိနေကြပေမဲ့လည်း၊ ဒိုင်ယာလော့ မဖြစ်နိုင်တော့ဘဲ တစ်ယောက်နဲ့ တစ်ယောက် အမုန်းပွားစော်ကားကြတဲ့ "စကားလုံး အကြမ်းဖက်ပွဲကြီး" သာ ဖြစ်သွားနိုင်ပါတယ်။
အနှစ်ချုပ်လိုက်ရရင်တော့ ဒိုင်ယာလော့ယဉ်ကျေးမှုမှာ ဘယ်သူတွေပြောလဲ၊ ဘယ်မှာပြောသလဲ ဆိုတာက ဘာမှ အရေးမပါလှပါဘူး။ “ဘယ်လိုပြောလဲ” ဆိုတာကသာ အဓိက အရေးကြီးဆုံး ဖြစ်ပါတယ်။ ဘယ်လိုပြောမလဲဆိုတော့ “ကောင်းသောနားနဲ့ ဖွင့်သော နှလုံး” ကို အသုံးပြုရင်း ပြောဆိုကြမယ်ဆိုရင်၊ လူအချင်းချင်းကြား ဘယ်နေရာမဆို၊ ဘယ်သူနဲ့မဆို လူတိုင်း ဒိုင်ယာလော့ လုပ်လို့ ရပါတယ်။ အကယ်၍ သင့်မှာလည်း “ကောင်းသောနားနဲ့ ဖွင့်သော နှလုံး” ရှိပြီဆိုရင်တော့ သင် ဆွေးနွေးလိုတာတွေကို ဒီဆောင်းပါးရဲ့ အောက်မှာ စာသားနဲ့အတူ ဒိုင်ယာလော့ ဝင်လုပ်သွားလို့ ရပါပြီ။
ချမ်းကိုဝင်း
#dialogue
#fourcorners
ဒိုင်ယာလော့တစ်ခုလုပ်ဖို့ ဘာတွေ လိုအပ်မလဲ
ဒိုင်ယာလော့ (Dialogue) ဆိုတာ ဘာလဲ၊ ဘာကြောင့် မြန်မာပြည်မှာ သိပ်မထွန်းကားရတာလဲ စသဖြင့် ဆွေးနွေးခဲ့ပြီးနောက်မှာတော့ ဒီယဉ်ကျေးမှု ထွန်းကားဖို့အတွက် သို့မဟုတ် ဒိုင်ယာလော့တစ်ခု ဖြစ်ပေါ်လာဖို့အတွက် ဘာတွေလိုအပ်မလဲဆိုတာကို ဆက်လက် ဆွေးနွေးလိုပါတယ်။ အများစု ဒီလိုဒိုင်ယာလော့ယဉ်ကျေးမှု ပေါ်ပေါက်ဖို့ ခမ်းနားတဲ့ ခန်းမကြီးတွေထဲ ကြီးကျယ်တဲ့ စကားလုံးတွေကို ပညာရှင်ဆန်ဆန် ပြောဆိုဖို့ လိုအပ်သလိုလို၊ ဒါမှမဟုတ် ဘွဲ့ထူးဂုဏ်ထူးတွေ ရှိထားတဲ့ အထက်တန်းလွှာတစ်ခုက အဖွဲ့ဝင်ဖြစ်ဖို့ လိုအပ်သလိုလို စသည်ဖြင့် မြင်တတ်ကြပါတယ်။ တကယ်တော့ ဒါဟာ အများပြည်သူကြားထဲ ဒိုင်ယာလော့ယဉ်ကျေးမှု အားနည်းခဲ့တဲ့ လူ့အဖွဲ့အစည်းတစ်ခုမှာ ဒိုင်ယာလော့ဆိုတာကို အစိုးရတွေ၊ အဖွဲ့အစည်းကြီးတွေနဲ့ အထက်တန်းလွှာတွေကြားမှာပဲ လုပ်ဆောင်ရမယ့် အလုပ်တစ်ခုလို့ မြင်ပါများရာကနေ စွဲမြဲသွားတဲ့ အယူအဆအမှား သဘောသာ ဖြစ်ပါတယ်။
ဒီနေရာမှာ ကတ်သီးကတ်သတ် ပြောစရာရှိတာက ဒိုင်ယာလော့ဆိုတာ အများအားဖြင့် စကား ပြောကြတာဆိုတော့ “စကားမပြောနိုင်တဲ့၊ အကြားအာရုံ ချို့တဲ့တဲ့သူတွေရော ဒိုင်ယာလော့ လုပ်လို့မရဘူးလား” ဆိုတာပါ။ တကယ်တော့ သူတို့လည်း ကိုယ်ပြောချင်တဲ့ အနက်အဓိပ္ပာယ်ကို လက်ဟန်ခြေဟန်ပြ ဘာသာစကား (Sign Language) ဒါမှမဟုတ် စာသားတစ်ခုခုကနေတစ်ဆင့် ပို့ဆောင်ပြီး ပါဝင်နိုင်တယ်ဆိုရင် ဒိုင်ယာလော့ လုပ်လို့ရတာပါပဲ။ အဲဒါကြောင့်မို့လို့ ရှေ့က “ဒိုင်ယာလော့ဆိုတာ စကားပြောရုံသက်သက်ပဲလား”ဆိုတဲ့ ဆောင်းပါးမှာ ဒိုင်ယာလော့ဆိုတာ “အနက်အဓိပ္ပာယ် အပြန်အလှန် ဖလှယ်ရရှိဖို့ အဓိကဖြစ်ကြောင်း” ကို ဦးစားပေးပြီး ဖွင့်ဆိုခဲ့တာ ဖြစ်ပါတယ်။ တကယ်က ဒိုင်ယာလော့ယဉ်ကျေးမှုလို့ အမည်တပ်နိုင်တဲ့ ကောင်းမွန်တဲ့ ဒိုင်ယာလော့တစ်ခု ဖြစ်လာဖို့ဆိုရင်တော့ အရည်အချင်း နှစ်ရပ်ပဲ လိုအပ်ပါတယ်။ အဲဒါတွေကတော့ “ကောင်းသောနားနဲ့ ဖွင့်သော နှလုံး” တို့ပဲ ဖြစ်ပါတယ်။
ပထမဦးဆုံးအနေနဲ့ “ကောင်းသောနား” ဆိုတာနဲ့ပက်သက်ပြီးပြောရရင် ကိုယ်ကပြောဖို့ဘဲ အားသန်ပြီး တဖက်ကအသံကို နားမထောင်ချင်တာ၊ “တစ်ဖက်လူကို နားလည်ဖို့ ကြိုးစားပါတယ်” ဆိုပြီးတော့ ကိုယ့်ရဲ့ အခြေခံအစွဲအလန်းတွေနဲ့ ရောနှောကာပြီး တစ်ဖက်လူရဲ့ စကားကို ကိုယ်အဓိပ္ပာယ်ဖွင့်ချင်သလို ဖွင့်ပြန်ရင်လည်း၊ စကားကိုသာ နားထောင်နေပါရဲ့ “ကောင်းသောနား” ရှိတယ်လို့ မဆိုနိုင်ပြန်ပါဘူး။ နားထောင်တဲ့အခါမှာ အရှိကိုအရှိအတိုင်း (Objectively) နားထောင်ဖို့ဟာ အရမ်းအရေးကြီးပါတယ်။ ကိုယ်နားထောင်ချင်တဲ့ အချက်အလက်တွေကိုပဲ ရွေးနားထောင်တာ၊ ကိုယ့်စိတ်ကြိုက် အဓိပ္ပာယ်ဖွင့်ချင်သလို ဖွင့်နေတာမျိုးဟာ နားသာရှိပေမဲ့ “ကောင်းသောနား” ရှိနေတယ်လို့ လုံးဝမပြောနိုင်ပါဘူး။
ဒီလိုမျိုး "ကောင်းသောနား" မရှိရင်တော့ ဒိုင်ယာလော့ကောင်းတွေကို ဖြစ်ထွန်းစေဖို့ အခက်အခဲ ရှိစေရုံတင်မကဘဲ၊ လက်ရှိ ရှိနှင့်ပြီးသား ဖြစ်တည်နေတဲ့ ဒိုင်ယာလော့တွေကိုပါ လုံးဝ ပြတ်တောက် ဇာတ်သိမ်းသွားစေနိုင်တဲ့ အန္တရာယ် ရှိပါတယ်။ ဒါကြောင့် ကောင်းသောနားဟာ ဒိုင်ယာလော့ယဉ်ကျေးမှုကျင့်စဉ်အတွက် အဓိကအဖြစ်ဆုံး သီလဖြစ်လာပါတော့တယ်။
ဒုတိယအနေနဲ့ “ဖွင့်သောနှလုံး” ဆိုတာနဲ့ ပတ်သက်ပြီး ဆွေးနွေးကြည့်ချင်ပါတယ်။ ဒီအချက်ဟာ မိမိက စကားပြောဆိုတဲ့နေရာမှာရော၊ တစ်ဖက်လူပြောတဲ့ စကားကို သေသေချာချာ နားထောင်တဲ့ နေရာမှာရော မရှိမဖြစ် လိုအပ်တဲ့၊ ကောင်းမွန်တဲ့ ဒိုင်ယာလော့ (Dialogue) အားလုံးရဲ့ ထိပ်တန်းအရည်အသွေးတစ်ခုလို့ ဆိုရင်လည်း ရနိုင်ပါတယ်။ ဒိုင်ယာလော့တစ်ခု လုပ်ပြီဆိုကတည်းက မတူညီတဲ့သူတွေ အချင်းချင်း စကားပြောကြရမှာ ဖြစ်ပါတယ်။ မတူညီတဲ့သူတွေဆိုတာမှာ မတူညီတဲ့ နောက်ခံအကြောင်းတရားတွေ၊ ဘဝအတွေ့အကြုံတွေ အများကြီး ရှိကြတဲ့အတွက်ကြောင့် ကွဲပြားတဲ့ အမြင်တွေ၊ ခံစားချက် ထုတ်ဖော်ပုံတွေနဲ့ စကားလုံး အသုံးအနှုန်းတွေ အများကြီး ပါလာမှာ ဖြစ်ပါတယ်။ အဲဒီလို အခြေအနေမျိုးမှာ သဘောထားကြီးမှု၊ ပွင့်လင်းတဲ့စိတ်နဲ့ နားထောင်ပေးမှု၊ ပြန်လည်တုံ့ပြန်မှုတွေဟာ အရမ်းကို အရေးကြီးလာပါတော့တယ်။ ဒါကိုပဲ “ဖွင့်သောနှလုံး”ရှိဖို့လိုတယ်လို့ ဆိုတာဖြစ်ပါတယ်။
ဒီနေရာမှာ “ဖွင့်သောနှလုံး”မရှိရင် ဘာဖြစ်မလဲဆိုတာလည်း ဆွေးနွေးစရာ ဖြစ်လာပါတယ်။ ဒိုင်ယာလော့သာ လုပ်နေကြပေမဲ့ ဖွင့်သောနှလုံး မရှိဘူးဆိုရင်၊ တစ်ဖက်လူရဲ့ လေယူလေသိမ်းနဲ့ စကားအသုံးအနှုန်းတွေ ကိုယ်အတွက်အဆင်မပြေတာနဲ့ “သူ ဘာကြောင့် ဒီလိုပြောရတာလဲ” ဆိုတာကို နားလည်ဖို့ မကြိုးစားတော့ဘဲ တစ်ဖက်လူကို ရန်ငြိုးဖွဲ့မယ်၊ တေးမှတ်ထားမယ်၊ ပြန်လည်တိုက်ခိုက်ပါလိမ့်မယ်။ တိုက်ခိုက်တယ်ဆိုတဲ့နေရာမှာလည်း လက်နက်နဲ့ တိုက်ခိုက်မှသာ တိုက်ခိုက်တာမဟုတ်ဘဲ၊ စကားလုံးကြမ်းကြမ်းတွေနဲ့ တိုက်ခိုက်တာဟာလည်း တိုက်ခိုက်တာ၊ အကြမ်းဖက်တာ (Verbal Abuse/Violence) ပဲ ဖြစ်ပါတယ်။ တစ်ဖက်လူ စိတ်နှလုံး နာကျင်သွားအောင်ပဲ လုပ်လုပ်၊ ရုပ်ပိုင်းဆိုင်ရာ နာကျင်အောင်ပဲ လုပ်လုပ်၊ နာကျင်ရတာကတော့ အတူတူပါပဲ။ တစ်ဖက်လူကို နာကျင်စေချင်တဲ့ ရည်ရွယ်ချက်ကတင် အကြမ်းဖက်မှုတို့ရဲ့အခြေခံ အုတ်မြစ် ဖြစ်ပါတယ်။
မင်္ဂလာပါ လေးမျက်နှာရဲ့ မိတ်ဖက်ဖြစ်တဲ့ Freedom Fighter အဖွဲ့ကနေ မနက်ဖြန်မှာ People’CSO Dialogue ကို လုပ်သွားဖို့ရှိပါတယ်။
စိတ်ဝင်စားရင် အောက်ပါအတိုင်း တက်ရောက်ပါဝင်နိုင်ပါတယ်။
People's CSO Dialouge (စက်တင်ဘာ ၁၉ အွန်လိုင်းစကားဝိုင်း)
အရပ်ဘက်အဖွဲ့အစည်းလို့ ခေါ်ကြတဲ့ စီအက်စ်အိုတွေမှာ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရပါတယ်။ နိုင်ငံတကာ ရန်ပုံငွေတွေ ဖြတ်တောက်ခံနေရသလို စစ်အာဏာသိမ်းမှုနောက်ဆက်တွဲ နိုင်ငံရေးဖိအားအများအပြား ခံရပြီး အရပ်ဘက်ဝန်းကျင်တွေ ကျဉ်းမြောင်းလာပါတယ်။ ဒါ့အပြင် စီအက်စ်အိုတွေအနေနဲ့ နိုင်ငံတကာထောက်ပံ့လို့သာ ပရောဂျက်ဆန်ဆန် လာရောက်လုပ်ကိုင်တယ်ဆိုတဲ့ အမြင်တွေကလည်း သက်ဆိုင်ရာ ပြည်သူတွေ၊ ကွန်မြူနတီတွေရဲ့ ယုံကြည်မှုရဖို့ ရုန်းကန်လာရပါတယ်။
ဒီလို အကျပ်အတည်းတွေက အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ ဆက်လက်တည်ရှိမှုကို မေးခွန်းထုတ်နေပေမယ့် တစ်ဖက်မှာလည်း ရှေ့ဆက်ပြီး မတူညီတဲ့ ပုံစံအသစ်တွေကို ဖော်ထုတ်လုပ်ဆောင်နိုင်ဖို့ အခွင့်အလမ်းတစ်ရပ်ကို ဖန်တီးပေးနေပါတယ်။
မြန်မာစီအက်စ်အိုတွေအနေနဲ့ နိုင်ငံတကာမူဝါဒနဲ့ နိုင်ငံရေးကန့်သတ်မှုတွေအပေါ် တိုက်ရိုက်လွှမ်းမိုးနိုင်ဖို့ ခက်ခဲပေမယ့် ပြည်သူတွေနဲ့ ဘယ်လိုမျိုး ဆက်ဆံရေးတည်ဆောက်မလဲဆိုတာကိုတော့ အတွင်းကနေ ပြောင်းလဲနိုင်တယ်လို့ ယုံကြည်ပါတယ်။ အထူးသဖြင့် ပြည်သူတွေကို သမရိုးကျ ကျေးဇူးခံ ကျေးဇူးစား - Beneficiary အဖြစ်ရှုမြင်ခြင်းကနေ ကျော်လွန်ပြီး အပြန်အလှန် ပံ့ပိုးအမှီသဟဲပြုတဲ့ မိတ်ဖက်ဆက်ဆံရေးတစ်ခုကို တည်ထောင်နိုင်မယ်ဆိုရင် စီအက်စ်အိုတွေရဲ့ ရေရှည်တည်တံ့မှုနဲ့ လူ့အဖွဲ့အစည်းအပေါ် အကျိုးဖြစ်ထွန်းမှုတွေကို အများကြီး သက်ရောက်စေနိုင်ပါလိမ့်မယ်။
ဒီလိုမျိုး ပြည်သူ့စီအက်စ်အိုတွေ ဖြစ်လာစေဖို့ Freedom Fighter နဲ့ Impact 360 Myanmar အဖွဲ့တို့ ပူးပေါင်းပြီး “People’s CSO Dialogue” ကို ပြုလုပ်သွားမှာဖြစ်ပါတယ်။ မိမိတို့ရဲ့ ဖြတ်သန်းမှု၊ ကြုံတွေ့နေရတဲ့ စိန်ခေါ်ချက်များကို ပြန်လည်ဆင်ခြင်သုံးသပ်ရင်း ပြည်တွင်းပြည်ပက ပြည်သူ့အခြေပြု စီအက်စ်အို နမူနာပုံစံများကို အတူတကွလေ့လာကာ ရှေ့ဆက်ပြီး ပြည်သူ့စီအက်စ်အိုဖြစ်လာဖို့ အိုင်ဒီယာတွေကို အတူတကွ ထုတ်ဖော်သွားကြမှာပါ။
ယခု People’s CSO ဒိုင်ယာလော့အစီအစဉ်မှာ စီအက်စ်အိုတွေအနေနဲ့
၁) ပြည်သူတွေကို ဘယ်လိုတာဝန်ခံနိုင်မလဲ (Accountability)
၂) ပြည်သူတွေရဲ့ ပူးပေါင်းပါဝင်မှုကို ဘယ်လိုမြှင့်တင်နိုင်မလဲ (Participation)
၃) ပြည်သူတွေနဲ့ စီအက်စ်အိုအကြား ပါဝါမျှတတဲ့ ဆက်ဆံရေး ဘယ်လိုတည်ဆောက်မလဲ (Power Sharing) စတဲ့အကြောင်းတွေကို ဆွေးနွေးသွားမှာဖြစ်ပါတယ်။
ပြုလုပ်မည့်အချိန် - ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက် မနက် ၈ခွဲမှ ၁၁ ခွဲ (မြန်မာချိန်)
Registration Link - https://forms.gle/bYzr3oMWVpErULyMA (စက်တင်ဘာ ၁၈ ရက်နေ့) နောက်ဆုံးစာရင်းသွင်းပါရန်)
Registration ပြုလုပ်သွားမည့်သူများကိုသာ Email ပို့သွားမည်ဖြစ်ပါသည်။
အချက်အလက်ဖောင်းပွမွန်းကျပ်မှုကို ဘယ်လိုရင်ဆိုင်ကြမလဲ
(လေးမျက်နှာစကားဝိုင်း)
လူသားတွေဟာ မိမိတို့ရရှိတဲ့ အချက်အလက်ပေါ် မူတည်ပြီး ဆုံးဖြတ်ချက်တွေကို တဦးချင်းစီကနေ အစုအဖွဲ့အလိုက်အထိ ချမှတ်ဆောင်ရွက်လေ့ရှိကြပါတယ်။ ဒါကြောင့် မှန်ကန်ပြီး အရည်အသွေးကောင်းမွန်တဲ့ အချက်အလက်တွေရရှိဖို့ဆိုတာ လူ့အဖွဲ့အစည်းရဲ့ ရှင်သန်ရပ်တည်ရေးနဲ့ တိုးတက်ဖွံ့ဖြိုးရေးအတွက် အသက်တမျှအရေးပါလှပါတယ်။
အင်တာနက်မပေါ်ခင် ခေတ်ဟောင်းကာလတွေတုန်းကတော့ ပြည်သူတွေအနေနဲ့ အချက်အလက် ရှားပါးဆင်းရဲခြင်းနဲ့ အာဏာပိုင်တွေရဲ့ ဆင်ဆာဖြတ်တောက်ခြင်းဒါဏ်ကို ရင်ဆိုင်ခံစားခဲ့ရပါတယ်။ တဖန် အင်တာနက်ပေါ်ပြီး နောက်ပိုင်းကာလတွေမှာလည်း အချက်အလက်တွေကို လွယ်လွယ်ကူကူ ထုတ်လုပ်ဖြန့်ချိလာနိုင်တယ်ဆိုပေမယ့် အဲဒီအချက်အလက်တွေဟာ အထိန်းအကွပ်မဲ့ များပြားဖောင်းပွလွန်းတာကြောင့် ပြဿနာအသစ်တွေ တွေ့ကြုံလာရပြန်ပါတယ်။
သတင်းအမှားတွေ၊ အာရုံစိုက်ဖို့ အသားပေးတဲ့ သွေးထိုးလှုံ့ဆော်မှုတွေကြောင့် လူအများမှာ အာရုံထွေပြားပြီး ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိတဲ့အခြေအနေ တွေ့ကြုံလာရပါတယ်။ ဒါ့အပြင် မိမိတို့ရဲ့ သုံးစွဲမှုပုံစံနဲ့ စေ့ဆော်မှုတွေကို သက်ဆိုင်ရာ ပလတ်ဖောင်းနဲ့ အယ်လ်ဂိုရမ်သမ်တွေကလည်း အမြဲမပြတ်စောင့်ကြည့်နေကြပြီး လွှမ်းမိုးထိန်းချုပ်အမြတ်ထုတ်အသုံးချဖို့ လုပ်လာကြပါတယ်။ လောင်းကစား၊ကျားဖြန့်နဲ့ လိင်အသားပေး အကြောင်းအရာတွေကလည်း နေရာတိုင်းမှာ လွှမ်းမိုးလာပါတယ်။
ဒါကြောင့် အခုအပါတ် လေးမျက်နှာစကားဝိုင်းမှာတော့
၁) မိမိတို့ပါတ်ဝန်းကျင်မှာ ဒီဂျစ်တယ်အချက်အလက်တွေကို ဘယ်လိုမျိုး ထုတ်လုပ်စားသုံးနေကြလဲ၊
၂) မိမိတို့တကိုယ်ရည်အနေနဲ့ အချက်အလက်ဖောင်းပွမှုကို ဘယ်လိုရင်ဆိုင်နေကြလဲ၊
၃) မြန်မာ့လူ့အဖွဲ့အစည်းအနေနဲ့ အချက်အလက်ဖောင်းပွမွန်းကျပ်မှုကို ဘယ်လိုနည်းတွေနဲ့ ကျော်လွှားဖြေရှင်းနိုင်မလဲ စတဲ့အကြောင်းအရာတွေကို ဆွေးနွေးသွားမှာဖြစ်ပါတယ်။
စိတ်ဝင်စားသူ မည်သူမဆို တက်ရောက်ပါဝင်နိုင်ပါတယ်။
📌 နေ့ရက် - စက်တင်ဘာ ၁၆ ရက်နေ့ ဗုဒ္ဓဟူးနေ့၊ မြန်မာစံတော်ချိန် ည ၇ နာရီ
📌 Zoom Link - https://us02web.zoom.us/j/84337437888
📌 Zoom ID - 843 3743 7888 (password မလိုပါ)
#အချက်အလက် #ဖောင်းပွမွန်းကျပ်မှု
#လေးမျက်နှာ #စကားဝိုင်း
"ဘွိုင်းကောက် လုပ်သင့်/မလုပ်သင့်"
လေးမျက်နှာစကားဝိုင်းမှ
စကားဝိုင်းအပြည့်အစုံအားနားထောင်ရန်
https://t.me/c/2169938739/1106
#boycott
#fourcorners
"ဘွိုင်းကောက် လုပ်သင့်/မလုပ်သင့်"
လေးမျက်နှာစကားဝိုင်းမှ
စကားဝိုင်းအပြည့်အစုံအားနားထောင်ရန်
https://t.me/c/2169938739/1106
#boycott
#fourcorners
အသိပညာနှင့်_လူမှုအသိုင်းအဝိုင်းကို_ပြန်လည်ချိတ်ဆက်ခြင်း_အကျဉ်းချုပ်မှတ်တမ်း.pdf2.37 KB
+2
"အသိပညာနှင့် လူမှုအသိုင်းအဝိုင်းကို ပြန်လည်ချိတ်ဆက်ခြင်း" စကားဝိုင်း
အကျဉ်းချုပ်မှတ်စု
#knowledge #community
#four_corners #a_new_burma
ဘွိုင်းကောက် လုပ်သင့်/မလုပ်သင့်
(လေးမျက်နှာစကားဝိုင်း)
ဆွေးနွေးပွဲအသံဖိုင် နားထောင်နိုင်ပါပြီ
ဘွိုင်းကောက် လုပ်သင့်/မလုပ်သင့်
(လေးမျက်နှာစကားဝိုင်း)
၂၀၂၁ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးလှုပ်ရှားမှုတွေထဲမှာ ဘွိုင်းကောက်လုပ်ဆောင်ခြင်းဟာ အထင်ကရ နည်းလမ်းတခုဖြစ်ပါတယ်။ ဘွိုင်းကောက်ဆိုတာကတော့ သုံးစွဲသူတွေအနေနဲ့ မိမိတို့ဆန့်ကျင်တော်လှန်မယ့် ပုဂ္ဂိုလ်တွေ (သို့) အဖွဲ့အစည်းတွေနဲ့ ဆက်စပ်နေတဲ့ ကုန်ပစ္စည်း၊ ဝန်ဆောင်မှုတွေကို မသုံးစွဲကြတော့ဘဲ သပိတ်မှောက်ကာ အပြောင်းအလဲလုပ်ဆောင်လာအောင် ဖိအားပေးတဲ့ နည်းလမ်းတခုဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ကိုလိုနီဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာလည်း ဘွိုင်းကောက် သို့မဟုတ် သပိတ်မှောက်ခြင်းနည်းလမ်းကို တွင်တွင်ကျယ်ကျယ်လုပ်ဆောင်ခဲ့ကြပြီး အောင်မြင်မှုများစွာရရှိခဲ့တဲ့ သမိုင်းဝင်သာဓကတွေရှိပါတယ်။
နွေဦးတော်လှန်ရေးမှာတော့ ဆိုရှယ်မီဒီယာပေါ်ကနေ စည်းရုံးလှုံ့ဆော်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်နိုင်လာတာကြောင့် ဘွိုင်းကောက်ကို ပိုပြီးအရှိန်ပြင်းပြင်းနဲ့ဖော်ဆောင်နိုင်ခဲ့ပါတယ်။ အထိအခိုက်အနည်းဆုံးနဲ့ ပြည်သူအများပါဝင်လုပ်ဆောင်ကာ ဖိအားပေးပြောင်းလဲနိုင်တဲ့နည်းလမ်းဖြစ်တာကြောင့် ဘွိုင်းကောက်နည်းလမ်းကို ပိုပြီးတွင်တွင်ကျယ်ကျယ်လုပ်ဆောင်ဖို့ ဆော်ဩမှုရှိနေပါတယ်။
တဖက်မှာလည်း ဘွိုင်းကောက်လုပ်ဆောင်မှုတွေက အကန့်အသတ်မရှိတော့ဘဲ တဦးနဲ့တဦးအကြား မုန်းတီးမှု၊ ဝေးကွာမှုတွေသာဖြစ်လာစေတာကြောင့် အပြောင်းအလဲဆီဦးမတည်ဘဲ တဖက်ကို တွန်းပို့သလိုသာဖြစ်တယ်လို့ ရှုမြင်သူတွေလည်းရှိကြပါတယ်။ အထူးသဖြင့် တခြားရွေးချယ်ဖို့ခက်ခဲတဲ့ ကုန်ပစ္စည်းတွေနဲ့ အကန့်အသတ်တွေအကြား လုပ်ဆောင်နေရတဲ့ စီးပွားရေးလုပ်ငန်းတွေရဲ့ ပကတိအခြအနေကို ထည့်သွင်းစဉ်းစားဖို့လိုအပ်တယ်လို့လည်း ထောက်ပြကြပါတယ်။
ဒါကြောင့် ဒီအပတ်လေးမျက်နှာစကားဝိုင်းမှာတော့ ဒီလိုမျိုး ဝိရောဓိဖြစ်ဖွယ် ဘွိုင်းကောက်လှုပ်ရှားမှုနဲ့ပက်သက်ပြီး
၁) ဘွိုင်းကောက်နည်းလမ်းက ပြီးခဲ့တဲ့ငါးနှစ်မှာ ထိရောက်မှုဘယ်လောက်ရှိခဲ့လဲ။
၂) ဘွိုင်းကောက်လုပ်ဆောင်ခြင်းကနေ ဘယ်လိုမျိုး အကျိုး၊ အပြစ်တွေ ဖြစ်စေနိုင်မလဲ။
၃) ရှေ့ဆက်ပြီး ဘွိုင်းကောက်လုပ်သင့်သလား။ ဘယ်လိုဆက်လုပ်သင့်လဲ။
စတဲ့အကြောင်းတွေကို ဆွေးနွေးသွားမှာဖြစ်ပါတယ်။ စိတ်ပါဝင်စားတဲ့ မည်သူမဆို တက်ရောက်ဆွေးနွေးဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
📌 နေ့ရက် - စက်တင်ဘာ ၂ ရက်နေ့ ဗုဒ္ဓဟူးနေ့၊ မြန်မာစံတော်ချိန် ည ၇ နာရီ
📌 Zoom Link - https://us02web.zoom.us/j/85296811115
📌 Zoom ID - 852 9681 1115 (password မလိုပါ)
#boycott
#fourcorners
အေအိုင် (AI) နဲ့မြန်မာ့ပညာရေး
(လေးမျက်နှာစကားဝိုင်း)
ဆွေးနွေးပွဲအသံဖိုင် နားထောင်နိုင်ပါပြီ
