7 123
Подписчики
+224 часа
+77 дней
+830 дней
Архив постов
7 123
❝ မိုးစက်တွေကြားက ဆင်းသက်လာတဲ့ တေးသံစဉ် ❞
🪟ပြတင်းမှန်ပေါ် တိုးဝှေ့ကျလာတဲ့ မိုးစက်သံနဲ့အတူ မြေသင်းနံ့ ခပ်သင်းသင်းလေး လွင့်ပျံ့လာပြီဆိုရင် Hypers🎓 လေးတို့ ရင်ထဲမှာရော ဘယ်လို အမှတ်တရဟောင်းလေးတွေ ပြန်လည်နိုးထလာတတ်ကြပါသလဲ။ ဒီလို မှိုင်းညို့ညို့ မိုးအေးအေးလေးမှာ စိတ်အစုံကို ငြိမ့်ငြိမ့်လေး စီးမျောသွားစေမဲ့ လွမ်းဆွတ်ဖွယ် တေးသံစဉ်လေးတွေကိုရော နားဆင်ဖြစ်ကြတယ် မဟုတ်လား။
🌧️ မိုးရာသီဆိုတာ သဘာဝတရားကြီးကို စိမ်းလန်းစိုပြည်စေရုံတင်မကဘဲ ရင်အစုံကိုပါ နူးညံ့တဲ့ အေးချမ်းမှုမျိုး ပေးစွမ်းနိုင်တဲ့ ရာသီပဲ မဟုတ်လား Hypers🎓 လေးတို့ရေ။ ဒီလို ရာသီမျိုးမှာ တံစက်မြိတ်က ကျနေတဲ့ မိုးစက်သံလေးတွေနဲ့အတူ စိတ်ကို အပန်းပြေစေမဲ့ တေးသံစဉ်လေးတစ်ပုဒ် သာသာယာယာ ဖွင့်ထားလိုက်ရင်တော့ဖြင့် မိုးရာသီရဲ့ အလှဟာ အပြည့်ဝဆုံး ရုပ်လုံးကြွလို့လာမှာ အမှန်ပါပဲ။ ဒါကြောင့် ဒီကနေ့မှာ မိုးအေးအေးနဲ့ နားထောင်လို့ ကောင်းမဲ့ သီချင်းဟောင်းတွေထဲက သီချင်းကောင်းလေးတချို့ကို ပြောပြပေးသွားပါမယ်။
🎵 ပထမဆုံးအနေနဲ့ မိုးရာသီရဲ့ အငွေ့အသက်တွေကြားမှာ အတိတ်က ချစ်ရသူကို ပြန်လည်မျှော်လင့် စောင့်စားနေတဲ့ ဗညားဟန်ရဲ့ "ဝါဆိုမိုးနှင့် ပြန်ခဲ့ပါ" သီချင်းလေးကတော့ မိုးအေးအေးမှာ ဆွေးချင်တဲ့ Hypers🎓 လေးတို့နဲ့ လိုက်ဖက်နေမှာ အမှန်ပါပဲ။ တေးရေးဆရာ နိုင်မြန်မာရဲ့ "ဝါဆို"၊ "ပထမဝါဆို" နဲ့ "ဒုတိယဝါဆို" စတဲ့ တေးလက်ရာတွေဟာလဲ မိုးရာသီရဲ့ အပြောင်းအလဲနဲ့ ရင်ထဲက နူးညံ့တဲ့ စိတ်ခံစားချက်တွေကို သဘာဝအလှနဲ့ ယှဉ်တွဲပြီး စိတ်ချမ်းမြေ့ဖွယ် ရေးဖွဲ့ပေးထားတဲ့ သီချင်းတွေလို့ ဆိုရပါမယ်။
ဒါ့အပြင် စိုးလွင်လွင်ရဲ့ "တစ်နေ့သော မိုးဥတုတစ်နေ့သ၌" သီချင်းလေးကဆိုရင် မိုးအေးအေးလေးမှာ ဖြစ်ပေါ်တတ်တဲ့ ဆယ်ကျော်သက်အရွယ် လူငယ်တွေရဲ့ ဖြူစင်လှတဲ့ ချစ်ခြင်းမေတ္တာအကြောင်းကို ရင်ထဲထိတွေ့အောင် သီဆိုပြထားတဲ့ တေးသီချင်းလေး တစ်ပုဒ်ပါ။ ပြတင်းတံခါး အပြင်ဘက် မိုးစက်တွေကျချိန်မှာ လွမ်းဆွတ်ရတဲ့ ခံစားချက်ကို ပါးပါးလေးနဲ့ ရင်ထဲထိမိအောင် ပို့ဆောင်ပေးတတ်တဲ့ နောက်ထပ် တစ်ပုဒ်ကတော့ မျိုးကျော့မြိုင်နဲ့ ထွန်းအိန္ဒြာဗိုတို့ရဲ့ "မိုးလေးဖွဲတုန်း" သီချင်းလေးပဲ ဖြစ်ပါတယ်။ "မိုးလေးဖွဲတုန်း" သီချင်းကိုဆိုရင် အခုနောက်ပိုင်းမှာ တေးသံရှင်တချို့က ပြန်လည်သီဆိုထားကြပါသေးတယ် 🎶
🎼 မိုးရွာသံဟာ သဘာဝတရားကြီးက ခပ်ဆိတ်ဆိတ် ဖန်တီးလိုက်တဲ့ တေးသွားတစ်ပုဒ်ဆိုရင် ဒီသီချင်းလေးတွေကတော့ အဲဒီတေးသွားထဲမှာ ရောယှက်စီးဆင်းနေတဲ့ လူတွေရဲ့ ချစ်ခြင်း၊ လွမ်းခြင်းနဲ့ အမှတ်တရ ပုံပြင်လေးတွေပဲ ဖြစ်ပါတယ် Hypers🎓 လေးတို့ရေ။ ပြတင်းတံခါးနားမှာ ထိုင်ရင်း မိုးရနံ့လေးနဲ့အတူ ဒီတေးသံစဉ်တွေကို ကော်ဖီလေးတစ်ခွက်နဲ့ စီးမျောလိုက်တာဟာ မိုးရာသီရဲ့ အေးချမ်းမှုကို နက်နက်ရှိုင်းရှိုင်း ခံစားလိုက်ရတာပါပဲ။ Hypers🎓 လေးတို့ရော ဒီလို မိုးရာသီမျိုးမှာ ဘယ်သီချင်းလေးတွေကို ခဏခဏ ဖွင့်နားထောင်ဖြစ်ကြလဲနော်🎙️
🎒 Hypen ဟာ လူငယ်တွေ ဗဟုသုတ၊ ရသအစုံအလင် ထည့်ပေးထားတဲ့ လွယ်အိတ်လေး တစ်လုံးအဖြစ် အမြဲရှိနေပေးမှာမလို့ ဗဟုသုတတွေ ဖြည့်ဖို့အတွက် လွယ်အိတ်ကလေးကို အနားမှာ ထားဖို့ရာလဲ မမေ့ပါနဲ့နော်။
🎧𝗛𝘆𝗽𝗲𝗻 𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 𝗣𝗮𝗴𝗲
https://www.facebook.com/profile.php?id=100083376309050&mibextid=ZbWKwL
🎧 𝗛𝘆𝗽𝗲𝗻 𝗢𝗿𝗴𝗮𝗻𝗶𝘇𝗮𝘁𝗶𝗼𝗻 𝗖𝗵𝗮𝗻𝗻𝗲𝗹
https://t.me/hypenorg
🎧 𝗛𝘆𝗽𝗲𝗻 𝗧𝗶𝗸𝘁𝗼𝗸 𝗔𝗰𝗰
https://www.tiktok.com/@hypen_org?_r=1&_t=ZS-939RVMpSfEz
#ContentWriterbyShune
#GraphicDesignbyPoepo
#Hypen_Edu
#MelodiesoftheRain

စပ်စုစိန်လေးတွေဖြစ်ခဲ့တဲ့ ငယ်ဘဝဆီပြန်သွားကြရအောင်…. 🔙
Hypers🎓 လေးတို့ရဲ့ ပတ်ဝန်းကျင်မှာ အကြောင်းအရာတစ်ခုခုကို “ဘယ်လိုဖြစ်တာလဲ၊ ဘာကြောင့်လဲ” ဆိုပြီး အဖြေကို မသိရမချင်း အမေးအမြန်းထူတဲ့ ကလေးလေးတွေကို တွေ့ဖူးကြတယ်ဟုတ် 👀
🤩 ဒီလိုတွေ မြင်ရတဲ့အခါမှာ Hypers🎓 လေးတို့ ကိုယ်တိုင်ကလဲ တစ်ချိန်တုန်းက အခုလိုမျိုး Curious ဖြစ်ခဲ့ဖူးတယ် ဆိုတာကိုရော ပြန်မှတ်မိလောက်ကြမလားနော်❔
🌏 ကမ္ဘာကြီးပေါ် ခြေစချတဲ့ ကလေးငယ်တွေဟာ အစိမ်းသက်သက်ဖြစ်နေတဲ့ ပတ်ဝန်းကျင်ကိုလိုက်ပြီး ပဟေဠိဆန်တဲ့ မေးခွန်းတွေနဲ့အတူ စပ်စုလေ့ရှိတတ်ကြပါတယ်။ ဥပမာပြောရရင် “ကောင်းကင်မှာ ကြယ်တွေက ဘာလို့ ရှိနေရတာလဲ၊ လေကို ဘာကြောင့် မမြင်ရတာလဲ” ဆိုတဲ့ မေးခွန်းတွေ ထုတ်လိုက်တဲ့ အခါမှာတော့ ဖြေဆိုဖို့ရာ ခဲယဉ်းသွားတာပေါ့နော်။ ဒီလို အခြေအနေမှာ “ကလေးက ကလေးလိုမနေဘူး”၊ “နေရာတကာဝင်မပါနဲ့” ဆိုတဲ့ အဖြေတွေကြောင့် ကလေးငယ်တွေရဲ့ စူးစမ်းလိုစိတ်ဟာ ငုပ်လျှိုးသွားခဲ့ရပါတယ် 😨
💁🏻♂️ ကဲ ဒါကြောင့် ကွယ်ပျောက်သွားတဲ့ စူစမ်းလိုစိတ်လေးတွေကို Hypen နဲ့လက်တွဲပြီး ပြန်ဖော်ထုတ်ဖို့ ဒီအပတ် Speaking Club လေးကို "Stay curious, Stay brainy" ဆိုတဲ့ Topic လေးနဲ့အတူ အေးဆေးဆွေးနွေးသွားကြဖို့ ဖိတ်ခေါ်ချင်ပါတယ်။
💌𝗧𝗼𝗽𝗶𝗰: 𝗦𝘁𝗮𝘆 𝗖𝘂𝗿𝗶𝗼𝘂𝘀, 𝗦𝘁𝗮𝘆 𝗕𝗿𝗮𝗶𝗻𝘆
🎙️𝗙𝗮𝗰𝗶𝗹𝗶𝘁𝗮𝘁𝗼𝗿𝘀: 𝗪𝗲𝗸𝗶, 𝗣𝗵𝘆𝘂 𝗦𝗶𝗻
🗓️𝗗𝗮𝘁𝗲: 𝟭𝟯.𝟵.𝟮𝟬𝟮𝟲(𝗦𝘂𝗻𝗱𝗮𝘆)
⏰𝗧𝗶𝗺𝗲: 𝟴:𝟬𝟬 𝗣𝗠 𝘁𝗼 𝟵:𝟬𝟬 𝗣𝗠
🌐𝗟𝗮𝗻𝗴𝘂𝗮𝗴𝗲: 𝗘𝗻𝗴𝗹𝗶𝘀𝗵
💻𝗣𝗹𝗮𝘁𝗳𝗼𝗿𝗺: 𝗭𝗼𝗼𝗺
Hypers🎓 လေးတို့ စဉ်းစားကြည့်ဖူးကြလား….
ကမ္ဘာပေါ်မှာ အောင်မြင်ပြီး ဗဟုသုတ ကြွယ်ဝခဲ့တဲ့ လူတော်တော်များများဟာ တစ်ချိန်တုန်းက ရပ်တန့်မရတဲ့ စူးစမ်းချင်စိတ် အပြည့်ရှိခဲ့တဲ့ ကလေးလေးတွေ ဖြစ်ခဲ့ကြလို့ ဆိုတာကိုလေ။ ဥပမာ - Alexander Graham Bell လိုမျိုး တယ်လီဖုန်းကို တီထွင်ခဲ့သူ၊ Penicillin ကို ရှာဖွေတွေ့ရှိခဲ့တဲ့ Alexander Fleming စတဲ့ ပုဂ္ဂိုလ်ကြီးတွေဟာ ဒီတိုင်း ပျင်းလို့၊ ဒါမှမဟုတ် ပိုက်ဆံရချင်လို့ လုပ်ခဲ့ကြတာ မဟုတ်ပါဘူးနော် 🙅♂️
သူတို့ရဲ့ ရင်ထဲမှာရှိတဲ့ "ဒါက ဘာလို့ ဒီလိုဖြစ်ရတာလဲ" ဆိုတဲ့ စူးစမ်းချင်စိတ်ကပဲ ဒီနေ့ခေတ်မှာ Hypers🎓 လေးတို့ အသုံးပြုနေကြတဲ့ အရာတွေကို တီထွင်နိုင်ဖို့ တွန်းအားပေးခဲ့တာ ဖြစ်ပါတယ် 🚀🌟
မပြောနိုင်ဘူးလေ၊ ဒီ Speaking Club လေးကို တက်ရောက်လိုက်တာဟာ ကိုယ့်ရင်ထဲမှာ ပုန်းကွယ်နေတဲ့ စူးစမ်းစိတ်ကလေးကို ပြန်လည်နှိုးဆွပေးလိုက်တဲ့ လမ်းစလေးတစ်ခု ဖြစ်သွားနိုင်တယ်ဆိုတာကိုပေါ့ ဉာဏ်ကြီးရှင်လေးတို့ရေ 🧠✨
ဒီလောက်ဆို လက်မနှေးနေတော့ဘဲ အခုပြထားတဲ့ Link လေးကနေ Speaking Club ကို တန်း Join လိုက်တော့နော် 👋💛
𝐇𝐲𝐩𝐞𝐧 𝐒𝐩𝐞𝐚𝐤𝐢𝐧𝐠 𝐂𝐥𝐮𝐛 𝐂𝐡𝐚𝐧𝐧𝐞𝐥 𝐋𝐢𝐧𝐤
https://t.me/+Cyv5PjnaSO02MThl
နောက်ထပ် အခုလိုမျိုး English စကားပြောစွမ်းရည်ကို Level Up လုပ်ပေးနိုင်မဲ့ စိတ်ဝင်စားစရာ Topic ဆန်းဆန်းလေးတွေလဲ ရှိသေးတာကြောင့် Hypen ရဲ့ Platform တွေကို Follow ထားဖို့တော့ လိုမယ်နော်။
🔎 𝗛𝘆𝗽𝗲𝗻 𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 𝗣𝗮𝗴𝗲
https://www.facebook.com/profile.php?id=100083376309050&mibextid=ZbWKwL
🔎 𝗛𝘆𝗽𝗲𝗻 𝗢𝗿𝗴𝗮𝗻𝗶𝘇𝗮𝘁𝗶𝗼𝗻 𝗖𝗵𝗮𝗻𝗻𝗲𝗹
https://t.me/hypenorg
🔎 𝗛𝘆𝗽𝗲𝗻 𝗧𝗶𝗸𝘁𝗼𝗸 𝗣𝗮𝗴𝗲
https://www.tiktok.com/@hypen_org?_r=1&_t=ZS-939RVMpSfEz
#ContentwriterbyChueandMyat
#GraphicDesignbyElsin
#Hypen_Org
#StayCuriousStayBrainy
#EnglishSpeakingClub
7 123
❝ တကယ်လို့သာ လူတစ်ယောက်ရဲ့ဘဝမှာ ဒုတိယလူ ဖြစ်ခဲ့မယ်ဆိုရင် ❞
Hypers🎓 လေးတို့ ကိုယ်တိုင်က ဒုတိယလူတော့ မဟုတ်ပေမဲ့ ဝတ္ထုတွေ ဖတ်ကြတဲ့အခါ ဒါမှမဟုတ် ရုပ်သံ ဇာတ်လမ်းတွဲတွေ ကြည့်ကြတဲ့အခါမှာဆိုရင် အဓိကဇာတ်ဆောင်ထက် အရံဇာတ်ကောင်ကိုမှ ရွေးပြီး ကြိုက်မိသွားကြတဲ့ အချိန်တွေ ရှိတတ်ကြတယ်ဟုတ် 🤔
🫀 အဲဒီလို အချိန်တွေမှာဆိုရင် Hypers🎓 လေးတို့ရဲ့ ရင်ထဲက အရံဇာတ်ကောင်တွေဟာ “အရံလူ” ထက် ပိုတဲ့ ခံစားချက်မျိုး ရဖူးကြမှာပါ။ ဘာလို့လဲဆိုရင်တော့ တစ်ခါတလေမှာ အရံဇာတ်ကောင်တွေ ဆိုတာက အဓိက ဇာတ်ဆောင်တွေထက်တောင် ပိုပြီး လူသားဆန်နေတတ်သလို၊ ဇာတ်ဆောင် မင်းသမီးရဲ့ ဘေးမှာ အရိပ်တကြည့်ကြည့်၊ မပိုင်ဆိုင်ရလဲ ဖြစ်တယ်ဆိုတဲ့ စိတ်နဲ့ အမြဲတမ်း ပေးဆပ်နေတဲ့သူတွေ ဖြစ်နေလို့ပါပဲ 👀
🪄 တကယ်လို့များ Hypers🎓 လေးတို့ ဘဝမှာ အရံဇာတ်ကောင် တစ်ယောက် ဖြစ်ခဲ့မယ်ဆိုရင် သူတို့နေရာကို ဝင်ခံစားကြည့်ပြီး ကိုယ်တိုင်က ဗီလိန်ဖြစ်နေခဲ့ပြီလား ဆိုတာကို တွေးမိဖူးကြလားနော်။ အပြင်လူတစ်ယောက်ကို အပေါ်ယံပဲ ကြည့်မယ်ဆိုရင် အရံဇာတ်ကောင်ဆိုတာက အဆန်းမဟုတ်ပေမဲ့ တကယ်တမ်းကျတော့ သူတို့လောက် အနစ်နာခံပေးတတ်ပြီး၊ အသေးစိတ်ကအစ ဂရုစိုက်ပေးတတ်တဲ့အပြင် အရာရာကို စွန့်လွှတ်ရဲတာကလဲ အရံဇာတ်ကောင်တွေပါပဲ 💘
🎬 ဒါဆိုရင် ဇာတ်လမ်းထဲမှာ ပထမလူ မဖြစ်ခဲ့ရပေမဲ့ ပရိသတ်တိုင်းရဲ့ ရင်ထဲမှာတော့ နံပါတ်တစ် ဖြစ်ခွင့်ရခဲ့တဲ့ “အရံဇာတ်ကောင်” တွေနဲ့ ပတ်သက်ပြီး. . .
ဘာဖြစ်လို့ Hypers🎓 လေးတို့က အဓိက ဇာတ်ကောင်တွေထက် အရံဇာတ်ကောင်တွေကို ပိုပြီး Reality ဆန်တယ်လို့ ခံစားကြရတာလဲ❓
အရာရာမှာ ပြည့်စုံလွန်းတဲ့ ဇာတ်လိုက်တွေထက် အပြစ်အနာဆာတွေနဲ့ လူသားဆန်တဲ့ ဒုတိယလူတွေကိုမှ Hypers🎓 လေးတို့က ဘာလို့ ပိုကြွေတတ်ကြတာလဲ❓
ဇာတ်လိုက်လဲ မဟုတ်၊ ဗီလိန်လဲ မကျတဲ့ ဒီအရံဇာတ်ကောင်တွေက ဇာတ်လမ်းတစ်ပုဒ် ပြည့်စုံဖို့အတွက်ဆိုရင် ဘယ်လောက်ထိ အရေးပါနေတာလဲ❓
ဆိုတဲ့ မေးခွန်းလေးတွေကို အတူတူ အဖြေရှာကြရင်း ပထမလူ မဟုတ်ခဲ့ပေမဲ့လဲ ရင်ထဲမှာတော့ နေရာယူထားနိုင်တဲ့ "ဒုတိယလူ" အကြောင်းကို English လို စကားလုံးလှလှလေးတွေနဲ့ တော်ကီကြွယ်နိုင်မဲ့ အခွင့်အရေးလေး ရှိပါတယ်နော် Hypers🎓 လေးတို့ရေ။
✌️ 𝐓𝐨𝐩𝐢𝐜: 𝐓𝐡𝐞 𝐏𝐬𝐲𝐜𝐡𝐨𝐥𝐨𝐠𝐲 𝐨𝐟 𝐒𝐢𝐝𝐞 𝐂𝐡𝐚𝐫𝐚𝐜𝐭𝐞𝐫𝐬
👥 𝐅𝐚𝐜𝐢𝐥𝐢𝐭𝐚𝐭𝐨𝐫𝐬: 𝐃𝐨𝐫𝐚 & 𝐍𝐢𝐤𝐨𝐥𝐚𝐢
🗓️ 𝐃𝐚𝐭𝐞: 𝟔.𝟗.𝟐𝟎𝟐𝟔 (𝐒𝐮𝐧𝐝𝐚𝐲)
🕗𝐓𝐢𝐦𝐞: 𝟖:𝟎𝟎 𝐏𝐌 𝐭𝐨 𝟗:𝟑𝟎 𝐏𝐌
🌐𝐋𝐚𝐧𝐠𝐮𝐚𝐠𝐞: 𝐄𝐧𝐠𝐥𝐢𝐬𝐡
💻𝐏𝐥𝐚𝐭𝐟𝐨𝐫𝐦: 𝐙𝐨𝐨𝐦
ဆန်းသစ်လှတဲ့ Topic လေးနဲ့ အင်္ဂလိပ်လို သဘာဝကျကျ စကားပြောလေ့ကျင့်ရင်း၊ စိတ်တူကိုယ်တူ သူငယ်ချင်းတွေနဲ့အတူ ပျော်ပျော်ပါးပါး ဆုံတွေ့ချင်တယ်ဆိုရင်တော့ ပေးထားတဲ့ Link လေးကနေ အရောက်လှမ်းခဲ့ကြဖို့ ဖိတ်ခေါ်လိုက်ပါရစေ 🫂
𝐇𝐲𝐩𝐞𝐧'𝐬 𝐄𝐧𝐠𝐥𝐢𝐬𝐡 𝐒𝐩𝐞𝐚𝐤𝐢𝐧𝐠 𝐂𝐥𝐮𝐛 𝐆𝐫𝐨𝐮𝐩 𝐋𝐢𝐧𝐤
https://t.me/+Cyv5PjnaSO02MThl
💠 ဆန်းဒေးရဲ့ Speaking Club တွေအပြင် တခြားသော စာပေ၊ ရသနဲ့ ဗဟုသုတရှိစေတဲ့ အကြောင်းအရာလေးတွေကိုပါ Hypen က မျှဝေပေးနေတာမို့ Follow လုပ်ဖို့လဲ မမေ့ကြပါနဲ့။
🎀 𝐇𝐲𝐩𝐞𝐧 𝐅𝐚𝐜𝐞𝐛𝐨𝐨𝐤 𝐏𝐚𝐠𝐞
https://www.facebook.com/profile.php?id=100083376309050&mibextid=ZbWKwL
🎀 𝐇𝐲𝐩𝐞𝐧 𝐎𝐫𝐠𝐚𝐧𝐢𝐳𝐚𝐭𝐢𝐨𝐧 𝐂𝐡𝐚𝐧𝐧𝐞𝐥
https://t.me/hypenorg
🎀 𝐇𝐲𝐩𝐞𝐧 𝐓𝐢𝐤𝐓𝐨𝐤 𝐏𝐚𝐠𝐞
https://www.tiktok.com/@hypen_org?_r=1&_t=ZS-939RVMpSfEz
#ContentWriterbyAprilandZinWinHtetKyaw
#GraphicDesignbyKcube
#Hypen_Org
#PsychologyofSideCharacters
#SideCharacters
#Englishspeakingclub