es
Feedback

¡No caigas en manos de tramposos! Telemetrio encuentra y marca estos canales 👉 Si quieres ver la etiqueta, suscríbete

Hypen Education

Hypen Education

Ir al canal en Telegram
7 127
Suscriptores
-224 horas
-227 días
-430 días
Archivo de publicaciones
𝐀𝐧𝐧𝐨𝐮𝐧𝐜𝐞𝐦𝐞𝐧𝐭 𝐅𝐨𝐫 𝐇𝐚𝐩𝐩𝐲 𝐓𝐡𝐚𝐝𝐢𝐧𝐠𝐲𝐮𝐭 𝐇𝐨𝐥𝐢𝐝𝐚𝐲 🪔 🏮မကြာခင် အချိန်အခါလေးမှာဆိုရင် အိမ်တိုင်းရဲ့ရှေ့မှာ မီးပန်းလေးတွေ၊ စက္ကူမီးအိမ်လေးတွေ၊ ဆီမီးခွက်လေးတွေနဲ့ ထိန်လင်းနေတဲ့ သီတင်းကျွတ်ညလေးတွေ ရောက်တော့မှာကို Hypers🎓 လေးတို့ သိကြတယ်ဟုတ်။ ဒီလိုမျိုး တစ်နှစ်မှာ တစ်ကြိမ်သာ ကျရောက်တဲ့ ဆီမီးတွေ ထိန်လင်းနေမဲ့ပွဲတော်လေးမှာ Hypen ရဲ့ မိသားစုဝင် Member လေးတွေ၊ Hypers🎓 လေးတို့နဲ့အတူ ချစ်ရတဲ့ မိသားစုဝင် သူငယ်ချင်းတွေပါ အတူပျော်ပျော်ရွှင်ရွှင် ဆင်နွှဲနိုင်စေမဲ့ သီတင်းကျွတ်ပိတ်ရက်လေးကို ပြောပြပေးချင်ပါတယ်။ 🗓 သီတင်းကျွတ်ပိတ်ရက်လေးအဖြစ် October 24 ရက်နေ့ကနေ October 30 ရက်နေ့အထိ သတ်မှတ်ထားပြီး Hypen ရဲ့ Sunday Speaking Club လေးတွေ၊ ပညာဒါနပြုပေးနေတဲ့ Free Class လေးတွေအပြင် Page Messenger မှာ ရှိနေတဲ့ စာလွှာလေးတွေကို Reply ပြန်တာလေးတွေကိုပါ ခေတ္တခဏ ရပ်နားထားမှာပါနော် Hypers🎓 လေးတို့ရေ။ ဒီပိတ်ရက်လေးတွေ ကုန်ဆုံးတဲ့ October 31 ရက်နေ့လေးမှာတော့ Hypen Organization လေးက အရင်အတိုင်း Knowledge Sharing Content လေးတွေနဲ့အတူ ပြန်လည် Active ဖြစ်မယ်ဆိုတာလေးကိုလဲ အသိပေးလိုက်ချင်ပါတယ်🎐 🪔 တစ်နှစ်မှာ တစ်ကြိမ်သာကျရောက်တဲ့ သီတင်းကျွတ် မီးထွန်းပွဲတော်လေးမှာ Hypers🎓 လေးတို့အားလုံး ဆီမီးတွေထွန်းညှိရင်း ပျော်ရွှင်ဖွယ်ရာ နေ့ရက်လေးကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းလျက် 💌 🪔 𝐇𝐲𝐩𝐞𝐧 𝐅𝐚𝐜𝐞𝐛𝐨𝐨𝐤 𝐏𝐚𝐠𝐞 https://www.facebook.com/profile.php?id=100083376309050&mibextid=ZbWKwL 🪔 𝐇𝐲𝐩𝐞𝐧 𝐎𝐫𝐠𝐚𝐧𝐢𝐳𝐚𝐭𝐢𝐨𝐧 𝐂𝐡𝐚𝐧𝐧𝐞𝐥 https://t.me/hypenorg 🪔 𝐇𝐲𝐩𝐞𝐧 𝐓𝐢𝐤𝐓𝐨𝐤 𝐏𝐚𝐠𝐞 https://www.tiktok.com/@hypen_org?_r=1&_t=ZS-939RVMpSfEz #ContentwriterbyZinWinHtetKyaw #GraphicDesignby #Hypen_Org #Hypen_Edu #Thadingyut #Holidays

photo content

🏝️ 𝐇𝐲𝐩𝐞𝐧 𝐅𝐚𝐜𝐞𝐛𝐨𝐨𝐤 𝐏𝐚𝐠𝐞 https://www.facebook.com/profile.php?id=100083376309050&mibextid=ZbWKwL 🏝️ 𝐇𝐲𝐩𝐞𝐧 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 𝐂𝐡𝐚𝐧𝐧𝐞𝐥 https://t.me/hypenedu 🏝️ 𝐇𝐲𝐩𝐞𝐧 𝐎𝐫𝐠𝐚𝐧𝐢𝐳𝐚𝐭𝐢𝐨𝐧 𝐂𝐡𝐚𝐧𝐧𝐞𝐥 https://t.me/hypenorg 🏝️ 𝐇𝐲𝐩𝐞𝐧 𝐓𝐢𝐤𝐓𝐨𝐤 𝐏𝐚𝐠𝐞 https://www.tiktok.com/@hypen_org?_r=1&_t=ZS-939RVMpSfEz #ContentwriterbyAprilThazin #GraphicDesignbyY #Hypen_Edu #TrunyanCemetery

ဒါ့အပြင် ထရွန်ယန်ရွာ (Trunyan Village) မှာဆိုရင် ဒေသခံတို့ရဲ့ ရိုးရာဓလေ့နဲ့ လူတစ်ယောက် ဆုံးပါးသွားတဲ့ အခြေအနေတွေအပေါ် မူတည်ပြီး သတ်မှတ်ထားတဲ့ သင်္ချိုင်းသုံးမျိုး ရှိပါတယ်။ ၁။ Sema Wayah (မဲပဆာဓလေ့ဖြင့် သင်္ဂြိုဟ်ရာ) ဒီနေရာကတော့ ထရွန်ယန်ရွာရဲ့ အထင်ရှားဆုံး သင်္ချိုင်းနေရာတစ်ခုပါပဲ။ ဒီသင်္ချိုင်းက နာမည်ကြီး “တာရု မဲန်ယန်” သစ်ပင်အနီးမှာ တည်ရှိပြီး ထူးခြားတဲ့ (Mepasah) ဓလေ့ကို ဆက်လက် ထိန်းသိမ်းထားတာဖြစ်လို့ ထရွန်ယန်ရဲ့ ယဉ်ကျေးမှုအမွေအနှစ်ကို အဓိက ကိုယ်စားပြုနေတဲ့ နေရာတစ်ခုလဲ ဖြစ်ပါတယ် 🪹 ၂။ Sema Nguda (ကလေးသူငယ်များနဲ့ အိမ်ထောင်မပြုရသေးသူများအတွက် သင်္ချိုင်း) Sema Muda လို့လဲ ခေါ်ကြတဲ့ ဒီသင်္ချိုင်းကတော့ ကလေးငယ်တွေနဲ့ အိမ်ထောင်မပြုရသေးသူတွေအတွက် သီးသန့် သတ်မှတ်ပေးထားတဲ့ နေရာလေးတစ်ခု ဖြစ်ပါတယ်။ ဒီနေရာမှာ သင်္ဂြိုဟ်တဲ့ပုံစံကတော့ ကွယ်လွန်သူရဲ့ အသက်အရွယ်နဲ့ ဒေသခံတို့ရဲ့ ရိုးရာစည်းမျဉ်းတွေအပေါ် မူတည်ပြီး ကွဲပြားတာလေးတွေ ရှိနိုင်ပါတယ်။ တချို့အခြေအနေတွေမှာ Mepasah ဓလေ့ကို သုံးကြပေမဲ့ တချို့ကျတော့လဲ မြေမြှုပ်သင်္ဂြိုဟ်ကြပါတယ်။ ဒါကြောင့် ထရွန်ယန်ရွာမှာ ကွယ်လွန်သူတိုင်းကို တူညီတဲ့ နည်းလမ်းတစ်ခုတည်းနဲ့ မသင်္ဂြိုဟ်ဘဲ ကွဲပြားမှုတွေ ရှိတယ်ဆိုတာကို ဒီသင်္ချိုင်းက ဖော်ပြနေတာပါပဲနော် 🧐 ၃။ Sema Bantas (မတော်တဆမှုနဲ့ သဘာဝမဟုတ်တဲ့ အခြေအနေကြောင့် သေဆုံးသူများအား မြေမြှုပ်သင်္ဂြိုဟ်သည့် သင်္ချိုင်း) ဒီသင်္ချိုင်းနေရာမှာကတော့ မတော်တဆမှုတွေ ဒါမှမဟုတ် တခြားသဘာဝမဟုတ်တဲ့ အခြေအနေတွေကြောင့် ဆုံးပါးသွားရတဲ့သူတွေအတွက် သတ်မှတ်ထားတာပါတဲ့။ ဒါ့အပြင် ဒေသခံတွေရဲ့ ရိုးရာစည်းမျဉ်းအရ ရုပ်အလောင်းမှာ ထိခိုက်ဒဏ်ရာနဲ့ အခြားသတ်မှတ်ထားတဲ့ အခြေအနေတွေနဲ့ ကိုက်ညီမှု ရှိနေရင်လဲ ဒီ Sema Bantas သင်္ချိုင်းမှာပဲ သီးသန့် မြေမြှုပ်သင်္ဂြိုဟ်ကြတာပါ Hypers🎓 လေးတို့ရေ။ ဒါကြောင့်လဲ Sema Wayah နဲ့ မတူဘဲ Sema Bantas မှာတော့ ရုပ်အလောင်းတွေကို မြေမြှုပ်သင်္ဂြိုဟ်တဲ့ နည်းလမ်းကို အသုံးပြုကြတာဖြစ်လို့ ဒီသင်္ချိုင်းဟာ သေဆုံးတဲ့ အခြေအနေနဲ့ ဒေသခံတို့ရဲ့ ရိုးရာဓလေ့တွေကြား ဆက်စပ်မှုကို ထင်ရှားစွာ ဖော်ပြနေတာပဲ ဖြစ်ပါတယ် 🪦 🏝️ ‌ဒါဖြင့် ဘာလီကျွန်းရဲ့ အခြားတစ်ဖက်မှာရှိတဲ့ ဒီဆန်းကြယ်လှတဲ့ သင်္ချိုင်းဆီ ကိုယ်တိုင်သွားရောက် လေ့လာချင်တယ်ဆိုရင် ဘာတွေသိထားဖို့ လိုမလဲ 😵‍💫 🚤 ဒီဆန်းကြယ်လှတဲ့ သင်္ချိုင်းဆီ သွားရောက် လည်ပတ်ချင်တယ်ဆိုရင်တော့ ဘာတူးရ်အိုင် (Lake Batur) ကို ခဒီဆန် (Kedisan) ဒါမှမဟုတ် အနီးနားရှိ လှေဆိပ်ကနေ စက်လှေနဲ့ တစ်ခဏ‌ ဖြတ်ကူးရမှာဖြစ်ပါတယ်။ ဒါပေမဲ့ မနက် (၈) နာရီကနေ (၁၀) နာရီအတွင်း သွားရောက် လည်ပတ်တာက လှိုင်းငြိမ်ပြီး အန္တရာယ်ကင်းသလို မိုးရာသီမှာဆိုရင်တော့ နိုဝင်ဘာကနေ မတ်လအထိဟာ လှေစီးရတာ အန္တရာယ်များတဲ့အပြင် မြေပြင်မှာလဲ ရွှံ့ဗွက်တွေ ရှိနေတတ်တာကို သတိပြုရပါလိမ့်မယ်။ ဒါတင်မကသေးဘဲ အဲဒီနေရာကို ရောက်ပြီဆိုရင်လဲ စူးစမ်းချင်စိတ်နဲ့ အရိုး၊ ဦးခေါင်းခွံတွေကို လက်နဲ့ထိကိုင်ခွင့် မရသလို အဲဒီမှာရှိတဲ့ ဘယ်လိုပစ္စည်းကိုမဆို အပြင်ကို ယူဆောင်သွားလို့ မရပါဘူး။ အထူးသဖြင့် ဓမ္မတာသွေး လာနေတဲ့ အမျိုးသမီးတွေ ဝင်ရောက်ခွင့်မရှိဘူးဆိုတဲ့ တင်းကျပ်တဲ့ ရိုးရာစည်းကမ်းတွေကိုတော့ လေးစားလိုက်နာကြရမှာပါတဲ့ Hypers🎓 လေးတို့ရေ 🤐 🏛️ တကယ်တော့ ဒီထရွန်ယန်သင်္ချိုင်းဟာ ဘာလီအာဂါလူမျိုးတို့ရဲ့ သမိုင်းနဲ့ ရိုးရာယဉ်ကျေးမှုကို အပြည့်အဝ ထင်ဟပ်နေတဲ့ နေရာတစ်ခုဖြစ်ပြီး အလွန်ပဲ အရေးပါလှပါတယ်။ ဘိုးဘွားစဉ်ဆက် လက်ဆင့်ကမ်းလာတဲ့ မဲပဆာဓလေ့ကို ယနေ့ထက်တိုင် ဆက်လက်ထိန်းသိမ်းထားတာက သူတို့ရဲ့ ရှေးရိုးရာယဉ်ကျေးမှုအပေါ် တန်ဖိုးထားတတ်ပုံကို သိရှိစေနိုင်သလို၊ သေဆုံးခြင်းဆိုင်ရာ ခံယူချက် ကွဲပြားပုံတွေကို လေ့လာရင်း တခြားယဉ်ကျေးမှုတွေကိုလဲ လေးစားနားလည်တတ်စေဖို့ အထောက်အကူပြုပါတယ်နော် 🫡 🌱 အခုဆိုရင်တော့ Hypers🎓 လေးတို့ သိတဲ့ ဘာလီကျွန်းဟာ အခြားတစ်ဖက်မှာတော့ သာယာလှပတဲ့ ကမ်းခြေတွေတင်မက လူသေကို မြေမမြှုပ်၊ မီးမရှို့ဘဲ လေဟာပြင်မှာ ထားရှိတဲ့ ရှေးဟောင်း “မဲပဆာ” ဓလေ့နဲ့ လျှို့ဝှက်ဆန်းကြယ်လှတဲ့ “ထရွန်ယန် သင်္ချိုင်း” တို့ တည်ရှိရာ ရိုးရာယဉ်ကျေးမှု အမွေအနှစ်အပြည့်နဲ့ နေရာတစ်ခုလဲ ဖြစ်နေတယ်ဆိုတာကို သိရှိသွားကြလောက်ပြီပေါ့။ 🤫 နောက်ပိုင်းမှာလဲ Hypers🎓 လေးတို့အတွက် ဒီလိုမျိုး ကမ္ဘာတစ်ဝန်းက စိတ်ဝင်စားစရာကောင်းတဲ့ ထူးဆန်းအံ့ဖွယ်ရာ ရိုးရာယဉ်ကျေးမှု အမွေအနှစ်တွေ၊ လျှို့ဝှက်ချက်အသစ်တွေကို ဖော်ထုတ်ရင်း ဆက်လက် တင်ဆက်ပေးသွားမှာမို့လို့ Hypen ရဲ့ Platform လေးတွေကို Like and Follow လုပ်ထားကြဖို့ မမေ့ပါနဲ့အုံးနော် 🪶

❝ ဘာလီကျွန်းလို့ ပြောလိုက်တာနဲ့ အရင်ဆုံး ပြေးမြင်မိတာ ဘာများဖြစ်မလဲ ⁉️ ❞ 🏝️ တကယ်တမ်း Hypers🎓 လေးတို့ ကိုယ်တိုင်လဲ ဘာလီကျွန်းလို့ ပြောလိုက်တာနဲ့ သာယာလှပတဲ့ ကမ်းခြေပါတီတွေနဲ့ ဇိမ်ခံအပန်းဖြေစခန်းတွေရှိတဲ့ ကျွန်းလေးလို့ပဲ မြင်မိကြတယ်ဟုတ် 👀 🍂 ဒါပေမဲ့ ထူးဆန်းတဲ့ အချက်တစ်ခုက ကမ္ဘာလှည့်ခရီးသည်တွေတောင် သိပ်မရောက်ဖြစ်ကြသလို၊ လျှို့ဝှက်ဆန်းကြယ်ပြီး ရှေးဟောင်းရိုးရာယဉ်ကျေးမှုတွေ ရှင်သန်နေဆဲဖြစ်တဲ့ ဘာလီကျွန်းရဲ့ အခြားတစ်ဖက်မှာ လူတွေသေတဲ့အခါ မြေမမြှုပ်၊ မီးမရှို့ဘဲ လေဟာပြင်ထဲ ဒီအတိုင်းထားပြီး သင်္ဂြိုဟ်တဲ့ ရွာတစ်ရွာ ရှိနေတယ်ဆိုတာပါပဲ 😰 🪶 အခုလို အံ့ဩဖွယ်ရာတွေနဲ့ ပြည့်နှက်နေတဲ့ ရွာငယ်လေးဟာဆိုရင် အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်း၊ ဘန်းဂလီခရိုင် (Bangli Regency) ဖြစ်တဲ့ ကင်တာမာနီ (Kintamani) ရှိ ဘာတူးရ် (Batur) အိုင်ရဲ့ အရှေ့ဘက်ကမ်းမှာ တည်ရှိပြီး၊ ရှေးဟောင်း ဘာလီအာဂါ (Bali Aga) တိုင်းရင်းသားမျိုးနွယ်စုတွေ ရေရှည် ထိန်းသိမ်းလာခဲ့တဲ့ “ထရွန်ယန် သင်္ချိုင်း” တစ်ခု ဖြစ်နေတာပါပဲ Hypers🎓 လေးတို့ရေ 🪦 🥀 အဲဒီလို သေဆုံးသွားတဲ့ ရုပ်အလောင်းတွေကို မြေမြှုပ်ဖို့ ဒါမှမဟုတ် မီးသင်္ဂြိုဟ်ဖို့ မလိုအပ်ဘဲ သစ်ပင်ကြီးအောက်က လေဟာပြင်မှာ ဒီအတိုင်း ထားလိုက်ရုံနဲ့ ရာသီဥတုဒဏ်ကြောင့် အနံ့ဆိုးတွေ ဘယ်လိုဖြစ်သွားမလဲ ဆိုတာကိုရော စဉ်းစားမိဖူးကြလား❓ 🌳 တကယ်တော့ ဒီလိုမျိုး မီးလဲမရှို့၊ မြေလဲမမြှုပ်တဲ့ ဘာလီကျွန်းရဲ့ ထူးဆန်းအံ့သြဖွယ်ရာ ဖြစ်ရပ်ကတော့ “မဲပဆာ” ဓလေ့ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ထရွန်ယန်ရွာလေးမှာဆိုရင် ဘာလီဟိန္ဒူတွေရဲ့ ထုံးစံအတိုင်း ရုပ်အလောင်းတွေကို မီးသင်္ဂြိုဟ်တာ (Ngaben) နဲ့ လုံးဝမတူဘဲ၊ အဲဒီ “မဲပဆာ” (Mepasah) လို့ ခေါ်တဲ့ ရှေးဟောင်း နတ်ကိုးကွယ်မှုဓလေ့ကိုတော့ တန်ဖိုးထားကာ အခုချိန်ထိ ဆက်လက် လိုက်နာကျင့်သုံး နေကြတုန်းပါပဲတဲ့ Hypers🎓 လေးတို့ရေ 😓 🌿 ဒါဆိုရင် “မဲပဆာ” ထုံးတမ်းစဉ်လာ ဓလေ့က ဘာကြောင့် ထူးခြားတာလဲ ဆိုတဲ့ ဖြစ်ရပ်တချို့ကို ဆက်လေ့လာကြည့်ရအောင်နော် ~~ ⚰️ လူသေကို မြေပေါ်မှာပဲ ယှဉ်တွဲထားရှိခြင်း ဒီရွာမှာ လူတစ်ယောက်ဆုံးပြီဆိုရင် မြေမြှုပ်တာတို့၊ မီးရှို့တာတို့ လုံးဝ မလုပ်ကြဘူး ဆိုတာတော့ သိခဲ့ပြီးသားဖြစ်မှာပါ။ အဲဒီအစား အလောင်းကို ပိတ်စဖြူဖြူလေးနဲ့ ခြုံပေးပြီး အရွယ်အစားကြီးမားတဲ့ “တာရု မဲန်ယန်” (Taru Menyan) သစ်ပင်ကြီးအောက်မှာ ထားရှိပါတယ်။ ဒါ့အပြင် ဝါးနဲ့ ထန်းရွက်တွေ အသုံးပြုကာ သန့်ရှင်းမြင့်မြတ်အောင် လုပ်ထားတဲ့ ဇကာကွက်လှောင်အိမ် (၁၁) ခု (Sawa) ရဲ့ အထဲမှာ အလောင်းကို ထည့်ပြီး မြေပြင်ပေါ်မှာပဲ ယှဉ်တွဲထားရှိကြတာက တကယ်ကို ထူးဆန်းတယ် မဟုတ်လား 😱 🌳 အနံ့ပျောက်စေတဲ့ ဆန်းကြယ်တဲ့သစ်ပင်ကြီး အမှန်တကယ် “တာရု မဲန်ယန်” ဆိုတာက “သင်းပျံ့သော သစ်ပင်” လို့ အဓိပ္ပာယ်ရပါတယ်။ ဒါပေမဲ့ အံ့သြစရာကောင်းတာက အဲဒီသစ်ပင်ရဲ့ သဘာဝအတိုင်း ထွက်လာတဲ့ မွှေးရနံ့ပါပဲ။ အဲဒီ အနံ့ဟာ ရုပ်အလောင်းတွေ ပုပ်သိုးပြီး အနံ့ဆိုးတွေ ထွက်လာတာမျိုး မရှိအောင် အကုန်လုံးကို ချေဖျက်ပေးနိုင်တယ်လို့ ရွာသားတွေက ယုံကြည်ထားကြတာပါ 🕊️ ❓တင်းကျပ်တဲ့ စည်းမျဉ်းများ အရာရာဟာ ကန့်သတ်ချက်ရှိသလိုပဲ အခုလို လေဟာပြင်သင်္ချိုင်းမှာ ထားခွင့်ရဖို့ ဆိုတာကလဲ သတ်မှတ်ချက်လေးတွေ ရှိနေပြန်ပါတယ်။ အဲဒါကတော့ သဘာဝအတိုင်း ဆုံးပါးသွားပြီး အိမ်ထောင်ရှိတဲ့သူတွေ၊ ထိခိုက်ဒဏ်ရာ တစ်စုံတစ်ရာ မရှိဘဲ ဆုံးသွားတဲ့သူတွေကိုသာ ဒီနေရာမှာ သီးသန့် ခွင့်ပြုထားတာ ဖြစ်လို့ပါတဲ့။ ဒါပေမဲ့ အိမ်ထောင်မရှိသေးသူတွေ၊ ကလေးငယ်တွေ၊ မတော်တဆမှု၊ လူသတ်မှု၊ သေကြောင်းကြံစည်မှုတွေနဲ့ ဆုံးသွားရတဲ့ သူတွေဆိုရင်တော့ ဒီသင်္ချိုင်းမှာ မထားရဘဲ တခြား သီးသန့်မြေမြှုပ် သင်္ချိုင်းတွေမှာပဲ သင်္ဂြိုဟ်ရတာပါ Hypers🎓 လေးတို့ရေ။ ⚖️ နေရာအလှည့်ကျယူပြီး စနစ်တကျထားရှိခြင်း တကယ်တမ်းကျ သင်္ချိုင်းမှာက ရုပ်အလောင်း (၁၁) လောင်းစာအတွက် နေရာသတ်မှတ်ထားတဲ့အတိုင်း အတိအကျဆံ့တာပါ။ အဲဒီတော့ ရွာထဲမှာ လူသစ်ထပ်ဆုံးလို့ ကာရံကူးတို့ နေရာ လိုအပ်လာပြီဆိုရင် အကြာဆုံး ထားရှိပြီးသား အလောင်းကို သေသေချာချာလေး ပြန်လည် ရွှေ့ပြောင်းပေးရပါတယ်။ အဲဒီလိုလုပ်တဲ့အခါ ဦးခေါင်းခွံကို ကျောက်တုံးတွေနဲ့ လုပ်ထားတဲ့ အဆင့်ပါတဲ့ စင်ပေါ်မှာ တင်ပေးထားပြီး ကျန်တဲ့အရိုးတွေကိုတော့ အနီးနားက သီးသန့်နေရာတစ်ခုမှာ စုပုံထားရှိကြပါတယ်။ ဒါ့အပြင် ကွယ်လွန်သူတွေရဲ့ အသုံးအဆောင်ဖြစ်တဲ့ အဝတ်အစား၊ အိုးခွက်၊ ဒယ်အိုးနဲ့ သုံးလက်စ ကိရိယာလေးတွေကိုပါ အလောင်းနဲ့အတူ အဲဒီကာရံလေးထဲမှာပဲ အတူတူ ထားပေးခဲ့ကြတာပဲ ဖြစ်ပါတယ် 🍁

photo content

What is a key message of Thadingyut beyond the lights and celebrations?
Anonymous voting

Which activity is commonly practiced by Buddhists during Thadingyut?
Anonymous voting

Which one way people make merit during Thadingyut?
Anonymous voting

What might elders give younger family members after receiving their respects?
Anonymous voting

Why do people light candles and lanterns during Thadingyut?
Anonymous voting

Which of the following is commonly associated with Thadingyut?
Anonymous voting

Which value is especially emphasized during Thadingyut?
Anonymous voting

In which Myanmar month is Thadingyut celebrated?
Anonymous voting

What is the Thadingyut Festival commonly know as?
Anonymous voting

‌‎တကယ်တော့ အချိန်ဆိုတာ ဘယ်သူ့အတွက်မှ ရပ်မနေဘဲ အမြဲတမ်း ကုန်ဆုံးနေပေမဲ့ ကိုယ့်ရဲ့ စွမ်းအင်ကို ဘယ်လို အကျိုးရှိရှိ သုံးရမလဲဆိုတာကို သေချာပေါက် သိရှိလာတဲ့အခါမှာတော့ Hypers🎓 လေးတို့ လိုချင်တဲ့ ရလဒ်ကောင်းတွေကို သေချာပေါက် ရရှိလာပါလိမ့်မယ်။ ‎ဒါကြောင့် အချိန်ကိုပဲ အဓိကထားလုပ်နေတာထက် Energy ကို Management လုပ်နိုင်ရင် Hypers🎓 လေးတို့ လိုချင်တဲ့ ရလဒ်တွေကို ရရှိလာနိုင်တယ်ဆိုတာ သိသွားကြလောက်ပြီဟုတ်။ နောက်ထပ်လဲ ဗဟုသုတပေါင်းစုံကို ထပ်ပြီးမျှဝေသွားအုံးမှာမလို့ Hypen ရဲ့ Social Media တွေကို Like & Follow လုပ်လိုက်ပါတော့နော် 😉 🌼 𝐇𝐲𝐩𝐞𝐧 𝐅𝐚𝐜𝐞𝐛𝐨𝐨𝐤 𝐏𝐚𝐠𝐞 https://www.facebook.com/profile.php?id=100083376309050&mibextid=ZbWKwL 🌼 𝐇𝐲𝐩𝐞𝐧 𝐎𝐫𝐠𝐚𝐧𝐢𝐳𝐚𝐭𝐢𝐨𝐧 𝐂𝐡𝐚𝐧𝐧𝐞𝐥 https://t.me/hypenorg 🌼 𝐇𝐲𝐩𝐞𝐧 𝐓𝐢𝐤𝐓𝐨𝐤 𝐏𝐚𝐠𝐞 https://www.tiktok.com/@hypen_org?_r=1&_t=ZS-939RVMpSfEz #ContentWriterbyShwanLatt #GraphicDesignbyPoepo #Hypen_Edu #Energy_Management_Over_Time_Management

အချိန်ထက် ကိုယ့်ရဲ့ Energy ကို ဦးစားပေးသင့်တဲ့ အကြောင်းအရင်း 🌼 ‎ ‎⏰ နေ့စဉ်ဘဝမှာ အချိန်ဇယားတွေ သေချာဆွဲပြီး အလုပ်လုပ်နေပေမဲ့ ညရောက်တဲ့အခါ ဘာမှန်းမသိ အင်အားတွေ လုံးဝကုန်ခမ်းသွားတာမျိုး Hypers🎓 လေးတို့ ကြုံဖူးကြလား 🧐 တစ်နေကုန် အချိန်ဇယားအတိုင်းပဲ လုပ်သွားမယ်ဆိုရင် ခေါင်းတွေထူပူလာပြီး စိတ်ပင်ပန်းလာနိုင်ပါတယ်။ ဒီလိုမျိုး အချိန်ကိုပဲ ထိန်းချုပ်ဖို့ ကြိုးစားနေတာက ထင်သလောက် Productivity တိုးတက်မလာတာကို လူတိုင်းလိုလို ကြုံဖူးကြမှာပါ။ ဒါကြောင့် အချိန်တစ်ခုတည်းကိုပဲ ဦးစားပေးပြီး စီမံခန့်ခွဲမဲ့အစား ကိုယ့်ရဲ့ စွမ်းအင်ကိုပါ ထိန်းချုပ်နိုင်မဲ့ " Energy Management " ကလဲ တကယ်ကို အရေးကြီးပါတယ် 💯 ‎ ‎🤫 တကယ်‌တော့ Energy ကို ထိန်းချုပ်တယ် ဆိုတာက ကိုယ့်မှာရှိတဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ စွမ်းအင်တွေကို အကျိုးရှိရှိ အသုံးချနိုင်အောင် လုပ်ဆောင်ပေးတဲ့ နည်းလမ်းတစ်ခုပါပဲ။ လူတိုင်းမှာ တစ်နေ့တာအတွက် အချိန် ၂၄ နာရီရှိတာ တူညီကြပေမဲ့ အလုပ်လုပ်နိုင်စွမ်းနဲ့ အလုပ်လုပ်ချိန်တွေက တစ်ယောက်နဲ့တစ်ယောက် မတူညီကြပါဘူး။ ဒါကြောင့် အချိန်ကိုပဲ ကြည့်နေမဲ့အစား တစ်နေ့တာမှာ ကိုယ်ရဲ့ အကောင်းဆုံး လုပ်နိုင်တဲ့အချိန်ကို အရင်ဆုံးသိထားဖို့ လိုအပ်ပါတယ်။ ဒီလို အချိန်ပေါ်မူတည်ပြီး လုပ်ရမဲ့အရာတွေကို သူအပိုင်းနဲ့သူလုပ်ဆောင်ရင်း ကိုယ့်ရဲ့ စွမ်းအင်ကိုလဲ အကျိုးရှိရှိ အသုံးချနိုင်တာကမှ Energy Management ရဲ့ သော့ချက်တစ်ခုပါပဲ။ ‎ဒီလို Energy Management လုပ်ပေးတာက Hypers🎓 လေးတို့အတွက် လက်တွေ့မှာ ဘယ်လိုမျိုး အကျိုးကျေးဇူးတွေကို ရရှိစေနိုင်လဲဆိုတာ ကြည့်လိုက်ကြရအောင် 📝 ‎ ‎💨 Energy ပြည့်ဝချိန်တွေမှာ လုပ်ရမဲ့တာဝန်အကုန်လုံးကို လုပ်ဆောင်နိုင်ခြင်း ‎ ‎နာရီပေါင်းများစွာ မရပ်မနား ထိုင်လုပ်နေပေမဲ့ ဦးနှောက်က ဆက်မလုပ်နိုင်‌တော့တဲ့အခါ ကိုယ်မျှော်မှန်းထားတဲ့ ရလဒ် ထွက်မလာတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ ကိုယ့်ရဲ့ စွမ်းအင်တွေ ပြည့်ဝနေချိန်မှာ နာရီဝက်လောက် လုပ်ရုံနဲ့တင် ကိုယ်လိုချင်တဲ့ Target ကို အပြီးသတ်နိုင်မှာပါ။ ‎ ‎💁🏻‍♀️ အချိန်အများကြီးထက် အရည်အသွေးကို ဦးစားပေးခြင်း ‎ ‎သတ်မှတ်ထားတဲ့ အချိန်ကိုပဲ ဦးတည်စောင့်ဆိုင်းနေရင် လုပ်သမျှအလုပ်တွေရဲ့ အရည်အသွေးက ကျဆင်းသွားတတ်ပါတယ်။ ဒါကြောင့်မို့ အချိန်ထက် ကိုယ်ရဲ့ အင်နာဂျီပေါ် မူတည်ပြီး လုပ်ဆောင်မယ်ဆိုရင် အလုပ်တစ်ခုချင်းစီကို အကောင်းဆုံး ရလဒ်တွေနဲ့ ပြီးမြောက်စေမှာပါ Hypers🎓 လေးတို့ရေ။ ‎ ‎👀 ကိုယ့်ကျန်းမာရေးကို ထိန်းသိမ်းနိုင်ခြင်း ‎ ‎အချိန်ဇယားအတိုင်း လုပ်နေရင်း အနားယူဖို့ မေ့သွားတဲ့အခါ ခန္ဓာကိုယ်နဲ့ စိတ်ပိုင်းဆိုင်ရာ ပင်ပန်းလာတာမျိုး‌တွေ ဖြစ်လာနိုင်ပါ‌သေးတယ်။ ဒါကြောင့် Energy ကို အခြေခံပြီးလုပ်ဆောင်တာက အလုပ်ချိန်နဲ့ အနားဪယူချိန်ကို မျှတအောင် အကောင်းဆုံး ထိန်းညှိပေးသွားမှာပါ။ ‎ နောက်တစ်ခု သတိထားရမှာက လူတစ်ယောက်ရဲ့ တစ်နေ့တာ စွမ်းအင်အခြေအနေက တသမတ်တည်း ရှိမနေဘဲ Energy အတက်အကျဖြစ်နိုင်ပြီး အဲဒါကလဲ အချိန်သုံးခုအပေါ်မူတည်နေတယ်ဆိုတာပါ။ အဲဒါတွေကတော့ 👇🏻 ‎ ‎🔋 စွမ်းအင်အမြင့်ဆုံး အချိန် ‎ ‎မနက်ခင်း အိပ်ယာထချိန်ဆိုရင် အာရုံစူးစိုက်မှု အကောင်းဆုံးဖြစ်တာမို့ စဥ်းစားလုပ်ဆောင်ရတဲ့ အပိုင်းတွေအတွက် အသင့်တော်ဆုံးသောအချိန် ဖြစ်ပါတယ်။ ‎ ‎🪫 စွမ်းအင် ကျဆင်းချိန် ‎ ‎နေ့လယ်ခင်း ထမင်းစားပြီးချိန်တွေမှာ ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာတချို့ကြောင့် စွမ်းအင်တွေ ကျလာပြီး အိပ်ငိုက်တာမျိုး၊ အာရုံစူးစိုက်ရ ခက်တာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ဒီလိုအချိန်မျိုးမှာ ပေါ့ပါးတဲ့ အလုပ်တွေကို လုပ်ပေးဖို့က အသင့်တော်ဆုံးပါပဲ Hypers🎓 လေးတို့ရေ ☕ ‎ ‎🍂 ပင်ပန်းနွမ်းနယ်နေချိန် ‎ ‎ညနေပိုင်းနဲ့ ညဘက်ရောက်တဲ့အခါ တစ်နေ့တာ လုပ်ဆောင်ခဲ့တာတွေကြောင့် Energy တဖြည်းဖြည်း ကုန်ဆုံးလာပြီး အနားယူဖို့ လိုအပ်လာပါလိမ့်မယ်။ ဒီလိုပင်ပန်းနေတဲ့ အချိန်မျိုးမှာ အနားယူလိုက်ပြီး ပြန်လည်လန်းဆန်းလာမှသာ လုပ်ရမဲ့ တာဝန်လေးတွေကို လုပ်ဆောင်ပေးသင့်ပါတယ် 🌙 ‎ ဒါပေမဲ့‎ တစ်နေ့တာ အလုပ်တွေ လုပ်နေရင်း Energy တွေ တဖြည်းဖြည်း ကုန်ခမ်းလာတာကို ကိုယ်တိုင်တောင် မသိလိုက်ဘဲ Burnout ဖြစ်တတ်တယ်ဆိုတာကို‌ရော သိကြပါသလား ❓ ‎ ‎💡 ကိုယ့်ရဲ့ Energy တွေ ကုန်ခမ်းနေပြီဆိုတာကို သတိမထားမိဘဲ အလုပ်တွေ ဆက်လုပ်နေမိရင်းကနေ စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်လာတတ်ပါတယ်။ ဒီလိုမျိုး ခေါင်းကိုက်တာ၊ စိတ်တိုလွယ်တာ ဖြစ်နေရတဲ့ အကြောင်းအရင်းတွေက အနားယူဖို့ လိုနေလို့ပါပဲ။ ဒါပေမဲ့ အားလပ်ချိန်မှာတောင် အလုပ်အကြောင်းတွေးပြီး စိတ်ရောလူပါ သေသေချာချာ အနားမယူဖြစ်ကြတာကြောင့် ကိုယ့်ကိုယ်ကိုယ် အတင်းဖိအားမပေးဘဲ Energy တွေ ပြန်ပြည့်လာအောင် အချိန်ပေးပြီး အေးအေးဆေးဆေး အနားယူဖို့ လိုအပ်ပါတယ်။

‎ဒါကြောင့် အချိန်ကိုပဲ အဓိကထားလုပ်နေတာထက် Energy ကို Management လုပ်နိုင်ရင် Hypers🎓 လေးတို့ လိုချင်တဲ့ ရလဒ်တွေကို ရရှိလာနိုင်တယ်ဆိုတာ သိသွားကြလောက်ပြီဟုတ်။ နောက်ထပ်လဲ ဗဟုသုတပေါင်းစုံကို ထပ်ပြီးမျှဝေသွားအုံးမှာမလို့ Hypen ရဲ့ Social Media တွေကို Like & Follow လုပ်လိုက်ပါတော့နော် 😉 🌼 𝐇𝐲𝐩𝐞𝐧 𝐅𝐚𝐜𝐞𝐛𝐨𝐨𝐤 𝐏𝐚𝐠𝐞 https://www.facebook.com/profile.php?id=100083376309050&mibextid=ZbWKwL 🌼 𝐇𝐲𝐩𝐞𝐧 𝐎𝐫𝐠𝐚𝐧𝐢𝐳𝐚𝐭𝐢𝐨𝐧 𝐂𝐡𝐚𝐧𝐧𝐞𝐥 https://t.me/hypenorg 🌼 𝐇𝐲𝐩𝐞𝐧 𝐓𝐢𝐤𝐓𝐨𝐤 𝐏𝐚𝐠𝐞 https://www.tiktok.com/@hypen_org?_r=1&_t=ZS-939RVMpSfEz #ContentWriterbyShwanLatt #GraphicDesignbyPoepo #Hypen_Edu #Energy_Management_Over_Time_Management

အချိန်ထက် ကိုယ့်ရဲ့ Energy ကို ဦးစားပေးသင့်တဲ့ အကြောင်းအရင်း 🌼 ‎ ‎⏰ နေ့စဉ်ဘဝမှာ အချိန်ဇယားတွေ သေချာဆွဲပြီး အလုပ်လုပ်နေပေမဲ့ ညရောက်တဲ့အခါ ဘာမှန်းမသိ အင်အားတွေ လုံးဝကုန်ခမ်းသွားတာမျိုး Hypers🎓 လေးတို့ ကြုံဖူးကြလား 🧐 တစ်နေကုန် အချိန်ဇယားအတိုင်းပဲ လုပ်သွားမယ်ဆိုရင် ခေါင်းတွေထူပူလာပြီး စိတ်ပင်ပန်းလာနိုင်ပါတယ်။ ဒီလိုမျိုး အချိန်ကိုပဲ ထိန်းချုပ်ဖို့ ကြိုးစားနေတာက ထင်သလောက် Productivity တိုးတက်မလာတာကို လူတိုင်းလိုလို ကြုံဖူးကြမှာပါ။ ဒါကြောင့် အချိန်တစ်ခုတည်းကိုပဲ ဦးစားပေးပြီး စီမံခန့်ခွဲမဲ့အစား ကိုယ့်ရဲ့ စွမ်းအင်ကိုပါ ထိန်းချုပ်နိုင်မဲ့ " Energy Management " ကလဲ တကယ်ကို အရေးကြီးပါတယ် 💯 ‎ ‎🤫 တကယ်‌တော့ Energy ကို ထိန်းချုပ်တယ် ဆိုတာက ကိုယ့်မှာရှိတဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ စွမ်းအင်တွေကို အကျိုးရှိရှိ အသုံးချနိုင်အောင် လုပ်ဆောင်ပေးတဲ့ နည်းလမ်းတစ်ခုပါပဲ။ လူတိုင်းမှာ တစ်နေ့တာအတွက် အချိန် ၂၄ နာရီရှိတာ တူညီကြပေမဲ့ အလုပ်လုပ်နိုင်စွမ်းနဲ့ အလုပ်လုပ်ချိန်တွေက တစ်ယောက်နဲ့တစ်ယောက် မတူညီကြပါဘူး။ ဒါကြောင့် အချိန်ကိုပဲ ကြည့်နေမဲ့အစား တစ်နေ့တာမှာ ကိုယ်ရဲ့ အကောင်းဆုံး လုပ်နိုင်တဲ့အချိန်ကို အရင်ဆုံးသိထားဖို့ လိုအပ်ပါတယ်။ ဒီလို အချိန်ပေါ်မူတည်ပြီး လုပ်ရမဲ့အရာတွေကို သူအပိုင်းနဲ့သူလုပ်ဆောင်ရင်း ကိုယ့်ရဲ့ စွမ်းအင်ကိုလဲ အကျိုးရှိရှိ အသုံးချနိုင်တာကမှ Energy Management ရဲ့ သော့ချက်တစ်ခုပါပဲ။ ‎ဒီလို Energy Management လုပ်ပေးတာက Hypers🎓 လေးတို့အတွက် လက်တွေ့မှာ ဘယ်လိုမျိုး အကျိုးကျေးဇူးတွေကို ရရှိစေနိုင်လဲဆိုတာ ကြည့်လိုက်ကြရအောင် 📝 ‎ ‎💨 Energy ပြည့်ဝချိန်တွေမှာ လုပ်ရမဲ့တာဝန်အကုန်လုံးကို လုပ်ဆောင်နိုင်ခြင်း ‎ ‎နာရီပေါင်းများစွာ မရပ်မနား ထိုင်လုပ်နေပေမဲ့ ဦးနှောက်က ဆက်မလုပ်နိုင်‌တော့တဲ့အခါ ကိုယ်မျှော်မှန်းထားတဲ့ ရလဒ် ထွက်မလာတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ ကိုယ့်ရဲ့ စွမ်းအင်တွေ ပြည့်ဝနေချိန်မှာ နာရီဝက်လောက် လုပ်ရုံနဲ့တင် ကိုယ်လိုချင်တဲ့ Target ကို အပြီးသတ်နိုင်မှာပါ။ ‎ ‎💁🏻‍♀️ အချိန်အများကြီးထက် အရည်အသွေးကို ဦးစားပေးခြင်း ‎ ‎သတ်မှတ်ထားတဲ့ အချိန်ကိုပဲ ဦးတည်စောင့်ဆိုင်းနေရင် လုပ်သမျှအလုပ်တွေရဲ့ အရည်အသွေးက ကျဆင်းသွားတတ်ပါတယ်။ ဒါကြောင့်မို့ အချိန်ထက် ကိုယ်ရဲ့ အင်နာဂျီပေါ် မူတည်ပြီး လုပ်ဆောင်မယ်ဆိုရင် အလုပ်တစ်ခုချင်းစီကို အကောင်းဆုံး ရလဒ်တွေနဲ့ ပြီးမြောက်စေမှာပါ Hypers🎓 လေးတို့ရေ။ ‎ ‎👀 ကိုယ့်ကျန်းမာရေးကို ထိန်းသိမ်းနိုင်ခြင်း ‎ ‎အချိန်ဇယားအတိုင်း လုပ်နေရင်း အနားယူဖို့ မေ့သွားတဲ့အခါ ခန္ဓာကိုယ်နဲ့ စိတ်ပိုင်းဆိုင်ရာ ပင်ပန်းလာတာမျိုး‌တွေ ဖြစ်လာနိုင်ပါ‌သေးတယ်။ ဒါကြောင့် Energy ကို အခြေခံပြီးလုပ်ဆောင်တာက အလုပ်ချိန်နဲ့ အနားဪယူချိန်ကို မျှတအောင် အကောင်းဆုံး ထိန်းညှိပေးသွားမှာပါ။ ‎ နောက်တစ်ခု သတိထားရမှာက လူတစ်ယောက်ရဲ့ တစ်နေ့တာ စွမ်းအင်အခြေအနေက တသမတ်တည်း ရှိမနေဘဲ Energy အတက်အကျဖြစ်နိုင်ပြီး အဲဒါကလဲ အချိန်သုံးခုအပေါ်မူတည်နေတယ်ဆိုတာပါ။ အဲဒါတွေကတော့ 👇🏻 ‎ ‎🔋 စွမ်းအင်အမြင့်ဆုံး အချိန် ‎ ‎မနက်ခင်း အိပ်ယာထချိန်ဆိုရင် အာရုံစူးစိုက်မှု အကောင်းဆုံးဖြစ်တာမို့ စဥ်းစားလုပ်ဆောင်ရတဲ့ အပိုင်းတွေအတွက် အသင့်တော်ဆုံးသောအချိန် ဖြစ်ပါတယ်။ ‎ ‎🪫 စွမ်းအင် ကျဆင်းချိန် ‎ ‎နေ့လယ်ခင်း ထမင်းစားပြီးချိန်တွေမှာ ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာတချို့ကြောင့် စွမ်းအင်တွေ ကျလာပြီး အိပ်ငိုက်တာမျိုး၊ အာရုံစူးစိုက်ရ ခက်တာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ဒီလိုအချိန်မျိုးမှာ ပေါ့ပါးတဲ့ အလုပ်တွေကို လုပ်ပေးဖို့က အသင့်တော်ဆုံးပါပဲ Hypers🎓 လေးတို့ရေ ☕ ‎ ‎🍂 ပင်ပန်းနွမ်းနယ်နေချိန် ‎ ‎ညနေပိုင်းနဲ့ ညဘက်ရောက်တဲ့အခါ တစ်နေ့တာ လုပ်ဆောင်ခဲ့တာတွေကြောင့် Energy တဖြည်းဖြည်း ကုန်ဆုံးလာပြီး အနားယူဖို့ လိုအပ်လာပါလိမ့်မယ်။ ဒီလိုပင်ပန်းနေတဲ့ အချိန်မျိုးမှာ အနားယူလိုက်ပြီး ပြန်လည်လန်းဆန်းလာမှသာ လုပ်ရမဲ့ တာဝန်လေးတွေကို လုပ်ဆောင်ပေးသင့်ပါတယ် 🌙 ‎ ဒါပေမဲ့‎ တစ်နေ့တာ အလုပ်တွေ လုပ်နေရင်း Energy တွေ တဖြည်းဖြည်း ကုန်ခမ်းလာတာကို ကိုယ်တိုင်တောင် မသိလိုက်ဘဲ Burnout ဖြစ်တတ်တယ်ဆိုတာကို‌ရော သိကြပါသလား ❓ ‎ ‎💡 ကိုယ့်ရဲ့ Energy တွေ ကုန်ခမ်းနေပြီဆိုတာကို သတိမထားမိဘဲ အလုပ်တွေ ဆက်လုပ်နေမိရင်းကနေ စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်လာတတ်ပါတယ်။ ဒီလိုမျိုး ခေါင်းကိုက်တာ၊ စိတ်တိုလွယ်တာ ဖြစ်နေရတဲ့ အကြောင်းအရင်းတွေက အနားယူဖို့ လိုနေလို့ပါပဲ။ ဒါပေမဲ့ အားလပ်ချိန်မှာတောင် အလုပ်အကြောင်းတွေးပြီး စိတ်ရောလူပါ သေသေချာချာ အနားမယူဖြစ်ကြတာကြောင့် ကိုယ့်ကိုယ်ကိုယ် အတင်းဖိအားမပေးဘဲ Energy တွေ ပြန်ပြည့်လာအောင် အချိန်ပေးပြီး အေးအေးဆေးဆေး အနားယူဖို့ လိုအပ်ပါတယ်။ ‌‎တကယ်တော့ အချိန်ဆိုတာ ဘယ်သူ့အတွက်မှ ရပ်မနေဘဲ အမြဲတမ်း ကုန်ဆုံးနေပေမဲ့ ကိုယ့်ရဲ့ စွမ်းအင်ကို ဘယ်လို အကျိုးရှိရှိ သုံးရမလဲဆိုတာကို သေချာပေါက် သိရှိလာတဲ့အခါမှာတော့ Hypers🎓 လေးတို့ လိုချင်တဲ့ ရလဒ်ကောင်းတွေကို သေချာပေါက် ရရှိလာပါလိမ့်မယ်။

photo content