ru
Feedback
lashio thar

lashio thar

Открыть в Telegram
7 606
Подписчики
-724 часа
-497 дней
-21430 день
Архив постов
PDF ၃၀၀ ကျော် လက်နက်ခဲယမ်းများနှင့်အတူအလင်းဝင် ၁-၈-၂၀၂၆ ရက်နေ့ယနေ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် PDF ကျား(၂၈၀) ဦး၊ မ (၂၃) ဦ
+9
PDF  ၃၀၀ ကျော် လက်နက်ခဲယမ်းများနှင့်အတူအလင်းဝင် ၁-၈-၂၀၂၆ ရက်နေ့ယနေ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် PDF ကျား(၂၈၀) ဦး၊ မ (၂၃) ဦး စုစုပေါင်း ၃၀၃ ဦးသည် မောင်းပြန်သေနတ် ၁၀ လက်၊ ခဲယမ်းအများအပြားနှင့် အတူ တပ်မတော်ထံအလင်းဝင်..   သတင်းတွေဖတ်ရန် 👉🏿 နှိပ်ပါ   မှိုင်းဝေ

PDF ၃၀၀ ကျော် လက်နက်ခဲယမ်းများနှင့်အတူအလင်းဝင် ၁-၈-၂၀၂၆ ရက်နေ့ယနေ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် PDF ကျား(၂၈၀) ဦး၊ မ (၂၃) ဦ
+8
PDF  ၃၀၀ ကျော် လက်နက်ခဲယမ်းများနှင့်အတူအလင်းဝင် ၁-၈-၂၀၂၆ ရက်နေ့ယနေ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် PDF ကျား(၂၈၀) ဦး၊ မ (၂၃) ဦး စုစုပေါင်း ၃၀၃ ဦးသည် မောင်းပြန်သေနတ် ၁၀ လက်၊ ခဲယမ်းအများအပြားနှင့် အတူ တပ်မတော်ထံအလင်းဝင်..   သတင်းတွေဖတ်ရန် 👉🏿 နှိပ်ပါ   မှိုင်းဝေ

စောစောစီစီး သတင်းကောင်းလေး။ 1-8-2026 ရက်နေ့ ယနေ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် PDF ၃၀၃ ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်
+3
စောစောစီစီး သတင်းကောင်းလေး။ 1-8-2026 ရက်နေ့ ယနေ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် PDF ၃၀၃ ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်။ ပုံတွေရရင်ထပ်တင်ပေးပါမယ်။ မှိုင်းဝေ

ခိုင်မာသည့်နိုင်ငံတော်နှင့် သာယာဝပြောသည့် ပြည်သူ့ဘဝ တည်ဆောက်ရေးကို အစိုးရ၏ အဓိကမူဝါဒအဖြစ် ဖော်ဆောင်မည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို အခြေခံကာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၏ အကျိုးရလဒ်များကို ပြည်သူတစ်ရပ်လုံး မျှတစွာခံစားနိုင်ရေးအတွက် ပြည်သူဗဟိုပြု၍ ရေရှည်အကျိုးစီးပွားကို ဦးတည်သည့် မူဝါဒများအား အစိုးရက ဆက်လက်ဖော်ဆောင်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက အစိုးရသက်တမ်း ရက် (၁၀၀) ပြည့် နိုင်ငံတော်အခြေပြမိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ပါသည်။ ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားမည့် မူဝါဒများမှာ - ၁။ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေးရည်မှန်းချက်အဖြစ် ဖော်ဆောင်ရေး။ ၂။ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးနှင့် နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရေး။ ၃။ ငြိမ်းချမ်းရေးတံခါး အစဉ်ဖွင့်လှစ်၍ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအားလုံးနှင့် တွေ့ဆုံဆွေးနွေးရေး။ ၄။ နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးအတွက် ခေတ်မီတပ်မတော်နှင့် ပြည်သူပါဝင်သည့် အမျိုးသားကာကွယ်ရေးစနစ် တည်ဆောက်ရေး။ ၅။ လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒဖြင့် နိုင်ငံတကာနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်ရေး။ ၆။ အိမ်နီးချင်းနှင့် ဒေသတွင်းနိုင်ငံများအကြား မဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေး၊ နယ်စပ်တည်ငြိမ်ရေးနှင့် ကုန်သွယ်ရေး ပိုမိုတိုးမြှင့်ရေး။ ၇။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုစီးပွားရေးကဏ္ဍများကို ဟန်ချက်ညီစွာ ပေါင်းစပ်ဖွံ့ဖြိုးစေရေး။ ၈။ ခေတ်မီစက်မှုလယ်ယာစနစ် ဖော်ဆောင်၍ ပန်းတိုင်အထွက်နှုန်း၊ သီးထပ်စွမ်းအားနှင့် တန်ဖိုးမြှင့်ထုတ်လုပ်မှု တိုးမြှင့်ရေး။ ၉။ စားရေရိက္ခာနှင့် စားသုံးဆီဖူလုံရေး၊ စားနပ်ရိက္ခာလုံခြုံရေးနှင့် စိုက်ပျိုးရေးပို့ကုန် တိုးမြှင့်ရေး။ ၁၀။ လမ်း၊ တံတား၊ ရထား၊ ရေကြောင်းနှင့် လေကြောင်းပို့ဆောင်ရေးကွန်ရက်များ ဘက်စုံအဆင့်မြှင့်တင်ရေး။ ၁၁။ စက်သုံးဆီချွေတာရေးကို အမျိုးသားရေးမူဝါဒအဖြစ် ဖော်ဆောင်၍ လျှပ်စစ်နှင့် ဘက်ထရီစနစ်သုံး သယ်ယူပို့ဆောင်ရေး တိုးချဲ့ရေး။ ၁၂။ လျှပ်စစ်ဓာတ်အား လုံလောက်တည်ငြိမ်စွာရရှိရေးနှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အပါအဝင် စွမ်းအင်အရင်းအမြစ်မျိုးစုံ ဖွံ့ဖြိုးရေး။ ၁၃။ အရည်အသွေးပြည့်ဝသော ပညာရေးစနစ်ဖြင့် ပညာရှင်၊ နည်းပညာရှင်နှင့် ကျွမ်းကျင်လုပ်သားများ မွေးထုတ်ရေး။ ၁၄။ ကျောင်းနေအရွယ်ကလေးတိုင်း ပညာသင်ယူခွင့်ရရှိရေးနှင့် ဆရာ၊ ဆရာမများ၏ အရည်အသွေးနှင့် ရာထူးလမ်းကြောင်း မြှင့်တင်ရေး။ ၁၅။ “ဆေးရုံရှိလျှင် ဆရာဝန်ရှိရမည်” ရည်မှန်းချက်ဖြင့် မြို့ပြနှင့် ကျေးလက် ကျန်းမာရေးကွာဟမှု လျှော့ချရေး။ ၁၆။ လူငယ်၊ အမျိုးသမီးနှင့် လူမှုအဖွဲ့အစည်းများ၏ စွမ်းဆောင်ရည်နှင့် နိုင်ငံတော်တည်ဆောက်ရေးတွင် ပါဝင်မှု မြှင့်တင်ရေး။ ၁၇။ ကုန်ထုတ်လုပ်မှုအခြေပြု စီးပွားရေးစနစ်တည်ဆောက်၍ ပြည်တွင်းထုတ်လုပ်မှု၊ သွင်းကုန်အစားထိုးမှုနှင့် ပို့ကုန်တိုးမြှင့်ရေး။ ၁၈။ MSME နှင့် ပုဂ္ဂလိကကဏ္ဍကို အားပေး၍ အစိုးရ–ပုဂ္ဂလိက မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး။ ၁၉။ ငွေကြေး၊ ဘဏ္ဍာရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုမူဝါဒများကို ဟန်ချက်ညီစွာ ချိတ်ဆက်အကောင်အထည်ဖော်ရေး။ ၂၀။ သဘာဝသယံဇာတ၊ ရေအရင်းအမြစ်နှင့် သစ်တောများကို စနစ်တကျထိန်းသိမ်း၍ ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှု ဖော်ဆောင်ရေး။ ၂၁။ စနစ်ကျသော မြို့ပြဖွံ့ဖြိုးရေး၊ သန့်ရှင်းသောပတ်ဝန်းကျင်နှင့် ပြည်သူများ၏ နေထိုင်မှုအရည်အသွေး မြှင့်တင်ရေး။ ၂၂။ ရိုးရာယဉ်ကျေးမှုနှင့် သမိုင်းအမွေအနှစ်များကို ထိန်းသိမ်း၍ နိုင်ငံတော်၏ Soft Power နှင့် ခရီးသွားလုပ်ငန်း မြှင့်တင်ရေး။ ၂၃။ ဥပဒေစိုးမိုးရေး၊ အဂတိကင်းရှင်းရေး၊ ပွင့်လင်းမြင်သာရေးနှင့် တာဝန်ခံမှုရှိသည့် အုပ်ချုပ်ရေးစနစ် ဖော်ဆောင်ရေး။ ၂၄။ အွန်လိုင်းလိမ်လည်မှု၊ အွန်လိုင်းလောင်းကစားမှု၊ လူကုန်ကူးမှု၊ မူးယစ်ဆေးဝါးနှင့် နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများကို ပြတ်ပြတ်သားသား တားဆီးနှိမ်နင်းရေး။ ၂၅။ ပြည်သူများ၏ ဝင်ငွေ၊ အလုပ်အကိုင်နှင့် လူမှုစီးပွားဘဝ တိုးတက်ရေးကို မူဝါဒအားလုံး၏ အဓိကရည်မှန်းချက်အဖြစ် ထားရှိရေး။

ရန်ကုန် - ပြည် ရထားလမ်းပိုင်းတွင် အမှတ်(၇၃) အဆန်/အမှတ်(၇၄)အစုန်ရထားအား ခေတ်မီ DEMU ရထားတွဲဆိုင်းအသစ်များဖြင့် စတင်ပြေးဆွဲခြင်
+9
ရန်ကုန် - ပြည် ရထားလမ်းပိုင်းတွင် အမှတ်(၇၃) အဆန်/အမှတ်(၇၄)အစုန်ရထားအား ခေတ်မီ DEMU ရထားတွဲဆိုင်းအသစ်များဖြင့် စတင်ပြေးဆွဲခြင်း ဖွင့်ပွဲအခမ်းအနား

ငြိမ်းချမ်းရေးသည် အလိုချင်ဆုံးဆန္ဒဖြစ်ပြီး တိုင်းပြည်ငြိမ်းချမ်းမှသာ တိုးတက်အောင် လုပ်ဆောင်၍ရမည်ဟု နိုင်ငံတော်သမ္မတ ပြောကြား
ငြိမ်းချမ်းရေးသည် အလိုချင်ဆုံးဆန္ဒဖြစ်ပြီး တိုင်းပြည်ငြိမ်းချမ်းမှသာ တိုးတက်အောင် လုပ်ဆောင်၍ရမည်ဟု နိုင်ငံတော်သမ္မတ ပြောကြား ငြိမ်းချမ်းရေးသည် အလိုချင်ဆုံးဆန္ဒဖြစ်ပြီး တိုင်းပြည်ငြိမ်းချမ်းမှသာ တိုးတက်အောင် လုပ်ဆောင်၍ရမည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။ ယနေ့ (ဇူလိုင် ၃၁) ရက်က ပြည်ထောင်စုလွှတ်တော်တွင် ကျင်းပသည့် အစိုးရ၏ ရက် ၁၀၀ ပြည့် နိုင်ငံတော်အခြေပြမိန့်ခွန်း ပြောကြားမှုအပြီး မီဒီယာများ၏ မေးမြန်းမှုများအား ဖြေကြားရာတွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ ထိုသို ထည့်သွင်းပြောကြားခြင်းဖြစ်သည်။ #SN

တပ်မတော်ကို ခေတ်မီ Standard Army အဖြစ် တည်ဆောက်သွားမည်ဟု နိုင်ငံတော်သမ္မတ ပြောကြား နေပြည်တော်၊ ဇူလိုင် ၃၁ ပြည်သူ့စစ်မှုထမ်းဥပဒေကို ဆက်လက်အကောင်အထည်ဖော်သွားမည်ဖြစ်ပြီး တပ်မတော်ကို တိုက်စွမ်းရည်နှင့် တိုက်စွမ်းအားပြည့်ဝသည့် ခေတ်မီတပ်မတော် (Standard Army) အဖြစ် တည်ဆောက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။ နိုင်ငံတော်သမ္မတသည် ဇူလိုင် ၃၁ ရက်တွင် ပြည်ထောင်စုလွှတ်တော်၌ ပြောကြားသည့် အစိုးရရက်ပေါင်း (၁၀၀) ပြည့် နိုင်ငံတော်အခြေပြမိန့်ခွန်းတွင် အဆိုပါအချက်များကို ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ နိုင်ငံတော်သမ္မတက ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၄၀ နှင့်အညီ တပ်မတော်၏ဦးဆောင်မှုဖြင့် ပြည်သူ့စစ်မဟာဗျူဟာကို ဖော်ဆောင်ကာ နိုင်ငံတော်၏ လုံခြုံရေးနှင့် ကာကွယ်ရေးလုပ်ငန်းစဉ်များတွင် ပြည်သူတစ်ရပ်လုံး ပါဝင်လာစေရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။ ထို့ပြင် တပ်မတော်ကို တိုက်စွမ်းရည်နှင့် တိုက်စွမ်းအားရှိသည့် ခေတ်မီတပ်မတော် (Standard Army) အဖြစ် တည်ဆောက်နိုင်ရေးအတွက် လိုအပ်သည့် အရင်းအမြစ်များကို အစိုးရက မူဝါဒများချမှတ်၍ ဖြည့်ဆည်းပေးသွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားသည်။ ၂၀၁၀ ပြည့်နှစ်တွင် ပြဋ္ဌာန်းခဲ့ပြီး ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်တွင် စတင်အာဏာတည်စေခဲ့သည့် ပြည်သူ့စစ်မှုထမ်းဥပဒေကိုလည်း ဆက်လက်ကျင့်သုံးသွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။ အလားတူ ပြည်တွင်းလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ပိုမိုထိရောက်စေရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို နယ်မြေထိန်းသိမ်းသည့် ရဲတပ်ဖွဲ့နှင့် ဥပဒေစည်းမျဉ်းစည်းကမ်း ထိန်းသိမ်းသည့် ရဲတပ်ဖွဲ့ (Law Force Police) ဟူ၍ လုပ်ငန်းတာဝန်အလိုက် ခွဲခြားလေ့ကျင့်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။ ထို့အပြင် အဂတိကင်းရှင်းပြီး လေ့ကျင့်သားပြည့်ဝသည့် ရဲတပ်ဖွဲ့ဖြစ်ပေါ်လာစေရေး ဆောင်ရွက်သွားမည်ဖြစ်သကဲ့သို့ ရဲတပ်ဖွဲ့ဝင်များ၏ နေထိုင်ရေးအဆင်ပြေစေရန် ရဲတပ်ဖွဲ့အိမ်ရာများကိုလည်း ဆက်လက်တည်ဆောက်ပေးလျက်ရှိကြောင်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။ #SN

"ရက် ၁၀၀ ရဲ့အဖြေတွေကို သမ္မတကြီး ပြောသွားတဲ့ နေ့" ဒီနေ့ ပြည်ထောင်စုလွှတ်တော်မှာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က အစိုးရသစ်
+1
"ရက် ၁၀၀ ရဲ့အဖြေတွေကို သမ္မတကြီး ပြောသွားတဲ့ နေ့" ဒီနေ့ ပြည်ထောင်စုလွှတ်တော်မှာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က အစိုးရသစ်ရဲ့ ရက်(၁၀၀)အတွင်း ဆောင်ရွက်ခဲ့တဲ့ လုပ်ငန်းစဉ်တွေကို ပြည်သူတွေရှေ့မှာ တိုက်ရိုက်ရှင်းလင်းတင်ပြခဲ့ပါတယ်။ မိန့်ခွန်းမှာ ငြိမ်းချမ်းရေး၊ ကာကွယ်ရေးနဲ့ လုံခြုံရေး၊ နိုင်ငံတကာဆက်ဆံရေး၊ စိုက်ပျိုးမွေးမြူရေး၊ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေး၊ လျှပ်စစ်နဲ့ စွမ်းအင်၊ ပညာရေး၊ အာကာသနည်းပညာ၊ ကျန်းမာရေး၊ လူငယ်နဲ့ အားကစား၊ အမျိုးသမီးကဏ္ဍ၊ MSME ဖွံ့ဖြိုးရေးနဲ့ ဂေဟစနစ်ကာကွယ်ရေး စတဲ့ ကဏ္ဍ(၁၃)ရပ်ကို အသေးစိတ်တင်ပြခဲ့ပါတယ်။ အဓိကဆိုလိုရင်းက ပြည်သူတွေရဲ့ အခြေခံလိုအပ်ချက်ဖြစ်တဲ့ စားရေး၊ ဝတ်ရေး၊ နေရေးကို အခြေခံပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရရဲ့ ဆောင်ရွက်ချက်တွေနဲ့ ရှေ့ဆက်လုပ်ဆောင်မယ့် လမ်းညွှန်ချက်တွေကို ပြတ်ပြတ်သားသား ရှင်းလင်းတင်ပြခဲ့တာ ဖြစ်ပါတယ်။ #SN #PhotosCredit

Repost from Thazin Oo 🇲🇲
မုံရွာ၊ ဇူလိုင်လ ၃၁ရက် ကလေး-တမူးလမ်းကြောင်းပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် တမူးဘက်မှ နယ်မြေရှင်းချီတက်လျက်ရှိသောတပ်မတော်စစ်ကြော
+5
မုံရွာ၊ ဇူလိုင်လ ၃၁ရက် ကလေး-တမူးလမ်းကြောင်းပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် တမူးဘက်မှ နယ်မြေရှင်းချီတက်လျက်ရှိသောတပ်မတော်စစ်ကြောင်းနှင့် ကလေးဘက်မှနယ်‌ မြေရှင်းချီတက်လျက်ရှိသောတပ်မတော်စစ်ကြောင်းများသည် ယနေ့ နေ့လယ်တွင် ရန်တိုင်းအောင် ကျေးရွာ၌ လက်ချင်းချိတ်ဆက်သွားပြီဖြစ်သောကြောင့် မကြာမီ ကလေး-တမူးလမ်းကြောင်းအား ပြန်လည်ဖွင့်လှစ်နိုင်တော့မည်ဖြစ်ကြောင်းသိရှိရပါသည်။ Fiftytwonews

Repost from PPIB.Official
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် အစိုးရ ရက်(၁၀၀)ပြည့် နိုင်ငံတော်အခြေပြမိန့်ခွန်းပြောကြားအပြီး မီဒီယာများ၏ မေးမြန်းမှုများအပေါ် ပြန်လည်ဖြေကြားချက် ၃၁-၇-၂၀၂၆ PPIB Links Youtube | Tiktok | Telegram | WebsiteX(Twitter)

Repost from PPIB.Official
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင်၏ အစိုးရရက် (၁၀၀)ပြည့် နိုင်ငံတော်အခြေပြမိန့်ခွန်း PPIB Links Youtube | Tiktok | Telegram | WebsiteX(Twitter)

Repost from PPIB.Official
တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးသို့ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှ
+3
တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးသို့ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်၍ အစိုးရ ရက်(၁၀၀)ပြည့် နိုင်ငံတော် အခြေပြမိန့်ခွန်း ပြောကြား   နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို အခြေခံကာ စီးပွားရေးဖွံဖြိုးတိုးတက်မှု၏ အကျိုးရလဒ်များကို ပြည်သူတစ်ရပ်လုံး မျှတစွာခံစားနိုင်ရေးအတွက် ပြည်သူဗဟိုပြု၍ ရေရှည်အကျိုးစီးပွားကို ဦးတည်သည့် မူဝါဒများအား အစိုးရက ဆက်လက်ဖော်ဆောင်သွားမည်ဖြစ်   နေပြည်တော် ၊ ဇူလိုင် ၃၁ PPIB Links Youtube | Tiktok | Telegram | WebsiteX(Twitter)

🙏🙏🙏🙏🙏
🙏🙏🙏🙏🙏

Repost from Ko Thet
OIC နဲ့မကင်းရာ မကင်းကြောင်းလား The Interpreter ? "မြန်မာနိုင်ငံက အစာငတ်မွတ်မှုကို တမင်လက်နက်သဖွယ် အသုံးချခဲ့သည်”လို့ ဆိုထားတဲ
OIC နဲ့မကင်းရာ မကင်းကြောင်းလား The Interpreter ? "မြန်မာနိုင်ငံက အစာငတ်မွတ်မှုကို တမင်လက်နက်သဖွယ် အသုံးချခဲ့သည်”လို့ ဆိုထားတဲ့ The Interpreter မှာပါတဲ့ ဆောင်းပါးမှာ ICJ က အမှုကို စိစစ်ဆုံးဖြတ်နေဆဲအချိန်မှာ ဒီလိုတစ်ဖက်သတ် စွပ်စွဲချက်တွေကို တရားရုံးရဲ့အတည်ပြုပြီးတဲ့ အချက်အလက်များသဖွယ် ဖော်ပြထားပါတယ်။ တကယ်တော့ဒီဆောင်းပါးမှာပါတဲ့ ပြင်းထန်တဲ့ စွပ်စွဲချက်တွေမှာ ခိုင်မာတဲ့ သက်သေအထောက်အထားတွေရှိမနေပါဘူး။ - ဆောင်းပါးမှာဖော်ပြထားတဲ့ ဒေသခံတွေရဲ့ အခက်အခဲတွေဟာ အဲ့ဒီဒေသမှာ ဖြစ်နေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေရဲ့ အကျိုးဆက်တွေကြောင့် ဖြစ်လာတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်း၊ ကန့်သတ်ချက်တွေ ဖြစ်ပါတယ်။ ဒါကို လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ကွန်ဗင်းရှင်း ပုဒ်မ ၂(ဂ) အရ လူမျိုးတုံးသတ်ဖြတ်မှုလို့ စွပ်စွဲလို့ မရပါဘူး။ အဲ့ဒီလို သတ်မှတ်ဖို့ဆိုတာ ကာကွယ်စောင့်ရှောက်ထားတဲ့ လူမျိုးစုတစ်စုကို တစ်ရပ်လုံးဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းဖြစ်စေ ရုပ်ပိုင်းဆိုင်ရာ ဖျက်ဆီးရန် သီးခြားရည်ရွယ်ချက်ဖြင့် အသက်ရှင်ရပ်တည်ရေးအခြေအနေများကို တမင်ဖန်တီးခဲ့ကြောင်း သက်သေပြဖို့ လိုအပ်ပါတယ်။ - ဂမ်ဘီယာဘက်က အဲ့ဒီလို သက်သေမပြနိုင်ကြောင်းကို မြန်မာနိုင်ငံက တရားရုံးရှေ့မှာ လျှောက်လဲထားခဲ့ပြီးဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ တရားစီရင်ရေးလုပ်ငန်းစဉ်မှာ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပြီး မိမိတို့ဘက်က သက်သေအထောက် အထားများကို တင်ပြကာ တရားရုံးရဲ့ လုပ်ထုံးလုပ်နည်းဆိုင်ရာ သတ်မှတ်ချက်များကို လိုက်နာခဲ့ပါတယ်။ - ဒီလိုထိလွယ်ရှလွယ် အငြင်းပွားဖွယ်ရာကိစ္စတွေကို ဆွေးနွေးတင်ပြမယ်ဆိုရင် စွပ်စွဲချက်နှင့် သက်သေပြပြီးသောအချက်၊ လူသားချင်းစာနာမှုဆိုင်ရာ အခက်အခဲနှင့် လူမျိုးတုံးသတ်ဖြတ်ရေးမူဝါဒ၊ ဝါဒဖြန့်လှုံ့ဆော်ရေးအမြင်နှင့် တရားရုံး ဆုံးဖြတ်ချက် အစရှိတာတွေကို ရှင်းရှင်းလင်းလင်း ခွဲခြားဖော်ပြသင့်ပါတယ်။ #ICJ #GenocideConvention #RuleOfLaw #Myanmar KT July 31

Repost from Ko Thet
မိတ်ဆွေဖြစ်ပေမယ့် အချုပ်အခြာအာဏာကိုတော့ အလျှော့ပေးမှာမဟုတ် အသင်းအဖွဲ့တိုင်းမှာ လိုက်နာရမယ့် စည်းကမ်းတွေရှိသလို အာဆီယံမှာလည်း
မိတ်ဆွေဖြစ်ပေမယ့် အချုပ်အခြာအာဏာကိုတော့ အလျှော့ပေးမှာမဟုတ် အသင်းအဖွဲ့တိုင်းမှာ လိုက်နာရမယ့် စည်းကမ်းတွေရှိသလို အာဆီယံမှာလည်း အဖွဲ့ဝင်နိုင်ငံတွေကို တန်းတူဆက်ဆံရေး၊ ပြည်တွင်းရေး မစွက်ဖက်ရေးနဲ့ ဆုံးဖြတ်ချက်တိုင်းကို အဖွဲ့ဝင်အားလုံး သဘောတူညီမှသာ အတည်ပြုရမယ်ဆိုတဲ့ အခြေခံမူတွေ ရှိပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ "အာဆီယံ တူညီဆန္ဒ ၅ ရပ်" ကို မြန်မာနိုင်ငံနဲ့ ကြိုတင်ညှိနှိုင်းသဘောတူမှုမရှိဘဲ ထုတ်ပြန်ခဲ့တာကြောင့် မြန်မာဘက်က အဖွဲ့ဝင်အားလုံးရဲ့ တရားဝင်သဘောတူ ဆုံးဖြတ်ချက်မဟုတ်ဘဲ သဘောထားထုတ်ပြန်ချက်တစ်ရပ်အဖြစ်သာ သတ်မှတ်ထားပါတယ်။ - မြန်မာနိုင်ငံက အဆိုပါ အချက်တွေကို အပြုသဘောဆောင်တဲ့ အကြံပြုချက်အဖြစ်သာ ရှုမြင်ထားပြီး လက်တွေ့ အကောင်အထည်ဖော်ရေးကိုတော့ နိုင်ငံရဲ့အခြေအနေပေါ် မူတည်ဆုံးဖြတ်မယ်လို့ ဆိုထားပါတယ်။ တစ်ချိန်တည်းမှာပဲ အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့က ဒီအချက်တွေကိုအခြေခံပြီး မြန်မာနိုင်ငံအပေါ် ဖိအားပေးခြင်းနဲ့ ပြည်တွင်းရေး ဝင်ရောက် စွက်ဖက်ခြင်းတွေ လုပ်ဆောင်နေတာတွေ့ရပြီး ယင်းဟာ အာဆီယံပဋိညာဉ်ပါ အခြေခံမူတွေကို ချိုးဖောက်တာဖြစ်တဲ့အတွက် နိုင်ငံရဲ့အချုပ်အခြာအာဏာနဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေမယ့် လုပ်ရပ်မှန်သမျှကို ပြတ်ပြတ်သားသား တုံ့ပြန်သွားမယ်လို့ အစိုးရက အလေးပေးပြောထားပါတယ်။ - ဒါ့အပြင် ပြည်သူတွေရဲ့သဘောထားကတော့ မြန်မာအစိုးရဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့ ချစ်ကြည်ရင်းနှီးတဲ့ ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းသွားမယ့်အပြင် သံတမန်ရေးနည်းလမ်းတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုကိုလည်း ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဆိုထားတာကို လက်ခံပေမယ့် ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းနဲ့ အချုပ်အခြာအာဏာကို ထိပါးလာတဲ့ ဖိအားမျိုးကိုတော့ လုံးဝလက်ခံမှာ မဟုတ်ဘူး လို့ ပြတ်သားစွာ ထုတ်ဖော်လိုပါတယ်။ KT July 31

အလင်းဝင်ရောက်မှု နောက်ဆုံးအခြေအနေ..
အလင်းဝင်ရောက်မှု နောက်ဆုံးအခြေအနေ..

သူ့လူ ကိုယ့်ဘက်သားပုံစံနဲ့ သပ်လျှိုပြီး အဌားပါးစပ်နဲ့ သွေးခွဲတိုက်ခိုက်နေတဲ့Yebaw FM Tiktok *********************************
သူ့လူ ကိုယ့်ဘက်သားပုံစံနဲ့ သပ်လျှိုပြီး အဌားပါးစပ်နဲ့ သွေးခွဲတိုက်ခိုက်နေတဲ့Yebaw FM Tiktok ********************************************************* 30-7-2026 Yebaw FM Tiktok အကောင့်မှာ တင်ဆက်နေတဲ့အကြောင်းအရာတွေက သွေးခွဲဖို့ အဓိကရည်ရွယ်နေ ပြီး ကိုယ်တိုင်ဖန်တီးပြောဆိုနေတဲ့ ဝါဒဖြန့်သတင်းတွေသာ ဖြစ်ပါတယ်။   သတင်းအခြေအမြစ်ကို တိတိပပ မသိပါဘဲ တပ်မတော်အဖွဲ့အစည်းအတွင်း မညီညွှတ်ရင် ပြီးရော့၊ စိတ်ဝမ်းကွဲရင် ပြီးရော့ဆိုတဲ့ ကြိုတင်ပြင်ဆင်ထားတဲ့စကားလုံးတွေနဲ့ နေ့စဉ်တိုက်ခိုက်လှုံ့ဆော် နေတာက တော်တော်အောက်တန်းကျတယ်လို့ ပြောရမှာပဲ။   ယခု Yebaw FM Tiktokအကောင့်မှာ တင်ဆက်နေတာတွေက သူ့လူကိုယ်ဘက်သားပုံစံသုံးပြီး တစ်စိတ်ကို တစ်အိတ်လုပ်၊ အတင်းကို သတင်းလုပ်ကာ  အဌားပါးစပ်နဲ့  သပ်လျှိုသွေးခွဲဝါဒဖြန့်နေခြင်း သာဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။ #TruthWaves

၃၀-၇-၂၀၂၆ ရက်နေ့ မနေ့က ငါးအိုးဒေသ ခက်ခုံရွာအနီးမှာ ပြည်သူတွေကို လက်နက်နဲ့ခြိမ်းခြောက်ပြီး ဆက်ကြေးကောက် ဓါးပြတိုက်နေတဲ့ အကြမ်း
၃၀-၇-၂၀၂၆ ရက်နေ့ မနေ့က ငါးအိုးဒေသ ခက်ခုံရွာအနီးမှာ ပြည်သူတွေကို လက်နက်နဲ့ခြိမ်းခြောက်ပြီး ဆက်ကြေးကောက် ဓါးပြတိုက်နေတဲ့ အကြမ်းဖက် KIA အဖွဲ့ကို တပ်မတော်က ချေမှုန်းရှင်းလင်း အကြမ်းဖက် KIA ၁ လောင် သိမ်းဆည်းရမိ။ မှိုင်းဝေ

Repost from NP News-Myanmar
နေ့စဥ်ကာတွန်းကဏ္ဍ (31.7.2026)
နေ့စဥ်ကာတွန်းကဏ္ဍ (31.7.2026)

ယနေ့မနက် ၁၀ နာရီ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် အစိုးရ ရက် (၁၀၀) ပြည့် နိုင်ငံတော် အ
ယနေ့မနက် ၁၀ နာရီ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် အစိုးရ ရက် (၁၀၀) ပြည့် နိုင်ငံတော် အခြေပြ မိန့်ခွန်းပြောကြားမည်